တစ်လအတွင်း ဒုသမ္မတရွေးမည်ဟု ဦးဌေးဦးပြော
ရန်ကုန် ဇူလိုင် ၂၁
လစ်လပ်ဒုတိယသမ္မတ ရွေးချယ်ပေးရေးကိစ္စအားကြန့်ကြာအောင် အချိန်ဆွဲသွားမည် မဟုတ်ဘဲ၊၁လအတွင်း အပြီးသတ်ရွေးချယ်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ၊ ဒုတိယသမ္မတများ၊အရည်အချင်းနှင့်ကိုက်ညီမှု ရှိမရှိ စီစစ်ရေးအဖွဲ့အဖွဲ့ဝင်ဦးဌေးဦးက ယနေ့တွင်ပြောသည်။
“ကျွန်တော်တို့အချိန်ဆွဲနေလို့ ဘယ်ရမလဲ၊အမြန်ဆုံးရွေးပေးရမှာပေါ့”ဟု ဟသာင်္တမြို့နယ်တွင်ရောက်ရှိနေသည့် ဦးဌေးဦးက ဆက်သွယ်မေးမြန်းမှုကိုဖြေသည်။
လစ်လပ်ဒုတိယသမ္မတ ရွေးချယ်ရေးကိစ္စမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်သဖြင့် မိမိတို့အဖွဲ့အနေဖြင့် လွန်ဆန်၍ မရပါကြောင်း ဦးဌေးဦးက ဆက်လက်ကာပြောသည်။ယခုရွေးချယ်မည့်ဒုတိယ သမ္မတတစ်ဦးမှာ သမ္မတကြီးအားထောက်ကူပေးရန် အတွက်ဖြစ်ပြီး လုပ်ဆောင်ရမည့် တာဝန်များမှာ သမ္မတကြီး၏ခွဲဝေပေးမှုအပေါ်တွင်သာ မှီနေသည်ဟု ၄င်းကထပ်မံကာပြောသည်။
မင်းသုအောင် - Popular Myanmar News Journal
အမေရိကန်ရုပ်ရှင်ရုံပစ်ခတ်မှု ၁၂ ဦးသေ
အမေရိကန်ပြည်ထောင်စု ကော်လိုရာဒို (Colorado) ပြည်နယ်၊ ဒဲန်ဗာ(Denver) မြို့ ရပ်ကွက်တခုက ရုပ်ရှင်ရုံတခုမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ ၁၂ ယောက် သေဆုံးပြီး  ၃၈ ယောက်ထက်မနည်း ဒဏ်ရာရ သွားတယ်လို့ ရဲက ပြောပါတယ်။
Aurora ရပ်ကွက်က Century 16 ရုပ်ရှင်ရုံမှာ လင်းနို့လူသား (Batman) နောက်ဆုံး ရုပ်ရှင်ဖြစ်တဲ့ The Dark Knight Rises ရုပ်ရှင် သန်းခေါင်ချိန်မှာ စပြနေတုန်း မျက်နှာဖုံးစွပ်ထားတဲ့ --
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဒဏ်ခတ်မှုရုပ်သိမ်းရေး ပြုပြင်ရေးအပေါ် မူတည်
ပထမဆုံးသံအမတ် ရန်ကုန် အမေရိကန်သံရုံးမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ်။ (ဇူလိုင်လ ၂၀ ရက်၊ ၂၀၁၂။)
မြန်မာနိုင်ငံ အပေါ် ကုန်သွယ်ရေး ပိတ်ဆို့အရေး ယူမှုကို နောက်ထပ် သုံးနှစ်သက် တမ်းတိုးဖို့ အမေရိကန် အထက် လွှတ်တော် ဘဏ္ဍာရေးကော် မတီက ဗုဒ္ဓဟူးနေ့တုန်းက မဲခွဲဆုံးဖြတ် ခဲ့ပေမဲ့ လို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ တိုးတက် မှုဖြစ်စဉ်တွေ ကိုကြည့်ပြီးတော့ အမေရိကန်က ကုန်သွယ်ရေး ပိတ်ဆို့ အရေးယူမှုတွေကို ချက်ခြင်းဖယ် ရှားပေးဖို့ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်သစ် ဒဲရစ်မစ်ချယ်က ပြောလိုက်ပါတယ်။ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါ တယ်။ ရန်ကုန်မြို့က အမေရိကန်သံရုံးမှာ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ အမေရိကန်သံအမတ်သစ် ဒဲရက်ခ်၊ မစ်ချယ်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲအကြောင်းကိုတော့ ရန်ကုန်အခြေစိုက်၊ ဗွီအိုအေ သတင်းထောက် ကိုရဲကျော်အောင်က သတင်းပို့ထားပါတယ်။
မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေး ပိတ်ဆို့အရေးယူမှုကို နောက်ထပ် သုံးနှစ်သက်တမ်းတိုးဖို့ အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာရေးကော်မတီက ဗုဒ္ဓဟူးနေ့မှာ မဲခွဲဆုံးဖြတ်အပြီး မြန်မာနိုင် ငံမှာ ဒီနေ့လုပ်တဲ့ အမေရိကန်သံအမတ်ကြီး ဒဲရက်ခ်မစ်ချယ်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ ရဲ့ ဒီမို ကရေစီ တိုးတက်မှုဖြစ်စဉ်တွေကိုကြည့်ပြီး အမေရိကန်က ကုန်သွယ်ရေး ပိတ်ဆို့အရေးယူ မှုတွေကို ချက်ခြင်းဖွင့်ဖို့ရှိပါတယ်လို့ ပြောကြားခဲ့ပါတယ်။
သွင်းကုန်များ တားမြစ်မှုတွေကို ဆက်လက် သက်တမ်းတိုးဖို့ ဆုံးဖြတ်ချက်ဟာ အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာရေးကော်မတီက ဆုံးဖြတ်ခဲ့တာ ဖြစ်ပေမဲ့ အမရိကန် အုပ်ချုပ်ရေးပိုင်းက သမ္မတဦးဆောင်တဲ့ အစိုးရအဖွဲ့ကနေပြီး ကုန်သွယ်ရေး ပိတ်ဆို့အရေးယူမှုတွေကို မြန်မာအစိုးရရဲ့ ဒီမိုကရေစီ တိုးတက်မှုတွေပေါ်မူတည်ပြီး ဖြေလျော့ရုပ်သိမ်းပေးနိုင်တယ်လို့ သူက အခုလို ပြောပြခဲ့ ပါတယ်။
“ကျနော်တို့အစိုးရပိုင်းအနေနဲ့လည်း လွှတ်တော်ကို တင်ပြလာတဲ့ Sanction ကို ရုပ်သိမ်းဖို့ လုပ်ပေးနိုင်ပါတယ်။ ကျနော် မြန်မာနိုင်ငံကိုလာတဲ့ကာလက တိုးတက်မှုတွေကို အစိုးရအဖွဲ့ကို တင်ပြခဲ့လို့ အခုဆိုရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ရောက်ရှိလာသလို သံအမတ်ကြီး အဆင့် ပြန်လည်ထားရှိခဲ့ တာတွေလည်း ဖြစ်လာတာပါ။”
ကုန်သွယ်ရေးတားမြစ်မှု ဥပဒေကို ၂၀၀၃ ခုနှစ်က စတင်ချမှတ်ခဲ့တာဖြစ်ပြီး ဇူလိုင်လကုန်အတွင်း သက်တမ်းကုန်ဆုံးတော့မှာမို့ သက်တမ်းတိုးဖို့ အမေရိကန်အထက်လွှတ်တော်က လုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်။ ဒီဥပဒေမှာ ကုန်သွယ်ရေးတားမြစ်မှုကို အိမ်ဖြူတော်က သက်ညှာလျှော့ပေါ့ခွင့်နဲ့ ရပ်ဆိုင်းခွင့်ရှိတယ်လို့ ဖော်ပြထားတဲ့အပေါ် သူက အခုလို ပြောပြသွားခဲ့တာပါ။ မကြာသေးခင်က အမေရိကန် သမ္မတ ဘာရက်ခ်၊ အိုဘားမားက အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြန် မာနိုင်ငံမှာ ရင်းးနှီး မြှုပ်နှံနိင်ကြပြီလို့ ပြောကြားခဲတာကြောင့် အမေရိကန် ကော်ပိုရိတ် စီးပွားရေး လုပ်ငန်းတွေဟာ မြန်မာနိုင်ငံအတွင်းမှာ မကြာမီ လာရောက်ရင်းနှီးတော့မှာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ စီးပွားရေးအရ ပွင့်လင်းမှုတွေဟာ သယံဇာတလုပ်ငန်းတွေမှာ အလွန်အရေးကြီးတယ် လို့လည်း အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ထောက်ပြခဲ့ပါတယ်။
“တိုင်းပြည်ထဲစီးဝင်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေအားလုံးကို အရပ်ဘက်လူ့အဖွဲ့အစည်းတွေဆီ ထိထိရောက်ရောက် စောင့်ကြည့်နိုင်ရေးအတွက်  ဒီသတင်း အချက်အလက်တွေက အထောက် အကူဖြစ်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ စီးပွားရေးပွင့်လင်းမှုက သယံဇာတ တူးဖော်ရေး လုပ်ငန်းတွေမှာ အင်မတန် အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ရင်းနှီးမြှုပ်နှံထားတဲ့ ငွေပမာဏ ကြီးမားပြီး မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းလို နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေက နိုင်ငံတော် ရဲ့ အမွေအနှစ်ဖြစ်တဲ့ သဘာဝ သယံဇာတတွေကို စီမံခန့်ခွဲကြရ တာဖြစ်လို့ပါ။ ဒါကြောင့် MOGE လို နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်မယ့် အမေရိကန် ကုမ္ပဏီတွေအတွက် အထူး လိုအပ်ချက်တွေကို ကျနော်တို့ဘက်က သတ်မှတ်ထားတာ ဖြစ်ပါတယ်။”
အမေရိကန်နိုင်ငံအနေနဲ့ ပြည်တွင်းမှာ  ရင်းနှီးမြှုပ်နှံမှုတွေမှာသာမက ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စဉ်တွေမှာလည်း လေးလေးနက်နက် တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ သူက ပြောခဲ့ပါသေးတယ်။ USAID အနေနဲ့ ပြည်တွင်းမှာ စားနပ်ရိက္ခာ လိုအပ်နေတဲ့နေရာတွေအတွက်လည်း အမေရိကန် ဒေါ်လာ ၃ သန်း ထောက်ပံ့ပေးခဲ့ပါတယ်။
“ဒီကနေ့မှာတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ ပြည် သူတွေအတွက် ဒေါ်လာ သုံးသန်းဖိုး စားနပ်ရိက္ခာ အကူအညီပေးမယ့် အကြောင်းကို ကြေညာလို ပါတယ်။ USAID ရဲ့ ငြိမ်းချမ်းရေးအတွက် စားနပ်ရိက္ခာရုံးကနေတဆင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် ကို ကျနော်တို့ ဒေါ်လာ သုံးသန်း လှူဒါန်းလိုက်တာပါ။ ဒီလှူဒါန်းငွေနဲ့ WFP က ဆန် မက်ထရစ် တန်ချိန် ၃,၄၀၀ ဖိုးလောက် ဝယ်ယူမှာဖြစ်ပြီး ဒါဟာ လူ ၅,၅၀၀ အတွက် ၆ လစာ အကူအညီဖြစ်ပါ လိမ့်မယ်။ ဒီဆန်တွေကို ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက အစိုးရထိန်းချုပ်ထား ရာ ဒေသတွေမှာရော အစိုးရထိန်းချုပ်မှု မရှိတဲ့ ဒေသတွေမှာပါရှိနေကြတဲ့ နေရပ်စွန့်ခွာ ထွက်ပြေး လာရတဲ့သူတွေကို WFP က ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။”
ဒီကနေ့ ရန်ကုန်မြို့၊ အမေရိကန်သံရုံးမှာပြုလုပ်တဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲဟာ ဒဲရက်မစ်ချယ် ရဲ့ အမေရိကန်သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရပြီးတဲ့နောက်မှာ ပထမဆုံးပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲဖြစ်ပြီး အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီတိုးတက်ရေးတွေမှာUS-AID က ကူညီဆောင်ရွက်ပေးသွားမယ်လို့ အမေရိကန်သံအမတ်ကြီး ဒဲရက်ခ်၊ မစ်ချယ်က ကတိပြုသွားခဲ့ပါတယ်ခင်ဗျား။
ကိုရဲကျော်အောင် - ဗွီအိုအေ မြန်မာပိုင်း
သမ္မတ ဦးသိန်းစိန်ကို ထိုင်းသတင်းစာက ပြင်းထန်စွာ ဝေဖန်
မြန်မာသမ္မတ ဦးသိန်းစိန် ဇူလိုင်လအတွင်း ကမ္ဘောဒီးယား နိုင်ငံ Siem Reap တွင် ကျင်းပခဲ့သည့် အမေရိကန်-အာဆီယံ စီးပွားရေးဖိုရမ်တွင် မိန့်ခွန်း ပြောကြားနေစဉ်
 မြန်မာသမ္မတ ဦးသိန်းစိန်သည် ဇွန်လ အတွင်းက သူ၏ ထိုင်းနိုင်ငံ ခရီးစဉ်ကို နှစ်ကြိမ် တိုင်တိုင် ရွှေ့ဆိုင်းခဲ့ရပြီးနောက် လာမည့် တနင်္ဂနွေနေ့တွင် သုံးရက်ကြာ ထိုင်းနိုင်ငံ ခရီးစဉ်ကို စတင်မည် ဖြစ်သည်။ ထိုစဉ်တွင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန်၏ မကြာသေးခင်က မှတ်ချက်များကိုသောကြာနေ့ထုတ် ထိုင်းနိုင်ငံ အခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာ၏ အယ်ဒီတာ့ အာဘော်က ပြင်းပြင်းထန်ထန်ဝေဖန်ခြင်းဖြင့် မြန်မာသမ္မတ ခရီးစဉ်အား ကြိုဆိုလိုက်သည်။
မူလက ဇွန်လ ၄ ရက်နေ့တွင် ဦးသိန်းစိန်၏ ထိုင်းနိုင်ငံ ခရီးစဉ် စတင်ရန် သတ်မှတ်ခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် အရှေ့အာရှ ကမ္ဘာ့စီးပွါးရေးဖိုရမ် တွင်လည်း မိန့်ခွန်းပြောရန် စီစဉ်ခဲ့သေးသည်။ သို့ရာတွင် မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လာရောက်ရန်နှင့် ထိုကွန်ဖရင့်တွင် မိန့်ခွန်းပြောကြားရန် အားတက်သရော ဖိတ်ကြားခဲ့ကြပြီးသည့် နောက်တွင်မူ သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြ ပြီး သမ္မတ ဦးသိန်းစိန်အနေဖြင့် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အဝါအောက်တွင် လွှမ်းမိုးခံရမည်ကို မလိုလားသဖြင့် ခရီးစဉ် ဖျက်သိမ်းလိုက်ကြခြင်း ဖြစ်ကြောင်း ထင်ကြေးများလည်း ထွက်ပေါ်ခဲ့သည်။
