ဇူလိုင်လ ၁၁ ရက်နေ့  ဒေါ်အောင်ဆန်းစုကြည် သတင်းစာ ရှင်းလင်းပွဲ (ရုပ်/သံ)
ဇူလိုင်လ ၁၁ ရက် ပြည်သူ.လွှတ်တော် ဆဌမနေ.အစည်းအဝေးကျင်းပအပြီး ညနေ ၃ နာရီမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သတင်းမီဒီယာတွေရဲ.မေးမြန်းချက်တွေကို ၁၅ မိနစ်ခန်. ဖြေကြားပေးခဲ့ပါတယ်။ DVB TV News
 ဦးကျော်သက်မင်း သတင်းပေးပို.ထားပါတယ်။ (ရိုက်ကူး-ခွန်ခေါင်)
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 
ဇူလိုင်လ ၁၁ ရက် ပြည်သူ.လွှတ်တော် ဆဌမနေ.အစည်းအဝေးကျင်းပအပြီး ညနေ ၃ နာရီမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သတင်းမီဒီယာတွေရဲ.မေးမြန်းချက်တွေကို ၁၅ မိနစ်ခန်. ဖြေကြားပေးခဲ့ပါတယ်။ ဦးကျော်သက်မင်း သတင်းပေးပို.ထားပါတယ်။ (ရိုက်ကူး-ခွန်ခေါင်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်မှာတင်သွင်းမယ့် ပညာရေးကိစ္စနဲ့ ပတ်သတ်တဲ့အဆိုကို လွှတ်တော်ရုံးထံ တင်ပြထားတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁၁-ရက် လွှတ်တော်အစည်းအဝေးအပြိး ပြည်တွင်းသတင်းထောက်တွေက မေးမြန်းစဉ် ပညာရေးနဲ့ပတ်သက်တဲ့ အဆိုကို တင်သွင်းမဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအဆိုနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက် တွေကိုတော့ အခုချိန်မှာ ထုတ်မပြောသေးပါဘူး။ ဒါ့အပြင် ဒီမိုကရေစီစနစ်အရ အတိုက်အခံဆိုတာ ရှိရမှာဖြစ် ကြောင်းနဲ့ အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ်ဟာ နိုင်ငံအပေါ် သစ္စာရှိတဲ့အတိုက်အခံအသွင်အမျိုးနဲ့ အလုပ်လုပ်သွား မယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
ကျောက်တ်ာမြို့နယ်တွင် အိမ်တစ်ဆောင် မီးရှို့ခံရ
ဇူလိုင်လ ၁၀ ရက်နေ့နံနက် ၄ နာရီတွင် ကျောက်တော်မြို့နယ် ရှမ်းရွာရှိ အိမ်တစ်အိမ်ကို ဝါကင်းရွာမှ ဘင်္ဂလီမူဆလင်တစ်ဦး မီးရှို့ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။
“ မနက်အစောကြီး လူအိပ်ချိန်ဆိုတော့ လုံခြုံရေးတွေလည်း မသိလိုက်ဘူး။ ဒါပေမယ့် မီးလောင်တာနဲ့ ချက်ချင်းဆိုသလို လူတွေကနိုးလာပြီး မီးကိုဝိုင်းငြိမ်းလိုက်တော့ မီးရှို့ခံရတဲ့ အိမ်တစ်ဆောင်ပဲပါသွားတယ်။ ဘေးအိမ်တွေကိုကူးမသွားဘူး၊ အဲဒီဝါကင်းရွာက ဘင်္ဂလီမူဆလင်တွေက ဒီဘက်ရှမ်းရွာကလူတွေကို ပြဿနာရှာချင်နေကြတာကြာပြီ၊ လုံခြုံရေးတွေကလည်း ရွာမှာလုံလုံလောက်လောက် ချထားတာမဟုတ်ဘူးဆိုတော့ နောက်ထပ်ဒီင်္လိုမျိုးပြဿနာတွေ ထပ်ဖြစ်လာမှာကို ရွာသူရွာသားတွေ စိုးရိမ်နေကြတယ် ” ဟု ရှမ်းရွာခံတစ်ဦးမှ ပြောသည်။
မီးရှို့မခံရမီ နှစ်ရက်အလိုမှာ ဇူလိုင်လ ၈ ရက်နေ့ကလည်း ရှမ်းရွာခံတစ်ဦး ယာခင်းမှပြန်လာစဉ် ၄င်းဝါကင်းရွာ ရှေ့မှဖြတ်သန်းရာတွင် ဝါကင်းရွာမှဘင်္ဂလီမူဆလင်တစ်ဦး ဒူးလှဲဖြင့်ပစ်ခတ်ရာ ဒူးခေါင်းတွင် ဒဏ်ရာရရှိခဲ့ပြီး ဘင်္ဂလီမူဆလင်များမှာ နောက်ထပ်အကြမ်းဖက်ရန်ကြိုးစားရာ ယင်းရွာခံသားမှာ မိမိရွာသို့ အလျှင်စလိုပြေး၍ ရောက်ရှိသွားသဖြင့် ဘင်္ဂလီမူဆလင်များ၏ လူသတ်အလောင်းဖျောက်မှုဘေးမှ လွတ်မြောက်သွားခဲ့ကြောင်း ယင်းရှမ်းရွာခံများပြောပြချက်အရ သိရှိရသည်။
 ကျောက်တော်မြို့နယ်အတွင်း သတ်ဆိုင်ရာလုံခြုံရေးမှ ခွင့်ပြုချက်မရှိဘဲ  ဘင်္ဂလီမူဆလင်များမှ ဝတ်ပြုဆုတောင်းပွဲတစ်ရပ်ကို အင်အား ၁၀၀ ကျော် ပြုလုပ်ခဲ့မှုအပေါ် စစ်တပ်မှ စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့ကြောင့် ဒေသခံ ဦးကျော်သောင်းမှ ပြောသည်။
Written by မင်းသွီး
အာရကန်တိုင်းမ်စ်
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကိစ္စရပ်များဆိုင်ရာ သတင်းစာရှင်းလင်းပွဲပြုလုပ်
ဒေါ်အောင်ဆန်းစုကြည်သည် မိမိအနေဖြင့် ယခု ကျင်းပလျှက်ရှိသော လွှတ်တော်အတွင်း အဆိုတင်သွင်းဦးမည်မဟုတ်သေးကြောင်း၊ အခြားသော လွှတ်တော်ကိုယ်စားလှယ်များတင်သွင်းသော အဆိုများကိုလည်း ထောက်ခံဆွေးနွေးရန် မရှိသေးကြောင်း----
သတင်းအပြည့်အစုံဖတ်ရန် ဒီနေရာကိုနှိပ်ပါ 
အမေရိကန် သံအမတ်ကြီးခန့် အပ်လွှာပေးအပ်
Photo ; Myanmar President Office
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာဒဲရစ်ဂျိမ်းစ်မစ်ချယ်သည် ယနေ့ မွန်းလွဲ ၂:၃၀ နာရီတွင် နေပြည်တော်ရှိ သမ္မတအိမ်တော်သို့ သွားရောက်၍ ၄င်း၏ သံအမတ် ခန့်အပ်လွှာကိုပေးအပ်သည်။
Myanmar President Office
ဦးစိုးသိန်းမှတ်ချက်ကြောင့် မြေအရောင်းအ၀ယ် ချက်ချင်းရပ်တန့်သွား
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ဈေးကြီးနေသော စက်မှုဇုန်မြေဈေးကွက်အား ကားဈေးကွက်ကဲ့သို့ဖြစ်အောင် ပြုလုပ်သွားမည်ဟု အသိပေးပြီးနောက် မြေအရောင်းအ၀ယ် ရပ်တန့်သွားကြောင်း သတင်းရရှိသည်။
“အမေးကို မရှိတော့တာ ရန်ကုန်ရော၊ မန္တလေးရောပဲ ----
သတင်းအပြည့်အစုံဖတ်ရန် ဒီနေရာကိုနှိပ်ပါ
လွှတ်တော်ကိုယ်စားလှယ်တစ်ဦး လယ်မြေအသိမ်းခံရဟုဆို
    ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပိုင်ဆိုင်သည့် လယ်မြေ ၁၅ ဧကကို ဇူလိုင်လဆန်းတွင် လူတစ်စုက လာရောက်ခြံခတ် သိမ်းယူခံရကြောင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ လှိုင်သာယာမြို့နယ်ကော်မတီမှ သတင်းရရှိသည်။
    လှိုင်သာယာမြို့နယ် ဆိပ်ကမ်းသာလမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ ကွင်းအမှတ် ၃၇၂ (ခ)မှ လယ်မြေဧက ၅၀ ကို ဇူလိုင်လဆန်းက လူတစ်စုက လာရောက်၍ ခြံခတ်ခဲ့ခြင်းဖြစ်သည်။ ထိုလယ်မြေဧက ၅၀ တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးနေလင်းပိုင်ဆိုင်သည့် လယ် ၁၅ ဧကပါဝင်ကြောင်း ၎င်းကပြောသည်။
    “အကြောင်းကြားခြင်းလည်း မရှိဘူး။ ဒီလယ်တွေအတွက် အခုထိလည်း လျော်ကြေးတစ်စုံတစ်ရာ မရသေးဘူး”ဟု ဦးနေလင်းကဆိုသည်။
    လက်ရှိ မြေသိမ်းယူမှုများမှာ အနော်ရထာစက်မှုဇုန် စီမံကိန်းအတွက် သိမ်းယူခြင်းဖြစ်ပြီး ၀ါဝါ၀င်းကုမ္ပဏီမှတစ်ဆင့် ၀ယ်ယူထားသည့် ရင်းနှီးမြှုပ်နှံသူက ခြံခတ်ခြင်းဖြစ်ကြောင်း ဦးနေလင်းက
    ပြောသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး လယ်သိမ်းသည်ဟု စွပ်စွဲခံရသော ၀ါဝါ၀င်းကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းသော်လည်း တာဝန်ရှိသူများက ဖြေကြားခြင်း မရှိသေးပေ။
    လယ်ယာမြေသိမ်းယူမှုများမှာ ၂၀၁၂ ခုနှစ်တွင် ဒေသအတော်များများ၌ ပေါ်ပေါက်လာသည်။
    “တရားဥပဒေအရ ဖြေရှင်းမယ်ဆိုရင်လည်း တရားရုံးမှာ ဖြေရှင်းမယ်”ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းက ဆိုသည်။
    လယ်ယာမြေများ အသိမ်းခံရသည်ဟု ပြဿနာများဖြစ်ပွားနေသော အဆိုပါအနော်ရထာစက်မှုဇုန် နယ်မြေတွင် မြေပုံတစ်ခုပူးတွဲပါ အသိပေးကြေညာခြင်း ဆိုင်းဘုတ်များကို မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနအမည်ဖြင့် စိုက်ထူထားသည်။
    အဆိုပါ အသိပေးကြေညာချက်တွင် စက်မှုမြေကွက်များနှင့် အကျုံးဝင်သော မူလလယ်မြေပိုင်ရှင်များအား စက်မှုဇုန်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများမှ တွေ့ဆုံစိစစ် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ညှိနှိုင်းကာလမှာ၂၀၁၂ ဇူလိုင် ၄ ရက်မှ သြဂုတ် ၅ ရက်အထိဖြစ်ကြောင်း၊ သတ်မှတ်ကာလအတွင်း တွေ့ဆုံညှိနှိုင်းခြင်း၊ ဆက်သွယ်ဆောင်ရွက်ခြင်း မပြုသော လယ်မြေကိစ္စများအတွက် တာဝန်ယူဖြေရှင်း ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း ဖော်ပြထားသည်။
    အကယ်၍ တွေ့ဆုံညှိနှိုင်း ဆောင်ရွက်ခြင်းမပြုဘဲ ဌာနဆိုင်ရာလုပ်ငန်းတာဝန်များ အဟန့်အတား အနှောင့်အယှက်ဖြစ်စေရန် ဆောင်ရွက်ပါက တရားဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းကြေညာစာတွင် ရေးသားထားသည်။
    လွှတ်တော်တွင် တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးတင်ထွတ်က လယ်ယာမြေများ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေး တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးရန်အဆိုကို ဇူလိုင် ၄ ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့သည်။
    လက်ရှိ လယ်ယာမြေများ အသိမ်းခံနေရသည့် လယ်သမားများမှာ မည်သည့်အဖွဲ့အစည်း၊ မည်သည့်အာဏာပိုင်အဖွဲ့သို့ တိုင်ကြားရမည်ကို မသိကြဘဲ လယ်သိမ်းခံရ၍ ရဲစခန်းသို့ အမှုဖွင့်သော်လည်း အမှုဖွင့်ခွင့်မရကြောင်း လယ်သမားအချို့ကပြောသည်။
    “လယ်သမားတွေရဲ့ဒုက္ခက ဘယ်သူ့ကို အဖေခေါ်လို့ ခေါ်ရမှန်းမသိ ဖြစ်နေတယ်”ဟု ရွှေပြည်သာမြို့နယ်မှ လယ်သမားတစ်ဦးကဆိုသည်။
    လှိုင်သာယာမြို့နယ်အတွင်းရှိ ပဒံ၊ အပြင်ပဒံနှင့် ကျွန်းကြီးကျေးရွာများမှ လယ်မြေအသိမ်းခံရသော လယ်သမား ၂၀ ကျော်နှင့် ကိုယ်စားလှယ်များက ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန ရုံးရှေ့၌ ဇူလိုင် ၂ ရက်နှင့် ၃ ရက်တို့တွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့သည်။
    လယ်ယာမြေအသိမ်းခံရခြင်းနှင့် ပတ်သက်၍ အမှုတိုင်ကြားစာများသည် လူ့အခွင့်အရေးကော်မရှင်သို့ ရောက်ရှိသည့်တိုင် စာစုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းခန့်ရှိသည်။ ပြည်သူ့လွှတ်တော် တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေးရာကော်မတီသို့လည်း လယ်သမားများက လယ်ယာမြေအသိမ်းခံရသည့်ကိစ္စနှင့် စပ်လျဉ်း၍ စာပေါင်း ၂၅၀ ကျော် ပေးပို့တိုင်ကြားထားသည်။
7Day News Journal
ယနေ့ လွှတ်တော် တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ)
ဇူလိုင်(၁၁)ရက်နေ့တွင် ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်
မြန်မာနိုင်ငံသို့ရောက်ရှိနေသော UKTI(UK Trade and Investment)၏ စီးပွားရေးဆိုင်ရာ သံတမန်အဖွဲ့ ဥက္ကဌ လော့ဒ် မာလင်မှ ဒေါ်အောင်ဆန်းစုကြည်အား Churchill Award ကို ဇူလိုင်(၁၀)ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဟိုတယ်တစ်ခုတွင်ဂုဏ်ပြုပေးအပ်နေစဉ်(Photo-AFP)
ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးများရုံး (UNHCR) မှ High commissioner MR Antonio Guterres ၊
Director Mr Kasidis Rochanakom တို့ နှင့်တွေ့ဆုံခဲ့ပြီး
ဒုက္ခသည် အရေးကိစ္စများအပေါ်တွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်း - ဓါတ်ပုံ  Popular Myanmar News Journal
အမေရိကန် ပြည်ထောင်စု သံအမတ်ကြီး ဒဲရစ်မစ်ချဲလ် မြန်မာနိုင်ငံသို့ရောက်ရှိ
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ပြည်ထောင်စု သံအမတ်ကြီး ဒဲရစ်မစ်ချဲလ် မြန်မာနိုင်ငံသို့ရောက်ရှိ ကြောင်း အမေရိကန် သံရုံး မြန်မာနိုင်ငံမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ရန်ကုန်နှင့် မန္တလေး နည်းပညာတက္ကသိုလ်များ အဆင်မြှင့်၍ ပြန်ဖွင့်မည်
ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်များကို အဆင့်မြှင့်၍ အင်ဂျင်နီယာဘွဲ့(B.E) သင်တန်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ စုစုပေါင်းရမှတ် ၄၅၀ နှင့်အထက် ရရှိထားသော ကျောင်းသား၊ ကျောင်းသူများကို စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအထက်ပိုင်းမှ ကျောင်းသားများအနေဖြင့် မန္တလေးနည်းပညာတက္ကသိုလ်သို့ လျှောက်ထားနိုင်ပြီး မြန်မာနိုင်ငံအောက်ပိုင်းမှ ကျောင်းသားများအနေဖြင့် ရန်ကုန်နည်းပညာတက္ကသိုလ်သို့ ကျောင်းဝင်ခွင့် လျှောက်ထားနိုင်မည်ဖြစ်ကာ တက္ကသိုလ်တစ်ခုလျှင် ကျောင်းသား ၂၅၀ စီ စိစစ်ရွေးချယ် ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဘာသာတွဲအမှတ်(၁) ဓာတုဗေဒ၊ ရူပဗေဒ၊ စီးပွားရေး။ ဘာသာတွဲအမှတ်(၅) ဓာတုဗေဒ၊ ရူပဗေဒ၊ သမိုင်း။ ဘာသာတွဲအမှတ်(၆) ဓာတုဗေဒ၊ ရူပဗေဒ၊ စိတ်ကြိုက်မြန်မာစာ။ ဘာသာတွဲအမှတ်(၇) ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒနှင့် ဘာသာတွဲအမှတ်(၈) ဓာတုဗေဒ၊ ဇီဝဗေဒ၊ ပထ၀ီတို့ဖြင့် ဖြေဆိုအောင်မြင်ထားသူများ အဆိုပါကျောင်းဝင်ခွင့်အတွက် လျှောက်ထားနိုင်ကြောင်း သက်ဆိုင်ရာပညာရေးဌာနမှ သိရသည်။
ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်တို့ကို အဆင့်မြင့်နည်းပညာတက္ကသိုလ်များ (Center of Excellence) အဖြစ် အဆင့်မြှင့်တင်သွားမည်ဖြစ်ပြီး ပြည်တွင်းရှိ အခြားနည်းပညာတက္ကသိုလ် ၃၃ ခုအား တစ်ပြိုင်နက် အဆင့်မြှင့်တင်ရန် ငွေကြေးအခြေအနေနှင့် သင်ကြားမှုဆိုင်ရာ လိုအပ်ချက်များအရ လောလောဆယ် ပံ့ပိုးပေးနိုင်ခြင်း မရှိသေးကြောင်း သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။
ယင်းတက္ကသိုလ်နှစ်ခုတွင် နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများ၊သင်ကြားမှုနည်းစနစ်များ၊ စာမေးပွဲစစ်ဆေးသည့် နည်းစနစ်များနှင့် သင်ကြားရေးဆရာ၊ ဆရာမများဖြင့် သင်ကြားပေးနိုင်ရန်နှင့် သင်တန်းကာလကို အခြားနည်းပညာတက္ကသိုလ်များနည်းတူ ခြောက်နှစ်သတ်မှတ်၍ အင်ဂျင်နီယာပုံစံကျကျဖြင့် သင်ကြားပေးနိုင်မည်ဖြစ်ကြောင်း ယင်းတက္ကသိုလ်များ အဆင့်တိုးမြှင့်နိုင်ရေး အစည်းအဝေး၌ ၀န်ကြီး၏ ပြောကြားချက်ကို ဇူလိုင်လ ၉ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။
ယခုနှစ်တွင် ပြန်လည်ဖွင့်လှစ်မည့် အဆိုပါ ရန်ကုန်နှင့် မန္တလေးနည်းပညာတက္ကသိုလ်တို့တွင် ကျောင်းဝင်ခွင့်ရရှိမည့် ကျောင်းသားများအနေဖြင့် အင်ဂျင်နီယာဘွဲ့သင်တန်းကို တိုက်ရိုက်တက်ရောက်ခွင့် ရရှိတော့မည်ဖြစ်သည်။
လက်ရှိနည်းပညာတက္ကသိုလ်များ၌ တက်ရောက်နေသော ကျောင်းသားများအနေဖြင့် ၀င်ခွင့်ရရှိပြီး ၂ နှစ် တက်ရောက်အောင်မြင်ပါက A.G.T.I ဒီပလိုမာလက်မှတ် ပေးအပ်၍ သတ်မှတ်အရည်အချင်း ပြည့်မီသူများကို B.Tech ပထမနှစ်သင်တန်းများသို့ တက်ရောက်ခွင့်ပြုသည်။ ယင်းသင်တန်း ဒုတိယနှစ်အောင်မြင်သူများကို သက်ဆိုင်ရာဘာသာရပ်ဘွဲ့များ အပ်နှင်းလျက်ရှိပြီး သတ်မှတ်အရည်အချင်း ပြည့်မီသူများကိုသာ B.E ဘွဲ့သင်တန်း ဆက်လက်တက်ရောက်ခွင့်ပြုသည့် စနစ်ကိုကျင့်သုံးလျက်ရှိသည်။
7Day News Journal
အာဇာနည် ဗိမာန်အား ပြန်လည် မွမ်းမံလို
အာဇာနည် ဗိမာန် ဒီဇိုင်း ဘေးတိုက်နှင့် နောက်ကျော ဘက် မြင်ကွင်း ပုံစံကို တွေ့ရစဉ်
အာဇာနည် ဗိမာန်တည်ဆောက် ခဲ့သောဗိသုကာအဖွဲ့မှဝမ်းနည်းခြင်းအာရုံ ပေါ်လွင်စေရန်ဗိမာန် အား ပြန်လည်  မွမ်းမံလိုကြောင်း သိရသည်။
သို့ဖြစ်၍ အာဇာနည်ဗိမာန်နှင့် ပက်သက်၍  တည်ဆောက်ခဲ့သူ  ဗိသုကာဦး ဆန်းဦး  နှင့်အဖွဲ့မှ ရှင်းလင်း ဆွေးနွေး ခဲ့ကြောင်း သိရသည်။    ''ကျွန်တော်တို့ကိုလွန်ခဲ့တဲ့၂၈ နှစ် ကမူလ  အာဇာနည်ဗိမာန်ဟောင်း ကိုဖျက်ပြီး အသစ်ဆောက်ဖို့ ဒီဇိုင်း ဖိတ်ခေါ် ရွေးချယ်ကြတယ်၊၊ ကျွန်တော်တို့ အရွေးခံရပြီးမှအာဇာ နည်ကုန်း မှာ ဗုံးပေါက်  သွားတယ်။အဲဒါနဲ့သူ တို့ကဗိမာန် အသစ်ဆောက်  တဲ့နေရာမှာ ခေါင်မိုးမပါစေ နဲ့ဆိုပြီး အမြန်တည်ဆောက် ခိုင်းတယ်။ခွင့်ပြုမယ်ဆိုရင်မူလဒီဇိုင်းကိုပဲ ဝမ်းနည်း မှုခံစား ချက်တွေ အာရုံမှာ ပေါ်လာအောင် ဗိုလ်ချုပ်နှင့် ပက်သက်တဲ့ရုပ်ကြွတွေ ၊မိန့်ခွန်းတွေကိုထပ်မံဖြည့်ဆွက်ချင်ပါ တယ်'' ဟု ဗိသုကာ ဦးဆန်းဦးကပြောသည်။
အာဇာနည်ဗိမာန်အားမွမ်းမံနိုင် ရန်ပိုင်ရှင်ယဉ်ကျေးမှုဝန်ကြီးဌာနအနုပညာ ဦးစီးဌာနမှခွင့်ပြုချက်ရှိမှ သာဆောင် ရွက်နိုင် မည်ဖြစ်ကြောင်း သိရသည်။
''ဒီအဆောက် အဦးကြီးကိုမွမ်းမံ  ဖို့ကျွန်တော်တို့အနေနဲ့ဆောင်ရွက်လို့မရ သေးပါဘူး။ ပိုင်ရှင်ဖြစ်တဲ့ ယဉ်ကျေး မှုဝန်ကြီး ဌာန၊အနုပညာ ဦးစီးဌာနက  ချဉ်းကပ်သဘော တူလာရင်တော့ ပိုကောင်းပါလိမ့်မယ်။ ခုချိန် မှာဒီဇိုင်းနဲ့ပက်သက်လို့စဉ်းစားတာတွေ ကွာလာ တယ်။နည်းပညာတွေလည်းမြင့်မား လာတယ်။ ဒါပေမယ့် ပြန်ပြင်တာ ထက်ဖြည့် စွက်စရာတွေကိုဖြည့်ချင်တာပါ။ဗိုလ်ချုပ်ရဲ့ ဝိညဉ်တွေ  သက်ဝင် ဖို့ရုပ်ပုံတွေ၊  ရုပ်ကြွတွေ၊ မိန့်ခွန်းတွေကိုလည်းထည့်သွင်းချင်ပါ   တယ်''ဟုယင်းမှဆက်လက်ပြောသည်။
ဗိမာန်တည်ဆောက်မှု ပိုင်းတွင် ဗိသုကာပညာရှင် ၁၂ဦးပါဝင်ပြီးဗိသုကာ ပညာရှင်များ ဖြစ်စေချင်သော ဆန္ဒ၏၁၀% နှုန်းပဲတူညီမှုရှိကြောင်း သိရသည်။
''ဆွဲထားတဲ့ဒီဇိုင်းနဲ့ဖြစ်လာတာနဲ့ လွဲချော်မှု တွေရှိပါ တယ်။ဗိမာန်ရဲ့နံရံတွေကို ကျွန်တော်တို့ ကကျောက်သား ထုနှင့်တည် ဆောက်ချင်တယ်။ သင်္ဘောဆေး တွေလည်း မသုတ်ချင်ဘူး။ အခုသင်္ဘောဆေး အနီရောင် တွေသုတ်ထားတယ်။ ကြယ်က လည်း ဖြစ်စေ ချင်သလို မဖြစ်လာပါဘူး။ဗိသုကာတွေ အတွေ့အကြုံအရ ကိုယ်ဆွဲထား တာဖြစ်စေချင် တာနဲ့ လက်တွေ့ မှာ ၁၀%ပဲရမယ်။  ၂၀% တူရင်ကံကောင်း လှပြီ'' ဟုဗိသုကာ ပညာရှင် တစ်ဦးကပြောသည်။
အာဇာနည်  ဗိမာန်ကို လုံခြုံရေး အတွက်ဦးစားပေး တည်ဆောက်ခဲ့ကြောင်း သိရသည်။ ''တောင်ကိုရီး ယားသမ္မတလာ တုန်းကလုံခြုံရေး ကိုအထူး ဆောင်ရွက်ကြတယ်။ အကုန်ရှာတယ်။ ဒါပေမယ့် သူတို့တွေ ကမထင်မှတ်ဘဲ ခေါင်မိုးမှာ ဗုံးလာထောင်သွားတယ်။ ဒါကြောင့် အာဇာနည်ဗိမာန်  သစ်မှာ ခေါင်မိုး မပါအောင်  ဆောက်လုပ်ခိုင်းတာ ဖြစ်မယ်''ဟုအင်ဂျင်နီယာ  တစ်ဦးမှမှတ်ချက် ချသည်။   
အာဇာနည်ဗိမာန်သစ်၏ထူးခြား ချက်များမှာ ခေါင်မိုးမပါခြင်း၊မြန်မာလူမျိုး   တို့အစဉ်အလာ အရ အုတ်ဂူများ ကိုနေရာမ ရွေ့မပြောင်း  ပဲငုံ၍ တည်ဆောက်ခြင်း ၊ခြေရင်း ဘက်မှအလေး ပြုနိုင်ခြင်း၊ ဦးညွှတ် နေသော ဝင်ပေါက်ဒီဇိုင်းပါရှိခြင်းတို့ဖြစ်ကြောင်းသိရ သည်။  မူလ အာဇာနည်  ဗိမာန်မှာ၁၉၈၃ ခုနှစ်အောက်တိုဘာ၂၃တွင်ဗုံးကွဲပျက်ဆီး ခဲ့ရပြီး အာဇာနည် ဗိမာန် အသစ် အား၁၉၈၄ ခုနှစ်တွင်စတင် တည်ဆောက်  ခဲ့ကာ တည် ဆောက်ချိန်ကာလ ၉လကြာမြင့်ခဲ့ ကြောင်း သိရ သည်။
သူသူထက်လွင်(Yangon Media Group)
အာဇာနည်ဗိမာန် အိုင်ဒီယာနှင့် လက်တွေ့ ဒီဇိုင်း ကွာခြားမှုရှိဟုဆို
အာဇာနည် ဗိမာန်ဒီဇိုင်း ရှေ့မျက်နှာစာ ပုံစံကို တွေ့ရစဉ်
အာဇာနည်ဗိမာန် ဒီဇိုင်းရေးဆွဲသူ၏ အိုင်ဒီယာနှင့် လက်တွေ့ တည်ဆောက်ခဲ့သည့် ဒီဇိုင်း ကွာခြားမှုရှိဟုဆို
အာဇာနည်ဗိမာန် တည်ဆောက်ရန်နိုင်ရန် ဒီဇိုင်းရေးဆွဲပေးခဲ့ မှုနှင့် လက်တွေ့တည်ဆောက်ခဲ့မှုတွင် အနည်း ငယ်မျှကွာခြား မှုများ ရှိခဲ့သဖြင့်  ပြန်လည်မွမ်းမံခွင့်ရခဲ့လျှင်လိုအပ်သည် များကိုထပ်မံဖြည့်စွက် လိုကြောင်း ယင်း ဗိမာန်အား ဒီဇိုင်းရေးပေးဆွဲခဲ့သည့် ဒီဇိုင်းနှင့်ဗိသုကာအဖွဲ့ခေါင်းဆောင် ဦးဆန်းဦး မှပြောကြား ခဲ့သည်။
ဇူလိုင်လ(၇)ရက်နေ့ မြန်မာနိုင်ငံ အင်ဂျင်နီယာ  အသင်းချုပ်ခန်းမတွင် ကျင်းပသည့် အာဇာနည်ဗိမာန် ဒီဇိုင်း ရှင်းလင်းပွဲတွင် ယင်းကဲ့ သို့ပြောကြား ခဲ့ခြင်းဖြစ်သည်။
ယင်းနှင့်ပက်သက်၍  ဦးဆန်းဦးက ပြောရာတွင်'' အမှန်အတိုင်းပြောရရင် အဲဒီအချိန်က ကျွန်တော်တို့ စိတ်လွတ် လက်လွတ် မလုပ်ခဲ့ရဘူး။ကျွန်တော် တို့ဗိမာန်မှာဝိဉာည် ထပ်ထည့်ဖို့ လိုတယ်။ သဘောက အဲဒီမှာအထိမ်း အမှတ်ပြတိုက်လိုတယ်။ ပြတိုက်မှာ သူတို့ရဲ့လက်ရေး မူတွေ၊ မိန့်ခွန်း တွေလိုတယ်။ လာရောက် ဂါဝရလာ ပြုသူတွေက အာဇာနည်ကြီးတွေ နဲ့ပြန်တွေ့နေရသလို ခံစားမှုမျိုး ဖြစ်အောင် လုပ်ဖို့ လိုအပ်တယ်။''  ဟု ၎င်းတို့ကြုံတွေ့ခဲ့ရပုံနှင့်ယှဉ်၍ပြန်ပြောင်း ပြောသည်။
ယင်းမှ ဆက်လက်၍ ထိုအချိန်က  ဆောင်ရွက်ခဲ့ရမှုတွင် ယင်းအချိန်က အစိုးရ၏ စိတ်ကြိုက် အဆင်ပြေပြီး   ညှိုညင်မှု  မရှိနိုင်သော ပုံစံမျိုး  နှင့်လက်တွေ့အခြေအနေဖြင့်  ကိုက်ညီသည့်ဒီဇိုင်း ကိုသာ လုပ်ပေး  ခဲ့ရခြင်းဖြစ်  ကာအနည်း ငယ်ကွဲလွဲမှုများလည်းရှိခဲ့ကြောင်းလည်း ယင်းက ဆိုသည်။
ဦးဆန်းဦးက ဆက်လက်၍ '' ဥပမာပြောရရင် ကျွန်တော်တို့ဒီဇိုင်း ဆွဲခဲ့တုန်းက နိုင်ငံတော်အလံက ဗိမာန် ရဲ့ အစွန်မှာ ထည့်ဆွဲခဲ့တာ ဒါပေမဲ့ ဆောက်လုပ်ရေးက ဆောက်တဲ့အခါ ကျတော့ လူကြီးက အလံက ဘာလို့ အစွန်ရောက် နေတာလဲ မကောင်းဘူး အလယ်ပြောင်းလုပ်ဆိုတာနဲ့ အလံက အလယ် ရောက် သွားရော။ အဲလိုကွဲလွဲ ချက်လေးတွေရှိခဲ့တယ်။''ဟု ဆိုသည်။
အာဇာနည် ဗိမာန်ဒီဇိုင်းတွင်ရေးဆွဲ ခဲ့သည့်အထဲတွင်တစ်ခုဖြစ်သည့် ဗိမာန် နံရံရှိ ကြယ်တစ်လုံး နှင့် ပက်သက်၍  ရေးဆွဲခဲ့ချိန်ကကြယ်ကို အပေါက်ပုံစံ ဖောက်၍တပ်ဆင်အသုံးပြု ရန်ရေးဆွဲခဲ့ သော်လည်း လက်တွေ့ ဆောက်လုပ် ခဲ့ရာတွင် အပေါက်ပုံစံမဟုတ်ပဲ ကြယ်ဖြူကြီး  တစ်လုံးကိုသာ ထည့်သွင်း ဆောက်လုပ်ခဲ့ကြောင်း ယင်းမှဆက် လက်ဆိုသည်။
ယင်းနှင့်ပက်သက်၍ ဗိမာန်တည် ဆောက်ရာတွင် ပါဝင်ခဲ့သည့် အဖွဲ့ဝင် ဒီဇိုင်းပညာရှင်တစ်ဦးဖြစ်သည့် ဒေါ်စန်းစန်းအေးက '' အဲဒီတုန်းက ကိုဆန်းဦး  စီစဉ်ရေးဆွဲခဲ့တာက ဒီကြယ် လေးကို အပေါက်ပုံနဲ့ ဆွဲခဲ့တယ်။ ပြီး ရင်အဲဒီကြယ်လေးက ကြွေပြီးအောက် ကပလင်လေးထက်မှာ တည်နေမယ်။ ဒီလို စိတ်ကူး ပြီးလုပ်ခဲ့တယ်။ တကယ်တမ်း  ဆောက်တဲ့  အချိန်မှာတော့  အဲလိုမဖြစ်ခဲ့ဘူး။''ဟု ၎င်း တို့လုပ်ငန်း စဉ်ပြု  လုပ်ခဲ့ချိန်က ဆောင်ရွက်ခဲ့သည် နှင့်ပက်သက်၍ပြောပြသည်။
ယင်းဒီဇိုင်းရှင်းလင်းပွဲနှင့်ပက်သက် ၍ယခုအချိန်သည် အာဇာနည်နေ့နီး ကပ်လာသည့် အချိန်နှင့် တိုက်ဆိုင်နေ ခြင်း၊ အရင်အချိန်များနှင့်ယှဉ်လျှင်ယခု လိုပြောင်းလဲနေသည့်  ခေတ်စနစ်နှင့်အညီ ရှေးသမိုင်း ကြောင်းများကို ပြည်သူများ ပြန်လည် သတိရစေနိုင်ရန်အချိန်ဖြစ် ခြင်းတို့ကြောင့် ယခု အချိန် ကိုရွေးချယ် ရခြင်းဖြစ်ကြောင်း ဦးဆန်းဦးက ပြောသည်။
ယင်းက'' ဒီအချိန်က အစိုးရအပြောင်း  အလဲကြောင့်လည်း  ပါတယ်။ခု အချိန်မှာဒါတွေက ပြန်ပြော လို့ရပြီ။ အစိုးရ  ကလည်း လူထုစကားကိုနား ထောင်နေပြီ။''ဟု ဆိုသည်။
၎င်းရှင်းလင်း ပြောကြားခဲ့သည်  အကြောင်း အရာများသည် အကြောင်းအရာတစ် မျိုးမျိုးနှင့် ညှိစွန်း နေခြင်း မျိုးမရှိပဲဖြစ် ပေါ်ခဲ့သည့်  သမိုင်းများ အားပြောပြခြင်းဖြင့် ရှေ့ဆက် လုပ်ဆောင်သွား နိုင်ဖို့ ရည်ရွယ် ကြောင်းလည်း သိရသည်။
ယင်းဗိမာန်ကြီးအား လူအများအချိန် အခါမလပ်လာ ရောက်နိုင်ရန်ဖွင့်လှစ်သွား နိုင်ရန်တိုက်တွန်း ပါကြောင်း ယင်းက ဆက်လက် ဆိုသည်။ ဦးဆန်းဦးက'' အာဇာနည်   ဗိမာန်ကို အချိန်တိုင်း လာရောက် ဂါရဝပြုနိုင် ရင် ကျွန်တော် အရမ်းဝမ်းသာ မှာပါ။''ဟု ဆိုသည်။
မူလပထမ အာဇာနည်ဗိမာန် သည်ရွှေတိဂုံဘုရား၏ခြေရင်း၊ သွေးဆေးကန်၏ အနောက်ဖက်တွင် တည်ရှိ ပြီး  (၁၉၈၂)ခုနှစ် ဩဂုတ်လတွင် နိုင်ငံ တော်အစိုးရမှ ယင်းဗိမာန်အား ခမ်းနား စွာပြန်လည် တည်ဆောက်  ရန် တစ်နိုင် ငံလုံးရှိ ဆောက်လုပ်ရေး  ကော်ပရေး ရှင်း၊ ပန်းချီပန်းပုကော်စီ အစရှိသည့် သက်ဆိုင် သည့်အဖွဲ့အစည်း များသို့ ဒီဇိုင်းများကိုတင်သွင်းစေခဲ့ပြီး ယင်းအဖွဲ့များတွင် ရန်ကုန်စက်မှု တက္ကသိုလ် အား ပါဝင်ရန်ဖိတ်ခေါ်ခဲ့ကြောင်း၊
