မလေးရှားရှိ မြန်မာဆိုင် မြန်မာ့ဥယျာဉ်ဆိုင်ကို ရိုဟင်ဂျာ ဘင်္ဂလီများ ဝင်ရောက်အကြမ်းဖက်


၃ရက် ၈လပိုင်း ၅ နာရီအချိန်
မလေးရှားနိုင်ငံ ကွမ်လာလန်ပူ(kuala lumpur) KL မြို့လယ်ရှိ မြန်မာ စားသောက်ဆိုင် ဦးစောအောင် ပိုင်ဆိုင်သော မြန်မာ့ဥယျာဉ်(ရခိုင်ဆိုင်) ကို ဒီကနေ့ ညနေ ၅ နာရီခန့်က ပလီမှ အပြန် မြန်မာသံရုံးတွင် ဆန္ဒပြပြီး ပြန်လာကြတဲ့  ရိုဟင်ဂျာ ဘင်္ဂလီလူမျိုးများ က မြန်မာ့ဥယျဉ်ဆိုင်ကို အကြမ်းဖက် ဝင်တိုက်ခိုက်ခဲ့သည်ဟု သိရပါသည်။

  အကြမ်းဖက်မှုတွင် ဘင်္ဂလီလူမျိုး   ၅၀ကျော်ခန့် ရှိပြီး မြန်မာဥယျာဉ်ဆိုင် အောက်ရှိစားသောက်ကုန်များရှိသော့ စတိုးဆိုင်တွင်းသို့ အယင်ဆုံး ဖျက်စီးပြီး အထက်တွင် ရှိသော့ စားသောက်ဆိုင်တွင်းရှိ ပစ္စည်းများကို ဖျက်ဆီးသွားကြောင်း သိရပါသည်။

အဆိုပါ ဖျက်ဆီးမှုနှင့် ပတ်သတ်ပြီး မျက်မြင်တွေ့ ရှိ သူတဦးက " အဲဒီ ရိုဟင်ဂျာအမည်ခံ အကြမ်းဖက်ဘင်္ဂလီတွေဟာ ဗလီဝတ်ပြုလို့အပြန်မှာ လမ်းမှာတွေ့တဲ့ ရခိုင်တွေကို လိုက်သတ်ပါတယ်။ ရခိုင်သား နှစ်ယောက်ကို သတ်ရာ တစ်ယောက်မှာ ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ် နောက်တစ်ယောက်ကတော့ လွတ်လာတဲ့သူတစ်ယောက်ပြောပုံအရ ထိုအကြမ်းဖက်သမားတွေက ခေါ်သွားတယ်လို့လဲ သိ့ရပါတယ်  ကျွန်တော်လဲ ကိုယ်နဲ့နီးစပ်ရာကို ထွက်ပြေးတော့ ထိုမြန်မာဆိုင်ပိုင်ရှင်ဖြစ်တဲ့ ရခိုင် ဆိုင်ကို ရောက်လာတာပေါ့။ ဒါကြောင်း အကြမ်းဖက်ဘင်္ဂလီတွေက ရခိုင်ဆိုင်မှန်းသိတာနဲ့ ဆိုင်မှာ ရှိတဲ့ စားပွဲခုန်တွေ၊ ကုန်ပစ္စည်းတွေ၊ နောက်တခြား ပစ္စည်းတွေကိုလည်း ဖျက်ဆီးသွားပါတယ်။ ဘင်္ဂလီတွေ ၅၀ကျော် နီးပါးလောက်ရှိပါတယ်။ ရဲစခန်းကို အကြောင်းကြားလို့ အဲဒီ ဘင်္ဂလီ ၅၀ ထဲက ၈ ယောက်ကို ကွမ်လာလန်ပူ ရဲစခန်း(Tang Wangi)က ဖမ်းသွားပါတယ်။ ကျန်တဲ့ ဘင်္ဂလီများကတော့ ထွက်ပြေးသွားပါတယ်။ " ဟု Myanmar News Now ကို ပြောပါသည်။

" ယင်း ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီ ၈ ယောက်ကို ကွမ်လာလန်ပူ ရဲစခန်းတွင် မေးမြန်းစစ်ဆေးနေပါတယ်။ သူတို့ရဲ့နောက်ကွယ်မှာ ဘာတွေရှိလဲ၊ ဘယ်သူတွေနဲ့ ဆက်စပ်နေလဲ၊ နောက်ပြီးတော့ ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲပေါ့။ သူတို့ကိုတော့ ထိရောက်စွာ အရေးယူဆောင်ရွက် သွားပါမယ်။ နောက်တစ်ခုက အခုလိုမျိုး အနိုင်ကျင့် ပြဿနာရှာတာကို နောက်တစ်ခါ မဖြစ်ရအောင် ဒီမှာ မလေးရှားရောက် ရခိုင်အဖွဲ့အစည်းတွေနဲ့ တခြားမြန်မာအဖွဲ့အစည်းတွေပါ ပူးပေါင်းပြီး လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါတယ်။ " ဟု ဆက်လက်ပြီး မြန်မာ့ဥယျာဉ်(ရခိုင်ဆိုင်)က ပိုင်ရှင် ဦးစောအောင်က ပြောပြပါသည်။"

 အခုလို ရခိုင်နဲ့ ပတ်သတ်တဲ့စီးပွားရေးတွေကို ပါ ဖျက်စီးပြီး လူတွေကို ရိုက်တဲ့ အထီးဖြစ်နေပါတယ် ဒါကြောင်း  ထိုရိုဟင်ဂျာ ဘင်္ဂလီလူမျိုးတွေ ရဲ့ နှိင်ငံခြားတွေမှာ အခုလိုပြသနာ တွေ လိုက်လံရှာနေတာ ကို နှိင်ငံခြားကိုရောက်နေတဲ့ အလုပ်လုပ်ကိုင်နေတဲ့သူတွေ အတွက် စိုးရိမ်းစရာ ကိစ္စတစ်ခုဖြစ်တယ်သက်ဆိုင်ရာ ဌာနတွေကလဲ့ ဘယ်ပုံစံမျိုးအရေးယူသွားမည်ကို ကျွန်တော်တို့ အနေနဲ့ စောင့်ကြည့်နေပါတယ် " လို့  မလေးရှားရောက် မြန်မာနိုင်ငံသားများက ပြောပါသည်။

Myanmar News Now

ဒေါ်စု ကော့မှူးတွင် လယ်သမားများနှင့် ဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူးမြို့နယ် ခရီးစဉ်တွင် တောင်သူလယ်သမားများနှင့် ဆွေးနွေးနေစဉ် (ဓါတ်ပုံ မဇ္ဈိမ)

 လယ်ယာမြေ အသိမ်းခံရမှု၊ လယ်မြေများ ရေနစ်မြုပ်မှုနှင့် လယ်သမားများ လယ်ယာလုပ်ငန်း ဆိုင်ရာ အသိပညာဖွံဖြိုးမှု အစရှိသည့်အကြောင်းများကို ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ကော့မှူးမြို့နယ် ခရီးစဉ်တွင်
တောင်သူလယ်သမားများနှင့် ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲပါဝင်သူများက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ မဲဆန္ဒနယ်မြေ ကောမှူးမြို့နယ်သို့
သောကြာနေ့က သွားရောက်ပြီး ဒေသခံ တောင်သူများနှင့်တွေ့ဆုံကာ မိုးစပါး စိုက်ပျိုးမှု အခက်အခဲများကို ဆွေးနွေးခဲ့
ခြင်း ဖြစ်သည်။

“ဆည်မြောင်းနဲ့ သက်ဆိုင်တာတွေကို ဆည်မြောင်းနဲ့ ဆွေးနွေးပေးမယ်။ သက်ဆိုင်တဲ့ အကြောင်းအရာပေါ် မူတည်ပြီး သက်ဆိုင်တဲ့ ဌာနကို ဆွေးနွေးပေးမယ်လို့ ပြောပါတယ်” ဟု ဟု ဒေါ်အောင်ဆန်းစုကြည်က လယ်သမားများအား ကတိပြုပြောကြားချက်များကို ကိုးကား၍ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ ညောင်ပင်သာရွာမှ ဦးသိန်းလွင် က မဇ္ဇျိမကို ပြောသည်။

ဘုန်းတော်ကြီးကျောင်းတခုတွင် ကျင်းပသည့် ယင်းဆွေးနွေးပွဲသို့ ဝါးပလောက်သောက်၊ ထန်းမနိုင်၊ ကမာပတ်၊ ဖယုံချောင်၊ ညောင်ပင်သာရွာ စသည့် ကျေးရွာများမှ တောင်သူသုံးဆယ်ခန့် တက်ရောက် သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် တောင်သူများ ရေကြီးရေလျှံ အခက်အခဲများအတွက် ကော့မူးမြို့နယ် ဆည်မြောင်းဦးစီးရုံးမှ ဦးစီးအရာရှိ ဦးဆန်းလွင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ကော့မူးမြို့နယ် NLD လူငယ်များနှင့်လည်း တွေ့ဆုံ၍ ပါတီအတွင်း လှုပ်ရှားဆောင်ရွက်မှုဆိုင်ရာ ကိစ္စ့ရပ်များ ဆွေးနွေးခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ ရွေးကောက်ပွဲပြီးနောက် ၎င်း၏မဲဆန္ဒနယ်အား အနည်းဆုံး သုံးကြိမ် သွားရောက် ၍ ဒေသခံများနှင့် တွေ့ဆုံကာ အခက်အခဲနှင့် လိုအပ်ချက်များကို လေ့လာခဲ့သည်။

ဇူလိုင်လ ၅ ရက်နေ့က သွားရောက်စဉ် ဒေသခံ ၃ဝဝ ကျော်နှင့် တွေ့ဆုံကာ ဒေသခံ ပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ ရေ၊ လျှပ်စစ်မီး၊ ချေးငွေ၊ အလုပ်အကိုင် ရရှိရေးနှင့် လမ်းပန်း ဆက်သွယ်ရေးများနှင့် ပတ်သက်၍ တင်ပြချက်များကို ဆွေးနွေးခဲ့သည်။

မြန်မာနှစ်ဆန်း တရက် (ဧပြီလ ၁၇ ရက်)နေ့ကလည်း ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ ကျပ်ငွေ သိန်း ၃၀၀ အား
ကော့မှူးမြို့နယ်မှ ကျေးရွာများသို့ ကံစမ်းမဲများ ဖောက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လှူဒါန်းခဲ့သေးသည်။

နေလင်းအောင် | ရန်ကုန် (မဇ္ဈိမ)

ဒဂုံအရှေ့တွင် တာတမံ ပိတ်ဆို့မှုကြောင့် လယ်ဧက ၂၀၀၀ နီးပါး ရေနစ်မြုပ်


ရန်ကုန်၊ သြဂုတ် ၃

ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ မလစ် အရှေ့ကျေးရွာ အုပ်စုမှ လယ်မြေများ၏ ရေစီးဆင်းရာ လမ်းကြောင်းများရှိ တာတမံများ ပိတ်ဆို့ ထားမှုကြောင့် စိုက်ပျိုးပြီး လယ်ဧက ၂၀၀၀နီးပါး ရေနစ်မြုပ်ကာ စပါးပင်များ ပျက်စီးမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း မလစ်ကျေးရွာမှ လယ်သမားများက ပြောကြားသည်။

ငမိုးရိပ် ရေထိန်း တံခါးမှ ရေနုတ်ယူမှု နည်းပါးခြင်း အပါအဝင် စိတ်ကျန်းမာရေး ဆေးရုံနံဘေးရှိ ဘဲတန်းရိုးချောင်းကို ပြီးခဲ့သည့် ရက်သတ္တပတ်မှ စတင်ကာ တာတမံ ပိတ်ဆို့မှုကြောင့် ၎င်းတို့ကျေးရွာ အုပ်စုများရှိ လယ်မြေများနှင့် နေအိမ်ခြံဝင်းများပါ ရေနစ်မြုပ် နေကြောင်း ယင်းကျေးရွာမှ တောင်သူလယ်သမားနှင့် အလုပ်သမား အဖွဲ့အစည်း ဥက္ကဋ္ဌ ဦးညွန့်ဝေက ရေနစ်မြုပ်မှု အခြေအနေကို ရှင်းပြသည်။

 စိုက်ပျိုးပြီး တစ်လကျော် သက်တမ်းရှိသည့် စပါးများမှာ ရေနစ်မြုပ်မှုဒဏ်ကို ၁၀ ရက် အထိ ခံနိုင်သော်လည်း စိုက်ပျိုးပြီး ရက်ပိုင်းသာ ရှိသေးသည့် စပါးများမှာမူ ရေနစ်မြုပ် တစ်ပတ်ကြာပါက ပျက်စီးမည်သာ ဖြစ်ကြောင်း စပါးများ ပျက်စီးမည့် အန္တရာယ် အပေါ် မလစ် ကျေးရွာမှ လယ်သမားတစ်ဦး ဖြစ်သူဦးသန်းထွန်းက စိုးရိမ်မကင်း ပြောဆိုသည်။

ယင်းကျေးရွာအုပ်စုများရှိလယ်မြေများ၏ ရေထွက်ပေါက် တစ်ခုဖြစ်သော ငမိုးရိပ် ရေထိန်းတံခါး၊ တည်ဆောက်ရေး ၆ မှ တာဝန်ကျ အင်ဂျင်နီယာ တစ်ဦးကလည်း ရေထိန်းတံခါးကို မေလကတည်းက ဖွင့်လှစ် ပေးထားပြီး ယခုရက်ပိုင်း အတွင်း မိုးရွာသွန်းမှုမှာ သုံးရက်လျှင် မိုးရေချိန် လက်မ ၆လက်မခန့် ရွာသွန်းသောကြောင့် ရေထိန်းတံခါး အတွင်း ရေများနေသဖြင့် ယင်းလယ်မြေများမှ ရေနုတ်ယူမှု အားနည်း ရခြင်းသာ ဖြစ်ကာ ၎င်းတို့အနေနှင့် အားနည်းချက်များကို ရှာဖွေ၍ ပြင်ဆင်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

စိတ်ကျန်းမာရေး ဆေးရုံနံဘေးရှိ ရေထွက်ပေါက် တစ်ခုဖြစ်သော ဘဲတန်းရိုးချောင်းကို တာတမံ ပိတ်ဆို့ထားခြင်းနှင့် ပတ်သက်၍ ဆည်မြောင်းဦးစီးဌာနမှ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးကမူ ဘဲတန်းရိုးချောင်းတာတမံ တစ်ဘက်ခြမ်းရှိ စိတ်ကျန်းမာရေး ဆေးရုံနှင့် ဧက ၃၀၀၀ခန့်ရှိ လယ်မြေများ ရေနစ်မြုပ်မည့် အန္တရာယ်ကြောင့် တာတမံ ပိတ်ဆို့ရခြင်း ဖြစ်ကြောင်း၊တာတမံ မပိတ်ဆို့ပါက တာတမံမြောက်ပိုင်းရှိ မလစ်အရှေ့ကျေးရွာအုပ်စုရှိ လယ်ဧက၂၀၀၀ အပါအဝင် တာတမံတောင်ပိုင်းရှိ လယ်ဧက ၃၀၀၀ နှင့်စိတ်ကျန်းမာရေးဆေးရုံပါ ရေနစ်မြုပ်မည်ဖြစ်ကြောင်း The Voice Weekly သို့မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

