ဒေါ်အောင်ဆန်းစုကြည် နဲ့ သူရဦးရွှေမန်း ဒီကနေ့ လွှတ်တော်နားချိန်မှာ ဆွေးနွေး
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ ဒီကနေ့ လွှတ်တော် ခေတ္တရပ်နားချိန်မှာ တနာရီ နီးပါး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အသေးစိတ်ကို မသိရပေမယ့် အလုပ်သဘော ကိစ္စ ဆွေးနွေးကြတာ
ဖြစ်ကြောင်း NLD ပြောခွင့်ရသူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ကွတ်ခိုင်မြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းခဲ့တဲ့ အဆိုဖြစ်တဲ့ “တိုင်းရင်းသား အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ” မူကြမ်းနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဆွေးနွေးဖို့ရှိတယ် လို့လည်း သိရပါတယ်။
ဒီ အဆိုတင်သွင်းချက်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို
ဆွေးနွေးပေးဖို့ တောင်းဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့တာဖြစ်ကြောင်း ဦးအုန်းကြိုင်က ပြောပါတယ်။
ဒီအဆိုနဲ့ ပတ်သက်ပြီး ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား
ပါတီတွေရဲ့ သဘောထားကို သိလိုတဲ့ အတွက် လွှတ်တော်ပြင်ပက တိုင်းရင်းသားပါတီတွေကို ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ ၁၅ ရက်နေ့မှာ တွေ့ဆုံခဲ့ တယ်လို့လည်း သိရပါတယ်။
RFA Burmese
(ဓာတ်ပုံ- RFA )
ထန်းခြောက်ပင်ကွေ့ မှာ အိမ်ခြေ ၂၉ လုံး ဖျက်ဆီးခံရ
ရန်ကုန်တိုင်း၊ရွှေပြည်သာမြို့နယ်၊ ထန်းခြောက်ပင်ကွေ့ ကျေးရွာက အိမ်ခြေ ၂၉ လုံးကို နယ်မြေခံ ရဲနဲ့ စည်ပင်ဌာန ဝန်ထမ်းတွေက ဒီကနေ့ မနက် လင်းအားကြီး ၃ နာရီမှာ ဖျက်ဆီးခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော် ကတည်းက ရှိခဲ့တဲ့ ဒီအိမ်တွေဟာ သချိုင်းမြေနေရာ
မှာ ပါဝင်တယ် ဆိုပြီး အခုလို ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
အိမ်တွေ ဖျက်ဆီးခံရတဲ့ နေရာကို ဒီကနေ့ နေ့လည်ပိုင်းမှာ ရွှေညဝါ
ဆရာတော် သွားရောက်ပြီး ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက် စတဲ့ အစားအသောက်တွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။
အခုလို ဖျက်ဆီးလိုက်တဲ့အတွက် လူပေါင်း ၁၃ဝ လောက် အိုးမဲ့အိမ်မဲ့ြ
ဖစ်ခဲ့ရပြီး အဲဒီထဲက တချို့ဟာ ညအိပ်ဖို့ အခက်အခဲ တွေ့နေကြတယ်လို့
၈၈ မျိုးဆက်ကျောင်းသား ကိုကိုကြီး (စမ်းချောင်း) က ပြောပါတယ်။
အိမ် အဖျက်ခံရသူတွေရဲ့ အဆိုအရ ဒီနေရာမှာ နေထိုင်ခွင့်ရဖို့နဲ့ တရားဝင် အိမ်ထောင်စု စာရင်းတွေရရှိဖို့ အတွက် သက်ဆိုင်ရာကို အခွန်ငွေ ၅ သောင်း ပေးဆောင်ထားရတယ်လို့ သိရပါတယ်။
RFA Burmese
စစ်ကိုင်းဆင်များရှင်ကျောက်မျက်ဈေးက ဈေးသူဈေးသားများ ဆန္ဒထုတ်ဖော်
စစ်ကိုင်းမြို့ (၅)ထပ်ကြီးဘုရားအနီး ဘော်ဂါရပ်ကွက်များရှိ ဆင်များရှင်ကျောက်မျက်ဈေးမှ ဈေးသူဈေးသား (၁၀၀)၀န်းကျင်က အချက်(၃)ချက်အား ယနေ့နံနက်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။
ဆန္ဒပြတောင်းဆိုသည့်နေရာတွင် ရဲနှင့် လုံခြုံရေး(၅၀)၀န်းကျင်ချထားကြောင်းနှင့် ဆန္ဒထုတ်ဖော်ခွင့်ရရှိပြီးသည့်အတွက် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်းကိုလည်း ဆန္ဒပြသူများက ဆိုသည်။
ကျောက်မျက် ဈေးတွင်စစ်ကိုင်းမြို့လမ်းဘေးကျောက်ဝိုင်းလုပ်ကိုင်ကြသူများအား ရွှေ့ပြောင်းခိုင်းသူများ ပါဝင်ရောင်းချနေသော   ဈေးဖြစ်၍ ယခင်လမ်းဘေးဝိုင်းများတွင် ရောင်းချစဉ်ကလောက် မရောင်းရသော ဈေးသူဈေးသားများက ယခုကဲ့သို့ ဆန္ဒထုတ်ဖော်တောင်းဆိုခြင်းဖြစ်သည်။
‘ဒီဈေးကိုအရင်က လမ်းဘေးကျောက်ဝိုင်းရောင်းချမှုက မသင့်တော်လို့ ပြောင်းရွေ့လာတဲ့သူတွေ ဖွင့်လှစ်ရောင်းချနေတဲ့ဈေးပါ၊ အရင်ကလောက် အရောင်းအ၀ယ်မဖြစ်လို့ အချက်(၃)ချက် တောင်းဆို ကြတာပါ”ဟု ဆန္ဒပြရာတွင် ပါဝင်သည့် ဆင်များရှင်ကျောက်မျက်ဈေး က ဈေးသည်တစ်ဦးက ပြောသည်။
၎င်းတို့ တောင်းဆိုနေကြသည့်အချက်များမှာ ဆင်များရှင်ဈေးအား စည်ပင်စွာ ရောင်းဝယ်ဖောက်ကားနိုင်ရေး၊ အချောထည်ဈေးကွက် တည်ငြိမ်စေရေးနှင့် ၀န်ကြီးချုပ်နှင့် နိုင်ငံတော်သမ္မတမှ သတ်မှတ်ထားသည့် ဈေးအတွင်းသာ   ရောင်းချနိုင်ရေး စသည့်အချက်များဖြစ်သည်၊
မင်းမင်းလတ်-မန္တလေး(မြစ်မခ)
by Myit Makha Mediagroup
မြန်မာ့ရေပိုင်နက်တွင် ဖမ်းမိသော ဘင်္ဂလီများအား လဝကပုဒ်မဖြင့် အရေးယူမည်
ရခိုင်ပြည်နယ် မေယုမြစ် အနောက် တောင်ဘက် မြန်မာ့ ရေပိုင်နက်သို့ ဖြတ်သန်း လာသည့် စက်လှေ တစ်စီးအား ယခုလ ၂၀ရက်နေ့က ရေတပ်မှ ဖမ်းဆီးရ မိခဲ့ရာ စက်လှေတွင် ပါဝင်သူများကို လဝက ပုဒ်မဖြင့် အရေးယူ မည်ဟု သိရှိရသည်။
“သူတို့ကို စစ်ဆေးတဲ့အခါ ၊ မြန်မာနိုင်ငံက ဘင်္ဂလီတွေဖြစ်နေတယ်၊ သူတို့မှာအထောက်အထားတွေကမသဲကွဲဘူး ။ နောက် ကပ္ပတိန်ကထိုင်းကဆိုပေမယ့် ထိုင်းနိုင်ငံတောင်းပိုင်းကမူဆလင်ပါ။ ကျန်တဲ့သူတွေကတော့ ဘင်္ဂလားဒေရှ်နိုင်ငံသားတွေလို့ ယူဆလို့ရပါတယ်။ ”ဟု အမည်မဖော်လိုသူ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါ စက်လှေတွင် ထိုင်နိုင်ငံသား(၁)ဦး၊  မြန်မာနိုင်ငံက (၈)ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၉၁)ဦး ပါဝင် ကြောင်း သိရသည်။
၎င်း စက်လှေမှာ မေယုတောင်တန်း မြန်မာရေပိုင်နက်တွင် ဖဖ်းဆီးခံရခြင်းဖြစ်ပြီး ဘင်္ဂလားဒေရှ်နိုင်ငံက မလေးရှားနိုင်ငံသို့ ပို့ဆောင်ရန်ထွက်ခွာနေချိန်တွင် ယခုကဲ့သို့ ဖဖ်းဆီးရမိခြင်းဖြစ်သည်။
“သူတို့ကို ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး လတ်တလော ပြဌာန်းချက်ပုဒ်မ ၁၃(၁) အရ အရေးယူမှာပါ’’ဟု ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက မြစ်မခမီဒီယာနှင့်တွေ့ဆုံမေးမြန်းရာတွင် ပြောကြားခဲ့သည်။
လက်ရှိတွင် ၄င်းတို့အား စစ်တွေအကျည်းထောင်တွင် ထိန်းသိမ်းထားကြောင်းကိုလည်း သိရှိရသည်။
မိုးဝေ- ရခိုင်ပြည်နယ် (မြစ်မခ)
by Myit Makha Mediagroup
နိုင်ငံတော် အလံကို စစ်တွေမြို့တွင် ၉ရက်ကြာ လွှင့်ထူမည်
စစ်တွေ တစ်မြို့လုံးရှိ နေရာ အနှံ့အပြားတွင် နိုင်ငံတော်အလံကို ဇူလိုင်လ ၂၁ ရက်နေ့က စပြီး ၉ ရက်ကြာ လွှင့်ထူသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
နိုင်ငံတော် အလံအား လွှင့်ထူနေကြပုံ။ (ဓါတ်ပုံ- နိရဉ္စရာ)
ယခုကဲ့သို့ နိုင်ငံတော် အလံကို စစ်တွေမြို့ (၉) ရက်ကြာ လွှင့်ထူသွားမည့် အစီအစဉ်ကို ရတပ ဗဟို ကော်မီတီဝင် ခိုင်ကောင်းစံက ယခုလို ပြောသည်။
“ ဇူလိုင်လ ၁၁ရက်နေ့က သမ္မတကြီး ဦးသိန်းစိန်က UNHCR မင်းကြီး Antonio Guterres ကို ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီတွေဟာ  မြန်မာနိုင်ငံသား မဟုတ်ကြောင်းကို မြန်မာတိုင်းရင်းသားတွေ ဘက်မှ ပြတ်သားစွာ ရပ်တည် ပြောဆိုခဲ့မှုအပေါ် ဂုဏ်ပြုတဲ့ အနေနဲ့  စစ်တွေ မြို့အနှံ့ အပြားမှာ  နိုင်ငံတော်အလံကို ၉ ရက်ကြာ လွှင့်ထူသွားမှ ဖြစ်ပါတယ်” ဟု ပြောသည်။
နိုင်ငံတော် အလံအား  ဆိုက်ကား၊ သုံးဘီး၊ ဆိုင်ကယ် အများအပါအ၀င် နေရာတိုင်းတွင် ယခုအခါ ချိတ်ဆွဲ လွှင့်ထူထားကြသည်ဟု သူက ပြောသည်။
“ အခု သုံးဘီးတွေ၊ မော်တော် ကားတွေ၊ မော်တော်ဘုတ်တွေ အကုန်လုံးမှာ လွှင့်ထူထားပါတယ်။ အိမ်တွေ၊ လမ်းတွေမှာလည်း လွှင့်ထူတားကြပါတယ်။ စစ်တွေမြို့ပေါ်က မင်းဗာကြီးလမ်း၊ လမ်းမကြီး တလျှောက်ပါဘဲ။ သမ္မတကြီးရဲ့ ရပ်တည်ချက်နဲ့ ရဲရင့်ပြတ်သားတဲ့ ပြောကြားချက်ကို ရခိုင် တစ်မျိုး သားလုံးက အပြည့်အ၀  ထောက်ခံတဲ့ အနေနဲ့ နိုင်ငံတော် အလံကို လွှင့်ထူထားကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ယခုအခါ နိုင်ငံတော်အလံကို သမ္မတကြီး ပြောကြားချက်ကို ထောက်ခံသော အနေဖြင့် စစ်တွေမြို့တွင် သာမက  ရခိုင်တစ်ပြည်နယ်လုံး မြို့ရော၊ တောပါ မကျန် လွှင့်ထူရန် လူပ်ရှားသူများက ကြိုးစား ဆောင်ရွက်နေကြောင်း သိရသည်။
ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြောက်ဦးနဲ့တ တခြားမြို့များတွင်လည်း လူမှုရေး အသင်းအဖွဲ့များက အဆိုပါ လူပ်ရှားမူကို ထောက်ခံသော အနေဖြင့် နိုင်ငံတော် အလံများကို စတင် လွှင့်ထူနေကြပြီ ဖြစ်ကြောင်း ကိုခိုင်ကောင်းစံက ပြောသည်။
နိုင်ငံတော် အလံ အိမ်များတွင်လည်း လွှင့်ထူထားကြသည်။ (ဓါတ်ပုံ- နိရဉ္စရာ)
၎င်းအပြင် သဲတပွင့် အမည်ဖြင့် ရေးသားထားသော ကျေညာချက် တစ်စောင်ကိုလည်း စစ်တွေမြို့ တွင် လိုက်လံ ဖြန့်ဝေနေကြသည်ဟု သိရသည်။ ကျေညာချက်ထဲတွင် နိုင်ငံတော် အလံလွှင့်ထူရခြင်း ရည်ရွယ်ချက်ကို အောက်ပါအတိုင်း ရေးသား ဖေါ်ပြထားသည်။
နံပါတ် (၁) သမ္မတဦးသိန်းစိန်အား ရခိုင်လူမျိုးများမှ အထူးကျေးဇူးတင် ဂုဏ်ပြုကြောင်းပြသခြင်း၊ (၂) သမ္မတ ကြီး၏ ပြောစကားကို ရခိုင်လူမျိုးမှ ထောက်ခံကြောင်း ပြသခြင်း၊ (၃) ဘင်္ဂလီများ အရေး ကိစ္စတွင် သမ္မ ကြီးနောက်မှ ရခိုင်လူမျိုးများ ရှိကြောင်းပြသခြင်း၊ (၄) သမ္မတကြီး ပြောစကားကို ကန့်ကွက်၊ ဆန့်ကျင်၊ မ ထောက်ခံသော အဖွဲ့အစည်းများအား ရခိုင်လူမျိုးများက ပြန်လည် ကန့် ကွက်၊ ဆန့်ကျင်၊ မထောက်ခံကြောင်း ပြသခြင်း၊ (၅) သမ္မတကြီး ပြောစကားကို လက်တွေ့ အကောင် အထည် ဖေါ်ဆောင်ရွက်မည့် တပ်မတော်၊ ရဲ၊ နစက၊ လ၀ကနှင့် တခြားသော ၀န်ထမ်းများနှင့် တကွ ရခိုင်ပြည်သူ တစ်ရပ်လုံးမှ မှန်ကန်စွာ လက်တွဲပူးပေါင်း ဆောင်ရွက် မည်ကို ပြသခြင်းတို့ ဖြစ်သည် ဟု ရေးသားထားသည်။
ထွန်းထွန်း - နိရဉ္စရာ သတင်းဌာန
