ဘင်္ဂလီတွေကို အိမ်မဆောက်ပေးဖို့ ကျောက်တော် မှာ ဆန္ဒပြ

ရခိုင်ပြည်နယ် ကျောက်တော်မြို့ မှာ  လူပေါင်း နှစ်ထောင်ကျော်ခန့် က ဒီကနေ့ နေ့ လည် (၂)နာရီ လောက်ကစပြီး  မြို့မသိမ်ကျောင်း ဘုန်းတော်ကြီးကျောင်း ကနေပြီးတော့ မြို့ပတ်လမ်းအတိုင်း မြို့ကို တစ်ပတ်လှည့်လည် ပြီးတော့ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက နိုင်ငံသား မဟုတ်တဲ့ ဘင်္ဂလီတွေကို အိမ်မဆောက်ပေးဖို့ ဒေသခံတိုင်းရင်းသားများ၏ ဆန္ဒသဘောထားကို လေးစားပါ။

ဒေသခံတိုင်းရင်းသားများ၏ သဘောထားမပါဘဲ ဒေသအရေးကို မဆုံးဖြတ်ပါနှင့်။

နိုင်ငံသားမဟုတ်သူများကို နိုင်ငံသားအခွင့်အရေး မပေးပါနှင့်။

၁၉၈၂-ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကို အမြန်ဆုံး (အမြန်ဆုံး) အကောင်အထည်ဖော်ပေးပါ။

တရားမ၀င်နေထိုင်သူများအား ဥပဒေကြောင်းအရ အမြန်ဆုံးအရေးယူပေးပါ။

ဘင်္ဂါလီအရေးကိုင်တွယ်မှု ပွင့်လင်းမြင်သာမှု ရှိပါစေ။

စတဲ့ ကြွေးကြော် သံတွေ နဲ့ တောင်းဆို ဆန္ဒပြခဲ့ကြောင်း ဆန္ဒပြပွဲ မှာ ပါဝင်တဲ့ ကိုကျော်သက် က Myanmar News Now ကို ပြောပါတယ်။

ညနေ ၃ နာရီခွဲလောက်မှာ ဆန္ဒပြသူတွေ သိမ်ကျောင်း ဘုန်းတော်ကြီး ကျောင်းကို ပြန်ဝင်ပြီး ဆန္ဒပြပွဲ ရုပ်သိမ်းလိုက်ကြောင်း သိရပါတယ်။

Myanmar News Now
 
ဘင်္ဂလီတွေကို အိမ်မဆောက်ပေးဖို့  ကျောက်တော် မှာ ဆန္ဒပြ ။ ဓါတ်ပုံ - ကိုကျော်သက် - Myanmar News Now

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်