မြန်မာအစိုးရကမူ နိုင်ငံအတွင်းတွင် ထမ်းဆောင်ရန် တာဝန်များ ရှိနေခြင်းကြောင့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရခြင်း
ဖြစ်သည်ဟု ဆိုခဲ့သည်။ နောက်ပိုင်းတွင်လည်း နောက်ထပ် ခရီးစဉ် တခုကို ဖျက်သိမ်းခဲ့ပြန်သည်။
သမ္မတဦးသိန်းစိန် အနေဖြင့် ထိုင်းဝန်ကြီးချုပ် ယင်လပ် နှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကာ ခေါင်းဆောင်နှစ်ဦးသည် လူ့အရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ၂ဝ၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ နေရာကို မြန်မာနိုင်ငံက လက်ခံဆောင်ရွက်မည် ဖြစ်သည့် အတွက် ကြိုတင် ပြင်ဆင်ရေးများ အပါအဝင် မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးရေးများတွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မည့် နားလည်မှု စာချွန်လွှာတရပ် လက်မှတ်ရေးထိုးပွဲသို့လည်း တက်ရောက် ကြမည်ဖြစ်သည်ဟု ထိုင်းအရာရှိများက အစောပိုင်းက ပြောကြားခဲ့သည်။
ကုလသမဂ္ဂ အရာရှိတဦးသို့ ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန် မကြာသေးခင်က ပြောကြားခဲ့သည့် မှတ်ချက်ကို ဘန်ကောက်ပို့စ် သတင်းစာ၏ အယ်ဒီတာ့ အာဘော်က သောကြာနေ့တွင် ပြင်းပြင်းထန်ထန် စိန်ခေါ် ထားခြင်း ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်၏ မှတ်ချက်မှာ မြန်မာနိုင်ငံအတွင်းရှိ သိန်းနှင့်ချီသည့် ရိုဟင်ဂျာများအား ကုလသမဂ္ဂက လက်ခံရန် အကြံပေးခြင်း ဖြစ်သည်။ ဇွန်လအတွင်းက ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ ဖြစ်ပွါးကာ လူပေါင်း ၇ဝ ကျော် အသက် ဆုံးရှုံးခဲ့ရသည့် အပြင် အိုးအိမ်များနှင့် ပိုင်ဆိုင်မှုများ များစွာ ပျက်စီး ဆုံးရှုံးခဲ့ရပြီး နောက်တွင် သမ္မတက ကုလသမဂ္ဂ အရာရှိအား အကြံပေးခဲ့ခြင်း ဖြစ်သည်။
ဘန်ကောက်ပို့စ် အယ်ဒီတာ့ အာဘော်တွင် “မြန်မာနိုင်ငံနဲ့ သူတို့အစိုးရဟာ ၄၈ နှစ်လုံးလုံး ရက်စက် ကြမ်းတမ်းလှတဲ့ စစ်အာဏာရှင်စနစ် အပြီးမှာ ပြန်လည် အမီလိုက်ဖို့အတွက် သွားစရာခရီးတွေ အများကြီး ရှိနေသေးပါတယ်။ မကြာခင် က မြန်မာနိုင်ငံ အနောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ လူမျိုးရေး ပဋိပက္ခတွေဟာ အပြင်ပန်း စည်းလုံးညီညွတ်မှု မျက်နှာစာကြီး ကို ပြိုကျစေခဲ့ပါတယ်” ဟု ဆိုထားသည်။
“သမ္မတ ဦးသိန်းစိန်ရဲ့ မှတ်ချက်ဟာ ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ အစိုးရ တရပ်ဆီက ကြားရတဲ့ ခုတလောအတွင်း စိတ်ပျက်စရာ အကောင်းဆုံး မှတ်ချက်ပါပဲ” ဟု အယ်ဒီတာ့ အာဘော်က ဆိုသည်။
ဘန်ကောက်ပို့စ် အယ်ဒီတာ့ အာဘော်က ဆက်လက်၍ ဆိုထားသည်မှာ “သူ [သမ္မတ ဦးသိန်းစိန်] က ကုလသမဂ္ဂကို လွန်ခဲ့တဲ့ အပါတ်က ပြောခဲ့ရာမှာ ရခိုင်ပြည်နယ်မှာ ရှိတဲ့ တသန်းနီးပါးရှိတဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံက လက်ခံ ကြိုဆိုမှာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။ သူတို့ကို ဒုက္ခသည် စခန်းတွေမှာ နေရာချထားဖို့နဲ့ ပိုကောင်းတာကတော့
မြန်မာနိုင်ငံကနေ နှင်ထုတ်ဖို့ပါပဲလို့ ဆိုခဲ့ပါတယ်။ သူတို့ဟာ လူမျိုးအရလည်း အများစု ဗမာတွေနဲ့ ခြားနားနေပြီး ဘာသာရေးအရလည်း မူစလင်တွေ ဖြစ်ကြတယ်လို့ သမ္မတက ပြောခဲ့ပါတယ်။ တခုတည်းသော အဖြေကတော့ သူတို့ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကို လွှဲပြောင်းပေးဖို့ ဒါမှမဟုတ် သူတို့ကို လက်ခံချင်တဲ့ တတိယ နိုင်ငံတွေမှာ သူတို့ကို အခြေချစေဖို့ပါပဲ လို့ သူက ဆိုပါတယ်” ဟု ရေးသားထားသည်။
ဘန်ကောက်ပို့စ် သတင်းစာက မြန်မာသမ္မတ ဦးသိန်းစိန်၏ အမြင်အား ထိုင်းအစိုးရက စောဒက တက်ပါရန် တိုက်တွန်း ထားသည်။
“ရိုဟင်ဂျာတွေရဲ့ ဖြစ်တည်မှုနဲ့တကွ ပြဿနာတွေကို ဦးသိန်းစိန်ရဲ့ ခရီးစဉ်အတွင်းမှာ ဆွေးနွေးသင့်ပါတယ်။ ထိုင်းနိုင်ငံ နဲ့ တခြားအိမ်နီးချင်း နိုင်ငံတွေဟာ ဒီလူတွေရဲ့ အတိဒုက္ခတွေကို သေသေချာချာ သတိထားမိပါတယ်” ဟု သတင်းစာက ဆိုသည်။
“မြန်မာ သမ္မတရဲ့ အံ့သြထိတ်လန့်စရာ ကောင်းတဲ့ မှတ်ချက်ကို မြန်မာနိုင်ငံဟာ စစ်တပ်ရဲ့ သေနတ်အောက်မှာ တကယ့်ကမ္ဘာနဲ့ နှစ်ပေါင်းများစွာ အဆက်ပြတ် အထီးကျန်နေခဲ့ရတဲ့အတွက် ခုလို ပြောမိတာလို့ ဆင်ခြေပေးလို့တော့ ရနိုင်ပါတယ်” ဟု ဘန်ကောက်ပို့စ်က ရေးသားထားသည်။
သမ္မတ ဦးသိန်းစိန် အနေဖြင့် သူပြောခဲ့သည့် စကားအတိုင်း အကောင်အထည်ဖော် လုပ်ဆောင်လာခဲ့လျှင်လည်း လက်ခံနိုင်စရာမရှိဟု အယ်ဒီတာ့ အာဘော်က ဆိုထားသေးသည်။
“မြန်မာနိုင်ငံဟာ ရှည်လျားပြီး အမှောင်ဖုံးလွှမ်းနေတဲ့ အကြမ်းဖက်မှု သမိုင်းကြောင်းကနေ ရုန်းကန်ပေါ်ထွက်လာနေ
တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၅ဝ က စံနှုန်းတွေနဲ့ အလွန် ကွဲပြားခြားနားတဲ့ စံနှုန်းတွေနဲ့ ကမ္ဘာသစ်ထဲကို ဝင်ရောက်နေ တာ ဖြစ်ပါတယ်။ ရိုဟင်ဂျာနဲ့ ပတ်သက်ပြီး ဦးသိန်းစိန်ရဲ့ မှတ်ချက်တွေကတော့ လူမျိုးရေးခွဲခြားမှု၊ မလိုမုန်းထားမှု၊ ခြိမ်းခြောက်မှု ဆန်နေပါတယ်။ သူတို့ကို စောဒကတက် ဝေဖန်မှုတွေ ရှိသင့်ပါတယ်” ဟု ထိုင်းနိုင်ငံထုတ်ဘန်ကောက်ပို့စ်
သတင်းစာ အယ်ဒီတာ့အာဘော်က ရေးသားထားသည်။
မဇ္ဈိမသတင်းဌာန |
မော်လမြိုင်နှင့် ဘားအံဆေးရုံတွင် သွေးလွန်တုတ်ကွေးရောဂါ ကုတင်မဆံ့
 သွေးလွန်တုတ်ကွေးရောဂါ ကူးစက်မှုကြောင့် မွန်ပြည်နယ် မော်လမြိုင် ကလေးအထူးကု
ဆေးရုံနှင့် ကရင်ပြည်နယ် ဆေးရုံကြီးတွင် ကလေးငယ် ၅၀၀ ကျော် တက်ရောက်ကုသမှု ခံယူနေရကြောင်း---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မြစ်ဆုံဆည်အား မဖြစ်မနေ တည်ဆောက်ရမည်ဟု အာဏာရ USDP ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း ပြောကြား
မကြာသေးမီက သမ္မတ ဦးသိန်းစိန်က မိမိ၏ သက်တမ်း ကာလအတွင်း တည်ဆောက်
မှုများ ရပ်ဆိုင်းထားမည်ဟု ဆိုသော ဧရာဝတီ မြစ်ဆုံဆည်အား မဖြစ်မနေ ပြန်လည်
 စတင် တည်ဆောက် သွားရမည် ဖြစ်ကြောင်း အာဏာရ USDP ပါတီ ဗဟို
အလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက တရုတ် နိုင်ငံထုတ် Southern Weekend
သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖြေကြား ပြောဆိုသွားခဲ့ပါသည်။
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ရှပ်ပြေးယာဉ်နစ်မြုပ် လူ ၅၀ ပျောက်ဆုံးနေ
ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ဒီကနေ့ မနက် ၉ နာရီခွဲ အချိန်က ရေပေါ်ရှပ်ပြေး ရေယာဉ်တစ်စီး တိမ်းမှောက်ခဲ့တာကြောင့် လူ ၅၀ ကျော် ပျောက်ဆုံးနေကြောင်း----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
စစ်တွေတွင် ဘင်္ဂါလီ ၂၀၀ကျော် စုရုံးမှု သေနတ်ပစ်ဖောက် ဟန့်တား
ရန်ကုန်၊ ဇူလိုင် ၂၀
အရေးပေါ် အခြေအနေ ထုတ်ပြန် ထားဆဲဖြစ်သော ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့ ဘုမေရွှာမှ ဘင်္ဂါလီလူမျိုးများ ဇူလိုင်လ ၂၀ရက်နေ့တွင် ဗလီမှ အပြန်တွင် လူ ၂၀၀ကျော် စုရုံးပြီး ရခိုင်တိုင်း ရင်းသားများ နေထိုင်ရာ ရပ်ကွက်များဘက်သို့ ချီတက်လာသဖြင့် လုံခြုံရဲများက သေနတ်ပစ်ဖောက် ဟန့်တား ခဲ့ရကြောင်း ဒေသ အာဏာပိုင်များနှင့် ဒေသခံများက ပြောကြားသည်။
အဆိုပါ ဖြစ်စဉ်မှာ ဇူလိုင်လ ၂၀ရက်နေ့ နံနက် ဘင်္ဂါလီလူမျိုးများ ဗလီတွင် ၀တ်ပြုပြီး အပြန်တွင် လူ ၂၀၀ခန့် စုံရုံးကာ ရခိုင် တိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာများသို့ နေ့လယ် ၁နာရီ ခွဲခန့်တွင် ချီတက်လာခဲ့သဖြင့် ဒေသလုံခြုံရေး များက ဆူပူမှု မဖြစ်ပွားစေရန် အချိန်မီ ထိန်းသိမ်း ခဲ့ရကြောင်း ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော်က ပြောကြားသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်း ပြန်ကြားရေးဌာနမှ ဥက္ကဌ ဦးဦးလှသိန်းကမှု “သေနတ်သုံးချက် ပစ်ပြီး လူစုခွဲလိုက်ရတယ်။ ထိခိုက် ပျက်စီးတာတော့ မရှိခဲ့ဘူး“ ဟု ၄င်းက စစ်တွေမြို့ အခြေအနေကို ရှင်းပြသည်။
The Voice Weekly
စိုက်ပျိုးရေး ကုမ္ပဏီ ၁၆ ခုကို ကျေးရွာ ၉ရွာမှ လယ်သမားများက ဆန္ဒပြ
ရန်ကုန်၊ဇူလိုင် ၂၀
ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင်  ကုပ္မဏီ ၁၆ခုကို ဒေသခံ လယ်သမားနှင့် အကျိုးတူ ပူးပေါင်း၍ စံပြစပါး စိုက်ပျိုးရေးဇုန် လုပ်ရန် လုပ်ကိုင်ခွင့် ချထား ပေးသော်လည်း ယခုအချိန်အထိ မလုပ်ကိုင်သဖြင့်စားဝတ်နေရေး ခက်ခဲလာ၍ ကျေးရွာ ၉ရွာမှ လယ်သမား၂၀၀ကျော်က ဆန္ဒပြခြင်း ဖြစ်သည်ဟု လယ်သမားကြီး ဦးမြအောင်က ပြောကြားသည်။
၂၀၀၈ ခုနှစ်က လယ်ဧက တစ်သောင်းကျော်ကို လန/၃၉ အရ သိမ်းယူခဲ့ပြီး စိုက်ပျိုးရေး ကုပ္မဏီ ၁၆ခုကို လယ်သမားများနှင့် စံပြ စိုက်ပျိုးရေးဇုန် အကျိုးတူ ပူးပေါင်း လုပ်ဆောင်ရန် တပ်မတော် အစိုးရ လမ်းညွန်ခဲ့ကြောင်း ၂၀၁၁ခုနှစ်အထိ အကောင်အထည် မဖော်သဖြင့် လယ်သမား စားဝတ်နေရေး ခက်ခဲလာကြောင်း ညောင်ပင်သာ ကျေးရွာမှ လယ်သမား ဦးမြင့်အောင်က ပြောကြားသည်။
“စားဝတ်နေရေး အဆင်မပြေလို့ လယ်သမားတွေ ဒီနှစ် စပါး ၀င်စိုက်တာကို ကုပ္မဏီက ဖျက်စီး ပစ်တယ် ဟု ၄င်းကဆိုသည်။
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ နည်းဥပဒေ ထွက်ရှိပြီး ၁၅ ရက်အကြာ ဇူလိုင်၂၀ရက်နေ့တွင် ဒုတိယမြောက် အဖြစ် ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ် သရက်ပင်ချေုာင်ကျေးရွာမှ လယ်သမားများသည် အပို စည်းကမ်းချက် ၁၀ချက်ဖြင့် ဆန္ဒပြခွင့် ရရှိခဲ့ကြောင်း ဆန္ဒပြခွင့် လျောက် ထား သူရှေ့နေ ဦးရန်နိုင်အောင်က ပြောကြားသည်။