အိန္ဒိယ အာသံပြည်နယ် ဒေသခံနှင့် အခြေချ ဘင်္ဂလီများ၏ အဓိဂရုဏ်း လူပေါင်း ၁၈ ဦးသေဆုံး
လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်း ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ပတိပက္ခ အတွင်း လူပေါင်း ၁၈ ဦးသေဆုံး ပြီးနောက် ဝေးကွာလွန်းတဲ့ အာသံပြည်နယ် အတွင်းက ထောင်ပေါင်း မြောက်များစွာသော လူတွေဟာ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးနေကြတယ်လို့ ဒီကနေ့  အေပီ သတင်း တစ်ပုဒ်မှာ ဖေါ်ပြ ထားပါတယ်။
အခုအချိန်ထိ ပျောက်ဆုံးနေသူ ၁၀ ဦးရှိကြောင်းနဲ့ တိုက်ခိုက်မူတွေဟာ မြေယာပိုင်ဆိုင်မူ အငြင်းပွားရာကနေ ဌာနေ တိုင်းရင်းသား ဘိုရို လူမျိုးတွေနဲ့ ဘင်္ဂလီ မွတ်ဆလင် အခြေချ နေထိုင်သူတွေ အကြားမှာ ဖြစ်ပွားတာ ဖြစ်တယ်လို့ အိန္ဒိယ အာသံပြည်နယ် ပုလိပ်မင်းကြီး  J.N. Choudhury  ကို ကိုးကားပြီး သတင်းက ဆိုပါတယ်။
အခု အဓိဂရုဏ်း ဖြစ်နေတဲ့ နေရာဟာ အာသံပြည်နယ် အနောက်ပိုင်း ကိုကြာဂျဟာ ခရိုင် (Kokrajhar district)  အတွင်းမှာ ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။ အခုအခါ အဓိဂရုဏ်းဟာ အနီးအနားက ခရိုင်နှစ်ခုမှာ ဆက်လက် ကူးစက် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
အဓိဂရုဏ်းအတွင်း ဓါးခုတ် ဒဏ်ရာတွေနဲ့ သေဆုံးသွားသူတွေရဲ့ အလောင်းတွေကို တောထဲ နေရာ တချို့နဲ့ ကားလမ်း ဘေး၊ မြစ်ကမ်းဘေးတွေမှာ ရဲတွေက ရှာဖွေတွေ့တယ်လို့ ပြောပါတယ်။ အခုအခါ အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးလာကြတဲ့ လူပေါင်း ၃၀၀၀၀ ခန့်ရှိပြီး သူတို့တွေ အတွက် ကယ်ဆယ်ရေး စခန်း (၆) ခုခန့်ကို ဖွင့်လှစ် ထားတယ်လို့ ပြောပါတယ်။
အခုအခါ အိန္ဒိယ အစိုးရက အဲဒီ ဒေသမှာ ကာဖျူး ထုတ်လိုက်ပြီး အခြေအနေကို ထိန်းသိမ်းဖို့ အဲဒီဒေသကို စစ်တပ်တွေ စေလွှတ်ထားလိုက်ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
အိန္ဒိယ နိုင်ငံ အာသံပြည်နယ်က ဌာနေ တိုင်းရင်းသား ဘိုရို လူမျိုးတွေနဲ့ ဘင်္ဂလီ အခြေချနေထိုင်သူတွေအကြား အပြန်အလှန် ကွက်တိ ကွက်ကျား တိုက်ခိုက်မူတွေနဲ့ အတူ အိမ်မီးရှို့မူတွေကတော့  ၁၉၉၀ ခုနှစ်ကတည်းက ဖြစ်ပွားနေခဲ့တယ်လို့ ပြောပါတယ်။
မြေယာ ခိုးယူ ပိုင်ဆိုင်မူ အငြင်းပွားမူတွေကြောင့် ဒေသခံ ဘိုရိုတွေနဲ့ ထောင်ပေါင်းများစွာသော အရှေ့ပါကိစ္စတန် လက်ထက် ( ၁၉၇၁ ခုနှစ် ဘင်္ဂလာဒေခ်ျ့ လွတ်လပ်ရေး မတိုင်မီ) ကတည်းက အခြေချနေထိုင်သူ ဘင်္ဂလီတွေအကြားမှာ အမြဲတန်းလိုလို ဆူပွက်မူတွေနဲ့ ပြဿနာတွေ ဖြစ်ပေါ်နေတယ်လို့ ပြောပါတယ်။
နောက်သတင်း တစ်ခုမှာတော့ မွတ်ဆလင် ကျောင်းသားခေါင်းဆောင်နှစ်ဦး တိုက်ခိုက်ခံရပြီးတဲ့ နောက်မှာ မွတ်ဆလင်တွေက ဘိုရို  လွတ်မြောက်ရေး ကျားအဖွဲ့က လူ ၄ ဦးကို ပြန်လည် တိုက်ခိုက်ရာကနေ အခု အဓိဂရုဏ်း စတင် ဖြစ်ပွားလာတယ်လို့ ပြောပါတယ်။
နိရဉ္စရာ သတင်းဌာန
ဇူလိုင်လ (၁၉)ရက်နေ့ ထုတ် Popular News Journal အတွဲ(၄)၊ အမှတ်(၂၈)
ဇူလိုင်လ (၁၉)ရက်နေ့ ထုတ် Popular News Journal အတွဲ(၄)၊ အမှတ်(၂၈)
ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
လွှတ်တော် အစည်းဝေး ၁၂ ရက်မြောက်နေ့ တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား တွေ့ ရစဉ် (ဓါတ်ပုံ)
 ပထမအကြိမ် ပြည်သူ့လွတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေး ၁၂ ရက်မြောက်နေ့ တွင် တတ်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည် အား တွေ့ ရစဉ်
Popular Myanmar News Journal
သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၄၈)နှစ်မြောက် အထိမ်းအမှတ် အောက်မေ့ဘွယ်ကျင်းပ
မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် ကဏ္ဍစုံမှ ပါဝင်ဆောင်ရွက် ခဲ့သော ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၄၈)နှစ်မြောက် အထိမ်းအမှတ် အောက်မေ့ဘွယ် အခမ်းအနားကို ဇူလိုင် ၂၃ ရက်နေ့ နံနက် ၁၀ နာရီက တော်ဝင်နှင်းဆီခန်းမ၌ ကျင်းပခဲ့သည်။
ထိုအခမ်းအနားကို နိုင်ငံရေးပါတီအသီးသီးမှ ပါတီခေါင်းဆောင်များ၊ ၈၈ မျိုးဆက်ကျောင်းသားများနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ အပါအ၀င် လူလေးရာကျော်ခန့် တက်ရောက်ခဲ့ကြသည်။
ထိုအခမ်းအနားတွင် နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု၍ နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေး တိုတ်ပွဲများနှင့် ဒီမိုကရေစီတိုတ်ပွဲအဆက်ဆက်တွင် ကျဆုံးသွားသူများ အတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ် ဖြင့် တစ်မိနစ်ခန့် ငြိမ်သက်ခဲ့ပြီး ခေတ္တရာ တမာချို အဖွဲ့မှ ငြိမ်းချမ်းရေးတေးသီချင်းများဖြင့် ဖျော်ဖြေခဲ့သည်။
ထို့နောက် ဆရာမ ဒေါ်ခင်ဆွေဦး နှင့် ဒီလှိုင်းဂျာနယ် တာဝန်ခံ အယ်ဒီတာ ဆရာဖျာပုံနီလုံဦး တို့မှ ဆရာဒဂုန်တာရာ နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ပေးပို့သော သ၀ဏ်လွှာများကို ဖတ်ကြားခဲ့ပြီး ဟံသာဝတီ ဦးဝင်းတင်၊ ပြည်သူ့တိုးတက်ရေးပါတီအတွင်းရေးမှူးဟောင်း ဦးလှရွှေ၊ မှိုင်းရာပြည့် ကျောင်းသားခေါင်းဆောင် ဦးသန်းလင်း၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင် နှင့် ဗကသ များအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကိုတို့မှ အမှတ်တရစကားများ ပြောကြားခဲ့သည်။
Popular Myanmar News Journal
ကျောင်းဆောင်ပြိုကျ၍ ကျောင်းသူ၊သား ၃၀ဦး ဒဏ်ရာရ
သက်ပြည့် ပင်စင်ယူမည့် ကျောင်းအုပ် ဆရာကြီးကိုနှုတ် ဆက်စဉ် ကျောင်းဆောင်
 ပြိုကျ၍ ကျောင်းသူ၊ သား ၃၀ဦး ဒဏ်ရာရ
မုံရွာ- ဇူလိုင် ၂၃
မုံရွာမြို့ ၊ဒေါနခြံရပ်ကွက်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်
ဆရာကြီး ဦးဝင်းဖေသည် ပင်စင်(သက်ပြည့်) ယူမည်ဖြစ် သဖြင့် ကျောင်းသားကျောင်းသူ
များနှင့်ဆရာဆရာမများ ကျောင်းအုပ်ဆရာကြီးရုံးခန်းသို့အသွား ပင်မဆောင် အနောက်
ထိပ်န၀မတန်းအဆောင်ရှေ့အရောက်တွင်ကျောင်းဝရံတာပြိုကျသဖြင့်ကျောင်းသား
 ကျောင်းသူ(၃၀)ခန့်နှင့်ကျောင်းဆရာတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်းသိရှိရသည်။
“ပုံမှန်ရက်တွေမှာဒီဝရံတာကလူအများသွားလာတာမရှိပါဘူး။ဒီနေ့ကျောင်းအုပ်ဆရာ
ကြီးနှုတ်ဆက်ဖို့ကျောင်းသားကျောင်းသူတွေအသွားများတော့ပြိုကျသွားတယ်။ဝရံတာ
မှာခြပုန်းတွေတက်နေတာကြာပြီဆိုတော့ဆွေးမြေ့ပြီးပြိုကျသွားတာပါ။
ထိခိုက်ဒဏ်ရာရတဲ့ကျောင်းသားကျောင်းသူတွေအားလုံးဆေးဝါးကုသမှုခံယူနေပါ
တယ်”ဟုအ.ထ.က(၂) မှကျောင်းဆရာမတစ်ဦးကပြောသည်။
အဆိုပါပင်မကျောင်းဆောင်ဝရံတာပြိုကျပျက်စီးမှုကြောင့်ကျောင်းဆရာတစ်ဦးနှင့်
 ကျောင်းသားကျောင်းသူ၃၀ခန့်ဒဏ်ရာရရှိပြီးမုံရွာပြည်သူ့ဆေးရုံကြီးတွင်းအတွင်း
လူနာအဖြစ်ကျောင်းသားကျောင်းသူ(၂၉)ဦးပြင်ပလူနာ အဖြစ်(၂)ဦးဆေးဝါးကုသမှုခံယူလျက်ရှိကြောင်းသတင်းရရှိပါသည်။
မုံရွာမြို့တွင် အထက်တန်းကျောင်း ၃ကျောင်းရှိပြီး အထက ၂သည် ဒေါနခြံရပ်ကွက်၊ မုံရွာပြည်သူ့ဆေးရုံကြီး ဘေးကပ်လျှက်တွင် တည်ရှိသည်။
ဓာတ်ပုံ- မျိုးမင်းဦး
7Day News Journal
ဇူလိုင်လ (၂၃)ရက်နေ့ ထုတ် The Voice Journal Vol 8/ No 31
ဇူလိုင်လ (၂၃)ရက်နေ့ ထုတ် The Voice Journal Vol 8/ No 31
ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
ဇူလိုင်လ ၂၃ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၇ အမှတ် ၄၂
ဇူလိုင်လ ၂၃ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၇ အမှတ် ၄၂
ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
ဇူလိုင်လ (၂၃) ရက်နေ့ ထုတ် အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၁၄
ဇူလိုင်လ (၂၃) ရက်နေ့ တနင်္လာနေ့ ထုတ် အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၁၄
ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
မုံရွာမြို့ အထက်တန်းကျောင်း ၀ရန်တာပြိုကျ၊ ကျောင်းသူများ ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အမှတ် ၂ အထက်တန်းကျောင်းမှာ ဒီနေ့ မွန်းလွဲပိုင်း ၂ နာရီခွဲလာက်က န၀မတန်း ကျောင်းဆောင်အပေါ်ထပ် ၀ရန်တာ ပြိုကျရာမှာ ကျောင်းသူ ၂၀ ကျော်ဒဏ်ရာရသွား ပါတယ်။
လတ်တလော ကျောင်းသူ ၂၀ ဒဏ်ရာနဲ့ မုံရွာပြည်သူ့ဆေးရုံကြီးမှာ တက်ရောက် ဆေးကုသမှု ခံယူနေရပြီး ၁ ဦး အခြေအနေ စိုးရိမ်ရတယ်လို့ အထက ၂ ကျောင်း ဆရာမတဦးက ပြောပါတယ်။
“ကျောင်းမှာ ကော်ရစ်ဒါပြိုကျတာ၊ ၉ တန်း ကလေး ၂၀ လောက် ဆေးရုံတင်ထားရတယ်။ မစိုးရိမ်ရ ဘူး။ တယောက်ကတော့ သတိမရသေးဘူး။”
မကြာခင် ပင်စင်ယူဖို့ ရှိတဲ့ ကျောင်းဆရာကြီးကို နှုတ်ဆက်ပွဲလုပ် ကန်တော့ဖို့ ကျောင်းသားတွေ အလာမှာ ခုလို မတော်တဆ ဖြစ်ပွားခဲ့တာလို့လည်း ပြောပါတယ်။
“ဆရာကြီးကို ကန်တော့ဖို့ တန်းစီပြီး ကလေးတွေလာကြတာ၊ အခန်းက 1A ခန်းနဲ့ D ခန်းကများ တယ်။ ယက်မလိုဟာ ကွာပြီး ဗြိခနဲ အသံကြားပြီး ပြုတ်ကျတော့ ကလေးတွေ က ကြောက်ပြီး တောင်ဘက် တိုးတော့ တောင်ဘက်က ကာထားတဲ့ ၀ရန်တာပါ ပြုတ်ကျသွားတာ။”
၁၀ ပေကျော်လောက်မြင့်တဲ့ သစ်သားပျဉ်ခင်း ၀ရန်တာဟာ အုတ်ခံကျောင်းဆောင်မှာ ကပ်ရိုက်ထားတဲ့ ယက်မသစ်သားတန်း ကွာကျတဲ့အတွက် ခုလို ကျောင်းသူတွေ ထိခိုက်ဒဏ်ရာရ ကုန်တာဖြစ်ပြီး ဆရာမ တဦးလည်း ခြေထောက်မှာ ထိခိုက် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
by ပီတာအောင် - ဒီဗွီဘီ
သန်လျင်ရဲစခန်းမှ အချုပ်သား နှစ်ဦး အမိုးဖောက် ထွက်ပြေး
