ရန်ကုန်သင်္ကြန် အကြိုနေ့ (ရုပ်/သံ)

"ရန်ကုန် သင်္ကြန်"

ဧပြီလ ၁၃ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန်ကို ရန်ကုန်မြို့မှာ စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပခဲ့ပါတယ်။

မင်္ဂလာတောင်ညွှန့်မြို့နယ်က ကန်တော်ကြီး ကန်ပတ်လမ်း၊ ရန်ကင်းမြို့နယ်ကကမ္ဘာအေးဘုရားလမ်းနဲ့လှိုင်မြို့နယ်က ပြည်လမ်းမပေါ်မှာရှိတဲ့ ရေကစားမဏ္ဍပ်တွေမှာ နာမည်ကျော် အဆိုတော်နဲ့အနုပညာရှင်တွေက သီဆိုဖျော်ဖြေခဲ့ကြပါတယ်။

နာရေးကူညီမှုအသင်းရ့"ပေးဆပ်သူများ"သံချပ်အဖွဲ့ဟာ ပုဇွန်တောင်မြို့နယ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ဒီကနေ့ မနက်က ဖျော်ဖြေခဲ့ပြီး၊တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့က ပူးပေါင်းစီစဉ်တဲ့ "ဒေါင်းတို့မျိုးဆက်" သံချပ်အဖွဲ့ကတော့ မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ နာရေးကူညီမှုအသင်းရုံးချုပ်မှာ ဒီကနေ့ညနေမှာ ပွဲဦးထွက် ဖျော်ဖြေခဲ့ပါတယ်။

ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသားတွေ ဦးစီးကျင်းပတဲ့ ရခိုင်သင်္ကြန်ကိုတော့ သုဝဏ္ဏအားကစားကွင်းမှာ ဒီကနေ့ နေ့လယ်က ကျင်းပခဲ့ပါတယ်။

RFA Burmese

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




ရန်ကုန်သင်္ကြန် အကြိုနေ့ (ရုပ်/သံ) ရန်ကုန်သင်္ကြန် အကြိုနေ့ (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 22:34 Rating: 5
Powered by Blogger.