လုပ်ကြံဖေါ်ပြထားတဲ့ ဗွီဒီယို၊ ဓာတ်ပုံများ ပါကစ္စတန်မှ လာကြောင်း အိန္ဒိယ တွေ့ရှိ

မြန်မာနိုင်ငံနဲ့အိန္ဒိယအရှေ့မြောက်ဒေသ အာသံပြည်နယ်မှာ မူဆလင်တွေကို နှိပ်စက် သတ်ဖြတ်နေပါတယ် ဆိုပြီး အင်တာနက် စာမျက်နှာတွေပေါ်မှာ လုပ်ကြံဖေါ်ပြထားတဲ့ ဗွီဒီယို နဲ့ ဓာတ်ပုံတွေကို ပါကစ္စတန်နိုင်ငံထဲ ကနေ ပြုလုပ် ဖြန့်ချိနေတာ ဖြစ်တယ်လို့ အိန္ဒိယ အစိုးရက ပြောဆိုလိုက် ပါတယ်။

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကွန်ပြူတာနှင့် လုပ်ကြံဖန်တီး ထားတဲ့ ဓါတ်ပုံ တခုအား တွေ့ ရစဉ်

ဒေါ်အောင်ဆန်းစုကြည် အာဆီယံခေါင်းဆောင်မှု ဆွေးနွေးပွဲသို့ တက်ရောက်မည်

ဒေါ်အောင်ဆန်း စုကြည်သည် နှစ်စဉ် ကျင်းပသော ဖိုရမ်တွင် မိန့်ခွန်းပြော ကြားရန်ရှိပြီး အခမ်းအနား ဒုတိယနေ့တွင် ဆွေးနွေးပွဲသို့ လာရောက်သူများနှင့် ပါဝင်ဆွေးနွေး မည်ဖြစ်ကြောင်း Asia Inc ၏ ထုတ်ပြန်ချက်က ဖော်ပြသည်။

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Asia Inc Forum chairman Dato Timothy Ong speaks to Aung San Suu Kyi, Burmese opposition leader, at her residence in Naypyidaw, Myanmar's capital, on August 16. Picture: Courtesy of Asia Inc Forum

တနိုင်ငံလုံး အတိုင်းအတာဖြင့် လယ်ဧက ၅ သိန်းကျော် ရေနစ်မြုပ်ခံရ

သြဂုတ် ၁၉၊ ၂၀၁၂၊ YPI

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း မုတ်သုန်မိုး ဆက်တိုက်ရွာသွန်းခဲ့သည့်နောက်  ပြည်နယ်နှင့် တိုင်းဒေသကြီး ၆ ခုတွင် ရေနစ်မြုပ်လယ်မြေ ဧကစုစုပေါင်းမှာ ၅၂၈၀၀၀ ကျော်ရှိပြီဟု မြန်မာ့စိုက်ပျိုးရေး လုပ်ငန်းမှ အရာရှိကြီးတဦးက ပြောသည်။

ယခုရက်ပိုင်းအထိ ကောက်ယူရရှိထားသည့် စာရင်းများအရ ရေနစ်မြုပ်ခဲ့သည့် လယ်မြေ ၅၃၀၀၀၀ နီးပါးမှ ယခုလ ၁၈ ရက်နေ့ထိ ဧက ၁၃၆၀၀၀ ကျော် ရေပြန်ပေါ်လာပြီးနောက် ထိခိုက်သည့် လယ်မြေ ဧက ၅ သောင်း ၆ ထောင်ကျော်ရှိသည်ဟုလည်း ယင်းအရာရှိက YPI သို့ပြောသည်။

စိုက်ပျိုးရေး လုပ်ငန်းအရာရှိကြီးက “မြုပ်သွားတဲ့ လယ်မြေတိုင်းတော့ ပျက်စီးတာမဟုတ်ဘူး၊ တချို့က အထွက်နှုန်းလျော့မယ်၊ တချို့က ပျက်စီးတယ်၊ အခုလောလောဆယ် သိရသလောက်တော့ ပျက်စီးတဲ့ အချိုးအစားက နည်းတယ်၊ အထွက်နှုန်း ထိခိုက်တာက အခုထိ ဧက ၁ သိန်း၂ သောင်းနီးပါးရှိတယ်” ဟုပြောသည်။

ပြည်နယ်နှင့် တိုင်းအရ ရေနစ်မြုပ်မှု ဒဏ်ခံရသည့် အဆိုးရွားဆုံး ခံရသည့် ဒေသများမှာ မွန်၊ ကရင်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ပဲခူး၊ ရန်ကုန်နှင့် ဧရာဝတီ တိုင်းဒေသကြီးတို့ဖြစ်သည်ဟုလည်း သိရှိရသည်။ 

သို့ရာတွင် ဆန်စပါးအသင်း ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်သူ ဒေါက်တာစိုးထွန်း က ၎င်းတို့ကောက်ခံ ရရှိထားသည့်စာရင်းများအရ တနိုင်ငံလုံး အတိုင်းအတာဖြင့် ဧက ၆၁၅၀၀၀ ကျော်ရှိ၍ ရေပြန်လည်ပေါ်လာသည့် ဧကအရေအတွက်မှာ ၂၁၃၀၀၀ ကျော်ရှိသည်ဟု ပြောသည်။

ရေမြုပ်ခံရသည့် လယ်မြေများအား ထိခိုက်မှု လျော့နည်းအောင်၊ ပြန်လည်စိုက်ပျိုးမည့် လယ်မြေများအခြေအနေ ကြည့်ရှုစစ်ဆေးရန်၊ မျိုးစပါးလိုအပ်ပါက အထောက်အပံ့ပေးရန်နှင့် ပိုးသတ်ဆေး မြေသြဇာကဲ့သို့သော သွင်းအားစုများ ဖြည့်ဆည်းပေးရန် ရည်ရွယ်၍ အရေးပေါ်ကူညီရေး အဖွဲ့များ ယခုရက်အတွင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာနမှဖွဲ့စည်းထားသည်ဟုလည်း မြန်မာစိုက်ပျိုးရေး လုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးမြင့်ဦးက ပြောသည်။

ယင်းအဖွဲ့များ လာမည့် သီတင်းပတ်အစတွင် ယင်းအဖွဲ့များ မြန်မာနိုင်ငံ အောက်ပိုင်းနှင့် အထက်ပိုင်းဒေသများသို့ စတင်သွားရောက်မည်ဟုလည်း ဆိုသည်။

၎င်းက မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင် ရေကြီးနေစဉ် မြန်မာနိုင်ငံအထက်ပိုင်း အချို့ဒေသများတွင် ပုံမှန်ထက် မိုးနည်းပါးကာ စပါး မစိုက်နိုင်သည့်ဖြစ်စဉ်များလည်း ရှိနေသည်ဟုလည်း ပြောသည်။

မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က လက်ရှိမြန်မာနိုင်ငံ မိုးလေ၀သ အခြေအနေမှာ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် မိုးခေါင်နေချိန်၌ အောက်ပိုင်းဒေသများ၌ ရေကြီးမှုများ ဖြစ်ပွားနေသည့် ဖြစ်စဉ်သည် ထူးခြားသည့် ဖြစ်စဉ် တခုဖြစ်ကြောင်း ယခုလ (၄) ရက်နေ့က ပြုလုပ်သည့် ဟောပြောပွဲတွင် ပြောဆိုခဲ့သည်။

by Yangon Press International

ရန်ကုန်မြို့ ရခိုင်လူငယ်များ ဆန္ဒဖော်ထုတ် ခဲ့ကြသည့် မြင်ကွင်းများ (ဓါတ်ပုံ)

ရန်ကုန်မြို့တော်ရှိ ရခိုင်အဖွဲ့အစည်းများမှ ရခိုင်လူငယ် ၁၀၀ နီးပါး ရန်ကုန်မြို့ ရှမ်းစောပုလမ်းပေါ်တွင် ယနေ့ နံနက် ၁၁ ခွဲခန့်မှ ၁၂ နာရီအထိ မိနစ်သုံးဆယ်ကြာ UN နှင့် INGOs များ ရခိုင်ပြည်သူများအပေါ် ခွဲခြားဆက်ဆံခြင်းကိစ္စရပ်များနှင့် ပတ်သက်၍ တရားဝင်ခွင့်ပြုချက်ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည့်မြင်ကွင်းများ။

ဓါတ်ပုံများကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

ဓါတ်ပုံ -  The Voice Weekly

ရန်ကုန်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် ကို ယနေ့ဆန္ဒဖော်ထုတ်ပွဲတွင် တွေ့ရစဉ်။

ပုသိမ်ခရိုင်အတွင်း ငပုတောမြို့နယ်မှ အပ ကျန် ၆ မြို့နယ် ရေကြီးနေ

သြဂုတ် ၁၈၊ ၂၀၁၂၊ မျိုးမင်းထွန်း YPI

၈ နှစ်တာအတွင်း အဆိုးရွားဆုံး ရေကြီးလျှက်ရှိသည့် ပုသိမ်မြို့နှင့် ပုသိမ်ခရိုင်အတွင်း အခြား ၅မြို့နယ်တို့မှာ လူနေအိမ်နှင့် စပါးခင်းများ ရေနစ်မြုပ်လျှက်ရှိ သည်ဟု ပုသိမ်မြို့မှ ပေးပို့သည့် သတင်းများအရ သိရသည်။

ပုသိမ်ခရိုင်အတွင်း ယခုအချိန်ထိ ကောက်ယူရရှိသည့် စာရင်းများအရ အိမ်ထောင်စု ၁၂ ထောင်ကျော် ၊ ကျေးရွာအုပ်စု ၈၀၀ နီးပါး ရေနစ်မြုပ်မှု ဒဏ်ကို ခံနေရကာ လယ်မြေဧက ၂ သိန်း ၄ သောင်းကျော် ရေနစ်မြုပ်ခဲ့ကြောင်း အုပ်ချုပ်ရေး ဋ္ဌာနများမှ ရရှိသည့် စာရင်းများ အရ သိရှိရသည်။

ရေကြီးမှုကြောင့် အထက်တန်းကျောင်း ၂၅ ကျောင်းအပါအ၀င် စုစုပေါင်း စာသင်ကျောင်း  ၄၀၀ ကျော် ပိတ်ထားရသည်ဟု လည်းအဆိုပါ စာရင်းများအရ သိရှိရသည်။

ဇူလိုင်လကုန်ကတည်းက မိုးသည်းထန်ကာ င၀န် မြစ်ရေတိုးလာပြီးနောက် သြဂုတ်လ ဒုတိယပတ်တွင် ပုသိမ်မြို့ ၏ လူနေရပ်ကွက် တ၀က်နီးပါး ရေနစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ ယခုရက်ပိုင်း ပုသိမ်မြို့တွင်း ရေကြီးမှု အရှိန် အနည်းငယ်တန့်နေသည့် အနေအထားရှိသော်လည်း ကန်ကြီးဒေါင့်နှင့် သာပေါင်း၊ ငါးသိုင်းချောင်းမြို့ နယ်များတွင် ဆိုးရွားနေဆဲလည်း ဖြစ်သည်။

လူနေအိမ်များ ရေနစ်မြုပ်နေသဖြင့် စာသင်ကျောင်းများ နှင့် ဘုန်းတော်ကြီးကျောင်းများတွင် ရေဘေးဒုက္ခ္ခ္ဃသည်များ သွားရောက် ခိုလှုံနေရကာ မြို့နယ် အုပ်ချုပ်ရေး အာဏာပိုင်များနှင့် နိုင်ငံတကာ အန်ဂျီအိုတို့မှ စားနပ်ရိက္ခာ ဝေငှပေးခြင်း ရှိသည်ဟု ဒုက္ခသည်အချို့ က ပြောသည်။

ရေကြီးမှုကြောင့် ပုသိမ် ကြံခင်း မီးရထားလမ်းလည်း ပိတ်ထားရကာ ရန်ကုန် ပုသိမ်ကားလိုင်းအချို့ ရပ်နားထားပြီး အချို့ကားလိုင်းများက စီးနင်းခ ၂ ဆ ယူကာ ပြေးဆွဲလျှက်ရှိသည်။

ပုသိမ်ခရိုင်အတွင်း အဆိုးရွားဆုံး ရေကြီးမှု ဖြစ်ပွားနေသည့်မြို့နယ်မှာ သာပေါင်းမြို့နယ်ဖြစ်၍ ငသိုင်းချောင်းမြို့နယ် မှ ဒုတိယအဆိုးရွားဆုံးဖြစ်သည်။ ယင်းမြို့နယ် ၂ မြို့နယ်၏ ရေကြီးမှုအခြေအနေမှာ စိုးရိမ်ရသည့် အနေအထားဖြစ်သည်ဟု လည်း ဒေသခံတို့က ပြောသည်။        ။

by Yangon Press International


ရေနစ်မြုပ်နေသည့် လူနေအိမ်များ

ရခိုင်အမျိုးသား ကွန်ရက်မှ ရခိုင်အရေးနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖေါ်

နံနက် ၁၁နာရီ ၃၄ မိနစ်၊ သြဂုတ် ၁၉၊ ၂၀၁၂၊ YPI

ရခိုင်အမျိုးသား ကွန်ရက်ဟု အမည်ပေးထားသည့် အဖွဲ့မှ ဦးစီးကာ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျှက်ရှိသည့် အရေးကိစ္စများနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖေါ်မှု တရပ်ကို ယနေ့ နံနက် ၁၁နာရီခွဲဝန်းကျင်မှ စတင်ပြုလုပ်လျှက်ရှိသည်။

တီရှပ် ၀တ်သူ အရေအတွက် ၅၀ ၀န်းကျင်နှင့် လိုက်ပါသူ ၅၀ နီးပါး စုစုပေါင်း လူ ၁၀၀ နီးပါး ပါဝင်သည့် --

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျှက်ရှိသည့် ကိစ္စရပ်များအပေါ် ရခိုင်အမျိုးသားကွန်ရက်မှ သဘောထား ထုတ်ဖေါ် ဆန္ဒပြမှု တရပ်ကို ယနေ့ သြဂုတ်လ ၁၉ ရက်နေ့ နံနက် ၁၁နာရီကျော်တွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ရှင်စောပုလမ်းတလျှောက် ပြုလုပ်ခဲ့ကြသည်။ (ဓါတ်ပုံ YPI )

ဗိုလ်ချုပ်သား အယောင်ဆောင်သူအား ယာဉ်တိုက်မှုဖြင့် ဖမ်းဆီး

နေပြည်တော် မြို့မဈေး ရဲကင်းအနီးတွင် သြဂုတ် ၂ ရက် ည ၈ နာရီ ၄၅ မိနစ်အချိန်က လူသုံးဦးစီးနင်းလာသော ဆိုင်ကယ်အား ကားတစ်စီးက ၀င်တိုက်ရာ ဆိုင်ကယ်စီးနင်းသူသုံးဦးအနက် အမျိုးသမီးတစ်ဦးမှာခြေကျင်းဝတ်တွင် ဒဏ်ရာရရှိသွားခဲ့သည်။

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ATM Card များကို MPU Card များဖြင့် လဲလှယ် ပေးမည်ဟုဆို

ရန်ကုန်၊ သြဂုတ် ၁၉

မြန်မာနိုင်ငံတွင် MPU စနစ် မပြုလုပ်ခင်က ထုတ်ပေးထားသော ATM Card များကို MPU Card များဖြင့် Myanmar Payment Union အဖွဲ့ဝင်ဘဏ်များမှ လဲလှယ်ပေးသွားမည် ဖြစ်ကြောင်း ပုဂ္ဂလိကဘဏ်၏ Facebook စာမျက်နှာတွင် ဖော်ပြပါရှိသည်။


သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရှမ်းပြည်တောင်ပိုင်း အင်တာနက်ဆိုင်များ WIFI မလွှင့်ရန် ညွှန်ကြား

ရန်ကုန်၊ သြဂုတ် ၁၉

ရှမ်းပြည်နယ် တောင်ပိုင်းတွင် အင်တာနက်ဆိုင်များ အနေဖြင့် Wifi မလွှင့်ရန် ဒေသခံရဲစခန်းများက ခေါ်ယူ ပြောဆိုထားကြောင်း နမ့်စန် မြို့ရှိ အင်တာနက် ဆိုင်ပိုင်ရှင် ဒေါ်မီးမီးက----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မြန်မာ မိသားစုအား ငွေကြေးလုယူ မဖွယ်မရာပြုမူသည့် မဟာချိုင် ရဲ ၃ ဦးအား အရေးယူ

မြန်မာ အလုပ်သမား မိသားစု ၃ ဦး ဈေးဝယ်ရန် သွားစဉ် ပါလာသည့် ဘတ်ငွေ တစ်သောင်းကျော်အား ယူဆောင်ပြီး၊ တစ်နှစ်ကျော်အရွယ် ကလေးငယ်အား ခြောက်လှန့် သားကြီးကိုပါးရိုက်၊ အမေကို အင်းဂျီနှင့်ဘောင်းဘီ ချွတ်ခိုင်းသည့် မဟာချိုင် ရဲသုံးဦးအား ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ထိုင်းပုလိပ် မဖွယ်မရာ ပြုလုပ်ခြင်း ခံရသည့် မိသားစု




ပုသိမ် ရေဘေး ကယ်ဆယ်ရေး အလှူ

နေ့စွဲ  .  ၁၈.၈.၂၀၁၂

ဧရာဝတီတိုင်း ဒေသကြီး ၊ ပုသိမ်မြို့နယ် ၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ရေဘေးကယ်ဆယ် ကူညီရေးအဖွဲ့သို့ မြောင်းမြမြို့နယ်မှ (၁၉၉၀ လွှတ်တော်ကိုယ်စားလှယ် ) ဦးဘိုဖြူ ဦးဆောင်သော အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် နှင့် ငွေဆောင်မြို့နယ်ခွဲ  အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်တို့မှ ဆန်နှင့် အလှူငွေများ ပေးအပ်ခြင်း အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ပုသိမ်မြို့နယ် အတွင်းရှိ  ရေဘေးသင့် ဒုက္ခသည်များ အတွက် လှူဒါန်းသော ဆန် (၈၁) အိတ်ကို ပုသိမ်မြို့နယ် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်မှ ဦးညွှန်လှိုင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။

ငွေဆောင်မြို့နယ်ခွဲ  အမျိုးသားဒီမို ကရေစီအဖွဲ့ ချုပ်မှလည်း အလှူငွေ (တစ်သိန်းရှစ်သောင်းကျပ် ) ကိုလှူဒါန်းခဲ့ပါသည်။

ယင်းအခမ်းအနားတွင် အလှူရှင်များကို ပုသိမ်မြို့နယ် ၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် မှ ဒေါက်တာသန်းထိုက်ကကျေးဇူးတင်စကားပြောကြားပြီး ရေဘေးသင့်ပြည်သူများ ကိုယ်စား ပုသိမ်မြို့နယ် ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးမြင့်စိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည် ။                                

သတင်း/ဓာတ်ပုံ - ၀င်းဇော် (ပုသိမ်) 



မန္တလေးတိုင်း ဒေသကြီး သတင်းစာ ဆရာများ အသင်းဥက္ကဌ အသစ်ရွေးချယ်

မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း၊ မန္တလေးတိုင်း ဒေသကြီး အတွက်
ရွေးချယ်တင် မြောက်ခဲ့သော ကိုစန်းယုကျော်က မိမိဆန္ဒ အလျောက်
နုတ်ထွက်သွား သောကြောင့် မန္တလေးတိုင်း ဒေသကြီး သတင်းစာ ဆရာများ
က အလုပ်အမှု ဆောင် အစည်းအဝေးကို သြဂုတ်လ ၁၈ ရက်နေ့၊ နံနက်(၁၀)
နာရီက လမ်း၃၀၊ ၇၂ လမ်းထောင့်ရှိ ယူနီစန် ကဖေးတွင် ကျင်းပပြု လုပ်ခဲ့သည်။

အစည်းအဝေးတွင် လက်ရှိ မန္တလေးတိုင်း ဒေသကြီး သတင်းစာ ဆရာများ
အသင်း၏ အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး လစ်လပ်သွားသော ဥက္ကဌ
နေရာကို လျို့ဝှက် မဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့ကြသည်။