ရန်ကုန်တိုင်း၊ သန်လျင်ရဲစခန်းတွင် မသင်္ကာမှုဖြင့် ချုပ်နှောင်ထားသည့် အချုပ်သား နှစ်ဦး အချုပ်ခန်း အမိုးဖောက်ကာ ထွက်ပြေးမှု ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ မှုခင်းစာရင်း ပြုစုရေးဌာနမှ ရဲအုပ် ဒေါ်သီသီမြင့်က ပြောသည်။
သန်လျင်ရဲစခန်း အချုပ်ခန်းအမှတ် (၂) တွင် ချုပ်နှောင်ထားသည့် အချုပ်သား ၄၇ ဦးအနက် (ပ) ၇၇၄/၁၂၊ ပုဒ်မ-၃၈၀/ မဆ/ ၅၄ (ခိုးမှု၊ မင်္သကာမှု)ဖြင့် ဖမ်းင်္ဆိးထားသော မင်္ဂလာဒုံ မြို့နယ် ဇောတိက ၁လမ်း၊ သင်္ဃန်းကျွန်းကြီးကျေးရွာနေ ညီညီအောင် (ခ) ဖိုးလပြည့် (၁၇) နှစ်နှင့် မြောက်ဥကလာပမြို့နယ် အိနြာ ၈ လမ်း၊ ၄ရပ်ကွက်နေ မင်းမောင်မောင် (၁၈) နှစ်တို့က ဇူလိုင် ၁၄ ရက်နေ့ နံနက် ၃ နာရီ ၁၇ မိနစ် အချိန်ခန့်တွင် အချုပ်ခန်းထောင့် အပေါ်ရှိ ၃”x ၂” သစ်သားအား အနည်းငယ်ဟကာ အချုပ်ခန်း အမိုးအား ဖောက်ကာ ထွက်ပြေးသွားခြင်းဖြစ်သည်။
အလှည့်ကျ ကင်းသမားက အချိန် ၃ နာရီ ၁၈ မိနစ်အချိန်တွင် အချုပ်ခန်း အမိုးပေါ်မှ အသံကြားသဖြင့် မော့ကြည့်ရာ (ပ)၈၂၉/၁၂၊ ပြစ်မှု ပုဒ်မ ၃၂၆/၃၂၅/၁၁၄ (နာကျင်စေမှု) ဖြင့် ချုပ်နှောင်ထားသော သန်လျင်မြို့နယ်နေ ဇင်ဖြိုးဝေ အား တွေ့ရှိရသဖြင့် ဖမ်းဆီးပြီး အချုပ်ခန်းရှိ တရားခံများအား စစ်ဆေးရာ ညီညီအောင်နှင့် မင်းမောင်မောင်တို့ ထွက်ပြေး လွတ်မြောက်သွားသည်ကို စစ်ဆေးတွေ့ ရှိခဲ့သည်။
အဆိုပါ ထွက်ပြေးလွတ်မြောက်သွားသည့် အချုပ်သား နှစ်ဦးအား သန်လျင်ရဲစခန်းက (ပ) ၈၈၆/၁၂၊ ပုဒ်မ ၂၂၄/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ရတနာဦး     | ရန်ကုန် (မဇ္ဈိမ)။   ။
သမ္မကြီးဦးသိန်းစိန် ထိုင်းဝန်ကြီးချုပ်နှင့် သီးသန့်တွေ့ဆုံမည်
သမ္မတကြီး ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်တို့ တွေ့ဆုံစဉ်။ Photo Credit - Yingluck Shinawatra Page
ဘန်ကောက် ဇူလိုင် ၂၃
ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ တရားဝင် ဖိတ်ကြားချက်အရ ဘန်ကောက်မြို့တော် သို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် သည် ယနေ့ နံနက်ပိုင်းတွင် ဘန်ကောက် မြို့တော်ရှိ အစိုးအိမ်တော် သို့ ရောက်ရှိမည်ဖြစ်ပြီး ထိုင်းနိုင်ငံ ဝန်ကြီးချုပ်နှင့် သီးသန့် တွေဆုံရန်ရှိကြောင်း ဘန်ကောက်ရောက် The Voice Weekly သတင်းထောက်က တိုက်ရိုက် သတင်းပေးပို့သည်။
ယင်းသို့ တွေဆုံမှုအပြီးတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပသွားရန်ရှိသည်။
သမ္မတကြီးသည် ယမန်နေ့က ထားဝယ်နှင့် ချိတ်ဆက်သွယ်တန်းမည့် ထိုင်းနိုင်ငံ လန်ချဘန် ဆိပ်ကမ်းသို့ ရောက်ရှိလေ့လာခဲ့ပြီး မွန်တိုင်းရင်းသား အဖိုးဖြစ်သူ၏မြေးဖြစ်သည့် ထိုင်းလူမျိုး စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ပိုင်ဆိုင်သည့် အမတ စက်မှုဇုံကို မော်တော်ယာဉ်ဖြင့် ဖြတ်၍လေ့လာခဲ့သည်။
ယမန်နေ့ ညနေ ၄ နာရီခန့်တွင် သမ္မတကြီးဦးသိန်းစိနနှင့် ဝန်ကြီးများအဖွဲ့သည် လမ်ချဘန်စက်မှုဇုန် ထိန်းချုပ်စင်တာသို့ သွားရောက် လေ့လာခဲ့ကြပြီး ဘန်ကောက်မြို့သို့ ပြန်လည် ထွက်ခွာခဲ့ကြသည်။
ယနေ့ နေ့မွန်လွဲပိုင်းတွင် သမ္မတကြီး ဦးသိန်းစိန်ကိုယ်တိုင် တက်ရောက်မည့် မြန်မာနှင့်ထိုင်း နှစ်နိုင်ငံအကြား အရေးပါသည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် သဘောတူစာချွန်လွှာ ၃ ခုခန့် ရေးထိုးရန်ရှိပြီး ထားဝယ်စီမံကိန်းနှင့်ပက်သက်၍ ပါဝင်သည်ဟု မြန်မာအစိုးရအဖွဲ့ဝင်များ၏ ပြောကြားချက်အရ သိရသည်။
သမ္မတကြီးနှင့်အတူ လိုက်ပါလာသော အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်သည် ဘန်ကောက်တွင် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးနေ့သည့်စခန်းကို သီးခြားသွားရောက်ရန်ရှိပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးသည်လည်း မြန်မာနိုင်ငံမှ ဆန်စပါးထုတ်လုပ်သူများနှင့်အတူ ထိုင်းနိုင်ငံရှိ RES ( Rice Engineering Supply Co. Ltd. )နှင့် တွေ့ဆုံရန်ရှိကြောင်း သမ္မကြီးနှင့် အတူလိုက်ပါလာသော အစိုးရအဖွဲ့ဝင်အချို့ထံမှ သိရှိရသည်။
The Voice Weekly
ဘူးသီးတောင်မြို့ကို အကြမ်းဖက်တိုက်ခိုက်ရန် ချီတက်လာသူ (၆)ဦး ထောင်ဒဏ်(၁၀)နှစ်ချမှတ်
ဓါတ်ပုံ - နိဉ္စရာ
ဇွန်လ (၈) ရက်နေ့က မောင်တောမြို့တွင် ဖြစ်ပွါးခဲ့သော ဆူပူအကြမ်းဖက်မှုများကဲ့သို့ ဘူးသီးတောင်မြို့ကိုလည်း အကြမ်းဖက် တိုက်ခိုက်ရန် ချီတက်လာသူ ဘင်္ဂလီ(၆)ဦးကို ဘူးသီးတောင်မြို့နယ် တရားရုံးမှ ဇူလိုင်လ (၁၈) ရက်နေ့က ထောင်ဒဏ် (၁၀)နှစ် ချမှတ်ခဲ့ကြောင်း အမိန့်ချရာသို့ သွားရောက်နားထောင်ခဲ့သူများက ပြောကြားသည်။
''တရားခံခြောက်ဦးက ဇော်ကီးအာမက်ပါ (၆)ဦး ဖြစ်ပါတယ်။ ပုဒ်မ (၁၄၈)နဲ့ (၅၀၆)ဒုတိယပိုင်းတွေနဲ့ စွဲတာဖြစ်ပါတယ်။ ပုဒ်မ (၁၄၈)က ဥပဒေနှင့် ဆန့်ကျင်သော ဆူပူမှုတွင် သေစေနိုင်လောက်သော လက်နက်ကိုင်ဆောင်ခြင်းဖြစ်ပြီး ပုဒ်မ (၅၀၆) ဒုတိယပိုင်းက အသက်အန္တရာယ်ကို ခြိမ်းခြောက်ခြင်းဖြစ်ပါတယ်။ ပုဒ်မ (၁၄၈)က ထောင်ဒဏ် (၃)နှစ်နဲ့ ပုဒ်မ (၅၀၆)ဒုတိယပိုင်းက ထောင်ဒဏ် (၇)နှစ် စုစုပေါင်း (၁၀)နှစ်ဖြစ်ပါတယ်။''ဟု ဥပဒေအရာရှိတစ်ဦးက Eleven Media Group ကို ပြောကြားသည်။
ဇွန်လ (၈) ရက်နေ့က မောင်တောမြို့တွင် ဖြစ်ပွါးခဲ့သည့် ဆူပူအကြမ်းဖက်မှုများကဲ့သို့ ဘူးသီးတောင်မြို့နယ်တွင်လည်း ဘင်္ဂလီများက မြို့ကိုဝိုင်းဝန်းတိုက်ခိုက်ရန် ချီတက်လာခဲ့ကြပြီး ဆူပူအကြမ်းဖက်မှုများ မဖြစ်ပေါ်စေရန်အတွက် ဘူးသီးတောင် ရဲစခန်းမှ စခန်းမှုးမှ မိမိကိုယ်ပေါ်တွင် လက်နက်၊ ဗုံးများတပ်ဆင်ကာ ချီတက်လာသော ဘင်္ဂလီလူအုပ်ကို ဆက်လက်မချီတက်ဘဲ နောက်ဆုတ်ရန်ပြောကြားကာ ဆူပူအကြမ်းဖက်မှု မဖြစ်ပွါးအောင် ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်ဟု Eleven Media Group အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါသည်။
တိုက်ဆိုင်မှု မဟုတ်တော့ဘဲ စီမံကိန်းချ၍ တိုက်ခိုက် ထိုးနှက်မှုများ အဖြစ်သို့ ရောက်ရှိ လာသော ခြိမ်းခြောက် မှုများ
သမ္မတကြီးရဲ့ပုံ တွေကို မဖွယ်မရာ လုပ်ထားပြီး ဓါးကိုင် ကြိမ်းဝါးနေတဲ့ ယုတ်မာရိုင်းစိုင်ကြသော ဘင်္ဂလီများ (AP Photo/Adel Hana) AP
googling လုပ်ရင်း မြန်မာအကြောင်း သတင်းတွေ ကြည့်လိုက်တိုင်းမှာ စုပြုံတက်လာတဲ့ သတင်းတွေက ကျွန်တော်တို့ နိုင်ငံတော်သမ္မတကြီးရဲ့ UNHCR မဟာမင်းကြီးနဲ့ တွေ့ဆုံခဲ့စဉ် ပြောခဲ့တဲ့စကားကို ဝေဖန်တိုက် ခိုက်နေကြတဲ့ သတင်းတွေ၊ သမ္မတကြီးရဲ့ ဓါတ်ပုံ၊ ကျွန်တော်တို့ရဲ့ အထွဋ် အမြတ်ဖြစ်တဲ့ နိုင်ငံတော်အလံ၊ ဒီဟာတွေကို မဖွယ်မရာတွေ ပြုလုပ်၊ မီးရှို့ ပြနေကြတဲ့ သတင်းတွေ ပလူပျံအောင် တွေ့ရပါတယ်။
အခုနောက်ဆုံး ဒီလ ၂၀ ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာရဲ့ အယ်ဒီတာ့အာဘော် ခေါင်းကြီးပိုင်းမှာ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အထွဋ်အထိပ်နေရာမှာ တည်ရှိတဲ့ နိုင်ငံတော်သမ္မတကြီး ကို ဝေဖန်တိုက်ခိုက်ထားတာ ဖတ်လိုက်ရပါတယ်။ Freedom of Press ကို ကျွန်တော်တို့ နားလည်နိုင်၊ လက်ခံနိုင်ပါတယ်။ ဒါပေမယ့် နောက်ကွယ်က အကြောင်းတရားတွေကို ကျွန်တော်တို့ မြင်အောင် ကြည့်တတ်ဖို့လည်း လိုမယ် ထင်ပါတယ်။
ဒါဟာ ဘာသာရေးနဲ့ မဆိုင်ပါဘူး။ ပြည်တွင်းမှာ တရားဝင်နေထိုင်လာခဲ့ကြတဲ့ အစ္စလာမ်ဘာသာဝင်တွေနဲ့ မဆိုင်ပါဘူး။ ပြောရရင် ကမ္ဘာပေါ်မှာ ကျွန်တော်တို့ နိုင်ငံ၊ ကျွန်တော်တို့နိုင်ငံသားတွေဟာ မေတ္တာတရားရဲ့ အရိပ်အာဝါသ၊ ရိုးရာယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းရဲ့ အဆုံးအမတွေနဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ လူ့အဖွဲ့အစည်းကို ဆက်ခံခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လွတ်လပ်စွာကိုးကွယ်ခွင့်ကို အာမခံထားသလို ကျွန်တော်တို့ မြေမှာ စေတီပုထိုးကျောင်းကန်တွေသာ မက ချာ့ခ်ကျောင်းတွေ၊ ပလီတွေ တည်ရှိနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ဖြစ်ပြီးသမျှတွေကို ရှုမြင်ရာမှာ ဘာသာရေး လို့ မမြင်ကြပါဘူး။ ကျွန်တော်တို့မှာ ခွဲခြားမြင်နိုင်တဲ့ အသိတရား၊ ဘာသာတရားရဲ့ အဆုံးအမတွေ ရှိနေပါတယ်။
ဒါပေမယ့်လည်း ကမ္ဘာ့အလယ်မှာ ကျွန်တော်တို့နိုင်ငံကို ရာဇ၀င်လူဆိုး နိုင်ငံကြီး ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ အကွက်ကျကျ လုပ်ကြံလာကြတာဟာ အခုဆိုရင် ပိုပိုပြီး ဆိုးရွားလာနေတာကို အားလုံး တွေ့ကြရပါလိမ့်မယ်။ ကျွန်တော်တို့ဟာ နိုင်ငံကြီးသား ပီသစွာ၊ ယဉ်ကျေးတဲ့ လူကအဖွဲ့အစည်း ပီသစွာ ၀ါးလုံးရှည်နဲ့ ဆွဲယမ်းပြီး သိမ်းကြုံး ပြောနေတာ မဟုတ်ပါဘူး။ ဒီလို ထိန်းထိန်းသိမ်းသိမ်း အမြော်အမြင် ရှိရှိ ကျင့်ကြံနေတာကို အခွင့်ကောင်းယူပြီး မိုက်မိုက်ရိုင်းရိုင်း တွေ ကမ်းကုန်အောင် လုပ်လာတာကို စဉ်းစားကြည့်ရင် လူမိုက်နဲ့ လူလိမ္မာတို့ရဲ့ ရန်ပွဲတစ်ခုကို ကြည့်နေရသလို ဖြစ်လာတာ တွေ့ရှိရပါတယ်။
နိုင်ငံတော်သမ္မတကြီးရဲ့ ပြောကြားချက်က ရှင်းရှင်းလေးပါ။ (တရားဝင် ဒီမြေ ဒီရေမှာ နေထိုင်လာခဲ့ကြတဲ့ ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်တွေ မပါပါဘူး) "ခိုးဝင်လာတဲ့ ရိုဟင်ဂျာတွေ" လို့ တိတိကျကျ ပြောထားတာ ဖြစ်ပါတယ်။ ခိုးဝင်လာတယ်ဆိုမှတော့ ရှင်းနေပြီပဲ။ ဒါကိုပဲ သတင်းအချက်အလက် အမျိုးမျိုး ဖန်တီးလုပ်ကြံပြီး နိုင်ငံတကာက လူ့အခွင့်အရေးအဖွဲ့အစည်းတွေကို အသုံးချ၊ မီဒီယာတွေကို အသုံးချပြီး ကျွန်တော်တို့နိုင်ငံကို တိုက်ခိုက်နေကြ တာ ဖြစ်ပါတယ်။
