အိုလံပစ် ပထမဆုံး ရွှေတံဆိပ် တရုတ်ဆွတ်ခူး
Siling Yi က အမျိုးသမီး မီတာ ၁၀ ရိုင်ဖယ် သေနတ်ပစ် ပြိုင်ပွဲကနေ ပထမဆုံး ရွှေတံဆိပ်ကို ရရိ
၂၀၁၂ အိုလံပစ် အားကစား ပြိုင်ပွဲရဲ့ ပထမ ဦးဆုံး ရွှေတံဆိပ် ဆုကို တရုတ်နိုင်ငံ ကနေ ဆွတ်ခူး ရရှိသွားပါတယ်။
အမျိုးသမီး မီတာ ၁၀ ရိုင်ဖယ် သေနတ်ပစ် ပြိုင်ပွဲမှာ တရုတ်နိုင်ငံက ယီ ဆီလင်းက ပထမ ဆု ရရှိသွားတာ ဖြစ်ပါတယ်။
ဒီသေနတ်ပစ် ပြိုင်ပွဲမှာပဲ တရုတ်နိုင်ငံက ယူဒန်က ကြေးတံဆိပ် တခု ထပ်မံ ရရှိသွားပြီး ပိုလန်က ဘိုဂါကာ ဆီဝီယာက ငွေတံဆိပ် ဆွတ်ခူးသွားပါတယ်။စနေနေ့ ကစားမယ့် အဓိက အားကစားပွဲတွေ ထဲမှာ အမျိုးသား စက်ဘီးစီး ပြိုင်ပွဲ၊ ဂျွမ်းဘား၊ ရေကူး၊ လှေလှော် နဲ့ ဘတ်စကက်ဘော ပြိုင်ပွဲတို့ ပါဝင်ကြ ပါတယ်။အဲလ်ဘေးနီးယားနိုင်ငံ အလေးမ အားကစားသမား တဦး ကတော့ ဆေးစစ်ရာမှာ မအောင်တဲ့ အတွက် သူ့ကို ပြိုင်ပွဲကနေ ပိတ်ပင် လိုက်ပါတယ်။
၂၀၁၂ လန်ဒန် အိုလံပစ် ဖွင့်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အိုလံပစ် ကော်မတီ ဥက္ကဌက အံ့ဘွယ်မခန်း အခမ်းအနား ဖြစ်တယ်လို့ ချီးကျူး ပြောကြားပါတယ်။ ဗြိတိသျှတို့ရဲ့ တီထွင် ဖန်တီးနိုင်မှုနဲ့ ပတ်သက်တဲ့ သရုပ် ဖေါ်ချက် အားလုံးဟာ အင်မတန် ကောင်းမွန်တယ်လို့ သူက ပြောပါတယ်။ ဒါပမေယ့်လည်း အိုလံပစ် ဖွင့်ပွဲ အခမ်းအနားနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ တရုတ်အစိုးရ သတင်းစာ ဖြစ်တဲ့ ရှင်ဝှာ မှာတော့ ဗြိတိန်ဟာ ခေတ်အဆက်ဆက် ကမ္ဘာ့ကို လွှမ်းမိုးထားပြီး၊ ရှေ့အနာဂတ် မှာလည်း ကမ္ဘာကြီးကို ဆက်လက် ကြီးစိုးသွားမှာ ကို ဖေါ်ကျူးဖို့ ကြိုးစားခဲ့တာ ဖြစ်တယ်လို့ ရေးသားထား ပါတယ်။
ဘီဘီစီ မြန်မာဌာန
လန်ဒန် ၂၀၁၂ အိုလံပစ် ဖွင့်ပွဲမြင်ကွင်း
ဂျိမ်းစ်ဘွန်း၊ မစ္စတာဘင်း၊ ပန့်ခ်ဂီတ၊ ဘုရင်မကြီး၊ ဒေးဗစ်ဘက်ကမ်တို့နဲ့ လန်ဒန် ၂၀၁၂ အိုလံပစ် ဖွင့်ပွဲမြင်ကွင်း -DVB TV News
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
လန်ဒန် အိုလံ ပစ်ပြိုင်ပွဲမှာ ၀င်ရောက် ဆင်နွဲ နိုင်ဖို့ မြန်မာနိုင်ငံက အားကစားနည်း (၅)မျိုးအတွက် ကစား သမား (၆)ဦးကို စေလွှတ်ထားပါတယ်။
Shwe Zin Latt
အမျိုးသမီးတဦးချင်းလှေလှော်ပြိုင်ပွဲ လူရွေးပွဲအဆင့်မှာ ၅ ယောက်ပြိုင် အဆင့် ၅ နဲ့ပဲ ကျေနပ်သွားရတယ်
စစ်တပ်ဖမ်းတဲ့ ရွာသား အလောင်းပဲ ပြန်တွေ့
ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်းမြို့နယ် အတွင်းက ရွာသား တစ်ယောက်ကို မြန်မာ အစိုးရတပ်က ဖမ်းသွားပြီးနောက် သေဆုံးနေတဲ့ အလောင်းကိုပဲ မနေ့က ပြန်တွေ့ရတယ်လို့ သိရပါတယ်။
ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်းမြို့နယ် ရီခူးကျေးရွာက ရွာသားတွေကို ဇူလိုင်လ တစ်ရက်နေ့က ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွါးတဲ့ နောက်ပိုင်းကေအိုင်အိုနဲ့ ပတ်သက်တယ်လို့ ယူဆပြီး အစိုးရစစ်တပ် အမှတ် ခမရ ၇၊ ခမရ ၉ နဲ့ ခလရ ၁၂၃ တပ်တွေက ----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ပေါက်တောမြို့နယ်ရှိ ကျွန်းစုများတွင် (န.စ.က) စခန်းချရန် ငွေကြေးများကောက်ခံနေ
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် မြေငူကျွန်း၊ အင်ကြင်းချိုင်ကျွန်း၊ ပိန္ဒဲချောင်းကျွန်းရှိ ကျေးရွာများတွင် န.စ.က မှ တပ်စခန်းချရန်ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံလျှက်ရှိကြောင်း သတင်းရရှိသည်။
“ ပေါက်တောမြို့နယ် ပိန္နဲချောင်းကျေးရွာအုပ်စု၊ ကျောက်ပြင်ကျေးရွာတွင် ရပ်ရွာကိုလုံခြုံရေးယူရန်အတွက် တပ်ဖွဲ့အင်အား (၆၀)ခန့် ပါသော န.စ.က တပ်စုတစ်စုသည် ယခုအခါ ကျနော်တို့ ကျောက်ပြင်ကျေးရွာကို လုံခြုံရေးယူရန် ရောက်နေပါတယ်။ သူတို့ ရောက်ပြီးသိပ်မကြာဘူး ပိန္န္နဲချောင်းကျွန်းစု တစ်ခုလုံးက ကျေးရွာတွေမှာရှိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုခေါ်ပြီး ဇူလိုင်လ (၂၄) ရက်နေ့က အစည်းအဝေး လုပ်ခဲ့ကြတယ်။ သူတို့က ဒီရွာမှာ စခန်းချမယ်၊ ဒီမှာနေတဲ့အချိန်မှာ သူတို့နေထိုင် စားသောက်ဖို့အတွက် ကျေးရွာတစ်ရွာက တစ်အိမ်ထောင်ကို ၅၀၀ ကျပ် ကောက်ပေးရမယ် ဆိုပြီးတော့ ကျနော်တို့ အုပ်ချုပ်ရေးမှူးတွေကို အစည်းဝေးမှာ ပြောလိုက်ပါတယ်။ နောက်တစ်ခါ ထပ်ပြီးတော့ ဇူလိုင်လ (၂၅)ရက်နေ့ အစည်းအဝေးခေါ်ပါတယ်။ ဒီတစ်ခါကျတော့ ကျနော်တို့ ကျွန်းစုတစ်ခုတည်း မဟုတ်တော့ဘူး။ တစ်ခြားကျွန်းစုတွေဖြစ်တဲ့ မြေငူကျွန်း၊ အင်းကြင်းချိုင်ကျွန်း တွေလည်းပါလာတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေအပြင် ရာအိမ်မှူးတွေပါခေါ်တယ်။ အဲဒီနေ့ကျတော့ တစ်အိမ်ထောင်ကို (၁၅၀၀) ကျပ် ပေးရမယ်ဆိုပြီး ပြောတယ်။ မပေးတဲ့ အိမ်ထောင်စုရှိရင် သူတို့ ကိုဖမ်းပြီးတော့ ထောင်ချမယ်လို့  န.စ.က မှ အရာရှိတစ်ဦးက ခြိမ်းခြောက်ပြီး ပြောပါတယ်။ ကျနော်တို့ ကျွန်းသုံးကျွန်းပေါင်းရင် အိမ်ခြေ (၉၀၀၀) ကျော်၊ လူဦးရေ (၂၀၀၀၀) လောက် ရှိပါတယ်။ ကျနော်တို့ ရွာတွေက အိမ်ထောင်စု စာရင်းတွေကလည်း သူတို့ လက်ထဲမှာ အကုန်ရောက်နေပါပြီ ” ဟု အစည်းဝေးသို့ တက်ရောက်ခဲ့သူ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးမှ ပြောသည်။
၎င်းကျေးရွာများသည် ရေလုပ်ငန်းနှင့် လယ်လုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ဇွန်လမှစ၍ အခုထက်ထိဖြစ်ပွားနေသော ဘင်္ဂလီမူဆလင်-ရခိုင် အဓိကရုဏ်းကြောင့်  ဒေသခံရခိုင်တိုင်းရင်းသားများမှာ ကုလားရန်ကိုကြောက်လို့ ငါးဖမ်းရန် လှေမထွက်ရ၊ လယ်အလုပ်ကိုလည်း မလုပ်ရသောကြောင့် မိသားစုစားဝတ်နေရေး အဆင်မပြေသည်ကို သိရပြီး ၄င်းအဆင်မပြေမှုကြောင့် ဒေသခံရွာသားများမှာ ကယ်ဆယ်ရေးအဖွဲ့အစည်းများကိုသာ အားကိုးနေရသည်ကို သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သတ်၍ ဒေသခံတိုင်းရင်းသားများမှာ အကြမ်းဖက်ဘင်္ဂလီမူဆလင်များရန်ကြောင့် ဆင်းရဲဒုက္ခကို ခါးစည်းခံစားနေရသောကြားက သက်ဆိုင်ရာအာဏာပိုင်များ၏ အတင်းအဓမ္မခြိမ်းခြောက် ငွေတောင်းစားမှုများကို ထပ်မံခံနေရ၍ ၄င်းအာဏာပိုင်များမှာလည်း တိုင်းပြည်တာဝန်ကို မှန်မှန်ကန်ကန်မထမ်းဆောင်ဘဲ ဓါးပြသဖွယ်တောင်းစားနေမှုများသည် နိုင်ငံတော် သမ္မတကြီးက သန့်ရှင်းသောအစိုးရ ကောင်းမွန်သောအစိုးရလို့ ပြောဆိုနေသောစကားနှင့် ကွာဟမှုရှိနေသည်ကို သိရပြီး အောက်ခြေ၀န်ထမ်းတွေရဲ့ လာဘ်စားလိုတဲ့စိတ် ပြည်သူတွေအပေါ် အနိုင်ကျင့်လိုတဲ့စိတ် မပျောက်သေးသမျှ သမ္မတကြီးမျှော်မှန်းထားသောပန်းတိုင်ကို ဘယ်သောအခါမှ ရောက်ရှိမည်မဟုတ်ကြောင်းကို ဒေသခံတိုင်းရင်းသားများက ပြောဆိုနေကြသည်။
Written by ရွှေဘန်း(စစ်တွေ) အာရ်ကန်တိုင်းမ်
ကြို့ပင်ကောက်မြို့မှ မြို့နယ် ရဲတပ်ဖွဲ့ ငါးမျှားတဲ့သူတွေဆီ ကနေ ငွေတောင်း (ပေးစာ)
နိုင်ငံတော် သမ္မတကြီး၏ လက်နဲ့ရေးသော အဆိုအမိန့်အား ခြေနဲ့ဖျက်နေကြတဲ့
ကြို့ပင်ကောက်မြို့မှ မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့်
တရားရုံးဝန်ထမ်းများ.. (တိုင်ကြားစာ)
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ ရွာမတောင်ရပ်ကွက်
က၀ိမင်္ဂလာ လမ်းထိပ်ရှိ ရေကန်တွင် ၂၅.၇.၂၀၁၂နေ့ နေ့လည် ၂နာရီခန့် အချိန်က
မောင်ဥာဏ်မျိုးအောင်၊ မောင်သံချောင်းနှင့် မောင်မင်းမင်းတို့
လူငယ်သုံးဦး အပျော်တမ်း ငါးမျှားနေစဉ် မြို့နယ်ရဲတပ်ဖွဲ့မှ ရဲများမှ
လာရောက် ဖမ်းဆီးပြီး မူးယစ်ယမ်းကား ဥပဒေပုဒ်မ(၄၇)ဖြင့် မတရား တရားရုံး
တင်ခံလိုက်ရပါသည်။ ထိုလူငယ်သုံးဦးမှာ အရက်သေစာ သောက်စားထားခြင်းလည်း
မရှိပါဘဲ မတရားစွာ ရုံးတင် ခံလိုက်ရပါသည်။
တရားရုံးအမှတ်(၃)မှလည်း ထိုလူငယ်သုံးဦးအား လာဘ်ငွေ တစ်ယောက်လျှင်
တစ်သောင်း တောင်းသော်လည်း ၃ယောက် ကိုးထောင်ဖြင့် ပြေလည်သွားပြီး
အမှုကိုမူ မူးယစ်ယမ်းကား ဥပဒေပုဒ်မ(၄၇)ဖြင့် သတ်မှတ်ပြီး ဒဏ်ငွေ
ကျပ်၅၀၀နှင့် မြက်နှုတ်ခိုင်း ခဲ့ပါသည်။
တရားဥပဒေအား အလွှဲသုံးစား ပြုမူနေကြသော မြို့နယ် ရဲတပ်ဖွဲ့ဝင်များသည်
ပြည်သူလူထုအပေါ် မတရားစွာ အနိုင်ကျင့်လျက် ရှိနေသည်မှာ ကြာပြီဖြစ်ပါသည်။
အမှုလိုနေ၍ မဟုတ်သော်လည်း ပုဒ်မအတင်း တပ်လိုက်ကြပါသည်။ နိုင်ငံတော်
သမ္မတကြီး၏ "Good governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean
government(သန့်ရှင်းသောအစိုးရ) ဖြစ်ပေါ်စေရေးအတွက် အထက်ပါ အောက်ခြေမှ
ပြည်သူလူထုအပေါ် မတရား အနိုင်ကျင့်နေသည့် အာဏာပိုင်များ၏ လုပ်ရပ်များသည်
သမ္မတကြီး၏ လက်နဲ့ ရေးသားချက်အား ခြေနဲ့ ဖျက်နေသလို အကျည်းတန်
အရုပ်ဆိုးလှပါတယ်..။ ထို့ကြောင့် တရားဥပဒေအား အလွဲသုံးစားပြု၍
ပြည်သူလူထုအား မတရားပြုမူ နေကြသော ရဲတပ်ဖွဲ့ဝင်များနှင့် တရားရုံးမှ
တာဝန်ရှိသူများအား နိုင်ငံတော် သမ္မတကြီးမှ သိရှိပြီး ထိရောက်ပြင်းထန်စွာ
အရေးယူ ပေးနိုင်ပါရန် ဤသတင်းဋ္ဌာနမှ တစ်ဆင့် ရင်ဖွင့်တင်ပြလိုက်ရပါသည်
ခင်ဗျား။
မတရားမှုကို ပပျောက်စေလိုသူ မြို့ခံတစ်ဦး
မည်သည့် ခြိမ်းခြောက်မှုမျှ မကြောက်ဟု ရခိုင်ပါတီ ပြော
 မည်သည့် ဘာသာရေး အစွန်းရောက်များ၏ ခြိမ်းခြောက်မှုကိုမျှ ကြောက်စရာ မလိုကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က ပြောကြားသည်။
ဇူလိုင်လ ၂၆ ရက်နေ့က ထုတ်ပြန်လိုက်သည့် ပါကစ္စတန် အခြေစိုက် တာလီဘန် အကြမ်းဖက်အဖွဲ့ တခုဖြစ်သည့် TTP ၏ ရခိုင်ပြည်နယ် ရိုဟင်ဂျာ မူဆလင် အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် ခြိမ်းခြောက် ပြောဆိုမှုများကို
ပြန်လည်တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။
“ကျနော်ပြောမယ်။ တာလီဘန် မကလို့ ဘာပဲဖြစ်ဖြစ်၊ ကျနော်တို့က လုံးဝမကြောက်ဘူး။ ကျနော်တို့မှာရှိတဲ့ လက်နက်နဲ့၊ ရှိတဲ့ စိတ်ဓါတ်နဲ့ ခုခံမယ်။ မည်သည့်ဘာသာရေး အစွန်းရောက်တဲ့ ပုဂ္ဂိုလ်တွေရဲ့ မည်သည့် ခြိမ်းခြောက်
မှုမှ ကျနော်တို့ လက်မခံဘူး။ ကျနော်တို့မှာ အသက်ရှိနေသမျှ ကာလပါတ်လုံး ခုခံမှာပဲ။ ဒါပဲ။ ဒါဟာ ကျနော်တို့ လူမျိုး တခုလုံးရဲ့စိတ်ဓါတ်ကို ပြောတာ” ဟု မဇ္ဈိမကို ပြောုသည်။
TTP ၏ ခြိမ်းခြောက်စာတွင် ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်ရှိ မြန်မာ သံရုံးကိုလည်း ပိတ်ပစ်ရန်နှင့် ပိတ်မပစ်ပါက မြန်မာ့အကျိုးစီးပွား မှန်သမျှ ဖျက်ဆီးပစ်မည်ဟု ပါရှိသည်။
“ပါကစ္စတန်ရဲ့ တာဝန်ပဲလေ။ သံရုံး တရုံး ဆိုတာ နိုင်ငံတခုကို ကိုယ်စားပြုတယ်။ သံအမတ်ကြီး ခန့်အပ်လွာကို နိုင်ငံတကာ သံခင်းတမန်ခင်း ထုံးတမ်းစဉ်လာအရ သက်ဆိုင်ရာ နိုင်ငံ ကိုယ်စားပြုတဲ့ နယ်မြေအဖြစ် ခန့်အပ်ခြင်းခံရ
တဲ့ နိုင်ငံကို အသိအမှတ် ပြုပေးရတာကိုး။ အဲဒီနိုင်ငံမှာရှိတဲ့ သံရုံးလုံခြုံရေးကို တာဝန်ခံရမယ့်သူက အဲဒီ သက်ဆိုင်ရာ နိုင်ငံက တာဝန်ရှိတဲ့ လက်ရှိအစိုးရပါပဲ” ဟု ဒေါက်တာအေးမောင် က ဆိုသည်။
၎င်းတို့ တောင်းဆိုသည့်အတိုင်း မလိုက်လျောပါက မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာများ သတ်ဖြတ်ခံခဲ့ရသည်တို့ကို
ပြန်လည် ဂလဲ့စားချေ တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု TTP အဖွဲ့က ဆိုသည်။ ၎င်းတို့က မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မူဆလင်များအား “သင်တို့ကျခဲ့ရတဲ့ သွေးတွေ အတွက် ကျွန်ုပ်တို့ လက်စားချေမည်” ဟု ဆိုခဲ့ခြင်း ဖြစ်သည်။
မကြာသေးမီက ဖြစ်ပွါးခဲ့သည့် ဗုဒ္ဓဘာသာ ရခိုင်များနှင့် မူဆလင် ရိုဟင်ဂျာများ၏ ပဋိပက္ခများကြောင့် ဘက်နှစ်ဖက်မှ စုစုပေါင်း လူ ၇၇ ဦး အသက်ဆုံးရှုံးခဲ့ရပြီး သောင်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု မြန်အစိုးရ အာဏာပိုင်များက တရားဝင်ပြောဆိုသည်။ သို့သော် ပြည်ပရှိ မွတ်ဆလင်ကမ္ဘာကမူ ထိုပဋိပက္ခအတွင်းနှင့် ဖြစ်ပြီးနောက်ပိုင်းတွင် ရိုဟင်ဂျာ ဒါဇင်ပေါင်းများစွာ အသတ်ခံခဲ့ရသည်ဟု ဆိုကြသည်။
ထို့ပြင် ရိုဟင်ဂျာ အများအပြား နေထိုင်သည့် ဒေသများတွင် နယ်မြေရှင်းလင်းရေး အတွင်း အမျိုးသားကြီးများနှင့် ငယ်ရွယ်သူကောင်လေး အများစု ပါဝင်သည့် ရာပေါင်းများစွာသော လူများအား ဖမ်းဆီး အကျဉ်းချထားသည်ဟု ဆိုခဲ့ပြီး ထိုလူအားလုံးအား ထီးတည်း တည်ရှိနေသည့် နေရာများတွင် အကျဉ်းချထားကာ မမျှမတ ဆက်ဆံခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) က ပြောဆိုထားသည်။