The Voice Weekly

စစ်ကိုင်း ဧမြ၀တီ ရပ်ကွက် ရေ၀င်ရောက်


စစ်ကိုင်း၊ သြဂုတ် ၃

စစ်ကိုင်းမြို့  ဧရာဝတီ မြစ်ကမ်းဘေး ရှိ အနိမ့်ပိုင်းဒေသ များတွင် ရေလွှမ်းမိုး မှုဒဏ်ကို တွေ့ကြုံနေ ရကြောင်း စစ်ကိုင်းမြို့ခံများ၏ ပြောကြားချက်အရ သိရသည်။

နှစ်စဉ် ၀ါဆို ၀ါခေါင်လ များတွင် ရေလွှမ်းမိုးမှု ဒဏ်တွေ့ကြုံလေ့ရှိသော အဆိုပါ ဒေသတွင် နေထိုင်သူများမှာ အမြင့်ပိုင်း ဒေသရှိ ဘုန်းတော် ကြီးကျောင်းများနှင့် ဘုရားရင်ပြင် ကြားနေရာများတွင် ယာယီ နေထိုင်လျက် ရှိကြကြောင်း ဧမြ၀တီ ရပ်ကွက် ဒေသခံများက သြဂုတ်လ (၃)ရက်နေ့တွင် The Voice Weekly သို့ ပြောကြားသည်။

"သုံးနှစ်တစ်ကြိမ် လောက် ရေတွေလမ်းပေါ် အထိ တက်တယ်၊ ဒီနှစ် တော်သေးတယ် ပြောရမယ်၊ တော်သလင်းလဆန်း လောက်ဆို ရေပြန်ကျသွားပါပြီ" ဟု အဆိုပါ ရေလွှမ်းခံရသော အိမ်ခြေပါ မိသားစု ၀င်တစ်ဦးက ဆိုသည်။

စစ်ကိုင်းမြို့  မင်းဇင် အရပ်နှင့် ဧမြ၀တီ အရပ်တွင် နှစ်စဉ် ရေ၀င်နေကျ အရပ်ဒေသများ ဖြစ်ကြောင်း၊ သို့ သော် ယခုနှစ် ၀ါဆိုဝါခေါင် ရေတက်ချိန်ထိ မင်းဇင်အရပ်သို့ အိမ်မြုပ် နိုင်အထိအောင် ရေတက်ခြင်းမရှိဘဲ ဧမြ၀တီ အရပ်သို့  သာ လူနေတဲများ မြုပ်သည်အထိ ရေတက်လျက် ရှိပါကြောင်း၊ စစ်ကိုင်းတံတားသို့သွားရာ စစ်ကိုင်း-မန္တလေး လမ်းဘေးဝဲယာရှိ စိုက်ပျိုးမြေများနှင့် အမရပူရမြို့ နယ် ရှိ လမ်းဘေးဝဲယာ ဒေသများတွင် ရေလွှမ်းလျက် ရှိကြောင်း မျက်မြင်တွေ့ မြင် ခဲ့ သူ မန္တလေးမြို့ ဒေသခံတစ်ဦးကဆိုသည်။

The Voice Weekly

သံလွင်မြစ်ရေလျှံ၍ ဘားအံမြို့နေ ၄,၀၀၀ ကျော် ရေဘေးသင့်

ဘားအံမြို့ မှ ရေဘေးဒုက္ခသည်များ (ဓါတ်ပုံ-မြ၀တီသတင်း)

ဇူလိုင်လကုန်ပိုင်းမှ စပြီး သံလွင်မြစ်ရေ လျှံတက်ခြင်းကြောင့် ကရင်ပြည်နယ်၊ ဘားအံ မြို့နယ်ရှိ ရပ်ကွက် သုံးခုတွင် ရက်သတ္တ တပတ်ခန့် ရေကြီးလျက် ရှိကာ လူဦးရေ ၄,ဝဝဝ ကျော် ရေဘေးဒဏ် ခံနေရကြောင်း ကယ်ဆယ်ရေးဝန်ထမ်းများက ဆိုသည်။

သောကြာနေ့ ရရှိသည့် စာရင်းအရ ရေဘေးသင့် အိမ်ထောင်စု ၉၃၄ ခု ရှိသော်လည်း သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာ ရခြင်း မရှိကြောင်း သိရသည်။ သို့သော် ကလေးငယ်များမှာ ကယ်ဆယ်ရေးစခန်းတွင်ပင် စာသင်နေကြရကြောင်း
ရွှေရင်မျှော်ဘုရား ကယ်ဆယ်ရေးစခန်းမှ စေတနာ့ဝန်ထမ်းတဦး ဖြစ်သည့် ဦးနိုင်ထက်အောင် က ပြောသည်။

“ဒီက ရှိတဲ့ ကျောင်းသားတွေကို ဘုရားရင်ပြင်ပေါ်မှာပဲ ဆရာမတွေ ကိုယ်တိုင်က စာလာသင်ပေးပါတယ်။ ဆရာမ ငါးယောက် ခြောက်ယောက်လောက် ရှိမယ်” ဟု သူက ပြောသည်။

ရေဘေး ကယ်ဆယ်ရေးစခန်း ၇ ခု ဖွင့်လှစ်ထားပြီး၊ မီးသတ်၊ ကြက်ခြေနီ၊ ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ ဝန်ထမ်း များက ကူညီစောင့်ရှောက်ပေးလျက် ရှိကာ ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် စေတနာရှင်များက အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများ နေ့စဉ် လာရောက် လှူဒါန်းလျက် ရှိသည်ဟု သူက ပြောသည်။

ဘားအံမြို့သည် ပျမ်းမျှအားဖြင့် ၃ နှစ် တကြိမ်ခန့် ရေကြီးလေ့ ရှိပြီး၊ ရေကြီးတိုင်းတွင် ဘားအံမြို့ကို နှစ်ပိုင်း ပိုင်းလိုက် သကဲ့သို့ ဖြစ်ကာ အဆိုးဆုံးနှစ်များတွင် လှေဖြင့် ကူးလူးသွားလာရသည်လည်း ရှိသည်ဟု ဒေသခံများက ပြောသည်။

သံလွင်မြစ်ရေ လျှံတက်ခြင်းကြောင့်သာ ဘားအံမြို့ ရေကြီးလေ့ရှိပြီး မြစ်ရေ လျှံတက်ခြင်းကို ကာကွယ်ရန် အစိုးရ အနေနှင့် မလုပ်ဆောင်နိုင်သေးကြောင်း “ကျမ သိတတ်တဲ့ အရွယ်ကတည်းက သုံးနှစ်တကြိမ်လောက် ရေကြီးနေမြဲပဲ။ ဒီလို ကာကွယ်ဖို့ မလုပ်နိုင်သေးလို့လည်း ခုထိ ကြီးနေတာပဲ” ဟု အထက်ပါ အမှတ် ၈ ရပ်ကွက်သူ တဦးက ပြော သည်။

ဇူလိုင်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်း တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ၇၈ဝ စင်တီမီတာသို့ ရောက် ရှိကာ စိုးရိမ်ရေမှတ်ထက် ၃ဝ စင်တီမီတာ (၁ ပေခန့်) ကျော်လွန်ခဲ့ပြီး ၃ဝ ရက်နေ့တွင် ၈၂၃ စင်တီမီတာ၊ ၃၁ ရက်နေ့ တွင် ၈၄၇ စင်တီမီတာ၊ သြဂုတ်လ ၁ ရက်နေ့တွင် ၈၇ဝ စင်တီမီတာသို့ နေစဉ် မြင့်တက်ကာ အနိမ့်ပိုင်း ရပ်ကွက်များ
ဖြစ်သည့် ရပ်ကွက် ၁၊ ရပ်ကွက် ၂၊ ရပ်ကွက် ၅ ရှိ အိမ်ထောင်စု ၇၈၇ စုမှ လူဦးရေ ၄,၁၇၇ ဦး ရေဘေးသင့်ခဲ့ကြရ သည်။

ကွန်းချမ်း | စံခလပူရီ (မဇ္ဈိမ) ။        ။

ကချင်တွင် နှစ်ဘက်တပ်များ လူ့အခွင့်အရေးချိုးဖောက်နေဟု ကော်မရှင်ပြော

ကချင်ပြည်နယ် အတွင်း နှစ်ဘက် လက်နက်ကိုင် တပ်တွေ အနေနဲ့ ဒေသခံ ပြည်သူလူထု အပေါ် လူ့အခွင့်အရေး ချိုးဖောက်နေ ကြတယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့ အခွင့်အရေးကော် မရှင်က ထုတ်ဖော်ပြော ဆိုလိုက်ပါတယ်။

ဦး စစ် မြိုင်
ဇူလိုင် ၂၃ ရက်ကနေ ၂၇ ရက်အထိ ကချင်ပြည်နယ်ထဲ သွားရောက်လေ့လာ စုံစမ်းခဲ့ပြီးတဲ့နောက် တွေ့ရှိချက်တွေကို ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က ခုလို ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“ကျနော် အထူးပြောချင်တာက လက်နက်ကိုင်တွေအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဗျ။ တိုင်ကြားချက်တွေ အပေါ်ကနေပေါ့။ ဒါတွေကို ကျနော်တို့က ရပ်တန့်စေချင်တယ်။ နှစ်ဖက်စလုံးပါ။”
ကော်မရှင်ထံတိုင်ကြားထားတဲ့ အမှုအရေအတွက်ကို ထုတ်ဖော်ပြောဆို ဖို့တော့ သူက ငြင်းဆိုပါတယ်။
အစိုးရကဖမ်းဆီးပြီး နှိပ်စက်ခံနေရတဲ့ ဦးဘရန်ရှောင်ကို သွားတွေ့ခဲ့ပုံကိုလည်း သူက ခုလို ပြောပါတယ်။
“ကျနော်တို့ မူလသွားတုန်းက ဦးဘရန်ရှောင်ကို တွေ့ဖို့ မပါဘူး။ ဟိုမှာ ကြားသိတဲ့အတွက် သွားတွေ့တဲ့အခါ ဥပဒေအရ ဆောင်ရွက်တာ ကောင်းပါတယ်။ သို့သော် ညှဉ်းပန်းနှိပ်စက်တာတော့ မလုပ်ပါနဲ့လို့။ ကျနော်တို့က သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တိုက်တွန်းခဲ့ပါတယ်။”
မြန်မာ့လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဟာ မြစ်ကြီးနားနဲ့ ၀ိုင်းမော်အနီးအနားက ဒုက္ခသည်စခန်း ၁၆ ခုကို လှည့်လည် ကြည့်ရှုလေ့လာခဲ့ကြတာပါ။
စခန်းတွေရဲ့ အနေအထားဟာ  အချိန်ကြာလာတာနဲ့အမျှ လိုအပ်ချက်တွေ ရှိလာတာကို တွေ့ရပြီး အဲဒီလိုအပ်ချက်တွေကိုလည်း သက်ဆိုင်ရာထံ အသိပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
သူတို့ ကြည့်ရှုခဲ့တဲ့ ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာလုံလောက်ပေမယ့် ဆေးဝါးလိုအပ်နေတယ်လို့ ဦးစစ်မြိုင်က ပြောပါတယ်။
“လိုအပ်ချက် အဓိကတော့ မိုးတွင်းဖြစ်တော့ အအေးမိ၊ နှာစေးမယ်၊ တုပ်ကွေး ဖြစ်မယ်။ ၀မ်းလျှောမယ်။ ငှက်ဖျားရှိမယ်။ အဲဒီဆေးတွေ အဓိက ပံ့ပိုးပေးဖို့ပါ။ နောက်တခုက ယူအန်အိပ်ခ်ျစီအာက လိုအပ်တဲ့နေရာတွေမှာ အဆောက်အဦတွေ ဆောက်ပေးနေပါတယ်။ အဲဒါလေးတွေ ရလာရင်တော့ စခန်းတွေအနေနဲ့ အတော်အသင့် နေသာထိုင်သာ ဖြစ်သွားမှာပါ။”
အပစ်အခတ်ရပ်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်ကြဖို့  ကော်မရှင် အတွင်းရေးမှူးက တိုက်တွန်းလိုက်ပြီး  ကချင်အရေးနဲ့ ပတ်သက်တဲ့ ကော်မရှင်ရဲ့အစီရင်ခံစာလည်း မကြာခင်ထုတ်ပြန်မယ်လို့ ပြောပါတယ်။
နှစ်ဘက်တပ်တွေဟာ ဒေသခံပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု လုပ်ရပ်တွေ ရှိတယ် ဆိုတဲ့အပေါ် ကချင်သတင်းဌာန အယ်ဒီတာ ကိုနော်ဒင်းက ခုလို သုံးသပ်ပြောကြားပါတယ်။
“ပြီးခဲ့တဲ့ ဩဂုတ်လမှာ ပူတာအိုနားမှာ ကေအိုင်အေ တပ်ရင်း ၇ ကနေ ဒေသခံရွာတချို့ကို မီးရှို့တယ်ဆိုတာမျိုးလည်း သတင်းထွက်လာတယ်။ အဲဒါလည်း သူတို့ သေချာစုံစမ်းပြီးမှ သက်ဆိုင်တဲ့ တပ်ရင်း ၇ က တပ်ရင်းမှူးကို သူတို့ အရေးယူတယ်။ ရာထူးချလိုက်တယ်ဆိုတာမျိုးတွေ ကျနော်တို့ ကြားရတဲ့ အပိုင်းရှိတယ်။ ကေအိုင်အေ ဘက်ကတော့ accident ပုံစံပေါ့ မတော်တဆပေါ့။ ဟိုက ညွှန်ကြားမှု မပါဘဲနဲ့ တပ်ဖွဲ့ဝင်တွေက ချိုးဖောက်မှုတွေ ရှိရင်လည်း တကယ်စစ်ဆေးပြီးမှ အရေးယူတဲ့ အပိုင်းတွေ ရှိတာကို တွေ့ရတယ်။ အစိုးရကတော့ စနစ်တကျနဲ့ ချိုးဖောက်နေတဲ့ဆိုတဲ့အပိုင်း..။ အဲဒါကြောင့်လည်း ဒုက္ခသည်တွေ အတော်များများက ကေအိုင်အို ထိန်းချုပ်တဲ့နေရာကို ထွက်ပြေးတာ များတယ်။ အစိုးရတပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒေသခံတွေက စစ်ဆေးမေးမြန်းတာကို လက်ခံတယ်။ ဒါပေမယ့် အစိုးရတပ်က ညှဉ်းပန်းနှိပ်စက်တယ်၊ ရွာတွေ မီးရှို့တယ် အဲဒါမျိုးတွေကို ကြောက်ပြီး ကေအိုင်အို ထိန်းချုပ်တဲ့ဒေသကို ထွက်ပြေးတာ များတယ်။”
ကေအိုင်အို ဒုက္ခသည်ရေးရာကော်မတီရဲ့ နောက်ဆုံးထုတ်ပြန်တဲ့စာရင်းအရ ကချင်ပြည်နယ်အတွင်း ဒုက္ခသည် ၈ သောင်းကျော်ရှိပြီး၊ ကေအိုင်အေ နယ်မြေထဲမှာ ဒုက္ခသည်စခန်း ၅၀ ကျော်နဲ့ လူဦးရေ ၆ သောင်းကျော် ရှိနေပါတယ်။
အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေဟာ မနှစ်ဇွန်လကတည်းက တိုက်ပွဲတွေ ပြန်ဖြစ်နေပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အကြိမ်ကြိမ်ကျင်းပပေမယ့်   အောင်မြင်မှုမရသေးဘဲ ဖြစ်နေပါတယ်။