မဲစာရင်းများကို ရေတွက်ခဲ့ရာ တက်ရောက် လာသော ၁၇ဦးထဲမှ ၁၅ဦးက
လျို့ဝှက်မဲပေးခဲ့ရာ ရွေးချယ်ပွဲတွင် သတင်းစာ ဆရာကြီးနတ်မောက်ထွန်းရှိန်က
မဲများကိုရေတွက် ပေးခဲသည်။

ရွေးချယ်ထားသော မဲစာရင်းမှာ ကာတွန်းဆရာ အောင်မော်က (၁)မဲ၊ သတင်းထောက်
မန်းသားလေးက(၁)မဲ ရရှိကာ ဆရာစိုးဘားဒိုင်က ၁၃မဲဖြင့်
ဥက္ကဌရာထူးကိုရွေးချယ်တင်မြောက်ခဲ့ကြသည်။

“ကျွန်တော်တို့က လတ်တလော အလောတကြီးဖွဲ့ရတဲ့ အခြေအနေကြောင့် ဖွဲ့စည်းရာမှာ
မြို့နယ်တွေ မပါနိုင် ပဲဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း အခု မြန်မာနိုင်ငံ သတင်းစာ
ဆရာအသင်း (မန္တလေးတိုင်း ဒေသကြီး) အနေနဲ့ မြို့နယ်တွေ ပါပါဝင်တဲ့ တိုင်းဒေသကြီး
ညီလာခံကို ကျင်းပကာ ရွေးချယ်တင် မြောက်ပွဲကျင်းပဖို့ အစီအစဉ်ရှိပါတယ်” ဟု
ရွေးချယ်ခံရသော ဥက္ကဌ ဆရာစိုးဘားဒိုင်က ပြောကြားသည်။

ဆရာစိုးဘားဒိုင်သည် မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း(မန္တလေးတိုင်းဒေသကြီး)၏
နာယကအဖြစ် မူလဖွဲ့စည်းမှုတွင် နာယက အဖြစ်တင် မြောက်ထားသူဖြစ်သည်။

Myanmar News Now

တရုတ်ဖိအားကြောင့် အာဆီယံစိတ်ဝမ်းကွဲ

ဒေသတွင်းမှာ တရုတ်အစိုးရရဲ့ သြဇာပိုပြီး ကြီးထွားလာ နေတာကြောင့် တောင်တရုတ် ပင်လယ်အတွင်း နယ်မြေ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး အရှေ့တောင် အာရှနိုင်ငံတွေက တစုတစည်း တည်းဖြေရှင်းဖို့ လုပ်ဆောင် နေတာဟာ ပိုပြီးတော့ ရှုပ်ထွေးလာ ခဲ့တယ်လို့ အကဲခတ်တွေက ပြောလိုက်ပါတယ်။

အရှေ့တောင် အာရှနိုင်ငံ ၁၀ နိုင်ငံပါဝင်တဲ့ အာဆီယံ အဖွဲ့ဟာ ပြီးခဲ့တဲ့ တပတ်က ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဒေသတွင်း အစည်း အဝေးမှာ ပူးတွဲကြေငြာချက် ထုတ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါဟာ နှစ်ပေါင်း ၄၅ နှစ်အတွင်း ပထမဆုံးအကြိမ် ပူးတွဲကြေငြာချက် ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိခဲ့တာဖြစ်ပြီး နယ်မြေ အငြင်း ပွားမှုပြဿနာနဲ့ ပတ်သက်ပြီးတော့ သဘောထား တွေကွဲပြားနေတယ် ဆိုတာကို ပြသလိုက်ပါတယ်။

အခုလို အဖွဲ့အတွင်းမှာ မညီမညွတ်ဖြစ်နေတာဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးဖိအားတွေနဲ့ အများစု သက်ဆိုင်နေပါတယ်။ တရုတ်နိုင်ငံဟာ သူတို့နဲ့ ပင်လယ်ရေပိုင်နက် နယ်နိမိတ်အငြင်းပွားနေတဲ့ နိုင်ငံ ၅ နိုင်ငံနဲ့ သာ သီးခြားဆွေးနွေးလိုပြီး အာဆီယံအဖွဲ့တခုလုံးနဲ့ ဆွေးနွေးလိုခြင်းမရှိပါဘူး။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီ ဂါဝါဟာ အရှေ့တောင်အာရှနိုင်ငံတွေကို အရေးပေါ် ခရီးထွက်နေပြီး သူ့အဆိုအရတော့ ဒီခရီးစဉ်ဟာ တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်ပြီး  အာဆီ ယံနိုင်ငံတွေရဲ့ ညီညွတ်မှုကို ပြန်ပြီးတော့ ရရှိဖို့ဖြစ်တယ်လို့ ပြောပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာတော့ သူက  တိုးတက်မှုတချို့ရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

အာသံ-မူစလင် ပဋိပက္ခ တည်ငြိမ်ရေး သမ္မတကြိုးပမ်း

အိန္ဒိယနိုင်ငံမှာ ဘန်ဂလော (Bangalore)၊ ချန်နိုင်း (Chennai)၊ ဟိုက်ဒရာဘက် (Hyderabad) နဲ့ ပူနီး (Pune) စတဲ့ တောင်ပိုင်းမြို့တွေမှာ အလုပ်လာလုပ်နေကြတဲ့ အရှေ့မြောက်ပိုင်းသား အမြောက်အများ ဘေးလွတ်ရာ ထွက်သွားနေကြတဲ့ အခြေအနေကို ၀န်ကြီးချုပ် မန်မိုဟန်ဆင်း (Manmohan Singh) က တည်ငြိမ်အောင် ကြိုးစားနေပါတယ်။

နိုင်ငံ အရှေ့မြောက်ပိုင်းမှာ Bodo မူလ ဒေသခံ တိုင်းရင်းသားတွေနဲ့ မူစလင်တွေကြား လတ်တလော ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးအခြေခံတဲ့ အကြမ်းဖက်မှုတွေကြောင့် လက်ကိုင်ဖုန်း Text Message တွေ၊ အင်တာနက်တွေက တဆင့် မူစလင်တွေက လက်စားခြေ တိုက်ခိုက်မှုတွေ လုပ်လိမ့်မယ်ဆိုတဲ့ ဘယ်သူ ဖြန့်မှန်းမသိတဲ့ သတင်းစကားတွေကြောင့် ခုလို တောင်ပိုင်းမြို့တွေမှာ လာရောက် အခြေချနေထိုင်သူတွေ စိုးရိမ်ပြီး ဘေးကင်းရာကို ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။

ခြိမ်းခြောက်မှုတွေကြောင့် ရာမဒန် (Ramadan) ဥပုသ်လ ကုန်မယ့် ဒီနေ့ စနေနေ့ မတိုင်ခင် နေရပ်ပြန်နိုင်ဖို့ အာသံပြည်နယ်က မီးရထား ဘူတာရုံတွေမှာ လူတွေ ပြည့်ကြပ်နေပါတယ်။ လုံခြုံရေးတွေ တိုးမြင့်ထားပြီး လူတွေကိုလည်း စိတ်အေးအေးထားကြဖို့ ဘန်ဂလော ပြည်နယ် ရဲချုပ်က ပြောကြားခဲ့ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ထိတ်လန့်နေကြတဲ့ အခြေအနေကို ထိန်းဖို့အတွက်လည်း လူ ၅ ယောက်ထက်ပိုပြီး Text Message ပို့တာကို အစိုးရက တားမြစ်ထားပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ပုသိမ်ရေဘေးဒုက္ခသည် နောက်ဆက်တွဲ အခြေအနေ

ဧရာဝတီတိုင်း မြို့တော် ပုသိမ်မြို့မှာ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းပြီး င၀န်မြစ် ရေတက်လို့ ရပ်ကွက် ၁၀ ခု ကျော်မှာ ရေလွှမ်းမိုးနေတဲ့ အတွက် ဒုက္ခသည်ပေါင်း ၂ သောင်းကျော် ကယ်ဆယ်ရေး စခန်းတွေမှာ ခိုလှုံနေကြရတယ်လို့ သိရပါတယ်။

Photo Courtesy of Goldren Pathein Facebook
ဧရာဝတီတိုင်း မြို့တော် ပုသိမ်မှာ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းပြီး ရေလွှမ်းနေပုံကို ၂၀၁၂ ခုနှစ် သြဂုတ်လလယ်ပိုင်းတွင် တွေ့ရစဉ်။
ပုသိမ်မြို့ဝန်းကျင်က ရေဘေး ဒုက္ခသည်တွေကို မိမိတို့ ပါတီက ဖွဲ့စည်းထားတဲ့ ရေဘေး ကယ်ဆယ်ရေး အဖွဲ့နဲ့အတူ ပွင့်လင်း လူ့အဖွဲ့အစည်း၊ မေတ္တာရိပ် ကျန်းမာရေး ကူညီစောင့်ရှောက်မှု အသင်း၊ သဒ္ဒါဖြူ သွေးလှုရှင်အဖွဲ့၊ လင်းရောင်ခြည် ဖောင်ဒေးရှင်း တို့က ပူးပေါင်းပြီး ကူညီထောက်ပံ့ပေးနေတယ်လို့ ပုသိမ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရေဘေးကယ်ဆယ်ရေး အဖွဲ့ဝင် ကိုအောင်တင်ဦးက RFA ကို ပြောပါတယ်။

မိုးပြင်းထန်စွာ ၂ ပတ် နီးပါး ဆက်တိုက်ရွာခဲ့တဲ့အတွက် သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ကူးစက်ရောဂါတွေ ဖြစ်ပွါးနိုင်တဲ့ အလားအလာ ရှိတယ်လို့လည်း သိရပါတယ်။

ရေဘေးကြောင့် ပုသိမ်ခရိုင် အတွင်းက မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းပေါင်း ၄၀၀၀ ကျော်ကို ရက်အကန့်အသတ်မရှိ ပိတ်ထားရတယ်လို့ ဧရာဝတီတိုင်း အစိုးရက သတင်းထုတ်ပြန် ထားပါတယ်။
လယ်ဧက ၂ သိန်း ၂သောင်းကျော် ရေနစ်မြုတ်နေပြီး ရေဘေးကြောင့် ဒုက္ခရောက်နေသူ ၂ သိန်းကျော် ရှိတယ်လို့ သိရပါတယ်။

RFA Burmese

သာသနိက အဆောက်အဦးတွေ အဓမ္မ ဖယ်ရှား၊ ဖမ်းဆီး

ပဲခူးတိုင်း ဥဿာမြို့သစ်အတွင်း အစိုးရပိုင်မြေပေါ်မှာ ဆောက်လုပ်ထားတဲ့ ဘုန်းတော်ကြီးကျောင်းနဲ့ သီလရှင် ကျောင်း (၂၀၀) ကျော်ကို ဖယ်ရှားမယ့် အစီအစဉ်အရ ဒီကနေ့ မနက်ပိုင်းမှာ ကျောင်းတွေကို အဓမ္မ အင်အား သုံးပြီး ဆက်လက်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

AFP
ရန်ကုန်မြို့အတွင် သံဃာတော်များ ဆွမ်းခံကြွနေကြစဉ်။

ကျောင်းတွေအားလုံးကို သီတင်းတစ်ပတ် အတွင်း ဖျက်သိမ်းပေးဖို့ မြို့နယ်အာဏာပိုင်တွေက အခုလ (၅) ရက်နေ့က ညွှန်ကြားခဲ့ပြီးနောက် ၁၆ ရက်နေ့ကစလို့ ဥဿာမြို့သစ် (၈) ရပ်ကွက်က ကျောင်းတွေကို စတင်ဖျက်ဆီးခဲ့တာ ဒီကနေ့အထိ ကျောင်းပေါင်း (၂၀) လောက် ဖျက်ဆီးခံထားရပြီးဖြစ်တယ်လို့ ဆွမ်းဆန်စိမ်းအလှူခံထွက်နေချိန် ကျောင်းဖျက်ဆီးခံလိုက်ရတဲ့ သီလရှင်တစ်ပါးက RFA ကို မိန့်ကြားပါတယ်။
"ဒီနေ့မနက် ၉ နာရီ အကုန်ဖျက်ပေးရမယ်ဆိုပြီးတော့ ပြောသွားတယ်။ လာဖျက်တာက ရပ်ကွက် အုပ်ချုပ်ရေးမှူး ဥက္ကဋ္ဌ ဦးမြတ်ကျော်။ သူတို့ အဖွဲ့တွေ လာဖျက်သွားတာ။ အခုသူတို့ ဖျက်နေပြီပေါ့။ ကျောင်းတွေ အများကြီးပဲ သူတို့ ဖျက်တာ။"
အဲဒီလို အာဏာပိုင်တွေဘက်က အင်အားသုံးပြီး အဓမ္မလာရောက် ဖြိုဖျက်တဲ့အခါမှာ ရဲအချုပ်ကားတွေပါ ခေါ်ဆောင်လာပြီး၊ ဖယ်မပေးလိုသူတွေကို ဖမ်းဆီးထောင်ချတာတွေလည်း မျက်မြင်ကြုံရတယ်လို့ စောစောက မယ်သီလရှင်က ဆက်ပြောပါတယ်။
"ရဲအချုပ်ကားတွေတောင် ပါတယ်။ သူတို့ရဲ့ သြဇာကို ဖီဆန်မယ်ဆိုရင် ဖမ်းမယ်ဆီးမယ် ဆိုတဲ့ အနေအထားတွေပေါ့နော်။ ဖမ်းထားတာတွေလည်း အများကြီးပဲ။ လောလောဆယ်ဆိုရင် ဆရာလေးတို့နားက ဒကာကြီးတွေ ဖမ်းထားတယ်။ ထောင်တလစီ ချလိုက်တယ်ဆိုတဲ့ အသံတွေလည်း ကြားလိုက်တယ်ပေါ့နော်။ တော်တော်ဒုက္ခရောက်နေကြတယ်။ တချို့ ဒကာတွေ သံဃာတွေဆိုလည်း ထွက်ပြေးနေရတယ်။"
အခုလို ပဲခူးတိုင်း ဥဿာမြို့သစ်က သာသနိက အဆောက်အဦးတွေ အဓမ္မဖယ်ရှား ဖျက်ဆီးနေမှုတွေနဲ့ ပတ်သက်လို့ ပဲခူးတိုင်း အစိုးရအဖွဲ့ရုံးကို RFA က ဆက်သွယ်မေးမြန်းရာမှာ ကျူးကျော် နေထိုင်မှုတွေကို ဖယ်ရှားတာဖြစ်ပြီး၊ သာသနာရေး ၀န်ကြီးဌာနကို တင်ပြပြီး ဆောင်ရွက်တာဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ဖြေကြားပါတယ်။
ဥဿာမြို့သစ်အတွင်း အခုလို အဓမ္မဖယ်ရှားခံရတဲ့ ဘုန်းတော်ကြီးကျောင်းနဲ့ သီလရှင် ကျောင်းတွေဟာ အဲဒီနေရာမှာ ဆောက်လုပ်နေထိုင်လာခဲ့တာ (၅) နှစ်ကနေ အနှစ် (၂၀) အကြား သက်တမ်းရှိတယ်လို့ သိရပါတယ်။
အဲဒီနေရာတွေမှာ အစိုးရက နိုင်ငံတကာအဆင့်မီ လေယာဉ်ကွင်းနဲ့ စက်မှုဇုံ စီမံကိန်း အပါအ၀င် မြို့ပြစီမံကိန်းတွေ တည်ဆောက် အကောင်အထည်ဖော်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

RFA Burmese

လယ်သမားအထောက်အကူပြု ကွန်ယက်ဖွဲ့စည်း

ပဲခူးတိုင်း အနောက်ခြမ်း သဲကုန်းမြို့နယ်မှာ လယ်သမားသမဂ္ဂ ပေါ်ပေါက်ရေး ကြိုးပမ်းမှု အဖြစ် ဒေသတွင်း လယ်သမားများ အထောက်အကူပြု ကွန်ယက်တခုကို ဒီနေ့ ဖွဲ့စည်းလိုက်ပါတယ်။

RFA
ဧရာဝတီတိုင်း အတွင်းက စပါးခင်း တခုတွင် စိုက်ပျိုးနေသော လယ်သူမများကို ၂၀၁၁ ခုနှစ် အောက်တိုဘာ လကုန်ပိုင်းတွင် တွေ့ရပုံ။

လယ်ယာမြေ ဖျက်သိမ်းခံရတာ၊ ရေလွှမ်းမိုးမှုကြောင့် လယ်ယာတွေ ရေနစ်မြုပ်တာ၊ စိုက်စရိတ် ချေးငွေတွေ အချိန်မှီ မရတာတွေကို နိုင်ငံတော် အဆင့်ဆင့် အထိ တင်ပြ တောင်းဆိုခဲ့ပေမဲ့ အခုချိန်အထိ တာဝန်ရှိသူတွေက ထိရောက်စွာ အရေးယူပေးတာ မရှိတဲ့အတွက် လယ်သမားများ အထောက်အကူပြု ကွန်ယက်ကို ၂၀၁၂ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့ မှာ ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ်မှာ ဖွဲ့စည်းရတာ ဖြစ်တယ်လို့ ကွန်ယက်အဖွဲ့တာဝန်ခံ လယ်သမား ကိုအုန်းဟန်က RFA ကို ပြောပါတယ်။
ဒီနေ့ပြုလုပ်ခဲ့တဲ့ လယ်သမား အထောက်အကူပြု ကွန်ယက် ဖွဲ့စည်းတဲ့ပွဲကို သဲကုန်းမြို့နယ် အတွင်းမှာ ရှိတဲ့ ကျေးရွာအုပ်စု ၁၃ စုက လယ်သမား အယောက် ၅၀ ကျော် တက်ရောက်ကြပြီး အများစုဆန္ဒနဲ့ ဖွဲ့လိုက်ကြောင်း ပြောပါတယ်။
အဲဒီဒေသမှာ ပုဂ္ဂလိက လုပ်ငန်းရှင်က အာဏာပိုင်နဲ့ ပေါင်းပြီး အင်းတည်ဆောက်ထားတဲ့ အတွက် အဲဒီကနေ လျှံထွက်တဲ့ရေတွေက ဒေသခံတွေရဲ့ လယ်တွေကိုလွှမ်းလို့ စိုက်ပျိုးရေး ထိခိုက်တာ၊ စစ်တပ်က လယ်သိမ်းထားတာတွေ အတွက် မူလလယ်လုပ်ခွင့် ရထားသူတွေက ဒီကိစ္စ ဖြေရှင်းပေးဖို့ ပြီးခဲ့တဲ့ သတင်းပတ်တွေထဲမှာ ဆန္ဒပြ တောင်းဆိုထားပါတယ်။
ဒါပေမယ့် ဆန္ဒပြခေါင်းဆောင်တွေပဲ ခေါ်ယူ သတိပေးခံရပြီး ပြဿနာပြေလည်အောင် မဖြေရှင်းပေးသေးဘူးလို့ သိရပါတယ်။

RFA Burmese

နေပြည်တော် ဒေသခံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အလုပ်အကိုင် ဖန်တီးရေး ဆွေးနွေး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင် ရပ်ကွက်မှာ ဒေသခံ ပြည်သူလူထုနဲ့ တွေ့ဆုံပြီး အလုပ်အကိုင်သစ်တွေ ဖန်တီးပေးဖို့ ပြောကြားခဲ့ပါတယ်။

