သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် မန်းသတင်းထောက်များ ဆန္ဒထုတ်ဖော်

၅.၈.၂၀၁၂ခုနှစ် နေ့လည် ၁၂နာရီက မန္တလေး မီဒီယာသမားများစုပေါင်းပြီး Stop Killing Press ဆိုသောတီရှပ်များ နှင့် မြို့တွင်းသို့ လှည့်လည်ခဲ့ကြပါတယ်။ (super) DVB TV News


မန်းသတင်းထောက်များ သဘောထား ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ရခိုင်ပြည်နယ်ခရီး ၈၈ ကျောင်းသားများ သတင်းစာရှင်းလင်း

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဘင်္ဂါလီ-ရိုဟင်ဂျာ အရေး ကိစ္စဟာ အင်မတန် နက်နဲ သိမ်မွေ့တဲ့ အတွက် လူ့အခွင့်အရေး ရှုထောင့် တစ်ဘက်တည်းက မကြည့်ဘဲ တိုင်းတစ်ပါး နိုင်ငံသားတွေရဲ့ ကျူးကျော်မှု၊ နယ်စပ်ဒေသမှာ တာဝန် ထမ်းဆောင်တဲ့ အစိုးရ ၀န်ထမ်းတွေရဲ့ အဂတိ လိုက်စားမှု ကိစ္စတွေကိုပါ ဘက်ပေါင်းစုံက ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လို့ (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။
88 Generation Student Group
၈၈ မျိုးဆက်ကျောင်းသားများ၏ "ရခိုင်ပြည်နယ် ခရီးစဉ်များအတွက် သတင်းစာရှင်းလင်းပွဲ" ကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းရှိ (၈၈) မျိုးဆက် ကျောင်းသားများ ရုံးချုပ်မှာ ၂၀၁၂ ခုနှစ် သြဂုတ်လ ၅ ရက်နေ့က ပြုလုပ်နေစဉ်။
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာ ရှိတဲ့ (၈၈) မျိုးဆက် ကျောင်းသားများ ရုံးချုပ်မှာ ဒီကနေ့ ညနေပိုင်းက ပြုလုပ်တဲ့ (၈၈) မျိုးဆက်ကျောင်းသားတွေရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်နဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကိုမင်းကိုနိုင်က အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။
"ဒီကိစ္စမှာ လူ့အခွင့်အရေး ရှုထောင့် တစ်ဘက်တည်းက မကြည့်ဘဲ ကျနော်တို့ နိုင်ငံရဲ့ သမိုင်းကြောင်းနဲ့ ကျနော်တို့ တမျိုးသားလုံးရဲ့ အကျိုးစီးပွားတွေ၊ ပြည်ပက ကျူးကျော် ၀င်ရောက်နေမှုတွေ၊ အဲဒီမှာလည်း မတရားသဖြင့် ဒီက အကျင့်ပျက်တဲ့ ၀န်ထမ်းတွေကြောင့် တချိန်တုန်းက ၀င်ရောက်လာတဲ့သူ နည်းလမ်းပေါင်းစုံနဲ့ ၀င်ရောက်လာသူတွေ ရှိပါတယ်။ ဒါကြောင့် ကျနော်တို့ အမျိုးသား အကျိုးစီးပွားအတွက် နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေ နဲ့ တိုင်းရင်းသားဆိုလည်း တိုင်းရင်းသားတွေနဲ့ အခွင့်အရေးတွေ အားလုံး ခြုံပြီး ကြည့်ရပါမယ်။ "
ဒါအပြင် ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်လို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး အခြေအနေမှန်တွေ ဖေါ်ထုတ်ဖို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားရဲ့ တိုက်တွန်းချက် အပေါ် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ရဲ့ သဘောထားနဲ့ ပတ်သက်လို့ ကိုယ်တိုင် သွားရောက် စုံစမ်း လေ့လာခဲ့တဲ့ မမီးမီးက အခုလို ပြောပါတယ်။
"လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ ပါဝင်မယ့်သူတွေဟာ တကယ်ကို လွတ်လွတ်လပ်လပ် စုံစမ်းခွင့် ရသလား၊ မရသလား ဆိုတဲ့အပေါ်မှာလည်း မူတည်သလို အာဏာပိုင်ကလည်း လွတ်လွတ်လပ်လပ် စုံစမ်းခွင့်ကို ခွင့်ပြုရမှာ ဖြစ်သလို ဒေသခံ တိုင်းရင်းသား ပြည်သူတွေကလည်း ကိုယ့်ရဲ့ ဒေသ အကျိုးစီးပွားအတွက် ဒီကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။"
(၈၈) မျိုးဆက်ကျောင်းသားများ အဖွဲ့ဟာ မကြာသေးခင်က ရခိုင်ပြည်နယ်ကို (၃) ကြိမ် သွားရောက်ခဲ့ပြီး၊ ကျပ်သိန်း (၃၅၀) ဖိုးခန့်ရှိတဲ့ အကူအညီတွေကို ဒုက္ခသည်တွေထံ ပေးအပ်ခဲ့ပါတယ်။ ဒီခရီးစဉ်တွေနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကို ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုပြုံးချို၊ မနီလာသိန်းနဲ့ မမီးမီးတို့က သတင်း မီဒီယာတွေကို ရှင်းလင်းပြောကြား ခဲ့ကြပါတယ်။

RFA Burmese

ရခိုင်ပြည်နယ်ပြဿနာ ဘာသာရေးပဋိပက္ခ မဟုတ်ကြောင်း အင်ဒို သမ္မတ ပြောကြား

ကမ္ဘာမှာ မူစလင်ဘာသာဝင် အများဆုံးရှိရာ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတ ဆူဆီလို ယူဒိုယူနို က ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခ နဲ့ ပတ်သက်လို့  မြန်မာနိုင်ငံ အစိုးရဟာ အကောင်းဆုံးဖြစ်အောင် ကိုင်တွယ် ဖြေရှင်းနေကြောင်း ပြောကြားလိုက်ပါတယ်။

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


AFP
အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဆူဆီလို ယူဒိုယူနို(Susilo Bambang Yudhoyono) ကို ၂၀၁၂ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့က သြစတြေလျနိုင်ငံ ဒါဝင်မြို့တွင် သြစတြေလျ နိုင်ငံ ၀န်ကြီးချုပ် နဲ့ တွေ့ဆုံပွဲတွင် တွေ့ရစဉ်။

KIO နယ်မြေရှိ ဒုက္ခသည်စခန်းများတွင် ၀မ်းရောဂါဖြစ်ပွား

ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အုပ်ချုပ်နယ်မြေတွင် ခိုလှုံနေသော စစ်ပြေးဒုက္ခသည် များ၌ မိုးရာသီချိန် မသန့်ရှင်းသော ရေကိုသောက်သုံးခြင်းကြောင့် ၀မ်းရောဂါ ဖြစ်ပွားနေကြောင်း KIO ဗဟို ကျန်းမာရေးဌာနမှ ပြောသည်။

စစ်ပြေးဒုက္ခသည်စခန်းအတွင်း ဇူလိုင်လမှစ၍ ၁၅ နှစ်အောက်ကလေးများ၌ ၀မ်းလျှော၊ ၀မ်းပျက်ရောဂါ ဖြစ်ပွားမှု ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရွှေဖြူ နှင့် အခြားသတ္တုတွင်းကြောင့် တာချီလိတ်ကျေးလက်များအခက်တွေ့

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် ကျေးလက် ဒေသခံများ ရွှေဖြူ ရွှေဝါ သတ္တုတွင်းကြောင့်  သုံးရေခက်၊ စပါးခင်းပျက်ကာ ၀မ်းရေးအတွက်ပါ အခက်အခဲဖြစ် နေကြောင်း ဒေသခံများက ပြောပါသည်။

“မနှစ်ကလဲ စပါးစိုက်လို့မရဘူး၊ ဒီနှစ်ပိုဆိုးတယ်၊ သတ္တုကနေ ထွက်တဲ့ ဓါတုဆေးရေတွေ အညစ်အကြေး တွေက ချောင်းရေ နဲ့လယ်ကွင်း စိုက်ခင်းတွေထဲကို ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဒီလှိုင်း စာစောင် အတွဲ(၁)၊ အမှတ်(၂၈)

ဒီလှိုင်း စာစောင် အတွဲ(၁)၊ အမှတ်(၂၈)


စာစောင်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


တနင်္သာရီမြို့နှင့် တနင်္သာရီမြို့နယ်ရှိ ကျေးရွာ ၃၀ ကျော် ရေလွှမ်းမိုး ရေဘေးသင့်သူများ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေ

တနင်္သာရီမြို့နှင့် တနင်္သာရီမြို့နယ်တွင်းရှိ ကျေးရွာ ၃၀ ကျော်တွင် ရေလွှမ်းမိုးမှုဒဏ် ခံနေရကြောင်း ဒေသခံများက ပြောကြားသည်။

`အခုကျွန်တော်တို့ လုံးဝရွှေ့ပြောင်းနေရသူတွေကို တစ်အိမ်ထောင် ဆန်သုံးပြည်နဲ့ ခေါက်ဆွဲခြောက်တွေ ပေးနိုင်အောင် ကြိုးစားနေတယ်။ အဓိကလိုနေတာက ကျန်းမာ ရေးစောင့်ရှောက်မှုတွေလိုနေတာ၊ ခြင်တွေကြောင့် တုပ်ကွေးနဲ့ကူးစက်ရောဂါတွေ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓာတ်ပုံ- ထားဝယ်မြို့တော်

အိုလံပစ် ပြိုင်ပွဲဝင် မြန်မာအားကစားသမားများ ရလဒ်များ မကောင်း

 ၂၀၁၂ ခုနှစ်၊လန်ဒန် အိုလံပစ် ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နေသည့်
 မြန်မာ အားကစား သမားများသည် လက်ရှိအချိန်တွင် ရလဒ်များ ဆိုးရွား
လျက်ရှိပြီး ပါဝင် ယှဉ်ပြိုင်နေသည့် ကစားသမား ခြောက်ဦးတွင် လေးဦး
အထိ ပြိုင်ပွဲကိုယ်စီမှ ထွက်ခွာခဲ့ရပြီ----

 သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




စားကျက်မြေများ၊အင်းများနှင့် သင်္ချိုင်းမြေကိုပါ စတီးလ်စတုန်းကုမ္မဏီမှသိမ်းယူ

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် တောစွန်း ကျေးရွာ၊ ဘူးသနွတ် ကျေးရွာ၊ မကိုက်ပုံ ကျေးရွာ၊ ဘိုးနတ်ပေး ကျေးရွာ တို့ရှိ စားကျက်မြေ ၊ သင်္ချိုင်းမြေ၊ နှင့် မိရိုးဖလာ လုပ်ကိုင်ကြသော အင်းများ စုစုပေါင်း ၅၇၅.၉၄ ဧက ကို ၂၀၀၅ ခုနှစ်မှ စ၍ စတီးလ်စတုန်းကုမ္မဏီ(Steel Stone Company) က ကျေးရွာ ရ.ယ.က ၊ ထန်းတပင်မြို့နယ် မ.ယ.က တို့နှင့်ပူးပေါင်း၍ သိမ်းယူခဲ့ပါသည်။

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ








ဇေကမ္ဘာ ကုမ္ပဏီ ဇုန်မြေထဲမှာရှိ ဓါတ်တိုင် ပြန်လည်နှုတ်ခိုင်းနေ


ရန်ကုန်တိုင်းဒေသကြီး၊မြောက် ပိုင်းခရိုင် ၊ လှည်းကူးမြို့နယ်ထဲမှ ဆင်ဖုံကျေးရွာသည် မင်္ဂလာဒုံ မြို့ နယ်နှင့်မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့ သစ်တို့နှင့်နယ် နမိတ်ချင်းထိစပ်နေပြီးဆင်ဖုံကျေး ရွာမလစ်ကျေးရွာ ၊ စစ်ပင် ကျေး ရွာသို့အားထားနေရသော ရွှေ ပေါက်ကံမြို့သို့  ဆက်သွယ်ထား သောလမ်းကို အသုံးပြုနေခြင်းမှာ နှစ်ပေါင်းမြောက်များ စွာကြာ မြင့်နေပြီဖြစ်သည်။

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


နည်းပညာ အားနည်းချက်ကြောင့် ဟိုင်ဒြိုဂျင် ပါရောက်ဆိုဒ် စက်ရုံပေါက်ကွဲမှုဖြစ်ရဟု စက်ရုံမှူးပြော

ဝါဆိုလပြည့်နေ့ မွန်းလွဲပိုင်းက မကွေးတိုင်း ချောက်မြို့နှင့် စလေမြို့အကြားရှိ စက်မှုဝန်ကြီး
ဋ္ဌာနပိုင် အိမ်သုံးပစ္စည်းစက်ရုံ  မှ ဓါတုပစ္စည်း ပေါက်ကွဲမီးလောင်ကျွမ်းခဲ့ရခြင်းမှာ တရုတ် ကုမ္ပဏီမှ တည်ဆောက်သည့် စက်ရုံ၏ နည်းပညာဆိုင်ရာ အားနည်းမှုကြောင့် ဟု စက်ရုံမှူးက သုံးသပ်ပြောဆိုသည်။

