စင်တင်တေးသံရှင်(၂)ဦး ပဲခူး မဇင်းဆည်တွင် ရေနစ်သေဆုံး


ပဲခူးမြို့၊ အမှတ်(၂) ရဲစခန်းပိုင် ဥဿာမြို့သစ် (၁)ရပ်ကွက် မဇင်းဆည်တွင် (၃၀.၁.၂၀၁၄)နေ့ ညနေ(၄း၃၀)အချိန်ခန့်က အမျိုးသမီးနှစ်ဦး ရေနစ်သေဆုံးမှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း သစ်ထူးလွင်မှ သတင်း ရရှိပါတယ်။

သေဆုံးသူနှစ်ဦးမှာ Forwed စားသောက်ဆိုင် စင်တင်တေးဂီတ ၊ အဆိုရှင်များ ဖြစ်သည့် ဥဿာမြို့ သစ်ရပ်ကွက်ကြီး(၂)နေသူ မစံရှား(၁၈)နှစ် နှင့် မကြိုးကြာ(၁၈)နှစ် ဖြစ်ပါတယ်။

အဆိုပါ သေဆုံးသူနှစ်ဦးဟာ မနေ့ ညနေ ၄ နာရီခွဲခန့် က တစ်ဆိုင်တည်း အတူလုပ်သူ  မချမ်းမြစောဝင်း(၂၃)နှစ် နှင့် အီလက်ထရော နစ်လုပ်ငန်း လုပ်ကိုင်ပြီး ဗထူးလမ်းဆုံတွင် နေထိုင်သူ မောင်ဇော်သက်မောင်(၂၇) တို့ နှင့် အတူ မဇင်းဆည်သို့ သွားရောက် လည်ပတ်ရင်း သေဆုံးခဲ့တာပါ။

မကြိုးကြာ ရေဆင်းကူးနေစဉ် ဇော်သက်မောင်၊ မစံရှား၊ မချမ်းမြစောဝင်းတို့ ရေစပ်တွင် ထိုင်နေပြီး မကြိုးကြာရေနစ်သွား သော ကြောင့် မစံရှား မှရေထဲဆင်းကယ်ရာ(၂)ဦးစလုံး ရေနစ် သေဆုံး သွားခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသူ နှစ်ဦးအား သက်ဆိုင်ရာမှ စစ်ဆေးရာမှာ ပြင်ပဒဏ်ရာ မတွေ့ရှိရဘဲ (၂)ဦးစလုံး မျက်နှာပြာနှမ်းလျှက်  လက်/ခြေထောက်တို့တွင် အရည်ခွံများ တွန့်ပြီး သေဆုံးနေကြောင်း တွေ့ရှိရသဖြင့် တာဝန်မှူး ဒုရဲအုပ် မြင့်ဂွမ်းမှ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ်စစ်ဆေးရန် ပဲခူးဆေးရုံသို့ တင်ပို့ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ဖြစ်စဉ်အား အမှတ်(၂)နယ်မြေ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်(၂/၂၀၁၄)အရ အမှုဖွင့် ထား ကြောင်း သစ်ထူးလွင် မှ စုံစမ်းသိရှိရပါတယ်။

သတင်း - ဓါတ်ပုံ ၊ ကိုသန့် စင်

BY THIT HTOO LWIN

စင်တင်တေးသံရှင်(၂)ဦး ပဲခူး မဇင်းဆည်တွင် ရေနစ်သေဆုံး စင်တင်တေးသံရှင်(၂)ဦး ပဲခူး မဇင်းဆည်တွင် ရေနစ်သေဆုံး Reviewed by သစ်ထူးလွင် on 04:20 Rating: 5
Powered by Blogger.