အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး၏ စစ်မှုထမ်း ဘ၀ ရခိုင်ပြည်နယ်အတွေ့အကြုံများ (အပိုင်း - ၁)

အငြိမ်းစား စတုတ္ထမြောက်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်ကြီး သူရတင်ဦး(ယာ) နှင့် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်ရဲ့ နာယက တစ်ဦးဖြစ်တဲ့ မြန်မာ့ တပ်မတော်ရဲ့ စတုတ္ထမြောက် ကာကွယ်ရေး ဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရ ဦးတင်ဦးကို ၁၉၄၈ လွတ်လပ်ရေး ခါနီးအချိန်က စတင် ခဲ့တဲ့ ရခိုင်ပြည်နယ်ရဲ့ မတည်မငြိမ် အခြေအနေတွေနဲ့ ရခိုင်ပြည်နယ်မှာ သူ တာဝန်ထမ်း ဆောင်စဉ်က အတွေ့အကြုံ တွေကို ဦးရော်နီညိမ်း က မေမြန်းဆွေးနွေးပြီး ဒီသီတင်းပတ်ရဲ့“တပ်မှူးတပ်သား ပြောစကား” ကဏ္ဍကို တင်ဆက် လိုက်ပါတယ်။

ဦးတင်ဦး ။     ။ အဲဒီတုန်းက ဒီလို ဖြစ်တာဗျ။ ကျနော်တို့ လွတ်လပ်ရေးရခါနီး အချိန်လောက်မှာ ပြဿနာလေးတွေ ပေါ်လာတာက ကျနော်တို့နဲ့အတူ တပြိုင်နက်တည်း အိန္ဒိယကလည်း လွတ်လပ်ရေး ရခဲ့တယ်။ အိန္ဒိယက သိတဲ့ အတိုင်း မစ္စတာဂျင်းနား (ပါကစ္စတန် လွတ်လပ်ရေးခေါင်းဆောင် မိုဟာမက်အလီဂျင်းနား Muhammad Ali Jinnah) တို့က မဟတ္တမဂန္ဓီ (Mahatma Gandhi) တို့၊ နေရူး (Jawaharlal Nehru) တို့ (အိန္ဒိယလွတ်လပ်ရေး ခေါင်းဆောင် များ) ကို တိုင်းပြည်ခွဲထွက်မယ်လို့ တောင်းဆိုတော့ မဟတ္တမဂန္ဓီတို့၊ နေရူးတို့က သဘောမကျဘူးပေါ့။ သို့သော်လည်း မစ္စတာ ဂျင်းနားတို့က ပါကစ္စတန်ဆိုပြီး လုပ်ချင်တယ် ဆိုတော့ နောက်တော့ သူတို့ ခွဲပေးလိုက်ရတော့ အရှေ့ပါကစ္စတန် (East Pakistan)နဲ့ အနောက်ပါကစ္စတန် (West Pakistan) ဆိုပြီး ဖြစ်သွားတာပေါ့။

“အဲဒီအချိန်မှာ ကျနော်တို့ဘက်ကလည်း နတ်မြစ် (Naff River) ဆိုတာက ဟိုဘက်က ဒီဘက်ကိုကူး၊ ဒီဘက်က ဟိုဘက်ကိုကူး၊ ဥဒဟို ၀င်ထွက်သွား လာနေတာကိုး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အားလုံးက အင်္ဂလိပ်ရဲ့ ကျွန်နိုင်ငံ၊ ကျွန်သားတွေကိုး ဗျ။ အဲဒီတော့ ကူးကြသွားကြနဲ့ ဒါတွေက ကူးလူးဆက်ဆံမှုတွေက ရှိနေတာကိုး။ အဲဒီအချိန်မှာ စစ်(ဒုတိယကမ္ဘာစစ်) ကလည်း ပြီး သွားပြီ ဆိုတော့ စစ်နဲ့အတူပါလာတဲ့ ဘင်္ဂါလီအလုပ်သမားတို့ ဘာတို့ စသည်ဖြင့် ပါလာကြတာတွေက ဒီဘက်ကို တော်တော်များများရောက်လာကြပြီးတော့ ဒီဘက်မှာပဲ နည်းနည်းပါးပါး ကျန်ရစ်ခဲ့ကြတာတွေ ရှိကောင်းရှိခဲ့ပါတယ်။

“အဲဒီတုန်းက အဲဒီဒေသနေရာမှာ ဘူးသီးတောင် မောင်တောဒေသမှာတော့ ရခိုင်ရွာတွေ တော်တော်များများ ရှိကြတယ်။ အဲဒီတော့ ၀င်လာတာတွေက မသိသာဘူးပေါ့။ အဲဒီလို ဖြစ်ခဲ့တယ်ပေါ့။”

ဦးရော်နီညိမ်း ။     ။ အန်ကယ့်ကို တစ်ခု မေးကြည့်ချင်တာက အင်္ဂလိပ်ကနေပြီးတော့မှ ဂျပန်ကို ပြန်တိုက်ဖို့အတွက် သူတို့(ဘင်္ဂါလီ) တွေကို လက်နက်တပ်ဆင်ပြီးတော့မှ မြန်မာနိုင်ငံထဲကို လွှတ်လိုက်တယ်။ အန်ကယ်တို့ရဲ့ ဖက်ဆစ် တော်လှန်ရေး ဗမာ့တပ်မတော်နဲ့ ပေါင်းပြီး တိုက်ဖို့ (သို့မဟုတ်) အင်္ဂလိပ်တပ်နဲ့ ပေါင်းပြီး တိုက်ဖို့သဘောနဲ့။ ဒါပေမဲ့ သူတို့တွေက ဂျပန်နဲ့လည်း သေချာမတိုက်လိုက်ရဘူး၊ လက်နက်တွေနဲ့ ကျန်ခဲ့တယ် ဆိုတဲ့ သဘောလား။ အဲဒါ အန်ကယ် သိသလောက် ပြောပြပေးပါ ခင်ဗျ။

ဦးတင်ဦး ။     ။ ဟုတ်တယ်၊ အဲဒီတုန်းက အရှေ့ပါကစ္စတန်ဆိုပြီး ဖွင့်လိုက်တဲ့အချိန်မှာ ဒီဘက် က နောင်သောအခါ (ဘင်္ဂါလီ) ခေါင်းဆာင်ဖြစ်မဲ့ ပုဂ္ဂိုလ်တွေက အရှေ့ပါကစ္စတန်နဲ့ တဆက်တည်း တတွဲတည်း မေယုမြစ် (Mayu River) ရဲ့ အနောက်ဘက် မှာ မေယုနယ်ပေါ့၊ မေယု နယ်ဆိုတာ ဘူးသီးတောင် မောင်တော ပါပဲ။ အဲဒီမေယုနယ်ကို district (ခရိုင်) တစ်ခုအနေနဲ့ အရှေ့ပါကစ္စတန် ထဲကို ပါစေချင်တဲ့ သဘောရှိတယ်။ အဲဒီအတွက် ပြောတာ ဆိုတာတွေတော့ ရှိတယ်။ ဒါပေမဲ့လည်း မစ္စတာဂျင်းနားတို့ (ပါကစ္စတန်) ခေါင်းဆောင်တွေ အားလုံးက ဒီဘက် (အရှေ့ပါကစ္စတန်နဲ့ ဆက်စပ်နေတဲ့ မြန်မာနိုင်ငံဘက်ခြမ်း) နဲ့ ပတ်သက်တာတွေကို လုံးဝ စိတ်ပါဝင်စားခြင်း မရှိဘူး။ နောက်ပြီးတော့ ဒါနဲ့ ပတ်သက်လို့ ကင်းကင်းရှင်းရှင်း ပြတ်ပြတ်သားသား နေလိုက်တယ်။

သို့သော်လည်းပဲ ဒီဘက်မှာက ခုနက ကျန်ရစ်ခဲ့ တဲ့ လက်နက်တွေနဲ့ ပတ်သက်တာတွေ၊ အရင်တုန်းက (ဂျပန် ကိုတိုက်ဖို့ လွှတ်လိုက်တဲ့) ဒီဘက်ကို Bengal (ဘင်္ဂလား) ဘက်ကနေ ပါလာတဲ့သူ (ဘင်္ဂါလီ) တွေကလည်း ရှိနေကြတော့ သူတို့က ဆက်ပြီးတော့ မေယုကမ်းခြေ၊ မေယုမြစ်ရဲ့ အနောက်ဘက်ကမ်းကို သူတို့က စိုးမိုးထားရမယ် ဆိုပြီးတော့၊ မူဂျာဟစ်ဒင် (အာရဗီ (Arabic) ဘာသာစကားနှင့် ဘာသာရေးအရ ခုခံစစ်ပွဲဆင်နွှဲသူ တစ်ဦး တစ်ယောက်အား မူဂျာဟစ် (Mujahid)၊ တစ်ယောက်ထက်မက အများဆိုလျှင် မူဂျာဟစ်ဒင် Mujahidin, Mujahedeen) ဆိုပြီးတော့၊ မူဂျာဟစ်တွေ ပေါ်ပေါက်လိုက်တာပေါ့။

အဓိပ္ပာယ်ကတော့ အဲဒီမှာရှိတဲ့နယ်မြေနဲ့ ဆက်စပ်ပြီးတာ့ မေယုနယ်ဆိုတာကို ထူထောင်ချင်တဲ့ သဘောတွေရှိတယ်။ အဲဒီအခါကျတော့ နိုင်ငံရဲ့ အချုပ်အခြာ ကို ထိခိုက်လာတာကတစ်ကြောင်း၊ အဲဒီဟာက အန္တရာယ်လည်းကြီးမားနေတာက တစ်ကြောင်း၊ ဗိုလ်ချုပ်ကျော်ဇော (ယခု တရုတ်နိုင်ငံ တွင် နေထိုင်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ခေါင်းဆောင်တစ်ဦးဖြစ်သူ ရဲဘော် သုံးကျိပ်ဝင် အငြိမ်းစားဗိုလ်မှူး ချုပ်ကျော်ဇော) ခေါင်းဆောင်တဲ့ ဗမာ့သေနတ်ကိုင်တပ်ရင်း (၅) (သနက ၅) က သွားပြီးတော့ ဒီမူဂျာဟစ်တွေကို နှိမ်နင်းတိုက်ခိုက်ချေမှူန်းလိုက်ရတယ်။

ဒီ သနက (၅) အတွက် လိုအပ်တဲ့ စစ်သည်အင်အားကို စစ်ရေးလေ့ကျင့်မှုအတွက် မေမြို့(ပြင်ဦးလွင်) မှာရှိတဲ့ training depot (BATD – Burma Army Training Depot)  လေ့ကျင့်ရေးတပ်မှာ လေ့ ကျင့်ပေးပြီးတော့ သူတို့ကို မြန်မြန်ကျောင်းဆင်းပေးပါလို့ ပြောတဲ့အတွက် အဲဒီ train (လေ့ကျင့်ရေး) လုပ်နေကြတဲ့အထဲက တပ်ခွဲနှစ်ခွဲကို လေယာဉ်ပျံနဲ့ အဲဒီတုန်းက အင်ဒိုနီးရှားကလာတဲ့ (သယ်ယူပို့ဆောင်ရေး) Zero Zero One လေယာဉ်ကြီးတွေ  ကက်သရင်းနား (Katherina) လေယာဉ်ကြီးတွေနဲ့ ကျနော်တို့က ခူသယ်ခေါက် သယ် (ရခိုင်ပြည်နယ်ကို) ပို့တယ်။ ကျနော်ကိုယ်တိုင် ပို့ရတယ်။ ကျနော်ကိုယ်တိုင်ပဲ ဒီလေယာဉ်တွေအပေါ်မှာ လိုက်ပြီးတော့ နေ့ချင်းပြန် ချက်ချင်းပို့ဖူး တယ်။

ဦးရော်နီညိမ်း ။     ။ အဲဒီ သွားတိုက်တဲ့ တပ်ရင်း(သနက ၅) ထဲက ထင်ရှားတဲ့သူတွေ ပြောပြပါလား ခင်ဗျ။

ဦးတင်ဦး ။     ။ ဦးလွင် (ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး အငြိမ်းစား ဗိုလ်မှူးကြီး မောင်လွင်) ပါတယ်။ ဦးကြည်မောင် ပါတယ်။။ သူတို့တပ်ရင်းမှူးက ဒုတိယဗိုလ်မှူးကြီး  ကင်မ်ပက်က်နက် (Lt. Colonel Campecgnec)။  ဦးကြည်မောင်က Major (ဗိုလ်မှူး)ကြည်မောင် 2 IC (Second-in-Command ဒုတပ်ရင်းမှူး) ဗျ။ Captain(ဗိုလ်ကြီး)မောင်လွင်တို့ကတော့ သူတို့အောက်က တပ်ခွဲမှူးတွေ။ နောက်တစ်ယောက်က နောက်ပိုင်း အင်းစိန်တိုက်ပွဲမှာ ကျသွားတဲ့ ဂျပန်ခေတ်  စစ်တက္ကသိုလ်က ဆင်းလာတဲ့ ဗိုလ်လှသောင်း (ဗိုလ်မှူးလှသောင်း)။ သူတို့ ပါကြတယ်။ (မေဂျာကြည်မောင် = ၁၉၉၀ ရွေးကောက်ပွဲကာလ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ကွယ်လွန်သူ အငြိမ်းစားဗိုလ်မှူးကြီး ကြည်မောင်)

ဦးရော်နီညိမ်း ။     ။ သူရဦးထွန်းတင်(၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့ စစ်အာဏာ သိမ်းချိန်က မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရ၏ ၀န်ကြီးချုပ် အငြိမ်းစားဗိုလ်မှူးကြီး သူရ ထွန်းတင်) လည်းပါတယ်။ သူရေးတဲ့ (ကျနော် ကျင် လည်ခဲ့ရသော မြန်မာနှင့်ကမ္ဘာ)စာအုပ်မှာ ပါတယ်။

ဦးတင်ဦး ။     ။ ဟုတ်တယ်။ ဦးထွန်းတင်က အဲဒီတုန်းက Captain ။ ဦးထွန်းတင်လည်း ပါမယ်။ ဘာကြောင့်လဲဆို တော့ သူကလည်း သနက (၅) ကပဲ။ အဲဒီတုန်းက ဒီသနက(၅) တပ်ရင်း တစ်ရင်းလုံးပဲ (မူဂျာဟစ်တွေကို) သွားတိုက်ခဲ့ပါ တယ်။ အောင်အောင်မြင်မြင်ပဲ တိုက်နိုင်ခဲ့ပါတယ်။
တပ်က ရဲဘော်တွေဆိုတာက သိတဲ့အတိုင်းပဲ၊ ဖက်ဆစ် တော်လှန်ရေးတုန်းကကော၊ BDA (Burma Defence Army - ယခင် ဗမာ့လွတ်လပ်ရေးတပ်မတော် (Burma Independence Army – BIA) ကို ဂျပန်ခေတ်တွင် BDA ဟု ပြောင်းလဲဖွဲ့စည်း) တုန်းကကော ပါလာကြတဲ့သူတွေ။ သူတို့ကို စစ်ရေး လေ့ကျင့်ခန်းတွေ ကျနော်တို့က ပေးပြီးမှ ရခိုင်ကို လွှတ်ခဲ့တာဆိုတော့ သူတို့က စစ်ရေးစစ်သွေး စစ်ရည်ဝနေပြီးသားတွေ။

လေ့ကျင့်ပေးလိုက်တဲ့ ဒီစစ်သည်တွေကို ကျနော်တို့က ကမန်းကတန်း ကျောင်းဆင်းပေးလိုက်ရတာဗျ။ သူတို့ကို ကျောင်းပြီးအောင် (၆) လ (၇) လ သင်တန်းမပေးလိုက်ရဘူး။ သုံးလေးလလောက်နဲ့ သင်တန်းပေးပြီး ကျမ်းသစ္စာ ကျိန်ဆိုပြီးတာနဲ့ ချက်ချင်း လေယာဉ်နဲ့ပို့လိုက်ရတာ။ တောက်လျှောက် ရခိုင်ပြည်နယ်ကို ပို့လိုက်ရတာ။ (ဗမာ့တပ်မတော်ကို ဒုတိယကမ္ဘာစစ်အပြီး ပြန်လည်ဖွဲ့စည်းသောအခါ အရာရှိနှင့်စစ်သည်အားလုံး ဗြိတိသျှစစ်တပ်၏ အခြေခံစစ်သင်တန်းမှ  စ၍ ပြန်တက်ကြရပြီး၊ စစ်သည်များမှာ အခြေခံစစ်သင်တန်းပြီးဆုံးလျှင် တပ်သားသစ်များ အဖြစ် ကျမ်းသစ္စာကျိန်ဆိုကြရသည်။)

အဲဒီတုန်းက တိုက်ပြီးပြန်လာကြတဲ့သူတွေ ပြောပြတာက မူဂျာဟစ်တွေကို ကာဆင်ကြီးဆိုတဲ့ ပုဂ္ဂိုလ် က အုပ်ချုပ် တယ်။ ကာဆင်ကြီး တိုက်ပွဲမှာကျသွားတော့၊ မူဂျာဟစ်တွေ အစိပ်စိပ်အမွှာမွှာ အကွဲကွဲ အပြားအပြား ဖြစ်ပြီးတော့မှ နောက်ထပ်ခေါင်းဆောင် ကာဆင်လေး ဆိုတာ ပေါ်လာတယ်တဲ့။
နောက်ပိုင်းမှာ ကျနော်တို့ ဆက်ပြီး တိုက်ရတာကတော့ ကာဆင်လေးကနေ ပေါက်ဖွားလာတဲ့ မွေး ထုတ်ထားတဲ့ စူရစ်အာမက်တို့ စူရတန်မောက်တို့။ ဒီ နောက်ပေါက် ခေါင်းဆောင်တွေနဲ့ ကျနော် ရခိုင်တပ်ပေါင်းစုမှူး ဖြစ်လာတော့ နည်းနည်းပါးပါး ပြောက်တိပြောက်ကျား တွေ့ရပြန်သေးတယ်။

ဒါပေမယ့်လို့ အရှေ့ပါကစ္စတန်နဲ့ ကျနော်တို့နဲ့ နတ်မြစ် (Naff River)ကို အကြောင်းပြုပြီး ပြဿနာဖြစ် လို့ တိုက်ကြရတဲ့အချိန်မှာ ခြေမြန်တပ်ရင်း(၄)နဲ့ ခြေမြန်တပ်ရင်း(၅)က လာပြီးကူညီခဲ့တဲ့ အတွက်ကြောင့် (ဘူးသီးတောင်မောင်တော) မြောက်ဘက်အခြမ်းမှာ မူဂျာဟစ် ခိုအောင်းနေတာကို တိုက်မယ်ဆိုပြီးတော့ ဂုတ်ပိတံတား မြောက်ဘက်ခြမ်း တော်တော်လှမ်းလှမ်းမှာ တော်တော်လေး လိုက်တိုက်လိုက်တာ့ အဲဒီ မူဂျာဟစ် နောက်ဆုံးအသုတ်ကို ကျနော်တို့ အပြတ်ကို ချပစ်လိုက်တယ်။

အဲဒီမှာ မူဂျာဟစ် လေးဆယ်ကျော် ငါးဆယ်လောက် သေတယ်။ နောက်ပြီးတော့ လက်နက်တွေ ရလိုက်တယ်။ အဲဒီတုန်းက သတင်းကြားလို့ အဲဒီတောင်ကျောပေါ်က ဖြတ်ပြီးတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ရောက်နေတယ် ကြားလို့ သွားတိုက်တာ။ ကျနော့်မှာ အခွင့်အရေး ကောင်း တစ်ခု ရတာက၊ ခြေမြန်တပ်တွေက ရောက်နေတဲ့အချိန်မှာ နယ်စပ်မှာ ဖြစ်နေတဲ့ကိစ္စတွေကလည်း (နယ် နိမိတ်) တိုင်းဖို့ထွာဖို့ သဘောတူ ပြီးဆုံးဖြတ်လိုက်တော့၊ ဒီတပ်တွေကို ပြန်ပို့ရမယ့်အစား မပို့ခင်မှာ အဲဒီ ဂုတ်ပိ တံတားရဲ့ မြောက်ဘက်ခြမ်း၊ ဂုတ်ပိတံတားဆိုတာက ဘူးသီးတာင် မြောက်ဘက်ကို တက်သွားတဲ့အခါ တောင်ဘဇား၊  တောင်ဘဇား ပြီးရင် ဂုတ်ပိတံတား၊ ဂုတ်ပိတံတားပြီးရင် မြောက်ဘက်မှာ ပန်ဇီဘဇား ဆိုတာရှိတယ်။ အဲဒီတောင်ပေါ် တောင် ကျောမှာ သွားတိုက်လိုက်တဲ့အခါ နောက်ဆုံး အပြတ်ချလိုက်တဲ့အခါ အဲ့ဒီမှာ မူဂျာဟစ်ဟာ ပြတ်ထွက်သွားပြီ။ ပြီးသွားပြီ။

ဦးရော်နီညိမ်း ။     ။ အဲဒါ ဘယ် ခုနှစ်ကလဲ အန်ကယ်။

ဦးတင်ဦး ။     ။ အဲဒါက ကျနော် တပ်ပေါင်းစုမှူးဘ၀၊ ရခိုင်မှာ ဆိုတော့ ၁၉၅၉ ပေါ့။ (၁၉၆၀) ရွေးကောက်ပွဲ မလုပ်ရသေးဘူး။ တပ်တွေကို စစ်ဆေးပြီး ကိုယ့်နယ်စပ်နဲ့ပတ်သက်တာတွေ ကိုယ်လုံခြုံအောင် လုပ်ကြရမယ်ဆိုတဲ့အချိန်မှာ နတ်မြစ် (Naff River) တလျှောက်ကို ကျနော်တို့ သွားကြည့်လိုက်တဲ့အခါမှာ လူတော်တော်များများက ရွာတွေမှာ စာရင်းမရှိ အင်းမရှိ လူတွေ ထပ်ပြုပြီး နေနေကြတာတွေကို ရှင်းရလင်းရမယ်ဆိုတော့ အဲဒါတွေကို ကျနေယ်တို့က ရှင်း ရ လင်းရတာပေါ့ဗျာ။ ရှင်းရလင်းရတယ် ဆိုတာက သူတို့နဲ့ပတ်သက်တာတွေကို စစ်ဆေး၊ မသင်္ကာ ဘွယ်ဖြစ်တဲ့သူ (အရှေ့ပါကစ္စတန်) ဘက်မှ ခိုးဝင်လာသူတွေကို eviction order (မိမိပိုင်နယ်မြေ မှ နှင်ထုတ်သည့် အမိန့်)ပေးရတယ်။