ယင်းမြို့နယ်အား စံပြ စိုက်ပျိုးရေး အထူးဇုန် နှစ်ဇုန်ခွဲကာ ဒဂုံ အင်တာနေရှင်နုယ်၊ ယုဇန ကုမ္ပဏီ၊ မြင့်ဇေယျာ ကုမ္ပဏီ၊ စင်းရွှေလီ၁/၂၊ ၀န်းရံခ၊ မြတ်ရွှေဝါ၊ ရွှေနဂါးမင်း၊ မက်စ်မြန်မာ၊ ရွှေဟိန်းထက်၊ ဧဒင်၊ အေးရှားဝေါလ်၊ အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီ၊ ရွှေတောင်၊ ပင်လယ်ကိုးသွယ်၊ ဂွတ်ဘရားသား အမည်ရှိသော ကုမ္ပဏီကြီးများ အကောင်အထည် ဖော်လုပ်ကိုင်ခြင်း ဖြစ်ကြောင်း ဆန္ဒပြ လယ်သမားများက တညီ တညွတ်တည်း ပြောကြားသည်။
သရက်ပင်ချောင်၊ ညောင်ပင်၊ ကျီစုအရှေ့၊ နောက်၊ ထောင်တလုတ်၊ စစ်ပင်၊ လေးထောင့်ကန်၊ သုံးခွ၊ ရွာသာကြီး ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း၊ အရှေ့၊ တောင်) စသောရွာတို့မှ လယ်သမား ၁၀၈၅ဦး စိုက်ပျိုးနေသော လယ်ဧက တစ်သောင်းကျော်တွင် ဓန အင်အား ကြီးမားသူ အထက်ပါ ကုပ္မဏီများက ဆန်စပါး စိုက်ပျိုး လုပ်ကိုင်ခွင့်ရခဲ့ကြောင်း ယင်းနေ့က တွေ့ရသော ဆန္ဒပြ တောင်သူများက ပြောကြားသည်။
တစ်ဧကကို အိုးအိမ်က နှစ်သောင်း ထုတ်ပေးခဲ့ပြီး စိုက်ပျိုးရေး ကုမ္ပဏီများက တစ်ဧက ငါးသောင်း ထပ်ထုတ် ပေးခဲ့ကြောင်း ၊အိုးအိမ်ကပဲ၂၀x၆၀ မြေကွက် ပေးအပ်ခဲ့ကြောင်း အမည်မဖော် လိုသူ ကုပ္မဏီ အကြီးအကဲတစ်ဦးက ပြောကြားသည်။
The Voice Weekly
ဗန်းမော် ရှပ်ပြေးယာဉ် တိမ်းမှောက်မှု နောက်ဆုံးရသတင်း
ယနေ့ ရှပ်ပြေးရေယာဉ်တိမ်းမှောက်တဲ့ ဗန်းမော် ဆိပ်မှာ ကယ်ဆယ်ရေးများကို တွေ့ ရစဉ်
ယနေ့ မနက်ပိုင်း ကချင်ပြည်နယ် ဗန်းမော်မြို့ ကနေ ကသာ မြို့ ကို ထွက်ခွါသွားတဲ့ ရှပ်ပြေးရေယာဉ်ဟာ ထွက်ထွက်ချင်းမှာ တိမ်းမှောက်မှုဖြစ် ပွါးခဲ့ပါတယ်။ ဒေသခံတွေကတော့ တိမ်မှောက်မှုဖြစ်ပွါးတဲ့ နေရာ
ဟာ ဗန်းမော် ရှပ်ပြေဆိပ်ကမ်း အနီး ဧရာဝတီမြစ်ထဲမှာပဲ တိမ်းမှောက်ခဲ့တယ်လို့ ဆိုပါတယ်။
ရှပ်ပြေးရေယာဉ်ပေါ်မှာ လူ(၁၀၀)ကျော် ပါရှိပြီး မြစ်ကြီးနား ကျောင်းသား အားကစားပွဲတော်ကို သွားတဲ့ သူတွေ အများစု ဖြစ်တယ်လို့ သိရပါတယ်။ အခုရေကြီးနေတဲ့ အချိန်ဖြစ်တာကြောင့် ဗန်းမော်ကနေ မြစ်ကြီးနားကို တိုက်ရိုက်သွားလို့ မရပဲ ကသာ-နာဘား ဘူတာကနေ ရထားနဲ့ မြစ်ကြီးနား
သွားကြမဲ့ ကျောင်းသားတွေလို့ သိရပါတယ်။
ရှပ်ပြေရေယာဉ်ပေါ်မှာ ပါသွားတဲ့  ဗန်းမော် uni ကဘောလုံးသမား ၂၀ ကမ်းပေါ်ကို  ပြန်ရောက်ပြီး uni က ဘောလုံးသများ ၅ ဦးနဲ့ ခရီးသည် ၈၀ ကျော်ကိုကယ်နေတုန်းပါ။ မိုးက တအားရွာနေပြီး ရေယာဉ် ၀မ်းခေါင်းထဲမှာ တာလပတ်အုပ်ပြီး လိုက်ပါသွားသူတွေလည်း ရှိတယ်လို့ သိရပါတယ်။ ခေါင်းမိုးပေါ်ပါသွားသူတွေ ပဲ ကယ်တင်နိုင်ပါသေးကြောင်း သိရပါတယ်။
ရှပ်ပြေးရေယာဉ်ပေါ်မှာ လူအပြည့်လိုက်ပါသွားပြီ ခြေချစရာနေရာတောင်မရှိတဲ့အတွက် ကမ်းပေါ်
ပြန်တက်ခဲ့ရပြီး ကျန်နေတဲ့ ခရီးသည်တွေလည်း ရှိပါတယ်။
Myanmar News Now
ဗန်းမော်-ကသာသွား ရှပ်ပြေးရေယာဉ်တစ်စင်း တာပိန်မြစ်အတွင်း ယနေ့ နံနက်ပိုင်းတွင် တိမ်းမှောက်မှုဖြစ်ပွား
ဇူလိုင်လ ၂၀ရက်နေ့ နံနက် ၉နာရီဝန်းကျင်ခန့်က ဗန်းမော်မှ ကသာသို့ စုန်ဆင်းလာသော ရှပ်ပြေးရေယာဉ်တစ်စင်းသည် တာပိန်မြစ်အတွင်း တိမ်းမှောက် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
ဗန်းမော်မြို့၊ မြို့မရပ်ကွက် ဆိပ်ကမ်းမှ စတင်ထွက်ခွာလာသော ချမ်းမြေ့အောင် ရှပ်ပြေးရေယာဉ်သည် ဆိပ်ကမ်းမှ နံနက် ၉ နာရီခန့် စတင်ထွက်ခွာချိန်တွင် ရေကြောင်းအကွေ့၌ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း--
သတင်းအပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ
ပဲဂိုထောင် မီးရှို့မှုဖြင့် အဖမ်းခံ သံဃာများ စွဲချက် မတင်မီပြန်လွှတ်
ပုသိမ်၊ ဇူလိုင် ၁၉၊ ၂၀၁၂ YPI
ယခင်လလယ်က ဧရာဝတီတိုင်း ရေကြည်မြို့နယ်၊ တစောင်းရိုးကျေးရွာရှိ အစ္စလာမ် ဘာသာဝင်တစ်ဦးပိုင် ပဲဂိုထောင်အား မီးရှို့ခဲ့မှုဖြင့် ဖမ်းဆီးခြင်းခံထားရသည့် သံဃာတော်၁၂ဦးအား ယခုလ ၁၀ ရက်နေ့က အမှုစွဲချက်မတင်မီ ရုပ်သိမ်းကာ တရားသေ ပြန်လွှတ်ပေးလိုက်ကြောင်း  သိရသည်။
ဇွန်လ ၁၉ရက်နေ့နံနက် ၁ နာရီခွဲခန့်ကဖြစ်ပွားခဲ့သည့် ပဲဂိုထောင် မီးရှို့မှုတွင် ပါဝင်ခဲ့သည်ဟု သံသယရှိသူ သံဃာ၁၁ပါးအား ပုသိမ်ခရိုင်တရားရုံးမှ ပြစ်မှုကြီးအမှတ် ၅၅/၂၀၁၂ဖြင့်၎င်း၊ အသက်(၁၇) နှစ်အရွယ် ကိုရင်တပါးကို ရေကြည်မြို့နယ် တရားရုံးတွင် ပြစ်မှုကြီးအမှတ် ၄/၂၀၁၂ ဖြင့်၎င်း၊ စုစုပေါင်း သံဃာ၁၂ ပါးလုံးအား စုပေါင်းကာ ပြစ်မှုပုဒ်မ ၄၅၄/၄၃၆/၃၄ ဖြင့် တရားလိုမှ တရားစွဲရန် စီစဉ်ခဲ့သော်လည်း သက်ဆိုင်ရာ ဘာသာရေးအကြီးအကဲများ ညှိုနှိုင်း၍  အမှုအား ပိတ်သိမ်းလိုက်ခြင်း ဖြစ်သည်။
တစောင်းရိုးရွာတွင်နေထိုင်သူတချို့၏ ပြောဆိုချက်အရ ဇွန် ၁၉ရက် နေ့ နံနက် ၁ နာရီခွဲခန့်တွင် သံဃာများ စီးနင်းလာသည့် ကားပျက်သဖြင့် အခင်းဖြစ်ပွားရာခြံမှ ဂွငှားရာတွင် ခြံစောင့်၏ မချေမငံပြောဆိုခဲ့ရာမှ ယင်းမီးရှို့မှုဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ယခုအမှုတွင် သံဃာများဘက်မှ အကျိုးဆောင်ရွက်ပေးနေသူ ရှေ့နေ ဒေါ်မြင့်သိန်းက "အခုလိုညှိနှိုင်း ဆောင်ရွက်လိုက်တော့ ပြဿနာအားလုံး အေးအေးချမ်းချမ်းဖြစ်သွားတာပေါ့၊ သံဃာတွေလည်း တက်နေတဲ့ အတန်းပြန်ပြီး စာသင်လို့ရတာပေါ့" ဟုYPI သို့ ပြောသည်။
ဥပဒေအရဆိုလျှင် အဆိုပါအမှုမှာ ပုဒ်မတခုခြင်းစီအလိုက် တသက်တစ်ကျွန်းနှင့် ထောင်ဒဏ်၁၀နှစ်၊ ထောင်ဒဏ် ၅နှစ် အထိ အသီးသီးကျခံရနိုင်ကြောင်း ၎င်းက ရှင်းပြသည်။
ပုသိမ်ခရိုင်တွင် ဇွန်လအတွင်း အစ္စလာမ်ဘာသာဝင်တို့၏ အဆောက်အအုံမီးရှို့ခံရမှုများ ဖြစ်ပွားခဲ့ရာ ယခုအမှုသည် ဒုတိယမြောက်ဖြစ်သည်။
ဇွန်လ ၁၀ ရက်နေ့ကလည်း တကုန်းကြီး ကျေးရွာရှိ အစ္စလာမ် စာသင်ကျောင်းအား မီးရှိုမှုဖြစ်ပွားခဲ့ရာ လက်သည်ကို ယခုထိ မဖေါ်ထုတ်နိုင်သေးကြောင်း ၎င်းစာသင်ကျောင်းအတွင်းရေးမှူး ဦးဘီစကွတ် ၏ ပြောဆိုချက်အရ သိရသည်။       ။
by Yangon Press International
စစ်တွေ GTC ကျောင်းကြိုပို့ယာဉ်ကို ဘင်္ဂါလီများ နှောင့်ယှက်သောကြောင့် ကျောင်းမတက်ရဲ
ဇူလိုင် ၁၈၊ ၂၀၁၂ (YPI) – ယမန်နေ့က စစ်တွေ အစိုးရနည်းပညာ ကောလိပ်မှ ကျောင်းကြို ပို့ယာဉ်ကို ရိုဟင်ဂျာ အမည်ခံ ဘင်္ဂါလီ လူအုပ်စုက ဟန့်တားနှောက် ယှက်ခဲ့သောကြောင့် ကျောင်းသား ကျောင်းသူများနှင့် ဆရာ၊ဆရာမများမှာ ၎င်းလုံခြုံရေး အတွက်စိုး ရိမ်ကြပြီး ကျောင်းမတက် ရဲဖြစ်နေကြသည်။
ယမန်နေ့က ကျောင်းဝန်းအတွင်း လုံထိန်းရဲ ငါးဦးချထားသည့်ကြားမှ ကျောင်းအနီးတ၀ိုက်တွင် ယင်းကဲ့သို့သောဖြစ်ရပ်မျိုးဖြစ်ပွားခဲ့ခြင်းကြောင့် ကျောင်းသူ၊ကျောင်းသားများနှင့် ဆရာ၊ဆရာမများမှာ ၎င်းတို့၏ လုံခြုံရေးအတွက် များစွာစိုးရိမ်လျက်ရှိကြောင်း ၎င်းကောလိပ်မှဆရာမတစ်ဦးက ပြောသည်။
``ကျွန်မကတော့ အလုပ်ထုတ်ရင်ထုတ်ပစ်လိုက်။ လုံခြုံမှုအပြည့်အ၀ မပေးနိုင်သရွေ့ ကျောင်းတက်(စာသင်)မှာ မဟုတ်ဘူး။ ဒီနေ့တောင် ကျွန်မ ကျောင်းမတက်ဘူး´´ ဟု မျက်မြင်ကြုံတွေ့ခဲ့သည့် ၎င်းဆရာမက ပြောသည်။
ယနေ့ ဗုဒ္ဓဟူးနေ့တွင် ကျောင်းသို့သွားရာ လမ်းတစ်လျှောက် စစ်သားအချို့ကို လုံခြုံရေးအတွက် ချပေးထားသော်လည်း ကျောင်းတက်သူ ကျောင်းသူ၊ ကျောင်းသားဦးရေမှာ မရှိသလောက်ဖြစ်သွားကြောင်းလည်း စစ်တွေဒေသခံများက ပြောသည်။
ယမန်နေ့နေ့လည် ၂ နာရီဝန်းကျင်ခန့်က စစ်တွေရှိ အစိုးရနည်းပညာကောလိပ်(GTC)မှ ကျောင်းသူ၊ကျောင်းသားများ စီးနင်းလာသော ကျောင်းကြိုပို့ယာဉ်အား ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီလူအုပ်စုက ဟန့်တားနှောင့်ယှက်မှုများပြုလုပ်သောကြောင့် ကျောင်းသူကျောင်းသားများ ကြောက်လန့်ကာ ဒရောသောပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ကိုယ်တွေ့ကြုံခဲ့ရသည့် ကျောင်းသားတစ်ဦးက YPI သို့ပြောသည်။
``သူတို့(ဘင်္ဂါလီ)တွေက ခဲတွေဘာတွေနဲ့ လှမ်းပစ်တာ… ရှေ့ဆုံးက (သုံးဘီးဆိုင်ကယ်)တက္ကစီမောင်းတဲ့သူထိသွားတာနဲ့ ကျနော်တို့လည်း ကြောက်အား၊ လန့်အားနဲ့ ကျောင်းဘက်ပြန်လှည့်ပြီး ရှောင်တိမ်းလိုက်ရတယ်´´ဟု ၎င်းက ပြောသည်။
``တချို့ကြောက်အားလန့်အားနဲ့ ကားပေါ်ကနေခုန်ဆင်းပြီး ကျောင်းဘက်ကိုပြေးကြတာ၊ ထမင်းချိုင့်တွေ ပြုတ်ကျတဲ့သူပြုတ်ကျ။ တချို့မိန်းကလေးတွေဆိုရင် ကျွတ်ကျသွားတဲ့ ထမီကိုတောင် ပြန်ကောက်မ၀တ်နိုင်ကြဘူး။ အသက်ဘေးဆိုတော့ ထွက်ပြေးကြရတာ´´ဟု အထက်ပါ GTC ပထမနှစ်ကျောင်းသားဖြစ်သူက ထပ်ပြောသည်။
ထိုဖြစ်ရပ်ဖြစ်ပွားပြီး နာရီဝက်အကြာတွင် စစ်သား ၁၅ ဦးပါဝင်သော စစ်ကားတစ်စီးရောက်လာကာမှ ဒုတ်၊ ဒါး၊ သံချွန်အစရှိသည်များ ကိုင်ဆောင်ထားသည့် ဘင်္ဂါလီယောက်ျား၊ မိန်းမ အယောက် ၅၀ ကျော်တို့မှာ နောက်ပြန်ဆုတ်သွားကြသည်ဟု ကိုယ်တွေ့ကြုံခဲ့ရသည့် ကျောင်းသားများက ပြောသည်။ ထိုသို့ နှောက်ယှက်သော ဘင်္ဂလီများမှာ ကျောင်းသွားလမ်း အနီးအနားရှိ သဇင်ပိုက်ရွာနှင့် ရေချမ်းပြင်ရွာတို့မှ ဖြစ်နိုင်ဖွယ်ရှိကြောင်း ကျောင်းသားများက ခန့်မှန်းပြောဆိုသည်။
စစ်တွေမြို့၏ အနောက်ဘက် ၁၂ မိုင်ဝန်းကျင်တွင် တည်ရှိသော အစိုးရနည်းပညာကောလိပ်ကို မကြာသေးခင်ကဖြစ်ပွားခဲ့သော အရေးအခင်းကြောင့် ပိတ်ထားခဲ့ပြီး ယခုကုန်ခဲ့သည့် တနင်္လာနေ့ (ဇွန် ၁၆ ရက်)ကမှ လုံခြုံရေးစိတ်ချရပြီဟု ယူဆကာ ကျောင်းပြန်ဖွင့်ပေးခဲ့ပြီး ယခုဖြစ်ရပ်မှာ ကျောင်းစဖွင့်ပြီး နောက်တစ်ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အစိုးရက ရခိုင်ပြည်နယ်တွင် အခြေအနေများ ပုံမှန်အနေအထားပြန်ရောက်နေပြီဟု ထုတ်ပြန်ကြေညာထားသော်လည်း ဒေသခံများမှာ အပြည့်အ၀လုံခြုံပြီဟု မခံစားရသေးဘဲ အခြေအနေ ပြန်လည်ဆိုးရွားလာမည်ကို စိုးထိတ်နေကြသည်။ ည ၆ နာရီကျော်လျင် အပြင်မထွက်ရဟူသည့် `ညမထွက်ရ´ အမိန့်ရှိနေသေးခြင်းကလည်း အခြေအနေတင်းမာနေဆဲဖြစ်သည့် သဘော သက်ရောက်နေကြောင်း ဒေသခံများက ပြောသည်။