ယင်းမှ တဆင့်ဒီဇိုင်းများပုံစံများကို အဆင့်ဆင့်ရွေးချယ်ခဲ့ရာရန်ကုန်စက်မှု တက္ကသိုလ်၏ဒီဇိုင်းအား ရွေးချယ်တာ ဝန်ပေးခဲ့၍ ယင်းရွေးချယ်ခံ ဒီဇိုင်းအား  (၉)လအတွင်းရေးဆွဲစေခဲ့ပြီး ဒီဇိုင်းပုံ များအား (၂)လ အကြာ(၁၉၈၃) စက်တင်ဘာလတွင်နိုင်ငံတော်ပေးအပ် နိုင်ခဲ့ကြောင်း၊ (၁၉၈၃) အောက်တိုဘာ လတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့၍ ဒီဇိုင်းကိုပြန်လည်ရေးဆွဲခဲ့ရပြီး (၁၉၈၄)  ဧပြီလတွင်ပြန် လည်ခွင့်ပြုခဲ့ ကြောင်း၊ (၁၉၈၄)အောက်တိုဘာတွင်စတင် တည်ဆောက်ခဲ့ရာ (၁၉၈၅)ခုနှစ် ဂျူလိုင်လတွင် ဂုဏ်ပြု အခမ်း အနားကို  အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း ဦးဆန်းဦး၏ ပြောပြချက်များအရ သိရသည်။
ကောင်းမြတ်ကျော် (Yangon Media Group)
ဖူးစာရေးနတ်ရက်စက် ပေါင်းဖက်ရလေသောအခါ
တရုတ်နိုင်ငံတွင် လူကုန်ကူးခံရ၍ သေပြေးရှင်ပြေးထွက်ပြေးပြီး လွတ်မြောက်လာသော ခင်နုတစ်ယောက် အမိနိုင်ငံ၏ လူကုန်ကူးခံရသူများ စောင့်ရှောက်သောဂေဟာ ရောက်သောအခါ သူမအတွက် အံ့သြစရာများ ကြုံနေရသည်။
လူကုန်ကူးသူ လင်မယားနှစ်ယောက်က မန္တလေးတွင် အလုပ်သွင်းပေးမည်ဆိုပြီး တရုတ်နိုင်ငံသို့ ခေါ်သွား၍ တရုတ်အမျိုးသားများနှင့် အဓမ္မထိမ်းမြားလက်ထပ်ရန် ကြိုးပမ်းနေခြင်းမှ အသက် ၂၃ အရွယ် ခင်နု(ကာယံရှင်ဆန္ဒအရ အမည်ပြောင်းထားပါသည်) ကံကောင်း၍ လွတ်မြောက်လာခြင်းဖြစ်ပါသည်။ သူမကလွတ်မြောက်လာ၍ ပျော်ရွှင်နေချိန်တွင် လူကုန်ကူးခံရသူများ    စောင့်ရှောက်သော ဂေဟာရှိ ဘ၀တူအခြားမိန်းကလေးအချို့မှာ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်ရောက်လာ၍ ၀မ်းနည်းနေကြသည့်အတွက် သူမအံ့သြနေခြင်းဖြစ်ပါသည်။ ထိုသို့တရုတ်နိုင်ငံတွင် အဓမ္မထိမ်းမြား လက်ထပ်ခံခဲ့ရပြီး သားသမီးများရပြီးကာမှ မြန်မာနိုင်ငံသို့ လူကုန်ကူးခံရသူများအဖြစ် ပြန်ရောက်လာသော မိန်းကလေးများမှာ ခင်နုကဲ့သို့ ထွက်ပြေးလာခြင်းမဟုတ်ဘဲ
တရုတ်ရဲများက ဖမ်းပြီးပြန်ပို့သဖြင့် ရောက်ရှိလာကြသူများသည်။
“သူတို့က ဟိုမှာကျန်ခဲ့တဲ့ သားသမီးတွေ၊ ယောက်ျားတွေကို လွမ်းနေတာ။ ကယ်ဆယ်ရေးစခန်းမှာတွေ့ခဲ့တဲ့ တရုတ်မှာ လက်ထပ်ခဲ့ရတဲ့ မိန်းကလေးအများစု ကလေးရထားကြပြီးသားတွေများ တယ်။ တချို့ကတော့ ယောက်ျားထက် ကလေးကို ပိုလွမ်းပြီး ပြန်ချင်နေကြတာ”ဟု ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်နေ ခင်နုက သူမ၏အတွေ့အကြုံကို ပြန်လည်ပြောပြသည်။
မြန်မာနိုင်ငံမှ လူကုန်ကူးခံရသော အမျိုးသမီးအများစုမှာ တရုတ်နိုင်ငံသို့ဖြစ်ပြီး၊ တရုတ်အမျိုးသားများနှင့် အဓမ္မထိမ်းမြားလက်ထပ်ရန် ရောင်းစားခံကြရခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ ၂၀၁၁ ခုနှစ် သြဂုတ်လ ၃၁ ရက်ထိ ဖော်ထုတ်ရရှိခဲ့သော လူကုန်ကူးမှုစုစုပေါင်း ၇၃၁ မှုတွင် ၇၀ ရာခိုင်နှုန်းခန့်မှာ အဓမ္မထိမ်းမြားလက်ထပ်ရန် ရောင်းစားခံကြရခြင်းဖြစ်သည်။ အထူးသတိပြုရမည့်အချက်မှာ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုဖြစ်စဉ်အားလုံး၏ ၈၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသို့ ဦးတည်ခဲ့သည်။
လူကုန်ကူးမှုစုစုပေါင်း ၁၃၆ မှု ဖော်ထုတ်နိုင်ခဲ့သော ၂၀၁၁ ခုနှစ် တစ်နှစ်အတွင်းမှာပင် ၈၉ မှုမှာ အဓမ္မထိမ်းမြားလက်ထပ်ရန်ဖြစ်ပြီး အားလုံးနီးပါးမှာ တရုတ်နိုင်ငံတွင် ဦးတည်ဖြစ်ပွားခဲ့ခြင်း   ဖြစ်သည်။
မြန်မာနိုင်ငံမှ အမျိုးသမီးများ တရုတ်နိုင်ငံသို့ အဓမ္မထိမ်းမြားလက်ထပ်ရန် ရောင်းစားခံရမှု ဖြစ်ပွားရခြင်း၏ အကြောင်းရင်းတွင် တရုတ်နိုင်ငံတွင် မိသားစုတစ်စု ကလေးတစ်ဦးသာ ယူရသော (One Child One Family) ပေါ်လစီနှင့် မိသားစုအများစုမှာ သားယောက်ျားလေးကိုသာ အဓိကရလိုပြီး ယူကြသဖြင့် အမျိုးသားဦးရေမှာ အမျိုးသမီးဦးရေထက် ပိုများနေခြင်းမှာ အဓိကဖြစ်သည်။
ထို့အပြင် နှစ်နိုင်ငံနယ်စပ်မှာ လွယ်ကူစွာ သွားလာနိုင်ခြင်း၊ လူပွဲစားများ၏ စည်းရုံးမှုတွင် အမျိုးသမီးများ အယုံလွယ်ခြင်းနှင့် တရုတ်နိုင်ငံတွင် လူကုန်ကူးသောပွဲစားများကို အရေးယူအပြစ်ပေးမှုမှာ ပြင်းထန်ထိရောက်ခြင်း မရှိ၍ဖြစ်ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင်ဒုတိယရဲမှူးကြီးညွန့်လှိုင်က ပြောသည်။ နိုင်ငံ၏ စီးပွားရေးကျပ်တည်းမှုကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ နည်းလွန်းခြင်းမှာလည်း မြန်မာသမီးပျိုများ ဘ၀တက်လမ်းအတွက် ရပ်ဝေးသွားရောက်စေရန် တွန်းပို့မှုဖြစ်စေသော အခြေအနေဖြစ်ပြီး လူကုန်ကူးခံနေရခြင်း၏ အဓိကအကြောင်းရင်း တစ်ခုဖြစ်ကြောင်း ကျွမ်းကျင်သူများက တညီတညွတ်ပြော၏။
လူဦးရေသန်း ၁၃၃၀ ကျော်ရှိသော တရုတ်နိုင်ငံတွင် အမျိုးသား၊ အမျိုးသမီးဦးရေ မမျှတမှုကြောင့် သတို့သမီးလိုအပ်ချက် မြင့်မားနေခြင်း၏ သားကောင်များမှာ အိမ်နီးချင်းနိုင်ငံများဖြစ်သော မြန်မာ၊ လာအိုနှင့် ဗီယက်နမ်တို့မှ အမျိုးသမီးအချို့ဖြစ်လာသည်။ နိုင်ငံတကာအဖွဲ့အစည်းအချို့၏ အစီရင်ခံစာများ အဆိုအရ ၂၀၁၀ ခုနှစ် ကျော်လာသောအခါ တရုတ်အမျိုးသားသန်း ၄၀ ကျော်သည် အိမ်ထောင်ပြုရန် သတို့သမီးမရှိဖြစ်နေသည်။
သားယောက်ျားလေးကိုသာ ရယူလိုသော ထုံးတမ်းအစဉ်အလာကြောင့် ၂၀၃၀ ခုနှစ်အရောက်တွင် မိန်းကလေး ၁၀၀ ဦးမွေးလျှင် ယောက်ျားလေး ၁၂၀ မွေးကာ၊ ထို့နောက်ပိုင်း ယောက်ျားလေးဦးရေက မိန်းကလေးဦးရေထက် အကြမ်းဖျင်း ၂၀ ရာခိုင်နှုန်း များလာဖွယ်ရှိကြောင်း ကမ္ဘာကျော် Forbes မဂ္ဂဇင်းက ခန့်မှန်းတွက်ချက် ဖော်ပြထားပါသည်။
တရုတ်နိုင်ငံတွင် သတို့သားများအတွက် တရုတ်အမျိုးသမီးကိုယူလျှင် အသုံးပြုရသော မင်္ဂလာဆောင်ကုန်ကျစရိတ်မှာ မနည်းလှ၍ ကျေးလက်များရှိ ငွေကြေးမကြွယ်ဝသော တရုတ်အမျိုးသားများအတွက် တရုတ်သမီးသတို့သမီး ရရန်မလွယ်ကူပေ။ တစ်ဖက်တွင် မြန်မာ၊ လာအို၊ ဗီယက်နမ်ကဲ့သို့ နိုင်ငံများမှ အမျိုးသမီးကို ၀ယ်ရသောနှုန်းမှာ တရုတ်သတို့သမီးနှင့် မင်္ဂလာဆောင်သည်ထက် များစွာသက်သာနေခြင်းမှာလည်း အဓမ္မထိမ်းမြားလက်ထပ်သော လူကုန်ကူးမှုဖြစ်စေခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်ကြောင်း UNIAP (လူကုန်ကူးမှုတိုက်ဖျက်သော ကုလသမဂ္ဂစီမံချက်)မှ အမျိုးသားစီမံချက်ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာအိအိချောက ပြောသည်။
“တချို့ပြန်လာတဲ့သူ၊ အဓမ္မထိမ်းမြားလက်ထပ်ရန် ရောင်းစားခံရပြီး လွတ်မြောက်လာသူတွေကို မေးကြည့်တယ်။ တကယ်ပဲ တရုတ်ရွာတွေမှာ အမျိုးသမီးမရှိတော့လို့ နင်တို့ကို ယူတာလားလို့ မေးတဲ့အခါမှာ မဟုတ်ဘူး။ သူတို့ရွာတွေမှာ အမျိုးသမီးလေးတွေရှိတယ်။ ဒါပေမဲ့ ရွာမှာရှိတဲ့ အမျိုးသမီးတွေက သူတို့ရွာက ဆင်းရဲသားအမျိုးသားတွေကို မလိုချင်တဲ့အခါကျတော့ သူတို့က မြို့ပေါ်တက်မယ်။ တခြားနေရာသွားမယ်။ ပိုက်ဆံချမ်းသာတဲ့ ယောက်ျားကိုပဲ ယူမယ်ပေါ့။ အဲဒါမျိုးတွေ တွေ့ရတယ်ဆိုတော့ နေရာတိုင်းမှာလည်း ကျား၊မ မမျှလို့ဆိုတာ မဟုတ်ဘူး”ဟု ဒေါ်ဥမ္မာအိအိချောက ပြောသည်။
သို့သော် ကံအနည်းငယ်ကောင်းသော အဓမ္မထိမ်းမြားလက်ထပ်ခံရသူ အမျိုးသမီးများမှာ ၎င်းတို့ကို ၀ယ်၍ယူထားသော တရုတ်အမျိုးသားက သဘောကောင်းပြီး သံယောဇဉ်ရှိသွားသဖြင့် ကောင်းမွန်စွာ ပေါင်းသင်းဆက်ဆံသည်လည်းရှိသည်။ စားဝတ်နေရေး အဆင်ပြေပြီး သားသမီးများပင်ရကာ ဘ၀သစ်တွင် ပျော်မွေ့သော အမျိုးသမီးများမှာ အဆင်မပြေမှု၊ ဆင်းရဲကျပ်တည်းမှုများ ပြည့်နှက်နေသည့် ဘ၀ဟောင်းရှိရာ မိခင်နိုင်ငံသို့ပင် မပြန်လိုတော့။ ထိုကဲ့သို့ အမျိုးသမီးများအား တရုတ်ရဲများက တရုတ်နိုင်ငံသူမဟုတ်၍ ဖမ်းဆီးစစ်ဆေးပြီး မိခင်နိုင်ငံပြန်ပို့ချိန်တွင်
လူကုန်ကူးခံရမှုမှ လွတ်မြောက်လာသော်လည်း မပျော်နိုင်ဘဲ တရုတ်မှမိသားစုနှင့် ဘ၀သစ်ထံသို့သာ ပြန်သွားလိုကြသည်။
ခင်နုတစ်ယောက် မူဆယ်မြို့အနီးရှိ လူကုန်ကူးခံရသူများ စောင့်ရှောက်သည့်ဂေဟာတွင် တွေ့ခဲ့ရသော တရုတ်သို့ပြန်လိုသူ အမျိုးသမီးအချို့သည်လည်း ဘ၀သစ်က ဘ၀ဟောင်းထက် များစွာသာလွန်ပြီး၊ သားသမီးသံယောဇဉ်များကြောင့် ဖြစ်ပါသည်။
ရပ်ကွက်အတွင်း ကျပန်းဈေးရောင်းသလို တောင်ဥက္ကလာပရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်လုပ်သော ခင်နုတစ်ယောက် ၂၀၁၁ ခုနှစ် ဇူလိုင်လ၏ နေ့တစ်နေ့တွင် လမ်းထိပ်လက်ဖက်ရည်ဆိုင်၌ပြသော ဗီဒီယိုဇာတ်ကား ၀င်ကြည့်ရာမှ ဘ၀တစ်ဆစ်ချိုးခဲ့သည်။ ဇာတ်ကားကြည့်နေစဉ် ဘေးဝိုင်းရှိ မျက်မှန်းတန်းမိစ ကိုမွေခမ်းနှင့် မနော်မေတို့ လင်မယားနှစ်ဦးက စက်ရုံလက်ရှိလုပ်ခလစာမေး၍ နည်းလွန်းကြောင်းပြောကာ မန္တလေးရှိ အထည်ချုပ်စက်ရုံတွင် တစ်လကျပ်နှစ်သိန်းခွဲဖြင့် အလုပ်သွင်းပေးမည်ဟု ဆိုလာသည်။
 စာမတတ်ဘဲ လုပ်ချင်ရာဇွတ်လုပ်တတ်သော ကလေးတစ်ယောက်မိခင်ခင်နု သူမ(သူမ၏ အမျိုးသားနှင့် အိမ်ထောင်ကွဲနေသည်)က တစ်ထိုင်တည်းဆုံးဖြတ်၍ ထိုလင်မယားနောက်ကို ညတွင်းချင်းလိုက်ရာ မန္တလေးမရောက်ဘဲ တရုတ်သို့ရောက်သွားသည်။ တရုတ်ကျေးရွာတစ်ခုထိ သူ့အားခေါ်သွား၍ တရုတ်အမျိုးသားတစ်ဦးထံ ရောင်းစားရန် ခင်နုကိုပြ၍ ဈေးဆိုကြသည်။ အခြေအနေမှန် သိသွားပြီးနောက် ခင်နုက လူကုန်ကူးသော လင်မယားနှစ်ဦးဆန္ဒအတိုင်း တရုတ်အမျိုးသားနှင့် လက်ထပ်ပါမည်၊ သူမအဆင်ပြေရန် ၀တ်စုံသစ်ဝယ်ပေးရန် အချိုသပ်ပြောကြား၍ ထိုလင်မယားအ၀တ်အစား ထွက်ဝယ်စဉ် အိမ်၌ကျန်ခဲ့သော တရုတ်အဘွားအိုကို လှည့်စားကာ ထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်သည်။
“တစ်နာရီခွဲ၊ နှစ်နာရီလောက် ပြေးတယ်။ အဲဒီအိမ်မှာရှိတဲ့ ယောက်ျားကြီးတစ်ဦးက လက်ထဲအချွန်ကြီးကိုင်လာပြီး လိုက်လာတာကြောက်လို့ တအားပြေးတယ်။ လူတွေရှိတဲ့တစ်နေရာ သူကမီတော့ အုတ်ခဲကောက်ကိုင်ပြီး လာခဲ့ထုလိုက်မယ်ပြောတယ်။ ဘေးကလူတွေက ဒီအတိုင်းကြည့်နေတာ။ သူလည်း အနားမကပ်ရဲဘူး။ သူ့ကို မျက်ခြည်ပြတ်အောင် တစ်အိမ်ဝင် တစ်အိမ်ထွက်ပြေးရင်း တစ်အိမ်ရောက်တော့ မြန်မာကလေးအမေတစ်ယောက်က ပိုက်ဆံချေးပေးလို့ တက္ကစီငှားပြီး ခိုးပေါက်ကို ပို့ထွက်ပြေးခိုင်းလို့ လွှတ်လာတာ”ဟု ခင်နုက သူမအတွေ့အကြုံကို ပြန်ဝေမျှသည်။ သူမနယ်စပ်စည်းရိုး ခိုးကျော်သောနေရာမှာ ကျယ်ဂေါင်မြို့(တရုတ်ဘက်ခြမ်း)၊ မူဆယ်ကြားရှိ စည်းရိုးဖြစ်ပြီး ထိုမှတစ်ဆင့် မူဆယ်ရဲစခန်း၊ ထိုမှ လူကုန်ကူးခံရသူများ စောင့်ရှောက်သော ဂေဟာတွင် တစ်လ၀န်းကျင် နေခဲ့သည်။
ခင်နု ထိုဂေဟာတွင် ရင်းနှီးခဲ့သူတစ်ဦးဖြစ်သော ရှမ်းတိုင်းရင်းသူနန်းဝေ(အမည်ပြောင်းထား) မှာ တရုတ်ရဲက ဖမ်းပြီးပြန်ပို့၍ ဂေဟာသို့ရောက်လာခြင်းဖြစ်သည်။ နန်းဝေအသက်ငါးနှစ်ခန့်တွင် တရုတ်အမျိုးသမီးကြီးတစ်ဦးက မွေးစားမည်ဆိုပြီး တရုတ်ပြည်ခေါ်သွားကာ ၁၄ နှစ်အရွယ်ရှိသောအခါ တရုတ်အမျိုးသားတစ်ဦးထံရောင်း၍ အဓမ္မလက်ထပ်ခံခဲ့ရခြင်းဖြစ်သည်။ အိမ်ထောင်သက် ၆ နှစ်ခန့်ရှိပြီဖြစ်ပြီး အမျိုးသားက သူမအပေါ်ကောင်းသလို ကလေးတစ်ယောက်ရှိသည်။ ထို့ကြောင့် အသက်(၂၀)အရွယ် ကလေးမိခင်မှာ ကလေးကိုလွမ်း၍ မကြာခဏငိုသည်။