ကျနော် မှတ်မှတ်ရရ မှတ်မိသလောက်ကတော့ (ခိုးဝင်လာသူ) လူ တစ်သောင်းသုံးထောင်ရှစ်ရာ နီးနီးလောက်ကို eviction order နဲ့ မောင်တောမြောက်ဘက်ခြမ်းကနေ တောင်ပြိုတို့လို နေရာတွေမှာ နတ်မြစ်တလျှောက် ဘေးနား ကလူတွေ သိပ်သိပ်သည်းသည်း ဖြစ်နေတဲ့ အပိုင်းနားက လူတွေကို အားလုံးစစ်ဆေးပြီးတော့ အဲဒီ့နောက်ပိုင်းမှာ မှတ်ပုံတင် လုပ်တာပဲဗျ။ မှတ်ပုံတင်ကို စပြီး လုပ်ရတာပဲ။ အဲဒီတုန်းက မှတ်ပုံတင်ဆိုတာ မရှိသေးဘူး။

ဦးရော်နီညိမ်း ။     ။ ဟုတ်ကဲ့၊ မြန်မာနိုင်ငံမှာ ၁၉၅၉ ခုနှစ်မှာ စပြီး အမျိုးသားမှတ်ပုံတင် စပြီးပေါ်ပေါက်ခဲ့တယ်လို့ မှတ်သားဖူးပါတယ်။

ဦးတင်ဦး ။     ။ ဟုတ်တယ်၊ အဲဒီတုန်းက စပြီး အမျိုးသားမှတ်ပုံတင် စပြီး ဖြစ်လာတာ။ အဲဒါ (eviction order  ဆောင် ရွက်ခြင်း) ပြီးသွားပြီး နည်းနည်း အေးအေးဆေးဆေး ဖြစ်သွားတော့မှ ဟိုတုန်းက အခေါ် ရခိုင်တိုင်းအတွက် မှတ်ပုံတင် အရာရှိတွေ (လ၀က -လူဝင်မှုကြိကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာန အရာရှိများ) ရောက်လာပြီးတော့ သူတို့ကို ၀ိုင်းပြီး ကျနော်က ကူညီရတာကိုး။

မှတ်ပုံတင်ကိစ္စတွေ မြန်မြန်ဆန်ဆန်ပြီးအောင် နယ်စပ်တွေမှာ တောက်လျှောက် ကျနော် တို့ဆီက တိုက်ရေယာဉ်တို့ စစ်ရေယာဉ်တို့နဲ့ နောက်သူတို့အတွက် ရေယာဉ်တွေကိုလည်း လုံခြုံရေး အကြောင်းပြုပြီး ငှားပြီးတော့ အကုန်လုံးကို မြန်မြန်လုပ်ရတာပဲလေ။

ဦးရော်နီညိမ်း ။     ။ ဟုတ်ကဲ့။ ၁၉၆၀ ရွေးကောက်ပွဲအချိန် ရောက်လာတော့ ရိုဟင်ဂျာကို (၀န်ကြီးချုပ်) ဦးနုကလည်း အသိအမှတ်ပြုခဲ့တယ် ဆိုတဲ့အသံတွေကိုလည်း အခုနောက်ပိုင်း ကျနော်တို့ ကြားကြရပါတယ်။ အဲဒီကိစ္စရဲ့ အရင်းအ မြစ် အစပထမက ဘယ်လိုဖြစ်တာလဲဆိုတာကို အန်ကယ် သိသလောက် ရှင်းပြပါ။

ဦးတင်ဦး ။     ။ ဒီလိုဗျ။ အဲဒီအချိန်လောက်အထိက ကျနော်လည်း ရိုဟင်ဂျာဆိုတာကို မသိဘူး၊ ကြားလည်းမကြားဖူး ဘူး။ ဒါပေမယ့် ဘယ်လိုဖြစ်သွားခဲ့သလဲဆိုတော့ Caretaker Government (၁၉၅၈-၁၉၆၀ အိမ်စောင့်အစိုးရ) အချိန် မတိုင်ခင်မှာ ၁၉၅၆ ခုနှစ်မှာ ရွေးကောက်ပွဲ တစ်ခေါက် လုပ်ခဲ့တာကိုး။ အဲဒီ ၁၉၅၆ ရွေးကောက်ပွဲမှာ ဘာဖြစ်ခဲ့သလဲ ဆိုတော့ အဲဒီ ဘူးသီးတောင် မောင်တော ကနေ အမတ်လေးယောက် ပေါ်လာခဲ့တယ်။

စူလတန်မာမွတ် ရယ်၊ စူလ တန်အာမက်ရယ်၊ အဘူဘောရှော ရယ်၊ အဘူလခိုက် ရယ်။ ကျနော် သူတို့နာမည်တွေ ကောင်းကောင်းမှတ်မိတယ်။

စူလတန်မာမွတ်က ဘူးသီးတောင် တောင်ပိုင်း၊ အဘူဘောရှောက ဘူးသီးတောင်မြောက်ပိုင်း၊ စူလတန်အာမက်က မောင်တောတောင်ပိုင်း၊ အဘူလခိုက်က မောင်တောမြောက်ပိုင်း၊ အမတ်တွေ  ဖြစ်လာကြတယ်။ သူတို့က ဖဆပလ (၀န်ကြီးချုပ်ဦးနု ဦးဆောင်သည့် အာဏာရ ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေး ပါတီ)ထဲကနေ ပါလာကြ တယ်။ ရွေးကောက်ပွဲမှာ ၀င်ပါလာကြတော့………

ဦးရော်နီညိမ်း ။     ။ ဟုတ်ကဲ့ အန်ကယ်၊ တစ်ခုသိချင်တာက အဲဒီတုန်းက အမျိုးသားမှတ်ပုံတင် ဆိုတာ မလုပ်ရသေး ဘူးဆိုတော့၊ အဲဒီအမတ်အရွေးခံ ပုဂ္ဂိုလ်တွေကို မြန်မာနိုင်ငံသားအဖြစ် ဘယ်လိုနည်းနဲ့ အသိအမှတ်ပြခဲ့ကြသလဲ။

ဦးတင်ဦး ။     ။ အဲဒါက အဲဒီမှာ ဘူးသီးတောင်မောင်တောမှာ ရှိနေတဲ့လူ အားလုံးကို (အာဏာရ ဖဆပလ အစိုးရက) မြန်မာနိုင်ငံသား ဖြစ်တယ်လို့ လုပ်လိုက်တဲ့အပြင် အဲဒီမှာ ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြုပေးဖို့ ပြောလိုက်ကြတာ ကြောင့် ဦးနုက ရိုဟင်ဂျာဆိုတာ ရှိတယ်လို့ ဆိုပြီး ဘာတွေ လုပ်ပေးလိုက်သလဲ ဆိုတော့ ရိုဟင်ဂျာနဲ့ ပတ်သက်လို့ အာရဗီ (Arabic) ဘာသာနဲ့ ထုတ်တဲ့ သတင်းစာတို့၊ အူရဒူ (Urdu) ဘာသာနဲ့ထုတ်တဲ့ သတင်းစာတို့၊ မြန်မာ့အသံမှာ ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ အစီအစဉ် အခန်းကဏ္ဍတစ်ခုကို တစ်နေ့ကို ၁၅ မိနစ် လွှင့်ပေးတာတို့ ဖြစ်သွားခဲ့တယ်။ အဲဒီမှာ တော်တော့ကို ဒေါတွေကန်ကြနဲ့ ကြီးကြီးကျယ်ကျယ်ကို ပြဿနာတွေ ဖြစ်ကြတယ်။ အဲဒီ့တော့မှပဲ ရိုဟင်ဂျာ ဆိုတာကို တော်တော်ကြားဖူးလိုက်တာပဲ။

ဦးရော်နီညိမ်း ။     ။ ဟုတ်ကဲ့၊ အန်ကယ့်ကို တစ်ခုလောက်တော့ ထပ်ပြီးမေးချင်ပါတယ်။ အဲဒီလို ၁၉၅၆ ခုနှစ်မှာ ဖြစ် လာတော့ ဒါက ဦးနုရဲ့ အရပ်သားအစိုးရက လုပ်တာ။  ၁၉၅၈ ခုနှစ် ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်တဲ့ အိမ်စောင့်အစိုး ရ ပေါ်လာတဲ့အချိန်ကျတော့ ဒီကိစ္စကို ဘယ်လို သဘောထားပါသလဲ။

ဦးတင်ဦး ။     ။ ကျနော်ကတော့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မရှိဘူးဆိုတဲ့ သဘောပဲထားတယ်။ ဘာလို့လဲဆိုတော့ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာ လူမျိုးအနေနဲ့ ပြစရာ မရှိဘူးလေ။

ဦးရော်နီညိမ်း ။     ။ ဒါက အန်ကယ်က အဲဒီအချိန်က ရခိုင်တပ်ပေါင်းစုမှူးအနေနဲ့ သဘောထားတာ။ သို့သော်လည်းပဲ ကျနော်သိချင်တာက အစိုးရအဖွဲ့ တစ်ဖွဲ့လုံးအနေနဲ့ကော သို့မဟုတ် ကာကွယ်ရေး ၀န်ကြီးဌာနအနေနဲ့ကော တရားဝင် ဘယ်လို သဘာထားပါသလဲ။ အဲဒီ ၁၉၅၈ ခုနှစ် Caretaker Government (အိမ်စောင့်အစိုးရ) အောက်မှာ။

ဦးတင်ဦး ။     ။ ရိုဟင်ဂျာ ဆိုတာ မရှိဘူး။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ ဘယ်လိုလုပ်လိုက်လဲ ဆိုတော့- (၁၉၆၀ ရွေးကောက်ပွဲအနိုင်ရ ဦးနု၏ သန့်ရှင်း ဖဆပလ (၁၉၆၁ တွင် ပြည်ထောင်စုပါတီ ပထစဟု အမည်ပြောင်း) က ပြန် လည် အာဏာရချိန်တွင်) ဦးနုက အဲဒီ subject (ရိုဟင်ဂျာ ကိစ္စ)ကို သူ့ရဲ့ ၀န်ကြီးချုပ်ရုံးရဲ့ subject အဖြစ် ဗဟိုက ကိုင်တွယ်မယ် ဆိုပြီးတော့၊ သူက ယူလိုက်တယ် ခင်ဗျ။ အဲဒီတုန်းက နယ်စပ်ဒေသ(နယ်နိမိတ်တိုင်းထွာရေး)ကိစ္စ တွေနဲ့ ပတ်သက်လို့ ဗိုလ်မှူးကြီးစောမြင့် (ယိမ်းနွဲ့ပါး ) (ယခု မဟေသီမဂ္ဂဇင်း ထုတ်ဝေသူ) တို့က နယ်စပ် စစ်တံခွန် လွှင့်တယ်ဆိုတဲ့ တာဝန်အရ နယ်စပ်ဒေသ(ကချင်ပြည်နယ်ဘက်) တွေဘက်ကို သွားပြီး (နယ်စပ်လုံခြုံရေး) လုပ်ကိုင်ကြရတယ်။ (ဗိုလ်မှူးကြီးစောမြင့်မှ ကချင်ပြည်နယ် နယ်စပ်ဒေသ စစ်တံခွန်လွှင့်  ခရီးစဉ်ကို ကလောင်အမည် ယိမ်းနွဲ့ပါး နှင့် ဆောင်းပါးများရေးသားခဲ့သည်။)

သူတို့အဲဒီလို လုပ်သလို ရခိုင်ဘက်မှာလည်း အလားတူ နယ်စပ်လုံခြုံရေးကို လုပ်ကြရတဲ့အခါ သူတို့က ဘင်္ဂါလီ မူစလင်တွေ ဆိုတော့ကာ တချို့ကလည်း ရခိုင်မူစလင် ရခိုင်အစ္စလမ်ဆိုပြီး ရှိကြတော့ အဲဒီဒေသ ဥပမာ ဘူးသီးတောင် မောင်တော မြောက်ခြမ်းမှာရှိတဲ့ ဘော်လီဘဇား အခုတော့ ကြိမ်ချောင်းပေါ့၊ အဲဒီ နောက်က ရှာဗီဘဇား အခုတော့ သမန်းသားပေါ့၊  အဲဒီကလူတွေက ဟိုက (အရှေ့ပါကစ္စတန်က)လူတွေ ၀င်ပြီးတော့ နောက်ထပ် ရောက်လာကြတာတွေကို အဲ့ဒီကလူတွေက မကြိုက်ဘူးဗျ။

ဒီလူတွေ နောက်ထပ်ရောက်လာတဲ့အတွက် ဒို့တော့ ဒုက္ခရောက်တာ့မှာပဲ၊ လူတွေများလာတဲ့ အတွက် ပြဿနာတွေတော့ ဖြစ်တော့မှာပဲ၊ စသည်ဖြင့် အဲဒီတုန်းကတည်းက ကျနော်တို့နဲ့ အင်မတန်ခင်မင်ခဲ့တဲ့ ရခိုင်အစ္စလမ်၊ တချို့လည်း ဘင်္ဂါလီအစ္စလမ်ပေါ့။ အဲဒီလူတွေက ကျနော်တော့၊ သူတို့နဲ့ တွေ့ကြပြုကြ ပြောဆိုနေကြ ဆိုတော့ သူတို့ကိုယ်တိုင်က အဲဒီလို များများစားစားနဲ့ ဟိုဘက်က ထပ် ၀င်လာကြတဲ့သူတွေက သူတို့ကို ဒုက္ခပေးတော့မှာပဲ ဆိုပြီးတော့ အဲ့ဒီက လူတွေက မကြိုက်ကြဘူး ခင်ဗျ။ ဒါပေမဲ့ တစ်ခုတော့ ရှိတာပေါ့။ ဘာဖြစ်သလဲဆိုတော့ ကျနော်တို့ရဲ့ အစိုးရ ၀န်ထမ်းတွေကလည်း သိပ်ပြီးတော့ bribery and corruption ပေါ့။ သိပ်ပြီးတော့ လာဘ်စားတယ် ခင်ဗျ။ အဲဒီ (ဘူးသီးတောင်မောင်တော)ရောက်တဲ့ အစိုးရ၀န်ထမ်း ဟာ သူဋ္ဌေးဖြစ်တော့တာပဲ။

ဦးရော်နီညိမ်း ။     ။ မြန်မာ့တပ်မတော်ရဲ့ စတုတ္ထမြောက် ကာကွယ်ရေးဦးစီးချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ၊ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရ ဦးတင်ဦးရဲ့ စစ်မှုထမ်းဘ၀ ရခိုင်ပြည်နယ် အတွေ့အကြုံများ အပိုင်း(၂)ကို၊ ရှေ့သီတင်း ပတ် စနေနေ့ မနက်ခင်းနဲ့ ညနေခင်းတွေမှာ ဆက်ပြီး တင်ဆက်ပေးသွားပါမယ် ခင်ဗျာ။ ကျနော် ရော်နီညိမ်းပါ။
ဦးရော်နီညိမ်း (ဗွီအိုအေ မြန်မာဌာန)

(ဗီအိုအေမြန်မာပိုင်းအစီအစဉ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍကို အမှတ်စဉ် (၀၀၁) မှ စတင်ပြီး၊ တပ်မတော်သားဟောင်းတဦး၏ blog http://democracyformilitarymight.blogspot.com/2010/03/hello.html တွင်၊ ဖတ်ရှုနား ဆင်နိုင်ကြပါသည်။)

The Lady ရုပ်ရှင်အပြီး ထပ်ပေါ်လာမယ့် ဒေါ်အောင်ဆန်း စုကြည် အကြောင်း ဒုတိယမြောက် မှတ်တမ်း ရုပ်ရှင်

အသက် ၆၇ နှစ် အရွယ် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ရဲ့
ဘဝဇာတ် ကြောင်းကို ဒါရိုက်တာ မင်းထင် ကိုကိုကြီးက မှတ်တမ်းရုပ်ရှင် ရိုက်ကူး
 နေပြီ ဖြစ်တာမို့လို့ သူဟာ ဒေါ်အောင်ဆန်း စုကြည် အကြောင်း ရိုက်ကူးတဲ့ ဒါရိုက်တာတွေထဲ နိုင်ငံခြားသားတွေပြီးရင် ပထမဆုံးမြန်မာလူမျိုးအဖြစ်
စာရင်းဝင်သွားပြီ ဖြစ်ပါတယ်။

ပြသချိန် ၁ နာရီခွဲကြာမယ့် သူ့ရဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်း မှတ်တမ်းရုပ်ရှင်ဟာ ရိုက်ကူးရေးအနေနဲ့ အခုမှ အစပဲ ရှိသေးတဲ့အကြောင်းကို မင်းထင်ကိုကိုကြီးက “၂၁ ရက်နေ့ကမှ အမေ့ ခြံထဲမှာ စရိုက်ဖြစ်တာပါ။ အမေစုနဲ့အင်တာဗျူးအခန်းတွေ ရိုက်ဖြစ် ခဲ့ပါတယ်”လို့ ဆိုပါတယ်။ သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကလွတ် ပြီး တစ်လအကြာမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းနဲ့ ပတ်သက်ပြီး မှတ်တမ်းရုပ်ရှင်ရိုက်လိုတဲ့အကြောင်း ဒေါ်အောင်ဆန်း စုကြည်ကို အသိပေးခွင့်တောင်းခဲ့တယ်လို့ ၂၀၁၀ အာဆီယံ ရုပ်ရှင် ပွဲတော်မှာ“အင်းသီး”မှတ်တမ်းရုင်ရှင်နဲ့ ဒုတိယအကောင်းဆုံးမှတ်တမ်း ရုပ်ရှင်ဆုရခဲ့တဲ့ မင်းထင်ကိုကိုကြီးက ပြောပြပါတယ်။

“အဲဒီတုန်းကတော့ အမေစုက ရိုက်ပေါ့။ အခုတော့ ခဏနေပါ ဦးလို့ပြောတယ်။ ၂၀၁၁ ဇူလိုင်မှာ ကျွန်တော်က နောက်တစ်ခါထပ် ပြောတော့ အမေစုကရိုက်ခွင့်ပေးလိုက်ပါတယ်”လို့ သူကပြောတယ်။ အဲဒီလို ခွင့်ပြုချက်ရတဲ့နောက်မှာတော့ မင်းထင်ကိုကိုကြီးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး အချက်အလက်တွေကို အများကြီး ရှာဖွေစုဆောင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ဒေါ်အောင်ဆန်း စုကြည် နော်ဝေမှာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကိုသွားယူတော့ အဲဒီအခမ်းအနားဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘဝမှာ အရေးပါတဲ့ အစိတ်အပိုင်းမို့လို့ သူ့ရဲ့ဇာတ်ကားထဲမှာထည့်ဖို့အတွက် မင်းထင်ကိုကိုကြီးဟာ နော်ဝေကိုလိုက်သွားပြီး ဆုယူတဲ့အခမ်းအနားကို မှတ်တမ်းတင်ရိုက်ကူးခဲ့ပါသေးတယ်။ “အမေစုအနားမှာ အဲဒီလိုမျိုးရိုက်ချင်လို့ စောင့်နေတဲ့နိုင်ငံခြားသားတွေလည်း အများကြီး။ ကျွန်တော့်ကို ရိုက်ခွင့် ပေးလိုက်တယ်ဆိုတာ ကိုယ့်မြန်မာအချင်းချင်း ရိုက်စေချင်လို့ပေးလိုက်တာ ဖြစ်နိုင်ပါတယ်” လို့ မင်းထင်ကိုကိုကြီးက ဆိုပါတယ်။

ဇာတ်ကားလုံးဝပြီးစီးဖို့ဆိုရင်တော့ အချိန်နှစ်နှစ်လောက်ကြာဦးမယ်လို့ သူကပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ အကြိမ်ကြိမ် အသေးစိတ်ဆွေးနွေးပြီးတဲ့နောက်မှာတော့ မင်းထင်ကိုကိုကြီးဟာ သူ့ရဲ့မှတ်တမ်းရုပ်ရှင်ထဲမှာ ဘယ် အချိန်ကာလကနေ ဘယ်အချိန်အထိပါမယ်ဆိုတဲ့Timeline တစ်ခုကို ဆွဲနိုင်ခဲ့ပါတယ်။ မြန်မာပြည်ရဲ့ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဘဝဇာတ်ကြောင်းပေါ်မှာ အခြေခံထားတဲ့ Luc Besson ရဲ့The Lady ဇာတ်ကားနဲ့ အခု မင်းထင်ကိုကိုကြီးရိုက်မယ့် မှတ်တမ်းရှင်ရှင်တို့ရဲ့ မတူညီတဲ့အချက်က တော့ အခု မင်းထင်ကိုကိုကြီးရိုက်မယ့်အထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငယ်ဘဝကနေ အခု လွှတ်တော်ထဲရောက် နေတဲ့အကြောင်းတွေ ပါတာပဲဖြစ်ပါတယ်။

“အခု အဓိကပြဿနာက အချိန်။ အမေစုက အခု လွှတ်တော်ထဲမှာပဲဆိုတော့ အလုပ်အရမ်းရှုပ်နေတယ်။ ကျွန်တော် တို့လိုချင်သလို အချိန်ကိုမပေးနိုင်ဘူး။ ဒီတော့ ပြီးဖို့နှစ်နှစ်လောက်ကြာမယ်ဆိုတာ မဆန်းဘူး”လို့ မင်းထင်ကိုကိုကြီး က ပြောတယ်။ အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး မှတ်တမ်းရှင်ရှင်ရိုက်ဖို့ စိတ်ကူးဟာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကလွတ်လာပြီးတော့ ရတာဖြစ်ပြီး အရင်ကတော့ ရိုက်ဖို့စိတ်ကူးမရခဲ့ဘူးလို့ သူက ဆိုပါတယ်။ ဇာတ်ကားလုံးဝ ပြီးစီးသွားရင်တော့ အဲဒီကားကို နိုင်ငံတကာမှာဖွင့်ပွဲလုပ်မယ်လို့ မင်းထင်ကိုကိုကြီးကပြောတယ်။