တစ်ဘက်က ကြည့်ရင် နိုင်ငံတော်အကြီးအကဲ ဖြစ်တဲ့ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောထားခဲ့ပြီးတဲ့နောက်မှာ ကျန်ရှိသော (မီဒီယာများနှင့် ၀င်ဆန့်သော၊ မီဒီယာများအပေါ်မှာ လွှမ်းမိုးမှု အတန်အသင့်ရှိကြကုန်သော) ပုဂ္ဂိုလ်ကြီင်္းများ၊ အဖွဲ့အစည်းများ အနေနဲ့ ဒီသဘောအတိုင်း ရပ်တည်ပြဖို့ လိုပါတယ်။
နောက်တစ်ဘက်က တွေးကြည့်ရင် နိုင်ငံတော်သမ္မတကြီးအနေနဲ့ ဒီလို ပြတ်သားရှင်းလင်းတဲ့ သဘောထားကို ထုတ်ဖော်လိုက်ခြင်းအတွက် အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ ခြိမ်းခြောက်မှုတွေ ကြုံတွေ့ လာနိုင်တယ် ဆိုတာကိုလည်း သိရှိထားပြီး ဖြစ်ပါတယ်။ ဒီလို သိရှိ ထားပါလျက်နဲ့ ယခုလို ထုတ်ဖော်ပြောကြားလိုက်ခြင်း ဖြစ်တဲ့အတွက် နိုင်ငံတော်သမ္မတကြီးရဲ့ ရင်ထဲ နှလုံးသားထဲက ခံစားချက်ကို ကျွန်တော်တို့ နိုင်ငံသားတွေ မြင်အောင် ကြည့်စေချင်ပါတယ်။
နိုင်ငံတော်သမ္မတကြီးဟာ ရဲရင့်ပြတ်သားတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ပီသစွာ ကျွန်တော်တို့ ရှေ့မှာ မားမားမတ်မတ် ရပ်တည်ပြနေပါပြီ။ Follow Me လို့ မပြောရုံတမယ်ပါပဲ။ သူ့ရဲ့ ခေါင်းဆောင်မှုဟာ နှုတ်က ပြောမှာမဟုတ်ဘဲ လက်တွေ့လုပ်ဆောင်ချက်နဲ့ ဦးဆောင်ပြမယ့် သဘောလို့ မှတ်ယူမိပါတယ်။
Hmuu Zaw - Facebook
HIV ဝေဒနာရှင်တွေ ခရီးသွားခွင့်ကန့်သတ်မှု အဆုံးသတ်ရေး AIDS ညီလာခံမှာတောင်းဆို
March on Washington, AIDS conference 2012 (Photo by Juan Moreno)
HIV ရောဂါပိုး ရှိသူတွေကို ခရီးသွားလာခွင့် ပိတ်ပင်တာ၊ နိုင်ငံဝင်ရောက်ခွင့် ဗီဇာ မပေးတာ စတဲ့ တားမြစ်ကန့်သတ်ချက်တွေကို ရုပ်သိမ်းဖို့ နိုင်ငံတကာမှာ AIDS ရောဂါ တိုက်ဖျက်ရေး ဆောင်ရွက်နေကြတဲ့ အဖွဲ့တွေ စုပေါင်းထားတဲ့ ဦးဆောင်ညွန့်ပေါင်း အဖွဲ့ကြီးရဲ့ အကြီးအကဲဖြစ်သူတွေက တောင်းဆိုလိုက်ပါတယ်။
ကမ္ဘာအနှံ့ နိုင်ငံပေါင်း ၄၆ နိုင်ငံက ချမှတ်ထားတဲ့ ဒီလို ကန့်သတ်မှု စည်းမျဉ်းတွေဟာ ခွဲခြားဆက်ဆံမှု ဖြစ်သလို၊ စီးပွားရေး လုပ်ငန်းတွေ အတွက်လည်း အခြေအနေဆိုး ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမှာ  ၆ ရက်ကြာ လုပ်မယ့် နိုင်ငံတကာ AIDS ညီလာခံ စတင်တဲ့ ဒီနေ့မှာ ဒီလို ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
နိုင်ငံအရပ်ရပ်က AIDS ရောဂါ သုတေသီတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ သံတမန်တွေ၊ အခြား ရောဂါတိုက်ဖျက်ရေးမှာ ဆက်နွယ် ပတ်သက်သူတွေ စုစုပေါင်း နှစ်သောင်းငါးထောင် လောက် ဒီညီလာခံကို တတ်ရောက်မှာဖြစ်ပါတယ်။
ဒီညီလာခံကို အခု အသံလွှင့်ချိန် အမေရိကန်စံချိန် ည ၇ နာရီမှာ စတင် ဖွင့်လှစ် ကျင်းပပြုလုပ်နေပြီ ဖြစ်ပါတယ်။ ညီလာခံ တတ်ရောက် လာသူတွေကို ၀ါရှင်တန်ဒီစီ မြို့တော်ဝင်က ကြိုဆို မိန့်ခွန်းစကား ပြောပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကလည်း အဖွင့် ဗွီဒီယိုမိန့်ခွန်း ပြောသလို၊ အမေရိကန်ပြည်ထောင်စု ကျန်းမာရေးနဲ့ လူမှုဝန်ထမ်း ၀န်ကြီး Kathleen Sebelius လည်း ကိုယ်တိုင် တတ်ရောက် မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။
အဲဒီညီလာခံမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလရီကလင်တန်၊ အရင်သမ္မတဟောင်း ဘီလ်ကလင်တန် နဲ့ သမ္မတကတော်ဟောင်း မစ္စလော်ရာဘုရှ် တို့က မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။
မိန့်ခွန်းပြောကြားမယ့် တခြား ထိပ်တန်းပုဂ္ဂိုလ်တွေ အထဲမှာ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Yong Kim နဲ့ Microsoft ကုမ္ပဏီဥက္ကဋ္ဌ Bill Gates တို့လည်း ပါဝင်ပါတယ်။
မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း အမျိုးသမီးနဲ့ AIDS ရောဂါဆိုင်ရာ ဆွေးနွေးပွဲတခုမှာ ဗွီဒီယိုမိန့်ခွန်း ပြောဆိုဖို့ရှိပါတယ်။ ၂ နှစ်တကြိမ် ကျင်းပနေတဲ့ ဒီညီလာခံကို ဇူလိုင်လ ၂၂ ရက်နေ့က ၂၇ ရက်နေ့အထိ ၀ါရှင်တန်မြို့တော်မှာ ကျင်းပမှာဖြစ်ပါတယ်။
ဗွီအိုအေ မြန်မာဌာန
နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျှင် စီးပွားဖွံ့ဖြိုးမှု ပိုမိုရရှိမှာ ဖြစ်ကြောင်း ထိုင်းစက်မှုဝန်ကြီး ပြောဆို
ထိုင်းအစိုးရရဲ့ ဖိတ်ကြားချက်အရ ဘန်ကောက်မြို့ကို ချစ်ကြည်ရေးခရီး ရောက်ရှိလာတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ဝန်ကြီးများ အဖွဲ့ဟာ မနေ့ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ အရှေ့ပိုင်း၊ ချွန်ဘူရီခရိုင်မှာရှိတဲ့ လမ်ချဘန် စက်မှုဇုန်ကို သွားရောက် လေ့လာခဲ့ရာမှာ ထိုင်းစက်မှုဝန်ကြီး အပါအဝင် တာဝန်ရှိသူတွေက ကြိုဆိုနှုတ်ဆက်ပြီး စက်မှုဇုန် တည်ဆောက်ရေး ဆိုင်ရာ အခြေခံ အချက်အလက်များနဲ့ ပတ်သက်ပြီး ရှင်းလင်း တင်ပြကြပါတယ်။
AFP
၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၂ ရက်က သမ္မတ ဦးသိန်းစိန်နှင့် ဝန်ကြီးများအဖွဲ့ ထိုင်းနိုင်ငံ၊ လန်ချဘန် စက်မှုဇုန်ကို သွားရောက်လေ့လာစဉ်။
ထိုင်းစက်မှုဝန်ကြီး ဆဝါဒီဝပ်က - ထိုင်းအစိုးရ စီးပွားရေး အဖွဲ့အစည်းတွေဟာ ထိုင်း တစ်သီးပုဂ္ဂလ ကုမ္ပဏီတွေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ဆောင်နိုင်မယ့် အခွင့်အလမ်းတွေအတွက် ပူးပေါင်း ဆောင်ရွက်နေကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက် မယ်ဆိုရင် စီးပွားဖွံ့ဖြိုးမှု ပိုမိုရရှိမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ထိုင်း အမျိုးသား စီးပွားရေးနဲ့ လူမှု ဖွံ့ဖြိုးရေး ဘုတ်အဖွဲ့ အတွင်းရေးမှူးချုပ် သမ်ပီတရာ ပိုင်ဆစ်ကလည်း ထိုင်းအရှေ့ပိုင်း ကမ်းရိုးတန်းဒေသ လမ်ချဘန် စက်မှုဇုန်နဲ့ မြန်မာပြည် ထားဝယ် စက်မှုဇုန် စီမံကိန်းတို့ ဆက်နွယ်မှုနဲ့ ပတ်သက်ပြီး တင်ပြခဲ့ရာမှာ- လမ်ချဘန် ပင်လယ်ဆိပ်ကမ်း စက်မှုဇုန်တွေရဲ့ ဖွံ့ဖြိုးမှုဟာ ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက် ယှဉ်ပြိုင်နိုင်စွမ်း တိုးတက် မြင့်မားလာနေပြီး ထိုင်းနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု အဆင့်ကို အနှစ်၂၀ အတွင်း ၄၃% ကနေ ၈% အထိ လျှော့ချနိုင်ခဲ့ကြောင်း၊ လန်ချဘန်ထက် ကြီးမားပြီး အမေရိကန် ဒေါ်လာ ၈.၆ ဘီလျံ ရင်းနှီးမြုပ်နှံမှု ရှိမှာဖြစ်တဲ့ ထားဝယ် စက်မှုဇုန် စီမံကိန်းဟာ အရှေ့တောင် အာရှဒေသအတွက် ကုန်စည် ကူးသန်း ရောင်းဝယ်ရေးဆိုင်ရာ အချက်အချာ နေရာတစ်ခု ဖြစ်လာမှာ ဖြစ်သလို ကမ္ဘာ့ဒေသ အချို့အတွက်လည်း တိုတောင်းတဲ့ ကုန်သွယ်မှု လမ်းကြောင်းအဖြစ် အထောက်အကူပြုမှာ ဖြစ်ကြောင်း၊ ထားဝယ် စီမံကိန်း ပြီးမြောက် အောင်မြင်ရေးအတွက် ထိုင်းနိုင်ငံအနေနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ထောက်ပံ့မှုတွေ၊ ခေတ်မီ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုတွေနဲ့ ဒေသတွင်း ဖွံ့ဖြိုး တိုးတက်မှုတွေ ပံ့ပိုး ဆောင်ရွက်မှာ ဖြစ်ကြောင်း တင်ပြသွားခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့ ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ထရာနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
RFA Burmese
တည်ဆောက်ပြီးတစ်နှစ်ခန့် အထိ မဖွင့်ရသေးတဲ့ စာကြည့်တိုက်
မဖွင့်ရသေးတဲ့ စာကြည့်တိုက်
 အမှတ် ၄၈ ရပ်ကွက် ဒဂုံမြို့ သစ် မြောက်ပိုင်းမှာရှိတဲ့ စာကြည့်တိုက်ကို ရပ်ကွက်နေ ပြည်သူများ အလှူရှင်များ၏ စေတနာဖြင့် ၂၀၁၁ ခုနစ် နှောင်းပိုင်းမှာ တစ်လအတွင်း အပြီး တည်ဆောက်ခဲ့ပါတယ်။
စာကြည့်တိုက် အတွင်းမှာလည်း ခေတ်မီကွန်ပျူတာ ၄ စုံ ၊ စာအုပ်စာတမ်းမျိုးစုံ ၂၀၀ ခန့် နှင့် မီးအားမြှင့်စက် watt - 5000  တစ်လုံးလည်း အဆင်သင့် တပ်ဆင်ပြီးဖြစ်ပါတယ်။
စာကြည့်တိုက်ကို တာဝန်ရှိသူများအမြန်ဆုံး ဖွင့်ပေးပါရန် ရပ်ကွက်နေပြည်သုများမှ တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်ကို ကုလ-ငြိမ်းချမ်းရေးတပ် စေလွှတ်ဖို့ အီရန် လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်တွေ စေလွှတ်ပေးဖို့
အီရန်နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို
မနေ့က တိုက်တွန်းလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ အစ္စလာမ် ဘာသာဝင်အပေါ် လူမျိုးတုံး ဖိနှိပ် သတ်ဖြတ်နေတာ
 တွေ ရပ်ဆိုင်းနိုင်ရေး ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဘင်္ဂလီ ရိုဟင်ဂျာ တချို့ အားတွေ့ မြင်ရစဉ်
နယ်မြေအေးချမ်းမှု မရှိခြင်းကို အခွင့်ကောင်းယူပြီး မှောင်ခိုကားများ တခောတ်ထနေ
ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့တွင် နယ်မြေအေးချမ်းမှု မရှိခြင်းကြောင့် မှောင်ခို
ကားများ အစီး(၁၀၀)လောက် ကုန်တွေသယ်ပြီး သွားလာနေပါတယ်။
ကားတွေလည်း ဘီလူးဂျစ်၊ (၁၂)ဘီးကားတို့ ဖြစ်ပြီး၊ တရားမ၀င်အဖြစ်
ကုန်ပစ္စည်းများ သယ်ယူမှုပြု လုပ်နေပါတယ်။ ၄င်းကားများကြောင့်----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မှောင်ခိုကား များကြောင့် ပျက်စီးနေသည့် လွယ်ဂျယ်မြို့ တွင် လမ်းများ
မှောင်ခိုကား များကြောင့် ပျက်စီးနေသည့် လွယ်ဂျယ်မြို့ တွင် လမ်းများ
ရေစကြိုမြို့က စာပေဟော ပြောပွဲကို မြိုင်မြိုင် ဆိုင်ဆိုင် ကျင်းပနိုင်ခဲ့