Photo Courtesy of NLD
၂၀၁၂ ခုနှစ် သြဂုတ်လ (၁၁) ရက်နေ့က နေပြည်တော် ဒက္ခိဏသီရိ မြို့နယ် ရဲဒီရွာ ဒေသခံ ကျေးရွာပြည်သူများနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် သွားရောက် တွေ့ဆုံခဲ့စဉ်။
ဒေသခံတွေ အနေနဲ့ အချင်းချင်း တိုင်ပင်ပြီးမှ ဘယ်လို အလုပ်အကိုင်မျိုး လိုအပ်နေတယ် ဆိုတာ တင်ပြဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
"တယောက်က ဒီလိုဟာလေး လုပ်ရင် ကောင်းမယ်။ တယောက်က ဟိုလိုဟာလေး လုပ်ရင်ကောင်းမယ် ဆိုပြီး တယောက်တမျိုးစီ ဖြစ်နေတဲ့အခါကျတော့ ကျွန်မတို့က ဘယ်ဟာကို ဦးတည်ပြီးတော့ ဘယ်လို အလုပ်အကိုင်မျိုး ဖန်တီးဖို့ ဦးတည်ရမလဲ ဆိုတာ နဲနဲ ဆုံးဖြတ်ဖို့ ခက်ပါတယ်။"
ဒေါ်အောင်ဆန်းစုကြည် နဲ့ နေပြည်တော် ဒေသခံ ပြည်သူတွေရဲ့ ဒီကနေ့ တွေ့ဆုံမှုဟာ တတိယ အကြိမ် ဖြစ်ပါတယ်။ ဒေသခံတွေက အလုပ်အကိုင် ရှားပါးမှု၊ သောက်သုံး မရရှိမှု၊ ဥပဒေနဲ့ မညီညွတ်ဘဲ တရားစွဲဆို ခံနေရမှုတွေကို တင်ပြခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း အစိုးရကိုချည်း အားမကိုးဖို့ ပြည်သူတွေကလည်း ကိုယ့်တာဝန် ကိုယ်ယူဖို့၊ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံရဲ့ ဒီမိုကရေစီ အလေ့အကျင့်နဲ့ ပတ်သက်လို့ ညှိနှိုင်း အဖြေရှာတဲ့ အလေ့အကျင့် ယဉ်ကျေးမှု ထွန်းကားအောင် ဆောင်ရွက်ဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။
နေပြည်တော် ဇဗ္မူသီရိနယ်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း ကတော့ လူထုအကြား ပြဿနာတွေကို ဖြေရှင်းရာမှာ နေပြည်တော်ရှိ ဒေသခံအာဏာပိုင်တွေ ကလည်း လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုတယ်လို့ ပြောပါတယ်။
"ကျွန်မတို့ ဖြစ်နေတာက နေပြည်တော်မှာဆိုရင် ဒေသအာဏာပိုင်တွေက ကျွန်မတို့ကိုဒီလိုမျိုး ပူးပေါင်းဆောင်ရွက်ခွင့် မပြုပါဘူး။ အဲဒီလိုပဲ ကျွန်မတို့ ဖိတ်တဲ့ ပွဲတွေဆိုလည်း သူတို့ တက်လေ့ မရှိဘူး။ အဲဒီလိုပဲ ကျွန်မတို့ကို ဆိုရင် နေပြည်တော်ကောင်စီက ဖိတ်တာက အာဇာနည်နေ့ အခမ်းအနားမှာ ဖိတ်တာ တခါပဲ ရှိခဲ့တယ်။ ကျွန်မတို့ လွှတ်တော် ကိုယ်စားလှယ်များ အနေနဲ့လည်း ဒီနေပြည်တော် အာဏာပိုင်များနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်ခွင့်လည်း မရခဲ့ပါဘူး။ လုပ်ခွင့်လည်း သူတို့ မပေးခဲ့ပါဘူး။"

RFA Burmese

ဧရာဝတီတိုင်း အတွင်းရှိ ဘုရားနီ ရွာလုံးကျွတ် ရေကြီးနစ်မြုပ်

 ဧရာဝတီ တိုင်း သာပေါင်းမြို့နယ် ဘုရားနီ ကျေးရွာတွင် ယခုလ ၈ ရက်နေ့ တည်းက ရွာလုံးကျွတ် ရေကြီးနစ် မြုပ်လျက်ရှိပြီး ဒေသခံများမှာ ကုန်းမြင့် ဒေသများရှိ ဘုန်းတော် ကြီးကျောင်း၊ ကားလမ်း နဘေးနှင့် ရထားလမ်း တာဘောင်များသို့ ပြောင်းရွှေ့ကာ ယာယီစခန်း များထိုး၍ နေထိုင်နေ ကြရသည်။

အိမ်ခြေ ၃၂၆ လုံး၊ လူဦးရေ ၁၄၆၆ ယောက်တို့သည် ပုသိမ်- ကြံခင်း ရထားလမ်း၊ ကျေးရွာဆေးပေးခန်းနှင့် ကုန်းမြင့်နေရာဖြစ်သည့် ဒေသအခေါ် ဘက်ဖိုးတာဘောင် တို့တွင် ကိုယ်ထူကိုယ်ထ စခန်း လေးခုဆောက်လုပ်၍ နေထိုင်နေကြရသည်။

ယင်းအပြင် ကုန်းမြင့်ဒေသများရှိ နီးစပ်ရာ ကျေးရွာများဖြစ်သည့် သပြေကျွန်းရွာ၊ ဒါးကရွာ၊ မန္တလေးကုန်းရွာများရှိ ဆွေမျိုးများထံသို့လည်း ရွှေ့ပြောင်းနေထိုင် နေကြရသည်။

"သူပြောင်းချင်တဲ့နေရာ ပြောင်း၊ ကိုယ်ပြောင်းချင်တဲ့နေရာကို ပြောင်းပေါ့။ ကားလမ်းဘေး ရေလွတ်ရာမှာလည်း တဲလေးတွေ ထိုးပြီးတော့ နေကြရပါတယ်။ သူတို့ကလည်း နေလို့ရသလောက် ကပ်နေကြတယ်။ အခု ပြောင်းတာက မလွဲသာလို့ ပြောင်းရတာ။ အဲဒီအခြေအနေကျမှ ပြောင်းကြတာ။" ဟု ဘုရားနီး ကျေးရွာ စာရေးဖြစ်သူ ဦးမြစိုးက မဇ္ဈိမကို ပြောသည်။

မြေပြင်မှ အိမ်ခေါင်မိုးအထိ ပေ ၂၀ အမြင့်ရှိသည့် အိမ်များမှာ အိမ်ခေါင်မိုးသာ မြင်ရတော့ပြီး ယခု ရေကြီးမှုသည် ရှစ်နှစ်အတွင်း အကြီးမားဆုံးရေကြီးမှုဖြစ်သည်ဟုလည်း ရွာလူကြီးတဦးဖြစ်သူ အသက် ၅၅ နှစ်အရွယ် ဦးမောင်မြင့်က ပြောသည်။

"ဒီလိုမျိုးကြီးတဲ့ရေ ၂၀၀၄ ခုနှစ်ပဲ ကြုံဖူးပါတယ်။ အဲဒီတုန်းက ဒီထက် နည်းနည်းပိုတယ်  အဲဒီတုန်းကလည်း အခုလိုပဲ နေခဲ့ရပါတယ်။" ဟု ဘုန်းတော်ကြီးကျောင်း ယာယီတည်းခိုစခန်းတွင် ရောက်ရှိနေသူ ဦးမြစိုးက ပြောသည်။

ဒေသခံများမှာ လုံလောက်သည့် အကူအညီမရဘဲဖြစ်နေပြီး စားစရာ ဆန် အခက်အခဲဖြစ်နေသည်။ ဘုန်းတော်ကြီး လေးပါးကျောင်းထိုင်သည့် ထိုရွာတွင် ဘုန်းကြီးများအတွက် ဆွမ်းအခက်အခဲပင် ဖြစ်ခဲ့သည်ဟု ဦးမြစိုးက ပြောသည်။

"အဲဒီလိုဖြစ်နေတော့ အင်္ဂလိပ်လို ၆ ရက်နေ့က ဘုန်းကြီးတွေ ဆန်ပြုတ်ပြုတ်သောက်ရတဲ့ အနေအထားမျိုး
ရောက်ခဲ့တယ်။" ဟု ဦးမြစိုးက မဇ္ဈိမကို ပြောသည်။

အကူအညီများကို ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ယခုလ ၉ ရက်နေ့နှင့် ၁၂ ရက်နေ့များတွင် ဘုန်းတော်ကြီး
ကျောင်းနှင့် ယာယီဆေးပေးခန်းရှိ အိမ်ထောင်စု ၁၅၈ စုအတွက် ဆန်တပြည်စီနှင့် ယမ်ယမ် ခေါက်ဆွဲခြောက် နှစ်ထုပ်စီသာ ပံ့ပိုးပေးနိုင်ခဲ့သည်။ သာပေါင်းမြို့နယ်တရားသူကြီး ဒေါ်စမ်းစမ်းဝင်းမှလည်း ယခုလ ၁၆ ရက်နေ့တွင် အိမ်ထောင်စု ၈၆ စုအတွက် ဆန်တပြည်ကျစီ ပံ့ပိုးပေးခဲ့သည်။

ဒေသခံများအတွက် စားစရာ ဆန်အခက်အခဲအပြင် ချက်ပြုတ်ရာတွင် သုံးသည့် ထင်းမှာလည်း ရေကြီးနေခြင်းကြောင့် ရှားပါးနေသည့် ပြဿနာ ရှိနေသည်ဟု ရွာလူကြီးဖြစ်သူ ဦးမောင်မြင့်က ပြောသည်။

"အခုကတော့ အိမ်က ဝါးတွေချိုးပြီး မီးကင် ကြပ်တိုက်ပြီးတော့ အခြောက်ခံပြီး ချက်ရပါတယ်။ ညက ၁၁ နာရီလောက်မှ ချက်စားရတဲ့လူတွေလည်း ရှိပါတယ်။ အဲဒါ ဘာဖြစ်လို့လဲဆိုတော့ ထင်းမရှိလို့။" ဟု မဇ္ဈိမကိုပြောသည်။

သာပေါင်းမြို့နယ်အတွင်းရှိ နွယ်နီချောင်း၊ အုတ်ရှစ်၊ လင်းတကျ၊ အလယ်ကျွန်း၊ လှေကြီးပျက်၊ ကြက်သွန်ကွင်း၊ သမင်ကုန်း၊ စစ်ပင်ကြီး၊ ကညင်ပင်၊ မကျည်းကုန်း၊ ရေလဲကြီး၊ သပြေကျွန်း၊ တကူပုံ စသည့်ရွာပေါင်း ၄၀ ကျော်သည်လည်း ယခုလ ၈ ရက်နေ့ကတည်းက ရေကြီးနစ်မြုပ်လျက်ရှိသည်။

ဧရာဝတီတိုင်းအတွင်း ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ပန်းတနော်၊ ပုသိမ်မြို့နယ်များတွင်လည်း
ရေကြီးမှုများ ဖြစ်ပေါ်လျက်ရှိသည်။

မျိုးသန့်
သာပေါင်း (မဇ္ဈိမ)


ဧရာဝတီတိုင်း သာပေါင်းမြို့နယ်ရှိ ဘုရားနီကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ပရဝဏ်အတွင်း သြဂုတ်လ ၁၇ ရက်နေ့က ရေကြီးလျက်ရှိသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - မျိုးသန့် - မဇ္ဈိမ)

မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂအမြုတေစာနယ်ဇင်းကောင်စီဖွဲ့စည်းခြင်းအားကန့်ကွက်

ရန်ကုန် သြဂုတ်လ ၁၈

မြန်မာနိုင်ငံအမြုတေ စာနယ်ဇင်းကောင်စီဖွဲ့စည်းခြင်းအား မြန်မာနိုင်ငံစာရေးဆရာများ သမဂ္ဂမှကန့်ကွက်ကြောင်း အဆိုကို သြဂုတ်လ ၁၈ရက်နေ့ နေ့လည် ၁နာရီတွင်
Home Media ၌ ကျင်းပပြုလုပ်ခဲ့သည်။
ယင်းကဲ့သို့ ကန့်ကွက်ကြောင်း အဆိုကို အချက်၃ချက်ဖြင့် ရှင်းလင်းခဲ့ သည်။မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီသည် အစိုးရမှ ဖွဲ့ စည်းပေး ထားသဖြင့် လွတ်လပ်သော အဖွဲ့ အစည်း မဟုတ်ဘဲ စာနယ်ဇင်း လောကကို ကိုယ်စားပြုခြင်းမဟုတ်ကြောင်း အစိုးရနှင့် မပတ်သတ်ဘဲလွတ်လပ်သော အသင်းဖွဲ့များ ရှိခြင်းကြောင့် ထိုအမြုတေ စာနယ်ဇင်းကောင်စီ အားကန့် ကွက်ကြောင်းနှင့် ယင်းကောင်စီ သည်အစိုးရ ကို ကိုယ်စားပြုသောကြောင့် လွတ်လပ်သော စာပေလောကကို အကျိုးပြုသော အဖွဲ့စည်း မဟုတ်ကြောင်းဆွေးနွေးခဲ့ကြသည်။

၎င်းအဆို ၃ ရပ်အား ဆရာနေ၀င်းစံ ၊ ဆရာထွန်းဝင်းငြိမ်း နှင့် ဆရာငြိမ်းသစ်တို့က အဆိုပြု ကန့်ကွက်ခဲ့ပြီး ၊ ဆရာကြည်နိုင် ၊ဆရာညီငယ်လေး ဆရာလင်းထင်နှင့် ဆရာမသက်ဝေနှင်း တို့က ထောက်ခံဆွေးနွေးခဲ့ကြသည်။

Popular Myanmar News Journal

၈၄ လမ်းတွင် အဝေးပြေးခရီးသည်တင်ယာဉ်များ သြဂုတ် ၂၁ မှစ၍ ဖြတ်သန်းခွင့်မပြု

မန္တလေးမြို့တွင်း အဓိကကျသည့် လမ်းမကြီးတစ်ခုဖြစ်သော ၈၄ လမ်းတွင် ယာဉ်ကြောပိတ်ဆို့မှု များအဖြစ် များလာသည့်အတွက် သြဂုတ် ၂၁ ရက်မှစ၍ အဝေးပြေး ခရီးသည် တင်အဝေ
းပြေးယာဉ်များ ဖြတ် သန်းခွင့်မပြုတော့ကြောင်း သ တင်းရရှိသည်။
ယင်း ၈၄ လမ်းကို အသုံးပြု သည့် အဝေးပြေး ခရီးသည်တင် ယာဉ်များမှာ မန္တလေးမြို့ အောင်မြေသာစံမြို့ နယ် သီရိမန္တလာ ယာဉ်ရပ်နား စခန်းအတွင်းရှိကြသော ယာဉ်အသင်းများအနက် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းနှင့် ချင်းပြည် နယ်ဒေသများသို့ ထွက်ခွာကြ သော ယာဉ်များဖြစ်ပြီး သြဂုတ် ၂၁ ရက် နံနက် ၃ နာရီမှ စတင် ကာ ၈၄ လမ်းမအစား ၈၆ လမ်း ကို ပြောင်းလဲပြေးဆွဲရမည်ဖြစ်သည်။ အမရပူရမြို့အ၀င်တွင်မူ ပုံမှန်အတိုင်း ပြေးဆွဲရမည်ဖြစ် သည်ဟု မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီက မန္တ လေးထုတ် နေ့စဉ်သတင်းစာတွင် အသိပေးခဲ့သည်။
၈၄ လမ်းသည် မန္တလေးမြို့ မှ အမရပူရနှင့် စစ်ကိုင်းမြို့များ သို့ သွားရောက်ရာတွင်လည်း ကောင်း၊ မန္တလေးမြို့၏ အထင် ကရနေရာများဖြစ်သော မဟာမုနိ ဘုရားကြီး၊ ဈေးချိုအစရှိသည့် နေ ရာများကို သွားရောက်ရာတွင် လည်းကောင်း အဓိကအသုံးပြု သည့် လမ်းမကြီးဖြစ်သည်။ မန္တလေးမြို့တွင်းတွင် ပြေးဆွဲနေ သော ယာဉ်လိုင်းတစ်ခုမှ ယာဉ် မောင်းတစ်ဦးက ''ယာဉ်ကြောပိတ် ဆို့တာတွေက ကားတွေကြောင့်ချည်းပဲ ပြောလို့မရပါဘူး။ မြို့ပေါ် မှာ ဖွင့်ထားတဲ့ ဖုန်းဆိုင်တွေ အီလက်ထရွန်းနစ်အရောင်းဆိုင်တွေရှေ့မှာ ကားတွေဆိုင်ကယ်တွေ အချိန်အကြာကြီး ရပ်ထားလို့ အ မြဲလမ်းပိတ်တာလည်း ပါပါတယ်။ ဒါတွေကိုလည်း ကြပ်မတ်သင့်ပါ တယ်" ဟု သူ၏အမြင်ကိုပြော သည်။ အထက်ပါ အသိပေးချက်ကို လိုက်နာမှုမရှိပါက စည်ပင်သာယာဥပဒေများနှင့်အညီ ထိထိ ရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း သတင်းရရှိသည်။

7Day News Journal

ပုသိမ်ခရိုင်တွင် ရေဘေးဒုက္ခသည်သုံးသောင်းကျော်ရှိ

-ရေဘေးဒုက္ခသည် ၁၂,၀၀၀ ကျော်ရှိသော သာပေါင်း မြို့နယ်မှာ အဆိုးဆုံး ဖြစ်ပြီး အကူအညီများ လိုအပ်နေ-

ပုသိမ်၊ သြဂုတ် - ၁၈

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ် ခရိုင်တွင် ရေကြီး ရေလျှံမှုများ ဖြစ်ပွားနေသည်မှာ နှစ်
ပတ်ကျော် ကြာမြင့်လာ ပြီဖြစ်ပြီး ယာယီ ကယ်ဆယ် ရေးစခန်းများရှိ ရေဘေးဒုက္ခသည် သုံးသောင်း ကျော်အတွက် ကူညီ ထောက်ပံ့မှုများ လိုအပ်နေ ဆဲဖြစ်ကြောင်း ခရိုင်ကြီးကြပ် ရေးကော် မတီမှ သတင်းရရှိသည်။

မိုးအဆက်မပြတ် ရွာသွန်းမှု၊ င၀န်မြစ်ရေကြီးမှုနှင့် ဒီရေတိုးမှု တို့ကြောင့် ပုသိမ်ခရိုင်ရှိ ပုသိမ်၊ သာပေါင်း၊ ကန်ကြီးထောင့်၊ ရေ ကြည်၊ ကျုံပျော်နှင့် ကျောင်းကုန်း မြို့နယ်များတွင် ရေလွှမ်းမိုးသည်မှာ ရက်ပေါင်း ၁၅ရက်ကြာမြင့်လာပြီဖြစ်သည်။

“ဒီထက် ရက်ကြာလာရင် တော်တော်ခက်ခဲသွားမှာပါ။ အခု တောင် ပြင်ပအလှူရှင်တွေရှိနေ လို့ပါ။ ရေကြီးတာက ရက်ကြာ လာတော့ သက်ရောက်မှုကကြီး နေတယ်။ ထိခိုက်တဲ့သူတွေက ပျံကျတွေနဲ့ တောင်သူလယ်သမား တွေပါနေတယ်။ အခု အဓိက လိုအပ်နေတာကတော့ ဆန်၊ ဆီ၊ ဆားတွေဖြစ်ပါတယ်”ဟု ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများဆောင် ရွက်နေသည့် တိုင်းဒေသကြီး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဌာန၀န်ကြီးဦးစိုးမြင့်ကပြောသည်။

လက်ရှိအချိန်တွင် တိုင်းဒေ သကြီးအစိုးရ၊ ပြင်ပအလှူရှင်များ နှင့် ဘုန်းတော်ကြီးများက ရေ ဘေးဒုက္ခ ကြုံတွေ့နေရသူများအ တွက် ဆန်နှင့် ထမင်းထုပ်များကို ဦးစားပေးဝေငှလျက်ရှိသော်လည်း ရေလွှမ်းမိုးမှုကာလ ကြာမြင့်လာ သည်နှင့်အမျှ ကူညီပံ့ပိုးမှုများ ပိုမို လိုအပ်လာကြောင်း ၎င်းကဆို သည်။