ရခိုင် ဗုဒ္ဓဘာသာများနှင့် လုံခြုံရေး တပ်ဖွဲ့များက ပြုလုပ်ခဲ့သည့် မုဒိမ်းမှု၊ ပစ္စည်းဥစ္စာ ဖျက်ဆီးမှုနှင့် ဥပဒေမဲ့ သတ်ဖြတ်မှုများ အပါအဝင် နိုင့်ထက် စီးနင်းမှုများနှင့် ပတ်သက်၍ ယုံကြည်စိတ်ချရလောက်သော အစီရင်ခံစာများ ရရှိထားသည်ဟု AI က ဆိုသည်။
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သည့် ထိုပဋိပက္ခများကို လေ့လာကြည့်ပါက ဘာသာရေး ပြဿနာ မဟုတ်ကြောင်း
ဒေါက်တာအေးမောင် က သုံးသပ်သည်။
“ဖြစ်ပျက်နေတာ အကုန်လုံးဟာ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာ ဖြစ်တာမျိုး မဟုတ်ဘူး။ အစ္စလာမ်ဘာသာကလည်း
ငြိမ်းချမ်းမှုကိုလိုလားတယ်။ ဗုဒ္ဓဘာသာကလည်း လိုလားတယ်။ ဖြစ်နေတာက တိုင်းရင်းသားအခွင့်အရေးကို လိုချင်တဲ့၊ တိုင်းရင်းသား ဖြစ်ချင်တဲ့ ပုဂ္ဂိုလ်တွေက၊ တိုင်းရင်းသား မဟုတ်ပါဘဲလျက် အဆင့်ကျော်ပြီး လုပ်တဲ့
ဇာတ်လမ်းလေးတွေပါ။ အခုကိစ္စက ဘာသာရေးကို ခုတုံးလုပ်ပြီးကာမှ ဘာသာရေးကို အကြောင်းပြပြီးကာမှ ဒီဘက်မှာနေတဲ့ လူများစုကြီးက ပြင်ပက လာတဲ့ လူမျိုးနည်းစုတွေကို ဖိနှိပ်တယ်၊ သတ်ဖြတ်တယ်၊ မတော်မတရား လုပ်တယ်ဆိုပြီးတော့ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်တာ” ဟု မဇ္ဈိမကို ပြောသည်။
သူက ဆက်လက်၍ “အပြင်မှာရှိတဲ့ အုပ်စုက အပြင်ကလာတဲ့ ပုံစံအတိုင်း နှစ်ပေါင်း ဘယ်လောက် ကြာပြီ၊ ဒီဘက်နိုင်ငံမှာရှိတဲ့ နိုင်ငံသား အခွင့်အရေးတွေကို အဆင့်ဆင့်ပေါ့ဗျာ၊ တရားဥပဒေကြောင်းအရ တောင်းတယ်ဆိုရင်
ပြည်ထောင်စုသားတွေက လက်ခံနိုင်ဖွယ် ရှိတယ်။ ဒါပေမယ့်လို့ ဒီဘက်မှာရှိတဲ့ လူမျိုးစုတစု ပုံသဏ္ဍာန်မျိုးနဲ့
နှစ်ပေါင်းများစွာက သမိုင်းအရနဲ့ နေလာခဲ့တယ်ဆိုပြီး ဇာတ်ကြောင်းထပ်နေတဲ့ လိမ်ထားတဲ့ဟာတွေကိုတော့ သမိုင်းကို ပြုပြင်ဖန်တီးပြီး လုပ်တာမျိုးကို ဒီဘက်က လူတွေကလည်း လက်မခံဘူး” ဟု RNDP ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် က ပြောဆိုသွားသည်။
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ ရှစ်သိန်းခန့်ရှိမည်ဟု ကုလသမဂ္ဂအဖွဲ့များက ခန့်မှန်းထားသော်လည်း မြန်မာအစိုးရကမူ ၎င်းတို့အား နိုင်ငံသားအဖြစ် အသိအမှတ် မပြုခဲ့ပေ။ ၂၀၁၅ ခုနှစ်တွင် ထွက်ပေါ်လာမည့် သန်းခေါင်စာရင်းတွင်လည်း ၎င်းတို့အား ထည့်သွင်းကောက်ခံမှု ပြု/မပြု ရေရာစွာ မသိရှိရသေးပေ။
ရခိုင်တိုင်းရင်းသားများနှင့် ရိုဟင်ဂျာ ခေါ် မူဆလင်များအကြား မေလ ၂၈ ရက်နေ့မှ ပြန်လည် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများတွင် သေဆုံးသူ ၇၇ ဦး၊ ဒဏ်ရာရရှိသူ ၁၁၁ ဦး၊ မီးရှို့ဖျက်ဆီးခံရသည့် အိမ်မြေ ၄,၈၂၂ လုံး၊ ဒုက္ခသည် ခုနှစ်သောင်းခန့်နှင့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈၈ အရ ညမထွက်ရ အမိန့်ကို ကျူးလွန်၍ ဖမ်းဆီးထိန်းသိမ်းထားသူ ၈၇၂ ဦး ရှိကြောင်း ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း က မဇ္ဈိမကို ပြောဆိုထားသည်။
နေမျိုး |နယူးဒေလီ (မဇ္ဈိမ)
မြို့လယ်ရှိ စက်သုံးဆီဆိုင် မြို့ပြင်ထုတ်ရေး သာစည်တွင် ငြိမ်းချမ်းစွာစီတန်းလှည့်လည် ဆန္ဒဖေါ်ထုတ်ခွင့်ရပြီ
သာစည်မြို့လယ်ခေါင်ရှိ စက်သုံးဆီ အရောင်းဆိုင်အား မြို့ပြင်ထုတ်ရေး ငြိမ်းချမ်းစွာစီတန်းလှည့်လည်
ခွင့်ကို သက်ဆိုင်ရာမှ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
သာစည်မြို့ အမှတ် (၄)ရပ်ကွက်ရှိ ကောင်းဇော်ဟိန်း စက်သုံးဆီအရောင်းဆိုင်အား မြို့တွင်းမီးဘေး အန္တရာယ်ကြောင့် မြို့ပြင်သို့ ထုတ်ပေးပါရန်အတွက် ဒေသခံများမှ ဆန္ဒထုတ်ဖော်ပြသမည်ဖြစ်ပြီး---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ခရီးသွားဥပဒေအသစ်ပြဋ္ဌာန်းရန် လိုအပ်နေပြီဖြစ်ကြောင်း ပညာရှင်များသုံးသပ်
မြန်မာနိုင်ငံတွင် ကျင့်သုံးနေသော  ခရီးသွားဥပဒေမှာ ခေတ်ကာလပြောင်းလဲလာခြင်းနှင့် အမျှကိုက်ညီမှုအားနည်းလာခြင်းကြောင့်  ခရီးသွားဥပဒေ(Tourism law)အသစ် ပြဌာန်းရန်လိုအပ်ကြောင်း သုံးသပ်နေကြသည်။
“အဲ့ဒီဥပဒေတွေက ခေတ်မမီတော့ဘူးဆိုတာ ဟုတ်တယ်။ လက်ရှိအခြေအနေနဲ့ မကိုက်ညီတော့တဲ့ ဥပဒေတွေ အများကြီး ကျန်နေပါသေးတယ်။ NGO ဥပဒေဆိုရင် တော်တော်ကြီးကို ခေတ်မမီတာ လူမှုရေး လုပ်ငန်းလုပ်တဲ့လူတွေ ဒုက္ခရောက်မယ့်ဥပဒေ ဖြစ်နေတယ်” ဟု စီးပွားရေးပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ပြောသည်။
လက်ရှိကျင့်သုံးနေသော Tourism ဥပဒေမှာ ၁၉၄၇ခုနှစ် တည်ဆဲဥပဒေအရ ထုတ်ပြန်ထားသော ဥပဒေဖြစ် ကြောင်း သိရသည်။
Tourism ဥပဒေခေတ်နှင့်အညီ ပေါ်ပေါက်ရေးအတွက် ၀န်ကြီးဌာနများက ဆောင်ရွက်လျက်ရှိသော်လည်း ယခင်ကပြဌာန်းထားသော ဥပဒေ(၄၀၀)ကျော်ကို ပြင်ဆင်နေခြင်းကြောင့် နှောင့်နှေးကြန့်ကြာခြင်း ဖြစ်နေကြောင်းကိုလည်း သိရှိရသည်။
“တိုင်းဒေသကြီးအစိုးရနဲ့ ပြည်နယ်အစိုးရကနေပြီးတော့ တစ်ဦး ဆွေးနွေးပြီးတော့ ညှို့နှိုင်းနေတာတွေ ရှိပါတယ်။    နှစ်(၂၀)ကျော်ပြီးဖြစ်တဲ့အတွက် Tourism ဥပဒေက ခေတ်မမီတော့ဘူးဆိုတာလဲ ဟုတ်ပါတယ်။ ကျွန်တော်တို့ ၀န်ကြီးဌာနကနေ လက်တလောလိုနေတဲ့ဟာတွေကို ပြင်ထားပြီးတော့ လိုအပ်နေတာလေး တွေလည်း ရှိပါတယ်။ ဥပဒေပေါင်းများစွာပြင်နေရတော့ အချိန်မမီတာလဲ ရှိပါတယ်။” ဟု ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဒုတိယညွှန်ကြားရေးမှူးချုပ်(ဟောင်း) ဦးလှမင်းက ပြောသည်။
ခရီးသွားလုပ်ငန်းဥပဒေ တည်တံ့ခိုင်မြဲခြင်းသည် လုပ်ငန်းရှင်များအပေါ်တွင် မူတည်၍ ထင်သာမြင်သာရှိသော   ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်သင့်ကြောင်း၊ လက်ရှိအခြေအနေ အခက်အခဲများအရ ခရီးသွားလုပ်ငန်းဥပဒေသစ် တစ်ရပ်ပြင်ဆင် ပြဌာန်းသင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက အကြံပြုပြောဆိုသည်။
“ကျွန်တော်တို့နိုင်ငံကထွက်တဲ့ Proposal နဲ့ ထိုင်းနိုင်ငံကထွက်တဲ့ Proposal အားလုံး ထင်သာမြင်သာအောင်   ဆွေးနွေးပြီးတော့   နိုင်ငံစုံပါတဲ့ ဆွေးနွေးပွဲတစ်ခု အောက်ခြေမှာ လုပ်ဆောင်နိုင်အောင် လူကြီးတွေကို ပြောပြီး တော့ လုပ်ဆောင်ပေးပါ။ အပြန်အလှန်ဆွေးနွေးကြမယ်. အဲ့ဒီမှာလက်ခံနိုင်တဲ့လူနဲ့ လက်မခံနိုင်တဲ့လူ ထွက် လာလိမ့်မယ်။ အများဆန္ဒနဲ့လက်ခံပြီးတော့မှ ထွက်လာတဲ့ စည်းမျဉ်းဥပဒေတွေက ခိုင်မြဲပါလိမ့်မယ်။ “ ဟု Ruby Land ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးအေးကျော်က ဆက်လက်ပြောဆိုသည်။
မြန်မာနိုင်ငံနှင့်ဆက်အသွယ်လုပ်ကိုင်နေသော ပြည်ပကုမ္ပဏီများသည် ပြည်တွင်းတွင် လာရောက်၍ စီးပွားရေး လုပ်ငန်းလုပ်ကိုင်ပါက မြန်မာ့စီးပွားရေးလုပ်ငန်းကို လွှမ်းမိုးခြင်းများ ဖြစ်ပေါ်နိုင်သောကြောင့် Tourism ဥပဒေ   ပြဌာန်းရာတွင် ပြည်တွင်းလုပ်ငန်းရှင်များနှင့် ဆွေးနွေးညှိုနှိုင်းခြင်းများ ပြုလုပ်သင့်ကြောင်း ခရီးသွားလုပ်ငန်း ရှင်အချို့က ဆိုသည်။
ဝန်ကြီးဌာနများအနေဖြင့် နိုင်ငံခြားခရီးသွားလုပ်ငန်း အဆင်ပြေစေရေးအတွက် နိုင်ငံခြားခရီးသွားအဆင်ပြေ လွယ်ကူချောမွေ့ရေးကော်မတီအဖွဲ့ဖွဲ့ထားပြီး လာမည့် သြဂုတ်လ (၇)ရက်နေ့နှင့် (၈)ရက်နေ့များတွင် အင်းလျားလိတ်ဟိုတယ်၌ ၀န်ကြီးအချို့နှင့် လုပ်ငန်းရှင်များတွေ့ဆုံမည်ဖြစ်ကြောင်း သိရှိရသည်။
by Myit Makha Mediagroup
ပြည်ပမှ ရိုပာင်ဂျာအရေးခြိမ်းခြောက်မှုများအား လက်ခံနိုင်ဖွယ်မရှိဟု ပြန်လည်တုံ့ပြန်
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ ပြည်ပ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်ပပါလီမန်တို့   ၏ဝေဖန်ပြော ဆိုနေမှုအား  မြန်မာ ဒီမိုကရေစီ အရေး ပျက်ယွင်း အောင်ဆောင် ရွက်ခြင်းဟု သတ်မှတ်ထားကြောင်း RNDPပါတီ အထွေထွေ
 အတွင်းရေးမှူး ကပြောသည်။
ထိုသို့ သတ်မှတ်ရခြင်း အကြောင်းမှာ ပြည်ပမှ တိုက်ခံနေသော အဖွဲ့ အစည်း၊ ပါလီမန်များ၏ ပြောဆိုမှုများသည် ခိုင်မာမှုမရှိခြင်း၊ ထုတ်ပြန်နေသော သတင်းများ မှားယွင်းနေခြင်းကြောင့် ဖြစ်သည်ဟုရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ   (RNDP) က ဆိုလိုက်ခြင်းဖြစ်သည်။
“ဒါဒို့ နိုင်ငံရဲ့ ဒီမိုကရေစီအရေးကိုအသွင်ပြောင်းအောင်လုပ်တာပါ။ ရိုပာင်ဂျာ ပြဿနာကိုလည်းပိုမိုကြီးထွားလာနိုင်ပါတယ်။ အမှန်ကကျွန်တော်တို့က အစော်ကားခံနေရတာပါ”ပာု RNDP ပါတီက ရခိုင် တိုင်းရင်းသား တစ်ဦးဖြစ်သူ
 ဦးဦးလှစောက ပြောသည်။
ဘင်္ဂလီအရေးနှင့် ပတ်သက်၍ မြန်မာ့တပ်မတော်လက်အောက်တွင်ရခိုင်တိုင်ရင်းသားများနှင့် တပ်မတော်က ပူပေါင်းဆောင်ရွက်သွားရန် RNDPပါတီမှ နိုင်ငံတော်အစိုးရသို့ တင်ပြထားပြီးဖြစ်သည်။
လက်ရှိအချိန်တွင်ပါကစ္စတန်နိုင်ငံရှိတာလီဘန်များကလည်း Tehreek-e-TalibanPakistan (TTP) အဖွဲ့ကရခိုင်ပြည်နယ်တွင် ဖြစ်ပွား  ခဲ့သောရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအပေါ် ခြိမ်းခြောက်မှုများပါဝင်သည့် ထုတ်ပြန်ချက်တစ်စောင်ကို ဇူလိုင်လ (၂၆)ရက်နေ့က ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်များတွင် နှစ်နိုင်ငံဆက်သွယ်ရေးလမ်းကြောင်းများဖြက်တောက်ရန်ဖိအား
 ပေးထားပြီး မြန်မာနိုင်ငံ၏ အကျိုးစီးပွားများအားဖျက်စီးမည်ပာု ပါဝင်ရေးသားထားသည်။
ထိုသို့ ပြည်ပအဖွဲအစည်းများ၏ ခြိမ်းခြောက်မှုများနှင့် ပတ်သတ်၍မြန်မာ-မွတ်စလင်လူမျိုးဖြစ်သော၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေးကယခုကဲ့သို့ သုံးသပ်ခဲ့သည်။
 “ကျွန်တော့်အနေနဲ့  အကြမ်းဖက်မှုတွေ ခြိမ်းခြောက်မှုတွေကိုလုံးဝလက်မခံပါဘူး။ ဒီလိုလုပ်ဆောင်မှုတွေပာာ ပြည်တွင်းမှာ ဘင်္ဂလီအရေးနဲ့ပတ်သက်ပြီး ကိုယ်တိုင်လုပ်နေတဲ့ သူတွေအတွက်လည်း အကျိုးမပြုပါဘူး။”ပာုပြောကြားသည်။
ထို့ပြင် ယခင်က မြန်မာနိုင်ငံမှ ပြည်ပသို့သွားရောက်ခိုလုံနေသောမြန်မာနိုင်ငံရေသမားပောာင်း အချို့ကလည်းရိုပာင်ဂျာအရေးနှင့် ပတ်သက်၍ သွေးထိုးလှုံဆော်မှုများလည်းပြုလုပ်လာကြကြောင်း ရခိုင်တိုးတက်ရေးပါတီပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သေးသည်။
“အခုဖြစ်နေတဲ့ ဘင်္ဂလီလူမျိုးအရေးပာာ မြန်မာလူမျိုးတွေရဲ့အရေးပါ။ အစိုးရကို
တိုက်ခိုက်ချင်တိုင်း ဒီအရေးကို အကောင်းမမြင်တဲ့ဘက်ကနေ ၀င်စွက်ဖက်ဖို့မလိုပါဘူး။” ပာု
ဦးဦးလှစောက မှတ်ချက်ပေးသည်။
အဆိုပါပြည်ပနိုင်ငံများမှ လက်နက်ကိုင်အဖွဲ့ အစည်းများ၏ခြိမ်းခြောက်ပြောဆိုမှုများကို  မန္တလေးမှဘင်္ဂလီအရေးအားလေ့လာ သူ မြန်မာ-မွတ်စလင်လူမျိုး တစ်ဦးကလည်း နိုင်ငံတော်အစိုးရ၏ ဘင်္ဂလီလူမျိုး များဘက်မှသတင်းထုတ်ပြန်မှုအပိုင်းတွင် ပွင့်လင်းမြင်သာမှုအားနည်းနေသဖြင့်အခြားနိုင်ငံမှ အဖွဲ့အစည်းများ၏ ဖိနှိပ်ချုပ် ချယ်မှုများကိုအများဆုံခံရဖွယ်ရှိနိုင်ကြောင်း သုံးသပ်ဝေဖန် ပြောဆိုသည်။
“လူမျိုးရေးကိုအကြောင်းပြပြီး ဘာသာရေးကို ထိပါးလာရင်တစ်ကမ္ဘာလုံးမှာရှိတဲ့ မွတ်စလင်တွေက ငြိမ်ခံမှာ မပာုတ်ပါဘူး။” ပာုအစ္စလာမ်ဘာသာကိုးကွယ်သူ မြန်မာလူမျိုးတစ်ဦးက ဆိုသည်။
အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)၏ အတွင်းရေးမှူးချုပ်Ekmeleddin Ihsanoglu ကလည်း မြန်မာနိုင်ငံအတွင်း မူဆလင်များအပေါ်အကြမ်းဖက်မှုများအား အဆုံးသတ်ရန်အတွက် သမ္မတ ဦးသိန်းစိန်နှင့်ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းတို့မှ ကူညီဆောင်ရွက် ပေးပါရန်ဇူလိုင်လ (၂၅)ရက်နေ့က ၎င်းတို့ထံသို့ စာရေးသားတောင်းဆိုခဲ့သည်။
စောဇင်ညီ (မြစ်မခ)
by Myit Makha Mediagroup
ဆီရောင်းချ၍ မြန်မာ့မီးရထားမှ အရာရှိအပါအ၀င်ဝန်ထမ်း( ၄၇ ) ရာထူးမှရပ်ဆိုင်းခံရ
မြန်မာ့ မီးရထားမှ အရာရှိ(၄)ဦး အပါအ၀င် ၀န်ထမ်း(၄၇)ဦးအား မြန်မာ့မီးရထားပိုင် တရားမ၀င် စက်ဆီရောင်း ချခြင်းနှင့် ပတ်သက်၍ ရာထူးမှ ထုတ်ပယ် လိုက်ကြောင်း သတင်းရရှိရသည်။
မြန်မာ့ မီးရထားတိုင်း အမှတ်(၃)ဖြစ်သည့် မိုးညှင်းမြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းက စက်ခေါင်း စက်ရုံမှအရာရှိ   လေးဦးအပါ အ၀င်ရထား ၀န်ထမ်း လေးဆယ့်ခုနှစ်ဦးကို---
 သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
တောင်သူများ ယခုတိုင် လယ်မ သိမ်းနိုင်ကြသေး
လက်ရှိစိုက်ပျိုး ရာသီတွင် တောင်သူများ စိုက်စရိတ် အခက်အခဲကြောင့် ကျဲခင်းဖြင့်သာ လုပ်နေရပြီး ယခုတိုင် လယ်မ သိမ်းနိုင်ကြသေး