စက်ရုံတွင် ကွန်ပျူတာစနစ်နှင့် လူကိုယ်တိုင် ကိုင်တွယ် ဆောင်ရွက်ရသည့် (Manual)

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


                       သြဂုတ်လ ၂ ရက်နေ့က စက်ရုံမီးလောင်မှု ကို ငြိမ်းသတ်နေစဉ်။


                          မီးလောင်ကျွမ်းနေသည့် ဟိုင်ဒြိုဂျင် ပါရောက်ဆိုဒ် စက်ရုံ


             ပေါက်ကွဲမှု အရှိန်ကြောင့် စက်ရုံမှန်များနှင့် နံရံကြွေပြားများ ကွဲအက် ပျက်စီးခဲ့သည်။

ရခိုင်ပြည်နယ်အရေး အဖြစ်မှန်ဖော်ထုတ်ဖို့ ကင်တားနားတိုက်တွန်း


ပြီးခဲ့တဲ့ ဇွန်လအတွင်း ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး အဖြစ်မှန်ကို စုံစမ်းဖော်ထုတ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်ရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနားက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံကို ၆ ရက်ကြာ သွားရောက် လေ့လာစုံစမ်းခဲ့တဲ့ မစ္စတာ ကင်တားနားက---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Tomas Ojea Quintana said he witnessed "widespread suffering" from the June violence which left at 78 dead [Reuters]

ရခိုင်ပြည်တွင်း ၌ ဖြစ်ပွား ခဲ့သော ပဋိပက္ခ များကို အင်တာနက် ပေါ်တွင် ပုံကြီးချဲ့ ရေးသားဟု Csmonitor သတင်း ဌာန ဆို


မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ပြင်ပ မူဆလင်နိုင်ငံများတွင် ရေးသားမှူများ နှင့်၊ ဆန္ဒပြပွဲများတွင် ကြွေးးကြော် နေမှူများ အင်တာနက် သတင်းများတွင် ဖော်ပြနေမှူများ သည် အဖြစ်မှန်ထက် ပုံကြီးချဲ့ထားမှူ များက ပိုပြီး များပြားနေကြောင်း The Christian Science Monitor သတင်းဌာနက ဩဂုတ်လ၃ ရက်နေ့ က---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အမရဌာနီအရှေ့ NLD ရုံးဖွင့်ပွဲ

ယနေ့ သြဂုတ် (၅) ရက်နေ့  မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် အမရဌာနီအရှေ့
ရပ်ကွက်တွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင်ပွဲနှင့် ရုံးဖွင့်ပွဲ
အခမ်းအနား ကျင်းပခဲ့ပါသည်။

၎င်းဖွင့်ပွဲတွင် ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အဖွဲ့ဝင်များ စုစုပေါင်း
(၁၀၀၀)ဦးခန့်တက်ရောက်ကြောင်း Myanmar News Now မှ သိရပါသည်။

ရခိုင်ပဋိပက္ခ သီးခြားလွတ်လပ်စွာ စုံစမ်းရေး ကင်တားနားတောင်းဆို

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး သီးခြားလွတ်လပ်တဲ့ အဖွဲ့ကနေ စုံစမ်းစစ်ဆေး ပေးနိုင်ရေး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ်အိုဟေးကင်တားနား (Tomas Ojea Qintana) က တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ အရပ်ရပ်ကို အကဲခတ် ဆန်းစစ်ဖို့အတွက် မြန်မာနိုင်ငံကို တပတ်ကြာခရီး ရောက်ရှိနေချိန်မှာ မစ္စတာ ကင်တားနားက အခုလို ပန်ကြားလိုက်တာပါ။ ဒီအကြောင်းကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ဆူပူမှုတွေ တည်ငြိမ်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့တွေက အဆမတန် အင်အားသုံးခဲ့တာတွေ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စိုးရိမ်တဲ့အကြောင်း မစ္စတာ ကင်တားနားက သူ့ရဲ့ ၆ ရက်ကြာ ခရီးစဉ် အဆုံးသတ်တဲ့နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးတာတွေ ချက်ချင်း မလုပ်နိုင်ဘူးဆိုရင် အမှန်အတိုင်း မဟုတ်ဘဲ တဘက်နဲ့တဘက် ချဲ့ကား စွပ်စွဲပြောဆိုတာတွေ ရှိနေတာကြောင့် ပြန်လည် သင့်မြတ်ရေးအတွက် အလားအလာ မကောင်းဘဲ ယုံကြည်မှု ကင်းမဲ့နိုင်သလို တင်းမာမှုတွေလည်း တိုးလာနိုင်တယ်လို့ မစ္စတာ ကင်တားနားက ပြောသွားပါတယ်။

“လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေကို သီးခြား လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ အဖွဲ့ ဖွဲ့ပြီး အမြန်ဆုံး စုံစမ်းစစ်ဆေးပေးဖို့ တခြား အဖွဲ့အစည်းတွေက တောင်းဆိုနေသလိုပဲ ကျနော်ကလည်း တောင်းဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော့်အနေနဲ့ အထောက်အကူ ပေးနိုင်ပါတယ်။”

မစ္စတာ ကင်တားနား ဟာ ဒီခရီးစဉ်အတွင်းမှာ ရခိုင်ပြည်နယ်အရေးတင်မကဘဲ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးကိုလည်း တိုက်တွန်းခဲ့သလို မြန်မာနိုင်ငံ အနေနဲ့ ပြုပြင် ပြောင်းလဲရေးတွေ ရှေ့ရှုတဲ့နေရာမှာ လူ့အခွင့်အရေး တိုးတက်ဖို့က အခရာကျတဲ့အကြောင်းကိုလည်း ပြောသွားပါတယ်။

“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး စိန်ခေါ်နေတဲ့ ပြဿနာတွေ ဆက်ပြီး ရှိနေသေးပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကိုင်တွယ်ဖို့ လိုတယ် ဆိုတာကို ရခိုင်ပြည်နယ်က ပြဿနာတွေက သရုပ်ဖော် ပြသလိုက်တာပဲ ဖြစ်ပါတယ်။”

မစ္စတာ ကင်တားနားက ရခိုင်ပြည်နယ်တွင်း ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာ၊ ရေနဲ့ မိလ္လာ တကိုယ်ရေ သန့်ရှင်းရေး စတာတွေအပေါ်မှာလည်း စိုးရိမ်တဲ့အကြောင်း အခုလို ပြောဆိုသွားပါတယ်။

“အကြမ်းဖက်မှုတွေကြောင့် အိုးအိမ် ဆုံးရှုံးရသူတွေနဲ့ အခြေအနေမဲ့ရသူတွေရဲ့ ဒုက္ခတွေကို ကျနော် ကိုယ်တိုင် တွေ့ခဲ့ရပါတယ်။ ဒုက္ခရောက်နေကြရတဲ့ နှစ်ဘက်စလုံးက လူထုကို စာနာကြောင်း အလေးအနက် ပြောကြားလိုပါတယ်။”

မြန်မာ့အိမ်နီးချင်း နိုင်ငံတွေ အနေနဲ့ ဒုက္ခသည်တွေကို လစ်လျူရှုမထားဖို့လည်း အခုလို ပန်ကြားပါတယ်။

“နိုင်ငံတကာ ဥပဒေအရ မိမိရဲ့ နိုင်ငံသားဖြစ်စေ၊ နိုင်ငံခြားသားဖြစ်စေ ကိုယ့်ရဲ့ ပိုင်နက်ထဲမှာရှိတဲ့သူ အားလုံးရဲ့ အခွင့်အရေးကို အကာအကွယ်ပေးဖို့ ၀တ္တရား ရှိတယ်ဆိုတာကို မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေတင်မကဘဲ ဒေသတွင်း နိုင်ငံတွေကပါ အသိအမှတ်ပြု လိုက်နာကြဖို့ ကျနော် တိုက်တွန်းပါတယ်။”

မစ္စတာ ကင်တားနားဟာ ဒီခရီးစဉ်အတွင်းမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအ၀င် အစိုးရ၀န်ကြီးအဖွဲ့ရဲ့ ရခိုင်ပြည်နယ်အရေး သတင်းစာရှင်းလင်းပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေကိုလည်း တွေ့ဆုံပြီး ရခိုင်ပြည်နယ် အရေးနဲ့ မြန်မာပြည်ရဲ့ လူ့အခွင့်အရေး အခြေအနေ အရပ်ရပ်ကို ဆွေးနွေးခဲ့ပါသေးတယ်။

မစ္စတာ ကင်တားနားဟာ သောကြာနေ့က နေပြည်တော်ကို သွားရောက်ပြီး အစိုးရ ၀န်ကြီးတွေ၊ လွှတ်တော် ရေးရာ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး မနေ့က စနေနေ့ကတော့ ရန်ကုန်က မထွက်ခွာခင်မှာ နိုင်ငံတကာ လေဆိပ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။ မစ္စတာ ကင်တားနား အနေနဲ့ ဒီခရီးစဉ်အတွင်း မြန်မာ့လူ့အခွင့်အရေး အခြေအနေ အရပ်ရပ်အပေါ် အကဲခတ် စမ်းစစ်ချက်တွေနဲ့ ပတ်သက်ပြီး ရှေ့လမှာကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တင်သွင်းဖို့ ရှိပါတယ်။


 ဒေါ်ခင်စိုးဝင်း (ဗွီအိုအေ)

KIA နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ နိုင်ငံရေးတွေ့ ဆုံဆွေး နွေးမှုစတင်လုပ်ဆောင် သွား မည် ဟု ဦးအောင်မင်း ပြောကြား

KIA နှင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ဒုတိယ အဆင့်ဖြစ်သည့် နိုင်ငံရေး ဆွေးနွေးရေးလမ်း စဉ်ဖြင့် မကြာမီ ဆွေးနွေး သွားမည်ဖြစ်ကြောင်းပြည်ထောင် စု အဆင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု အဖွဲ့အတွင်း ရေးမှူး ဦးအောင်မင်း က ရန်ကုန်တိုင်းမ်ဂျာနယ် ၏မေး မြန်းမှု တွင်ဖြေကြားခဲ့သည်။

“political dialoge ကအခုလည်းတက်နေတာပဲ။ ကျန်တဲ့အဖွဲ့တွေနဲ့ လည်း ဆွေးနွေး နေတာပဲ။ သူတို့အဖွဲ့က seat fire မလုပ်ပဲဆွေးနွေးမယ် ဆိုလည်း ဆွေးနွေးလို့ရတာပဲ။ political dialoge ဆိုလည်း ကျွန်တော်တို့သဘော တူပါတယ်'' ဟု ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးဖော်ဆောင် မှုအဖွဲ့အတွင်းရေး မှူး ဦးအောင်မင်း ကဆိုသည်။

ထိုသို့ပြောကြားခြင်း မှာ ဩဂုတ်(၁)ရက်နေ့တွင် စက်မှု ဝန် ကြီးဌာနတွင်ပြုလုပ်သည့် မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှု ကော်မရှင်အစည်းအဝေး အပြီးတွင် မီဒီယာများ ကငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှင့် ပက်သက်၍ မေးမြန်းကြရာတွင် အထက်ပါအတိုင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

KIA အဖွဲ့ကအစိုးရ နှင့်ငြိမ်းချမ်းရေးဆွေးနွေးရေးလမ်း စဉ်တွင်ပထမအဆင့်ဖြစ်သောအ ပစ်အခတ်ရပ်စဲရေး သဘောတူညီ မှုကို မစတင်မီဒုတိယ အဆင့်ဖြစ် သောနိုင်ငံရေး ဆွေးနွေးမှုကိုပြုလုပ် လိုသည်ဟု တောင်းဆိုသဖြင့် ပြည် ထောင်စုအဆင့်ငြိမ်းချမ်းရေး ဖော် ဆောင်မှုအဖွဲ့က နေရာညှို နှိုင်းမှုပြီး စီးပါကမကြာမီနိုင်ငံရေးဆွေးနွေးမှု ကိုစတင်ဆောင်ရွက်သွားမည် ဖြစ် ကြောင်းသိရသည်။

''ကေအိုင်အေနဲ့စကား ပြောထားတယ်။သူတို့ကို မူဆယ် မှာလာဆွေးနွေးပါလို့ပြောထားတယ်။ သူတို့က မူဆယ် မဟုတ်ဘူးရွှေလီ လို့ပြောတယ်။အခုသွားမှာ ဝန်ကြီးတွေ၊ ဗိုလ်ချုပ်ကြီး စိုးဝင်း တို့ပါတော့ သူများနိုင်ငံမှာ ဆွေးနွေးတာမကောင်းဘူးလေ။ မူဆယ်ဘက်မှာ လာဖို့ တော့ပြောထား တယ်။ ဒီတစ်ခါတော့ တပ်တွေနေရာချမှာ တပ်တွေနေ ရာချပြီးရင်ငြိမ်းချမ်းပြီပေါ့။သူတို့ ဘက်က နေရာရပြီးရင် နေရာအတည်ပြုပြီး တာနဲ့သွားကြမယ်''ဟု ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့အတွင်း ရေးမှူး ဦးအောင်မင်း ကဆိုသည်။

