လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြမှု အာဏာပိုင်က တားဆီးပိတ်ပင်
စစ်ကိုင်းတိုင်း မုံရွာ လက်ပန်းတောင်းတောင် ကြေးနီ ထုတ်လုပ်ရေး စီမံကိန်း ဆက်လက် အကောင်အထည်ဖော်မယ့် ကိစ္စကို ဟန့်တားဖို့ ကျေးရွာပေါင်း (၁၂) ရွာက ဒေသခံ တစ်ထောင်ကျော်ဟာ လက်ပန်းတောင်းတောင် ကနေ (၄) မိုင်ခွဲ လောက်ဝေးတဲ့ ဆားလင်းကြီးမြို့ကို ဒီကနေ့ မနက်ပိုင်းက ငြိမ်းချမ်းစွာ ချီတက် လမ်းလျှောက်လာစဉ် လမ်းခုလတ် အရောက်မှာ အာဏာပိုင်တွေရဲ့ တားဆီးပိတ်ပင် ခံခဲ့ရတယ်လို့ သိရပါတယ်။
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
RFA
ဆားလင်းကြီးမြို့ရှိ မြန်မာ့စီးပွားရေးဦးပိုင် လိမီတက်ပိုင် ဆာလ်ဖျူရစ် အက်စစ်စက်ရုံ
ရဲတပ်ဖွဲ့က အကြမ်းဖက် ၀င်ရောက်စီးနင်းမှုကြောင့် ထိခိုက်ဒဏ်ရာရ
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်အတွင်း ကျူးကျော် အခြေချနေထိုင်သူတွေကို လုံခြုံရေးတပ်ဖွဲ့တွေ မနေ့က အဓမ္မ ဖယ်ရှားဖို့ အကြမ်းဖက် ၀င်ရောက်စီးနင်းရာမှာ ကိုချစ်မိုးဆိုသူကို ရဲတွေက လက်ထိပ်ခတ် ဖမ်းဆီးပြီးနောက် တစ်နာရီကြာလောက် ညှဉ်းပန်း နှိပ်စက်ခဲ့ကြတယ်လို့ သိရပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်က ရဲတပ်ဖွဲ့များ အဓမ္မ၀င်ရောက် စီးနင်းခြင်းကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့သည့် မြရည်နန္ဒာရပ်ကွက်အတွင်း ကျူးကျော် နေထိုင်သူတစ်ဦးကို တွေ့ရစဉ်။
ကာယကံရှင် ကိုချစ်မိုးက-
"ကျွန်တော့်ကို လက်ထိပ်ခတ်တာ လက်ထိပ်က ၂ ခုဆိုတော့ ဒီကိုရိုက်တာ။ ကုတင်ပေါ်ကနေ ကျွန်တော့် အမေကို ဆွဲချလိုက်တော့ ကျွန်တော့်အမေ အောက်ကလဲသွားတဲ့ အချိန် ကျွန်တော်ကနေပြီးတော့ အမေ့ကို မလုပ်နဲ့ဆိုပြီးတော့ ကျွန်တော်က ဖယ်လိုက်တော့ သူကနေပြီး ကျွန်တော့်ကို ဆွဲပြီးတော့ ရိုက်နှက်ပြီးတော့ လက်ထိပ်ခတ်ပြီးတော့ မြေကြီးထဲကို ခြေဆင်းခိုင်းတယ်။ ခြေမဆင်းလို့ဆိုပြီး ခြေထောက်ကို ဖနောင့်နဲ့ ပေါက်တာ။ ကျွန်တော့် နောက်ကျောတွေရော ကန်တယ်။ နားအုံတွေလည်း ရိုက်တယ်။ ခေါင်းတွေရော၊ ဆံပင်ဆွဲဆောင့်ပြီး မြေကြီးထဲမှာ ခေါင်းကို နှိမ်ထားတယ်။ ပြူတင်းပေါက်က တိုင်နဲ့ ကျွန်တော့်ခေါင်းကို ချတယ်။ နံတွေလည်း သူ့ဘွတ်ဖိနပ်နဲ့ ကျွန်တော့်ကို ကန်တယ်"
သူ့ကို ဖမ်းဆီးနှိပ်စက်နေချိန်မှာ မန္တလေးအခြေစိုက် သတင်း မီဒီယာသမားတွေ ရောက်လာတဲ့အတွက် အာဏာပိုင်တွေက လက်ထိပ်ဖြုတ်ပြီး ပြန်လွှတ်ပေးလိုက်တာကြောင့် သက်သာရာ ရသွားခဲ့တယ်လို့ ကိုချစ်မိုးက ပြောပါတယ်။
မနေ့က အဓမ္မ ၀င်ရောက်စီးနင်းပြီး ရိုက်နက်ခဲ့မှုကြောင့် ဒဏ်ရာရရှိခဲ့သူ (၇) ဦးဟာ မန္တလေး ပြည်သူ့ဆေးရုံ ပြင်ပလူနာဌာနမှာ ကုသမှု ခံယူခဲ့ကြတယ်လို့ သိရပါတယ်။ လူနာ ၆ ဦးက ညတွင်းချင်း ဆေးရုံ ဆင်းလာခဲ့ရပေမယ့် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးကတော့ ဆက်လက်ကုသမှု ခံယူနေရဆဲပဲလို့ သိရပါတယ်။
သေနတ်နဲ့ အရိုက်ခံရတာကြောင့် သတိမေ့မျောသွားတဲ့ နှလုံးရောဂါသည် ဒေါ်ခင်အုန်းမြင့်ဆိုသူ အမျိုးသမီးကတော့ ဆေးကုသဖို့ စရိတ် မတတ်နိုင်တာကြောင့် မနေ့က ဆေးရုံမတက်ခဲ့ရပေမယ့် ဒီကနေ့မှာတော့ ရပ်ကွက်က ကူညီလှူဒါန်းတဲ့ စရိတ်နဲ့ ဆေးရုံမှာ ကုသမှု ခံယူနေတယ်လို့ သိရပါတယ်။
မနေ့ က ဖြစ်ပျက်ခဲ့တဲ့ အခြေအနေကြောင့် ရပ်ကွက်သားတွေဟာ အချိန်မတော် ၀င်ရောက် အကြမ်းဖက်စီးနင်းခံရမှာ စိုးရိမ်ထိန့်လန့်နေကြတဲ့အတွက် ညလုံးပေါက် မအိပ်ခဲ့ကြဘူးလို့ ရပ်ကွက်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
"နောက်တခေါက်ဝင်မယ်။ နောက်တခေါက် ဒီလိုဖြစ်ဦးမယ် ဆိုတော့ ကျွန်တော်တို့အားလုံး တအားကို စိုးရိမ်နေကြပါတယ်။ အကုန်လုံးကလည်း မအိပ်ရဘူး။ ကလေး လူကြီးကအစ ဒီလမ်းပေါ်မှာ နေနေရတယ်။ ကိုယ့်အိမ်ထဲကို ဝင်မအိပ်ရဲလောက်အောင်ကို ဖြစ်နေရတယ်"
မြရည်နန္ဒာရပ်ကွက်ကို လုံခြုံရေး ရဲတပ်ဖွဲ့တွေ ဒီကနေ့ ထပ်မံ လာရောက်စီးနင်းဖို့ ရှိတယ်လို့ မန္တလေးမြို့မှာ မနက်ပိုင်းကတည်းက သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေပေမယ့် ညနေ (၅) နာရီအထိ လာရောက်မှု မရှိသေးဘူးလို့လည်း သိရပါတယ်။
RFA Burmese
အမွေကိစ္စစကားများရာမှ မယားညီအစ်ကိုနှစ်ဦး ဓားရေးယှဉ် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
သြဂုတ်လ ၁၃ ရက်က ရွှေပြည်သာမြို့နယ်နေသူ အသက် ၂၄ နှစ်ရှိ ကိုညီညီထွန်း ၎င်း၏ဇနီး မ...တို့နှင့် မယားညီအစ်ကိုတော်သူ အသက် ၄၁ နှစ်ရှိ ကိုဝင်းဇင်သည် ရွှေပြည်သာမြို့နယ် ၉ ရပ်ကွက် မဟာမြိုင်လမ်းဘေးတွင် စကားများရန်ဖြစ်ပြီး ဓားကိုယ်စီဖြင့်---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
စစ်ဘေးရှောင်ရွာသား ၁၀၀၀ ခန့် ဖားကန့်သို့ ရောက်ရှိ
ကချင်ပြည်နယ်ထဲမှာ  ကချင်လွတ်မြောက်ရေးတပ်(ကေအိုင်အေ)နဲ့ အစိုးရ တပ်တွေကြား တိုက်ပွဲတွေ နေ့တိုင်းလိုဖြစ်နေတဲ့အတွက် အနီးနားက  ဒေသခံ ရွာသားတွေ ရာနဲ့ချီပြီး ဖားကန့်မြို့ပေါ်ကို ထွက်ပြေးလာကြပါတယ်။--
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ပြီးခဲ့တဲ့ ဇန်န၀ါရီလ (၈)ရက်နေ့  တနင်္ဂနွေ က ဖားကန့် မြို့ ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် ကချင်စစ်ပြေး ဒုက္ခသည်များကို တွေ့ ရစဉ်
က၀ ရေဘေး ဒုက္ခသည်တွေ အကူအညီလိုအပ်နေ
ပဲခူးတိုင်း က၀မြို့နယ်တွင် ရေကြီးမှုဟာ တော်တော်ဆိုးရွားနေပါတယ် ။ ကျေးရွာ အုပ်စုပေါင်း (၉၆)အုပ်ရှိ ကျေးရွာပေါင်း (၁၃၆)ရွာမှာ ရေဘေးသင့် ရွာပေါင်း(၄၀)ကျော် ရှိပါတယ်။
သတင်းမရသေးတဲ့ ရေဘေးသင့်ကျေးရွာတွေလည်း ရှိပါတယ်။ လောလောဆယ်မှာ အိမ်ခြေ(၂၅၀၀)ကျော်၊ လူဦးရေ(၁၅၀၀၀)ကျော်ဟာ ရေဘေးဒုက္ခနဲ့ ရင်ဆိုင် နေရတယ်လို့  သိရပါတယ်။   ရေစတက်တဲ့ (၂၆/၂၇-၇-၂၀၁၂) ဖြစ်ပြီး ရေဘေးအတွက် စတင် လှူဒါန်းတဲ့  နေ့ မှာ(၄-၈-၂၀၁၂)နေ့ ၊ က၀တမြို့နယ်လုံး အတိုင်းအတာ ဖြစ်တယ်။
က၀မြို့နယ် အုန်းနှဲကျေးရွာ အုပ်စုမှာ (၅)ရွာရှိပြီး  ၁-အုန်းနှဲ- ၂-ခမဲပြင်- ၃-အောင်ဇေယျာ- ၄-ဘန်နာ- ၅-ဗမသက်ရွာ ရေဘေးဒုက္ခသည်(၂၂၀၀)ကျော်ရှိတယ်။ ထို(၅)ရွာ အတွက် တနေ့လျှင်(၆) သိန်းကျော်လှူဒါန်း နေရတယ်။အုန်းနှဲရွာ အုပ်စုမှာ လယ်မြေဧက(၆၀၀၀) ရှိတယ်(၄၀၀၀)ဧကဟာ ရေဘေးကြောင့် ပျက်စီးခဲ့တယ်။ အုန်းနှဲရေဘေး စခန်း ကတော့-၁-အုန်းနှဲဘုရားကြီး-၂-ကုတ္တိနာရုံဘုရား-၃-ခမဲပြင်ဘုရားတို့(၃)ခုဖွင့်ထားတယ်။
သက္ကလရွာအုပ်စုမှာတော့ အိမ်ခြေ(၄၀၀)လူဦးရေ(၁၂၀၀)ရေးဘေးဒုက္ခနဲရင်ဆိုင်နေရတယ်။
ရေဘေးကြောင့် ဖျားနာ၊ ၀မ်းပျက်ဝမ်းလျှော၊ တုပ်ကွေးရောဂါ တွေဖြစ်တယ် ကျန်းမာရေး စောက်ရှောက်မှု မရှိဘူး အားနည်းတယ်။ကယ်ဆယ်ရေး စခန်းများကို ကျေးရွှာရှိပရဟိတ လူငယ်တွေနဲ့ NLD တိုင်းဒေသကြီး ကိုယ်စားလှယ်ဦးမျိုးခိုင် တို့ တိုင်ပင်ပြီးဖွင့်ထားရတယ်။
အာဏာပိုင်ကတော့ လာရောက်မေးမြန်း မှုတော့ရှိတယ် ဒီနေ့အထိတော့ ကူညီမှုမရသေးကြောင်း ဒေသခံတွေက Myanmar News Now ကို ပြောပါတယ်။
ရခိုင်ပြည်နယ်ပြဿနာ ပြည်တွင်းရေးသာဖြစ်ကြောင်း အစိုးရ ကြေညာ
ဒီကြေညာချက်မှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေဟာ အုပ်စုချင်း အပြန်အလှန် တုံ့ပြန် အကြမ်းဖက်မှု သာဖြစ်ကြောင်း၊ အချုပ်အခြာ အာဏာပိုင် နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စသာဖြစ်ပြီး ဘာသာရေးအရ ဖိနှိပ်ချုပ်ချယ်မှု၊ နှိပ်စက် ညှဉ်းပန်းမှုကြောင့် ဖြစ်တဲ့ ကိစ္စ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။ ----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
စွန့်ပစ်မြေဇာ လယ်ယာမြေများတွင် မစွန့်ပစ်ရေး ဒေသခံများ အရေးဆို
မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးတွင် ယနေ့ (၂၂-၈-၂၀၁၂)ရက်နေ့ နေ့လည် (၂း၀၀)နာရီအချိန် ဒေါ်သွဲ့သွဲ့ဝင်း ဦးဆောင် သောအဖွဲ့ လာရောက် ဆွေးနွေးစဉ် (ဓါတ်ပုံ- Myanmar News Now)
မုံရွာခရိုင် လက်ပန်းတောင်းတောင် စီမံကိန်းက စွန့်ပစ်မြေဇာတွေကို ဒေသခံတွေပိုင်ဆိုင်တဲ့ ယာမြေတွေမှာ မစွန့်ပစ်ဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ဒီနေ့ သွားရောက်အရေးဆိုခဲ့ကြပါတယ်။
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က ဆည်တဲ၊ ၀က်မှေး၊ ဇီးတော၊ ကန်တော၊ ဖေါင်းကား၊ မိုးကြိုးပြင်၊ တုန်ရွာ၊ ရွှေလှေ၊ ထန်းတော၊ ကျော်ရွာ၊ ညောင်ပင်ကြီး စတဲ့ ၂၆ ရွာက ရာနဲ့ချီတဲ့ တောင်သူတွေဟာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းက စွန့်ပစ်မြေဇာတွေ ဒေသခံပိုင် ယာမြေတွေမှာ မစွန့်ပစ်ဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးထံ အရေးဆိုကန့်ကွက်ခဲ့တယ်လို့ ၀က်မှေး ဒေသခံ တဦးက ပြောပါ တယ်။
“ဆားလင်းကြီးဝင်းထဲတော့ ရောက်ပြီ၊ အုပ်ချုပ်ရေးမှူးက အကုန်လုံးနဲ့ အတွေ့မခံပါဘူး။ ဒါကြောင့် အကုန်စုဝေးပြီးတော့ တရွာကို ပြောနိုင်တဲ့သူ တယောက်ပဲ ခေါ်နေပါတယ်။ အကုန် ရှိတာတော့ ၂၆ ယောက်ပါ။ အကုန်လုံး ၆၀၀၊ ၇၀၀ လောက်တော့ ရှိပါတယ်။”
မြို့နယ်အုပ်ချုပ်ရေးမှူးကို လယ်ယာမြေတွေထဲ စွန့်ပစ်မြေ မပုံရေး၊ ရွာမရွှေ့ရေး၊ ဘုန်းကြီးကျောင်းတွေ ပြန်လည် ဖွင့်ပေးရေး၊ ယာမြေတွေပေါ်မှာ အဆောက်အဦ မဆောက်ရေး စတဲ့ အချက် ၄ ချက်ကို ဒေသခံတွေက ဆွေးနွေးတောင်းဆိုတယ်လို့ သိရပါတယ်။
မုံရွာမြို့အနောက်ဘက်ကမ်းက လက်ပန်းတန်းတောင်စီမံကိန်းကို ဒေသခံတွေ တားနေသည့်ကြားက ကျေလည်အောင် ညှိနှိုင်းခြင်း မရှိသေးဘဲ အခုလို မြေဇာတွေကို စွန့်ပစ်တာလို့ ၀က်မှေးရွာခံတွေက ပြောပါတယ်။
လယ်ယာမြေတွေပေါ်မှာ စီမံကိန်း ဘေးထွက်ပစ္စည်းတွေ လာရောက် စွန့်ပစ်တဲ့ အတွက် ဒေသခံ တောင်သူတွေက တားဆီးကန့်ကွက်ပြီး ညှိနှိုင်းနေတုန်းမှာ အခုလို လာရောက် စွန့်ပစ်တာလည်း ဖြစ်ပါတယ်။
ကြေးနီစီမံကိန်းက စွန့်ပစ်မြေဇာတွေ ယာမြေတွေကို ထိခိုက်တယ်လို့ အဆိုပါ ဒေသခံက ဆက်ပြောဆိုပါတယ်။
“သူတို့ မြေတွေကို ကျမတို့ထဲ လာစွန့်ပစ်တော့ ကျမတို့ လယ်တွေ ထိခိုက်တယ်။ လယ်ယာမြေတွေထိခိုက်တာက ကျမတို့အတွက်ကို တနှစ်ထိခိုက်တာလည်း မဟုတ်ဘူး တသက်တာအတွက် ထိခိုက်သွားတာ။ ကျမတို့ စိုက်ပျိုးစားတဲ့ လယ်ယာမြေထဲကို သူတို့မြေတွေ လာပုံတော့ ဘယ်နေရာသွားပြီး လုပ်ကိုင်စားသောက်ရမှာတုန်း။ ”
လက်ပံတန်းတောင် ကြေးနီစီမံကိန်းကို တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီနဲ့ တရုတ်အမျိုးသားပိုင် ၀မ်ပေါင်ကုမ္ပဏီတို့ ဖက်စပ် လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။
by မင်းလွင်
မျှော်လင့်ချက်ပျောက် အိမ်ခြေမဲ့ဘ၀များ
တောင်ဒဂုံမြို့နယ်ရှိ သိမ်ကျောင်းသုသာန်ဟောင်းအနီးရှိ နေထိုင်သူ မိသားစု
ကျူချောင် သင်္ချိုင်းဝင်း အတွင်း မြေပုံမို့မို့နှင့် ရေညှိ တက်မည်းညစ် နေသော အုတ်ဂူများကို ကွေ့ကာ ရှောင်ကာ လျှောက်ရသည်။  တာလမ်းပေါ် အဝေးမှပင် လှမ်းမြင်ခဲ့ ရသော်လည်း ယခု လက် တစ်ကမ်း မျက်စိရှေ့တွင်တော့ ပလတ် စတစ်အိတ်များ၊ အညစ်အကြေးများ၊ စွန့်ပစ် ပစ္စည်း အစုတ်အပြတ် များစွာဖြင့် အမှိုက် ပင်လယ်ကြီး တစ်ခု။ ထောင်း ခနဲ လွင့်တက်လာသော အနံ့ဆိုးများ ကြောင့် အသက်ကို ခိုးရှူရင်း ပတ်ဝန်း ကျင်ကို ကြည့်မိသည်။ ယခင်က ဤနေရာ တစ်ဝိုက် တွင် စိုက်ခင်းများ၊ လူနေအိမ်များ၊ အိမ်မွေးတိရစ္ဆာန်များ၏အသံ၊ ဆော့ ကစားနေသော ကလေးငယ်များ ရှိခဲ့ဖူးသော်လည်း ယခုတော့ ဗလာ နတ္ထိဟင်းလင်းပြင်။''အဒေါ်ကြီးတို့ တစ်သက်လုံး နေရရေးကို ကျွန်တော်ကြံတာ။ ငွေ ငါးသောင်းကို မမြင်ပါနဲ့လို့ ပြောခဲ့ တယ်။
ကျွန်မတို့လည်း တကယ် နေရတော့မယ် ထင်ပြီး လက်မှတ် ထိုးခဲ့တာပါ'' ဟု ပြောရင်းမှ စီးကျ လာသော မျက်ရည်များကို သူမက ကပျာကယာ သုတ်လိုက်သည်။ဓမ္မကာရီ ဘုန်းကြီးကျောင်းဝင်း မြေလွတ်တစ်ခုပေါ်မှ ၁ဝပေ ပတ် လည် တဲအိမ်ငယ်ပေါ်တွင် ခပ်ရို့ရို့ ထိုင်ကာ ပြောပြနေသော အသက် ၅၃ နှစ်ရှိ ဒေါ်ခင်မာကြူ၏ မျက်နှာမှာ သင်္ချိုင်းနှင့်အမှိုက်ပုံဘေး အနံ့အသက် ဆိုးများအောက် နှစ်ပေါင်းများစွာ နေလာခဲ့သည့် ဒဏ်ကြောင့်ပင်လား မသိ။ အနည်းငယ် ဖောယောင်ကာ ခပ်အမ်းအမ်း ဖြစ်နေသည်။''သင်္ချိုင်းမှူး အုန်းချစ် တောင်း ခဲ့တာပါ။ အခု ဖျက်လည်းဖျက်ရော သူ့ကို ဘယ်နားရှာရမှန်းတောင် မသိဘူး။ ပုန်းနေတယ်''ဟု သူမက တစ်သက်တာနေထိုင်နိုင်ရေးအတွက် ဟု ယုံကြည်ကိုးစားကာ ပေးခဲ့သော ငွေငါးသောင်းနှင့် အချည်းနှီးဖြစ်ခဲ့ သောဘဝအတွက်သြဂုတ်လ ၁၇ရက် ညနေတွင် တွေ့ဆုံခဲ့စဉ်က ယူကျုံး မရစွာ ပြောသည်။
၂ဝ၁၂ ခုနှစ် ဇူလိုင်လအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ နယ်အချို့ရှိ စည်ပင်သာယာပိုင် မြေ များပေါ် နှစ်ပေါင်းများစွာ အခြေချ နေထိုင်နေသော ကျူးကျော်အိမ်များ အား ဖျက်ဆီးဖယ်ရှားခဲ့ပြီးနောက် လူဦးရေ ထောင်နှင့်ချီ၍ အိမ်ခြေမဲ့ ဖြစ်ခဲ့ပြီး ၄င်းတို့၏ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ကလေးငယ်များ အတွက်ပါ အကာအကွယ်နှင့် မျှော် လင့်ချက်မဲ့သော ကံကြမ္မာတစ်ခု ဖြစ်ပေါ်ခဲ့ပြီ ဖြစ်သည်။ရွှေပြည်သာမြို့နယ်၊ သံဒင်ချောင်း အနီး၊ မြေတိုင်း ၃၅ ရပ်ကွက်၊ ကျူချောင်သုသာန်ဘေး၊ မြေကွက် အမှတ် (၁ဝ၅၃) ချောင်းကောပလပ် မြေပေါ်မှ တဲအိမ် ၂၂ လုံးနှင့် စိုက် ခင်းများအား ဇူလိုင်လ ၁၈ ရက်တွင် စည်ပင်သာယာဌာနမှ လာရောက် ၍ ဖျက်ဆီးဖယ်ရှားခဲ့သည်။ ယင်း အတွက်ကြောင့် မိသားစု ၂၃ စု၊ ကလေးငယ်ပေါင်း ၄ဝ ကျော် အပါ အဝင် လူဦးရေ ၉ဝ ကျော်တို့ အိမ် ခြေမဲ့ ဖြစ်ခဲ့ရသည်။
