ထားဝယ်တက္ကသိုလ်ဝင်းထဲ“ချဉ်ပေါင်ကျား”(ခေါ်) “အင်းကျား”တစ်ကောင်တွေ့ရှိ

ထားဝယ်-ဧပြီ၃၀

ထားဝယ်တက္ကသိုလ်ဝင်း အတွင်း “ချဉ်ပေါင်ကျား” (ခေါ်) “အင်းကျား” တစ်ကောင်ကိုဧပြီ ၂၈ရက်ကတွေ့ရှိ၍ မွေးမြူ စောင့်ရှောက်ထား ကြောင်း သိရသည်။

တောမိုးတောင်ခြေနှင့် နီးကပ်စွာတည်ရှိသည့် ထားဝယ်တက္ကသိုလ်ဝင်း အတွင်းရှိ ရေတွင်းတစ်တွင်းထဲသို့ ကျနေသော ကြောင်သာသာအရွယရှိထားဝယ်ဒေသအခေါ် “ချဉ်ပေါင်ကျား” (ခေါ်) “အင်းကျား”တစ်ကောင်ကို နယ်မြေ၀န်ထမ်းတစ်ဦးက တွေ့ရှိပြီး ၊ ယခုအခါ ၄င်း၏အိမ်တွင်ပင်
မွေးမြူ စောင့်ရှောက်ထားကြောင်း တွေ့ရသည်။

“ဒီနားပတ်ဝန်းကျင်မှာကတော့ ဒီကျားအငယ်လေးတွေကို မကြာမကြာတွေ့ရ တတ်ပါတယ်။ တစ်ခါတစ်လေ မွေးထားတဲ့ ကြက်တွေကို လာလာဆွဲ တတ်တာကလွဲလို့ လူကိုတော့ အန္တရာယ်မပြုပါဘူး၊ ဆရာ၊ ဆရာမတစ်ချို့ဆို ညည လမ်းလျှောက်ရင်း ဒီအကောင်လေးတွေ ဖြတ်ပြေးတာမျိုး မြင်နေကျပါ ၊ ခုလည်းအစာလာရှာရင်း ရေတွင်းထဲပြုတ်ကျပုံရပါတယ် ” ဟု အင်းကျားကို ရရှိထားသူ
နယ်မြေ၀န်ထမ်း ကိုမျိုးဝင်းကပြောသည်။

ထားဝယ်တက္ကသိုလ်သည်ထားဝယ်မြို့မှ အနောက်ဘက် (၄) မိုင်ခန့်အကွာ ထားဝယ်မြစ်အနောက်ဘက်ရှိ လောင်းလုံးမြို့နယ်၊ ကမျောကင်းရွာတွင်တည်ရှိပြီး (၃၇၀.၇)ဧကခန့် အကျယ်အ၀န်းရှိသည်။

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)

Popular Myanmar News Journal


ထားဝယ်တက္ကသိုလ်ဝင်းထဲ“ချဉ်ပေါင်ကျား”(ခေါ်) “အင်းကျား”တစ်ကောင်တွေ့ရှိ  ထားဝယ်တက္ကသိုလ်ဝင်းထဲ“ချဉ်ပေါင်ကျား”(ခေါ်) “အင်းကျား”တစ်ကောင်တွေ့ရှိ Reviewed by သစ်ထူးလွင် on 16:43 Rating: 5
Powered by Blogger.