“ဘယ်နိုင်ငံမှာလုပ်မယ်ဆိုတာတော့ မစဉ်းစားရသေးဘူးဗျာ။ အဝေးကြီးလည်းလိုသေးတာကိုး။ လုပ်တာကတော့လုပ်မှာ။ ကျွန်တော့်မှာ အခု ဇာတ်ကားကို နာမည်တောင် မစဉ်းစားရ သေးဘူး” လို့ သူက ပြောပါတယ်။ “ပြည်တွင်းမှာတော့ အဲဒီကားကို အလကားဖြန့်မယ်။ ပရိသတ် တွေဆီ ပိုရောက်ဖို့အတွက်တော့ ရုံတွေမှာ ပြမလား၊ တီဗွီ ချန်နယ် တစ်ခုခုက လွှင့်မလားဆိုတာကိုတော့ စဉ်းစားရမယ်”လို့ သူက ဆက် ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးထားတဲ့ ပြင်သစ် ဒါရိုက်တာ Luc Besson ရဲ့ The Lady ဇာတ်ကားဟာ မနှစ်က ထွက်ရှိခဲ့ပါတယ်။ ရုံတင်ပြသခြင်းမရှိခဲ့တဲ့ အဲဒီဇာတ်ကားဟာ ခိုးကူး ခွေအနေနဲ့ အင်မတန်ရောင်းကောင်းခဲ့ပေမယ့်လည်း ဒေါ်အောင်ဆန်း စုကြည်နဲ့ မြန်မာ့သမိုင်းဆိုင်ရာအချက်အလက်တွေပေါ်မှာ လွဲမှားမှု တွေရှိတယ်ဆိုပြီး အငြင်းပွားစရာဖြစ်ခဲ့ပါသေးတယ်။ “အချစ်ဇာတ်လမ်း ဆန်ဆန်ပါပဲ။ ဇာတ်လမ်းက အစကတည်း က အချက်အလက်တွေမှားနေတာကတော့ စိတ်ပျက်စရာကြီး”လို့ The Lady ကို ခိုးကူးခွေအနေနဲ့ကြည့်ခဲ့ရတဲ့ အသက် ၂၈ နှစ်အရွယ် ရန်ကုန်သူ မေနှင်းက ဆိုပါတယ်။

မင်းထင်ကိုကိုကြီးကတော့Luc Besson ဟာ သူ့ဇာတ်ကားထဲမှာ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ဆုရတာဟာ ခင်ပွန်း ကွယ်လွန်သူ မိုက်ကယ်အဲရစ်ကြောင့်ရသလိုလို ပုံဖော်ထားတာ ကြောင့် ထိုဇာတ်ကားကိုThe Lady လို့မပေးဘဲThe Husband လို့ ပေးသင့်တယ်လို့ ဆိုပါတယ်။ “ဗိုလ်ချုပ်ကိုလုပ်ကြံတဲ့အခန်းမှာလည်း ခြောက်လုံးပြူးက နားထင်ကို လာတေ့ရာမှာ ဗိုလ်ချုပ်က လုပ်ချင်ရာ လုပ်ကြပါတော့ဆိုတဲ့ ပုံစံမျိုးရိုက်ပြထားတယ်။ သူအဲဒီလို ရိုက်ပြလိုက်တာက ဘယ်တော့မှ လွယ်လွယ် အရှုံးမပေး တတ်တဲ့ ဗိုလ်ချုပ်ရဲ့သိက္ခာကို စော်ကားသလိုဖြစ်နေတယ်။

သမိုင်းအချက်အလက်တွေမှားနေတာလည်းပါတော့The Lady ဟာ သေသေချာချာ ပြင်ဆင်မှုမရှိဘဲ ချက်ချင်းထရိုက်တဲ့ ဇာတ်ကားလို့ပဲ ပြောရမှာပေါ့” လို့ သူက ပြောတယ်။ အဲဒီအကြောင်းတွေကို သူက ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြတော့ ဒေါ်အောင်ဆန်းစုကြည်က “ကောင်းတာပေါ့။ သားတို့ သင်ခန်းစာယူလို့ရတာပေါ့”လို့ ပြောပါတယ်။ွှ့The Wall Street Journal သတင်းစာနဲ့ ဒီနှစ်အစောပိုင်းတုန်းကလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့Luc Besson ဟာ သူ့အနေနဲ့ The Lady ဇာတ်ကားကို ရိုက်တုန်းက အချက်အလက်မှန်မှန်ကန်ကန်ရခွင့်မကြုံခဲ့ဘူးလို့ ဆိုပါတယ်။

“ရတဲ့အချက်အလက်တွေက အများကြီးပဲ။ အဲဒါတွေကို နည်းနည်းပဲကျန်တဲ့အထိ စစ်ထုတ်ပစ်ရပါတယ်။ အဲဒီအခါမှာ တော့ “ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ အမှန်တရားဆိုတာ ဒီအချက်အလက်တွေထဲမှာရှိတယ်” ဆိုတာမျိုး ရလာတယ်။ သေတော့မသေချာဘူး ဒါပေမယ့် အနည်းဆုံးတော့ နီးစပ်မှုတော့ ရှိတယ်”လို့Luc Besson က အဲဒီ အင်တာဗျူးမှာ ဖြေထားပါတယ်။ အခု မှတ်တမ်းရုပ်ရှင်ကို ရိုက်ဖြစ်သွားရတဲ့အကြောင်းနဲ့ပတ်သက်ပြီး မင်းထင်ကိုကိုကြီးက “အမေစုအပေါ် လေးစား တဲ့ စိတ်ကြောင့်ပါ။ တခြားအကြောင်းမရှိပါဘူး”လို့ ဆိုပါတယ်။ “လူပုဂ္ဂိုလ်တစ်ယောက်အကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်တာ ကျွန်တော့်အတွက် ဒါဟာပထမဆုံးပါပဲ။ ကျွန်တော် တို့ဆီမှာ ကမ္ဘာကသိတဲ့လူ သုံးယောက်ရှိတယ်။ ဗိုလ်ချုပ်၊ ဦးသန့်နဲ့ အမေစု။ အခုဆို အမေစုတစ်ယောက်ပဲ ကျန် တော့တယ်။ သူ့ဘဝအကြောင်းကို ကျွန်တော့်အနုပညာနဲ့ တတ်စွမ်းသလောက် မှတ်တမ်းတင်ချင်တာပါ”လို့ မင်းထင် ကိုကိုကြီးက ပြောပါတယ်။

ကျော်ဖြိုးသာ - BY VENUS NEWS JOURNAL

အောင်စိန် ချည်မျှင်နှင့် ဆေးဆိုးစက်ရုံ အလုပ်သမားဆန္ဒပြ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ရတနာပုံ တက္ကသိုလ် လမ်းပေါ်မှာရှိတဲ့ အောင်စိန် ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံမှာ အလုပ်သမား သမဂ္ဂ ဖွဲ့စည်းမှုကြောင့် အလုပ်ထုတ်ခံရတဲ့ အလုပ်သမား (၁၀) ဦးကို ပြန်ခန့်ပေးဖို့ အမျိုးသမီး အလုပ်သမား ၁၀၀ ကျော်လောက် မနေ့ညက စက်ရုံတွင်းမှာ အလုပ်မလုပ်ဘဲ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။
အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တွေ၊ မန္တလေးတိုင်း ဒေသကြီး လယ်ယာ၊ သစ်တောနဲ့ သတ္တုတွင်းဝန်ကြီး ဦးသန်းစိုးမြင့်တို့ ပါဝင် ဆွေးနွေး ညှိနှိုင်းကြပေမယ့် အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို အလုပ်ရှင်ဘက်က မလိုက်လျောဘူးလို့ အလုပ်သမား တစ်ဦးက RFA ကို ပြောပါတယ်။
"စက်ရုံတွင်း ဆန္ဒထုတ်ဖော်တဲ့ ဒီ အလုပ်သမားထုနဲ့ တွေ့ဆုံဆွေးနွေးတဲ့ အခါကျတော့ သူဋ္ဌေးကနေပြီးတော့ သူအလုပ်ထုတ်ထားတဲ့ အလုပ်သမား ၁၀ ဦးကို စက်ရုံတွင်း ပြန်မခန့်နိုင်ဘူး။ သူဋ္ဌေးက ကြွေးကြော်လိုက်တယ်"
အောင်စိန် ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းလို့ဆိုပြီး ကိုဇော်မြတ်သူ၊ ကိုသက်နှင်းအောင်၊ ကိုမျိုးဇော်သူ၊ ကိုသန်းထွန်းလင်း၊ ကိုမျိုးကိုကိုတို့ အပါအ၀င် အလုပ်သမား (၁၀)ယောက်ကို ပြီးခဲ့တဲ့ ဇွန်လ(၁၃) ရက် နေ့က အလုပ်ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။
အလုပ်သမားအဖွဲ့ ဖွဲ့စည်းလို့ အလုပ်ထုတ်လိုက်သူတွေ ပြန်ခန့်ပေးဖို့၊ ဖိနှိပ်ချုပ်ချယ်ခြင်း မလုပ်ဖို့၊ ယခင်ဆန္ဒပြစဉ်က သဘောတူထားတာတွေ လိုက်နာပေးဖို့နဲ့ ရက်မှန်ကြေး ကျပ် ၅၀၀၀ ပြန်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

RFA Burmese

ပြည်သူ့လွှတ်တော်တွင် ဒေါ်အောင်ဆန်းစုကြည် ယနေ့ ခွင့်ယူ

အမျိုးသား ဒီမိုကရေစီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ သြဂုတ်လ ၁ ရက်နေ့တွင် ပြည်သူ့လွှတ်တော် တွင် ခွင့်ယူထားကြောင်း သိရသည်။

လွှတ်တော်တွင် ခွင့်အမျိုးအစား(၂)မျိုးယူခွင့်ရှိပြီး တစ်မျိုးမှာ ကျန်းမာရေးကြောင့်နှင့် --

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရေလမ်းကြောင်း ခရီးစဉ်များ ၏ ခရီးသည်ခ နှင့် ကုန်ခနှုန်းထား တိုးမြင့်ကောက်ခံ သွားမည်

ပြည်တွင်း ရေကြောင်းပို့ရေးမှ ပြေးဆွဲပေး လျှက်ရှိသော ရေလမ်းကြောင်း ခရီးစဉ်များ ၏ခရီးသည်ခ နှင့် ကုန်ခနှုန်းထား များကိုဩဂုတ်လမှစ တင်ကာ တိုးမြင့်ကောက်ခံ သွားမည်ဖြစ်ကြောင်း သိရ သည်။

ထိုသို့တိုးမြင့် ကောက်ခံမည့် ရေလမ်းကြောင်း ခရီးစဉ်များမှာ မြစ်ဝကျွန်း ပေါ်ဌာနခွဲရှိ ရန်ကုန်-ဘိုကလေး၊ ရန်ကုန်-ကျုံမငေး၊ ရန်ကုန်-မြောင်းမြ၊ ရန်ကုန်-ပုသိမ်၊ရန်ကုန်-ပြည်၊ပန်းဆိုးတန်- ဒလ၊ ရန်ကုန်- ခနောင်တို၊ ဝါတန်း-ဒလ၊ စဉ့်အိုးတန်း- ဆာပါချောင်၊ဝါးတန်း-ဆိပ်ကြီးဖြစ်သည်။ ဧရာဝတီဌာန ခွဲတွင် မန္တလေး-ညောင်ဦး(အမြန်)၊မန္တလေး-ကသာ(ထူးမြန်)၊မန္တလေး ဗန်းမော် (အမြန်)၊ မန္တလေး-ဗန်းမော် (ထူးမြန်)၊မန္တလေး ဗန်းမော်(ကုန်ထူး)၊ မန္တလေး-ပြည်၊မန္တလေး-ဗန်းမော်(မှန်) ခရီးစဉ်များ နှင့် ချင်းတွင်းဌာနခွဲရှိမုံရွာ- ဟုမ္မလင်း(အမြန်)၊မုံရွာ-ကလေးဝ(မြန်)၊မုံရွာ-ခန္တီး(မြန်)တို့ ဖြစ် ကြောင်း----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်တွင် သားကြီးဖြစ်သူနှင့် ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံဖွယ်ရှိ

ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ အတွင်း သွားရောက်မည့် အမေရိကန်
ခရီးစဉ်တွင် နှစ်ပေါင်း ၁၀ နှစ်ကျော်ကြာဝေးကွာနေသော သားကြီးဖြစ်သူနှင့် ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံရန် ရှိကြောင်း သတင်းရရှိသည်။

မြန်မာနာမည် ကိုမြင့်ဆန်းအောင်ဟု ခေါ်သော မစ္စတာ အလက်ဇန္ဒားအဲရစ်သည်
အမေရိကန် ပြည်ထောင်စု၊ ၀ါရှင်တန် ပြည်နယ်ရှိ  စီရက်တဲလ်မြို့တွင်  နေထိုင်
လျက်ရှိပြီး လေယာဉ်စီးရန် အဆင်မပြေသည့်-----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မွေးဖွားနှုန်းများသော ဘင်္ဂါလီများကို အိမ်ထောင်ပြုခြင်း၊ သားသမီးယူခြင်းများတွင် ဥပဒေဖြင့် ကန့်သတ်ရန်မရှိ

ရခိုင်ပြည်နယ်ရှိ လူဦးရေ မွေးဖွားနှုန်းများသော ဘင်္ဂါလီ လူမျိုးများ၏
အိမ်ထောင်ပြုခြင်း၊ သာသမီး ယူခြင်းများတွင် ဥပဒေဖြင့်
ကန့်သတ်ရန် မရှိသော်လည်း မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့်အညီ နေထိုင်ပြုမူသွားရန် ၀ိုင်းဝန်းပြော ကြားရမည် ဖြစ်ကြောင်း
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ပြောသည်။

“ဒီပြဿနာကို ကြည့်လိုက်တဲ့အခါ လောလောဆယ်တော့ခိုးဝင်တာ မတွေ့ဘူး။ လူဦးရေပေါက်ဖွားတာများတယ်။ လူဦးရေ
ပေါက်ဖွားတာများတော့ ဆင်းရဲတာပေါ့။ ကျွေးရ၊ မွေးရတာ ခက်တာပေါ့။ ကျွန်တော်တို့ မြန်မာမှာတော့ မိန်းမတစ်ယောက်ပဲ ယူကြ
တာပဲ။ ဥပဒေက မိန်းမတစ်ယောက်ထဲပဲ ယူရမယ်လို့ မရှိဘူး။ ဟိုကတအားများတယ်။ လေးယောက်ယူခွင့်ရှိတယ်။ အဲ့တော့  မြန်မာ
နိုင်ငံမှာနေပြီး မြန်မာနိုင်ငံသားဖြစ်ချင်တယ်ဆိုရင် ဥပဒေအရ မရှိသော်လည်း မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာတွေကိုတော့  လိုက်
နာဖို့သင့်တာပေါ့။ ဒါတွေက ကျွန်တော်တို့ဝိုင်း လုပ်ကြရမယ့် ဟာတွေ။ ခင်ဗျား မိန်းမ လေးယောက်မယူနဲ့လို့ ဥပဒေမှ ထုတ်လို့မရတာ။

ကလေးတွေအများကြီးမမွေးနဲ့လို့ ထုတ်လို့မရဘူး။ သို့သော်လည်း မြန်မာနိုင်ငံထဲမှာ နေတော့မယ် မြန်မာနိုင်ငံသားဖြစ်ချင်တယ် ဆို ရင်တော့ ဒီ   Custom    (ထုံးတမ်း အစဉ်အလာ)လိုက်ဖို့ လိုတာပေါ့။ ဒီလူတွေက နှစ်ပေါင်းများစွာ အတူနေခဲ့ကြပြီလေ”ဟု ဦးခင်ရီက ပြောသည်။

ရခိုင်ပြည်နယ်တွင် အနာဂတ်၌ ပဋိပက္ခများ ထပ်မံမဖြစ်ပွားရန် ရေတို၊ ရေရှည်စီမံကိန်းများရေးဆွဲနေပြီဖြစ်ကြောင်းလည်း
၎င်းက ပြောသည်။    နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကလည်း ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးများ၏ လူဦးရေမွေးဖွားနှုန်းများ သည်ကို မိသားစု တစ်စုတည်း လူဦးရေ ၈၂ ဦးရှိသော မိသားစု ဥပမာပေး၍ ပြောသည်။ ရွှေ
ယောက်ဒူလာအမည်ရှိ ဘင်္ဂါလီ အမျိုးသားမှာ ဇနီးလေးဦးရှိပြီး သားသမီး ၂၈ ဦး၊ မြေး ၄၉ ဦး၊ စုစုပေါင်း မိသားစုဝင် ၈၂ ဦး ရှိသည်။ 

ယခုအခါရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ လူဦးရေတစ်သန်းခန့်ရှိသည်။     ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းကလည်း ဇူလိုင် ၃၀ တွင်
 ရခိုင်ပြည်နယ်၌ လူဦးရေ မညီမျှမှုများရှိနေပြီး အထူးသဖြင့် မောင်တောနှင့် ဘူးသီးတောင်ဒေသတွင် ဘင်္ဂါလီလူဦးရေ ၉၄ ရာခိုင်
နှုန်း၊ ရခိုင် လူဦးရေ ၆ ရာခိုင်နှုန်း အချိုးရှိ၍   ပိုသတိထားရန်လို ကြောင်း ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေးအတွက်ပြုလုပ် သော
 အစည်းအဝေးတွင် ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ပဋိပက္ခ များဖြစ်ပွားခဲ့သော်လည်း နိုင်ငံ သားခံယူခွင့်၊ မှတ်ပုံတင်ထုတ်ပေးရေးနှင့်ပတ်သက်၍ လုပ်ထုံးလုပ်
နည်း၊ မူဝါဒပြောင်းလဲရန် လောလောဆယ် မရှိကြောင်းလည်း ဦးခင်ရီက ပြောသည်။ မူဝါဒများကိုပြင်ဆင်မည်ဆိုပါက လွှတ်တော်
တွင် ပြင်ဆင်ရမည်ဟုဆိုသည်။

၁၈၂၄ အင်္ဂလိပ် - မြန်မာပထမစစ်ပွဲအပြီး ရခိုင်ပြည်နယ်ကို ဗြိတိသျှက ကိုလိုနီပြုပြီးနောက် လယ်ယာလုပ်သားနှင့်  ကာယလုပ်
သားအတွက် ဘင်္ဂါလီလူမျိုးများ စတင်ရောက်လာခဲ့သည်။  မှတ်ပုံတင်ဥပဒေအရ ၁၉၄၈ မတိုင်ခင်မြန်မာနိုင်ငံ၌ နေထိုင်သော ဘင်္ဂါ
လီ မိဘနှစ်ပါးက မွေးဖွားလာသူတတိယမျိုးဆက် မြေးအဆင့်ကိုသာ နိုင်ငံသားအဖြစ် လက်ခံကြောင်း နိုင်ငံတော် သမ္မတက  
UNHCR   မှ   Mr. Antonio    ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံစဉ် ဇူလိုင် ၁၁ ရက်က ပြောကြားခဲ့သည်။

အင်ဒိုနီးရှား သံအမတ်ကမြန်မာလူမျိုးများထဲတွင် ရိုဟင်ဂျာ ရှိ၊ မရှိမေးမြန်းရာ ဦးခင်ရီက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးစု မည်သည့်အ
 ချိန်တုန်းကမှ မရှိခဲ့ကြောင်း ပြော ကြားခဲ့သည်။ “ကျွန်တော်တို့ မြန်မာနိုင်ငံကို ၁၈၂၄ ခုနှစ် အင်္ဂလိပ်-မြန်မာ စစ်ပွဲဖြစ်တယ်။ အဲဒီအချိန်မှာ 
 မြန်မာနိုင်ငံရဲ့ အနောက်ဘက်အ ခြမ်း ရခိုင်ပြည်နယ်ဟာ ဗြိတိသျှ ကိုလိုနီလက်အောက် ကျရောက်ခဲ့တယ်။ အဲဒီတော့ လယ်ယာလုပ်
ငန်းတွေအတွက်၊ ကာယလုပ်သားတွေအတွက် လိုအပ်ချက်ကိုတစ်ဖက်နိုင်ငံမှာရှိတဲ့ အင်္ဂါလီလူမျိုးတွေ ကျွန်တော်တို့နိုင်ငံကို အ
တားအဆီးမဲ့ဝင်လာခဲ့တဲ့အချိန်ကျွန်တော်တို့ဆီမှာ တောက်လျှောက် ဗြိတိသျှလက်ထက်ကရှိခဲ့တဲ့ စာရင်းဇယားတွေ၊ ၁၉၇၀၊
၁၉၈၃ ခုနှစ်မှာ ကောက်ခဲ့တဲ့   Census   (သန်းခေါင်စာရင်း) တွေအရ  ကျွန်တော်တို့ဆီမှာ ရိုဟင်ဂျာလူမျိုးဆိုတာ တရားဝင် ဖော်ပြ
တာဘယ်တုန်းကမှ မရှိခဲ့ဘူး။ ဘင်္ဂါလီလူမျိုးသာ ဖော်ပြတာ ရှိခဲ့ပါတယ်။ကျွန်တော်တို့မှာ တရားဝင်လူမျိုးစုကြီး ၈ စု ရှိပါတယ်။ ကချင်၊ ကယား၊ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားနွယ်ဖွား ၁၃၅ မျိုး ရှိပါတယ်။ အဲဒီထဲမှာရောဗြိတိသျှ စာရင်းဇယားမှာရော၊ ၁၉၇၀၊ ၁၉၈၃ သန်းခေါင်စာရင်းမှာ ရောဘယ်တုန်းကမှ ရိုဟင်ဂျာဆိုတာ မရှိခဲ့ပါဘူး”ဟု ဦးခင်ရီကပြောကြားသည်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံရာ တွင်လည်း ရိုဟင်ဂျာပါမည် မဟုတ်ကြောင်း ၎င်းကပြောသည်။

by 7Day News Journal

ဒီမိုကရေစီနှင့် ဆန္ဒထုတ်ဖော်ယဉ်ကျေးမှု

နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် တရားဝင် ဆန္ဒပြနိုင်ပါပြီ။

အစိုးရသစ်တက်လာပြီး ၁၅ လအကြာ ပေါ်ပေါက်လာသော ထိုအခွင့်အလမ်းက မြန်မာနိုင်ငံ၏  ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် မြန်ဆန်ချောမွေ့ရန်၊ ပြည်သူများနှင့် အုပ်ချုပ်သူများ၏ ခေတ်မီ၊ ရင့်ကျက်မှုကို အကဲဖြတ်ရန် ရှိနေပါသည်။ တရားဝင်ဆန္ဒပြနိုင်သောနည်းဥပဒေပြဋ္ဌာန်းပြီး သုံးပတ်ကျော်လာသောအခါ ပြည်သူအချို့မှာ အာဏာပိုင်အချို့၏ တာဝန်ယူမှု၊ ရင့်ကျက်မှုကြောင့် ဥပဒေနှင့်အညီ ဆန္ဒပြခွင့်ရသူများရှိသကဲ့သို့ ပြည်သူအချို့မှာ အာဏာပိုင်အချို့၏    ခေတ်နောက်ပြန်ဆွဲသော အပြုအမူများကြောင့် ဆန္ဒဖော်ထုတ်ခွင့် မရကြသေးပေ။