ဗုံးခွဲတဲ့ကိစ္စ ကျနော်နဲ့ လုံးဝ ပတ်သက်မှုမရှိဘူး-ဖြိုးဝေအောင်


ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် ရန်ကုန်သင်္ကြန်မဏ္ဍပ် ဗုံးခွဲမှုနဲ့ စွပ်စွဲခံရပြီး သေဒဏ်ချမှတ်ခံရသူ နိုင်ငံရေးအကျဉ်းသား ကိုဖြိုးဝေအောင်ကို ဒီနေ့မှာပဲ  ပုဒ်မ ၄၀၁ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်တယ်။

ကိုဖြိုး ဝေ အောင်
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့  ကိုဖြိုးဝေအောင်ရဲ့ အမှုတွေ၊ ထောင်တွင်း အတွေ့အကြုံတချို့နဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားပါတယ်။
၂၀၁၀ တုန်းက သင်္ကြန်ဗုံးပေါက်ကွဲမှုနဲ့ ဖမ်းထားပြီးတော့ နောက်ဆုံး သေဒဏ်အထိချမှတ်ထားတဲ့အပေါ်မှာ ဒီအမှုတွေနဲ့ ပတ်သက်ပြီး ကိုဖြိုးဝေအောင် ဘာပြောချင်ပါလဲ။
“ဒီအမှုတွေနဲ့ ပတ်သက်ပြီး ကျနော်ဖြေရှင်းမှာပါ။ X2O ဗုံးပေါက်ကွဲမှုနဲ့ ဖြိုးဝေအောင် ပတ်သက်လား၊ မပတ်သက်လားဆိုတာကို သတင်းစာရှင်းလင်းပွဲ လုပ်သွားဖို့ရှိပါတယ်။ ဒီ ၁ လ ၂ လအတွင်း၊ ကျနော့်မှာရှိတဲ့ တရားဝင် အမှုတွဲရဲ့ တရားလို သက်သေခံချက်တွေနဲ့ ကျနော်ပြသွားမှာပါ။ ဖြိုးဝေအောင် ဒီဗုံးကို တကယ်ခွဲလား မခွဲလားဆိုတာကို ရှင်းသွားမှာပါ။”
ဒီအမှုမှာ တကယ်ပဲ ကိုဖြိုးဝေအောင်နဲ့ ပတ်သက်မှုရှိလား။
“ကျနော်နဲ့ လုံးဝ ပတ်သက်မှုမရှိပါဘူး။”
ကိုဖြိုးဝေအောင်ကို အများကြီးချုပ်နှောင်ခဲ့တယ်။ ရောဂါတွေလည်း ဆိုးဆိုးဝါးဝါးခံစားခဲ့ရတယ်။ ဒီအပေါ်မှာရော ထောင်အာဏာပိုင်တွေနဲ့ ပတ်သက်ပြီး ဘာများ ပြောချင်ပါလဲ။
“သူတို့နဲ့ ပတ်သက်ပြီးတော့ ကျနော်လည်း မကြာ မကြာပြောပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုပေါ့။ ကျနော့်လိုမျိုး နောက်နောင် ဘယ်သူမှမဖြစ်ဖို့အတွက် အပြုသဘောဆောင်တဲ့ အကြံဥာဏ်တွေ တတ်နိုင်မျှ လူတွေကို ပြောပြပေးသွားမယ့် အစီအစဉ်ရှိပါတယ်။”
အစိုးရက ၄၀၁ နဲ့ လွှတ်ပေးလိုက်တယ်ဆိုတော့ ဒီပုဒ်မဟာလည်း တကယ်ပဲပြစ်မှုကျူးလွန်သူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့သဘောမျိုး ဖြစ်နေတယ်ဆိုတော့ ဒီအမှုနဲ့ ပတ်သက်ပြီး အစ်ကို့အနေနဲ့ အယူခံဝင်ဖို့ ရှိပါလား။
“အယူခံဝင်ဖို့တော့ ရှိတယ်။ ၁၄ ရက်နေ့ နေပြည်တော်မှာ။”
တရားဥပဒေအရ လွတ်လွတ်လပ်လပ် ရင်ဆိုင်ခွင့်ရခဲ့ပါလား။
“လုံးဝမရခဲ့ဘူးဗျ။ တရားရုံးမှာ တိတိကျကျ မြန်မာလို ရှင်းရှင်းလင်းရေးထားတဲ့ တချို့အခွင့်အရေးတွေတောင် ကျနော်မရခဲ့ဘူး။ ”
ထိန်းသိမ်းခံရတုန်းက ဘယ်လိုမျိုး စစ်ဆေးမှုတွေ ခံရလဲ။
“ကျနော့်ကို အောင်သပြေ စစ်ကြောရေးမှာ နည်းမျိုးစုံနဲ့ နှိပ်စက်ပါတယ်။ အဓိကတော့ ဘေးမှာ ရိုက်တာဗျ။ ၀န်ခံမလား။ ၀န်မခံရင်ရိုက်တယ်။ နောက်တော့ ၀န်ခံလည်းရိုက်တယ်။ မ၀န်ခံလည်းရိုက်တယ်။”
ဒီအမှုနဲ့ ပတ်သက်မှု မရှိဘူးလို့ တရားရုံးမှာ ထွက်ဆိုခွင့်ရခဲ့လား။
“ကျနော်ကိုယ်တိုင် တရားခံပြသက်သေထွက်တယ်။ ဒီအမှု ၄ မှုစာအတွက် ပေါင်းထွက်တယ်။ ရှေ့နေနဲ့ မပါဘဲ။ ကျနော်ကိုယ်တိုင် ထွက်ချက်ပေးတယ်။ ၆ ချိန်း ထွက်ခဲ့ရတယ်။ အဲဒါမပြီးသေးဘဲနဲ့ တရားသူကြီးက အတင်းရပ်ပစ်လိုက်တယ်။ တကယ်တမ်းတော့ ကျနော့်မှာ ထွက်ဆိုစရာတွေ အများကြီးပဲ။ ရှင်းရှင်းပြောရရင် ခုခံချေပမယ့် စကားတောင် ကျနော်မပြောခဲ့ရဘူး။”
တကယ်ပဲ ဒီအမှုကို မကျူးလွန်ခဲ့ဘူးဆိုရင် ထင်ရှားတဲ့သက်သေအနေနဲ့ ပြောရမယ်ဆိုရင် အစ်ကို့အနေနဲ့ ဘာပြောချင်လဲ။
“သတင်းစာရှင်းလင်းပွဲမှာ ကျနော့်သက်သေနဲ့ ကျနော်ပြမယ်။ ကျနော့်အမှုတွဲမှာရှိတဲ့ တရားလိုပြ သက်သေခံ အထောက်အထားတွေနဲ့ ဖြိုးဝေအောင် X2O ဗုံးမခွဲဘူးဆိုတဲ့ သက်သေပြမှာပါ။”
အဖမ်းအဆီးခံရတဲ့အတွက် အစ်ကို့ရဲ မိသားစုဘ၀ ဘယ်လို ဂယက်တွေ ခံခဲ့ရလဲ။
“အများကြီးပေါ့ဗျာ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်က သာမာန် အင်ဂျင်နီယာတယောက်ပါ။ နိုင်ငံရေးသမားတယောက် မဟုတ်ပါဘူး။ ကန်ထရိုက်တာ တယောက်ပါ။ ကိုယ့်စီးပွားရေးနဲ့ကိုယ် ကောင်းကောင်းမွန်မွန် နေတယ်။ ကျနော့်ဘ၀အတွက်တော့ ဒါက ပထမဦးဆုံး ဆိုးဆိုးရွားရွား အတွေ့အကြုံပဲ။”
ဗုံးခွဲမှုမှာ ပတ်သက်မှု မရှိဘဲနဲ့ ဘာကြောင့် တရားစွဲခံရတယ် ထင်လဲ။
“ကျနော့်အထင် တင်တဲ့သက်သေအရ ဗုံးခွဲတယ်လို့ ယူဆရတဲ့ တယောက်ပေါ့။ အဲဒီသူက ကျနော့်သူငယ်ချင်းတယောက် သွားဖြစ်နေတယ်။ သူလည်း အင်ဂျင်နီယာတယောက်ပဲ။ သူနဲ့ကျနော် ၄-၅-၆ နှစ်လောက် အတူ အလုပ်တွေ တွဲလုပ်ဖူးတယ်။ ဗုံးခွဲတာက ဧပြီလပေါ့နော်။ ဇန်န၀ါရီလထဲမှာ သူက ရန်ကုန်လာဖူးတယ်။ ကျနော်နဲ့သူနဲ့ ဆုံတွေ့တယ်။ စကားပြောတယ်။ အဓိကတော့ ကျနော့်ကို လာဖမ်းတာ မဟုတ်ဘူး။ တယ်လီဖုန်းနဲ့ပတ်သက်ပြီး မေးချင်လို့ဆိုပြီးတော့ လာခေါ်တာ။  ပထမပိုင်းက ကျနော့်ကို သံသယမရှိဘူး။ ရိုးရိုးတန်းတန်း စစ်တာ။ နောက်ပိုင်း တရားခံပြေးတွေ အကုန်လုံး မရှိတော့ဘူး။ ပြေးကုန်ပြီဆိုမှ ကျနော့်ကို ထိုးချလိုက်တာ။ အခုလက်ရှိ အနေအထားအရ ဗုံးခွဲတယ်လို့ ယူဆရသူ တယောက်ဟာ ကျနော့်သူငယ်ချင်း ဖြစ်နေတဲ့အတွက် ကျနော်သည် သူနဲ့ ပတ်သက်တဲ့ တယောက်တည်းသော ကျန်ခဲ့တဲ့သူ ဖြစ်နေတယ်။ အဲဒါကြောင့် ကျနော် အဖမ်းခံရတာပဲ။”
ဆိုတော့ ဒီနေ့မှာပဲ လွတ်ငြိမ်းချမ်းသာခွင့် လွှတ်ပေးလိုက်တယ်ဆိုတာ ဘာကြောင့်လို့ ထင်လဲ။
“အဲဒါကတော့ မစ္စတာကင်တားနားကလည်း တောင်းဆိုတယ်။ အဖွဲ့အစည်းတွေကလည်း တောင်းဆိုတယ်။ ကျနော့်ကျန်းမာရေးကလည်း တော်တော်ဆိုးတော့ အဲဒါတွေ ဆုံပြီး ကျနော့်ကို လွှတ်ပေးတယ်လို့ ထင်တယ်။”
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့ ကိုဖြိုးဝေအောင်ဟာ ကင်ဆာရောဂါကြောင့် ဆေးရုံမှာ ကုသမှုခံယူနေရပါတယ်။

by နော်နိုရင်း   DVB

သြဂုတ် (၂)ရက်နေ့ ထုတ် PopularNews အတွဲ(၄)၊ အမှတ်(၃၀)

သြဂုတ် (၂)ရက်နေ့ ထုတ် PopularNews အတွဲ(၄)၊ အမှတ်(၃၀)

ဂျာနယ်ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရခိုင်ပြည်နယ်တွင် ရဲစခန်း ၃၀ ထပ်မံဖွင့်လှစ်ရန်စီစဉ်

ရန်ကုန် သြဂုတ်လ ၃ ရက်

ရခိုင်ပြည်နယ်တွင် ရဲစခန်း ၃၀ ကိုထပ်မံဖွင့်လှစ်သွားရန် ပြည်ထဲရေးဝန်ကြီးဌာနက စီမံဆောင်ရွက်လျက်ရှိနေကြောင်းသိရသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိ ရဲစခန်း ၇၅ ခုရှိပြီး ရဲစခန်းများထဲမှ စခန်း၈ခုကို အဆင့်မြှင့်မည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

ထို့အပြင် မောင်တောခရိုင်ကို ဖွဲ့စည်းပုံအင်အား အပြည့်ခန့်အပ်သွားနိုင်ရန် စီစဉ်နေပြီး ၊အုပ်ချုပ်ရေးတံတိုင်းအဖြစ်ဌာနဆိုင်ရာ များကဆောင်ရွက်သွားရန်လည်း ရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သိရသည်။ဇွန်လက ရခိုင်ပြည်နယ်၌ ပဋိပက္ခများဖြစ်ပွားခဲ့ပြီး လူအသေအပျောက်ရှိခဲ့သည်။

Popular Myanmar News Journal

မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေး ပါတီစာစောင်အပိတ်ခံရ၊ အာမခံကြေးငွေပါ သိမ်းဆည်း

ဦးတင်မောင်အေး
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ မှ ပါတီဝင်များ၊ပြည်သူများ
၊ပြည်တွင်းပြည်ပမီဒီယာများသိစေရန် အသိပေး သတင်းထုတ်ပြန်ခြင်း
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီမှ ထုတ်ဝေလျှက်ရှိသော
ဒိုင်ဗားစတီး စာစဉ် အမှတ်(၁၉) ၂၅.၇.၂၀၁၂ ရက်နေ့ထုတ်
အား ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာန၊
ပုံနှိပ်သူများ၊ထုတ်ဝေသူများ မှတ်ပုံတင်နှင့်စာပေစိစစ်ဖြန့်
ချိရေး လုပ်ငန်းကြီးကြပ်မှုဗဟိုအဖွဲ့ အမိန့်အမှတ် (၁/၂၀၁၂)ဖြင့်
အရေးယူကြောင်း၊အပိုဒ်(၄)ပိုဒ် ပါရှိပြီး အပိုဒ်(၂)ပါန/သ
၀၆၈ ဖြငိ့ ပုံနှိပ်ထုတ်ဝေသော၂၀၁၂ ခုနှစ်၊ဇူလိုင်လ (၂၅)ရက်နေ့ထုတ်
ဒိုင်ဗားစတီး(Diversity)စာစဉ် (၁၉)တွင် နိုင်ငံရေးပါတီနှင့်
သက်ဆိုင်ခြင်းမရှိသော အကြောင်းအရာများကို
ရေးသားထည့်သွင်းဖော်ပြခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည် အချက်နှင့်ညွှန်ကြားချက်(၄၂) ပါစည်းကမ်းချက်များကိုချိုးဖောက်သဖြင့် အာမခံကြေးငွေကျပ်ငါးသိန်း(၅၀၀၀၀၀/ိ)အား နိုင်ငံတော်ဘဏ္ဍာငွေ
အဖြစ်သိမ်းဆည်းလိုက်သည် ဟုဖော်ပြထားပါသည်။