“စခန်းမှာတွေ့တဲ့ လူကုန်ကူး ခံရတဲ့သူတွေထဲမှာ ကလေးရခဲ့တဲ့ ကလေးမအေတွေ များတယ်။ တချို့က သူ့ကလေးကို မပြတ်နိုင်ဘူး။ သူ့ယောက်ျားကိုလည်း မပြတ်နိုင်ဘူး ဖြစ်နေကြတာ။ အညာကအမျိုးသမီး ၅ ဦး၊ ၆ ဦးရောက်လာတာလည်း တွေ့ရတယ်။ သူတို့ကကြောက်လို့ လမ်းကနေ လွတ်အောင်ပြေးလာတာ၊ တရုတ်နိုင်ငံမရောက်ဘူး။ အများစုကတော့ အသက်၂၀
ကျော် ၃၀ အတွင်းတွေပဲ။ ရှမ်းတွေ၊ ပလောင်တွေ၊ ဗမာအမျိုးသမီးတွေများတယ်။  ၁၇ နှစ်ပဲရှိသေးတဲ့ လှိုင်သာယာက ကောင်မလေးတစ်ယောက်လည်း တွေ့ခဲ့တယ်။ သူလည်း ယောက်ျားယူခံရတာပဲတဲ့။ သူကတအားဆော့တာ။ သူ့ယောက်ျားက ဆော့လွန်းလို့ မျက်စိနောက်တယ်ဆိုပြီး ပြန်ပို့တာလို့ ပြောတယ်”ဟု ခင်နုက လူကုန်ကူးခံရသူများ စောင့်ရှောက်သော ဂေဟာတွင် ကြုံခဲ့ရသည့် အတွေ့အကြုံကို ရယ်ရယ်မောမောပြောသည်။
အဓမ္မထိမ်းမြားလက်ထပ်မှုများတွင် မုဆိုးကိုယ်တိုင်၊ သားကောင်ဖြစ်ရသည်များလည်း ရှိသည်။ လူကုန်ကူးခံရသည်ဆိုသော အမျိုးသမီးကိုယ်တိုင်က လူပွဲစားနှင့် ကြိုတင်အကွက်ဆင်၍ တရုတ်အမျိုးသားထံ ရောင်းစားခံကာ ခေတ္တပေါင်းသင်းပြီးနောက် ထွက်ပြေးလာခြင်းမျိုးဖြစ်သည်။
“၂၀၁၀ နောက်ပိုင်းကစပြီး ပွဲစားက စစည်းရုံးကတည်းက တရုတ်အမျိုးသားနဲ့ လက်ထပ်ရမယ်။ ကျပ် ၁၀ သိန်း၊ ကျပ် ၁၅ သိန်းရမယ်။ ခြောက်လလောက်ပေါင်းပြီး ပြန်လာလို့ရမယ်။ ကလေးတစ်ဦး မွေးပြီးရင် ပြန်လာလို့ရမယ်ဆိုပြီး သဘောတူညီမှုနဲ့ ပို့ရောင်းစားတာတွေ တွေ့လာရတယ်”ဟု ဒုတိယရဲမှူးကြီးညွန့်လှိုင်က ပြောသည်။
“တစ်ခါတလေကျတော့လည်း အတိုင်းအတာတစ်ခုထိ တရုတ်တွေနဲ့ ယူရမယ်ဆိုတာ သိတယ်။ ပွဲစားကိုယ်တိုင်က သင်ပေးလိုက်တာမျိုးတွေ ရှိတယ်။ နင်တို့ပြန်ထွက်ပြေးလာလို့ ရတယ်။ ဘာညာဆိုပြီးတော့ပေါ့။ တချို့တရုတ်အမျိုးသားတွေလည်း အဲဒီလိုမျိုးမှာ ဒုက္ခရောက်တဲ့သူတွေရှိတယ်။ သူလယ်ရင် ကိုယ်ခံ၊ ကိုယ်လယ်ရင်လည်း သူခံသွားရတာမျိုးတွေ ရှိတာပေါ့နော်”ဟု ဒေါ်ဥမ္မာအိအိချောကလည်း သုံးသပ်ပြသည်။
စီးပွားရေးကျပ်တည်းမှုကြောင့် ထွက်ပေါက်အဖြစ် ပွဲစားနှင့်တိုင်ပင်ကာ ထိုသို့ပြုလုပ် ၀င်ငွေရှာဖွေမှုမှာ အဖြေကောင်းမဟုတ်ပါ။ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းများအတွက်လည်း ထိုအခြေအနေက အဟန့်အတားသစ် ဖြစ်လာစေသည်။
မြန်မာနိုင်ငံတွင် လူကုန်ကူးမှု ကာကွယ်တားဆီးတိုက်ဖျက်ရေးလုပ်ငန်းများမှာ အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုများအရ အောင်မြင်မှုများ ရရှိနေပြီဖြစ်သလို စိန်ခေါ်မှုများစွာလည်း ရှိပါသေးသည်။
အစိုးရက နိုင်ငံတကာလက်ခံသော လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေကို ၂၀၀၅ ခုနှစ်တွင် စက်တင်ဘာ ၁၃ ရက်က ပြဋ္ဌာန်းခဲ့ပြီးနောက် ၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ခြောက်နှစ်တာ ကာလအတွင်း လူကုန်ကူးမှု ၇၇၇ မှုကို ဖော်ထုတ်အရေးယူနိုင်ခဲ့သည်။ တရားခံ ၂,၁၆၄ ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး၊ လူကုန်ကူးခံရသူ ၁,၃၃၁ ဦးကို ကယ်တင်ပေးနိုင်ခဲ့သည်။
လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေအရ လူကုန်ကူးသူမှာ ပြစ်ဒဏ်ထင်ရှားလျှင် ထောင်ဒဏ်ငါးနှစ်မှ ဆယ်နှစ်အထိ ချမှတ်အရေးယူပြီး၊ အခြားပြစ်မှုများပါ ကျူးလွန်လျှင် အမြင့်ဆုံးသေဒဏ်အထိ ချမှတ်သည်ကို တွေ့ရသည်။
လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့က လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအထူးအဖွဲ့ ၂၄ ဖွဲ့ကို ဖွဲ့စည်းခြင်း၊ လူကုန်ကူးမှုနှင့် ပတ်သက်၍ ဆက်သွယ်သတင်းပေး တိုင်ကြားနိုင်ရန် အရေးပေါ်ဖုန်းနံပါတ်များ (Hot Line) ထားရှိပေးခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပညာပေးလုပ်ငန်း၊ ကြိုတင်ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည်တို့ကို ဆောင်ရွက်နိုင်ခဲ့သည်။ ထို့အပြင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော တရားမ၀င်မြန်မာအလုပ်သမားများအတွက် ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပေးခြင်းမှာလည်း လူကုန်ကူးကာကွယ်ရေး လုပ်ငန်းများအတွက် အထောက်အကူပြုသည်။
ထိုသို့ ဆောင်ရွက်ချက်များကြောင့် အမေရိကန်နိုင်ငံ၏ ၂၀၁၂ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာတွင် မြန်မာနိုင်ငံကို လူကုန်ကူးမှုအန္တရာယ် အများဆုံးနိုင်ငံများစာရင်းမှ အဆင့်မြှင့်၍ စောင့်ကြည့်အဆင့်-၂ သို့ သတ်မှတ်ပေးခဲ့သည်။
လူကုန်ကူးမှုမှာ မြန်မာနိုင်ငံကဲ့သို့ ဆင်းရဲသော နိုင်ငံများသာမက ချမ်းသာသောနိုင်ငံများ၌ပင် ဖြစ်ပွားသည်။ ကမ္ဘာတွင် နှစ်စဉ်လူ ၂ ဒသမ ၅ သန်း နေ့စဉ် ၆၈၀၀ လူကုန်ကူးခံနေရသည်။ ပြည်တွင်း၌ ဖြစ်ပွားသောလူကုန်ကူးမှုပုံစံများမှာ အဓမ္မထိမ်းမြားလက်ထပ်ခြင်း၊ ပြည့်တန်ဆာပြုခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခြင်း၊ ကလေးလူကုန်ကူးခြင်း၊ အဓမ္မတောင်းရမ်းခိုင်းခြင်း၊ အဓမ္မမွေးစားခြင်း၊ လိင်ခေါင်းပုံဖြတ်ခြင်းတို့ဖြစ်သည်။ အဓမ္မထိမ်းခြားလက်ထပ်ခြင်းမှာ အများဆုံးဖြစ်ပါသည်။
သို့သော် နိုင်ငံ့စီးပွားရေး ကျဆင်းနေခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါးနေခြင်း၊ လူကုန်ကူးမှု အများဆုံးဦးတည်ရာ တရုတ်နိုင်ငံတွင် ပွဲစားများနှင့် လူကုန်ကူးတရားခံများအား ထိရောက်စွာ ပြစ်ဒဏ်ချမှတ်သော ဥပဒေများ မရှိသေးခြင်း၊ လူကုန်ကူးခံရသူများကို ကယ်တင်ပြီးပါက ဘ၀ရပ်တည်နိုင်ရေးအတွက် မဆောင်ရွက်ပေးနိုင်သေးခြင်း၊ လူကုန်ကူးမှုနှင့် ပတ်သက်၍ လူအများစု ဗဟုသုတနည်းနေခြင်း ပြည်တွင်း၌ဖြစ်သော လူကုန်ကူးမှုများ တိုးလာခြင်း စသည်တို့မှာလည်း စိန်ခေါ်ချက်များဖြစ်ပါသည်။
အစိုးရသစ်လက်ထက်တွင် ပေါ်ပေါက်လာသော လွှတ်တော်များမှာလည်း တစ်ကြိမ်ထက်တစ်ကြိမ် မေးခွန်း၊ အဆို၊ ဥပဒေကြမ်းများ ပိုမိုတင်သွင်း ဆွေးနွေးလာသော်လည်း ယနေ့အထိ လူကုန်ကူးမှုနှင့် ပတ်သက်၍ ဆွေးနွေးမှုလုံးဝမရှိသေးပေ။ လူကုန်ကူးမှုမှာ စီးပွားရေးနိမ့်ကျမှုကြောင့် ပေါ်ထွက်လာသော ပြဿနာတစ်ရပ်ဖြစ်ပြီး၊ စီးပွားဖွံ့ဖြိုးအောင် လုပ်နိုင်သည်နှင့် ထိုပြဿနာဖြေရှင်းပြီး ဖြစ်မည်ဟုလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကပြောသည်။
လူကုန်ကူးသူများလက်မှ စွန့်စွန့်စားစား ထွက်ပြေးလွတ်မြောက်လာသော်လည်း ခင်နုတစ်ယောက် ရန်ကုန်ပြန်ရောက်၍ ကိုးလကြာသည့်တိုင် အသက်မွေးဝမ်းကျောင်းအတွက် အလုပ်တစ်ခုရရန် သူမစွမ်းဆောင်နိုင်သေးပါ။ သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း သူ့ကို ထောက်ပံ့ကြေးငါးထောင်ပေး၍ အိမ်အရောက် ကောင်းမွန်စွာ စောင့်ရှောက်ပို့ဆောင်ပေးခဲ့သည်။ အလုပ်ရရန်တော့ ကူညီနိုင်မည့်သူ မရှိသေးပါ။ ဆွေမျိုးများ မရှိတော့သော နန်းဝေတစ်ယောက် ဘယ်ဆီရောက်နေသည်ကို ခင်နုလည်းမသိတော့ပါ။
ရေးသားသူ-အားမာန်
by 7Day News Journal
ဗိုလ်ချုပ်ကြေးရုပ် အလေးပြုခွင့်မပြု
အမျိုးသားခေါင်းဆောင် မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
အာဇာနည်နေ့မှာ ပဲခူးမြို့ ဗိုလ်ချုပ်ကြးရုပ်ရှေ့မှာ အလေးပြု ပန်းခွေချဖို့ ပဲခူးမြို့ အန်အယ်လ်ဒီ အဖွဲ့ဝင်တွေက ခွင့်ပြုချက် တောင်းခဲ့တာကို အာဏာပိုင်တွေက ဒီကနေ့ ငြင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် (၆) ရက်နေ့က မိမိတို့ တင်ပြခဲ့တာကို ဒီကနေ့ မနက်(၁၀) နာရီမှာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းနဲ့ အတူ မြို့နယ်ရဲမှူး၊ စည်ပင်ဦးစီးမှူးနဲ့ မြို့နယ်ဥပဒေ အရာရှိတို့က NLD အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးထွန်းမင်း၊ ဦးဗလ၊ ဦးမင်းသိမ်းနဲ့ မိမိ အပါအဝင် (၄) ဦးကို ခေါ်ယူပြောဆိုခဲ့ကြောင်း ပဲခူး NLD လုံခြုံရေးတာဝန်ခံ ကိုအေးမင်းဦး(ခေါ်) ကိုဂျမားက ပြောပါတယ်။
“မြို့နယ်အုပ်ချုပ်ရေးမှူးက အာဇာနည်နေ့ကိုတဲ့ ဗိုလ်ချုပ်ကြေးရုပ်မှာတဲ့ လုပ်ဖို့အတွက် ခွင့်မပြုဘူးလို့ ကျွန်တော်တို့ကို ပြောတယ်ဗျ။ ဘာကြောင့် ခွင့်မပြုဘူးဆိုတာ ဗိုလ်ချုပ်ကြေးရုပ်ကတဲ့ အမှတ်တရ ဖြစ်တယ်တဲ့၊ လွမ်းသူ့ပန်းခွေ ချခွင့်နေရာ မဟုတ်ဘူးပေါ့နော်။ ပဲခူးမြို့မှာ အာဇာနည်နေ့အတွက် အထိမ်းအမှတ် လုပ်ထားတဲ့ ကြေးရုပ်လည်းမဟုတ်ဘူးပေါ့နော်။ မြို့လည်က ကြေးရုပ်ကို ထုထားတာပဲ ရှိတယ်။ အာဇာနည်နေ့ အထိမ်းအမှတ်အနေနဲ့ လုပ်ထားတာမဟုတ်ဘူး။ အဲဒီအတွက် သူတို့အနေနဲ့ လွမ်းသူ့ပန်းခွေ ချခွင့်မပေးနိုင်ဘူး။ အလေးပြုခွင့် မပေးနိုင်ဘူးလို့ ကျွန်တော်တို့ကို ပြောတယ်။ ဒီဗိုလ်ချုပ်ကြေးရုပ်မှာမှ ကျွန်တော်တို့က လွမ်းသူ့ပန်းခွေမချ အလေးမပြုရရင် ကျွန်တော်တို့က ဘယ်နေရာ သွားလုပ်ရမှာတုန်း။ ဒါဆိုခင်ဗျားတို့ အာဏာပိုင်က သတ်မှတ်ပေး။ ဘယ်နေရာမှာ လုပ်ပါဆို ကျွန်တော်တို့ လာလုပ်မယ်ဆိုတော့လည်း ဒါကတော့ ကိုယ့်ဘာသာ စဉ်းစားပါတဲ့”
သက်ဆိုင်ရာက ခွင့်မပြုတဲ့အတွက် ပဲခူး အန်အယ်လ်ဒီအနေနဲ့ အာဇာနည်နေ့ အခမ်းအနားကို မြို့နယ်ပါတီ ရုံးမှာပဲ သံဃာတော်တွေကို ဆွမ်းကပ်လှူကာ ဟောပြောပွဲ ကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
RFA Burmese
မစိုးရိမ်ဆရာတော် ဦးဝီရသူနဲ့ ၈၈ အဖွဲ့တို့ စစ်တွေမြို့ရောက်ရှိ
၂၀၁၂ ခုနှစ် မတ်လ ၂၂ ရက်တွင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်က အရှင်ဝီရသူနှင့် သံဃာတော်များ မန္တလေး မဟာမြတ်မုနိဘုရား၌ ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်နေစဉ်။
မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူဟာ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေနဲ့ တွေ့ဆုံဖို့အတွက် တပည့် သံဃာတော် (၃) ပါးနဲ့အတူ ဒီကနေ့ နေ့လည်ပိုင်းက စစ်တွေမြို့ကို ရောက်ရှိလာပါတယ်။
ဆရာတော်ဟာ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် ခရီးစဉ်အတွင်းမှာ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်ခဲ့ကြတဲ့ ပြည်သူတွေကို အားပေးစကားပြောဖို့နဲ့ ဒုက္ခသည်တွေ လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း သွားရောက် လှူဒါန်းသွားဖို့ရှိပြီး ပဋိပက္ခအတွင်း သေဆုံးသွားခဲ့ကြတဲ့ သူတွေကို ရည်စူးပြီးတော့ ရေစက်ချ အမျှဝေကာ အလှူအတန်းတွေ ပြုလုပ်သွားဖို့ ရှိတယ်လို့ RFA ကို မိန့်ကြားပါတယ်။
ဆရာတော် ဦးဝီရသူဟာ စစ်တွေမြို့ အလိုတော်ပြည့်ကျောင်းမှာ သီတင်းသုံးလျှက် ရှိနေပြီး ရခိုင်ပြည်နယ်မှာ သီတင်းတစ်ပတ် ကြာမယ်လို့လည်း သိရပါတယ်။
ဒီအတောအတွင်း ရခိုင်ပြည်နယ်အတွင်း ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ထောက်ပံ့ကူညီဖို့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က ဦးကိုကိုကြီး (စမ်းချောင်း)၊ ကိုအံ့ဘွယ်ကျော်၊ မနီလာသိန်းနဲ့ မမီးမီးတို့ စစ်တွေမြို့ကို မနေ့က နေ့လည်ပိုင်းမှာ ရောက်ရှိသွားပြီး ဒီနေ့ မနက်ပိုင်းမှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် စစ်တွေမြို့ကို ရောက်ဖို့ ရှိတယ်လို့ သိရပါတယ်။
၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ နေရာတွေနဲ့ ဒုက္ခသည် စခန်းတွေကို သွားရောက်မှာ ဖြစ်တဲ့အတွက် အစီအစဉ်တွေ ကြိုတင်ရေးဆွဲဖို့ ဦးကိုကိုကြီး ဦးဆောင်တဲ့ အဖွဲ့က စစ်တွေမြို့ကို ဦးစွာရောက်ရှိနေတာ ဖြစ်ပါတယ်။
