ဘော့စတွန် မာရသွန် ပေါက်ကွဲမှု ၂ယောက်သေ ၂၃ယောက် ဒဏ်ရာရ

ပေါက်ကွဲမှုကြောင့် လူ ၂ယောက် သေဆုံးပြီး ၂၃ယောက် ဒဏ်ရာရတယ်လို့ သတင်း ရရှိပါတယ်။

မပေါက်ကွဲ သေးတဲ့ ဗုံးနှစ်လုံးကိုလည်း ရဲက တွေ့ရှိခဲ့ပြီး စနက်တန် ဖြုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီမာရသွန် ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ စာရင်းသွင်းသူ ၂၅၀၀၀ လောက်ရှိပြီး ယူကေက ပါဝင် ယှဉ်ပြိုင်သူ ၃၇၄ ယောက် ရှိတယ်လို့ သိရပါတယ်။

ဒေသ စံတော်ချိန် နေ့လည် ၂ နာရီ ၅၀ မိနစ်မှာ ဆက်တိုက် ဆိုသလို ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

လတ်တလောတော့ ဂျေအက်ဖ်ကေ စာကြည့်တိုက်မှာ တတိယမြောက် ပေါက်ကွဲမှု ဖြစ်နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဘော်စတွန် မြို့သူမြို့သားတွေ အနေနဲ့ ကိုယ့်အဆောက်အဦ အတွင်းမှာဘဲ နေထိုင်ပြီး တက်နိုင်ရင် အပြင် မထွက်ဖို့ သက်ဆိုင်ရာက တိုက်တွန်းထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဒဏ်ရာရသူတွေ ၂၃ ယောက် ရှိတယ်လို့ဆို

ဘော့စတွန် မာရသွန် ပေါက်ကွဲမှု ၂ယောက်သေ ၂၃ယောက် ဒဏ်ရာရ ဘော့စတွန် မာရသွန် ပေါက်ကွဲမှု ၂ယောက်သေ ၂၃ယောက် ဒဏ်ရာရ Reviewed by သစ်ထူးလွင် on 07:16 Rating: 5
Powered by Blogger.