အာမခံငွေအားသိမ်း ဆည်းခံရသဖြင့် ပါတီမှစာစဉ်ဆက်လက်ထုတ်ဝေနိုင်ရန်အတွက်
ငွေလိုအပ်သွားပါသည်၊သို့ပါသဖြင့်စာစဉ်များဆက် လက်ထုတ်ဝေနိုင်ရေး အတွက် ပါတီမှထိုငွေကြေးရရှိရန်ကြိုးစားသွားမည်ဖြစ်ပြီး နိုင်ငံရေး အရ လက်ရှိပါတီမှဆောင်ရွက်နေသောကိစ္စရပ်များကိုလည်းဆက်လက်
 ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်ဒီမိုကရေစီနည်းလမ်းကျကျနိုင်ငံ
သားများနှငိ့အတူဆက်လက်ပြီးဥပဒေများထွက်ပေါ်လာရေးအတွက်
လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကြေညာအပ်ပါသည်။

ပါတီ၏လွှဲအပ်ချက်အရ

ဦးတင်မောင်အေး
အထွေထွေအတွင်းရေးမှူး
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ

သမ္မတ၏ ရိုဟင်ဂျာ သဘောထားကို ထောက်ခံသူ အချို့ UNHCR တွင် ဆန္ဒထုတ်ဖော်

နိုင်ငံတော် သမ္မတကြီး၏ အဆိုပြုချက်ဖြစ်သော ရိုဟင်ဂျာအရေး နှင့်ပတ်သက်သည့် သဘောထား ထုတ်ပြန်ချက် ကို ထောက်ခံသော ပြည်သူ ၂၀ခန့်သည်ပြည်လမ်း စမ်းချောင်းမြို့နယ်ရှိ
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ ကြကြောင်း အဆိုပါ ဆန္ဒဖော်ထုတ်မှုတွင် ပါဝင်လှုပ်ရှားသူ တစ်ဦးဖြစ်သူ ဦးအောင်နိုင်ထွန်းက----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


နေအိမ်ပေါ်သို့ ကုက္ကိုပင်ပြိုကျ၊ လင်နှင့်မယား တိမ်းပါး

ဇူလိုင်လ ၂၉ ရက်နေ့ ညပိုင်းက ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ၉-ရပ်ကွက် အတွင်းရှိ နေအိမ် တစ်ခုပေါ်သို့ ကုက္ကိုပင် လဲပြိုကျမှုကြောင့် အဆိုပါနေအိမ် အတွင်း အိပ်ပျော်နေသော လင်မယားနှစ်ဦး သစ်ပင်ပိ၍ သေဆုံးခဲ့ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဌာနမှ--

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကုက္ကိုပင်



ဝါဆိုလပြည့် တရားဟောနေစဉ် သဲချောင်းကို ၀ိုင်းဝန်းတိုက်ခိုက်ရန် ဆူပူလိုသူများ ကြိုးပမ်း

ဒီကနေ့ ၀ါဆိုလပြည့်နေ့ ညနေဘက် စစ်တွေမြို့နယ် သဲချောင်းကျေးရွာမှာ ဆရာတော် တရားဟောနေစဉ် အနီးအနားက ဆူပူလိုသူ  မွတ်ဆလင် ၂၀၀ ကျော်ခန့်ဟာ တုတ်ဓါးတွေနဲ့  တိုက်ခိုက်ရန် ၀ိုင်းဝန်းလာခဲ့တယ်လို့ သိရပါတယ်။

အခုလို ၀ိုင်းဝန်းလာတဲ့ အတွက် အနီးအနားက စစ်တပ်ကို ဖုံးနဲ့ အကြောင်းကြားလိုက်တဲ့ အတွက် တပ်ရင်းမှူးကိုယ်တိုင် ကားတွေနဲ့ လာပြီး တားဆီးခဲ့ရတယ်လို့ ဆိုပါတယ်။
“ ညနေ ၅ နာရီကျော် ဆရာတော် တရားဟောလို့ မပီးတပီးမှာ ဖြစ်တာပါ။ စစ်တပ်က ရောက်လာတဲ့ အတွက် လူစုကွဲပြီး ဘင်္ဂလီတွေ ၀င်ပြေးသွားကြပါတယ်။ အခု စစ်တပ်နဲ့ လုံထိန်းတွေ ရွာထဲကို လိုက်သွားပါတယ်” ဟု သဲချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။
အခုအခါမှာတော့ အခြေအနေ အေးဆေး ငြိမ်သက်သွားပြီလို့ ပြောပါတယ်။ ဒါပေမယ့် စိတ်ချရတဲ့ အနေအထားတော့ မရှိသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

နိရဉ္စရာ သတင်းဌာန

ကုသိုလ်ဖြစ်အဖွဲ့အစည်း အကူအညီရပ်ဆိုင်းဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရ အမိန့်ချ

မြန်မာနိုင်ငံဘက်က နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့ Rohingya မွတ်စလင် ဒုက္ခသည်တွေကို ကူညီထောက်ပံ့နေတဲ့ နိုင်ငံတကာ ကုသိုလ်ဖြစ် အဖွဲ့အစည်း သုံးခုကို အကူအညီတွေ ရပ်ဆိုင်းဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက အမိန့်ချမှတ် လိုက်ပါတယ်။

အဲဒီအဖွဲ့တွေကတော့ ပြင်သစ်အခြေစိုက် MSF နယ်စည်းမခြား ဆရာဝန်များအဖွဲ့၊ ACF ခေါ် ငတ်မွတ်ခေါင်းပါးမှု ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

(ဓာတ်ပုံ - AFP - ဘင်္ဂလားဒေ့ရှ် နိုင်ငံ တပ်ခ်နပ်တွင် ဘင်္ဂါလီ ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို ၂၀၁၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့က မြင်တွေ့ရပုံဖြစ်ပါသည်။)

ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်စက်ရုံ(ချောက်) မီးလောင် (သတင်း-ဓါတ်ပုံ)

နေပြည်တော် သြဂုတ် ၂ စက်မှုဝန်ကြီးဌာန စက္ကူနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း ဟိုက်ဒရိုဂျင်ပါအောက် ဆိုဒ်စက်ရုံ (ချောက်)၌ သဘာဝဓာတ်ငွေ့ကိုအသုံးပြုလျက် ပုံမှန်ထုတ်လုပ်မှု လုပ်ငန်းဆောင်ရွက်စဉ် ယနေ့မွန်းလွဲ ၁၂ နာရီ မိနစ် ၅ဝ ခန့်တွင် Main Unit ရှိ Oxidation Tower မှ ပုံမှန် မဟုတ်သော ထူးခြားသည့် အသံများ ပေါ်ထွက် လာပြီးနောက် ဟိုက်ဒရိုဂျင်ပါဝင်သော ဓာတုအရည် Working Solution များ အောက်သို့စီးကျလာပြီး ပေါက်ကွဲမှုသုံးကြိမ် ဖြစ်ပေါ်ကာ----

သတင်းအပြည့်အစုံနှင့် ဓါတ်ပုံများ ကြည့်ရှုရန် ဒီနေရာကိုနှိပ်ပါ


ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး နှင့် သံတမန်များ စစ်တွေမြို့ ကို သွားရောက်လေ့လာ

ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး နှင့် သံတမန်များ စစ်တွေမြို့ ကို သွားရောက်လေ့လာစဉ် ။ ဓါတ်ပုံ (မြ၀တီ)
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် သံတမန်လေ့လာရေးအဖွဲ့ဝင်များ စစ်တွေမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ပကတိအခြေအနေမှန်များအား သွားရောက်လေ့လာ ခဲ့ပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး၊ တာဝန်ရှိသူများနှင့် ဘာသာရေးခေါင်းဆောင်များ၊ ဌာနဆိုင်ရာအကြီးအကဲများသည် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဖြစ်ပွားခဲ့သည့် ပကတိအခြေအနေမှန်များအား သြဂုတ် ၁ ရက် နံနက် ၈ နာရီက စစ်တွေမြို့ ပတ်ဝန်းကျင်တစ်လျှောက် သွားရောက်ကြည့်ရှု လေ့လာခဲ့ပြီး ဒုက္ခသည်များ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ဆောင်ရွက်ပေးထားမှုအခြေအနေများကို သံတမန်အဖွဲ့များအား ရှင်းလင်းပြောကြားခဲ့ကြောင်း မြ၀တီ ဖေ့စ်ဘုတ် အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါသည်။

အကျဉ်းကျ ထိုင်း ၉ ဦး လက်နက်တွေ ပိုင်ဆိုင်တယ်လို့ ၀န်ခံ

မြန်မာနိုင်ငံထဲမှာ ဖမ်းဆီးမိထားတဲ့ ထိုင်း ၉၂ ယောက်အနက် ၉ ယောက်က လက်နက်တွေ ပိုင်ဆိုင်တယ်လို့ ၀န်ခံတဲ့အကြောင်း စစ်ဘက် သတင်းရပ်ကွက်က ပြောကြားခဲ့ကြောင်း ထိုင်းနိုင်ငံထုတ် Tha Nation သတင်းစာမှာ ဖော်ပြထားပါတယ်။

စုံစမ်းစစ်ဆေးရေး အဖွဲ့သစ်က နှစ်ရက်ကြာ စစ်ကြောရေး ၀င်ပြီးတဲ့နောက်----


ဇူလိုင် ၄ ရက် ညနေပိုင်းက တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့နယ်ခွဲ နန်တွန်နှင့်ရွာဟေ့လူ နယ်စပ်စစ်ဆင်ရေးခြေကုတ်စခန်းအကြား နယ်မြေရှင်းလင်းစဉ် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ကျူးကျော်ကာ တရားမဝင်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြသည့် ထိုင်းနိုင်ငံသားများအား လက်နက်ခဲယမ်း၊ ယာဉ်ယန္တာရားများနှင့်အတူ ဖမ်းဆီးရမိခဲ့စဉ်။
 ဓါတ်ပုံ (မြဝတီသတင်း )
 

ရှော့ရိုက်ငါးဖမ်းခြင်းကြောင့် ဧရာဝတီလင်းပိုင် ပျောက်ကွယ်လု နီးပါးဖြစ်လာ

"လျှပ်စစ်ရှော့ တိုက်ငါးဖမ်း တာက အဓိက လင်းပိုင်တွေရဲ့  အစာရင်းမြစ်ကို ထိခိုက်စေတယ်။ ရှိတာကလည်း အကောင်ရေ ၁၀၀ အောက်ဆိုတော့ တစ်နှစ်ကို အရွယ်ရောက်ပြီး အမ တစ်ကောင်ပဲ သေမယ် ဆိုရင်တောင် နောက်ဆယ်နှစ် အတွင်း မျိုးပြုတ်သွား နိုင် တယ်။ သူတို့ရဲ့ သားပေါက်နှုန်းက လည်း သုံးနှစ်မှ တစ်ကြိမ် သားပေါက်တာ၊ အရွယ်ရောက်နှုန်းကလည်း နှေးတယ်"----

ဆောင်းပါး အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


ရှော့တိုက်ရာတွင် အသုံးပြုသည့်ပစ္စည်းများ။
ဓာတ်ပုံ-ကိုဝီရ
ဧရာဝတီမြစ်အတွင်း လျှပ်စစ်ဖြင့် ရှော့တိုက်ငါးဖမ်းနေကြသည့် သူများကို တွေ့ရစဉ်။
ဓာတ်ပုံ-ကိုဝီရ

ဇူလိုင်လ (၃၀) ရက်နေ့ ထုတ် Popular အတွဲ(၁၆) အမှတ်(၃၀)

Popular Journal အား PDF File ဖြင့် Download ရယူရန်နှင့်  ဖတ်ရှုလိုသူ ပရိတ်သတ်များအတွက်...... ဇူလိုင်လ (၃၀) ရက်နေ့ ထုတ် Popular အတွဲ(၁၆) အမှတ်(၃၀)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


မြန်မာ့သွင်းကုန်ပိတ်ဆို့မှု ဥပဒေသက်တမ်းတိုးဖို့ အမေရိကန်လွှတ်တော် ၂ ရပ် အတည်ပြု

၂၀၀၃ ခုနှစ်က ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံကနေ သွင်းကုန်ပိတ်ဆို့မှု ဥပဒေကို အမေရိကန် အထက်နဲ့ အောက် လွှတ်တော် နှစ်ရပ်စလုံးကနေ မနေ့က သက်တမ်း တစ်နှစ် ထပ်တိုးလိုက်ပါ တယ်။ မြန်မာနိုင်ငံတွင်း ပြောင်းလဲမှုတွေ အပေါ် အသိအမှတ်ပြုပေမဲ့ အပြောင်းအလဲတွေ ထပ်ဖြစ်လာဖို့ မျှော်လင့်ပြီး ဒီ ဥပဒေ ကြမ်းထဲမှာ အမေရိကန် သမ္မတရဲ့ လျှော့ပေါ့ပေးနိုင်တဲ့ လုပ်ပိုင်ခွင့်တွေ ထည့်သွင်းပေးထားတယ်လို့ ဒီ ဥပဒေ သက်တမ်းတိုးရေး အဆိုတင်သွင်းတဲ့ ဥပဒေပြု အမတ်တွေက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ ကိုသားညွန့်ဦးက အကြောင်းစုံ တင်ပြပေးထားပါတယ်။

အခုလို ၂၀၀၃ ခုနှစ် မြန်မာနိုင်ငံနဲ့ပတ်သက်လို့ သွင်းကုန်ပိတ်ဆို့မှု ဥပဒေကို လွှတ်တော် နှစ်ရပ်စလုံး သက်တမ်း တိုးလိုက်တဲ့အပေါ် မြန်မာ့ဒီမိုကရေစီရေးနဲ့ ပတ်သက်ပြီး အလေးပေးဆောင်ရွက်ကြတဲ့ လွှတ်တော် အမတ်တွေက ကြိုဆိုလိုက်ကြပါတယ်။ ဒီဥပဒေထဲမှာပဲ သမ္မတ အာဏာနဲ့ လျှော့ပေါ့ ပေးနိုင်တဲ့ လုပ်ပိုင်ခွင့် ကိုလည်း ထည့်သွင်းထားပါတယ်။ ဒါကြောင့် အရေးယူမှု ဥပဒေ သက်တမ်း တိုးလိုက်တယ် ဆိုပေမယ့် မြန်မာနိုင်ငံက အပြောင်းအလဲတွေအပေါ်တည်ပြီး အရေးယူမှုတွေကို လျှော့ပေါ့ပေးဦးမယ့် လက္ခဏာလည်း တွေ့ရပါတယ်။

ဒီ ဥပဒေ သက်တမ်းတိုးရေး အတွက် အောက် လွှတ်တော်မှာ အဓိက ကမ ကထ ဆောင်ရွက် သူ အောက်လွှတ်တော် အမတ် Joseph Crowley ကတော့ ဒီ ဥပဒေကို သက်တမ်းတိုးလိုက်တာဟာ အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာ လူ့အခွင့်အရေးအတွက် အလေးအနက် ရှိနေတယ် ဆိုတာကို ပြသတာ ဖြစ်တယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာစေဖို့ အမေရိကန်ဘက်က ကူညီဖို့ ပိုင်းဖြတ်ထားတယ်ဆိုတာကို ပြသတဲ့ ဥပဒေကြမ်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလတုန်းက မြန် မာနိုင်ငံကို ကျနော်ရောက်ခဲ့ပါတယ်။ ဒါဟာ ၁၂ နှစ်အတွင်း အောက်လွှတ်တော်ကနေ ပထမဆုံး သွားရောက်တဲ့ လွှတ်တော်အမတ်တဦးခရီးစဉ်ဖြစ်ခဲ့ပါတယ်။

ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ခြေ ရှိတယ်ဆိုတာကို ကျနော် မျက်မြင် တွေ့ခဲ့ပါတယ်။ လွတ်မြောက်တော့မယ် ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ မိသားစုဝင်တွေနဲ့ တွေ့ခဲ့ပါ တယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်လာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်ရှိတဲ့ တိုင်းရင်းသား လူနည်းစုတွေနဲ့ တွေ့ခဲ့ပါတယ်။ သတ္တိပြောင်မြောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့ပါတယ်။”
မြန်မာအာဏာပိုင်တွေနဲ့ နီးစပ်သူတွေကတော့ အခုလို အနောက်နိုင်ငံတွေ အထူးသဖြင့် အမေရိ ကန် ပြည်ထောင်စုက ပိတ်ဆို့ အရေးယူမှုတွေဟာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကြောင့် ဖြစ်တယ်ဆိုပြီး စွပ်စွဲမှုတွေ ဟိုးကတည်းက ရှိနေတာပါ။ အောက်လွှတ်တော်အမတ် ဂျိုးဇက် ခရော်လေ ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ လူချင်း တွေ့ခဲ့စဉ်မှာ အခုလို အရေးယူမှုတွေ လုပ်ဖို့ဆိုတာကို တိုက်တွန်းတာမျိုး မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။

“မြန်မာနိုင်ငံကို နိုင်ငံတကာ ဖိအားတွေ လျှော့ပေါ့သွားဖို့ ဒေါ်စုက တိုက်တွန်းပါတယ်။ ဒါပေမယ့် လည်း ဒီ ဥပဒေကို သက်တမ်းတိုးပြီး ပြုလွယ်ပြောင်းလွယ်ဖြစ်အောင် လုပ်ထားခြင်းအားဖြင့် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်လာဖို့၊ ကချင်နဲ့ ရိုဟင်ဂျာတို့ အပါအ၀င် မြန်မာနိုင်ငံက လူနည်းစုတွေ တိုင်းရင်းသားတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်ဖို့ မြန်မာ နိုင်ငံမှာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ အမေရိကန်ပြည်ထောင်စုက လိုလားတယ် ဆိုတာကို ပြလိုက်တာပါ။ ဒါကြောင့် ဒီဥပဒေ သက်တမ်းတိုးရေးအတွက် ကျနော် အပြင်းအထန် တိုက်တွန်းတာပါ။”

၂၀၀၃ ခုနှစ် မြန်မာနိုင်ငံနဲ့ပ တ်သက်လို့ သွင်းကုန် ပိတ်ဆို့မှု ဥပဒေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ လှုပ်ရှားသူတွေကို မြန်မာနိုင်ငံ အထက်ပိုင်း ဒီပဲယင်းအနီးမှာ အစိုးရလိုလားသူတွေက အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပြီးနောက် အမေရိကန် ပြည်ထောင်စုက မြန်မာစစ်အစိုးရကို အရေးယူခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။ ဥပဒေဟာ ပြီးခဲ့တဲ့ ဇူလှိုင် ၂၈ ရက်နေ့က သက်တမ်းကုန်ခဲ့တာပါ။
အခု ဒီဥပဒေကို နောက်ထပ် သုံးနှစ်ဆက်သွားဖို့ အောက်လွှတ်တော်က ဆုံးဖြတ်တာဖြစ်ပေမဲ့ အရေးယူမှု ဆက်လုပ် မလုပ်ဆိုတာကို တနှစ်ချင်း သုံးသပ် ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံအပေါ် အမေရိကန်က သုံးနှစ်အရေးယူမှု သက်တမ်း ထပ်တိုးမယ် ဆိုပြီး ပြောဆိုနေတဲ့အချက်ဟာ မှားယွင်းတယ်လို့ အထက်လွှတ်တော်အမတ် မက်ကောနယ်ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒီ ဥပဒေကို လွှတ်တော်နှစ်ရပ်ကနေ တနှစ်ချင်း သက်တမ်းတိုးရမှာဖြစ်တယ်လို့ မစ္စတာ မက်ကောနယ်က ပြောပါတယ်။

ဒါ့အပြင် ဒီ ဥပဒေ သက်တမ်းတိုးတာကြောင့် အမေရိကန်အစိုးရကနေ ဒီနှစ်အစောပိုင်းတုန်းက ရင်းနှီး မြှုပ်နှံမှုနဲ့ ငွေကြေးဝန်ဆောင်မှုတွေ ပိတ်ပင်ထားတာကို လျှော့ပေါ့ပေးခဲ့တာအပေါ် သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူးလို့လည်း ထောက်ပြပါတယ်။ ဒီ ဥပဒေပါ လိုလား သတ်မှတ် ချက်တွေ ပြည့်စုံမှုရှိလာတာနဲ့ ဒီ တားမြစ်မှု ဥပဒေကို လျှော့ပေါ့ပေးနိုင်တဲ့ အခွင့်အာဏာကိုလည်း ထည့်သွင်းထားပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခုလို အမေရိကန်အစိုးရပိုင်းက လုပ်ပိုင်ခွင့်အရ အရေးယူမှုတွေ လျှော့ပေါ့ပေးမယ်လို့ စဉ်းစားတဲ့အခါမှာလည်း မြန်မာနိုင်ငံထဲက အပြောင်းအလဲတွေကိုတင် ထည့်သွင်းစဉ်းစား တာမဟုတ်ဘဲ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပါ နီးနီးကပ်ကပ် တိုင်ပင်ညှိနှိုင်းဖို့ အထက် လွှတ်တော်အမတ် မက်ကောနယ်က အမေရိကန်အစိုးရကို အလေးအနက် တိုက်တွန်းထားပါတယ်။

ရင်းနှီးမြှုပ်နှံမှုသစ်တွေ မြန်မာနိုင်ငံမှာ ၀င်ရောက်လုပ်ကိုင်ခွင့် အမေရိကန် ပြည်ထောင်စုက ခွင့်ပြုထားတဲ့အပေါ် ကြိုဆိုပေမဲ့ အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေကြောင့် အပြုသဘော အကျိုးဖြစ်ထွန်းမှုတွေ ရှိတယ်ဆိုတာကို မြန်မာလူထုရော ကမ္ဘာကပါ သိဖို့ ကျင့်ဝတ်သိက္ခာနဲ့ တာဝန်ယူမှု ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ဖို့လည်း အထက်လွှတ်တော်အမတ် မက်ကောနယ်က တိုက်တွန်းထားပါတယ်။

အခု သက်တမ်းတိုးလိုက်တဲ့ ၂၀၀၃ မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေဟာ အတည်ဖြစ်ဖို့ကတော့ သမ္မတအိုဘားမား လက်မှတ်ထိုးဖို့ ကျန်ပါသေးတယ်။ အခြား ဥပဒေ တရပ် ဖြစ်တဲ့ ၂၀၀၈ ခုနှစ် JADE ဥပဒေကိုလည်း မကြာခင် အမေရိကန်လွှတ်တော်အတွင်း သက်တမ်းတိုးရေး မတိုးရေး ဆွေးနွေး ဆုံးဖြတ်ကြရဦးမှာဖြစ်ပါတယ်။

ကိုသားညွန့်ဦး - ဗွီအိုအေ မြန်မာပိုင်း 

ဝါဆိုလပြည့်နေ့ ရွှေတိဂုံစေတီတော်သို့ ဘုရားဖူး သုံးသိန်းခန့် ဖူးမြော်


 မြန်မာ သက္ကရဇ် ၁၃၇၄ ခုနှစ်၊ ဒုတိယ ဝါဆိုလပြည့်နေ့ဖြစ်သော သြဂုတ်လ ၂ ရက်နေ့တွင်
ရွှေတိဂုံစေတီတော်သို့ ဘုရားဖူး သုံးသိန်း ဝန်းကျင် တက်ရောက် ဖူးမျှော်ကြည်ညိုခဲ့ကြရာ ပုံမှန်ထက် ၁ဝ ဆ နီးပါး တက်ရောက်မှု ရှိကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။

“ပုံမှန်ဆိုရင်တော့ ရွှေတိဂုံစေတီတော်ကို တရက်ကို ဘုရားဖူး နှစ်သောင်းခွဲကနေ သုံးသောင်းကျော်အထိ လာဖူးတာ ရှိပါတယ်၊ အခု ဒီနေ့ ဝါဆိုလပြည့်နေ့မှာ ဘုရားဖူး သုံးသိန်း ဝန်းကျင်လာဖူးပါတယ်။ ပုံမှန်ထက် ၁ဝ များတယ်လို့
ပြောရမှာပေါ့” ဟု ဂေါပက ရုံးအဖွဲ့မှူး ဦးဝင်းကြိုင် က ပြောသည်။ နိုင်ငံခြားသား ဘုရားဖူး ဧည့်သည်များလည်း ယခုနှစ် ပိုမိုလာရောက်ကြသည်ဟု ဆိုသည်။

ရွှေတိဂုံစေတီတော်သို့ ဘုရားဖူး သုံးသိန်း ၀န်းကျင် တက်ရောက် ဖူးမျှော်ကြည်ညို (ဓါတ်ပုံ မဇ္ဈိမ)

ဓမ္မစကြာ အခါတော်နေ့ နံနက် ၅ နာရီ၌ ဆွမ်းတော်ကြီး ကပ်လှူခြင်း၊ နံနက် ၆ နာရီ ၃ဝ မိနစ်တွင် ဘာသာရေး အသင်းအဖွဲ့များက ရွှေကြာသင်္ကန်း ကပ်လှူပွဲ၊ အခမ်းအနား အဆောင်အယောင်များဖြင့် ဘုရားတပတ် လှည့်လည် ပူဇော်ခဲ့ကြသည်။

ထို့နောက် အရှေ့ဘက်မုခ်ရှိ ကကုဿန် မြတ်စွာဘုရား၊ တောင်ဘက်မုခ်ရှိ ကောဏဂုံ မြတ်စွာဘုရား၊ အနောက်ဘက် မုခ်ရှိ ကဿပ မြတ်စွာဘုရား၊ မြောက်ဘက်မုခ်ရှိ ဂေါတမ မြတ်စွာဘုရား၊ အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင် ဘုရား တို့အား ရွှေသင်္ကန်း ကပ်လှူ ပူဇော်မှု ပြုလုပ်ကြသည်။

“ဘာသာရေး အသင်းအဖွဲ့တွေ၊ လူမှုရေး အသင်းအဖွဲ့တွေကလည်း စတုဒီသာ လှူဒါန်းတာတို့၊ သောက်ရေသန့် ဗူးတွေ လှူဒါန်းတာတို့၊ အဖွဲ့လိုက် ဓမ္မစကြာ ရွတ်ဆိုတာတို့တွေ လာလုပ်ကြတယ်” ဟု ဦးဝင်းကြိုင် က ပြောသည်။

ထို့အပြင် နေ့လည် ၁ နာရီတွင် ရွှေတိဂုံစေတီတော် သြဝါဒ ဆရာတော်မှ ဘုရားဖူးများအား ဓမ္မစကြာတရား ဟောကြား
ပေးသည့်အပြင် ရှေးဟောင်း ရုပ်ပွားတော် တန်ဆောင်း၌ ဂေါပကအဖွဲ့မှ ကြီးမှူးကာ ဓမ္မစကြာ အခါတော်နေ့ အခမ်းအနားနှင့် ဟောပြောပွဲတရပ် ကျင်းပပေးသည်။

ရတနာဦး-ရန်ကုန် (မဇ္ဈိမ) ။

ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ကွင်တားနားတို့ တွေ့ဆုံဆွေးနွေး (ရုပ်/သံ)



ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ကွင်တားနားတို့ တွေ့ဆုံဆွေးနွေး
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကွင်တားနား (Tomas Ojea Quintana)တို့ ဒီကနေ့ သြဂုတ်လ ၂ရက်နေ့ နံနက် ၉း၃၀ မှ ၁၁း၀၀ အချိန်ထိ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

Burma VJ Media Network


ချောက်မြို့တွင် ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်စက်ရုံ မီးလောင်မှုဖြစ်ပွား

(ပုံမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် စက်ရုံအတွင်းနေရာကိုတွေ့ရစဉ်။)  ဓါတ်ပုံ -   Yangon Media Group 

ချောက် သြဂုတ်၂။
ချောက်မြို့တွင် လည်ပတ်နေသော စက်မှုဝန်ကြီးဌာန စက္ကူနှင့် အိမ်သုံးပစ္စည်းလုပ်ငန်းလက်အောက်ရှိ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်စက်ရုံသည် သဘာဝဓါတ်ငွေ့ကိုအသုံးပြုလျက် ပုံမှန်ထုတ်လုပ်မှုလုပ်ငန်း များဆောင်ရွက်နေစဉ် သြဂုတ် ၂ရက် နေ့လည် ၁၂နာရီ ၅၀မိနစ်တွင် Main Unit ရှိ Oxidation Tower မှ ပုံမှန်မဟုတ်သော ထူးခြားသည့် အသံကြီးပေါ်ထွက်လာပြီးနောက် ဟိုက်ဒရိုဂျင်ပါဝင်သော ဓာတုအရည်များ (working solution) အောက်သို့စီးကျကာ ပေါက်ကွဲမှု (၃)ကြိမ် ဖြစ်ပေါ်၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာမှသတင်းရရှိသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ချောက်၊ညောင်ဦးနှင့် ကျောက်ပန်းတောင်းမြို့တို့မှ မီးသတ်ကားများရောက်ရှိလာပြီး မီးငြိမ်းသတ်ခဲ့ရာ ညနေ ၄နာရီခွဲခန့်တွင် မီးကိုထိန်းနိုင်ခဲ့ပြီး ညနေခြောက်နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ရန်ကုန်မီဒီယာသို့ပြောကြားသည်။

မီးလောင်မှုဖြစ်စဉ်ကြောင့် စက်ရုံဝန်ထမ်း (၅)ဦးနှင့် မီးသတ်ဝန်ထမ်း (၁)ဦးတို့ အနည်းငယ်ဒဏ်ရာရရှိသွားကြပြီး ဓာတုအရည်ထိမှန်သည့် ၀န်ထမ်းတစ်ဦးကို ချောက်မြို့ပြည်သူ့ဆေးရုံတွင် တင်ပို့ထာ့းကြောင်း စက်မှုဝန်ကြီးဌာနမှ အရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

