မြေဈေးစံနှုန်း ထုတ်ပြန်ချက် ရန်ကုန် အိမ်၊ ခြံ၊ မြေ ဈေးကွက် အရောင်းအဝယ် ပြန်ကောင်းနိုင်ဟုဆို


ရန်ကုန်မြို့တွင်း၊ မြို့ပြင် တစ်ပေပတ်လည် အိမ်၊ ခြံ၊ မြေဈေး စံနှုန်း သတ်မှတ်ချက် ထုတ်ပြန်လိုက်ခြင်းကြောင့် အရောင်းအဝယ် အေးစက်နေသော ဈေးကွက်ပြန်လည် ကောင်းမွန် လာနိုင်ကြောင်း ရန်ကုန် အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ပြောကြားသည်။ အိမ်၊ ခြံ၊ မြေ စံနှုန်းသတ်မှတ်မည်ဟု သတင်းထွက်ပေါ်စ စက်တင်ဘာလ ဒုတိယပတ်မှစ၍ အရောင်းအဝယ်များ အေးစက်ခဲ့ခြင်း ဖြစ်ပြီး ယခုစံနှုန်း ထွက်ပေါ်လာသဖြင့် ပြန်လည် ကောင်းမွန်လာနိုင်ခြင်း ဖြစ်ကြောင်း ၎င်းတို့က သုံးသပ်သည်။ “စံနှုန်းသတ်မှတ်တဲ့ အခြေအနေကို စောင့်ကြည့်နေလို့ ဒီလိုအေးစက်နေတာပါ။ ဈေးကွက်က ပြန်ကောင်းလာမှာပါ။ ဈေးနှုန်းတော့ တက်လာမှာ မဟုတ်ပါဘူး” ဟု အိမ်ကမ္ဘာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ ဦးနေမျိုးအောင်က ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မြေဈေးစံနှုန်း ထုတ်ပြန်ချက် ရန်ကုန် အိမ်၊ ခြံ၊ မြေ ဈေးကွက် အရောင်းအဝယ် ပြန်ကောင်းနိုင်ဟုဆို မြေဈေးစံနှုန်း ထုတ်ပြန်ချက် ရန်ကုန် အိမ်၊ ခြံ၊ မြေ ဈေးကွက် အရောင်းအဝယ် ပြန်ကောင်းနိုင်ဟုဆို Reviewed by သစ်ထူးလွင် on 15:57 Rating: 5
Powered by Blogger.