ပြီးခဲ့သည့် စပါးစိုက်ရာသီ တွင်ရေကြီး၍အဆုံး  အရှုံးများခဲ့သည့် အပြင်ယခုနှစ်တွင်အထူးပြုကုမ္ပဏီ ၉၅ ရာခိုင်နှုန်း ကစိုက်စရိတ်ထုတ်ချေး နိုင်ခြင်းမရှိတော့ သောကြောင့်လက်ရှိ  စိုက်ပျိုးရာသီတွင် တောင်သူများ အနေဖြင့်စိုက်ခင်းအစား ကျဲခင်းစနစ်ကို အသုံးပြုမှုအထူး များပြားလာကြောင်း သိရသည်။ ပြီးခဲ့သည့်မိုးစပါးစိုက်ရာသီ တွင်ဧရာဝတီ၊ပဲခူးနှင့်ရန်ကုန်ဒေသတို့ တွင်ရေကြီး သဖြင့် စပါးခင်းများ ပျက်စီး သောကြောင့်တောင်သူများအနေဖြင့် ပုံမှန်ထက်စရိတ် ၂ဆမှ၃ဆ ပိုမိုကုန်ကျ  ခဲ့ပြီးယင်းကြောင့် ချေးငွေပြန်လည်မပေး ဆပ်နိုင်မှုပမာဏများပြားသဖြင့်ဆန်စ ပါးအထူးပြု ကုမ္ပဏီ၅၇ ခု အနက်၅၅ခု သည်စိုက်စရိတ်ထုတ်ချေးခြင်းမပြု တော့သည့်အပြင်နိုင်ငံပိုင် လယ်ယာ စိုက်ပျိုးရေး ဘဏ် အနေဖြင့်လည်း စိုက်စရိတ်ကိုတိုးမြှင့်ပေး  မည်ဖြစ်သော် လည်း အကြွေးကျေသူ ကိုသာဦးစား ပေးငွေချေး သဖြင့်စိုက်ခင်းစနစ်ထက် စရိတ်အနည်းဆုံး ၃ဆခန့်သက်သာ သည့်ကျဲခင်း စနစ်ကိုသုံး လာကြခြင်း ဖြစ်သည်။   
ဓနုဖြူမြို့နယ်နှဲကျိုး ကျေးရွာအုပ်စုမှ  တောင်သူဦးသိန်းအောင်က ''ဒီနှစ်ရွာမှာအိမ်ခြေ၂၀ဝလောက်ရှိတဲ့ အနက်နှစ် အိမ်လောက်ပဲကြွေးလွတ် တယ်။ဒီတော့ကျဲခင်းပဲလုပ်တာများ တယ်။ကျွန်တော်တို့ဒေသမှာ တောင်သူ ၇၅ရာခိုင်နှုန်းကျဲခင်းပဲ လုပ်တော့တယ်''ဟုပြောသည်။       
စပါးစိုက်ပျိုးရာတွင်ပျိုး ထောင်ကာတစ်ဆင့်ပြန်စိုက်ပါက မြေဩဇာသုံးစွဲမှုအပေါ်မူတည်ကာ တစ်ဧက စရိတ်ကျပ် တစ်သိန်းမှ ၁၈-၀၀၀ဝ အထိကုန်ကျသော်လည်းကျဲ ခင်းဖြင့်သာစိုက်ပြီးမြေဩဇာသုံးစွဲမှု ကိုပါလျှော့ချ လိုက်ပါကကျပ်(၃၀၀၀  -၀)ဝန်းကျင်ဖြင့်အပြီးဆောင် ရွက်နိုင် ကြောင်းတောင်သူများ ထံမှသိရသည်။    ထို့အပြင်ဇွန်လကုန်လျှင် မိုးစပါးစိုက်ပျိုးမှုသည်ပုံမှန်အားဖြင့်ပြီး စီးမြဲဖြစ်သော်လည်း ယခုနှစ်တွင် ဇူလိုင် လကုန်ကာနီးအထိမပြီးစီးသေးကြောင်း  ဆက်လက်ပြောကြားသည်။
ယင်းက''စိုက်ခင်းထက် တော့ကျဲခင်းကတစ်ဧကအထွက်တင်း ၁၀၊၂ဝလောက်တော့လျော့မှာပေါ့။ဒါ ပေမယ့် စရိတ်နဲ့ တွက်ရင်ကိုက်တယ်လေ။ အပူမရှိဘူးပေါ့။အခုကုန်းလယ်တွေ မှာရေဖမ်းလို့မရ မှပဲစိုက် တော့တယ် ''ဟုပြောသည်။
ထိုကဲ့သို့ ယခုနှစ်တွင်တောင်    သူများအနေဖြင့် စိုက်စရိတ်ငွေအခက် အခဲကြောင့်စိုက်ခင်း အစား ကျဲခင်း ကို အသုံးပြုမှုသည်  ယခင်နှစ်က ထက်သိ သာစွာများပြား   လာကြသည်ဆိုခြင်း အားဒေသ အတော် များများ တွင်ကြားသိနေရသော်လည်း ထိုသို့ဖြစ်လာ ခြင်းကြောင့် စပါးအထွက် မည်မျှကျ ဆင်းနိုင် သည် ဆိုခြင်းကို မူယခုအချိန်တွင်ခန့် မှန်းရန်ခက်ခဲသေးကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း  အသင်း ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ဒေါက်တာစိုးထွန်းကပြောကြားသည်။
ယင်းက''ကျဲပြီးပဲစိုက်လို့ စပါးအထွက်လျော့မယ် ဆိုတာကတော့ ယျေဘုံယျဟုတ်ပါတယ်။ဒါပေမယ့်ပျိုး ထောင်ပြီး စိုက်ရင်လည်း မနှစ်ကလိုရေကြီးတာတို့လို ရာသီဥတု ဖောက်ရင် လည်းအထွက်လျော့တာပဲ။ ကျဲခင်း ကိုလည်းစနစ်တကျပြုစုရင်သူ့ဟာ နဲ့သူတော့ထွက်ပါတယ်။ဘယ်လိုဖြစ်မ လဲကတော့ ထွက်မှ ပဲသိ မှာပဲ။ ဘာပဲ ဖြစ်ဖြစ်လက်ရှိအချိန်မှာေ တာင်သူ တွေကြွေးဝန်ပိနေချိန်မှာတော့ သူတို့အ တွက် ကိုက် တယ် လေ''ဟုပြောကြား သည်။   
မိုးလေဝသနှင့်ဇလဗေဒ ပညာရှင်ဒေါက်တာထွန်းလွင်၏သတင်း ထုတ်ပြန်ချက်များအရယခုနှစ်တွင်ဖြစ် ပေါ်နိုင်သည့် မိုးလေဝသ အနေအထား များသည်ကြိုတင်၍ခန့်မှန်းနိုင်ခြေမရှိ သည့်အခြေအနေဖြစ် ကာ စိုက်ပျိုးရေး လုပ်ငန်းအတွက်မှုစိုး ရိမ်ဖွယ်ဖြစ်ကြောင်း တော်ဝင်နှင်းဆီးခန်းမတွင်မကြာမီက ပြုလုပ်ခဲ့ သည့် အခမ်း အနားတစ်ရပ် တွင်ပြောကြားခဲ့သည်။
လက်ရှိအချိန် အထိမြန်မာ နိုင်ငံတွင်စပါးစိုက်ဧက၊အထွက်နှုန်း နှင့်နိုင်ငံလူဦးရေတို့ကိုအတိအကျမ ဖေါ်ပြနိုင်သည့် အနေအထားဖြစ်ရာအ ထက်ပါဖြစ်ရပ်ကြောင့်စပါးအထွက်မည် မျှလျော့ကျမည်၊ ဈေးကွက် အခြေအနေ မည်သို့ဖြစ်နိုင်မည်ဆိုသည်များအား တွက်ဆနိုင်ခြင်းမရှိကြောင်းဆန်စပါး  လုပ်ငန်း အသိုင်း  အဝိုင်းကပြောကြား သည်။                
ယင်းက''မြေစာရင်းအတိ အကျသိဖို့၊စိုက်ဧကအမှန်သိဖို့၊လူဦးရေ အတိအကျသိဖို့တွေကအခုမှဆောင် ရွက်နေ ဆဲဖြစ်တယ်။အခုက ကုလသမဂ္ဂ ကထုတ်ပြန်တဲ့လူဦးရေ   စာရင်းနဲ့နိုင်ငံတော်က ခန့်မှန်းတဲ့  စာရင်း လည်း မတူ ဘူး။  ၁ဝသန်း လောက်ကွာနေတယ်''ဟု ပြောသည်။                      
၂၀၁ဝခုနှစ်တွင်နိုင်ငံတော် ကတရားဝင် ထုတ်ပြန်သောစရင်းများအ ရမြန်မာနိုင်ငံတွင် မိုးစပါး စိုက်ဧက၁၇  သန်းကျော်ရှိကာ စပါးထွက်ရှိမှုတင်း သန်းပေါင်း၁၅၀ဝဖြစ်ပြီးပျှမ်းမျှအထွက် နှုန်းတစ် ဧကတင်း ၇ဝဖြစ်သော်လည်း စိုက်ပျိုးရေးနှင့်စီးပွါးရေး ပညာရှင်အ ဝိုင်းကမူအဆိုပါ စာရင်းသည် အမှန်နှင့် ဝေးကွာနေကြောင်း ဆန်စပါးနှင့်သက် ဆိုင်သောအခန်းအနားများတွင်မကြာ ခဏထုတ် ဖေါ်ပြော လျှက်ရှိပြီးယင်းနှင့် စပ်လျဉ်းကာကိန်းဂဏန်းအမှန်ကိုသိ ရှိကာဆန်စပါးမူဝါဒကို မှန်ကန်စွာချ မှတ်နိုင်ရေး အတွက်ဆောင်ရွက်လျှက် ရှိကြောင်းလယ်ယာစိုက်ပျိုးရေးနှင့်ဆည် မြောင်းဝန်ကြီး  ဌာနက တရားဝင် ပြော ကြားထားသည်။
ဇော်ထိုက် - by Yangon Media Group
ဒီမို ၁၀ ပါတီ သဘောထားကြေညာချက် ရခိုင်ပါတီလက်မခံ ၊ ပြည်သူအချို့ကဝေဖန်
လာမည့် ရွေးကောက်ပွဲ များတွင် တစ်ပါတီတည်း အနိုင်ရမှုကို ကာကွယ်ရန်
 ရွေးကောက်ပွဲ စံနစ်ပြုပြင်ရေးနှင့် ပတ်သတ်၍ ဒီမိုကရေစီ မိတ်ဆွေ ပါတီများက
သဘောထား ကြေညာချက် တစ်ရပ်ကို ဇူလိုင်လ ၂၈ ရက်နေ့ စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
ဇူလိုင် ၂၇ ရက်နေ့က ဒီမို ၁၀ ပါတီနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့
 နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ယင်းသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
"ေ၇ွးကောက်ပွဲ ကော်မရှင်က ဒါကိုလွှတ်တော် တင်ပြမယ်ပေါ့။ ပါတီတွေနဲ့
 ပြည်သူတွေ အားလုံးပါ ၀င်လာအောင် လုပ်ပါဆိုပြီးပြောတယ်။ ရခိုင်တိုင်းရင်း
သားများ တိုးတက်ရေး ပါတီကတော့ ဒီသဘောထား ကြေညာချက်ကို လက်မခံ
ပါဘူး " ဟု ဒီမိုမိတ်ဆွေ ပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါသဘောထားကြေညာချက်ကို ဖတ်ရှုသိရှိပြီးသူများကလည်း လက်မခံကြောင်းဖြင့် ဝေဖန်ပြောကြားကြသည်။
ကြေညာချက် အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
Popular Myanmar News Journal
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒီမိုကရေစီ မဟာမိတ် (၁၀) ပါတီမှ ကိုယ်စားလှယ်များ လွှတ်တော်ဝင်းအတွင်းရှိ ဇမ္ဗူသီရိခန်းမဆောင်၌ တွေ့ဆုံကြစဉ်။
လွှတ်တော်အမတ် ဦးအုန်းကြိုင် မဟာအောင်မြေမြို့နယ် မဲဆန္ဒရှင် ပြည်သူများနှင့် တွေ့ဆုံ
ပြီးခဲ့သည့် ၂၀၁၁ ကြားဖြတ် ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရသော NLD ပါတီမှ လွှတ်တော်အမတ် ဦးအုန်းကြိုင် သည် ဇူလိုင် ၂၈ ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့သို့ လာရောက်ခဲ့ပြီး မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် NLD ရုံး၌ NLD ပါတီဝင်များ၊ မဟာအောင်မြေ မြို့နယ်မှ ၄င်းကို မဲပေးခဲ့သော မဲဆန္ဒရှင် ပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ တွေ့ဆုံရာတွင် ဦးအုန်းကြိုင်က မန်းမဟာ အောင်မြေမြို့နယ်တွင်း လိုအပ်သည်များကို မေးမြန်းခဲ့ပြီး ၄င်းအနေဖြင့် ဆောင်ရွက်ပေးနိုင် သမျှ ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့သည်။
 ထို့အပြင် ဦးအုန်းကြိုင်က လွှတ်တော်တွင်း လွှတ်တော် ကိုယ်စားလှယ်များ၏ သဘောသဘာဝ၊ လုပ်ပိုင်ခွင့်စသည်များကို လည်းကောင်း၊ လွှတ်တော် တွင်းမေးခွန်းမေးမြန်းခြင်းနှင့် အဆိုတင်သွင်းခြင်းနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို ရှင်းလင်းပြောပြခဲ့သည်။
Popular Myanmar News Journal
ဒေါ်အောင်ဆန်းစုကြည် ဥတ္တရသီရိ မြို့နယ် ဒေသခံများ အား ပထမဆုံး အကြိမ်လာရောက်တွေ့ဆုံ
(နေပြည်တော်၊ ဇူလိုင်၊၂၈ )
ယနေ့ နံနက် ၁၀း၀၀ အချိန် နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရသီရိ မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥတ္တရသီရိ မြို့နယ်ရုံးခွဲ သို့ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လာရောက်၍ ဒေသခံပြည်သူများ နှင့်တွေ့ဆုံခဲ့သည်။
အဆိုပါတွေဆုံ ပွဲသို့ ရောက်ရှိ လာသူ ဒေသခံများ အား ဒေါ်အောင်ဆန်းစုကြည် က ဒေသတွင်း အခက်အခဲများ မေးမြန်းရာ --
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ချင်းတွင်းမြစ်အတွင်း ရေယာဉ်သွားလာမှု ဇူလိုင် ၂၈ ရက်မှ စတင်ရပ်နား
မုံရွာ၊ ဇူလိုင် - ၂၈
မြစ်ရေကြီးလာသည့်အတွက် ချင်းတွင်းမြစ်အတွင်း သွားလာသော ခရီးသည်နှင့် ကုန်တင်ရေယာဉ်များအားလုံး ဇူလိုင် ၂၈ရက်(ယနေ့)မှစ၍ စိုးရိမ်ရေအမှတ်အောက် ရောက်သည်အထိ သွားလာခွင့် ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း သက်ဆိုင်ရာက ဇူလိုင် ၂၇ရက်တွင် သတင်းထုတ်ပြန်သည်။
``ဧရာဝတီမြစ်ရေတက်ချိန် ဗန်းမော်မြို့အနီးမှာ ရှော်တယ်မှောက်လို့ လူသေတယ်ဆိုတဲ့ သတင်းတွေထွက်ကတည်းက ရေယာဉ်တွေ သွားလာခွင့်ပိတ်ချင်နေတာ။ အခု ချင်းတွင်းမြစ်ထဲမှာလည်း ကုန်တင်ရေယာဉ်နှစ်စီးက မှောက်တယ်ဆိုတော့ ဇူလိုင် ၂၈ ရက်ကစပြီး ခရီးသည်တင်ရော ကုန်တင်ရေယာဉ်တွေပါအားလုံး သွားလာခွင့် ရပ်နားတယ်။ အရင်နှစ်တုန်းကလည်း ရေတက်ချိန် နှစ်ခါတောင် ရေယာဉ်တွေ သွားလာခွင့် နားခဲ့ဖူးတယ်´´ဟု ချင်းတွင်းရေကြောင်း ခရီးသည်တင်ရေယာဉ်အသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မြစ်ရေကြီးလာပါက ယခင်နှစ်များကလည်း အလားတူ ရေယာဉ်သွားလာမှု ရပ်နားလေ့ရှိသည်။
ဇူလိုင် ၂၅ ရက် ညနေပိုင်းတွင် ရွှေပလ္လင်တောင်ခြေရှိ ရွှေပလ္လင်ဝဲတွင် မြသန္တာရေယာဉ် နစ်မြုပ်ခဲ့သည်။ သယ်ဆောင်လာသော ကုန်ပစ္စည်းဆုံးရှုံးသော်လည်း လူသေဆုံးမှု မရှိပေ။ ဇူလိုင် ၂၆ရက်တွင် ခေါင်ဦးကျေးရွာအနီး ကုန်တင်ယာဉ်တစ်စီး နစ်မြုပ်ခဲ့သည်။
ချင်းတွင်းမြစ်အတွင်း ခရီးသည်တင်ရေယာဉ်အသင်း သုံးသင်းမှ ရေယာဉ် ၆၀၊ ကုန်တင်ရေယာဉ်အသင်း ၁၉ သင်းမှ ရေယာဉ် ၁၀၀ ခန့် ပြေးဆွဲလျက်ရှိသည်။ ယခုနှစ် ဇူလိုင်လကုန်ရက်ပိုင်းအတွင်း မိုးရာသီ ရေများချိန်ဖြစ်သည့်အပြင် မြစ်ရေမြင့်တက်လာခြင်း၊ မိုးသက် လေပြင်းများ တိုက်ခတ်ခြင်း၊ ရေ၀ဲများ ပြင်းထန်ကြီးမားခြင်းတို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာမြို့နှင့် အခြားဆိပ်ကမ်းမြို့များရှိ ခရီးသည်တင်ရေယာဉ်များနှင့် ကုန်တင်ရေယာဉ်များ ပြေးဆွဲမှုနှင့်ပတ်သက်၍ ယခုနှစ် ဇူလိုင် ၂၆ ရက် နံနက် ၉နာရီအချိန်တွင် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရုံး၌ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (ဆိပ်ကမ်းလုံခြုံရေး)၊ ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာနနှင့် ခရီးသည်တင် အမြန်ရေယာဉ်အသင်း၊ ကုန်တင်ရေယာဉ်အသင်း တာဝန်ရှိသူများအားလုံး တွေ့ဆုံသောအစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေး ဆုံးဖြတ်ချက်များအရ ခရီးသည်များ အသက်အန္တရာယ်လုံခြုံစေရန်၊ ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် ဆိပ်ကမ်းတွင် ရပ်နားထားသော ရေယာဉ်များအားလုံး ဇူလိုင်လ ၂၈ ရက်မှစ၍ စိုးရိမ်ရေအမှတ်အောက် ရောက်ရှိချိန်အထိ ခေတ္တရပ်နားထားရမည်ဖြစ်ကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက သက်ဆိုင်ရာရေယာဉ်တာဝန်ခံများသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
7Day News Journal
ဓာတ်ပုံ - မျိုးမင်းဦး
လားရှိုးမြို့၌ ရေကြီးမှု ဖြစ်ပွား
လားရှိုး၊ ဇူလိုင် ၂၈
လားရှိုး - မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ အေတီ ချောင်းနှင့် လားရှိုးဘူတာကြီး အနီး ဆင်တောင် အနီးတွင် ရေကြီးမှု ဖြစ်ပွားလျက်ရှိကြောင်း The Voice Weekly သတင်းရင်းမြစ်များက ပြောကြားသည်။
“ဒါဒုတိယ အကြိမ်အဖြစ် ရေကြီးတာပါ။ မိုးက ၄ရက်လောက် ဆက်တိုက် ရွာလိုက်လို့ ရေကြီးသွာတာ” ဟု--