မီးလောင်မှုကြောင့် စက်ရုံအတွင်းရှိ အခြားအဆောက်အဦများ ပျက်စီးမှုမရှိသော်လည်း ပေါက်ကွဲမှုအရှိန်ကြောင့် ပြတင်းပေါက်မှန်များ ကွဲအက်ပျက်စီးသွားကြောင်းသိရှိရသည်။
မီးလောင်မှုဖြစ်ပွားသည့် အဆိုပါစက်ရုံသို့ နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ ရောက်ရှိနေပြီး လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိနေကြောင်း စက်မှုဝန်ကြီးဌာနမှသတင်းရရှိသည်။

by Yangon Media Group

(ပုံမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် စက်ရုံအတွင်းနေရာကိုတွေ့ရစဉ်။)

မီဒီယာ လွတ်လပ်ခွင့် ရရှိရေးအတွက် ကဗျာဆရာ စောဝေ တကိုယ်တော် ဆန္ဒ ထုတ်ဖော်


လတ်တလော ပိတ်ပင်ခံရတဲ့ ဂျာနယ်တွေနဲ့ မီဒီယာ လွတ်လပ်ခွင့် ရရှိရေးအတွက် နိုင်ငံရေး အကျဉ်းသားဟောင်း ကဗျာဆရာ စောဝေဟာ ဒီကနေ့ စပြီး တကိုယ်တော် ဆန္ဒ ထုတ်ဖော်နေပါတယ်။

အခုလို ဆန္ဒ ထုတ်ဖော်နေရတာဟာ မီဒီယာတွေကို ဖိနှိပ်ခံနေရတဲ့ သတင်းတွေကို သမ္မတ ဦးသိန်းစိန် သိစေချင်တဲ့အတွက် ဖြစ်တယ်လို့ ကဗျာဆရာစောဝေက ပြောပါတယ်။

အခုရက်ပိုင်းမှာ the voice weekly နဲ့ envoy ဂျာနယ်တွေရဲ့ ထုတ်ဝေခွင့် ရပ်ဆိုင်းခံရတာဟာ သမ္မတ ဦးသိန်းစိန်ရဲ့ သတင်းမီဒီယာတွေ အပေါ် ထားတဲ့ သဘောဆန္ဒနဲ့ ဆန့်ကျင်နေတယ်လို့ ကဗျာဆရာ စောဝေက
ပြောပါတယ်။

စတုတ္ထမဏ္ဍိုင်ဟာ သန့်ရှင်းတဲ့အစိုးရ၊ ကောင်မွန်တဲ့အစိုးရ ဖြစ်အောင်
ရေးသားဖို့လို့တယ်။ ဒါ့အပြင် ပွင့်လင်းလာအောင် လွတ်လပ်လာအောင် လုပ်ပေးဖို့ အပ်တယ်လို့ သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းတွေထဲမှာ ပါခဲ့ပေမယ့် လောလောဆယ်မှာတော့ မီဒီယာတွေအပေါ် အရေးယူနေတာ ဟာ ကဗျာဆရာ တယောက် အနေနဲ့ ထောင်ကျသလို ခံစားရတဲ့အတွက် အခုလို တကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်တယ်လို့ ကဗျာဆရာစောဝေ က ပြောခဲ့ပါတယ်။

RFA Burmese

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကင်တားနား တွေ့ ဆုံ


မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ တက္ကသိုလ် ရိပ်သာလမ်း နေအိမ်မှာ
တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက် တွေကိုတော့
နှစ်ဘက်လုံးက ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

မစ္စတာ ကင်တားနားဟာ ပြီးခဲ့တဲ့ ရက်တွေအတွင်း အင်းစိန်ထောင်ကို သွားရောက်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသား တချို့ နဲ့ တွေ့ဆုံခဲ့သလို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ ကျောင်းသား အဖွဲ့အစည်းတွေ နဲ့လဲ တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် စစ်တွေနဲ့ မောင်တောမြို့တွေက ရခိုင်တိုင်းရင်းသားနဲ့
မွတ်စလင် ဒုက္ခသည်တွေကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။

မစ္စတာ ကင်တားနားဟာ အခုတခေါက် ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နဲ့
တွေ့ဖို့ စီစဉ်ထားသလို လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့လည်း သိရပါတယ်။

RFA Burmese

(Photo-AFP)

ကမ္ဘာ့ဘဏ်နဲ့ အာရှ ဖွံ့ဖြိုးရေးဘဏ်ကို အကြွေးဆပ်ဖို့  ဂျပန်က ငွေချေးဖို့ ပြင်


ကမ္ဘာ့ဘဏ်နဲ့ အာရှ ဖွံ့ဖြိုးရေးဘဏ်ကို မြန်မာနိုင်ငံက ပေးဖို့ကျန်နေတဲ့ အကြွေးတွေ ပြန်ဆပ်နိုင်ဖို့အတွက် ဂျပန်အစိုးရက ကာလတိုချေးငွေ အမေရိကန် ဒေါ်လာ သန်း ၉ ရာ ထုတ်ချေးဖို့ ပြင်ဆင်နေတယ်လို့ ကျိုဒို သတင်းဌာနက ဖော်ပြလိုက်ပါတယ်။

မြန်မာနိုင်ငံကို ချေးငွေအသစ်တွေ ထုတ်ပေးဖို့ ပြင်ဆင်တဲ့အနေနဲ့ ကမ္ဘာ့ဘဏ်နဲ့ အာရှ ဖွံ့ဖြိုးရေးဘဏ် ရုံးခွဲတွေ ရန်ကုန်မြို့မှာ မနေ့က ဖွင့်လှစ်လိုက်ပြီး နောက်မှာ ဂျပန်က ငွေထုတ်ချေးမယ့် သတင်း ထွက်ပေါ်လာတာပါ။

စည်းမျဉ်း စည်းကမ်းတွေ အရ မြန်မာ အစိုးရ အနေနဲ့ နောက်ထပ် ချေးငွေ
အသစ် ရဖို့အတွက် ကြွေးကျန်တွေကို အရင်ဆုံး ပြန်ဆပ်ဖို့ လိုအပ်နေ ပါတယ်။

အခုလို ဂျပန်အစိုးရက ဒေါ်လာ သန်း ၉ ရာ ထုတ်ပေးမယ် ဆိုတဲ့
အတွက် မြန်မာအပေါ် ချမှတ်ထားတဲ့ လက်ကျန် ပိတ်ဆို့ အရေးယူမှု တွေကို အမေရိကန် ပြည်ထောင်စုက ပြန်ရုတ်သိမ်းပေးတာနဲ့ တပြိုင်နက် ကမ္ဘာ့ဘဏ်နဲ့ အာရှ ဖွံ့ဖြိုးရေးဘဏ်ကနေ ချေးငွေအသစ်တွေ ရဖို့ လမ်းပွင့်သွားပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ့ဘဏ်ကို အမေရိကန်ဒေါ်လာ သန်း ၄ ရာ နဲ့ အာရှ ဖွံ့ဖြိုးရေးဘဏ်ကို ဒေါ်လာ သန်း ၅ ရာ အကြွေး ပြန်ဆပ်ဖို့ ရှိနေပါတယ်။

အမေရိကန် ပြည်ထောင်စုဟာ ကမ္ဘာ့ဘဏ်နဲ့ အာရှ ဖွံ့ဖြိုးရေးဘဏ်မှာ အစုရှယ်ယာ အများဆုံး ပါဝင်တဲ့ နိုင်ငံ ဖြစ်ပါတယ်။

RFA Burmese

(ဓာတ်ပုံ - သမ္မတ ဦးသိန်းစိန်နှင့် ဂျပန် ၀န်ကြီးချုပ် Yoshihiko Noda တို့ကို ဧပြီလ ၂၁ ရက်နေ့က တိုကျိုမြို့ မဲခေါင်ထိပ်သီး ညီလာခံတွင် အတူ တွေ့ရပုံ ဖြစ်ပါသည်။)

အဖြစ်မှန်တွေ သိရအောင် ရခိုင်ကို သွားခဲ့တာပါ-ကိုကိုကြီး

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနဲ့ အဖွဲ့ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်ထဲမှာ ရမ်းဗြဲမြို့နယ်ထဲက ကျောက်နီမော်ရွာနဲ့ မသီတာထွေး အခင်းဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေဆီ အရောက်သွားခဲ့ကြပါတယ်။

ဒီခရီးအခြေအတွေနဲ့ ပတ်သက်ပြီး ကိုကိုကြီးကို ဆက်သွယ် မေးမြန်းထားပါတယ်။

“ကျောက်နီမော်မှာ သပြေချောင်းကျေးရွာ မသီတာထွေး အခင်းဖြစ်တဲ့နေရာ ကြည့်ပြီးတော့ သူ့မိသားစုနဲ့လည်းတွေ့ဆုံပြီး အားပေးနှစ်သိမ့်ခဲ့ပါတယ်။ ဒေသခံ ရွာသူရွာသားတွေနဲ့လည်း ထိတွေ့ စကားပြောခဲ့တယ်။ အဲကနေပြန်လာပြီးတော့ ကျောက်ထရံဆိုတဲ့ ရွာမှာ ဒီဘက်က မွတ်ဆလင်တွေပေါ့။ သူတို့ဆီမှာလည်း လူ့အဖွဲ့အစည်းထဲမှာ ရေရှည်သဟဇာတဖြစ်အောင် နေထိုင်နိုင်ကြဖို့၊ ပုံမှန်အခြေအနေပြန်ရောက်အောင် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းနဲ့ ၀ိုင်းပြီးတော့ ကြိုးစားကြဖို့ ပြောခဲ့ပါတယ်။ ရခိုင်ရွာတွေမှာရော ခဏ ၀င်ဝင်ပြီးတော့ နှုတ်ဆက်စကားပြောပြီး အားလုံးနဲ့ ထိတွေ့ခဲ့ရပါတယ်။”

အဓိက ကျောက်နီမော်ကို ဘာကြောင့်သွားတာလဲ။ မသီတာထွေးကိစ္စနဲ့ ပတ်သက်ပြီးတော့ အဖြစ်မှန်သိရအောင်လား။ ဒါမှမဟုတ် တခြား ဘယ်လိုအချက်အလက်တွေ လိုချင်လို့ သွားတာလဲဗျ။

“အခင်းဖြစ်တဲ့နေရာ မူရင်း အဖြစ်မှန်တွေ သိရအောင်ရယ်၊ နောက် ဒီမှာရှိတဲ့ တိုင်းရင်းသားအားလုံးရဲ့ သူတို့ခံစားချက်တွေ၊ သူတို့အခြေအနေတွေ အမှန်အတိုင်းသိရအောင်လို့ ကြိုးစားတဲ့ ခရီးစဉ်ပေါ့။”

သွားခဲ့တဲ့အခြေအနေမှာ တွေ့ခဲ့ကြုံခဲ့ ပြောခဲ့ရတော့ နှစ်ဖက် အနေအထား ဘယ်လိုရှိလဲဗျ။

“နှစ်ဖက်အခြေအနေကတော့ အခုအချိန်ထိတော့ စိတ်ခံစားမှုတွေ ကျန်နေတုန်းပဲပေါ့။ ကျောက်နီမော်ဆိုရင် ပင်လယ်ထွက်ပေါက်လိုဖြစ်နေတယ်။ ဒေသခံ ကမန်အနည်းငယ်နဲ့ ကမန်မဟုတ်တဲ့ မွတ်ဆလင်တွေ ရောထွေးနေတာ တွေ့ရပါတယ်။”

သူတို့အနေအထားကြည့်ရတာ အခုအချိန်ဆို ၂ လနီးပါး ရှိသွားပြီပေါ့နော်။ အကျိတ်အခဲတွေရှိနေကြတုန်းလား။ စကားပြောကြည့်တော့ ဘယ်လိုမြင်ရ ကြားရလဲ။

“အကျိတ်အခဲတွေဆိုတာက ဒီကိစ္စတခုတည်းကြောင့် မဟုတ်ဘူးဗျ။ ဒီကိစ္စက လတ်တလော အကြောင်းရင်းပဲ။ အဓိကက နှစ်ပေါင်းများစွာစုပုံလာတဲ့ ကိစ္စတွေဆိုတော့ ဒါကိုဖြေရှင်းမယ်ဆိုလည်း တထိုင်တည်းဖြေရှင်းလို့တော့ မရဘူးပေါ့လေ။ ကျနော်တို့ ဒီမှာအကြံပေးတာလည်း ဒေသခံ ရခိုင်ပြည်သူတွေလည်း ရေရှည်အမျှော်အမြင်နဲ့ ၀ိုင်းပြီးတော့ ကြိုးပမ်း ပြင်ဆင်ကြဖို့ပေါ့လေ။ အတူတူနေတဲ့ တိုင်းရင်းသားတွေ အချင်းချင်းကြားမှလည်း နားလည်မှု မလွဲအောင်၊ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို အခိုင်အမာ ကာကွယ်စောင့်ရှောက်နိုင်အောင် အစရှိသဖြင့် ရေရှည်အတွက် အမြော်အမြင်ရှိရှိနဲ့ ဆောင်ရွက်ကြရမယ့် ကိစ္စ ဖြစ်တယ်လို့ ကျနော် တိုက်တွန်းချင်ပါတယ်။

ဒေသခံရွာသားတွေ နှစ်ဖက်ပေါ့၊ ရခိုင်နဲ့ရော မွတ်စလင်နဲ့ရော စကားပြောကြည့်တော့ ဘယ်လိုရှိလဲဗျ။

“ပြောရရင်တော့ ဒေသဖွံ့ဖြိုးရေးကလည်း အဓိက အရေးကြီးတဲ့ အကြောင်းအရင်းတချက်လို့ မြင်တယ်လေ။ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးကအစ ပြုပြင်ပြောင်းလဲမှု လုပ်စရာတွေတော့ အများကြီး တွေ့ခဲ့ပါတယ်။ ကျနော်လာတဲ့ လမ်းမှာကိုက ရမ်းဗြဲနဲ့ ကျောက်နီမော်က မိုင် ၂၀ ကျော် ခရီးကို အသွားအပြန် တနေကုန်တာကိုကြည့်ရင် ဒီက ဖွံ့ဖြိုးရေး အခြေအနေကိုလည်း သိနိုင်တာပေါ့နော်။ ကားနဲ့ သွားတာကို မလွယ်အောင် တော်တော်အခြေအနေဆိုးတယ်ပေါ့လေ။ အခု ကျနော်ကားပေါ်ကနေ ပြောနေတာလေ။ အတူပါလာတဲ့ ကားတစီးဆိုရင် ခရီးဆုံးအထိ မလိုက်နိုင်ဘူး။ 4 wheels ကားလောက်ပဲ ရုန်းနိုင်တယ်။ သာမန်ကားတွေဆိုရင်တော့ သွားဖို့ မလွယ်လောက်ဘူး။”

နောက်ထပ် ဘယ်ခရီးစဉ် သွားဖို့ ရှိသေးလဲဗျ။

“ကျနော်တို့ ရမ်းဗြဲရောက်တဲ့အခါမှာ ဒေသခံရခိုင် မြို့မိမြို့ဖတွေရော၊ ကမန်တိုင်းရင်းသားတွေဘက်က တာဝန်ရှိသူတွေနဲ့ပါ တွေ့သွားဖို့ ရှိပါတယ်။ ဒီညတော့ ရမ်းဗြဲပြီးမှာ အိပ်ပါမယ်။ ရမ်းဗြဲပြီးရင်တော့ ကျောက်ဖြူမှာ တညအိပ်ပါမယ်။  ကျောက်ဖြူမှာလည်း မြို့မိမြိုဖတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။”