RFA Burmese
ပုဂ္ဂိုလ်စွဲ ပါတီစွဲ မရှိလို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၀ ရက်က လွှတ်တော်၌ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအောင်ကို၊ ဦးသန်းထွန်းနှင့် အဖွဲ့ဝင်များအား မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တွေ့ရစဉ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ လွှတ်တော်ရေးရာတွေမှာ ပုဂ္ဂိုလ်စွဲ ပါတီစွဲမထားဘဲ တိုင်းပြည်ကောင်းကျိုးအတွက်ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က
 ပြောကြားလိုက်ပါတယ်။
လွှတ်တော်တွင်း ဥပဒေရေးရာတွေနဲ့ ပတ်သက်ပြီး ပူးပေါင်းပါဝင် ဆွေးနွေးဖို့ တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအောင်ကိုက ဖိတ်ခေါ်ပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုတာဖြစ်ကြောင်း NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။
"သူရ ဦးအောင်ကိုက အဲဒီမှာ သူက အစ်မကြီးရဲ့ ပြည်ပခရီးစဉ်က အရမ်းကို အောင်မြင်ပါတယ်တဲ့။ ပြည်သူလူထုကလည်း အရမ်းကို ကြိုက်ကြပါတယ်တဲ့။ ဒါကို ဗီဒီယိုကို ကြည့်ပြီးတော့၊ အဲဒီလိုပြောတယ်ခင်ဗျ။ နောက်ပြီးတော့ လွှတ်တော်မှာ ဥပဒေကြမ်းနဲ့ ဘာနဲ့ ပတ်သက်လို့ ဥပဒေတွေရဲ့ ကိစ္စနဲ့ပတ်သက်လို့ရှိရင်လည်း ပြင်ချင်တာ၊ ဆင်ချင်တာတို့ ဥပဒေ ကိစ္စတွေ၊ ဘာတွေ ကျွန်တော်တို့ကို ပြောလို့ရပါတယ်တဲ့။ ပြောပါတဲ့။ ဥက္ကဋ္ဌက ပြန်ပြီး ဆွေးနွေးတာကတော့ ကျွန်မတို့က လူပုဂ္ဂိုလ်က အဓိက မကျပါဘူးတဲ့။ ဘယ်ပါတီ၊ ညာပါတီဆိုတာ အဓိက မကျပါဘူးတဲ့။ တိုင်းပြည်ကောင်းဖို့ ဝိုင်းလုပ်ကြဖို့ပဲ၊ မှန်တာကို မှန်တဲ့အတိုင်း၊ အကုန်လုံးက မှန်တဲ့ အပေါ်မှာ တူညီစွာ ရပ်တည်ပြီးတော့ တူတာကို တွဲပြီးတော့ ဆောင်ရွက်ကြမယ်ဆိုရင် ဒါ အကုန်လုံး ရှေ့တိုးတက် သွားကြမှာပါတဲ့ အဲဒီလိုပြောသွားပါတယ်"
တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအောင်ကို၊ ဦးသန်းထွန်းနဲ့ အဖွဲ့ဝင်တွေက လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာ
 ဖြစ်ကြောင်း သိရပါတယ်။
RFA Burmese
သာသနိကအဆောင့်အဦးအား အဓမ္မ လုယူနေ
 ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ရွှေဂူရပ်ကွက်အမှတ်(၇၇) လမ်းရှည်လမ်းနှင့် ပန်းဆိုးတန်း
လမ်းထောင့်ရှိ တနင်္ဂနွေ ဆွမ်းလောင်းအသင်းပိုင်ဖြစ်သောအောင်ခြင်းဓမ္မာရုံ အတွင်း၌
ခေတ္တထားသောအရံမီးသတ်တပ်ဖွဲ့ တပ်စု(၇) မှ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ
လျှက်ရှိသောကြောင့် ဆွမ်းလောင်းအသင်းမရှိပါကမြို့ပေါ်ရှိစာသင်တိုက်များအပါအ၀င်
တောရကျောင်းများမှ  သံဃာတော်အပါးနှစ်ထောင်ကျော်တို့၏ အာရုဏ်ဆွမ်းကိစ္စအား
မြို့ခံပြည်သူများမှ စိုးရိမ်လျှက်ရှိကြောင်းသိရှိရပါသည် ။
တနင်္ဂနွေ ဆွမ်းလောင်းအသင်းပိုင်သာသနိကအဆောင့်အအုံဖြစ်သော အောင်ခြင်းဓမ္မာရုံကို
ဘုန်းတော်ကြီးဦးဥေယျ ဦးစီးသော မြို့ခံပြည်သူများနှင့် ရွှေပိတုန်းမိသားစုတို့မှ (၁၇ . ၁၁ .
၂၀၀၃)ရက်နေ့တွင် ဇောတိကာရုံ စာသင်တိုက်အတွင်း၌ ဆွမ်းလောင်းအသင်းမှ သြ၀ါဒ ဆရာတော်ကြီးများရှေ့မှောက်တွင်တနင်္ဂနွေဆွမ်းလောင်းအသင်းပိုင်သာသနိက
အဆောက်အအုံအဖြစ် ရေစက်သွန်ချ၍ လှူဒါန်းခဲ့ပါသည် ။
ထိုဆွမ်းလောင်းအသင်းပိုင်အဆောက်အဦးအတွင်း၌ ရွှေဂူရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့မှ
မီးသတ်ကားအားထားစရာနေရာမရှိသည့်အတွက်ကြောင့် မီးသတ်ကားနှင့်အတူ
မီးသတ်တပ်ဖွဲ့ဝင်များအားခေတ္တခဏ နေခွင့်ပြုရန် တောင်းပန်သောကြောင့်ဆွမ်းလောင်း
အသင်းအဖွဲ့ဝင်များမှ ခွင့်ပြုပေးပြီးနေထိုင်ခွင့်ပြုထားခဲ့ပါသည် ။
ထိုသို့နေထိုင်ခွင့်ရ၍ မီးသတ်တပ်ဖွဲ့များမှာ သာသနာပိုင်အဆောက်အဦးအတွင်း၌ မလျှော်ကန်
သော ပြုမူနေထိုင်မှုများကိုတွေ့ရှိရ၍ဆွမ်းလောင်းအသင်းမှထိုသို့ မလျှော်ကန်သော ပြုမူနေထိုင်
မှုများအားဆင်ချင်သင့်ကြောင့်  မိမိတိုဆွမ်လောင်းအသင်းသည်ဘာသာရေးအသင်း ဖြစ်ကြောင်း
 မြို့ပေါ်ရှိ စာချစာသင်သံဃာတော်ပါးအပါး (၂၀၀၀) ကျော်အား အလှူရှင်အများစု၏ စေတနာဖြင့်
ဆွမ်းလောင်းလှူနေသောသာသနာပြုအဖွဲ့ဖြစ်ကြောင်း ရှင်းပြ၍ တားမြစ်သော်လည်း ရပ်တန့်မှု
မရှိပဲ ပို၍ ရမ်းကားသောပြုမူနေထိုင်မှုများနှင့်နေထိုင်လျှက်ရှိသောကြောင့် မီးသတ်တပ်ဖွဲ့အား
ဖယ်ရှားခိုင်းသော်လဲဖယ်မပေးသည့်အပြင်ဆွမ်းလောင်းအသင်းသားများကိုပါရန်ပြုလာသည့်
အတွက် သက်ဆိုင်ရာအာဏာပိုင်အဆင့်ဆင့်သို့ တင်ပြ အကူညီတောင်းခဲ့ရာတွင်လည်း
အကြောင်းမထူးခဲ့ပါ ။
 ထိုသို့အကြောင်းမထူးရခြင်းမှာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အာဏာပိုင်အဖွဲ့အစည်းတို့မှ
ကာကွယ်ပေးထားသောကြောင့်ဟုသိရပါသည် ။  ထိုမျှမကသေးပဲ မြို့နယ်အုပ်ချုပ်ရေးမှူး၏
အကာအကွယ်ဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ မီးသတ်တပ်ဖွဲ့မီးသတ်ကားထားရန်အတွက်
 သတ်မှတ်ပေးထားသော မြေနေရာအား အခကြေးငွေယူလျှက် ဂိမ်းဆိုင်အား
ငှားရမ်းနေထိုင်ခိုင်းလျှက်ရှိကြောင်းသိရပါသည် ။
ထိုသို့ ဖြစ်စဉ်များဖြစ်ပွါးလျှက်ရှိစဉ်အတွင်း မြို့နယ်အုပ်ချုပ်ရေးမှူး၏ အမိန့်ဟူ၍သုံးကာ
ဆွမ်းချက်ဓမ္မာရုံအားအဓမ္မပိတ်သိမ်းခိုင်းပြီး  ဆွမ်းလောင်းအသင်းကိုပါဖျက်သိမ်းခိုင်းပါတော့သည် ။
ထိုသို့ တနင်္ဂနွေ ဆွမ်းလောင်းအသင်းအားဖျက်သိမ်းခိုင်းသောကြောင့် ပြည်မြို့ပေါ်ရှိ
ဆွမ်းလောင်းအသင်း (၇) သင်းနှင့်ဗဟိုဆွမ်းလောင်းအသင်း  ဆွမ်းလောင်းအသင်း သြ၀ါဒ
 ဆရာတော်ကြီးများနှင့် အလှူရှင်  မြို့သူမြို့သားများမှာ  စာချစာသင် သံဃာတော်အပါး (၂၀၀၀)
ကျော်တို့၏ အာရုံဆွမ်း အလှူခံရရှိရေးအတွက်စိုးရိမ်ပူပန်မိကြသလို သာသနာပိုင်အဆောက်
အဦးအား  အာဏာအလွဲသုံစားလုပ်၍ အဓမ္မ လုယူနေသော ဖြစ်ရပ်အတွက် တာဝန်ရှိသူများမှ
တရားမျှတစွာ ဖြေရှင်းပေးကြစေလိုကြောင်း ဆန္ဒ ရှိနေကြပါသည် ။
ပြည်မြို့ ခံတဦးပေးပို့ ထားတာပါ။
ဒုသမ္မတ နေရာ ဦးမြင့်ဆွေကို ဘာကြောင့် ရွေးတာလဲ
ဦးတင်အောင် မြင့်ဦး ကျန်းမာရေး အကြောင်းပြပြီး ဒုသမ္မတ ရာထူးက နေ အနားယူ
လောလောဆယ် လစ်လပ် နေတဲ့ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်ရဲ့ ဒုတိယ သမ္မတ ရာထူး နေရာမှာ တစ်ပြေး နေသူ အတော် များများ ထဲက ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေကို တပ်မတော်သား ကိုယ်စားလှယ်တွေ ဘက်က လျာထား တယ်လို့ သိရပါတယ်။
သူဟာ သဘောထား တင်းမာသူ ဖြစ်တယ်၊ အရင် စစ်ခေါင်း ဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နဲ့ အလွန် နီးစပ်သူ ဖြစ်တယ်လို့ လူသိများပါတယ်။
စစ်တက္ကသိုလ် သင်တန်းဆင်း အပတ်စဉ် အရ သူ့ထက်ပိုပြီး ရှေ့ကျတဲ့ ဝါရင့်တဲ့ စစ်ဗိုလ်ချုပ်ကြီး တွေကို ခန့်ထားမယ့် အစား ဦးမြင့်ဆွေကို ရွေးချယ် တာဟာ အကြောင်း အမျိုးမျိုး ရှိနိုင်တယ်လို့ NDD ဒီမိုကရေစီနဲ့ ဖွံ့ဖြိုး တိုးတက်ရေး အင်အားစုက သုတ သနမှူး ဦးဌေးအောင်က ပြောပါတယ်။
ဒုတိယ သမ္မတ ရာထူး နေရာ အတွက် ဦးမြင့်ဆွေဟာ သင့်တော်သူ ဖြစ်တာက တစ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မိသားစုနဲ့ နီးစပ် တာက တစ်ကြောင်းကြောင့် ရွေးတာ ဖြစ်နိုင် တယ်လို့ သူက ပြောပါတယ်။
စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အပတ်စဉ် ၁၅ ဆင်းသူ ဖြစ်တဲ့ ဦးမြင့်ဆွေရဲ့ သင်တန်းဆင်း အပြီး စစ်မှုထမ်း ကာလ တစ်လျှောက်ကို ပြန်ကြည့်ရင် ရန်ကုန်တိုင်း တစ်ခုလုံးကို အနီးကပ် လုံခြုံရေး တာဝန်ယူရတဲ့ တပ်မ ၁၁ တပ်မမှူး၊ ရန်ကုန်တိုင်း တိုင်းမှူး၊ စစ်ဘက်ရေးရာ လုံခြုံရေး အကြီးအကဲ စတဲ့ အရေးပါတဲ့ ရာထူး နေရာတွေ ရယူခဲ့ပါတယ်။
အဲဒီလို ရာထူး မျိုးဟာ စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယုံကြည် စိတ်ချသူ သူ့ရဲ့ လူယုံ လူရင်းတွေသာ ရလေ့ရှိတဲ့ နေရာမျိုးလို့ ဦးဌေးအောင်က ပြောပါတယ်။
ဒါကို ကြည့်ရင် လက်ရှိ အစိုးရ အဖွဲ့ အပေါ်ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သြဇာ လွှမ်းမိုးမှု ရှိနေသေးတယ် ဆိုတာ ပြသ နေတယ်လို့ လည်း သူက ပြောပါတယ်။
ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေဟာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် အပါအဝင် ကကလှမ်း ဌာနချုပ်ကို ဝင်စီးနင်းတဲ့ ကိစ္စ၊ ၂၀၀၇ သံဃာ့ လှုပ်ရှားမှုကို နှိမ်နင်းရာမှာ အမိန့်ပေးခဲ့တဲ့ ကိစ္စ၊ မကြာသေးခင်က သတင်းစာ ဂျာနယ် သမားတွေကို ခြိမ်းခြောက် သတိပေး ခဲ့တဲ့ ကိစ္စတို့ကို ကြည့်ရင် အထက်က ပေးခဲ့တဲ့ အမိန့်အတိုင်း လိုက်နာ လုပ်ဆောင်သူ တစ်ယောက် ဖြစ်တယ်လို့ ဦးဌေးအောင်က ပြော ပါတယ်။
ဘီဘီစီ - မြန်မာပိုင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ နှင့် ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး တို့တွေ့ဆုံ
 ထို့သို့တွေ့ဆုံရာတွင် အခုလိုတွေ့ဆုံရတဲ့အတွက် ဘယ်လိုမြင်ပါသလဲဟု ဦးဌေးဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ရန်ကုန်မီဒီယာ ဂရုပ်မှ မေးမြန်းရာ ပြည်ခိုင်ဖြိုးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက--
သတင်းအပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ နှင့် ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူးတွေ့ဆံ
ထိုင်းနိုင်ငံသား ၆၁ ဦးကို ဥပဒေ အရ အရေးယူသွားမယ်
မြန်မာနိုင်ငံ ဘက်ခြမ်းကို တရားမဝင် ဝင်ရောက်ပြီး ရော်ဘာစိုက်ခင်းတွေ စိုက်ပျိုးနေတဲ့ ထိုင်းနိုင်ငံသား ၆၁ ဦးကို ဥပဒေ အရ အရေးယူသွားမယ်လို့ ဒီကနေ့ထုတ် အစိုးရ သတင်းစာက ရေးသားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နဲ့ ၅ ရက် မှာ ထိုင်း-မြန်မာ နယ်စပ် ကပ်လျက်မှာ
ရှိတဲ့ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်အတွင်း အစိုးရ စစ်ကြောင်းက နယ်မြေ စိုးမိုးရေး ရှင်းလင်းစဉ်မှာ စီးပွားဖြစ် ရော်ဘာစိုက်ခင်းတွေ စိုက်ပျိုးကြတဲ့ ထိုင်းနိုင်ငံသားတွေကို လက်နက်ခဲယမ်း တွေနဲ့အတူ ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးထားတဲ့ ထိုင်းနိုင်ငံသား ၆၁ ယောက်မှာ အမျိုးသား ၅၂ ဦးနဲ့ အမျိုးသမီး ၉ ဦး ပါဝင်ပါတယ်။ သူတို့ကို ဥပဒေကြောင်း အရ အရေးယူသွားမှာ ဖြစ်သလို ဒီကိစ္စအတွက် ထိုင်းအစိုးရနဲ့ သံတမန်ရေးအရ ဖြေရှင်း ဆောင်ရွက်သွားမယ် လို့ သိရပါတယ်။
ထိုင်း ဒုတိယ ဝန်ကြီးချုပ် Yuththasak က ထိုင်းနိုင်ငံသား ၄၉ ဦး ဖမ်းဆီးခံထားရကြောင်း၊ သူတို့ဟာ ရော်ဘာ စိုက်ခင်း၊ ဆေးခြောက်စိုက်ခင်း အပြင် လက်နက်ခဲယမ်းတွေပါ ကိုင်ဆောင်ထားကြကြောင်း အတည်ပြု ပြောဆိုပါတယ်။
သမ္မတ ဦးသိန်းစိန် ထိုင်းနိုင်ငံကို မလည်ပတ်ခင်မှာ သူတို့ အားလုံး လွတ်မြောက် လာမယ်လို့ မျှော်လင့်ကြောင်းလည်း ထိုင်း ဒုတိယ ဝန်ကြီးချုပ်က ပြောပါတယ်။
မြန်မာဘက်ခြမ်းမှာ ဒီထိုင်းနိုင်ငံသားတွေ တရားမဝင် စိုက်ပျိုးထားတဲ့ ရာဘာစိုက်ခင်း မြေတွေကို တရားဝင် ငှားရမ်း စိုက်ပျိုးနိုင်ဖို့အတွက် မိမိအနေနဲ့ လာမယ့် ဇူလိုင်လ ၁၃ ရက်နေ့ မြန်မာနိုင်ငံကို လည်ပတ်တဲ့