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
လားရှိုးမြို့ 
ဇူလိုင်လ ၃၀ ရက်နေ့ ထုတ် The Voice Journal Vol 8/ No 32
ဇူလိုင်လ ၃၀ ရက်နေ့ ထုတ် The Voice Journal Vol 8/ No 32
ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 
ဒေါ်ခင်ကြည် ရံပုံငွေ ကားတွန်းပြပွဲတွင် ဆင်ဆာထိခဲ့သော ကားနှစ်ကား (ဓါတ်ပုံ)
ဒေါ်ခင်ကြည် ရံပုံငွေ ကားတွန်းပြပွဲတွင် ဆင်ဆာထိခဲ့သော ကားနှစ်ကား (ဓါတ်ပုံ)
The Voice Weekly
ကာတွန်း အာယု၏ လက်ရာတွင် တရားစီရင်ရေးကို လှောင်ပြောင် သရော်ထားပြီး ကာတွန်း ရွှေဘို၏
လက်ရာမှာလည်း မီဒီယာ လွတ်လပ်ခွင့် မရရှိခြင်းကို ဖော်ကျူး ထားခြင်းဖြစ်သည်။
ဦးအောင်သိန်းလင်း ကို ကြံ့ဖွံ့ ပါတီ စစ်ဆေးနေ
ဦးအောင်သိန်းလင်း နှင့်Southern Weekend ( China) အင်တာဗျူးမှာ မြစ်ဆုံကိစ္စ
ဦးအောင်သိန်းလင်းအနေနှင့် အမှန်တကယ်ပြောကြားခြင်း ရှိ၊မရှိ ကိုလည်း စီစစ်
ဆောင်၇ွက်လျှက်ရှိပြီး ၊တွေ့ရှိချက်များအပေါ် မူတည်၍ ပါတီစည်းကမ်းအရ ဆက်လက်
အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ကြေငြာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
မကြာသေးမီက သမ္မတ ဦးသိန်းစိန်က မိမိ၏ သက်တမ်း ကာလအတွင်း တည်ဆောက်
မှုများ ရပ်ဆိုင်းထားမည်ဟု ဆိုသော ဧရာဝတီ မြစ်ဆုံဆည်အား မဖြစ်မနေ ပြန်လည်
 စတင် တည်ဆောက် သွားရမည် ဖြစ်ကြောင်း အာဏာရ USDP ပါတီ ဗဟို
အလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက တရုတ် နိုင်ငံထုတ် Southern Weekend
သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖြေကြား ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
ကြေငြာချက် အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
တရုတ် အပတ်စဉ်ထုတ် သတင်းစာတွင်ဖော်ပြခဲ့သည့် ဗဟိုအလုပ်အမှုဆောင်
ဦးအောင်သိန်းလင်းနှင့် အင်တာဗျုး ဓါတ်ပုံ
သံသယ ဖြစ်ဖွယ်ရာ လူသေ အလောင်း ဆေးမစစ်ဘဲ သဂြိုလ်
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျေးရွာ တစ်ရွာမှ ကျွဲရှာရင်း  ပျောက်ဆုံးနေသူ  တစ်ဦး၏  အလောင်းအား ဇူလိုင်လ ၂၇ ရက်နေ့က ချောင်းထဲမှ ရှာဖွေတွေ့ရှိ ခဲ့ပြီးနောက် ဆေးစစ် ရန် မြို့ နယ် ဆေးရုံသို့ မပို့ဘဲ သဂြိုလ်လိုက်သည်ဟု သိရသည်။
“ အမှန်ဆိုရင် သူဘယ်လို သေသွားတယ်ဆိုတာကို မြို့နယ် ဆေးရုံကို ပို့ပြီး ဆေးစစ်ဖို့ ----
သတင်းအပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ
ရွေးကောက်ပွဲကော်မရှင်ကို သရော်လှောင်ပြောင်တဲ့ ရေးသားချက် နဲ့ ဦးဝင်းတင် ဆောင်းပါး အပြည့်အစုံ
စည်းဟဲ့ ကမ်းဟဲ့ ဆိုတာတွေကို ပတ်ကြမ်းမတိုက်ပါစေနဲ့ 
အကြီးဟဲ့ အကြပ်ဟဲ့ ဆိုတာတွေကို ထပ်ထပ်မကြမ်းပါစေနဲ့ 
ဟံသာဝတီဦးဝင်းတင်
ရွေးကောက်ပွဲကော်မရှင်ကို သရော် လှောင်ပြောင်တဲ့ ရေးသားချက် တခုနဲ့ ဦးဝင်းတင် ဆောင်းပါး--
အပြည့်အစုံဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
ဇူလိုင်လ ၂၃ ရက်နေ့ ထုတ် ဒီလှိုင်းစာစောင်
ဇူလိုင်လ ၂၃ ရက်နေ့ ထုတ် ဒီလှိုင်းစာစောင် အတွဲ(၁)၊ အမှတ်(၂၇)
စာစောင်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
ငွေကံ့ကော်စက်ရုံမှာ ဆန္ဒပြ
ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန် အမှတ် (၅) မှာရှိတဲ့ ထိုင်ဝမ် နိုင်ငံသားပိုင် ငွေကံ့ကော် အထည်ချုပ် စက်ရုံမှာ အလုပ်သမား (၅၀၀) ကျော်လောက် ဒီကနေ့ နေ့လည်ပိုင်းက စက်ရုံတွင်း အလုပ်မလုပ်ဘဲ ဆန္ဒပြခဲ့ကြပါတယ်။
ငွေကံ့ကော် အထည်ချုပ် စက်ရုံ စက်ချုပ်ဌာနမှာ စက်ချုပ်လိုင်း ၁၊ ၂၊ ၃၊ ၄ စသဖြင့်ရှိတဲ့ အထဲမှာ လိုင်း ၁ နဲ့  ၂ ကို ဖျက်သိမ်းပြီး စက်ချုပ် လုပ်သားတွေကို တခြားလိုင်းတွေမှာ သွားရောက် ပူးပေါင်း လုပ်ခိုင်းတာကို မကျေနပ်ကြတဲ့အတွက် အေးချမ်းစွာ ဆန္ဒပြကြတာလို့  စက်ချုပ် အလုပ်သမား မကျင်ကျင်နွယ်က ပြောပါတယ်။
"သူတို့က ဌာနတစ်ခုနဲ့ တစ်ခု ရောပေါင်းဆိုရင် ပေါင်းမယ်။ အဲလိုမဟုတ်ဘဲနဲ့ ဟိုဌာနကို နည်းနည်းထည့်၊ ဒီဌာနကို နည်းနည်းထည့် လူစုခွဲလိုက်သလို ဖြစ်သွားတာပေါ့နော်။ ကိုယ့်ဌာနမှာ ကိုလုပ်ချင်တယ်။ သူတို့က အော်ဒါ မရှိဘူးလို့ ပြောတယ်ပေါ့နော်။ ဒါပေမဲ့ အော်ဒါတွေ ရှိရဲ့သားနဲ့ သက်သက်မဲ့ လုပ်တယ်လို့ အလုပ်သမားတွေက ထင်ကြတယ်။ ကျန်တဲ့ဌာနကလူတွေကပါ သူတို့နဲ့အတူတူ ထိုင်ပြီး တောင်းဆို ပေးတယ်ပေါ့နော်"
ကျွမ်းကျင်မှု မတူညီတဲ့ အလုပ်သမား အုပ်စုတွေကို ရောနှောပြီး ခိုင်းစေတဲ့အတွက် အလုပ်သမားတွေအကြား အခက်အခဲတွေ ပေါ်ပေါက်နေတာကို ဖြေရှင်းပေးဖို့ တောင်းဆို ဆန္ဒပြကြတာ ဖြစ်ပါတယ်လို့ အလုပ်သမ တစ်ဦးကလည်း RFA ကို အခုလို ပြောပါတယ်။
"သူတို့က အပြင်ကို ပေးထုတ်ပြီး ဒီမှာ အလုပ်မရှိဘူးဆိုပြီးတော့ လူတွေကိုကျုံ့လိုက်တဲ့ သဘောမျိုးဖြစ်သွားတယ်။ အဲတာ မကျေနပ်လို့ တောင်းဆိုတာပေါ့နော်။ တောင်းဆိုတာ တစ်လိုင်းထဲပါ။ တစ်လိုင်းထဲကို သူတို့က လုပ်မပေးတဲ့ အတွက် ကျန်တဲ့ လိုင်းတွေကပါ လိုက်တောင်းဆိုတာ။ အဲ မနက်တည်းက ၂၈ ယောက်ပဲ တောင်းဆိုတာလေ။ အခု ၁ နာရီထိုးတဲ့ အခါကျတော့ session အကုန်လုံးပေါ့နော်။ တောင်းဆိုတယ်။ လူ ၅၀၀ လောက်ရှိ မလားမသိဘူး။ တစ်စက်ရုံလုံး ဝိုင်းပြီးတော့ တောင်းဆို ပေးတာပေါ့နော်။ ၁ နာရီကနေ ၃ နာရီ။ ၃ နာရီထိုးတော့ အလုပ်ပြန်လုပ်ကြတယ်။ လူကြီးတွေ လာညှိနေတယ်လေ"
အလုပ်ရှင်ဘက်က ထုတ်လုပ်မှု စရိတ်နဲ့ ၀န်ထမ်းအင်အားကို လျှော့ချဖို့ ရည်ရွယ်ပြီး ကျွမ်းကျင်မှုအဆင့် မတူညီတဲ့ အလုပ်သမားတွေကို စုပေါင်း ခိုင်းစေလာတဲ့အတွက် ကျွမ်းကျင်မှုနည်းတဲ့ အလုပ်သမားတွေ အလုပ်ဖြုတ်ခံရမယ့် အရေးက ကာကွယ်နိုင်ဖို့ အခုလို ဆန္ဒထုတ်ဖော်ကြတာလို့ အလုပ်သမားတွေက ပြောပါတယ်။
မနေ့ကဆိုရင် အထွေထွေ အလုပ်သမား (၆) ယောက် အလုပ်ဖြုတ် ခံရတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ စက်ရုံ တာဝန်ရှိ ပုဂ္ဂိုလ်တွေကို RFA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
ငွေကံ့ကော် အထည်ချုပ် စက်ရုံ အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ မေလ အတွင်းကလည်း တစ်ကြိမ် လုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
လယ်သမားနဲ့ စစ်တပ်ပြဿနာ ဝန်ကြီး သွားရောက်ဖျန်ဖြေ
၈၈ မျိုးဆက် ကျောင်းသားတွေ ဝင်ရောက် ညှိနှိုင်းပေးနေတဲ့ သံလျင်မြို့နယ် အလွမ်းဆွတ်ရွာမှာ အမှတ် (၁) ဗျူဟာ စစ်ရေယာဉ်စုတပ်က အဓမ္မ သိမ်းထားတဲ့ လယ်တွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး သွားရောက် ဖြေရှင်းခဲ့တယ်လို့ သိရပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်က ရန်ကုန်တိုင်း သံလျင်မြို့နယ်အတွင်း စစ်တပ်က အဓမ္မ သိမ်းယူထားသည့် လယ်မြေတွင် လယ်သမားများ ဝင်ရောက်ထွန်ယက်နေကြစဉ်။
ဒါပေမယ့် လယ်သိမ်းထားတဲ့ ရေတပ်က လယ်တွေ ပြန်မပေးနိုင်ဘူးလို့ ပြောသလို သူတို့ဟာ ကုမ္ပဏီ မဟုတ်တဲ့အတွက် လျော်ကြေးလည်း မပေးနိုင်ဘူးလို့ ပြောဆို လိုက်ပါတယ်။
ဒါကြောင့် အခုလို အပြောင်းအလဲ ကာလမှာ တပ်မတော်နဲ့ ပြည်သူ ထိပ်တိုက်တွေ့တာမျိုး မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်း ညှိနှိုင်း ဖြေရှင်းကြဖို့ နယ်စပ်ရေးရာနဲ့ လုံခြုံရေး ဝန်ကြီးက ပြောသွားခဲ့တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ရဲ့ လယ်သမားအရေး ဆောင်ရွက်သူ ကိုမျိုးသန့်က RFA ကိုပြောပါတယ်။
"လုံခြုံရေးဝန်ကြီးက ဘာပြောသလဲဆိုတော့ ခင်ဗျားတို့ဘက်က ထိပ်တိုက် မတွေ့ကြပါနဲ့တော့၊ တပ်မတော်နဲ့ ပြည်သူနဲ့ ထိပ်တိုက် တွေ့တယ်ဆိုတာ မကောင်းပါဘူး။ ဒီခေတ် ဒီအခါမှာ မဖြစ်သင့်တော့ပါဘူး ဆိုပြီးတော့ ပြောတယ်ဗျာ။ ပြောတော့ အဲဒီဖြေရှင်းမှု အနေအထားကို ကျွန်တော်တို့က လုံးဝ သဘောတူတာတော့ မဟုတ်ဘူး။ သို့သော် လယ်ယာမြေနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဝန်ကြီးတစ်ယောက်က လာပြီးတော့ ဖြေရှင်းပေးတဲ့ အဆင့်ဟာ ဒါပထမဆုံးလို့ ဖြစ်နေတဲ့ အနေအထားမျိုး ရှိနေသလို သူပြောသွားတဲ့ ပုံစံကလည်းပဲ အဓိက ဇောင်းပေးတာက ပြဿနာတွေ မဖြစ်ဖို့ အရေး ညှိညှိနှိုင်းနှိုင်း ဖြေရှင်းသွားကြရရင် ကောင်းမယ်ဆိုတဲ့ အနေအထားကိုပဲ ဇောင်းပေးပြီးပြောတာ ဖြစ်တဲ့အတွက် တစုံတရာတော့ အသိအမှတ်ပြုရမဲ့ အနေအထား ရှိနေပါတယ်။ အဲအတွက် လယ်သမားများကိုလည်း ကျွန်တော်တို့က တွန်းတွန်း တိုက်တိုက် ဆက်ပြီးတော့ ထွန်ယက်တဲ့ ပုံစံမျိုး ဖြစ်နိုင်ရင် ဆက်မလုပ်ဖို့ ကျွန်တော်တို့ အကြံပေးခဲ့တယ်။ လယ်သမားကလည်း ဒီနေ့တော့ ဆက်ပြီးတော့ မထွန်ဘူး"
အခုလို ဖြစ်နေတဲ့ ကာလမှာ လယ်သမား ပြဿနာ ဖြေရှင်းဖို့ ကော်မရှင်ဖွဲ့မယ်ဆိုတဲ့ လွှတ်တော်က ဆုံးဖြတ်ချက်လည်း ရှိလာတဲ့အတွက် အဲဒီ ကော်မရှင်ကနေ တဆင့် အလွမ်းဆွတ် လယ်သမားတွေ ကိစ္စကို တင်ပြ ဖြေရှင်းသွားမယ်လို့ ကိုမျိုးသန့်က ပြောပါတယ်။
မနေ့ မနက်ကတော့ အဲဒီလယ်တွေမှာ မူလ လယ်သမားတွေ ပြန်ထွန်နေတာကို လယ်သိမ်းထားတဲ့ စစ်ရေယာဉ်စုတပ်က အင်အားနဲ့ သွားရောက် တားဆီးခဲ့တဲ့အတွက် ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ လယ်သမားအရေး ဆောင်ရွက်သူ ဦးဝင်းချိုတို့ ရောက်သွားပြီး အခြေအနေ တည်ငြိမ်အောင် ထိန်းသိမ်းခဲ့ပါတယ်။
အဲဒီနောက် ပြဿနာ ပြေလည်ဖို့အတွက် ၈၈ မျိုးဆက် ကျောင်းသားတွေက နယ်စပ်ရေးရာနဲ့ လုံခြုံရေး ဝန်ကြီးကို ဆက်သွယ် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
RFA Burmese
ကော့သောင်း ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ လည်ပတ်တော့မည်
 တနင်္သာရီတိုင်း၊ ကော့သောင်း မြို့ပေါ်ရှိ ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံမှ ဖြစ်ပေါ် လာမည့် ဆိုးကျိုး များကို စိုးရိမ်ပြီး လူနေ ရပ်ကွက်နှင့် ၁၀ မိုင် အကွာသို့ ပြောင်းရွှေ့ပေးရန် ဒေသခံများ က တောင်းဆိုနေ စဉ်အတွင်း စက်ရုံ စတင် လည်ပတ် တော့မည်ဟု စက်ရုံ တာဝန်ရှိ သူများက ပြောသည်။
ရွှေပြည်သာနှင့် အေးရိပ်ငြိမ် ရပ်ကွက်ကြားရှိ သန်းဖြိုးသူ ကုမ္ပဏီ လိမိတက်ပိုင် ၈ မဂ္ဂါဝပ်ထုတ် ထိုစက်ရုံကို တရုတ် ပညာရှင်များက အချောသတ် စစ်ဆေးလျက် ရှိပြီး စက်ရုံမှ ဆိုးကျိုးများ ဖြစ်မပေါ်စေရန် စီစဉ်ထားသည့်အတွက် ဇူလိုင်လကုန်တွင် စတင်လည်ပတ်မည်ဟု ဆိုသည်။
“ဆိုးကျိုး သိပ်မရှိနိုင်ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ လူတွေနဲ့ မနီးဘူးလေ။ ပင်လယ် ကမ်းစပ်မှာ သွားလုပ်ထားတယ်။ တရုတ်က နည်းပညာက တော်တော်ကောင်းတယ်” ဟု စက်ရုံတာဝန်ရှိသူ တဦးက ပြောသည်။
“အဲဒီက ထွက်လာတဲ့ အညစ်အကြေးတွေကို စွန့်ပစ်လို့ ရတယ်။ စက်ရုံက အငွေ့ နည်းနည်းပါးပါး ထွက်မယ်။ ထွက်တဲ့ အငွေ့တွေကိုလည်း စုပ်ယူဖို့ သစ်ပင်တွေ စိုက်ထားတယ်။ စစ်တဲ့ ကတော့ကြီး သုံးခု ရှိတယ်။ အဲဒီတော့ ပြင်ပကို အနှောက်အယှက် မရှိနိုင်တော့ဘူး” ဟု သူက ဆက်ပြောသည်။
ဒေသခံများကမူ ထိုစက်ရုံသည် လူနေအိမ်နှင့် ပေအနည်းငယ်သာ ကွာဝေးပြီး မီးခိုးခေါင်းတိုင်မှာလည်း ပေ ၄၀ ခန့်သာ
မြင့်ကာ ကော့သောင်းမြို့နေ ပြည်သူများ သောက်သုံးရေအဖြစ် အားထားနေရသည့် ယင်းဝါ ရေလှောင်တမံနှင့် မိုင်ဝက်ခန့်သာ ကွာဝေးသည့်အတွက် ၎င်းတို့အတွက် အန္တရာယ် ရှိနိုင်ကြောင်း ပြောသည်။
“ထင်းရှူးပင် တတန်းလေး စိုက်ထားတယ်။ အပင် ၃ဝ လောက်ပဲ ရှိမယ်။ ကျန်တာ ဘာမှ စိုက်မထားဘူး။ ရပ်ကွက်
နှစ်ကွက်လုံးကလည်း ဘာသစ်ပင်မှ မရှိဘူး။ ဧက တရာလောက် ရှိတဲ့ သစ်တောတောင်မှ ဒီစက်ရုံက ထွက်လာမယ့် အခိုးအငွေ့တွေကို စုပ်ယူလို့ နိုင်မှာ မဟုတ်ဘူး” ဟု ဒေသခံတဦး ဖြစ်သည့် ကိုသန်းထွန်း က ပြောသည်။
စက်ရုံအနီး နေထိုင်သည့် ရွှေပြည်သာ ရပ်ကွက်သား တဦးကလည်း “စက်ရုံက စွန့်ပစ်မယ့် အညစ်အကြေးတွေကို
ရေထဲ မျှောချဖို့ ပိုက်လိုင်း နှစ်လိုင်း လုပ်ထားတယ်။ ပါချန်မြစ်ထဲကို မျှောချမှာ။ ဒီလို လွှတ်ချလိုက်ခြင်း အားဖြင့် ငါးမိုင်အတွင်းမှာ ရှိတဲ့ သားငါးသတ္တဝါတွေ အားလုံး သေကြေသွားနိုင်တယ်” ဟု ပြောသည်။
စက်ရုံအနီးတွင် နေထိုင်သည့် ရပ်ကွက် နှစ်ခုမှ ဒေသခံ အများစုကမူ စက်ရုံကို လူနေ ရပ်ကွက်နှင့် ဝေးရာသို့
ပြောင်းရွှေ့ လည်ပတ်စေလိုပြီး အချို့ကမူ စက်ရုံ ဆောက်လုပ်ခြင်းကို လုံးဝ ကန့်ကွက်ကြသည်။
ဧပြီလ ၂၃ ရက်နေ့ ဒေသခံ ၆၀ ကျော်နှင့် နှင့် ဇွန်လ ၅ ရက်နေ့တွင် ဒေသခံ ၁၂၀ ခန့်တို့က အသီးသီး လက်မှတ်