စစ်အားစစ်ဘက်၊တပ် ဘက်အပါအဝင် KIO အဖွဲ့ ဘက်ကလည်း လိုချင်မည်မဟုတ်သကဲ့သို့ ကမ္ဘာက လည်းကြိုက်မည် မဟုတ်ကြောင်း၊ခေတ်ကလည်း လက်မခံ တော့သည့်အတွက်ငြိမ်းငြိမ်းချမ်း ချမ်းနှင့်ပူးပေါင်းဆောင်ရွက်ရန်သာ ရှိကြောင်း၊ခေတ်က လက်မခံတော့ သောစစ်အား ဆက်လက် ဆုပ်ကိုင် ထားသူသည် မိုက်မဲသူဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည်ဒီမိုကရေစီစနစ် ကိုကျင့်သုံး နေပြီဖြစ် ကြောင်း ဦးအောင်မင်း ကပြော ကြားသည်။
စည်းလုံးညီညွှတ်ရေး နှင့် ဒီမိုကရေစီပါတီ(ကချင်ပြည်နယ်) မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ''အပစ်အခတ်ရပ်ဆဲပြီး နိုင်ငံရေးဆွေးနွေးတာက ပြည်သူ တွေ အတွက်ပို ကောင်း ပါတယ်။အခုလို နိုင်ငံရေး ကိုအရင်ဆွေးနွေး မယ်ဆိုလည်းကောင်းပါတယ်။ဘာဟာပဲ စစ စဖို့က အရေးကြီး ပါတယ်။ အပစ်အခတ်ရပ်စဲရေး ကတော့တပ်မတော်က လုပ်ရမယ့်အပိုင်းပါ။ အစိုးရ နဲ့လွှတ်တော်က နိုင်ငံရေးဆွေးနွေးရေး ကိုဆောင်ရွက်ရမှာဖြစ်တာကြောင့် အပစ်အခတ်တွေရပ်စဲ သွားရင် တော့ ပိုကောင်းတာပေါ့'' ဟုဆိုသည်။

တိုင်းရင်းသားလက် နက်ကိုင်များ နှင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ပထမအဆင့် အနေဖြင့် အပစ်အခတ်ရပ်စဲရေး၊ ဒုတိယအနေဖြင့် နိုင်ငံရေးဆွေးနွေးရေး နှင့်တတိယဆင့်အနေဖြင့် အားလုံး ပါဝင်သောညီလာခံ ကျင်းပရေးတို့ကို အဆင့်ဆင့်ဆောင် ရွက်သွားမည်ဖြစ်ကာတိုင်းရင်းသား လက်နက်ကိုင်ဖွဲ့ (၁၀) ဖွဲ့နှင့်အပစ်အခတ်ရပ်စဲရေး ကိုသဘော တူညီခဲ့ပြီး နိုင်ငံရေးဆွေး နွေးမှုကိုသွား နေပြီဖြစ် ကြောင်း၊KIAအဖွဲ့နှင့်အပစ်အခတ်ရပ်စဲရေး ကို ခေတ္တချန်ထားပြီး နိုင်ငံရေး တွေ့ဆုံမှုကို ဦးဆုံး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

ဝေမာသိမ့် - Yangon Media Group

FEC ကို တစ်နှစ်အတွင်းရုတ်သိမ်းမည်

FEC ကို တစ်နှစ်အတွင်း (သို့မဟုတ်) ယခုနှစ်အတွင်း ရုတ်သိမ်းနိုင်သောအခြေအနေရှိ သည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ၁-၈-၂၀၁၂ရက်နေ့တွင် ကျင်းပသော ဘဏ္ဍာအခွန်ဝန်ကြီးနှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် တရားဝင်ပြောကြားခဲ့ပါတယ်။

FEC အသုံးဟာ လက်ရှိအနေဖြင့် အစိုးရဘီလ်တချို့ပေးဆောင်ရခြင်းနှင့် MFTB, MICB ဘဏ်များတွင် နိုင်ငံခြားအဖွဲ့အစည်းများမှ လွှဲပို့ငွေကို ပြန်ထုတ်ပေးခြင်းမျိုးတွင်သာအသုံးပြုပါတော့တယ်။ ဒီအတွက် FEC ရုတ်သိမ်းခြင်းဟာ ဈေးကွက်အပေါ် သက်ရောက်မှု အင်မတန်နည်းပါးတယ်လို့ သုံးသပ်မိပါတယ်။

မကြာမီမှာ Foreign Exchange Law အသစ်လည်း ထုတ်ပြန်တော့မယ်လို့ ၄င်းနေ့က ဘဏ္ဍာအခွန်မှ တရားဝင်ကြေငြာပါတယ်။ ၄င်းဥပဒေအသစ်ကို လွှတ်တော်သို့တင်ပြခဲ့ပြီး လွှတ်တော်မှ အတည်ပြုချက်ရပြီလို့လည်း သိရပါတယ်။

၎င်းဥပဒေအသစ်ကြောင့် FEC ကို ရုတ်သိမ်းမည်ဆိုလျှင် အခက်အခဲမရှိ ရုတ်သိမ်းနိုင်မည်ဖြစ်သလို၊ ပြည်တွင်းဈေးကွက်အတွက်လည်း သက်ရောက်မှုအနည်းဆုံးဖြင့် ရုတ်သိမ်းနိုင်မည်ဟု မျှော်လင့်ပါတယ်။

FEC လက်ဝယ်ကိုင်ထားသူများအနေဖြင့် အမေရိကန်ဒေါ်လာနှင့် တန်ဖိုးညီသော ပြန်လည်ပေးလျော်မှုကို ရရှိကြမှာဖြစ်ပါတယ်။

AGD Bank Facebook Page မှ

 Yangon Media Group

နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီး ထောင် အနှစ် ၄၀ ချခံရ

မောင်တောမြို့တွင် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သော မွတ်ဆလင်များ၏ အကြမ်းဖက်တိုက်ခိုက်မူ အပေါ် လက်ပိုက်ကြည့်နေခဲ့သော နယ်စပ်ဒေသ လူဝင်မူ စစ်ဆေးကွပ်ကဲရေး ဌာနချုပ် ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်ကြီးကို ထောင်အနှစ် ၄၀ ချမှတ်လိုက်ကြောင်း ခိုင်လုံသော သတင်းရပ်ကွက် အရ သတင်း ရရှိသည်။

သွေးလန့်တတ်သည်ဆိုသော ယခင် နစကမှူး ဗိုလ်မှူကြီး အောင်ကြီး (ဓါတ်ပုံ- နိရဉ္စရာ)

ယခုအခါ ဗိုလ်မှူးကြီး အောင်ကြီး ကို ထိုသို့ နှစ်ရှည် ထောင်ဒဏ် ချမှတ်လိုက်သဖြင့် ဇနီးဖြစ်သူမှာ အထူး ပူပင်သောက ရောက်နေကြောင်း သိရသည်။

“ ဟုတ်ပါတယ်။ သူ့မိန်းမ ဒေါ်လတ်လတ်သိန်းက ဗိုလ်မှူးကြီး အောင်ကြီးကို ထောင် နှစ် ၄၀ ချလိုက်တယ်လို့ ပြောတာပါ။ အခု ဒေါ်လတ်လတ်သိန်းက အရမ်းပူပင်သောက ရောက်နေပါတယ်။ သူမယောင်္ကျား မွတ်ဆလင် တွေဆီက ပိုက်ဆံ တစ်ပြားမှ မစားခဲ့ဘူးဆိုပြီး ပြောနေပါတယ်” ဟု ဒေါ်လတ်လတ်သိန်းကို ကိုးကားပြီး အမည် မဖေါ်လိုသူ တစ်ဦးက နိရဉ္စရာကို ပြောသည်။

ယခုအခါ ဗိုလ်မှူးကြီး အောင်ကြီး ဇနီးဖြစ်သူ ဒေါ်လတ်လတ်သိန်းမှာ ရန်ကုန်ကို ရောက်ရှိနေကြောင်း သူက ဆိုသည်။

ဗိုလ်မှူးကြီးအောင်ကြီးအား ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနှင့် အဖွဲ့ ဇူလိုင်လ ၇ ရက်နေ့က မောင်တောမြို့ကို လာရောက် လည်ပတ်ပြီး အပြန်တွင် ရာထူးချကာ စစ်တွေသို့ ခေါ်ယူသွားပြီး၊ စစ်တွေမှ တဆင့် နေပြည်တော်သို့ ခေါ်ယူခဲ့ကြောင်း သိရသည်။

“ အခု သူ့ကို ထောင်ချလိုက်တာက နေပြည်တော်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ သူ့ကို စရဖ အဖွဲ့က တော်တော် ပြင်းပြင်းထန်ထန် စစ်ဆေး မေးမြန်းခဲ့တယ်လို့ ပြောပါတယ်” ဟု သူက ဆိုသည်။

ဒေါ်လတ်လတ်သိန်း အပြောအရ ဗိုလ်မှူးကြီးအောင်ကြီးမှာ သွေးကို လန့်တတ်သူ ဖြစ်သဖြင့် ဆန္ဒပြသူ ဘင်္ဂလီမွတ်ဆလင် များအား ပစ်မိန့် မပေးခဲ့ခြင်းသာ ဖြစ်ကြောင်း ပြောဆိုသည်ဟု ဆိုသည်။

“ သူမရဲ့ယောင်္ကျားက သွေးကို အရမ်းကြောက်တယ်လို့ ပြောပါတယ်။ ဆန္ဒပြသူတွေကို ပစ်မိန့်ပေးရင် သွေးတွေကို မြင်ရမယ်။ လူတွေ သေမယ်။ ဒါကြောင့် ပစ်မိန့်မပေးတာလို့ ပြောပါတယ်။ ပိုက်ဆံတွေ ယူပြီး ပစ်မိန့် မပေးတာ မဟုတ်ဘူးလို့ ဒေါ်လတ်လတ်သိန်းက ပြောပါတယ်” ဟု ဆက်ပြောသည်။

မောင်တောမြို့တွင် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူတွင် ဗိုလ်မှူးကြီး အောင်ကြီး သည် လာဒ်ငွေ အမြောက်အများ ယူပြီး အလိုတူ အလိုပါ ပူးပေါင်းကြံစည်ခဲ့သူ အဖြစ် အများ ပြည်သူများက စွပ်စွဲထားကြသည်။

ဆူပူ အကြမ်းဖက်သူ မွတ်ဆလင် လူအုပ်သည် ရခိုင်အမျိုးသားများနေထိုင်သော အိမ်များကို စတင်တိုက်ခိုက်စဉ် ဗိုလ်မှူကြီး အောင်ကြီးမှာ အခြံအရံများဖြင့် ရောက်ရှိလာရာ ဆန္ဒပြ ဆူပူ အကြမ်းဖက်သူများက လက်ခုပ်လက်ဝါးတီးကာ သြဘာပေးခဲ့ကြသည်ဟု အနီးအနားရှိ မျက်မြင်များက ပြောသည်။

၎င်းနောက် သူ့၏ ရှေ့တွင် ပင် အကြမ်းဖက်သူများသည် ရခိုင်အမျိုးသားများ ပိုင်ဆိုင်သော အိမ်များ၊ ဈေးဆိုင်များကို မီးရှို့ပြီး လူများကို သတ်ဖြတ်မူများ ကျူးလွန်ခဲ့ကြသည်ဟု ဆိုသည်။ သို့သော်လည်း ဗိုလ်မှူးကြီး အောင်ကြီးသည် တစ်စုံတစ်ရာ ဟန့်တာခြင်း မရှိဘဲ အနီးအနားရှိ ဆေးရုံထဲသို့ ဆုတ်သွားကာ အဆိုပါ ဆေးရုံဝင်းထဲမှ နေပြီး ဆူပူ အကြမ်းဖက်သူများ၏ ကျူးလွန်နေမူများကို ရပ်ကြည့်နေခဲ့သည်ဟု ဆိုသည်။

ဗိုလ်မှူးကြီးအောင်ကြီးမှ ပစ်မိန့် မပေးသဖြင့် ဆူပူ အကြမ်းဖက်သူများသည် နစက စခန်းအနီးရှိ ကျေးရွာများကို သာမက မောင်တောမြို့ပေါ်ရှိ ရခိုင်အိမ်များ၊ နစက ကင်းစခန်းမျာ ချထားသော ကျေးရွာများကိုပါ တစ်ရွာပြီး တစ်ရွာ ၀င်ရောက် မီးရှို့သွားခဲ့ဟု ဆိုသည်။ သို့အတွက် အိမ်ခြေပေါင်း ၅၀၀ ကျော် မီးရှို့ခံရကာ လူပေါင်း သောင်းချီ၍ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ကြရသည်။