၎င်းနေရာ၌ ၂ဝဝဝ ပြည့်နှစ် ကတည်းက မိသားစုအချို့ အခြေချ နေထိုင်ခဲ့ခြင်းဖြစ်ပြီးအများစုမှာလယ် သမားများ ဖြစ်ကာ သင်္ချိုင်းဘေး ချောင်းကောပလပ်မြေရှိ တောများ ကို ရှင်း၍ နေထိုင်ခဲ့ကြခြင်းဖြစ်သည်။''စနေစဉ်တုန်းက စည်ပင်က ဘာမှ မပြောဘူး။ တောရှိရင်တောင် ရှင်းပြီး ဆက်လုပ်လို့ပြောတယ်။ အင်းစိန်ခရိုင်မှူး ဦးတင်ဝင်းကစည်ပင် ပေးစရာမလိုဘူး။ မယကလည်း ပေး စရာမလိုဘူး။ တောကိုရှင်းပြီးနေလို့ အမိန့်ပေးသွားတာ''ဟု၂ဝဝဝပြည့်နှစ် တွင် စတင်နေထိုင်လာခဲ့သူ အသက် ၅၄ နှစ်ရှိ ဦးလှမြင့်က ပြောသည်။လယ်သမား၊ ခြံသမားအဖြစ် လုပ်ကိုင်လာခဲ့သည့်အတွက် နေ လောင်ထားသည့် အသားအရေ ညိုမှိုင်းမှိုင်းတွင်၊ ၅ ပေ ၆ လက်မ နီးပါးရှိသော အရပ်အမောင်းနှင့် ၄င်း ၏ မျက်နှာပေါ်မှ ထိန်းချုပ်ထား သော မခံချင်စိတ် အရိပ်အငွေ့များ ကို မြင်နေရပြီး ရှိရင်းစွဲထက် အိုမင်း နေသကဲ့သို့ ထင်ရသည်။၎င်း၏ မိသားစုများ အနေဖြင့် အဆိုပါနေရာ၌ ငှက်ပျော၊ ကန်စွန်း၊ ဆလတ်စသော ရာသီပေါ် သီးနှံများ စိုက်ပျိုးပြီး တစ်နှစ်လျှင်ဝင်ငွေငါးသိန်း ကျော်ခန့်ရရှိကြောင်း သိရသည်။
ယင်းနေရာတွင် နေထိုင်သူများအား ငွေကြေးကောက် ခံခြင်းနှင့် ပတ်သက်၍မူ ၄င်းက ''၂ဝ၁ဝ တုန်း ကပါ။ ဘယ်သူမှမနှောင့်ယှက်အောင် အခွန်ဆောင်ရမယ်လို့ သင်္ချိုင်းမှူးက ပြောတယ်။ ဒါကို အိမ်ကမိန်းမတွေက ဖြတ်ပိုင်းရရင် တစ်သက်လုံးနေရမယ်ထင်ပြီး ယောက်ျားတွေမသိအောင် ခိုးပြီး သွားပေးကြတယ်။ ပြန်ပြီး ကျလာတော့ သင်္ချိုင်းမြေငှားခ ဆိုပြီး ကျလာတယ်''ဟုပြန်ပြောင်းပြောသည်။ ထိုကဲ့သို့ သချိုင်းမြေအဖြစ် သတ်မှတ်ခြင်းကို ၄င်းတို့အနေဖြင့် သိရှိခြင်းမရှိဘဲ နိုင်ငံတော်မြေ၊ ချောင်းကောပလပ်မြေဟုသာ သက် ဆိုင်ရာကပြောခဲ့ကြောင်း သိရသည်။''၂ဝဝ၁ တုန်းက တစ်ယောက် ဆုံးလို့ ဒီမှာမြှုပ်မယ်ဆိုတုန်းက တောင် သင်္ချိုင်းမြေ မဟုတ်ဘူး။ မမြှုပ်နဲ့၊ သင်္ချိုင်းမှာပဲမြှုပ်၊ တိုင်ရင် အရေးယူခံရလိမ့်မယ်လို့ ပြောခဲ့တာ တွေရှိတယ်''ဟုဦးလှမြင့်ကပြောသည်။လတ်တလောတွင်မူ အဆိုပါ နေရာမှ ကျူးကျော်အိမ်များ အားလုံး ဖျက်သိမ်းခဲ့ပြီးဖြစ်ကာ ခရစ်ယာန် သုသာန်နှင့် အစ္စလမ်သုသာန်များ ချထားသည့်အတွက် ဖယ်ရှားပေး ရခြင်းဖြစ်ကြောင်း ၄င်းတို့ကဆိုပါသည်။
စားဝတ်နေရေးအတွက် မှီခိုနေ ရသော စိုက်ခင်းနှင့် မွေးမြူရေးခြံ များလည်း မရှိတော့။ ယောက်ျား သားများက ကြုံရာကျပန်း လုပ်ကိုင် နိုင်ရန် ကြိုးစားနေ ရသည်။ အချို့ မိန်းကလေးငယ်များကတော့ စက်ရုံ အလုပ်ရုံနှင့် နီးစပ်ရာ။ ''သားနှစ်ယောက်က ဘုရင့် နောင်ပွဲရုံမှာ ကျပန်းသွား လုပ်နေရတယ်။ သမီးနှစ်ယောက်ကိုတော့ စက်ရုံမှာ ဝင်ခိုင်းထားရတယ်လေ။  ကျွန်မကတော့ကျန်းမာရေး မကောင်းတော့ အိမ်မှာပါပဲ''ဟုဒေါ်ခင်မာကြူက လက်ရှိဘဝအခက်အခဲကိုပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ ပတ်ဝန်းကျင် ထိန်း သိမ်းရေးနှင့် သန့်ရှင်းရေးဌာန အနေ ဖြင့်မူ သုသာန်မြေဧရိယာအတွင်းမှ ဖျက်သိမ်းပြောင်းရွှေ့ရေးအတွက် ၂ဝ၁၂မတ်လ ၁ရက်တွင် တစ်ကြိမ်၊ ဧပြီလ ၂ ရက်တွင် ဒုတိယအကြိမ်၊ ဧပြီလ ၂၅ ရက်နေ့တွင် တတိယ အကြိမ် နှိုးဆော် အကြောင်းကြားခဲ့ပြီး ဇူလိုင် လ ၁၈ ရက်တွင် ဖယ်ရှားခြင်း မပြုသဖြင့် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့် ခွဲမှုဆိုင်ရာ နည်းဥပဒေများ အခန်း (၁၁)၊ နည်းဥပဒေ (၄၇) (၄၈) တို့အရ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖွဲ့စည်း ထားသော ရှင်းလင်းဖယ်ရှားရေး အဖွဲ့ဖြင့် ဖယ်ရှားခဲ့ခြင်း ဖြစ်ကြောင်း ယင်းဌာနပေးပို့စာအရ သိရသည်။
အဆိုပါ အခြေအနေကြောင့် ရွှေ့ပြောင်းခံ မိသားစုများ ကလေး ငယ်များမှာ ပညာသင်ကြားမှုများ ရပ်ဆိုင်းထားခဲ့ရပြီး အချို့မှာ ကျောင်း စရိတ်နှင့် အထွေထွေပြဿနာများ ရင်ဆိုင်နေကြရပြီ ဖြစ်သည်။ယင်းအတွက်ကြောင့် သက် ဆိုင်ရာနှင့် အစိုးရအဖွဲ့ထံ အသနား ခံစာ တင်ခဲ့သော်လည်း အကြောင်း မထူးသဖြင့် ဆန္ဒဖော်ထုတ်မှုတစ်ခု ပြုလုပ်သွားရန် အဆင်သင့်ဖြစ် နေကြကြောင်း ၄င်းတို့ကဆိုကြသည်။
ရွှေပြည်သာမြို့နယ်၊ ကြံ့ခိုင်ရေး ပါတီမှ အမျိုးသားလွှတ်တော် အမတ် ဦးမောင်မောင်ဝင်းက စည်ပင်နှင့် စကားပြော၍ ညှိနှိုင်းပေးမည် ဖြစ် ကြောင်း ဆိုသည်။''ကျွန်တော့်မှာတော့ မြေမရှိလို့ နေစရာမပေးနိုင်ပါဘူး'' ဟု ၄င်းက ပြောသည်။အလားတူပင်ဒဂုံမြို့သစ် (အရှေ့ ပိုင်း) မှ ထားဝယ်ချောင်တွင်လည်း ဇွန်လ ၂၅ ရက်တွင် ကျူးကျော် အိမ်များ ဖျက်ဆီးဖယ်ရှားခံခဲ့ရပြီး မိသားစု ၁၃ စု၊ ကျောင်းနေ အရွယ် ကလေး ၁၆ ဦးအပါအဝင် လူဦးရေ ၆၂ ဦးတို့ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်။
၎င်းတို့အနေဖြင့် နီးစပ်ရာဘုန်းကြီးကျောင်းများ တွင် ခွင့်တောင်း၍ နေနေကြရပြီး စားဝတ်နေရေး ပြဿ နာများကြုံတွေ့နေရကြောင်းရွှေ့ပြောင်းခံ မိသားစုများက ပြော သည်။''ဒုက္ခသည်စခန်းဆိုတာ နယ်တွေမှာမှ ရှိတာမဟုတ်ပါဘူး။ ရန်ကုန် မှာလည်းရှိပါတယ်''ဟု ထားဝယ်ချောင်မှ လယ်သမားဟောင်းတစ်ဦးဖြစ်သော အသက်၅၃နှစ်ရှိ ဦးဝင်းချိုကပြောသည်။သူ့အတွက်တော့ ဤအဖြစ်က ဒုတိယ အကြိမ်ကြုံခဲ့ရသော ကြမ္မာဖြစ် သည် ယခု ဒဂုံ ၂၇ ရပ်ကွက်နေရာများမှာ ယခင်က လယ်ကွက်များ ဖြစ်ပြီး ၄င်းအနေဖြင့် လယ်ပိုင်အဖြစ် ထိုနေရာ၌ လုပ်ကိုင်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် သိမ်းဆည်းခံခဲ့ရကြောင်း ဦးဝင်းချိုက ပြောသည်။
 ထားဝယ် ချောင် ပလပ်မြေတွင် ၄င်းတို့ မိသားစုအခြေချခဲ့သည်က ၁၉၉ဝ ပြည့်နှစ်။ ၂၂ နှစ်ကြာပြီးနောက် လက်ရှိတွင် ကျူးကျော်အဖြစ် အဖျက်ဆီးခံအိမ်နှင့် ခိုကိုးရာမဲ့ဘဝ။''အခုဆိုရင် ကျွန်တော်တို့က ဒုက္ခသည်စခန်းလို ဖြစ်နေတယ်။ ကျွန်တော်တို့ မြို့နယ်ရဲ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က လှူထားလို့ ဒီထားဝယ်ချောင် အမှိုက် ပုံတန်းလျားမှာ နေ နေရတာပါ။ ငမိုးရိပ်ရေတက်လာရင် ကျွန်တော်တို့ မအိပ်ရဘူး။ ရေတစ်ဝက်လောက် တက်တော့ရေကျမှပြန်အိပ်နိုင်တယ်'' ဟု သူက စိတ်ပျက်နေဟန်ဖြင့် ပြောသည်။ ၄င်းတို့သည် အဆိုပါနေရာတွင် ငါးနှစ်ခန့် မြေခွန်အဖြစ်တစ်နှစ် လျှင်ကျပ် ၇၅ဝဝ ပေးခဲ့ရပြီး နောက် ပိုင်းတွင် မကောက်ခံတော့ကြောင်း နှင့် ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလမှစ၍ ဖယ်ရှားပေးရန် အကြောင်းကြား ခဲ့ကြောင်း သိရသည်။
 ယင်းကာလ အတွင်း နိုင်ငံတော်သမ္မတနှင့် ဌာန ဆိုင်ရာများသို့ သနားခံစာ တင်ခဲ့ သော်လည်း ထူးမလာခဲ့။ ထိုသို့ဖြင့် ၂ဝ၁၂ ခုနှစ် ဇွန်လ ၂၅ ရက်တွင် စည်ပင်၊ ရဲနှင့် မီးသတ် တပ်ဖွဲ့များ အင်အား ၄ဝဝ ခန့် ပါဝင်သည့်အဖွဲ့ အောက်တွင် သူတို့၏ အိမ်များနှင့် သူတို့၏ဘဝများ တစ်စစီ ပျက်စီး ပျောက်ကွယ်သွားခဲ့ရသည်။''စဖျက်ခံရတဲ့ နေ့ကစပြီး ဒုက္ခ တွေ ရောက်ပါတယ်။ လာလှူကြ တဲ့ဟာတွေနဲ့ အခင်းထဲက အရွက် လေးတွေရောင်းပြီး ရပ်တည်နေရ တယ်။ အခုဆို အိမ်သာလည်း မရှိတော့ ကလေးတွေ ကျန်းမာရေး လည်း တော်တော်ထိခိုက်တယ် ဗျာ'' ဟု ဦးဝင်းချိုက အားလျော့ သောအသံဖြင့် ပြောသည်။
ထိုကဲ့သို့ နေရာအစားပြန်စီစဉ် ပေးမှု မရှိဘဲ ကျူးကျော်များအား ဖယ်ရှားခြင်းနှင့် ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်း သားဟောင်းများ အဖွဲ့မှ ကိုမြအေးက ''ဒါတွေက ကျွန်တော်တို့ နိုင်ငံသားတွေ။ ဒါတွေကို လက်လွတ်စပယ်လုပ်တဲ့ ဟာမျိုး သဘောမတူပါဘူး။ ထိုက် တန်တဲ့နေရာ ပြန်ပေးရမယ်။ အခု ဆင်းရဲမွဲတေမှု ပပျောက်ရေးလေဗျာ။ ဒါက ဆင်းရဲမွဲတေမှုပဲ။ နေစရာ လေးတော့ စီစဉ်ပေးရမယ်။ မိုးတွင်း ပိုဆိုးတယ်။ ဒီလိုဖျက်ချင်သလို ဖျက်၊ သွားချင်သလိုသွားဆိုတာတော့ လုံးဝ သဘောမတူဘူးဗျာ''ဟုပြောသည်။
၎င်းတို့အဖွဲ့အနေဖြင့် ၂ဝ၁၂ ခုနှစ်၊ ဇူလိုင်လ ၂ဝ ရက်နေ့ နံနက် တွင် မရမ်းကုန်းမြို့နယ်၊ ၅ ရပ်ကွက်၊ ရန်ကြီးအောင်ပတ်လမ်းရှိ ကျူးကျော် အိမ် ၉၄ လုံးအား မြေသယ်ယာဉ် များဖြင့် ဖျက်ဆီးခဲ့စဉ်ကလည်း နေထိုင်သူများ အကူအညီတောင်းခံမှု အရ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံ မေတ္တာရပ်ခံစာပေးပို့ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။အဆိုပါနေရာသည် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနပိုင် လေဆိပ်စီမံကိန်း မြေနေရာအတွင်း တည်ရှိပြီး ဧပြီလမှစ၍ အမြန်ဆုံး ပြောင်းရွှေ့ပေးရန် သုံးကြိမ်တိုင်တိုင် အကြောင်းကြားသော်လည်း မလိုက်နာ၍ ဖယ်ရှားရခြင်းဖြစ် ကြောင်း ယင်း ဌာနတာဝန်ရှိသူတစ်ဦးက ဆိုခဲ့သည်။
ယင်းကဲ့သို့ ပြဿနာကို ဒဂုံ မြို့သစ်တောင်ပိုင်းရှိ သိမ်ချောင်း သုသာန် ဟောင်းအနီး မြေဧရိယာ အတွင်း နေထိုင်သူ မိသားစု ၄၄ စု လည်း ရင်ဆိုင်ရဖွယ် ရှိပြီး စည် ပင်မြေတွင် ဝန်ထမ်းမဟုတ်ဘဲ နေ ထိုင်ပါက ကျူးကျော်အဖြစ် သတ် မှတ်၍ ရှင်းလင်းဖယ်ရှားသွားမည်ဟု ရန်ကုန်မြို့တော် စည်ပင်မှ အရာရှိ တစ်ဦးက ဆိုသည်။၎င်းဧရိယာ၏ရာအိမ်မှူး ဦးသိန်း ဆွေက မိသားစု ၄၄ စုလုံး စည်ပင် ဝန်ထမ်းအဖြစ် ပြန်လည်တာဝန်ထမ်း ဆောင်ရန် ကြိုးစားနေပြီး မိသားစု တစ်စုမှာမူ နေအိမ်ကိုဖျက်သိမ်း၍ ပြောင်းရွှေ့သွားကြောင်း ဆိုသည်။
ထိုမျှနှင့် မပြီးသေး။ မင်္ဂလာ တောင်ညွန့်မြို့နယ်၊ သာယာကုန်း ရပ်ကွက်ဘေးရှိ ပုဏ္ဏားစု ဘုရား ကျောင်းဝင်း ပုဇွန်တောင်ဘူတာနှင့် မလွှကုန်းဘူတာကြား နေရာရှိ ကျူး ကျော်များလည်း ယခုတော့ ကျရာ နေရာ ပျဉ်ခင်းကာ တာလပတ်ဖြင့် ရွက်ဖျင်ထိုး၍ မိုးထဲလေထဲ ခိုကိုး ရာမဲ့နေခဲ့ပြီဖြစ်သည်။ထိုနေရာမှ မိသားစု ၁၇ စု၊ ကျောင်းသား ၁၅ ယောက် အပါ အဝင် လူဦးရေ ၈၅ဦးမှာအဆိုပါ ဖယ် ရှားခံ နေရာအနီးအနားတွင်ခိုကပ် နေကြပြီး အချို့မှာ ဘုန်းကြီးကျောင်း များတွင် ကပ်ရပ်နေနေကြသည်။
၂ဝ၁၂ ခုနှစ်၊ ဇူလိုင်လ ၃ဝ ရက် နံနက် ၈ နာရီခန့်တွင် မီးရ ထားဝန်ထမ်းများမှ လာရောက်ရှင်း လင်းခဲ့ခြင်းဖြစ်ပြီး ကြိုတင်အကြောင်း မကြားသည့်အပြင် ဖယ်ရှားခံရမည် ဟု မထင်ကြသည့်အတွက် မည်သို့မျှ ပြင်ဆင်ချိန် မရခဲ့ကြောင်း ရွှေ့ပြောင်းခံ မိသားစုအချို့က ဆိုသည်။နေထိုင်သူ အများစုမှာ မီးရ ထားဝန်ထမ်းဟောင်းများ အများစု ဖြစ်ပြီး မြေနေရာ ငှားခမပေးရ၍ ၄င်း တို့ဘာသာ အိမ်ဆောက်၍ နေခဲ့ ကြခြင်းဖြစ်သည်။ ထိုအထဲမှ အငြိမ်း စား ဝန်ထမ်းအချို့ အခြေချ နေထိုင် ခဲ့သည်မှာ နှစ်ပေါင်း ၄ဝ ကျော်ခဲ့ပြီး ယခုအချိန် မှသာ နီးစပ်ရာ နေရာများ ၌ တာလပတ်ကာ ဝါးအိမ်များထိုး၍ နေနေရခြင်း ဖြစ်သည်။
အခြေချနေထိုင်မှု အနှစ် ၂ဝ သက်တမ်း ရှိပြီဖြစ်သော ဒေါ်သီကလည်း ''မဖျက်ခင် ကြိုမပြောဘူး။ ဒီအတိုင်းလာပြီး အိမ်ကို တွန်းလှဲ သွားတာ။ အဲဒီလိုလုပ်တော့ လူတွေ မိုးထဲ၊ ရေထဲနေရတယ်။ အရမ်းအေး လို့ တာလပတ်ခြုံနေရတာပါ။ ယောက်ျားက အအေးမိပြီး ဆုံးတယ် ပြောရမယ်။ သူက အဓိက ရှာကျွေး နေတာပါ။ အခု သူလည်း မရှိ၊ နေစရာလည်း မရှိတော့ပါဘူး'' ဟု ငိုသံတစ်ဝက်ဖြင့် ပြောသည်။မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လမ်း ကြောင်းသည် ယခုမှ ခြေချရန်ပင် ဖြစ်သည်။
သို့သော် သက်ဝင်နေ သေးသည့် တည်ဆဲဥပဒေများက တော့ လည်ပတ်တုန်းပင် ဖြစ်သည်။ စည်ပင်သာယာကော်မတီ၏ ဥပဒေ များအရ ကျူးကျော်များမှာ တရား မဝင်ဟုဆိုသော်လည်း ကြိုတင်ပြင်ဆင်မှု မရှိ၊ နေရာချထားပေးနိုင်မှုမရှိဘဲ နှစ်ပေါင်းများစွာ မတို့ မထိထားခဲ့ပြီးမှ လတ်တလော ဆောင်ရွက်ခြင်းများ ကြောင့် ဘဝပေါင်းများစွာ အခြေပျက် ခဲ့ခြင်း ဖြစ်သည်။မိသားစုများ၏ ဘဝ၊ စီးပွားရေး နှင့်ကျန်းမာရေးသည်သာမကကျောင်း စာသင်ခန်းမှ လမ်းပေါ်ရောက်လာ နိုင်သည့် ကလေးများ၏ အနာဂတ် သည်လည်း မိုးထဲရေထဲ အကာအကွယ်မဲ့ ဖြစ်နေနိုင်ပေ သည်။''အစဉ်အလာအားဖြင့်၁၉၅၈ ကာလ အိမ်စောင့်အစိုးရတက်လာ ပြီး ကျူးကျော်ဖြေရှင်းတဲ့ ပုံစံမျိုးတွေ။ ကျူးကျော်ဆိုတာ နေစရာမရှိလို့ မှီခိုကုတ်ကတ်ပြီး နေရတဲ့လူတွေ များတယ်။ ဆင်းရဲသားတွေများတယ်။ အသိဥာဏ်မဖွံ့ဖြိုးသေးတဲ့ လူတွေ များတယ်။ ခွဲခြားဆက်ဆံပြီး ပြောတာမဟုတ်ဘူး။ သူတို့ကို ကယ် မယ်ဆိုရင် သူတို့နဲ့ ထိုက်တန်တဲ့ နေရာစီစဉ်ပေးရမယ်။ အခု လက်ရှိ မြေတွေအားလုံးကို အစိုးရက ပိုင်တယ်ဆိုတဲ့ ဝါဒက ရှိနေတာကို။ အဲဒီတော့ ဖယ်ချင်ဖယ်၊ သွားချင်သွား ဆိုတော့ ဒီနေရာကနေ ပျောက်ပြီး တခြားနေရာတွေမှာ ပြန်ပေါ်လာ မယ်'' ဟု ၈၈ အဖွဲ့မှ ကိုမြအေးက သုံးသပ်သည်။မည်သို့ပင်ဖြစ်စေ တာမွေ၊ ဒဂုံ မြို့သစ် ထားဝယ်ချောင်၊ ကြည်စု သုသာန်၊ ရွှေပြည်သာကျူချောင် သုသာန်များမှ အိမ်များ၊ မိသားစု များနှင့် ၄င်းတို့၏ ဘဝများစွာမှာ မျှော်လင့်ချက် ပျောက်ဆုံးသွားခဲ့ပြီး အိမ်ခြေမဲ့ ကံကြမ္မာသည်လည်း သာ၍ဆိုးဖို့ရန် မည်သူတွန်း ပို့သည် ဟု လက်ညှိုးထိုးယိုးစွပ်စရာ ပေါ် လာဦးမည်ဟု မသိနိုင်တော့ပါ။ 
P.News Group
by Popular Myanmar News Journal
ဗုဒ္ဓဆင်းတုတော်ကို အကြည်ညှိ ပျက်ဖွယ်ပြုမူ ခဲ့သည့် ပြင်သစ် ခရီးသွား သုံးဦးအား သီရီလင်္ကာတရားရုံး အပြစ်ပေး
ကိုလံဘို၊ သြဂုတ် - ၂၂
သီရီလင်္ကာ နိုင်ငံတွင်းရှိ ဗုဒ္ဓဆင်း တုတော်ကို အကြည်ညှိ ပျက်ဖွယ် ဖြစ်အောင် ပြုမူခဲ့သည် ပြင်သစ် နိုင်ငံသား ကမ္ဘာလှည့် ခရီးသွား သုံးဦးအား တရားရုံးက ဆိုင်းငံ ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း ----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
S.KODIKARA/AFP/GettyImages
Sri Lankan artisan P. Edirisinghe works on a Buddhist statue in Dompe, on the outskirts of Colombo, on April 29, 2012.
