NLD ၂၅နှစ်ပြည့် ငွေရတုအခမ်းအနားမန်းတွင်ကျင်းပ


မန္တလေး၊ စက်တင်ဘာ ၂၇

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၂၅နှစ်ပြည့် ငွေရတု အခမ်းအနားအား မန္တလေးမြို၊ ၂၆လမ်း၊ ၈၆-၈၇လမ်းကြားတွင် ကျင်းပလျက်ရှိသည်။

အခမ်းအနားအား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ(မန္တလေးတိုင်းဒေသကြီး) ဦးတင်ထွဋ်မှ အဖွင့် အမှာစကား ပြောကြား ဖွင့်လှစ်ပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးတင်ဦးတို့မှ ပေးပို့သည့် သ၀ဏ်လွှာများကို ဖတ်ကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးအတွင်းရှိ ပါတီ ၀င်များမှ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေ အား ပြန်လည်ပြင်ဆင်ရန် ဆွေးနွေးခဲ့ကြပြီး တက်ရောက် လာသောသူများထံမှ သဘောထား သုံးကြိမ်မေးမြန်းခဲ့ပြီး အားလုံး ထောက်ခံခဲ့ကြသည်။ ၄င်းနောက် NLD ပါတီ၂၅နှစ် တာဖြတ်သန်း ခဲ့သောဓာတ်ပုံများ ဆောင်းပါးများအား ပြသခဲ့ပြီး၂၅နှစ်ပြည့် NLD အမှတ်တရ အင်္ကျီများလည်း ရောင်းချ ခဲ့သည်။

အဆိုပါပြပွဲနှင့် အမှတ်တရအင်္ကျီရောင်းချပွဲကို ယနေ့မှစတင်ကာ ၂၉ရက်နေ့အထိ မနက် ၉နာရီမှ ည ၈နာရီအထိ ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း ခရိုင်အမှုဆောင်ဥက္ကဌ ဦးခင်မောင်မြင့်က ပြောသည်။

ဖိုးလပြည့် - Popular Myanmar News Journal


NLD ၂၅နှစ်ပြည့် ငွေရတုအခမ်းအနားမန်းတွင်ကျင်းပ NLD ၂၅နှစ်ပြည့် ငွေရတုအခမ်းအနားမန်းတွင်ကျင်းပ Reviewed by သစ်ထူးလွင် on 13:54 Rating: 5
Powered by Blogger.