ဗိုလ်မှူးကြီးအောင်ကြီးအား  ထောင် အနှစ် (၄၀) ချလိုက်သည်ဟု အပြင်တွင် သတင်းများ ထွက်နေသော်လည်း အစိုးရပိုင်းမှ ယခု အချိန်ထိ တစ်စုံတစ်ရာ တရားဝင် ထုတ်ပြန်သေးခြင်း မရှိသေးပါ။

နိရဉ္စရာ သတင်းဌာန

ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်

(Photo: NLD)
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ ရန်ကုန်မြို့  
ကမာရွတ်မြို့နယ်မှာ ရှိတဲ့ မြန်မာနိုင်ငံ ခရစ်ယာန် ဂိုဏ်းပေါင်းစုံ သာသနာ့
 ရိပ်သာကို ဒီကနေ့ သွားရောက်ပြီး ငြိမ်းချမ်ရေးနဲ့ ပြန်လည် သင့်မြတ်ရေး
ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။

အဲဒီအခမ်းအနားဟာ မြန်မာနိုင်ငံ တိုင်းရင်းသား ဒေသတွေမှာ လိုအပ်နေတဲ့
ငြိမ်းချမ်းရေး ကိစ္စတွေမှာ ခရစ်ယာန် အသင်းအဖွဲ့တွေ အနေနဲ့ ဘယ်လို
အခန်းကနေ ကူညီပါဝင် ဆောင်ရွက်နိုင်မလဲ ဆိုတာတွေကို အဖြေရှာ
ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် လူတိုင်းက ၀ိုင်းဝန်းကြိုးပမ်းကြဖို့ လိုအပ်တယ်လို့ ဆွေးနွေးပွဲအပြီးမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က RFA ကို ပြောကြားခဲ့ပါတယ်။

"ဘယ်ကောင်စီမဆိုပေါ့နော်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ကြိုးစားတယ်
ဆိုလို့ ရှိရင်တော့ အန်တီတို့ကတော့ ကျေးဇူးတင်တာပဲ။ လူတိုင်းက
အားလုံး ၀ိုင်းပြီးတော့ ကြိုးစားပေးရမယ်လို့ ယုံကြည်လို့ပါ။"

အခမ်းအနားကို ကမ္ဘာ့ ခရစ်ယာန် အသင်းတော်များ ကောင်စီ၊ အာရှ
ခရစ်ယာန် အသင်းတော်များ ကောင်စီနဲ့ မြန်မာနိုင်ငံ ခရစ်ယာန်
အသင်းတော်များ ကောင်စီတို့ ပူးပေါင်းကျင်းပခဲ့တာ ဖြစ်ပါတယ်။

RFA Burmese

တောင်ငူ ရေဘေး ဆန်လှူ

ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ တောင်ငူမြို့ (၉) ရပ်ကွက်၊ ကြက်လျှာစွန်းနေ ရေဘေးဒဏ် ခံစားနေရသော ဒုက္ခသည် မိသားစု အိမ်ထောင်စု (၅၀၀)အား ဆန်များကို ၂၀၁၂ခု၊ သြဂုတ်လ (၄)ရက်နေ့ နံနက် ၁၀း၀၀ နာရီတွင် တောာင်ငူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးမြင့် ဦးဆောင်သော တောင်ငူ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များမှ သွားရောက် လှူဒါန်းခဲ့ကြပါသည်။

ရေဘေးဒဏ် ခံစားနေရသော အိမ်ထောင်စုများ အနေဖြင့် အကူအညီများစွာ လိုအပ်လျက် ရှိသေးကြောင်း သိရှိပါသည်။

DVB TV News




သတင်းထောက်တွေ ရန်ကုန်မှာ ဆန္ဒပြမှု ဂျာနယ်တိုက်ကို ထိခိုက်မှာ စိုးပါတယ် ဆိုတဲ့ Envoy ဂျာနယ် ထုတ်ဝေသူ ဇင်ယော်မောင်မောင် (ရုပ်/သံ)

အခု ခင်ဗျားတို့ဟာ ဥပဒေ ချိုးဖေါက်နေတာ ဖြစ်တယ်။ စီတန်းလှည့်လည် ချင်တယ်ဆိုရင် ငါးရက်ကြိုပြီး ခွင့်ပြုချက် တင်ပါ ဆိုတဲ့ စမ်းချောင်းမြို့နယ် စခန်းမှူး နှင့် ဥပဒေမယ့် လုပ်ရပ်ဖြစ်နေရင် သူတို့ ဂျာနယ်တိုက်ကို ထိခိုက်မှာ စိုးပါတယ် ဆိုတဲ့ Envoy ဂျာနယ် ထုတ်ဝေသူ ဇင်ယော်မောင်မောင် (ဓါတ်ပုံ- ဇော်လွင်ဝင်း)
 
ရုပ်သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

သတင်းထောက်တွေ ရန်ကုန်မှာ ဆန္ဒပြ။ ပိတ်ထားတဲ့ ဂျာနယ် ၂ စောင် ပြန်ဖွင့်ပါတဲ့။ တင်ဆက် ဇော်ရို ရိုက်ကူး အောင်ကြီး ဇေကြီး ထုတ်လွင့် မောင်တူး (DVB TV News)




တရားမျှတမှုမရှိတဲ့ ညောင်ဦးမြို့နယ်တရားရုံး

အညာထန်းတဲ တခု၏ မြင်ကွင်းပါ (ဓါတ်ပုံ - Google Images)
မန္တလေးတိုင်း  ညောင်ဦးမြို့နယ် မြို့ နယ် တရားသူကြီး ဒေါ်အေးအေးလွင် နှင့်
ဥပဒေအရာရှိ ဒေါ်သန်းသန်းမော်တို့သည်    လာဘ်ငွေပေးနိုင် သူများကို
လျှော့လျှော့ပေါ့ပေါ့ အမိန့်ချသော်လည်း လာဘ်ငွေမပေးနိုင်သော ဆင်းရဲသား
ထန်းတတ်တောင်သူများကို မတရားအမိန့်များ ချမှတ်လျှက်ရှိကြောင်း
Myanmar News Now မှ စုံစမ်းသိရှိ ရပါသည်။

ညောင်ဦးမြို့နယ် တရားရုံး၏ မတရားအမိန့်ချမှုများမှာ

(၁)  ၇.၃.၂၀၁၂  နေ့တွင် “ကောင်းသန့်” ဓါတ်ဆီဆိုင်(ဆက်သွယ်ရေးရုံးအနီး)
မီးလောင်ရာ 30.5.2012နေ့တွင် ညောင်ဦးမြို့နယ် တရားရုံးက ဒဏ်ငွေ (၃၀၀၀၀၀)
သုံးသောင်းကျပ် ပေးဆောင်ရန် အမိန့်ချပါသည်။

(၂) ၁၈.၃.၂၀၁၂ နေ့ တွင် ပုဂံဟိုတယ်မီးလောင်မှုဖြစ်ပွားရာ (အခန်း၃ ခန်း
မီးလောင်ကျွမ်း) ၊ 9.4.2012နေ့တွင် ညောင်ဦးမြို့နယ်တရားရုံးက ဒဏ်ငွေ
ငါးသောင်းကျပ် ပေးဆောင်ရန်အမိန့်ချပါသည်။

       သို့သော်-----

(၃) ၆.၃.၂၀၁၂  နေ့တွင်“ တောင်စဉ်ထန်းဝိုင်း” ရွာအပြင်ရှိ ဦးကံချွန်၏
ထန်းရွက်တဲ မီးလောင်ရာ  ၂၇.၆.၂၀၁၂ နေ့တွင် ညောင်ဦးမြိ့နယ် တရားရုံးက
ဦးကံချွန်ကို ထောင်ဒဏ် သုံးလ ကျခံရန်အမိန့်ချပါသည်။

 (၄) ၁၆.၂.၂၀၁၂ နေ့တွင် “နပ်ပလင်” ကျေးရွာရှိ ဒေါ်ပဲ ၏ ထန်းတဲ မီးလောင်ရာ
တစ်လသားအရွယ် ကလေး၏ မိခင် ဒေါ်ပဲကို ညောင်ဦးမြို့နယ်တရားရုံးမှ
ထောင်ဒဏ် တစ်လ ကြခံရန် အမိန့်ချမှတ်ခဲ့ကြောင်း ညောင်ဦးမြို့ နယ် တရားရုံး
နဲ့ စပ်သူတွေထံမှ စုံစမ်းသိရှိရပါသည်။

မြန်အောင်မြို့နယ်မှာ ကားတိမ်းမှောက်မှု ခရီးသည် နှစ်ဦး သေဆုံးပြီး (၅၀)ဦး ဒဏ်ရာ ပြင်းထန်စွာရ

ကားမှောက်ခဲ့စဉ် မြင်ကွင်း ဓါတ်ပုံများ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
ဧရာဝတီတိုင်း မြန်အောင်မြို့နယ် ထန်းသုံးပင် ကျေးရွာအုပ်စု အတွင်းမှ
ဘုရားဖူးခရီး သည်များအား ပန်းတောင်းမြို့နယ် ထုံးဘိုတိုက်နယ် အနီး
ရှိ အကောက်တောင်သို့ ဘုရားဖူး ပို့ဆောင်ပေးအပြီး ပြန်လည်ထွက်
ခွါလာရာ မြန်မောင်မြို့နယ် အတွင်း ဟင်္သာတ - မြန်အောင်လမ်းပိုင်း
ပေါ်တွင် ဆပ်ပြာကျင်း ကျေးရွာ အရောက် ၀ါဆိုလပြည့်နေ့ သြဂုတ်လ
 (၂) ရက် နေ့  ညနေ(၅း၃၀) ၀န်းကျင်တွင် ပြင်းထန်စွာ တိမ်းမှောက်
ခဲ့ရာ မော်တော်ယဉ်မှာ တစ်ပတ်လည် သွားပြီး ခရီးသည်နှစ်ဦးမှာ နေ
ရာတွင်ပင် သေဆုံးပြီး ခရီးသည်(၅၀)ကျော်မှာ ပြင်းထန်စွာ ဒါဏ်ရာရ
ရှိခဲ့ကြောင်း Myanmar News Now မှ သတင်းရရှိပါသည်။

မော်တော်ယာဉ်မှာ Farm Truck လယ်ယာသုံးယာဉ် ဖြစ်ပြီး မြို့နယ်
အတွင်းရှိ ၀ပ်ရှော့များမှာ ပင်တပ်ဆင် ထုတ်လုပ်ခြင်း ဖြစ်ပြီး(၄)လုံး
ထိုးအင်ဂျင်ကို တပ်ဆင်ထားကာ အရှိန်ပြင်းစွာမာင်းနှင်ခြင်းကြောင့်
ယခုကဲ့သို့ ၀မ်းနည်းဖွယ်ရာ ယာဉ်မတော် တစ်ဆမှုဖြစ်ပေါ် ခဲ့ခြင်း
 ဖြစ်ကြောင်း မြန်အောင်မြို့ ခံ တဦးက ပြောပါသည်။

ဖြစ်စဉ်အသေးစိတ် ကိုလည်း ကူညီဆောင်ရွက်သူများ က အခုလို
ပြောပြထားပါသည်။ 

(၁) ယဉ်တိမ်းမှောက်ပြီး လျှင်ပြီးချင်း အရေးပေါ်လူနာများကို  မီး
သတ်တပ်ဖွဲ့မှ ယာဉ်ဖြင့် ဆေးရုံသို့ လျှင်မြန်စွာ ပို့ဆောင်ပေးနိုင်ခဲ့။

(၂) မြို့နယ်ဆေးရုံအုပ်ကြီးမှဆေးရုံရှိ ဆရာဝန်များနှင့် သူနာပြု
ဆရာမများကို duty ချိန်မရှိသည့် ၀န်ထမ်းများအားလုံးကို ဆေး
ရုံ သို့ အရေးပေါ်ခေါ်ဆောင်ခဲ့။

(၃) သို့ရာတွင် မြို့နယ်ဆေးရုံရှိ ဆရာဝန်အင်အားမှာ ဖွဲ့စည်းပုံ
အရေအတွက် အတိုင်းမရှိသည့် အပြင်ဆရာဝန်နှစ်ဦးမှာ ဖောင်ကြီး
ဗဟိုဝန်ထမ်း တက္ကသိုလ်သို့တပြိုင်တည်း စေလွှတ်ထားရသဖြင့်
ဆရာဝန်အင်အားမှာ လုံလောက်မှုမရှိခဲ့။

