ရေမဆေးကျောက်ရှာဖွေရာမှ မြေစာပိ၍ ၁ ဦး သေ၊ ၁၀ ဦး ဒဏ်ရာရ

နေပြည်တော်၊ မတ် ၇

၆-၃-၂၀၁၃ ရက်နေ့ ၁၅၀၀ အချိန် ကချင်ပြည်နယ်၊ ဖားကန့်ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဖားကန့်မြို့နယ် ဆေးရုံ၌ မြေစာပိ၍ သေဆုံး ဒဏ်ရာ ရရှိသူများ ရောက်ရှိနေကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ ဖားကန့်မြို့နယ်၊ ကရင်ချောင်ကျေးရွာအနီး ““ထူး””ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်ရှိ စွန့်ပစ်မြေစာ ပုံဟောင်း အောက်ခြေတွင် ကရင်ချောင်ကျေးရွာ၊ ရပ်ကွက်(၁)နေ ကျိန်တင်ဖု (၂၅)နှစ်ပါ ၁၁ ဦးက ရေမဆေးကျောက်တူးဖော်ရှာဖွေနေစဉ် အမြင့် ၁၅၀ ပေခန့်မှ မြေစာများ ပြိုကျလာပြီး မြေစာနှင့်အတူပါလာသည့် ကျောက်ခဲများထိမှန်၍ ကျိန်တင်ဖုမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး သန်းဇော်(၃၁)နှစ်ပါ ၁၀ ဦးတွင် ဖူးရောင်ပွန်းပဲ့ပေါက်ပြဲဒဏ်ရာများ အသီးသီး ရရှိခဲ့ကြောင်းနှင့် ဖားကန့်ရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၈/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည် (Facebook)


အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်