တစ်ဘက်နိုင်ငံမှ ဘင်္ဂါလီများ ခိုးဝင်နိုင်မှုမရှိစေရန် ကြည်းတပ်နှင့် ရေတပ်က နယ်စပ်တစ်လျှောက် လုံခြုံရေးအပြည့်ယူကာ စောင့်ကြပ်နေသည်ဆိုသော်လည်း ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဘင်္ဂလားဒေ့ရှ်မှ လူ ၈ ဦး လိုက်ပါလာသည့် စက်လှေတစ်စီး တရားမ၀င်ခိုးဝင်လာရာ ပေါက်တောမြို့နယ်၊ ဆင်တက်မော်ကျွန်းနားရောက်မှ ၎င်းလှေကို သေနတ်ဖြင့် ပစ်ခတ်ကာ ဖမ်းဆီးနိုင်ခဲ့သည်။
စက်လှေပေါ် လိုက်ပါလာသည့် ယင်း ၈ ဦးအနက်၊ တစ်ဦးမှာ ဒဏ်ရာရရှိသွားသောကြောင့် စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ကျန် ၇ ဦးကို စစ်တွေထောင်သို့ ပို့ကာ စစ်ဆေးခဲ့ရာ ၎င်းတို့က ဘင်္ဂလားဒေ့ရှ်ဘက်မှ ခိုးဝင်လာသူများဖြစ်သည်ဟု ၀န်ခံခဲ့ကြကြောင်း ဒေသအာဏာပိုင်များနှင့် နီးစပ်သည့် YPI ၏ သတင်းရင်းမြစ်များက ပြောသည်။
ရေတပ်ဘက်မှ ရရှိသည့် သီးခြားအတည်မပြုနိုင်သေးသော သတင်းတစ်ခုအရ စုစုပေါင်း ခိုးဝင်လာသည့် စက်လှေအရေအတွက်မှာ ၁၁ စီးဖြစ်သည်ဟုဆိုသည်။ ကျန် ၁၀ စီးကို ဖမ်းဆီးရမိသည်၊ မရမိသည်ကိုမူ သတင်းမရရှိသေးပေ။
``ဘယ်လိုလုပ် ကျနော်တို့ ဒီမှာ အေးချမ်းနိုင်မှာလဲ…အချိန်မရွေး တစ်ခုခု ထဖြစ်နိုင်တယ်…သတိနဲ့နေနေကြရတယ်´´ ဟု စစ်တွေဒေသခံ အစိုးရ၀န်ထမ်းတစ်ဦးကပြောသည်။         ။
by Yangon Press International
ကိုယ်ဝန်ဆောင်တဦးကို ရက်ရက်စက်စက် သတ်ဖြတ်မှု ပြင်ဦးလွင်မြို့ တွင် ဖြစ်ပွါး
မချောစု ခေါင်းတွင် ဦးခေါင်း ကွဲအပ်ဒဏ်ရာတစ်ခု မေးရိုးပြုတ်ထွက်ပြီး သွားများ ကြိုးသည့်ဒဏ်ရာများ မျက်နှာတွင်လည်း ထိုးနှက် ဒဏ်ရာများစွာ ရရှိပြီး သေဆုံးခဲ့သည်။
သတင်းအပြည့်အစုံနှင့် သေဆုံးပုံ ဓါတ်ပုံများကို အသေးစိတ်တင်ပြထားပါသည်။
မှတ်ချက်။ ။ နှလုံးမကောင်းသူများ အကြည်သင့်ပါ။
သတင်းအပြည့်အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ
သထုံမြို့ အာဇာနည်နေ့ အထိမ်းအမှတ်
မွန်ပြည်နယ် သထုံမြို့ နယ် အမျိုး သားဒီမို ကရေစီ အဖွဲ့ ချုပ်မှ  အာဇာနည်နေ့ အထိမ်အမှတ် သံဃာတော်များ ဆွမ်းကပ် လှူဒါန်း ပြီးနောက် နံနက် 10:37 မိနစ်တွင် ဥသြဆွဲ ၍ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ အာဇာနည် ခေါင်းဆောင် ကြီးများအား အလေးပြုခြင်း နှင့် ကလေးငယ် လေးများက ကဗျာ ရွတ်ဆိုခြင်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ၏ အကြောင်း ဟောပြော ဂုဏ်ပြုခဲ့ကြပါသည်။
နေ့လည် 1:00 နာရီ အချိန်တွင် သထုံမြို့ ပြည်သူ့ဆေးရုံ ကြီး၏ မေတ္တာရေစင် သွေးလှူ ရှင်များ အသင်းတွင်လည်း အဖွဲ့ဝင် လူငယ်များ သွားရောက်၍ သွေးလှူဒါန်း ခဲ့ကြပါသည်။
အာဇာနည်နေ့ မှန် မသိတဲ့ မန္တလေးမြို့ က ရတနာပုံဘဏ်
ဇူလိုင် ၁၉ ရက်
 ယနေ့ ဇူလိုင် ၁၉ ရက် ( အာဇာနည်နေ့ ) တွင် မန္တလေးမြို့  ၂၆ ဘီလမ်း ၈၄
လမ်းနှင့် ၈၅ လမ်းကြား ဈေးချိုတော် မြောက်ဖက်ခြမ်းတွင် စည်ပင်သာယာပိုင်
ဖြစ်သော စည်ပင်ဘဏ်( ခေါ် ) ရတနာပုံဘဏ်တွင် နိုင်ငံတော်အလံကို
အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသောနေ့  ဖြစ်သည့်အတွက် ဝမ်းနည်းခြင်း
အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံကို တဝက်လွှင့်ထူထားရမည် ဖြစ်သော်လည်း ယနေ့ စည်ပင်သာယာပိုင်   ရတနာပုံဘဏ်တွင်တဝက်လွှင့်ထူထားခြင်းမရှိ ပုံပါအတိုင်း
လွှင့်ထူးထားခြင်းကို တွေ့ မြင်ရပါသည်။
နှစ်ပေါင်း ၂၀ ကျော် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသော အချိန် နံနက်
၁၀ နာရီ ၃၇ မိနစ် တွင် ဝမ်းနည်းခြင်းဖြင့် ဥသြအသံဆွဲခြင်းကို
မလုပ်ဆောင်ခြင်း ဖြစ်ခဲ့သောလည်း ဒီနှစ် မန္တလေးမြီု့ တွင် အစိုးရ မီးသတ်
စခန်းတွင် ဥသြသံ သုံးကြိမ်ဆွဲခြင်းကိုလည်း  အစဉ်အလာအတိုင်း  အာဇာနည်နေ့ အဖြစ် လုပ်ဆောင်ခဲ့ကြောင်း သိရပါသည်။
ဇူလိုင်လ ၁၉ ရက်နေ့ ထုတ် Hot News Weekly Journal
ဇူလိုင်လ ၁၉ ရက်နေ့ ထုတ် Hot News Weekly Journal
ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
(၆၅)နှစ်မြောက်အာဇာနည်နေ့အခမ်းအနား ကျောက်ဆည်မြို့ NLDလူငယ်များမှ ကျင်းပ
(၆၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ကျောက်ဆည်မြို့  ရွှေလှံထောင်
တောင်ကျောင်းတွင် NLD လျှောက်ထားဆဲ လူငယ်များမှ ကျင်းပခဲ့ပြီး
အာဇာနည်ကြီးများ ကိုရည်စူးလျှက် ရွှေလှံထောင်ကျောင်း ဆရာတော်အား
ဝါဆိုသင်္ကန်း၊ ဆွမ်း ဆက်ကပ်လှူဒါန်းပြီး အမျှပေးဝေ ခဲ့ကြပါတယ်။
အာဇာနည်ကြီးများ၏ကိုယ်ရေးအကျဉ်းကို လူငယ်(၃)ဦးမှ ဖတ်ကြားပြီး
ဆရာဦးထင်လတ်မှ အာဇာနည်ဆိုတာ ဘယ်တော့မှမသေ ခေါင်စဉ်ဖြင့်
ပြောဟောခဲ့ပါတယ်။
နိုင်ငံရေး ရှေ့နေတွေ လိုင်စင် ပြန်ချပေး
နိုင်ငံရေး လှုပ်ရှားတဲ့ ရှေ့နေ တခိျု့ လိုင်စင် ပြန်ရ
နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အမှုတွေကို လိုက်လို့ လိုင်စင် ပိတ်ခံရတဲ့ ရှေ့နေ တခိျု့ကို လိုင်စင်တွေ ပြန်ခွင့်ပြု နေပါတယ်။
လိုင်စင် ပြန်ရခဲ့တဲ့ ရှေ့နေ ဦးရောဘတ် စန်းအောင် က သူဟာ ဦးသိန်းစိန် အစိုးရ တက်လာ ကထဲက လိုင်စင် ပြန်လျှောက် ခဲ့ပြီး မေလက အမျိုးသား လွှတ်တော်မှာ ဒီကိစ္စ ဆွေးနွေးချက်ကိုပါ ပူးတွဲ တင်သွင်း လိုက်မှ ချပေး ခဲ့တယ်လို့ သိရပါတယ်။
၁၉၉၃ ကထဲက လိုင်စင် ပိတ်ခံ ခဲ့ရတာပါ။
တရား လွှတ်တော် ရှေ့နေ ၇ ယောက် အပါအဝင် နိုင်ငံရေး လှုပ်ရှား ခဲ့တဲ့ ရှေ့နေ တခိျု့ကို အမှု ပြန်လိုက်ခွင့် ပေးခဲ့ပေမယ့် ကလေး၊ ရွှေဘို စတဲ့ မြို့တွေက ၈၈ အရေးအခင်းမှာ လှုပ်ရှားခဲ့လို့ စစ်ခုံရုံးက သေဒဏ်ချ ခံရဖူးတဲ့ ရှေ့နေတွေ ကိုတော့ ခုထိ လိုင်စင် ပြန်ချ မပေးသေးဘူး လို့ ဆိုပါတယ်။
၂ဝ၁၄ မြန်မာ နိုင်ငံ အာစီယံ ဥက္ကဌ ဖြစ်လာရင် လူ့အခွင့်အရေး တိုးတက်လာအောင် ခွင့်ပြု နေတာလို့ ထင်ပေမယ့် ဘယ်လောက် ရေရှည် ခံမယ် မသိကြောင်း ပြောဆို သွားပါတယ်။
ဘီဘီစီ မြန်မာပိုင်း
သမ္မတ ဦးသိန်းစိန် ထိုင်းနိုင်ငံ သွားမယ်
သမ္မတဦးသိန်းစိန်နဲ့ ထိုင်းဝန်ကြီးချုပ် တို့ တနင်္လာနေ့မှာ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ဖို့ရှိ
သမ္မတဦးသိန်းစိန် ထိုင်းနိုင်ငံကို တရားဝင် ချစ်ကြည်ရေး ခရီးစဉ် အဖြစ် လာမယ့် တနင်္ဂနွေနေ့ ကနေ အင်္ဂါနေ့ အထိ ၃ ရက် သွားရောက်ဖို့ ရှိပါတယ်။
သမ္မတ ဦးသိန်းစိန်နဲ့ ထိုင်းဝန်ကြီးချုပ် ယင့်လတ်ခ် ချင်နဝပ်တို့ တွေ့ဆုံတဲ့ အခါ ဆွေးနွေးမယ့် အကြောင်းတွေကို ကြိုတင် ညှိနှိုင်းတဲ့ အနေနဲ့ ဘန်ကောက် အခြေစိုက် မြန်မာ သံအမတ် ဦးတင်ဝင်းနဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံတဲ့ အခါ ဆွေးနွေးဖို့က ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်း ကိစ္စ၊ နယ်စပ်ဂိတ် ၅ နေရာ ဖွင့်ဖို့ အရေးတို့ကို ထိုင်းဘက်က တင်ပြထားပါတယ်။နောက်ပြီး ကော့သောင်မှာ အဖမ်းခံထားရတဲ့ ထိုင်းနိုင်ငံသား ၉ဝ ကျော် ကိုလည်း သက်သက် ညှာညှာ ဆောင်ရွက်ပေးဖို့ အတွက် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး စူရဖုန်း တိုးဝိကျတ်က်ချိုင်းကွန်း ပြောတယ်။
သံအမတ် ဦးတင်ဝင်း ကတော့ ထိုင်းနိုင်ငံမှာ ရှိနေတဲ့ မြန်မာ အလုပ်သမားတွေကို ယာယီ နိုင်ငံကူး လက်မှတ် ထုတ်ပေးနေတဲ့ ကိစ္စအပြင် တရား မဝင် အလုပ် ခိုးလုပ် နေရတဲ့ မြန်မာ အလုပ်သမားတွေကို ထိုင်းက အလုပ် လုပ်ခွင့် မှတ်ပုံတင် အသစ် ထပ်မံ လုပ်ပေးဖို့တွေကို တောင်းဆိုခဲ့ ပါတယ်။နှစ်ဘက် ခေါင်းဆောင်တွေ တွေ့ဆုံတဲ့ အခါ အသေးစိတ် ဆွေးနွေးကြမှာ ဖြစ်တယ်လို့ နှစ်ဘက် အစိုးရ အသိုင်းအဝိုင်း ကနေ သိရပါတယ်။နယ်စပ်ဂိတ် ၅ ခု ဖွင့်မယ့် အထဲမှာ ထားဝယ် ရေနက် ဆိပ်ကမ်းနဲ့ ဆက်သွယ်မယ့် ကန်ချဘူရီ နယ်စပ်ဂိတ် ဖွင့်ရေးပါဝင်တယ်လို့ ကန်ချနာ့ ဘူရီ ခရိုင်ဝန် ချိုင်းဝပ် လင်မ်းဝမ်ထါ့ ရှင်းပြပါတယ်။
သမ္မတဦးသိန်းစိန်နဲ့ ထိုင်းဝန်ကြီးချုပ်ယင့်လတ်ခ် ချင်နဝပ်တို့ တနင်္လာနေ့မှာ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ဖို့လည်း ရှိပါတယ်။
ဘီဘီစီ မြန်မာပိုင်း
ရှမ်းပြည်နယ် အာဇာနည်နေ့ အခမ်းအနား
ရှမ်းပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကြီးမူးကျင်းပသော အာဇာနည်နေ့
ဆွမ်းကပ် အမျှဝေခြင်း အခမ်းအနားကို ရှမ်းပြည်နယ် အဖွဲ့ချုပ် ပြည်နယ်ရုံး တွင်
ကျင်းပခဲ့ရာ နံနက်  ၈ နာရီ ခန့်တွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ ကလောမြို့နယ်
 ရွေးကောက်ပွဲလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်သန်းငွေ ပြည်နယ်ညီလာ
ခံပေါ်ပေါက်ရေး ကော်မရှင် အတွင်းရေးမူး ဒေါ်ခင်မိုးမိုး ၊ ခရိုင်ညီလာခံပေါ်ပေါက်ရေး
 ကော်မရှင် အတွင်းရေးမူး ဦးခင်မောင်တိုး မှ ဆွမ်းကပ်လှူ ခဲ့ပြီး   ၈၈ ရပာန်းပျို
ဥက္ကဌ ဆရာတော်  ဦး ခေမာနန္ဒ မှ အာဇာနည်နေ့ တွင်ကျဆုံးခဲ့သော
လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်ကြီး
များအား ရည်စူး၍ ရေစက်သွန်းချ အမျှပေးဝေခြင်း ပြုလုပ်ခဲ့ပြီး ဗိုလ်ချုပ်အတ္ထုပ္ပတိ
များနှင့် သမိုင်းကြောင်းများကို အကျယ်တဝင့် ပောာကြားခဲ့ပါသည်။
အခမ်းအနားသို့ ရှမ်းပြည်နယ် ၈၈ ကျောင်းသားပောာင်း ခေါင်းဆောင်များဖြစ်သော
ဆရာ ဦးနေမျိုး၊ ကိုညီညီမိုး တို့မှ တက်ရောက်ခဲ့ပါသည်။
နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်တွင် တောင်ကြီးမြို့ မြို့လယ်ဓမ္မာရုံတွင် ရှမ်းပြည်နယ်
 အစိုးရအဖွဲ့မှ ကြီးမူးကျင်းပသော အာဇာနည်နေ့ ဆုတောင်းမေတ္တာပို့ အမျှဝေခြင်း
 အခန်းအနားကို ကျင်းပခဲ့ရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် စိုင်းအောင်မြတ် နှင့် တကွ ဌာနဆိုင်ရာအကြီးအကဲများ နိုင်ငံရေးပါတီများ တက်ရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေ
စီအဖွဲ့ချုပ်မှ ကလောမြို့နယ် ရွေးကောက်ပွဲ လွှတ်တော်ကိုယ်စားလှယ်
 ဒေါက်တာဒေါ်သန်းငွေ ပြည်နယ်ညီလာခံပေါ်ပေါက်ရေး ကော်မရှင် အတွင်းရေးမူး
 ဒေါ်ခင်မိုးမိုး ၊ ခရိုင်ညီလာခံပေါ်ပေါက်ရေး ကော်မရှင် အတွင်းရေးမူး
ဦးခင်မောင်တိုး ၊တောင်ကြီး မြို့နယ် ညီလာခံပေါ်ပေါက်ရေး ကော်မရှင်ဥက္ကဌ 
ဦးသန်းမြင့် နှင့် တကွ ဒီချုပ်အဖွဲ့ဝင် ၁၁ ဦးခန့် အခမ်းအနား သို့ တက်ရောက်