ပုသိမ်ခရိုင်တွင် ရေဘေးကူ ညီရေးလုပ်ငန်းများအတွက် ယာ ယီကယ်ဆယ်ရေးစခန်း ၂၀၇ ခု ဖွင့်လှစ်ထားပြီး ရပ်ကွက်၊ ကျေး ရွာပေါင်း ၇၂၇ ခုသည် ရေလွှမ်း မိုးမှုခံနေရသည်။သာပေါင်းမြို့နယ်သည် ရေ လွှမ်းမိုးမှုဒဏ်ကို အဆိုးရွားဆုံး ခံစားနေရပြီး ကယ်ဆယ်ရေးစခန်း ၆၀ ခု၌ ဒုက္ခသည်ပေါင်း ၁၂,၀၀၀ ကျော် နေထိုင်နေရကာ အကူအ ညီများလိုအပ်နေသည်။

“လောလောဆယ် ရေဘေး ဒုက္ခသည်တွေရဲ့ နေထိုင်၊ စား သောက်ရေးတွေကို တာဝန်ယူ ထားတယ်။ အလှူရှင်တွေက လည်း စေတနာအလျောက် လာ ကူညီကြပါတယ်။ လိုအပ်ချက်က တော့ စားဖို့ရရင် အဆင်ပြေပါ တယ်။ အခုက ပုသိမ်ခရိုင်မှာ ငပု တောမြို့နယ်ပဲ ကျန်တယ်။ ကျန် တဲ့မြို့နယ်တွေ ရေ၀င်နေတဲ့အ တွက် တိုင်းဒေသကြီးထဲမှာ ပုသိမ် ခရိုင်က ရေဘေးဒဏ်ကို ပိုခံစား နေရတယ်”ဟု ကူညီကယ်ဆယ် ရေးဆောင်ရွက်နေသည့် ခရိုင်ကြီး ကြပ်ရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

7Day News Journal

ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

ပုသိမ်မြို့ရေဘေး ဒုက္ခသည်များ အတွက် အလှူခံမည်

ပုသိမ်ခရိုင် အတွင်း ရေကြီးမှုကြောင့် အိမ်မှစွန့်ခွာပြီး ရေလွတ်ရာသို့ ပြောင်းကြ ရွှေ့ကြသူများကို တွေ့ရစဉ် (စကားဝါ လမ်းမကြီး- သြဂုတ်လ ၁၇ ရက်- ၂၀၁၂)
ရန်ကုန် သြဂုတ် ၁၈

ပုသိမ်မြို့ ရေဘေး ဒုက္ခသည်များ အတွက် အလှူငွေ ကောက်ခံခြင်းများကို ယခုလ ၁၈ ရက်နေ့မှ စတင်ကာ စက်တင်ဘာ သုံးရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း Online Volenteers Diseaster Recover for Myanmar (OVDR4 MM) ၏ အဖွဲ့ဝင် ဦးဇေယျာကျော်က ပြောကြားသည်။

ယခုကဲ့သို့ အလှူငွေ ကောက်ခံခြင်းများ ပြုလုပ်ရာတွင် ၁၈ ရက်နေ့တွင် ကမာရွတ် လှည်းတန်းရှိ BISOU ကော်ဖီဆိုင်တွင် လည်းကောင်း၊၁၉ ရက်နေ့တွင် မြေနီကုန်းရှိ J'Donut ဆိုင်တွင် လည်းကောင်း၊ ညနေ သုံးနာရီမှ ခြောက်နာရီအထိ ကောက်ခံသွားမည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။

ပုသိမ်မြို့ အစွန်အဖျားရှိ ရေဘေး ဒုက္ခသင့် ကျေးရွာများကို အဓိကထား လှူဒါန်းသွားမည့် ဖြစ်ကြောင်း ၄င်းက ထပ်မံပြောကြားသည်။

လက်ရှိ ကောက်ခံ ရရှိထားသော အလှူငွေများမှာ ကိုရီယား ဝမ်နှစ်သိန်း ကျော်၊ စင်ကာပူ ဒေါ်လာ လေးရာ ရရှိထားကြောင်း ယင်းအသင်း၏ အလှူငွေ ကောက်ခံ ရရှိရေး အဖွဲ့ဝင် ဦးသံလွင်ထံမှ သိရသည်။

(OVDR4 MM)သည် ပခုက္ကူမြို့ရေကြီးပြီး နောက်တွင် အွန်လိုင်းပေါ်ရှိ လူငယ်များ စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပခုက္ကူ ရေဘေး အလှူ၊ ကချင် စစ်ဘေး ဒုက္ခသည်များ၊ လှိုင်သာယာမြို့ အလယ်ရွာ မီးဘေးသင့် ပြည်သူများ၊ စက်ဆန်း မီးဘေးသင့် ပြည်သူများနှင့်  ယခု နောက်ဆုံး ရခိုင်ဒေသရှိ အိုးအိမ်မဲ့များအတွက် ဦးကျော်သူ ဦးဆောင်သည့် နာရေး ကူညီမှု အသင်းမှ တဆင့် ကျပ် ၃၉ သိန်းကျော် ပေးလှူခဲ့ကြောင်း ၄င်းက ဆိုသည်။

The Voice Weekly

ကြို့ကုန်း ဖိနပ်စက်ရုံ ဆိုင်ခန်းပိုင်ရှင်များ ဆန္ဒ ဖော်ထုတ်မည်

ရန်ကုန်၊ သြဂုတ် ၁၈

ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ အင်းစိန်လမ်းမကြီး၊ အမှတ်(၁) ဖိနပ်စက်ရုံရှိ ဆိုင်ခန်းများအား သြဂုတ်လ(၂၁)ရက် နောက်ဆုံးထားပြီး ဖယ်ရှား ထွက်ခွာ သွားရန် တောင်းဆိုမှုကြောင့် နစ်နာသူ အငှားဆိုင်ခန်း ပိုင်ရှင် ၁၇ ဦးက ဆန္ဒ ဖော်ထုတ်မည် ဖြစ်ကြောင်း ဆိုင်ခန်းပိုင်ရှင် တစ်ဦးဖြစ်သူ ဦးလှရွှေက ပြောကြားသည်။

စက်မှုဝန်ကြီး ဌာန၊စက္ကူနှင့် အိမ်သုံးပစ္စည်း လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ကိုယ်စား ညွှန်ကြားရေးမှူး ဦးဟန်တင်က အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ၄င်းကရှင်းပြသည်။

အဆိုပါ ဆိုင်ခန်းများကို ကျပ်သိန်း(၂၅) သိန်း ၀န်းကျင်ဖြင့် ၀ယ်ယူခဲ့ရပြီး နောက်ပိုင်းတွင် အငှားနေထိုင်သူ ပြေစာများဖြင့်သာ ထွက်ရှိခဲ့ကြောင်း၊ ဆိုင်ခန်း ငှားရမ်းခကို တစ်လ လျှင် ကျပ် (၄၈၀၀၀) နှုန်းဖြင့် ပေးချေရကြောင်း ဆိုင်ခန်းပိုင်ရှင် တစ်ဦးဖြစ်သူ ဒေါ်မိုးမိုးအေး ကပြောကြားသည်။

ယခုအခါ ယင်းဆိုင်ခန်း မြေနေရာကို လုပ်ငန်းရှင် တစ်ဦးထံ လွှဲပြောင်း ရောင်းချ လိုသဖြင့် မူလက အဆောက်အဦ ဆောက်လုပ်ပြီး ငှားရမ်းခ ငွေများ စဉ်ဆက်မပြတ် ၀န်ကြီးဌာနသို့ ပေးသွင်းခဲ့သော နစ်နာသူ ဆိုင်ခန်း ပိုင်ရှင်တို့အား နစ်နာကြေး တစ်စုံတစ်ရာ ပေးခဲ့ခြင်း မပြုဘဲ နှင်ထုတ် ခဲ့ခြင်းဖြစ်သည်။

The Voice Weekly

ရှမ်းပြည်တောင်ပိုင်း အင်တာနက်ဆိုင်များ WIFI မလွှင့်ရန် ညွှန်ကြား

ရန်ကုန်၊ သြဂုတ် ၁၈

ရှမ်းပြည်နယ် တောင်ပိုင်းတွင် အင်တာနက်ဆိုင်များ အနေဖြင့် Wifi မလွှင့်ရန် ဒေသခံရဲစခန်းများက ခေါ်ယူ ပြောဆိုထားကြောင်း နမ့်စန် မြို့ရှိ အင်တာနက် ဆိုင်ပိုင်ရှင် ဒေါ်မီးမီးက The Voice Weekly သို့ ပြောကြားသည်။

ဒီဘက်မှာ အိမ်တွေကလဲ ကိုယ်ပိုင် စကိုင်းနက်တွေ ၀ယ်ပီး အဲလိုပဲ လွှင့်သုံးကြတယ်။ စကိုင်းနက်ပဲ မိတာလေ။ ဆိုင်တွေကိုတော့ Wifi မပေးရဘူး။ အိမ်တွေ ပေးတာတော့ ဘာမှမပြောဘူး ဆိုတော့ မတရားဘူးလေ ဟု နမ့်စန် တွင် အင်တာနက်ဆိုင် ဖွင့်ထားသူ ၄င်းက ရှင်းပြသည်။

ရဲစခန်းက စာရောက်လို့ ခေါ်ပြောတာလို့ ပဲပြောတယ် ။ ဘယ်သူ ပိတ်ခိုင်းတာကို မပြောဖူး။အိမ်တွေကတော့ လိုင်းဖြန့်သုံးလို့ ရပြီး ဆိုင်က မပေးရဘူး ဆိုတာ မဖြစ်ရဘူးလေ။ အမတို့လည်း ၀ယ်ထားတာ။ သူတို့ နဲ့ တန်းတူ အခွင့်အရေး ရရ မှာပေါ့ ဟု ရဲစခန်းက ပြန်ရောက်လာသူ နမ့်စန် မှ အင်တာနက် ဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။

Sky net ရုံးချုပ်ကပြောတယ်..သူတို့ကတော့ တရားဝင် Wifi လွှင့်ခွင့် မပေးထားဘူး။ အိမ်သုံး သမားရော ဆိုင်သုံးသမား ရော တူတူပဲတဲ့ ဟု ရန်ကုန်ရုံးချုပ်ကို ဖုန်းဆက် မေးမြန်းခဲ့သူ မမီးမီးက The Voice Weekly သို့ ရှင်းပြသည်။

အဆိုပါကိစ္စ နှင့် ပတ်သက်၍ သြဂုတ်လ ၁၈ရက်နေ့ နံနက် ၁၁နာရီတွင် Skynet ရုံးသို့ တယ်လီဖုန်း ဖြင့် ဆက်သွယ် မေးမြန်းရာ တယ်လီဖုန်းဖြင့် ပြန်လည် ဆက်သွယ်ပါမည်ဟုသာ ဖြေကြားသည်။

The Voice Weekly

မြေးအဘိုးနှစ်ဦး အရက်အတူသောက်ရာမှ အဘိုးအသတ်ခံရ

ရန်ကုန်၊ သြဂုတ် ၁၇

ကြည့်မြင်တိုင်မြို့နယ် ဘောဂ ရပ်ကွက်တွင် သြဂုတ်လ ၁၆ ရက်နေ့ ညနေပိုင်းက မြေးအဘိုးနှစ်ဦး အရက်
အတူသောက်ရာ စကားများ ထိုးကြိတ်ရာမှ အဘိုးဖြစ်သူ သေဆုံးသွားကြောင်း ယင်း ရပ်ကွက်အတွင်း နေထိုင်သူများထံမှ စုံစမ်း သိရှိရသည်။

ယင်းနေ့ ညနေ ၆ နာရီဝန်းကျင်က တော်ဝင်လမ်း အိမ်အမှတ် ၅၆ တွင် နေထိုင်သည့် မြေးအဘိုးနှစ်ဦး အရက်အတူ သောက်သုံးရာမှ စကားများရ
န်ဖြစ်ကာ အဘွား၏ ဒုတိယခင်ပွန်းတော်သူ အဘိုး
ဖြစ်သူ အသက် ၄၆ နှစ်အရွယ်ရှိ ဦးတင်မြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ယင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကိုကိုနိုင်က The Voice Weekly သို့ပြောကြားသည်။

အသက် ၂၄ နှစ်အရွယ်ရှိ မြေးဖြစ်သူ ဦးသီဟမြတ်မှာ ၎င်းအဘွား၏ ဒုတိယ ခင်ပွန်းသေဆုံးသူ ဦးတင်မြင့်နှင့်
ရန်ငြိုးရှိ၍မဟုတ်ဘဲ ထိုးကြိတ်မိရာမှ လက်လွန်သွားခြင်းဖြစ်သည်ဟု ယူဆ ရပြီး အခင်းဖြစ်ပွားချိန်တွင် ၎င်းတို့ နှစ်ဦးသာ နေအိမ်တွင် ရှိကြောင်း ဦးကိုကိုနိုင်က ပြောဆိုသည်။

ရပ်ကွက်ကသိသည့်အချိန်မှာ ည ၉ နာရီကျော်မှဖြစ်ပြီး နယ်မြေခံရဲတပ်ဖွဲ့များနှင့် သွားရောက် ကြည့်ရှု စစ်ဆေးရာ သေဆုံးသူမှာ လဲလျောင်းလျက် ပုံသဏ္ဌာန် မပျက်ရှိသော်လည်း မျက်နှာနှင့် ပါးစပ်
ဝန်းကျင်တွင် ညိုမည်းဒဏ်ရာရနေသည်ကို တွေ့ရကြောင်း သွားရောက်ကြည့်ရှုခဲ့သူ ဘောဂရပ်ကွက်၌ နေထိုင်သည့် ဦးညွန့်ဝင်းက ၎င်းတွေ့မြင်ခဲ့ရပုံကိုရှင်းပြသည်။

လူသတ်မှုကျူးလွန်သည်ဟု ယူဆရသူ ဦးသီဟမြတ်ကို သြဂုတ်လ ၁၇ ရက်နေ့ နံနက် ၂ နာရီခန့်တွင် ဘုရင့်နောင် ဈေးအနီး၌ ခရီးသည်တင်ယာဉ်ပေါ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ အသိပေးချက်ကို အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

ယင်းအမှုကို ကြည့်မြင်တိုင် ရဲ တပ်ဖွဲ့စခန်းက ပ-၅၂၇ - ၂၀၁၂ ပုဒ်မ ၃၀၂ ဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

အမှုနှင့်ပတ်သက်၍ The Voice Weekly က ကြည့်မြင်တိုင်မြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ ဆက်သွယ်မေးမြန်းရာ
ဖြေဆိုခွင့်မရှိကြောင်း ပြန်လည်ဖြေကြားသည်။

The Voice Weekly

မန္တလေးမြို့ရှိ ကျူးကျော်မြေများကို အင်အားသုံး ဖယ်ရှားရန် မြို့တော်ဝန်ထံ စာတင်

မန္တလေး၊ သြဂုတ် ၁၇

မြန်မာနိုင်ငံအလယ်ပိုင်းရှိ မြေလွတ် မြေရိုင်းများ ပေါကြယ်ဝသည့် မန္တလေးတိုင်း ဒေသကြီးရှိ မြို့နယ် သုံးမြို့နယ်တွင် တရားမ၀င် ရယူထားသော မြေကွက် သုံးထောင်ကျော် ပေါ်၌ ဆောက်လုပ်နေ ထိုင်သည့် ကျူးကျော် နေထိုင်သူများကို ဖယ်ရှားရန် မန္တလေးမြို့ မြို့တော်ဝန်ထံ သို့ စီမံချက် တင်ထားသည်ဟု မန္တလေး မြို့တော် စည်ပင်သာယာရေး
ကော်မတီ (MCDC) ဌာနမှူးများ ထံမှ စုံစမ်း သိရှိရသည်။

ယင်းသို့ ဖယ်ရှားရာတွင် ဌာနစုံ ၀န်ထမ်း အင်အား ၆၀၀ ခန့်ဖြင့် စက် ယန္တရားများ အသုံးပြု၍ ဖယ်ရှားမည် ဖြစ်ဖြစ်ကြောင်း ယင်းဌာနမှူးများ ထံမှ သိရသည်။အဆိုပါ ဖယ်ရှားမည့် မြို့နယ် သုံးမြို့နယ်မှာ (MCDC) နယ်နိမိတ် တွင်ပါရှိသော ချမ်းမြသာစည်၊ ပြည်ကြီး တံခွန်နှင့် အမရပူရမြို့နယ် တို့ဖြစ်ကြောင်း ၎င်းတို့ထံမှ စုံစမ်း သိရှိရသည်။

ချမ်းမြသာစည် မြို့နယ်ရှိ အောင်သာယာ ရပ်ကွက်နှင့် မြရည်နန္ဒာ ရပ်ကွက်ရှိ ကျူးကျော်တဲ ၄၅၄ လုံး၊ တရားမ၀င် ရယူထားသည့် မြေကွက် ၁၂၄ ကွက်နှင့် ပြည်ကြီးတံခွန် မြို့နယ် ကံကြီးကုန်း၊ ဇီးအုပ်၊ ရွာသစ်ကလေး ကျောင်းရှိ ကျူးကျော်တဲ ၅၅၄ လုံးနှင့် တရားမ၀င် ယူသည့် မြေကွက် ၂၀၀၀၊ အမရပူရမြို့နယ် နတ်ရေကန် ကျေးရွာရှိ ကျူးကျော်တဲ ၁၁၀နှင့် တရားမ၀င် မြေကွက် ၁၁၂ ကွက်တို့ကို ဖယ်ရှားမည် ဖြစ်ပြီး ယင်းမြေကွက်နှင့် တဲများပေါ် တွင် နေထိုင်သူများကို ရှင်းလင်းရန် မြို့နယ် သုံးမြို့နယ်ရှိ စည်ပင်နှင့် သက်ဆိုင်သည့် ဌာနများ၊ ရပ်ကွက် အုပ်ချုပ်ရေး များနှင့် ရဲတပ်ဖွဲ့များ ပါဝင်သည် အင်အား ၆၀၀ နီးပါးမှ ဘူဒိုဇာ မြေထိုးစက်များကို အသုံးပြု၍ ရှင်းလင်းရန် စီမံချက်ကို မြို့တော်ဝန်ထံ တင်ပြထားပြီး မြို့တော်ဝန် မှတစ်ဆင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ ဆက်လက် တင်ပြ ထားပြီးဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ဖယ်ရှားရန် အမိန့် ရရှိလာပါက ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး ကျူးကျော် ၀င်ရောက်နေထိုင်သူများကို သက်ဆိုင်ရာ မြို့ပြ ဥပဒေနှင့် စည်ပင်သာယာရေး ဥပဒေ ပါ ပြဋ္ဌာန်းချက်များ အတိုင်း တရားစွဲသွား မည်ဟု MCDC ဌာနမှူးများက ထပ် လောင်းပြောကြားသည်။

စည်ပင်က ကျွန်တော်တို့ ကျူးကျော် နေတာကို ကြည့်နေပါတယ်။ ကျွန်တော် တို့ဆီကို အကြောင်းကြားစာပို့တယ်။ သတိပေးဆိုင်းဘုတ်တွေစိုက်တယ်၊ အင် အားသုံးအရေးယူမယ်၊ အနူးအညွတ် တောင်းပန်ရုံကလွဲပြီး ကြမ်းတမ်းတဲ့ တုံ့ပြန်မှုကိုလည်း လုပ်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ တောင်းပန်ရုံက လွဲပြီး ဘာမှမတတ်နိုင်ဘူး ဟု မြရည်နန္ဒာ ရပ်ကွက်ရှိ တရားမ၀င် ရယူထားသည့် မြေကွက်များ စီမံ ခန့်ခွဲ ပေးနေသူ ဦးဝင်းမြင့်ထွန်းက ပြောကြားသည်။

မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီမှ ဇူလိုင်လ ၂၄ ရက်နေ့တွင် ဃြီဃ အမိန့်ကြေညာချက်အမှတ် ၂/၂၀၁၂ ကိုထုတ်ပြန်ကြေညာပြီး တရား မ၀င်ကျူးကျော်ဝင်ရောက်နေထိုင်သူများ ကို သြဂုတ်လ ၁၅ ရက်နေ့တွင် နောက်ဆုံးထား၍ အပြီးအပိုင် ဖယ်ရှားရန် အမိန့်ထုတ်ခဲ့သည်။

