စစ်တပ်သိမ်းထားသည့် လယ်ယာမြေများ ပြန်ရရေး တောင်သူများကြိုးပမ်းနေ

စစ်တပ်က သိမ်းထားသည်မှာ ၂၇ နှစ် ကြာပြီဖြစ်သည့် မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ရွှေမြိုင်သီရိ နယ်မြေရှိ တောင်သူ ၂၅ ဦး ပိုင် လယ်မြေဧက ၁၆ဝ ခန့်ကို လယ်သမား များကပြန်ရရန် ကြိုးပမ်းလျှက်ရှိသည်။ ထိုမြေများအနက် တောင်သူရှစ်ဦးပိုင် မြေ ၅၇ ဧကခန့်ကို ကနဦးက ပုလဲနှင့် ငါးလုပ်ငန်းဦးစီးဌာနက သိမ်းဆည်းခဲ့ပြီး ၁၉၈၄ ခုနှစ်တွင် ယင်းဌာနက အရှေ့တောင်တိုင်း စစ်ဌာနချုပ်ထံ မြေများကို လွှဲပေးခဲ့သလို စစ်တပ်က မြေထပ်လိုသဖြင့် တောင်သူ ၁၇ ဦး ပိုင် သည့် မြေများကို ထပ်သိမ်းခဲ့ခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


စစ်တပ်က သိမ်းပိုက်ထားသည့် ဘိုးဖွားပိုင် လယ်မြေများကို သီးစားဖြင့် ဆက်မလုပ်ကိုင်တော့ဘဲ ကိုယ်ပိုင် ပြန်ရရန် ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၉ ရက် နံနက်က ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်တွင် နွား ၁၉ ရှဉ်းဖြင့် လယ်သမား တရာကျော်တို့က ထွန်းတုံးတိုက်ပွဲ ဆင်နွှဲကြစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ၊ မဇ္ဈိမ)

စစ်တပ်သိမ်းထားသည့် လယ်ယာမြေများ ပြန်ရရေး တောင်သူများကြိုးပမ်းနေ စစ်တပ်သိမ်းထားသည့် လယ်ယာမြေများ ပြန်ရရေး တောင်သူများကြိုးပမ်းနေ Reviewed by သစ်ထူးလွင် on 06:23 Rating: 5
Powered by Blogger.