တူရကီ ဆန္ဒပြမှု မျက်ရည်ယိုဗုံးသုံး လူစုခွဲ

တူရကီနိုင်ငံ အီစတန် ဘူလ် မြို့မှာ အစိုးရ ဆန့်ကျင်ဆန္ဒ ပြမှု ၄ ရက်မြောက်နေ့ မှာ ဝန်ကြီးချုပ်ရုံး ကို ချီတက်ဆန္ဒ ပြဖို့ ကြိုးစားသူတွေ ကို ရဲ က မျက်ရည်ယိုဗုံး၊ မီးသတ်ပိုက်တွေ အသုံးပြုပြီး လူစုခွဲ လိုက်ပါတယ်။

အင်ကာရာ မြို့တော် မှာ လည်း ဒီကနေ့ နဲ့ မနက်ဖန် ဗုဒ္ဓဟူးနေ့တွေမှာ တူရကီရဲ့ အဓိက အလုပ်သမား သမဂ္ဂ တခု ကပါ ပါဝင်ပူးပေါင်းလှုပ်ရှားမယ့် အစီအစဉ် မတိုင်မီ အကြမ်းဖက်ဆန္ဒ ပြမှုတွေ ပေါ်ပေါက် ခဲ့ပါတယ်။

အဆိုပါ ပြည်သူ့ အလုပ်သမား သမဂ္ဂ (KESK) က အစိုးရ ရဲ့ အင်အားသုံး ဆန္ဒပြမှု ကို ပြင်းပြင်း ထန်ထန် ပြစ်တင် လိုက်ပါတယ်။

ဆန္ဒပြသူ ရာပေါင်း များစွာ ထိခိုက်ဒဏ်ရာ ရကြတဲ့ အနက် တယောက် ကတော့ ကား နဲ့ တိုက်မိရာ က သေဆုံးသွားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
တူရကီ ဆန္ဒပြမှု မျက်ရည်ယိုဗုံးသုံး လူစုခွဲ တူရကီ ဆန္ဒပြမှု မျက်ရည်ယိုဗုံးသုံး လူစုခွဲ Reviewed by သစ်ထူးလွင် on 20:22 Rating: 5

No comments:

Powered by Blogger.