ဗဟန်းမြို့နယ် ရဲစခန်းရှိ တပ်ဖွဲ့ဝင်များမှ ၎င်းတို့၏ ရဲစခန်းမှူးအပေါ် မကျေနပ်မှုများ (ပေးစာ)

        ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရဲစခန်းမှ စခန်းမှူး ရဲအုပ်တင်အောင်သည်၊ လက်အောက်တပ်ဖွဲ့ ၀င်များအပေါ် ဒီမိုကရေစီဝါဒနှင့်အညီ လုပ်ဖေါ်ကိုင်ဘက်ဟု သဘောမထားဘဲ၊ အာဏာရှင်ဝါဒကို ယနေ့ထိ စွဲ ကိုင်ကျင့်သုံးကာ၊ မောက်မာရိုင်းပြစွာ ခွဲခြားဆက်ဆံသည့်အပြင်၊ လူအများရှေ့တွင် လက်အောက်တပ်ဖွဲ့ဝင်များ ကို အရှက်ရစေသော နည်းလမ်းဖြင့် ရိုက်နှက်၊ ထိုးကြိတ်ပြီး မိမိကိုယ်ကို ဂုဏ်တင်နေသဖြင့် တပ်ဖွဲ့ဝင်အချို့မှ နာကြည်းမှုများရှိနေသည်ဟု သိရသည်။

          အထူးသဖြင့် နယ်ထိန်းတပ်ဖွဲ့ဝင်အချို့မှာ ၎င်းတို့၏ဆန္ဒမပါဘဲ၊ အဓမ္မ တာဝန်ပေး စေခိုင်းခြင်း ခံနေရ ပြီး၊ နယ်မြေအတွင်းရှိ ဒုစရိုက်သမားများထံမှ လိုင်းကြေးငွေများကို ထောင်နှုတ်ခမ်းနင်း၊ ဦးခေါင်းရင်း၍ ကောက် ခံပေးနေရပါသည်။

          ထို့အပြင် ရဲစခန်းတစ်ခုလုံး၏ လစဉ် အထွေထွေ ကုန်ကျစရိတ်များကိုလည်း၊ ရပိုင်ခွင့်သာလွန်သော စခန်းမှူးနှင့် အရာရှိများက ၎င်းတို့၏ ရပိုင်ခွင့်များထဲမှ အပွန်းပဲ့ မခံဘဲ၊ နယ်ထိန်းတပ်ဖွဲ့ဝင်(၁၀)ဦး ကိုသာ အနိုင် ကျင့်ကာ အချိုးချ၊ ကျခံစေသောကြောင့် နယ်ထိန်းတပ်ဖွဲ့ဝင်များမှာ တစ်ဦးလျှင် လစဉ်၊ ငွေကျပ် တစ်သိန်း ကျော်စီ စိုက်ထုတ်ပေးသွင်း ကုန်ကျနေရပါသည်။

          ထိုသို့ ကုန်ကျနေရသဖြင့် ၎င်းတို့၏ လစာငွေအား ထုတ်ယူခွင့် မရသည့်အပြင်၊ လိုအပ်သောငွေကို လည်း မရမက ရှာဖွေပေးဆပ်နေရသဖြင့် ဇနီးမယားများကို စားရိတ် မအပ်နိုင်သောကြောင့် အိမ်တွင်ရေး ပဋိ ပက္ခများ ဖြစ်ပေါ်ခံစားနေရပြီး၊ မိသားစု စားဝတ်နေရေး၊ ကလေး ကျမ္မာရေးနှင့် ကျောင်းသားများ ပညာရေးတို့ အတွက် ချို့တဲ့နစ်နာမှုများ ရှိနေကြောင်းသိရသည်။

          ထိုနစ်နာမှုများကြောင့် နယ်ထိန်းတပ်ဖွဲ့ဝင်အချို့က နယ်ထိန်းတာဝန်မှ နှုတ်ထွက်ခွင့်ပေးပါရန် တောင်း ဆိုသော်လည်း၊ စခန်းမှူးမှ ပေးမထွက်သည့် အပြင်၊ လုပ်ပိုင်ခွင့်ကို အခြေခံသော ခြိမ်းခြောက်မှုများ ရှိနေသဖြင့် စခန်းမှူးအပေါ် မကျေနပ်မှုများရှိနေကြောင်းသိရှိရပါသည်။

ဗဟန်း နယ်ထိန်း


ဗဟန်းမြို့နယ် ရဲစခန်းရှိ တပ်ဖွဲ့ဝင်များမှ ၎င်းတို့၏ ရဲစခန်းမှူးအပေါ် မကျေနပ်မှုများ (ပေးစာ) ဗဟန်းမြို့နယ် ရဲစခန်းရှိ တပ်ဖွဲ့ဝင်များမှ ၎င်းတို့၏ ရဲစခန်းမှူးအပေါ် မကျေနပ်မှုများ (ပေးစာ) Reviewed by သစ်ထူးလွင် on 15:19 Rating: 5
Powered by Blogger.