ရေးထိုးကာ စက်ရုံကို လူနေအိမ်နှင့် ၁ဝ မိုင်အကွာသို့ ပြောင်းရွှေ့ပေးရန် နိုင်ငံတော် သမ္မတထံသို့ အသနားခံစာ
ပေးပို့ခဲ့ပြီး စက်ရုံကို လုံးဝ ရပ်တန့်ပေးရန် အတွက် မေလ ၃ ရက်နေ့ကလည်း ဒေသခံ ၆၃ ဦးက လက်မှတ်ထိုးကာ သမ္မတထံ လက်မှတ် ရေးထိုးပေးပို့ခဲ့သည်။ သို့သော်လည်း တစုံတရာ ထူးခြားမှု မရှိခဲ့ကြောင်း ဒေသခံများက
ပြောသည်။
၎င်းစက်ရုံမှ မြို့ပေါ် ၁၀ ရပ်ကွက်သို့ တယူနစ်လျှင် ကျပ် ၂၀၀ နှုန်းဖြင့် လျှပ်စစ်ဓါတ်အား ဖြန့်ဝေမည် ဖြစ်ကြောင်း ကုမ္ပဏီက ကြေညာထားသည်။ လက်ရှိ ကော့သောင်းမြို့တွင် လျှပ်စစ်ဓါတ်အား ဖြန့်ဝေနေသည့် ဖိုးသီးချို (P.T.C ) မီးလင်းရေးမှ တယူနစ်လျှင် ၆၀၀ ကျပ်ကျော် နှုန်းဖြင့် ဖြန့်ဝေလျက် ရှိသည်။
ဦးကျော်လွင် ပိုင်ဆိုင်သည့် သန်းဖြိုးသူ ကုမ္ပဏီ လိမိတက်သည် စက်ရုံဆောက်လုပ်ရန် အမှတ် ၁ လျှပ်စစ်ဝန်ကြီးဌာန
နှင့် ၂ဝ၁ဝ ခု နှစ်ဆန်းပိုင်းတွင် သဘောတူချက် ရရှိခဲ့ပြီး ထိုနှစ် အောက်တိုဘာလခန့်တွင် စတင်တည်ဆောက်ခဲ့ခြင်း
ဖြစ်သည်။
စက်ရုံ လည်ပတ်ရန်အတွက် လိုအပ်သည့် ကျောက်မီးသွေးများ စက်ရုံဝင်းအတွင်းသို့ ရောက်ရှိနေပြီး စတင်လည်ပတ် ပါက စက်ရုံကို ရွှေ့ပြောင်းပေးရန် ဆန္ဒပြသွားမည်ဟု ဒေသခံတို့က ပြောသည်။
ဒေသခံများ၏ ကန့်ကွက်မှုကြောင့် မဂ္ဂါဝပ် ၄,ဝဝဝ ထုတ်လွှတ်မည့် ထားဝယ် ရေနက် ဆိပ်ကမ်း၏ အစိတ်အပိုင်း တခု ဖြစ်သည့် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံကို ဇန်နဝါရီလဆန်းပိုင်းတွင် အစိုးရက ရပ်ဆိုင်းပေးခဲ့ရသည်။
မြန်မာနိုင်ငံတွင် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံ ခုနှစ်ရုံ ရှိသည့်အနက် မဂ္ဂါဝပ် ၁၂ဝ ထုတ် တီကျစ်နှင့် မဂ္ဂါဝပ် ၃၆၉ ထုတ် မိုင်းခုတ် ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားပေး စက်ရုံများမှာ လည်ပတ်လျက်ရှိပြီး ကျန် ငါးရုံမှာ လျာထားအဆင့်တွင် ရှိကြောင်းကို ပအိုးဝ် လူငယ်များ အစည်းအရုံးမှ ၂ဝ၁၁ ခုနှစ်က ထုတ်ဝေသည့် “အဆိပ်သင့် မိုးတိမ်များ” အစီရင်ခံစာတွင် ဖေါ်ပြထားသည်။
ကွန်းချမ်း | စံခလပူရီ (မဇ္ဈိမ)
ကဏ္ဍ ငါးခုတွင် အပစ်ရပ်များအား နော်ဝေ တိုက်ရိုက်ကူညီမည်ဆို
မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ ကဏ္ဍငါးခုတွင် အပစ်ရပ် အဖွဲ့များ အား တိုက်ရိုက် အကူ အညီများ ပေးသွားမည် ဖြစ်ကြောင်း နော်ဝေနှင့် မြန်မာ အစိုးရတို့ သဘော တူညီ ဖွဲ့စည်းထားသည့် Myanmar Peace Support Initiative (MPSI) မှ အကြံပေး ကိုယ်စားလှယ် တဦးဖြစ်သူ Ashley South က ပြော သည်။
“ဒီငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်မှာ ကဏ္ဍ ငါးခုကို ကျနော်တို့ ကူညီ သွားပါမယ်။ ဒီအကူအညီတွေကိုလည်း အစိုးရကနေ မဟုတ်ဘဲနဲ့ အပစ်ရပ်ထားတဲ့ ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက် ဆက်သွယ်ပြီး ပေးအပ်သွားမှာ ပါ” ဟု သောကြာနေ့က မဇ္ဈိမကို ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် အထောက်အပံ့များကိုလည်း နော်ဝေး အစိုးရမှ ဘဏ္ဍာရေးအရ အကူအညီ
ပေးသွားမည်ဟု ဆိုသည်။
knumetgov8
မေလ ၂၈ ရက်နေ့က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့တွင် ပြုလုပ်သော အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံးတို့ ဆွေးနွေးပွဲတွင် နော်ဝေ ဒုနိုင်ငံခြားရေးဝန်ကြီး Torgeir Larsen ကိုတွေ့ရစဉ်။ (ဓါတ်ပုံ - မင်းမင်းဦး၊ မဇ္ဈိမ)
MPSI မှ အကူအညီ ပေးမည့် ကဏ္ဍ ငါးခုမှာ (၁) အပစ်ရပ် အဖွဲ့အစည်းများ ဆက်ဆံရေးရုံး ဖွင့်လှစ်နိုင်ရေး၊ (၂) အပစ်ရပ် အဖွဲ့အစည်းများနှင့် ဒေသခံလူထု တွေ့ဆုံ ရှင်းလင်းပွဲများ ပြုလုပ်နိုင်ရေး၊ (၃) အပစ်ရပ် အခြေအနေများ အပေါ် လွတ်လပ်သည့် စောင့်ကြည့်ရေး အဖွဲ့များ ဖွဲ့စည်းသွားရန်၊ (၄) ရှမ်းပြည်နယ်ရှိ ဘိန်းစစ်ဆင်ရေး၊ ပညာရေး ကဏ္ဍကဲ့သို့ ပရောဂျက်ကြီး အချို့နှင့် (၅) အပစ်ရပ် ဒေသများ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ၌ အချက်အလက် စုဆောင်းရေးနှင့် စစ်တမ်း ကောက်ယူရေးကဏ္ဍတို့အား အဓိကထား အထောက်အပံ့ ပေးသွားမည်
ဖြစ်ကြောင်း သိရသည်။
ကျောက်ကြီး (ပဲခူးတိုင်း)နှင့် ထားဝယ် (တနင်္သာရီတိုင်း) ဒေသတို့ရှိ ကရင် ဒုက္ခသည်များအား နိုင်ငံသား မှတ်ပုံတင် ထုတ်ပေးရေးနှင့် ပြန်လည် နေရာချထားရေး အစီအစဉ်များအား MPSI ကိုယ်စားလှယ်များ ကိုယ်တိုင် ကွင်းဆင်း
လေ့လာခဲ့ပြီး ဖြစ်သည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းနှင့် Mr. Ashley South တို့သည် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရန်ကုန်မြို့၌ တကြိမ်
တွေ့ဆုံခဲ့ပြီး ဖြစ်သည်။
MPSI အဖွဲ့အား နော်ဝေနိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံ ခရီးစဉ်အပြီး ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် ဖွဲ့စည်းခဲ့ခြင်း
ဖြစ်သည်။
“ဒီ MPSI ကိုလည်း နှစ်နိုင်ငံ အစိုးရတွေရဲ့ တရားဝင် သဘောတူညီမှုနဲ့ ဖွဲ့စည်းထားတယ် ဆိုတော့ မြန်မာအစိုးရ ဘက်က ကျနော်တို့ရဲ့ လုပ်ငန်းစဉ်တွေအပေါ် ဘယ်လောက် ခွင့်ပြုမလဲ၊ နှစ်ဘက် အကြား ဘယ်လောက်အထိ ပွင့်လင်းမြင်သာမှု ရှိလဲ ဆိုတာကိုလည်း အစိုးရကို ကျနော်တို့ သုံးသပ်နေဆဲ အနေအထားမှာ ရှိပါတယ်” ဟု Mr. Ashley South က မဇ္ဈိမကို ပြောသည်။
MPSI အဖွဲ့တွင် မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ ကူညီ လုပ်ဆောင်နိုင်ရန်အတွက် Ashley South နှင့် Charles Petrie တို့ နှစ်ဦးအား တာဝန် ပေးထားသည်။
Charles Petrie မှာ ၂၀၀၇ ခုနှစ်၌ မြန်မာပြည်ဆိုင်ရာ UN အကြီးအကဲဟောင်း တဦးအဖြစ် ရန်ကုန်၌ တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။ ရွှေဝါရောင် တော်လှန်ရေး၌ သံဃာတော်များအား ထောက်ခံသည့် သဘောထားပြသည့် ထုတ်ပြန်ချက်ကို မြန်မာ အစိုးရသို့ ပေးပို့ခဲ့ပြီးနောက် မြန်မာအစိုးရမှ Charles Petrie အား မြန်မာနိုင်ငံမှ နှင်ထုတ်ခဲ့ သည်။
Ashley South သည် ၁၉၉၄ ခုနှစ်တွင် ထိုင်း-မြန်မာ နယ်စပ် အကူအညီပေးရေး ကော်မီတီ (TBBC) ၌ ကွင်းဆင်း အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီး နှစ်ပေါင်း ၂ဝ ခန့် မြန်မာ့တိုင်းရင်းသားအရေးတို့တွင် ကိုယ်တိုင် ပါဝင်ဆောင်ရွက် ခဲ့သူ တဦး ဖြစ်သည်။ Mon Nationalism and Civil War in Burma: The Golden Sheldrake စာအုပ်အား ရေးသား ခဲ့သူလည်း ဖြစ်သည်။
MPSI အနေနှင့် မြန်မာ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်များတွင် တိုင်းရင်းသား ဒေသများအား ပိုမို ဖွံ့ဖြိုး တိုးတက်စေရန်နှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှု အခြေခံ အုတ်မြစ်များ ချမှတ်ပေးနိုင်ရေးအတွက် ရည်ရွယ်၍ ဖော်ပြပါ အထောက်အပံ့များအား ပေးအပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။
MPSI ၏ အကူအညီ ပေးရေး လျာထားချက်မှာ မည်မျှ ကြာမြင့်မည်၊ မည်သည့် ငွေကြေး ပမာဏဖြင့် ကူညီမည်ကိုမူ Ashley South u ထုတ်ဖော် ပြောကြားခြင်း မပြုခဲ့ပေ။
 ဟင်္သာနီ (မွန်မြေ) | စံခလပူရီ (မဇ္ဈိမ)
သန်းခေါင်စာရင်း ကောက်ယူရာတွင် ကျောင်းဆရာ/မ ၁၂၀,၀၀၀ သုံးမည်
မြန်မာနိုင်ငံ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းစဉ်များတွင် မူလတန်းနှင့် အလယ်တန်း
ကျောင်းဆရာ/ဆရာမ တသိန်း နှစ်သောင်း အသုံးပြုသွားမည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ကြာသပတေးနေ့ ပြည်သူ့လွှတ်တော်တွင် ပြောကြားသွားသည်။
“မူလတန်းပြ ဆရာ/မ တသိန်းခန့်ကို လူဦးရေ စာရင်းကောက်ခံပြုစုရာမှာ အသုံးပြုသွားမှာဖြစ်ပြီး အလယ်တန်းပြ ဆရာ/မ နှစ်သောင်းခန့်ကိုတော့ စာရင်းတွေ စစ်ဆေးရာမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်” ဟု ပြောဆိုသွားသည်။
အဆိုပါ ကျောင်းဆရာ/မများမှာ တနိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃ဝဝ ကျော်မှ အိမ်ခြေ ၁၁ သန်းခန့်သို့ ကိုယ်တိုင်သွား
ရောက်ကာ စစ်တမ်းများ လိုက်လံကောက်ခံရမည်ဖြစ်သည်။ ၎င်းတို့အား ညွှန်ကြားပေးမည့် သင်တန်းဆရာများကို ကုလသမဂ္ဂမှ သင်တန်းများပေးမည် ဖြစ်သည်။
khinyi
နှစ်ပေါင်း ၃၀ အကြာတွင် ပထမဆုံးအကြိမ် မြန်မာနိုင်ငံ သန်းခေါင်စာရင်း ကောက်ခံရေးအတွက် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ သည် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်သွားမည်။ (ဓါတ်ပုံ - မဇ္ဈိမ)
ထို့ပြင် အထူးသဖြင့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ၂ ရာခိုင်နှုန်းသော လူဦးရေမှာ
ကောက်ခံရာတွင် ကျန်ရစ်ခဲ့ဖွယ်ရှိကြောင်းလည်း ဝန်ကြီးက ပြောဆိုသွားသည်။
သို့သော် ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာ ခေါ် မူဆလင်များကိစ္စကိုမူ ထည့်သွင်း ပြောဆိုသွားခြင်း မရှိပေ။ ကုလသမဂ္ဂကမူ မြန်မာနိုင်ငံရှိ ခန့်မှန်းခြေ ရိုဟင်ဂျာ ၈ သိန်းခန့်မှာ ကမ္ဘာပေါ်တွင် နှိပ်စက် အညှဉ်းပမ်းခံရဆုံး လူမျိုး တမျိုးဖြစ်သည်ဟု ဖော်ပြထားသော်လည်း မြန်မာအစိုးရကမူ ၎င်းတို့အား နိုင်ငံသားအဖြစ် အသိအမှတ်ပြုမထားပေ။
၃၁ နှစ်အကြာတွင် ပြန်လည်ကောက်ခံသည့် မြန်မာနိုင်ငံ လူဦးရေ သန်းခေါင်စာရင်းကို ၃ နှစ်နှင့် ၁ဝ လကြာ
ဆောင်ရွက်ရမည်ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်တွင် အပြီးထုတ်ပြန်မည် ဖြစ်ကြောင်း ဝန်ကြီးက လွှတ်တော်တွင် ပြောဆိုသွား သည်။
မကွေးတိုင်း၊ ရေနံချောင်းမြို့နယ် မဲဆန္ဒနယ်မှ ဒေါ်ဝင်းမော်ထွန်း၏ ၂ဝ၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း
ကောက်ယူရေး မေးခွန်းနှင့် ပတ်သက်၍ ဦးခင်ရီ က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“သန်းခေါင်စာရင်း ကောက်ယူမည့် အစီအမံ တခုလုံးကို သုံးနှစ်နှင့် ၁ဝ လကြာ ဆောင်ရွက်ရမည်ဖြစ်ပြီး လာမည့် ၂ဝ၁၅ ခုနှစ်၌ လူဦးရေဆိုင်ရာ အခြေခံ အချက်အလက်များကို ထုတ်ပြန်ပေးနိုင်မည်ဖြစ်ကြောင်း” ဟု သောကြာနေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြပါရှိသည်။
၂ဝ၁၄ ခုနှစ်၊ စတင်ကောက်ယူမည့် လူဦးရေ သန်းခေါင်စာရင်းကို လုပ်ငန်းအဆင့် လေးဆင့်ခွဲ၍ ဆောင်ရွက်နေပြီး ကြိုတင် ပြင်ဆင်ခြင်း၊ စာရင်းကောက်ခြင်း၊ စာရင်းပြုစုခြင်း၊ ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာ ပြုစုထုတ်ပြန်ခြင်း လုပ်ငန်းများ ကို ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။
၁၉၈၃ ခုနှစ်နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့သည့်အတွက် ယခု ပြည်လုံးကျွတ်အဆင့် သန်းခေါင် စာရင်းတွင် နှစ် ၃ဝ ကြာမှ ကောက်ယူရသည့် အတွေ့အကြုံပြတ်လပ်မှုကြောင့် လစ်ဟာမှု မရှိစေရန် အချိန်ယူ ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
၂ဝ၁၂ ခုနှစ်၊ ဧပြီလကုန်ပိုင်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မြန်မာပြည်ခရီးစဉ်အတွင်း
မြန်မာနိုင်ငံ သန်းခေါင်းစာရင်း ကောက်ယူရေးလုပ်ငန်းများတွင် ကုလမှ နည်းပညာ၊ အုပ်ချုပ်မှုနှင့် ငွေကြေးအရ ပံ့ပိုင်းကူညီမှုများ ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။
လူဦးရေစာရင်းများ တိကျမှု မရှိသဖြင့် ပြီးခဲ့သည့် ၂ဝ၁ဝ နှင့် ၂ဝ၁၂ ရွေးကောက်ပွဲများတွင် စာရင်း တိကျမှု မရသဖြင့် မဲပေးပိုင်ခွင့်များ ဆုံးရှုံးမှု အများအပြား ရှိခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံလူဦးရေ ခန့်မှန်းချက်များမှာ နိုင်ငံတကာအဖွဲ့အစည်းများအကြား တခုနှင့်တခု တူညီမှု မရှိခဲ့ကြပေ။ ကမ္ဘာ့ဘဏ် ကိန်းဂဏန်းအရ ၄၈ သန်းဟု ခန့်မှန်းပြီး အာရှဖွံ့ဖြိုးရေးဘဏ်က သန်း ၆ဝ ဟု ခန့်မှန်းကာ နိုင်ငံတကာ
ငွေကြေး ရန်ပုံငွေ အဖွဲ့ကြီးကမူ ၆၄ သန်းဟု ခန့်မှန်းထားကြသည်။
ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (UNFPA) ကိုယ်စားလှယ် Mohamed Abdel-Ahad ကလည်း သန်းခေါင်စာရင်း၏ အရေးပါပုံကို “သန်းခေါင်စားရင်း ကောက်ယူမှုတွေဟာ လူဦးရေတိုးပွားမှုရဲ့ တိကျမှန်ကန်တဲ့ အချက်အလက်တွေ ပေးပါတယ်။ ဒါ့အပြင် လတ်တလောနဲ့ အနာဂတ်မှာ ကျောင်းတွေ၊ ဆရာတွေ၊ ဆေးရုံတွေ၊ ဆရာဝန်တွေနဲ့ အလုပ်အကိုင် အခွင့်အလမ်း၊ လူမှုလုံခြုံရေးတွေ လိုအပ်မှုကိုလည်း ခန့်မှန်း တွက်ချက်နိုင်ဖို့ အထောက်အကူပြုပါတယ်” ဟု မေလအတွင်းက နေပြည်တော်အစည်းအဝေးတွင် ပြောကြားသွားသည်။