The Voice Weekly

လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းကျေးရွာများ ဆန္ဒထုတ်ဖော်

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေအတွင်း ပြောင်းရွှေ့ကျေးရွာများ ချင်းတွင်းမြစ်အတွင်း ဆန္ဒထုတ်ဖော် မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်အတွင်း လက်ပန်းတောင်းတောင် ကြေးနီတူးဖော်ရေး စီမံကိန်းနယ်မြေအတွင်း ပြောင်းရွှေ့ရမည့် ကျေးရွာများဖြစ်သော ၀က်
မှေး၊ ဆည်တည်းနှင့် ဇီးတောကျေးရွာများမှ ဒေသခံ ၃၀၀ ဦးကျော် စုပေါင်း၍ သြဂုတ်လ ၁၇ ရက် ည(၇)နာရီအချိန်တွင် မုံရွာမြို့အနောက်ဘက် ချင်းတွင်းမြစ်အတွင်း ဆန္ဒထုတ်ဖော်သည့်အနေဖြင့် ဆီမီးမျောပွဲကျင်းပခဲ့သည်။

 "လက်ပန်းတောင်းတောင် ကြေးနီတူးဖော်ရေး စီမံကိန်းနယ်မြေအတွင်း ပြောင်းရွှေ့ရမည့် ကျေးရွာတွေအနေနဲ့ ဆန္ဒထုတ်ဖော်တာပါ။ လက်ပန်းတောင်းတောင် ကြေးနီတူးဖော်ရေး စီမံကိန်းကြီး လုံးဝရပ်တန့်စေရေးနဲ့ လယ်ယာမြေအသိမ်းခံရသူတွေ ကျေးရွာနေအိမ် အသိမ်းခံရသူတွေရဲ့ အပူမီးတွေကို ချင်းတွင်းမြစ်ထဲမှာ မျောတဲ့အနေနဲ့ ကျင်းပတာဖြစ်ပါတယ်"ဟု အဆိုပါ ချင်းတွင်းမြစ်အတွင်း မီးမျောပွဲပါဝင်သူတစ်ဦးကပြောသည်။

 လက်ပန်းတောင်းတောင်တွင် သီတင်းသုံးပြီး လယ်တီဒီပဏီကျမ်းကြီး(၂)ကျမ်းနှင့် ကျမ်းသေး(၂)ကျမ်းတို့ကို ပြုစုတော်မူခဲ့သော လယ်တီဆရာတော်ကြီး၏ ဘူမိနက်သန်အောင်မြေ လက်ပန်းတောင်းတောင်ကြီး ပျက်စီးမှုဘေးမှ ကင်းဝေးစေရန်၊ တိုင်းတစ်ပါးတရုတ်တို့၏ အတင်းအဓမ္မ လယ်ယာမြေသိမ်းဆည်းမှုမှ ကင်းဝေးစေရန်နှင့် လက်ပန်းတောင်းတောင် ပတ်ဝန်းကျင်ရှိ ကျေးရွာများ အပူသောကများ ဝေးပါရစေဟု ချင်းတွင်းမြစ်လယ်တွင် ဆုတောင်းပွဲကျင်းပခဲ့ခြင်းဖြစ်သည်။

 ဒေသခံ ၃၀၀ ကျော်မှာ ချင်းတွင်းမြစ်အတွင်း စက်လှေ(၅)စီးဖြင့် သြဂုတ်လ ၁၇ ရက် ည(၇)နာရီအချိန်တွင် မုံရွာမြို့ ဆုတောင်းပြည့်စေတီတော်ကို ဦးခိုက်ကာ ဆီမီးမျောပွဲအား တစ်နာရီနီးပါးကြာမြင့်သည်အထိ ကျင်းပပြုလုပ်ခဲ့သည်။ လက်ပန်းတောင်းတောင်သည် တောင်ပေါင်း(၃၃)လုံးဖြင့် ဖွဲ့စည်းထားသည်။ တစ်ချိန်က လယ်တီဆရာတော်ကြီး တရားအားထုတ်ကျင့်ကြံရာ၊ ဒီပနီကျမ်းများ ပြုစုခဲ့ရာ တောင်တန်းကြီးတစ်ခုဖြစ်ကြောင်း သိရှိရသည်။

ယခုအခါ မြန်မာနိုင်ငံသတ္တုတွင်းဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ စက်မှုကုမ္ပဏီတစ်ခု ပူးပေါင်း၍ မြန်မာဝမ်ပေါင်ကုမ္ပဏီအမည်ဖြင့် ကြေးနီသတ္တုတူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

သတင်း - ဓါတ်ပုံ 7Day News Journal




သြဂုတ်လ (၁၈)ရက်နေ့ ထုတ် The Voice Journal Vol 8/ No 33 ( ၈ နှစ်ပြည့် အထူးထုတ် )

သြဂုတ်လ (၁၈)ရက်နေ့ ထုတ် The Voice Journal Vol 8/ No 33 ( ၈ နှစ်ပြည့် အထူးထုတ် )

ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


လိုင်စင် အသိမ်းခံ ရှေ့နေအချို့ အမှုလိုက်ခွင့် ပြန်လည်ရရှိ

 နိုင်ငံရေး လှုပ်ရှားသူများအတွက် အကျိုးဆောင်ပေးခဲ့၍ လည်းကောင်း၊ ကိုယ်တိုင် တက်ကြွစွာ
နိုင်ငံရေးလှုပ်ရှား၍ လည်းကောင်း လိုင်စင်ရုပ်သိမ်းခံထားရသော ရှေ့နေများအနက် ရှေ့နေ ငါးဦးကို နေပြည်တော် တရားလွှတ်တော်ချုပ်မှ လိုင်စင် ပြန်လည် ထုတ်ပေးလိုက်သည်ဟု လိုင်စင်ပြန်လည် ရရှိသွားသူ ရှေ့နေ ဦးအေးမြင့် က ပြောသည်။

နှစ်ပေါင်းများစွာ ရှေ့နေလိုင်စင် ရုပ်သိမ်းခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ရှေ့နေ ဦးကြည်ဝင်း၊ ဦးရဲမြင့်၊ ဦးဌေးအောင်၊ ဦးဟန်မာညွန့်နှင့် လမ်းပြကြယ်အဖွဲ့ ဦးဆောင်သူ ဦးအေးမြင့်တို့ ငါးဦးတိုအား ရှေ့နေ လိုက်ခွင့် ပြန်ပေးခြင်းဖြစ်သည်ဟု သိရသည်။

သြဂုတ်လ ၁ဝ ရက်နေ့ တရားရုံးချုပ် တရားသူကြီး စည်းဝေးဆုံးဖြတ်ချက်ဖြင့် ညွန်ကြားရေးမှူး ဒေါ်တင်တင်ဝါ လက်မှတ်ဖြင့် ရှေ့နေလိုက်ပါဆောင်ရွက်ခွင့် လိုင်စင် ထုတ်ပေးလိုက်ခြင်း ဖြစ်သည်။

“ကျနော်က ရှေ့နေ ရှေ့ရပ်ကို ဖောက်ဖျက်တာ မဟုတ်ဘူး။ ရှေ့နေကျင့်ဝတ်နဲ့အညီ ကိုယ့်ဟာကို ဥပဒေကို ချစ်မြတ်နိုးလို့ လုပ်လာခဲ့ရတာ။ လုပ်ကြံဖန်တီးထားတဲ့ နိုင်ငံတော် ပုန်ကန်မှုနဲ့ အပြစ်ပေးခံရတာကို ပြစ်ဒဏ်က လွတ်ပေမယ့်လည်း (လိုင်စင်)သိမ်းခံထားရတာ။ အခုက ကိုယ်တိုင် ရှေ့နေအဖြစ် လိုက်ပေးနိုင်တဲ့အတွက် ဝမ်းသာတယ်” ဟု လမ်းပြကြယ် ဦးအေးမြင့် က ပြောသည်။

အမျိုးသားလွတ်တော် အမတ် ဒေါက်တာမြတ်ဉာဏစိုးက ရှေ့နေနှင့် ဆရာဝန်များ လိုင်စင် ရုပ်သိမ်းထားမှု ခွင့်ပြု၊ မပြု မေးမြန်းခဲ့ရာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပြန်စဉ်းစားမည်ဟု တုံ့ပြန်ခဲ့သည်။ ထို့နောက် လိုင်စင်
ပြန်ရစေလိုကြောင်း ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့က ရှေ့နေများရုံးချုပ်သို့ အသနားခံစာတင်ခဲ့ခြင်း ဖြစ်သည်။

အာရှ ဥပဒေရေးရာ ရင်းမြစ်အဖွဲ့ ALRC ၏ ဇွန်လ မှတ်တမ်းအရ မြန်မာနိုင်ငံတွင် နိုင်ငံရေးအမှု လိုက်၍ ရှေ့နေလိုင်စင် ရုတ်သိမ်းခြင်းခံရေသော ရှေ့နေ ၃၂ ဦးအနက် တရားရုံးချုပ် ရှေ့နေ ၂၅ ယောက်နှင့် အထက်တန်းရှေ့နေ ၇ ယောက် တို့ ပါဝင်ပြီး စာရင်းသွင်းခြင်း မရှိသေးသူများလည်း ရှိကြောင်း သိရသည်။

ဇူလိုင်လ အတွင်းကလည်း တရားလွတ်တော်ရှေ့နေ ငါးဦးနှင့် အထက်တန်းရှေ့နေ ခုနှစ်ဦးတို့အား ရှေ့နေလိုင်စင်များ
ပြန်လည်ထုတ်ပေးခဲ့ပြီးဖြစ်၍ ယခုတကြိမ်မှာ ဒုတိယ အကြိမ် ဖြစ်သည်။

ကိုယ်ကျင့်တရားနှင့် ဥပဒေ မှားယွင်းခြင်းမှ လွဲ၍ လိုင်စင်များ မရုပ်သိမ်းသင့်ကြောင်း ၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာလက
ရှေ့နေ တာဝန်ပျက်ကွက်သည်ဟုဆိုကာ ရှေ့နေ လိုင်စင် သုံးနှစ် ရပ်ဆိုင်းခံထားရသည့် ဦးမြင့်သွင် က ပြောသည်။

“အသနားခံတယ်ဆိုတာက တိုင်းပြည်တခုမှာ ကော်မတီတွေ၊ သမ္မတတွေမှာ အသနားခံရင် သမာသမတ်ကျကျ မျှမျှတတ လူသားစိတ် စဉ်းစားရင် အကုန်ပြန်လုပ်ပေးလေ့ရှိတယ်။ အဓိက ကိုယ်ကျင့်တရားနဲ့ ပတ်သက်တာရယ်၊ ဥပဒေကို ခွင့်မလွှတ်နိုင်လောက်အောင် မှားတာက လွဲလို့တော့ လိုင်စင်က မသိမ်းသင့်ပါဘူး”ဟု ပြောသည်။

လိုင်စင်ပြန်ရရေးအတွက် သမ္မတ ဦးသိန်းစိန်ထံ စာတင်ပြထားသဖြင့် ပြန်လည် ရရှိမည်ဟု ဦးမြင့်သွင် က မျှော်လင့်နေ သည်။

လိုင်စင် ရုပ်သိမ်းလိုက်သည့်အတွက် အမှုသည်ဘက်များ နစ်နာခြင်း၊ ပညာရပ်ပေါ် နစ်နာခြင်း၊ အသက်မွေးဝမ်းကြောင်း
ဖြစ်သည့်အတွက် စားဝတ်နေရေးအတွက် နစ်နာဆုံးရှုံးမှုများ ရှိသည်ဟု ဦးမြင့်သွင်က ပြောသည်။

ရှေ့နေအချို့ လိုင်စင်များ ပြန်လည် ရရှိသော်လည်း နိုင်ငံရေးလှုပ်ရှားမှုများကြောင့် လိုင်စင် ရုပ်သိမ်းခံထားရသော ဆရာဝန်များ၏ လိုင်စင်များကိုမူ ပြန်လည် ထုတ်ပေးခြင်း မရှိသေးပေ။

၁၅ နှစ်ကြာ ဆရာဝန်လိုင်စဉ် ရုပ်သိမ်းခံရသူ အမျိုးသားဒီမိုကရေစီအင်အစားစု NDF ပါတီ ခေါင်းဆောင် ဒေါက်တာ သန်းငြိမ်းက ဆရာဝန်လိုင်စင် ပြန်လည် ရရှိရေးလျှောက်ထားမည် မဟုတ်ဘဲ အစိုးရ၏ မတရား လုပ်ခဲ့ခြင်းဖြစ်သဖြင့် အစိုးရသည်သာလျှင် ပြန်လည် ဖြေရှင်းပေးရမည်ဟု ပြောဆိုလိုက်သည်။

“မကြိုးစားပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ မတရားလုပ်သွားတဲ့ ကိစ္စပဲ။ အမှန်ဆို ဆေးကောင်စီကနေ ဖြစ်ဖြစ် ခေါ်စစ် ရမယ်။ ထုချေခွင့်တွေ ရှိမယ်။ ဘာမှ ကျူးလွန်တာမှ မရှိဘူး။ ဒါပေမယ့် ဘာမှ မလုပ်ဘဲနဲ့ သိမ်းသွားတဲ့ကိစ္စဟာ မပြော
တော့ဘူး။ သူတို့ ပြန်ပေးရမှာပဲလေ။ မပေးသမျှဟာ သူတို့ အပြစ်ရှိတာပေါ့” ဟု ဒေါက်တာသန်းငြိမ်းက ပြောသည်။

ထိုစဉ်က ဒေါက်တာသန်းငြိမ်းမှာ NLD ပါတီတွင် ရန်ကုန်တိုင်း ဒု-ဥက္ကဋ္ဌ ဖြစ်သည်။ သူ၏ အမှုတွင် သက်သေအဖြစ် ဆရာဝန်တဦး၏ ကျင့်ဝတ်နှင့် ပတ်သက်၍ ထွက်ဆိုခဲ့သူ NLD ပါတီမှ ဒေါက်တာဝင်းနိုင် သည်လည်း ယနေ့ထိ ဆရာဝန်လိုင်စင် ရုပ်သိမ်းခံထားဆဲဟု ဆိုသည်။

အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများတွင် နစ်နာဆုံးရှုံးမှု အများအပြား ခံစားနေရ၍ တဦးချင်းအလိုက် ပြန်လည် စိစစ်ရန် အစိုးရ၌ တာဝန်ရှိသည်ဟု ဒေါက်တာသန်းငြိမ်း က ပြောသည်။

မြန်မာ့ဆိုရှယ်လစ်ခေတ် ဖျက်သိမ်း၍ ဒီမိုကရေစီအရေးအတွက် လှုပ်ရှားကြစဉ် ဆရာဝန်နှင့် ရှေ့နေများ အများအပြား ပါဝင်ခဲ့သူများ ရာဇဝတ်မှု၊ အမှုလိုက်သည့်အချိန် ယှဉ်ပြိုင် လုပ်မှု၊ ဆရာဝန်လိုင်စင် သက်တမ်းမတိုးမှု၊ လိုင်စင်မရှိဘဲ
ဆေးကုမှု စသည့်ဖြင့် မမှန်စွပ်စွဲကာ ရှေ့နေနှင့် ဆရာဝန်များ၏ ပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းခွင့်ကို အာဏာပိုင် များက ရုပ်သိမ်းခဲ့သည်ဟု ရှေ့နေများက ပြောသည်။

ဖနိဒါ   
ချင်းမိုင်(မဇ္စျိမ)

ဇာတ်ရုပ်ကို ပြောင်းမှဖြစ်မည် (Change in Myanmar)

Photo:AFP
Written by ဒေါက်တာခင်မောင်ညို   

Eleven Media Group

 
(၁)
မောင်ဘသစ်ငယ်ငယ်က ရုပ်ရှင်အင်မတန်ကြိုက်သည်။ ဘာကြောင့်လဲဆိုတော့ ထိုခေတ်က မောင်ဘသစ်တို့အတွက် ဖျော်ဖြေစရာဟူ၍ ဇာတ်ပွဲနှင့်ရုပ်ရှင်သာ ရှိသောကြောင့်  ဖြစ်သည်။
ဇာတ်ပွဲက တစ်နှစ်တစ်ခါ ဘုရားပွဲရှိမှ ကတတ်သည်။ အိပ်ရေးပျက်သော ညလုံးပေါက်ပွဲတွေသာ များသည်။ ရုပ်ရှင်ကတော့ တစ်နာရီ နှစ်နာရီလောက်သာ အချိန်ကုန်သည်။ ရွာတွင်ကားသစ် ၀င်လာသည့်အခါ ရုပ်ရှင်ပြပြီးနောက်တစ်နေ့တွင် မောင်ဘသစ်တို့ကလေးတွေ လူဆိုးနဲ့ဇာတ်လိုက်လုပ်တမ်း ကစားကြသည်။
“ကျော်ဆွေကွ၊ ညိုအေးကြီးကွ”
ဆေးလိပ်ခုံက မိန်းကလေးများကလည်း ကျော်ဆွေတို့၊ မေရှင်တို့၊ သိန်းဇော်တို့အကြောင်း တစ်ခုပ်တရ ပြောတတ်ကြသည်။

မောင်ဘသစ်အထက်တန်း ကျောင်းရောက်လာတော့ ရုပ်ရှင်ကြည့်သည့်အခါ ဆန်းစစ် (Analyze) လုပ်လာသည်။ ရွှေဘနိုင်မည်၊ အေး ငွေကြီးမြာပွေမည်၊ အေးကြူ ကြာကူ လီရိုက်မည်၊ ဒေါ်မြလေး ကုန်းချောမည်စသဖြင့် ဘာကားကြည့်ကြည့် ထိုဇာတ်ရုပ်များ၏ သရုပ်ဆောင်မှုကို အကဲခတ်လာနိုင်သည်။
“အေးကြူဆိုတာ မင်းသားချောပဲ။ ဘာလို့သူကြာကူလီခန်းမှာပဲ အမြဲပါတာလဲ”
“သူ့ကိုလူတွေက ကြာကူလီခန်း ပဲ လက်ခံတာကိုး”
နောက်ပိုင်း ၀င်းမြင့်ကနေရာ ယူလာသည်။ ကြာကူလီရိုက်သော အခန်းများ ပီပြင်လှသည်။ မောင်ဘသစ် အတော်ကြီးတဲ့အထိ အံ့ကျော်သည် လူဆိုးသာဖြစ်သည်။ ရုပ်ရှင်ထဲတွင် သူ့ကိုလူဆိုးအဖြစ်သာသုံးသည်။ သို့သော် ဘယ်သူပြိုင်၍လှပါတော့နိုင် တွင် အံ့ကျော်က တောသား လူရိုးဇာတ်ရုပ်ကို ရသည်။ သူအကယ် ဒမီရသွားပါသည်။
(၂)
ဒါက ဇာတ်ရုပ်များသာဖြစ်သည်။ တစ်ခါ လူဆိုးဆိုလျှင် အမြဲလူဆိုးဖြစ်နေပါသည်။ ဒါကို အစွဲအလန်း mindset ဖြစ်သည်ဟု ပြောကြသည်။ နိုင်ငံရေးမှာစဉ်းစားဖို့ပါ။ မောင်ဘသစ်တို့က ယနေ့ ဒီအစွဲကို  ဘယ်လိုမြင်ကြလဲ။
လွန်ခဲ့သည့်လေးနှစ်က အိုဘားမားက သူ၏မဲဆွယ်တရားပွဲတွေမှာ သုံးသည့်ဆောင်ပုဒ်မှာ အပြောင်းအလဲ (Change) ပင်ဖြစ်သည်။ ဘာအပြောင်းအလဲလဲ။
လူဖြူသမ္မတကနေ လူမည်း သမ္မတအဖြစ် ပြောင်းဖို့ အတော်လေး ခက်ခဲပါသည်။ ထိုနိုင်ငံတွင် လူမည်းသည် ကျွန်ဟူသော Image သည် မပျောက်နိုင်ပါ။ အိုဘားမား၏ (Change) သည် အရေးပါလှသည်။ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့ အင်အားကြီးနိုင်ငံဖြစ်ပြီး လူဖြူဦးရေက သာလွန်များပြားသည်။ လွတ်လပ်ရေးရသည်မှစ၍ ၄၃ ယောက် မြောက် သမ္မတတွေအားလုံး တောက်လျှောက် လူဖြူများသာဖြစ်ခဲ့သည်။ ‘ပြောင်းရမည်’

 တာဝန်မဲ့ပြောဆိုမှုများကို ခွင့်လွှတ်ရန်မသင့်ပါ။ ကျွန်တော်တို့က ကြာကူလီဝင်းမြင့်ကို ဇာတ်လိုက်နေရာထားလို့ မရပါ။ ဒါကို သဘောပေါက်ရပေမည်  . . .

