တောနှင့် မြို့  ကွာခြားနေသည့် ဆိုင်ကယ် ဘီးခွန်

ဧရာဝတီတိုင်း ဒေသကြီး အဂ်ပူမြို့နယ် မဲဇလီကုန်း ဒေသလေးမှာ နှစ်စဉ်ဘီးခွန်ဆိုပြီး (၄၀၀၀)ကျပ်အိမ်တိုင်ယာရောက် လာရောက် အမြဲကောက်ခံလို့ အမြဲပေးနေကပါသည်။

ဒီနှစ်မှာတော့ ဘီးခွန်ပေးပြီးမှ ရန်ကုန်မှ အသိတယောက် ကားလိုင်စင် ပြုလုပ်ထားသော စာရွက်စာတမ်းများကို ကြည့်မိရာ ရန်ကုန်မြို့တော်စည်ပင်မှ ဘီးခွန်ကို လိုင်စင်ထုပ် ပေးရာတွင် တခါတည်း ပါပါသည်။ ဘီးခွန်ဈေးနှုန်းများကိုလဲ နောက်ကြောတွင် ရေးထားပါသည်။

ဈေးနုန်းမှာ မော်တော်ဆိုင်ကယ်ဘီးခွန်(၉၃၅)ကျပ်၂နှစ်တွင် တကြိမ်ကောက်ခံပါသည်တဲ့ ရှေ့ဘက်ငွေရပြေစာ အောက်ဘက်မှာတော့ (သတ်မှတ်ငွေထက်ပို မပေးပါနှင့်၊ ပိုပေးလျှင် ပေးသူယူသူ ဥပဒေနှင့်ငြိစွန်းသည်တဲ့။) ကျေးလက်ကျေးရွာလေးများ အထိအပို ငွေကောက်ခံနေသော ထိုဘီးခွန်သည် ရန်ကုန်မြို့နေလူအများကဲ့သို့ သက်သာသော ဘီးခွန်မဖြစ်ပဲ လူအချင်းချင်းမြို့ နှင့်တော ခွဲခြားအနိုင်ကျင့်သလိုဖြစ်နေပါသည်။

ထို့ကြောင့် နိုင်ငံတော်သို့ မဝင်သော ထိုဘီးခွန်နှင့် ကျေးလက်ဆင်းရဲသားများအား ပိုဆင်းရဲအောင်ဂုတ်သွေးဆုတ်နေသော ထိုဘီးခွန်အား အမြန်ဆုံး နှိမ်နှင်းပေးပါရန် နှင့် စည်ပင်ဌာနမှ အထက်လူကြီးများကျေးလက်ဒေသများတွင် ဖြစ်နေသော အချေအနေများ သိရှိစေရန်တင်ပြ လိုက်ပါသည်။

ဒေသခံတဦး

by Myanmar News Now



တောနှင့် မြို့  ကွာခြားနေသည့် ဆိုင်ကယ် ဘီးခွန် တောနှင့် မြို့  ကွာခြားနေသည့် ဆိုင်ကယ် ဘီးခွန် Reviewed by သစ်ထူးလွင် on 11:22 Rating: 5
Powered by Blogger.