မလေးရှားတွင် ဓာတ်ငွေ့ဖြည့်ဂိုဒေါင် ပေါက်ကွဲ၍ မြန်မာလုပ်သား သုံးဦးသေ၊ နှစ်ဦးဒဏ်ရာရ
မလေးရှားနိုင်ငံ ကူးလင်းမြို့ ဘာသ၀က်ရပ်ကွက်တွင် ဓာတ်ငွေ့ဖြည့်လုပ်ငန်း ဂိုဒေါင်တစ်ခု ပေါက်ကွဲခဲ့ရာ မြန်မာလုပ်သား သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း ပီနန်မြို့ရှိ မြန်မာနာရေးကူညီမှုအသင်း တာဝန်ခံ ကိုဝင်းသန်းထွန်းကပြောသည်။
သြဂုတ် ၄ ရက် နံနက် ၃ နာရီခန့်က မြန်မာအလုပ်သမားများ လုပ်ကိုင်နေသည့် စက်ရုံတွင် (ဓာတ်ငွေ့)ဖြည့်နေစဉ် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး မြန်မာအလုပ်သမားသုံးဦး မီးလောင်ဒဏ်ရာ အပြင်းအထန်ရရှိကာ ဆေးရုံတွင် ဆေးကုသမှုခံယူရင်း သေဆုံးသွားသည်။ ကျန်နှစ်ဦးမှာလည်း ဒဏ်ရာအပြင်းအထန်ရရှိပြီး ဆေးကုသမှု ခံယူလျက်ရှိကြောင်း အထက်ပါပုဂ္ဂိုလ်ကပြောသည်။
“ကျန်တဲ့နှစ်ယောက်က ၅၀ ရာခိုင်နှုန်းစီပဲ အခုချိန်ထိ သတိမရသေးဘူး။ မလေးနှစ်ကူးနဲ့ တိုက်နေလို့ နောက်တစ်ပတ်ကျရင် သေဆုံးသူသုံးဦးကို သင်္ဂြိုဟ်မယ်”ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။
သေဆုံးသူသုံးဦးအနက် မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် အောင်သာရွာဇာတိနှင့် ပုဂံညောင်ဦးခရိုင်၊ ငါးသရောက်မြို့နယ်၊ ထန်းငယ်တောရွာဇာတိ ဇော်လင်းတို့၏ နေရပ်လိပ်စာကိုသာ စုံစမ်းသိရသည်။ သို့သော်လည်း သေဆုံးသူ မိုးလွင်အပါအ၀င် ဒဏ်ရာရရှိပြီး သတိမေ့နေသူ ကရင်နှင့် ကိုထွန်းဆိုသူ သုံးဦးမှာ အဆက်အသွယ် မရရှိသေးကြောင်း အထက်ပါပုဂ္ဂိုလ်ကပြောသည်။
၎င်းတို့ လုပ်ကိုင်သော ဓာတ်ငွေ့ဖြည့် ဂိုဒေါင်စက်ရုံသည် တရားမ၀င် စက်ရုံဖြစ်ပြီး လုပ်ကိုင်သူငါးဦးမှာ တရားဝင် နိုင်ငံကူးလက်မှတ်ဖြင့် သွားရောက်လုပ်ကိုင်သော သူများဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
“ရန်ကုန်က အောင်ဆန်းဦးဆိုတဲ့ တစ်ယောက်က ပို့ပေးတာ။ ဟိုကိုရောက်တာ ရှစ်လနဲ့ ရက်နှစ်ဆယ်ရှိပြီ။ ရွာက လုပ်ဖော်ကိုင်ဖက်တွေက အကြောင်းကြားလို့ သိရတာ။ ကျွန်မ မယုံဘူး”ဟု ကိုဇော်မျိုးခိုင်၏ ဇနီးဖြစ်သူ ဒေါ်ခင်မျိုးထွေးကပြောသည်။
by 7Day News Journal
သြဂုတ်လ (၂၃) ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၂၄
သြဂုတ်လ (၂၃) ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၂၄
ဂျာနယ် ဖတ်ရန် ဒီနေရာကို နှိပ်ပါ
SHADE ဂျာနယ်၊ အတွဲ(၆)၊အမှတ်(၃၀)၊သြဂုတ်လ(၂၂)မှ(၂၈)ရက်နေ့ထိ။
SHADE ဂျာနယ်၊ အတွဲ(၆)၊အမှတ်(၃၀)၊သြဂုတ်လ(၂၂)မှ(၂၈)ရက်နေ့ထိ။
ဂျာနယ်ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ပြည်တွင်းရုပ်သံလိုင်းများ ဈေးကွက်ယှဉ်ပြိုင်မှု ပြင်းထန်လာပြီးနောက် ...
စကိုင်းနက် ယခုနှစ် ပရီးမီးယားလိဂ်ပွဲစဉ်များ မလွှင့်တော့
ရန်ကုန်၊ သြဂုတ်-၂၁
ပြည်တွင်း အခပေး ရုပ်သံလိုင်း တစ်ခုဖြစ်သော စကိုင်းနက် (Sky Net)က ယခုနှစ် အတွက် ပရီးမီးယားလိဂ် ဘောလုံးပွဲစဉ် များကို ပြသနိုင်တော့မည် မဟုတ်ကြောင်း ယင်းရုပ်သံလိုင်း၏ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။
ယမန်နှစ်က စကိုင်းနက် ရုပ်သံလိုင်းများတွင် ပြသနိုင်ခဲ့သည့် အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်များကို ယခုနှစ်ရာသီတွင် ပြသနိုင်ခြင်း မရှိခြင်းမှာ ၎င်းတို့၏ လုပ်ငန်းတူ ရုပ်သံလိုင်းတစ်ခုဖြစ်သော Forever Group က ယင်းဘောလုံးပွဲစဉ်များကို တစ်ဦးတည်း မူပိုင်ထုတ်လုပ်ခွင့် ရရှိသွားခြင်းကြောင့်ဖြစ်သည်။
“ကျွန်တော်တို့ ပရီးမီးယားလိဂ်ပွဲတွေကို အိမ်အရောက် ၀န်ဆောင်မှုစနစ်နဲ့  ပြသဖို့အတွက် သွားပြီးဝယ်ယူခဲ့တဲ့အခါ နိုင်ငံခြားကုမ္ပဏီက ကျွန်တော်တို့ကို မရောင်းပါဘူး။ ပြန်ကြားရေးဝန်ကြီးဌာနက ဟိုဘက်ကကုမ္ပဏီ (Right Owner) ကို ကျွန်တော်တို့ဟာ ဒီတီအိတ်(ချ)စနစ်နဲ့ ပြသနေတဲ့ ရုပ်သံလိုင်းတစ်ခု ဖြစ်တယ်လို့ ထောက်ခံပေးတာတောင် ၀ယ်လို့မရတာပါ”ဟု အထက်ပါရုပ်သံလိုင်းမှ တာဝန်ရှိသူက ပြောသည်။
ကြည့်ရှုသူများအတွက် အရှုံးခံ ထုတ်လွှင့်ပြသနေရသည်ဟုဆိုသည့် စကိုင်းနက် ရုပ်သံလိုင်းအနေဖြင့် ယခုနှစ်၏ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှ ဖိုင်နယ်ပွဲစဉ်များနှင့် ယူရိုပါလိဂ်ပွဲစဉ် အစဆုံး၊ စပိန်လာလီဂါပွဲစဉ်များ၊ အီတလီစီးရီးအေ၊ ဂျာမန်ဘွန်ဒက်စ်လီဂါ၊ အက်(ဖ)အေကပ်၊ ကားလင်းကပ်၊ မေဂျာလိဂ် အစရှိသည့် လူကြိုက်များသည့် ဘောလုံးပွဲစဉ်များအပြင် အခြားသော အားကစားပြိုင်ပွဲများကို ဆက်လက်ထုတ်လွှင့် ပြသပေးသွားမည်ဟု ဆိုသည်။
သို့သော် စကိုင်းနက် ၀ယ်ယူထားသူများကမူ ယခင်နှစ်ကကဲ့သို့ ပရီးမီးယားလိဂ် ပွဲစဉ်များ ကြည့်လိုပြီး၊ အခြားရုပ်သံဖမ်းစက် ထပ်မံဝယ်ယူရပါက ကုန်ကျစရိတ် ပိုလာမည်ကို ပူပန်နေကြသည်။ ယူရို-၂၀၁၂ ဘောလုံးပွဲစဉ်များတွင်မူ စကိုင်းနက်ကသာ ပြသခွင့်ရရှိပြီး၊ Forever Group ၏ ပရိသတ်များ အခက်တွေ့ခဲ့သည်။
စကိုင်းနက်မှ တာဝန်ရှိသူက “ကျွန်တော်တို့က အစကတည်းကတော့ ပရီးမီးယားလိဂ် ရမယ်ဆိုပြီး အာမခံချက် မပေးခဲ့ပါဘူး။ ဒါပေမဲ့ ကြေညာတဲ့လိုင်းတွေမှာ မပါတဲ့လိုင်းတွေကို ထုတ်လွှင့်ပေးတာလည်း ရှိပါတယ်။ ပရီးမီးယားလိဂ်မရလို့ မကြည့်တော့ဘူးဆို ကျန်တဲ့လိုင်းတွေကို မကြည့်ပဲ အလွတ်ခံမှာလား ဆိုတာတော့ ရှိပါတယ်”ဟု ပြန်လည်ပြောကြားသည်။
သို့သော် လာမည့်နှစ်များတွင်မူ စကိုင်းနက်ဘက်မှ ပရီးမီးယားလိဂ်ပွဲစဉ်များ ထုတ်လွှင့်ပြသနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ပရီးမီးယားလိဂ် ဘောလုံးပွဲစဉ်များကို တစ်ဦးတည်း မူပိုင်ထုတ်လွှင့်ပြသခွင့်ရရှိပြီး နိုင်ငံပိုင်သတင်းစာများတွင် ကြေညာချက်လည်း ထုတ်ပြန်ထားသော Forever Group နှင့် MRTV-4 ရုပ်သံလိုင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သော ဦးမျိုးမြတ်သူက အထက်ပါ အကြောင်းအရာနှင့် ပတ်သက်ပြီး “မူပိုင်ခွင့် ယူထားရင် ပြသလို့ရပါတယ်။ မူပိုင်ခွင့် မယူထားရင်တော့ ပြသလို့ မရဘူးပေါ့။ ကျွန်တော်တို့က နိုင်ငံခြားကုမ္ပဏီနဲ့ တစ်ခါစာချုပ်ချုပ်ရင် သုံးနှစ်စာအတွက် ကြိုတင်ချုပ်ပြီး အလုပ်လုပ်ကြပါတယ်။ ဈေးကွက်ယှဉ်ပြိုင်မှုကတော့ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ရှိတယ်။ နောင်ဆိုယှဉ်ပြိုင်မှုတွေ ဒီထက်ပိုများလာမယ်။ လိုင်းတစ်လိုင်းထဲ ၀ယ်ထားပြီး အားလုံးကြည့်ချင်လို့တော့ မရဘူးပေါ့”ဟု ဆိုသည်။
ပြည်တွင်း အခပေးရုပ်သံလိုင်းများ တစ်ခုနှင့်တစ်ခု ဈေးကွက်တွင် ယှဉ်ပြိုင်မှု ပြင်းထန်လာခြင်းကြောင့် ၀ယ်ယူသုံးစွဲသူများအတွက် အခွင့်ပိုသာလာမည်ဟု ထင်ထားကြသော်လည်း လက်တွေ့တွင်မူ ဆန့်ကျင်ဘက်အခြေအနေ တချို့နှင့် ရင်ဆိုင်နေရကြောင်း ရုပ်သံလိုင်း ၀ယ်ယူတပ်ဆင်ထားသူ တချို့ကပြောသည်။
by 7Day News Journal
ငြိမ်းချမ်းရေးမရသေးခြင်းနှင့် သဘာဝဘေး မြန်မာ့စီးပွားရေးအား နှောင့်နှေးစေ
မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုအား ပြည်တွင်း၌ ငြိမ်းချမ်းရေး မရရှိသေးမှုနှင့် သဘာဝဘေး ကျရောက်မှုများက အဓိက စိန်ခေါ်ချက် ဖြစ်နေသည်ဟု အာရှဖွံ့ဖြိုး တိုးတက်ရေး ဘဏ်(ADB)မှ လက်ထောက် စီးပွားရေး ဆိုင်ရာ အကြီးအကဲ Ms. Cyn-Young Park က ပြောသည်။
သြဂုတ်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက ကုန်သည်ကြီးများ ဟိုတယ်၌ ကျင်းပသော ADB ဘဏ်၏ မြန်မာနိုင်ငံ အပေါ်စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုဆိုင်ရာ အစီရင်ခံစာ အပေါ် သတင်းစာရှင်းလင်းပွဲ ပြု လုပ်ရာ၌ ၄င်းက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
''မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက် မှုကို အဓိကစိန်ခေါ်ဟန့်တားနေ တာက ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်တွင်းငြိမ်း ချမ်းရေး မရရှိသေးတာနဲ့ သဘာဝ ပတ်ဝန်းကျင်ယိုယွင်းပျက်စီး မှုကြောင့် ဖြစ်လာတဲ့ ရာသီဥတုပြောင်းလဲမှု ကြောင့်သဘာဝဘေး အန္တရာယ်ဒဏ် တွေကို ဆိုးရွားစွာခံနေရတဲ့အတွက် ကြောင့် ဖြစ်ပါတယ်။ အစိုးရအနေနဲ့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင် ရွက်တဲ့အခါ မှာ ကျေးလက်နဲ့ မြို့ပြ သာတူညီမျှဖွံ့ဖြိုးရေးတွေ မလုပ် ဘူးဆိုရင် ဖွံ့ဖြိုးတိုးတက်မှုနှုန်းကွာ ခြားပြီးလက်နက်ကိုင် ပဋိပက္ခအသွင် ဖြစ်ပေါ် လာနိုင်ဖွယ်ရှိတယ်''ဟု ၄င်းက သုံးသပ်သည်။
ပြည်တွင်း၌ ငြိမ်းချမ်းရေးမရရှိ မှုသည် မြန်မာနိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို နှေးကွေးစေရုံမျှမက ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ပါ အဟန့်အတားဖြစ်စေကာ ဖွံ့ဖြိုး တိုးတက်မှုကို ဆုတ်ယုတ်စေနိုင် ကြောင်း၊ အလားတူသဘာဝပတ်ဝန်း ကျင်ပျက်စီးမှုကြောင့်နောက်ဆက်တွဲ ဖြစ်ပေါ် လာသော သဘာဝဘေး အန္တရာယ်များကိုဆုံးရှုံးမှုလျော့ပါးအောင် ဆောင် ရွက်နိုင်ခြင်း မရှိပါကလည်း ဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးစေမည် ဖြစ်ေ ကြာင်း၊မြန်မာနိုင်ငံသည် အာရှ၌ သဘာဝဘေးအန္တရာယ် အကျရောက် ဆုံး
ဆယ်နိုင်ငံအနက် တစ်ခုအပါ အဝင်ဖြစ်ခြင်းကြောင့် သဘာဝဘေး အန္တရာယ်ကြောင့်ဖြစ်သော ဆုံးရှုံးမှု များကို အတတ်နိုင်ဆုံး လျှော့ချရန် ကြိုးပမ်းသင့်ကြောင်း ၄င်းက ထပ်မံ ပြောသည်။
''မြန်မာနိုင်ငံအနေနဲ့ ပြုပြင် ပြောင်းလဲရေးလုပ်ပြီး စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင်လုပ်ဆောင်တဲ့ နေရာမှာ ဖွံ့ဖြိုးမှုကိုအနှောင့် အယှက် ဖြစ်စေမယ့်အန္တရာယ်က လေးခုရှိနေ တယ်။ အဲဒီမှာ အစိုးရအနေနဲ့ ပြုပြင် ပြောင်းလဲရေးကိုဆောင်ရွက်တဲ့အခါ
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ကိုပါ ပူးတွဲဆောင်ရွက်ရပါမယ်။ ရာသီဥတုနဲ့သဘာဝဘေးအန္တရာယ်တွေ၊ လူဦးရေတိုးတက်မှုနှုန်းနဲ့စီးပွားရေး လုပ်ဆောင်မှုတွေအပြင်လက်နက်ကိုင် ပြည်တွင်းပဋိပက္ခ အရေးတွေကို သေချာသတိပြုဆောင်ရွက်ရမှာဖြစ်ပါ တယ်။
အဲဒါတွေကို သေချာမကိုင် တွယ်နိုင်ရင်ဖွံ့ဖြိုးတိုးတက်မှုအတွက် အန္တရာယ်ရှိတယ်''ဟု၎င်းကထပ်လောင်း ပြောကြားသည်။
သူရ၊ စံကျော် - Popular Myanmar News Journal
(ADB)မှလက်ထောက် စီးပွားရေးဆိုင်ရာအကြီးအကဲ Ms. Cyn-Young Park
ရေကြီးရေလျှံ အဖျက်ခံရသော လယ်မြေများအရေး သဘာဝဘေးရန်ပုံငွေမှ သမ္မတ သုံးစွဲခွင့်ပြု
ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့သည့် လယ်ယာမြေများ ပြန်လည်စိုက်ပျိုးနိုင်ရန် သမ္မတက သဘာဝဘေးအန္တရာယ် ရန်ပုံငွေထဲမှ ထုတ်ယူသုံးစွဲခွင့်ပြုလိုက်ကြောင်း သိရသည်။
ခရိုင် ၆ ခုအနက် ၅ ခု ရေ လွှမ်းမိုးမှုဒဏ် ခံခဲ့ရပြီး စိုက်ဧက သုံး သိန်းနီးပါးခန့် ရေနစ်ခြင်းခံခဲ့ရ သော ဧရာဝတီတိုင်းဒေသကြီး အတွက် လိုအပ်သော မျိုးစပါးများ ပံ့ပိုး ပေးသွားနိုင်ရန် နိုင်ငံတော်သမ္မတက ထိုသို့ ခွင့်ပြုပေး ခဲ့ခြင်းဖြစ်သည်ဟု ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်က စီးပွားရေးလုပ် ငန်းရှင်တို့နှင့် တွေ့ဆုံစဉ် ထည့်သွင်း ပြောကြား လိုက်ကြောင်း သိရသည်။
''ဝန်ကြီးချုပ်က တောင်သူ တွေကိုလည်း ပြောပါတယ်။ ဘာမှ မပူနဲ့ပေါ့။ ဒီကိစ္စအတွက်ကို သမ္မတ ကြီးကကူညီပေးမယ်ပေါ့။ဒီလိုပါ''ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်အ သင်းချုပ်မှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုးထွန်း က ပြောသည်။
လက်ရှိ ခိုင်မာသော စာရင်း ဇယားများအရ ဧရာဝတီတိုင်း ဒေသကြီးတွင် မဖြစ်မနေ ပြန်လည်စိုက် ပျိုးရန်လိုသည့် စိုက်ဧကမှာ တစ်သိန်းနီးပါးခန့် သာရှိပြီး အခြားသော လယ်ဧက တစ်သိန်းခုနစ်သောင်းတို့ မှာ အခြေ အနေကောင်းမွန်နိုင်သေး သည်ဟု ၄င်းက ဆက်ပြောသည်။
''ရေနစ်တိုင်း ပျက်စီးတာမျိုး မှမဟုတ်ဘဲ၊ ရက်ရှည်မှ ပျက်စီးတာ၊ ဒါတွေကို အပိုင်း သုံးပိုင်းခွဲပြီး လုပ်ဖို့ရှိတယ်။ အဓိက လိုမှာကတော့ မျိုးပါပဲ'' ဟု ဒေါက်တာစိုးထွန်းက ဆိုသည်။
သဘာဝဘေးအန္တရာယ် ရန်ပုံ ငွေထဲမှမည်ရွေ့မည်မျှ ထုတ်သုံးမည်ဆိုခြင်း အပေါ် အတည်ပြုထုတ် ဖော်ပြောဆိုခြင်းမရှိဟု ဧရာဝတီ ဝန်ကြီးချုပ်၏ အပြောကို ကိုးကား၍ ဒေါက်တာစိုးထွန်းက ထပ်မံပြောသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်က သြဂုတ် ၁၉ ရက်နေ့မှ စကာ ရေကြီးနစ်မြုပ်ရာ ဒေသသို့ ဆင်း၍ မျိုးစပါးနှင့် ငွေကြေးများ လှူဒါန်းနေသည်။ လယ်ဆည်ဝန်ကြီးဌာန တာဝန်ရှိသူများအား လက်ရှိ ရေမြုပ်
