ဆိပ်ကမ်းဗောတံတား ပျက်စီးနေမှုအား ပြန်လည်ပြင်ဆင် ပေးနိုင်ပါရန်


ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ရှိ ဧရာဝတီဆိပ်ခံ ဗောတံတားမှာ အလွန်အမင်း ပျက်ဆီးယိုယွင်းနေ ခြင်းကြောင့်ခရီးသည်များ၊ အလုပ်သမားများ၊ ဒေသခံပြည် သူများအနေဖြင့် အခက်အခဲများစွာ ကြုံတွေ့နေရပါသည်။

ဆိပ်ခံဗောတံတား ပျက်စီးနေသည်မှာ ရက်သတ္တပတ် ကျော်လာသည်အထိ သက်ဆိုက်ရာမှ ပြုပြင်ပေးခြင်းမရှိခဲ့ပါ။ ကုန်တင်၊ ကုန်ချအ လုပ်သမားများမှာ စားဝတ်နေရေးအတွက် နေ့စဉ်လုပ်ကိုင် နေရသော လုပ်ငန်းခွင်တွင်ယင်းဗော တံတားပျက်စီးမှုကြောင့် အနှောင့်အယှက်၊ အခက်အခဲကြီး တစ်ခုသဖွယ် ဖြစ်နေပြီး အလုပ်ကိုပို မိုကြန့်ကြာစေကြောင်း၊ လူများနေဖြင့်လည်း ပိုမိုပင်ပန်း နေရကြောင်း ပြောကြားမှုများလည်းရှိနေ ပါသည်။

ခရီးသွားများ အနေဖြင့်လည်း ရေပြည့်လျှင် ၄င်းဗောတံတားမှာ ယခင်ကတည်းကရေလွှမ်း တတ်ရာ ယခုအလွန်အမင်း ပျက်စီးနေပြီ ဖြစ်သည့်အတွက် ရေယာဉ်ပေါ်သို့ တက်ဆင်းပြုလုပ်ရန် ပင်ခက်ခဲနေကြရသည်ကိုလည်းတွေ့မြင်နေရပါသည်။

သို့ပါသောကြောင့်ထိုပျက်စီးနေသော ဆိပ်ခံဗောတံတားအား သက်ဆိုင်ရာများအနေဖြင့် အမြန်ဆုံး ပြုပြင်ပေးနိုင်ပါရန်အကြောင်းကြား တင်ပြလိုက်ရပါသည်။


BY THIT HTOO LWIN



ဆိပ်ကမ်းဗောတံတား ပျက်စီးနေမှုအား ပြန်လည်ပြင်ဆင် ပေးနိုင်ပါရန် ဆိပ်ကမ်းဗောတံတား ပျက်စီးနေမှုအား ပြန်လည်ပြင်ဆင် ပေးနိုင်ပါရန် Reviewed by သစ်ထူးလွင် on 18:18 Rating: 5
Powered by Blogger.