ခဲ.ပါသည်။
တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ်အား ပါတီဝင်များအနေဖြင့် 
မိမိတစ်ဦးခြင်း အနေဖြင့်သာ
သွားရောက်အလေးပြုခဲ့ကြောင်းသိရှိရပါသည်။
                                                      နေလင်းသိုက်(ခ) ကျော်ကျော်ဦး
                                       ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီ ပြည်နယ် သတင်းနဲ့ ပြန်ကြားရေး
စစ်ကိုင်း အာဇာနည်နေ့အခန်းအနားကျင်းပခြင်း
စစ်ကိုင်မြို့နယ်  ဆင်မြေကျေး ရွာတွင် 19  ရက်နေ့တွင် အာဇာနည်နေ့
အောင့်မေ့ဖွယ် အခန်းအနား ကျင်းပခြင်း ဘုန်းကြီး ငါးပါးပင့်ပြီး ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်များကို အမျှပေးဝေခြင်း အခန်းအ နားပြုလုပ်ခဲ့ပါသည်။
စစ်ကိုင်းမြို့နယ် NLDရုံးတွင်  19.7.2012 ရက်နေ့မနက်8:00မှ 10:00 အထိ
ရောက်ရှိလာသောရပ်ကျေးလူကြီးများ၊NLDပါတီဝင်များနှင့် ဧည့်သည်များကို
မုန့်ဟင်းခါးဖြင့်ဧည့်ခံပြီး10:00 တွင်သံဃာ ငါးပါးကိုပင့်ဖိတ်ပြီး၊ဆွမ်းကပ်ခြင်း၊ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်ကြီးများကိုအမျှပေးဝေခြင်း
အခန်းအနားကိုကျင်းပခဲ့ခြင်း၊11:00နာရီတွင်ကျဆုံးနေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်
အာဇာနည်ခေါင်းဆောင်များကိုအလေးပြုအခန်းအနားပြုလုပ်ခြင်း၊ကဗျာဖတ်ခြင်း၊
စာတန်းဖတ်ခြင်းများပြုလုပ်ခဲ့ပါသည်၊ အခန်းအနားသို့ ခရိုင်စည်းမှလူကြီးများ
၊မြို့နယ်စည်းမှလူကြီးများစစ်ကိုင်းမြို့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်  ဦးခင်မောင်သိန်း
အပါအ၀င်ပါတီဝင်အင်အာ3း00ခန့်တက်ရောက်ခဲ့ပါသည်။
အတားအဆီးများကြားမှ ကော့သောင်း အာဇာနည်နေ့ အခမ်းနား
(၆၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းနားကို အတားဆီးများ ကြားမှ
 ကော့သောင်းအဖွဲ့ ချုပ်ကျင်းပ ၁၉ ဇူလှိုင် ၂၀၁၂ ကော့သောင်း
(၆၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းနားကို အတားဆီးများကြားမှ အမျိုးသား 
ဒီမိုကရေစီအဖွဲ့ချုပ် ကော့သောင်းမြို့နယ်မှ အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။
နံနက်(၈.၃၀) မီနစ်တွင် အဖွဲ့ချုပ်အဖွဲ့ဝင်များနှင့်၊ စိတ်ပါဝင်စားသူပြည်သူအင်အား ၃၀၀ ကျော်ခန့်တို့ ရွှေဇင်ယော် ရပ်ကွက်၊မြရည်ပုလဲလမ်းရှိအဖွဲ့ချုပ်ရုးံတွင် စုရပ်
လုပ်ကာ လွမ်းသူပန်းခွေများကိုင် ဆောင်ပြီး မြရည်ပုလဲလမ်းနှင့် ဗိုလ်ချုပ်လမ်း
တစ်လျှေက် ဆိုင်ကယ်များဖြင့် အာဇာနည်နေ့ကို အများပြည်သူ တို့ ပြန်လည်
 အောက်မေ့သတိရစေရန် ရည်ရွယ်ချက်ဖြင့် လှည်လည်ခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကြဆုးံခဲ့ကြသည့် 
နံနက်(၁၀.၃၇) မီနစ်တွင်အဖွဲ့ချုပ်ရုးံရှေ့ ယာယီအာဇာနည်အထိမ်းမှတ်
 နေရာတွင် တစ်မီနစ်အကြာ ဥဘြဆွဲအလေးပြုခဲ့ကြပြီး ဥဘြဆွဲနေစဉ် 
လမ်းသွားလမ်းလာ ကားနှင့် မော်တော်ဆိုင်ကယ်များ ရပ်နားအလေးပြုခဲ့ကြ
သည်ကို ထူးခြားစွာ တွေ့မြင်ခဲ့ရပါတယ်။
နံနက်(၁၁.၀၀) နာရီတွင် ဒုတိယ ပိုင်းအစီစဉ်ဖြင့် အဖွဲ့ချုပ်ရုးံအတွင်းတွင် 
(၆၅) နှစ်မြောက် အာဇာနည်နေ့အခမ်းနားကို ဆက်လက်ကျင်းပါရာ တက်ရောက်လာကြသောအဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် ပြည်သူ များက ကဗျာ
၊ဆောင်းပါး များဖြင့် ဂုဏ်ပြုခဲ့ကြပါတယ်။
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကော့သောင်းမှ (၆၅) နှစ်မြောက် 
အာဇာနည်နေ့ကို ဗိုလ်ချုပ် ကျေးရုပ်တွင် ပန်းခွေချအလေးပြုရန်အတွက်
 မြို့နယ်ကော်မရှင်သို့ တင်ပြထားသောလည်း အာဇာနည်အထိမ်းမှတ်ဖြင့်
 ပြုလုပ်ထားသော နေရာမဟုတ်ဟု အကြောင်းပြကာ ငြင်းပယ်ခဲ့ပါတယ်။
 တားဆီးမှုအချို့ရှိသောလည်း (၆၅) နှစ်မြောက်အာဇာနည်နေ့ကို မြို့နယ်
အုပ်ချုပ်ရေးအဖွဲ့ မှဦးဆောင်ကာ ပထမဦးဆုးံအကြိမ်ကျင်းပပြီး နိုင်ငံရေး
ပါတီတစ်ပါတီးလျှင် (၁၀) ဦးစီကို တက်ရောက်ရန်ဖိတ် ကြားခဲ့ပါတယ်။
ရပ်စောက်မြို့  အာဇာနည်နေ့ 
ရှမ်းပြည် နယ်တောင်ပိုင်း ၊ ရပ်စောက်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ၁၉.၇.၂၀၁၂ ရက်နေ့
(အာဇာနည်နေ့) နံနက် ၁၀း၃၇ မိနစ် အချိန်တွင် ပါတီဝင် လူကြီး ၊ လူငယ်များ အင်အားတစ်ရာခန့်
တက်ရောက်လာပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ၊
ဒီမိုကရေစီအတွက်တိုက်ပွဲဝင်ခဲ့ကြသော သူရဲကောင်းများအား ဦးညွှတ်အလေးပြုခဲ့ကြပါသည်။ထို့နောက်
 သံဃာတော်များအား နေ့ဆွမ်းကပ်လှူပြီး တရားတော်နာယူခဲ့ကြပါသည် ...။
မကွေး- ပွင့်လင်းလူ့ဘောင်ဖော်ဆောင်ရေးအဖွဲ့၏ အာဇာနည်နေ့ အခမ်းအဏား
ပွင့်လင်း အဖွဲ့ ( မကွေး) ၏ ( ၆၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအဏားကို
အာဏာပိုင် အဖွဲ့အစည်း အသီးသီး၏ ခွင့်မပြု သည့်ကြားမှ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။
နံနက် ( ၅ )နာရီအချိန်တွင် မဟာဓမ္မိကာရာမ ( မြောက် စာသင်တိုက် )
ကျေင်းတိုက်တွင် သံဃာတော်များအား အာဇာနည် ခေါင်းဆောင်ကြီး များအား ရည်စူး
ဆက်ကပ် လှူဒါန်းခဲ့ပါသည်။
ထို့နောက်  အလေးပြုခြင်း အခမ်းအဏားကို နံနက်- ( ၈ )နာရီအချိန်တွင် မကွေးမြို့ 
လွတ်လပ်ရေးပန်းခြံ ဗိုလ်ချုပ်မြင်းစီးကြေးရုပ် ပန်းခြံဝန်းရှေ့တွင် ရဲတပ်ဖွဲ့နှင့်စည်ပင်
ဝန်ထမ်းများ၏လုံခြုံရေးတင်းကြပ်သိကြားမှ ချီတက်အလေးပြု့ခဲ့ရပါသည်။
စည်ပင်ဝန်ထမ်းများမှာ ဟန်ဆောင်သန့်ရှင်းရေးကို နံနက် ( ၄ )နာရီအချိန်မှစတင်
ပြုလုပ်နေပါသည်။
မကွေး ဗိုလ်ချုပ်ပန်းခြံ ရှေ့တွင်အလေးပြုရန် ပြင်ဆင်
အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံ
အာရုံဆွမ်းကပ်လှုရာ မကွေး မြောက်စာသင်တိုက်
အာဇာနည်ခေါင်းဆောင်များအား ရည်စူး၍ ရေစက်ချအမျှဝေ
အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုနေပုံ
စကုမြို့ (၆၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား (သတင်း-ဓါတ်ပုံ)
မကွေးတိုင်းဒေသကြီး ၊ မင်းဘူး-စကုမြိုနယ် ၊ စကုမြို့တွင် (၆၅)နှစ်မြောက်
အာဇာနည်နေ့ အခမ်းအနားကို စကုမြို့ ( NLD ) အဖွဲ့မှ ကို နေမျိုးကျော်
ဦးဆောင် ကျင်းပခဲ့ပါသည်။
အခမ်းအနားအာ နံနက် ( ၉ )နာရီ အချိန်တွင် စတင်ခဲ့ ပြီး စကုမြို့အနီး
ပတ်ဝန်းကျင်ကျေးရွာများမှကျေးရွာသူကျေးရွာသားများနှင့်
စကုမြို့သူမြို့သား စုစုပေါင်း လူဦးရေ ( ၂ )သောင်းကျော်
တက်ရောက်ဂါရ၀ပြုခဲ့ ကြပါသည်။
၎င်းတို့ ချီတက် အလေးပြုမည့် အာဇာနည် ကျောက်တိုင်မှာ ၁၉၄၈
-ခုနှစ်တွင်စတင် စိုက်ထူထားသော အာဇာနည်ကျောက်တိုင်ဖြစ်ပါသည်။
အာဇာနည်ကျောက်တိုင်အား ယခင်အချိန်အခါ က ပျက်စီးယို့ယွင်း
နေသောကြောင့်  စကုမြို့သူမြို့သားများ အာဇာနည်နေ့မတိုင်ခင်အချိန်
ကာလမှပြုပြင်မွမ်းမံ ပြီးစီးခဲ့ကြောင်း သိရှိရပါသည်။
၎င်းအခမ်းအဏား ကို ပွင့်လင်းလူ့ဘောင်ဖော်ဆောင်ရေး ( မကွေး )မှ
တက်ရောက်ဂါရ၀ပြုခဲ့ကြပါသည်။
တရုတ်ဖိအားကြောင့် အာဆီယံစိတ်ဝမ်းကွဲ
ဒေသတွင်း တရုတ် အစိုးရ သြဇာ ကြီးထွား လာနေတာကြောင့် တောင်တရုတ် ပင်လယ် အငြင်းပွားမှုမှာ အာဆီယံကြား စိတ်ဝမ်းကွဲမှုတွေ ဖြစ်လာစေပါတယ်။
ဒေသတွင်းမှာ တရုတ်အစိုးရရဲ့  သြဇာပိုပြီးကြီး ထွားလာနေ တာကြောင့် တောင်တရုတ် ပင်လယ်အတွင်း နယ်မြေ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး အရှေ့တောင် အာရှနိုင်ငံတွေက တစုတစည်း တည်းဖြေရှင်းဖို့ လုပ်ဆောင်နေ တာဟာ ပိုပြီးတော့ ရှုပ်ထွေးလာခဲ့တယ်လို့ အကဲခတ်တွေက ပြောလိုက်ပါတယ်။
အရှေ့တောင်အာရှနိုင်ငံ ၁၀ နိုင်ငံပါဝင်တဲ့ အာဆီယံအဖွဲ့ဟာ ပြီးခဲ့တဲ့တပတ်က ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဒေသတွင်း အစည်း အဝေးမှာ ပူးတွဲကြေငြာချက်ထုတ်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါဟာ နှစ်ပေါင်း ၄၅ နှစ်အတွင်း ပထမဆုံးအကြိမ် ပူးတွဲကြေငြာချက်ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိခဲ့တာဖြစ်ပြီး နယ်မြေ အငြင်း ပွားမှုပြဿနာနဲ့ ပတ်သက်ပြီးတော့ သဘောထားတွေကွဲပြားနေတယ် ဆိုတာကို ပြသလိုက်ပါတယ်။
အခုလို အဖွဲ့အတွင်းမှာ မညီမညွတ်ဖြစ်နေတာဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးဖိအားတွေနဲ့ အများစု သက်ဆိုင်နေပါတယ်။ တရုတ်နိုင်ငံဟာ သူတို့နဲ့ ပင်လယ်ရေပိုင်နက် နယ်နိမိတ်အငြင်းပွားနေတဲ့ နိုင်ငံ ၅ နိုင်ငံနဲ့ သာ သီးခြားဆွေးနွေးလိုပြီး အာဆီယံအဖွဲ့တခုလုံးနဲ့ ဆွေးနွေးလိုခြင်းမရှိပါဘူး။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီ ဂါဝါဟာ အရှေ့တောင်အာရှနိုင်ငံတွေကို အရေးပေါ် ခရီးထွက်နေပြီး သူ့အဆိုအရတော့ ဒီခရီးစဉ်ဟာ တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်ပြီး  အာဆီ ယံနိုင်ငံတွေရဲ့ ညီညွတ်မှုကို ပြန်ပြီးတော့ ရရှိဖို့ဖြစ်တယ်လို့ ပြောပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာတော့ သူက  တိုးတက်မှုတချို့ရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
အာဇာနည်နေ့အခမ်းအနား NLD ရုံးချုပ်မှာကျင်းပ
အာဇာနည်နေ့ အခမ်းအနားအတွင်း ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ်
အာဇာနည်နေ့ ကျင်းပတယ်ဆိုတာဟာ တိုင်းပြည်အတွင်းမှာ အာဇာနည်စိတ်ဓာတ် ပြန့်ပွားစေချင် လို့၊ မြင့်မြတ်တဲ့စိတ်ကိုအခြေခံတဲ့ သတ္တိရှိသူတွေ ပေါ်ထွက်လာစေဖို့အတွက် ဖြစ်တယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီကနေ့ ရန်ကုန်မြို့၊ ရွှေဂုံတိုင်မှာ ရှိတဲ့ NLD အဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနားအတွင်းမှာ ဒေါ်အောင်ဆန်း စုကြည်က အဲဒီလို ပြောသွားတာပါ။ ဒီကနေ့ ကျရောက်တဲ့ အာဇာနည်နေ့ အခမ်းအနားအကြောင်း အစုံအလင်ကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
"
မြင့်မြတ်တဲ့စိတ်ဓာတ်ကို အခြေခံမှ အာဇာနည်စိတ်ဓာတ်လို့ ခေါ်နိုင်မှာပါ။ ...
