မြန်မာတွင် တောမီးလောင်ကျွမ်းနေတဲ့နေရာပေါင်း (၈၉၈) ခု တွေ့ရှိ ထား


မြန်မာနိုင်ငံတွင် မတ်(၉)ရက်နေ့ ညနေ(၃း၄၁)နာရီ အချိန်မှာ တောမီး လောင်ကျွမ်း နေတဲ့ နေရာပေါင်း (၈၉၈) နေရာကို တွေ့ရှိ ထား

ရန်ကုန်-မတ်၁၀

မြန်မာနိုင်ငံတွင် မတ်၉ရက်နေ့ ညနေ(၃း၄၁)နာရီအချိန်မှာ တောမီးလောင်ကျွမ်းနေတဲ့ နေရာပေါင်း (၈၉၈) နေရာကို တွေ့ရှိ ထားကြောင်း ဒေါက်တာထွန်းလွင် ဖေ့ဘွတ်စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။

ထိုပြင် ဆူမတြာကျွန်းကစတဲ့ မီးခိုးငွေ့တွေ (၈-၃-၂၀၁၄)ရက်နေ့မှာ ဂြိုဟ်တု တိုင်းတာချက်တွေ အရ ဆူမတြာကျွန်းပေါ်မှာ မီးခိုးငွေ့တွေထွက်နေတဲ့ hotspot နေရာပေါင်း (၂၁၀) နဲ့ မလေးကျွန်းဆွယ်ပေါ်မှာ နေရာပေါင်း (၁၁၀) ကိုတွေ့ ရပါတယ်။

မီးခိုးငွေ့တွေ ထွက်လာမှုဟာ ပိုမို ထူထပ်သိပ်းသည်း လာတဲ့အပြင် ပိုမိုကျယ်ပြန့်လာနေတာကို တွေ့နေရပါကြောင်း၊ စင်္ကာပူမှာတော့ အခြေအနေ ကောင်းနေဆဲပါ။ PSI အများဆုံး 46 ဘဲ ရှိသေးပြီးမလေးရှားမှာတော့ အခြေအနေ စဆိုးစပြုနေပါပြီ။ PSI အများဆုံး 154 ရှိနေပြီး၊ Unhealthy Condition ဖြစ်နေပါပြီဟုရေးသားထားသည်။

Popular Myanmar News Journal


မြန်မာတွင် တောမီးလောင်ကျွမ်းနေတဲ့နေရာပေါင်း (၈၉၈) ခု တွေ့ရှိ ထား မြန်မာတွင် တောမီးလောင်ကျွမ်းနေတဲ့နေရာပေါင်း (၈၉၈) ခု တွေ့ရှိ ထား Reviewed by သစ်ထူးလွင် on 11:12 Rating: 5
Powered by Blogger.