ဆန္ဒပြခွင့် နည်းဥပဒေ သို့မဟုတ် ဥပဒေဆိုင်ရာ လှပသော အသုံးအနှုန်းဖြင့် ဆိုပါက ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီ တန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေကို ပြည်ထဲရေးဝန်ကြီးဌာန က ၂၀၁၂ ဇူလိုင် ၅ ရက်က ထုတ်ပြန်သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း ၈၊ ပုဒ်မ ၃၅၄၊ ပုဒ် မခွဲ(ခ)ပါ “နိုင်ငံသားတိုင်းသည် လက်နက်မပါဘဲ ငြိမ်းချမ်းစွာစု ဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်”ဟူသော အချက်နှင့်အညီ ရေးဆွဲခဲ့သော ဥပဒေကို ပြည်ထောင်စု လွှတ်တော်က ၂၀၁၁ ဒီဇင်ဘာ ၂ ရက်က ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီ တန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းအပြီး လက်တွေ့အသက်ဝင်ရန် ခုနစ်လအကြာတွင် နည်းဥပဒေပြဋ္ဌာန်းခဲ့ခြင်းဖြစ်၏။

၁၉၆၂ တပ်မတော်က အာ ဏာသိမ်းပြီးနောက်ပိုင်း နှစ် ၅၀ ကျော်အကြာ ဒီမိုကရေစီအစိုးရ လက်ထက်တွင် ပထမဆုံး တရား ၀င်ဆနပြခွင့် ပြုခဲ့သည့် အနေအ ထားမှာ ယခင်အခြေအနေများနှင့် နှိုင်းယှဉ်လျှင် အခြားနားကြီး ခြားနားသည်။   ယခင်က  အချို့ကာလများ၌ လူငါးယောက်ထက် ပိုစု ဝေးလျှင်ပင် ရာဇ၀တ်မှုမြောက်ကာ ဖမ်းဆီးခံရနိုင်သော အခြေအနေများဖြင့်သာ စခန်းသွားခဲ့ ရသော နိုင်ငံသားအများစု အတွက်အပြောင်းအလဲကြီးပင်ဖြစ်၏။

ယခင်က ပုံမှန်မဟုတ်သော အခြေအနေ၊ အရေးပေါ် ကာလများတွင် အာဏာပိုင်များက ပြစ်မှုဆိုင်ရာ ဥပဒေ(ရာဇသတ်ကြီးဥပဒေ)ပြဋ္ဌာန်း
လျှင် သတ်မှတ်ကာလများ၌ လူငါးယောက်ထက်ပို၍   စုဝေးခွင့်မပြုခဲ့ပါ။အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လွှတ်တော်အမတ် ဦးဖြိုးမင်း သိမ်းကလည်း လူထု၏ ဆန္ဒထုတ်ဖော်ခွင့်ရရေးမှာ ဒီမိုကရေစီနိုင်ငံများတွင် အခြေခံကျပြီး အဓိကအချက်ဖြစ်ကြောင်း အောက်ပါအ တိုင်းပြောသည်။

“နိုင်ငံသားတွေရဲ့ ဆန္ဒထုတ်ဖော်မှုဆိုတာ ဒီမိုကရေစီနိုင်ငံတွေ မှာ အရေးကြီးပါတယ်။ ပြည်သူလူထုရဲ့ အသံကို ဒီမိုကရေစီ လွှတ်တော်တွေမှာ အခြေပြုပြီး လှုပ်ရှားရတာပါ။ ဒါကြောင့်မို့ ပြည်သူလူထုရဲ့အသံက ဒီမိုကရေစီရှင် သန်ရေးအတွက် အရေးကြီးတဲ့ အချက်ထဲမှာ ပါပါတယ်”

“ပြည်သူလူထုရဲ့အသံဟာ အချိန်ကာလတစ်ခုတုန်းက လုံးဝငြင်းပယ်ခံခဲ့ရတယ်။ တိုင်းပြည်ကဖွံ့ဖြိုးနေတယ်။ တည်ငြိမ်အေးချမ်း နေတယ်။ ပြည်သူက ဆန္ဒထုတ်ဖော်ခြင်း၊ ပြည်သူလူထုရဲ့ အခက်အခဲပြောတာက ဆူပူအုံကြွချင်တယ်လို့ မြင်ခဲ့ကြတယ်။ အခုတော့ အဲဒီလိုအမြင်မျိုး မရှိတော့ဘူးလို့ ကျွန်တော်ပြောနိုင်တယ်”ဟု ပြည်သူ့လွှတ်တော်အမတ် ဦးဖြိုးမင်းသိမ်းက ယခင်နှင့် ယခုအခြေအနေကို နှိုင်းယှဉ်ပြသည်။

ပြည်သူ့လွှတ်တော်ရှိ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီအတွင်းရေးမှူး ဦးတင်မောင်ဝင်းကလည်း ပြည်သူများ၏ ဆနဖော်ထုတ်မှုမှာ ဒီမိုကရေစီနိုင်ငံများအတွက် အရေးကြီးကြောင်း ပြောသည်။ “ဒီမိုကရေစီနိုင်ငံမှာ ဒါ(ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်း ဥပဒေ)ရှိသင့်ရှိထိုက်တဲ့ အင်္ဂါရပ် ပဲလေ။ ဆနဖော်ထုတ်ကြတာက စိုးရိမ်စရာ မဟုတ်ပါဘူး”ဟု ၎င်းကပြော၏။

တရားဝင်ဆန္ဒပြခွင့်ပေးပြီး နောက် ဥပဒေနှင့်အညီ ပထမဆုံး ဆန္ဒဖော်ထုတ်မှုကို ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုဇုန်များကြောင့် လယ်သိမ်းခံရသော လယ်သမားများက ဇူလိုင် ၁၅ ရက်တွင် ပြုလုပ်ခဲ့သည်။ ထို့နောက် ကုမ္ပဏီ ၁၅ ခုနှင့် အကျိုးတူလယ်ယာစိုက် ပျိုးရေးကြောင့် နစ်နာခဲ့ရသော ဒဂုံဆိပ်ကမ်းမှ လယ်သမားများ၏ စုဝေးဆန္ဒဖော်ထုတ်မှု၊ ဆည်ရေ လှောင်မှုကြောင့် နောက်ဆက်တွဲ ပြဿနာကြုံနေရသော မြစ်သား မြို့လူထု၏ ပန်းလောင်မြစ်ကို သဘာဝအတိုင်း စီးဆင်းခွင့်ပြုရန် စီတန်းလှည့်လည်ဆနပြမှု၊ တစ်မြို့တည်း ကျောက်မျက်ရတနာဈေး နှစ်ဈေးဖြစ်နေ၍ တစ်ဈေးတည်း သာဖြစ်အောင် တာဝန်ရှိသူများ ဆောင်ရွက်ပေးရန် စစ်ကိုင်းမြို့မှ ကျောက်မျက်ရတနာ အရောင်း ဆိုင်ပိုင်ရှင်များ၏ ဆန္ဒဖော်ထုတ်မှုစသဖြင့် ဒေသအနှံ့တွင် ဒီမိုကရေစီစနစ်နှင့်အညီ ငြိမ်းချမ်းသောဆန္ဒပြမှုများ ပေါ်ပေါက်လာသည်။

သက်ဆိုင်ရာမြို့နယ်ရဲတပ် ဖွဲ့မှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ခွင့်မပြု၍ ဆနပြခွင့်မရသူများလည်းရှိပါသည်။ ကြေးနီတူး
ဖော်ရေးစီမံကိန်းကြောင့် နစ်နာသည်ဆိုသော    လက်ပန်းတောင်းတောင်ခြေရှိ ကျေးရွာ ၁၄ ရွာမှလယ်သမားများက မုံရွာမြို့တွင်ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုချက် တောင်းခံသည်ကို ဇူလိုင် ၂၃  ရက်က ခွင့်မပြုကြောင်း သက်ဆိုင်ရာကစာပြန်သည်။

လပွတ္တာမြို့နယ် သဲဖြူကုန်း နှင့် ညောင်ပင်ကျေးရွာနှစ်ရွာမှ လယ်သမား ၁၅၀ ကျော်က အသိမ်းခံရသော လယ်ဧက ၅၀၀ ကျော်အတွက် ဆန္ဒဖော်ထုတ်ရန် ကြိုးပမ်းမှု၊ ထန်းတပင်မြို့နယ်မှ လယ်သမားများက အသိမ်းခံရသော လယ်မြေများအတွက် ဆန ပြရန်စီစဉ်မှုမှာ မြို့နယ်ရဲတပ်ဖွဲ့မှူးထံ တင်ပြခြင်းအဆင့်၌ပင် ရှေ့မတိုးနိုင်ဘဲ နောက်ပြန်ဆုတ်ခဲ့ကြောင်း ထိုလယ်သမားများအရေး ဆောင်ရွက်ပေးနေသော ဥ ပဒေအတိုင်ပင်ခံ ကိုဖိုးဖြူကပြောသည်။ ထိုဖြစ်စဉ်နှစ်ခုတွင်  ရဲများ
က လယ်သမားများအား ဆန္ဒပြရခြင်း၏ ရည်ရွယ်ချက်အပြင် နစ် နာမှုကို သက်သေပြရန် စသဖြင့် တရားခံအား အမှုစစ်သကဲ့သို့ ပြု မူသည့်အတွက် ဆနပြလိုသော လယ်သမားများကို ဆန္ဒပြခွင့် လျှောက်ထားခြင်း စာမတင်နိုင်စေရန် သွယ်ဝိုက်ဖိအားပေးသည့် သ ဘောဆောင်ရွက်ကြောင်း ၎င်းက ပြောသည်။

“ညှိနှိုင်းသလိုလို ခေါ်ယူဆွေးနွေးသလိုလိုနဲ့ စာမတင်ဖို့ သွယ်ဝိုက်ဖိအားပေးတယ်။ ဆန္ဒပြဖို့ လျှောက်ထားတဲ့သူတွေကို ရဲတွေ က တရားခံစစ်စစ်တယ်။ လယ် သမားနဲ့ သာမန်ပြည်တွေ ရဲစခန်း လာရမှာ စိုးရိမ်မှုကို သိတဲ့အတွက်အကြိမ်ကြိမ်ခေါ်တယ်။ ဆန္ဒပြဖို့ လိုင်စင်လျှောက်ထားတဲ့ လယ်သမားတွေ ဆန္ဒပြခွင့်အယူခံ လျှောက်ထားဖို့အတွက်ကိုပါ ဆုံးရှုံးသွားစေတယ်။ ဒီလိုနည်းအားဖြင့် ဥပဒေ ကို လက်တစ်လုံးခြား လုပ်နေတာကို ခံနေရတယ်”ဟု ကိုဖိုးဖြူက သူ့ အတွေ့အကြုံကိုပြောသည်။

“အဲဒီမြို့နယ်အုပ်ချုပ်ရေးမှူး နဲ့ ရဲတပ်ဖွဲ့မှူးတွေက ဒီလယ်မြေတွေသိမ်းထားပြီး သူတို့ရနေတာ မဟုတ်ဘူး။ သို့သော်ငြားလည်း သူတို့လက်အောက်က စီမံခန့်ခွဲတဲ့ လုပ်ပိုင်ခွင့်ကို လာရောက်ထိခိုက်တယ်ဆိုတဲ့စိတ်နဲ့ တန်ပြန်တာ ကြုံတွေ့ရတယ်”ဟု လယ်သမား၊ အလုပ်သမားအရေး တက်ကြွစွာ ဆောင်ရွက်နေသော ၎င်းကဆို သည်။

ဆန္ဒပြခွင့် လျှောက်ထားပြီး ခွင့်ပြုမိန့်ထုတ်ပေးရန် ငြင်းပယ်ခံရသူသည် ငြင်းပယ်စာလက်ခံရသည့်နေ့မှ ၇ ရက်အတွင်း သက်
ဆိုင်ရာတိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ရဲတပ်ဖွဲ့မှူးထံ အယူခံနိုင်သည်။ အထက်ပါ ဖြစ်စဉ်နှစ်ခု တွင် လက်ပန်းတောင်းတောင်မှ လယ်သမားများမှာ အယူခံတင် နိုင်သေးသော်လည်း လပွတ္တာမြို့နယ်နှင့် ထန်းတပင်မြို့နယ်မှ တောင်သူများမှာ ဆန္ဒဖော်ထုတ် ရန် လျှောက်ထားခွင့်ပင်မရ၍ အယူခံခွင့်ပါ အလိုအလျောက် ဆုံးရှုံးသွားသည်။

အခန်းလေးခန်း၊ စာမျက်နှာ ငါးမျက်နှာ ပါဝင်သော နည်းဥပဒေတွင် ဆန္ဒပြလိုသူသည် ရည် ရွယ်ချက်၊ ဦးဆောင်မည့် ပုဂ္ဂိုလ်၊ ဟောပြောမည့် ပုဂ္ဂိုလ်နှင့်အ ကြောင်းအရာ၊ ကြွေးကြော်သံများ စသည့် အချက်တို့ဖြင့် ငါးရက်ကြို ၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှူးထံ တင်ပြလျှောက်ထားရန် ဖော်ပြ ထားသည်။ လျှောက်လွှာလက်ခံ ခြင်း၊ လိုအပ်ချက်များရှိပါက လိုအပ်ချက်များ ရှင်းပြ၍ ပြန်ပေးခြင်း၊ လျှောက်လွှာကို အတည်
ပြုခြင်း အားလုံးကို စောလျင်စွာ ဆောင်ရွက်ရန်လည်း ပြဋ္ဌာန်းထားသည်။

နိုင်ငံတော်လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး (သို့မဟုတ်) ပြည်သူ တို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသော ဥပဒေများနှင့် မဆန့်ကျင်လျှင် ဆနပြခွင့် ခွင့်ပြု မိန့်ထုတ်ပေးရန် ငြင်းပယ်ခြင်းမပြု ရဟု ဖော်ပြထားသည်။ ခွင့်ပြုမိန့်
ငြင်းပယ်ခံရသူမှာလည်း ငြင်းပယ်ခံရပြီးနောက် ၇ ရက်အတွင်း  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရဲတပ်ဖွဲ့မှူးထံ   အယူခံတင်သွင်းနိုင်သည်။

မြန်မာနိုင်ငံ၏ ဆန္ဒပြခွင့်ဥပ ဒေမှာ ပြဋ္ဌာန်းချက်များအရ အ ခြားဒီမိုကရေစီနိုင်ငံများမှ ဥပဒေ များကဲ့သို့ မပြည့်စုံလျှင်ပင် လက် တွေ့အသုံးချရန် လုံလောက်ကြောင်း ဥပဒေပညာရှင်များနှင့် နိုင်ငံရေးလေ့လာသူများက ဆိုကြသည်။အာဆီယံတွင် မြန်မာထက် အဆများစွာ ဖွံ့ဖြိုးချမ်းသာသော မလေးရှားနိုင်ငံဥပဒေထက် မြန်မာဥပဒေက ပိုမိုကောင်းမွန်သည်။ သို့သော် ရင့်ကျက်သော ဒီမိုကရေစီ နိုင်ငံကြီးများကဲ့သို့ ဆန္ဒပြလိုသူများ ဆန္ဒဖော်ထုတ်ရေးမှာ ပိုမိုလွယ်ကူချောမွေ့ရန်လိုသေးသည်။ ဥပမာ ဂျာမနီနိုင်ငံတွင် လွတ်လပ်စွာစုဝေးခွင့်၊ ဆနပြခွင့်အတွက် သက်ဆိုင်ရာရဲစခန်းသို့ နှစ်ရက်သာ ကြိုအကြောင်းကြားရန် လိုသည်။ တင်ပြလာသော ဆန္ဒပြ ခွင့်အားလုံးနီးပါးကို သက်ဆိုင်ရာ က ခွင့်ပြုပေးသည်။

ဂျာမနီနိုင်ငံတွင် လူဦးရေအများ ဆုံးဖြစ်သော ဘာလင်မြို့မှ ရဲတပ်ဖွဲ့အကြီးအကဲ အိုလီဗာတိုးလ်  (Oliver Tolle)က ဆန္ဒပြမှုများတွင်
စိုးရိမ်ပူပန်သော အဓိကအချက်မှာ ဆန္ဒပြသူများက အကြမ်းဖက်မည်ကိုသာ ဖြစ်ကြောင်းပြောသည်။
ဘာလင်မြို့တွင် ငြိမ်းချမ်းသော ဆန္ဒြပမှုများမှာ တိုးလျက်ရှိပြီး တစ်နှစ်လျှင် ဆန္ဒပြမှု (၁၀၀၀) ၀န်းကျင်ရှိသည်။ လွတ်လပ်စွာ ဆန္ဒ ထုတ်ဖော်ခွင့်ကို နိုင်ငံသားများ၏ အခြေခံရပိုင်ခွင့်အဖြစ် ဂျာမနီနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ   Article-8    တွင် ပြဋ္ဌာန်းထားသည်။ ဆနပြလိုသူများသည် အဆင်ပြေစေရန် ဆန္ဒပြခွင့်လျှောက်ထားခြင်းမှ လက်တွေ့ဆန္ဒပြသည်အထိ လုပ်ငန်းစဉ်များကို ကြားမှအခ မဲ့ ဆောင်ရွက်ပေးသော အစိုးရ မဟုတ်သော အဖွဲ့အစည်းများ   (NGO)   လည်းရှိသည်။ ဆန္ဒပြသူများအတွက် ကြားမှဝန်ဆောင်မှုပေးသော    CLOF (Creative Lobby of Future)    အဖွဲ့မှ တာဝန်ရှိသူ ဂျောဂန်ဂျနန်ကအဖွဲ့ တည်ထောင်ပြီး ၅ နှစ်ကျော်အတွင်း ဆန္ဒပြမှုပေါင်း (၇၀၀၀) ကျော် ဖြစ်မြောက်အောင် ဆောင် ရွက်ပေးခဲ့ကြောင်း ပြောသည်။ လက်ရှိ ပြည်တွင်း၌  ဆန္ဒပြမှုများကို အဓိကဦးဆောင်သူများမှာ နိုင်ငံရေးသမား အများဆုံးဖြစ်ပြီး လှုပ်ရှားတက်ကြွသူ    (Activists)    အနည်းငယ်သာရှိသည်။ ဂျာမနီနိုင်ငံတွင်မူ ကဏ္ဍအလိုက် လှုပ်ရှားတက်ကြွသူများက အဓိကဦးဆောင်ကြသည်။

နည်းဥပဒေနှင့် ပတ်သက်၍ ဥပဒေပညာရှင် ဦးသန်းမောင် (စစ်တွေ)က ဆနပြခွင့် ပြု၊မပြု ဆုံးဖြတ်ခွင့်ရှိနေသော ဒေသအာ
ဏာပိုင်အချို့၌ ကြိုးနီစနစ်ရှိနေခြင်းနှင့်  မူဝါဒပိုင်းတွင်ပါ   ၎င်းတို့ကစွက်ဖက်လိုခြင်းကို ထောက်ပြသည်။ “ကြိုးနီစနစ်ဆန်သေး
တယ်။ ဌာနဆိုင်ရာလုပ်ထုံးလုပ် နည်းကို သိပ်ပြီးတော့ ဦးစားပေးလွန်းနေတယ်ပေါ့ဗျာ။ သူတို့မြို့နယ်ရဲစခန်းမှူးနှင့် အုပ်ချုပ်ရေးမှူး
များက ဒီကိစ္စ ဆန္ဒပြသူများ၏ တောင်းဆိုချက်ကို ဖြေရှင်းပေးရမယ့် လူလည်းမဟုတ်ဘူးဗျ။ သူတို့ကဖြေရှင်းပေးရမယ့် လူဆိုရင်လည်း
သူတို့ဆီပဲ  တင်လိုက်တော့မှာပေါ့။ သူတို့အနေနဲ့ လုပ်ထုံးလုပ်နည်းနဲ့ ညီ၊မညီပဲ စစ်စေချင်တယ်။ ကျွန်တော်မြင်တာကတော့ မူဝါဒ
ပိုင်းရေးရာများဟာ   သူတို့နဲ့မဆိုင်ဘူး”ဟု ဦးသန်းမောင်(စစ်တွေ)က အကြံပြုသည်။

“လျှောက်ထားတဲ့အခါ ဘာ တွေနစ်နာလို့ ဘယ်လိုပြုပြင်ပြောင်း လဲ စေချင်တယ်ဆိုတဲ့ ရည်ရွယ် ချက်ထည့်သွင်းရတယ်။ အဲဒီမှာ
အရေးဆိုတဲ့ကိစ္စကို မစဉ်းစားတော့ဘဲနဲ့ နစ်နာနေတာမှန်၊ မမှန်ဆို တာနဲ့ ပတ်သက်ပြီး အထောက်အ ထားတွေ တောင်းတယ်ခင်ဗျ။ နစ် နာတဲ့ ကိစ္စတွေဟာ ထိခိုက်လွန်း လို့ မြေယာကော်မတီမှာဖြစ်စေ၊ တရားရုံးတွေမှာဖြစ်စေ သွားတောင်း နေပါတယ်ဆိုကာမှ နစ်နာမှုတွေ ကို သက်သေထူပြီးမှ အဲဒါတွေကို အတည်ပြုပြီးမှပဲ ကျွန်တော်တို့ရဲ့ အရေးဆိုမှုကို ခွင့်ပြုမယ်ဆိုတဲ့ ပုံစံမျိုး။ နစ်နာမှုတွေ အတည်ပြုနိုင်
မယ့် အထောက်အထားတွေ တောင်းတာမျိုးက ဥပဒေပြဋ္ဌာန်းချက်တွေ နဲ့ မညီညွတ်ပါဘူး”ဟု ကိုဖိုးဖြူက ဒေသအာဏာပိုင်အချို့၏ ဗျူရိုက
ရက်ဆန်မှုကို ဝေဖန်သည်။