လယ်မြေများနှင့် ပတ်သက်၍ မည်သို့ မည်ပုံ ဆောင် ရွက်မည်နှင့် ရေမြုပ်လယ်မြေများ စာရင်းကို သြဂုတ်လ ၂ဝ ရက်နေ့ က ပေါ်ပြူလာနယူးစ်မှမေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။
စားနပ်ရိက္ခာ ဖူလုံရေးအဖွဲ့မှ စိုက်ပျိုးရေးဆိုင်ရာ ဒေါက်တာဘွဲ့ရ အမျိုးသမီး အရာရှိက ''အခု ရသလောက် ဒေတာတွေ ကောက် ယူနေပါတယ်၊ စာရင်းက မငြိမ်သေးတော့ ပြောဖို့ ခက်နေသေးတယ်။ အခုကတော့ ကယ်ဆယ်ရေး စခန်း တွေအတွက် လိုတာတွေပဲ လှူနေပါ တယ်။ ရှေ့ဆက်ပြီး လှူမှာ ကတော့ မျိုးပါပဲ။ ဒေသနဲ့ကိုက်ညီပြီး စိုက်ပျိုး လို့ရမယ့်မျိုးပါ''ဟု ပြောသည်။
မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း ရှင် အသင်းချုပ်ကမူ ပြည်ပအကူ အညီများ ရရှိစေရန် ရေမြုပ်ပျက်စီး ဆုံးရှုံးစာရင်းများကို နေရာဒေသ အလိုက်ခွဲကာ အချိန်နှင့်တစ်ပြေး ညီတင်ပြနေသည်ဟု သိရသည်။
ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)က တစ်နိုင်ငံလုံးရှိ ဒုက္ခသည်စခန်း ၂ဝဝ ကျော်အတွက် ဆန်နှင့်ဆီ နှစ်ပတ်စာ လိုအပ်ချက် ကိုဖြည့်ဆည်းသွားမည်ဟု သဘော တူညီခဲ့သည်။
ဧရာဝတီတိုင်း ဒေသကြီးရှိ ရေ ကြီးနစ်မြုပ်မှုကို အဆိုးရွားဆုံး ခံနေရသော အသုတ်မြို့ရှိ လယ်ပိုင်ရှင် တစ်ဦးကမူ ၄င်းတို့အနေဖြင့် ယခု အခက်အခဲကို ကိုယ်တိုင်ကျော်လွှား နိုင်ရန် ပြင်ဆင်ထားကြောင်း၊ သူတစ်ပါး၏ အကူအညီကို မစောင့် စားချင်ကြောင်း ပြောကြားသည်။
''ဒါတွေကို ကြုံနေရတာ များနေပါပြီ။ လက်သင့်ရာ၊ နီးစပ်ရာတွေပဲ ရောက်နေ တာကိုပါ။ နောက်ပြီး အချိန်ကိုက်လည်း မရပါဘူး။ လယ်စိုက်ပျိုးဖို့က ရာသီ ဥတုကို ကြည့်ရတယ်။ ပျက်စီးသွားရင် ဒါမှမဟုတ် ပြန်စိုက်ဖို့ဆိုရင် အချိန် မဆွဲဘဲ မြန်မြန်ပြန်လုပ်ရပါတယ်။ ဒီလိုမှ မဟုတ်ရင် နောင်ရေး စားသောက်ဖို့ ခက်သွားမှာပါ။ အရင် နှစ်တွေတုန်းကလည်း စိုက်ပြီးထွက် လာတော့ ရောင်း တာတောင်မှ စပါး ဈေးက မရှိတော့ ရှုံးနေတာပဲ'' ဟု ၄င်းက ပြောသည်။
ကယ်ဆယ်ရေးစခန်း အချို့သို့ ရောက်ရှိနေကြသူ အချို့ကမူ စားဝတ်နေရေး အခက်အခဲမရှိမှု အပေါ် ကျေနပ်ဝမ်းသာမိကြောင်း အိမ်ထောင်စု ၁၅ စုအပေါ် စုံစမ်းမေး မြန်းမှုအရ သိရသည်။
ဆန်စပါးလုပ်ငန်းရှင် အသင်းချုပ်မှ ရရှိသော သတင်းများအရ ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေ သကြီး၊ မွန်ပြည်နယ်တို့တွင် ဆုံးရှုံးမှုများနေပြီး ခန့် မှန်းဧက လေးသိန်းနီးပါး ခန့် ရေမြုပ် ခြင်းခံခဲ့ရကြောင်း ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင်မူ ဧက တစ် သောင်းအောက်တွင်သာ ရှိသည်ဟု သိရသည်။
လက်ရှိတွင် ပြန်လည်စိုက်ပျိုး ရန် လိုသော မိုးစပါး စိုက်ဧကမှာ တစ်နိုင်ငံလုံး တွင် နှစ်သိန်းမကျော် ဟု ပညာရှင်အများစုက သုံးသပ် ကြသည်။
Popular Myanmar News Journal
သာပေါင်းမြို့နယ်ရေကြီး၍ ကျောင်းအချို့ပိတ်ထားရပုံ (ဓါတ်ပုံ - Popular Myanmar News Journal)
ပြည်တွင်းကုမ္ပဏီအများစု၏ ပိုင်ဆိုင်ငွေ မပွင့်မလင်း စာရင်းမရှိခြင်းသည် ပြည်ပနှင့် လက်တွဲရန် အဓိကအဟန့်အတားဖြစ်
ပြည်တွင်းကုမ္ပဏီ အများစု၏ ပိုင်ဆိုင်မှုကို နိုင်ငံတကာအဆင့်မီ စာရင်း စစ်ဆေးအတည်ပြုထားခြင်း မရှိသလို ပွင့်လင်းမြင်သာမှုလည်း မရှိခြင်းသည် ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် ဖက်စပ်လုပ်ကိုင်ရန်အတွက် အဓိက အဟန့် အတားဖြစ်သည်ဟု ----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
GE (General Electric) အမေရိကန်ကုမ္ပဏီနှင့် မြန်မာကုမ္ပဏီ စီးပွားရေးစာချုပ် ချုပ်ဆိုနေစဉ် (AP Photo/Khin Maung Win)
သြဂုတ်လ (၂၃) ရက်နေ့ ထုတ် Venus News Weekly
သြဂုတ်လ (၂၃) ရက်နေ့ ထုတ် Venus News Weekly အတွဲ -၄ အမှတ်- ၅
ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
သြဂုတ်လ (၂၃) ရက်နေ့ ထုတ် The Hot News Weekky
သြဂုတ်လ (၂၃) ရက်နေ့ ထုတ် The Hot News Weekky Vol, No-104, 23-29 Aug 2012
ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
ကေအိုင်အို(ငြိမ်း)အဖွဲ့ပိုင် မြရည်နန္ဒာကွင်းနေ ကျူးကျော်သူများ အင်အားသုံး ဖယ်ရှားခံရ
သြဂုတ်(၂၂)ရက်၊၂၀၁၂ခုနှစ်။
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်သစ် အကွက်အမှတ်(၅၃၇)ပေါ်တွင် ကျူးကျော်အဖြစ်နေထိုင် သူများအား အောင်ပင်လယ်ရဲစခန်းမှ ဖယ်ရှင်းရာ၌ အင်အားသုံး အကြမ်းဖက်ဖြိုခွင်းမှုများပြုလုပ်ခဲ့ကြောင်း တွေ့ရှိရသည်။
ထိုသို့ဖယ်ရှားရာတွင် ရိုက်နှက်မှုများ ထိုးကြိတ်မှုများနှင့်ကိုယ်ဝန်ဆောင်မိခင်များအား   ခြေထောက်ဖြင့်ကန်ကျောက်မှုများ   ပြုလုပ်ခဲ့ကြောင်း ကာယကံရှင်များက ပြောကြားခဲ့သည်။
“ ဗိုက်ကြီးသည်တွေပါမချန်ဘူး ၊ အကုန်လုံးအကန်ခံရတယ် ၊ ယောင်္ကျားတွေဆိုပိုဆိုးတယ်” ဟု ကျူးကျော်အဖြစ်နေထိုင်သူ အမျိုးသမီးက ၎င်းမြင်တွေ့ပုံကို ပြောပြသည်။
ထိုသို့ လာရောက်ဖြေရှင်းမှုတွင် ကျူးကျော်အဖြစ်နေထိုင်သော ကွင်းအတွင်း ရဲအင်အား(၇၀) ၀န်းကျင်က လာရောက်ခဲ့ခြင်းဖြစ်ပြီး ကွင်းအပြင်ဘက်တွင် ချထားသော လုံခြုံရေးရဲတပ်သားများနှင့် ဆိုပါက ရဲဝန်ထမ်းအင်အား (၂၀၀)ခန့်သုံးစွဲပြီးဖြိုခွင်းခဲ့ခြင်းဖြစ်သည်။
‘’အင်အား (၇၀)လောက်ရှိတယ် ၊ သေနတ်တွေရော ဒိုင်းတွေရော ၊ အောင်ပင်လယ်စခန်း စခန်းမှုးလည်းပါတယ်’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထိုကဲ့သို့ဖြိုခွင်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ပြီး နားရွက်ပြတ်သည်အထိ ဒဏ်ရာရရှိသွားသော သူလည်း ရှိခဲ့ကြောင်းနှင့် နှလုံးရောဂါရှိသူဟုသိရပြီး အသက်ထွက်မတတ် သတိလစ်နေသောအမျိုးသမီးတစ်ဦးကိုမှု မန္တလေးမြို့ပေါ်ရှိ    လူမှုကူညီရေးအသင်းတစ်သင်းမှ လူနာတင်ယဉ်ဖြင့် လာရောက်ခေါ်ဆောင်သွားခဲ့သည်။
သြဂုတ်လ(၂၁)ရက်နေ့ နံနက် ရှစ်နာရီခွဲတွင် နယ်မြေခံရဲတပ်ဖွဲ့မှ ရောက်ရှိလာပြီး ကျူးကျော်နေထိုင် သူများအား စတင်ဖြိုခွင်း ရှင်းလင်းခဲ့ခြင်းဖြစ်သည်။ အောင်ပင်လယ်ရဲစခန်းအား ဆက်သွယ်မေးမြန်းရာတွင် မန္တလေးအခြေစိုက် သတင်းမီဒီယာများအားပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေ။
အဆိုပါ အကွက်အမှတ် (၅၃၇)တွင် နေထိုင်နေသည့် အိမ်ခြေမဲ့ပြည်သူများအား ဦးဝင်းမြင့်ထွန်းမှ နေစရာ ကူညီမှုများပေးနေကြောင်းသိရှိရပြီး ယခုနောက်ဆုံးအချိန်အထိ တဲအိမ်များအရောက် ရေစံနစ်နှင့် မီးစံနစ်ကိုလည်း စီစဉ်ပေးထားကြောင်းနှင့် နေ့စဉ်ချက်ပြုတ် ကျွေးမွေးမှုများလည်း ရှိကြောင်း သိရှိရသည်။
ထိုကဲ့သို့ ကူညီထောက်ပံမှုများပြုလုပ်ရန်အတွက် ၎င်းအား ငွေကြေးထောက်ပံ့ပေးသောအလှူရှင်များလည်းရှိကြောင်း    သိရပြီး ထိုအလှူရှင်များ၏ အမည်နာမများကိုမှု ထုတ်ဖေါ်ပြောကြားရန်အတွက်  ဦးဝင်းမြင့်ထွန်းက ငြင်းဆိုခဲ့သည်။
မြရည်နန္ဒာရပ်ကွက် ကွင်းအမှတ် (၅၃၇)တွင် ကျူးကျော်အဖြစ်နေထိုင်နေသူအိမ်ခြေ(၅၀၀)ရာရှိကြောင်း   သိရှိရသည်။
အဆိုပါ ကွင်းအမှတ်(၅၀၃)သည် ကေအိုင်အိုငြိမ်းချမ်းရေးအဖွဲ့မှပိုင်ဆိုင်ကြောင်းသိရပြီးအဖွဲ့ရန်ပုံငွေရရှိရန် အဆို  ပါမြေကွက်အား အကွက်ချ၍ ပြန်လည်ရောင်းချပေးမှု များလည်း ရှိကြောင်းသိရှိရသည်။
အဆိုပါ ကေအိုင်အို ငြိမ်းချမ်းရေးအဖွဲ့မှ ၎င်းတို့ပိုင် မြေကွက်များပေါ်တွင် ယခုလို မတရားကျူးကျော် အဖြစ် လာရောက်နေထိုင်နေကြခြင်းကို လက်မခံကြောင်းနှင့် ထိုမြေကွက်သည် အဖွဲ့ပိုင်မြေကွက် ဖြစ်ကြောင်း မန္တလေးအခြေစိုက်သတင်းသမားများနှင့်တွေ့ဆုံကာ ကေအိုင်အိုမှဗိုလ်မှူးညွန့်စိန်မှ ရှင်းလင်းပြောကြားခဲ့သည်။
ကေအိုင်အိုမှ ဗိုလ်မှူးညွန့်စိန်၏ ဇနီးဖြစ်သူ ဒေါ်နန်းမြသစ်မှာ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဒုသမ္မတ ဖြစ်သူ ဒေါက်တာစိုင်းမောက်ခမ်း၏ တူမဖြစ်သည်။
“မန္တလေးက တာဝန်ရှိတဲ့သူအတွေနဲ့ ဒီကျူးကျော်ကိစ္စကို အမြန်ဆုံးဖြေရှင်းပေးစေချင်တယ်။ မရဘူး ဆိုရင်တော့ ကျမက ကျွန်မ ဦးကြီးကို အကြောင်းကြားသင့် ကြားရမယ် ´´ ဟု ပြီးခဲ့သည့်ရက်က အိုရီယန်တယ် ခန်းမတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်   ဒေါ်နန်းမြသစ်က ပြောကြားခဲ့သည်။
မြရည်နန္ဒာအကွက်အမှတ် ( ၅၃၇ )တွင် လာရောက်နေထိုင်နေကြသူများသည် ပခုက္ကူ ၊စဥ့်ကိုင် ၊ ကျောက်ဆည် မြို့များမှ လူများ  ပါဝင်သလို မန္တလေးဝန်းကျင်ရပ်ကွက် များဖြစ်သော သမန်းကုန်း ၊ ဧရာထွန်း ၊ ထွန်တုံးနှင့် ရွှေကျက်ယက်မှ သူများနေထိုင်မှုများကြောင်းသိရသည်။
ထိုကဲ့သို့နေထိုင်နေကြသောသူများမှာ ၎င်းတို့အနေဖြင့် နေရာပေါင်းစုံမှ ဖယ်ရှားခြင်းခံရပြီး ယခုနေရာသို့ ရောက်ရှိလာကြောင်းသိရကာ ၊ သက်ဆိုင်ရာမှ နေစရာနေရာတစ်ခုကို စီစဉ်ပေးမည် ဆိုပါက ပြောင်းရွှေ့ပေးရန် ဆန္ဒရှိကြောင်း မြစ်မခသို့ ပြောကြားခဲ့သည်။
“အမတို့ အရင်တာဝါတိုင်အောက်မှာနေတာ၊ အဲဒီမှာကိုက (၈)နှစ် အဲဒီကနေ တာဝါတိုင်ကြိုးနဲ့ မလွတ်ဘူး ရွှေ့ဆိုလို့ ရွှေ့ကြရင်း   ရွှေ့ကြရင်း ဒီကိုရောက်လာတာ ၊ အစကတော့ လူနည်းစုပေါ့ ၊ အရင်က ဒီနေရာက သင်္ချိုင်းမြေနေရာဟောင်းလေ ၊ ဒီမှာမှမနေရရင် အမတို့ နေစရာမရှိတော့ဘူး”ဟုကျူးကျော်နေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။
အဆိုပါ ကျူးကျော်နေထိုင်သူ လူ၂၀၀၀ ၀န်းကျင်မှာ ၁၅ ဧက ခန့်ကျယ်ဝန်းသော မန္တလေးမြို့ ချမ်းမြသာ စည်မြို့နယ် မြရည်နန္ဒာ ရပ်ကွက် ကွင်းအမှတ် (၅၃၇) မြေနေရာတွင် လာရောက်စုစည်းနေထိုင်ခြင်း ဖြစ်သည်။
မင်းမင်းလတ်-မန္တလေး(မြစ်မခ)
by Shwe Myitmakha Media Group
သတင်းလွတ်လပ်ခွင့် တိုးပေးဖို့ ပြည်တွင်းမီဒီယာတောင်းဆို
မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေ ပိုပြီးရလာတော့မယ် ဆိုတဲ့ မျှော်လင့်ချက်တွေဟာ အများပြည်သူကြားထဲမှာရော၊ စာနယ်ဇင်းလောကမှာပါ မြင့်မားလာနေပါတယ်။ ပြည်တွင်းမှာ ထုတ်ဝေ တဲ့ ပုဂ္ဂလိက စာနယ်ဇင်းတွေ အနေနဲ့ သူတို့ရဲ့စာစောင်တွေကို စာဖတ်သူလက်ထဲအရောက် မထုတ်ဝေခင်မှာ စာပေစိစစ်ရေး အဖွဲ့ဆီတင်ပြီး ခွင့်ပြုချက်ယူစရာမလိုတော့ဘူးလို့ တာဝန်ရှိသူတွေက ပြောခဲ့ပြီးတဲ့နောက်ပိုင်း အခုလို မျှော်လင့်ချက်တွေ ပိုပြီး မြင့်မားလာတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် သတင်းလွတ်လပ်ခွင့် ပိုပေးဖို့ကိုလည်း ဆက်ပြီး တောင်းဆိုနေကြပါတယ်။ ဒီအကြောင်းကိုတော့ ကိုကျော်ကျော်သိန်းက အပြည့်အစုံ ဆက်ပြောပြပါမယ်။
စာနယ်ဇင်းတွေအနေနဲ့ မထုတ်ဝေခင် စိစစ်ရေးရဲ့ခွင့်ပြုချက် အရင်ယူရမယ်ဆိုတဲ့ ရာစုနှစ် ထက်ဝက်နီးပါး တင်းတင်း ကျပ်ကျပ် ချုပ်ကိုင်ထားခဲ့တာကို မြန်မာတာဝန်ရှိသူတွေက ဖြေလျှော့ပေးခဲ့အပြီး နောက်တရက် အင်္ဂါနေ့မှာပဲ သတင်း လွတ်လပ်ခွင့် ပိုပေးဖို့အတွက် နှိုးဆော်လိုက်ကြတာဖြစ်ပါတယ်။
“ အရေးပါတာပေါ့။ ကျနော်တို့ စာပေတင်မဟုတ်ဘူးဗျ။ အဓိက ကျနော်တို့ရုပ်ရှင်ကားတွေရော ဗီဒီယိုတွေရော သီချင်းတွေရော သီချင်းသမားလည်းပဲ စိစစ်ရေးတို့ ဆင်ဆာတို့ရှိသေးတယ်။ ဒီဟာတွေဟာ လွတ်လွတ်လပ်လပ်ဖြစ်သွားတယ်ဆိုလို့ရှိရင် အရုပ်ကအစပေါ့ဗျာ။ ရုပ်သံမီဒီယာတွေကလည်း လွတ်လွတ်လပ်လပ်ဖြစ်လာမယ်ဆိုရင် လုပ်ခွင့်တွေအများကြီးဖြစ်လာမယ်။ ကျနော်တို့ ကြိုဆိုပါတယ်။”
အသက် ၅၅ နှစ်အရွယ် ဦးအောင်သန်း ပြောသွားတာပါ။
အရင်တုန်းကဆိုရင် သီချင်း၊ စာအုပ်စာစောင်၊ ကာတွန်း၊ သတင်းနဲ့ ပန်းချီပန်းပုအနုပညာလက်ရာ ဘာတခုမှ စိစစ်ရေးရဲ့ ခွင့်ပြု ချက်မရဘဲ ပုံနှိပ်ထုတ်ဝေတာ၊ အများပြည်သူကို ပြသတာမျိုး လုပ်လို့မရခဲ့ပါဘူး။ အာရှတိုက်မှာ နိုင်ငံသားတွေရဲ့အခွင့်အရေး ကို အဖိနှိပ်ဆုံး နိုင်ငံတခုအဖြစ် နာမည်ဆိုးနဲ့ ထင်ရှားခဲ့တာဖြစ်ပြီး ပုံနှိပ် ထုတ်ဝေ ဖြန့်ချိ ပြသတာတွေမှာ နိုင်ငံရေးနဲ့ပတ်သက် တာတွေ ပါသလားဆိုတာကို စေ့စေ့စပ်စပ် စိစစ်ပြီးတော့ တည်းဖြတ်ခဲ့တာဖြစ်ပါတယ်။ အခုတော့ ဘယ်သူမှ မျှော်လင့် မထားနိုင် လောက်အောင်ကိုပဲ အခြေအနေက ပြောင်းပြန်လိုဖြစ်နေပါပြီ။