မကွေးတိုင်း ဒေသကြီးက ရေစကြိုမှာ မနှစ်က အပိတ်ခံ လိုက်ရတဲ့ စာပေ
ဟောပြော ပွဲကို သည်နှစ်တွင် ပြန်လည် ကျင်းပ နိုင်ခဲ့ကြပြီ ဖြစ်သည်။ ယင်းကို
စာပေချစ် မြတ်နိုးသူများက ဦးဆောင်ပြီး မြို့ပေါ်က လုပ်ငန်းရှင်များ၏
ကူညီမှုဖြင့် ပွဲတော်ကွင်း ဇာတ်ရုံတွင်ထိုင်ခုံများဖြင့် တခမ်းတနား ကျင်းပနိုင်
ခဲ့ခြင်းဖြစ်သည်။
သည်နှစ် လာရောက် ဟောပြောခဲ့ ကြသူများမှာ ၂၀.၇.၁၂ နေ့ညက
မောင်သာချိုနှင့် နုနုရည်(အင်းဝ) တို့ဖြစ်ပြီး၊ ၂၁ ရက်ညတွင်
ဆရာမောင်စိန်ဝင်း(ပတီးကုန်း)နှင့် ချစ်ဦးညိုတို့ ဖြစ်ကြသည်။
ဟောပြောပွဲသို့ မြို့ပေါ်၊မြို့နယ်တွင်းက စာပေပ၇ိတ်သပ်များသာမက
မြိုင်မြို့မှ စာပေချစ်မြတ်နိုးသူများပါလာရောက်နားထောင်သွားခဲ့ကြပါသည်။
ဆရာချစ်ဦးညိုနှင့်မောင်စိန်ဝင်းတို့ကတော့ အာဇာနည်နေ့နှင့်ပတ်သက်သော
အကြောင်းအရာများ၊ သခင်ကိုယ်တော်မှိုင်း ကွယ်လွန်သည့် ၂၄.၇.၁၂ နေ့
အထိမ်းအမှတ်ဆိုင်ရာ နိုင်ငံရေးအကြောင်းများ၊ကျောင်းသားသမဂ္ဂဆိုင်ရာ
စိတ်ဝင်စားဖွယ်ရာများကို တစ်ဦးလျှင် တစ်နာရီ၁၅မိနစ်ခန့်စီ ဟောပြောပေး
သွားခဲ့ကြသည်။
ယင်းဟောပြောပွဲကို စာပေချစ်သူများကိုယ်စား ဆရာဦးရှုမောင်နှင့် ဦး
ဆွေလှိုင်ဦး၊ဦးသိန်းဇော်မိုးတို့ကဦးဆောင်ကျင်းပပေးခဲ့ခြင်းဖြစ်သည်ဟု
 သိရပါသည်။
အာဇာနည်နေ့ သတင်းမပို့ တဲ့ အုပ်ချုပ်ရေးမှူး အရေးယူခံရ
ကျောက်ဆည်မြို့  စုကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ရီအား မြို့နယ် အုပ်ချုပ်
ရေးမှူးမှ ရုံးမိန့်တစ်ထိုင်နှင့် ခံဝန်လက်မှတ်ရေးထိုးပြီးအရေးယူခံခဲ့ရပါတယ်။
 ဖြစ်စဉ်မှာ ကျောက်ဆည်မြို့ အမျိုးသားဒီမိုကရေစီလူငယ်များကျင်းပခဲ့သော ဇူလိုင်(၁၉)
အာဇာနည်နေ့အခမ်းအနားကို စုကြီးရပ် ရွှေလှံထောင်ကျောင်းတွင်ကျင်းပခဲ့ခြင်းအပေါ်
သတင်းပေးပို့ခြင်းမရှိသဖြင့် ယခုကဲ့သို့ အရေးယူခြင်းဖြစ်ကြောင်းသိရပါတယ်။
ယခုကဲ့သို့ တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သော အာဇာနည်နေ့ကြီးများ၏ အောက်မေ့ဖွယ်
အခမ်းအနားများကို အောက်ခြေ(မှဟုဆိုသော်လည်း အထက်မှ အမိန့်ပေးမှုမရှိပဲ)
လိုက်လံ နှောင့်ယှက်ဟန့်တားခြင်းမှာ တစ်နိုင်ငံလုံးနှင့် အာဇာနည်ကြီးများပါကို
 စော်ကားနေခြင်းပင်ဖြစ်ကြောင်းတင်ပြလိုက်ပါတယ်။
စစ်တွေ၌အရပ်ဘက်လုံခြုံရေးများကို ပြန်လည်ရုတ်သိမ်း
ရခိုင် လူမျိုးများနှင့် ဘင်္ဂလီ ရပ်ကွက်များ အကြား အရပ်ဘက် လုံခြုံရေး ကင်းချထားမှုမှာ   ရေရှည်မ သင့်တော်၍ စစ်တွေ မြို့ပေါ်ရပ်ကွက် အချို့တွင် အရပ်ဘက်မှလုံခြုံရေး ကင်းချထားမှု များအား ရုတ်သိမ်း လိုက်ပြီဖြစ်သည်။
ညဘက်တွင် စစ်တပ်မှ ကင်းလှည့်သည့်အခါ အရပ်ဘက် လုံခြုံရေးကင်း များဖြင့် ထိပ်တိုက်တွေ့ဆုံခဲ့သည့် အတွက်---
သတင်းအပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဗိုလ်ချုပ်နှင့်ဒေါ်ခင်ကြည်နေရာသရုပ်ဆောင်များကို ဒေါ်စုကိုယ်တိုင်တွေ့ဆုံ
ဗိုလ်ချုပ် ဇာတ်ကား၌ ဗိုလ်ချုပ်အောင်ဆန်းနှင့်  ဒေါ်ခင်ကြည် အဖြစ် သရုပ်ဆောင် ရန်နေရာ အတွက် နောက်ဆုံး ဆန်ကာတင် များကို သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တွေ့ဆုံမေးမြန်းကာ ဇူလိုင်လ(၂၀)ရက်နေ့တွင် ရွေးချယ်လိုက်ပြီဖြစ်သည်။
ဗိုလ်ချုပ်သရုပ်ဆောင်နှင့်  ဒေါ်ခင်ကြည်အဖြစ် သရုပ်ဆောင်ရန် နောက်ဆုံးဆန်ကာတင်အဖြစ် သရုပ်ဆောင် နှစ်ဦးအား --
သတင်းအပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ
ကိုမင်းကိုနိုင် ပုသိမ် မြောင်းမြမြို့တို့မှာ “နောက်ကြည့်မှန်”စာအုပ် မိတ်ဆက်ပွဲ (ရုပ်/သံ)
ပုသိမ်၊ ၂၂ ဇူလိုင် ၂၀၁၂
ဇူလိုင်လ ၂၂ ရက်နေ့က ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်
ဟာ ပုသိမ်မြို့ကို ရောက်ရှိခဲ့ပြီး သူ့ရဲ့ “နောက်ကြည့်မှန်” (၀တ္ထု)စာအုပ်ကို မိတ်ဆက် (အရောင်း)လက်မှတ်ထိုးပွဲလေး ပြုလုပ်ခဲ့ပါတယ်။
 ဇူလိုင်လ ၂၁ ရက်နေ့က မြောင်းမြမှာ အလားတူ စာအုပ်အဗေရာင်း 
လက်မှတ်ထိုးပွဲတွေ ပြုလုပ်ခဲ့ပြီးနောက် ပုသိမ်ကို ဆက်လက်လာရောက်ခဲ့
တာဖြစ်ပါတယ်။ 
ကိုမင်းကိုနိုင်နဲ့အတူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊
မနီလာသိန်း၊ ကိုအောင်နိုင်၊ မမီးမီးတို့ အဖွဲ့ဝင် ၁၀ ဦးခန့် ပါဝင်လာခဲ့ပါတယ်။
 ပုသိမ်မှာ မြို့လယ်က “မစ္စတာပိုလာကင်း” အအေးဆိုင်နဲ့ “မင်္ဂလာချစ်အေး” လက်ဖက်ရည်ဆိုင်တို့မှာ နှစ်နေရာခွဲပြီး စာအုပ်ရောင်းပွဲကို ပြုလုပ်ခဲ့ကြပါတယ်။
ကိုမင်းကိုနိုင်၊ ကိုဂျင်မီတို့ဟာ မြို့ခံ လူတန်းစားအလွှာအသီးသီးက
 လူကြီးလူငယ်တွေ၊ ကျောင်းသားကျောင်းသူတွေနဲ့အတူ စကားပြောဆို
ရယ်မောကြ။ ဓာတ်ပုံတွဲရိုက်ကြနဲ့ အချိန်တိုတိုအတွင်းမှာပဲ အားလုံးပျော်ရွှင်ကျေနပ်ခဲ့ကြတဲ့ပွဲလေး ဖြစ်ပါတယ်။
 ဒီကိစ္စနဲ့ပတ်သက်လို့ ကိုဂျင်မီက “ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း
ခရီးတွေနဲ့ မတူဘဲ သူတို့ကို ချစ်ခင်မြတ်နိုးသူတွေ၊ စာပေချစ်သူတွေနဲ့
တရင်းတနှီးတွေ့ဆုံပြီး လွတ်လပ်ပေါ့ပါးစွာ စကားပြောဆိုရတာ ကောင်းပါတယ်”
လို့ ပြောဆိုသွားခဲ့ပါတယ်။ ကိုမင်းကိုနိုင်တို့အဖွဲ့ဟာ မွန်းလွဲ
၁း၃၀ နာရီလောက်မှာ ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွာသွားကြပါတယ်။ 
(ဧရာဒယ်လ်တာသတင်းအုပ်စု)
လေဆင်နှာမောင်းကြောင့် မြောက်ဥက္ကလာပ “ဌ” ရပ်ကွက်မှ အိမ်ခြေ (၁၀၃)လုံးပျက်စီး
ဇူလိုင်လ (၁၉)ရက်နေ့  ည(၉း၁၅) နာရီတွင် မြောက်ဥက္ကလာပ မြို့နယ် “ဌ”ရပ်ကွက်တွင် လေဆင် နှာမောင်း တစ်ခုတိုက်ခတ် သွားသောကြောင့် အိမ်ခြေ(၁၀၃)လုံး၏ သွပ်အမိုး၊ ဓနိအမိုးများ အစရှိ သည့် အိမ်ခေါင်မိုးလန်ထွက်သွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လေဆင်နှာမောင်းတိုက်ခတ်မှုမှာ အချိန်အားဖြင့် (၅)မိနစ်ခန့်သာကြာမြင့်ခဲ့မည်ဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများ--
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဟိုတယ်အခန်းခဈေးနှုန်းကြီးမြင့်မှု ထိုင်းနိုင်ငံမှ မြန်မာသံရုံးသို့တိုင်ကြားစာပေးပို့
အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ် ပါက မြန်မာနိုင်ငံ၏ ဟိုတယ်အခန်း ခဈေးနှုန်းမြင့် မားမှုကြောင့် လာရောက် တည်းခိုသူများက မကျေနပ်ကြ၍ ထိုင်းနိုင်ငံ ရှိမြန်မာသံရုံးတွင် တိုင် ကြားစာများပေး ပို့ထားကြောင်းပြည် တွင်းခရီးသွားကုမ္ပဏီများထံမှသိရ သည်။
မကြာသေးခင်ကာလက ထိုင်း ဧည့်သည်များလာရောက်တည်းခိုရာ တွင် ဟိုတယ်အခန်းခနှုန်းများမှာ မြင့်မားနေပြီး ပေးဆောင်ခဲ့သည့်တန် ဘိုးနှင့် မမျှတ၍ ဧည့်သည်များက မကျေနပ်ကာထိုင်းနိုင်ငံရှိ မြန်မာသံ ရုံးတွင် ပေးပို့ထားမှုများပြားနေ ကြောင်း ရုရှားမားကတ်လုပ်ကိုင် သည့်ခရီးသွားကုမ္ပဏီတစ်ခုမှ တာ ၀န်ရှိသူတစ်ဦးကပြောကြားသည်။
ယခုကဲ့သို့ ဈေးနှုန်းမြင့်မားမှု ကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ် ငန်းအား ထိခိုက်စေနိုင်ကြောင်း၊ ယ ခုဝင်ရောက်လာသည့်ဧည့်သည်များ သည် စီးပွားရေးလုပ်ငန်းရှင်များသာ အများဆုံးဖြစ်နေကြောင်း၊ထို့ကြောင့် ၎င်းလုပ်ငန်းရှင်များသည် ဈေးကြီး သော ဟိုတယ်များတွင်တည်းခိုမှု ကြောင့် ယခုကဲ့သို့ အခန်းခဈေးများ မြင့်တက်လာရခြင်းဖြစ်ကြောင်း ခရီး သွားလုပ်ငန်းရှင်များကပြောကြားသည်။
ဝန်ကြီးဌာနအနေဖြင့် ဟိုတယ် အခန်းခနှုန်းထားများအား ဒေါ်လာ ၁၅၀ ထက်မတက်ရန်ညွှန်ကြားထား သော်လည်း လက်ရှိတွင် FDI ဟို တယ်ကြီးများမှ ဒေါ်လာ၂၀၀ကျော် ထိကောက်ခံမှုများရှိနေကြောင်းဧည့် လမ်းညွှန်တစ်ဦးကပြောကြားသည်။
“အခန်းခဈေးတွေတက်၊ Contract တွေမပေးလို့ဝန်ထမ်းအင် အားလျော့ချရတယ်၊ တစ်ချို့ကုမ္ပ ဏီတွေဆိုရင် ရပ်နားရတဲ့အနေအ ထားတွေရှိနေပြီ”” ဟု ကျောက်တံ တားအခြေစိုက် ခရီးသွားကုမ္ပဏီ  တစ်ခုမှတာဝန်ရှိသူတစ်ဦးကဆိုသည်။
ယဉ်ယဉ်လှ - မြန်မာပို့ စ်
ဒုသမ္မတသစ်အရေး လွှတ်တော်မှာ ဆွေးနွေးနိုင်ဖွယ်ရှိ
ဒုသမ္မတ (၁) ရာထူးကို ၁၀ ရက်အတွင်း လွှတ်တော်က တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့က ပြန်လည် ရွေးချယ်ပေးဖို့ ပြောခဲ့ပေမဲ့ အခုဆိုရင် ရက်ပေါင်း ၂၀ ကျော် လာတဲ့အထိ ရွေးချယ် တင်မြောက်နိုင်ခြင်း မရှိသေးပါဘူး။ အစောပိုင်း ကာလက ဒုသမ္မတ လောင်းအဖြစ် တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့က အမည် စာရင်း တင်သွင်းခံ ထားရတဲ့ ဦးမြင့်ဆွေ ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ဒုသမ္မတ ဖြစ်ခွင့် အချက်တွေနဲ့ မကိုက်ညီဘူး ဆိုတဲ့ သတင်းတွေလည်း ထွက်ပါတယ်။ ကာလအားဖြင့် အနည်းငယ် ကြာလာတဲ့ ဒု သမ္မတ ကိစ္စဟာ မနက်ဖြန် နေ့လယ် ၁ နာရီ မှာ ခေါ်မယ့် ပြည် ထောင်စု လွှတ်တော်မှာ တင် ပြ ဆွေးနွေးလာနိုင်တယ်လို့ လွှတ်တော်တွင်းက ဆိုပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန် ဗွီအိုအေ သတင်းထောက် ကိုရဲကျော်အောင် က သတင်းပို့ထားပါတယ်။
နိုင်ငံတော် သမ္မတ က ၇ ရက် အတွင်း ဒု သမ္မတ (၁) ရာထူး အတွက် ပြန်လည် ရွေးချယ်ပေးဖို့ ပြောကြားထားပေမဲ့ ရက် အတော်ကြာတဲ့ အထိ မရွေးချယ်နိုင်သေးတဲ့ ကိစ္စကို မနက်ဖြန်မှာ ခေါ်ယူမယ့် ပြည်ထောင်စု လွှတ် တော် မှာ  တပ်မတော် သား ကိုယ် စား လှယ် များ အစုအဖွဲ့က တင်သွင်းလာတဲ့ အမည်စာရင်းပေါ်မှာ ပြည်ထောင်စု လွှတ်တော်က ဆွေးနွေး သွားနိုင်တယ်လို့ လသာမြို့နယ်က ပြည်သူ လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်က ပြောပါတယ်။