(၄) မြို့နယ်ဆေးရုံအုပ်ကြီး အပါအ၀င် ဆရာဝန်သုံးဦးသာ အရေးပေါ်
လူနာ(၅၀)ကျော်ခန့်ကို မနိုင်မနင်း ကိုင်တွယ်ခဲ့ရ။ မြန်အောင်မြို့နယ်
အတွင်းရှိ ရွှေကျင်တိုက်နယ်ဆေးရုံသည်ဖွင့်လှစ်ပြီးသော်လည်း
သူနာပြုများချ ထားပေးခြင်းမရှိသည့် အတွက် မြို့နယ်ဆေးရုံမှ
သူနာပြုများမှ သွားရောက် တွဲဖက်တာဝန် ထမ်းဆောင်နေရသဖြင့် 
မြို့နယ်ဆေးရုံတွင် သူနာပြုအင်အား လုံလောက်စွာရှိ၊ မရှိကို တိကျ
စွာမသိရ။

(၅) ကျိုးပဲ့လူနာများ အတွက် ဓါတ်မှန်ရိုက်ကူးရာတွင်လည်း ဓါတ်မှန်
ရိုက်ကူးသူမှာ အရက်မူးနေပါသဖြင့် လုပ်ငန်းကို ကောင်းစွာမဆောင်
ရွက်နိုင်၊ အရပ်သားများမှဝိုင်းဝန်း ကူညီခဲ့ရ။

(၆) ဓါတ်မှန်ရိုက်ကူးရန် စောင့်ဆိုင်းရာတွင် လူနာများမှာ ပြင်းထန်စွာ
ဒါဏ်ရာ ခံစားနေရသည့် ကြားမှ ဓါတ်မှန်ခန်းရှေ့ရှိ ကျောက်ပြားများ
ပေါ်တွင် ပက်လက်အနေအထားဖြင့် လူနာများများပြားစွာ စောင့်ဆိုင်း
ခဲ့ရ။ အချို့လူနာများမှာ အောက်စီဂျင်ဗူး တန်းလန်းနှင့် ကျောက်ပြား
များပေါ်တွင်စောင့်ဆိုင်းခဲ့ရ။

(၇) ဆေးရုံတွင် လူနာများအား နေရာချထားရာတွင်လည်း အခန်း မလုံလောက်မှုကြောင့် ဆေးရုံကော်ရစ်ဒါများတွင် ပြည့်ကျပ်စွာ မိမိ
အစီအစဉ်ဖြင့် ပြင်းထန်သောဝေဒနာများကို ခံစားရင်းနေရာယူခဲ့ရ။

(၈) ဆေးရုံကော်ရစ်ဒါများတွင် ပြည့်ကျပ်ဆင်းရဲစွာနေထိုင်ရသော်
လည်း ဆေးရုံရှိအောက်ခြေ ၀န်ထမ်းများထံမှ လူနာများအားနေရာချ
ထားရာတွင်ကူညီမှုမရရှိ။(ထိုအချိန်တွင်ဆေးရုံအုပ်ကြီးမှာခွဲခန်းများ
 တောက်လျှောက်ဝင်နေသည်)

(၉) လူနာများမှာ ခွဲခန်းအ၀အနီးတ၀ိုက်ရှိ သစ်သားကြမ်းပြင်များနှင့် အခြားလူသွားလမ်းများ ပေါ်တွင်ကြပ်တည်းစွာ နေထိုင်ရလျှက်ရှိ။

(၁၀) မြို့ပေါ်ရှိစေတနာရှင်များမှ အခင်းဖြစ်ပွားရာ ညတွင်ရေနှင့်
အစားအစာများ လာရောက် လှူဒါန်းမှုများရှိခဲ့။

(၁၁) ထိခိုက်ဒါဏ်ရာရရှိသူ အများစုမှာ နွမ်းပါသူများဖြစ်ကြသဖြင့် အကူအညီပေးမှုများ မျှော်လင့်လျှက်ရှိပါကြောင်း ကားတိမ်မှောက်မှု
မှာ လိုက်ပါကူညီ ဆောင်ရွက်သူတွေ ရဲ့ ပြောပြချက်ကို
 Myanmar News Now မှ ဖေါ်ပြအပ်ပါသည်။

ပြည်ခိုင်ဖြိုးပါတီ ဦးအောင်သိန်းလင်းအား ရန်ကုန်တိုင်း တာဝန်ခံအဖြစ်မှ ပြောင်းရွှေ့ 


ရန်ကုန်၊ သြဂုတ် ၎

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းကို ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ အဖြစ်မှ ရပ်စဲလိုက်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခရိုင် အလုပ်အမှုဆောင် တစ်ဦးက အတည်ပြုပြောကြားသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ရုံးတွင် သြဂုတ်လ ၃ရက်နေ့က ပြုလုပ်ခဲ့သော တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်း တာဝန်ခံအဖြစ် ဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်သူ ဦးမောင်မောင်သိမ်းက နှုတ်ဆက်စကား ပြောကြားခဲ့ပြီး ယင်းအစည်းအဝေးသို့ တိုင်း/ခရိုင် အလုပ်အမှုဆောင်များ၊ မြို့ နယ် အတွင်းရေးမှူးနှင့် တွဲဘက် အတွင်းရေးမှူးများ တက်ရောက်ခဲ့သည်။

“ဆင်းရဲမွဲတေမှု လျော့ချရေးအတွက် ဆောင်ရွက်နေတယ့် ချေးငွေ အစီအစဉ်ကိုတော့ ဦးအောင်သိန်းလင်းပဲ တာဝန်ယူမယ်လို့ သိရပါတယ်။ တခြား စည်းရုံးရေးနဲ့ စီမံ ခန့်ခွဲရေးတွေကိုတော့ ဦးမောင်မောင်သိမ်း တာဝန်ယူတော့မှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

တောင်ဥက္ကလာပ မြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းသည် တရုတ်သတင်းစာ တစ်စောင်နှင့် အင်တာဗျူး ဖြေကြားမှုတွင် နိုင်ငံတော် သမ္မတ၏ မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းခဲ့သည့် ဆုံးဖြတ်ချက်အပေါ် ဝေဖန်ခဲ့ရာ၌ "ဒါဟာ သူ (သမ္မတ) ရဲ့ ကိုယ်ပိုင်အတွေးအခေါ်ပါ၊ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒါကို ဆန့်ကျင် ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အမျိုးသားရေး မူဝါဒမဟုတ်ပါဘူး။ သမ္မတ ဟာ တရုတ်-မြန်မာ ဆက်ဆံရေးကို ပျက်ပြားအောင်လုပ်ခဲ့ပါတယ်" ဟု ဖြေကြားသွားပြီး ယခု မြစ်ဆုံဆည်အား ပြန်တည်ဆောက်သင့်သလားဟု မေးမြန်းရာတွင် "ဆောက်ကို ဆောက်ရမှာပေါ့၊ ကျွန်တော်တို့ လျှပ်စစ် ဓာတ်အား လိုတယ်။ အနောက်နိုင်ငံတွေက ဒါကိုရပ်ဆိုင်းဖို့နဲ့ တရုတ်-မြန်မာ ဆက်ဆံရေး ပျက်ပြားအောင် လုပ်ခဲ့တာပါ " ဟု ဖြေကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုထောက်ခံမှု များပြားနေခြင်းအပေါ် သဘောထား မှတ်ချက် ပေးခဲ့ခြင်းများပေးခဲ့ရာတွင် " လူတွေက ရူးနေကြတာပါ။ သူက လူကြိုက်များရတာ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်လို့ပါ " ဟု ပြောကြားခဲ့သည်ဟု အဆိုပါ သတင်းစာ၏ ဖော်ပြချက်အရ သိရှိရသည်။

အင်တာဗျူးပါ ဖော်ပြချက်များနှင့် ပတ်သတ်၍ ပြည်တွင်းထုတ် သတင်းဂျာနယ်များက ဦးအောင်သိန်းလင်းကို အတည်ပြု မေးမြန်း ခဲ့ရာ ''မှတ်မိတာကတော့ မျက်စိခွဲစိတ်ဖို့လာတဲ့အခါမှာ ဒီလို ပဲ စကားပြောကြတဲ့အခါမှာ သူတို့ မေးတာတွေ ကိုပြန်ဖြေတာ တော့ရှိ တယ်။ဒါပေမယ့် အဲ့လိုအသုံးအနှုန်း တွေကိုတော့ မသုံးဘူး။အဲ့လိုအဓိ ပ္ပါယ်မျိုး လည်း မပြောခဲ့ ဘူး။ ပြည်သူ တွေက အရူးဆို တဲ့စကားဟာ တရုတ်စကားပြန် ကနေပြီး ပြန်ပြန်ရင်း လွဲမှားသွား တယ်လို့ ထင်တယ်။ ပြော လိုက်တာမှာ Crazy လို့ပြော တာကို သူတို့က အရူးလို့ပြန်တာ ထင်တယ်။ အရူးလို့ပြောခဲ့ တာလည်း မဟုတ်ဘူး ။အစွဲအလန်း ရှိတယ်လို့ ပြောလိုက်တာ ဘာသာပြန်လွဲချော်မှု လို့ ထင်တယ်။ နောက်ပြီးဒီလိုကိစ္စတွေ ပြော ကြဆိုကြတာ တော့ ၅လ ပိုင်းလောက် ကပဲပြောခဲ့ ကြတာရှိတယ်။ဒါကြောင့် တရုတ်သံရုံး ကတဆင့်အဲ့ဒီဂျာနယ် လား၊သတင်းစာလာမသိ ဘူး ဆက် သွယ်ပြီးတော့ စုံစမ်းဦး မယ်။အဲ့ဒီ တုန်းကလည်းဘယ်သူ က၊ဘယ်သ တင်းစာကမေးတယ်ဆို တာတောင် မသိဘူး။ မျက်စိခွဲစိတ် သူတွေနဲ့ ပါလာ တဲ့ သူတွေတော့ ရှိတယ်။ဒီလိုပဲအ လွတ်သဘောဆွေးနွေးကြတာပဲရှိ တယ်'' ဟု ပြန်လည်ဖြေကြားခဲ့သည်။

တရုတ်သတင်းစာ၏ ဖော်ပြချက်များသည် ဘာသာပြန်ဖော်ပြရာ၌ လွဲမှားခြင်းသာ ဖြစ်ပြီး ဦးအောင်သိန်းလင်းက ယင်းကဲ့သို့ပြောကြားခဲ့ခြင်း မရှိကြောင်းအကယ်၍ ပြောကြားခဲ့သည့်တိုင်အောင် ဦးအောင်သိန်းလင်း၏ တစ်ဦးတည်းသဘောထားသာ ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ၏ သဘောထား မဟုတ်ပါကြောင်းပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက မီဒီယာများ၏ သဘောထား မေးမြန်းမှုကို ဖြေကြားခဲ့သည်။

The Voice Weekly

စိတ်စွမ်းအင် ပညာရှင်တစ်ဦး နေပြည်တော်တွင်အခမဲ့ စွမ်းရည်ပြမည်



“စိတ်စွမ်းအင် ပညာရှင်တစ်ဦးက နေပြည်တော်ရှိ အခြေခံပညာကျောင်းများ တွင်အခမဲ့
 စွမ်းရည်ပြသမည်”

နေပြည်တော်ဒေသတွင်းရှိ စာသင်ကျောင်းများ မှကျောင်းသူ၊ကျောင်းသားများကို
သက်ဆိုင်ရာ၏ ခွင်ပြုချက်ဖြင့် အခကြေးငွေ မယူဘဲမ်ွမ်းအင် ပြသမည်ဟု ဆရာကြီး
ငြိမ်းချမ်းအောင်က ဂျာနယ်သို့ပြောသည်။

နေပြည်တော် ကောင်စီနယ်မြေတွင်းရှိ အခြေခံပညာကျောင်း များတွင်ပြသရာ၌ သင်ကြား
သင်ယူခြင်း လုပ်ငန်းများ မပျက်စီးစေဘဲ ပြသခွင့် ကို နေပြည်တော် ပညာရေးမှုးရုံးက
 ခွင့်ပြုပေး ထားပြီး ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ယင်းသို့ပြသနိုင်ရေး အတွက် သင်ကြားရေးလုပ် ငန်းများ ထိခိုက်မှု မရှိစေဘဲ
ကူညီပေးရန် အတွက်နေပြည်တော်ကောင်စီ နယ်မြေတွင်းရှိမြို့နယ် ပညာရေး မှုးရုံးများသို့
 နေပြည်တော် ပညာရေးမှုးရုံးမှ အကြောင်းကြားစာ ပို့ထားကြောင်း သတင်းရရှိသည်။

“ကျောင်းသားတွေကို ပြရတဲ့ရည်ရွယ်ချက်က တို့မြန်မာတွေ ဒီလိုစွမ်းဆောင်နိုင်တယ်
 ဆိုတာ သိဖို့ရယ်၊ ကြိုးစားမှုရဲ့ စွမ်းအား၊ စိတ်စွမ်းအင်ရဲ့ အားကြီးမှု တွေ သိစေချင်လို့ပါ။
နောက်တစ်ခု ကလည်း ဟေးလား ၀ါးလားနေတာထက် တစ်ခုခုမှာ စိတ်တည်ငြိမ်အောင်
လုပ်ကိုင် တက်စေ ချင်တယ်။ ကိုယ်တိုင်ပြသပြီး သိမြင်အောင်ပြောပြချင်တယ်။”
ဟုအထက်ပါပုဂ္ဂိုလ်က ပြောသည်။

