ကပစ (၂၅) သိမ်းယူထားသော လယ်မြေများ ပြန်လည်ရရှိရေး တောင်သူ ၁၅၀၀ ကျော် ဆန္ဒထုတ်ဖော်


မကွေး၊ မတ် ၂၉

မကွေးတိုင်းဒေသကြီး ဆောမြို့နယ်ရှိ အမှတ်(၂၅) ကာကွယ်ရေးပစ္စည်း စက်ရုံ တည်ဆောက်ရန် သိမ်းယူထားသော လယ်ယာမြေများ ပြန်ရရှိရေးအတွက် ဒေသခံတောင်သူ ၁၅၀၀ ကျော်က မတ်လ ၂၈ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း အဆိုပါ ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ဆရာတော်များက မိန့်ကြားသည်။

ဒေသခံတောင်သူ ၁၅၀၀ ကျော်က ဆောမြို့နယ်သို့ တက်ရောက်ကာ အမှတ် (၂၅) ကပစစီမံကိန်း နေရာပြောင်ရွှေ့ပေးရေး၊ လုပ်ဆောင်ဆဲ လုပ်ငန်းများ ရပ်ဆိုင်းပေးရေး၊ တရာမဝင် သိမ်းပိုက်ထားသော လယ်ယာမြေများ ပြန်လည် ရရှိရေး၊ ဘိုးဘွားပိုင် လယ်ယာမြေများအပေါ် ကျူးကျော်သူများ ဆန့်ကျင်ကြဟူသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ကြွေးကြော်ကာ ဆောမြို့ ဆိတ်ဖြူလမ်းမနှင့် လမ်းသွယ်များ၊ ဘုရင့်နောင်လမ်း၊ ရှင်မာလဲ အနော်ရထာလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းတို့တွင် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း ၎င်းတို့ ပြောကြားချက်အရ သိရှိရသည်။

ကပစ (၂၅) စက်ရုံက သိမ်းယူထားသော လယ်မြေများမှာ ဆောမြို့နယ် အတွင်းရှိ ငလယ်ခုံကျေးရွာ၊ ငှက်ပြာကျင်းကျေးရွာ၊ ပေါက်ပန်းဆိုင်ကျေးရွာ၊ ယန်းကျေးရွာ၊ ကျိန်ကြီးကျေးရွာ၊ ပိန်းချောင်းကျေးရွာ၊ ညောင်ပင်ကျေးရွာ၊ တင့်တူးကျေးရွာ၊ ဆီမီးကျေးရွာတို့ ဖြစ်ပြီး လယ်မြေ ၃၉၃ ဧက၊ ယာမြေ ၃၂၂ ဧက၊ ရွာမြေ ၄၂ ဧကတို့ကို ၁၉၈၄ ခုနှစ်က သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။

The Voice Weekly



ကပစ (၂၅) သိမ်းယူထားသော လယ်မြေများ ပြန်လည်ရရှိရေး တောင်သူ ၁၅၀၀ ကျော် ဆန္ဒထုတ်ဖော် ကပစ (၂၅) သိမ်းယူထားသော လယ်မြေများ ပြန်လည်ရရှိရေး တောင်သူ ၁၅၀၀ ကျော် ဆန္ဒထုတ်ဖော် Reviewed by သစ်ထူးလွင် on 17:34 Rating: 5
Powered by Blogger.