ဘင်္ဂါလီ ၊ ပသီသွေးနှော ၁၆ ဦးထံမှ KNU/KNLA (PC) အဖွဲ့ဝင်ကတ်ပြားများတွေ့ရှိ

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်  ဘားအံ-မြ၀တီလမ်း တံတားကျိုးစစ်  ဆေးရေးဂိတ်၌ ဗိုလ်ကြီးသိန်းဇော်  ၀င်းဦးစီးသောအဖွဲ့၊ ဒုရဲမှူးအောင် ကြီးဦးဆောင်သောအဖွဲ့နှင့် ဂိတ်စစ်   ဆေးရေးပူးပေါင်းအဖွဲ့တို့မှ တာဝန်  ယူဆောင်ရွက်နေစဉ် ၂၀၁၃ ခုနှစ်  မေလ ၂၃ ရက် ညနေ ၄ နာရီခန့်  အချိန်တွင် မြ၀တီမှ ဘားအံသို့ ယာဉ်မောင်းသန်းစိုးဦး (ခ) ဂျမာလူဒင်၊ လှာကမြင်လမ်း၊ အမှတ် (၁) ရပ်ကွက်၊ ဘားအံမြို့ နေသူမောင်းနှင်လာသော စူပါကာ  စတန်ယာဉ်အားတာဝန်အရစစ်ဆေး  ရာ ထော့ပဲပါစစ်ဗျူဟာ (၃) KNU/KNLA (PC) မှ ဒုအရာခံ ဗိုလ်အဆင့်ရှိစောဖိုးခွားလေး (ဘ) ဦးလူလေး၊ လှာကမြင်လမ်း၊ အမှတ် (၁) ရပ်ကွက်၊ ဘာအံမြို့ နေသူမှ ဦးဆောင်သည့်ဘင်္ဂါလီ၊ ပသီသွေးနှော ၁၆ ဦးတို့လိုက်ပါ လာသည်ကို စစ်ဆေးတွေ့ရှိရ ကြောင်း သတင်းရရှိသည်။

စစ်ဆေးရေးဂိတ်တာဝန်ရှိ ပူးပေါင်းအဖွဲ့မှလိုအပ်သည်များ စိစစ်မေးမြန်းရာ  KNU/KNLA (PC) ထော့မဲပါစစ်ဗျူဟာ (၃) ဗိုလ်မှူးကြီးအဆင့်ရှိစောကျော်ကျော် မှ ခေါ်ယူတွေ့ဆုံသဖြင့် ဗိုလ်ကြီး  အဆင့်ရှိစောထွန်းဦး၏ဦးဆောင် မှုဖြင့် ဘားအံမှ မြ၀တီသို့လာ ရောက်တွေ့ဆုံကြခြင်းဖြစ်ကြောင်း တွေ့ဆုံပြီး မေလ (၂၃) ရက်နေ့ တွင် မြ၀တီမှ ဘားအံသို့အပြန် တံတားကျိုးစစ်ဆေးရေးဂိတ်၌ စစ်ဆေးခံရခြင်းဖြစ်ကြောင်း သိရ သည်။

အဆိုပါဘင်္ဂါလီ၊ ပသီသွေး နှော၊ ၁၆ ဦးတို့ထံမှ  KNU/KNLA (PC) အဖွဲ့ဝင်ကတ်ပြား  (၉) ခုတွေ့ရှိပြီး ထော့မဲပါစစ်ဗျူ ဟာ (၃) ရုံးထိုင်မှူးက လက်မှတ် ရေးထိုးထားခြင်းပါရှိသည့်အတွက်  စစ်ဆေးရေးဂိတ်ပူးပေါင်းအဖွဲ့စဗခ (သင်္ဃန်းညီနောင်) ဗျူဟာရုံးသို့ ပို့ဆောင်ကာ  KNU/KNLA (PC) ဆက်ဆံရေးတာဝန်ခံဗိုလ်ကြီး  အဆင့်ရှိကိုထွန်းအားလိုအပ်သည်  များကို ထပ်မံစိစစ်ခဲ့ကြကြောင်း ထိုသို့စိစစ်တွေ့ရှိချက်အရစာရွက် စာတမ်း၊ အထောက်အထားများ  ပြည့်စုံမှုမရှိကြောင်းတွေ့ရှိရာ ၎င်း (၁၆) ဦးတို့ကို ဆက်ဆံရေးတာဝန်  ခံကိုထွန်းနှင့် အတူမြ၀တီဆက်ဆံ ရေးရုံးသို့မေလ (၂၃) ရက်နေ့မှာ ပင် စဗခ (ညီနောင်) ဗျူဟာရုံး၏ ညွှန်ကြားချက်ဖြင့် ပြန်လည်စေ လွှတ်ခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၃ မေလ (၂၄) ရက်နေ့ တွင် ရတတ မခ (၂၂) တပ်မမှူး   မှ အဆိုပါ ၁၆ ဦးတို့အား ဆက်လက်စုံစမ်းစစ်ဆေးရန် ညွှန်ကြားချက်အရ မြ၀တီခရိုင် ရဲမှူး၊ မြို့မနယ်ထိန်းအဖွဲ့က မြ၀တီ  ဆက်ဆံရေးရုံးမှ ဗိုလ်ကြီးအဆင့်ရှိ စောထွန်းဦးအားစိစစ်ရေန် မြ၀တီ  မြို့မရဲစခန်းသို့ခေါ်ဆောင်ခဲ့သည် ဟု သိရသည်။