အထက်ပါ မဟာစွမ်းအားရှင်(ဘွဲ့ရ) ဆရာကြီးသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်မှာ
 လာရောက်ခြင်းဖြစ်ပြီး ၄င်းပိုင်းစွမ်းအားများဖြင့် ကမ္ဘာ့အသိမှတ်ပြု ဂရင်းနစ်စံချိန်တင်ကြိုး
ပမ်းရန် အတွက် နေပြည်တော် ကောင်စီနယ်မြေသို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း၊ စိတ်ပိုင်း
ဆိုင်ရာ စွမ်းအင်ကိုအသုံးပြု၍ ရုပ်ပိုင်းဆိုင်ရာ စွမ်အားပြကွက်ပေါင်းငါးရာကျော် တီထွင်
ထားကြောင်း၊ တီထွင်ထားသည့် ပြကွက် ငါးရာကျော် အနက်မှ ပြကွက် ၁၅ မျိုးခန့်မှာ
 ဂရင်နစ်စံချိန်ဝင်ပြကွက်များ ဖြစ်ပြီးစွမ်းအားပိုင်းဆိုင်ရာ ဂရင်းနစ်စံချိန်ဝင်ပြကွက်များ
ကိုလေ့လာရာတွင် ထို ၁၅မျိုးမတွေ့ ရသေးကြောင်း၊ ၄င်းလေ့ကျင့်ထားသည့် ပြကွက်
ငါးရာအနက် ဆံပင်ကိုကျစ်ဆံမြီးထိုးကာ အဆိုပါ ကျစ်စံမြီးဖြင့် လူအယောက်သုံးဆယ်ပါ
ဆိုင်ကယ်၁၀စီးကို ဆွဲပြသည့်ပြကွက် ကိုလူကြိုက်အများ ဆုံးဖြစ်ပြီ ထိုကျစ်ဆံမြီးဖြင့်
လေယာဉ် ပျံကိုပင် ဆွဲပြ နိုင်ကြောင်း၊ ယင်းသို့ ဆွဲပြခွင့်ရရှိရန် အတွက် သက်ဆိုင်ရာသို့
စာတင်၍ ခွင့်ပြုချက်ရယူလျှက် ရှိကြောင်းသိရသည်။

“ပြကွက်တွေက အောက်လမ်း၊ဆေး၊ကဝေ၊ဖုတ်သွင်း၊မျက်လှည့်တွေ မဟုတ်ဘူး။လေးနှစ်သား
 ကတည်းကလေ့ကျင့်လာတဲ့ စိတ်တန်ခိုး စွမ်အင်ရယ် ၊ရုပ်စွမ်းအင်ရယ်၊ တိုင်းရင်းဆေးစွမ်းအင်
ရယ်ကို အချိုးကျကျ ပေါင်းစပ်တာဖြစ်လို့ မှားသွားရင်သေနိုင်တယ် အနည်းဆုံးတော့ ဆေးရုံ
တက်ပြီ ကုသရတယ်။ လေးနှစ်သားကတည်းက ကျင့်လာတာ ၃၈နှစ်သားရောက်တော့
 ပြသလို့ရပြီ။ အခု ၆၈နှစ်ရောက်ပြီ လေ့ကျင့်နေတုန်းပဲ။ ဒီပညာက အုံဖွယ် ပညာမဟုတ်လို့
ချက်ခြင်း သင်လို့မရဘူး။ နုနုနယ်နယ် ကတည်းက အရိုးတွေကိုပြုပြင်ထားရတယ်။
ကျပ်စည်းရတယ် စိတ်စွမ်းအင် အသုံးချ တက်အောင် လေ့ကျင့်ရသလို၊ ရုပ်ပိုင်းဆိုင်ရာ
 ခံနိုင်ရည်ရှိအောင်လဲ ကျင့်ထားရတယ်။ ဥပမာ ဆရာကြီးပြတဲ့ လည်မျိုကို လေးပိသာရှိတဲ့
 သံတုတ်နဲ့ အရိုက်ခံတာပေါ့။ အဲ့ဒီမှာ စိတ်စွမ်းအင် တစ်ခုတည်းနဲ သွားလုပ်ရင် ဘယ်ရမလဲ။
သေသွားမှာပေါ့။ ရုပ်ပိုင်းဆိုင်ရာကလည်း လေးနှစ်သား ကတည်းက လေ့ကျင့်ထားရတာ။
ဒီအတိုင်းကြီး ဥုံဖွ နဲ့တော့ လုံးဝမရဘူး။ မျက်လှည့်တွေ ဓါတုဗေဒ ဆေးဝါးတွေလဲ မဟုတ်ဘူး။
ဒီလောက်ဆိုရင် ဆရာကြီးပညာဟာ လူတိုင်းလေ့ကျင့်လို့ရ တယ်ဆို တာနားလည်ကြပြီပေါ့”ဟု
၎င်းက ထပ်လောင်းပြောသည်။

Popular Myanmar News Journal


နိုင်ငံတော်သမ္မတ ဦသိန်းစိန် နိုင်ငံရေးပါတီ ၁၄ခုနှင့် တွေဆုံရာတွင် မီဒီယာကိစ္စ ဆွေးနွေးခဲ့


နေပြည်တော်၊သြဂုတ်၊၎

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေး ပါတီ၁၄ခုတို့ ယနေ့နံနက်၉း၀၀
အချိန်ခန့်မှ မွန်းလွဲ ၁း၂၀အချိန်ထိ သမ္မတ လယ်တောရိပ်သာ တွင်တွေ့ဆုံ
 ခဲ့ကြောင်းသတင်းရရှိသည်။

ယင်းတွေ့ဆုံပွဲသို့ လွှတ်တော်တွင်း ကိုယ်စားလှယ်လေးဦး တက်ရောက်ခွင့်
ရရှိခဲ့ပြီး လွှတ်တော်ပြင်ပ ပါတီများ သက်ဆိုင်သူများ အပြင် ၀န်ကြီးဦစိုးသိန်း၊
ဝန်ကြီးဦးအောင်မင်းနှင့် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦတင်အေး တို့လဲ
ပါဝင်ခဲ့သည်ဟု တွေ့ဆုံပွဲသို့တက်ရောက်ခဲ့သူ အမျိုးသား ဒီမိုကရေစီပါတီ
သစ်မှ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးသိန်းညွန့်က ပေါ်ပြူလာနယူးစ်အားပြောသည်။

“ပြောကြဆိုကြတာတွေတော့ရှိတယ်။ငြိမ်းချမ်းရေးကိစ္စတွေကများတယ်။
ကျွန်တော်နဲ့ဆိုင်တာထဲမှာ သမ္မတကြီးစိတ်ဝင်စားတာက မီဒီယာကိစ္စ။
 မီဒီယာတွေကိုသမ္မတကြီးကလည်း စတုတ္ထမဏ္ဍိုင် အဖြစ်အသိအမှတ်ပြု
 ထားတာပဲလို့ပြောပြီးThe Voiceနဲ့ လျှက်တပြတ်ဂျာနယ်တရား စွဲတာ
ဒီနေ့ ဒီအချိန်မှာ လုံးဝမဖြစ်သင့်ဘူး။ကျွန်တော်တို့ရဲ့ပြုပြင်ပြာင်းလဲရေး ကိုမလိုလားသူတွေအတွက်အခွင့်အရေးရသွားနိုင်တယ်။ဒါနဲ့ပတ်သက်ပြီး
လွှတ်တော်ထဲမှာလဲ ပုဂ္ဂိုလ်ရေးအရပြောသင့်သူတွေကို ကျွန်တော်ပြော
ထားပြီးပြီလို့တင်ပြခဲ့တယ်။သမ္မတကြီးကလည်းတော်တော်လေးစိတ်ဝင်
တစားဆွေးနွေးတယ်။အချုပ်ပြောရရင်မီဒီယာတွေကိုတရားဆွဲတာတွေ
ရပ်ပေးဖို့ရယ်၊ပိတ်ထားတဲ့မီဒီယာတွေကိုအမြန်ဆုံးပြန်ဖွင့်ပေး
ဖို့ရယ်တင်ပြခဲ့တယ်”ဟု၎င်းက ဆက်၍ပြောသည်။နိုင်ငံတော် သမ္မတက မီဒီယာတွေရဲ့အခန်းကဏ္ဍကိုအသိအမှတ်ပြုပြီးအခြေခံဥပဒေကပေးထား
သည့်ဘောင်အတွင်းမှလွတ်လပ်ခွင့်ယူသကဲ့သို့ မီဒီယာများအနေဖြင့်
တာဝန်ယူမှု၊တာဝန်သိမှုလိုကြောင်း၊ပြီးခဲ့သည့်ကိစ္စတွေကိုအကြောင်းပြုတည်
ငြိမ်မှုမထခိုက်စေဘဲနှင့်ဆောင်ရွက်ကြရန်လိုကြောင်း၊မုဒိန်းလူသတ်ပုံအသုံးပြုခြင်းနှင့်ပက်သတ်၍သမ္မတက“နိုင်ငံတော်လုံခြုံရေး
ကိုထိခိုက်စေတဲ့အထိဖြစ်လာစေနိုင်တယ်။သို့သော် ဘာပဲဖြစ်ဖြစ်ရှေ့မှာ
မီဒီယာရော အစိုးရပါ ဟန်ချက်ညီညီနဲ့ ဆောင်ရွက်ကြမယ်ဆိုရင်
မီဒီယာပြဿနာပြေလည်သွားမယ်”ဟု ပြောကြားကြောင်း ဦးသိန်းညွန့်
ကပြောသည်။

စွမ်းရဲထွဋ်
Popular Myanmar News Journal


၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေအား ပြန်လည်သုံးသပ်ရန် ကွင်တားနား တိုက်တွန်း


မြန်မာနိုင်ငံ အနေဖြင့် ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ် ခွင့်အား ငြင်းပယ်ခြင်း အပါအ၀င်
ခွဲခြား ဆက်ဆံမှုများ ရှိနေသော ၁၉၈၂ ခုနှစ် နိုင်ငံ သားဖြစ်ခွင့် ဥပဒေအား ပြန်
လည်သုံးသပ်ရန် ကုလ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ
ကွင်တားနားက တိုက်တွန်းပြောဆို လိုက်သည်။

၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်သို့ သွားရောက်ပြီး ဒေသခံ
ရခိုင်တိုင်းရင်း သားများနှင့် ဘင်္ဂါလီလူမျိုးများကို သွားရောက်တွေ့ဆုံ မေးမြန်းမှု
များပြုလုပ်ခဲ့ပြီး၊ ယနေ့ညနေ ၆ နာရီခွဲတွင် မင်္ဂလာဒုံလေဆိပ်တွင် ပြည်တွင်းပြည်ပ
သတင်းမီဒီယာများအား ရှင်းလင်းပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကုလ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာကွင်တားနားသည်
 မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နှင့်အစိုးရအဖွဲ့၊ ဒေါ်အောင်ဆန်း
စုကြည်၊၈၈ မျိုးဆက်ကျောင်းသားများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့်တွေ့ဆုံခဲ့သလို၊ အင်းစိန်အကျဉ်းထောင်နှင့် ကချင်ဒေသသို့လည်း သွားရောက်ခဲ့သည်။

Popular Myanmar News Journal

ဒုသမ္မတအဖြစ် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း အရွေးခံရသတင်း ထွက်ပေါ်

လစ်လပ်နေတဲ့ ဒုတိယ သမ္မတ နေရာအတွက် တပ်မတော် (ရေ) ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို ရွေးချယ်လိုက်ပြီလို့ နေပြည်တော် အသိုင်းအဝန်းနဲ့ ရန်ကုန်မီဒီယာလောကမှာ သတင်းတွေ ထွက်ပေါ်နေပါတယ်။

AFP
တပ်မတော် (ရေ) ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း ကို ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့က အိန္ဒိယနိုင်ငံကို အလည်အပတ်ရောက်ရှိစဉ် တွေ့ရပုံ။
ဦးတင်အောင်မြင့်ဦး  ဒုတိယ သမ္မတ (၁) နေရာကနေ နှုတ်ထွက်သွားပြီး နောက်ပိုင်း သူ့နေရာကို အစားထိုးဖို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေကို တပ်မတော် ကိုယ်စားလှယ်တွေ အဆိုပြုခဲ့ တယ်ဆိုတဲ့ သတင်းတွေ စောစောပိုင်းက ထွက်ပေါ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အချက်အလက်တွေနဲ့ မကိုက်ညီတဲ့ အတွက် ဦးမြင့်ဆွေ အနေနဲ့ ဒုတိယ သမ္မတ ဖြစ်လာ နိုင်ဖွယ်ရာ မရှိဘူးဆိုတဲ့ သတင်းတွေထပ်မံ ကြားသိခဲ့ရ ပါတယ်။
အဲဒီနောက်ပိုင်းမှာ တပ်မတော် ကိုယ်စားလှယ် အစုအဖွဲ့က ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို အခုလို အဆို တင်သွင်းလာကြတာ ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။  အခုထွက်ပေါ်လာတဲ့ သတင်းနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ အာဏာပိုင်တွေက တစုံတရာ တရားဝင် ထုတ်ဖေါ် ပြောဆိုခြင်း မရှိသေးပါဘူး။