“ဒီလိုသာ သတင်းမီဒီယာတွေအပေါ်မှာ ပွင့်ပွင့်လင်းလင်းနဲ့ရေးသားခွင့်ရရင် ကျနော်တို့တိုင်းပြည်ဟာ တဖြေးဖြေးနဲ့ တိုးတက်လာမှာကို မျှော်လင့်ထားတယ်။ တိုးတက်မူတွေရလာမယ်။ ပြည်သူနဲ့အစိုးရကြားမှာ ဆက်စပ်မူတွေရှိလာမယ်။ မြင်သာထင်သာလာတဲ့အခါ ပြည်သူတွေအတွက် ၀မ်းသာစရာကတော့ ရှေ့အလားအလာမှာ တိုင်းပြည်ကောင်းစားမှာကို မြင်နေရတာပေါ့။”
အသက် ၅၆ နှစ်အရွယ် ဦးအောင်ထက်ရဲ့ မျှော်လင့်ချက်ကို ကြားခဲ့ကြရတာပါ။
စာနယ်ဇင်းလောကဆိုင်ရာ အပြောင်းအလဲတွေဟာ ပြီးခဲ့တဲ့နှစ်ဇွန်လကတည်းက အခြေ စတည်ခဲ့တာလို့ ဆိုရမှာဖြစ်ပါတယ်။ အဲဒီအချိန်က မြန်မာနိုင်ငံမှာထုတ်ဝေနေတဲ့ ပုဂ္ဂလိက ဂျာနယ်နဲ့မဂ္ဂဇင်း ထက်ဝက်လောက်ကို စာပေစိစစ်ရေးဆီ ကြိုတင်စရာ မလိုဘဲ ထုတ်ဝေခွင့် စပြီး ခွင့်ပြုခဲ့တာပါ။ ဒါပေမဲ့လည်း ပုဂ္ဂလိကအနေနဲ့ နေ့စဉ်ထုတ်သတင်းစာတွေကို ခုချိန်ထိ ထုတ်ဝေခွင့်မရသေးသလို ကာလရှည်ကြာရှိနေခဲ့တဲ့ ကိုယ့်ဖာသာကိုယ် စိစစ်တည်းဖြတ်တာမျိုးကလည်း ဆက်ရှိနေဆဲပါ။
ဒီအခြေအနေအောက်မှာပဲ The Voice Weekly ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ကိုကျော်မင်းဆွေကတော့ လွတ်လပ်ခွင့် ပိုရလာ တော့မယ်ဆိုတဲ့ မျှော်လင့်ချက် ရှိနေပါတယ်။
“မြန်မာမီဒီယာအားလုံး သိပ်မကြာခင်မှာပဲ သတင်း လွတ်လပ်ခွင့် ရလာလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ကျနော်ဆိုလိုတာက လုံးဝ လွတ်လပ်တာမျိုးပါ။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဆိုလိုတာပါ။ ဒီကိစ္စက ၂၀၀၈ ခုနှစ် အခြေခံဥပဒေထဲမှာ ပြဌာန်းထားပြီးသားပါ။ အခြေခံဥပဒေအရ ဆိုရင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတာ နိုင်ငံသားအားလုံးရဲ့ အခြေခံအခွင့်အရေးဖြစ်ပါတယ်။”
ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ရဲ့ သတ်မှတ်ချက်အရ မြန်မာနိုင်ငံရဲ့ သတင်း လွတ်လပ် ခွင့်အဆင့်ဟာ နိုင်ငံပေါင်း ၁၇၉ နိုင်ငံထဲ ၁၆၉ မှာ ရှိနေပါတယ်။ စိစစ်ရေးက တင်းတင်းကျပ်ကျပ် ထိန်းချုပ်တာမျိုး မရှိတော့ဘူး ဆိုပေမဲ့လည်း ကန့်သတ်ချက်တွေကတော့ သိသိသာသာကို ရှိနေတုန်းပါပဲ။
နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာတွေ မရှိသေးဘဲ သတင်းစာထုတ်ဝေခွင့်ကို နိုင်ငံပိုင်အဖြစ် ချုပ်ကိုင်ထားဆဲရှိပါတယ်။ ပြည်ပ အခြေစိုက်သတင်းမီဒီယာတွေဟာ ရန်တိုက် သွေးထိုးပေးနေသူတွေ၊ လေလှိုင်းသံ လူသတ်သမားတွေ စသည်အားဖြင့် အစိုးရ သတင်းစာတွေရဲ့ နောက်ဆုံးစာမျက်နှာမှာ စာလုံးမည်းကြီးတွေနဲ့ ဖော်ပြခဲ့တာကို ရပ်ခဲ့တာ ပြီးခဲ့တဲ့နှစ်ကမှပါ။
အဲဒီနောက်မှာတော့ ၁၉၆၂ ခုနှစ်ကတည်းကနေဆိုရင် အသိသာ အထင်ရှားဆုံး အပြောင်းအလဲတွေကိုစစ်ဗိုလ်ချုပ်ဟောင်း တွေဦးဆောင်တဲ့ မြန်မာအစိုးရက ဖော်ဆောင်လာခဲ့ပါတယ်။ အပြောင်းအလဲတွေထဲမှာ ရွေးကောက်ပွဲတွေလုပ်တာ၊ ဆန္ဒပြပွဲ တွေကိုခွင့်ပြုတာ၊ နိုင်ငံရေးအကျဉ်း သားတွေကို လွှတ်ပေးတာတွေလည်း ပါဝင်ခဲ့ပါတယ်။
အဲဒီအချိန်ကတည်းကစလို့ ပြည်တွင်းထုတ်စာနယ်ဇင်းတွေဟာ သူတို့အပေါ် ကန့်သတ်ချက်တွေကို တဖြည်းဖြည်း သွေးတိုး စမ်း ကျော်လွှားခဲ့ကြပြီးဘယ်တုန်းကမှမမြင်ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံတွေကို စာနယ်ဇင်းတွေရဲ့ မျက်နှာဖုံးမှာကို ပဲ တွေ့လာခဲ့ကြရသလို အစိုးရအပေါ် ဝေဖန်သူတွေရဲ့ သဘောထားတွေကို ဖော်ပြခဲ့ကြပါတယ်။
အဲဒီအခြေအနေဟာ လွန်ခဲ့တဲ့နှစ်လည်ပိုင်း မတိုင်ခင်တုန်းကဆိုရင် တွေးကြည့်လို့တောင် မရခဲ့ပါဘူးလို့ စာနယ်ဇင်း အယ်ဒီတာတွေက ပြောကြပါတယ်။
ကိုကျော်ကျော်သိန်း (ဗွီအိုအေ မြန်မာဌာန)
စိစစ်ရေးက တင်းတင်းကျပ်ကျပ် ထိန်းချုပ်တာမျိုး မရှိတော့ဘူး ဆိုပေမဲ့လည်း ကန့်သတ်ချက်တွေကတော့ သိသိသာသာကို ရှိနေတုန်းပါပဲ။ နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာတွေ မရှိသေးဘဲ သတင်းစာ ထုတ်ဝေခွင့်ကို နိုင်ငံပိုင်အဖြစ် ချုပ်ကိုင်ထားဆဲရှိပါတယ်။
သမ္မတနှင့် NESAC အဖွဲ့ ဝင်များ တွေ့ ဆုံဆွေးနွေး
နေပြည်တော် သြဂုတ် ၂၁ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက် (၉) နာရီတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် စက်မှုလယ်ယာစနစ် တောင်သူပညာပေး ဧက (၅၀၀) စိုက်ခင်းရှိ အစည်းအဝေးခန်းမ၌ အမျိုးသား စီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီ (National Economic and Social Advisory Council - NESAC ) အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးသည်။
ယင်းသို့တွေ့ဆုံဆွေးနွေးရာ၌ လယ်ယာဏ္ဍတွင် အသက်မွေးဝမ်းကျောင်း ပြုနေကြသည့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာကဏ္ဍ ပြုပြင်ပြောင်းလဲမည့် ကိစ္စရပ်များ၊ ဝန်ကြီးဌာနများ၏ ဝန်ထမ်းရေးရာဆိုင်ရာ အထောက် အကူပြု လုပ်ငန်းစဉ်များနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်း ကြသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ နိုင်ငံတော်သမ္မတ၏ အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေး ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဒေါက်တာဆက်အောင်၊ ဒေါက်တာ ကျော်ရင်လှိုင်၊ ဒေါက်တာဇော်ဦး၊ ဦးသီဟံမျိုးညွန့်၊ ဦးတင်မောင်သန်း၊ ဦးဝင်းအောင်၊ ဦးသောင်းတင်၊ ဦးသန်းလွင်၊ ဦးလှမောင်ရွှေ၊ ဦးမိုးကျော်နှင့် ဦးခင်မောင်အေးတို့ တက်ရောက်ကြသည်။
သမ္မတရုံး ၀က်ဆိုဒ်
နိုင်ငံတော်သမ္မတနှင့်အတူ အမျိုးသားစီပွားရေးနှင့် လူမှုရေးအကြံပေး ကောင်စီအဖွဲ့ဝင်များ
အမျိုးသား လွှတ်တော်က အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးကို စွပ်စွဲ ပြစ်တင်မှု စတင်ပြုလုပ်မည်
ခုံရုံး ဥက္ကဌနှင့် အဖွဲ့ဝင်များက နှုတ်ထွက်ပေးမည် မဟုတ်ကြောင်း သြဂုတ်လ ၂၀ ရက်နေ့က ထုတ်ဖော် ပြောကြား လိုက်သည့် အတွက် အမျိုးသား လွှတ်တော်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးကို စွပ်စွဲ ပြစ်တင်မှုများစတင် ပြုလုပ် တော့မည် ဖြစ်ကြောင်း---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကို
ရခိုင်ပြည်နယ်ပဋိပက္ခ စုံစမ်းရေး ကော်မရှင် တိုးချဲ့မည်
ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို စုံစမ်း စစ်ဆေးဖို့ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးလိုက်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင် လုပ်ငန်းတွေ စတင်တော့မှာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို စုံစမ်း စစ်ဆေးဖို့ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးလိုက်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်ဟာ လုပ်ငန်းတွေကို စတင်နိုင်ဖို့အတွက် ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ သြဂုတ်လ ၂၁ ရက်နေ့မှာလည်း ပြည်ထောင်စု နယ်စပ်ရေးရာ ၀န်ကြီးကိုယ်တိုင် လာရောက်ပြီး နိုင်ငံတော်အစိုးရက လုပ်ဆောင်ထားတာတွေကို သမ္မတရဲ့ကိုယ်စား ကော်မရှင်အဖွဲ့ဝင်တွေကို လာရောက် ရှင်းပြခဲ့တယ်လို့ ကော်မရှင် အဖွဲ့ဝင်တွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
ရခိုင်ပြည်နယ်အတွင်း ဇွန်လတုန်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ စုံစမ်း စစ်ဆေးဖို့ သမ္မတက ဖွဲ့စည်းပေးထားတဲ့ ကော်မရှင်ဟာ သူတို့ရဲ့ လုပ်ငန်းတွေရဲ့ ပထမခြေလှမ်းအဖြစ်နဲ့ သြဂုတ်လ ၁၉ ရက်နေ့မှာ ပထမဆုံးအကြိမ် ကော်မရှင်အဖွဲ့ဝင်အားလုံး ပါဝင်တဲ့ မျက်နှာစုံညီ စည်းဝေးပွဲတခု ကျင်းပခဲ့ကြတာပါ။
အဲဒီမှာ ကော်မရှင်ရဲ့ လုပ်ငန်းတွေကို ဘယ်လို ချဉ်းကပ်လုပ်ဆောင်ကြမလဲဆိုတာနဲ့ ပတ်သက်လို့ အချင်းချင်း အကြံဉာဏ် ဖလှယ်တာတွေ လုပ်ဆောင်ခဲ့ကြတာပါ။
သြဂုတ်လ ၂၁ ရက်နေ့မှာတော့ ပြည်ထောင်စု နယ်စပ်ရေးရာဝန်ကြီး ဦးသိန်းဌေး ရောက်လာပြီး အစိုးရဖက်က လုပ်ဆောင်ထားသမျှကို သမ္မတကိုယ်စား ရှင်းလင်း တင်ပြခဲ့တယ်လို့ ကော်မရှင်အဖွဲ့ဝင်တဦးလည်းဖြစ်၊ NDF အမျိုးသားဒီမိုကရေစီအင်အားစု ခေါင်းဆောင် တဦးလည်းဖြစ်တဲ့ ဦးခင်မောင်ဆွေက ပြောပြပါတယ်။
“နယ်စပ်ရေးရာဝန်ကြီးက ဒီအဆင့်ဟာ ပြည်ထောင်စုအဆင့် ခန့်ထားတာဖြစ်တယ်။ ဒါကြောင့်မို့ ကော်မရှင်ဟာ လွတ်လပ်စွာနဲ့ သီးခြားဖြစ်တဲ့ ကော်မရှင်ဖြစ်တယ်။ ဒါကြောင့်မို့ လွတ်လပ်စွာ စစ်ဆေးမေးမြန်းခွင့်လည်းရှိတယ်။ ဆောင်ရွက်ဖို့မှာလည်း ဘာမှ အနှောင့်အယှက်မရှိဆောင်ရွက်နိုင်ပါတယ်။ သူတို့အနေနဲ့ ပံ့ပိုးပေးဖို့ သမ္မတကိုယ်စား လာပြီးတော့ ရှင်းပြရခြင်းဖြစ်ပါတယ်လို့ စပြီးပြောပါတယ်။ နောက်ပြီး နယ်စပ်ရေးရာဝန်ကြီး  လုပ်ဆောင်ထားတဲ့ ရခိုင်ပြည်နယ်ကိစ္စတွေပေါ့ဗျာ။ ဗီဂျေနမ်ဗီးယားလာတာတို့ တူရကီဝန်ကြီးချုပ်လာတာတို့ မစ္စတာကင်တာနားလာတာတို့  ပတ်သတ်တဲ့ ခရီးစဉ်တွေနဲ့ ဓာတ်ပုံတွေကို ပြပြီး ဘယ်နေရာကိုသွားသင့်တယ်ဆိုတာ သူ့အတွေ့အကြုံတွေကို ရှင်းပြတဲ့ကိစ္စပါပဲ။”
ယေဘုယျအားဖြင့်တော့ ဒီစုံစမ်းရေး ကော်မရှင်အနေနဲ့ သမ္မတက ထုတ်ပြန်ထားတဲ့ ညွန်ကြားချက်တွေအတိုင်း သူတို့ရဲ့ စုံစမ်း စစ်ဆေးရေး လုပ်ငန်းတွေကို အကောင်အထည်ဖော်သွားဖို့ စီစဉ်ထားတယ်လို့ ဦးခင်မောင်ဆွေက ဆက်ပြောပါတယ်။
“သမ္မတက ထုတ်ပြန်ထားတဲ့ အမိန့်အတိုင်း စုံစမ်းစစ်ဆေးဖို့ နယ်တွေသွားပြီးတော့ သက်ဆိုင်ရာ တွေ့သင့် တွေ့အပ်တဲ့ ပုဂ္ဂိုလ်တွေကို တွေ့ဖို့ တွေ့တဲ့အခါမှာ ကျနော်တို့ ပြည်နယ်ကနေ အစိုးရတာဝန်ယူပေးဖို့၊  သွားတဲ့လာတဲ့နေရာတွေမှာ လုံခြုံရေးယူပေးဖို့ နောက်ပြီးတော့ သက်သေခံဥပဒေတို့ ရာဇ၀တ်မူဥပဒေတို့နဲ့ ပတ်သတ်တဲ့ ကိစ္စများကို တရားရုံးလိုပဲ ခေါ်ယူစစ်ဆေးခွင့်ရှိတယ်ဆိုတဲ့အကြောင်းကို ရှင်းပြပါတယ်။ ရှင်းပြပြီးတော့ ခရီးသွားတဲ့အခါမှာ လေယာဉ်နဲ့သွားတဲ့ ကိစ္စတွေပေါ့ သမ္မတရုံးက စီစဉ်ပေးမယ်ဆိုတဲ့အကြောင်းတွေဆိုပါတယ်ဗျ။ အချက်၈ချက်ကို ၈ဖွဲ့ခွဲပြီး  လုပ်ရမယ့်သဘောရှိနေတာပေါ့။ အားလုံး သဘောပေါက် နားလည်ကြတယ်။ လုပ်ငန်းအဆင့်ဆင့်ကို ဘယ်လိုလုပ်ကြမယ်ဆိုတာ ၂၅ရက်မှကျမှ တိတိကျကျ စဉ်းစားနိုင်မှာပါ။”
ကော်မရှင်အနေနဲ့ လာမယ့် သြဂုတ်လ ၂၅ ရက်နေ့မှာ ဆပ်ကော်မီတီလေးတွေ ထပ်ဖွဲ့စည်းတာအပြင် ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးကိုလည်း တိတိကျကျ သတ်မှတ်သွားဖို့ရှိတယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။
ဒီ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကိုတော့ နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ဘာသာရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ၊ လူမှုအဖွဲ့အစည်းတွေမှာ ၀င်ရောက် လုပ်ဆောင်နေသူတွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က အဖွဲ့ဝင်တွေ အပါအ၀င် အဖွဲ့ဝင်စုစုပေါင်း ၂၇ ဦးနဲ့ သြဂုတ်လ ၁၇ ရက်နေ့ ရက်စွဲနဲ့ ဖွဲ့စည်းပေးလိုက်တာပါ။
သြဂုတ်လ၂၁ရက်နေ့မှာပဲ နိုင်ငံတော်သမ္မတရုံးက ပြည်သူ့လွှတ်တော် ဥက္ကဌထံ သ၀ဏ်လွှာ ရေးသားပြီး လွှတ်တော်မှာ မှတ်တမ်းတင်ထားဖို့
သ၀ဏ်လွှာနဲ့အတူ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်တဲ့ သုံးသပ်ချက် စာတမ်းကိုလည်း တင်သွင်းခဲ့ပါတယ်။
သဝဏ်လွှာထဲမှာ အဓိကအားဖြင့်  ပဋိပက္ခတွေနဲ့ ပတ်သက်လို့ သမ္မတရုံးက စုံစမ်းသိရှိထားတဲ့ အချက်တွေကို လွှတ်တော်အမတ်တွေထံ အသိပေးအကြောင်းတဲ့ သဝဏ်လွှာဖြစ်ပေမယ့် ရခိုင်ပြည်နယ် အဓိကရုဏ်းနဲ့ပတ်သတ်ပြီး အစိုးရရဲ့ သုံးသပ်ချက်ကိုလည်း ကဏ္ဍအလိုက်ခွဲပြီး ထည့်သွင်း ဖော်ပြထားပါတယ်။
သမ္မတရုံးက လွှတ်တော်ကို ပေးပို့တဲ့ သ၀ဏ်လွှာကို ပြည်သူ့လွှတ်တော်တဦးက ဗွီအိုအေကို ဖတ်ပြခဲ့တာမှာတော့ ရခိုင်တိုင်းရင်းသားများ၏ အခြေအနေဆိုတဲ့ ခေါင်းစဉ်အောက်မှာ - နိုင်ငံရေးပါတီများ၊ သံဃာအချို့နှင့် လူပုဂ္ဂိုလ်အချို့တို့ ခေါင်းဆောင်၍ လူမျိုးရေး မုန်းတီးမှုစိတ်ဓါတ်ကို အလွန်အကျွံ မြင့်တင်ခြင်း၊ လူမျိုးရေးအရ ဆင်ခြင်မဲ့စွာ တိုက်ခိုက်လိုစိတ်ကို လှုံ့ဆော်ခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအတွင်းနဲ့ နိုင်ငံတကာမှာရှိသည့် ရခိုင်အသိုက်အ၀န်းသို့ပါ ချဉ်းကပ် ဆောင်ရွက်လျက် ရှိသည်။ နိုင်ငံအနှံ့အပြား ၌ နေထိုင်လျက် ရှိသည့် ဘင်္ဂါလီ မူဆလင်များအပေါ် အကြမ်းဖက်ရန်ကိုလည်း ကြံစည် လုပ်ဆောင်လျက် ရှိသည် စသည်ဖြင့် က ကနေ ဈ အထိ အချက်လိုက် ဖော်ပြထားတယ်လို့ ဆိုပါတယ်။
