ကူဝိတ် ဆန္ဒပြသူတွေကို ရဲဖြိုခွဲ


ကူဝိတ် နိုင်ငံမှာ အသစ် ရွေးချယ် တင်မြှောက်လိုက်တဲ့ ပါလီမန်ကို ဖျက်သိမ်းပေးဖို့ တောင်းဆို ဆန္ဒပြသူတွေကို အဓိကရုန်း ရဲတွေက မျက်ရည်ယိုဗုံးတွေ ၊ မူးမေ့စေ တက်တဲ့ လက်နက်တွေ သုံးဖြိုခွဲခဲ့ပြီး ကူဝိတ် မြို့တော်မှာ ဆန္ဒပြမှုတွေကို ခွင့်မပြုဘူးလို့ ပြောပါတယ်။

လူအများအပြားလည်း အဖမ်းခံခဲ့ ရတယ်လို့ သိရပါတယ်။

အတိုက်အခံတွေ လွှမ်းမိုးတဲ့ ပါလီမန်ဟောင်းကို ဖျက်သိမ်းပြီး ကူဝိတ် စော်ဘွားသစ် Sheikh Sabah al Ahmad al-Sabah ရဲ့ အမိန့် ကြေညာချက် အသစ်အရ ကျင်းပခဲ့တဲ့ ပြီးခဲ့တဲ့ လက ရွေးကောက်ပွဲကို အတိုက်အခံ တွေက သပိတ်မှောက်ခဲ့တာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ကူဝိတ် စော်ဘွားသစ် ( အဝါရောင်နဲ့ ရှေ့တန်း အလယ်လူ ) Sheikh Sabah al Ahmad al-Sabah


အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်