“လောလောဆယ်မှာတော့ ၁၀ ရက်လို့ ဆိုထားပေမဲ့လည်း ရက်ကြာသွားတယ်ပေါ့နော်။ ဒီကိစ္စက ရက်ကြာလေ့ရှိပါတယ်။ မနက်ဖြန် ပြည်ထောင်စုလွှတ်တော် ကျင်းပမယ်။ မနက်ဖြန် လွှတ်တော်မှာ ဒီကိစ္စကို ထုတ်ပြီးတော့ လုပ်လာရင်လည်း လုပ်လာဖို့ရှိတယ်။ ဦးမြင့်ဆွေနဲ့ ပတ်သက်လို့ကတော့ သူ့သားအနေနဲ့ သြစတြေးလျ နိုင်ငံသား ခံယူထားတဲ့ ကိစ္စက အဲဒါကို ညှိနှိုင်းနေတာလည်း ဖြစ်နိုင်တယ်။ စောင့်ဆိုင်းနေတာလည်း ဖြစ်နိုင်တယ်လေ။ အဲဒီကိစ္စက မပြတ်သေးတဲ့သဘော ဖြစ်နေတယ်။ သို့သော်လည်းပဲ ကာလတခုက သတ်မှတ်ချက်က ရှိတာကိုး။ သတ်မှတ်ချက် ရှိနေတဲ့အရ ဆိုရင်ကတော့၊ နောက်တယောက်ကို ရွေးဖို့ဆိုတဲ့ ကိစ္စမှာလည်းပဲ အဓိက ကတော့ တပ်မတော်သား ကိုယ်စားလှယ်တွေက ရွေးရမှာကိုး။ တပ်မတော်သားကိုယ်စားလှယ်တွေ ရွေးရမယ့် ဒုသမ္မတလောင်းကိုး။ တပ်မတော်သားတွေ ကြားမှာတော့ ဒါက အတိုက်အခံ ညှိနှိုင်းမှုလေးတွေလည်း ရှိမယ်။ အထက်အောက် ဆွေးနွေး ညှိနှိုင်းမှုတွေလည်း ရှိကြမှာပေါ့လေ။ အဲဒီမှာကတော့ နောက်တယောက်ကိုလည်း လျာထားတဲ့ သဘောတရားတော့ ရှိတာပေါ့လေ။”
အစောပိုင်း ကာလက ဒု သမ္မတ လောင်းအဖြစ် တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့က အမည်စာရင်း တင်သွင်း ခံထားရတယ်လို့ သတင်း ထွက်ပေါ်ခဲ့တဲ့ ဦးမြင့်ဆွေဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ဒုသမ္မတ ဖြစ်ခွင့် အချက်တွေနဲ့ မကိုက်ညီ တာကြောင့် ဒုမ္မတအဖြစ် မရွေးချယ် နိုင်သေးတာ လို့ လွှတ်တော် ကိုယ်စားလှယ် အများစုက သုံးသပ် ကြပါတယ်။
ဒု သမ္မတ လောင်း အဖြစ် တပ်မတော်သား ကိုယ်စားလှယ် များ အစုအဖွဲ့က အမည်စာရင်း တင်သွင်း ခံထားရတဲ့ ဦးမြင့်ဆွေ သာ ဒု သမ္မတ ဖြစ် မလာခဲ့ဘူး ဆိုရင် ယခင် စစ် အာဏာပိုင် တွေရဲ့ ယုံကြည်မှုတွေ များစွာ ရရှိခဲ့ဖူးတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး လှဌေးဝင်း ဖြစ်လာနိုင်တယ်လို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ဗွီအိုအေကို အခုလို ပြောပြပါတယ်
“ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး အနားယူတယ်လို့ ကောလာဟလ သတင်းဖြစ်တဲ့ နောက်ပိုင်းမှာ နှစ်ဦးထွက်လာပါတယ်။ တစ်က ဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ နှစ်က ဒုတိယ ဗိုလ်ချုပ်ကြီး လှဌေးဝင်း ပေါ့နော်။ ဗိုလ်ချုပ်ကြီး မြင့်ဆွေရဲ့ နောက်ခံဆိုရင် ဒါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရှိတာပဲ။ ဒုတိယ ဗိုလ်ချုပ်ကြီး လှဌေးဝင်းရဲ့ နောက်ခံက ဗိုလ်ချုပ်မှူးကြီး မောင်အေး ကိုး။ ဆိုတော့ ဒုတိယ ဗိုလ်ချုပ်ကြီး လှဌေးဝင်းဟာလည်း ကြားထားတဲ့အထဲမှာ ပါတယ်။”
ဒုသမ္မတ ရာထူးနဲ့ပတ်သက်ပြီး အစောပိုင်း ရက်တွေက ယခင် စစ်အာဏာပိုင် ဗိုလ်ချုပ် ကြီးဟောင်းတွေ ဖြစ်တဲ့ ဦးဌေးဦး၊ ဦးတင်အေး၊ ဦးမြင့်ဆွေ တို့ ဖြစ်နိုင်တယ်လို့ လွှတ်တော် အသိုင်းအ၀ိုင်းက သုံးသပ်ခဲ့ ကြပေမဲ့ အခုနောက်ဆုံးမှာတော့ စစ် ဗိုလ်ချုပ်ကြီးဟောင်း ဦးမောင်အေးရဲ့ လက်ရင်း တပည့်ဖြစ်ခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး လှဌေးဝင်း ဆိုပြီး သတင်းတွေ ထွက်ရှိလာခဲ့တာပါ။
ထွက်ရှိလာတဲ့ သတင်းတွေနဲ့ ဒု သမ္မတ လောင်း ဘယ်သူ ဖြစ်လာနိုင်လဲ ဆိုတာနဲ့ပတ် သက်ပြီး မကြာသေး မီကမှ လွှတ်တော် နှစ်ရပ်ပေါင်း ဥက္ကဋ္ဌနဲ့ ဒု ဥက္ကဋ္ဌတွေ ပါဝင်တဲ့ သမ္မတ ရွေးချယ် စိစစ်ရေး အဖွဲ့က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးနဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်ဖေ တို့ကို ဆက် သွယ် မေးမြန်းဖို့ VOA က ကြိုး စားခဲ့ပေမဲ့ အဲဒီ ကိုယ်စားလှယ် နှစ်ဦးကို ဆက် သွယ် မရ ခဲ့ပါဘူး။
၂၀၁၀ ရွှေး ကောက် ပွဲအပြီး ပုံ ပေါ်လာတဲ့ ယခင် စစ် တပ် အာ ဏာ ပိုင် အများစု နေရာ ယူထားတဲ့ ဦးသိန်းစိန် အစိုးရ လက်ထက် ပထမ ဆုံးသော ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ဟာ ကျန်းမာရေး အခြေအနေကြောင့် ဇူလိုင်လ ၁ ရက် နေ့ကပဲ နိုင်ငံတော် သမ္မတထံ တရားဝင် နှုတ်ထွက်စာ တင်ပြီး နှုတ် ထွက် သွားခဲ့တာ ဖြစ်ပါတယ်။
 ကိုရဲကျော်အောင် - ဗွီအိုအေ - မြန်မာဌာန
ရှပ်ပြေးရေယာဉ် နစ်မြုပ်မှု နောက်ဆက်တွဲ အခြေအနေ
ဇူလိုင်လ ၂၀ ရက်နေ့က တာပိန်မြစ်ထဲ နစ်မြုပ်သွားခဲ့တဲ့ မြမင်းအောင် (၁) ရှပ်ပြေးရေယာဉ်ကို ဆယ်ယူဖို့ ဒီကနေ့ ဆက်လက် ကြိုးစားနေကြဆဲ ဖြစ်ပြီး၊ အခုနောက်ဆုံး ရရှိတဲ့သတင်းအရ ဗန်းမော် တက္ကသိုလ် ဘူမိဗေဒဌာနက အသက် ၂၈ နှစ်အရွယ် နည်းပြတစ်ဦး၊ ကျောင်းသား နှစ်ဦး၊ မန်စီရွာက အမျိုးသမီး တစ်ဦး အပါအဝင် အလောင်း (၆) လောင်းကို ဆယ်ယူနိုင်ခဲ့ကြောင်း ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
သေဆုံးသူတွေရဲ့ ရုပ်အလောင်းအချို့ဟာ မြစ်အောက်ဘက်မှာ ရှိတဲ့ စင်းခန်း၊ ရွေကူ၊ ကသာဘက်ကို မျောပါသွားတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
သေဆုံးသူတွေထဲမှာ ဗန်းမော် ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်က ဗန်းမော်ခရိုင် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ ထက်ဝေစိုးနဲ့ အလုပ်အမှုဆောင် ထွန်းသီဟစိုး တို့လည်း ပါရှိသွားကြောင်း ဗကသ အဖွဲ့ဝင်တစ်ယောက်က  ပြောပါတယ်။
အဲဒီ ရှပ်ပြေးရေယာဉ်ပေါ်မှာ လက်မှတ်မဲ့၊ လက်မှတ်ရှိ ခရီးသည် တစ်ရာကျော် အပါအ၀င် ဘိလပ်မြေ အိတ် ၃၀၊ ဆိုင်ကယ်အစီး ၃၀ နဲ့ ဓါတ်မြေသြဇာ စတဲ့ ကုန်ပစ္စည်းတွေကိုပါ မတန်တဆ တင်ဆောင်ခဲ့တဲ့ အတွက် အခုလို တိမ်းမှောက်ရတာလို့ ဒေသခံတွေက ပြောပါတယ်။
ရေယာဉ်မောင်းဖြစ်သူ ဦးချစ်သဲ က ဗန်းမော်မြို့နယ် ရဲစခန်းမှာ လာရောက် အဖမ်းခံခဲ့တယ် လို့လည်း သိရပါတယ်။
RFA Burmese
ကနီမြို့ နယ်ယာဉ်တိုက်မှု စုံစမ်းရေး ကော်မရှင် စတင်စစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့ နယ်မှာ လူနှစ်ဦး သေဆုံးခဲ့ရတဲ့ ယာဉ်တိုက်မှု နဲ့ပတ်သက်လို့ မြို့နယ်တရားသူကြီးရဲ့ ဆုံးဖြတ်ချက် အပေါ် ကျေးရွာ သုံးရွာက ရွာသား နှစ်ရာကျော် ဆန္ဒပြ စာတင်ခဲ့ကြပြီး မနေ့ကတော့ စုံစမ်းရေး ကော်မရှင်က အမှု စတင် စစ်ဆေးနေပြီလို့ သိရှိရပါတယ်။
ကနီမြို့ နယ် ကနေ မုံရွာကို ပြစ်ဒဏ် ချမှတ်ခံရသူများ သယ်ဆောင်လာတဲ့ ခရီးသည်တင် ဘတ်စ်ကားကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့ က လမ်းကနေ တားဆီး ဆန္ဒပြခဲ့ပုံကို ယင်းမာပင်မြို့ နယ် သပြေအေး ကျေးရွာမှ ဆရာတော် ဦးသောပါက က အခုလို မိန့်ပါတယ်။
"၁၇ ရက် ၇ လ ၂၀၁၂ နေ့မှာ မနက် ၃ နာရီလောက်မှာ လူစုကြတာပေါ့ဗျာ။ ဘုန်းကြီးကျောင်းမှာ။ ဆိုင်ကယ်တွေ အစီး ၇၀ လောက်ရှိတယ်။ ရွာသားတွေ အကုန်လုံးထွက်၊ ဦးဇင်းတို့ ဒီ ယင်းမပင်မြို့နယ် တရော်ကျင်းကျေးရွာ ဆိုတာရှိတယ်။ ကနီ-မုံရွာ သွားတဲ့ ကားလမ်းပေါ်မှာ သွားပြီးတော့ ထိုင်စောင့်နေကြတာ။ မနက် ၄ နာရီလောက် ကတည်းက။ ၆ နာရီ ခွဲလောက်မှာ အဲဒီကား ရောက်လာတယ်။ ဦးဇင်းတို့က ကားကို တားထားတယ်။ ကနီ စခန်းမှူးတို့၊ မြို့နယ်မှူးတို့ အကုန်လုံး ရောက်လာကြတယ်။ သူတို့က ပြေပြေလည်လည် ဖြစ်စေချင်တဲ့ဟာမျိုး သိပ်မပါဘူးဗျ။ ခြိမ်းခြောက်တဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ဒါနဲ့ ဦးဇင်းတို့လည်း ကားကို တော်တော်နဲ့ ပြန်မလွှတ်ဘူး။"
နေ့လည် ၁၁ နာရီကျမှ ကန်ီမြို့ နယ်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နဲ့ ယင်းမာပင်မြို့ နယ် အုပ်ချုပ်ရေးမှုးတို့ ရောက်ရှိလာပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး ထံ အကြောင်းကြားပေးပါမယ်။ စာရေးသား တင်ပြပါလို့  ညှိနှိုင်းတဲ့အတွက်  ပြေလည်မှု ရရှိသွားတယ်လို့ သိရပါတယ်။
အခုလ ၂၀ ရက်နေ့ မှာ တိုင်းဝန်ကြီးချုပ်ထံ စာတင်ခဲ့ရာမှာ မနေ့က စုံစမ်းရေး ကော်မရှင် ဖွဲ့ စည်းပြီး စတင် စစ်ဆေးတယ်လို့ သိရပါတယ်
"စစ်ကိုင်းတိုင်းကနေ ကော်မရှင်ဖွဲ့တော့ မုံရွာခရိုင် တရားသူကြီး၊ နောက် ဒေါ်ခင်မာရီ၊ မြန်အောင်မြို့နယ်က တရားသူကြီး ဦးကျော်ကျော်၊ သူတို့ ၃ ယောက်ကနေပြီးတော့ ခုံရုံးဖွဲ့ပြီးတော့ စစ်တယ်ပေါ့ဗျာ။ မနေ့က ဒီကသက်သေ ၈ ယောက်ပေါ့။ စစ်ပြီးပြီ။ ကနီမြို့နယ် တရားသူကြီးကိုလည်း စစ်အုန်းမယ်။ တရားသူကြီးကလည်း တရားခံ ဖြစ်သွားတာကို။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ တရားသူကြီးကို ဦးဇင်းတို့က လာဘ်စားပြီးတော့ ဒီအမှုကို ဆုံးဖြတ်တယ်ဆိုပြီးတော့ တိုင်ထားတာ။"
အမှုမှာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကနီမြို့နယ် အပိုင် တရော်ကျင်းရွာ အနီး ဆောက်လုပ်ရေး ဝန်ကြီးဌာနက ယာဉ်မောင်း ဦးရန်အောင်လင်း ဟာ ယာဉ်အမှတ် ၄ခ/၂၂၅၂ ကို မောင်းနှင်လာစဉ်မှာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ သပြေအေးရွာမှ ထော်လာဂျီကို ဝင်တိုက်မိပါတယ်။ သပြေအေးရွာမှ မောင်တင်ဝင်းပိုနဲ့ ကနီမြို့နယ် မိုးကောင်းရွာမှ မကြည်မြ တို့မှာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြတဲ့ အပြင် ထော်လါဂျီ မောင်းနှင်သူ မောင်ဖိုးဇော် ပေါင်ကျိုးသွားခဲ့ပြီး သပြေကုန်းရွာသားတွေ အပြင်းအထန် ဒဏ်ရာရခဲ့တဲ့အမှု ဖြစ်ပါတယ်။
ဒီအမှုမှာ တရားရုံးက ဆောက်လုပ်ရေး ယာဉ်မောင်းကို ထောင်ကိုးလသာ ချမှတ်ခဲ့ပြီး သပြေကုန်းရွာသား မောင်ဖိုးဇော်ကို ထောင်ဒဏ် တနှစ် ချမှတ်ခဲ့တဲ့ အတွက် မကျေမနပ်ဖြစ်ပြီး၊ သပြေကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာနဲ့ တရော်ကျင်း ကျေးရွာတို့ က ရွာသူရွာသားတွေ ဆန္ဒပြကြတာ ဖြစ်ပါတယ်။
