မိုက်ကယ်ဂျက်ဆင် သေဆုံးရမှု ကုမ္ပဏီကို တရားစွဲ

ကွယ်လွန်သွားခဲ့တဲ့ ပေါ့ပ် အဆိုကျော် မိုက်ကယ် ဂျက်ဆင်ရဲ့ မိခင်နဲ့ သူ့ကလေး သုံးယောက်က သူတို့ရဲ့ ထိခိုက်နစ်နာ ဆုံးရှုံးမှု အတွက် ဒေါ်လာသန်းနဲ့ချီပြီး လျော်ပေးဖို့ သူ့ရဲ့ ဂီတဖျော်ဖြေပွဲကို ကမကထ လုပ်ပေးခဲ့တဲ့ A-E-G ကုမ္ပဏီကို တရားစွဲဆို လိုက်ပါတယ်။

မိုက်ကယ် ဂျက်ဆင် အသက်ဆုံးရှုံးရတဲ့ အထိဖြစ်အောင် အိပ်ဆေး အပြင်းစားတွေ ထိုးပေးခဲ့တဲ့ Dr Conrad Murray ကို A-E-G ကုမ္ပဏီက ငှားရမ်းပြီး ကျန်းမာရေး စောင့်ရှောက်ခိုင်းတဲ့ အတွက် မိုက်ကယ်ဂျက်ဆင် သေဆုံးရမှုမှာ အဲဒီကုမ္ပဏီကလည်း တာဝန်ရှိတယ်လို့ ဆိုပြီး တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

သူသေဆုံးတာ လေးနှစ် ရှိပြီ ဖြစ်ပေမယ့် သူမသေခင် အချိန်က ကျန်းမာရေးနဲ့ ငွေကြေးကိစ္စတွေကို အခု တရားမမှုမှာ အလေးထား ဖြေရှင်း သွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အခု အမှုဟာ သုံးလလောက် ကြာကောင်း ကြာနိုင်တယ်လို့ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)


မိုက်ကယ်ဂျက်ဆင် မိသားစု အေအီးဂျီ ကုမ္ပဏီကို ဒေါ်လာသန်းနဲ့ချီ ပေးဖို့ တရားစွဲ

မိုက်ကယ်ဂျက်ဆင် သေဆုံးရမှု ကုမ္ပဏီကို တရားစွဲ မိုက်ကယ်ဂျက်ဆင် သေဆုံးရမှု ကုမ္ပဏီကို တရားစွဲ Reviewed by သစ်ထူးလွင် on 09:00 Rating: 5
Powered by Blogger.