ဘင်္ဂါလီ မူဆလင်များ၏ အခြေအနေဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ သာမာန်ပြည်သူများနှင့် ဘာသာရေး အစွန်းရောက်ဟူ၍ ၂ ပိုင်း တွေ့ရကြောင်းနဲသာမာန်ပြည်သူများကတော့ ဘ၀ရပ်တည်ရေးနဲ့ အသက်ရှင်နေထိုင်ရေးကိုသာ အာရုံ ပြုနေကြရသည်၊ အမျိုးသမီးနှင့် ကလေးငယ်တွေဟာ လူဦးရေ၏ ၄ ပုံ ၃ ပုံခန့်ရှိပြီး အသက်မွေးဝမ်းကျောင်းမှု အခက်အခဲများကို ရင်ဆိုင်နေရ သည်၊ အစွန်းရောက် အစ္စလာမ် မော်လ၀ီအချို့သည် ဘာသာရေး မှိုင်းပြု၍ လူဦးရေ များပြားမှုကို အသုံးချရန် ကြံစည်လျက်ရှိသည် စသည်ဖြင့် ဖော်ပြထားပြီး အစီရင်ခံစာနှင့် သ၀ဏ်လွှာ စုစုပေါင်းမှာ စာမျက်နှာ ၁၀ မျက်နှာ နီးပါးရှိတယ်လို့ လွှတ်တော်အမတ်တွေက ပြောပါတယ်။
ကိုဇော်ဝင်းလှိုင်း (ဗွီအိုအေ မြန်မာဌာန)
တိုက်ဆောက်သူများ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ သိန်းချီ၍ပေးနေရ
ရန်ကုန် အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ဆ/က ရပ်  ကွက်အတွင်း ကန်ထရိုက်တိုက် ဆောက်လုပ် သူများအနေဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ၏ထောက်ခံ ချက်အတွက် ကျပ်သိန်းချီ၍ ပေး နေကြောင်း ဆ/က ရပ်ကွက် နေပြည်သူ အချို့၏---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဘီအိုစီခေတ်က ရေနံတွင်းဟောင်းကို ခိုးယူတူးဖော်ရာက ပေါက်ကွဲမှုဖြစ်ပွား
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျောက်ဆောင်း ကျေးရွာ၏ မြောက်ဘက်
လေးဖာလုံခန့် အကွာတွင် ၁၃-၈-၂၀၁၂ ရက်မွန်းလွဲ ၂ နာရီ ၃၅ မိနစ် အချိန်ခန့်
က မပည( Fu ၈၈၉၂၅၈) ရှိ ဘီအိုစီ ခေတ်မှအနက် ပေ ၈၀ နှင့် အဝကျယ် လေးပေ အချင်းရှိ ရေနံတွင်းဟောင်းကို ခိုးယူတူး ဖော်ရာက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 
မဟာမုနိဘုရားကြီးရှိ အလှူခံသေတ္တာများမှ အလှူငွေခိုးယူခံရမှု ခြောက်လကြာမှ သိပြီး ရဲတိုင်
၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလ ဆန်းပိုင်းက မန္တလေး မဟာမုနိ ဘုရားကြီးရှိ ၀န်ထမ်းအချို့က အလှူခံ သေတ္တာပုံးများ အတွင်းမှ အလှူငွေများ ဖောက်ထွင်းခိုးယူ သွားမှူကို (၆)လ အကြာတွင်မှ ဂေါပကအဖွဲ့က ကြားသိရ၍ အမှူဖွင့် တိုင်ကြားထား ကြောင်းသတင်း ရရှိသည်။---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 
ဆင်ဘိုတွင် ကြွက်ကျ၊ ပြောင်းခင်းများ ဖျက်ဆီးခံရ
ဆင်ဘိုမြို့နယ်ခွဲနှင့် မြင်သာ၊ ရေနားပင်လုံ ရွာများတွင် ကြွက်အုပ်များ သောင်းနှင့်ချီ၍ ဝင်ရောက်နေပြီး မှောင်ရီပျိုးချိန်မှ မနက်အလင်းရောင် မလာမီ အချိန်အတွင်း မြစ်အား ဖြတ်ကူးဝင်ရောက် နေကြောင်း---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
၂၀၁၀ ခုနှစ် က ပဲခူးတိုင်းရှိ စိုက်ခင်းများ ကို ကြွက်များ ဖျက်စီးခဲ့ပုံ
အခြေခံဥပဒေ ခုံရုံးလူကြီးများ စွဲချက် အတင်ခံရတော့မည်လား
 အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက တောင်းဆိုထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အလိုအလျောက် နှုတ်ထွက်ပေးကြရန်ကို လက်မခံသည့်အတွက် လွှတ်တော်တွင် ခုံရုံးအဖွဲ့ဝင်များကို စွဲချက်တင်မှုများ မကြာမီ မြင်တွေ့ရဖွယ် ရှိသည်။
ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ၎င်းတို့မှာ စွပ်စွဲပြစ်တင်နိုင်သည့် အချက်များ ကျူးလွန်မှု မရှိကြောင်းနှင့် ဖွဲ့စည်းပုံဥပဒေပါ အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်သည်ဟု နေပြည်တော်တွင် တနင်္လာနေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ခုံရုံး ဥက္ကဋ္ဌ ဦးသိန်းစိုး က ပြောကြားသွားခဲ့သည်။
mjainnpd
ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲကို နေပြည်တော်ရှိ ၎င်းတို့ ရုံးခန်းတွင် ၂၀၁၂ ခုနှစ်၊ သြဂုတ် ၂၀ ရက်နေ့က ပြုလုပ်နေစဉ်။(ဓါတ်ပုံ - MJA)
ထိုခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ခြင်းနှင့် ပေးအပ်ထားသော တာဝန် များကို ကျေပွန်စွာ မထမ်းဆောင်ခြင်းတို့ကြောင့် ၎င်းတို့အား စွပ်စွဲပြစ်တင်ရန် လွှတ်တော်ကိုယ်စားလှယ် ၃၀၁ ဦးက လက်မှတ်ရေးထိုး၍ သြဂုတ်လ ၈ ရက်နေ့က ဦးရွှေမန်းထံ တင်ပြထားကြခြင်း ဖြစ်သည်။
လွှတ်တော်ရေးရာ ကော်မတီများကို ပြည်ထောင်စုအဆင့် သတ်မှတ်ရန် သင့်/မသင့် ဆိုသော အငြင်းပွားမှုမှသည် တင်းမာမှု ပြင်းထန်လာခဲ့ပြီး သမ္မတ ဦးသိန်းစိန်အနေဖြင့် ညှိနှိုင်းဆောင်ရွက်ပေးရန် ဦးရွှေမန်း က တောင်းဆိုခဲ့သည်။
ထိုသို့တောင်းဆိုမှုနှင့် ပတ်သက်၍ အမတ်ဦးရေ ၄၄၀ ရှိသော အောက်လွှတ်တော်မှ အမတ် ၃၀၁ ဦးက လက်မှတ်
ရေးထိုးကာ ပြစ်တင်စွပ်စွဲမှုပြုရန် နှစ်ကြိမ်မြောက် တင်ပြလာခြင်းကြောင့် “စွတ်စွဲပြစ်တင်မှု နည်းလမ်းအစား အခြား နည်းလမ်း တခုခု” ကြိုးပမ်းမှုဖြစ်သည်ဟု ဦးရွှေမန်းက လွှတ်တော်သို့ မိန့်ခွန်းပြောကြားခဲ့သည်။
အလိုအလျောက် ၂၅ ရာခိုင်နှုန်း ခွဲတမ်းရ တပ်မတော်သား အမတ်အများစု သော်လည်းကောင်း၊ အားလုံးသော် လည်းကောင်း ပါဝင်လက်မှတ်ရေးထိုးခြင်း မပြုဟု ယုံကြည်ရသည်။
သို့သော် အာဏာရပါတီ ကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် အတိုက်အခံပါတီများမှ အမတ်များမှာ လက်မှတ် ရေးထိုးသည့်အထဲ ပါဝင်ကြသည်။
“ရေးရာကော်မတီတွေကို ပြည်ထောင်စုအဆင့် သတ်မှတ်သင့်၊ မသတ်မှတ်သင့်ဆိုတဲ့ အယူအဆမှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အမတ်တွေနဲ့ NLD အမတ်တွေ သဘောထား တူညီကြပါတယ်” ဟု လက်မှတ်ရေးထိုးရာတွင် ပါဝင်သူ NLD လွှတ်တော်အမတ် ဦးအုန်းကြိုင် က ဆိုသည်။
လွှတ်တော်ရေးရာ ကော်မတီများကို ပြည်ထောင်စုအဆင့် ပေးလျှင် ငွေကြေးကိစ္စများနှင့် အုပ်ချုပ်ရေးရာ ကိစ္စရပ်များကို အစိုးရအဖွဲ့က စီမံဆောင်ရွက်ပေးရမည် ဖြစ်သည်။
မတ်လ ၂၈ ရက်နေ့ အခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်တွင် “လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊
ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်း အဓိပ္ဗါယ်ဖွင့်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း” ဟူ၍ ပါရှိသည်။
အခြေခံဥပဒေခုံရုံးတွင် ပါဝင်သောသူများကို သမ္မတနှင့် လွှတ်တော်နှစ်ရပ်လုံးမှ ဥက္ကဋ္ဌ နှစ်ဦးလုံးက ရွေးချယ်ခြင်းဖြစ်ပြီး
ပြည်ထောင်စုလွှတ်တော်က  အတည်ပြုပေးခဲ့သည်။ ခုံရုံး၏ သက်တမ်းမှာ ၅ နှစ် ဖြစ်သည်။
သမ္မတက အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်သည် “ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပေးအပ်ထားသော လုပ်ငန်း တာဝန်အရ လွတ်လပ်စွာ ဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်း” ဟုဆိုကာ အပြီးအပြတ် အတည်ဖြစ်ကြောင်းနှင့် ခုံရုံး တဖွဲ့လုံးကို အနားယူခိုင်းစေဖို့ တောင်းဆိုချက်ကိုလည်း “တရားမျှတမှုလည်း ရှိနိုင်မည်မဟုတ်ပါ” ဟု ပယ်ချကာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ခြင်းဖြင့် ဖြေရှင်းရန် တိုက်တွန်းလိုက်သည်။
သို့သော် အခြေခံဥပဒေကို ပြင်ဆင်ရန် လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံမဲ လိုအပ်သည်။
လွှတ်တော်ရေးရာ ကော်မတီများကို ပြည်ထောင်စုအဆင့် သတ်မှတ်မှု/ မသတ်မှတ်မှုမှ စတင်သော အငြင်းပွားမှုကို
အောက်လွှတ်တော် ဥက္ကဋ္ဌ နှင့် သမ္မတတို့၏ အားပြိုင်မှုတခုဟု လေ့လာသူများက ရှု့မြင်ကြသည်။
 မြတ်ကျော်သူ
 ရန်ကုန် (မဇ္ဈိမ)
ရှမ်းပြည်တပ်မတော်မြောက်ပိုင်း စစ်ရေးပြင်ဆင်
ဗိုလ်မှူးစိုင်းလ
အစိုးရနဲ့ အပစ်အခတ်ရပ် လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ထိန်းချုပ်ဒေသထဲ ကို အစိုးရတပ်ရင်းတွေ ထပ်မံတိုးချဲ့ချထားနေတဲ့ အတွက် ရှမ်းပြည်တပ်မတော်မြောက်ပိုင်းဘက်ကလည်း  သတိ အနေအထားနဲ့ စစ်ရေးပြင်ဆင်နေပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်ကနေ ဇူလိုင်လ ၄ ရက်နေ့အထိ  ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ် မိုင်းအွတ်ဒေသ ဘက်မှာ အစိုးရတပ်တွေနဲ့ အက်အက်စ်အေ မြောက်ပိုင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာတွေမှာရော ဌာနချုပ် ၀မ့်ဟိုင်းကို သွားတဲ့လမ်းတွေမှာပါ အစိုးရတပ်ဘက်က တပ်အင်အားတွေ ရာနဲ့ချီပြီး တိုးမြှင့်ချထားနေတယ်လို့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း အဖွဲ့က ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးစိုင်းလက ပြောပါတယ်။
“အခုတိုးလာတာက အရင် နမ့်ပုတ်စခန်းမှာဆိုရင် ၁၀ ယောက်ကျော်လောက်ပဲ နေတယ်လေ၊ အခုအင်အား ၁၀၀ လောက် ရောက်လာတယ်။  မိုင်းအွတ် တ၀ိုက်မှာဆိုရင် တောင်ဟျိုး၊ လွယ်ဖာဖိန့်တို့ အဲဒီတောင်ကုန်းတွေ ဘက်မှာလည်း ဖြန့်ခွဲ့ပြီးတော့ တပ်စွဲထားတာ အင်အား ၃၀၀ လောက်ရှိမယ်၊  ကျနော်တို့ဌာနချုပ်ရဲ့ တောင်ဘက် မိုင်းနောင် လမ်းကြောင်းမှာလည်း တပ်ရင်း တရင်းလေ၊ ဌာနချုပ်အ၀င်အထွက်လမ်း အဓိကကျတဲ့ နေရာတွေမှာ ပိတ်ဆို့ထားတဲ့ အခြေအနေမျိုးပေါ့။”
အစိုးရတပ်တွေဟာ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်မထိုးခင် ကတည်းက ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ထိန်းချုပ်နယ်မြေထဲမှာ တပ်ရင်း ၁၀ ရင်းလောက် ရောက်ရှိနေ တာပါ။
အပစ်အခတ်ရပ် လက်မှတ် ရေးထိုးပြီးတဲ့ခါ စစ်ကြောင်းတွေ ပြန်လည်ထွက်ခွာဖို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့က တောင်းဆို ထားခဲ့ပေမယ့် ဆုတ်ခွာသွားတာ မရှိတဲ့အပြင် ခုလို အင်အား တိုးချဲ့ ချလာတာပါ။
ဒါ့ပြင် လွန်ခဲ့တဲ့ ၃ ရက်လောက်ကလည်း အစိုးရစစ်တပ်လက်အောက်ခံ  ခလရ ၁၄၉ နဲ့ ခမရ ၁၅၀ တပ်တွေက  မိုင်းရှူးမြို့နယ် နမ့်ပန်ချောင်းက  တာ့ဆမ်ပူး ကူးတို့ဆိပ်မှာရှိတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်ဖွဲ့တွေကို နေရာ ရွှေ့ခိုင်းခဲ့တယ်လို့ ဗိုလ်မှူးစိုင်းလက ပြောပါတယ်။
“ဒီနေရာတွေက ကျနော်တို့ ဆုတ်ပေးလို့ မဖြစ်တဲ့နေရာတွေ၊ ပြီးခဲ့တဲ့ မိုင်းအွတ်တ၀ိုက်မှာလည်း ကျနော်တို့ ဆုတ်ပေးပြီးပြီပဲ။ တဘက်နဲ့တဘက် ယုံကြည်လို့ မရသေးတဲ့အချိန်မှာတော့ သတိတော့ ထားရတယ်။ သူတို့ ရောက်လာရင်တော့ ပစ်ရမှာပဲ။”
အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ခုလိုတိုက်ပွဲပြန်ဖြစ်တာ၊ အစိုးရ တပ်ရင်းတပ်ဖွဲ့တွေ  တိုးချဲ့လာတာတွေနဲ့ ပတ်သက်ပြီး အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းတာ၊ စာရေးသားပေးပို့တာတွေ အကြိမ်ကြိမ်ရှိခဲ့ပေမယ့် အခြေအနေက တိုးတက်ထူးခြားမလာဘူးလို့ ရှမ်းပြည်တပ်မတော်က ပြောပါတယ်။
ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့ဟာ အစိုးရနဲ့ အခုနှစ် ဇန်န၀ါရီလက ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါပေမယ့် အပစ်အခတ် ရပ်ပြီးတဲ့ နောက်ပိုင်း အစိုးရတပ်နဲ့ တိုက်ပွဲပေါင်း အနည်းဆုံး အကြိမ် ၃၀ လောက် ဖြစ်ပွားခဲ့တာပါ။
 by နန်းမြနဒီ  (ဒီဗွီဘီ)
လစာတိုးမြှင့်ရေးနှင့် အထုတ်ခံရသူ ၁၀ ယောက် အလုပ်ပြန်ရရေး ဆန္ဒပြ
အောင်စိန်ချည်မျှင်စက်ရုံရှေ့တွင် တွေ့ရသည့် ရဲတပ်ဖွဲ့ဝင်အချို့
အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမား ၁၀ ယောက်ကို အလုပ်ပြန်လုပ်ခွင့်ပေးဖို့နဲ့ လုပ်ခလစာ တိုးမြှင့်ပေးဖို့ မန္တလေးမြို့က အောင်စိန် ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံ အလုပ်သမားတွေ မနေ့က ထပ်မံဆန္ဒပြခဲ့ကြပါတယ်။
မန္တလေးမြို့ ပြည်ကြီးတံခွန် မြို့နယ်မှာရှိတဲ့ အောင်စိန်ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံက အလုပ်သမားအင်အား ၈၀၀ ကျော်ဟာ စက်ရုံဝင်းအတွင်းမှာပဲ ဆန္ဒပြ တောင်းဆိုခဲ့ကြတာပါ။
အလုပ်သမားတွေဟာ နေ့လယ် ၂ နာရီကစပြီး တညလုံးမအိပ်ဘဲ ဆန္ဒပြတောင်းဆိုခဲ့ကြပေမယ့် ပြေလည်မှုမရရှိဘဲ အခြေအနေ ပိုမိုတင်းမာလာတယ်လို့ စက်ရုံအလုပ်သမား ကိုယ်စားလှယ် ကိုသက်နှင်းအောင်က ပြောပါတယ်။
“အလုပ်ရှင်က တံခါးပိတ်တာမျိုးတွေ တရုတ်ကြီးကြပ်တွေကလည်း တွန်းလားထိုးလား လုပ်တာမျိုးတွေ ရှိခဲ့တယ်။ အလုပ်ရှင်အနေနဲ့အလုပ်သမားအမျိုးသမီးတွေကို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ခဲ့တဲ့အတွက် ထိတ်လန့်ကြောက်ရွံ့မှုတွေ ဖြစ်တယ်။ ဖြစ်တဲ့အပြင် အလုပ်ရှင်က ရဲကိုထပ်ခေါ်တဲ့အတွက် ရဲရောက်လာပြီး အလုပ်သမားတွေကို ဖမ်းမယ်၊ ဆီးမယ်ဆိုပြီး ခြိမ်းခြောက်တယ်။”
