တရုတ်ကုမ္ပဏီ မြစ်ဆုံစီမံကိန်း ဆက်လုပ်မည်

တရုတ်နိုင်ငံက လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံရေး ကော်ပိုရေးရှင်း  (CPI) ဟာ သမ္မတဦးသိန်းစိန်က ဆိုင်းငံထားဖို့ ကြေညာထားတဲ့ ကချင်ပြည်နယ် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို စာချုပ်အတိုင်း ဆက်လုပ် သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်မှာ ၂ ၇က်ကြာ ကျင်းပနေတဲ့  မြန်မာ့ စွမ်းအင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီး အစည်းအဝေးမှာ ပြောကြားလိုက်တာပါ။

ဒီအစည်းအဝေးကို confexhub  (ကွန်ဖက်ဟတ်) အဖွဲ့အစည်းရဲ့ အစီအစဉ်နဲ့  စွမ်းအင် ဝန်ကြီးဌာန၊ ရေအားလျှပ်စစ်ဌာနနဲ့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ပူးပေါင်းကျင်ပတာဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ စွမ်းအင် စီမံကိန်းတွေအတွက် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု လေ့လာ ဆန်းစစ်ချက် (CEIA) အစီအစဉ်တွေကို ထည့်သွင်းဆွေးနွေးဖို့ရှိပြီး  မနက်ဖြန်မှာ ဆွေးနွေးပွဲပြီးဆုံးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲမှာ သတင်းယူနေတဲ့ ရန်ကုန် အခြေစိုက် ဒီဗွီဘီ သတင်းထောက် ကိုမျိုးဇော်လင်းနဲ့  ဆက် သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

by ကို​ထွေး​  (ဒီဗွီဘီ)



တရုတ်ကုမ္ပဏီ မြစ်ဆုံစီမံကိန်း ဆက်လုပ်မည် တရုတ်ကုမ္ပဏီ မြစ်ဆုံစီမံကိန်း ဆက်လုပ်မည် Reviewed by သစ်ထူးလွင် on 18:55 Rating: 5
Powered by Blogger.