ဘုရားဖူးအယောင်ဆောင်​ဘင်္ဂလီ(၅)ဦးအား အမ်းမြို့ တွင်​ဖမ်းဆီးရမိ

ဘုရားဖူး အယောင်ဆောင်​ဘင်္ဂလီ(၅)ဦးအား အမ်းမြို့ တွင်​ဖမ်းဆီးရမိ


ရခိုင်ပြည်နယ် အမ်းမြို့  ပူးပေါင်း စစ်ဆေးရေးဂိတ်မှာ​ ၈.၁.၂၀၁၄​နေ့ ည ၁၁နာရီ ၃၀မိနစ်​အချိန်တွင်​ စစ်တွေမြို့ ကနေ ထွက်ခွာလာသည့် ဘုရားဖူးယာဉ်​ အယောင်ဆောင်​ ယာဉ်အမှတ်​ MDY.CC.8463(probox) ကားပေါ်မှာ ဘင်္ဂလီလူမျိုး(၅)ဦး ဖမ်းဆီးရမိ ခဲ့ကြောင်း သစ်ထူးလွင် မှ စုံစမ်းသိရှိရပါတယ်။

အဆိုပါ စစ်ဆေးရေး ဂိတ်မှာ  လ/ထ လဝကမှူး တင်မင်းလတ်​ ဦးဆောင်သော အဖွဲ့ မှ စစ်ဆေးရေး တာဝန်များ ထမ်းဆောင်နေစဉ်​ ဖမ်းဆီးရမိခြင်း ဖြစ်ပါတယ်။ 

ဘင်္ဂလီအဖွဲ့ ကို ဦးဆောင်​ခေါ်ယူလာသူမှာ ရဲတပ်ကြပ်တစ်ဦးဖြစ်ပြီး​တပ်ကြပ်လှမင်းဦး (၈/ရစက)(နိုင်) ၁၀၇၃၂၇ (ဘ) ဦးစံကင်း ယာဉ်အမှတ်​ MDY.CC.8463./probox ယာဉ်မောင်းဟန်လင်း (၇/ကဝန) (နိုင်) ၀၉၀၆၁၂
ကိုင်ဆောင် ထားသူတွေလို့  ဆိုပါတယ်။

ဖမ်းဆီးမိတဲ့ ဘင်္ဂါလီ (၅)ဦးမှာ ကျား(၃)ဦး မ(၂)ဦး ဖြစ်ပြီး လူကုန်ကူးတဲ့ ဒရိုင်ဘာနှင့်​ရဲအပါအဝင်​ စုစုပေါင်း(၇)ဦးကို အမ်းမြို့ မှာ ဖမ်းဆီးထားကြောင်း သစ်ထူးလွင် မှ စုံစမ်းသိရှိရပါသည်။

by သစ်ထူးလွင်

ဘုရားဖူးအယောင်ဆောင်​ဘင်္ဂလီ(၅)ဦးအား အမ်းမြို့ တွင်​ဖမ်းဆီးရမိ ဘုရားဖူးအယောင်ဆောင်​ဘင်္ဂလီ(၅)ဦးအား အမ်းမြို့ တွင်​ဖမ်းဆီးရမိ Reviewed by သစ်ထူးလွင် on 05:54 Rating: 5
Powered by Blogger.