ဥပဒေမှာ မြို့နယ်ရဲတပ်ဖွဲ့ မှူး၊ အုပ်ချုပ်ရေးမှူးတို့က လိုသလို စည်းမျဉ်းစည်းကမ်းများ ထပ်မံ ဖြည့်စွက် ခွင့်ပြုထားသကဲ့သို့ ဖြစ် နေခြင်းနှင့် ဆနပြခွင့်ပြု၊ မပြုနှင့် ပတ်သက်၍ အခြေခံအချက်အ လက်များကို ပြည့်စုံစွာမဖော်ပြ ထားခြင်းမှာ အားနည်းချက်များ ဖြစ်သည်ဟု ၎င်းကအကြံပြုသည်။

နည်းဥပဒေပါ ပြဋ္ဌာန်းချက်များမှာ လက်တွေ့ဆောင်ရွက်လာသောအခါ အားနည်းချက်များရှိ ပါက ပြင်ဆင်နိုင်သည်။ “ဥပဒေ ဆိုတာ ဘယ်တော့မှ ပြည့်စုံတယ် မရှိဘူး။ ကျင့်သုံးနေရင်းနဲ့ လိုအပ်တာ ဖြည့်စွက်တာ လုပ်ရတယ်။ နည်းဥပဒေဆိုတာ သက်ဆိုင်ရာ ၀န်ကြီးဌာနက ထုတ်ပြန်တာ။ နည်းဥပဒေမှာ ချွတ်ချော်မှု၊ အားနည်းမှု၊ လိုအပ်မှုပေါ်လာရင်လည်း အလွယ်တကူ ဖြည့်စွက်လို့ ရတယ်၊ ထပ်ပြီးတော့ ထုတ်လို့ရ တယ်”ဟု  အထက်တန်းရှေ့နေ ဦးသန်းမောင်ကပြောသည်။

ဆန္ဒပြမှုများကို ဗျူရိုကရက် ဆန်သော ဒေသအာဏာပိုင်အချို့က စိုးရိမ်သကဲ့သို့ဆန္ဒပြမှုများကြောင့် နိုင်ငံရေးပြုပြင်ပြောင်း
လဲမှုများ နောက်ကြောင်း မပြန်ရန် ပူပန်သူများလည်းရှိသည်။“ကျွန်တော်တို့ ဘာကြောင့် ဆနပြသလဲဆိုတာက အရေးကြီးတယ်။ ဆန္ဒပြစရာမလိုသ၍ ကာလပတ်လုံး ကျွန်တော်တို့ဆန္ဒမပြပါဘူး။ ဆန္ဒပြတာတွေမှာ ပထမ ဆုံးနစ်နာသူရှိရမယ်။ အဲဒီနစ်နာ သူက အခြားသော နည်းလမ်းနဲ့ ဆန္ဒဖော်ထုတ်ခွင့် မရှိတဲ့အခြေအနေမှာ သက်ဆိုင်ရာတွေကို တင် ပြပြီးလို့ ဘာမှမထူးတဲ့ အခြေအနေမှာ ဆန္ဒပြကြတာ” ဟု လယ်သ မားများ၏ နစ်နာချက်များနှင့် ပတ်သက်၍ ဆက်တိုက်ဦးဆောင် ဆန္ဒဖော်ထုတ်ပေးနေသော ဦးဝင်းချိုကလည်း ဆန္ဒပြရခြင်းအခြေအ နေကို ရှင်းပြသည်။

ကလေးမြို့ ကျောက်မျက်ရ တနာဈေး တစ်ဈေးတည်းဖြစ်ရေး ဆနဖော်ထုတ်ရာတွင် ပါဝင်ခဲ့ သော ကျောက်မျက်ရတနာလုပ် ငန်းရှင် ဒေါ်နှင်းဝေက ၎င်းတို့၏ ဆန္ဒနှင့် နစ်နာမှုများကို သက်ဆိုင်ရာသို့ စာတင်ပြသော်လည်း မထူးသည့်အဆုံး ဆန္ဒပြခြင်းဖြစ်ကြောင်း ဖွင့်ဟသည်။ နိုင်ငံရေးနှင့် မပတ်သက်ဖူးပဲ တစ်ကြိမ်မျှ ဆန္ဒမပြဖူးဘဲ နစ်နာမှုများကြောင့် ဇူလိုင် ၂၃ ရက်က ဆန္ဒပြသူ၏အတွေ့ အကြုံကို ပြန်လည်ဝေမျှသည်။

“စပီကာလည်း  မကိုင်ဖူးဘူး။ ကြောက်တယ်။ ရင်ထဲက လုံးဝခံစားရလို့လုပ်တာ။ ဒီလိုဆန္ဒဖော်ထုတ်ခွင့်ရတဲ့အတွက် တအား
ဝမ်းသာတယ်။ ခံစားနေရတာ ရင်ထဲတော့ တစ်ဝက်လောက် ပေါ့သွားတယ်”။      ၎င်းတို့တောင်းဆိုချက်ကို သက်ဆိုင်ရာက မည်သို့မျှ မဆောင်
ရွက်ပေးလျှင် နောက်တစ်ကြိမ်ဆန္ဒဖော်ထုတ်မည်ဟု ဒေါ်နှင်းဝေကဆို၏။

လူထုဆန္ဒဖော်ထုတ်မှု၊ ဆန္ဒပြမှုများမှာ ဒီမိုကရေစီအတွက် အရေးပါပြီး မရှိမဖြစ်ကိစ္စဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ဒဲရစ်မစ်ချယ်ကလည်း  7Day News   နှင့် အင်တာဗျူးတွင် မှတ်ချက်ပြုသည်။ ဆန္ဒဖော်ထုတ်မှုများမှာ  လူထု၏ ရည်ရွယ်ချက်များ ဖြည့်ဆည်းနိုင်ရန်၊ လူထုအကျိုးစီးပွားမြှင့်တင်ရေးအတွက် အစိုးရကဆောင်ရွက်ရမည် ကိုသိရန်၊ အရပ်ဘက်အဖွဲ့အစည်း များ စုစည်းရန်လည်းဖြစ်ကြောင်း ၎င်းကပြောသည်။ “အမေရိကန်မှာဆို အရပ်ဘက်လူ့အဖွဲ့အစည်းတွေက အစိုးရထဲက ပုဂ္ဂိုလ်တွေ အပေါ် တင်းတင်းကျပ်ကျပ် ထိန်းကွပ်ထားပါတယ်။ သူတို့က မေးခွန်းတွေထုတ်တယ်။ ဝေဖန်ရေးလုပ်တယ်။ ဒါဟာဒီမိုကရေစီနဲ့ လွပ်လပ်ခွင့်အရ လုပ်တာ။ ဒါကို မြန်မာအစိုးရထဲကလူတွေ နားလည်ထားဖို့လိုတယ်”ဟု ဒီမိုကရေ စီ ရှေ့ဆောင်နိုင်ငံဖြစ်သော အမေရိကန်နိုင်ငံသား သံအမတ်ကြီးက ဆက်ပြောသည်။

သို့သော် “ဘာမှမရှိရာမှ” ဆန့်ကျင်ဘက်လုံးလုံးရှိရာသို့ အပြောင်းအလဲများ မြန်မြန်ဆန်ဆန် ပြုလုပ်ချိန်တွင် မတည်ငြိမ်မှုများ ဖြစ်နိုင်
၍ဂရုပြုသင့်ကြောင်း နိုင်ငံတကာပဋိပက္ခများ  လေ့လာရေးအဖွဲ့   ICG   ၏ အဆိုအား ကိုးကား၍ စာရေးဆရာ ကျော်ဝင်းက  အကြံပြုသည်။

“ကျွန်တော်တို့ဆီမှာ နှစ် ၅၀ လောက်က ပိတ်ဆို့ခံထားရတာ။ လူတွေဘက်ကလည်း ပြောချင်ဆိုချင် သဘာဝကျတယ်။ တာဝန် ရှိတဲ့သူတွေဘက်ကလည်း လုံးဝပိတ်ဆို့ထားရင် မဖြစ်ဘူး။ ဖွင့်တော့ဖွင့်ပေးရမှာ။ ဒါပေမဲ့ အဖွင့် လွန်ပြန်ရင်လည်း ဘရိတ်ပေါက်သွားနိုင်တဲ့ အန္တရာယ်ရှိတော့ ထိန်းထိန်းသိမ်းသိမ်းသွားကြရမယ်ထင်ပါတယ်။ လူထုဘက်က ဆနဖော်ထုတ်တာက တစ်ပိုင်းပေါ့။ တစ်ခုလုံးနဲ့တော့ ချိန်စဉ်း စားဖို့လိုတယ်။ တစ်ခုလုံးဆိုတာက အခုလောလောဆယ်ရောက်နေတဲ့ အနေအထားက ကျွန်တော် တို့တစ်သက်မှာ တစ်ခါပဲကြုံရတဲ့ အကောင်းဘက်ကို ဦးတည်နိုင်တဲ့ အခွင့်အလမ်း။ အဲဒီတစ်ခုလုံး အ ကျိုးစီးပွားနဲ့ ချိန်ဖို့လိုတယ်။ အစိုး ရဘက်ကလည်း ဖွင့်သင့်သလောက် ဖွင့်ပေးရမယ်။ နှစ်ဖက်စလုံး ထိန်းထိန်းသိမ်းသိမ်း သွားနိုင်ရင် တ ဖြည်းဖြည်း နှစ်ဖက်လုံး ရင့်ကျက်လာမှာပဲ”ဟု ဒီမိုကရေစီ အသွင်ကူး
ပြောင်းမှုနှင့် ပတ်သက်၍ စာအုပ်များရေးသားခဲ့သော စာရေးဆရာကျော်ဝင်းက ပြောသည်။

စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီနိုင်ငံသို့ ကူးပြောင်းစ အခြေအနေတွင် ဒီမိုကရေစီနစ်နှင့်အညီ ဆန္ဒပြခြင်း၊ ဆနဖော်ထုတ်ခြင်း များ၌ လူထုက စည်းကမ်းရှိရန်၊ဆန္ဒမစောရန် လိုသကဲ့သို့၊အာဏာပိုင်များကလည်း ခေတ်နောက်ပြန်မဆွဲဘဲ ဒီမိုကရေစီ အလေ့အထများကို သိရှိ၊ လက်ခံကျင့်
သုံးနိုင်ရန်လိုသည်။ နှစ်ဖက် ပူးပေါင်းမှုဖြင့် ဒီမိုကရေစီ အလေ့အထများနှင့် ယဉ်ပါးလာကာ ပိုမို ရင့်ကျက်လာမည်ဖြစ်ကြောင်း ဥပဒေပညာရှင်များနှင့် နိုင်ငံရေးသမားအများစုက ပြောသည်။

နိဂုံးချုပ်ရသော် ဒီမိုကရေစီ နိုင်ငံများတွင် စည်းကမ်းတကျ ဆန္ဒပြခြင်း၊ ဆန္ဒဖော်ထုတ်ခြင်းများသည် စိုးရိမ်စရာမဟုတ်ဘဲ ဒီမိုကရေစီ အလေ့အထများသာဖြစ် သည်ကို နားလည်လက်ခံနိုင်ရန် အရေးကြီးသည်။      ။

 ရေးသားသူ- အားမာန်
by 7Day News Journal

သာစည်မြို့တွင် ကောင်းဇော်ဟိန်း စက်သုံးဆီဆိုင် မြို့ပြင်ရွေ့ပေးရေး လူထုဆန္ဒ
 ဖော်ထုတ်မှုကို တွေ့ ရစဉ် (ဓါတ်ပုံ- ကျော်နိုင်ဝင်းနှင့် သာစည်မြို့ ပြည်သူ့အကျိုးဆောင်ကွန်ယက်)

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံသို့ နှစ် ၂၀ ကျော်အတွင်း ထောက်ပံ့ငွေ ဒေါ်လာ ၈၅ သန်းပေးမည်

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၈၅ သန်းကို လာမည့် အောက်တိုဘာလတွင် စတင်ထောက်ပံ့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကမ္ဘာ့ဘဏ် အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ မစ္စပါမယ်လာကော့စ်က ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံသို့ ၁၉၈၇ နောက်ပိုင်းချေးငွေအသစ်ထုတ်ပေးမှုကို ရပ်ဆိုင်းထားခဲ့သောကြောင့် ယခုထောက်ပံ့ငွေမှာ နှစ် ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ်ပြန်လည်ပေးအပ်ခြင်းဖြစ်သည်။

အဆိုပါထောက်ပံ့ကြေးကို မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူထုဖွံ့ဖြိုးရေးအတွက်ဖြစ်ပြီး အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေသော ဒေသများ၏ အခြေခံအဆောက်အဦးများဖွံ့ဖြိုးရေးအတွက် ဦးစားပေး ကူညီမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ မြန်မာနိုင်ငံမှ ကမ္ဘာ့ဘဏ်သို့ ပြန်လည်ပေးဆပ်ရမည့် အကြွေးများကို လာမည့် ၂၀၁၃ နှစ်ဆန်းပိုင်းတွင် ပြန်လည်ပေးဆပ်ရန် မျှော်လင့်ကြောင်း ၎င်းကပြောသည်။ မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ်သို့ ပေးဆပ်ရမည့်အကြွေးမှာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ခန့်ရှိပြီး ယခုအခါ ယင်းအကြွေးကိစ္စသည် သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

by 7Day News Journal 

ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)

ရန်ကုန် စီး/ကူးရုံးတွင် ကားလိုင်စင် လာရောက်လျှောက်ထားသူများလာ

ရန်ကုန်၊ သြဂုတ်-၁
ရန်ကုန်မြို့ ကမ်းနားလမ်းရှိ စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန နောက်ချန်ရုံးတွင် မော်တော်ကား တင်သွင်းခွင့်လိုင်စင် လျှောက်ထားခွင့်ပြုထားရာ ကားလိုင်စင်လျှောက်ထားသူ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာကြောင်း သတင်းရရှိသည်။

ယင်းလိုင်စင်ကို ဇူလိုင်လ ၃၀ ရက်တွင် စတင်လျှောက်ထားခွင့်ပြုခဲ့ပြီး လာရောက်လျှောက်ထားသူ ဇူလိုင် ၃၀၊ ၃၁ နှစ်ရက်တွင် ၂၆ ဦးရှိသည်။ ယနေ့ (သြဂုတ် ၁ရက်)တွင် လာလျှောက်မည့်သူ ၄၀ ဦးခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ဒုတိယညွှန်ကြားရေးမှူး ဦးတင်သိန်းကပြောသည်။

"လာပြောတဲ့သူတွေက နောက်တစ်ပတ်မှာ ပိုများလာမယ်။ ဒီနေ့ လာတဲ့သူက ၄၀ လောက်ရှိမယ်"ဟု ၄င်းက ဆက်လက်ပြောကြားသည်။
ထိုသို့ လျှောက်ထားရာတွင် ကိုယ်တိုင်တစ်ဦးချင်းလာရောက်လျှောက်ထားနိုင်ပြီး တစ်ဦးလျှင် တစ်ခါသာ လျှောက်ခွင့်ရှိကြောင်း ကိုယ်စားလှယ်လျှောက်လိုသူ သင်္ဘောသားများ၊ ပြည်ပရောက်နေသူများအတွက် နေပြည်တော် စီးပွား/ကူးသန်းရုံးတွင် လျှောက်ထားနိုင်ကြောင်းသိရသည်။

by 7Day News Journal

ဆန္ဒပြအရေးဆိုမှု ဂယက် တောင်ဒဂုံ စက်မှုဇုံသို့  စတင်ကူးစက်

တောင်ဒဂုံ စက်မှုဇုံ (၁)ရှိ Telfel ပီနံအိတ်စက်ရုံရှိ အလုပ်သမား 400 ခန့် ဆန္ဒပြမှုသည် ဇူလိုင်လ(၃၁)ရက်နေ့  ည ၁၁:၀၀ ခန့် တွင် အလုပ်ရှင် ၊ အလုပ်သမား သဘောတူညီမှု
၈ချက်ဖြင့် မြို့ နယ်ညှိနှိုင်း ဖြန်ဖြေရေးမှ ဖြေရှင်းပေးရာ ပြေငြိမ်းမှု ရရှိခဲ့သည်။ အဆိုပါ အငြင်းပွားမှုသည် တောင်ဒဂုံ စက်မှုဇုံ တွင် ပထမဆုံး အလုပ်သမားများ၏ ဆန္ဒပြတောင်းဆိုမှု ဖြစ်ပြီး လစာ ထုတ်ရက်တွင် လစာတိုးမြှင့် မှုပါ အချက်အလက်များကို မကျေနပ်သဖြင့် ဆန္ဒပြ တောင်းဆိုခြင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သဘောတူ စာချုပ်အရ နှစ်စဉ် အလိုက် နှစ်တိုး လစာငွေကို လူသစ်(လုပ်သက်တစ်နှစ်မပြည့်သူများ) နည်းတူ 12.08 FEC သို့ ၃လအတွင်း လူဟောင်းများအား တိုးမြှင့် ရန်၊ အလုပ်သမား များ ဘက်မှလည်း ဌာနအလိုက် ထုတ်ကုန်များကို သတ်မှတ် ထားသော ထုတ်လုပ်မှု စံချိန်များ အလိုက်ထုတ်လုပ်ရန် သေ ဘာ တူညီခဲ့သည်။ သဘောတူညီချက် အရ ၃လအတွင်း သတ် မှတ်စံနှုန်းချိန် ပြည့်မှီအောင် ထုတ်လုပ်နိုင်ခြင်း မရှိပါက လုပ် အားခလစာကို 8 FEC သာ တိုးမြှင့် ပေးမည် ဟု သဘော တူခဲ့ သည်။ အထက်ပါ အငြင်းပွားမှုဖြစ်ပွားသော ကုမ္ပဏီသည် နိုင် ငံခြားမှ တိုက်ရိုက်ရင်းနှီးမြုပ်နှံသော ကုမ္ပဏီဖြစ်၍ လစာငွေကို FEC နှင့် ပေးချေခဲ့ပြီး အခြေခံလစာ 38.08 FEC နှင့် ရက်မှန်ေ ကြး 2 FEC ၊ ကုန်ထုတ်ဘောနပ် 5 FEC ၊ ခရီးစရိတ် 5FEC စု စုပေါင်း 50.08 ကို ထိုစက်ရုံရှိ လုပ်သားများ ရရှိမည်ဖြစ်သည်။

Popular Myanmar News Journal

တက္ကသိုလ်ပညာရေး ဥပဒေမူကြမ်း ပြန်လည်ရေး ဆွဲရန် ဒေါ်အောင်ဆန်းစုကြည်၏ တင်ပြချက် အောင်မြင်

ဒေါ်အောင်ဆန်းစုကြည် က ပြင်ဆင်ရန် ဆွေးနွေးသော ရေးဆွဲပြီးသား ၂ဝ၁၂ ခုနှစ် တက္ကသိုလ် ပညာရေး ဥပဒေကြမ်း ကို ဆွေးနွေးခြင်း ရွှေ့ဆိုင်း ပြီး လွှတ်တော်မှ ပြန် လည်ရေးဆွဲရန် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက ပြော ကြားလိုက်သည်။

 ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ”ဒီဥပဒေကြမ်းကို ကျွန်မ အင်မတန် မှ စိတ်ဝင်စား ခဲ့တာကြောင့် လွှတ်တော်ကို စတက်ကတည်းက ဥက္ကဋ္ဌကြီးကို ပြည်သူ့လွှတ်တော် ဥပဒေ ၁ဝ(ခ)အရရော၊ ပြည်သူ့ လွှတ်တော်နည်း ဥပဒေ ၁၅၈ (င)အရ ရော တင်သွင်းခဲ့ပါတယ်။ ဥပဒေ ကြမ်းတစ်ခုကို မည်သည့်အဆင့် ရောက်စေ ကာမူ ဥက္ကဋ္ဌကြီးရဲ့ သဘောတူညီချက်နဲ့ အဆိုတင် သွင်းဖို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ပြင်ဆင် ချက်ဇယားအရပဲ ပြင်ဆင်လို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် ထည့်သွင်း ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါဟာ မလုံလောက်ပါဘူး။ တက္ကသိုလ် ပညာရေး နဲ့ပတ်သက်လို့ အများကြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးချင်ပါတယ်။ ပြည်သူ့လွှတ်တော်ရုံး က နောက် ကျ သွားပြီဆိုတဲ့အတွက် ဆွေးနွေးခွင့် မရခဲ့ပါဘူး။ ဒီဥပဒေ တစ်ခု လုံးကို ပြန်လည်သုံးသပ်ဆွေး နွေးသင့်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ဒါကြောင့် ဥက္ကဋ္ဌကြီးနဲ့တကွ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အားလုံးဟာ ဒီလို ပြည်သူ့ လွှတ် တော်ဥပဒေအရ၊ နည်းဥပဒေအရ ဖြစ်နိုင်ရင် ဥပဒေ တစ်ခုလုံးကို ပြန် လည်ဆွေးနွေးပြီးတော့ ဒီနိုင်ငံ၊ ဒီကာလနဲ့ ဒီကမ္ဘာကြီးနဲ့ ပိုပြီး သင့်တော်တဲ့ ဥပဒေကြမ်း တစ်ခု ဖြစ်ပေါ် လာရေးအတွက် လုပ်ဆောင်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု ပြောကြားခဲ့သည်။

 ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဒေါ်အောင် ဆန်းစုကြည်၏ တင်ပြချက်ကို လွှတ်တော်မှ အကောင်အထည် ဖော်ပေးမည်ဆိုပါက နည်းဥပဒေ ၁၅၈ အရ ၂ဝ၁၂ ခုနှစ် တက္ကသိုလ် ပညာရေး ဥပဒေ ကို ရွှေ့ဆိုင်းပေး ရန် ကြားဖြတ် အဆိုတင်သွင်းသည်။ ထို့ပြင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များဖြစ်သော ဒေါ်တင်နွယ်ဦးက လက်ရှိဆွေးနွေး ပြီးသော အဆိုပါ ဥပဒေကို ကန့် ကွက်ကြောင်းနှင့် သူရဦးအောင်ကို ကလည်း ပညာရေးဝန်ကြီးဌာန၏ တင်သွင်းလာသော ယင်းဥပဒေ သည် ယနေ့ခေတ်နှင့် ဆီလျော်မှု မရှိသော ကြောင့် ပယ်ဖျက် သင့်ကြောင်း ပြော ကြားဆွေးနွေးခဲ့သည်။

