မူဆယ်တွင် အမှုများ မကြာခဏဖြစ်သော်လည်း တရားခံများ တရုတ်နိုင်ငံသို့ ထွက်ပြေးသောကြောင့် အကုန်မဖမ်းမိ


ကူးသန်းရောင်းဝယ်မှု စည်ကားသော နယ်စပ်မြို့ဖြစ်သည့် မူဆယ်တွင် လူသတ်မှုအပါအ၀င် အခြားအမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသော်လည်း ပြစ်မှုကျူးလွန်သူများမှာ တရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် အမှုဖြစ်စဉ် အချို့သာ ပြန်ဖမ်းနိုင်သည်ဟု ပြည်ထဲရေးဒု-၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က အောက်တိုဘာ ၇ ရက်တွင် ပြောဆိုလိုက်သည်။ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မူဆယ်မြို့နယ်တွင် လူသတ်မှု၊ လုယက်မှု၊ ဓားပြမှုများ မကြာခဏဖြစ်နေပြီး တရားခံများကို ဖမ်းဆီးနိုင်ခြင်း မရှိသည့်အတွက် လုံခြုံရေး တိုးမြှင့်ချထားပေးရန် ရှမ်းပြည်နယ်မှ အမျိုး သားလွှတ်တော်အမတ် ဦးစိုင်းဝင်းမောင်၏ မေးခွန်းကို အောက်တိုဘာ ၇ရက်ကပြုလုပ်သည့် အမျိုးသား လွှတ်တော်တွင် ဒု-၀န်ကြီးက အထက်ပါ အတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




မူဆယ်တွင် အမှုများ မကြာခဏဖြစ်သော်လည်း တရားခံများ တရုတ်နိုင်ငံသို့ ထွက်ပြေးသောကြောင့် အကုန်မဖမ်းမိ မူဆယ်တွင် အမှုများ မကြာခဏဖြစ်သော်လည်း တရားခံများ တရုတ်နိုင်ငံသို့ ထွက်ပြေးသောကြောင့် အကုန်မဖမ်းမိ Reviewed by သစ်ထူးလွင် on 15:21 Rating: 5
Powered by Blogger.