ဒီကနေ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ အာဇာနည်နေ့အခမ်းအနားတွေကို ရန်ကုန်မြို့နဲ့ နိုင်ငံ အနှံ့ မြို့တိုင်းလိုလိုမှာ တားဆီး ကန့်သတ်မှုတွေ ရှိနေတဲ့ကြားကပဲ စည်စည်ကားကား ကျင်းပခဲ့ကြ တာပါ။ ရန်ကုန်မြို့ NLD ရုံးချုပ်မှာ ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားကိုတော့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးလည်းဖြစ်၊ NLD ဥက္ကဋ္ဌလည်းဖြစ်တဲ့ မြန်မာ့ ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး အာဇာနည်နေ့နဲ့ဆိုင်တဲ့ အမှာစကား ပြောကြားခဲ့ပါတယ်။
“ကျမတို့ အာဇာနည်နေ့ကျင်းပတယ်ဆိုတာဟာ အာဇာနည်စိတ်ဓာတ်ကို ကျမတို့နိုင်ငံမှာ ပြန့်ပွားစေ ချင်လို့၊ ဒီလို အာဇာနည်စိတ်ဓာတ် ပြန့်ပွား စေချင်တယ်ဆိုလို့ရှိရင် အာဇာနည်စိတ်ဓာတ်ကို လေးစား တယ်ဆိုတာဟာ ကျမတို့နိုင်ငံမှာ ရှိရမယ်။ အများမလေးစားတဲ့ကိစ္စကို လုပ်ဖို့ဆိုတာဟာ အင်မတန်မှ ခက်ပါတယ်၊ ဒီတော့ အာဇာနည်စိတ်ဓာတ်ဆိုတာ ဘာလဲဆိုရင်တော့ ပြောနိုင်တာတွေက အမျိုးမျိုးပေါ့နော်။ ကျမအမြင်မှာတော့ အာဇာနည် စိတ်ဓာတ်ကို - အများက မြင်တာတော့ - ဒါ သတ္တိရှိခြင်းနဲ့ဆိုင်တယ်လို့ပဲ မြင်ကြတယ်။ သတ္တိရှိတာကို အာဇာနည်စိတ်ဓာတ်ပေါ့။
ရဲရဲရင့်ရင့်နဲ့ လုပ်ရဲကိုင်ရဲတာကို အာဇာနည်စိတ်ဓာတ်လို့ မြင်ကြတယ်။ ကျမကတော့ ဒီလိုပဲ ကြည့်လို့ မဖြစ်ဘူးပေါ့နော်။ မြင့်မြတ်တဲ့စိတ်ဓာတ်ကို အခြေခံမှ အာဇာနည်စိတ်ဓာတ်လို့ ခေါ်နိုင်မှာပါ။ သတ္တိ ရှိတယ်ဆိုတာလည်း မြင့်မြတ်တဲ့စိတ်ဓာတ်ကို အခြေခံတဲ့ သတ္တိမျိုးဖြစ်ရမှာ။ သတ်ရဲ ဖြတ်ရဲတိုင်း သတ္တိမဟုတ်ပါဘူး။ မြင့်မြတ်တဲ့စိတ်ဓာတ်တွေ ကျမတို့နိုင်ငံမှာ ပွားများအောင်လို့ ကျမတို့ဟာ အာဇာနည်ခေါင်းဆောင်ကြီးတွေကို လေးစားသင့်တယ်၊ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ကျေးဇူး ကို မမေ့သင့်ဘူးလို့ ကျမကတော့ ယူဆပါတယ်။”
သူမရဲ့ ဖခင် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်လို့လည်း ပြန်ပြောင်း အမှတ်ရစရာအဖြစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။
“ဒီနေ့ ဖေဖေနဲ့တကွ ကျန်တဲ့ ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေအကြောင်း ပြောနေ တဲ့နေရာမှာ ဖေဖေကိုယ်တိုင် ပြောသွားတဲ့စကား- သူ့ကိုယ်သူ ပြုပြင်ဖို့ လိုတယ်ပေါ့နော်။ ကျောင်း  သားဘဝတုန်းကလို ပုံစံနဲ့သူနေလို့ မရတော့ဘူး။ သူက ကျောင်းသား မဟုတ်တော့ဘူး။ သို့သော်ငြား လည်း အဲဒီတုန်းက ဖေဖေ အင်မတန်ငယ်ပါသေးတယ်။ ၃၂ နှစ်- ဒီ စကားပြောခဲ့တုန်းက ၃၂ နှစ်တောင် မပြည့်သေးပါဘူး။ ဒါပေမဲ့ ဖေဖေကတော့ လူကြီးစိတ် အပြည့်အဝနဲ့ သူဟာ လူကြီး တယောက်ဖြစ်သွားလို့ လူကြီးပီပီနေရမယ်၊ သူ့ရဲ့အားနည်းချက်တွေကို သူ ပြုပြင်ရမယ်၊ တနေ့ထက် တနေ့ တိုင်းပြည်အတွက် ပိုပြီးတော့ အကျိုးရှိအောင်လို့ သူ နေသွားရမယ်ဆိုတာကို လက်ခံသွား တာကြောင့်မို့လို့ ကျမအနေနဲ့ကတော့ ဖေဖေဟာ တကယ့်အာဇာနည်စိတ်ဓာတ်နဲ့ ပြည့်စုံတယ်လို့ ကျမ ဒီလိုပဲ သတ်မှတ်ပါတယ်။ ကျဆုံးသွားရလို့၊ ဒီလို အနစ်နာခံသွားရလို့ အာဇာနည်ရယ်လို့ ကျမက ဒီလို သတ်မှတ်တာမဟုတ်ပါဘူး။ မှန်ကန်တဲ့၊မြင့်မြတ်တဲ့စိတ်ဓာတ်ရှိလို့ အာဇာနည်လို့ ကျမ ကနေပြီးတော့ သတ်မှတ်တာပါ။ ဒါကြောင့်မို့လို့ ကျမတို့ရဲ့နိုင်ငံမှာ အာဇာနည်တွေ အများကြီးမွေးဖွား ရှင်သန်နိုင်ကြပါစေလို့ ကျမအနေနဲ့ ဆန္ဒပြုရင်းနဲ့ နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။”
အာဇာနည်နေ့ အခမ်းအနားတွေ ကျင်းပခွင့်မရှိဘူးလို့ အစောပိုင်းမှာ အာဏာပိုင်တွေက မြို့နယ် တချို့မှာ တာဆီးပိတ်ပင်မှုတွေ ရှိခဲ့တာကြောင့် စိုးရိမ် ပူပန်မိပေမယ့်လည်း အားလုံး အထစ်အငေါ့ အမရှိ ပြီးစီသွားတဲ့အတွက် ကျေနပ်အားရမှုရှိတယ်လို့ အာဇာနည်ဗိမ္မာန်မှာ ကိုယ်တိုင် လွမ်းသူ့ပန်းခွေ သွားချခွင့်ရခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောပြပါတယ်။
“ပထမပိုင်းကြားရတာတွေကတော့ ကျနော် နည်းနည်းစိုးရိမ်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ အများပြည်သူနဲ့ ဆိုင်တဲ့ အခမ်းအနား၊ အများပြည်သူနဲ့ ဆိုင်တဲ့နေရာမျိုးမှာ တင်းကျပ် မှုတွေ တော်တော်များတယ်လို့ ကြားရတော့ ကျနော်လည်း စိုးရိမ်တယ်။ ဒါပေမဲ့လို့- ပထမ ပိုင်းတော့ပေါ့ဗျာ-နာရီတို့ ဘောလ်ပဲန်တို့ကအစ အကုန်လုံးထုတ်ခဲ့ရမယ်၊ ထားခဲ့ရမယ်၊ ဖုန်းတွေ-ကင်မရာတွေ အကုန်ထားခဲ့ရမယ်၊ နောက် ပန်းခွေတွေလည်းမချရဘူး- အစရှိ သဖြင့်ပေါ့ဗျာ။ အဲသလိုတွေဖြစ်ပြီး စိုးရိမ်တယ်။ အခု ကျနော်တို့သွားပြီး အလေးပြုတဲ့အချိန်မှာတော့ တော်တော်လေး လွတ်လွတ်လပ်လပ် အလေးပြု ခွင့် ရခဲ့တဲ့အတွက်ကြောင့်ပေါ့လေ-ကျနော်လည်း စိတ်သက်သာရာရတယ်။
တကယ်ကတော့ ပြီးခဲ့တဲ့ 7 July ပွဲမှာတုန်းကလည်း စိုးရိမ်လွန်ပြီးတော့ ပေါ့ဗျာ- လုံခြုံရေး ရှုဒေါင့် ကနေ ကြည့်လေ့ကြည့်ထရှိတဲ့ သဘာဝအတိုင်း တင်းတင်းကျပ်ကျပ် ကိုင်တွယ်တာတွေက အစိုးရရဲ့ ပုံရိပ်ကို အရမ်းထိခိုက် တယ်။ နိုင်ငံတော်ရဲ့ ပုံရိပ်ကိုလည်း ထိခိုက်တယ်။ အခု တော်တော်လေး သက်တောင့်သက်သာရှိရှိနဲ့ အများပြည်သူပါ ဂါရဝပြုနိုင်တဲ့ အခြေအနေကတော့ ဒါကို ကျေးဇူးလည်းတင်ပါတယ်။”
မနက်အစောပိုင်းတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမနေအိမ်မှာပဲ သံဃာတော် ၁၀ ပါးကို ဆွမ်းကပ်လှူခဲ့ပြီး အာဇာနည်ဗိမာန်မှာ မိသားစုအနေနဲ့ လွမ်းသူ့ပန်းခွေ သွားချခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်နည်းတူပဲ တခြား အာဇာနည်ကြီးတွေရဲ့ မိသားစုဝင်တွေလည်း အာဇာနည် ဗိမာန်မှာ လွမ်းသူ့ပန်းခွေ လာချခဲ့ကြပေမယ့် အကိုဖြစ်သူ ဦးအောင်ဆန်းဦးကတော့ လူကိုယ်တိုင် တက်ရောက်ခြင်းမရှိဘဲ သူ့မိသားစုကိုယ်စား ပန်းခွေကိုသာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံတော်အခမ်းအနားအဖြစ် ကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနားကိုတော့ ဒုသမ္မတ စိုင်းမောက်ခမ်း ဦးဆောင်တက်ရောက်ခဲ့ပြီး ဖိတ်ကြားထားတဲ့ နိုင်ငံရေးပါတီတွေအနက်က NLD ပါတီကိုယ်စား နာယကအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးနဲ့ တခြား အဖွဲ့ဝင် ၄ ဦးတို့ တက်ရောက်ကြတယ်လို့ သိရပါတယ်။
အာဇာနည်နေ့ မတိုင်ခင်က အခမ်းအနားတွေ မလုပ်ကြဖို့ အာဏာပိုင်တွေဘက်က တားဆီး ပိတ်ပင် မှုတွေ ရှိခဲ့သလို ဗိုလ်ချုပ် ကြေးရုပ်၊ ဗိုလ်ချုပ် ပန်းခြံရှိတဲ့ နေရာတွေကို မ၀င်နိုင်အောင် အစောင့်တွေ ချထားတဲ့အပြင် လွမ်းသူ့ပန်းခွေချတာ၊ ဓာတ်ပုံရိုက်တာတွေ မပြုလုပ်ဖို့လည်း မုံရွာအပါအ၀င် နယ်မြို့ အတော်များများမှာ အာဏာပိုင်တွေ တားဆီး ပိတ်ပင်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်ခင်ဗျား။
ကိုဇော်ဝင်းလှိုင် - ဗွီအိုအေ မြန်မာပိုင်း
မြစ်ကြီးနား (NLD)မှ ကျင်းပြုလုပ်သော ၆၅နှစ်မြောက်အာဇာနည်နေ့အခမ်းအနား
 အာဇာနည်နေ့ အခမ်းနားကို 19.7.2012 တွင် မြစ်ကြီးနား မြို့အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ နံနက် ၈နာရီအချိန်တွင် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ အားရည်စူး၍ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ဒေါ်ငွေကြိုင်နှင့်ဦးခင်မောင်မြင့် တို့မှဦးဆောင်ပြီး မန္တလေးကျောင်းတိုက်တွင် နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္ထူ အစုစုတို့ဖြင့်ဆက်ကပ်လျူဒါန်းခဲ့ပါသည်။
 ထို့နောက် အဖွဲ့ချုပ်ရုံးတွင်သဘာပတိအဖြစ် အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ဦးချစ်အေးမှဆောင်ရွက်၍သဘာပတိအဖွဲ့ဝင်အဖြစ် ဒေါ်ငွေကြိုင် နှင့် ဒေါ်သူဇာအောင်တို့မှ
ပါဝင်ဆောင်ရွက်ခဲ့ပါသည်။အခမ်းနာမှူးအဖြစ် ဦးကျော်သီဟအေး မှဆောင်ရွက်ခဲ့ပါသည်။အခမ်းနားအစီအစဉ်အရ တက်ရောက်လာသော ဧည့်ပရိတ်သတ်နှင့်အဖွဲဝင်များမှ အာဇာနည်နေ့အကြောင်း သိကောင်းစရာ အချက်လက်များကို ဟောပြောခဲ့ကြပြီး၊အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့သောအချိန် ၁၀နာရီ၃၇မီနစ်တွင် ဥသြဆွဲ၍ တစ်မိနစ်ခန့် ငြိမ်သက်အလေးပြုပြီး အခမ်းနားအားရုတ်သိမ်းခဲ့ကြပါသည်။
ရဲသွေးနီ၊ကိုမြတ်
အာဇာနည်နေ့အခန်းအနားကျင်းပခြင်း(ပုသိမ်)
ယနေ့ ဇူလိုင်လ(19)နေ့ နံနက် ၇ နာရီခန့်မှစပြီး အာဇာနည်ကျောက်တိုင်ရှိရာ ကန်သုံးဆင့်ကွင်းအတွင်းသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ နိုင်ငံရေးပါတီအသီးသီး လူမှုရေးအဖွဲ့အစည်းအသီးသီး ကျောင်းသား/သူများ မိသားစုများမှတဖွဲဖွဲ လာရောက်လွမ်းသူ့ပန်းခွေချအလေးပြုခဲ့ကြသည်
မြိတ်မြို့နယ် NLD မှအာဇာနည်နေ့ ချီတက်အလေးပြုခြင်းနှင့်စာတမ်း ကဗျာရွတ်ဆိုပွဲ
မြိတ်မြို့နယ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ ၆၅နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား
ချီတက် အလေးပြုခြင်းကို 19.7.2012 ရက်နေ့ နံနက်၉နာရီမှ စတင်ပြီးရုံးခန်းမှ ထွက်ခွါကာ
ကား၂၄စီးဆိုင်ကယ်၅၀စီးကျော်ခန့်ဖြင့် စနစ်တကျ ချီတက်ခဲ့ကြပါသည်။
အဖွဲ့ချုပ် ရပ်/ကျေးရုံးများက လည်းလွမ်းသူပန်းခွေ များကိုင်ဆောင် ကာမြိတ်မြို့၊ အာဇာနည်
ကျောက်တိုင်သို့ ချီတက်အလေးပြု ခဲ့ကြပါသည်။ ၈၈မျိုးဆက်ကျောင်း သားများ၅၀ဦးခန့်
တက်ရောက် လာခဲ့ကြပါသည်။ အလေးပြုခြင်း အခမ်းအနားမ စတင်မှီမိုးဆက် တိုက်ရွာသွန်း
နေသည့်ကြားကပင် မြိတ်အဖွဲ့ချုပ်အဖွဲ့ဝင်များကအလေးပြုခြင်းအခမ်းအနားကို10:37မိနစ်
တွင်စတင်ခဲ့ပါသည်။အစီအစဉ်အရမြန်မာနိုင်ငံတော်အလံအားအလေးပြုခြင်း၊အဖွဲ့ချုပ်အလံ
တော်အားအလေးပြုခြင်း၊ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်များအား
အလေးပြုခြင်း၊ဒီမိုကရေစီအရေးတော်ပုံအဆင့်ဆင့်တွင်ကျဆုံးလေပြီးသော
ရဟန်းရှင်၊လူ၊ကျောင်းသားပြည်သူများအားအောက်မေ့သောအားဖြင့်တစ်မိနစ်
ခန့်ငြိမ်သက်ခြင်း၊များပြုလုပ်ပြီးနောက်နေ့လည်11နာရီဝန်းကျင်ခန့်တွင်ရုတ်သိမ်းခဲ့ပါသည်။
အလေးပြုခြင်းအခမ်းအနားသို့တနသာင်္ရီတိုင်းဒေသကြီးညီလာခံကျင်းပရေး
ကော်မတီမှဦးသန်းထွန်းဦးဆောင်ကာတက်ရောက်လာသောပါတီဝင်စုစုပေါင်း၁၀၀၀ဦးနီပါး
လောက်ရှိကြောင်းသိရှိရပါသည်ဆက်လက်ပြီးနောက်မြိတ်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး
သို့ပြန်လည်ရောက်ရှိလာပြီးနောက်ကျဆုံးလေပြီးသောဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ
အာဇာနည်များအားရည်စူးပြီးသံဃာတော်၅ပါးအားနေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။
နေ့လည်၁နာရီအချိန်တွင်အာဇာနည်နေ့အထိမ်းအမှတ်စာပေဟောပြောပွဲများ
ကိုပြုလုပ်ကျင်းပကာမွန်းလွဲ၃နာရီခွဲခန့်တွင်အခမ်းအနားကိုအောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။
ကိုဥက္ကာ(သတင်းနှင့်ပြန်ကြားရေး)
ပင်လုံနှင့် အောင်ပန်းမြို့တွင် အာဏာပိုင်များက ခွင့်မပြုသည့် အာဇာနည်နေ့
(၆၅)နှစ်မြောက်အာဇာနည်နေ့အခန်းအနားကို ခွင့်မပြုသည့်ကြားက ရှမ်းပြည်နယ်တောင်ပိုင်း၊
အောင်ပန်းမြို့ ဗိုလ်မှူးကြီးဗထူးကျောက်တိုင်မှာ လွမ်းသူ့ပန်းခွေများကို
အောင်ပန်းမြို့သူ/မြို့သားများ၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့(အောင်ပန်း)၊