အဲ့ဒီအဖြစ်အပျက်တွေကို မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးနေတဲ့ အလုပ်သမား ကိုယ်စားလှယ် ကိုဇော်မြတ်သူရဲ့ ကင်မရာကို ရဲကသိမ်းယူလိုက်တယ်လို့ ပြောပါတယ်။
ကိုမြတ်သူက “ရဲက ကျနော့်ကင်မရာကို သိမ်းပြီးတော့ ရိုက်ထားတဲ့ပုံတွေဖျက်ပစ်တယ်။ အခုကျနော်တို့အတွက် ကန့်သတ်နယ်မြေတွေ ထားထားတယ်။ ကျနော်တို့ ဒီကိုလာရင် ဆွဲဖမ်းဆိုပြီး အမိန့်ထုတ်ပြန်ထားတယ်” လို့ ပြောပါတယ်။
အောင်စိန် ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံအလုပ်သမားတွေဟာ လုပ်ခလစာ တိုးမြှင့်ပေးရေး၊ အလုပ်ချိန်သတ်မှတ်ပေးရေးအပါအ၀င် အချက် ၆ ချက်ကို  ပြီးခဲ့တဲ့ ဇွန် ၈ ရက်နေ့က တောင်းဆိုဆန္ဒပြခဲ့ကြတာဖြစ်ပြီး အလုပ်ရှင်နဲ့ အလုပ်သမားတွေကြား အလုပ်သမားညှိနှိုင်းရေး အဖွဲ့က ညှိနှိုင်းပေးတာကြောင့် ပြေလည်မှု ရသွားခဲ့ပါတယ်။
အဲ့ဒီတုန်းကတော့ စက်ရုံပိုင်ရှင်က ဆန္ဒပြအလုပ်သမားတွေကို အလုပ်မထုတ်ပါဘူးလို့ ကတိပေးခဲ့ဖူးပြီး နောက်ရက်တွေမှာ အလုပ်သမားတွေက စက်ရုံတွင်း အလုပ်သမားသမဂ္ဂဖွဲ့စည်းဖို့ ကြိုးစားခဲ့တာကြောင့် ဇွန် ၁၃ ရက်နေ့မှာ အလုပ်သမား ၁၀ ယောက် အလုပ်ထုတ်ခံလိုက်ရတာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့ကလည်း အလုပ်ထုတ်ခံလိုက်ရတဲ့ အဲ့ဒီ အလုပ်သမားတွေကို အလုပ်ပြန်ခန့်ရေးအတွက် အောင်စိန် ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံလုပ်သားတွေ စက်ရုံတွင်း ဆန္ဒပြတောင်းဆိုခဲ့ပါသေးတယ်။
by ရဲဝင့်သူ (ဒီဗွီဘီ)
ရခိုင်အရေး အစိုးရဆောင်ရွက်ချက်များ စုံစမ်းရေးကော်မရှင်ကို ရှင်းပြ
ဒေါ်သန်းသန်းနု
ရခိုင် စုံစမ်းစစ်ဆေးရေး ကော်မရှင်နဲ့ နယ်စပ်ရေးရာဝန်ကြီးတို့ တွေ့ဆုံပြီး ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ ရှင်းလင်း ပြောကြားခဲ့ပါတယ်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှာ ဒီနေ့မနက်ပိုင်းက ၃ နာရီကျော်ကြာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး၊ နယ်စပ်ရေးရာဝန်ကြီး ဒု – ဗိုလ်ချုပ်ကြီးသိန်းဌေးက သူတို့ ဆောင်ရွက်နေတဲ့ ရခိုင်အရေးကိစ္စတွေကို အသေးစိတ် ရှင်းပြခဲ့တယ်လို့ ကော်မရှင်အဖွဲ့ဝင် ဒေါ်သန်းသန်းနုက ပြောပါတယ်။
“ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက သူတို့ အကြိမ်ကြိမ်သွားတဲ့အခါမှာ တွေ့ကြုံခဲ့ရတာကို ဓာတ်ပုံတွေနဲ့ရော စာရင်းအင်း အချက်အလက်တွေနဲ့ရော အကုန်လုံး ရှင်းပြသွားတာပေါ့။ ကျမတို့လည်း ကိုယ်မသိတာတွေ အချက်အလက်တွေသိရတယ်။ သူတို့ကို ပြန်လည်နေရာချထားရေး လုပ်တဲ့အခါမှာ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကလည်း ၀င်ရောက် ကူညီပေးတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကလည်း စားနပ်ရိက္ခာတွေ ပေးတယ်။ ပြန်လည်နေရာချထားရေး လုပ်တဲ့အခါမှာ တခြား အချိန်တွေကနဲ့ မတူဘဲနဲ့ နိုင်ငံတကာ အဆင့်နဲ့ မီအောင် လုပ်ပေးနေတဲ့အကြောင်း ပြောပြသွားတယ်။”
ကော်မရှင်ဘက်ကလည်း သွားရေးလာရေး၊ လုံခြုံရေးကိစ္စတွေနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့  ဆွေးနွေးဖြစ်ခဲ့တယ်လို့ ဒေါ်သန်းသန်းနုက ပြောပြပါတယ်။
“ကော်မရှင်အဖွဲ့ဝင်တွေအနေနဲ့ကလည်း တယောက်နဲ့ တယောက် ပွင့်လင်းမှုရှိဖို့၊ အမျိုးသားအကျိုးစီးပွားကို ရှေ့ဆုံးတန်းတင်ဖို့ပေါ့။ ကော်မရှင်ထဲမှာကပဲ အဖွဲ့ဝင်တွေက လူတန်းစားအမျိုးအမျိုး အလွှာအသီးသီးကပါတယ်လေ။ ပညာရှင်တွေလည်း ပါတယ်၊ ဘာသာရေးခေါင်းဆောင်တွေလည်းပါတယ်။ ကိုယ့်ဘက်ကို ဆွဲပြီးတော့ ကိုယ့်အမြင် အယူအဆနဲ့ မလုပ်ဖို့၊ အများကတင်ပြပါတယ်။ အကုန်လုံးအစတည်းကနေ ရှင်းရှင်းလင်းလင်း၊ ပွင့်ပွင့်လင်းလင်း၊ တယောက်နဲ့ တယောက် ညှိညှိနှိုင်းနှိုင်း နဲ့အလုပ်လုပ်သွားဖို့ ဒါလေးပြောတာပါ။”
ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင်ကို အဖွဲ့ဝင် ၂၇ ဦးနဲ့ ဩဂုတ် ၁၇ ရက်မှာ သမ္မတက ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။ ကော်မရှင်ရဲ့ ပထမအကြိမ် အစည်းအဝေးပွဲကို တနင်္ဂနွေနေ့က ပြုလုပ်ခဲ့ပြီး၊ အခုတခါ အစိုးရအဖွဲ့ဝင် ၀န်ကြီးနဲ့ ရခိုင်အရေး ဆွေးနွေးကြတာ ဖြစ်ပါတယ်။
ဒီနေ့ တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က ခွင့်မပြုတဲ့အတွက် သတင်းဂျာနယ်သတင်းထောက်တွေ သတင်းယူခွင့် မရခဲ့ပါဘူး။
by ရွှေအောင် (ဒီဗွီဘီ)
မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ ဝန်ထမ်းများကို နေပြည်တော်ကို ချက်ချင်းပြောင်းရွှေ့ 
ယခု ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့် နှင့် မွေးမြူရေးနှင့် ညွှန်ကြားမှု ဦးစီး
ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးမြင့်သန်းတို့ သည် ရန်ကုန် အင်းစိန်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပိုင်သော သမိုင်းဝင်ကျောင်း
အဆောက်အဦး(ယခုရုံးချုပ်) ကို ရောင်းချရန် ရည်ရွယ်ချက်ဖြင့် ဝန်ထမ်းများကိုနေပြည်တော်သို့ ချက်ချင်းအမြန်ပြောင်းရွှေ့ ခိုင်းနေပါသည်။
နေပြည်တော်တွင်နေစရာမရှိ။ စားစရာမပေးဖြင့် နေရမည်ဟု နှုတ်မိန့်ဖြင့် 
အတင်းအဓ္ဓမ ပြုလုပ်နေကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ
ဝန်ထမ်းတစ်ဦး Myanmar News Now ကိုပြောပါသည်။
ပြောင်းရွှေ့ ခိုင်းမှု နှင့် ပါတ်သတ်၍ သတင်းအသေးစိတ် ဖတ်ရှုလိုပါက
သတင်းအပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
ဝန်ထမ်းများ ပြောင်းရွှေ့ ခိုင်းသည့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန
ရာသီဥတုဆိုးရွားမှုနှင့် ပဋိပက္ခများကြောင့် ရသေ့တောင်လယ်သမားများ အခက်ကြုံ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ ရာသီဥတုဆိုးရွားမှုတွေနဲ့ ပဋိပက္ခ ဖြစ်ပွားမှုတွေကြောင့် လယ်သမားတွေ အခက်ကြုံနေကြပါတယ်။
တောင်သူလယ်သမားတွေ အနေနဲ့ လုံခြုံရေး အခြေအနေ စိတ်မချရသေးတာကြောင့် လုပ်ငန်းခွင် အပြည့်မ၀င်နိုင်တဲ့အပြင် စပါးစိုက်ပျိုးချိန်မှာ ရာသီဥတု ဆိုးရွားမှုတွေကြောင့် စပါးပင်တွေ ရေလွှမ်းပြီး ပျက်စီးမှု ကြုံတွေ့နေရတယ်လို့ လယ်သမားတဦးက ပြောပါတယ်။
“တိုင်းပြည်မအေးချမ်းတော့ ကျနော်တို့ လယ်တွေကို အချိန်တိုင်း မလုပ်နိုင်ကြဘူး။ ညကျတော့ ကင်းစောင့်ရသေးတယ်။ ပြီးတော့ စပါး စိုက်လိုက်ပြန်တော့လည်း ရေလွှမ်းမိုးလို့ ၂ ဧက လုပ်တယ်ဆိုရင် ၁ ဧကလောက်ပဲ စပါးပင်က ကျန်တယ်။ အခု ဆူပူနေတဲ့ ပြဿနာတွေကြောင့် ကျနော်တို့မှာ ၅ ဧက လုပ်နိုင်တဲ့လူက ၃ ဧကလောက်ပဲ လုပ်နိုင်တယ်။ ၂ ဧကလောက်က မစိုက်နိုင်ဘူး။ လယ်သမားတွေအတွက် ဒီလိုအခက်အခဲတွေ ရှိပါတယ်။”
စပါးစိုက်ရာသီဟာ ဇွန်လလယ်လောက်က စစိုက်ကြရမှာဖြစ်ပေမယ့် အခက်အခဲ အမျိုးမျိုးကြောင့် အခုချိန်ထိ မစိုက်ရသေးတဲ့ လယ်တွေလည်း ရှိသလို စိုက်ပြီး ပျက်စီးသွားတဲ့ လယ်တွေကိုလည်း မျိုးစပါးမလုံလောက်တဲ့အတွက် လယ်သမားတွေ  ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။
အလားတူဖြစ်ရပ်မျိုး ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်က လယ်သမားတွေ လည်း ကြုံတွေ့နေရပါတယ်။  ကယ်ဆယ်ရေး စခန်းတွေမှာ ခိုလှုံနေရတဲ့ လယ်သမားတွေရှိနေပြီး အခုချိန်ထိ လယ်ထဲပြန်မဆင်းနိုင်သေးပါဘူး။
မြန်မာနိုင်ငံတနိုင်ငံလုံးမှာ  မိုးစပါးစိုက်ဧကပေါင်း ၁၃ သန်းလောက် ရှိတဲ့အနက် လယ်မြေဧကပေါင်းက ၆ သိန်းကျော် ရေနစ်မြုပ်နေပြီး လယ်ပြန်စိုက်ပျိုးဖို့ မျိုးစပါးတွေ လိုအပ်နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များ အသင်းချုပ် ဗဟိုအလုပ်အမှုဆောင်  ဒေါက်တာစိုးထွန်းက ပြောပါတယ်။
by ဒီဗွီဘီ
ရေဖုံးလွှမ်းနေသည့် စပါးခင်းများ (ဓာတ်ပုံ- ဒီဗွီဘီ)
ကျူးကျော်နေထိုင်သူများနှင့် ရဲတပ်ဖွဲ့ဝင်များ အပြန်အလှန်ထိခိုက်စေမှုဖြစ်ပွား
မန္တလေး၊ သြဂုတ်- ၂၁
မန္တလေးမြို့  ချမ်းမြသာ စည်မြို့နယ် မြရည် နန္ဒာရပ်ကွက်ရှိ ကျူးကျော်နေ ထိုင်သူများထံ ရဲတပ်ဖွဲ့ဝင်များ ၀င်ရောက် စစ်ဆေးစဉ် အပြန်အလှန် ထိခိုက်စေမှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
သြဂုတ် ၂၁ ရက် ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်ခန့်မှစတင်ကာ တပ်ဖွဲ့ဝင်အင်အား ၃၀ ကျော်ခန့်ရှိသော ရဲတပ်ဖွဲ့ဝင်များသည် ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဓာတ်ပုံ- ညီညီဇော်
ဓာတ်ပုံ- ညီညီဇော်
ဘုရင့်နောင်လမ်းဆုံတွင် တရားမ၀င် ပြည့်တန်ဆာ လုပ်ငန်းများ စည်ကားနေခြင်း
ဘုရင့်နောင် လမ်းစုံထောင့်ရှိ ပွိုင့် အမည်ရှိ တည်းခိုခန်းတွင် တရားမ၀င် ပြည့်တန်ဆာ လုပ်ငန်းများ လုပ်ငန်းများကို ၂၄ နာရီ စည်းကား သိုက်မြိုက် စွာဖြင့်လုပ်ကိုင်နေ ကြပါသည်။ ဘုရင့်နောင် လမ်းစုံထောင့်ရှိ ၆ ထပ်တိုက်၏ ဒုတိယထပ်တွင် ပွိုင့် အမည်ရှိ တည်းခိုခန်းဖွင့် လှစ်ထားပြီး ပေါ်ပေါ်လွင်လွင်ပင် တရားမ၀င် ပြည့်တန်ဆာ အမျိုးသမီး ၁၆ ယောက်ခန့် နှင့် ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Pearl Hotel တဖက်ခြမ်းရှိ ပွိုင့် တည်းခိုခန်း အားတွေ့ ရစဉ်
ကျောင်းကုန်းမြို့ နယ် ရေကြီးမှု မြင်ကွင်း (ရုပ်/သံ)
ဧရာဝတီ တိုင်းဒေသကြီး ကျောင်းကုန်း မြို့နယ်နဲ့ အနီးတ၀ိုက်က ကျေးရွာတွေ မှာ ရေကြီးနေ တာကြောင့် ဒေသခံ ၂သောင်းကျော်ဟာ ရေဘေးဒုက္ခနဲ့ ရင်ဆိုင်နေကြ ရပါတယ်။ တင်ဆက်- ရဲဝင့်သူ/ ရိုက်ကူး- အောင်ထွန်းမြင့် DVB TV News
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
ကျူးကျော်နေထိုင်သူများဖယ်ရှားရာမှာ ရုန်းရင်း ဆန်ခတ် ဖြစ်ပွားခဲ့ပြီး လူ ၂၀ခန့် ဒဏ်ရာရ
မန္တလေးမြို့ ၊ ချမ်းမြသာ စည်မြို့နယ်၊ မြရည်နန္ဒာ ရပ်ကွက်ရှိ ကျူးကျော်နေ ထိုင်သူ များအား ဖယ်ရှားရန် သြဂုတ်လ ၂၁ရက်နေ့က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ လာရောက်စေ ခိုင်းခဲ့ကြောင်း မြရည်နန္ဒာရှိ ကျူးကျော်နေထိုင် သူများကပြောသည်။---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မြန်နှုန်းမဲ့ အင်တာနက်၊ ခရိုနီ ဈေးကွက် စီးပွားရေး ၊ ဈေးအကြီးဆုံး တန်ဖိုးနည်းဖုန်း နှင့် ပျောက်ဆုံးနေဆဲ အိမ်မက်များ
နိုင်ငံတစ်ခုရဲ့ ဖွံ့ဖြိုး တိုးတက်မှုကို အင်တာနက် မြန်နှုန်းနဲ့ တိုင်းတာတဲ့ ခေတ်ကာလမှာ မြန်နှုန်း လုံးဝ တိတိ ကျကျမရှိတဲ့ အင်တာနက် လိုင်းနဲ့ သုံးစွဲသူတို့ နှစ်ပါးသွားနေရဆဲ ဖြစ်နေရတဲ့ အကြောင်းရင်းက ကျွန်တော်တို့နိုင်ငံဟာ အဆင်းရဲဆုံးဖြစ်နေသေးလို့ပါလို့ပြောရင် အင်တာနက်သုံးစွဲသူများ စိတ်ဖြေသာရာရနိုင်ကြမယ်ထင်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ အင်တာနက်မြန်နှုန်းက လိုက်ပါ မြန်ဆန်လာမှာပါလို့ပြောရင် အိပ်မက်လေးတွေ ဆက်လက်လှပနိုင်ကြ မယ်ထင်ပါတယ်။
အာရှမှာတော့ တောင်ကိုရီးယားက အင်တာနက်မြန်နှုန်း အမြင့်ဆုံးပဲဆိုလို့ မြန်မာနိုင်ငံက တရားဝင်ရုပ်သံလိုင်းပေါင်းစုံမှာ ဘယ်တုန်းကမှ အဲဒီဇာတ်လမ်းတွဲတွေကို မကြည့်တဲ့ ကျွန်တော့်လိုလူ အဖို့တောင် ငြီးငွေ့ ပျင်းရိဖွယ် ကောင်းလောက်အောင် တောက်လျှောက် ပြနေတဲ့ ကိုရီးယား ဇာတ်လမ်းတွဲတွေကို အသာလေး အကဲခတ်ကြည့် မိတော့ ကျိုးကြောင်း ဆီလျော်နေတာ တွေ့ရပါတယ်။ ဟိုးတောရွာ ကျေးလက်ဒေသက အိမ်ကလေး တွေကို နောက်ခံ ထားပြီး ရိုက်ပြတဲ့ ဇာတ်လမ်းတွေမှာတောင် အစစ အရာရာ သန့်ရှင်း သပ်ရပ်နေပြီး ကိုရီးယား ရွာသားတွေက ကျွန်တော်တို့မြန်မာနိုင်ငံမှာ ခေတ်အမီဆုံး လို့ ပြောလို့ရတဲ့ ကျွန်တော်တို့ ရန်ကုန်သားတွေ ထက်တောင် သားနား သန့်ပြန့်နေတာ သိသိသာသာ ကြီးကို မြင်တွေ့ရပါတယ်။ မိုဘိုင်းလ် ဖုန်းကိုယ်စီနဲ့ပါ။