 ”မြန်မာနိုင်ငံ တက္ကသိုလ်များ ကို အစိုးရထိန်း ချုပ် သော ဗျူရို ကရေစီယန္တရားပုံစံ သွင်းခဲ့တာ ကြောင့် တစ်ချိန်က အာရှမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ မြန်မာ့ ပညာရေးဟာ အဆင့်အနိမ့်ဆုံး အခြေအနေ ရောက်နေသည်မှာ နှစ်ပေါင်း ၅ဝ ခန့် ကြာမြင့်ပြီဖြစ်ပါ တယ်။ ဒါကြောင့် ပယ်ဖျက် သင့်ကြောင်း အလေးအနက်တင်ပြရ ခြင်း ဖြစ်ပါတယ်” ဟု သူရဦးအောင် ကိုက ဆိုသည်။

ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြအေးက ယင်းဥပဒေ အား ကျယ်ကျယ် ပြန့် ပြန့် ဆွေးနွေးစေချင်ကြောင်းနှင့် ၄င်းတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာ စံချိန်မီ တက္ကသိုလ်များ အဆင့်မီစေရန် ကြိုးစားသွား မည် ဖြစ်ကြောင်း ပြောသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယင်းဥပဒေကို ပြည်သူ့ လွှတ်တော်မှ ပြန်လည်ရေး ဆွဲမည် ဖြစ်ကြောင်း၊ ပြန်လည်ရေး ဆွဲသည့် အခါ လွှတ်တော်တွင် ဖွဲ့စည်းထားသော ဥပဒေရေးရာနှင့် အထူးလေ့လာ သုံးသပ်ရေး ကော်မ ရှင်ရှိကြောင်း ပြောကြားသည်။ ယခု တင်သွင်းဆွေးနွေးနေ သော ၂ဝ၁၂ ခုနှစ် တက္ကသိုလ် ပညာရေး ဥပဒေကြမ်းသည် ၁၉၇၄ ခုနှစ် ဆိုရှယ်လစ် စနစ်ကို အထောက် အကူပြုခဲ့သောဥပဒေကို အနည်းငယ် ပြင်ဆင် ထားသော ဥပဒေကြမ်း ဖြစ်ကြောင်း သူရဦးအောင်ကိုက လွှတ်တော်တွင် အတိအလင်းပြော ကြားခဲ့သည်။

Popular Myanmar News Journal

ပိုင်ဆိုင်မှုစာရင်း တင်ပြရမည့်ထဲတွင် ပြည်နယ်နှင့်တိုင်း အစိုးရအဖွဲ့ဝင်များ မပါဝင်

ပိုင်ဆိုင်မှုစာရင်းပြုစုပြီး သမ္မတထံတင်ပြဖို့ ညွှန်ကြားချက်ထဲ ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့တွေ မပါဘူးလို့ နောက်ဆုံးညွှန်ကြားချက် ရောက်လာတဲ့အကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်၊ ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။

“မနေ့ကပြန်ပြောတယ်၊ တိုင်းဒေသကြီး ၀န်ကြီးတွေ ပို့စရာမလိုတော့ဘူးတဲ့။ ကြေးနန်းပြန်ဝင်လာတယ်တဲ့။”

ဇူလိုင် ၂၆ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ နိုင်ငံတော်သမ္မတရုံးရဲ့စာထဲမှာ တရားသူကြီးချုပ်နဲ့ လွှတ်တော်ချုပ် တရားသူကြီးတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်နဲ့ ၀န်ကြီးများ၊ တိုင်းနဲ့ပြည်နယ် ဥပဒေချုပ်နဲ့ တရားသူကြီးချုပ်တွေ အားလုံးဟာ စီးပွားရေးလုပ်ငန်းနဲ့ ပိုင်ဆိုင်မှုတွေကို စာရင်းပြုစုပြီး သမ္မတထံ ဩဂုတ် ၁ ရက် ပေးပို့ဖို့ ဖော်ပြပါရှိပါတယ်။

အခု ဩဂုတ် ၁ ရက်မှာတော့ ပြည်နယ်နဲ့ တိုင်းအစိုးရအဖွဲ့တွေ မပါဘူးလို့ စုံစမ်းသိရှိရတာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၈ မှာ ဖော်ပြထားချက်အရ သမ္မတနဲ့ ဒု သမ္မတတို့ဟာ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို လွှတ်တော်နာယကထံ တင်ပြပြီး ဖြစ်လောက်တယ်လို့လည်း ဦးဇော်အေးမောင်က သုံးသပ်ပြောကြားပါတယ်။

ဖွဲ့စည်းပုံပုဒ်မ ၆၈ အရ သမ္မတနဲ့ ဒုသမ္မတတို့ရဲ့ မိသားစုတစီးပွားထဲရဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို ပြည်ထောင်စုလွှတ်တော် နာယကထံ တင်ပြရမယ်လို့ ဖော်ပြပါရှိတာပါ။

ပြည်ထောင်စုဝန်ကြီးတချို့ကတော့ အခုလိုပိုင်ဆိုင်တဲ့စာရင်း တောင်းခံရာမှာ အချိန်ပေးတာနည်းလို့ ဝေဖန်မှုတချို့ ထွက်ပေါ်ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က အခုလို မှတ်ချက်ပေး ပြောဆိုပါတယ်။

“ဝေဖန်တာ တခုတော့ကြားပါတယ်။ စာရင်းပြုစုတဲ့နေရာမှာ အချိန်လေး ပေးပါလို့ အကြံပြုတာပေါ့လေ။ ကျနော်တို့ကတော့ ခပ်မြန်မြန်လေး လုပ်လေကောင်းလေပဲလို့၊ မြန်မြန်လေးလုပ်ရင်တော့ အချိန်ယူပြီးတော့ မစဉ်းစားရဘူးလေ။”

အစိုးရအဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုစာရင်းတောင်းတာနဲ့ ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကလည်း အခုလိုမှတ်ချက်ပေး ပြောပါတယ်။

“၀န်ကြီးတပါးဟာ သူ့ရဲ့ ရွှေ့ပြောင်းနိုင်သော ပစ္စည်းလုပ်ငန်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းတွေ အားလုံးကို ချိတ်ပိတ်ပြီး ထည့်ပြီးတော့ ပြဋ္ဌာန်း၊ သူဟာ ၀န်ကြီးလုပ်ရင်းနဲ့ အရမ်းကြီးပွားချမ်းသာလာရင် ဒါတခုခု လာဘ်စားလို့ ဆိုတာ ပေါ်လွင်တာပေါ့။ ဒါဟာ ထိန်းချုပ်တာပဲလေ၊ သိပ်ကောင်းတယ်၊ ကြိုဆိုတယ်။”

ကောင်းမွန်တဲ့အုပ်ချုပ်ရေး၊ သန့်ရှင်းတဲ့အစိုးရ ဖြစ်ပေါ်စေဖို့အတွက် အစိုးရအဖွဲ့ဝင်တွေရဲ့ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းနဲ့ အကျိုးစီးပွားတွေကို ထုတ်ဖော်ကြေညာဖို့ အခုကျင်းပနေတဲ့ လွှတ်တော်ထဲ ပုသိမ် အန်အယ်လ်ဒီအမတ် ဦးဝင်းမြင့်က အဆိုတင်ထားပြီး၊ လက်ခံဆွေးနွေးဖို့ လွှတ်တော်က သဘောတူထားပါတယ်။

by ရွှေအောင်  DVB


ထိုင်း PTT ကုမ္ပဏီ မြန်မာနိုင်ငံတွင် စက်သုံးဆီ အရောင်းဆိုင် ၆၀ ဖွင့်လှစ်မည်

ရန်ကုန်၊ သြဂုတ် ၁

ထိုင်းနိုင်ငံ၏ အကြီးဆုံး စွမ်းအင် ထုတ်လုပ်သည့် ကုမ္ပဏီ တစ်ခုဖြစ်သော PTT သည်  လာမည့် သုံးနှစ်အတွင်း မြန်မာနိုင်ငံတွင် စက်သုံးဆီ အရောင်းဆိုင် ၆၀ ဖွင့်လှစ်သွားရန် ရှိသည်ဟု ဘန်ကောက်မှ လာသော သတင်းများအရ သိရသည်။

"ကျွန်တော်တို့မြန်မာပြည်မှာ ကိုယ်ပိုင် ဓါတ်ဆီရုံတွေ အရင်စဖွင့်မှာ ဖြစ်ပါတယ်။ ပြီးမှသာလျှင် ဒေသတွင်း လုပ်ဖော်ကိုင်ဖက်များကို ရှာဖွေသွားမှာပါ။" ဟု Mr Sarun က ပြောကြားခဲ့သည်။

PTT ကုမ္ပဏီ ၏ နိုင်ငံတကာ ဈေးကွက် ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ Burin Rattanasombut က PTT သည် မကြာမီ PTT Myanmar Co.ltd ကို တည်ထောင်သွားမည်ဟု ပြောကြားခဲ့သည်။"ကျွန်တော်တို့ မြန်မာပြည်အတွင်း ရှိ ဆီသုံးစွဲ မှု တဟုန်ထိုးမြင့်တက်ဖို့ မျှော်လင့်ထားပါတယ်။မြန်မာပြည် အစိုးရဟာ ပြည်သူတွေက ကားတွေ ၀ယ်ယူနိုင်ရန် တရားဥပဒေကို ပြင်ပြီးပါပြီ။ အဲဒါကြောင့် ကားဈေးတွေ ကျခဲ့ရပါတယ်" ဟု ၄င်း၏ပြောကြားချက်ကို ဘန်ကောက်ပို့ သတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံတို့သည် လူဦးရေ အရည်အတွက် မကွာခြား သော်လည်း ယမန်နှစ်က မြန်မာပြည်၏ စက်သုံးဆီ သုံးစွဲမှုသည် ၂.၄ ဘီလီယံ လီတာ အထိသာ ရှိခဲ့ပြီး ထိုင်းနိုင်ငံ၏ စက်သုံးဆီ သုံးစွဲမှုသည် ၁၅ ဘီလီယံ လီတာ အထိရှိခဲ့သည်။ PTT သည် အင်ဂျင်ဝိုင် နှင့် အဆင့်မြင့် ဓါတ်ဆီ တို့ကို မြန်မာပြည်သို့ နှစ်ပေါင်းများစွာ တင်ပို့ခဲ့ရာ မြန်မာပြည်ရှိ ကားမောင်းသူများ ထံမှ နွေးထွေးသည့် ကြိုဆိုမှုကို ရရှိခဲ့သည်။ထို့ကြောင့် ထိုကဲ့သို့ တုံ့ပြန်မှုမျိုး ထပ်မံ ရရှိရန် PTT က မျှော်လင့်နေခြင်းဖြစ်သည်။

The Voice Weekly

အီရန်နိုင်ငံ၌ တာလီဘန် အကြမ်းဖက် အဖွဲ့ရုံးခန်း ဖွင့်လှစ်ခွင့်ပေး

ကဘူး၊ သြဂုတ် ၁။

အီရန်နိုင်ငံတွင်း၌ တာလီဘန် အကြမ်းဖက်အဖွဲ့ရုံးခန်း ဖွင့်လှစ်ခွင့် ပေးလိုက်ပြီး ယင်းအဖွဲ့ ကိုလည်း မြေပြင်မှ ဝေဟင်ပစ် ဒုံးပျံများ ထောက်ပံ့ပေးရန် စီစဉ်နေကြောင်း အမေရိကန် နှင့် အာဖဂန် ထောက်လှမ်းရေး အရာရှိများ ပြောကြားချက်ကို ကိုးကားပြီး Wall Street Journal တွင် ဖော်ပြထားသည်။

အမေရိကန် တပ်ဖွဲ့ဝင်များ အာဖဂန်နိုင်ငံ၌ ရေရည် တပ်စွဲခွင့်ပေးမည့် အမေရိကန်-အာဖဂန် မဟာမိတ် စာချုပ်ခဲ့ခြင်းကို တုံပြန်သည့် အနေဖြင့် တာလီဘန် အကြမ်းဖက်အဖွဲ့ကို တရားဝင်ရုံးခန်း ဖွင့်ခွင့်ပေးခြင်း ဖြစ်နိုင်ကြောင်း ထောက်လှမ်းရေး အရာရှိများက ပြောကြားသွားသည်။

ထို့ အပြင် အီရန်နိုင်ငံ၏ နူကလီးယား စွမ်းအင် အစီအစဉ်ကို အနောက်နိုင်ငံများ တိုက်ခိုက်လာပါက လက်စားချေ တုံပြန်နိုင်ရန် တာလီဘန် အကြမ်းဖက်အဖွဲ့ကို မြေပြင်မှ ဝေဟင်ပစ် ဒုံးပျံများ ထောက်ပံ့ ပေးအပ်ရန် စီစဉ်လျက်ရှိ ကြောင်း အီရန် ကွက်( Quat ) အထူးတပ်ဖွဲ့ သတင်း ပေးပို့ ချက်များတွင် ဖော်ပြ ထားသည်။

“ ရှီးယားအီရန် နဲ့ ဆွန်နီ တာလီဘန်ကြားမှာ အယူအဆ ရေးရာ၊ ဘာသာရေးရာ ခြားနားမူတွေရှိခဲ့ပေမယ့်လည်း ဘုံရန်သူ အမေရိကန် ပြည်ထောင်စုကို တိုက်ခိုက် လိုတာကြောင့် ပူးပေါင်း ဆောင်ရွက်လာခြင်းဖြစ်တယ် ” ဟု ကဘူးမြို့ ရှိ အနောက်တိုင်း သံမတန် တစ်ဦးက မှတ်ချက်ပြုသွားသည်။

အာဖဂန်နိုင်ငံအပေါ် အိမ်နီးချင်း အီရန်နိုင်ငံက တင်းမာသော သဘောထားများ ထားရှိသော်လည်း မိမိတို့ ကမူ အီရန်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး မျိုးကိုသာ ဆက်လက် ကျင့်သုံးသွားမည် ဖြစ်ကြောင်း အာဖဂန် သမ္မတကာဇိုင်း၏ အနီးကပ် အကြံပေး တစ်ဦးက ပြောကြားသွားသည်။

The Voice Weekly

နမ္မတူမြို့နယ်ထဲ ဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းမှု ပြဿနာ ပြေလည်မှု မရသေး

ရခိုင်ပြည်နယ်ကထွက်တဲ့ သဘာဝဓာတ်ငွေ့တွေ တရုတ်နိုင်ငံကို တင်သွင်းဖို့ ပိုက်လိုင်းတွေ သွယ်တန်းရာမှာ  ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်ထဲကို ဖြတ်သန်းသွားတဲ့ ပိုက်လိုင်းကြောင့် စိုက်ပျိုးမြေပျက်စီးတဲ့ပြဿနာ၊ လျော်ကြေးငွေ မရသေးတဲ့  ပြဿနာတွေ ရှိနေတုန်းပဲလို့ ပြည်နယ်လွှတ်တော် အမတ်တဦးက ပြောပါတယ်။

၂၀၁၁ ခု ဒီဇင်ဘာလလောက်ကစပြီး လျော်ကြေးငွေတွေ ပြန်ပေးနေပေမယ့်လည်း မရသေးတဲ့ မြေ ပိုင်ရှင်တွေ ရှိနေသလို ပိုက်လိုင်းချတဲ့ အနီးနားပတ်ဝန်းကျင်က မြေတွေလည်း ပျက်စီးခဲ့ရတယ်လို့ ကျားဖြူပါတီ ပြည်နယ်လွှတ်တော်အမတ် ဒေါ်နန်းခမ်းအေးက ပြောပါတယ်။

ပြင်ဦးလွင်မြို့တနေရာတွင် တွေ့ရသည့် တရုတ်နိုင်ငံ သွယ်တန်းမည့် ဓာတ်ငွေ့ပိုက်လိုင်း (ဓာတ်ပုံ - ရိုက်တာ)

“တချို့နေရာတွေ လုံးဝမရတာတွေရှိတယ်။ သူတို့က တာရိုးလို မြေကြီးတွေကိုဖို့ပြီး အဲပေါ်မှာ ကားတွေ သွားလိုက်တာ၊ လယ်တွေယာတွေက လုံးဝစိုက်ပျိုးလို့မရတော့ဘူး။ တချို့နေရာတွေမှာ တာရိုးတွေက လူတရပ်ကျော် မြင့်တယ်။ အခုအချိန်အထိ လျော်ကြေးတပြားမှမရဘူး။ မန်တုံမြို့နယ်၊ ကျေးရွာ တချို့မှာလည်း လယ်မြေတွေ လုံးဝစိုက်လို့မရဘူး။ ဘာလို့လဲဆိုတော့ ဓာတ်ငွေ့ပိုက်လိုင်း က မြေတွေဖော်ပြီး သွားပိတ်ထားတယ်။ တူးထားတယ်၊ အဲတော့ ရေတွေက လယ်ထဲကို လုံးဝလာလို့ မရတော့ဘူး။”

ပိုက်လိုင်းချထားမှုကြောင့် နစ်နာတဲ့ ဒေသခံ အတော်များများ ရှိပေမယ့် လာရောက်တိုင်တန်းရဲ တဲ့ ဒေသခံ တချို့သာရှိတယ်လို့ ဆိုပါတယ်။

ဒီလထဲ သူ့ဆီ လာရောက်တိုင်တန်းတဲ့ ဒေသခံတွေထဲမှာ နမ္မတူမြို့နယ် မိုင်းတတ်၊ မိုင်းဆင်ရွာက ပျက်စီးမြေဧက ၅ ဧက၊ ၀မ်တုန် နားလွေရွာက ၈ ဧကကျော် ရှိတယ်လို့ ပြောပါတယ်။ ယာယီနိုင်ငံသား မှတ်ပုံတင်ပဲရှိတဲ့ ရွာသားတချို့လည်း လျော်ကြေးမရတဲ့ကိစ္စတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ အခက်အခဲတွေ ဖြေရှင်းပေးဖို့ ပြည်နယ်အစိုးရဆီကို ဇူလိုင် ၁၂ ရက်နေ့စွဲနဲ့ စာတင်ထားပြီး ၀န်ကြီးချုပ်က ဘာမှဆောင်ရွက်မပေးရင် လွှတ်တော်ထဲမှာ တင်သွင်းသွားမယ်လို့ ဒေါ်နန်းခမ်းအေး က ပြောပါတယ်။

ရခိုင်ဒေသကနေ တရုတ်နယ်စပ်ထိ သွယ်တန်းမယ့် ပိုက်လိုင်းဟာ နမ္မတူမြို့ မြောက်ဘက် တကြောမှာရှိတဲ့ ကျေးရွာတချို့နဲ့ လယ်မြေဧကပေါင်း ၄၇၀ ဧကကို ဖြတ်သန်းသွားတယ်။ နှစ်ရှည်နှစ်တိုသီးနှံပင်တွေပါ ပျက်စီးပြီး ပြန်လည် စိုက်ပျိုးနိုင်တဲ့မြေ ဖြစ်ဖို့အတွက် ပြုပြင်ဖို့ အခက်အခဲရှိတဲ့အကြောင်း ဒေါ်နန်းခမ်းအေးက ပြောပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ထဲက သဘာဝဓာတ်ငွေ့တွေ တရုတ်ပြည်ကို တင်ပို့ရောင်းချမယ့် စီမံကိန်းမှာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက လယ်မြေဧကထောင်ပေါင်း များစွာ မတန်တဆ လျော်ကြေးနဲ့ အဓမ္မသိမ်းပိုက်ခြင်းခံခဲ့ရတယ်လို့ သဘာဝပတ်ဝန်းကျင် စောင့်ရှောက်ရေး အဖွဲ့တွေက ပြောပါတယ်။

by နန်းမြနဒီ  DVB

အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲ စနစ်လေ့လာရန် ပါတီ ကိုယ်စားလှယ်များအား ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား

အချိုးကျ ကိုယ်စားပြုရွေးကောက်ပွဲ စနစ် ပြောင်းလဲရန် တင်ပြထားသည့် ကိစ္စအား ကြိုတင် လေ့လာထား ရန် ဒေါ်အောင်ဆန်းစုကြည်က ၄င်း၏ ပါတီကိုယ်စားလှယ် များကို အဖွဲ့ချုပ် သီးသန့် အစည်းအဝေးတွင် ပြောကြား လိုက်ကြောင်း သိရသည်။ PR(Proportional Representation ) နှင့် ပတ်သက်၍ ဒီမို ကရက်တစ်ပါတီ ၁ဝ ပါတီနှင့် နိုင် ငံတော်သမ္မတ၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ တို့နှင့် တွေ့ ဆုံပြီး သည့်နောက် ပိုင်းတွင် အဖွဲ့ချုပ် အနေဖြင့် ကြိုတင် လေ့လာမှု များ ပြုလုပ်ထားရန်နှင့် လွှတ်တော်တွင် အဆိုတင်သွင်း မှုများ၊ မေးမြန်းတင်သွင်းချက်များနှင့် ဆက်စပ်၍ သတိထား လုပ်ဆောင်သွား ကြရန် ၄င်းက တိုက်တွန်းပြောကြား ခဲ့ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန် က ပြောသည်။ ”သမ္မတနဲ့ ၁ဝ ပါတီ တွေ့တယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်လိုသဘောထားလဲ။ ကိုယ့် ဟာကိုယ်ရှာ။ ဘယ်နိုင်ငံမှာ အဲဒါမျိုး တွေရှိလဲ၊ ဘာကြောင့်ရှိသလဲ၊ ဒီမှာ လက်ခံသင့်လား၊ လက်မခံသင့်ဘူးလား၊ ကိုယ့်နည်း ကိုယ့်ဟန် နဲ့ ဆွေးနွေး ထားဖို့ ပြောပါတယ်။ PR ကို ရတဲ့မဲအပေါ်မှာ မူတည်ပြီး ကိုယ် စားလှယ်တွေ သတ်မှတ်ဖို့ဆိုရင် ဘယ်သူတွေ နစ်နာမလဲ၊ ဘာလို့ အဲလိုတင်ရတာလဲ။ ပါတီအနေနဲ့ နစ်နာမှု ရှိနိုင်မလားလို့ ဥက္ကဋ္ဌက ကျယ်ကျယ်ပြန့်ပြန့် ပြော သွားပါ တယ်”ဟု ၄င်းက ပြောသည်။