RFA Burmese

သမ္မတ ဦးသိန်းစိန်နဲ့ ပါတီ ၁၄ ခု တွေ့ဆုံ

သမ္မတ ဦးသိန်းစိန်ဟာ တိုင်းရင်းသားနဲ့ နိုင်ငံရေးပါတီ (၁၄) ခုက ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ ပျဉ်းမနား နေပြည်တော်မှာ တွေ့ဆုံပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အခက်အခဲတချို့ ရှိနေမှု အပါအဝင် မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံး
သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသားနှင့် နိုင်ငံရေးပါတီ (၁၄) ခုက ကိုယ်စားလှယ်များနှင့် ၂၀၁၂ ခုနှစ် သြဂုတ်လ ၄ ရက်နေ့တွင် ပျဉ်းမနား နေပြည်တော်မှာ တွေ့ဆုံပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အခက်အခဲတချို့ ရှိနေမှု အပါအဝင် မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေတွေကို ဆွေးနွေးခဲ့ကြသည်။
အဲဒီလိုတွေ့ဆုံခဲ့ရာမှာ မိမိတို့အနေနဲ့ တိုင်းရင်းသား ဒေသတွေမှာ ငြိမ်းချမ်းမှု ရရှိရေး ပြဿနာကနေ သတင်း မီဒီယာ လွတ်လပ်ခွင့်တွေအထိ ကျယ်ကျယ်ပြန့်ပြန့် နဲ့ ပွင့်ပွင့်လင်းလင်း တင်ပြ ဆွေးနွေးနိုင်ခဲ့ကြတယ်လို့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ရှမ်းအမျိုးသားများ ဒီမိုကရေစီပါတီ ကိုယ်စားလှယ် ဦးစိုင်းညွန့်လွင်က RFA ကို ပြောပါတယ်။
"သမ္မတက သူလုပ်တာကိုင်တာ သူ့သဘောထားတွေ သူ့အခက်အခဲတွေက အစ ရှင်းရှင်းလင်းလင်းနဲ့ ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ ကျွန်တော်တို့ နိုင်ငံရေးလုပ်တဲ့ ၂၅ နှစ် ပတ်ဝန်းကျင်မှာပေါ့နော်။ အဲဒီလိုမျိုး ရှင်းပြတာ တခါမှ မကြုံဖူးသေးပါဘူး။ ဒါက ပထမဦးဆုံးအကြိမ် သူကိုယ်တိုင် တိုက်ရိုက်ရှင်းပြတယ်။ ဒါဟာ တော်တော်လေးကောင်းတဲ့ အလားအလာပါ။"
ဒါ့အပြင် ပင်လုံစိတ်ဓါတ် အခြေခံနဲ့ တိုင်းရင်းသားအားလုံး ပါဝင်တဲ့ ညီလာခံတရပ် ခေါ်ယူနိုင်ရေး အတွက် ကြိုးပမ်းနေကြောင်း သမ္မတဦးသိန်းစိန်က ပြောပြခဲ့တယ်လို့ ဦးစိုင်းညွန့်လွင်က ဆိုပါတယ်။
ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့တော့  သတင်းအချက်အလက် အမှားတွေအပေါ် အခြေခံပြီး အစွန်းရောက် အစ္စလမ်ဘာသာရေး အဖွဲ့အစည်းတွေ ပါဝင်ပတ်သက် လာမှာကို ကြိုတင် ကာကွယ်နိုင်ဖို့ သိမ်သိမ်မွေ့မွေ့ ဆောင်ရွက်ရန်လိုကြောင်း သမ္မတက ပြောဆိုခဲ့တယ်လို့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်က ပြောပါတယ်။
သတင်း မီဒီယာ စာနယ်ဇင်း လွတ်လပ်ခွင့်တွေကို ဆွေးနွေးရာမှာတော့ တိုင်းပြည်ရဲ့ စတုတ္ထ မဏ္ဍိုင်အဖြစ် အသိအမှတ်ပြုပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ အတိုင်း ဆောင်ရွက်ကြဖို့ လိုကြောင်း သမ္မတက တုန့်ပြန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

RFA Burmese

မီဒီယာလွတ်လပ်ခွင့်အတွက် တီရှပ်ဝတ်ဆင်ကာ လက်မှတ်စုဆောင်း

မြေနီကုန်း အင်ဗွိုင်းဂျာနယ်တိုက်သို့ သွားရန် မြို့တော်ခန်းမ ဘတ်စကားဂိတ်အနီး တွေ့မြင်ရသည့် လှုပ်ရှားသူ တဦး
မီဒီယာ လွတ်လပ်ခွင့်အတွက် တီရှပ် ၀တ်ဆင်ကာ လက်မှတ်စုဆောင်းသည့် လှုပ်ရှားမှု စတင်သြဂုတ် ၄၊ ၂၀၁၂၊ YPI အပတ်စဉ်ထုတ် သတင်းဂျာနယ် ၂ စောင်အပိတ်ခံရမှုကို အကြောင်းပြု၍ သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် “မီဒီယာဖိနှိပ်မှု ရပ်” ဆိုသည့် စာတမ်းပါ တီရှပ်များ ၀တ်ဆင်ကာ လက်မှတ်စုဆောင်းသည့် လှုပ်ရှားမှု တရပ်ကို ရန်ကုန်မြို့၌ ယနေ့ နံနက် ၁၁ နာရီက စတင်လိုက်ကြသည်။

ယနေ့လှုပ်ရှားမှုတွင် တီရှပ်များ ၀တ်ဆင်ကာ နိုင်ငံတော် သမ္မတထံတင်ပြမည့် စာနှင့်အတူ လက်မှတ်များ လိုက်လံစုဆောင်း ကောက်ယူသည့် အစီအစဉ် ဖြစ်၍ အပိတ်ခံရသည့် ဂျာနယ် ၂ စောင်၏ ရုံးခန်းသို့ သွားရောက်ခြင်း နှင့်အတူ အချို့သော စုရပ်များတွင် လက်မှတ်ကောက်ယူကြမည်ဖြစ်သည်။ ယခုလှုပ်ရှားမှုကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖွဲ့စည်းခဲ့သည့် သတင်းလွတ်လွပ်ခွင့် ကော်မတီ (ယာယီ) က စီစဉ်ခဲ့ခြင်းဖြစ်သည်။ ။

Yangon Press International


ဆူးလေ ၄၅ကားဂိတ်သို့ ချီတက်သွားကြစဉ်

မီဒီယာတီရှပ်များ ၀တ်ဆင်ထားသော မီဒီယာသမားများ



ရပ်နားခံရသော The voice ဂျာနယ် ရုံးရှေ့တွင် မီဒီယာသမားများ စုစည်းနေကြစဉ်

သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ) လက်မှတ်ရေးထိုး လှုပ်ရှားမှုစတင်

ရန်ကုန်၊ သြဂုတ် ၎

ပြန်ကြားရေး ၀န်ကြီးဌာနက ပြည်တွင်းရှိ ပုဂ္ဂလိက မီဒီယာများအပေါ် ဆက်တိုက် ဖိနှိပ်အရေး ယူမှုများ ပြုလုပ်လာသဖြင့် သတင်းလွတ် လပ်ခွင့်များ ရရှိရေး တောင်းဆိုရန် ဖွဲ့စည်းလိုက်သည့် သတင်းလွတ်လပ် ခွင့်ကော်မတီ (ယာယီ)၏ တောင်းဆိုချက်များအပေါ် အရေးယူဆောင် ရွက်ပေးရန် လက်မှတ်ရေးထိုး လှုပ်ရှားမှုတစ်ရပ် ယနေ့စတင် လုပ်ဆောင် မည်ဖြစ်ကြောင်း ယင်းကော်မတီ ထံမှသိရသည်။

“ကျွန်တော်တို့ရဲ့ တောင်းဆိုချက်တွေကို နိုင်ငံတော်သမ္မတကြီးနဲ့ ပြည်သူ့ လွှတ်တော်ဥက္ကဌကြီး ထံကို အဓိကထားပေးပို့သွားဖို့ ရှိပါတယ်။ ဒီလိုပေးပို့ရာမှာ ဒီတောင်းဆိုချက်တွေကို အားလုံးကဆန္ဒရှိကြောင်း သိစေဖို့ လက်မှတ်တွေစုဆောင်းတဲ့လှုပ်ရှားမှုကို စလုပ်တာပါ”ဟု ယင်းကော်မတီ၏ ပြန်ကြားရေးတာဝန်ခံ တစ်ဦးကဆိုသည်။

အဆိုပါကော်မတီ၏ တောင်းဆိုချက်များ ရရှိရေးအတွက် လှုပ်ရှားမှုများ အဆငိ့လိုက် ဆက်လက်လုပ်ဆောင်သွားရန်ရှိကြောင်းလည်း ၎င်းကရှင်းပြသည်။

ကော်မတီအနေနှင့် အစိုးရ၏ ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းစဉ်များကို လုံးဝ ထောက်ခံယုံကြည်ပါကြောင်း၊ သို့သော် ပြန်ကြားရေးဝန်ကြီးဌာန၏ ယခုလုပ်ရပ်မှာ ဒီမိုကရေစီဖော်ဆောင်နေသော အစိုးရအဖွဲ့ အပေါ် ပြည်သူလူထု၏ ယုံကြည်မှုလျော့နည်းစေသောလုပ်ဆောင် ချက်ဖြစ်ပြီး ယနေ့ကာလတွင် မပြုသင့်သောပြုမူချက်ဖြစ်ကြောင်း၊ ယင်းလုပ်ရပ်ကို အစိုးရအဖွဲ့က တာဝန်ယူဖြေရှင်းပေးသင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)၏ ထုတ်ပြန်ကြေညာချက်
ရက်စွဲ- ၁.၈.၂၀၁၂

၁။ ပိတ်ပင်ခံထားရသောThe Voice Weekly , Envoy ၊ လျှပ်တပြက်ဂျာနယ်တို့ကိုချက်ချင်းထုတ်ဝေခွင့်ပေးရန်။

၂။ ပြုပြင်ပြောင်းလဲမှုများကို ထိခိုက်စေသည့်နောက်ပြန်ဆွဲသော မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်လုပ်ရပ်မျိုးကိုမဆိုအရေးယူဖယ်ရှားပေးရန်။

၃။ ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေနှင့်မီဒီယာများကိုဖိနှိပ် ကန့်သတ်ထားသောဥပဒေများကိုချက်ချင်းဖျက်သိမ်းပေးရန်။

၎။ သတင်းမီယာများအပေါ် အရေးယူမှုများကိုထပ်မံလုပ်ဆောင်ခြင်းမပြုရန်။

၅။ ကျင့်ဝတ်နှင့်အညီရေးသားဖော်ထုတ်သော မည်သည့်ရေးသားမှုကို အစိုးရကဥပဒေကြောင်းအရတရားစွဲမှုများကိုချက်ချင်းရပ်ဆိုင်းရန်။

၆။ မီဒီယာသမားများသဘောဆန္ဒမပါဝင်ဘဲရေးဆွဲထားသည့် မည်သည့်မီဒီယာဥပဒေကိုမဆိုလက်မခံပါ။

၇။ လတ်တလောဖြစ်ပွားနေသောစာပေလွတ်လပ်ခွင့်ဆုံးရှုံးမှုများအတွက် မီဒီယာသမားများအား နိုင်ငံတော်၏ တာဝန်အရှိဆုံးပုဂ္ဂိုလ်ကအမြန်ဆုံးတွေ့ဆုံဖြေရှင်းပေးရန်။

The Voice Weekly

UNHCR ရုံးရှေ့တွင် ဆန္ဒဖော်ထုတ်သူ အချို့ ခေတ္တခေါ်ယူစစ်ဆေးခံရ

ရန်ကုန်၊ သြဂုတ် ၎

နိုင်ငံတော် သမ္မတကြီး၏ ရိုဟင်ဂျာအရေး သဘောထားထုတ်ပြန်ချက်ကို ထောက်ခံသော အနေနှင့် ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR ) ရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့သူ လေးဦးကို စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းက ခေါ်ယူ စစ်ဆေးခဲ့ကြောင်း ရဲတပ်ဖွဲ့စခန်းက ခေါ်ယူစစ်ဆေးမှုတွင် ပါဝင်ခဲ့သူ ဦးအောင်နိုင်ဝင်းက ပြောကြားသည်။