 ဖနိဒါ | ချင်းမိုင်(မဇ္ဈိမ)
ဒီလှိုင်းဂျာနယ် ဆောင်းပါးအတွက် NLD ကို သတိပေး
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အပတ်စဉ် ထုတ်ဝေနေတဲ့ ဒီလှိုင်းစာစောင်ပါ NLD နာယက အဖွဲ့ဝင် ဟံသာဝတီ ဦးဝင်းတင် ရေးသားတဲ့ ဆောင်းပါးတစ်ပုဒ်နဲ့ ပတ်သက်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က NLD ကို ဒီကနေ့ ခေါ်ယူ သတိပေးခဲ့ပါတယ်။
ဇူလိုင်လ (၉) ရက်နေ့က ထုတ်ဝေခဲ့တဲ့ ဒီလှိုင်းစာစောင်မှာ ဦးဝင်းတင် ရေးသားထားတဲ့ “စည်းရယ် ကမ်းရယ် ပတ်ကြမ်း မတိုက်ကြပါစေနဲ့” ဆိုတဲ့ ဆောင်းပါးနဲ့ ပတ်သက်လို့ ----
သတင်းအပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဇူလိုင်လ (၉) ရက်နေ့ ထုတ် ဒီလှိုင်းစာစောင် ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ရွေးကောက်ပွဲ စံနစ်ပြောင်းဖို့ ၁ဝ ပါတီတင်ပြ
ရွေးကောက်ပွဲ စနစ် ပြောင်းလဲ ပြုပြင်ရေး အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနဲ့ ဒီမိုကရေစီ မိတ်ဆွေ ပါတီ ၁ဝ ပါတီတို့ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးကြပါတယ်။
လွှတ်တော်တွင်းမှာ ပြည်သူလူထုရဲ့ ဆန္ဒကို အပြည့်အဝ ကိုယ်စား မပြုနိုင်ခြင်း၊ အချိုးညီသည့် -----
 သတင်းအပြည့် အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
RFA
၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် ဒီမိုကရေစီ မိတ်ဆွေ (၁၀) ပါတီ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးနေစဉ်။
ပိတ်ဆို့မှု သက်တမ်းတိုးရင် မြန်မာ့စီးပွားရေး ထိခိုက်နိုင်ကြောင်း အိုင်စီဂျီ သတိပေး
မြန်မာသွင်းကုန်တွေ ပိတ်ပင်တဲ့ အမေရိကန် ဥပဒေကို သက်တမ်းတိုးခဲ့မယ်ဆိုရင် သာမန် မြန်မာပြည်သူတွေကိုသာ ထိခိုက်မှာ ဖြစ်ကြောင်း နိုင်ငံတကာ ပဋိပက္ခများ လေ့လာရေး သုတေသနအဖွဲ့ ICG က ဒီကနေ့ ပြောလိုက်ပါတယ်။
AFP
၂၀၁၂ ခုနှစ် ဇူလိုင်လ ၄ ရက်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း လွှတ်တော် အစည်းအဝေး တက်ရောက်လာစဉ်။
ပိတ်ပင်ထားမှုကို သက်တမ်း တိုးလိုက်တာဟာ ချမ်းသာကြွယ်ဝသူ အာဏာရ လူတန်းစားထက် သာမန်ပြည်သူတွေကို အလုပ်အကိုင် ဖန်တီးပေးတဲ့ အထည်ချုပ်လုပ်ငန်းလို ကုန်ထုတ်လုပ်မှုလုပ်ငန်း ဖွံ့ဖြိုးရေးကို နစ်နာစေလိမ့်မယ်လို့ ICG အဖွဲ့က သုံးသပ်ထားပါတယ်။
အမေရိကန် အစိုးရအနေနဲ့ ဒီဥပဒေကို သက်တမ်းတိုးခဲ့ရင် မြန်မာနိုင်ငံ စီးပွားရေး နာလံထူမှုကို အကြီးအကျယ် ထိခိုက်နစ်နာနိုင်တယ်လို့လည်း ICG အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။
ဒီအတောအတွင်းမှာပဲ မြန်မာနိုင်ငံကို စီးပွားရေး ပြစ်ဒဏ်ခတ် ပိတ်ဆို့ဖို့ ၂၀၀၃ ခုနှစ်မှာ အမေရိကန်အစိုးရက ပြဋ္ဌာန်းထားတဲ့ Burma Freedom and Democracy Act နဲ့ဆိုင်တဲ့ ပိတ်ဆို့ထားမှု အားလုံးကို ရုပ်သိမ်းပေးဖို့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက အမေရိကန် အစိုးရ ခေါင်းဆောင်တွေကို ဇူလိုင်လ ၁၇ ရက်နေ့ နေ့စွဲနဲ့ စာရေးသား မေတ္တာရပ်ခံ လိုက်ကြောင်း ပြည်သူ့ လွှတ်တော် အင်တာနက် စာမျက်နှာမှာ ဒီကနေ့ ဖော်ပြထားတာကို တွေ့ရပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်အပြင် အထက်လွှတ်တော် အမတ်တွေဖြစ်ကြတဲ့ Mitch McConnell, John McCain, Joe Liberman, Jim Webb နဲ့ အမေရိကန် သံအမတ် Derek Mitchell တို့ကို သူက အခုလို ပေးပို့ခဲ့တာပါ။
အခုလို သူရ ဦးရွှေမန်းက မေတ္တာရပ်ခံစာ ရေးတာဟာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ တစ်ဦးရဲ့ လုပ်ပိုင်ခွင့်အရ လုပ်ဆောင်တာမျိုး ဖြစ်ကြောင်း ရန်ကုန်တိုင်း လသာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဦးကြည်မြင့်က RFA ကို ပြောပါတယ်။
"သူရ ဦးရွှေမန်းက သူ့ရဲ့ လုပ်ပိုင်ခွင့်ဘောင်အတွင်းက လုပ်တယ်ဆိုတဲ့ သဘောတရား အဓိပ္ပာယ်၊ သူ့အမြင်မှာကိုက ပေါ့လေနော်၊ ဦးသူရ ရွှေမန်း လွှတ်တော်မှာ အဲဒီနေ့က ပြောတဲ့စကားက ပေါ့နော်၊ sanction က အမေရိကန် အစိုးရက ဖြေလျော့မယ် ဆိုပေမဲ့လို့လည်း သူတို့ဘက်က လာရောက် ရင်းနှီးမြှုပ်နှံမယ်။ လာရောက် ရောင်းချမယ်ဆိုတဲ့ ကိစ္စမျိုးအတွက် One sided ပေါ့လေ။ တဖက်သတ် အခွင့်အရေးယူတဲ့ ပုံစံသာလျှင် မြင်ရတယ်ပေါ့လေ။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေဘက်က သူတို့ Black List လုပ်ထားပြီးတော့ သူတို့ဆီ မဝင်ရဘူးဆိုတဲ့ ကိစ္စမျိုးတွေ၊ စီးပွားရေး လုပ်ငန်းရှင်တချို့ကို နာမည်နဲ့ Black List သွင်းထားပြီးတော့ စီးပွားရေး၊ ကုန်သွယ်ရေးအရ ဘဏ်မှာ ငွေအပ်တာ၊ ငွေလွှဲတာတွေကို တားထားတဲ့ ကိစ္စကိုတော့ မရုပ်သိမ်းဘူးတဲ့။ အဲအတွက်ကြောင့် ကျွန်တော်တို့ ဒီဗမာနိုင်ငံကနေပြီးတော့ ဒီဥစ္စာကို တောင်းဆိုဖို့ လိုအပ်တယ်လို့ သူကသုံးသပ် ဆုံးဖြတ်လိုက်တာ၊ အဲဒီနေ့တွေ ကတည်းက"
အမေရိကန်အစိုးရရဲ့ စီးပွားရေး ပြစ်ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုတ်သိမ်းသွားရေးအတွက် "မည်သည့်ပုဂ္ဂိုလ်မဆို မည်သည့် နည်းလမ်းဖြင့် ဖြစ်စေ ဝိုင်းဝန်းကြိုးပမ်းပေးဖို့" ဆိုတဲ့ အရေးပေါ် အဆိုတစ်ရပ်ကို ကျားဖြူပါတီ ကွန်ဟိန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ဇူလိုင် (၁၃) ရက်နေ့ လွှတ်တော်မှာ တင်သွင်းခဲ့တာကို အဲဒီတစ်ရက်တည်းမှာပဲ လွှတ်တော်က အတည်ပြုခဲ့ပြီး နောက်ပိုင်းမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမေရိကန် ခေါင်းဆောင်တွေထံကို အခုလို စာရေးသား ပေးပို့လိုက်တာ ဖြစ်ပါတယ်။
RFA Burmese
ဗြိတိန် ယဉ်ကျေးမှုကို ဖော်ညွှန်းတဲ့ အိုလံပစ် ဖွင့်ပွဲ
လန်ဒန်မြို့ ၂ဝ၁၂ အိုလံပစ် အားကစား ပွဲတော်ကို ဗြိတိသျှ ဘုရင်မကြီး အဲလစ်ဇဘတ် Queen Elizabeth ကိုယ်တိုင် တရားဝင် ဖွင့်လှစ် ပေးလိုက်ပါပြီ။
အခု ကျင်းပမယ့် အိုလံပစ် ပွဲတော်မှာ ပါဝင် ယှဉ်ပြိုင်တဲ့ နိုင်ငံအသင်းတိုင်းမှာ အမျိုးသမီး အားကစား သမားတွေ ထည့်သွင်း ပါဝင်လာတာ ဒါဟာ ပထမဆုံး အကြိမ်ဘဲလို့ နိုင်ငံတကာ အိုလံပစ် ကော်မတီ---
သတင်းအပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ
ရခိုင်က လူ့အခွင့်အရေး အခြေအနေ နာဗီပီလေး စိုးရိမ်
ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး နာဗီပီလေးက ရခိုင်ပြည်နယ်က လူ့အခွင့်အရေး အခြေအနေအတွက် အထူး စိုးရိမ်မှုတွေ ရှိတယ်လို့ သတင်း ထုတ်ပြန်ချက်မှာ ဆိုထားပြီး အဲဒီအတွက် လွပ်လပ် မျှတတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားဖို့ တိုက်တွန်းထားပါတယ်။
လွတ်လပ် မျှတတဲ့ စုံစမ်း စစ်ဆေးမှုတွေဆိုတာ ဘာလဲဆိုပြီး ---
သတင်းအပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ
မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် ကင်တားနား
ကျောက်တော်မြို့နယ် သုံးခွကျေးရွာတွင် ဘင်္ဂါလီမူဆလင်ဝင်ရောက်ခြိမ်းခြောက်
ကျောက်တော်မြို့ နယ်နှင့် ၁၀မိုင်ကွာဝေးသော ပြိုင်းချောင်းဆည်အနီး သုံးခွကျေးရွာတွင် ဇူလိုင်၂၄ရက် နေ့လည်၃နာရီအချိန်ခန့်တွင် သုံးခွကျေးရွာအနီးမှဘဂါင်္လီများ နေထိုင်သော ဆင်တောင်နှင့် ခြစ်ယားကျေးရွာမှဘင်္ဂလီ၂၇ယောက်သည် ၄င်းရွာတွင်နွားပျောက်သည်ဟု အကြောင်းပြပြီး သုံးခွကျေးရွာသို့ လာရောက်ခြိမ်းခြောက်ပြောဆိုသွားကြောင်း----
 သတင်းအပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ
ယူအန်နှင့် အိုင်အန်ဂျီအို ဆန့်ကျင် ပိုစတာများ ရဲက သိမ်းဆည်း
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင်  ယူအန်နှင့် နိုင်ငံတကာ အန်ဂျီအိုများအား ဆန့်ကျင်သော ပိုစတာများအား နေရာ အနှံ့ကပ်ထားသည်ကို ရဲအဖွဲ့က လိုက်လံခွာယူပြီး သိမ်းဆည်း သွားကြောင်း သတင်း ရရှိသည်။
အဆိုပါ ပိုစတာ များအား ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်းက ရဟန်းတော် တစ်ချို့နှင့် မြို့ပေါ်မှာ လူပုဂ္ဂ္ဂိုလ် တချို့မှ လူစည်ကားရာ နေရာများတွင် လိုက်ကပ်ထားခဲ့သည်။ ကပ်ထားပြီး  တစ်နာရီခန့် အကြာတွင် ရဲအဖွဲ့ဝင်များ ရောက်ရှိလာပြီး ----
သတင်းအပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ
UNHCR မှ စပိဘုတ် တစ်စီး ဘူးသီးတောင်မြို့နယ်မှ ကျေးရွာ တစ်ခုတွင် ရပ်နားစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)
အမေရိကန်က မြန်မာသွင်းကုန် ပိတ်ပင်မှုကို ယာယီရုတ်သိမ်း
မြန်မာပြည်မှ သွင်းကုန်များကို အမေရိကန်နိုင်ငံမှ တားမြစ်ပိတ်ပင်မှုကို အနည်းဆုံး ယာယီအားဖြင့် စက်တင်ဘာလကုန်အထိ ရပ်ဆိုင်းလိုက်သည်။ ဤသည်မှာ ဥပဒေပြုသူများအကြား အာဖရိက ကုန်သွယ်မှု အထောက်အပံ့ အတွက် ပြုလုပ်မှုတွင် ပဋိပက္ခများ ပေါ်လာ၍ဖြစ်၏။ ဤကိစ္စ နှစ်ရပ်သည် အိုဘားမား အုပ်ချုပ်ရေးကို ကျောထောက်နောက်ခံပြု ပူးတွဲချမှတ်ထားသော ကိစ္စများဖြစ်၏။ ဂုဏ်ပြုသူများကမူ သြဂုတ်တစ်လလုံး အားလပ်မှု ပြုပြီးမှ ပြနလည်စဉ်းစားရန် မျှော်လင့်ထားကြ၏။
အိမ်ဖြူတော်က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုအချို့ကို လျှော့ချခဲ့၏။ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် လျှော့ ချပေးခဲ့ခြင်းဖြစ်၏။ သို့သော် သွင်းကုန် တားမြစ်မှုကား မရုတ်သိမ်းပေးသေး။
ရီပတ်ဘလီကန် ဆီးနိတ်ခေါင်းဆောင် ''မစ်ခ်ျမက်ကော်နယ်''ကမူ ကိစ္စနှစ်ရပ် ကို ခွဲခြားရန် အဆိုပြုပြီး မြန်မာပြည်မှ သွင်းကုန် ပိတ်ဆို့မှုကို အသစ်ပြုလုပ် ရန် အကြံပြု၏။
သို့သော် ဆီးနိတ်မှ ဘဏ္ဍာရေးကော်မတီဥက္ကဋ္ဌ ဒီမိုကရက်တစ် တစ်ဦးဖြစ်သူ ''မက်စ်ဘောကပ်စ်'' ကမူ ကန့်ကွက်ခဲ့သည်။ ဤသို့ ပြုလုပ်လျှင် အာဖရိက ကုန်သွယ်မှု အတိုင်းအတာကို အနှောင့်အယှက် ဖြစ်နိုင်ပြီးတိုက်၏အဝတ် အထည် လုပ်ငန်းများအတွက် အရေးပါသည်ဟု ဆို၏။
သူက ''မက်ကော်နဲ'' ၏ အဆိုကို ပယ်ချကာ ဒီမိုကရက်များသည် မြန်မာပြည် အပေါ် တားဆီးပိတ်ဆို့မှုကို အသစ်ပြန်လည် သုံးသပ်နေကြောင်းပြော၏။
''ဘောကပ်စ်'' သည် အိုကလာဟိုးမား ပြည်နယ်မှ ရီပတ်ဘလီကန် အမတ်ဆီးနိတ်တာ ''တွမ်ကိုဘန်း'' နှင့် ပူးပေါင်းလုပ်ကိုင်ရန် မျှော်လင့်သည့်ဟု ဆို၏။ ''အာဖရိကကုန်သွယ်မှု အထောက်အပံ့အတွက် လာမည့် ရက်များတွင် သူ့သဘောထားကို ပြောကြားမည်ဟု ဆိုသည်။
၂ဝဝဝ ပြည့်နှစ်က ''အာဖရိက ကြီးပွားရေးနှင့် အခွင့်အရေး အက်ဥပဒေ''ကို ကွန်ဂရက်က ချမှတ်အတည်ပြုခဲ့၏။ ဆဟာရ အာဖရိတိုက်ခွဲမှ အချို့နိုင်ငံများ အနေဖြင့် အာဖရိကသို့ ကုန်ပစ္စည်း ထောင်ပေါင်းများစွာကို ပို့ကုန်အခွန် မပေးပဲ တင်သွင်းခွင့် ပြုသော အက်ဥပဒေဖြစ်၏။
''အာဖရိကကြီးပွားရေးနှင့် အခွင့်အရေး အက်ဥပဒေ'' နိုင်ငံများမှ အဝတ် အထည်များကို အခွန်လွတ်ခွင့်သည် စက်တင်ဘာ ၃ဝ တွင် ကုန်ဆုံးမည် ဖြစ်သည်။ အဝတ်အထည်၏ ပိတ်သားသည် ''တတိယနိုင်ငံများဖြစ်သော တရုတ်၊ တောင်ကိုရီးယားနှင့် ဗီယက်နမ်တို့ မှ ပိတ်စဆိုလျှင် အခွန်ကင်း လွတ်ခွင့်မရ။ ''ကိုဘန်း''က ဆယ်နှစ်အတွင်း ကုန်သွယ်မှု အခွန် ဒေါ်လာ သန်း ၂ဝဝ အကောက်ခွန်ဌာနမှ ကောက်ခဲ့ခြင်းကို ကန့်ကွက်ခဲ့၏။
ဤသည်တို့မှာ အမေရိကန်အစိုးရ အကြွေးကို ဧရာမတောင်လိုပုံစေသည့် ကိစ္စကို ဖန်တီးသည်ဟု သူက ပြောသည်။
ဝါရှင်တန်-ဇူလိုင် ၂၆ (ရိုက်တာ)
Popular Myanmar News Journal
ပြည်တွင်း မိုဘိုင်း ဈေးကွက် အတွင်းသို့ ပြည်ပဖုန်း ကုမ္ပဏီ သုံးခု ဝင်ရောက် ရန်ရှိ
မြန်မာနိုင်ငံ ၏ မိုဘိုင်း နည်းပ ညာ ဈေးကွက် အတွင်းသို့ ပြည်ပနိုင် ငံ အသီး သီးမှ နည်း ပညာမြင့်  ဖုန်း ကုမ္ပဏီများ ဝင်ရောက်လုပ်ကိုင်နိုင် ရန်အတွက် စိတ်ဝင်စားမှုများ ရှိနေ ကြောင်း သိရသည်။ ထို့ပြင် ပြည်တွင်းနည်းပညာ ကုမ္ပဏီများသို့ နာမည်ကြီး မိုဘိုင်းဖုန်း ကုမ္ပဏီများမှ တရားဝင် ကိုယ်စား လှယ်အဖြစ် ခန့်အပ်ရန်----
သတင်းအပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ
ကျောက်မဲမြို့တွင် မီတာဖိုးထက် အထွေထွေ စရိတ်က ပိုများနေ
ရှမ်းပြည် နယ်မြောက်ပိုင်း ကျောက်မဲမြို့၌ မီတာလျှောက် ထားမှု ကုန်ကျစရိတ် ထက်အထွေထွေ ကုန်ကျစရိတ်က    ပိုမိုများပြားနေခြင်း ကြောင့်အခက်အခဲ များဖြစ်ပေါ် လျက်ရှိကြောင်း မီတာလျှောက် ထားသူများထံက သိရသည်။