 အောင်ပန်းစာကြည့်တိုက်အဖွဲ့၊ NLD လူငယ်များအဖွဲ့နှင့် နိုးကြားတက်ကြွသော
မျိုးဆက်လူငယ်များအဖွဲ့ တို့မှ ယနေ့နံနက် (၇း၃၀)မှ (၁၀)နာရီအချိန်ထိ လွတ်လပ်ရေး
ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်ဆောင်များအား
လွမ်းသူ့ပန်းခွေချကာ အလေးပြုအခန်းအနား ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
ထို့အပြင် (၆၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အောင်ပန်း၈၈မျိုးဆက်
ကျောင်းသားများအဖွဲ့နှင့် နိုးကြားတက်ကြွသော လူငယ်များအဖွဲ့တို့က
ယနေ့နံနက်အာရုံဆွမ်းအဖြစ် အောင်ပန်းမြို့၊ အောင်စင်္ကြာ စာသင်တိုက်တွင် ဆရာတော်
သံဃာတော်အရှင်သူမြတ်များနှင့် စာသင်သားရဟန်းသာမဏေများအား
ဆက်ကပ်လှူဒါန်းပြီး အာဇာနည်များအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း
သတင်းရရှိပါသည်။
အောင်ပန်းမြို့တွင် အာဇာနည်နေ့အခန်းအနားကို အောင်ပန်းမြို့၊ ပြည်ထောင်စုလမ်းမကြီး၊
တောင်ကြီးသွားလမ်းဘေးရှိ ဗိုလ်မှူးကြီးဗထူးအထိမ်းအမှတ်ကျောက်တိုင်တွင်
အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် အလေးပြုပွဲအခန်းအနားကို မြို့လုံး ကျွတ်ကျင်းပ
 ပြုလုပ်မည်ဟု စီစဉ်ထားသော်လည်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးမှ ခွင့်ပြုပေးခဲ့ခြင်းမရှိ
သဖြင့် အခန်းအနားကို ပြုလုပ်ကျင်းပနိုင်ခြင်းမရှိကြောင်းသိရှိရပါသည်။ မြို့နယ်အထွေထွေ
အုပ်ချုပ်ရေးမှူးက အာဇာနည်နေ့အခန်းအနားကျင်းပနိုင်ရန်အတွက် မြို့နယ်အဆင့်ဖြင့်
ခွင့်ပြုချက်မရနိုင်သောကြောင့် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူးသို့ဆက်လက်
တောင်းခံခဲ့သော်လည်း  ဝေ့လည်ကြောင်ပတ်ဖြင့်ပြောဆိုနေရာ ရှမ်းပြည်နယ်အစိုးရ၀န်ကြီးချုပ်ရုံးသို့သွားရောက်ပြီးတောင်းခံခဲ့ကြပါသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ရုံးတွင် ၄င်း၏ကိုယ်ရေးအရာရှိဆိုသူနှင့်သာတွေ့ရပြီး ၄င်းမှလည်း
စပ်လျဉ်း၍ မည်သည့်ညွှန်ကြားချက်မှမရှိကြောင်း သိရှိသော်လည်း ပြည်နယ်ဝန်ကြီးချုပ်အား
တင်ပြပေးခြင်းမရှိဘဲ ပြန်လွှတ်ခဲ့ပါသည်။
မနေ့က(၁၈.၇.၂၀၁၂)ရက်နေ့ညတွင် ကလောမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ အာဇာနည်နေ့
အခန်းအနားကျင်းပခြင်းမပြုလုပ်ရန် အကြောင်းကြားစာကို
အောင်ပန်းရဲစခန်းမှ ည (၈)နာရီဝန်းကျင်တွင် အကြောင်းကြားခဲ့ကြောင်းသိရှိရပါသည်။
သို့ပါသော်လည်း အောင်ပန်းမြို့မှ အာဇာနည်နေ့အခန်းအနားကျင်းပနိုင်ခြင်းမရှိသော်လည်း ဗိုလ်မှူးကြီးဗထူးအထိမ်းအမှတ်ကျောက်တိုင်တွင် လွှမ်းသူ့ပန်းခွေချခြင်း အလေးပြုခြင်း
နှင့် အောင်စင်္ကြာကျောင်းတိုက်တွင် အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍
 ဆွမ်းဆက်ကပ်လှူဒါန်းနိုင်ခဲ့ကြောင်းသိရှိရပါသည်။
ဗိုလ်မှူးကြီးဗထူးသည် ဖက်ဆစ်တော်လှန်ရေးဆင်နွဲနေချိန် ၁၉၄၅/၄၆ခုနှစ်ခန့်က ရွံ့ ရွံ့ချွံချွံ
 တိုက်ပွဲဝင်ခဲ့သော မြန်မာ့သမိုင်းတွင်စံထားရသော စစ်တပ်အရာရှိတစ်ဦးဖြစ်ကြောင်း
အားလုံးသိကြပါသည်။ ဖက်ဆက်တော်လှန်ရေးစစ်ပွဲဆင်နွဲနေစဉ် ရှမ်းပြည်နယ်တောင်ပိုင်း၊
 ရွာငံမြို့နယ်ယခု-(ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)အနီးရှိ တယ်လူးရွာ(ယခင်က တဲလူးစခန်း)
တွင် ငှက်ဖျားရောဂါဖြင့်ကွယ်လွန်ခဲ့ခြင်းဖြစ်ပါသည်။ ဗိုလ်မှူးကြီးဗထူးအထိမ်းအမှတ်
ကျောက်တိုင်သည် မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊  အောင်ပန်းမြို့၊
 ပြည်ထောင်စုလမ်းမကြီးဘေးတွင် လမ်းမမှကြည့်လျှင် မွေးမြူရေးနှင့်ရေလုပ်ငန်းဖွံ့ဖြိုး
တိုးတက်ရေးဘဏ် နောက်ခံဖြင့် တွေ့မြင်နိုင်ပါသည်။ ယခုအချိန်အခါသည် ပွင့်လင်း၍
စည်းကမ်းပြည့်ဝသောဒီမိုကရေစီစနစ်ဖြင့် သမ္မတကြီးဦးသိန်းစိန်အနေဖြင့် ပြည်သူလူထုအတွက် ဆောင်ရွက်လျက်ရှိသည်ဟုဆိုသော်လည်း ...အမှန်တကယ်လက်တွေ့အားဖြင့် လူအခွင့်အရေးနှင့်
ပတ်သက်၍ အောင်ခြေတွင် ပြုပြင်ပြောင်းလဲမှုမရှိကြောင်း လုပ်ဆောင်ရမည်များကို သေချာစွာကိုင်တွယ်ဆောင်ရွက်နိုင်ဖို့လိုအပ်လျက်ရှိကြောင်း အောင်ပန်းမြို့မှ နိုင်ငံရေးဝါရင့်
သမားများ......မှ ဝေဖန်လျက်ရှိနေကြပါကြောင်း တင်ပြလိုက်ပါသည်။
ဒါအပြင် ပင်လုံမြို့(NLD)အာဇာနည်နေ့အခန်းနာကိုအောင်မြင်စွာကျင်းပခဲ့ပါတယ်။
    ပင်လုံမြို့တွင်၆၅နှစ်မြောက် အာဇာနည်နေ အခန်းအနားကို ပင်လုံမြို့ရှိအမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ရုံးတွင် နမ့်စန်မြို့၊လွိုင်လင်မြို့နှင်ပင်လုံမြို့မှ အဖွဲ့ချုပ်ပါတီဝင်ပေါင်း၁၀၀ ခန့်တက်ရောက်
ရ်ျ နိုင်ငံတော်အလံအားအလေးပြုခြင်း၊အာဇာနည်ခေါင်ဆောင်များအားအလေးပြုခြင်း၊ ကျဆုံးလေပြီး
သောဒီမိုကရေစီလှုပ်ရှားရင်းအသက်ပေးသွားကြသောပါတီဝင်အပေါင်းကိုအလေးပြုခြင်နှင့်
ဘုန်တော်ကြီးများအားပင့်ဖိတ်ရ်ျကျဆုံးသွားပြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွအာဇာနည်
ခေါင်ဆောင်ကြီးများကို ရည်စူးရ်ျရေစက်သွင်းချအမျှပေးဝေခါအောင်မြင်စွာကျင်းပနိုင်ခဲပါတယ်။
ရှမ်းပစ် ပအိုဝ်းပစ်ဘဝ ရောက်ရလေတဲ့ ကွန်ဟိန်းအမတ် နန်းဝါနု
အမည်-ဒေါ်နန်းဝါ၀ါနု (ရှေ့နေ)
အဖအမည်-စိုင်းဦးဆိုင် (၂၀၀၅-ခုနှစ် ရှမ်းပြည်အတိုင်ပင်ခံကောင်စီ
ဖမ်းဆီးမှုတွင် ဗိုလ်ချုပ် ဆေထင်ကို အားပေးကူညီမှုဖြင့် ပုဒ် ၁၇(၁)တပ်ကာ
ထိန်းသိမ်းခံရသည်။ လပိုင်းအတွင်း ပြန်လွတ်မြောက်ခဲ့သည်။
တောင်ကြီးမြို့-သစ်တောရပ်ကွက်တွ
င် အနှိပ်ခန်းဖွင့်လှစ် နေထိုင်သည်။
အနှိပ်ခန်းသက်သက်မဟုတ်ဘဲ ပြည့်တန်ဆာခန်းပါ ပူးတွဲလုပ်ကိုင်သည်)
ခင်ပွန်းအမည်-ခွန်ဌေးနိုင်လော
နန်းဝါနုသည် ရှေ့နေလုပ်ငန်းဖြင့် အခကြေးငွေမယူပါဟုဆိုပြီး
တရားခံများဘက်မှ ပါဝါများကို ယူဆောင်သည်။ သို့သော် ရဲကြေး၊
တရားသူကြီးကြေး၊ ဆွဲချရှေ့နေအတွက်ဟု ဆိုကာ ငွေများကို တရားခံများထံ
ပြန်လည်တောင်းခံသော ထူးခြားသည့် တိုင်းရင်းသူ ရုပ်ရှည်ချောမောသည့်
ရှေ့နေမ တစ်ဦးဖြစ်သည်။ နန်းဝါနု နှင့် ကျားဖြူပါတီဥက္ကဌစိုင်းအိုက်ပေါင်း အတွင်းရေး
ဇာတ်လမ်းအသေးစိတ်သိရှိလိုပါက----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ရန်ကုန်မြို့ပေါ် လုံခြုံရေး တင်းကျပ်ထားတဲ့ ၆၅ နှစ်မြောက် အာဇာနည်နေ့ (ရုပ်/သံ)
အာဇာနည်ဗိမာန် ၏ ယနေ့ ညနေ ၄ နာရီ မြင်ကွင်း
ဓါတ်ပုံ - ရာဇ၀င်
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာ နိုင်ငံရေးပါတီများ၊ ကျောင်းသူကျောင်းသားများနဲ့ အများပြည်သူလူထုမှ အာဇာနည်ဗိမာန်ကို လာရောက်ပြီး ကျဆုံးသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ကိုးဦးကို ဂါရဝပြုခဲ့ကြပါတယ်။
အာဇာနည်ဗိမာန်ကို လာရောက်တဲ့ လမ်းတလျှောက် ဆိုင်းဘုတ်တွေ၊ ပိုစတာတွေ၊ အလံတွေကို ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ စီတန်း လမ်းလျှောက်လာခဲ့ကြပါတယ်။ အာဇာနည်ဗိမာန်ရှေ့မှာတော့ အာဇာနည်ဗိမာန်အတွင်းကို ဝင်ရောက် ဂါရဝပြုမယ့် ပြည်သူလူထုတွေ အတွက် တားမြစ်ချက်တွေ၊ အသိပေးချက်တွေကို ဆိုင်းဘုတ်တွေ ထောင်ပြီး အသိပေး တားမြစ်ထားပါတယ်။
 ဒီကနေ့ အာဇာနည်နေ့မှာတော့ ရန်ကုန်မြို့နဲ့ အာဇာနည်ဗိမာန်ရှိရာ လမ်းတလျှောက် လုံခြုံရေးတွေကို တင်းတင်းကျပ်ကျပ် ချထားတာကို တွေ့ရှိခဲ့ရပါတယ်။ ၆၅ နှစ်မြောက် အာဇာနည်နေ့မှာတော့ ထူးထူးခြားခြား အဖြစ် နိုင်ငံတော် ဒုသမ္မတ စိုင်းမောက်ခမ်းဝ်ကိုယ်တိုင် အာဇာနည်ခေါင်းဆောင်ကြီးများကို တက်ရောက် ဂါရဝပြုခဲ့သလို ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် ဂါရဝပြုခဲ့ပါတယ်။
၆၅နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်တွင် ကျင်းပ
By Eleven Media Group
သတင်း-ဓါတ်ပုံ - Eleven Media Group
၂၀၁၂ ဇူလိုင်၁၉ ရက်နေ့ တွင် ကျရောက်သော ၆၅နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်တွင် ကျင်းပခဲ့ကြောင်း သတင်း ရရှိပါသည်။
DSC_4101
ဒေါ်အောင်ဆန်းစုကြည် အာဇာနည်ခေါင်းဆောင်များကို ဂါရဝပြုနေစဉ်-သတင်း-ဓါတ်ပုံ - Eleven Media Group
အဆိုပါ အခမ်းအနားကို နံနက် ၈နာရီတွင်ကျင်းပခဲ့ရာ အခမ်း အနားကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်ခဲ့ပြီး လွမ်းသူပန်းခွေချ အလေးပြုခြင်း ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် နိုင်ငံတော် အလံကိုတိုင်ဝက်သို့လျှော့ချ လွှင့်ထူကာ ဂုဏ်ပြုတပ်ဖွဲ့ဝင်များ က သေနက်မြှောက် အလေးပြုခြင်း စစ်ခရာအဖွဲ့က အလေးပြု ခရာမှုတ်ခြင်း ပြုလုပ်ခဲ့သည်။ တက်ရောက်လာသူများက အာဇာနည်ခေါင်း ဆောင်ကြီးများအား မေတ္တာပို့အမျှ ဝေရန် နှစ်မိနစ်ငြိမ်သက်စွာ ရပ်နေခဲ့ကြသည်။
ထို့နောက် အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များက ဂူဗိမာန်အသီးသီးတွင် လွမ်းသူပန်းခွေချ ကန်တော့ခဲ့ကြပါသည်။ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ် သူ ဒေါ်အောင်ဆန်းစုကြည်က ပန်းခြင်းသုံးခြင်းဖြင့် ကန်တော့ခဲ့ပြီး သားကြီးဖြစ်သူ ဦးအောင်ဆန်းဦး ကိုယ်စားမိသားစုဝင်တစ်ဦးက လွမ်းသူပန်းခွေချ ကန်တော့ခဲ့သည်။
ဆက်လက်၍ သခင်မြ၊ ဦဘချို၊ဦးဘ၀င်း၊ဦးမန်းဘခိုင်၊ မိုင်းပွန်စောဘွားစ၀်စံထွန်း၊ ဦးရာဇာတ်၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေးတို့၏ မိသားစုဝင်များက အသီးသီးလွမ်းသူ ပန်းခွေချ ကန်တော့ခဲ့ကြသည်။       အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၊တိုင်းဒေသကြီး လွှတ်တော်၊ပါတီ၂၀ကျော်နှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ကြက်ခြေနီ၊မီးသတ်၊ သဘင်အစည်းအရုံး ၊ ဂီတအစည်းအရုံး၊ ရုပ်ရှင်အစည်းအရုံးနှင့် စာပေစာနယ်ဇင်းအဖွဲ့၊ ရိုးရာပန်းပညာရှင်များအသင်း စသည်တို့မှ တာဝန်ရှိသူများက လွမ်းသူပန်းခွေချ အလေးပြု ခဲ့ကြသည်။
DSC_3976
ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်ဂါရဝပြုစဉ်-သတင်း-ဓါတ်ပုံ - Eleven Media Group
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး အပါအ၀င် သံရုံးအသီးသီးမှ သံအမတ်ကြီးနှင့် တာဝန်ရှိသူများမှ အာဇာနည် ခေါင်းဆောင်ကြီးများကို လွမ်းသူပန်းခွေများဖြင့် လာရောက် ဂါရ၀ ပြုခဲ့ကြသည်။
ယင်းနောက် အာဇာနည် ဗိတ်မာန်အား နံနက် ၁၀နာရီခွဲ နောက်ပိုင်း မှစ၍ သတ်မှတ်ထားသည့် စည်းကမ်းများအတိုင်း အများပြည်သူများကို ၀င်ရောက်ခွင့်ပြုခဲ့ပြီး ပြည်သူများက အာဇာနည် ခေါင်းဆောင်ကြီးများအား ဦးညွှတ် အလေးပြုခဲ့ကြသည်။
Eleven Media Group
 ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် လုပ်ကြံခံခဲ့ရသော အာဇာနည် ခေါင်းဆောင်ကြီးများ
စဉ်     အမည် ရာထူး
ဗိုလ်ချုပ်အောင်ဆန်း(၁၉၁၅-၁၉၄၇)             ၀န်ကြီးချုပ်
သခင်မြ(၁၈၉၇-၁၉၄၇) ပြည်ထဲရေးဝန်ကြီး
ဦးဘချို(၁၈၉၄-၁၉၄၇) ပြည်ထဲရေးဝန်ကြီး
ဦးရာဇာတ်(၁၈၉၈-၁၉၄၇) ပညာရေးနှင့် အမျိုးသား စီမံကိန်းဌာန၀န်ကြီး
ဦးဘ၀င်း(၁၉၀၁-၁၉၄၇) ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး
မန်းဘခိုင်(၁၉၀၃-၁၉၄၇) စက်မှုလက်မှုနှင့် အလုပ်သမား ၀န်ကြီးဌာန၀န်ကြီး
မိုင်းပွန်စော်ဘွား စ၀်စံထွန်း(၁၉၀၇-၁၉၄၇) အတိုင်ပင်ခံ တောင်တန်းဒေသရေးရာ ၀န်ကြီး