ထိုအပြောင်းအလဲကို ကမ္ဘာက အကဲခတ်နေပါသည်။ လူမည်းတစ်ယောက်သည် အမေရိကန်နိုင်ငံ တစ်ခုကို တကယ်အောင်အောင်မြင်မြင် အုပ်ချုပ်နိုင်ပါ့မလား။ လူမည်းများသည် တစ်ချိန်က အဖိနှိပ်ခံလူတန်း စားများဖြစ်ခဲ့သည်။ အီဗရာဟင်လင်ကွန်း လက်ထက်မတိုင်မီအထိ လူမည်းများသည် ငွေဝယ်ကျွန်များဖြစ်ခဲ့သည်။ သူတို့ကို ပစ္စည်းများအနေဖြင့်သာ သဘောထားသည်။ သူတို့ကို စာသင်ခွင့်မပြုပါ။ တစ်ချိန်ကလူမည်းများသည် လူဖြူများ၏နေရာတွင် ဘတ်စ်ကား အတူတူစီးခွင့်မရပါ။ လူဖြူများတက်လာလျှင် လူမည်းတွေ ဖယ်ပေးရသည်။ ၁၉၇၀ ပြည့်နှစ်အထိ ဒီအတိုင်းပင် ဖြစ်နေသေးသည်။ တကယ်တမ်း လူမည်းတစ်ယောက်သည်လည်း တိုင်းပြည်ကိုအုပ်ချုပ်နိုင်သည် ကို တွေ့လိုက်ရသည်။ မောင်ဘသစ် က အံ့ကျော် အကယ်ဒမီရသည်ကို ပြေးမြင်မိသည်။
(၃)
တကယ်တမ်း မြန်မာနိုင်ငံ၏ လိုဂိုသည် (Change) မဟုတ်သော်လည်း ၂၀၁၁ ခုနှစ်မှာ သိသိသာသာ သာပြောင်းလဲဖို့ ကြိုးစားတာကို ထင်ထင်ရှားရှား တွေ့နိုင်ပါသည်။ မောင် ဘသစ်တို့၏မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ဆန္ဒပြနိုင်လာသည်။ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်သည်။ သမ္မတက နိုင်ငံတော်ကို Good governance Clean Government ဖြစ်အောင်ဆောင်ရွက်ဖို့ ကြိုးစားသည်။ (မိန့်ခွန်းတွင် ထည့်ပြောသည်။)
ကောင်းပါသည်။

သို့သော် တကယ်တမ်းဇာတ် ရုပ်များကိုကြည့်ရင်တော့ (Change) ကိုမမြင်ရသေးပါ။ အတွေးအခေါ် အယူအဆ လုပ်ပုံကိုင်ပုံများတွင်(Change) ကို မမြင်ရသေးပါ။ သခင်ကိုယ်တော်မှိုင်းကွယ်လွန်ပြီး ၄၈ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုလှရွှေက ပြောသည်။ “ဒီမိုကရေစီ ပိုးစုန်းကြူးကို မြင်တော့မြင်နေရပါသည်” တဲ့။ သူမမြင်ဟုတော့ ပြောမသွားပါ။
ကမ္ဘာတစ်ဝန်းလုံးက (Change) ဟုပြောသည်။ ဒီမိုကရေစီလမ်းကြောင်း ပေါ်လျှောက်နေပါသည်။ ပိတ်ဆို့မှုများကို ယာယီရပ်ဆိုင်းထားသည်။
စောင့်ကြည့်နေကြခြင်းဖြစ်သည်။
(၄)
ပြည်သူလူထုအများစုက ဧရာဝတီ မြစ်ဆုံစီမံကိန်းကိစ္စနှင့် ပတ်သက်ပြီး အပြောင်းအလဲ (Change) ကို အတော်လေး ယုံကြည်လာသည်။ တကယ်တော့ နိုင်ငံတစ်ခုတည်ထောင် ဖို့ဆိုသည်မှာ (Trust)ကို အဓိကတည်ဆောက်ရသည်။ “အစိုးရကလည်း ပြည်သူကိုယုံသည်။ ပြည်သူကလည်း အစိုးရကိုယုံသည်။” ထိုအခြေ အနေမျိုးဖန်တီးနိုင်လျှင် အားလုံး လက်တွဲကာ ဆောင်ရွက်ပြီး တိုင်းပြည် တိုးတက်သာယာ ၀ပြောမည်။ လျှပ်စစ်ဝန်ကြီးတစ်ဦးက ပြောသည်ကို ပြည်သူလူထုက အောက်ပါအတိုင်း နားလည်ကြသည်။ တစ်နိုင်ငံလုံးအ တွက် မဂ္ဂါဝပ် ၁၆၀၀ သာလိုသည်။ ပိုတာကိုရောင်းလျှင် နိုင်ငံတော် အကျိုးရှိသည်။ ကျွန်တော်အသိဆုံးပါ။ ပြဿနာမရှိပါဘူးတဲ့။ ဒါကို လူထုမယုံပါ။ လူထုယုံသည်က မီဒီယာတွေ ကိုပါ။ မီဒီယာများက မြစ်ဆုံစီမံကိန်း၏ အကျိုးမဲ့ပုံကို တင်ပြကြသည်။

တကယ်တော့ မြန်မာအကျိုးမဲ့ ၍ တရုတ် အကျိုးရှိပါသည်။ (မဆီမဆိုင် ကျော်ဟိန်းချမ်းသာ ပြည်လုံး ချောင်းဆိုး ဆေးလိပ်ကို သတိရနေမိသည်။)
ဧရာဝတီသံများ ဆူဆူညံသွားသည်။ သမ္မတကြီးက သူ၏လုပ်ပိုင်ခွင့်ကိုသုံး၍ မြစ်ဆုံတွင်ရေကာတာ တည်ဆောက်မည့် စီမံကိန်းကို သူ၏ သမ္မတသက်တမ်းတွင် ရပ်ဆိုင်းထားလိုက်သည်ဟု ကြေညာချက် ထုတ်ခဲ့သည်။ ပြည်သူတွေက သမ္မတကြီးကိုလည်း ကျေးဇူးတင်သည်။ မီဒီယာတွေကိုလည်း ကျေးဇူးတင်သည်။ ဇာတ်ရုပ်တွေ တကယ်ပြောင်းပြီလားဟု စောင့်ကြည့်လာသည်။ Trust အနည်းငယ်ရကာ ပိုမိုပူးပေါင်းဆောင် ရွက်မှုများ ရှိလာပါသည်။
(၅)
သို့သော် ဒီမိုကရေစီက မျှော်တိုင်းဝေးနေပါသေးသည်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သိမ်းပိုက်ထားသော လယ်ယာမြေပြဿနာတွေ ရင်ဆိုင်နေရသည်။ အခြားလယ်ယာမြေများစွာကိုလည်း တွေ့ နေရသည်။ တရားရုံးကလည်း တုံ့ဆိုင်းနေကြသည်။ နောက်တစ်ခုက မြစ်ဆုံကိစ္စပါ။ အာဏာရပါတီမှ ဗဟို အလုပ်အမှုဆောင်က အောက်ပါအတိုင်းပြောခဲ့သည်။
--------
--------
ကြာကူလီအေးကြူကို သုံးသည့်အခါတွင် ကြာကူလီဇာတ်ရုပ်ကိုသာ သုံးမှအဆင်ပြေသည်။ ကြာကူလီဝင်းမြင့်ကို သုံးသည့်အခါတွင် ကြာကူလီဇာတ်ရုပ်ကိုသာ သုံးမှ အဆင်ပြေပါမည်။ ဒေါ်မြလေးသည် ကုန်းချောသောအခန်းတွင် ထားရသည်။ ပုဏ္ဏားဝတ်စုံကိုဝတ်ပေးရုံနှင့် အဆင်ပြေနိုင်သည်။
(Change) သည် ထိုအစွဲ mindset တွေကို ကျော်လွှားဖို့ လိုသည်။ နိုင်ငံခြားသတင်းစာတွင် အင်တာဗျူး လုပ်ရာတွင် စိတ်ဝမ်းကွဲသည်များကို တင်ပြထားသည်။ အတော့်ကို တာဝန် မသိတာပါပဲ။ (Change) သည် အားလုံး၏မျှော်လင့်ချက်ဖြစ်သည်။ တာဝန်မဲ့ပြောဆိုမှုများကို ခွင့်လွှတ်ရန်မသင့်ပါ။ ကျွန်တော်တို့က ကြာကူလီ ၀င်းမြင့်ကို ဇာတ်လိုက်နေရာထားလို့ မရပါ။ ဒါကို သဘောပေါက်ရပေမည်။

ရခိုင်အရေး ကော်မရှင် ဖွဲ့စည်းမှု ဘန်ကီမွန်းကြိုဆို

သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ် ပဋိပက္ခအရေး  အဖွဲ့ဝင် ၂၇ ဦးပါ စုံစမ်းစစ် ဆေးရေး ကော်မရှင် ဖွဲ့စည်း တာဝန် ပေးအပ်လိုက် တဲ့အတွက် ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် ဘန်ကီမွန်းက ကြိုဆိုလိုက်ပါ တယ်။ --

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ကားပြိုင်မောင်းရာမှ ကျောင်းကြိုပို့ယာဉ်တိမ်းမှောက် ၊ ကျောင်းသား(၁၇)ဦး ဆေးရုံတင်ရ

ယခုလ ၁၁ ရက်နေ့ ညနေ ၄ နာရီခန့်က ပုသိမ်မြို့ မဟာဗန္ဓုလ လမ်းတိုင်း မိခင်နှင့် ကလေးစောင့် ရှောက်ရေး အသင်း ရုံးရှေ့တွင်   ကျောင်းသားကျောင်းသူ(၂၅)ဦး တင်ဆောင်လာသော ၈င/၁၈၂၃ လိုက်ထရပ်အဖြူ တိမ်းမှောက် မှုကြောင့် ကျောင်းသား/သူ ၁၇ဦး ဆေးရုံတင် ထားရကြောင်း သိရှိရသည်။ --

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မီဒီယာ ကွာဟချက် မရှိစေရန် လွှတ်တော်ဂျာနယ် ထုတ်ဝေမည်

သတင်း မီဒီယာ အချို့တွင် လွှတ်တော် အတွင်း ဆွေးနွေးချက်များ ဖော်ပြရာ၌ လက်တွေ့နှင့် ကွာဟချက်များ ရှိနေခြင်းကြောင့် လွှတ်တော်ဂျာနယ် ထုတ်ဝေသွား မည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် များထံက သိရှိရသည်။

“လွှတ်တော် ကိုယ်စားလှယ် တွေလည်း သူတို့ခံစားချက် ၊--

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ရေဘေးကြောင့် ပုသိမ်ခရိုင်တွင် အခြေခံပညာ ကျောင်း(၄) ထောင်ကျော် ပိတ်ထားရ

သြဂုတ်(၁၈)ရက်၊၂၀၁၂ခုနှစ်။   
ယခုလဆန်း ပိုင်းမှ စတင်ခဲ့သော င၀န်မြစ် ရေကြီးမှု  ကြောင့် ပုသိမ်ခရိုင် အတွင်း ရှိမြို့နယ်(၆) ခုတွင် ကျောင်းပေါင်း (၄)ထောင်ကျော် ယာယီ ပိတ်ထား ရကြောင်း တိုင်းအစိုးရ အဖွဲ့မှ သတင်းထုတ် ပြန်ချက်များအရ သိရှိရသည်။----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

စိုးရိမ်ဖွယ်ရှိနေသည့် ကန်ကြီးဒေါင့် ရွေးရေထိန်းတာ အက်ကွဲမှု

သြဂုတ်(၁၈)ရက်၊၂၀၁၂ခုနှစ်။
မြို့၏ စိုးရိမ် အန္တရာယ် ရေအမှတ်ပေ-၂၀သို့ ရောက်ရှိနေ ပြီဖြစ်သော
ကန်ကြီး ဒေါင့်မြို့နယ်ရှိ ကြိမ်ချောင်း တာမှရွေးရေ ထိန်းတံ ခါးတာမှာ
ယခုရက် အတွင်း အက်ကွဲလာ မှုကြောင့်ဒေ သခံများ အထူးစိုးရိမ်
နေကြသည်။
အရှည် (၁၁.၅၇ )မိုင်၊ အမြင့်ပေ(၂၀)ရှိကြိမ်ချောင်းတာမှာ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





မူဆလင် ဘာသာဝင်တွေ ဆန္ဒပြရာမှ အကြမ်း ဖက်မှု ဖြစ်ပွား

မြန်မာနိုင်ငံနဲ့ အာသံပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး
အိန္ဒိယနိုင်ငံ အတ်တာပရာဒက်ရှ် ပြည်နယ် မြို့တော် Lucknow မှာ မနေ့
က မူဆလင် ဘာသာဝင်တွေက ဆန္ဒပြခဲ့ကြရာမှာ အကြမ်းဖက်မှုတွေ
ဖြစ်ပွားခဲ့ပါတယ်။

Lucknow မြို့ ဗလီတစ်ခုကနေ သောကြာနေ့ ၀တ်ပြုအပြီး ထွက်လာကြတဲ့ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ပြီးခဲ့တဲ့ သြဂုတ်လ (၁၁)ရက်နေ့ က မိုဘိုင်းမြို့ မှ ဖြစ်ခဲ့တဲ့ ဆန္ဒပြမှုမြင်ကွင်း



ဝါ၀ါဝင်းကုမ္ပဏီနဲ့ လယ်သမား ၆၁ ဦး တွေ့ဆုံညှိနှိုင်း

ဝါ၀ါဝင်း ကုမ္ပဏီနဲ့ လှိုင်သာယာ မြို့နယ်အတွင်း လယ်ယာမြေတွေ သိမ်းယူခံ ထားရတဲ့ အတွင်းပဒံ၊ အပြင်ပဒံ ကျေးရွာတွေက လယ်သမား ၆၁ ဦးတို့ဟာ လျော်ကြေးငွေ ရရှိရေးနဲ့ ပတ်သက်လို့ ဒုတိယ အကြိမ်မြောက် အဖြစ် လှိုင်သာယာမြို့နယ် ကျွန်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ မနေ့က တွေ့ဆုံ ညှိနှိုင်းခဲ့ကြပါတယ်။

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

RFA
လှိုင်သာယာ မြို့နယ်တွင် ၀ါဝါ၀င်း ကုမ္ပဏီမှ ဆောင်ရွက်နေသော အနော်ရထာ စက်မှုဇုန် စီမံကိန်းနေရာ

China Southem Weekend စာစောင်ပါ ဖော်ပြချက်နှင့် စပ်လျဉ်း၍ ဦးအောင်သိန်း ၏ ရှင်းလင်းတင်ပြချက်

မြစ်ဆုံကိစ္စနှင့် ပတ်သတ်၍ နိုင်ငံနှင့် ပြည့်သူ အကျိုးရှိမည် ဆိုပါက ဖြစ်မြောက်
လိုသော ဆန္ဒဖြင့်သာ ပြောခြင်း ဖြစ်ပါသည်။ အကျိုးအပြစ်ကို တိတိကျကျ ပြန်လည်
သုံးသပ်စေ လိုသော ဆန္ဒသာ ရှိပါသည်။ မြစ်ဆုံ ရပ်ဆိုင်လိုက် သဖြင့် တရုတ်၊ မြန်မာ
ဆက်ဆံရေး ထိခိုက်မည်ကို မိမိအနေဖြင့် စိုးရိမ်သော သဘောရှိသဖြင့် ပြောကြား
ခဲ့ခြင်းဖြစ်ပါသည်။



ကျူရှင်တွင် အဓိကထားပြီး စာသင် နေကြသည့် ဆရာ၊ ဆရာမများ

စစ်ကိုင်းတိုင်း ဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့ ရှိ အခြေခံပညာ
အထက်တန်း ကျောင်းတွင် ကျောင်းဆရာ၊ ဆရာမများ စာသင်ခ်ျိန်တွင်
 ကောင်းမွန်စွာ စာသင်ကြားခြင်း မရှိဘဲ ကျူရှင်များ တွင်သာ ဖိဖိစီးစီး
စာသင်ကြား နေကြကြောင့် သတင်းရရှိပါသည်။


သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


FMI City ဆောက်လုပ်ရေး လုပ်သားဟောင်းတွေ ဆန္ဒပြ

လှိုင်သာယာမြို့နယ် FMI City ပဒေသာပင်မြို့တော် အလုပ်သမား စံပြနေအိမ်စုက ဆောက်လုပ်ရေး လုပ်သားဟောင်းတွေဟာ သူတို့ နေထိုင်မှုဘဝ မြှင့်တင်ပေးဖို့နဲ့ အခက်အခဲတွေ ဖြေရှင်းပေးဖို့ ရန်ကုန်မြို့ ဘုရင့်နောင်တံတားအနီးမှာ ဒီနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြပွဲမှာ အလုပ်သမား အယောက် (၇၀) ကျော်ပါဝင်ပြီး အချက် ၅ ချက် တောင်းဆိုတယ်လို့ အလုပ်သမား လယ်သမားအရေး ဆောင်ရွက်သူ မစုစုနွေးက RFA ကိုပြောပါတယ်။
"အချက် ၄ မှာ သူတို့ ဘာရေးထားသလဲဆိုရင် ယခုအခါ ပဒေသာပင်မြို့တော်သည် ထည်ဝါခန့်ငြား စည်ပင်သော အိမ်ရာကြီးအဖြစ် ဖြစ်ထွန်းချိန်တွင် ကျွန်တော် ကျွန်မ၏ အလုပ်သမား စံပြနေအိမ်စုကြီးမှာ မီးမရှိ ရေမရှိ တဲစုတ်များအနေဖြင့် နုံချာစွာ နေရတဲ့ အပြင် FMI ကုမ္ပဏီမှ လုပ်ငန်းရှင်တွေရယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ် အုပ်ချုပ်ရေးမှူးတွေနဲ့ ပေါင်းပြီးတော့ပေါ့နော်၊ သူတို့ တရားစွဲခံနေရတယ်။ ဒီအပေါ်မှာ သူတို့က မကျေနပ်ဘူး"
ဒီအလုပ်သမားတွေဟာ FMI City ပဒေသာပင်မြို့တော် တည်ဆောင်ခဲ့ရာမှာ ပန်းရံ၊ လက်သမား၊ အုတ်ထမ်း၊ သဲထမ်း လုပ်ခဲ့ကြသူတွေဖြစ်ပြီး အလုပ်လုပ်နေစဉ်ကာလက သူတို့နေထိုင်ဖို့ အိမ်ရာဝင်းရဲ့ အပြင်ဘက်မှာ နေထိုင်ခွင့် ရခဲ့ကြတာဖြစ်ပါတယ်။ အဲဒီမှာ အိမ်ခြေ လေးရာလောက်ရှိပြီး လူဦးရေ နှစ်ထောင်လောက်ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေမှာတော့ အဲဒီ အလုပ်သမားတွေထဲက တချို့အလုပ်လက်မဲ့ ဖြစ်ကြရတယ်လို့ သိရပါတယ်။ ဒါပေမယ့် အလုပ်သမားတွေက သူတို့ နေထိုင်တဲ့အိမ်ဝင်းမှာ အလုပ်သမား စံပြနေအိမ်စု ဆိုတဲ့ ဆိုင်းဘုတ်တင်ခဲ့ပြီး၊ ၂ လလောက် အကြာမှာ ကုမ္ပဏီလုံခြုံရေး တာဝန်ခံတွေက အဲဒီဆိုင်းဘုတ်ကို ဖြုတ်ချခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲဒီအလုပ်သမားတွေထဲက တချို့ကို ကုမ္ပဏီက တရားစွဲပြီး အိမ်နေရာတွေကနေ ဖယ်ရှားတာလည်း ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
တဖက်မှာလည်း ပြီးခဲ့တဲ့ မတ်လကစလို့ အဲဒီအလုပ်သမားတွေက သူတို့နစ်နာမှုတွေနဲ့ ပတ်သက်ပြီး ကုမ္ပဏီကို ပြန်လည် တရားစွဲထားတာ ခုချိန်ထိ တရားရုံး တက်နေရတယ်လို့ ဆိုပါတယ်။ ဒီနေ့ ဆန္ဒပြပွဲမှာတော့ လုံခြုံရေး ရဲအင်အား ၆၀ လောက်က စောင့်ရှောက်ခဲ့ပြီး ဆန္ဒပြပွဲ ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးသွားတယ်လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ FMI အလုပ်သမားဟောင်း တစ်ဦးဖြစ်တဲ့ ဦးသိန်းလွင်က RFA ကို ပြောပါတယ်။
"ဒီနေ့ ဆန္ဒပြရတဲ့ အကြောင်းက နေလာတဲ့ အလုပ်သမားလေးတွေကို ကုမ္ပဏီကနေပြီးတော့ အုပ်ချုပ်ရေးမှူးတွေနဲ့ ပေါင်းပြီးတော့လေ တရားစွဲတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ထပြီးတော့ ဆန္ဒပြတဲ့ သဘောမျိုးရှိတယ်။ ကုမ္ပဏီက ဖယ်ရှားချင်လို့ ပေါ့။ ကျွန်တော်တို့ကို ထွက်ဖို့ပေါ့။ အကုန်လုံး မစွဲဘူးသူက သုံးအိမ်တစ်တွဲစွဲလိုက်၊ လေးအိမ်တစ်တွဲ စွဲလိုက် အဲဒီလိုစွဲတာ။ လေးအိမ်တစ်တွဲ၊ သုံးအိမ်တစ်တွဲဆိုတော့ ငွေမလိုက်နိုင်တော့ တရားရှုံးရင် ထွက်ပေးရမယ်။ ထွက်ပြီးလို့ရှိရင် သူတို့ကို တရားစရိတ် ၃၇,၀၀၀ လျော်ပေးရမယ်"
ဒီပြဿနာ ပြေလည်အောင် အလုပ်သမားတွေက ကူညီပေးမယ့်ပုဂ္ဂိုလ် ရှာဖွေနေခဲ့ရာကနေ ဒီနေ့ဆန္ဒပြပွဲအပြီးမှာ အလုပ်သမား လယ်သမားအရေး ဆောင်ရွက်သူ မစုစုနွေးကို သွားရောက် အကူအညီ တောင်းခဲ့တာ ဖြစ်ပါတယ်။