လက်ရှိတွင် ကျောက်မဲမြို့ဒေသ ဖွံ့ဖြိုးမှုအတွက် လျှပ်စစ်မီးရ ရှိနိုင်ရန်အိမ် သုံးမီတာ (၇၅၀၀)လုံး ခန့်ချထား တပ်ဆင် ပေးခဲ့ပြီး ထပ်မံချထားပေးရန် မီတာအလုံးပေါင်း (၅၀၀)ခန့်ရှိကြောင်း သိရသည်။
 “ဒေသဖွံ့ဖြိုးရေး အတွက်က မီးကအဓိကလေ အဲဒါကြောင့် မီတာလျှောက်တဲ့ သူတွေလည်းများတယ်။လာမယ့် သြဂုတ်လ ဆန်းပိုင်းမှာလဲ ထပ်ချပေးဖို့ဆောင်ရွက်နေပါတယ်”ဟု ကျောက်မဲမြို့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်။
ကျောက်မဲမြို့တွင် လျှပ်စစ်အင်ဂျင်နီယာရုံး တစ်ခုတည်းသာရှိပြီးမြို့တွင်း လျှပ်စစ်မီးဖြန့် ဝေနိုင်ရန်အတွက်ရွှေလီရေအား လျှပ်စစ်စီမံကန်းမှ အဓိကထား၍ လျှပ်စစ်မီးရယူခြင်းဖြစ်သည်။
“မီတာကသိပ် အကြာကြီး မစောင့်ရတော့ ဘူးဆိုတော့ လူတိုင်းစိတ် ချမ်းသာကြတာပေါ့။ ဒါပေမယ့် မီတာ(box)ထက်ကို ထပ်မံကုန်ကျတဲ့ငွေ က ပိုများနေတော့ တပ်ဆင်ခတွေကို ရုံးက အခမဲ့လုပ်ပေးသင့်တယ်။ အခုကတပ်ဆင်က သက်သက် မီတာအလုံးအတွက်က သက်သက်ဆိုတော့ အဆင်မပြေဘူး” ဟုကျောက်မဲမြို့ခံ မီတာတပ်ဆင်လိုသူတစ်ဦးက ပြောသည်။
မီတာလျှောက်ထား တပ်ဆင်သုံးစွဲလိုသူများအနေဖြင့် အိမ်ထောင်စုသန်းခေါင်းစာရင်း မိတ္တူ၊ မှတ်ပုံတင်မိတ္တူ၊ နေရပ်လိပ်စာ အပြည့်အစုံနှင့်ငွေကျပ် သုံးထောင်ဖြင့် လျှောက်ထားနိုင်ပြီး မီတာတပ်ဆင်ခွင့်အကြောင်းကြား စာရရှိပါက ငွေကျပ် ကိုးသောင်းပေးသွင်းကာ မီတာတပ်ဆင်နိုင်မည်ဖြစ်သည်။
“မီတာလျှောက်တာကကိုးသောင်း တစ်သိန်းလောက်ပဲ ကုန်တယ်။ဒါပေမယ့်တပ်ဆင်ခကမီးတိုင်နဲ့ အိမ်နဲ့ ဝေးတယ်ဆိုရင်၂သောင်း -၂သောင်းခွဲလောက်ပေးရတယ်။ပြီးတော့ ကြိုး ၆သောင်းခွဲ လောက်ရှိတယ်။ ပြီးတော့အိမ်ထဲမှာဆင်တာကြိုးခွေးဖိုးနဲ့ တပ်ဆင်ခက ၄သောင်းခွဲ လောက်ပေးရတယ်။ အဲဒါကြောင့်အကုန်လုံးပေါင်းလိုက်မယ်ဆိုရင် ၁သိန်း ၂သောင်း လောက်ကုန်တယ်”ဟုကျောက်မဲ မြို့ပေါ်မှမီတာတပ်ဆင်ပြီး သူတစ်ဦးက ပြောသည်။
လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ပေးသွင်းရသော ငွေကျပ်ကိုးသောင်းမှာမီတာ(Box)အတွက်သာ ဖြစ်ပြီး မီးတိုင်မှသွယ်တန်းသည့် ကြိုးခွေ၊အိမ်တွင်းမီးကြိုးများအတွက် ထပ်မံကုန်ကျကာ၊ မီးကြိုးအတွက် ကျပ်ရှစ်သောင်း ၀န်းကျင်၊ နေအိမ်နှင့် မီးတိုင်အကွာအဝေး ပေါ်မူတည်ပြီးသွယ်တန်းခ ကျပ်(၂)သောင်း ၀န်းကျင်၊ အိမ်တွင်း သွယ်တန်းခ မီးတစ်ပွင့်လျှင်(၂)ထောင် ကျပ် အကြမ်းဖျင်းကုန်ကျကြောင်း သိရသည်။
နေဖြိုးမြင့် ရှမ်း/မြောက်- (မြစ်မခ-ကျောက်မဲ)
by Myit Makha Mediagroup
အစိုးရခိုင်းမှ ပြောင်းရွှေ့ပေးမည်ဟုဆိုသည့် ပြည်မွတ်စလင်သချိုင်္င်း
ပြည်မြို့ မွတ်ဆလင် သချိုင်္င်းအား မြို့နယ် အုပ်ချုပ် ရေးမှုးနှင့် စည်ပင်က ပြောင်းရွှေ့ခိုင်းခြင်း အပေါ်တွင် ငြင်းဆန်လျက် ရှိပြီးနိုင်ငံတော် အစိုးရမှ တရားဝင် စာထုတ်ရွှေ့ခိုင်းမှ ရွှေ့ပြောင်းပေး မည်ဟုအစ္စလာမ် ဘာသာဝင်များ ထံက သိရှိရသည်။
၎င်းသချိုင်္င်း တည်ရှိရာ နေရာသည် စည်ပင်သာယာ ဥပဒေမှပြဋ္ဌာန်း ထားချက်များနှင့် ကိုက်ညီမှု ရှိကြောင်းနှင့် အခြားနေရာ သို့ပြောင်းရွှေ့လျှင် အဆင်ပြေနိုင်မည် မဟုတ်ဟု----
 သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ
မြန်မာသံရုံးနှင့် အကျိုးစီးပွားများကို တိုက်ခိုက်သွားမည်ဟု တာလီဘန် အကြမ်းဖက် အဖွဲ့ ခြိမ်းခြောက်
မြန်မာနိုင်ငံတွင်းရှိ ရိုဟင်ဂျာ မွတ်စလင်များ အပေါ် အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကို လက်စားခြေ သည့် အနေဖြင့် ပါကစ္စတန် နိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် မြန်မာ့ အကျိုးစီးပွားများကို တိုက်ခိုက်သွားမည်ဟု ပါကစ္စတန်တာလီဘန် လက်နက်ကိုင် စစ်သွေးကြွ အဖွဲ့ Tehreek-e-Taliban(TTP) က ခြိမ်းခြောက်---
သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ
တိုင်းရင်းသား လူမျိုးများအခွင့်အရေး ဥပဒေအဆို အတည်ပြု
ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ တိုင်းရင်းသား လူမျိုးများရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေပြဋ္ဌာန်းပေးဖို့ အဆိုကို ကန့်ကွက်သူမရှိဘဲ အတည်ပြုလိုက်ပါတယ်။
အဲဒီအဆိုကို ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးတီခွန်မြတ် တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
မနေ့က လွှတ်တော်မှာ​ အဲဒီအဆိုကို​ ​ဒေါ်အောင်ဆန်းစုကြည်က​ ​ထောက်ခံ ​ဆွေးနွေးရာ ပြည်နယ်တွေမှာ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်းမြင့်မားတာကို ကိန်းဂဏန်း အထောက်အထားနဲ့ တင်ပြခဲ့သလို တန်းတူညီမျှရေးအတွက် ဥပဒေတွေကို လိုအပ်သလို ပြုပြင်ပြဋ္ဌာန်းဖို့ လိုတယ်လို့ ---
 သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဦးသိန်းညွန့် 
မြန်မာအလုပ်သမား ၃ ဦး ပစ်ခတ်ခံရပြီးနောက် ကျန်သူများ အလုပ်မဆင်းရဲ
သေဆုံးသွားတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ကိုထူးနိုင်
ထိုင်းနိုင်ငံ ဆုံခရာခရိုင် ရာနွတ်ဒေသမှာရှိတဲ့ CPF ပုဇွန်စက်ရုံက မြန်မာရွှေ့ပြောင်း အလုပ်သမား ၃ ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက် ကျန်တဲ့ မြန်မာအလုပ်သမားတွေ အလုပ်မဆင်းရဲကြတော့ဘူးလို့ ပုစွန်စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။
ဒီလ ၂၅ ရက်နေ့ မနက်အစောပိုင်းက ရာနွတ်ဒေသမှာရှိတဲ့ CPF ပုစွန်စက်ရုံက မြန်မာအလုပ်သမား ၃ ဦးဟာ အချိန်ပိုအလုပ်ဆင်းပြီး အဆောင်ကို ပြန်ရောက်ချိန် စကားပြောနေတုန်း မျက်နှာဖုံးစွပ် ဆိုင်ကယ်စီး သေနတ်သမား နှစ်ဦးရဲ့ ၀င်ရောက်ပစ်ခတ်မှုကြောင့် မစပယ်ဖြူ (ခေါ်) မအိစံနဲ့ ကိုအောင်အောင်တို့ နှစ်ဦး သေဆုံးသွားခဲ့ပြီး ကိုခင်မောင်ထွန်းကတော့ ဆွန်ခလာဆေးရုံမှာ ကုသမှု ခံယူနေရတယ်။
ဒီလူသတ်မှု အခင်းဖြစ်ပွားခဲ့ပြီးတဲ့ နောက်ပိုင်း ပုစွန်စက်ရုံက မြန်မာအလုပ်သမားတွေ ကြောက်လန့်ကုန်ပြီး အလုပ်မဆင်းရဲကြတော့ဘူးလို့ အလုပ်သမားတဦးက ပြောပါတယ်။
“သူတို့က ပြန်ဆင်းခိုင်းတယ်။ ဒါပေမယ့် မြန်မာပြည်သားအားလုံးက မဆင်းတော့ဘူး။ ဒါက အိမ်မှာထိုင်နေရင်း အလုပ်လွှတ်ချိန်ကြီးဖြစ်တာဆိုတော့ မလုပ်ရဲတော့ဘူးလေ။ လူတွေက ကြောက်နေကြတယ်လေ။ ဘာပြဿနာတစုံတရာမှ မရှိခဲ့ဘဲ ဖြစ်တာဆိုတော့ ပိုကြောက်နေတာ။”
အဲဒီစက်ရုံမှာ မြန်မာအလုပ်သမား ၃၀၀ လောက်ရှိပါတယ်။ ဒီအခင်းဖြစ်ပွားမှု နောက်ပိုင်း မြန်မာအလုပ်သမားတချို့က သူတို့ကို အလုပ်နေရာ ပြောင်းပေးဖို့ တောင်းဆိုတဲ့အတွက် အလုပ်ရှင်က ၁၅ ယောက်ကို အလုပ်နေရာ ပြောင်းပေးခဲ့ပါတယ်။
ကျန်အလုပ်သမားတွေကလည်း သူတို့ကို အလုပ်ရောပြောင်းပေးဖို့ တောင်းဆိုထားတယ်လို့ အလုပ်သမားအရေး ကူညီပေးတဲ့ ဦးထူးချစ်က ပြောပါတယ်။ ဆွန်ခလာခရိုင်က အလုပ်သမား သေဆုံးမှုရဲ့ အမှုတွေကို စုံစမ်းစစ်ဆေးနေဆဲလို့ သိရပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ထိုင်းမွန်မြို့နားက ရာဘာခြံမှာ သေနတ်ဒဏ်ရာ ၆ ချက်နဲ့ သေသွားတဲ့ ကိုထူးနိုင်ရဲ့အမှုနဲ့ ပတ်သက်ပြီး တရားခံလို့ ယူဆရသူ ၁ ဦးကို နယ်မြေခံရဲက ဖမ်းဆီးထားတယ်လို့လည်း ဦးထူးချစ်က ပြောပါတယ်။
မနေ့တုန်းကလည်း ဖန်ငခရိုင် ပကွက်ထုံးမြို့နယ်က ရာဘာခြံတခုမှာလည်း အသက် ၄ နှစ်အရွယ် မြန်မာကလေးမလေး ၁ ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။ အမှု အသေးစိတ်ကို ရဲက လိုက်လံစုံစမ်းဆဲပဲလို့ ဦးထူးချစ်က ပြောပါတယ်။
by နော်နိုရင်း  - ဒီဗွီဘီ
ပွင့်ဖြူလူသတ်မှု သံသယရှိသူ ၂ ဦးကို ရဲက ဖမ်းဆီး
မကွေးတိုင်း ပွင့်ဖြူမြို့နယ်တွင်းက ကျေးရွာတရွာမှာ လူအုပ်စုလိုက် ၀ိုင်းဝန်းထိုးခုတ်လို့ လူ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တဲ့အမှုမှာ လူသတ်မှုနဲ့ သံသယရှိသူ ၂ ဦးကို ရဲက ဖမ်းဆီးအမှုဖွင့်ထား ပါတယ်။
ပွင့်ဖြူမြို့နယ် သမန်းရင်းကျေးရွာသား ဦးရဲဝင်းနဲ့ အဖော် ဦးကြည်မောင်တို့ဟာ  ဇူလိုင် ၂၅ ရက် မနက် ၉ နာရီခွဲက ကျေးရွာဘုန်းကြီးကျောင်းကနေ  ဆိုင်ကယ်နဲ့ အပြန်လမ်းမှာ ထိုးခုတ်ခံခဲ့ရတာပါ။
ဦးခေါင်းတ၀ိုက် ဓားဒဏ်ရာဗရပွနဲ့ ဦးရဲဝင်းဟာ ဆေးရုံအသွား လမ်းမှာတင် သေဆုံးခဲ့ပြီး ဦးကြည်မောင်ကတော့ လက်ချောင်း ၃ ချောင်း ဓားဒဏ်ရာနဲ့ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။
ဦးကြည်မောင်က အကူအညီတောင်းလို့ ရွာသားတွေ ထွက်လိုက်တဲ့အခါ သတ်သူတွေကို မမြင်တွေ့တော့ပေမယ့် ဦးရဲဝင်း အသက်မထွက်ခင် ပြောဆိုချက်နဲ့ ဦးမြင့်ကြည်တို့ရဲ့ ပြောဆိုချက်အရ ရဲက ဦးဝင်းမော်နဲ့ ဦးထွန်းထွန်းဆိုသူ ၂ ဦး အပါအ၀င် ၈ ဦးကို အမှုဖွင့်ပါတယ်။
ဒီအကြောင်းကို ပွင့်ဖြူအန်အယ်လ်ဒီဥက္ကဋ္ဌ ဦးအောင်ဝင်းက “ကိုရဲဝင်းကို ကိုဌေးအောင်က ဆွဲပြီး ကုန်းပေါ်တင်တယ်။ ပြီးတော့ ချက်ချင်းမေးတာ ဘယ်သူတွေလဲ ဘယ်သူတွေလဲဆိုပြီး၊ ကိုရဲဝင်းက မသေခင်လေးမှာ ဟိုကောင် ၀င်းမော်တို့အဖွဲ့ ၈ ယောက်လို့ ပြောသွားတယ်။ အဲလိုပြောပြီး ဆေးရုံပို့ဖို့ လုပ်ကြတယ်။ လှည်းနဲ့တင်ပြီး လမ်းခုလတ်မှာ ဆုံးသွားတယ်”လို့ ပြောပါတယ်။
ဝိုင်းဝန်းထိုးခုတ်သူ ၈ ဦးဟာ သရက်ကုန်း၊ သမန်းရင်းနဲ့ သမုန်းကုန်း ရွာတွေက ဖြစ်တယ်လို့ ဆိုပါတယ်။
ပွင့်ဖြူမြို့နယ်ရဲက ညတွင်းချင်း ဦးဝင်းမော်နဲ့ ဦးထွန်းထွန်းအပါဝင် ၄ ဦးကို ဖမ်းဆီးပြီးနောက် ကိုအုန်းရွှေနဲ့ ကိုတင်လင်းတို့ ၂ ဦးကို ပြန်လွှတ်ပေးပါတယ်။
အသက် ၅၀ ခန့်အရွယ် ဦးရဲဝင်းဟာ သမန်းရင်းကျေးရွာမှာ လူထုနစ်နာတဲ့ကိစ္စကို မဟုတ်မခံ တင်ပြတိုင်တန်းလေ့ရှိသူ အန်အယ်လ်ဒီ အဖွဲ့ဝင်တဦး ဖြစ်ပါတယ်။
အရင်က မီတာဘောက်ဖိုးငွေယူပြီး ငွေစာရင်းမရှင်းတဲ့အပေါ် ဦးရဲဝင်း ဦးဆောင်တိုင်တန်းတဲ့ကိစ္စတခုကြောင့် ဦးဝင်းမော်ဟာ ခေါ်ယူစစ်ဆေး ခံနေတယ်လို့ ဆိုပါတယ်။
ဖမ်းခံရတဲ့ ဦးဝင်းမော်ဟာ မကွေးတိုင်း လယ်ဆည်ဝန်ကြီး ဦးအောင်နိုင်ရဲ့ တပည့်လက်သားတဦးလို့ ရွာသားတွေက ပြောပြကြပါတယ်။
အခင်းဖြစ်ပြီး နာရီပိုင်းအကြာမှာ ပွင့်ဖြူမြို့နယ်နဲ့ ကျောက်တော် ကျေးရွာကြား က မောင်တောကြီးကျေးရွာတောစပ်မှာ တိုင်းလယ်ဆည်ဝန်ကြီး ဦးအောင်နိုင်နဲ့ အဖွဲ့ကို မော်တော်ကားနဲ့တကွတွေ့ပုံ။ မောင်တောကြီးရွာဟာ ဦးအောင်နိုင်ရဲ့ အခြေပြုဒေသဖြစ်လို့ အဲဒီကို ရဲက သတင်းအရ သွားရောက်ရှာရာမှာ မောင်တောကြီးရွာ အုပ်ချုပ်ရေးမှူး အိမ်တွင်းကို ဆိုင်ကယ် ၁ စီးနဲ့ လူ ၃ ဦးရောက်လာပြီး ရဲက ၀င်ရောက်ရှာဖွေရာမှာ တယောက်မှ မတွေ့ပုံကို ဦးအောင်ဝင်းက ခုလို ရှင်းပြပါတယ်။
“ဆိုင်ကယ်တစီးနဲ့ လူ ၃ ယောက်စီးပြီး မောင်တောကြီးကျေးရွာ အုပ်ချုပ်ရေးမှူး မောင်လှအိမ်ထဲကို ၀င်သွားပါတယ်။ လူစိမ်းတွေ ဆိုပြီး သတင်းလာပေးလို့ ရဲတွေက လိုက်သွားတဲ့အခါမှာ ဆိုင်ကယ် ၁ စီးပဲတွေ့ပါတယ်။ လူတွေက မရှိတော့ပါဘူး။ ဖြစ်စဉ်က ဒါပဲ။”
သေဆုံးသူ ဦးရဲဝင်းဟာ အန်အယ်လ်ဒီစည်းရုံးရေးမှူးဖြစ်သလို အများပြည်သူ ထောက်ခံမှု ရထားသူဖြစ်ပြီး ဦးဝင်းမော်ကတော့ ပြည်ခိုင်ဖြိုးပါတီကဖြစ်ပြီး လွန်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကာလမှာလည်း အချေအတင်တွေ ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အခင်းဖြစ်ပွားမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ပွင့်ဖြူရဲစခန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရပါဘူး။
ဦးရဲဝင်းရဲ့အလောင်းကို မနေ့က ဂူသွင်းသင်္ဂြိုဟ်ခဲ့ပါတယ်။ သူ့ဇနီးသည်နဲ့ တက္ကသိုလ် တက်ရောက်နေတဲ့ သမီးနဲ့ သားတဦး ကျန်ရစ်ပါတယ်။
by ​အေး​နိုင် -  ဒီဗွီဘီ
လယ်ယာမြေအသိမ်းခံရမူ စုံစမ်းရေးကော်မရှင်ဖွဲ့မည် (ရုပ်/သံ)
လယ်ယာမြေအသိမ်းခံရမူ့ တွေနဲ့ပက်သက်ပီးစုံစမ်းရေး ကော်မရှင်ဖွဲ့ ဖို့ လွတ်တော်က မဲခွဲ သဘောတူ လိုက်ပီ ဖြစ်ပါတယ်။ ကိုသက် DVB TV News
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
အသက်၁၀ နှစ်သား ကလေးငယ်ကို အာဏပိုင် အဖွဲ.အစည်းက သူခိုးလို. စွပ်စွဲပြီး ဖမ်းဆီးရိုက်နှက် (ရုပ်/သံ)
ပဲခူးတိုင်းဒေသကြီး ၊ ဝေါမြို.နယ်အတွင်းမှာ အသက်၁၀ နှစ်အရွယ်သာရှိသေးတဲ. ကလေးငယ်ကို အာဏပိုင် အဖွဲ.အစည်းက သူခိုးလို. စွပ်စွဲပြီး ဖမ်းဆီးရိုက်နှက်မှုတစ်ခု ဖြစ်ပွားခဲ.ပါတယ်။ ဒေါ်ညိုမာသက် က သတင်းပေးပို.ထားပါတယ်။ DVB TV News
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
ပွင့်ဖြူလူသတ်မှုအတွက် လူ ၂ ဦးကို ဖမ်းဆီးထား