အင်တာနက် မြန်နှုန်းနဲ့ တိုင်းပြည် ကြီးပွား ချမ်းသာခြင်းတို့ အကြား အဆက်အစပ်ကို ခပ်ရေးရေးလေးတော့ သဘောပေါက်လိုက် မိပါတယ်။ (ကိုရီးယားကားမှ ကိုရီးယားကားဖြစ်နေတဲ့ ညီငယ်၊ ညီမငယ် တို့အနေနဲ့ ကိုရီးယားတွေရဲ့ဆံပင်ပုံစံတွေ၊ အင်္ကျီပုံစံတွေနဲ့ ခေတ်ပေါ် စတိုင်လ်တွေကို အတုခိုးသလို သူတို့ဘယ်လိုကြီးပွားအောင် လုပ်ကြ သလဲဆိုတာလည်း ဇာတ်လမ်းတွဲကြည့်ရင်း စူးစမ်းလေ့လာကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။) ဒါပေမဲ့ဗျာ။ ဆင်းရဲလို့ အင်တာနက်မြန်နှုန်း နှေးနေတာကို လက်ခံနိုင်ပေမယ့် နှေးသင့်တဲ့နှုန်းထက် အများကြီးပိုနှေးရုံမကဘဲ လုံးဝ မြန်နှုန်းကင်းမဲ့နေတဲ့အထိဖြစ်ရတာတော့ တော်တော်ရှက်စရာ ကောင်းပါတယ်။ ရှက်စရာကောင်းတယ်ဆိုတာက သုံးစွဲသူ ကျွန်တော် တို့ Customer တွေရော အင်တာနက်လိုင်းဝန်ဆောင်မှုပေးတဲ့ စီးပွားရေး ကို လုပ်ကိုင်နေတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ ဖုန်းကုမ္ပဏီများ ပါ ရှက်စရာကောင်းနေတာပါ။ ကျွန်တော်က မိုဘိုင်းလ်ဖုန်းတစ်လုံး တောင်မပိုင်သေးတဲ့ လူလတ်တန်းစား စာရင်း မ၀င်သူ အခြေခံ လူတန်းစားပါလို့ ပြောရင်ရပါတယ်။ ကောင်းရောင်းကောင်းဝယ်နဲ့ ဘ၀ကို ထူထောင်နေတဲ့ ဘ၀ချောတိုင် တက်သမားတွေထဲက အများ နည်းတူ သာမန်လူတစ်ယောက်ပါ။
တိုင်တစ်ဝက်နားလေးရောက်လိုက် တိုင်းပြည်စီးပွားရေးပေါ်လစီဆိုတဲ့ ချောဆီကို တစ်စုံတစ်ယောက်က Manipulation ၀ါးလုံးရှည်ရှည်နဲ့ လှမ်းထိုးပြီး ချောတိုင်ကို ပိုချောအောင် ချောဆီတွေအားဖြည့်ပေးလိုက်နဲ့ လုံးချာရိုက်နေတဲ့ ကြီးကြီးကျယ် ကျယ်ပြောရရင် မိုက်ခရို ဘစ်ဇနက်မန်းဖြစ်ဖို့ ကြိုးစားနေတဲ့ လူသာမန် တစ်ယောက်ပါ။
ပြောချင်တာက မိုဘိုင်းလ်ဖုန်းနဲ့သုံးရတဲ့ အင်တာနက် အကြောင်းပါ။ ပညာကိုမက်မောသူ၊ ပြီးတော့ တိုင်းပြည်ထူထောင်ရေး အတွက် သေရေးရှင်ရေးလို အရေးကြီးတဲ့ အခုလိုကာလမျိုးမှာ အုတ် တစ်ချပ်မဟုတ်တောင် သဲတစ်ပွင့်စာလောက်လေးပဲ ဖြစ်ဖြစ် ပါဝင် ထမ်းဆောင်ချင်တဲ့သူပီပီ အင်တာနက်ဆိုတဲ့ ရတနာသိုက်ကြီးကို မက်မက်မောမော တူးဆွချင်တဲ့ သူတွေထဲက တစ်ယောက်ပေါ့။
အဲဒီတော့ မိုဘိုင်းလ်ဖုန်းမ၀ယ်နိုင်သေးပေမယ့် ၀ယ်နိုင်တဲ့ ကျွန်တော့်သားရဲ့ GSM ဖုန်းလေးနဲ့ အင်တာနက်ကပ်သုံးပါတယ်။သူက IT PRO ဆိုတော့ Software တို့၊ Network တို့က အိမ်မှာ အလွယ်လေး လုပ်လို့ရပါတယ်။ ပြဿနာက မြန်နှုန်းနဲ့ တွေ့တဲ့ အချိန်မှာ စတင်ပါတော့တယ်။ ကျွန်တော်က တစ်ညမှာ ည ၁၁ နာရီလောက် အင်တာနက် လိုင်းဝင်ဖို့လုပ်ပါတယ်။ ကိုယ်ကျိုးလုံးဝမပါဘဲ ခုနပြော သလို တိုင်းကျိုးပြည်ကျိုးအတွက် သဲတစ်ပွင့်စာလောက် အထောက် အကူဖြစ်မယ့် Gmail လေးတစ်စောင်ပို့မလို့ပါ။ ကွန်ပျူတာရှေ့မှာ ၂နာရီကျော် ကြာသွားပါတယ်။ Mobile Internet Connection က လုံးဝမြန်နှုန်း ကင်းမဲ့ နေပါတော့တယ်။ (လိုင်းလုံးဝ မရတာကို ဆိုလို တာပါ၊) အောက်ပါအရသာများ ကျွန်တော် ကောင်းကောင်းကြီး ခံစား ရပါတော့တယ်။
၁။ အသက် ၅၀ တန်း ဘ၀ဒဏ်ရာဒဏ်ချက်များစွာခံထားရတဲ့ အဘိုးကြီးပေါက်စ ပီပီ အကြာကြီး ထိုင်မိလို့ ကျောပြင်တစ်ခုလုံး ကိုက်ခဲလာပါတယ်။
၂။ အင်တာနက်သုံးစွဲခကို မသုံးလိုက်ရဘဲနဲ့ ၃၀၀ လောက်ပေး လိုက်ရပါတယ်။
၃။ စိတ်ပင်ပန်းဆင်းရဲမှုကို ပြင်းစွာခံစားရပါတယ်။
၎။ အချိန်အလွန်ရှားပါးတဲ့ကြားထဲက ၂ နာရီကျော်ကျော် လောက် အလဟဿဆုံးရှုံးသွားပါတယ်။
၅။ တက် ၆။ ကျွန်တော်ပို့ချင်တဲ့ အရေးတကြီးပို့ရမယ့် Gmail လေး မပို့ရတော့ပါဘူး။ အချိန်မမီတော့ပါဘူး။
၇။ နောက်တစ်နေ့မှာ အိပ်ရေးပျက် စိတ်ပန်းလူပန်းနဲ့ ဖျားပါ တယ်။
၈။ အချိန်ကို အသက်နဲ့ ထပ်တူလေးစားတတ်ပါတယ်လို့ ကိုယ့်ဘာသာ ဂုဏ်ယူဝင့်ကြွားတတ်တဲ့ ကျွန်တော်က မိတ်ဆွေနဲ့ ချိန်းဆိုထားတာကို ပျက်ကွက်ပြီး အရှက်ရပါတယ်။
ကဲ ကောင်းတာဘာများရှိသေးလို့လဲ။ ကျွန်တော်က ဒီဆောင်းပါး မရေးခင် ကျွန်တော်ပဲမှားသလားလို့ သေသေချာချာ ဆန်းစစ်ပါသေး တယ်။ ကိုယ့်အိမ်ကInternet Connection ပြဿနာကြောင့်ပဲလား ဆိုပြီး ဖုန်းလိုင်းကို ခဏပိတ်လိုက်၊ ကွန်ပျူတာကို Restart လုပ်လိုက်နဲ့ ရလိုရငြား ကြိုးစားပြီးလုပ်ပါတယ်။ နောက်တစ်နေ့ ရင်းနှီးတဲ့သူငယ်ချင်း မိတ်ဆွေတွေ မေးကြည့်တော့မှ သူတို့လည်း ထိုနည်း၎င်းဆိုတာ သိလိုက်ရပါတယ်။ ငါတစ်ယောက်တည်းမဟုတ်ပါလားဆိုပြီး နည်းနည်းများ အားတက်ရမှာလားမသိတော့ပါဘူးဗျာ။
အဲဒီမိုဘိုင်းလ်ဖုန်းကို ကျွန်တော့်သားက သူ့ချွေးနှဲစာနဲ့ ၂၁၀ç၀၀၀ ကျပ်တိတိပေးပြီး ၀ယ်ထားတာပါ။ အင်တာနက်လိုင်းအတွက်ကို သက်ဆိုင်ရာကုမ္ပဏီမှာ တစ်သောင်းတစ်ထောင်ကျပ်တိတိပေးပြီး လျှောက်ထားရတာပါ။ ဖုန်းလိုင်းတစ်လိုင်းကို သူများနိုင်ငံမှာ အင်တာနက်သုံးစွဲခွင့် အပါအ၀င် တစ်ထောင်ကျပ်လောက်နဲ့ အလွယ် တကူဝယ်လို့ရနေတဲ့အချိန်မှာ ကျွန်တော်တို့က တန်ဖိုးနည်းဖုန်းဆိုတဲ့ ကြော်ငြာနဲ့ နှစ်သိန်းနှစ်သောင်းကျပ်တိတိပေးပြီး ၀ယ်ရပါတယ်။စင်ကာပူမှာ အင်တာနက်ကို ၂၄ နာရီဖွင့်ထားရင်တောင် မြန်မာငွေနဲ့ တစ်လကို တစ်သောင်းလောက်ကျတဲ့အချိန်မှာ ကျွန်တော်တို့က တစ်မိနစ် နှစ်ကျပ် တစ်နာရီ ၁၂၀ ပေးရပါတယ်။ ပြီးတော့ အထက်ဖော်ပြ ပါဒုက္ခတွေကို အဆစ်အနေနဲ့ တ၀ကြီးခံစားရပါသေးတယ်။ ကျွန်တော် အဲဒီညက mail ပို့ဖို့ လက်လျှော့လိုက်တဲ့အချိန်မှာ ဘာကိုတွေးမိ သလဲဆိုတော့ ငါလို အာဝါဒါးသာသာ ပမွှားတစ်ကောင်က တိုင်းပြည် ချစ်စိတ်လေးဘာလေးနဲ့ ကြီးကျယ်ပြီး ညတောင်ကောင်းကောင်း မအိပ်ဘဲ တတ်နိုင်တာလေးလုပ်နေတဲ့အချိန်မှာ အခုလိုအဆင်မပြေမှု တွေဖြစ်တာနဲ့ ဒုက္ခရောက်နေတဲ့အချိန်မှာ အခွင့်အရေးတွေ အချောင် ရပြီး စီးပွားဖြစ်နေကြတဲ့ သူဌေးမင်းများတို့ကတော့ ဟိုတယ်ခန်း ကောင်းကောင်းထဲမှာလား၊ အိမ်ခန်း ကောင်းကောင်းထဲမှာလား သောက်စားပျော်ပါးပြီး မောမောပန်းပန်းနဲ့ ဇိမ်ကျနေလောက်ပြီလို့ပါ။
ကျွန်တော်က သူတို့လိုစည်းစိမ်မျိုးကို မမက်မောတတ်တဲ့ ငမိုက် သားစစ်စစ်မို့ မနာလိုဖြစ်နေတာလို့တော့ လုံးဝမထင်ပါနဲ့။ အချိန် ရှားပါးလွန်းလို့ မနာလိုဖြစ်ဖို့ ရှိတဲ့အချိန်လေး ဖဲ့မပေးနိုင်ပါဘူး။ကျွန်တော်ပြောချင်တာက တာဝန်ယူမှု အကြောင်းပါ။
အကျိုးအမြတ် တွေအများကြီးရယူထားတဲ့ စီးပွားရေးလုပ်ငန်းရှင်ဆိုတာ တာဝန်ယူ မှုရှိသင့်ပါတယ်။ ၀န်ဆောင်မှုဆိုတာ အနက်အဓိပ္ပာယ်အပြည့်ရှိတဲ့ စကားလုံးပါ။ Customer is King ဆိုတာလည်း မြန်မာနိုင်ငံမှာ တော့ ပုံပြင်ဖြစ်နေတာကြာပါပြီ။
ရချင်တဲ့အကျိုးအမြတ်ကျတော့ ရသင့်တာထက် မတန်တဆယူချင်ပြီး ပေးရမယ့်ဝန်ဆောင်မှုဆိုတာ ထည့်တောင်စဉ်းစားပုံမရပါဘူး။ စားသုံးသူကို လုပ်ပိုင်ခွင့်ကောင်း ကောင်းနဲ့ အထက်စီးယူထားကြတာပါ။ မြန်နှုန်း 2.75G ဆိုတဲ့ အခု ကျွန်တော်တို့သုံးနေတဲ့ GSM အင်တာနက်လိုင်းနဲ့ပတ်သက်တဲ့ နည်းပညာဆိုတာ တော်တော် Date အောက်နေပါပြီ။ ကျွန်တော်တို့ က အဲဒီလောက်လေးကိုပဲ ကောင်းကောင်းမွန်မွန်လေး သုံးခွင့်ရရင် ကျေးဇူးတောင်တင်နေကြမှာပါ။ တော်တော်လည်း သည်းခံတတ်တဲ့ မြန်မာပြည်သားများပါဗျာ။ ကျူးဘားလို ကွန်မြူနစ်တစ်ဖြစ်ကို မနေ့တစ်နေ့ကမှ လဲလာတဲ့ နိုင်ငံမှာတောင် ဒေါ်လာ ၁၀၀ နဲ့ရောင်းတဲ့ မိုဘိုင်းလ်ဖုန်းကို ဒေါ်လာ ၂၅၀ လောက်နဲ့ တန်ဖိုးနည်းဖုန်းဆိုပြီး ခပ်တည်တည်ရောင်းနေတာလည်း ခံနေရတာပါပဲ။ အခုဈေးကို နောက်နှစ်ဆန်းရင် လျှော့မယ်ဆိုတာတောင် တစ်သိန်း၊ တစ်သိန်းခွဲ ဆိုပဲ။ မတင်မကျလေးပါ။ ဒါတောင် နောက်နှစ်ဆန်းပါတဲ့၊ တစ်သိန်း ဆိုတာ ဒေါ်လာတစ်ရာကျော်ပါတယ်။ ဒီနေရာမှာ ဆက်သွယ်ရေးနဲ့ ပူးပေါင်းပြီး မိုဘိုင်းလ်ဖုန်းလိုင်းရောင်းတဲ့ ကုမ္ပဏီတွေကို စေတနာနဲ့ အကြံပြုချင်ပါတယ်။ ဖုန်းလိုင်းသန်းသုံးဆယ်လောက်ကို ငါးနှစ် စီမံကိန်းချပြီးရောင်းချတဲ့အလုပ်က စိတ်ကူးထားတဲ့အတိုင်း တိတိ ကျကျ ဘယ်တော့မှမဖြစ်နိုင်ပါဘူး။ နိုင်ငံရေးအခြေအနေအပြောင်း အလဲနဲ့ လတ်တလောလိုအပ်ချက်တွေကို ထည့်မတွက်ထားတဲ့သဘော ရှိပါတယ်။ နိုင်ငံရေးအရ ၂၀၁၅ မတိုင်ခင်မှာ လူထုစိတ်ကျေနပ် ပျော်ရွှင်သွားအောင်လုပ်ပေးလို့ရတာ တန်ဖိုးနည်းဖုန်း ရောင်းချခြင်း တစ်မျိုးပဲရှိပါတယ်။ အခုနေ ဖုန်းလိုင်းတစ်လိုင်းကို ကျပ်ငွေ ငါးသောင်း လောက်နဲ့ ရောင်းပေးလိုက်ရင် မျှော်မှန်းထားသလို သန်းသုံးဆယ် ကို ရောင်းချလို့ရနိုင်ပါတယ်။ နိုင်ငံခြားနဲ့ ပြည်တွင်းက အခြားကုမ္ပဏီ တွေကို ယှဉ်ပြိုင်ခွင့် မကြာခင် သေချာပေါက် ပေးကိုပေးရတော့မှာ ဖြစ်ပါတယ်။
အဲဒီယှဉ်ပြိုင်ခွင့်ပေးလိုက်တော့မှဆိုရင် သန်းသုံးဆယ် မပြောနဲ့ သုံးသန်းတောင် ရောင်းလိုက်ရမှာမဟုတ်ပါဘူး။ တစ်ခါတလေ မှာ အခြေအနေအချိန်အခါဆိုတာက ကိုယ်လက်လှမ်းမမီတာတွေကို ဖန်တီးတတ်ပါတယ်။ လူထုတစ်ရပ်လုံးကလည်း အစိုးရနဲ့ ဖုန်းရောင်း နေတဲ့ကုမ္ပဏီများကို ကျေးဇူးတင်လို့ရအောင် ကာယကံရှင်စီးပွားရေး သမားတွေလည်း လျာထားချက်ပြည့်မီအောင်ဆိုရင် အခု ငါးသောင်း လောက်နဲ့ရောင်းလိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။
နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေကို မျှော်လင့်စောင့်စားနေရ တဲ့ကာလဖြစ်ပြီးတော့ မိုဘိုင်းလ်ဆက်သွယ်ရေးရော အင်တာနက်ရော ဆိုတာက ၂၁ ရာစု လူ့အဖွဲအစည်းမှာ Infrastructure ထဲမှာပါ တယ်ဆိုတာ သတိပြုသင့်ပါတယ်။
လူသန်းခြောက်ဆယ်လုံးလက်ထဲ ကို မိုဘိုင်းလ်ဖုန်းထည့်ပေးနိုင်ရင် GDP က အလိုလို ၁၀ ရာခိုင်နှုန်း တက်လာမယ်ဆိုတာ သိကြမှာပါ။ ဗီယက်နမ်မှာ Phone Density ၂၀၀ ရာခိုင်နှုန်းပြည့်တော့မယ်ဆိုတာလည်း သိကြမှာပါ။ လူတစ်ယောက် ဖုန်းနှစ်လုံးလို့ ပြောတာပါ။ အမေရိက ကနေ စီးပွားရေးလာလုပ်မယ့် သူတွေက မြန်မာပြည် အဆင်သင့်မဖြစ်သေးဘူးလို့ စပြောလာပါပြီ။ဆီးဂိမ်းလို အရေးပါတဲ့ပွဲတွေအပြင် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး စတာတွေနဲ့ပတ်သက်တဲ့ အစည်းအဝေးကြီးတွေ၊ ဖိုရမ်ကြီးတွေ ကျွန်တော် တို့ဆီမှာ လုပ်ရတော့မယ့်အချိန်လည်း ရောက်လာတော့မယ် ဖြစ်ပါ တယ်။ မိုဘိုင်းလ်ဆက်သွယ်ရေးနဲ့ အင်တာနက်လိုင်းကို အချိန်ဆွဲထား လို့ရတဲ့အနေအထားမရှိတော့ပါဘူး။ ကိုယ်ကျိုးစီးပွားတစ်ခုတည်း ကြည့်ပြီး ဆက်လုပ်နေလို့ကတော့ နောင်တစ်ချိန်ခံရရင် တစ်တိုင်း တစ်ပြည်လုံး ခါးစည်းခံရပါလိမ့်မယ်။ အခုအချိန်အထိ သည်းခံပြီး ကောင်းလာနိုးနိုး စောင့်စားနေကြတဲ့လူထုက ဘယ်လောက်ခံနိုင်ရည် ရှိမယ်ဆိုတာ စမ်းသပ်သလိုဖြစ်နေပါတယ်ဗျာ။
နည်းနည်း ပြန်စဉ်းစား ကြစေလိုပါတယ်။ စီးပွားရေးကောင်းလာဖို့က အကြာကြီးစောင့်ရဦး မယ့်အချိန်မှာ အလွယ်တကူလုပ်ပေးလို့ရတဲ့ အခွင့်အရေးလေးတွေကို ကြိုးစားပြီး လုပ်ပေးလိုက်စေချင်ပါတယ်။
ဒီနေရာမှာ မီဒီယာကမိတ်ဆွေတို့ကို အလေးအနက် မေတ္တာ ရပ်ခံပါရစေ။ အကျိုးအမြတ်ရယူမယ့်လုပ်ငန်းရှင်တွေက ကမ္ဘာမှာ ဈေးအကြီးဆုံးမိုဘိုင်းလ်ဖုန်းကို တန်ဖိုးနည်းလို့ပြောတဲ့အခါတိုင်းမှာ မီဒီယာတွေက သတိထားပြီး တန်ဖိုးနည်းဆိုတဲ့အသုံးအနှုန်းကို မီဒီယာ တွေရဲ့အသုံးအနှုန်းမဖြစ်အောင် ရှောင်ရှားပေးကြပါ။ သူတို့သုံးတာ သုံးပါစေဗျာ။ ကျွန်တော်တို့က လိုက်သုံးပြီး လိုက်ကြော်ငြာပေးရင် ကြံရာပါတွေဖြစ်ကုန်နိုင်ပါတယ်။ တန်ဖိုးတကယ်နည်းမှပဲ တန်ဖိုး နည်းလို့ သုံးကြစေလိုပါတယ်။
လွတ်လပ်ရေး တိုက်ပွဲကာလနဲ့ တန်းတူ အရေးပါလှတဲ့ အခုလို နိုင်ငံသစ် တည်ဆောက်ရေး ကာလမှာ လူတိုင်း တိုင်းချစ်ပြည်ချစ်စိတ် မွေးသင့်တယ်လို့ ထင်ပါတယ်။ လုပ်ပိုင်ခွင့် အများကြီး ရှိတဲ့သူ ဆိုတာ အခုအချိန်မှာ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူ့ အဖွဲ့အစည်း အကျိုးကို ပိုပြီး များများ ထမ်းဆောင်နိုင်တယ်လို့ တွေးကြည့်စေချင်ပါတယ်။ ကိုယ် မွေးထားတဲ့ ကိုယ့်သား ကိုယ့်သမီး အပါအ၀င် နောင်မျိုးဆက်သစ်တွေ ကို မတရားသဖြင့် စီးပွားတွေရှာပြီး စည်းစိမ်တွေ ပုံပေးထား ခဲ့ရင်လည်း တိုင်းပြည်က နိုင်ငံရေး၊ စီးပွားရေး ခိုင်မာ တည်ငြိမ်မှု မရှိရင် အလကား ပါပဲ။ အချိန်မရွေး ဒုက္ခများနိုင်ပါတယ်။ သေချာတဲ့၊ ခိုင်မာတဲ့ အနာဂတ် ကောင်းမွန် ပြည့်စုံပြီး လူ့အဖွဲအစည်း တစ်ခုလုံး စည်ပင် ၀ပြောနေတဲ့ ၀န်းကျင်တစ်ခုကို အတူတူ ၀ိုင်းဝန်းပြီး ဖန်တီးကြရအောင်လို့ မေတ္တာ စကားပြောချင်တာပါ။
တိုင်းပြည်သစ် တည်ဆောက်တဲ့ ကာလမှာ လူလာ ဖြစ်နေတာ ကြုံတောင့်ကြုံခဲ အခွင့်အရေးကြီးပါ။ တိုးတက်ဖွံ့ဖြိုးပြီး သားတိုင်းပြည်မှာ တိုင်းကျိုးပြည်ကျိုးထမ်းဆောင်တာထက် အဆ များစွာ ပိုပြီးကုသိုလ်ဖြစ်နိုင်ပါတယ်လို့ စေတနာသတိ၊ မေတ္တာသတိလေး ပေးလိုက်ပါရစေ။
 Written by ပိုက်တင်
The Voice Weekly
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)
© Myanmar News Now Copyright by Thit Htoo Lwin
Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်