အမေရိကန်ထိပ်တန်း Ford ကားပြည်တွင်း၌ ရောင်းချတော့မည်

ရန်ကုန် ဧပြီ ၃၀

အမေရိကန်ထိပ်တန်း Ford ကားများအား ယခုနှစ်အတွင်း ပြည်တွင်း၌ စတင်ရောင်းချသွားမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏ်ီမှ ယနေ့နံနက် ၁၀ နာရီတွင် အင်းလျားလိခ်ဟိုတယ်၌ ရှင်းလင်းပြောကြားခဲ့သည်။

Ford ကုမ္ပဏီအနေဖြင့် ပြည်တွင်းမှ Capital Automotive ကုမ္ပဏီနှင့် ပူးပေါင်း၍ မော်တော်ကားအသစ်များ စတင်တင်သွင်းသွားမည် ဟု Capital Automotive ကုမ္ပဏီမှ ဦးခင်ထွန်းကပြောသည်။

၏ပထမဦးဆုံး အရောင်းပြခန်းအား ရန်ကုန်မြို့ လှိုင်မြို့နယ် အင်းစိန်လမ်းမပေါ်တွင် တည်ဆောက်နေပြီဖြစ်ပြီး ၀န်ဆောင်မှုအပိုင်းနှင့် အပိုပစ္စည်း များအတွက်ပါထောက်ပံ့ပေးသွားမည်ဖြစ်သည်။

အဆိုပါ အရောင်းပြခန်း၌ Ford ၏ One Ford ကားများ ၊ ထရပ်ကားများနှင့် SUV ကားများ စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သုတလင်း - Popular Myanmar News Journal


အမေရိကန်ထိပ်တန်း Ford ကားပြည်တွင်း၌ ရောင်းချတော့မည် အမေရိကန်ထိပ်တန်း Ford ကားပြည်တွင်း၌ ရောင်းချတော့မည် Reviewed by သစ်ထူးလွင် on 15:38 Rating: 5
Powered by Blogger.