အခါ ဆွေးနွေးမယ်လို့လည်း ထိုင်း ဒုတိယ ဝန်ကြီးချုပ်က ပြောပါတယ်။
RFA Burmese
မရမ်းကုန်းရဲစခန်း၌ လူသတ်မှုအားစစ်နေစဉ် စစ်ဆေးခံနေရသူ တစ်ဦး သေဆုံး
မရမ်းကုန်းမြို့နယ်ရဲစခန်းမှ ဇွန်လအတွင်းက သေဆုံးခဲ့ သောမပိုပိုးမော်၏  အမှုအား စစ်ဆေးစဉ် အစစ်ဆေးခံနေရသူတစ်ဦးမှာ ရဲစခန်း၌ပင်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာသေဆုံးသူကိုကုလားကြီးအားမရမ်းကုန်းရဲစခန်းမှဇူလိုင်လ(၅)ရက်နေ့ မှစတင်၍ မပိုးပိုးသတ်ခံရမှုနှင့်---
သတင်းအပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
တပ်မတော်သား (၂၅)ရာခိုင်နှုန်းမှ ရွေးချယ်တင်မြှောက်သည့် ဒု.သမ္မတအား ကန့်ကွက်ခွင့်ပြု
“ဒု.သမ္မတ နေရာရွေးချယ်ခွင့်ရှိတာက တပ်မတော်သား ၂၅ခိုင်နူန်းကပါ။ သူတို့ရွေးချယ်တဲ့ သူကိုတော့ လွှတ်တော်ထဲမှာ ကန့်ကွက်လို့ရပါတယ်။ ကန့်ကွက်ရတဲ့အကြောင်းအရာကိုတော့ ခိုင်လုံတဲ့အချက်အလက်၊ အကြောင်းပြချက်ကိုတော့ တပ်ပြဖို့လိုတယ်”ဟု---
သတင်းအပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
နေပြည်တော် ဒုတိယနေ့ လွှတ်တော်တက်ပြီးနောက် လွှတ်တော်ဆင်းလာတဲ့ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးတို့ဟာ ရင်းနှီးခင်မင်စွာ လက်ဆွဲ နှုတ်ဆက်ခဲ့ကြပါတယ်။
ဓါတ်ပုံ BBC Burmese
ဒုသမ္မတနေရာအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေကို တင်သွင်းပြီဟုဆို
လစ်လပ်သွားသည့် ဒုတိယ သမ္မတ သီဟသူရတင်အောင်မြင့်ဦး နေရာသို့ အစားထိုးရန်အတွက် တပ်မတော်သား ကိုယ်စားလှယ်များက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေကို စာရင်းတင်သွင်းလိုက်ပြီဖြစ်ကြောင်း တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တစ်ဦးက---
သတင်းအပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 
မြန်မာနိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း နော်ဝေအစိုးရ ကူညီမည်
နော်ဝေ အစိုးရက မြန်မာ့ ခရီးသွားလုပ်ငန်းကို အကူအညီ ပေးမယ်ဆိုတာ မှန်ကန်ကြောင်း ဟိုတယ်နဲ့ ခရီးသွားလာရေး ဒုတိယ ဝန်ကြီး ဦးဌေးအောင်က အတည်ပြု ပြောတယ်လို့ သိရပါတယ်။
ဘယ်လို အကူအညီတွေ ပေးမယ် ဆိုတာကိုတော့ အသေးစိတ် ထုတ်ဖော်
ပြောဆိုခြင်း မရှိပါဘူး။
ဒါပေမယ့် လာမယ့် နှစ်အနည်းငယ် အတွင်း ရန်ကုန်ကနေ မိုင် ၃ဝ နီးပါး
ဝေးတဲ့ ပဲခူးမြို့နယ် အနီးမှာ နိုင်ငံတကာ အဆင့်မီ လေဆိပ် တည်ဆောက်
မယ်လို့ ဒုတိယ ဝန်ကြီး ဦးဌေးအောင်က ပြောဆိုကြောင်း သိရပါတယ်။
မြန်မာနိုင်ငံကို လာရောက် လည်ပတ်တဲ့ ကမ္ဘာလှည့် ခရီးသွားတွေ များလာနေတာကြောင့် ပြည်တွင်းမှာ ဟိုတယ်ခန်းတွေ အလုံအလောက် ဝန်ဆောင်မှု မပေးနိုင်သေးဘူးလို့ ဟိုတယ်နဲ့ ခရီးသွားလာရေး ဒုတိယ ဝန်ကြီး ဦးဌေးအောင် က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ညိနှိုင်း ဆွေးနွေးပွဲတခုမှာ ပြောခဲ့ပါတယ်။
RFA Burmese
ယနေ့ လွှတ်တော်တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ)
 ယနေ့ ဇူလိုင်လ ၁၀ ရက် နံနက်ပိုင်းက ပြည်သူ့လွှတ်တော် ပထမအကြိမ်စတုတ္တပုံမှန်အစည်းအဝေး ပဉ္စမနေ့သို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည် ။ ဓါတ်ပုံပေါင်း(၁၁) ပုံကို တင်ပြထားပါ
တယ်။
ဓါတ်ပုံများ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
လယ်ယာမြေပြဿနာ မှတ်တမ်းကားကို ဆက်လက်ရိုက်ကူးသွားမည်ဟု ဒါရိုက်တာဝိုင်း ပြောကြား
ဒါရိုက်တာ ၀ိုင်းက လယ်သမားတွေရဲ့ ဘ၀အကြောင်းနဲ့ လယ်ယာမြေပြဿနာ အကြောင်း မှတ်တမ်းကားအတွက် သူ ရိုက်ကူး ထားတဲ့ အချက်အလက်တွေကို ပြီးခဲ့တဲ့လက ပြင်ဦးလွင်မှာ ဖျက်ဆီးခံလိုက်ရတဲ့အပေါ် တစ်စုံတစ်ရာတုံ့ပြန်မှု ပြုလုပ်သွားမှာ မဟုတ်သလို မှတ်တမ်းကားကိုလည်း ပြီးဆုံးတဲ့အထိ---
 သတင်းအပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 
ကျောက်ဖြူတွင် ကျောင်းသား ၁၀၀ ကျော် ဆန္ဒပြ
ကျောက်ဖြူမြို့နယ်မှ ကျောင်းသား ၁၀၀ ကျော်ခန့်သည် သူတို့ ကျောင်းတက်နေသော ကားလမ်း ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်းကြောင့် ပျက်စီးသွားသည်ကို မကျေနပ်သဖြင့် ယနေ့နံနက်က ဆန္ဒပြခဲ့ကြ သည်။
ဆန္ဒပြ ကျောင်းသားများသည် ကျောင်းဝတ်စုံများကို ဆင်တူ ၀တ်ဆင်ပြီး ပိုစတာများကို ကိုယ်စီကိုင်ဆောင် ကာ ငလကျွန်းမှ ဂုံးရှိန်ကျေးရွာ သို့ သွားသည့် ကားလမ်းတလျှောက် ချီတက်ကာ ဆန္ဒပြခဲ့ကြသည်ဟု ဆိုသည်။ အဆိုပါ ကားလမ်းဘေးတွင် ဒေ၀ူး ကုမ္ပ္ပဏီ အပါအ၀င် နိုင်ငံခြား ကုမ္ပ္ပဏီ အများအပြား၏ ရုံးများ တည်ရှိကြောင်း သိရသည်။
“ ကျောင်းသားတွေက လမ်းကို ပြန်လည် ပြုပြင်ပေးပါ။ ကျောင်းသားတွေ လိုလား ချက် ဖြည့် ဆည်းပေးပါ ဆိုပြီး စာသားတွေရေးထိုးထားတဲ့ ပိုစတာတွေကို ကိုယ်စီကိုင်ပြီး ဒီကနေ့ နံနက် ၇ နာရီခွဲမှာ ဆန္ဒပြတောင်းဆို ခဲ့ကြတာကို တွေ့ရပါတယ်” ကျောင်းသားမိဖတစ်ဦးက ပြောသည်။
ကျောင်းသားများ အသုံးပြုနေသော ငလကျွန်းမှ ဂုံးချိန်ကျေးရွာသို့ သွားသော လမ်းသည် ယခင်က ဆိုင်ကယ်၊ ထော်လာဂျီ၊ စက်ဘီးများကို အသုံးပြုပြီး သွားလာနိုင်သော်လည်း ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းမှ ဒေ၀ူး ကုမ္ပ္ပဏီနှင့် အိန္ဒိယ ကုမ္ပ္ပဏီမှ ကားကြီးများ အသုံးပြုပစ်ခဲ့သဖြင့် သွားလာ၍ မရအောင် ပျက်စီးနေပြီး ရွံ့နွံများမှာ ဒူးဆစ်ထိ နစ်နေကြောင်း သိရသည်။
“ ကျောင်းသားတွေရော၊ ဆရာ ဆရာမတွေရော၊ ဈေးသွား ဈေးလာတွေရော အခု လုံးဝ သွားလာလို့ မရအောင် ပျက်စီးနေပါတယ်။ ဒီလမ်းက ငလကျွန်းအုပ်စုက ကျေးရွာသားတွေ ကိုယ်ထူ ကိုယ်ထ တည်ဆောက်ထားတဲ့ လမ်းဖြစ်ပါတယ်။ အခု ပျက်စီးသွားတော့ ပြန်လည် လုပ်မပေးတဲ့ အတွက် ကျောင်းသားတွေက ခုလို ဆန္ဒပြကြတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။
School-student-protest-in-Kyauk-Pru-by-Narinjara
ဆန္ဒပြကြသော ကျောင်းသားများမှာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း အတန်းကြီးများကျောင်းသား များ ပါဝင်ကြပြီး ကျောင်းသားများမှာ လိပ်ခမော် ရွာမ၊ လိပ်ခမော် ရွာဟောင်း၊ ငလကျွန်း၊ ဂုံးရှိန်၊ ပြင်ရှည် ကျေးရွာမှ ကျောင်းသားများ ဖြစ်ကြသည်။
ကျောင်းသားများ ဆန္ဒပြကြပြီးနောက် ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူး၊ ဗျူဟာမှူး၊ ခရိုင်ရဲမှူးတို့ အဆိုပါ ဆန္ဒပြရာသို့ လိုက်ပါသွားပြီး ဖြေရှင်းမူ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ လမ်းကို ပြန်လည် ပြုလုပ်ပေးရန် အတွက် ကျေးရွာသား ၂၈၀ လက်မှတ်ရေးထိုးပြီး ခရိုင်အုပ်ချုပ်ရေး မှူးထံ တင်ပြ တောင်းဆိုထားသော်လည်း တစ်စုံတစ်ရာ တုန့်ပြန်မူ မရှိရာ မှ ကျောင်းသားများက ယခုလို ပိုစတာများကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
ပျက်စီးနေသော ငလကျွန်း- ဂုံးရှိန်လမ်းအတွက် ပြုပြင်ရန်  အတွက် ဒေ၀ူး ကိုးရီးယား ကုမ္ပ္ပဏီမှ အမေရိကန် ဒေါ်လာ ၅၀၀၀၀ ထုတ်ပေးထားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ဒေသ အာဏာပိုင်များက လမ်းကို ပြန်လည် တည်ဆောက်ပေးခြင်း မရှိသဖြင့် ကျောင်းသားများ အပါအ၀င် ဒေသခံများ အကြားတွင် အထူးမကျေနပ်မူ တိုးပွားနေကြောင်း သတင်း ရရှိသည်။
 နိရဉ္စရာ သတင်းဌာန
လုပ်ဆောင်မှုက ပဓာနကျ ဦးဌေးဦးဆို
လွှတ်တော်ကို ကြံ့ခိုင်ရေး ကြီးစိုးထား
လစ်လပ်နေတဲ့ ဒုသမ္မတ လောင်း နေရာမှာ တစ်ပြေး နေသူ တယောက် ဖြစ်တဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက အတွင်းရေးမှူး ဦး ဌေးဦးက သူဟာ နေရာထက် လုပ်ဆောင်မှု ကိုသာ အလေးထား တယ်လို့ ဘီဘီစီကို ပြောပါတယ်။
၁၉၈၈ မတိုင်ခင် ကထဲက ပါတီစုံ စနစ် ပြောင်းဖို့ စတင် စိုင်းပြင်း ခဲ့ကြပြီး အစဉ် အဆက် အားထုတ် ခဲ့ကြလို့ ကနေ့ အထိ ပြောင်းလဲ လာတာ ဖြစ်တယ် လို့လဲ ဆိုပါတယ်။
ပြောင်းလဲ မှု အဆင့်တိုင်းကို ကြံ့ခိုင်ရေး က မကန့်ကွက် ခဲ့ဘဲ တိုင်းပြည်နဲ့ ပြည်သူ အများ ကို ထိခိုက် တာတွေ ရှိလာရင် အခြေခံ ဥပဒေ ပြင်ရေးကို လဲ ထောက်ခံ သွားမယ် လို့ သူက ဆိုပါတယ်။
တိုင်းပြည် တိုးတက် ပြောင်းလဲဖို့ တည်ငြိမ် အေးချမ်းရမယ်၊ စီးပွားရေး ကောင်းပြီး နိုင်ငံနဲ့ နိုင်ငံသား တွေ အကျိုး ဖြစ်ထွန်း ရမယ်၊ လူစွမ်းအား ရင်းမြစ် တွေလဲ ဖွံ့ဖြိုးမှ တိုင်းပြည် တိုးတက် နိုင်တယ်လို့ သူ့ရဲ့ ပြုပြင် ပြောင်းလဲရေး အမြင် တွေကို ပြောကြား သွား ပါတယ်။
ဘီဘီစီ မြန်မာပိုင်း
သုံးခွမှာ လယ်တွေ ရေမြုပ်
လယ် တဧက စိုက်ခ ငွေသုံးသောင်းလောက် ကုန်
ရန်ကုန် တောင်ဘက် သုံးခွမှာ မိုးများလို့ ရွာ ၄၀ ကျော်က လယ်ဧက ထောင်နဲ့ချီ ရေမြုပ် နေပြီး ရေတွေ အချိန်မီ ဖေါက်မထုတ် ရင် လယ်သမား တွေ အသစ်ပြန် စိုက်ဖို့ ခက်နေပါတယ်။
သုံးခွမြို့နယ်က ရွာပေါင်း ၆ဝ ကျော် ထဲက ရွာ၎ဝ ကျော်က စပါးခင်းတွေ ရေမြုပ် ပျက်စီးနေတာလို့ လယ်သမား တွေက ပြောပါတယ်။ ဒီလို လယ်ကွင်းတွေရေမြုပ်ရတာဟာ ရေငံမ၀င်အောင် တားဖို့ လုပ်ထားတဲ့ သုံးခွရေထိန်း တံခါး ပိတ်ဆို့နေလို့ မိုးရေတွေ မထွက်နိုင်ဘဲ ရေ၀ပ်နေတာလို့ ပြောပါတယ်။
အာဏာပိုင်တွေ ဘက်က ရေငံမ၀င်အောင် လုပ်ထားပေမယ့် မိုးရွာရင် မိုးရေတွေ အလွယ်တကူစီးနိုင်အောင် စီမံ မထားတာကြောင့် လယ်သမားအများစု နစ်နာမှု ရှိခဲ့တယ်လို့ သိရပါတယ်။အာဏာပိုင်တွေ ဘက်ကတော့ မြို့နယ် အုပ်ချုပ်ရေး မှူး ကိုယ်တိုင် ရေတံခါး သွားကြည့်ပြီး ဖွင့်ပေးထား တယ်လို့ သုံးခွ အုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူ တဦးက ဖြေကြားသွား ပါတယ်။
လယ်သမားတွေ ဘက်ကတော့ မနှစ်ကလည်း ဒီလို ရေမြုပ်တာမျိုး ၃ကြိမ်လောက် ဖြစ်ခဲ့ တာမို့ ဆုံးရှုံး နစ်နာခဲ့ရပြီး ဒီနှစ် ပထမဆုံး အကြိမ် မြုပ်တာမို့ နောက်ထပ် စိုက်မယ့် စပါးခင်းတွေ ရေထပ်မြုပ် မှာကို စိုးရိမ် နေကြပါတယ်။
ဆိုင်ရာ က ရေထိန်း တံခါးတွေနဲ့ ရေမြောင်းတွေ ရေစီးရေလာ ကောင်းအောင် ပြုပြင်မပေးဘူး ဆိုရင် မကြာခင်မှာ ဆန္ဒပြ တောင်းဆို ကြမယ် လို့လည်း ပြောပါတယ်။
ဒီသုံးခွ ရေထိန်း တံခါးကို ၂၀၀၅ ခုနှစ်က ဆောက်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ စအသုံးပြု ကထဲက မိုးများတဲ့ နှစ်တိုင်း ရေတံခါးအထက်ပိုင်း အရပ်တွေမှာ ဒီလိုမျိုး ရေနစ်မြုပ် မှုတွေ မကြာခဏ ဖြစ်လေ့ ရှိတယ်လို့ သိရပါတယ်။
ဘီဘီစီ မြန်မာပိုင်း
အတိုက်အခံလုပ်ရန်လွှတ်တော်တက်ခြင်းမဟုတ်ဟုဒီချုပ်ဥက္ကဌလမ်းညွှန်
ယနေ့ည ၇နာရီခွဲတွင် နေပြည်တော်စည်ပင် ဧည့်ရိပ်သာခန်းမ၌ ပြုလုပ်သည့်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
 ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင်
 လွှတ်တော်တက်သည့် ရည်ရွယ်ချက်သည် အတိုက်အခံလုပ်ဖို့၊ တိုက်ခိုက်ဖို့ မဟုတ်
 ကြောင်း----
သတင်းအပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
ဇူလိုင် ၁၀ ရက်နေ့ ပြည်ထောင်စုလွှတ်တော် ခေါ်ယူရန် မရှိ
လစ်လပ်လျက်ရှိသော ဒုတိယသမ္မတ နေရာအတွက် ခုနှစ်ရက်အတွင်း အမည်စာရင်း တင်သွင်းရန် ပြည်ထောင်စု လွှတ်တော်နာယကက တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့ကို ပြောကြား ထားသည့် ခုနှစ်ရက်မြောက်နေ့ ဖြစ်သော ဇူလိုင်လ ၁၀ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် ခေါ်ယူရန် မရှိဟု ---