အဆိုပါ ဆန္ဒဖော်ထ
ုတ်သူ လေးဦးကို သြဂုတ်လ ၃ရက်နေ့ ညနေ ၄နာရီခန့်က ယင်းရဲတပ်ဖွဲ့စခန်းက ခေါ်ယူခဲ့ပြီး ည ၁၂ရီခန့်တွင် ပြန်လွှတ်ပေးလိုက်ကြောင်း၊ အဆိုပါလေးဦးကို ယနေ့နံနက် ၁၀နာရီ ၃၀မိနစ်တွင် ထပ်မံခေါ်ထားကြောင်း၊ ယင်းခေါ်ယူ စစ်ဆေးမှုတွင် ဦးအောင်နိုင်ထွန်း အပါအ၀င် ဦးဝင်းခန့်၊ ဦးအောင်ကျော်ကျော်၊ ဦးမျိုးမင်းစိုး တို့ပါဝင်ကြောင်း ၄င်းက ဆိုသည်။

“ရဲစခန်းက ခေါ်ပေမယ့် အေးအေးဆဲဆဲပဲ။ ဒီနေ့တော့ ဘာပြောမလဲ မသိဘူး“ ဟု ဦးအောင်နိုင်ဝင်းက ရှင်းပြသည်။

နိုင်ငံတော် သမ္မတကြီး၏ ရိုဟင်ဂျာ အရေးကို ရဲရင့် ပြတ်သားစွာ ပြောကြားချက်ကို ထောက်ခံကြောင်း၊ UNHCR မဟာ မင်းကြီးပြောကြားသော ရိုဟင်ဂျာများနှင့် အတူယှဉ်တွဲ နေထိုင်ရေး ပြောကြားချက်အား ကန့်ကွတ်ရှုတ်ချသော အနေနှင့် ပြည်သူ ၂၀ခန့် UNHCR ရုံးရှေ့တွင် သြဂုတ်လ ၃ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

The Voice Weekly

မြေသားတမံကျိုးပေါက် လယ်ဧက ၅ ထောင်ကျော် နစ်မြုပ်

မိုးရာသီ လယ်ယာလုပ်ငန်းခွင် တခုအားတွေ့မြင်ရစဉ်၊
သြဂုတ် ၄၊ ၂၀၁၂၊ YPI

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်မှုကြောင့် ဧရာဝတီတိုင်း ဒါးကမြို့ မန္တလေး မြေသားတာတမံ သြဂုတ်လ ၁ ရက်နေ့ နံနက် ၅နာရီက ပေ ၅၀ ၀န်းကျင်ကျိုးပေါက်သွားပြီးနောက် လယ်မြေဧက ၅ ထောင်ခန့်ရေနစ်မြုပ်နေကြောင်း ယင်းကျေးရွာသားများက ပြောသည်။

ပေ ၅၀ စတင်ကျိုးပေါက်ပြီးနောက်ပိုင်း ရေအားကြောင့် ပေ ၁၇၀ ၀န်းကျင်ထိထပ်မံ ကျိုးပေါက်သွားခဲ့ကြောင်း၊ တိုင်းဒေသကြီး ၀န်ကြီးလာရောက်ကြည့်ရှုကာ သဲအိတ် ၅ သောင်းဖြင့် တာတမံပြန်လည်ဖို့ရန် ကြိုးစားလျှက်ရှိသည်ဟုလည်း သိရှိရသည်။

ညောင်ချောင်း၊ ဘုရားကုန်းနှင့် ၀က်သိုး အစရှိသည့် ကျေးရွာအုပ်စု ၈ အုပ်စုပါဝင်သည့် ယင်းဒေသများတွင် ရေနက်ကွင်းဖြစ်သဖြင့် ယခင်က မိုးနှောင်းပိုင်းမှသာ စပါးစတင်စိုက်ပျိုးနိုင်ခဲ့ရာမှ အရှည်ပေ ၃ သောင်းရှိတာတမံ တည်ဆောက်ခဲ့ရာ ယခုနှစ်မေလ ပြီးစီးခဲ့သည်။

တာတမံ ပြီးစီးသည့်နောက် ပထမဆုံးအနေဖြင့် ယခုမိုးဦးရာသီတွင် စပါးစတင်စိုက်ပျိုးကြခြင်းဖြစ်သည်။ တမံ တည်ဆောက်လိုက်ခြင်းကြောင့် သုံးသီးစား အထိစိုက်ပျိုးနိုင်မည်ဟုလည်း ဒေသခံများက ဆိုသည်။

အလားတူ သာပေါင်းမြို့နယ် ထန်းတပင်ကုန်းကျေးရွာ အနီးရှိ တဗူးချောင်း ရေလျှံမှုကြောင့် လယ်ဧက ၃ ထောင်ကျော် ရေနစ်မြုပ်လျှက်ရှိသည်ဟု သိရှိရသည်။     ။

by Yangon Press International

မိန်းကလေးတွေကို ကာမ ကျူးလွန်သူ မြန်မာပြည်ကို ထွက်ပြေး

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အရွယ်မရောက်သေးတဲ့ မိန်းကလေး ၄ ယောက်ကို လိင်ဆက်ဆံမှုနဲ့ တရားစွဲခံထားရတဲ့ သြစတြေးလျ နိုင်ငံသား အသက် ၉၃ နှစ် အရွယ် မစ္စတာ ကရော့စ် ကားလ် ဂျိုးဆက် ဆိုသူဟာ အာမခံနဲ့ လွတ်နေတုံး ပြီးခဲ့တဲ့ ဇွန်လလယ်က မြန်မာနိုင်ငံကို ထွက်ပြေးသွားတာ ဖြစ်ပါတယ်။

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အသက် ၉၃ နှစ် အရွယ် မစ္စတာ ကရော့စ် ကားလ် ဂျိုးဇက်

အမေရိကန် မူဆလင်မ်ရေးရာ ကိုယ်စားလှယ် မြန်မာနိုင်ငံခရီး

ရန်ကုန် ဗလီကျောင်းတကျောင်းတွင်း ရာမာဒန် ဥပုသ်ထွက် ဝတ်ပြုဆုတောင်းနေစဉ် (၀၈၊ ၃၁၊ ၂၀၁၁။)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန မူဆလင် လူ့အဖွဲ့အစည်းဆိုင်ရာ အထူးကိုယ်စားလှယ် မစ်္စဖာရာပန်ဒစ်သ် (Farah Pandith) ဟာ မြန်မာနိုင်ငံကို ဇူလိုင်လ (၂၈) ရက်နေ့ကနေ သြဂုတ်(၁) ရက်နေ့အထိ သွားရောက်ခဲ့တယ်လို့ သြဂုတ်လ (၃) ရက်နေ့က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောကြားပါတယ်။

မြန်မာနိုင်ငံမှာ မစ္စပန်ဒစ်သ်ဟာ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားတွေရဲ့ ဘာသာရေး အဖွဲ့အစည်းတွေ၊ ရိုဟင်ဂျာအဖွဲ့အစည်းတွေ၊ လူငယ် အဖွဲ့အစည်း ခေါင်းဆောင်တွေ၊ ပြည်တွင်းနဲ့ နိုင်ငံ တကာ လူမှုရေး အဖွဲ့အစည်းတွေနဲ့ သာသနာရေး ပြည်ထောင်စုဝန်ကြီးနဲ့ပါ တွေ့ဆုံခဲ့တယ်လို့ ပြောဆိုခဲ့ ပါတယ်။

မြန်မာနိုင်ငံထဲက မူဆလင်အဖွဲ့အစည်းတွေနဲ့ ပညာရေး၊ တရားဥပဒေ စိုးမိုေးရးနဲ့ စီးပွားရေး လုပ်ဆောင်နိုင်မှု အခွင့်အလမ်းတွေ အပါအ၀င် ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ နယ်ပယ်တွေကို လူငယ်တွေနဲ့ အဓိကထားပြီး ဆွေးနွေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဇူလိုင်လ (၃၀) ရက်နေ့က ရန်ကုန်မြို့အမေရိကန်သံရုံးက အစ်ဖ်တာ (Iftar) အစ္စလမ်ဘာသာရေးပွဲ အပါအ၀င် မူဆလင်တွေရဲ့ ရာမာဒန် (Ramadan) ဥပုသ်ကာလ ဘာသာရေး စီစဉ်ဆောင်ရွက်မှုတွေ မှာလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန မူဆလင် လူ့အဖွဲ့အစည်းဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စဖာရာပန်ဒစ်သ် က ပါဝင်ဆင်နွှဲခဲ့တယ်လို့ ဆိုပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းအကြောင်း ဟောပြော

ကိုမင်းကိုနိုင် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် (၄) ဦးဟာ ပဲခူးတိုင်း ပြည်၊ ရွှေတောင်၊ နတ်တလင်း၊ ပေါင်းတည် စတဲ့ မြို့တွေကို သွားရောက်ပြီး ပွင့်လင်း လူ့အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ဆွေးနွေး ဟောပြောကြောင်း သိရပါတယ်။
RFA
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ
ဆွေးနွေးပွဲတွေမှာ အရပ်ဘက် အဖွဲ့အစည်းတွေ လာရောက်ကြသလို ပြည်မြို့မှာဆိုရင် အထက်တန်း ကျောင်းသားတွေကိုလည်း ဟောပြောခဲ့ကြောင်း ပွင့်လင်းခရီးစဉ်မှာ ပါဝင်သူ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီက RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ ပွင့်လင်း လူ့အဖွဲ့အစည်း ဖော်ဆောင်ရေးပေါ့၊ အဲဒီ ခရီးစဉ် ကျွန်တော်တို့က မနက် ၁၀ နာရီ ရောက်တယ်။ ပြည်သူတွေနဲ့ တွေ့တယ်။ ပြည်သူတွေနဲ့ တွေ့တယ်ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ အရပ်ဘက် လူ့အဖွဲ့အစည်းနဲ့ တွေ့တယ်။ ပြည်မြို့နယ် တစ်ခုထဲမဟုတ်ဘူး။ မြို့နယ်စုံပါတယ်။ ပြီးတော့ ကျွန်တော်တို့ တောင်သူ လယ်သမားတွေနဲ့ ဆက်တွေ့တယ်။ နောက်တခါ ကျွန်တော်တို့ အထက်တန်းပညာ သင်နေတဲ့ ကျောင်းသားလေးတွေနဲ့ ကျွန်တော်တို့ တွေ့တယ်။ တွေ့ပြီးတော့ ကျွန်တော်တို့ ဒီပွင့်လင်း လူ့အဖွဲ့အစည်း ဟောပြောပွဲတွေ ဆက်တိုက်လုပ်တယ်။ အခုရွှေတောင်မှာ ပွင့်လင်းလူ့အဖွဲ့အစည်း အကြောင်း စကားနည်းနည်း ပြောမယ်။ ရွှေတောင်ပြီးရင် ပေါင်းတည်၊ နတ်တလင်း အဲဒီကို ခဏဝင်မယ်။ အဲဒီကနေ ရန်ကုန်ကို တောက်လျှောက် ပြန်မယ်"
ရွှေတောင်မြို့မှာဆိုရင် လူထောင်ဂဏန်းထိ တက်ရောက်ကြတယ်လို့ သိရပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားတွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ စမ်းချောင်း ကိုကိုကြီး၊ ကိုမျိုးအောင်နိုင်တို့ဟာ ပွင့်လင်း လူ့အဖွဲ့အစည်း ခရီးစဉ်အဖြစ် ပဲခူးတိုင်း အနောက်ဘက်ခြမ်းကို ရောက်ရှိနေကြတာ ဖြစ်ပါတယ်။

RFA Burmese

ကင်တေးနားခရီးစဉ် ရခိုင် အတွက် အကျိုး မရှိနိုင်ဟု ဦးအေးသာအောင်က ပြောကြား

“ ကင်တေးနား ပြောတဲ့စကားတွေ အပေါ်မှာ သုံးသပ်လိုက်ရင် ရခိုင်ပြည်နယ်မှာ ဖြစ်နေကြတဲ့ ပြဿနာမှာ ရခိုင် ဒုက္ခသည် တွေ အပေါ်မှာ အာရုံမစိုက်ဘဲ ဘင်္ဂလီ ဒုက္ခသည်တွေ အပေါ်မှာဘဲ အာရုံ စိုက်တာကို တွေ့ရတယ်။ အဲဒါကြောင့် ကင်တေးနား လာတဲ့ ခရီးစဉ်အပေါ်မှာ ဘကြီးတို့ကတော့ ထူးထူးခြားခြား ရခိုင်ပြည်နယ်နဲ့ ရခိုင်ပြည်သူတွေကို အကျိုးပြုလိမ့်မယ်လို့ မထင်ဘူး”ဟု ကုလသမဂ္ဂ ကိုယ်စားလှယ် ကင်တေးနားနဲ့ တွေ့ဆုံခွင့်ရခဲ့သူ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင် က ပြောသည်။---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်