”ထောက်ခံဆွေးနွေးမယ့် အချက်တွေ ခိုင်မာရဲ့လား၊ မှန်ကန်ရဲ့လား၊ တိကျ ရဲ့လား သတိထား ဆောင်ရွက်ဖို့ပြောပါတယ်။ ပြီးတော့ ဆွေးနွေးခါနီး အချင်းချင်းတွေ့ဆုံညှိ နှိုင်းထားဖို့ကိုပါ ပြောထားပါတယ်” ဟု ၄င်းက ထပ်လောင်းဆိုသည်။ ထို့အပြင်မဲဆန္ဒနယ်မြေမှ ခရိုင်၊ မြို့နယ်၊ ထွေ/အုပ်၊ ရဲမှူး များနှင့် တွေ့ ဆုံ၍ ပညာရေး၊ ကျန်းမာရေး၊ လူမှု ရေးကိစ္စများကို ဆရာမလုပ်ဘဲ ပို ကောင်းအောင်ကူညီဆောင်ရွက်သွားရန်၊ မြို့နယ် အစည်း အဝေးများ တက်ရောက် ရန်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ သတိပေးခြင်း နှင့် ပတ်သက်၍ ကိုယ်စားလှယ်များ အပေါ် ထောက်ခံခြင်း၊ ရှုတ်ချခြင်းမရှိဘဲ မိမိ အခွင့်အရေးကို မိမိတာဝန် ယူရန် ပြောကြား ခဲ့ကြောင်း သိရသည်။ ”ကျွန်တော့်အမြင် ပြောရရင် PR စနစ်ဟာ အင်အားကြီးတဲ့ပါတီ ကြီးတွေလောက်ပဲ အကျိုးများမယ်။ ပါတီငယ်တွေ အကျိုးနည်းလိမ့်မယ် ထင်ပါတယ်။ ဒီစနစ်ကို လုပ်မယ်ဆို ရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရ လိမ့်မယ်။ ဖွဲ့စည်းပုံမပြင်ဘဲ PR ဖြစ် မလာနိုင် ဘူး။ နိုင်ငံအတွက် အကျိုး ဖြစ်မယ့် ဆုံးဖြတ်ချက် တွေ မှာ ပြတ်ပြတ် သားသားဖြစ်မလာနိုင်ဘူး။ PR ဟာ လက်ရှိကျင့်သုံးနေတဲ့ စနစ် လောက် အကျိုးမရှိနိုင်ဘူးလို့ ထင်ပါ တယ်”ဟုပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်ကပြောသည်။ ထို့အပြင် ဒီချုပ်ပါတီမှ လွှတ်တော် ကိုယ်စား လှယ်များ သက်တမ်း ရက် ၁ဝဝ ပြည့်တွင် ကိုယ်စား လှယ် အသီးသီးမှ လုပ်ဆောင်ချက်များ တင်ပြရမည်ဟု ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြော ကြားထားကြောင်း သိရသည်။

”ကိုယ့်မဲဆန္ဒနယ်က ပြည်သူတွေ အတွက် လူမှုရေး၊စီးပွားရေးတွေကို ဘာတွေ ဖြေရှင်းပေးခဲ့ပြီးပြီလဲ၊ ဘယ်လို အကျိုးဆောင်ရွက်မှုတွေ လုပ်ပေး ခဲ့ပြီးပြီလဲဆိုတာကို Report တင်ဖို့ ဥက္ကဋ္ဌက ပြောထားပါတယ်” ဟု ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးအုန်းကြိုင်က ပြောသည်။ ပြီးခဲ့သည့် မေလ ၂ ရက်နေ့ တွင် ဒီချုပ်ပါတီ ကိုယ်စားလှယ်များသည် လွှတ်တော်တွင် ကျမ်း သစ္စာ ကျိန်ဆိုခဲ့ပြီး သြဂုတ်လ ၄ ရက်တွင် ကိုယ်စား လှယ် သက်တမ်းရက် ၁ဝဝ ပြည့်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရက် ၁ဝဝ သက်တမ်းအတွင်း မဲဆန္ဒရှင် ပြည်သူများအတွက် လုပ်ဆောင်ချက် များကို သြဂုတ်လ ၉ ရက် နောက်ဆုံး ထားတင်ပြသွားရ မည်ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ် ကပြောသည်။

Popular Myanmar News Journal

ရေကြီးမှုကြောင့် ၁၄ နှစ်အရွယ် ကလေးတဦး ဓာတ်လိုက်သေဆုံး

ပြီးခဲ့နှစ် ပဲခူး ရေကြီးခဲ့စဉ် က မြင်ကွင်းတခုပါ
ပဲခူးမြို့ ကျောက်ကြီးစုရပ်ကွက်မှာ အသက် ၁၄ နှစ်အရွယ် ကလေးတဦး လှေမှောက်ပြီး ဓာတ်ကြိုးကို ကိုင်မိတဲ့အတွက် ဓာတ်လိုက်သေဆုံးသွားတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

ပဲခူးမြို့မှာ ပဲခူးမြစ်ရေ မြင့်တက်မှုကြောင့် မြစ်နား အနိမ့်ပိုင်း ရပ်ကွက်တွေဖြစ်တဲ့ အုန်းဆက်ကုန်း၊ ရွာသစ်၊ ကျောက်ကြီးစု၊ ကျောက်တွင်းကုန်း၊ မြို့သစ်၊ ရှမ်းစု၊ မဇင
်း၊ ဇိုင်းဂနိုင်း တောင်-မြောက်၊ ရပ်ကွက်ကြီး ၇ ခုနဲ့ ကျွန်းသာယာ ရပ်ကွက်တွေမှာ ရေကြီးနေတဲ့အတွက် လှေနဲ့သွားလာရာမှ အခုလို လှေမှောက် သေဆုံးခဲ့တာလို့ ဆိုပါတယ်။

“လွန်ခဲ့တဲ့ ၃ ရက်က ကျောက်ကြီး ရပ်ကွက်မှာ ရေကြီးပြီး လှေနဲ့သွားရတယ်။ စက်ရုံဆင်းတဲ့ ကလေးတွေ၊ ကျောင်းသွားတဲ့ ကလေးတွေကျတော့ လှေနဲ့သွားရတယ်။ လွန်ခဲ့တဲ့ ၃ ရက်လောက်က ကျောက်ကြီးစုရပ်ကွက်က ကောင်လေးက လှေစီးရင်း လှေမှောက်လို့ ဘေးမှာရှိတဲ့ ကြိုးတချောင်းကို ဆွဲလိုက်တာ ဓာတ်လိုက်ပြီး သေသွားတယ်။ ရပ်ကွက်ထဲမှာ မီးကြိုးတွေက ဥပဒေနဲ့အညီ သွယ်တန်းထားတာ မရှိတော့ အဲလို ဖြစ်သွားတာ။”

ရေကြီးနေတာ ၄ ရက်လောက်ရှိပြီဖြစ်ပေမယ့် အိမ်တွေ ပြောင်းရွှေ့ရတာ မရှိသေးဘူးလို့ မြို့ခံက ပြောပါတယ်။

တောင်ငူမြို့မှာလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပသိဆည် ရေလွှတ်ချတဲ့အတွက် အိမ်ထောင်စု ထောင်စု ရေနစ်မြုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီနေ့ ညနေထုတ်ပြန်တဲ့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားရေးမှူး ဦးစီးဌာနရဲ့ အင်တာနက်စာမျက်နှာမှာတော့ စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့မှာ စိုးရိမ်ရေမှတ်အထက် ၄ ပေခန့် ကျော်လွန်နေပြီး နောက် ၃ ရက်အတွင်း အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ် အထက် ဆက်လက် တည်ရှိနိုင်ကြောင်း ဖော်ပြထားပါတယ်။ အလားတူ တောင်ငူမြို့မှာလည်း ၅၈၈ စင်တီမီတာကို ရောက်ရှိနေပြီး နောက် ၄၈ နာရီအတွင်း အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာသို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

နော်နိုရင်း DVB ၁ သြဂုတ် ၂၀၁၂

မြန်မာဂျာနယ်လစ်ကွန်ရက် သတင်းထုတ်ပြန်ချက်(၇/၂၀၁၂)


မြန်မာ ဂျာနယ်လစ် ကွန်ရက်
သတင်း ထုတ်ပြန်ချက် (၇/၂၀၁၂)

ဂျာနယ်နှစ် စောင်ကို ရပ်ဆိုင်း အရေးယူမှု အပေါ်  ပြန်လည်ရုပ် သိမ်းပေးရန် တောင်းဆိုခြင်း။

ပြည်တွင်း အပတ် စဉ်ထုတ် The Voice Weekly နှင့် Envoy ဂျာနယ်တို့ကို အကန့် အသတ်မရှိ ရပ်ဆိုင်း အရေးယူမှု အပေါ်  ပြန်လည် ရုပ်သိမ်းပေးရန် မြန်မာဂျာနယ် လစ်ကွန်ရက်မှ ပြန်ကြားရေး ၀န်ကြီးဌာနသို့ တောင်းဆို သွားမည်ဖြစ်သည်။

ယင်းသို့ အရေးယူခြင်းသည် မီဒီယာ လွတ်လပ်ခွင့်ကို ပြင်းထန်စွာ ထိပါးချိုးဖော
က်ရုံမက သမ္မတကြီး၏ အပြုသဘောဆောင်သည့်သဘောထားအမြင်များကို ဆန့်ကျင်ကွဲလွဲနေသည့် လုပ်
ဆောင်မှုဖြစ်သောကြောင့် ယင်းသို့အရေးယူထားမှုအပေါ် စဉ်းစားသုံးသပ်၍ တစ်ပတ် အတွင်း ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုကြောင်းစာကို သက်ဆိုင်ရာဝန်ကြီးဌာန ထံ ပေးပို့ သွားမည်ဖြစ်သည်။

ယခုဆုံးဖြတ်ချက်ကို ၃၁.၇.၂၀၁၂ နေ့က ပြုလုပ်ခဲ့သည့် မြန်မာဂျာနယ်လစ်ကွန်ရက် အထူးအစည်းဝေး၌ လုပ်ငန်းကော်မတီနှင့် ကွန်ရက်ဝင်များက သဘောတူဆုံးဖြတ်ခဲ့ကြပြီး မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်၍ လိုအပ်သော လှုပ်ရှားမှုများကိုလည်း ဆက်လက်ပြုလုပ် သွားမည်ဖြစ်သည်။

လေးစားစွာ
လုပ်ငန်းကော်မတီ
မြန်မာဂျာနယ်လစ်ကွန်ရက်

The Voice Weekly

ကုလ အထူးကိုယ်စားလှယ် ကယ်ဆယ်ရေး စခန်းတွေကို သွားရောက် ကြည့်ရှု

မစ္စတာ ကင်တားနား စစ်တွေ လေဆိပ်သို့ ရောက်ရှိလာစဉ် (AP Photo/Khin Maung Win)
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ မနေ့ မနက်က စစ်တွေနဲ့ မောင်တောမြို့နယ်တွေမှာ ရှိတဲ့ ကယ်ဆယ်ရေး စခန်းတွေကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။

မနက်ပိုင်းမှာ စစ်တွေမြို့က ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေတဲ့ တိုင်းရင်းသား ဒုက္ခသည်တွေကို သွားရောက် ကြည့်ရှုခဲ့ပြီး မွတ်စလင်ဘာသာဝင်တွေ ခိုလှုံနေတဲ့ စခန်းတချို့ကိုလည်း သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
မစ္စတာ ကင်တားနားဟာ မောင်တောမြို့မှာ မွတ်စလင် ဘာသာဝင် (၅) ဦးကို တွေ့ဆုံမေးမြန်းခဲ့ပြီးတဲ့နောက် အလိုတော်ပြည့် ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေကိုလည်း တွေ့ဆုံ မေးမြန်း သွားတယ်လို့ မစ္စတာ ကင်တားနားနဲ့ တွေ့ခွင့်ရလိုက်တဲ့ ဒေါ်လှသန်းဝေက RFA ကိုပြောပါတယ်။ မစ္စတာ ကင်တားနားဟာ မောင်တောမြို့ကနေ စစ်တွေကို မနေ့ညနေပိုင်းက ပြန်လည် ထွက်ခွာ သွားခဲ့ပါတယ်။
အခု ခရီးစဉ်ဟာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး စုံစမ်းဖို့ အဓိကဖြစ်ကြောင်း မစ္စတာ ကင်တားနားက ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လတ်တလောအနေနဲ့ နိုင်ငံရေး အပြောင်းအလဲတွေ ပေါ်ပေါက်နေပေမဲ့ ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက် ပဋိပက္ခတွေဟာ မြန်မာပြည် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေထဲက တစ်ခုဖြစ်ကြောင်း မြန်မာနိုင်ငံကို ထွက်မလာခင်မှာ ပြောဆို ခဲ့ပါတယ်။
ဒါပေမဲ့ ရခိုင်ပြည်နယ် စစ်တွေနဲ့ မောင်တောကို သွားရောက် ကြည့်ရှုခဲ့အပြီး တွေ့မြင်ခဲ့ရတာတွေကို သတင်းထောက်တွေက မေးမြန်းတဲ့အခါ မစ္စတာ ကင်တားနားက ဖြေဆိုဖို့ ငြင်းဆန်ခဲ့ကြောင်း အေပီသတင်းက ဖော်ပြပါတယ်။
ဒီအတွင်း အဖွဲ့ဝင်နိုင်ငံ (၅၇) နိုင်ငံ ပါဝင်တဲ့ OIC ခေါ် အစ္စလာမ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က မွတ်စလင်ဘာသာဝင် ဒုက္ခသည်တွေ အတွက် နိုင်ငံရေး၊ ဘာသာရေးနဲ့ လူသာချင်း စာနာတဲ့ အကူအညီတွေ ပံ့ပိုးဆောင်ရွက်ကြဖို့ နိုင်ငံတကာ မွတ်စလင် အသိုင်းအ၀ိုင်းကို မနေ့က တိုက်တွန်းလိုက်ပါတယ်။
OIC အဖွဲ့ အတွင်းရေးမှူးချုပ်က ပြောဆိုရာမှာ - နိုင်ငံရေး အကူအညီဆိုတာ မွတ်စလင် ဘာသာဝင် ဒုက္ခသည်တွေ ကိုယ်စား သံရေး တမန်ရေးအရ မြန်မာအစိုးရနဲ့ ဆက်သွယ် ဆောင်ရွက်မှုတွေ ပါဝင်ကြောင်း၊ မြန်မာနိုင်ငံမှာ သံရုံးရှိတဲ့ OIC အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့လည်း မွတ်စလင် ဒုက္ခသည်တွေအပေါ် ဆက်ဆံပြုမူမှုတွေ တိုးတက် ကောင်းမွန်လာအောင် မြန်မာအစိုးရကို တိုက်တွန်းကြဖို့ ဆော်သြထားကြောင်း ပြောဆိုပါတယ်။

ဒါ့ပြင် သြဂုတ်လ (၁၄) ရက် မက္ကာမှာ ကျင်းပမယ့် OIC အထူး ညီလာခံမှာလည်း ရခိုင်ပြည်နယ်ကိစ္စ ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

RFA Burmese

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းအတိုင်း ဆက်သွားဖွယ်ရှိ

မြန်မာနိုင်ငံဟာ လက်ရှိ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းအတိုင်း ဆက်သွားနေဖွယ် ရှိတယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Robert Hormats က ၀ါရှင်တန် နိုင်ငံတကာ ကုန်သွယ်ရေးအဖွဲ့ကို မနေ့က ပြောဆိုလိုက်ပါတယ်။

Photo: U.S Department of State
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန၊ စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Robert Hormats
ဒါပေမဲ့ အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ ရှုပ်ထွေးတဲ့ စီးပွားရေးလုပ်ငန်း ပတ်ဝန်းကျင်နဲ့တော့ ရင်ဆိုင် ကြရလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။
အခုဆိုရင် မြန်မာပြည်သူတွေကြားမှာ လွတ်လပ်ခွင့်နဲ့ စီးပွားရေး ဖွံဖြိုးမှု မျှော်လင့်ချက်တွေ တိုးပွားလာနေတာကြောင့် အစိုးရ အနေနဲ့ နောက်ပြန်ဆုတ်ဖို့ မလွယ်ပါဘူး၊ ဒါပေမဲ့ အစိုးရမှာ ကျွမ်းကျင်တဲ့ ၀န်ထမ်းတွေ ရှားပါးလှတယ်လို့ မကြာခင်က မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ မစ္စတာ Robert Hormats က ပြောပါတယ်။
ဒါ့အပြင် မြန်မာအစိုးရက မျှော်လင့်နေသလို အမေရိကန် ပြည်ထောင်စုရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက အလုံးအရင်းနဲ့ ၀င်လာဖို့ မလွယ်ကူသေးကြောင်း၊ မြန်မာပြည်ဟာ ရှုပ်ထွေးတဲ့ နေရာတစ်ခုဖြစ်တာနဲ့ အညီ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် အတော်လေး သတိထားနိုင်မှ တော်ကာကျမှာ ဖြစ်ကြောင်း၊ ရှုပ်ထွေးမှုတွေထဲက တစ်ခုက တိုင်းရင်းသား လူမျိုးစု ပြဿနာဖြစ်ကြောင်း မစ္စတာ Robert Hormats က ပြောဆိုခဲ့ပါတယ်။
မြန်မာအစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြောဆိုခဲ့ရာမှာ မြန်မာနိုင်ငံရဲ့ လက်ရှိ အရှုပ်တော်ပုံတွေကနေ ရှင်းလင်း လွတ်ကင်းအောင် အမှန်တကယ် ဆောင်ရွက်မယ်ဆိုရင် သူတို့အနေနဲ့ ရင်ဆိုင်ရမယ့် ဆန့်ကျင်ဘက် ပြဿနာတွေ ရှိနေတယ် ဆိုတာ နားလည်သလို ရှိကြောင်းလည်း အမေရိကန် ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ Robert Hormats က ပြောဆိုပါတယ်။

RFA Burmese

အာဏာရှင်နိုင်ငံတွေ မြန်မာ့ပြုပြင်ပြောင်းလဲမှုကို အတုယူသင့်

လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Michael A.Hammer
မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေအပေါ် အခြား အထီးကျန် အာဏာရှင်နိုင်ငံတွေအနေနဲ့ အတုယူသင့်ပြီး ဒီအတွက် နိုင်ငံတကာဘက်ကလည်း တုံ့ပြန်မှုကောင်းတွေ ရှိလာလိမ့်မယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Michael A.Hammer က ပြောလိုက်ပါတယ်။ အကြောင်းစုံကိုတော့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေအပေါ်မှာ တချက်ခြင်း တုံ့ပြန်သွားမယ်ဆိုပြီး ကတိပြုခဲ့အတိုင်း အမေရိကန် ပြည်ထောင်စုဟာ မြန်မာအပေါ် အရေးယူမှုအချို့ကို လျှော့ပေါ့ပေးလာခဲ့ပါတယ်။ မြန်မာ အစိုးရဘက်က အခု ပြုလုပ်လာတဲ့ ပြုပြင်ပြောင်းလဲရေးခြေလှမ်းတွေဟာ အစ ဆိုပေမဲ့ အားရကျေနပ် စရာရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Michael A.Hammer က ဇူလိုင်လ ၂၆ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

“မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတာ၊ ပွင့်လင်းလာတဲ့ အခြေအနေတွေကို ကြည့် ရတာတော့ အတော်လေး အားရကျေနပ်စရာကောင်းပါတယ်။ နိုင်ငံတကာအနေနဲ့ နှစ်ပေါင်းများစွာ ကတည်းက မျှော်လင့် နေတဲ့ လမ်းကြောင်းပေါ် ရောက်နေတဲ့ပုံပါ။ ဒါတွေဟာ အစပျိုးမှုသာ  ဖြစ်နေပေမဲ့ မြန်မာအစိုးရရဲ့ အခု ခြေလှမ်းတွေဟာ အားရကျေနပ်စရာရှိပါတယ်။”

ဒီလို ပြုပြင်ပြောင်းလဲမှုတွေကြောင့်လည်း မြန်မာနဲ့ အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ဟာ အတော်လေး တိုးတက် ကောင်းမွန်လာတယ်လို့ ဆိုရမှာပါ။ သံတမန်ရေး ဆက်ဆံမှုတွေ အပြန်အလှန် ပြုလုပ်လာတဲ့အပြင် ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်း ဆောင် ရွက်မှုတွေပါ ခြေလှမ်း အစပြုလာပါတယ်။ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲဟာ အခြား အာဏာရှင်တွေ အတွက်လည်း အချက်ပြမှုတခုဖြစ်တယ်လို့ Mr. Hammer က ပြောသွားပါတယ်။

“ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ အကြမ်းဖက် ရာဇ၀တ်မှုတွေ ကျူးလွန်တာကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ အပြင်ဘက် အထီးကျန်နေတဲ့ အုပ်ချုပ်သူတွေအတွက်လည်း ဒါဟာ အချက်ပြမှု တခုပါ။ မြန်မာနိုင်ငံအနေနဲ့ အခုလို ဒီလမ်းကြောင်းပေါ် လျှောက်လာတဲ့အတွက် အကျိုးအမြတ် ခံစားမှုတွေရှိပါတယ်။

"အာဏာရှင်တွေ၊ ဒီမိုကရေစီနည်းကျကျ လူထုကို ပါဝင်ပတ်သက်ခွင့်မပေးတဲ့ သူတွေအတွက် နိုင်ငံ တကာ အသိုင်းအ၀ို်င်းထဲမှာ အသေအချာ ပြန်ဝင်ဆန့်နိုင်ဖို့  မြန်မာနိုင်ငံဟာ စံပြနိုင်ငံလို ဖြစ်လာမယ် လို့ မျှော်လင့် ရပါတယ်။ အခုလုပ်နေတာတွေဟာ ကျနော်တို့ မြင်တွေ့လိုတာတွေပါ။ အစွန်းရောက်နေ တဲ့ သူတွေကိုတောင် သူတို့အခြေအနေကို ပြန်လည် သုံးသပ် စဉ်းစားကြဖို့ အားပေး တိုက်တွန်း လိုပါ တယ်။ သူတို့ဟာ သမိုင်းမှာ မှားတဲ့ဘက်မှာ ရှိနေပါတယ်။ သမိုင်းက သက်သေခံပါလိမ့်မယ်။ ဒါဟာ တာရှည်မခံပါဘူး။”

အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံအပေါ် အရေးယူမှု ဥပဒေတွေကို သက်တမ်းတိုးရေး ကိစ္စဟာ အခုလက်ရှိ လွှတ်တော်ထဲ ဆွေးနွေးနေကြဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခု သက်တမ်း တိုးမယ့် မူကြမ်းထဲမှာ အစိုးရကနေ ယာယီ ကင်းလွတ်ခွင့် ပေးနိုင်မယ့် လုပ်ပိုင်ခွင့်တွေကိုလည်း ထည့်သွင်းထားတာပါ။