သတင်းအပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
ပြည်ထောင်စု လွှတ်တော်
မင်္ဂလာဒုံမြို့နယ်မှာ ရွာသားတွေဆန္ဒပြ
ဇေကမ္ဘာကုမ္ပဏီရဲ့ မြေယာသိမ်းယူခံထားရတဲ့ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာက ရွာသူ ရွာသား (၅၀) ကျော်ဟာ ဒီကနေ့ နေ့လည်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။
ဒီကိစ္စကို အာဏာပိုင်ဘက်တွေက ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးတာ မရှိတဲ့အတွက် စုဝေး ဆန္ဒပြခဲ့ကြတာ ဖြစ်ပြီး တောင်းဆိုချက်တွေ မရမချင်း ဆက်လက်ဆန္ဒပြသွားမယ်လို့ ရွှေနံ့သာ ရွာသူတစ်ဦးက ဆန္ဒပြပွဲမှာ RFA ကို အခုလို ပြောပါတယ်။
"ကျွန်မတို့ ခံစားရတာပေါ့နော်။ ကျွန်မတို့လယ်တွေကို ကျွန်မတို့ ပြန်လုပ်ချင်တယ်ပေါ့ အမှန်က။ သူတို့ ဒီအမှုခင်းကို မပြေလည်သရွေ့ ကျွန်မတို့ ဒီလိုပဲ ဆန္ဒပြသွားဦးမှာပဲ"
ရွှေနံ့သာကျေးရွာက လယ်ယာမြေ (၈၁၅) ဧက သီးစားချထားမှုနဲ့ ပတ်သက်လို့ တောင်သူ (၈၄) ဦးရဲ့ တင်ပြချက်တွေကို အာဏာပိုင်တွေဘက်က စိစစ်ခဲ့ကြောင်း၊ တင်ပြတဲ့ တောင်သူ ၈၄ ဦးအပြင် တောင်သူ (၁၀၄) ဦးကို တစ်ဧကကို (၃) သိန်းနှုန်းနဲ့ ကရုဏာကြေးပေးချေပြီး ဇေကမ္ဘာ ကုမ္ပဏီအပေါ် လွှဲပြောင်းပေးမှုကို နှစ်ဘက် သဘောတူညီခဲ့တဲ့အပြင် ဇေကမ္ဘာ ကုမ္ပဏီကို သီးစား ပြန်လည် ချပေးခဲ့ကြောင်း ရွှေနံ့သာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးက ဇွန်လ (၆) ရက်နေ့က အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအမိန့်အပေါ် ကျေနပ်မှုမရှိရင် ရက် (၃၀) အတွင်း မြို့နယ်အိုးအိမ်ဦးစီးဌာနထံ အယူခံဝင်နိုင်တယ်လို့လည်း အမိန့်မှာ ဖော်ပြထားပါတယ်။
ဒီအမိန့်ကို မကျေနပ်တဲ့အတွက် တောင်သူတွေ ဒီကနေ့ စုဝေး ဆန္ဒပြခဲ့ကြတာဖြစ်ပြီး တောင်းဆိုမှုတွေ မရဘူးဆိုရင် ခရိုင်အထိ အဆင့်ဆင့် အယူခံ ၀င်သွားမယ်လို့ တောင်သူတွေက ပြောပါတယ်။
သိမ်းယူထားတဲ့ လယ်မြေတွေအတွက် လက်ရှိပေါက်ဈေးရဲ့ (၁၀) ရာခိုင်နှုန်းကို နစ်နာကြေးပေးရေး တကယ်လို့ နစ်နစ်ကြေး မပေးဘူးဆိုရင် သိမ်းယူထားတဲ့ လယ်မြေတွေ ပြန်ပေးဖို့နဲ့ ဇေကမ္ဘာ ကုမ္ပဏီထံက လက်ခံရယူထားတဲ့ ကရုဏာကြေး (၃) သိန်းကိုလည်း ပြန်အမ်းဖို့ တောင်သူတွေဘက်က ကမ်းလှမ်း တောင်းဆိုထားကြောင်းလည်း သိရပါတယ်။
RFA Burmese
ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာမှာ ဇေကမ္ဘာ ကုမ္ပဏီက အဓမ္မ သိမ်းထားသော လယ်သမားများ၏ လယ်ယာမြေပေါ်တွင် ၂၀၁၂ ခုနှစ် မေလ ၁၀ ရက်နေ့က ၀င်ရောက် ထွန်ယက်နေကြသော လယ်သမားများကို တွေ့ရစဉ်။ RFA
ဒု-သမ္မတ အရည်အချင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆို
၂၀၁၂ ခုနှစ် ဇူလိုင်လ ၉ ရက်က လွှတ်တော် အစည်းအဝေး ခေတ္တနားချိန်တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်
 ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များအား
 စကားပြောကြားနေစဉ်။ AFP
ဒုတိယသမ္မတ အဖြစ် တင်မြှောက်ခံရမယ့်သူဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးကို ဆောင်ရွက် ကြိုးပမ်းမယ့်သူ ဖြစ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောဆိုတယ်လို့ သိရပါတယ်။
လွှတ်တော် အစည်းအဝေးကို ပထမဆုံးနေ့အဖြစ် တက်ရောက်စဉ် ဒေါ်အောင်ဆန်းစုကြည်ဟာ သတင်းထောက်တွေ မေးမြန်းတာကို ဖြေကြားခဲ့တာပါ။
ဒီအတောအတွင်း ဒုတိယ သမ္မတနေရာ အစားထိုးဖို့အတွက် လက်ရှိ မြန်မာ့တပ်မတော်မှာ တာဝန်ထမ်းဆောင်ဆဲ ကာကွယ်ရေး ၀န်ကြီးဌာနက ကြည်းရေလေ ညှိနှိုင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး လှဌေးဝင်း သို့မဟုတ် ဗိုလ်ချုပ် စိုးဝင်းတို့ကို အဆိုပြုနိုင်တယ်လို့ ပြည်သူ့လွှတ်တော် ဥပဒေပြုရေး ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းကို ကိုးကားပြီး Bloomberg သတင်းက ရေးသားတာပါ။
ဒါ့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးချုပ် ဦးဌေးဦးတို့ဟာလည်း ဖြစ်နိုင်ခြေရှိတဲ့ စာရင်းထဲမှာ ပါတယ်လို့ ဆိုပါတယ်။
လစ်လပ်သွားတဲ့ ဒုတိယ သမ္မတ နေရာအတွက် မနက်ဖြန် ဇူလိုင်လ ၁၀ ရက် နောက်ဆုံးထား ရွေးချယ်တင်မြှောက် ပေးရမယ်လို့လည်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့ခင်းပိုင်း လွှတ်တော် အစည်းအဝေး ခေတ္တနားချိန်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ ခေတ္တ တွေ့ဆုံ စကားပြောခဲ့သလို သတင်းထောက်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ လွှတ်တော်မှာ အဆိုတင်သွင်းဖို့ အစီအစဉ်တွေ မဆုံးဖြတ်ရသေးကြောင်း သတင်းထောက်တွေကို ဖြေကြားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ လွှတ်တော်ဟာ ပြီးခဲ့တဲ့ သီတင်းပတ် ဗုဒ္ဓဟူးနေ့ ဇူလိုင်လ ၄ ရက်နေ့က စတင်ကျင်းပခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဥရောပ ခရီး ပင်ပန်းမှုကြောင့် ခွင့်ယူခဲ့ပြီး ဒီကနေ့မှ လွှတ်တော် အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။
RFA Burmese
ရွှေပြည်သာမှာ ဆန္ဒပြ
၂၀၁၂ ခုနှစ် ဇွန်လ ၉ ရက်က ရွှေပြည်သာ စက်မှုဇုန် (၁) ရှိ good family အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ ဆန္ဒပြနေစဉ်။ RFA
ရွှေပြည်သာ စက်မှုဇုန် (၁) မှာရှိတဲ့ တရုတ်လူမျိုးပိုင် good family အထည်ချုပ်စက်ရုံမှာ ဒီကနေ့ မနက်ပိုင်းက အလုပ်သမား (၂၀၀) ခန့် ဆန္ဒပြ တောင်းဆိုမှု ဖြစ်ပွားခဲ့ပါတယ်။
စက်ရုံတွင်း ဖွဲ့စည်းထားတဲ့ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ကိုထွန်းလင်းအောင်ကို အလုပ်ထုတ်လိုက်တဲ့အတွက် မကျေမနပ်ဖြစ်ပြီး အခုလို ဆန္ဒပြကြတာ ဖြစ်တယ်လို့ ဆန္ဒပြ အလုပ်သမား ခေါင်းဆောင်တစ်ဦးဖြစ်သူ မကြည်ကြည်ခင်က ပြောပါတယ်။
"ဒီထုတ်ပယ်မှုကို သမီးတို့ အနေနဲ့ လက်မခံနိုင်ပါဘူး။ လက်မခံနိုင်ပါဘူးဆိုတာက သမီးတို့ရဲ့ အလုပ်သမား အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌ ဖြစ်နေတဲ့အတွက်ကိုလည်း အလုပ်မခံနိုင်ပါဘူး။ ဒီအစိုးရကိုလည်း မလေးစားသလိုမျိုးဖြစ်တယ်။ အလုပ်သမား အဖွဲ့အစည်းကိုလည်း မလေးစားသလိုမျိုးဖြစ်တယ်။ ဥပဒေကိုလည်း မလိုက်နာသလိုမျိုး ဖြစ်တဲ့အတွက် သမီးတို့က သူတို့ရဲ့ ထုတ်ပယ်မှုကို ငြင်းပယ်ပါတယ်"
အလုပ်သမား အချင်းချင်း ဖြစ်ပွားတဲ့ ပဋိပက္ခတစ်ခုကို အလုပ်သမားခေါင်းဆောင် ကိုထွန်းလင်းအောင်က ၀င်ရောက် ဖြေရှင်းပေးခဲ့တဲ့အပေါ် အလုပ်ရှင်ဘက်က နားလည်မှုလွဲပြီး ကိုထွန်းလင်းအောင်ကို အလုပ်ထုတ်လိုက်တာ ဖြစ်တယ်လို့ စက်ရုံနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အခုလို ကိုထွန်းလင်းအောင်ကို ရုတ်တရက် အလုပ်ထုတ်လိုက်တာဟာ အလုပ်ရှင်ဘက်က အလုပ်သမား ဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ မမာမာဦးက ပြောပါတယ်။
ညနေပိုင်းမှာတော့ အလုပ်သမားတွေဘက်က တောင်းဆိုချက်ဖြစ်တဲ့ ကိုထွန်းလင်းအောင်ကို အလုပ်ပြန်လည် ခန့်အပ်ရေးကို အလုပ်ရှင်ဘက်က လိုက်လျောပေးတာကြောင့် နှစ်ဖက်ပြေလည်မှု ရရှိသွားတယ်လို့ သိရပါတယ်။
RFA Burmese
ကုန်သွယ်ရေးကို တိုးမြှင့်ဖို့အတွက် အမေရိကန် အဆင့်မြင့်အရာရှိ နှစ်ဦးကို မြန်မာနိုင်ငံကိုစေလွှတ်ဖို့ ရှိ
မြန်မာနဲ့ အမေရိကန် ပြည်ထောင်စုတို့ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကို
အရှိန်တိုးမြှင့်ဖို့အတွက် အမေရိကန် အစိုးရက အဆင့်မြင့်အရာရှိ
နှစ်ဦးကို မြန်မာနိုင်ငံကို----
သတင်းအပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 
(Photo: AFP- စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Robert Hormats)
တရုတ်ပိုင် ခဲသတ္တုတူးဖော်ရေးကုမ္ပဏီကြောင့် ဒေသခံ ဓနုတိုင်းရင်းသားများ ဒုက္ခရောက်မည်ကို စိုးရိမ်နေ
၂၀၁၂ ခုနှစ် ဇူလိုင် ၉ ရက်
ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့ နယ် ဘော်ဆိုင်းကျေးရွာအုပ်စု အတွင်း၌ တရုတ်လူမျိုးပိုင် ခဲသတ္တုသန့် စင်စက်ရုံ တည်ဆောက်ခြင်းနှင့် ခဲသတ္တုထုတ်လုပ်နေခြင်းကြောင့် ဒေသခံ ဓနုတိုင်းရင်းသားများ ဒုက္ခရောက်မည်ကို စိုးရိမ်နေကြသည်ဟု သိရသည်။
ခဲသတ္တုသန့် စင်စက်ရုံသည် ကလောမြို့ နယ် ဘော်ဆိုင်းကျေးရွာအုပ်စုရှိ ---
သတင်းအပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 
သတင်းနှင့်ဓါတ်ပုံများကို ညီဇော် မှ Myanmar News Now သို့ ပေးပို့ ထားခြင်းဖြစ်ပါသည်။
ထိပ်တန်းကြယ်ဆယ်ခုထုတ်လုပ်မှုကုမ္ပဏီလီမိတက် (Top Ten Star Production Co., Ltd) ၏
ခဲသတ္တုသန့် စင် အကြီးစားထုတ်လုပ်မှုလုပ်ငန်း (ဘော်ဆိုင်း)
ဒုတိယ၀န်ကြီးများ ပြောင်းလဲ တာဝန်ပေးခြင်း
နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်(၁၅/၂၀၁၂) ဖြင့် ဒုတိယ၀န်ကြီးများ ပြောင်းလဲ တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး မှ အဆင့်မြင့်အရာရှိတစ်ဦးဖြစ်သည့်
မှူးဇော် ၏ facebook အင်တာနက် စာမျက်နှာတွင် ဖော်ပြထားပါသည်။
ပြောင်းလဲခန့် အပ်လိုက်တဲ့ ၀န်ကြီးများမှာ ---
သတင်းအပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေ ဒုသမ္မတ ပိုမိုဖြစ်နိုင်ဖွယ်ရှိကြောင်း သတင်းထွက်ပေါ်လာ
ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေး အခြေအနေကြောင့် အနားယူသွားသဖြင့် လစ်လပ်သွားသော ဒုတိယ သမ္မတနေရာအတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ အဆိုတင်သွင်းရာတွင် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ ပိုမိုဖြစ်နိုင်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိ---
သတင်းအပြည့်အစုံကို ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
ဧပြီလ ၂၈ ရက်နေ့က ရန်ကုန်မြို့၌ EU ရုံးခွဲဖွင့်လှစ်သည့်အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူတွေ့ရသည့် ဦးမြင့်ဆွေ
အငြိမ်းစား ဒုတိယဗိုလ်ချုပ်မှူးကြီး ဦးမောင်အေး စင်္ကာပူတွင် ဆေးကုသမှုခံယူမည်
နာမကျန်းဖြစ်နေသော ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)ဟောင်း   အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်မှူးကြီး ဦးမောင်အေးသည် ယနေ့ နေ့လည် ၂ နာရီတွင် စင်္ကာပူနိုင်ငံသို့ အထူးလေယာဉ်ဖြင့် ဆေးဝါးကုသရန် ----
သတင်းအပြည့်အစုံကို ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
နာမည်ဆိုးနှင့် ငွေရလမ်း
ထိုင်းနိုင်ငံသည် ပင်လယ်ရေထွက် လုပ်ငန်းမှ ထုတ်ကုန်များကို ပြည်ပသို့ တင်ပို့ရောင်းချသည့် ကမ္ဘာ့နိုင်ငံများထဲတွင် အဓိကတင်ပို့ရောင်းချသည့် နိုင်ငံတနိုင်ငံဖြစ်သည်။ ထိုလုပ်ငန်းသည် ထိုင်းနိုင်ငံအတွက် အကျိုးများသော လုပ်ငန်းဖြစ်သည်။
အထူးသဖြင့် ပင်လယ်ရေနက်ပိုင်းတွင် ငါးဖမ်းသောလုပ်ငန်းဖြစ်သည်။ ထိုငါးဖမ်း လုပ်ငန်း၏ နောက်ကွယ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ပုန်းလျှိုးကွယ်လျှိုး ကျူးလွန်ပေါ်ပေါက်လျက် ရှိနေသည်။ ထိုငါးဖမ်းလုပ်ငန်း ကပင် ထိုင်းနိုင်ငံ၏ အမျိုးသားစီးပွားရေးအတွက် တနှစ်လျှင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံခန့် ငွေပိုငွေလျှံ ရရှိနေသည်။
