ဗြိတိန် နိုင်ငံခြားရေး ဒုဝန်ကြီးက ပုဒ်မ ၅၉ (စ) ကို ပြင်စေချင်


မြန်မာနိုင်ငံကို ရောက်နေတဲ့ ဗြိတိန် နိုင်ငံခြားရေး ဌာန ဒုတိယ ဝန်ကြီး ဟူဂို ဆွိုင်ယာ က ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်ခွင့် မရှိအောင် ကန့်သတ် ထားတဲ့ အခြေခံ ဥပဒေ ပုဒ်မ ၅၉ စ ကို ပြင်ဆင်ဖို့ လိုတယ်လို့ သတင်းထောက် တွေကို ပြောခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ရခိုင်ပြည်နယ် အရေးကိစ္စ တို့ကိုလည်း သူက အလေးပေး ပြောခဲ့ပါတယ်။

သတင်းထောက် တွေနဲ့ စိတ်ဝင်စားသူတွေ တက်ရောက် ကြတဲ့ ဒီကနေ့ အခမ်းအနားကို ရန်ကုန် တက္ကသိုလ် စိန်ရတု ခန်းမမှာ ကျင်းပဖို့ စီစဉ် ထားခဲ့ပေမယ့် တက္ကသိုလ်ဘက်က လက်မခံတဲ့ အတွက် ဗြိတိသျှ ကောင်စီမှာ နေရာပြောင်းပြီး ပြုလုပ်ခဲ့ရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဗြိတိသျှကောင်စီမှာ ပြုလုပ်တဲ့ အခမ်းအနားမှာ ဟူဂိုဆွိုင်ယာ မိန့်ခွန်းပြော


ဗြိတိန် နိုင်ငံခြားရေး ဒုဝန်ကြီးက ပုဒ်မ ၅၉ (စ) ကို ပြင်စေချင် ဗြိတိန် နိုင်ငံခြားရေး ဒုဝန်ကြီးက ပုဒ်မ ၅၉ (စ) ကို ပြင်စေချင် Reviewed by သစ်ထူးလွင် on 22:01 Rating: 5
Powered by Blogger.