ရမ်းဗြဲတို့ ကျောက်နီမော်တို့အထိ ရောက်ခဲ့ပြီးတော့ ဒီခရီးစဉ်က ရတဲ့ တွေ့ရှိချက်တွေကို နောက်ဘယ်လို အသုံးချမလဲ။

“တိုင်းရင်းသား ချစ်ကြည်ရင်းနှီးမှုဆိုတာ စကားလုံး မဟုတ်ဘူး။ လက်တွေ့ လုပ်ရမယ့်ကိစ္စ၊ လူမျိုးစု တခုနဲ့ တခုကြားမှာရှိနေတဲ့ သံသယတွေ၊ မယုံကြည်မှုတွေ ဆိုတာ ဘယ်လောက်ထိတွေ့ဆက်ဆံပြီး ဘယ်လောက်နားလည် ခံစားပေးသလဲ။ ဘယ်လောက်စာနာသလဲဆိုတာတွေနဲ့ပဲ တည်ဆောက်လို့ ရမယ်လို့ မြင်ပါတယ်။ ဒီခရီးစဉ်ကနေ ရလိုက်တာက ဒီဘက်က တိုင်းရင်းသားတွေရဲ့ နွေးထွေးဆက်ဆံမှုကို ကျနော်တို့ ရခဲ့ပါတယ်။ အဲဒီအတွက်လည်း အရမ်းပဲ ပီတိဖြစ်ပါတယ်။”

by ရွှေအောင်  - DVB

ရွှေဘိုမြို့နယ်၊ ဇီးကုန်းကျေးရွာတွင် ရေနွေးအိုးတည်ရာမှ ဓါတ်လိုက်သေဆုံးမှုတစ်ခုဖြစ်ပွား



ရွှေဘိုမြို့နယ်၊ ဇီးကုန်းကျေးရွာတွင် ဇူလိုင်လ(၃၀)ရက်နေ့ မနက်ကိုးနာ
ရီခွဲ ၀န်းကျင်ခန့်တွင် အသက်(၄၀)၀န်းကျင်အရွယ် အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံးမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

ဇီးကုန်းကျေးရွာတောင်ပိုင်းတွင် နေထိုင်သူ ကိုကျော်လင်း(အသက်
၄၀၊၀န်းကျင်)သည် လျှပ်စစ်ဖြင့် ရေနွေးအိုးတည်နေစဉ် ပလပ်ခေါင်းကို လှမ်းကိုင်ရာမှ မြေကြီးအစိုဓါတ်ကြောင့် ဓါတ်လိုက်ခဲ့ခြင်းဖြစ်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရွှေဘိုဆေးရုံကြီးတွင် အလောင်းအား ဆေးစစ်ချက်ရယူခဲ့ပြီး ရွှေဘိုရဲစခန်းနှင့် လျှပ်စစ်ရုံးမှလည်း လာရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်ဟု Eleven Media Group - Facebook အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါသည်။

Eleven Media Group

တောတောင်စောင့်နတ်တွေကိုပဲ တိုင်တည်ရတော့မှာလား


စာရေးသူတို့ လူသားအများစုသည် ပတ်ဝန်းကျင်အပေါ် ချစ်ခင်ဂရုစိုက်မှု၊ စည်းနှင့်ကမ်းနှင့် ထိန်းထိန်းသိမ်းသိမ်း နေထိုင်မှုများ လျော့ပါးပျက်စီးလျက် ရှိနေပါသည်။ ထိုအခါ ပင်ကိုမူလကပင် ဖြစ်တည်ဖွဲ့စည်းကာ အပြန်အလှန် အကျိုးပြုလျက်ရှိသော ပတ်ဝန်းကျင်သည် တစ်စတစ်စနှင့် အများအပြား ယိုယွင်းလာနေပြီ ဖြစ်ပါသည်။ ပတ်ဝန်းကျင်ယိုယွင်းမှုသည် သဘာဝကြောင့်ထက် လူသားများကြောင့်သာ ပိုမိုဖြစ်ပေါ်နေပါသည်။ ထိုသို့ စည်းမဲ့ကမ်းမဲ့ နေထိုင်ပျက်စီးသော လူအရေအတွက် များလေလေ၊ ပတ်ဝန်းကျင်ယိုယွင်းမှုများ ကြီးမားလေလေဖြစ်ပါသည်။ နောက်ဆက်တွဲအားဖြင့် ပတ်ဝန်းကျင် ယိုယွင်းမှုများကြောင့် လူသားများ၏ အသက်အိုးအိမ်၊ စည်းစိမ်များ၊ သဘာဝ၏ အဖိုးတန်လက်ဆောင်များ၊ စားနပ်ရိက္ခာများ ပျက်သုဉ်းဆုံးရှုံးနေကြရပါသည်။

ပတ်ဝန်းကျင်ထံမှ အခမဲ့ရရှိသော အရင်းအမြစ်များစွာကို လူသားသက်ရှိများက အလုအယက်၊ အပြိုင်အဆိုင် ရှာဖွေယူဆောင် သုံးစွဲလျက်ရှိပါသည်။ ဤသို့ဖြင့် လက်ရှိကမ္ဘာတွင် သန်းခုနစ်ထောင်ကျော်သော လူသားများအနက် အများစုမှာ လုံလောက်သော အာဟာရဓာတ်၊ စားနပ်ရိက္ခာ၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြားအခြေခံလိုအပ်ချက် များစွာကို မရရှိကြဘဲ ရပ်တည်နေကြရပါသည်။

ကမ္ဘာ့နေရာ တော်တော်များများတွင် ဆင်းရဲမွဲတေ ငတ်ပြတ်နေချိန်၌ ကျန်လူသားအများစုမှာလည်း ပတ်ဝန်းကျင်ထံမှ အဆီအနှစ်များကို အထိန်းအကွပ်မရှိ၊ အလွန်အကျွံထုတ်ယူ အသုံးပြုလျက်ရှိကြပါသည်။ လူသားတစ်ဦးချင်းစီ၏ နေ့စဉ်စားသောက် နေထိုင်မှုများတွင်လည်း ပတ်ဝန်းကျင်ထိန်းသိမ်းမှု သဘောတရားများအား လျစ်လျူရှုကာ မိမိတို့နှင့်မဆိုင်သလို စိတ်ထားလျက် လောလောဆယ် စားဝတ်နေရေး အဆင်ပြေလွယ်ကူ သက်သာမှုကိုသာ ဦးစားပေးလုံးပန်းနေကြပါသည်။ ပတ်ဝန်းကျင်အပေါ် လူသားများ၏ တန်ဖိုးထားမှု အားနည်းခြင်းကြောင့် သဘာဝဖောက်ပြန်မှုများ အပါအ၀င် ဘေးအန္တရာယ်မျိုးစုံတို့သည် တန်ပြန်သက်ရောက်မှုအဖြစ် လူသားများအား ခြိမ်းခြောက်လျက် ရှိနေပါသည်။

ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူများ (သို့မဟုတ်) မြေကမ္ဘာကို ချစ်မြတ်နိုးသူများ (သို့မဟုတ်) လူသားအပါအ၀င် သက်ရှိ၊ သက်မဲ့အားလုံးကို ချစ်မြတ်နိုးသူများသည် အနာဂတ်အတွက် စိုးရိမ်စိတ်များဖြင့် အသေးအဖွဲကိစ္စများမှပင်စကာ ပတ်ဝန်းကျင်ထိန်းသိမ်းမှု လုပ်ငန်းစဉ်များအား အချိန်ပေး အရေးတယူ ဆောင်ရွက်လျက်ရှိကြပါသည်။ အမှန်မှာ ထိုလုပ်ဆောင်မှုများတွင် လူသားအားလုံးက တက်တက်ကြွကြွပူးပေါင်း ပါဝင်လှုပ်ရှားရန် လိုအပ်ပါသည်။ ထိုသို့ အားလုံးသိရှိ ပါဝင်နိုင်ရန်အတွက်လည်း သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်၊ နောက်ဆုံး ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော် အဆင့်အထိ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးပြုန်းတီးနေမှုများ၊ သက်ရှိများအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေများကို အမြန်ဆုံးတင်ပြ ဆွေးနွေးအဖြေရှာကြရမည် ဖြစ်ပါသည်။

ဥပမာတစ်ခု တင်ပြချင်ပါသည်။ မုံရွာမြို့အနောက်ဘက် ချင်းတွင်းမြစ်အနီးတွင်ရှိသော လက်ပန်းတောင်းတောင်ကြီးအား မိုင်းခွဲမြေဖြိုကာ ကြေးနီသတ္တုတူးဖော်နေသည့်ကိစ္စ ဖြစ်ပါသည်။ ဤစီမံကိန်းကြောင့် ဒေသခံများ ပြောင်းကြရွှေ့ကြရသည့် ဒုက္ခ၊ စိုက်ပျိုးမြေများ လက်လွှတ်ဆုံးရှုံးကြရသည့်ဒုက္ခ၊ ဇီဝမျိုးစုံများ ပျက်စီးပျောက်ကွယ်ရသည့်ဒုက္ခ၊ ရေရှည်တွင် ထိုဒေသ၌ နေထိုင်သူများ၏ ကျန်းမာရေးအပေါ် သက်ရောက်ထိခိုက်မည့်ဒုက္ခ၊ သဘာဝပတ်ဝန်းကျင် ရေထု၊ မြေထု၊ လေထုများကို ပြောင်းလဲလွှမ်းမိုးစေမည့်  ဒုက္ခများကို ဘာမျှမပြောသေး၊ မစဉ်းစားသေးဘဲ ဂေဟစနစ်အရ အပြန်အလှန်အမှီသဟဲ ပြုလျက်ရှိသော ချင်းတွင်းမြစ်ကမ်းရှိ အလွန်ပနံရလှပစွာတည်ရှိသော တောင်ကြီးတစ်တောင် ပျောက်ကွယ်သွားမှာကို စိုးရိမ်သည့် အချက်တစ်ချက်တည်းနှင့်ပင် မြစ်ဆုံစီမံကိန်းလို လုံးဝရပ်တန့်ပစ်ရန် လိုသည်ဟု ဘူမိပညာရှင်၊ ပထ၀ီပညာရှင်များ၊ သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်သူများက ရင်ထဲမှစကားကို ဆိုကြပါသည်။ မုံရွာဒေသခံများကလည်း လဲလျောင်းအိပ်စက်နေသော ဧရာမဆင်ကြီးနှစ်ကောင်ဟု ညွှန်းဖွဲ့ထားသည့် ယင်းလက်ပန်းတောင်းတောင်ကြီးအား ဓားထစ်ရာမွှန်းနေပြီဟု ဆိုကြပါသည်။ သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်သူများ၏ ရင်ထဲမှာဖြင့် ယခုကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိသူများမှ အမြန်ဆုံး အကျယ်တ၀င့် ဆွေးနွေးသင့်ပြီဟု ထင်မြင်သုံးသပ်နေကြပါသည်။

ကျောင်းပထ၀ီသင်ခန်းစာများတွင် မုံရွာမြို့အနောက်ဘက် ချင်းတွင်းမြစ်ကမ်းဘေးတွင် စံပယ်တောင်၊ ကြေးစင်တောင်၊ လက်ပန်းတောင်းတောင်များရှိသည်ဟု ဆိုထားသော်လည်း ယခုအခါ တောင်ကြီးအချို့မှာ လုံးဝပျောက်ကွယ်လျက် ရှိနေပါပြီ။

ယေဘုယျအားဖြင့် ပတ်ဝန်းကျင်ထိခိုက် ယိုယွင်းစေမည့် စီမံကိန်းများ ဆောင်ရွက်သည့် ဒေသရှိ ပြည်သူအများစုမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသဘောတရားများကိုလည်း ကောင်းစွာမသိကြပါ။ သူတို့ကြောင့် ပတ်ဝန်းကျင်အပေါ် ကြီးကြီးမားမား ဆိုးကျိုးသက်ရောက်စေသည်ဟုလည်း လက်မခံ၊ မယူဆထားကြပါ။ သို့ရာတွင် လုပ်ငန်းလာရောက် လုပ်ကိုင်သည့် အဖွဲ့အစည်းများ၊ ပညာရှင်များမှာမူ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးစေမည်များကို ကြိုတင်တွက်ဆ သိရှိထားနိုင်သော်လည်း လျစ်လျူရှုကာ လတ်တလော အကျိုးအမြတ်ရရေးကိုသာ အာရုံစိုက်လျက် လောဘမသတ်ဖြစ်နေကြပါသည်။ စီမံကိန်းများတည်ရှိရာ အနီးတစ်ဝိုက်မှ ဒေသခံများအနေဖြင့် လောလောဆယ် သူတို့ရင်ဆိုင်ကြရမည့် ပြဿနာများမှ ကင်းဝေးအောင်၊ စီမံကိန်းများ ရပ်တန့်သွားအောင်၊ သူတို့ ခံစားကြရမည့် ဆိုးပြစ်များ လျော့နိုင်သမျှ လျော့ရလေအောင် မည်သူ့ကိုမျှ မတောင်းဆိုနိုင်၊ မည်သို့မှ မကြံစည်နိုင်၊ မြေရေသယံဇာတများကို ရနိုင်သမျှ လက်ဝါးကြီးအုပ်ထားနိုင်ရန်၊ ဒေသအတွက် ပြန်လည်ဖြည့်ဆည်းပံ့ပိုး စောင့်ရှောက်ရမည့်အတွက်ကိုမူ တတ်နိုင်သမျှ နည်းစေရန်အတွက် နည်းလမ်းအမျိုးမျိုးဖြင့် ချဉ်းကပ်ကြိုးပမ်းနိုင်ကြပါသည်။

နောက်ဆုံးရလဒ်အဖြစ် အလူးအလဲခံစားကြရမည်မှာ ဘာမျှလည်းမဆိုင်၊ ဘာအကျိုးအမြတ်မှလည်း မခံစားလိုက်ရသည့် ဒေသခံပြည်သူများသာ ဖြစ်ပါလိမ့်မည်။ သဘာဝပတ်ဝန်းကျင်အား ဖျက်ဆီးမည့်သူများ နည်းနိုင်သမျှနည်းအောင်၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများကို လျှော့ချကာကွယ်နိုင်အောင်၊ သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်သူများ တိုးပွားလာအောင် လုပ်ဆောင်လိုစိတ် ပြင်းပြနေသူများမှာ ဒေသခံပြည်သူများသာ ဖြစ်လာပါလိမ့်မည်။

သို့ရာတွင် ထိုသူများမှာ ဘယ်ကစ၍ ဘယ်လိုလုပ်ရမှန်း မသိဘဲလည်း ဖြစ်နေကြပါသည်။ ထို့ကြောင့် သူတို့မှာ မိရိုးဖလာအစဉ်အလာအတိုင်း သူတို့အလွယ်တကူ လုပ်လည်းလုပ်တတ်၊ လုပ်လည်းလုပ်နိုင်သည့် အလုပ်ဖြစ်သော တောတောင်စောင့်နတ်တွေကိုပဲ တိုင်တည်ရတော့မှာလိုလိုသာ ဖြစ်လို့နေပါတော့သည်။

