နယ်စပ်လုံခြုံရေးအတွက် ရခိုင်တွင် စစ်တပ်အင်အားတိုးချဲ့ရန် အကြံပြု

ရန်ကုန်- ရခိုင်ပြည်နယ်တွင်ဖြစ်ပွား နေသောပြဿနာများ ပြေလည်စေရန် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို အကောင်အထည်ဖော်ခြင်းသည် အဓိကကျပြီး နယ်စပ်လုံခြုံရေးအတွက် စစ်တပ်အင်အားကို တိုးချဲ့သင့်ကြောင်းအပြီးသတ်အစီရင်ခံစာတွင် အကြံပြုထားသည်ဟု ဒေါက်တာ ကျော်ရင်လှိုင်ကပြောသည်။

ယနေ့ပြုလုပ်သော ရခိုင်ပြည်နယ် ပဋိပက္ခများစုံစမ်းစစ်ဆေးရေးကော်မရှင်အပြီးသတ်အစီရင်ခံစာနှင့် စပ်လျဉ်းသည့် ရှင်းလင်းပွဲတွင် ယင်းကော်မရှင်အတွင်းရေးမှူးက သမ္မတထံတင်ပြထားသော အစီ ရင်ခံစာအကြံပြုချက်များနှင့် စပ် လျဉ်း၍ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“နိုင်ငံသားဖြစ်သူဆိုတာ ဒီမှာ ရှိထားတဲ့ ရှိနေတဲ့ ဥပဒေနဲ့ အခြေခံ ပြီးလုပ်တာ။ ၁၉၈၂ဥပဒေနဲ့ အညီ ဆောင်ရွက်ဖို့အဓိကကျတယ်လို့ အကြံပြုပေးထားတယ်” ဟု အထက် ပါပုဂ္ဂိုလ်ကပြောသည်။ စစ်တပ်အင် အားတိုးချဲ့ရန်အကြံပြုထားခြင်းကိုလည်း “ရခိုင်ပြည်နယ်ဆိုတာတစ် ဖက်နိုင်ငံနဲ့ကပ်လျက်ဖြစ်တယ်။ ရေမြေသဘာဝအရ ၀င်နိုင်၊ထွက် နိုင်တဲ့နေရာများတယ်။ လမ်းပန်းဆက်သွယ်ရေးကြောင့်လည်း ဟို တုန်းက လုံခြုံရေးသိပ်မလုပ်နိုင်ဘူး။ မိုင် ၁၉၀ကျော်ရှိတဲ့ နယ်မြေကို လက်ရှိချထားတဲ့ စစ်တပ်နဲ့ အင်အားမမျှဘူး။ အခုဟိုဘက်ကကူး လာသူတွေမှာ လူကောင်းတွေထက် ရာဇ၀တ်သားကူးလာတာတွေ ရှိတယ်ဆိုတာ သက်သေတွေလည်း ရထားတယ်။ ရခိုင်ရော၊ ဘင်္ဂါလီရော IDP တွေကို မေးကြည့်တော့ စစ်တပ်ရုပ်သွားလို့ မဖြစ်ဘူး။ ဒုက္ခရောက် ကုန်မယ်လို့ ပဲဖြေကြတယ်” ဟု ဆက်လက်ပြောသည်။

နိုင်ငံသားအခွင့်အရေးများနှင့် စပ်လျဉ်း၍လည်း ကော်မရှင်အဖွဲ့ဝင် ဦးကိုကိုကြီးက နိုင်ငံသားဖြစ်ပြီးသူများကို နိုင်ငံသားအခွင့်အရေး၊ မဖြစ်သူများ
ကို လူသားချင်းစာနာမှုဆိုင်ရာ အခွင့်အရေးများရရှိရန် ကြိုးပမ်းထားသော်လည်း လူ့အဖွဲ့အစည်းနှစ်ခုသဟဇာတဖြစ်ရန် ခက်ခဲနိုင်ကြောင်း
ပြောကြားသည်။

“လူမျိုဘာသာမရွေးလူသား တစ်ယောက်အနေနဲ့ အသက်ရှင် ရပ်တည်ခွင့်က အရေးကြီးတယ်။ နိုင်ငံသားဖြစ်သူဆိုရင် အရေးကြီးဆုံးက သစ္စာစောင့်သိမှုပါ၊ နောက်
ပြီး ရန်ကုန်-မန္တလေးမြို့ကြီးတွေမှာရှိတဲ့ ဘာသာရေးကိုးကွယ်မှုနဲ့ အဲဒီဒေသကကိုးကွယ်မှုအပြင်းနဲ့အပျော့ကွာပါတယ်။ လစ်ဘရယ် ဖြစ်လာမယ်၊ သစ္စာစောင့်သိမှုရှိလာမယ်ဆိုရင် သဟဇာတဖြစ်လာမယ်ထင်ပါတယ်”ဟု ဆက်လက် ပြောသည်။

အခေါ်အဝေါ်အသုံးအနှုန်းနှင့်စပ်လျဉ်း၍ အမျိုးသားဖွံဖြိုးတိုး တက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၏မေးမြန်းချက်ကိုလည်း“အထောက်
အထားလေ့လာတွေ့ရှိချက်တွေ အရ ကော်မရှင်က ရိုဟင်ဂျာလို့မသုံးဘူး ။ဖြေရှင်းရခက်တဲ့ ကိစ္စကိုဖြေရှင်းနိုင်စေချင်တဲ့ ရည်ရွယ်ချက်အရ ရိုဟင် ဂျာလို့မသုံးပါဘူး”ဟု ဦးကိုကိုကြီး ကပြန်လည်ဖြေကြားသည်။

ဧပြီ ၂၃ရက်က နိုင်ငံတော်သမ္မ တထံတင်ပြသွင်းခဲ့သော စုံစမ်းစစ်ဆေးရေးကော်မရှင် အပြီးသတ်အစီရင်ခံစာကို ရခိုင်တိုင်းရင်းသား ၁၂၀၀၊ ဘင်္ဂါလီလူမျိုး ၈၀၀ခန့် ကို တွေ့ဆုံမေးမြန်းပြီး ကွင်းဆင်းလေ့လာချက်များအရ အကြံပြုရေးသား ထားကြောင်းသိရသည်။

နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ် ၂၅ဦး ပါဝင်သော ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ယမန်နှစ် သြဂုတ် ၁၇ ရက်တွင် နိုင်ငံတော်သမ္မတအမိန့် ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အပြီးသတ်အစီရင်ခံစာပါ အကြံပြုချက်များကိုသက်ဆိုင်ရာဝန် ကြီးဌာန အဖွဲ့အစည်းများက ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရှိရသည်။

7Day News Journal




နယ်စပ်လုံခြုံရေးအတွက် ရခိုင်တွင် စစ်တပ်အင်အားတိုးချဲ့ရန် အကြံပြု နယ်စပ်လုံခြုံရေးအတွက် ရခိုင်တွင် စစ်တပ်အင်အားတိုးချဲ့ရန် အကြံပြု Reviewed by သစ်ထူးလွင် on 02:22 Rating: 5
Powered by Blogger.