လက်ပံတောင်းတောင်ဒေသသို့ အကြမ်းဖက်နှိမ်နှင်းရေး အထူးရဲတပ်ဖွဲ့ဝင်များရောက်ရှိ

ရန်ကုန်၊ဧပြီ၊၂၉

လက်ပံတောင်တောင်အရေးကြိုး ကိုင်သူဟုယူဆရသူရှစ်ဦးကို ဖမိးဆီးရန် လက်ပံတောင်းတောင် ဒေသတွင်တွင် အကြမ်းဖက် အကြမ်းဖက်နှိမ်နှင်းရေး အထူးရဲတပ်ဖွဲ့ဝင်များ ရောက်ရှိနေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံးမှ ရဲအရာရှိ တစ်ဦးကပြောကြားသည်။

“အထူးနှိမ်နှင်းရေးအဖွဲ့တွေ ရောက်နေတယ်ဆိုတာကတော့သေချာပါတယ် တပ်ဖွဲ့ဝင်ဘယ်လောက်ရောက် တယ် ဘယ်အချိန်မှာဝင်ဖမ်းမယ် မဖမ်းဘူး ဆိုတာတော့ လျို့ဝှက်မို့ မသိရပါဘူး”ဟု၎င်းကဆက်လက်ပြော ကြားသည်။

လက်ပံတောင်းတောင်အရေးကြိုးကိုင်သူများဟု ရဲတပ်ဖွဲ့မှ သတင်းပေးရန်ကြေငြာချက်ထုတ်ထားသည့် ရန်ကုန် ပြည်သူ့ အကျိုးဆောင်ကွန်ယက်အဖွဲ့ဝင်များ အခြေချနေထိုင်မှုများသည့် ဆည်တည်းကျေးရွာအနီးသို့လက်ရှိ သတင်းရေးသားနေသည့် ဧပြီလ၂၉ရက်နေ့ညပိုင်း ၁ဝနာရီခန့်အချိန်တွင် ရဲတပ်ဖွဲ့ဝင် ၂၀ဝနီးပါးခန့် ရောက်ရှိ နေကြောင်း ဆည်တည်းကျေးရွာ
ဒေသ ခံများကဆက်သွယ်ပြောကြားသည်။

ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်အဖွဲ့ဝင်များမှာ လက်ပံတောင်းတောင်အရေးသို့ ၂၀၁၂ခုနှစ်ဩဂုတ်လ အတွင်းတွင် ပါဝင်လာခဲ့ပြီး ဝမ်ပေါက်ကုမ္ပဏီအနီး အခေါင်းသုံးလုံး မီးရှို့မှု ၊အောက်တိုဘာလ၉ရက်နေ့ဆဲတည်းရွာသုသာန်တွင်သေဆုံသူများပြန်လည်နိုးထလာသည့်ပါဖော့မန့်များ ၊လက်ပံတောင်းတောင်ပြည်သူ့ညီလခံနှင့် ဆန္ဒထုတ်ဖော်မှုများတွင် ဆည်တည်းရွာတွင်အခြေချနေထိုင်ပြီး ဦးဆောင်လှုပ်ရှားခဲ့ကာ၊ အောက်တိုဘာလအ တွင်းတွင်ပင် ဆားလင်းကြီးရဲစခန်း၌မြန်မာ့စီးပွားရေးဦးပိုင်နှင့်ဒေသခံများ အပြန်အလှန်အမှုဖွင့်မှုများရှိခဲ့ရာ၊ဦးပိုင်မှအခေါင်းသုံးလုံးမီးရှို့
ဆန္ဒထုတ်ဖော်မှုတွင်ပါဝင်သူ၁၆ဦးကိုပုဒ်မ၃ခုဖြင့်အမှုဖွင့်ခဲ့ကြောင်း လက်ပံတောင်းတောင်အရေးစိတ်ဝင်စားသူများနှင့် ဒေသခံများကပြောကြားသည်။

ယနေ့ဧပြီလ၂၉ရက်နေ့သည်သံဃာတော်များအားမီးလောင်ဗုံးများဖြင့် ဖြိုခွင်းသည်မှာ ၅လပြည့်မြောက်ခဲ့ သည့်နေ့ဖြစ်ပြီး၊ ယင်းရက်မတိုင်ခင် ၄ရက်ခန့်အလို ဧပြီလ၂၅ရက်နေ့တွင်လည်း လက်ပံတောင်းတောင်၏ တောင်ဘက်တောင်ခြေတွင် ယာတဲဆောက်ရာမှ ရဲတပ်ဖွဲ့ဝင်များနှင့်ဒေသခံများ
ပဋိပက္ခများဖြစ်ပွားခဲ့ပြီး ၊ယင်းနေ့တွင်ကွန်ယက်အဖွဲ့ဝင်တစ်ဦးဖြစ်သူကိုအောင်စိုးကို ရဲတပ်ဖွဲ့မှဖမ်းဆီးခဲ့ရာမှ ပဠိပက္ခဖြစ်ပွား ခဲသောကြောင့် ရဲတပ်ဖွဲဝင် ၁၅ဦး နင့် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ယခုသတင်းရေးသားချိန် ဧပြီလ ၂၅ရက် ည ၁ဝနာရီခန့် တွင် ဆည်းတည်းကျေးရွာ၏ အခြေအနေကို ဆက်သွယ်မေးမြန်းရာ
''တုံကနေ ဆည်းတည်းရွာကို သွားတဲ့ သူတိုဆိုက်မှာ ရဲတွေ တန်းစီပြီး စစ်ရေးပြ နေတယ်၊ရွာကိုတော့ ဝင်မစီးသေးဘူး ''ဟု ဆည်းတည်းရွှာသို့ ရောက်ရှိနေသော ကိုဟန်ဝင်းအောင်က The Voice သို့ ပြန်လည်ဖြေကြားသည်။

The Voice Weekly


လက်ပံတောင်းတောင်ဒေသသို့ အကြမ်းဖက်နှိမ်နှင်းရေး အထူးရဲတပ်ဖွဲ့ဝင်များရောက်ရှိ လက်ပံတောင်းတောင်ဒေသသို့ အကြမ်းဖက်နှိမ်နှင်းရေး အထူးရဲတပ်ဖွဲ့ဝင်များရောက်ရှိ Reviewed by သစ်ထူးလွင် on 14:27 Rating: 5
Powered by Blogger.