မကွေးတိုင်း ပွင့်ဖြူမြို့နယ် သမန်းရင်းရွာမှာ အာဏာပိုင်တွေရဲ့ အဂတိ လိုက်စားမှုတွေကို ဖော်ထုတ်နေတဲ့ NLD ပါတီ ထောက်ခံသူတစ်ဦး ဗုဒ္ဓဟူးနေ့ မနေ့က လုပ်ကြံ သတ်ဖြတ်ခံခဲ့ရမှုအတွက် သံသယရှိသူ ၂ ဦးကို ရဲက ဖမ်းဆီးထားပြီ ဖြစ်ပေမယ့် ဒီအမှုမှာ ပါဝင်သူတွေအဖြစ် ဒေသခံတွေ၊ မျက်မြင်သက်သေတွေက ပြောဆိုနေကြတဲ့ ကျန်ရှိသူ ၆ ဦးကိုတော့ အရေးယူ ဖမ်းဆီးခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ပြစ်မှု ကျူးလွန်သူ အားလုံးကို ဖမ်းဆီး အရေးယူမှု မရှိတာကြောင့် တခြားသူတွေကို ထပ်မံ အန္တရာယ်ပြုလာနိုင်တဲ့ အရေးအတွက် အင်မတန် စိုးရိမ်ပူပန်နေကြရတယ်လို့ မြို့ခံ NLD ပါတီဝင် တစ်ဦးက RFA ကို ပြောပါတယ်။
"ကျေးရွာလူထုက အရမ်းစိုးရိမ်နေရတယ်။ ဘာကြောင့်ဆိုတော့ နှစ်ယောက်က အချုပ်ထဲမှာ ရှိသေးတယ်လေ။ နှစ်ယောက်ပဲ ရောက်သေးတယ်။ ကျန်တဲ့ ၆ ယောက်က ပျောက်နေတယ်လေ။ ပျောက်နေတယ်ဆိုတာ ဒီကောင်တွေက အခု ရွာမှာ ကြိမ်းနေတယ်။ သူ့ရဲ့ သားသမီးတွေက။ ကျွန်တော်တို့ NLD အမာခံတွေပေါ့နော်၊ ခေါင်းဆောင်တွေ ပြန်ပြီး သတ်ပစ်မယ်ပေါ့နော်။ ဒီကောင်တွေ မထားဘူးပေါ့။ အဲဒီလို ကြိမ်းမောင်းမှု ရှိနေတယ်။ ဒါကို ရဲကလည်း ကြားတယ်။ အရေးယူ ဆောင်ရွက်မှု မရှိဘူး။ ကျွန်တော်တို့ NLD တွေမှာ လုံခြုံမှု မရှိဘူး။ ဖမ်းပြီးတော့ပေါ့။ နှစ်ယောက်ကို ချုပ်ပြီး နှစ်ယောက်ကို ပြန်လွှတ်လိုက်တယ်။ ဒါဟာ ဥပဒေနဲ့ မညီဘူးလေ။ အမှန်တကယ်ဆိုရင် ရုံးမှာတင်ပြီး စစ်ဆေးရမယ်လေ။ အပြစ်ရှိတယ်၊ မရှိဘူးဆိုတာက ရုံးကပဲ ဆုံးဖြတ်ရမဲ့ ကိစ္စလေ။ ရဲက ဆုံးဖြတ်ခွင့် မရှိဘူးလေ။ အခုဒါက ကာယကံရှင်တွေ မိသားစုက လုံးဝမကျေနပ်ဘူး။ ကျွန်တော်တို့ မြို့နယ်ကလည်း မကျေနပ်ဘူး။ ပြည်သူလူထုကလည်း မကျေနပ်ဘူး"
ဒီကိစ္စနဲ့ ပတ်သက်လို့ ပွင့်ဖြူမြို့နယ် ရဲစခန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ တယ်လီဖုန်း လက်ခံပြောဆိုသူ ဝန်ထမ်းကို တခြား တာဝန်ရှိသူတစ်ဦးက ဆက်လက် ဖြေကြားခြင်း မပြုဖို့ ညွှန်ကြားသံ ကြားလိုက်ရပြီးနောက် တယ်လီဖုန်းလိုင်း အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။
ဦးရဲဝင်းရဲ့ အလောင်းကို စစ်ဆေးခဲ့တဲ့ ပွင့်ဖြူမြို့နယ် ဆေးရုံကို RFA က ဆက်သွယ်မေးမြန်းရာမှာ မိမိအနေနဲ့ ဒီကိစ္စကို ဖြေဆိုခွင့်မရှိဘူးလို့ တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောပါတယ်။ ဦးရဲဝင်းရဲ့ အလောင်းကို ဒီကနေ့ ကြာသပတေးနေ့မှာ ဂူသွင်းသဂြိုလ်ခဲ့ပြီး လိုက်ပါပို့ဆောင်သူ (၈၀၀) လောက်ရှိတယ်လို့ စောစောက ဒေသခံက ပြောပါတယ်။
"ဒီနေ့ နေ့လည် ၂ နာရီမှာ သံဃာတွေနဲ့ ကျွန်တော်တို့ အသုဘကို သွားပါတယ်ခင်ဗျ။ ကျွန်တော်တို့ သွားတဲ့ အခါမှာ လိုအပ်တဲ့ အချက်အလက်အထောက်အထားတွေကို ကျွန်တော် မှတ်တမ်း လုပ်ခဲ့ပါတယ်"
ဦးရဲဝင်းရဲ့ ကိုယ်မှာ ဓားဒဏ်ရာ ၁၂ ချက် တွေ့ရှိခဲ့ရကြောင်း ပွင့်ဖြူမြို့နယ် ဆေးရုံနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
မကွေးတိုင်း ပွင့်ဖြူမြို့နယ် သမန်းရင်းရွာမှာ အာဏာပိုင်တွေရဲ့ အဂတိ လိုက်စားမှုတွေကို ဖော်ထုတ်နေတဲ့ NLD ပါတီ ထောက်ခံသူတစ်ဦး ဗုဒ္ဓဟူးနေ့ မနေ့က လုပ်ကြံ သတ်ဖြတ်ခံခဲ့ရမှုအတွက် သံသယရှိသူ ၂ ဦးကို ရဲက ဖမ်းဆီးထားပြီ ဖြစ်ပေမယ့် ဒီအမှုမှာ ပါဝင်သူတွေအဖြစ် ဒေသခံတွေ၊ မျက်မြင်သက်သေတွေက ပြောဆိုနေကြတဲ့ ကျန်ရှိသူ ၆ ဦးကိုတော့ အရေးယူ ဖမ်းဆီးခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ပြစ်မှု ကျူးလွန်သူ အားလုံးကို ဖမ်းဆီး အရေးယူမှု မရှိတာကြောင့် တခြားသူတွေကို ထပ်မံ အန္တရာယ်ပြုလာနိုင်တဲ့ အရေးအတွက် အင်မတန် စိုးရိမ်ပူပန်နေကြရတယ်လို့ မြို့ခံ NLD ပါတီဝင် တစ်ဦးက RFA ကို ပြောပါတယ်။
"ကျေးရွာလူထုက အရမ်းစိုးရိမ်နေရတယ်။ ဘာကြောင့်ဆိုတော့ နှစ်ယောက်က အချုပ်ထဲမှာ ရှိသေးတယ်လေ။ နှစ်ယောက်ပဲ ရောက်သေးတယ်။ ကျန်တဲ့ ၆ ယောက်က ပျောက်နေတယ်လေ။ ပျောက်နေတယ်ဆိုတာ ဒီကောင်တွေက အခု ရွာမှာ ကြိမ်းနေတယ်။ သူ့ရဲ့ သားသမီးတွေက။ ကျွန်တော်တို့ NLD အမာခံတွေပေါ့နော်၊ ခေါင်းဆောင်တွေ ပြန်ပြီး သတ်ပစ်မယ်ပေါ့နော်။ ဒီကောင်တွေ မထားဘူးပေါ့။ အဲဒီလို ကြိမ်းမောင်းမှု ရှိနေတယ်။ ဒါကို ရဲကလည်း ကြားတယ်။ အရေးယူ ဆောင်ရွက်မှု မရှိဘူး။ ကျွန်တော်တို့ NLD တွေမှာ လုံခြုံမှု မရှိဘူး။ ဖမ်းပြီးတော့ပေါ့။ နှစ်ယောက်ကို ချုပ်ပြီး နှစ်ယောက်ကို ပြန်လွှတ်လိုက်တယ်။ ဒါဟာ ဥပဒေနဲ့ မညီဘူးလေ။ အမှန်တကယ်ဆိုရင် ရုံးမှာတင်ပြီး စစ်ဆေးရမယ်လေ။ အပြစ်ရှိတယ်၊ မရှိဘူးဆိုတာက ရုံးကပဲ ဆုံးဖြတ်ရမဲ့ ကိစ္စလေ။ ရဲက ဆုံးဖြတ်ခွင့် မရှိဘူးလေ။ အခုဒါက ကာယကံရှင်တွေ မိသားစုက လုံးဝမကျေနပ်ဘူး။ ကျွန်တော်တို့ မြို့နယ်ကလည်း မကျေနပ်ဘူး။ ပြည်သူလူထုကလည်း မကျေနပ်ဘူး"
ဒီကိစ္စနဲ့ ပတ်သက်လို့ ပွင့်ဖြူမြို့နယ် ရဲစခန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ တယ်လီဖုန်း လက်ခံပြောဆိုသူ ဝန်ထမ်းကို တခြား တာဝန်ရှိသူတစ်ဦးက ဆက်လက် ဖြေကြားခြင်း မပြုဖို့ ညွှန်ကြားသံ ကြားလိုက်ရပြီးနောက် တယ်လီဖုန်းလိုင်း အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။
ဦးရဲဝင်းရဲ့ အလောင်းကို စစ်ဆေးခဲ့တဲ့ ပွင့်ဖြူမြို့နယ် ဆေးရုံကို RFA က ဆက်သွယ်မေးမြန်းရာမှာ မိမိအနေနဲ့ ဒီကိစ္စကို ဖြေဆိုခွင့်မရှိဘူးလို့ တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောပါတယ်။ ဦးရဲဝင်းရဲ့ အလောင်းကို ဒီကနေ့ ကြာသပတေးနေ့မှာ ဂူသွင်းသဂြိုလ်ခဲ့ပြီး လိုက်ပါပို့ဆောင်သူ (၈၀၀) လောက်ရှိတယ်လို့ စောစောက ဒေသခံက ပြောပါတယ်။
"ဒီနေ့ နေ့လည် ၂ နာရီမှာ သံဃာတွေနဲ့ ကျွန်တော်တို့ အသုဘကို သွားပါတယ်ခင်ဗျ။ ကျွန်တော်တို့ သွားတဲ့ အခါမှာ လိုအပ်တဲ့ အချက်အလက်အထောက်အထားတွေကို ကျွန်တော် မှတ်တမ်း လုပ်ခဲ့ပါတယ်"
ဦးရဲဝင်းရဲ့ ကိုယ်မှာ ဓားဒဏ်ရာ ၁၂ ချက် တွေ့ရှိခဲ့ရကြောင်း ပွင့်ဖြူမြို့နယ် ဆေးရုံနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
RFA Burmese
နေပြည်တော် တွင် ပထမဆုံး မော်တော်ယာဉ်ပေါ် ခါးပိုက်နှိုက်သူ ဖမ်းဆီးရမိ
နေပြည်တော်ကောင်စီနယ်မြေ မြို့ပတ်ယာဉ်လိုင်ပေါ် ပထမဆုံးအကြိမ် ခါပိုက်နှိုက် မှု တစ်ခု ဇူလိုင်လ ၁၉ ရက်နေ့( အာဇာနည်နေ့ )ပျဉ်းမနား-တပ်ကုန်း တော်ဝင်ယာဉ်လိုင်းပေါ်တွင်ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။
ခါးပိုက်နှိုက်သူမှာ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊သာယာဝှမ်းကျေးရွာ၊ ကျည်တောင် အုပ်စုနေအသက်၂၁နှစ် အရွယ်ရှိ သူရဟိန်းဆို သူဖြစ်ပြီး---
သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် လက်ထောက်ကထိကဆရာမတစ်ဦးယာဉ် Accidence ဖြစ်ခြင်း
၂၆-၇-၂၀၁၂ (ကြာသပတေး)၊ မွန်းလွဲ ၂း၃၀ ခန့်တွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဂိတ်ပေါက်ဝအရှေ့တွင်၊ ဆိုင်ကယ်ကယ်ရီတစ်စီး၏မဆင်မခြင် မောင်းနှင်မှုကြောင့် လက်ထောက်ကထိက ဆရာမတစ်ဦးအား တိုက်မိပြီးထိခိုက်ဒဏ်ရာများရှိခဲ့ပါသည်။
ဒဏ်ရာများရရှိခဲ့သည့် ဆရာမအား သန်လျှင်ဆေးရုံသို့အရေးပေါ်ချက်ချင်းပိုဆောင်ပြီးလိုအပ်သည့် စစ်ဆေးမှုများနှင့်ကုသမှုများပြုလုပ်ခဲ့ပါတယ်။ စစ်ဆေးချက်တွေအရ ဆရာမဟာ ဦးခေါင်းတွင်ဖူးရောင်ဒဏ်ရာတစ်ခု၊ ၀ဲဖက်မျက်ခုံးကွဲဒဏ်ရာတစ်ခု၊ လက်နှင့် ပေါင်တွင်စုတ်ပြဲဒဏ်ရာများ--
သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဦးသိန်းညွန့်က (NGO) များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတစ်ရပ် ပြဌာန်းနိုင်ရန် အဆိုတင်မည်
ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေး
ယနေ့ ကျင်းပမည့် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေး တွင်
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က
"မြန်မာနိုင်ငံ အသွင်ကူးပြောင်းမှု ကာလတွင် နိုင်ငံတော် သမ္မတ က အရပ်ဘက် လူမှု အဖွဲ့အစည်းအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန် မိန့်ကြားခဲ့ပြီးဖြစ်၍ အရပ်ဘက် လူ့အဖွဲ့အစည်းတွင် ပါဝင်သည့် အစိုးရမဟုတ်သော လူ့ အဖွဲ့အစည်း (NGO) များ ဖွဲ့စည်းရေးအတွက် ခေတ်နှင့်လျော်ညီသော အစိုးရ မဟုတ်သော လူ့ အဖွဲ့အစည်း (NGO) များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတစ်ရပ် ပြဌာန်းနိုင်ရန် နိုင်ငံတော်အစိုးရအား ဤ လွှတ်တော်မှ တိုက်တွန်းကြောင်း "
အဆိုကို တင်သွင်းမည်ဖြစ်ကြောင်းလွှတ်တော်သို့ သွားရောက်သတင်းရယူနေသည့် The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
The Voice Weekly
မယ်ကမ္ဘာရရှိခဲ့သူ Miss Aishwarya Rai ၏ ဖက်ရှင်ဒီဇိုင်းဖန်တီးရှင် Ms. Sherna မှဟောပြောပို့ ချမည်
မယ်ကမ္ဘာရရှိခဲ့သူ Miss Aishwarya Rai ၏ ဖက်ရှင်ဒီဇိုင်းဖန်တီးရှင် Ms. Sherna မှ  Fashion Industry တွင် အောင်မြင်မှု ဆွတ်ခူးနိုင်မည့် တီထွင်ဖန်တီးမှု လမ်းကြောင်းများနှင့် စပ်လျဉ်း၍ ဟောပြောပို့ချမည်
ပြောင်းလဲလာသည့် ခေတ်ရေစီးကြောင်းနှင့်အတူ ထိပ်တန်း ဖက်ရှင်ဒီဇိုင်း များကို ဖန်တီးလိုသူများအတွက် မယ်ကမ္ဘာMiss Ashwariya Rai ၏ ဒီဇိုင်းဖန်တီး ရှင်မှ ရှင်းလင်းပြောကြားပေးမည်ဖြစ်ပါသဖြင့် Summit Parkview Hotel Ballroom တွင် ဇူလိုင် ၂၉ရက်၊ တနင်္ဂနွေနေ့   နေ့လည် ၂နာရီမှ ၃နာရီအထိ ကျင်းပပြုလုပ်မည့် MDIS’s Open House တွင် စိတ်ဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက် နားထောင်နိုင်ပါသည်။
ဖက်ရှင်ပညာနှင့် ပတ်သက်သည့် ဖန်တီးနိုင်မှုစွမ်းရည်နှင့် ဈေးကွက်ဆိုင်ရာ ကျယ်ပြန့်မှုကို ဖြစ်စေရန်ထိုးဖောက်ရမည့်နည်းလမ်းများ၊ ကမ္ဘာပေါ်ရှိ ဖက်ရှင်စတိုင်နှင့် အရည်အသွေးတို့ကို စားသုံးသူထံ အရောက်ပို့ပေးရမည့် နည်းလမ်းကောင်း များနှင့် ပတ်သက်၍ အသေးစိတ်ဟောပြောမည်ဖြစ်သည်။ Ms. Shema မှ ဖက်ရှင်များကို ဖန်တီးရာ၌ အရောင်များကို ရွေးချယ်သုံးစွဲရာတွင် အဆင်ပြေ ညီညွတ်မှု၊ လိုက်ဖက်မှု၊ တစ်ရောင်ချင်းစီ၏ သီးသန့်အဓိပ္ပာယ်ဖော်ညွှန်းမှုများ၊ Ms. Sherna တက်ရောက်ခဲ့သော နိုင်ငံတကာဖက်ရှင် ရှိုးပွဲမျာမှ အတွေ့အ ကြုံများစွာ နှင့် ဖက်ရှင်ဒီဇိုင်းဘာသာရပ်များကိုသင်ယူပြီးမြောက်ပြီးနောက် အလုပ်အကိုင်အခွင့် အလမ်းများ အကြောင်းကို ဆွေးနွေးပြောကြား ပေးမည်ဖြစ် ပြီး၊ စိတ်ပါဝင်စားသူများ CROWN Education ဖုန်း ၀၉ ၇၃၂ ၇၃၂ ၇၇ နှင့် ၀၉ ၅၀၈၅ ၁၈၅ တို့တွင် ဆက်သွယ်စာရင်းပေး တက်ရောက်နိုင်ပါသည်။
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ရန်ပုံငွေ ကာတွန်းပြပွဲ နှစ်ကား အပယ်ခံရ
ရန်ကုန်မြို့တော် ပန်းဆိုးတန်း လောကနတ် ခန်းမတွင် ဇူလိုင် ၂၆ ရက်မှ ၂၉ ရက်နေ့အထိ ပြုလုပ်မည့် အဆိုပါ ကာတွန်းပြပွဲတွင် ကာတွန်းဆရာ ၇၇ ဦး ရေးဆွဲထားသည့် ကာတွန်းကား ၁၆၈ ကားကို ပြသခွင့်ရခဲ့ပြီး ကာတွန်းဆရာ ရွှေဘို နှင့် ကာတွန်းဆရာ အာယုတို့၏ လက်ရာ--
သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ
အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည် ဖေါင်ဒေးရှင်းအတွက် ဒုတိယ အကြိမ် ရံပုံငွေ ကာတွန်း ပြပွဲ
ပြည်နယ်နှင့် တိုင်းဒေသကြီး အုပ်ချုပ်ရေး ဆိုင်ရာ လစ်လပ်နေရာ တပ်မတော်သား ကိုယ်စားလှယ်များ အစားထိုးဝင်ရောက် လာမည်ကို စိုးရိမ်း
ဒီမိုကရေစီ အာဏာရှင် စနစ်ဖြစ် လာနိုင်သည့် တပ်မတော်သား ကိုယ်စားလှယ်များ
ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်နေရာတွင်  တပ်မတော် ဘက်သားကိုယ်စားလှယ်အားတာ ဝန်ပေး အပ်မည် ဆိုပါက ယခုသွား နေသည့်လမ်းကြောင်းအပေါ်အ မြင်မရှင်းမှုများဖြစ်လာနိုင်ပြီး အုပ်ချုပ်ရေး နေရာများ လစ်လပ်ပါ ကတပ်မ တော်ဘ က်မှသာ ခန့်အပ် သည့်  အစဉ်အလာများဖြစ်လာမည် ကိုစိုး ရိမ် ကြောင်း သင်္ဃန်းကျွန်းမဲဆန္ဒ နယ်မှတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးကျော်က တိုင်း ဒေသ ကြီး နှစ်လပတ် အစည်း အဝေး တွင်----
သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ 
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)
© Myanmar News Now Copyright by Thit Htoo Lwin
Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်