ယင်းသို့ခေါ်ဆောင်လာစဉ် ဗိုလ်ကြီးအဆင့်ရှိစောထွန်းဦးမှ ရဲစခန်းဝင်ပေါက်အနီးတယ်လီဖုန်း  ဆက်သွယ်နေရာမှတာဝန်ရှိဒုရဲမှူး က အတွင်းဘက်သို့လာရောက် ဆက်သွယ်ပြောကြားရန် ခါးကို ဖက်၍ အထဲသို့ခေါ်ယူစဉ်စောထွန်း ဦး၏ ခါးကြားမှ သေနတ်ကို တွေ့ရှိသဖြင့် စခန်းမှူးက ဆွဲယူစဉ် စောထွန်းဦးကပြန်လည်လုယူပြီး သေနတ်တစ်ချက်ပစ်ဖောက်ထွက် ပြေးသွားခဲ့ကြောင်း သတင်းရရှိ သည်။

၎င်းစောထွန်းဦးထွက်ပြေးစဉ် (9 mm) ကျည်အိတ်နှင့် အတူ ကျည် (၇) တောင့် NOKIA လက်ကိုက်ဖုန်း (၁) လုံးပြုတ်ကျ ကျန်ရစ်ခဲ့သည်ဟု သိရသည်။

ယင်းဖြစ်စဉ်ဖြစ်ပွားပြီး ၂၄.၅.၂၀၁၃ ရက်နေ့လယ် ၁၂း၃၀ နာရီအချိန်မြ၀တီမြို့မ ရဲစခန်းသို့ဖုန်းဖြင့်ဆက်သွယ်မေး မြန်းကြည့်ရာ “စောထွန်းဦးထွက် ပြေးလွတ်မြောက်သွားသောဖြစ်စဉ် မှန်ကန်ပါကြောင်း လက်ရှိစစ်ဆေး  မေးမြန်းနေဆဲကာလဖြစ်၍ တစ်ခြားတစ်စုံတစ်ရာအတည်ပြု  ပြောကြားနိုင်ခြင်းမရှိသေးကြောင်း   ပြန်လည်ဖြေကြားသည်။

အထက်ပါကိစ္စရပ်တွင် ပါဝင်  သူ ၁၆ ဦးအဖွဲ့၌ ဘင်္ဂါလီ (၅) ဦး၊ ဘင်္ဂါလီသွေးနှော (၅) ဦး၊ အခြား သွေးနှော (၆) ဦးတို့ဖြစ်ပြီး မှတ်ပုံ တင်မရှိသူ (၁၂) ဦးပါဝင်ကြောင်း သိရသည်။ ၎င်းတို့၏နေရပ်ဖော်  ပြချက်များအရ၊ ဘားအံမြို့၊ အမှတ်  (၁) ရပ်ကွက်၊ လှာကမြင်လမ်းနေ ထိုင်သူများဟု သိရှိရပြီး အမှတ် (၃) ရပ်ကွက်၊ စွယ်တော်လမ်းမှ (၂) ဦးနှင့် အမှတ် (၂) ရပ်ကွက်၊ ဘားအံမြို့မှ (၁) ဦးပါဝင်ကြောင်း  စုံစမ်းသိရှိရသည်။

ဘင်္ဂါလီနှင့် ပသီသွေးနှော ၁၆ ဦးတို့ထံမှ  KNU/KNLA (PC) အဖွဲ့ဝင်ကတ်များတွေ့ရှိထားသည့်  ကိစ္စနှင့် ပတ်သက်ပြီးလိုအပ်သည်  များ ဆက်လက်ဆောင်ရွက်နိုင်ရန်   သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးလျက်  ရှိကြောင်း စုံစမ်းသိရှိရသည်။

ထင်အောင်လင်း - The Hot News Weekly


ဘင်္ဂါလီ ၊ ပသီသွေးနှော ၁၆ ဦးထံမှ KNU/KNLA (PC) အဖွဲ့ဝင်ကတ်ပြားများတွေ့ရှိ ဘင်္ဂါလီ ၊ ပသီသွေးနှော ၁၆ ဦးထံမှ KNU/KNLA (PC) အဖွဲ့ဝင်ကတ်ပြားများတွေ့ရှိ Reviewed by သစ်ထူးလွင် on 09:03 Rating: 5
Powered by Blogger.