RFA Burmese
သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ ချွန်ဘူရီခရိုင် စက်မှုဇုန် သွားရောက်လေ့လာ
နှစ်နိုင်ငံချစ်ကြည်ရေး ခရီးစဉ်အရ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ၀န်ကြီးများအဖွဲ့ဟာ ဒီကနေ့မနက် (၁၁) နာရီမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်ကို ရောက်ရှိသွားပါတယ်။ သမ္မတနဲ့အဖွဲ့ကို ထိုင်းဘုရင့်အတိုင်ပင်ခံ ကောင်စီအဖွဲ့ဝင် ခွန်မွန် လာချာဝေါင်စီနဲ့ ဒုတိယ ၀န်ကြီးချုပ် ခွန်ယူသာဆပ် တို့က ကြိုဆိုခဲ့ကြပါတယ်။
RFA
သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ကို ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် လမ်ချဘန် စက်မှုဇုန်တွင်၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့က ထိုင်း အရာရှိများက ကြိုဆိုနေကြစဉ်။
သမ္မတဦးသိန်းစိန် နဲ့အတူ  ပြည်ထောင်စု ၀န်ကြီးများ ဖြစ်ကြတဲ့ ဦးဝဏ္ဏမောင်လွင်၊ ဦးမြင့်လှိုင်၊ ဦးတင်နိုင်သိန်း၊ ဦးဝင်းမြင့်၊ ဦးအောင်ကြည်၊ ဦးသန်းဌေးတို့နဲ့အတူ တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ် ၀န်ကြီးချုပ် နှစ်ဦးတို့ အပါအ၀င် အဖွဲ့ဝင်ပေါင်း ၅၀ ကျော်လိုက်ပါလာကြပါတယ်။
အဲဒီနောက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်မှာ သမ္မတဦးသိန်းစိန်နဲ့ အဖွဲ့ဟာ ချွန်ဘူရီခရိုင် လမ်ချဘန် စက်မှုဇုန်ကို သွားရောက် လေ့လာကြရာ ထိုင်းနိုင်ငံဆိုင်ရာ စက်မှုဝန်ကြီး ခွန်ဖုန်စဝပ် နဲ့ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါတယ်။
လမ်ချဘန် စက်မှုဇုန်မှာရှိတဲ့ ဒေသဆိုင်ရာ ရင်းနှီးမြုပ်နှံမှုနဲ့ စီးပွားရေးစင်တာ အမှတ် (၄) မှာ သမ္မတ ဦးသိန်းစိန်နဲ့အဖွဲ့ကို ထိုင်းစက်မှုဝန်ကြီးနဲ့အတူ  အမျိုးသားစီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးရေး ဘုတ်အဖွဲ့ အတွင်းရေးမှူးချုပ် ခွန်အာခွန် သမ်ပီတရာပိုင်စစ်တို့က နှုတ်ခွန်းဆက်စကားနဲ့ အတူ ထိုင်းနိုင်ငံရဲ့ စီးပွားရေး၊ စက်မှုဇုန်ဖွံ့ဖြိုးရေးနဲ့ အရှေ့တောင်အာရှနိုင်ငံများနဲ့ ဆက်နွယ်မှု ဆိုတဲ့ခေါင်းစဉ်နဲ့ ထိုင်းအရှေ့ပိုင်း ကမ်းရိုးတန်း ဒေသနဲ့ ထားဝယ် စီးပွားရေးဇုန် စီမံကိန်းတို့ ဆက်နွယ်မှုနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ အချက်အလက်များကို ရှင်းလင်း တင်ပြခဲ့ကြပါတယ်။
ညနေ ၄ နာရီခန့်မှာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ၀န်ကြီးများအဖွဲ့ဟာ လမ်ချဘန်စက်မှုဇုန် ထိန်းချုပ်စင်တာကို သွားရောက် လေ့လာခဲ့ကြပြီး ဘန်ကောက်မြို့သို့ ပြန်လည် ထွက်ခွာသွားကြပါတယ်။
RFA Burmese
ဒေါ်အောင်ဆန်းစုကြည် ၏ အာဇာနည်နေ့ မိန့်ခွန်း စ/ဆုံး (ရုပ်/သံ)
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ် ရွှေဂုံတိုင်မှာ ဒီကနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ အာဇာနည်နေ့ အထိမ်းအမှတ် မိန့်ခွန်းစကားပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှ အာဇာနည်စိတ်ဓာတ်ဆိုတာဟာ မြင့်မြတ်တဲ့စိတ်ဓာတ်ဖြစ်တယ်ဆိုတဲ့အကြောင်း အာဇာနည်စိတ်ဓာတ်နဲ့ ပတ်သတ်ပြီး ရှင်းလင်းပြောကြားခဲ့ကာ တိုင်းပြည်မှာ အာဇာနည်ခေါင်းဆောင်တွေ များများ လိုအပ်တယ်ဆိုတဲ့အကြောင်း မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
 by Burma VJ Media
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 
ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ဆွမ်းဆက်ကပ်လှူဒါန်း နေစဉ်
မန္တလေးစက်မှုဇုံ(၁)က Ve Ve အချိုရည်စက်ရုံမှာ ဆန္ဒပြ
၂၂ ဇူလိုင် ၂၀၁၂။
မန္တလေးစက်မှုဇုံ(၁) မြ၀တီမင်းကြီးလမ်းက Ve Ve အချိုရည်စက်ရုံမှာ ပေးတဲ့လစာနဲ့ စားဝတ်နေရေးမပြေလည်တာကြောင့် ဇူလိုင်လ ၂၂ ရက် မနက် ၇း၃၀ နာရီကစပြီး အလုပ်သမားဆေန္ဒတွပြကြပါတယ်။ အခြေခံအလုပ်သမားအဖွဲ့ ဖွဲ့စည်းခြင်းအပါအ၀င် အချက် ၁၄ ချက်ပါတောင်းဆိုချက်နဲ့အတူ ဆန္ဒပြကြတာလည်း ဖြစ်ပါတယ်။ Ve Ve အချိုရည်စက်ရုံမှာ စက်ရုံတွင်းအလုပ်သမား ၂၀၀ ကျော်ရှိပြီး နေ့စားလာရောက်လုပ်ကိုင်သူ ၇၀ လောက်ရှိပါတယ်။ အလုပ်သမားရဲ့ ထက်ဝက်ကျော်ဟာ ၁၈ နှစ်အောက်ကလေးသူငယ်တွေဖြစ်ပြီး ၁၃ နှစ်အောက်ကလေး ၄၀ ကျော်ပါရှိနေပါတယ်။ By DVB TV News
(Photos: Chit Ko)
အလုပ်သမားများ၏ တောင်းဆိုချက် အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 
နမ့်ခမ်းမြို့၌ တည်းခိုခန်းပိုင်ရှင်အား မြန်မာစစ်အရာရှိ ရိုက်နှက်၍ ဒါဏ်ရာပြင်းထန်စွာရ
ယခုလ ၁၇ ရက်နေ့ ည ၁၁ နာရီခွဲခန့်က သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့ရှိ သပြေတည်းခိုခန်းပိုင်ရှင် စိုင်းကျော်အေးထွန်းအား မြန်မာစစ်အရာရှိဗိုလ်ဝေမင်းဦးက ပစ္စတို သေနတ်ဖြင့် ချိန်ရွယ်၍ ၅ ချက်တိတိ ပစ်ခတ်ခဲ့ရာ သေနတ်ကျည် မပေါက် သဖြင့် သေဘေးမှလွတ်မြောက်ခဲ့သော်လည်း ၄င်းစစ်အရာရှိ၏ ရိုက်နှက်မှုကြောင့် ခေါင်းကွဲ၊ သွားကျိုးသည့် ဒဏ်ရာ များဖြင့် ပြင်းထန်စွာ ရရှိသွားကြောင်း ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Myanmar News Now
နာကျင်စေမှုဖြင့် မင်းအုပ်စိုးကို ထပ်မံအမှုဖွင့်
မင်းအုပ်စိုး လမ်းလယ်မှာ မူးယစ်သောင်းကျန်း ခဲ့စဉ်က တွေ့ ရပုံ
အိမ်သန့်ရှင်းရေး လုပ်သားကို နာကျင်စေမှုဖြင့် သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးကို ဗဟန်းရဲစခန်းတွင် တရားစွဲရန် ထပ်မံ အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက စုံစမ်းသိရှိ ရသည်။
၂၀၀၉ ခုနှစ်တွင် သရုပ်ဆောင် မင်းအုပ်စိုး ၎င်း၏ နေအိမ်ရှိ လုပ်သားများ သတ္တိရှိမရှိ စမ်းသပ်မည်ဆိုကာ သံချောင်းကို ဖယောင်းတိုင်မီးဖြင့် နီရဲအောင် ဖုတ်၍--
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဒီလှိုင်း စာစောင် အတွဲ (၁၀) အမှတ် (၂၆)
ဒီလှိုင်း စာစောင်  အတွဲ (၁၀) အမှတ် (၂၆)
ဂျာနယ်  အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ကလေးသူငယ် အက်ဥပဒေ
ရန်ကုန် ဇူလိုင် ၂၁
အသက် (၁၅) နှစ်အောက် အလုပ် လုပ်ကိုင်လိုစိတ်ရှိသော ကလေးများအနေဖြင့် တာဝန်ခံ ဆရာဝန် များ၏ ထောက်ခံချက်ဖြင့်သာ အသက်ပြည့်မီသော လုပ်သားများအတိုင်း အလုပ် လုပ်ကိုင်နိုင် ကြောင်း အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က မီဒီယာတွေ့ဆုံပွဲ၌ ပြောကြားသည်။
ကလေးသူငယ် ဥပဒေနှင့် အလုပ်ရုံ ကလေးသူငယ် ဥပဒေသည် တူညီမှု မရှိကြောင်း၊ ကလေး သူငယ် ဥပဒေတွင် အသက် (၁၃)နှစ်မှ (၁၅)နှစ်အထိ၊ အသက်(၁၅)နှစ်မှ (၁၈)နှစ်အထိ မပြည့် သေးသော သူများသည် လူငယ်အဖြစ် သတ်မှတ်ကြောင်း၊ ၁၉၅၁ ခုနှစ် အလုပ်ရုံ ဥပဒေအရ အသက် (၁၅)နှစ် အထက် အရွယ်များအား လူငယ်အဖြစ် သတ်မှတ် ထားသောကြောင့် လုပ်သား များ အတိုင်း အလုပ် လုပ်ရန်ခွင့် ပြုချက်များ ရရှိမှသာ အလုပ်လုပ်ကိုင်ခွင့်ပေးမည် ဖြစ်ကြောင်း သိရသည်။
အသက် (၁၃)နှစ် ပြည့်ပြီးသည့် ကလေးများအား ကလေးလုပ်သား အဖြစ် လုပ်ကိုင်ခွင့် ပြုရာတွင် ၎င်းင်းတို့၏ ကိုယ်ကာယအလိုက် အဆင့်ခွဲ၍ သင့်လျော်ကြောင်း တာဝန်ခံ ဆရာဝန်၏ ထောက်ခံ ချက် လက်မှတ် ရပြီးမှသာ လုပ်ကိုင်ခွင့် ပြုမည်ဖြစ်ပြီး ယင်းထောက်ခံချက် လက်မှတ်၏ သက်တမ်းမှာ ၁၂ ထိသာ ဖြစ်သည်။ အလုပ်ခန့်အပ်သော အလုပ်ရှင်ဘက်မှလည်း သက်ဆိုင်ရာ မြို့နယ်များမှ ဦးစီးအရာရှိများ ရှောင်တခင် ဝင်ရောက် စစ်ဆေးမှုကို အချိန်တိုအတွင်း အဆင်ပြေ စေရန် အသက် (၁၃) နှစ်ပြည့် ကလေးလုပ်သားများ၏ ဆရာဝန်ထောက်ခံချက် မှတ်တမ်းများကို သေချာစွာ သိမ်းဆည်း ထားရမည်။ အသက် (၁၅) နှစ်အောက် အရွယ်များကို ကလေးသူငယ်များ အဖြစ် သတ်မှတ် နိုင်စေခြင်း၊ တစ်ရက်လျှင် အလုပ်ချိန် ၄ နာရီသာ အလုပ်စေခိုင်းခြင်း ပြုရမည်ဟု ၁၉၅၁ ခုနှစ် အလုပ်ရုံအက်ဥပဒေအရ ပြဌာန်းထားခဲ့ပြီး ဖြစ်ကာ ဖောက်ဖျက်မှုများရှိပါက အလုပ် ရှင်အား ဒဏ်ငွေ ကျပ် ၅၀၀ နှင့် ထောင်ဒဏ်ပြစ်မှုများ ကျခံရမည်ဖြစ်သည်။
အလုပ်လုပ်ကိုင်နေသော ကလေးသူငယ်ဥပဒေကိုလည်း ယခုနှစ် ၂၀၁၂ ခုနှစ် အတွင်း ပြန်လည် ရေးဆွဲရန် စီစဉ်လျက်ရှိကြောင်း၊ အသက် (၁၃)နှစ်မှ (၁၅)နှစ်အထိ၊ အသက်(၁၅) နှစ်မှ (၁၈)နှစ် အထိ အသက်မပြည့်သေးသူများအား သက်ဆိုင်ရာ မြို့နယ်အလိုက် ဦးစီးအရာရှိများနှင့် တာဝန် ရှိသူ များက စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်များနှင့် အလုပ်ဌာနများသို့ သွားရောက်ဆွေနွေးကာ သတိပေး မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)
ပြန်ကြားရေးဝန်ကြီးဌာန
စစ်ကိုင်းမြို့ ဆင်များရှင်ကျောက်မျက်ရတနာဈေးမှ ဆိုင်ခန်းရှင်များ ဇူလိုင် ၂၃ရက်တွင် ဆန္ဒပြမည်
မန္တလေး၊ ဇူလိုင် - ၂၂
စစ်ကိုင်းမြို့ ဆင်များရှင်ကျောက်မျက်ရတနာဈေးမှ ဆိုင်ခန်းရှင်များက မိမိတို့ကျောက်ဝိုင်း ပီပြင်စွာ ပေါ်ထွက်လာရေးအတွက် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် နည်းဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဆင်များရှင်ကျောက်ဝိုင်းရှိ ဆိုင်ခန်းရှင်ဦးရေ (၁၀၀)ခန့်က ကျောက်ဝိုင်းဖြစ် မြောက်ရေးအတွက် ဇူလိုင် ၂၃ ရက်(မနက်ဖြန်) နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီထိ ယင်းကျောက်မျက်ဈေးရှေ့တွင် ဆန္ဒထုတ်ဖော်ကြမည်ဖြစ်သည်။ စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှလည်း ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဦးတိုက်လျှောက်ထားသည့် ကျောက်မျက်ဆိုင်ခန်း ရှင်တစ်ဦးဖြစ်သူ ဒေါ်မြင့်မြင့်သီက ပြောသည်။