RFA Burmese

မိုးထိမိုးမိ ရွှေလုပ်သားများအရေး ILO ညှိနှိုင်းပေးမည်ဆို

မိုးထိမိုးမိတောင် ဇုံ-၉ (ဘတ်ဖိုး) တွင် (၉.၈.၂၀၁၂) ရက်နေ့ မြင်ကွင်း
 ရွှေတူးခွင့် မပြေလည်သေးသည့် မိုးထိမိုးမိ ရွှေတောမှ ရွှေလုပ်သားများ၏ အရေးကိစ္စကို အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) က ကြားဝင် ညှိနှိုင်းဖြေရှင်းပေးရန် ILO နည်းပညာ အရာရှိ ရော့စ်ဝီလ်စန် က ကတိပေးခဲ့ကြောင်း ရွှေလုပ်သား ကိုယ်စားလှယ် ကိုနေထက်အောင် က ပြောသည်။

ကုမ္ပဏီနှင့် ရွှေလုပ်သားများ နှစ်ဘက် သဘောတူ ‘ရွှေမြင်တင်’ စာချုပ်အတိုင်း ကုမ္ပဏီဘက်မှ အပြည့်အဝ မလိုက်နာ သည့်အတွက် မန္တလေးတိုင်း၊ ရမည်းသင်းခရိုင် မိုးထိမိုးမိ ဒေသမှ ရွှေလုပ်သားများ နစ်နာနေရသည်နှင့် ပတ်သက်၍ ရွှေလုပ်သား ကိုယ်စားလှယ် ခြောက်ဦး သောကြာနေ့ နံနက်က ILO ရုံးတွင် တာဝန်ရှိသူများနှင့် တွေ့ဆုံတင်ပြစဉ် ILO က ကတိပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ရွှေမြင်တင်မှာ စာချုပ် ချုပ်ခဲ့တဲ့အတိုင်း အမြန်ဆုံး ဆောင်ရွက်ပေးဖို့ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ ဥက္ကဋ္ဌရယ်၊ ရမည်းသင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရယ်၊ အလုပ်သမား ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်ရယ်၊ မန္တလေးတိုင်း သစ်တောနဲ့ သတ္တုတွင်း ဝန်ကြီးဌာန ဝန်ကြီးရယ်ကို စာရေး အကြောင်းကြား လိုက်ပါ့မယ်လို့ ကျနော် တို့ကို ကတိပေးခဲ့ပါတယ်” ဟု ကိုနေထက်အောင် က ပြောသည်။

ရွှေလုပ်သားများ အဖွဲ့အစည်းအနေနှင့် ILO ၏ ကတိပေးချက်ကို ရလဒ်ကောင်းတခု အဖြစ် ရှုမြင်သော်လည်း ယခုထက် ပိုမိုထိရောက်စွာ ကူညီပေးစေလိုကြောင်း ပြောသည်။

မေလဆန်းတွင် တပိုင်တနိုင် ရွှေတူးခွင့်ကို ကုမ္ပဏီက ပိတ်လိုက်၍ ရွှေလုပ်သားများက နေပြည်တော်ထိ ချီတက် ဆန္ဒပြကြရာ ခရီးတထောက် ရွှေမြင်တင်ဘုရား၌ စခန်းချစဉ် ဇွန်လ ၁၄ ရက်နေ့က အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီနှင့် ရွှေလုပ်သားများက အချက် ၆ ချက်ပါ သဘောတူချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

သဘောတူညီချက်တွင် “အင်း အက်တာများကို ယခင်အတိုင်း လုပ်ကိုင်ခွင့် ပေးရန်၊ ဇုန်အသီးသီးရှိ ဗြုန်းကြိတ်စက်များ ကို ယခင်အတိုင်း ကြိတ်ခွဲခွင့် ပြုရန်နှင့် အင်း၊ အက်တာများ နစ်နာကြေး တောင်းခံထားသူများကို နစ်နာကြေးပေးရန်” စသည်တို့ ပါဝင်သော်လည်း ကုမ္ပဏီဘက်မှ အပြည့်အဝ လိုက်နာခြင်း မရှိသေးကြောင်း ရွှေလုပ်သားများဘက်မှ ပြောသည်။

“လျော်ကြေးပေးတယ် ဆိုတာက ပြည့်စုံတဲ့ အတိုင်းအတာ တခုထိ မရောက်သေး ပါဘူးခင်ဗျာ။ လျော်ကြေးက အနည်းအကျဉ်းလောက်ပဲ ရပါသေးတယ်။ အယောက် ၂ဝ ကျော်လောက် ကျန်ပါသေးတယ်” ဟု ဇုန် ၈ မှ ရွှေလုပ်သား ကိုယ်စားလှယ် ကိုအောင်ကြီး က ပြောသည်။

ကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန် ကမူ အလုပ်သမားများအတွက် စာချုပ်ပါ သဘောတူချက် ၆ ချက်ကို ဖြည့်ဆည်းပေး ထားသည့်အပြင် စာချုပ်တွင် မပါရှိသည့် ပစ္စည်းများလည်း အလုပ်သမားများအတွက် ပံ့ပိုးပေးထားသည်ဟု ဆိုသည်။

“တောင်ပေါ်မှာဆိုရင် စာချုပ်မှာ မပါတဲ့ ပစ္စည်း ၇ မျိုးကိုလည်း သူတို့တွေအတွက် ကျနော်တို့က လုပ်ပေးတယ်ခင်ဗျ။ ဒီဇယ်ဆီ၊ ဆန်၊ အယ်ဂျင်ဝိုင်၊ ဆားဆီ၊ ငါးပိ၊ ငါးခြောက်၊ ပဲ အဲဒီ ၇ မျိုးကို သူတို့က ရိက္ခာပြတ်မှာ စိုးလို့ လိုချင်ရင် ကျနော်တို့ဆီမှာ လာယူပါ။ ပြီးတော့မှ ပြန်ပေးပါ ဆိုပြီးတော့ မိုးတွင်းမှာ လုပ်ပေးနေပါတယ်ခင်ဗျ” ဟု ဦးစိုးထွန်းရှိန် က ပြောသည်။

၎င်းပြင် ရွှေလုပ်သား ၁၃ ဦး မတရား ဖမ်းဆီးခံနေရသည်ဟု အလုပ်သမားဘက်က စွပ်စွဲပြောဆိုခြင်းနှင့် ပတ်သက်၍ ဖမ်းဆီးထားသည်မှာ ဟုတ်မှန်ကြောင်းနှင့် သတ်မှတ် ဧရိယာ ပြင်ပတွင် လုပ်ကိုင်ခြင်းကြောင့် ဖမ်းဆီးခြင်း ဖြစ်သည်ဟု ဆိုသည်။

“ညဘက်မှာ ကျနော်တို့ရဲ့ ဧရိယာထဲမှာ ကျနော်တို့ သတ်မှတ်ထားတဲ့ အင်းတွေလည်း မဟုတ်ဘဲနဲ့ လာပြီးတော့ ခိုးဝင်တဲ့အတွက်ကြောင့်မို့လို့ အဲဒီလူတွေကို ကျနော်တို့ ဖမ်းမိပါတယ်။ ၂၄ နာရီအတွင်းမှာ ရမည်းသင်း ရဲစခန်းကို အပ်လိုက်ပါတယ်” ဟု ကုမ္ပဏီ ဥက္ကဋ္ဌ က ပြောသည်။

အလုပ်သမားများဘက်ကမူ မိမိလုပ်ကွက်အတွင်း ရွှေအင်း ဆင်းသည့် အလုပ်သမား ၁ဝ ဦးကို ရွှေဗြုန်း ခိုးမှုဖြင့် လည်းကောင်း၊ မှိုရှာ မျှစ်ချိုးသွားသည့် အလုပ်သမား ၃ ဦးကို ဓားကိုင်ဆောင်မှုဖြင့် လည်းကောင်း ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ဆိုသည်။

ယခုကဲ့သို့ ရွှေလုပ်သား အခွင့်အရေး တောင်းဆိုနေသူများသည် ရွှေလုပ်သား အစစ်အမှန်များ မဟုတ်ကြောင်း ကုမ္ပဏီဘက်က စွပ်စွဲလိုက်ပြီး ရွှေလုပ်သားများဘက်ကမူ မိမိတို့သည် ရွှေလုပ်သား အစစ်အမှန် ဖြစ်ကြောင်း သက်သေအထောက်အထား ရှိသည်ဟု ဆိုသည်။

“ကျနော်တို့ကို ပြောနေတဲ့လူတွေက တကယ်တော့ အလုပ်သမား အစစ်တွေ မဟုတ်ဘူး။ နိုင်ငံရေးသမား
ယောင်ယောင်၊ သောင်းကျန်းသူ ယောင်ယောင် အဲလို ဖြစ်နေတဲ့ လူတွေ” ဟု ဦးစိုးထွန်းရှိန် က ဆိုသည်။

ILO နှင့် တွေ့ဆုံခဲ့သည့် ကိုနေထက်အောင် ကမူ မိုးထိမိုးမိ တောင်ပေါ်ရှိ ဇုန် ၉၊ အက်တာနံပါတ် ၁ဝ၄၄ သည် ကုမ္ပဏီက တရားဝင် ထုတ်ပေးထားသည့် မိမိ၏ လိုင်စင်နံပါတ် ဖြစ်ပြီး “တကယ်သာ အလုပ်သမား မဟုတ်ရင် ကျနော်တို့လည်း ဒီကို လာစရာ အကြောင်းမရှိပါဘူး။ ကျနော်တို့က နိုင်ငံရေး လုပ်နေတာလည်း မဟုတ်ပါဘူး။ ကျနော်တို့ဟာ နစ်နာဆုံးရှုံးမှုတွေကို တင်ပြနေတဲ့ စစ်မှန်တဲ့ အလုပ်သမားတွေ ဖြစ်ပါတယ်” ဟု ပြောသည်။

ရွှေလုပ်သားများ၏ အခွင့်အရေးကို အကာအကွယ် ပေးနိုင်ရန်အတွက် ရွှေလုပ်သားများ အဖွဲ့အစည်းကို သြဂုတ်လ ၁၂ ရက်နေ့တွင် ဗဟိုဦးစီးကော်မတီဝင် ၃ဝ ဦးဖြင့် အသစ်ပြန်လည် ဖွဲ့စည်းကာ ရမည်းသင်းမြို့နယ် မှတ်ပုံတင် ဦးစီးဌာနသို့ သြဂုတ်လ ၁၄ ရက်နေ့က သွားရောက် လျှောက်ထားခဲ့ပြီး ဖြစ်သည်။

အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီအုပ်စုကို ဝေလင်းထိုက်၊ အာရှအမြူတေ၊ ဓနစမ်းရေ၊ ရွှေလမင်း၊ ရွှေညီအကို၊

မြင့်မိုရ်ရွှေတောင်၊ ရဲညီနောင်၊ မြမျိုးသက်ဦး၊ နေခြည်ပွင့်၊ ကန္တာရစိမ်း၊ ရေတော်သား၊ ရွှေပုံသာ၊ B.B.K. ၊ ရွှေပလောင်၊ မိုးရွှေဝါ၊ ဆွတ်မိုင်၊ ရွှေစုမိုးပြည့်နိုင် စသည့် မိတ်ဖက် ကုမ္ပဏီများဖြင့် စုဖွဲ့ထားပြီး ရှယ်ယာ ၂၈ ခု ရှိကာ အစုရှယ်ယာ တခုလျှင် သိန်းတထောင် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလတွင် ရမည်းသင်းခရိုင်၊ မိုးထိမိုးမိဒေသ ၆,၁ဝ၅ ဧက၌ ရွှေသတ္တု တူးဖော်ရန် ၎င်းကုမ္ပဏီ အုပ်စုက တရားဝင် လုပ်ကိုင်ခွင့် ရရှိချိန်မှ စ၍ အသေးစား ရွှေထုတ်လုပ်မှု ဇုန် ၁၂ ခုအတွင်း အလုပ်သမား နှစ်သိန်းကျော်ကို ငါးနှစ် သက်တမ်းဖြင့် ထွက်ရှိသည့် ရွှေဗြုန်းများကို အချိုးကျ ခွဲယူရန် နုတ်ကတိ ပြုခဲ့သော်လည်း ၇ လအကြာတွင် အသေးစား ရွှေထုတ်လုပ်မှုကို ပိတ်လိုက်ခြင်း ဖြစ်သည်။

ကွန်းချမ်း | စံခလပူရီ (မဇ္ဈိမ)
by Mizzima - News in Burmese

ဦးအောင်သိန်းလ င်းနှင့်ပတ် သက်၍ စုံစမ်းစစ်ဆေးေ ရးအဖွဲ့၏ အစီရင်ခံစာ(အထူးသတင်း)

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဗဟို အလုပ်အမှုဆောင် ကော်မတီဝင် (ရန်ကုန်တိုင်း ဒေသကြီးတာဝန်ခံ) ဦးအောင်သိန်းလင်း၏ Southern Weekend(China) တရုတ်သတင်းစာ ပါပြောကြားချက်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ အစီရင်ခံစာ
ရည်ညွှန်းချက်

၁။       ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဋ္ဌာနချုပ်၏ (၂၈.၇.၂၀၁၂) ရက်စွဲပါ၊ စာအ မှတ်၊ ၁၁ /၇ /ြ ပ ည် ခိုင်ဖြိုး/၂၀၁၂(၁၀၄)

စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များ
၂။       စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်းပါသည်-
(က) ဥက္ကဋ္ဌ               ဦးတင်ထွတ်၊ ဗဟိုအတွင်းရေးမှူး
(ခ)  အဖွဲ့ဝင်            သူရဦးအေးမြင့်၊ ဗဟိုအလုပ်အမှုဆောင်
(ဂ) အဖွဲ့ဝင်             ဦးသိန်းဆွေ၊ ဗဟိုအလုပ်အမှုဆောင်

