12 July 2013

ရထားရှေ့သို့ ဒိုင်ပင်ပစ်ဝင်ကာ အကြိတ်ခံသဖြင့် သေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၁

၁၁.၇.၂၀၁၃ ရက်နေ့ ဒဂုံမြို့သစ်(အရှေ့)မြို့နယ်၊(၁၆)ရပ်ကွက်၊ အမှတ်(၂)လမ်းမနှင့် အနော်ရထားလမ်းဆုံ၊ မီးရထားသံလမ်း၊ မိုင်တိုင်အမှတ် ၈/၁၆ အနီးတွင် လူတစ်ဦး ရထားကြိတ်၍
သေဆုံးနေကြောင်း သတင်းအရ ဒဂုံ(အရှေ့) မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ကိုမြင့်အေး၊ (၃၅)နှစ်၊ (ဘ)ဦးအောင်ကြီး၊ ၁၅ ရပ်ကွက်၊ ဒဂုံမြို့သစ်(အရှေ့)မြို့နယ်နေသူဖြစ်ပြီး ၎င်းမှာ ၁၅၃၀ အချိန်ခန့်တွင် အခင်းဖြစ်နေရာ၌ ရန်ကုန်- မန္တလေး အမှတ်(၅) အဆန်အမြန် ရထားမှ မောင်းနှင်လာစဉ် လက်ပြပြီး ရထားရှေ့သို့ ဒိုင်ပင်ပစ်ဝင်ကာ အကြိတ်ခံခဲ့၍ ဦးခေါင်းကြေမွဒဏ်ရာ၊ ယာလက်မောင်းပြတ်ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ဒဂုံ(အရှေ့)မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၈/၂၀၁၃) ဖွင့်လှစ်စစ်ဆေးလျက်
ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်း ထုတ်ပြန်ထားပါသည်။