အရေးယူမှုတွေ လျှော့ပေါ့ပေးလာတာနဲ့အတူ အမေရိကန် ကုမ္ပဏီတွေ စီးပွားရေးလုပ်ငန်းတွေ လည်း မြန်မာနိုင်ငံထဲ ရင်းနှီးမြှုပ်နှံဖို့ ပြင်ကြဆင်ကြ၊ မြန်မာပြည်ကို သွားရောက် လေ့လာကြ တာ တွေ့လာရပါတယ်။ ဒါပေမယ့် အချိန်တိုအတွင်းမှာတော့ မြန်မာနိုင်ငံထဲ အမေရိကန် ရင်းနှီးမြှုပ်နှံ မှုတွေ အလုံးအရင်းလိုက် ၀င်ရောက်မယ့် အလားအလာတော့ မရှိသေးပါဘူးလို့ မြန်မာနိုင်ငံကို မကြာခင်က သွားရောက်ခဲ့တဲ့ အမေရိကန် ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Robert Hormats က မနေ့ကပဲ ၀ါရှင်တန်ဒီစီက နိုင်ငံတကာ ကုန်သွယ်မှု အဖွဲ့မှာ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ရှုပ်ထွေးမှုတွေ ရှိနေဆဲဖြစ်တာမို့၊ ရင်းနှီးမြှုပ်နှံဖို့ဆိုတာ သတိထားရမယ့် အရာတွေ အတော် များများ ရှိတယ်လို့လည်း ပြောသွားပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် သဘာဝ ပတ်ဝန်း ကျင်နဲ့ အခြားလူမှု အခြေအနေတွေကို ထိခိုက်စရာရှိနိုင်တယ်ဆိုတဲ့ ဒေသခံတွေရဲ့ စိုးရိမ်ချက်ကို လည်း စီးပွားရေး ကုမ္ပဏီတွေ ဘက်က သတိထားပြီး ကိုင်တွယ်တုံ့ပြန်ဖို့ လိုမယ်လို့ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံထဲမှာ အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြဖို့ မြန်မာ အစိုးရ ကိုယ်တိုင်က လိုလားနေပေမယ့်လည်း တဘက်မှာတော့ နိုင်ငံတွင်း အဲဒီအတွက် အခင်း အကျင်းကောင်း လူသား အရင်းအမြစ် စသဖြင့် လိုအပ်ချက်တွေ စိန်ခေါ်ချက်တွေကတော့ ရှိနေသေး တယ်လို့ အကဲခတ်တွေက ယူဆထားကြပါတယ်။ 
 
ကိုသားညွန့်ဦး (ဗွီအိုအေ မြန်မာဌာန)

မြန်မာ့ရင်းနှီးမြှုပ်နှံမှု အဆိုးဘက်ဦးတည်မှာစိုးရိမ်

မြန်မာနိုင်ငံက နိုင်ငံရေး အပြောင်းအလဲတွေနဲ့အတူ အမေရိကန်နဲ့ ဥရောပတို့လို အနောက်နိုင်ငံတွေက အရေးယူ ဒဏ်ခတ်မှုတွေ လျှော့ပေါ့လာတဲ့ အတွက် နိုင်ငံခြား ကုမ္ပဏီတွေလည်း ၀င်ရောက်လုပ်ကိုင် ဖို့ ပြင်ဆင်နေကြပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ အထီးကျန်ဖြစ်နေခဲ့တဲ့ မြန်မာနိုင်ငံ မှာ ခေါင်းပုံဖြတ် အမြတ်ထုတ်တဲ့ အခြေအနေတွေ ပေါ်ပေါက်လာမှာကို စိုးရိမ်မကင်း ဖြစ်တာတွေလည်း ရှိနေကြတာပါ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Scott Stearns သတင်းပေးပို့ ထားတာကိုတော့ ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ ဥရောပနိုင်ငံတွေရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့အတူ မြန်မာနိုင်ငံက ဘဏ်လုပ်ငန်းတွေရဲ့ အားနည်းချက်တွေကြောင့် ပြည်ပက လုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံဖို့ အခက်ကြုံနေခဲ့ရပေမဲ့ အခုအခါ အရေးယူမှုတွေ လျော့ပါးလာတာနဲ့အမျှ ၀င်ရောက် လုပ်ကိုင်ဖို့ စိုင်းပြင်းလာကြတာ ဖြစ်ပါတယ်။ ဒီအထဲမှာ အမေရိကန် ပြည်ထောင်စုက ဧရာမလုပ်ငန်းကြီးတွေဖြစ်တဲ့ Google, Coca-Cola, General Motors စတဲ့ ကုမ္ပဏီတွေပါ ပါဝင်လာကြတာပါ။ ဒါပေမဲ့လည်း အလုပ်သမား အခွင့်အရေးတွေ၊ လုပ်ငန်းခွင် အခြေအနေတွေ အားမကောင်းလှသေးတဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် အကောင်းထက် အဆိုးဘက်ကို ဦးတည်မှာကို စိုးရိမ်နေသူတွေလည်း ရှိပါတယ်။ ကုလသမဂ္ဂ ကလေးငယ်များ အရေးပေါ် ရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Ramesh Shrestha ကတော့ ဆင်းရဲမွဲတေမှု ၃၀ ရာခိုင်နှုန်း ရှိနေတဲ့ မြန်မာနိုင်ငံမှာ ကလေးတွေအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ် နိုင်တဲ့ အန္တရာယ် ကြီးကြီးမားမား ရှိနေတယ်လို့ ဆိုပါတယ်။

“အစိုးရက ပြောနေသလို ဒီမိုကရေစီနည်းကျ ဖွင့်ပေးလာမယ်ဆိုရင် နေရာတိုင်းမှာ တံခါးတွေ ပွင့်လာမယ် ဆိုတာကတော့ ရှင်းပါတယ်။ သဘောကတော့ မထိန်းနိုင်သေးဘဲ ဖြစ်နေတဲ့ လက်ရှိ အခြေအနေတွေ ဟာလည်း ပိုပြီး လျော့ရဲရဲ ဖြစ်လာနိုင်တာပါ။ လူတွေက လုပ်ချင်တာ လုပ်လာနိုင်တဲ့ သဘောပါ။ ဥပဒေနဲ့ ညီတာရော၊ မညီတာရော အကုန်ဖြစ်လာနိုင်ပါတယ်။”

အစိုးရ လက်အောက်ခံ မဟုတ်တဲ့ အဖွဲ့တခုဖြစ်တဲ့ World Vision ရဲ့ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး မူဝါဒရေးရာ အကြီးတန်း အကြံပေး အရာရှိ Jesse Eaves ကတော့ အကောင်းဘက်ကို ဦးတည်တဲ့ ပြောင်းလဲမှု ခြေလှမ်းတွေ လှမ်းလာတာကသာ အရေးကြီးတယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံလို တိုင်းပြည်မျိုးတွေမှာ ကိုယ့်ရဲ့နယ်စပ်ဒေသမှာ ဘာတွေ ဖြစ်ပျက်နေတယ်၊ လူထုက ဘာတွေ ရင်ဆိုင်နေရတယ် ဆိုတာတွေကို အသေအချာကြည့်ပြီး လိုအပ်သလို တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ ကြိုးပမ်း လာတာတွေကို တွေ့ရပါတယ်။”

World Vision အနေနဲ့ကတော့ အထူးသဖြင့် လူမှောင်ခိုကူးမှုတွေ၊ ကလေးတွေအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်တာတွေလို ကိစ္စတွေနဲ့ ပတ်သက်လို့ ကိုယ်တွေ့ ကြုံခဲ့ရသူတွေနဲ့ လက်တွဲပြီး အများက အာရုံစိုက်လာအောင် ကြိုးစားနေတယ်လို့လည်း သူက ပြောပါတယ်။

“ဒီကိစ္စနဲ့ ပတ်သက်လို့ ကိုင်တွယ်လာတာတွေ၊ ပွင့်ပွင့်လင်းလင်း ဆွဲထုတ်ပြီး၊ မြင်သာထင်သာဖြစ်အောင် လုပ်လာတာတွေကို ကြည့်မယ် ဆိုရင်ပဲ အပြောင်းအလဲတွေဟာ အံ့သြလောက်စရာပါ။ အကြီးမား ဆုံး ပြဿနာလို့ ကျနော် ယူဆတာကတော့ လူတွေက သူတို့ တွေ့မြင်နေရတဲ့ ကိစ္စက ဘာမှန်းမသိဘဲ ဖြစ်နေကြတာပါ၊ ဒါက သာမန် ဖြစ်ရိုးဖြစ်စဉ် ကိစ္စ၊ တလျှောက်လုံး လုပ်လာတဲ့ ကိစ္စပဲလို့ မြင်ကောင်းမြင်ကြတဲ့ ကိစ္စပါ။”

အမေရိကန် ပြည်ထောင်စု Brookings တက္ကသိုလ်က စီးပွားရေး ကျွမ်းကျင်သူ Lex Rieffel ကတော့ မြန်မာနိုင်ငံက စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေမှာ လူမှုဖူလုံရေးနဲ့ ဖွံ့ဖြိုးရေး အစီအစဉ်တွေဟာ စိန်ခေါ်မှုတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“သဘာဝ အရင်းအမြစ်တွေမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံကြတဲ့ တိုင်းပြည်တွေဟာ လူ့အရင်းအမြစ်တွေ မှာ စိုက်ထုတ်မှုတွေ နည်းပါးတဲ့ ပုံစံမျိုး တွေ့ရတတ်ပါတယ်။ အတွေ့အကြုံတွေအရ ပြောရမယ် ဆိုရင်တော့ လူ့အရင်းအမြစ်အတွက် ရင်းနှီးမြှုပ်နှံမှုတွေက ရေရှည်မှာ ပြန်ပြီး အကျိုး ခံစားရတတ်ပါတယ်။”

ဗြိတိန်နိုင်ငံ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဌာနရဲ့ အမှုဆောင် အရာရှိချုပ် Nick Baird ကတော့ နိုင်ငံခြား ကုမ္ပဏီတွေက မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအပေါ် ကြီးကြီးမားမား အကျိုးပြုနိုင်မယ်လို့ မြင်ပါတယ်။

“ဒါက စီးပွားရေး သက်သက် မဟုတ်ပါဘူး၊ ပွင့်လင်းပြီး ထင်သာမြင်သာရှိရှိနဲ့ တာဝန်သိတဲ့ စီးပွားရေး ပုံစံမှာ အတူလက်တွဲ လုပ်ဆောင်ခြင်းအားဖြင့် တိုင်းပြည် တည်ငြိမ်မှုအတွက် အထောက်အကူ ဖြစ်ပါလိမ့်မယ်။”

ဗြိတိန်ကုန်သွယ်ရေးရုံး အကြီးအကဲလိုပဲ နှစ်ပေါင်း ၂၀ ကျော်မှာ ပထမဆုံးအကြိမ် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဖြစ်လာတဲ့ Derek Mitchell ကလည်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေက ပွင့်လင်းမြင်သာပြီး တာဝန်ခံမှုတွေ ပိုရှိလာနိုင်တယ်လို့ ပြောဆိုထားတာလည်း ဖြစ်ပါတယ်။ 
 
 ကိုအောင်လွင်ဦး (ဗွီအိုအေ မြန်မာဌာန)

ကိုင်းတန်း ပျံကျဈေး မပြောင်းရရေး ဈေးသည်တွေ ဆန္ဒထုတ်ဖော် (ရုပ်/သံ)

မန္တလေးတိုင်း ချမ်းအေးသာဇံမြို့နယ် ၈၄ လမ်းနှင့် ၈၅ လမ်းကြားမှာရှိတဲ့ ၂၉ လမ်းပေါ်ရှိ ညဘက် ဈေးရောင်းချနေကြတဲ့ ကိုင်းတန်း ပျံကျဈေးကို ၄၁ လမ်း ကမ်းနား
လမ်းထောင့် ကုန်စိမ်းဈေးသစ်ဆီသို့ ပြောင်းရွှေ့ပေးရမယ် ဆိုတာကြောင့် ဈေးနေရာ မပြောင်းရရေးအတွက် ဈေးသူ ဈေးသားတွေ စုပေါင်းပြီး ဇူလိုင်လ ၃၀ ရက်နေ့က
ဆန္ဒ ထုတ်ဖော် ခဲ့ကြပါတယ်။

ဆန္ဒ ထုတ်ဖော်ကြတဲ့ ဈေးသူ ဈေးသားတွေဟာ ည ၁၀း၀၀ နာရီခန့်က စတင်ပြီး ကိုင်းတန်း ပျံကျဈေးတန်းမှာ ငြိမ်းချမ်းစွာ စီတန်း၍
လှည့်လည် ဆန္ဒ ထုတ်ဖော် တောင်းဆို ခဲ့ကြတာဖြစ်ပြီး မြို့တော် စည်ပင်က သက်မှတ်ပေးထားတဲ့ ကုန်စိမ်းဈေးသစ်ကို မပြောင်းရွှေ့ချင်တဲ့ အကြောင်းအရင်းတွေကို
ရှင်းပြ ခဲ့ပါတယ်။ မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေနဲ့ ဈေးနေရာ ပြောင်းရွှေ့ရာမှာ ဈေးသူ ဈေးသားတွေရဲ့ဆန္ဒကို ခံယူခြင်းမရှိပဲ ပြောင်းရွှေ့ခိုင်းတာ
ဖြစ်တယ်လို့ ဈေးသူ ဈေးသားတွေက ပြောဆို နေကြပါတယ်။

ရုပ်/သံ ကြည့်ရန် ဒီနေရာကို နှိပ်ပါ

ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ဆန္ဒထုတ်ဖော် ခဲ့ကြသော ဈေးသူ ဈေးသားများ
Burma VJ Media Network

ဘီးလှိမ့်ခွန်ကြေးဂိတ်များပြားနေမှုကို ညှိနှိုင်းတော့မည်

အဝေးပြေး လမ်းမကြီးများရှိ ဂိတ်များတွင် ဘီးလှိမ့်ခွန်ကြေးပေး  ဆောင်ရသည့် ဂိတ်များပြားနေမှု ကြောင့် သက်ဆိုင် သည့်မြို့များ၏  စည်ပင်သာယာ ရေးအဖွဲ့များနှင့် ညှိနှိုင်းဆောင် ရွက်တော့မည်ဖြစ် ကြောင်း ဆောက်လုပ် ရေးဝန်ကြီး ဌာနမှ ဒုတိယ၀န်ကြီး ဦးကျော်လွင်  ကပြောသည်။

လမ်း၊ တံတားများ အတွက် အသုံးပြု ခကောက်ခံ ရာတွင် ဘီအို တီစနစ်ဖြင့် မိုင် (၅၀) တစ်ဂိတ် နှုန်းကောက်ခံ ပြီးအဝေးပြေးလမ်း ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရိုဟင်ဂျာများ လူဦးရေ စိမ့်ဝင်မှု သီအိုရီဖြင့် ၀င်ရောက် လာခြင်း ဖြစ်ကြောင်း ၀န်ကြီး ဦးအောင်မင်း မှပြောကြား

ဒီ ရိုဟင်ဂျာ  တွေကPopulation Best Theory  နဲ့ ကျွန်တော်တို့ နိုင်ငံထဲကိုစိမ့်ဝင် လာတယ်။အကြောင်းအမျိုးမျိုးနဲ့ ဒီလိုဝင်လာပြီးဒီမှာမိန်းမယူတယ်။  သူတို့တစ်ယောက်ထဲနဲ့မိန်းမ က   လေးယောက်လောက်ယူလိုက် တယ်။ဒီတော့ တစ်နှစ်မှာ ကလေး  တစ်ယောက်ပဲမွေးနိုင်တဲ့တိုင်းရင်း သားတွေထက်စာရင်သူတို့က တ နှစ်မှာကလေး လေးယောက်မွေး နေတယ်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




သြဂုတ်လ (၂) ရက်နေ့ ထုတ် Hot News Weekly

သြဂုတ်လ (၂) ရက်နေ့ ထုတ် Hot News Weekly

ဂျာနယ်ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


အစိုးရ အဖွဲ့ဝင်များရဲ့ ပိုင်ဆိုင်မှုစာရင်း ကောက်ပြီဟုဆို

ဇူလိုင်လ ၃၁ ရက်။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်သူ့လွှတ်တော် အမတ် ဦးဝင်းမြင့်က ဇူလိုင်လ ၂၅ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သန့်ရှင်းသော အစိုးရနဲ့ ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်ပေါ်စေရေးအတွက် အစိုးရ အဖွဲ့ဝင်များအနေနဲ့ ပိုင်ဆိုင်မှု ပစ္စည်းများနဲ့ အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာကြပြီး မှတ်တမ်းတင်ထားရန် အဆိုကို တင်ပြပြီးနောက်မှာ သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရ အဖွဲ့ဝင်များအားလုံး စီးပွားရေးလုပ်ငန်းနဲ့ ပိုင်ဆိုင်မှုများကို သြဂုတ်လ ၁ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပြုစုတင်ပြကြရန် အမိန့်တစ်ရပ် ညွှန်ကြားထားတယ်လို့ ပြောပါတယ်။ စီးပွားရေး လုပ်ငန်းနှင့် ပိုင်ဆိုင်မှုများ တင်ပြကြရမယ့် အစိုးရအဖွဲ့ဝင်များမှာ ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်များ၊ တရားသူကြီးချုပ်များ၊ တရားသူကြီးများ ပါဝင်တယ်လို့ အဲဒီအမိန့်စာမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။ ပိုင်ဆိုင်မှု တင်ပြရမယ့်စာရင်းမှာ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းများ ပါဝင်ပြီး ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းစာရင်းမှာ မော်တော်ယာဉ်၊ စိန်၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားနဲ့ ဝတ်ဆင်ရန် ရတနာများ၊ စီးပွားရေးလုပ်ငန်း၊ စုဆောင်းထားရှိတဲ့ ငွေပမာဏ၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းစာရင်းမှာ မြေ၊ အိမ်၊ အဆောက်အအုံများ တင်ပြရမှာဖြစ်ပြီး၊ ကြွေးမြီနဲ့ အခြားအထွေထွေပိုင်ဆိုင်မှုများ ရှိပါကလည်း တင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။

ရတနာပုံ သတင်း - BY YATANARPON

ဆန္ဒပြလယ်သမားကို အာဏာပိုင်က အကြမ်းဖက်ဖြိုခွဲ

ပဲခူးတိုင်း အနောက်ခြမ်း သဲကုန်းမြို့မှာ ဒီကနေ့ မနက်ပိုင်းက ဆန္ဒပြတဲ့ လယ်သမား အယောက် (၂၀၀) နီးပါးကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွဲခဲ့ပြီး လယ်သမား (၅) ဦးကို ခေတ္တ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

RFA
၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်က ပဲခူးတိုင်း အနောက်ခြမ်း သဲကုန်းမြို့တွင် လယ်သမား ဆန္ဒပြနေကြစဉ်။
လယ်သမားတွေက ဆန္ဒပြဖို့ ဇူလိုင်လ (၂၄) ရက်နေ့က ကြိုတင်ခွင့်ပြုချက် တောင်းခံခဲ့ပေမယ့် အာဏာပိုင်တွေဘက်က တစုံတရာ အကြောင်းမပြန်ခဲ့ဘူးလို့ သိရပါတယ်။ လယ်သမား အများစုဟာ ခွင့်ပြုချက် ရရှိထားပြီးပြီလို့ ယူဆပြီး မြို့နယ်ခန်းမကို စုရုံးသွားရောက်ရာမှာ အခုလို အကြမ်းဖက် ဖမ်းဆီးခံရတာလို့ လယ်သမားတဦးက RFA ကို ပြောပါတယ်။
အဲဒီလို ဆန္ဒပြ လယ်သမားတွေကို သဲကုန်းမြို့အဝင် မြို့တော်ခန်းမနားမှာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ရဲမှူးဦးစီးတဲ့ အာဏာပိုင်အဖွဲ့က နံပါတ်တုတ်တွေနဲ့ ရိုက်ပြီး လမ်းတွေပေါ် ဒရွတ်တိုက် ဆွဲခေါ်ဖမ်းဆီးသွားပုံကို မိမိကိုယ်တိုင် မြင်ခဲ့ရပါတယ်လို့ သဲကုန်းမြို့ခံ ကိုမင်းလွင်ကလည်း RFA ကို ပြောပါတယ်။
"တန်းစီပြီး လာတဲ့အချိန်မှာ ရဲတွေက ဝင်ပြီးဖမ်းပေါ့။ ရိုက်တဲ့လူက ရိုက်ပေါ့။ အဲဒီလို လုပ်တာ။ လုပ်ရင်းနဲ့တချို့ ဆိုလို့ရှိရင် ကျွန်တော် မြင်တာကတော့ဗျာ ရဲတစ်ယောက်က လယ်သမား တစ်ယောက်ကို သူ့လက်ထဲမှာရှိတဲ့ နံပါတ်တုတ်နဲ့ လည်ပင်းကို ညစ်ပြီး တရွတ်တိုက် ခေါ်လာတာ။ အဲဒီ ရဲမှူးတစ်ယောက်က ဆိုလို့ရှိရင် ဆဲဆိုပြီး ရိုက်ကွာ အဲဒီလိုပြောတာ။ အဲဒီသုံးပွင့်နဲ့ "
ဆန္ဒပြမယ့် လယ်သမားအများစုဟာ သဲကုန်းမြို့ အနီးတ၀ိုက် ကျေးရွာတွေက ဖြစ်ပြီး ခလရ (၈၀)၊ ခမရ (၄)၊ ခမရ (၅) စတဲ့ တပ်မ (၆၆) လက်အောက်ခံ တပ်တွေနဲ့ အမှတ်-၃ ကုမ္ပဏီ လီမိတက်က သိမ်းယူထားတဲ့ လယ်မြေဧက (၁၆၀၀) ကျော်ကို ပြန်လည်ရရှိရေးအတွက် တောင်းဆိုဖို့ ရည်ရွယ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် အင်းမ တမံကြောင့် လယ်မြေတွေ ရေနစ်မြှုပ်တာကို ကူညီဆောင်ရွက်ပေးဖို့နဲ့ စိုက်ပျိုးစရိတ် ချေးငွေတွေ ရရှိရေး စတာတွေကို တောင်းဆိုဖို့လည်း စီစဉ်ထားခဲ့ကြတယ်လို့ဆိုပါတယ်။ အဖမ်းခံရသူတွေကို နောက်ပိုင်းမှာ ခံဝန်ချက် လက်မှတ်တွေထိုးခိုင်းပြီး ပြန်လွှတ်လိုက်တယ်လို့ သိရပါတယ်။

RFA Burmese
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်