စွပ်စွဲခံရသူ
၃။       ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်(ရန်ကုန်တိုင်း ဒေသကြီးတာဝန်ခံ) ဦးအောင်သိန်းလင်း
စုံစမ်းဖေါ်ထုတ်ရန်အချက်များ
၎။       ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းနှင့် Southern Weekend(China)ဟု ဖေါ်ပြထားသော တွေ့ဆုံမေးမြန်းမှု ရေးသားဖေါ်ပြချက်များအား Internet စာမျက်နှာများနှင့် ပြည်တွင်းဂျာနယ်များတွင် ဖေါ်ပြထားမှုနှင့်ပတ်သက်၍ အောက်ပါတို့ကို စုံစမ်းစစ်ဆေးရန်ဖြစ်ပါသည်-
(က) အဆိုပါရေးသားဖေါ်ပြချက်များသည် ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း၏ အမှန်တကယ်ပြောကြားချက်များအတိုင်း ဖေါ်ပြထားခြင်း ဟုတ်/မဟုတ်။
(ခ)     ပြောကြားချက်များတွင် ပါတီစည်းကမ်းနှင့်ငြိစွန်းနေသောအချက်များပါရှိခြင်း ရှိ/မရှိ။
စစ်ဆေးတွေ့ရှိချက်များ
၅။       စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဦးအောင်သိန်းလင်းထံမှ ထွက်ဆိုချက်ကို လက်မှတ်ရေးထိုး စေလျှက် ရယူပြီး ပူးတွဲ(က)အတိုင်းတင်ပြပါသည်။
၆။       အဆိုပါကိစ္စနှင့်ပတ်သက်၍ ရေးသားဖေါ်ပြခဲ့သော အောက်ပါဂျာနယ်(၃)စောင်မှ တာဝန်ရှိ သူများကို ရန်ကုန်မြို့ Hotel Yangon တွင် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ(၃)ရက်၌ တွေ့ဆုံပြီး စစ်ဆေး မေးမြန်းခဲ့ပါသည်။
(က) Weekly Eleven ဂျာနယ်
(၁) Eleven Media Group CEO ဦးသန်းထွဋ်အောင်
(၂) Weekly Eleven အယ်ဒီတာချုပ် ဦးဝေဖြိုး
(ခ)  မော်နီတာဂျာနယ်
(၁) CEO ဦးမြတ်ခိုင်
(ဂ)  သံတော်ဆင့်ဂျာနယ်
(၁) ဦးဆန်းဝင်းထွန်း(တာဝန်ခံအယ်ဒီတာ)
(၂) ဦးပြည့်စုံထွန်း(သတင်းအယ်ဒီတာ)
၇။       Weekly Eleven ဂျာနယ်သို့ စစ်ဆေးမေးမြန်းချက်
(က) စုံစမ်းစစ်ဆေးရေးအဖွဲ့မှရှင်းလင်းပြောကြားချက်။                     ဦးအောင်သိန်းလင်းနှင့် Southern Weekend(China)တို့တွေ့ဆုံမေးမြန်းရေးသားဖေါ်ပြချက်အပေါ် ဂျာနယ်များ တွင် ဖေါ်ပြထားမှုနှင့်ပတ်သက်၍ သိရှိလို၍ ခေါ်ယူမေးမြန်းရခြင်းဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုး ပါတီသည် ပါတီစတင်ဖွဲ့စည်းစဉ်ကတည်းက ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ပါတီ၏ မူဝါဒ၊ သဘောထားများဖေါ်ပြပြီးဖြစ်ကြောင်း။ ပါတီ၏နိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်၍ လွတ်လပ်ပြီး တက်ကြွသည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးကြောင်း၊ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ချက်နှင့်အညီ နိုင်ငံတကာနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးကို ကျင့်သုံးလျှက်ရှိကြောင်း၊ သို့သော်လည်း ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းမှ “ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုလည်း မယုံဘူး။ ကုလသမဂ္ဂ ကိုလည်းမယုံဘူး။´´ဟု Southern Weekend(China)မှ တရုတ်လိုဖေါ်ပြချက်ကို အင်္ဂလိပ်ဘာသာပြန်ဆိုပြီး ၎င်းမှမြန်မာဘာသာဖြင့် ဂျာနယ်အချို့တွင်ဖေါ်ပြခဲ့ကြောင်း၊ အလားတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအပေါ် ပြောဆိုခဲ့သည့်ဖေါ်ပြချက်မှာလည်း အမှန်တကယ်ပြောဆိုခဲ့ပါက ပါတီ၏မူဝါဒနှင့်ကွဲလွဲနေကြောင်း၊ ထို့ပြင် မြစ်ဆုံကိစ္စ ပြောဆိုချက်ဟုဖေါ်ပြထားခြင်းမှာလည်း အမှန်တကယ်ပြောဆိုခဲ့ပါက ပါတီ၏သဘော ထားနှင့်ကွဲလွဲနေကြောင်း၊ အဆိုးဆုံးမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် အမြင်ကို ပြောကြားရာ၌ ဒေါ်အောင်ဆန်းစုကြည်အား လူထုမှလှိုက်လှဲစွာထောက်ခံအားပေးနေကြ ခြင်းမှာ “လူတွေက Crazy ဖြစ်နေကြတာပါ။ လူကြိုက်များရခြင်းမှာ အမျိုးသား ခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်လို့ပါ ´´ဟု ဖေါ်ပြထားကြောင်း၊ Crazy ဟူသော အင်္ဂလိပ်စကားကို အချို့ဂျာနယ်က “လူတွေကရူးနေကြတာပါ´´ဟု ဘာသာပြန်ခဲ့ ကြောင်း၊ ဤအချက်အပေါ်တွင်လည်း လူထုမှအထင်မှားအမြင်မှား ဖြစ်စေနိုင်ကြောင်း၊ သို့ဖြစ်၍ ဦးအောင်သိန်းလင်း၏ ပြောဆိုချက်များအပေါ် Southern Weekend(China)က တရုတ်လိုဖေါ်ပြ၊ ၎င်းကို အင်္ဂလိပ်ဘာသာပြန်၊ ၎င်းကို ဂျာနယ်များက မြန်မာလိုပြန်၍ ဖေါ်ပြထားမှုများ၏ အခြေအနေမှန်ကို သိရှိလိုသဖြင့် ယခုလိုတွေ့ဆုံမေးမြန်းရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။
(ခ)   စုံစမ်းစစ်ဆေးရေးအဖွဲ့မှမေး။                          Weekly Eleven ဂျာနယ်တွင် အဆိုပါ ဦးအောင်သိန်းလင်း၏ ပြောကြားချက်နှင့်ပတ်သက်၍ ထည့်သွင်းဖေါ်ပြတာရှိပါသလား၊ ရှိလျှင်ဘယ်ရက်ကလဲ။
Weekly Eleven ဂျာနယ်မှဖြေ။             ထည့်သွင်းဖေါ်ပြခဲ့ပါသည်။ ၂၅.၇.၂၀၁၂ ရက် ထုတ် ဂျာနယ်တွင်ဖြစ်ပါသည်။
မေး။    ဖေါ်ပြခဲ့သည့်သတင်းကို မည်သည့်သတင်း အခြေအမြစ်(Source)ကရ၍ ဖေါ်ပြ ခဲ့တာလဲ။
ဖြေ။    Southern China(Weekend)မှ Internet တွင် တရုတ်လိုတင်ခဲ့ပြီး အဆိုပါ အင်တာဗျူးကို www.burmanet.org တွင် Google Translation မှ အင်္ဂလိပ် ဘာသာဖြင့် ဖေါ်ပြချက်အရသိရှိရပါသည်။ အဆိုပါ အင်္ဂလိပ်ဘာသာပြန်မှ ဂျာနယ်က မြန်မာလိုဘာသာပြန်၍ ထုတ်ဝေခဲ့ခြင်းဖြစ်ပါသည်။
မေး။    မြစ်ဆုံဆည်ကိစ္စနှင့်ပတ်သက်၍ Southern Weekend(China)၏ ဖေါ်ပြချက် အပေါ် မည်သို့မြင်ပါသလဲ။
ဖြေ။    တရုတ်သတင်းစာနှင့်ဂျာနယ်များသည် တရုတ်အစိုးရ၏ဘက်တော်သားများ ဖြစ်ပါကြောင်း၊ တရုတ်အစိုးရအနေဖြင့် မြစ်ဆုံစီမံကိန်းကို အရမ်းပြန်လုပ်ချင်နေ သဖြင့် မြစ်ဆုံဘက်ကိုလမ်းကြောင်းနိုင်မည့်နည်းလမ်းများ ရှာဖွေလျှက် ရှိကြောင်း၊ တရုတ်အစိုးရအနေဖြင့် မြန်မာအစိုးရအပေါ် အနောက်နှင့်ဆက်ဆံ ပြီး သူတို့ကိုဖယ်နေသည်ဟု ထင်မြင်ရပါကြောင်း၊ သို့ဖြစ်ပါ၍ Southern Weelend(China)မှ မြစ်ဆုံကိစ္စအပေါ် ဦးအောင်သိန်းလင်းအား ဆွဲယူအသုံးချ ၍ မေးမြန်းသွားခြင်းဖြစ်သည်ဟု ယူဆပါသည်။
မေး။    ဂျာနယ်က အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ပြန်ရာတွင် တိကျမှုရှိရဲ့လား။
ဖြေ။    ကျွန်တော်တို့က ဘာသာပြန်တာ တော်တော်များများတိကျပါသည်။
မေး။    အင်္ဂလိပ်လို Crazy ဟူသောစကားကို ဂျာနယ်က မည်သို့ဘာသာပြန်ခဲ့ပါသလဲ။
ဖြေ။    “လူတွေကရူးနေကြတာပါ´´ဟု ဘာသာပြန်ခဲ့ပါသည်။ လူတွေကအရူးတွေဟု ပြန်ခြင်းမဟုတ်ဘဲ အရူးအမူးဖြစ်သည့်သဘောဖြင့် “ရူးနေကြတာပါ´´ဟု ဘာသာပြန်ခဲ့ခြင်းဖြစ်ပါသည်။
မေး။    “ရူးနေကြတာပါ´´ဟု ပြောခြင်းဟာ အရူးဟု မဆိုနိုင်ဘူးလား။
ဖြေ။    “ရူးနေကြတာ´´လို့ ဘာသာပြန်ရာမှာ ရူးသွပ်တယ်လို့ မဆိုလိုပါ။ ပြည်သူတွေ ဟာအရူးလို့ ဘာသာပြန်ရင်တော့မှားပါတယ်။ ရူးနေကြတာဆိုရင် လက်ခံနိုင် ပါတယ်။ ဥပမာ ဒီအဆိုတော်ကို အရမ်းကြိုက်လို့ရူးနေကြတာဆိုခြင်းသည် အရူးအမူးနှစ်သက်တာကို ဆိုလိုခြင်းမျိုးဖြစ်ပါသည်။
မေး။    တခြားဂျာနယ်တွေမှာရော ဘယ်လိုရေးကြသလဲ။
ဖြေ။    Envoy, Popular စတဲ့ဂျာနယ်တော်တော်များများကတော့ အရူးအမူးသဘောပဲ ရေးကြတယ်ထင်ပါသည်။
မေး။    မြစ်ဆုံကိစ္စမှာရော ဦးအောင်သိန်းလင်း၏ ပြောကြားချက်ကို ဘယ်လိုဖေါ်ပြခဲ့ပါ သလဲ။
ဖြေ။    မြစ်ဆုံကိစ္စနှင့်ပတ်သက်၍ Southern Weekend(China)၏ ဖေါ်ပြချက်ပါ ဦးအောင်သိန်းလင်းပြောခဲ့သည်ဆိုသည့်အတိုင်း နိုင်ငံတော်သမ္မတတစ်ဦးရဲ့ ဆုံးဖြတ်ချက်ပါ။ လွှတ်တော်၏ဆုံးဖြတ်ချက်မဟုတ်ပါ။ “မြစ်ဆုံဆည်ကို မဖြစ် မနေပြန်လည်တည်ဆောက်ရမည်´´ဟု ဖေါ်ပြခဲ့ပါသည်။
မေး။    သမ္မတတစ်ဦးတည်းဆုံးဖြတ်ချက်ဟုတ်ရဲ့လား။
ဖြေ။    လွှတ်တော်မှာလည်း ကျွန်တော့အထင်တော့ အဆိုတင်သွင်းပြီး ၀ိုင်းထောက်ခံ ကြတယ်လို့ထင်ပါသည်။(ဦးသိန်းဆွေမှ အဆိုကို မိမိကအရေးပေါ်တင်သွင်းခဲ့ပြီး အများစုမှထောက်ခံခဲ့ကြောင်း ဖြည့်စွက်ပြောကြားပါသည်။)
မေး။    ဂျာနယ်တွင် နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်ဆိုပြီး“သူတို့ထပ်နိုင် ရင် ဒီမြစ်ဆုံဆည်ကို မဖြစ်မနေဆောက်မယ်လို့ ဦးအောင်သိန်းလင်းကဆိုရင် ၂၀၁၅ အတွက်အဖြေကထွက်ပြီးသားပဲပေါ့။ ပြိုင်စရာတောင်မလိုတော့ပါဘူး´´ ဟု ဖေါ်ပြထားခြင်းမှာ ဘာကိုရည်ရွယ်ပါသလဲ။
ဖြေ။    အဲဒါကတော့ အမှန်အတိုင်းပြောရရင် စေတနာနဲ့ပြောတဲ့စကားပါ။ ဦးအောင်သိန်းလင်းရဲ့စကားဟာ ပါတီရဲ့အာဘော်ဆိုရင် ပါတီသိပ်နစ်နာနိုင်တဲ့ အတွက် သတိပေးဖေါ်ပြခြင်းဖြစ်ပါတယ်။
မေး။    Southern Weekend(China)အပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ။    တရုတ်စာနယ်ဇင်းထဲမှာ ဒီဂျာနယ်ဟာ အကြီးတန်းအဆင့်ထဲပါတယ်လို့ သိရပါ တယ်။ ဂျာနယ်ရဲ့သတင်းထောက်ဟာ မရိုးသားဘူးလို့မြင်ပါတယ်။ သူလိုချင် တာကိုဆွဲပြီးမေးမြန်းသွားတဲ့အပြင် မြစ်ဆုံကိစ္စကိုအခြေခံပြီး အစိုးရနဲ့ပါတီ အပေါ် သိက္ခာကျအောင်လုပ်တယ်လို့ထင်ပါတယ်။
၈။       မော်နီတာဂျာနယ်သို့စစ်ဆေးမေးမြန်းချက်
(က)    အပိုဒ် ၇(က)ပါအတိုင်း ရှင်းလင်းပြောကြားပါသည်။
(ခ)     စုံစမ်းစစ်ဆေးရေးအဖွဲ့မှမေး။            ဂျာနယ်တွင် ဦးအောင်သိန်းလင်း၏ ပြောကြား ချက်နှင့်ပတ်သက်၍ ထည့်သွင်းဖေါ်ပြတာရှိသလား၊ ရှိလျှင်ဘယ်ရက်ကလဲ။
ဂျာနယ်မှဖြေ။  ထည့်သွင်းဖေါ်ပြခဲ့ပါသည်။(၂၉.၇.၂၀၁၂)ရက်ထုတ်ဂျာနယ်တွင် ဖြစ်ပါသည်။
မေး။    ဖေါ်ပြခဲ့သည့်သတင်းကို မည်သည့်သတင်း အခြေအမြစ်(Source)ကရ၍ ဖေါ်ပြခဲ့တာလဲ။
ဖြေ။    ဒီသတင်း Internet မှာပါလာပြီး အစောကြီးကတည်းကပြန့်နေတာဖြစ်ပါသည်။ Weekly Eleven မှာဖေါ်ပြခဲ့လို့ စာပေစိစစ်ရေးကခွင့်ပြုသည့်သဘောရှိပါသည်။ Internet ကရသည့် သတင်းအခြေအမြစ်ကတဆင့် ဖေါ်ပြခဲ့ခြင်းဖြစ်ပါသည်။
မေး။    Internet က တရုတ်ဘာသာဖေါ်ပြချက်ကိုယူပြီး ဖေါ်ပြသလား၊ အင်္ဂလိပ် ဘာသာပြန်ကတဆင့် ဖေါ်ပြတာလား။
ဖြေ။    တရုတ်ကနေ အင်္ဂလိပ်လိုပြန်ရာမှာ မှားနေသလားလို့ မိမိဂျာနယ်ရှိ တရုတ်စာ ကျွမ်းကျင်သောကလေးများကို လေ့လာခိုင်းခဲ့ပါသည်။ တရုတ်လိုရော အင်္ဂလိပ် လိုရောယူ၍ ဖေါ်ပြခဲ့ခြင်းဖြစ်ပါသည်။
မေး။    They are crazy ဆိုသောစကားနှင့်ပတ်သက်ပြီး ဂျာနယ်တွင် မည်သို့ဖေါ်ပြခဲ့ ပါသလဲ။
ဖြေ။    ဒါကတော့ ပြည်သူတွေရဲ့အရူးအမူးဖြစ်မှုကြောင့်ပါဟု ဖေါ်ပြခဲ့ပါသည်။
မေး။    အင်္ဂလိပ်ဘာသာ Crazy ရဲ့ အဓိပ္ပါယ်ကို တရုတ်ဘာသာမှာဘယ်လိုဖေါ်ပြထား ပါသလဲ။
ဖြေ။    တရုတ်လိုမှာတော့ စိတ်ခံစားမှု နဲ့ ရူးသွပ်တယ်လို့ ဆိုလိုပါတယ်။
မေး။    ဒါဆိုရင် အရူးတွေလို့ဘာသာပြန်တာမှားတာပေါ့။
ဖြေ။    ဟုတ်ပါတယ်။ အရူးတွေလို့ဘာသာပြန်ရင် ဘာသာပြန်တဲ့လူ လွဲပါတယ်။
မေး။    ဦးအောင်သိန်းလင်းအနေနဲ့ ရန်ကုန်ကို တရုတ်မျက်စိကုအဖွဲ့နဲ့ပါလာတဲ့ Southern Weekend(China)သတင်းထောက်နဲ့ စာရင်းသောက်ရင်း အလွတ် ပြောတာကို ဂျာနယ်ထဲထည့် Internet ကထုတ်တာမျိုးလုပ်ခြင်းဟာ စာနယ်ဇင်းသဘောအရလုပ်ခွင့်ရှိပါသလား။
ဖြေ။    စာနယ်ဇင်းသဘောအရ အလွတ်ပြောတာကို ရေးခွင့်၊ ထုတ်ခွင့်မရှိပါ။ တွေ့ဆုံ မေးမြန်း(Interview)လုပ်ပါမယ်လို့ ပြောပြီးမှသာ ရေးခွင့်ထုတ်ခွင့် ရှိပါတယ်။
မေး။    ယခုကိစ္စနဲ့ပတ်သက်ပြီး Southern Weekend(China)အပေါ် ဘယ်လိုမြင်ပါ သလဲ။
ဖြေ။    ဂျာနယ်သတင်းထောက်ဟာ သူလိုချင်တာဆွဲပြီး မေးမြန်းခဲ့တဲ့အပြင် အလွတ် ပြောတာကို ရေးသားထုတ်ဝေခဲ့တဲ့အတွက် ဥပဒေနဲ့မညီညွတ်ဟု ထင်မြင်ယူဆ ပါတယ်။
၉။       သံတော်ဆင့်ဂျာနယ်သို့ စစ်ဆေးမေးမြန်းချက်
(က) စုံစမ်းစစ်ဆေးရေးအဖွဲ့မှ အပိုဒ် ၇(က)ပါအတိုင်း ရှင်းလင်းပြောကြားပါသည်။
(ခ)  စုံစမ်းစစ်ဆေးရေးအဖွဲ့မှမေး။      ဂျာနယ်တွင် ဦးအောင်သိန်းလင်း၏ ပြောကြားချက်နှင့် ပတ်သက်၍ ထည့်သွင်းဖေါ်ပြတာရှိသလား၊ ရှိလျှင်ဘယ်ရက်ကလဲ။
ဂျာနယ်မှဖြေ။     ထည့်သွင်းဖေါ်ပြခဲ့ပါသည်။(၂၈.၇.၂၀၁၂)ရက်ထုတ်ဂျာနယ်တွင် ဖြစ်ပါ သည်။
မေး။      ဖေါ်ပြခဲ့သည့်သတင်းကို မည်သည့်သတင်းအခြေအမြစ်(Source)က ရ၍ ဖေါ်ပြ ခဲ့တာလဲ။
ဖြေ။       Internet နှင့် Facebook တွေမှာစတွေ့ပြီး ဖေါ်ပြခဲ့တာဖြစ်ပါတယ်။ Eleven Media Group ကအစောဆုံး မြန်မာလိုဖေါ်ပြခဲ့တာဖြစ်ပါတယ်။
မေး။      Internet က တရုတ်ဘာသာဖေါ်ပြချက်ကို ယူသလား၊ အင်္ဂလိပ်ဘာသာပြန်က တဆင့်ယူပြီး ဖေါ်ပြတာလား။
ဖြေ။       အင်္ဂလိပ်လိုမှတဆင့် ဘာသာပြန်ဖေါ်ပြခြင်း ဖြစ်ပါသည်။
မေး။      အင်္ဂလိပ်လိုမှာ Crazy လို့သုံးနှုန်းတာလား။
ဖြေ။       They are crazy လို့သုံးထားတာတွေ့ရပါတယ်။
မေး။      Crazy ကို မြန်မာလိုဘယ်လိုဘာသာပြန်သလဲ။
ဖြေ။       အရူးအမူးနှစ်သက်ခြင်း၊ စွဲလန်းခြင်းလို့ ပြန်ပါတယ်။
မေး။      ဒီသတင်းအပေါ် ပါတီရဲ့သဘောထားကြေညာချက်ကိုရောသိပြီးပြီလား။
ဖြေ။       သိပြီးပါပြီ။ ဂျာနယ်မှာလည်းဖေါ်ပြခဲ့ပါတယ်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ထင်မြင်ယူဆချက်
၁၀။     တရုတ်နိုင်ငံထုတ် Southern weekend(China)စာစောင်ပါ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းနှင့် တွေ့ဆုံမေးမြန်းမှု သတင်းနှင့်ပတ်သက်၍ ဦးအောင်သိန်းလင်းနှင့် Weekely Eleven၊ မော်နီတာ၊ သံတော်ဆင့် ဂျာနယ်များမှ တာဝန်ရှိသူများအား တွေ့ဆုံမေးမြန်းထွက်ဆိုချက်များ အရ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ အောက်ပါအတိုင်း ထင်မြင်ယူဆပါသည်-
(က) ဦးအောင်သိန်းလင်းသည် Southern Weekend(China)စာစောင်မှ သတင်းထောက်အား အလွတ်သဘောဆွေးနွေးပြောဆိုခဲ့ခြင်းဖြစ်ပြီး သတင်းအဖြစ် ထည့်သွင်းဖေါ်ပြခြင်း ပြုမည်/မပြုမည်ကိုလည်း မသိရှိခဲ့ပါ။
(ခ)   စာစောင်တွင်ပါရှိသည့် ရေးသားဖေါ်ပြထားချက်များမှာ ဦးအောင်သိန်းလင်း၏ ပြောကြား ချက်များဖြစ်ကြောင်း ယေဘူယျအားဖြင့် မှန်ကန်သည်ကို တွေ့ရှိရပါသည်။

by Myat Khine (Face book)

သြဂုတ်လ ၁၇ ရက်နေ့ထုတ် Premier Eleven Sports Journal

သြဂုတ်လ ၁၇ ရက်နေ့ထုတ် Premier Eleven Sports Journal အတွဲ ၉ အမှတ် ၅၀

ဂျာနယ် ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်