သန်လျင်မြို့ ဘုရားပူဇော်ပွဲနဲ့ မီးနင်းပွဲ (ဓာတ်ပုံ)


ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် စရီမာမယ်တော် သတ်သတ်လွတ်ဘုရားကျောင်းမှာ ဘုရားပူဇော်ပွဲနဲ့ မီးနင်းပွဲကို မတ် ၃၀ ရက်နေ့ ညနေပိုင်းမှာ ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အကြီးကျယ်ဆုံး မီးနင်းပွဲတော်လို့ ပြောလို့ရပြီး နှစ်စဉ်နှစ်တိုင်း ကျင်းပလာတာ နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပြီး ကလေးတွေနဲ့ အမျိုးသမီးတွေ အပါအ၀င် မီးနင်းသူပေါင်း ၄၃၇ ယောက် ရှိပါတယ်။

မီးနင်းဖို့အတွက် ၇ ရက်အလို သို့မဟုတ် ၁ လ အလိုလောက်တည်းက သီလ ဆောက်တည် ရပါတယ်။ ခေါင်းမှာ ရွက်ထားတဲ့ အိုးတွေက ပဲပင်တွေ ဖြစ်ပြီး မီးနင်းပွဲ မစခင် ၁၀ ရက်အလိုမှာ ပဲစေ့တွေကို အိမ်မှာ ဆုတောင်း အဓိဋ္ဌာန်နဲ့ စိုက်ကြတာပါ။

ပဲပင်တွေ ပေါက်လာရင် အပင် သန်သန်စွမ်းစွမ်း ပေါက်လေလေ ဆုတောင်းပြည့်လေလို့ ဟိန္ဒူဘာသာဝင်တွေက ယုံကြည်ကြပါတယ်။

By ဒီဗွီဘီ

ဓာတ်ပုံ – ယမင်းဦး




သန်လျင်မြို့ ဘုရားပူဇော်ပွဲနဲ့ မီးနင်းပွဲ (ဓာတ်ပုံ) သန်လျင်မြို့ ဘုရားပူဇော်ပွဲနဲ့ မီးနင်းပွဲ (ဓာတ်ပုံ) Reviewed by သစ်ထူးလွင် on 17:25 Rating: 5
Powered by Blogger.