ဦးအုန်းမောင်(၁၉၁၃-၁၉၄၇) လမ်းပန်းဆက်သွယ်ရေး ဌာနအတွင်းဝန်
ရဲဘော်ကိုထွေး(၁၉၂၉-၁၉၄၇)                    ပညာရေးဝန်ကြီး၏ သက်တော်စောင့်
ကိုးကား။         ။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီးများ အတ္ထုပ္ပတ္တိ စာစောင် (၁၉၇၁)၊၂၀ ရာစု မြန်မာ့သမိုင်းကို ပြောပြနေသောနေ့စွဲများ စာအုပ်။
မုံရွာမြို့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တွင် လွမ်းသူ့ပန်းခွေချခွင့်မပြု
တနိုင်ငံလုံးတွင် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားများ နှင့် မြို့ တိုင်မှာရှိတဲ့ 
ဗိုလ်ချုပ်ကြေးရုပ် ၊ ဗိုလ်ချုပ်ကျောက်တိုင် စတဲ့ ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ
 နေရာများကို သွားရောက်အလေးပြုမှုများ၊ အများပြည်သူမှ ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင် မုံရွာမြို့ မှာတော့ ထူးထူးခြားခြား မုံရွာမြို့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တွင် လုံခြုံရေးတင်ကြပ်စွာစောင့်ဆိုင်းနေပြီး မုံရွာဒေသခံလူငယ်များကိုလည်း လွမ်းသူ့ 
ပန်းခွေချခွင့် တားမြစ်ခဲ့ပါတယ်။
မုံရွာမြို့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တွင် လုံခြုံရေးတင်းကြပ်စွာစောင့်ဆိုင်းနေသည်ကို တွေ့ရစဉ်
ဓာတ်ပုံ-မျိုးမင်းဦး 7Day News Journal
မုံရွာဒေသခံလူငယ်များလွမ်းသူ့ပန်းခွေချခြင်းအား တားမြစ်နေစဉ် ဓါတ်ပုံ - 7Day News Journal
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး(မုံရွာ)တွင်
အာဇာနည်နေ့အခမ်းအနားကျင်းပနေကြစဉ်
ဓါတ်ပုံ - 7Day News Journal
ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်
ပြီးခဲ့တဲ့ နှစ်က ဆန္ဒပြလယ်သမားများနှင့် အတူတွေ့ ရတဲ့ ရှေ့ နေ ကိုဖိုးဖြူ
ရန်ကုန်တိုင်း ဒေသကြီး ဒဂုံဆိပ်ကမ်း မြို့နယ်က လယ်သမား ၃၀၀ ကျော်ဟာ သူတို့လယ်တွေ အသိမ်းခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပင်လယ်ကိုးသွယ် ကုမ္ပဏီရုံးရှေ့မှာ ဇူလိုင် ၂၀ ရက်နေ့ ဆန္ဒပြကြမှာဖြစ်ပါတယ်။
ဒီလ ၁၄ ရက်နေ့က  ရှေ့နေဖြစ်သူ ကိုဖိုးဖြူက ဒဂုံဆိပ်ကမ်းမြို့နယ် ရဲတပ်ဖွဲ့ကို ဆန္ဒထုတ်ဖော်ဖို့ စာတင်ခဲ့ရာမှာ သတ်မှတ်စည်းကမ်းချက် ၁၀ ချက်နဲ့ ခွင့်ပြုလိုက်တာ ဖြစ်တဲ့အတွက် လယ်သမားတွေက ဇူလိုင် ၂၀ ရက်နေ့မှာ ဆန္ဒပြကြမှာ ဖြစ်ပါတယ်။
၂၀၀၈ နဲ့ ၂၀၀၉ လောက်က လယ်သမားတွေရဲ့ လယ်ယာမြေဧက ၁ သောင်းကျော်ကို ကုမ္ပဏီတွေက စတင်သိမ်းယူခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၁၁ ဇန်န၀ါရီလတုန်းကလည်း အရှေ့ပိုင်းခရိုင်ရုံးမှာ လယ်သမား ၃၀၀ ကျော်ဟာလည်း လယ်ယာမှုခင်းတွေကို တင်သွင်းခဲ့သလို ဥပဒေပြု လွှတ်တော်ကိုလည်း တင်သွင်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
ဒီလယ်သမားတွေဟာ ရန်ကုန် မြို့ရွာနဲ့ အိုးအိမ်ဦးစီးဌာနရှေ့မှာ ဆန္ဒပြခဲ့တဲ့အတွက်လည်း အဏာပိုင်တွေရဲ့ တရားစွဲဆိုတာကို ခံနေရပါတယ်။
ဆန္ဒပြရာမှာ ပါဝင်မယ့် လယ်ယာမြေ ၁၀ ဧကလောက် သိမ်းခံထားရတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်က လယ်သမားကြီး ဦးလှကြိုင်က ဆန္ဒပြရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီးတော့ အခုလိုပြောပါတယ်။
“ဆန္ဒပြရတဲ့ အကြောင်းအရင်းက အဆင့်ဆင့် နေရာတွေနှံ့အောင် လယ်ယာမြေနဲ့ ပတ်သက်ပြီး အမှုတွေ လိုက်ထားတယ်။ တင်လည်း တင်ထားတယ်။ အခုအချိန်အထိ ဘာမှ ပြန်လည်ဖြေကြားခြင်း မရှိသေးဘူး။ အဲဒါကြောင့်မို့လို့ ဆန္ဒပြမှာ ဖြစ်ပါတယ်။”
လျှောက်ထားခဲ့စဉ်တုန်းက လယ်သမား ၉၀၀ ကျော်နဲ့ မနက် ၁၁ နာရီကနေ ညနေ ၃ နာရီအထိ ပါဝင်ဆန္ဒထုတ်ဖော်ဖို့ လျှောက်ထားခဲ့ပေမယ့် လယ်သမား ၃၀၀ နဲ့ မနက် ၁၁ နာရီကနေ နေ့လယ် ၁ နာရီအထိသာ ခွင့်ပြုခဲ့တယ်လို့ လယ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ ကိုဖိုးဖြူက ပြောပါတယ်။
ဒီဆန္ဒပြပွဲခွင့်ပေးတာနဲ့ ပတ်သက်ပြီးတော့လည်း ကိုဖိုးဖြူက သူ့အမြင်ကို အခုလို ပြောပါတယ်။
“ဒီလူတွေရဲ့ အသံတွေဟာ လွှတ်တော်ကို တဖြည်းဖြည်းနဲ့ ရောက်ရှိနေရုံတင် မကဘဲ လွှတ်တော်ကလည်း ပြည်သူတွေရဲ့ အသံကို အလေးထား နားထောင်ပြီး ဥပဒေပြဋ္ဌာန်းပေးဖို့၊ စီမံခန့်ခွဲရေး ဆိုင်ရာဆုံးဖြတ်ချက်တွေ ချမှတ်ပေးဖို့၊ တောင်သူလယ်သမားတွေနဲ့ ဆိုင်တဲ့ နစ်နာလွန်းတဲ့ တရားမဲ့ လယ်သိမ်းခံရတာတွေကနေ လွတ်မြောက်အောင် ဆောင်ကျဉ်းပေးဖို့ လိုအပ်ပါကြောင်းပါဗျာ။”
ခွင့်ပြုတဲ့နေရာနဲ့ ခွင့်ပြုတဲ့အချိန်မှာ ခွင့်ပြုတဲ့ လျှောက်လွှာပါတဲ့သူတွေနဲ့ ဆန္ဒပြရာမှာ ပြုလုပ်သွားဖို့ သတ်မှတ်ထားတဲ့ ကြွေးကြော်သံတွေကိုသာ ကြွေးကြော်ဖို့ အသက်အန္တရာယ်တွေ ဖြစ်နိုင်တဲ့ တုတ်၊ ဓား၊ လက်နက်တွေ မယူဆောင်ဖို့လည်း သတ်မှတ်ထားပါတယ်။
ဒါ့အပြင် ခွင့်ပြုထားတဲ့ အကြောင်းအရာကနေ တခြားမလိုလားအပ်တဲ့ အရာတွေကို မပြုလုပ်ဖို့၊ ခွင့်ပြုထားတဲ့ ပင်လယ်ကိုးသွယ် ကုမ္ပဏီရုံးရှေ့ခန်းမနဲ့ တာရိုးပေါ်မှာပဲ ဆန္ဒပြဖို့၊ စုဝေးတဲ့နေရာက ပြည်သူပိုင်ပစ္စည်းတွေကို မဖျက်ဆီးဖို့လည်း ပါဝင်ပါတယ်။
ဆန္ဒပြရာမှာ ခွင့်ပြုထားတဲ့ ကြွေးကြော်သံတွေနဲ့ ပိုစတာတွေကတော့ ပြည်ထောင်စုလွှတ်တော်တို့ လွှတ်တော်၊ ပြည်သူ့အခွင့်အရေး ဖော်ဆောင်ပေး၊ တောင်သူလယ်သမားအရေး လွှတ်တော် ပြဋ္ဌာန်းပေး၊ လယ်ယာမြေခွဲဝေရေး ပြည်သူ့အရေးနဲ့ တောင်သူလယ်သမား အလုပ်သမား ဆေးရုံ ဆောက်လုပ် လှူဒါန်းခွင့်ပြုပါတို့ပဲ ဖြစ်ပါတယ်။
by ကို​ထွေး - ဒီဗွီဘီ
ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်
မြန်မာနိုင်ငံကို ဖြတ်ပြီး ဖောက်လုပ်နေတဲ့ တရုတ်ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ ဒေသခံတွေရဲ့ လယ်ယာမြေတွေ နစ်နာသလို သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်ပျက်စီးနေတဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေက စိုးရိမ်နေကြပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူကနေ မြန်မာနိုင်ငံ အထက်ပိုင်းကိုဖြတ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းကနေ တရုတ်နိုင်ငံ ယူနန်အထိ ဖောက်လုပ်နေတဲ့ သဘာဝဓာတ်ငွေ့လိုင်း ဟာ မြန်မာ နိုင်ငံ နေရာတော်တော်များများက သဘာဝပတ်ဝန်းကျင်တွေ ထိခိုက်ပျက်စီးနေတယ်လို့ မန္တလေး အခြေစိုက် စိမ်းရောင်စို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က တာဝန်ရှိသူ တဦးက ပြောပါ တယ်။
သဘာဝဓာတ်ငွေ့ပိုက်လိုင်း (ဓာတ်ပုံ- ရိုက်တာ)
“သဘာဝဘေးမဲ့တော၊ ရွှေ စက်တော် ဘေးမဲ့တောတွေ ပါသွားတယ်။ တချို့ ဥပမာ နွားထိုးကြီး နယ်စပ်မှာ ရှိတဲ့ တရာသီလုံး သုံးလို့ရတဲ့ သုံးရေ၊ သောက်ရေ၊ တိရစ္ဆာန်တွေအတွက်လည်း သုံးရတဲ့ ရေကန်ကြီးတွေ၊ ဒါတွေကျတော့ အများပိုင် ဆိုတော့ လျော်စရာမလိုဘူးလေ။ အဲလို ရေကန်ကြီးတွေ ဖောက်ချသွား တယ်။ တပြားတချပ်မှလည်း မပေးဘူး။ ရေကန်ကြီးကို ကန်ဘောင်ကြီး ချိုးချသွားတဲ့အခါမှာ အဲ့နားက ဒေသခံတွေ စိုက်ခင်းမြေမှာလည်း ဒုက္ခရောက်သလို သောက်သုံးရေမှာလည်း ဒုက္ခရောက်ကုန်တယ်။ ဒီနှစ်မိုးခေါင်တော့ ပိုဆိုးတယ်။ ကန် ၂ ကန်၊ ၃ ကန် ကျနော်တို့တွေ့ခဲ့တယ်။”
“နောက်တခါ ပေါက်ရောက် သစ်ပင်၊ စိုက်ပျိုးထားတဲ့ သရက်၊ မန်ကျည်းကို နည်းနည်းလျော်တယ်။ ဘာလို့ဆိုတော့ ဒါတွေက အများကြီးပျက်စီးသွားတာ။ သူတို့က ဖြစ်နိုင်ရင် အများပိုင်ပုံစံလုပ်လိုက်တယ်၊ ပြီးတော့ ဖျက်ချသွားတဲ့အခါမှာ ရှိနေတဲ့ ပေါက်ရောက် သစ်ပင်ကြီးတွေကို ဘာမှ ပြန်လည် အစားထိုး ဆောင်ရွက်ပေးသွားတာ မရှိဘူး။ လုပ်ချင်တာလုပ်သွားတယ်။ ဘယ်သူ့မှ လျော်ကြေးပေးစရာမလိုဘူး. အများကြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်သွားပြီ။ ဒါက လက်ငင်း ပိုက်လိုင်းချတဲ့ နေရာမှာ ထိခိုက်တာ၊ ဂက်စ်စလွှတ်ပြီဆိုတာနဲ့ ဂက်စ်ကို pressure pump တွေနဲ့ ထိန်းကြမယ်။ လေထဲမှာ ခွဲကြမယ်။ ဖြစ်လာမယ့် ယိုစိမ့်မှုအန္တရာယ်တွေ ဘာတွေဘယ်လို ပြင်ထားလဲ၊ လုပ်ထားလဲ၊ သူတို့အစီအစဉ်တွေဆိုတာ ပြည်သူလူထုနဲ့ အုပ်ချုပ်ရေးပိုင်းကို ဘာမှ ထင်သာမြင်သာရှိအောင် ပွင့်ပွင့်လင်းလင်းလုပ်ထားတာ ကျနော်တို့ မတွေ့ရဘူး။ နောက်ဆက်တွဲ စိုးရိမ်စရာတွေ အများကြီးပဲ။”
တရုတ်နိုင်ငံကို သွယ်တန်း ဖောက်လုပ်နေတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဟာ မြေယာဆုံရှုံး နစ်နာတဲ့ တောင်သူတွေတင်မကဘဲ တနိုင်လုံးနဲ့ပါ သက်ဆိုင်နေပြီဖြစ်တဲ့အတွက် လေ့လာရေးတွေ လုပ်နေပြီး နစ်နာတာတွေကို ထုတ်ပြန်သွားမယ်လို့ ပြောသွားပါတယ်။
“စိမ်းရောင်စိုအနေနဲ့ ပိုက်လိုင်းဖြတ်သွားတဲ့ နေရာက ပြည်သူလူထုတွေရဲ့ ခံစားချက်တွေရယ်၊ ပိုက်လိုင်းဖြတ်သွားတဲ့ ကိစ္စဆိုတာဟာ မြေပါသွားတဲ့ လူတွေရဲ့ ကဏ္ဍတင်မဟုတ်တော့ဘူး။ တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ ကဏ္ဍတခုလို့ ခံယူတယ်။ ဒါကြောင့် ကျနော်တို့ သဘောထားတခု စစ်တမ်းတွေ လုပ်နေပြီ။ ပိုင်ပိုင်နိုင်နိုင် မသိသေးဘဲ မပြောချင်တဲ့အတွက် စစ်တမ်းတွေလုပ်တာ တော်တော် များများ သိလာတဲ့ အချက်တွေ ရှိလာပြီ။”
ထင်ရှားတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူ ဦးဝင်းမျိုးသူကတော့ တရုတ်နိုင်ငံပိုင် သဘာဝဓါတ်ငွေ့နဲ့ရေနံ ပိုက်လိုင်းကြောင့် ကုန်းမြေတင်မကဘဲ ရေပေါ်ရေအောက် ပတ်ဝန်းကျင် ထိခိုက်ရတာတွေကို အခုလို ရှင်းပြပါတယ်။
“ပိုက်လိုင်းကြီးတခု ဖြတ်သွားပြီဆိုရင်တော့ လူထုရော၊ ပတ်ဝန်းကျင်ရေးရာတွေရော အများကြီး ခံစားရမှာပေါ့။ ပင်လယ်ကြမ်းပြင်က စဖြတ်တယ်ဆိုရင် အဲ့ဒေသမှာရှိတဲ့ ရေလုပ်ငန်းတွေ၊ သန္တာကျောက်တန်းတွေ၊ ဒါတွေ ထိခိုက်လား မထိခိုက်လား ဆန်းစစ်ရ မှာပေါ့။ ဖြတ်သွားတဲ့ နေရာမှာရှိတဲ့ နဂို ပတ်ဝန်းကျင်ရေးရာကို ကြည့်မှသိမှ ဖြစ်မယ်။ ကျနော်တို့ရထားတဲ့ သတင်းအချက်အလက်အရဆိုရင် ပိုက်လိုင်းဖြတ်သွားတဲ့ အတွက် ဒေသခံလုပ်ငန်းတွေနဲ့ ငါးဖမ်းလုပ်ငန်းတွေမှာ တော်တော် ဒုက္ခရောက်တယ်ဆိုတာ ဗီဒီယို မှတ်တမ်းတွေမှာ တွေ့ရတယ်။”
“မြေပေါ်ရောက်သွားတယ်ဆိုလည်း ဒီအတိုင်းပဲတွေ့ရတယ်။ သူတို့ကတော့ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် လုပ်တယ်လို့ပဲပြောတယ်။ သူတို့ထည့်မစဉ်းစားမိတဲ့အချက်၊ ကျနော်တို့ ကိုယ်တိုင် မစဉ်းစားမိတဲ့အချက် ပြီးခဲ့တဲ့ ၁ လက ဘာသွားတွေ့လဲဆိုတော့ ပိုက်လိုင်းဖြတ်သွားတော့ လယ်က ၂ ခြမ်းကွဲသွားတယ်။ ရွာက ၂ ခြမ်းကွဲသွားတယ်။ ဟိုဘက်ဒီဘက်ကူးဖို့၊ ကလေးတွေ ကျောင်းသွားတတ်ဖို့ ဟိုဘက်ရွာကို ဖြတ်သွားဖို့၊ လယ်ကိုသွားအလုပ်လုပ်ဖို့၊ အဲလို အခက်အခဲလေးတွေလည်းတွေ့ရတယ်။ ဒါတွေကို ထည့်သွင်းစဉ်းစားထားပုံမပေါ်ဘူးဗျ။”
မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အုပ်စုတွေကနေ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အစိုးရအဖွဲ့အစည်းတွေဆီကနေ တရားဝင် မရနိုင်သေးတဲ့ အတွက် နစ်နာဆုံးရှုံးတာနဲ့ ပတ်သတ်ပြီး အခက်အခဲတွေ အများကြီး ရှိသေးတယ်လို့လည်း ဦးဝင်းမျိုးသူ က ပြောဆိုသွားပါတယ်။
by မင်းလွင် - ဒီဗွီဘီ
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)
© Myanmar News Now Copyright by Thit Htoo Lwin
Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်