မလေးရှားမှာ ဒုက္ခရောက်နေတဲ့ မြန်မာများထံမှ ပေးစာ

ဖြစ်စဉ်အစက ဒီလိုပါ ကျနော်တို့  မြန်မာ အကိုတစ်ယောက်ဈေးသွား ဝယ်ပါတယ်။ အပြန်မှာစက်ဘီးကိုတားပြီး ပြဿနာရှာပါတယ် ။ ပြီးတော့ထိုးကြိတ်ပါတယ်။ ဒီလိုနဲပြန်ပြေးလာတာပေါ့ဗျာ အ ဆောင် ကိုရောက်လို့ မကြာပါဘူး နောက်က လူသုံးယောက်လိုက်လာပါတယ်။ သူတို့ က အရက်မူးနေကျတာပါ ၊ ပြဿနာထပ် ရှာပါတယ်၊ မခံနိုင် လို့ အကိုတစ်ယောက်နဲ့ ဖြစ်ပါတယ်။ ဖြစ်ပြီးမကြာပါဘူး အင် ဒိုနီးရှားလူမျိုး ငါးရာကျော်လောက် ဓါးတွေ တုတ်တွေကိုင် ပြီး ဝိုင်းလာကျပါတယ်။

ကျနော်တို့ လူပေါင်းက 97 ယောက်ပဲရှိပါတယ်။ အလုပ်ဆင်းတဲ့ သူကလဲဆင်းနေတဲ့ အချိန်ဖြစ်တာပါ ပြေးကျရတာပေါ့ဗျာ၊ ဘယ်လိုမှမနိုင်ပါဘူး အသက်လုပြီး ပြေးရတာပါ၊ အခုအချိန်အထိ ကျနော်တို့တစ်တွေ အ ဆောင် မှာမ နေရပါဘူး၊ စက် ရုံထဲက ဂိုထောင် တစ်ခုထဲမှာ နေကျရတာပါ အပြင် ကိုမထွက် ရဲကျဘူး လုံခြုံရေးကလဲ မကူညီနိုင်ပါဘူး။ ဖြစ်တဲ့ ညက တောထဲမှာအိပ်ကျရတာပါ အ ဆောင် ကိုလဲ မီးတွေရှို့ ပြီးကျောက်ခဲတွေနဲ့ ပေါက်ကျတယ် အဝတ်အစားတွေကိုမီးရှို့ ပါတယ် နောက်နေ့ရုံးမှာ ကျနော်တို့ လုံခြုံ မှု့မရှိလို့ကျနော်တို့ရဲ့ အသက်မသေဖို့အတွက် ကြီးတဲ့လူကိုပြောပါတယ်။ စကားပြောတတ်တဲ့လူကို သူတို့က ဆွဲခေါ်သွားပြီး ထိုးကြိတ်ကျပါတယ် ဘယ်သူမှမပြောရဲကျ တော့ပါဘူး။ အခုမြန်မာနိုင်ငံကို ပြန်ဖို့အတွက် ကြိုးစားနေတာပါ ဘယ်သူမှလဲလာပြီး မကူညီကျသေးပါဘူး၊ အေးဂျင်းကိုပြောတာလဲမရဘူးဖြစ်နေပါတယ်။ အကုန်လုံးက အသက်အန္တရာယ် ဆိုးရိမ် ရတာကြောင့် ပြန်ချင်နေကျပါပြီ အကူအညီတွေအများကြီးလိုပါတယ်။ ကူညီပေးကျပါအုံးဗျာ ထမင်းလဲမစားရ စားရနဲ့ နေကျရတာပါ။ ကျနော်တို့အေးဂျင်းက ရန်ကုန် ပုဇွန်တောင် လမ်းငါးဆယ် က ပါ ဉီးစိန်ဖေပါ အကူအညီတောင်းတာ မရပါဘူး။ ပြန်ချင် လို့လိမ်လည်တယ်လို့ ဆိုပါတယ်။ အကူအညီပေးမယ် သူများရှိရင် ဒီဖုန်းနံပါတ်လေးကို ဆက်သွယ်ပေးပါ။ သူငယ်ချင်းအားလုံးလဲ ကူညီပေးကျပါ။ ကျနော်ဖုန်းနံပါတ်လေးကို ဆက်သွယ်ပေးပါနော် --  60109812247 ကို ဆက်သွယ်ပေးကျပါ တောင်းပန်ပါတယ်။






မလေးရှားမှာ ဒုက္ခရောက်နေတဲ့ မြန်မာများထံမှ ပေးစာ မလေးရှားမှာ ဒုက္ခရောက်နေတဲ့ မြန်မာများထံမှ ပေးစာ Reviewed by သစ်ထူးလွင် on 19:11 Rating: 5
Powered by Blogger.