ထိုလုပ်ငန်း၏ ဆက်နွယ်နေသည့် အချက်များမှာ ပင်လယ်ရေနက်ပိုင်းတွင် ငါးဖမ်းရသည့် လုပ်ငန်းသည် အသက် အန္တရာယ်များသည့်အတွက် အလုပ်သမား ပြတ်လပ်မှု၊ အလုပ်သမားရှားပါးမှုတို့ ကြုံရသည်။ သို့သော် အိမ်နီးချင်း
နိုင်ငံများမှ ဘဝရပ်တည်ရန် ခက်ခဲသောရွှေ့ပြောင်း အလုပ်သမားများအတွက် ရမိရရာ အလုပ်လုပ် ရမည်ဖြစ်ရာ ထိုလုပ်ငန်းသည် ယင်းတို့အတွက် ဆွဲဆောင်မှုလုပ်ငန်း ဖြစ်နေပြန်သည်။
ထိုသို့ အလုပ်လုပ်ရန် ဆာလောင်နေသူများ၊ ဝင်ငွေရရန် တွယ်မိတွယ်ရာ အလုပ်ကို လုပ်လိုသူများအပေါ် လူပွဲစားများ လူကုန်ကူးသူများ ဝိသမ လောဘသမားများအတွက် အမြတ်ထုတ်ရန် အခွင့်လမ်းတခု ဖြစ်နေပြန်သည်။ အမြတ်ထုတ် လူသူများအတွက် ထိုအလုပ်လုပ်လိုသူ ရွှေ့ပြောင်းအလုပ်သမားများသည် အလွယ်တကူ လူကုန်ကူးခံရမည့် သားကောင်အဖြစ် ကျရောက်ရန် လွယ်ကူနေပေသည်။
အထူးသဖြင့် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ အမျိုးသားများသည် ထိုင်းငါးဖမ်းလှေများပေါ်တွင် လူကုန်ကူး ခံနေကြရသည်။ သက်ဆိုင်ရာ နိုင်ငံများ၏ အစိုးရများ၊ လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်း များကြားတွင် စိုးရိမ်မှုမြင့်တက်ကာ အာရုံစိုက်မှု ပိုများလာနေသည်။
ထိုလုပ်ငန်းမှ လူကုန်ကူးခံနေရမှု သတင်းအချက်အလက်များ မရရှိခြင်းနှင့် ဘာသာစကား ကန့်သတ်ချက်ရှိခြင်းတို့က
ရွှေ့ပြောင်းအလုပ်သမားများကို လူကုန်ကူးခံရမှုနှင့် လုပ်အားခေါင်းပုံဖြတ်ခံရမှု အန္တရာယ် ကျရောက်စေခဲ့ကြသည်။
Human Rights Watch  (လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့) ၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံမှ ရွှေ့ပြောင်း အလုပ်သမား ၂၅၀,၀၀၀ ဦး ခန့်သည် ပင်လယ်ပြင်ငါးဖမ်းထွက် ထိုင်းလှေများပေါ်တွင် အလုပ်လုပ်နေကြသူများနှင့် ပင်လယ်စာထုပ်ပိုး အစာသွတ် စက်ရုံ၊ ပုဇွန်ခွါစက်ရုံတို့တွင် အလုပ်လုပ်နေကြသည်ဟု ဆိုသည်။
ထိုမြန်မာအလုပ်သမား အများစုသည် လူကုန်ကူးခံနေရသူများ(သို့) လုပ်အားခေါင်းပုံဖြတ် ခံနေရသူများဖြစ်ကြသည်။ ထိုလုပ်ငန်းများအားလုံးသည် ပြည်ပမှ လာရောက်လုပ်ကိုင်သူများအတွက် ထိုအန္တရယ်သို့ ကျရောက်နိုင်သည့် အခြေအနေတွင် ရှိကြသည်။
ထိုင်းနိုင်ငံ တောင်ပိုင်း စမုတ်စခွန်ခရိုင်ရှိ ပင်လယ်အစားအစာ သွတ်စက်ရုံများတွင် အလုပ်လုပ်နေကြရသော
ရွှေ့ပြောင်း မြန်မာအလုပ်သမားများ၏ ၅၇ ရာခိုင်နှုန်းသည် လုပ်အား အမြတ်ထုတ်ခံနေရသည်ကို စစ်တမ်းထုတ် သည့်စာတမ်း တစောင်ကဆိုပါသည်။
မြန်မာနှင့် ကမ္ဘောဒီးယားမှ အလုပ်သမားများသည် ထိုင်းငါးဖမ်းလုပ်ငန်းများ၌ အချို့မှာ အဓမ္မအလုပ်သမား စုဆောင်း
ခြင်းခံရမှုများ၊ ခရီးသွား စာရွက်၊စာတမ်း အထောက်အထားအတုများဖြင့် ကြွေးမြီနှောင်ဖွဲ့ ခိုင်းစေခြင်း အပါအဝင် လုပ်အားခေါင်းပုံဖြတ်ခံရမှုများ ပျံ့နှံ့ဖြစ်ပွားနေသည်ကို ၂ဝ၁၁ ခုနှစ် မေလက ထုတ်ပြန်ခဲ့သော နိုင်ငံတကာ အဖွဲ့အစည်းတခု၏ သုတေသန စာတမ်းတခုက ဖော်ပြထားသည်။
ထိုအလုပ်သမားများကို အရှေ့တောင်အာရှမှတဆင့် အခြားနိုင်ငံတကာ ရေပိုင်နက်သို့ ခေါ်ဆောင်သွားကာ နှစ်ပေါင်း များစွာ လုပ်ခမပေးဘဲ ပင်လယ်ရေနက်ပိုင်းမှာ အလုပ်စေခိုင်းလျက်ရှိနေသည်ကိုလည်း အသေးစိတ် ဖေါ်ပြထားသည်။ အလုပ်ချိန်မှာလည်း တနေ့ ၁၈ နာရီမှ ၂ဝနာရီထိ အလုပ်လုပ်ကြသည်ဟုလည်း တင်ပြထားသည်။
အလုပ်ခွင်တွင် ခြိမ်းခြောက်ခံရခြင်းနှင့် ရိုက်နှက်ခံရမှုများလည်း တွေ့ကြုံကြသည်ကို မျက်မြင်သက်သေ ထွက်ဆိုချက် များအရ ဖေါ်ပြထားသေးသည်။
ထိုင်းငါးဖမ်းလှေများတွင် လူကုန်ကူးခံနေရမှုများ ပျံ့နှံ့နေသော်လည်း စုံစမ်းစစ်ဆေးမှု သိသိသာသာ အားထုတ်
ဆောင်ရွက်ခြင်း မရှိပေ။ ၂ဝ၁၁ခုနှစ်အတွင်း ထိုင်းငါးဖမ်းလှေ အမှု ၃မှုသာ ဖေါ်ထုတ်မှုရှိခဲ့သည်။၂ဝ၁ဝ ခုနှစ်က
နှစ်မှုသာေ ဖ်ါထုတ်နိုင်ခဲ့သည်။ သို့သော်လည်း စုံစမ်းစစ်ဆေးမှုမျိုး တရားစွဲဆိုခြင်းမျိုး မလုပ်ခဲ့ချေ။ ထိုလုပ်ငန်းများတွင် ကုန်ကူးခံရသူများအဖြစ် ခွဲခြားစိစစ်မှုကြိုပမ်းအားထုတ်မှုမျိုး မရှိ။ ရှေ့တန်းကျ လူကုန်ကူးမှု တိုက်ဖျက်နေကြသည့် အရာထမ်းနှင့် အရာရှိများကို ခွဲခြားစိစစ်မှုသင်တန်းများ လုံလောက်လေ့ကျင့်သင်တန်းပေးခြင်းမျိုးမရှိ။
၂ဝ၁၁ ခုနှစ် အတွင်း ထိုင်းငါးဖမ်းလှေအချို့ကို ပင်လယ်ပြင်သို့ ငါးဖမ်းမထွက်မှီ စစ်ဆေးမှုမျိုးပြုလုပ်ခဲ့သော်လည်း လုပ်အားအမြတ်ထုတ်မည့် သံသယဖြစ်မှုများကို ကာကွယ်တားဆီးနိုင်ခြင်း မရှိခဲ့။ ထိုင်းပင်လယ်ကမ်းခြေ ပြင်ပမှာ
ရောက်နေသည့် ထိုင်းငါးဖမ်းလှေများကို အကြိမ် ၁၀၀၀ ကျော် မက သွားရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
သို့သော် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို စိစစ်တွေ့ရှိသော်လည်း လူကုန်ကူးခံရသူမျာအား ခွဲခြားစိစစ်မှု ပြုလုပ်နိုင်ခဲ့ခြင်း မရှိ။ သံသယဖြစ်သည့် လူကုန်ကူးမှုများကိုပင် ခွဲခြားစိစစ်ပေးနိုင်ခြင်းမရှိ။ ၂ဝ၁၂ ခုနှစ် ဧပြီလတွင်းက ဆောင်ခလာခရို၊ ကန်ချရာပူရီခရိုင်နှင့် ထိုင်းနိုင်ငံ အခြားနယ်မြေများရှိ အစားသွတ်လုပ်ငန်း စက်ရုံ များ၌ မြန်မာနှင့် ကမ္ဘောဒီးယား အလုပ်သမားများသည် ၄င်းတို့၏ နိုင်ငံကူး လက်မှတ်များကို စက်ရုံမှ သိမ်းဆည်းထား
ခြင်း၊ လုပ်ခများကို စက်ရုံပိုင်ရှင်များနှင့် လူပွဲစားများက ထိန်းထားခြင်း၊ လုံခြုံမှုမရှိသည့် နေရာချထား ခံရခြင်းနှင့်
ပြည်နှင်ခံရမည်ဟု ခြိမ်းခြောက်ခံရခြင်းတို့ကြောင့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကြသည်။
ထိုအမှုများကို ထိုင်းရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်သော်လည်း တာဝန်ရှိသူများကို တရားစွဲဆိုခြင်းနှင့် ပြစ်ဒဏ် စီရင်ချက် ချမှတ်ခြင်းတို့မရှိခဲ့။ ပင်လယ်ရေနက်ပိုင်းတွင် ငါးဖမ်းသည့် လုပ်ငန်းမှ ထွက်ပြေးလွတ်မြောက်လာသူများ၏ သက်သေထွက်ဆိုချက် ပေးမှုများကြောင့် ပင်လယ်ပြင်အတွင်း လူကုန်ကူးခံနေရမှု အထောက်အထားများ များပြား လာနေသည်။ ထိုငါးဖမ်းလှေများပေါ်တွင် လူကုန်ကူးခံနေရသူများသည် တနှစ်(သို့) နှစ်ပေါင်းများစွာ တောင်တရုတ် ပင်လယ်ပြင်(သို့) အိန္ဒိယပင်လယ် (သို့) ထိုင်းနိုင်ငံ ပင်လယ်ပြင် နယ်နမိတ်ပြင်ပများတွင် အလုပ်လုပ်နေကြရသည်ကို ထင်ထင်ရှားရှား သိရှိလာကြရသည်။
ထိုငါးဖမ်းလှေများသည် ဖမ်းဆီးမိသည့် ငါးများကိုဆိပ်ကမ်းသို့ ပြန်လည်ပို့ဆောင်ခြင်းမရှိ၊ ဆိပ်ကမ်းပြန်ကပ်လေ့ရှိသည့် ငါးဖမ်းလှေမှာ အလွန်ရှားပါးလှသည်။ သို့ကြောင့် ထိုင်းရေပြင်အာဏာပိုင်များအဖို့ စစ်ဆေးနိုင်ခြင်းမရှိ။
လွန်ခဲ့သည့် နှစ်များကပင် ထိုင်းပြည်တွင်းနှင့် ပြည်ပမီဒီယာအမျိုးမျိုးတို့မှ ထိုင်းငါးဖမ်းလှေပေါ်မှ လူကုန်ကူးခံ နေရမှု
ဖြစ်ရပ်များကို အသိပညာပေးမှုများ များလာသည့်အတွက် ထိုင်းရေထွက်ပစ္စည်းများကို တင်သွင်းနေသည့် ဥရောပ၊ အမေရိကန်၊ အခြားဒေသမှ နိုင်ငံတော်တော်များက ပင်ထိုပယ်လယ်ပြင်မှ ထိုင်းငါးဖမ်းလှေများပေါ်မှ လူကုန်ကူးမှု များကို စိတ်ဝင်စားမှု စိုးရိမ်မှုများ မြင့်တက်လာစေခဲ့သည်။
ထိုလူကုန်ကူးမှု အမျိုးအစားပြဿနာကို ဖြေရှင်းနိုင်ရန်မှာ ထိုင်းငါးဖမ်းလုပ်ငန်း၊ အစိုးရ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပုဂ္ဂလိကကဏ္ဍနှင့် ပြည်တွင်းပြည်ပမီဒီယာများစသည့် လူကုန်ကူးမှု တိုက်ဖျက်ရေးတွင် ပါဝင်ကြသည့် တာဝန်ရှိသူ တိုင်း ပါဝင်ပူးပေါင်း ဆောင်ရွက်ရေးသည် မလုပ်မဖြစ်လုပ်ဆောင်ရမည့် လုပ်ငန်းဖြစ်သည်။ သို့မှသာ ထိုင်းငါးဖမ်းလှေ တွင် အလုပ်လုပ်နေကြသည့် အိမ်နီးချင်းနိုင်ငံမှ အလုပ်သမားများ ပင်လယ်ပြင်တွင်လုံခြုံမှု အပြည့်အဝရရေး၊ အန္တရာယ်ကင်းသည့် လုပ်ငန်းခွင် ပတ်ဝန်းကျင်ဖြစ်ရေးတို့ အကောင်အထည် ဖေါ်နိုင်မည်ဖြစ်သည်။
သို့မှသာ အခြေခံ လူအခွင့်အရေးများနှင့် လူ့သိက္ခာကို လေးစားလိုက်နာရာ ရောက်မည် ဖြစ်သည်။
ဝင်းနိုင်ထွန်း - မဇ္ဈိမသတင်းဌာန
ပွဲစားများကြောင့် ကိုယ်တိုင်ဆိုင်ကယ်လိုင်စင်ပြုလုပ်သူများ အခက်တွေ့နေ
ပြင်ဦးလွင်မြို့ရှိ လိုင်စင်မဲ့ဆိုင်ကယ်(ဘလက်ဘီး)များအား လိုင်စင်ပြုလုပ်ပေးရာတွင် ပွဲစားများကြောင့်
ကိုယ်တိုင်လိုင်စင် လုပ်သူများအနေဖြင့် အဆင်မပြေမှုများဖြစ်ပေါ်လျှက်ရှိကြောင်း ဆိုင်ကယ်လိုင်စင်--
သတင်းအပြည့်အစုံကို ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
ဓာတ်ဆီပြင်ပဈေးနှုန်း တစ်ပီပါကျပ်ငါးသောင်းတက်
ရန်ကုန်၊ဇူလိုင်-၉
ပုဂ္ဂလိက စက်သုံးဆီဆိုင်များအား နိုင်ငံတော်မှ ပေးနေသော ပြည် တွင်းထုတ် ဓာတ်ဆီခွဲတမ်းများ လျှော့ချလိုက်သောကြောင့် ပြင်ပ ဓာတ်ဆီဈေးနှုန်းများ တစ်ပီပါလျှင် ကျပ် ၅၀,၀၀၀ နှုန်းထိ မြင့်တက် သွားကြောင်း ပြင်ပစက်သုံးဆီဈေး ကွက်မှ သတင်းရရှိသည်။
ပြင်ပဓာတ်ဆီဈေးနှုန်းများ မှာ ဇူလိုင်လဆန်းပိုင်းတွင် တစ်ပီပါလျှင် ၁၈၀,၀၀၀ ကျပ်ဝန်းကျင် ရှိနေရာမှ ဇူလိုင် ၉ ရက်တွင် ၂၃၀,၀၀၀ ကျပ်ထိ ဈေးနှုန်းများ မြင့်တက်----
သတင်းအပြည့်အစုံကို ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 
မနက်ဖြန် ဇူလိုင်လ (၁၀)ရက်နေ့ ဒုသမ္မတအမည် စရင်းတင်သွင်းမည်
ပြည်ထောင်စုလွှတ်တော်နာယကက တပ်မတော်သားကိုယ်စားလှယ်များအစုအဖွဲ့အား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ခုနစ်ရက်အတွင်း ဒုတိယသမ္မတတစ်ဦး ရွေးချယ်ရန်ပြော ကြားထားသော ခြောက်ရက်မြောက်နေ့ဖြစ်သည့် ယနေ့ (ဇူ လိုင်၉ရက်)ကျင်းပနေသော လွှတ်တော်အစည်းအဝေးများ၌ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က ဒုတိယသမ္မတ အမည်စာရင်းတင်သွင်း----
သတင်းအပြည့်အစုံကို ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ 
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့
ထမင်းစားနားချိန်တွင်ခေတ္တတွေ့ဆုံနှုတ်ဆက်နေကြစဉ်။ ဓာတ်ပုံ-သီဟ
လွှတ်တော်ခေတ္တရပ်နားချိန်တွင် ကော်ဖီသောက်ရန် ထွက်လာသော ဒေါ်အောင်ဆန်းစုကြည်
ဓာတ်ပုံ-သီဟ
ယနေ့ (ဇူလိုင်၉) ကျင်းပသော လွှတ်တော်အစည်းအဝေးသို့တက်ရောက်နေသော
 ဒေါ်အောင်ဆန်းစုကြည်။ ဓာတ်ပုံ-သီဟ
ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့အစည်းအဝေးသို့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က
လွှတ်တော် အဆောက်အဦသို့ရောက်ရှိလာပြီး စတင်တက်ရောက်နေပြီဖြစ်ကြောင်း နေပြည်တော်မှ
7 Day News သတင်းထောက်က သတင်းပေးပို့သည်။
လွှတ်တော်အစည်းအဝေးအစီအစဉ်များတွင် လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းနှင့် အဆို (၈)ခု
တင်သွင်းဆွေးနွေးမည့်အစီအစဉ်များပါဝင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွှတ်တော်ကိုယ်စားလှယ်များသည် ယနေ့ဆွေးနွေးမည့်အစီအစဉ်တွင် ပါဝင်ခြင်းမရှိသေးပေ။
(ဓာတ်ပုံ-သီဟ)
 7Day News Journal
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)
© Myanmar News Now Copyright by Thit Htoo Lwin
Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်