သင်္ကြန်သုံးရက်အတွင်း ယာဉ်တိုက်မှုကြောင့် လူသေမှု အများဆုံးဖြစ်

၂၀၁၃ ခုနှစ် သင်္ကြန်သုံးရက်အတွင်း အပျော်လွန်မှုများကြောင့် ရန်ကုန်မြို့တွင် လူ ၁၆ ဦးသေဆုံးခဲ့ပြီး ၈၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ဒီကနေ့ မနက်က ထုတ်ပြန် လိုက်ပါတယ်။

ဒီကနေ့ ထုတ်ပြန်တဲ့ စာရင်းမှာ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၁၀ ဦးရှိတဲ့ အပြင် ဒဏ်ရာရရှိသူ ၄၁ ဦးရှိကြောင်းသိရှိရပြီး၊ခိုက်ရန်ဖြစ်ပွားမှုတွေကြောင့် သေဆုံးသူမရှိဘဲ ဒဏ်ရာရရှိသူ ၄၀ ဦးရှိတယ်လို့ သိရပါတယ်။

RFA Burmese


သင်္ကြန်သုံးရက်အတွင်း ယာဉ်တိုက်မှုကြောင့် လူသေမှု အများဆုံးဖြစ် သင်္ကြန်သုံးရက်အတွင်း ယာဉ်တိုက်မှုကြောင့် လူသေမှု အများဆုံးဖြစ် Reviewed by သစ်ထူးလွင် on 14:26 Rating: 5
Powered by Blogger.