“ ၁၉ ရက်နေ့ (ဇူလိုင် ၁၉)က တရားဝင်စာနဲ့ ခွင့်ပြုပေးလိုက်ပါတယ်။ လျှောက်တာကတော့ ၂၁၊ ၂၂၊ ၂၃ သုံးရက်လျှောက်တာ တစ်ရက်ပဲခွင့်ပြုတယ်။ ၂၁၊ ၂၂ က စနေ၊ တနင်္ဂနွေ ဖြစ်နေလို့ မရဘူးတဲ့။ ကျန်တာကတော့ တင်ထားတဲ့အတိုင်း ခွင့်ပြုပါတယ်”ဟု ယင်းအမျိုးသမီးကပြောသည်။
ဆန္ဒထုတ်ဖေါ်ရသည့်အကြောင်းရင်းမှာ တိုင်းဒေသကြီးအာဏာပိုင်များက ယခင်ကတည်းက တည်ရှိနေသော ဘော်ဂါကျောက်ဝိုင်းကိုပိတ်ပြီး ဆင်များရှင်ကျောက်ဝိုင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ရန် နှုတ်ဖြင့် အမိန့်ပေးသည့်အတွက် မိမိတို့ ကျောက်မျက်ဆိုင်ခန်းရှင် ၁၃၀ က တစ်ဦးလျှင် ကျပ် ၁၀ သိန်းနီးပါးထည့်ဝင်ပြီး ဆိုင်ခန်းများ တည်ဆောက်ခဲ့ရကြောင်း၊ ကျောက်ဝိုင်းကို ၂၀၁၂ ဖေဖော်ဝါရီ ၁၁ ရက်မှစတင်ကာ ဖွင့်လှစ်ခဲ့ပြီး ယင်းနေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် တက်ရောက်ခဲ့ကြောင်း၊ သို့သော် သမ္မတလာသည့်ရက်ပိုင်းသာ အရောင်းအ၀ယ်ဖြစ်ခဲ့ပြီး ကျန်နေ့များတွင် ဘော်ဂါကျောက်ဝိုင်းတွင်သာ ပြန်လည်အရောင်းအ၀ယ် ပြုလုပ်နေကြသည်ဟုဆိုသည်။
တရုတ်ကုန်သည်များကလည်း စကားပြန်များ၏အလိုအရ ဘော်ဂါကျောက်ဝိုင်းတွင်သာ အရောင်းအ၀ယ် ပြုလုပ်နေကြ၍ မိမိတို့ဈေး တရားဝင်ဖြစ်ပေါ်လာရေးအတွက် ဆန္ဒထုတ်ဖော် ရခြင်းဖြစ်ကြောင်း ဆင်များရှင်ကျောက် မျက်ရတနာဈေးမှ ဆန္ဒထုတ်ဖော်မည့် ဆိုင်ခန်းရှင်များက ပြောသည်။
“ကျွန်မတို့က အရင်ကတည်းက ဘော်ဂါမှာ အရောင်းအ၀ယ် လုပ်လာတာပါ။ အာဏာပိုင်တွေက ဘော်ဂါဈေးကို ဖျက်ပြီး ဆင်များရှင်ဝိုင်းကို ပြောင်းရမယ်ဆိုလို့ ကျွန်မတို့စိုက်ထုတ်ပြီး ဈေးဖြစ်အောင် လုပ်ရတာပါ။ ခုကျတော့ အရင်ဈေးဟောင်းနေရာမှာပဲ ရောင်းဝယ်ခွင့်ပြုနေတော့ ကျွန်မတို့ အများကြီးနစ်နာပါတယ်။ ဒါကြောင့် ခုလို ဆန္ဒထုတ်ဖော်ရတာပါ။”ဟု ပြောသည်။ ဘော်ဂါကျောက်မျက်ဈေးသည် စစ်ကိုင်းမြို့ ဘော်ဂါရပ်ကွက်ရှိ လမ်းမ၀ဲယာပေါ်တွင် တည်ရှိသည်။
7Day News Journal
သုခကုသိုလ်ဖြစ်ဆေးခန်းတွင်အကြောအဆစ်ရောဂါ အခမဲ့စတင်ကုသပေး
ရန်ကုန်၊ ဇူလိုင်-၂၁
နာရေး ကူညီမှု အသင်း (ရန်ကုန်)၏ သုခကု သိုလ်ဖြစ်ဆေး ခန်းတွင် အကြောအ ဆစ်ရောဂါနှင့် ကိုယ်အင်္ဂါ ပြန်လည်သန် စွမ်းရေးဌာန (Derartment of Physical Medicine and Rehabilation) ကို သက်ဆိုင်ရာ အထူးကု ဆရာဝန်ကြီး ခုနစ်ဦးဖြင့် ဇူလိုင်လ ၁၉ ရက်တွင် စတင်ဖွင့်လှစ် ကုသပေးနေ ပြီဖြစ်ကြောင်း အဆိုပါအသင်း ဥက္ကဋ္ဌ ဦးကျော်သူက 7Day News သို့ ပြောသည်။
“ဆရာဝန်ကြီးတွေက အလှည့်ကျ ကုသမှာဖြစ်လို့ တစ်ရက်ကြိုတင်ပြီးတော့ တိုကင်ယူထားဖို့လိုပါတယ်။ နေ့တိုင်း မနက် ၉ နာ ရီကနေ ညနေငါးနာရီခွဲအထိ ဖွင့်လှစ်ကုသမှာပါ။ သုခဆေးခန်းရဲ့ထုံးစံအတိုင်း အားလုံးအခမဲ့ ကုသပေးမှာပါ”ဟု ၎င်းကပြောသည်။
အဆိုပါဌာနကို ဦးဆောင်ကုသမည့် ပါမောက္ခဆရာဝန်ကြီး ဒေါက်တာဦးသန်းတိုးက “လွန်ခဲ့တဲ့နှစ်နှစ်လောက်တည်းက ကို ကျော်သူနဲ့ အကြောအဆစ်ရောဂါ ဝေဒနာသည်တွေ ပြန်ပြီးသန်စွမ်းနိုင်ရေးအတွက် ကုသခန်းဖွင့်မယ့်ကိစ္စကို ပြောခဲ့ဖူးပါတယ်။ အကြောအဆစ်နာကျင်ရင် တရုတ်အားကိုးပြီး သွားနှိပ်နယ်ကြတယ်။ မဖြစ်သင့်တာတွေဖြစ်တယ်။ အခု ဒီဆေးခန်းမှာ ကုသမှုအပိုင်းအတွက် အထောက်အကူပြုပစ္စည်းတွေအားလုံးကို နာရေးကူညီမှုအသင်းက စီစဉ်ပေးတဲ့အတွက် အရမ်းအဆင်ပြေတယ်”ဟု ပြောကြားသည်။
အဆိုပါဌာနမှ ကုသမှုလုပ်ငန်းများကို နောက်ပိုင်းတွင် လူနာများပေါ်မူတည်ကာ တိုးချဲ့ကုသသွားရန်ရှိကြောင်းလည်း တာဝန်ရှိသူများက ပြောသည်။ အဆိုပါ ကုသမှုဌာနတွင် ပါမောက္ခဒေါက်တာဦးသန်းတိုး ဦးဆောင်၍ ဒေါက်တာဝါ၀ါအောင်၊ ဒေါက်တာသန်းသန်းဌေး၊ ဒေါက်တာအောင်ကိုဦး၊ ဒေါက်တာမွန်မွန်ခိုင်၊ ဒေါက်တာခင်စောဦးနှင့် ဒေါက်တာသိင်္ဂီလှိုင်တို့က ဝေဒနာရှင်များကို အလှည့်ကျကုသိုလ်ဖြစ် ကုသမှုပြုလုပ်သွားမည်ဖြစ်သည်။
7Day News Journal
SHADE ဂျာနယ်၊(ဇူလိုင်၂၅ မှ ဇူလိုင် ၃၁ရက်နေ့အထိ။)
SHADE ဂျာနယ်၊(ဇူလိုင်၂၅ မှ ဇူလိုင် ၃၁ရက်နေ့အထိ။)
 ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
ဗန်းမော် ရှပ်ပြေးယာဉ်နစ်မြှုပ်မှု ကယ်ဆယ်ရေး နှောင့်နှေး
မနေ့က မနက်ပိုင်းက တိမ်းမှောက်ခဲ့တဲ့ ဗန်းမော်နဲ့ ကသာကြား ပြေးဆွဲနေတဲ့ ရှပ်ပြေးရေယာဉ် ကယ်ဆယ်မှုတွေကို ဌာနဆိုင်ရာ အဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့တွေ ပူးပေါင်းပြီး ဒီကနေ့ ဆက်လုပ်နေကြပါတယ်။ ပျောက်ဆုံးနေသူ ၂၄ ယောက်လောက် ရှိနေဆဲဖြစ်ပြီး စက်ပစ္စည်း ကိရိယာ အားနည်းမှုကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ခက်ခက်ခဲခဲ လုပ်နေရတဲ့အကြောင်း ဒေသခံတချို့ ပြောပြပါတယ်။ အခြေအနေကို ဆက်သွယ်စုံစမ်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။
ကချင်ပြည်နယ် ဗန်းမော်မြို့ကနေ ကသာမြို့ကို ပြေးဆွဲနေတဲ့ ရှပ်ပြေးရေယာဉ် မနေ့ မနက်ပိုင်းက တိမ်းမှောက်ခဲ့တာမှာ ခုချိန်ထိ ၂၄ ယောက် ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အစိုးရ ဌာနပိုင်းဆိုင်ရာတွေကရော၊ အရပ်ဘက် အကူအညီပေးရေး အဖွဲ့တွေပါ ပူးပေါင်းပြီး ရှပ်ပြေးရေယာဉ်ကို ရေထဲကနေ ဆွဲတင်နိုင်ဖို့ ကြိုးစားနေသလို ပျောက်ဆုံးသူတွေကို ရှာဖွေနေတယ်လို့ ဗန်းမော်ဒေသခံတဦးက ပြောပြပါတယ်။
“အခုအခြေအနေအထိကတော့ ဆက်ပြီးတော့ ကြိုးစားနေဆဲပဲခင်ဗျ။ ဘာမှတော့ အခြေအနေက မထူးခြားလာသေးဘူး။ နေ့လယ်ပိုင်းလောက်ကတည်းက သူတို့ လုပ်နေကြတာ။ ကျနော် သိသလောက်ကတော့ အဖွဲ့တွေတော့ တော်တော်များတယ်ခင်ဗျ။ မီးသတ်တွေရော၊ ပြည်ခိုင်ဖြိုး၊ NLD၊ ဒီပါတီတွေလည်း ရှိတယ်။ နောက်ပြီးတော့ မယက အကုန်လုံး ပါပါတယ်။ ဌာနဆိုင်ရာတွေ အားလုံးကနေပြီးတော့ ရဲတပ်ဖွဲ့တွေရောပေါ့နော်၊ အားလုံးကတော့ စုပြီးတော့ လုပ်နေကြတာပဲဗျ။ ရှပ်ပြေးကတော့ ခုချိန်ထိ မပေါ်သေးဘူးဗျ။ ခရီးသည်တွေရဲ့ ဟမ်းဘက်အိတ် နှစ်လုံးသုံးလုံးကတော့ ရေပေါ် ပေါ်လာတာ ရှိတယ်။ အဲဒါလေးတွေတော့ ဒီရုံးကို သယ်လာတာ တွေ့ရတယ်ဗျ။ အလောင်းတွေကတော့ မတွေ့သေးဘူးပေါ့ဗျာ။ မနေ့က ရေစီးက တအားသန်တဲ့အခါကျတော့ မျှောတဲ့ဟာလည်း မျှောသွားကြလောက်ပါပြီ။ လောလောဆယ် ပျောက်ဆုံးသူ စာရင်းကတော့ ၂၄ ယောက် ရှိတယ်လို့ ပြောတယ်ခင်ဗျ။ ၇၅ ယောက်ကတော့ ရထားပြီပေါ့၊ ရထားပြီဆိုတာက လွတ်မြောက်တာပေါ့။ ဒါပေမဲ့ အဲဒီအထဲမှာ သေတဲ့သူ တယောက်ပါတယ်။”
လောလောဆယ် ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေချိန်မှာ ရာသီဥတု မဆိုးလှပေမဲ့ ရေစီးကတော့ ပြင်းထန်နေပါတယ်။ နည်းပညာပိုင်းနဲ့ စက်ကိရိယာပစ္စည်း အားနည်းမှုတွေကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အခက်အခဲတွေ ရှိနေတယ်လို့လည်း ဗန်းမော်ဒေသခံကပဲ ဆက်ပြီး ပြောပြပါတယ်။
“အခက်အခဲကတော့ ကျနော်ထင်တာ ဒီမှာ အုတ်တံတိုင်းကြီးက ရှိတယ်လေ။ ဒီအုတ်တံတိုင်းနဲ့ ညှိထားလို့လား မသိဘူးဗျ။ အဲဒီရှပ်ပြေးကတော့ တက်မလာဘူး။ အုတ်တံတိုင်းအောက်မှာ ကျထားလို့နေမှာ၊ ရှပ်ပြေးက ၀ိတ်ရှိတယ်လေ။ ပစ္စည်းတွေလည်း တင်ထားတဲ့အခါကျတော့ တော်ရုံနဲ့ ဆွဲမရဘူးခင်ဗျ။ ဂိုင်းနဲ့ပန်ကာတော့ ပြုတ်ထွက်လာတယ်လို့ ပြောတယ်။ ရေပေါ်ကနေ မြမာလာ ကုန်တင်သင်္ဘောက ဆွဲပေးနေတယ်။ ကုန်းပေါ်ကနေလည်း လူတွေရဲ့အားနဲ့ ကြိုးတွေနဲ့ ဆွဲနေကြတာတော့ တွေ့တယ်။ စက်ပစ္စည်းကိရိယာ ဆိုတာက အဆင့်မြင့်တဲ့ ပစ္စည်းကိရိယာတွေ မရှိဘူးလေ။ ကြိုးတွေနဲ့ သစ်ပင်မှာချည်၊ ပြီးတော့ မြှုပ်ထားတဲ့ ရှပ်ပြေးမှာချည်ပြီးတော့ ကမ်းပါးပေါ်ကို လူအားနဲ့ ဆွဲတင်နေကြတာပေါ့။ စက်ကိရိယာ ကြီးကြီးမားမား စုံစုံလင်လင်တော့ မရှိပါဘူး။ နည်းပညာ ကြွယ်ကြွယ်၀၀တော့ မရှိဘူး။ အရမ်းအားနည်းပါတယ်။ သီးခြား လေ့ကျင့်ထားတဲ့ အဖွဲ့အစည်းမျိုးတွေလည်း မရှိထားတဲ့အခါကျတော့ အခုလို ဖြစ်တာပေါ့။ မအောင်မမြင်တွေ ဖြစ်တာပေါ့လေ။”
ဗန်းမော်နဲ့ ကသာကြား ပြေးဆွဲနေတဲ့ ရှပ်ပြေးရေယာဉ်ဟာ မနေ့က ဗန်းမော်ဆိပ်ကမ်းကအထွက် မနက် ၉ နာရီကျော် လောက်မှာ စက်ချို့ယွင်းမှုကြောင့် တိမ်းမှောက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ရေယာဉ် နစ်ချိန်မှာ မိုးရွာနေတာကြောင့် မိုးကာ အုပ်ထားတဲ့အတွက် အထဲက မထွက်နိုင်သူတွေ ရှိသလို တချို့ကတော့ ကမ်းနားမှာ တန်းစီရပ်ထားတဲ့ တခြား ရှပ်ပြေးရေယာဉ်တွေ အောက်ကိုလည်း ၀င်သွားနိုင်တယ်လို့ ပြောကြပါတယ်။ နစ်မြှုပ်ချိန်မှာ ရေယာဉ်ပေါ် လိုက်ပါလာသူ ၁၀၀ ကျော်လောက် ရှိမယ်လို့လည်း တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။ အဲဒီအထဲမှာ မြစ်ကြီးနားမြို့ ကျောင်းသား အားကစားပွဲတော်ကို ကသာ နဘားရထားလမ်းကနေ သွားကြမယ့် ကျောင်းသားတွေလည်း ပါတယ်လို့ ဆိုပါတယ်။
သတ်မှတ်တန်ချိန်ထက် ပိုပြီး တင်ဆောင်မှုတွေကြောင့် ခုလို ရေယာဉ်တိမ်းမှောက်မှုတွေ မြန်မာနိုင်ငံမှာ မကြာခဏ ဆိုသလို ဖြစ်လေ့ရှိပြီး ပြီးခဲ့တဲ့မတ်လအတွင်းကလည်း ပုသိမ်မြို့နဲ့ ငပုတောမြို့ ပြေးဆွဲတဲ့ ပုသိမ်သူ ၁၁ သင်္ဘော တိမ်းမှောက်ခဲ့တာမှာ လူ ၂၀ကျော် သေဆုံးခဲ့သလို ၂၀၁၁ ခုနှစ် ဇွန်လက ဘိုကလေးမြို့နယ်အတွင်း စက်လှေ တိမ်းမှောက်မှုမှာလည်း ကျောင်းသူ ကျောင်းသား ၅ ယောက် သေဆုံးခဲ့ရပါတယ်။
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)
© Myanmar News Now Copyright by Thit Htoo Lwin
Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်