ရေးသားသူ- လွင်ချန်ဖြိုး(နတ်မောက်)
by 7Day News Journal


သမ္မတနှင့် ရှမ်းခေါင်းဆောင် ခွန်ထွန်းဦး တွေ့ဆုံမည်


ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ခွန်ထွန်းဦးနဲ့ စိုင်းညွန့်လွင်တို့ အခုရက်ပိုင်းမှာ နိုင်ငံတော် သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ ရှိပြီး အဓိက အချက် သုံးချက်ကို တင်ပြတောင်းဆိုသွားမယ်လို့ ပါတီပြောခွင့်ရသူ ဦးစိုင်းလိတ်က ပြောပါတယ်။

အစောပိုင်းက ပြီးခဲ့တဲ့ အင်္ဂါနေ့က တွေ့ဆုံဖို့စီစဉ်ခဲ့ပေမယ့် သမ္မတက  မအားလပ်တဲ့အတွက် အစီအစဉ်ကိုဖျက်ခဲ့ရပါတယ်။ အခု ရုံးပိတ်ရက်တွေမှာ တွေ့ဖို့ရှိတယ်လို့လည်း (အက်စ်အန်အယ်လ်ဒီ) ဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဦးခွန်ထွန်းဦးတို့ဟာ သမ္မတနဲ့ တွေ့ဆုံတဲ့အခါ အဓိက အချက် ၃ ချက်ကို ဆွေးနွေးသွားမယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။

“နိုင်ငံရပ်ခြားကိုရောက်နေတဲ့ တိုင်းရင်းသားတွေ ပြည်တွင်းကို လွတ်လွတ်လပ်လပ် ၀င်ရောက်ခွင့်ပြုပြီးတော့မှ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းလုပ်တဲ့အခါ လွယ်လွယ်ကူကူလုပ်နိုင်ဖို့။ နိုင်ငံသားမဟုတ်တဲ့သူတွေက သန်းခေါင်စာရင်းမှာပါပြီးတော့မှ တိုင်းရင်းသားစစ်စစ်တွေက သန်းခေါင်စာရင်းမှာမပါဘဲ ကျန်နေခဲ့ရင် နိုင်ငံအတွက်ရော၊ တိုင်းရင်းသားတွေအတွက်ရော အရမ်းနစ်နာတယ်။ ဒါကြောင့် ပြန်ဝင်လာပြီး မှတ်ပုံတင်လုပ်ဖို့ပဲဖြစ်ဖြစ်၊ သန်းခေါင်စာရင်းမှာ နာမည်စာရင်း ပေးသွင်းရင်ပဲဖြစ်ဖြစ် လွယ်လွယ်ကူကူနဲ့ သက်သက်သာသာ ဆောင်ရွက်ပေးနိုင်ဖို့” ကို ပထမအချက်အနေဲ့ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

ဒုတိယအချက်အနေနဲ့  ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်တဲ့နေရာမှာ အဖွဲ့အစည်း ကြီးသည် ငယ်သည် မခွဲခြားဘဲ အားလုံးကို တန်းတူထားပြီး တချိန်တည်း၊ တပြိုင်တည်း အပစ်အခတ် ရပ်စဲဖို့နဲ့ တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ အပစ်အခတ်ရပ်စဲရေး အချိန်ကာလကို ၁ လဖြစ်ဖြစ်၊ ၃ လဖြစ်ဖြစ် သတ်မှတ်ပေးပြီး အားလုံးကို တန်းတူထားပြီး ဆွေးနွေးဖို့ အကြံပြုသွားမယ်လို့ ပြောပါတယ်။

တတိယအချက်အနေနဲ့ တိုင်းရင်းသားအားလုံး ကိုယ့်ရဲ့ ဘာသာစာပေကို ကျောင်းချိန်အတွင်းမှာပဲ ကိုယ်ကြိုက်ရာ သင်ရိုးညွှန်းတမ်းပြဌာန်းပြီးတော့ လွတ်လွတ်လပ်လပ် သင်ကြားခွင့်ပြုဖို့ တောင်းဆိုသွားမယ်လို့ ပြောပါတယ်။

“ကျနော်တို့ရဲ့ သင်ရိုးညွှန်းတမ်းကို မြန်မာဖတ်စာကနေ ဘာသာပြန်ပြီး သင်ဖို့အတွက် ပညာရေးဝန်ကြီး လမ်းညွှန်ထားတာ ရှိတယ်။ ဆရာဆရာမတွေ ဘာသာပြန်ခိုင်းတယ်။ တကယ်တမ်းဘာသာပြန်ကြည့်တော့ အဆင်မပြေကြဘူး။ ဒါကြောင့်မို့လို့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို မပျက်ပြားစေချင်ဘူး။ မထိခိုက်စေချင်ဘူးဆိုရင် ကိုယ်ကြိုက်ရာ ဘာသာ သင်ရိုးညွန်းတမ်းကို လွတ်လွတ်လပ်လပ် ရေးဆွဲပြီး သင်ကြားပေးဖို့ တောင်းဆိုသွားမှာ ဖြစ်ပါတယ်။”

 by နော်နိုရင်း   DVB

ချင်းတို့မြေက လုံရူးပွဲတော်

ချင်းပြည်နယ်မှ ရိုးရာပွဲတော် တခုကို တွေ့ မြင်ရစဉ်

အရွက်တဖားဖားနှင့် စိမ်းလန်းနေသော ပြောင်းဖူးခင်းထဲတွင် သစ်သားတိုင်ကလေးကိုးခုကို အစီအရီ စိုက်ထူထားသည်။

သည်သစ်သားတိုင်များသည် အသက် ၇၀ ကျော် ချင်းအဘိုးအို ဦးရှယ်လျမ်းဂေအတွက်တော့ ဂုဏ်ယူဖွယ် အမှတ်သင်္ကေတများပင်ဖြစ်သည်။ သူ့ဘ၀တစ်လျှောက်တွင် ဇာတိမာန်၊ မျိုးရိုးမာန်ကို မြှင့်တင်ပေးခဲ့သည့် ပြယုဂ်ဟုလည်း ဆိုနိုင်သည်။

“ဒီတစ်ရွာလုံးမှာ ဒီလိုအများဆုံး လုပ်နိုင်တဲ့ယောက်ျား သုံးယောက်ပဲရှိတယ်။ ဒါက ယောက်ျားတွေ ဦးဆောင်လုပ်ရတာလေ။ ကျန်တဲ့လူတွေက သေကုန်ပြီ။ ကျုပ်တစ်ယောက်တည်းပဲ ကျန်တော့တယ်”ဟု အိမ်ပေါ်မှ လှမ်းမြင်နေရသည့် သစ်သားမှတ်တိုင်လေးများကိုကြည့်ကာ ခပ်ပြုံးပြုံးဖြင့် စကားဆိုသည်။

ထိုသစ်သားတိုင်များသည်ကား ချင်းလူမျိုးတို့၏ ရိုးရာဓလေ့ လုံရူးပွဲတော် အထိမ်းအမှတ်အဖြစ် စိုက်ထူထားသည့် တိုင်များဖြစ်သည်။ လုံရူးပွဲတော်ဆိုသည်ကား တစ်နှစ်လျှင် မတ်လမှ မေလအတွင်း အဆင်ပြေသည့်အချိန်တွင် ပြုလုပ်ကြသည့် မိသားစုတစ်ခုချင်းစီ၏ ရိုးရာနတ်ပူဇော်ပွဲဖြစ်သည်။ ကောက်ပဲသီးနှံများ ဖြစ်ထွန်းအောင်မြင်စေရန်အတွက် သူတို့ကိုးကွယ်သည့် နတ်ကောင်းနတ်မြတ်များထံတွင် ဆုတောင်းသည့်ပွဲဖြစ်သည်။

“မနှစ်က လုံရူးပွဲလုပ်ပြီး ကောက်ပဲသီးနှံတောင်းတော့ ဆပ်နီမျိုးစေ့တွေ ကျလာတယ်။ အဲဒါကြောင့် ဒီနှစ် ဆပ်နီပိုစိုက်ထားတယ်။ ဒီနှစ်မှာ ဆပ်နီအထွက်များလိမ့်မယ်”ဟု အဘိုးအိုက သူ့ယုံကြည်ချက်ကို ဖွင့်ဟသည်။

ချင်းဘာသာစကားအရ လုံရူးပွဲတော်ဖြစ်ပြီး အဓိပ္ပာယ်မှာ နွားနောက်သတ်ပွဲပင်ဖြစ်သည်။ ရိုးရာဓလေ့အရ အိမ်တိုင်းတွင် ပြုလုပ်လေ့ရှိသည့်ပွဲဖြစ်၏။ အဘိုးအိုက သူ့ဖခင်လက်ထက်တွင် နွားနောက်သတ်ပွဲကို ငါးကြိမ်၊ ခြောက်ကြိမ်ခန့်သာ ပြုလုပ်ခဲ့ပြီး သူ၏လက်ထက်တွင် ကိုးကြိမ်တိတိရှိခဲ့ပြီဖြစ်သည်။ အိမ်ရှေ့မျက်နှာစာတွင် အစီအရီချိတ်ဆွဲထားသည့် နွားနောက်ဦးခေါင်းခွံများကလည်း သူ့စကားကို သက်သေထူလျက် ရှိပေသည်။ ရှေးကဆိုလျှင် လုံရူးပွဲကို ခုနစ်ရက်ကြာသည်အထိ ပြုလုပ်လေ့ရှိပြီး ယခုနောက်ပိုင်းတွင် သုံးရက်သာ ပြုလုပ်ကြကြောင်း သိရသည်။

ယခင်ကဆိုလျှင် မည်မျှပင် ဆင်းရဲနေစေကာမူ အိမ်ထောင်သက် ၁၀ နှစ်ရှိလျှင် လုံရူးပွဲတော်ကို ပြုလုပ်ရသည်။ အိမ်ထောင်မကျမီ လူပျိုကာလတွင် မိဘများကဦးဆောင်၍ လုပ်ပေးလေ့ရှိသည်။ လက်ရှိကာလတွင် မိသားစုစီးပွားရေး အခြေအနေအရသာ ပြုလုပ်နိုင်တော့သူများလည်း ရှိသည်။

ပွဲတော်၏ ပထမဆုံးနေ့တွင် ခါးထန်း(ခေါ်) ၀က်သတ်ပွဲကို ဦးစွာပြုလုပ်ပြီး အနီးအဝေးရှိ ဆွေမျိုး၊ မိတ်ဆွေများကို ဖိတ်ခေါ်သည်။

“နွားနောက်သတ်ပွဲကို ခြောက်ကြိမ်ထက်မနည်း လုပ်ထားဖူးတဲ့သူကို အထူးဧည့်သည်အဖြစ် မဖြစ်မနေဖိတ်ရတယ်။ ယောက်ျားတွေသေသွားရင် ကျန်ခဲ့တဲ့ သူတို့မိန်းမတွေကို ဖိတ်ရတယ်။ ပြီးတော့ အထူးချက်ထားတဲ့ ဟင်းလျာတွေနဲ့ ဧည့်ခံရတယ်။ အဲဒီဟင်းကို သာမန်လူမစားရဘူး”ဟု အဘိုးအိုကဆိုသည်။

ဒုတိယနေ့တွင် တောတောင် ထဲသို့သွားကာ ကျောက်ဖျာတစ်ချပ်ကို သွားပြီးထမ်းရပြီး တတိယမြောက်နေ့တွင် နွားနောက်ကို သတ်ရသည်။ နွားနောက်သားနှင့် ခေါင်ရည်ကို စားကြသောက်ကြသည်။ ထိုနေ့ညတွင် နွားနောက် ဦးချိုအခွံကိုချွတ်၍ ဆေးကြောပြီး ထိုအထဲတွင် ခေါင်ရည်ထည့်ကာ အထူးဧည့်သည်ကို တိုက်သည်။ ခေါင်ရည်အိုးများက အလုံး ၄၀၊ ၅၀ အထိ အစီအရီ။ မိတ်ဆွေများ၊ ဆွေမျိုးသားချင်းများက လက်ဆောင်အဖြစ်ယူလာသည့် ခေါင်အိုးများဖြစ်သည်။

“နွားနောက်ငါးကောင်အထိ သတ်ပြီးရင် တောထဲက ယူလာတဲ့ ကျောက်ဖျာတစ်ချပ်ကို အိမ်မှာစထားလို့ရပြီ။ အဲဒီတစ်ပြားပြီးရင်တော့ နောက်ပိုင်းပွဲတစ်ပွဲလုပ်တိုင်းမှာ တစ်ပြားစီတိုးပြီး တည်နိုင်ပြီ”ဟု ဦးရှယ်လျန်းဂေက ပြောသည်။

လုံရူးပွဲ၏ လေးရက်မြောက်နေ့တွင် ကျောက်ဖျာချပ်ကို ကျောက်တုံးခြေထောက်လေးများ ပြုလုပ်ကာ တည်ကြပြီး ခေါင်ရည်သောက်ပွဲလုပ်ကြသည်။ ဖိတ်ခေါ်ထားသည့် မိတ်ဆွေများကလည်း ရပ်နီးရပ်ဝေးမှနေ ခေါင်ရည်အိုးများကိုထမ်းကာ အသီးသီးလာရောက်လျက်ရှိသည်။ ထို့နောက် နောက်တစ်နေ့တွင် တောထဲမှ ဖိတ်ခေါ်ထားသော တောစောင့်၊ တောင်စောင့်နတ်များကို အတီးအမှုတ်များဖြင့် ပြန်လည်ပို့ဆောင်ကြတော့သည်။ ခေါင်ပွဲလုပ်သည့်နေ့က ရရှိထားသည့် ခေါင်ဖတ်များကိုလည်း တောတွင်း၌ ထားရစ်ခဲ့၏။

“အဲဒီက ပြန်လာပြီဆိုရင် သီးနှံတောင်းရတယ်။ သီးနှံတောင်းတယ်ဆိုတာ အိမ်ကကွပ်ပျစ်မှာ စောင်တစ်ထည်ခင်းလိုက်တယ်။ ပြီးရင် တောင်းတစ်ခုကိုယူလိုက်ပြီး တောင်းထဲမှာ ဘာမှမရှိအောင် သေချာမှောက်ချရတယ်။ ပြီးရင်တောင်းကို လက်နှစ်ဖက်နဲ့ကိုင်ပြီး ခေါင်းပေါ်မှာရွက်၊ ပါးစပ်ကလည်း ကောက်ပဲသီးနှံတွေကောင်းဖို့ တောင်းရတယ်”ဟု ဦးရှယ်လျန်းဂေကပြောသည်။

“ပြီးတာနဲ့ ခင်းထားတဲ့စောင်ပေါ်ကို တောင်းမှောက်ချလိုက်ရတယ်။ အဲဒီမှာ တောင်းထဲက မျိုးစေ့တွေကျလာတယ်။ ဒီနှစ် ပြောင်းကောင်းမယ်ဆိုရင် ပြောင်းစေ့၊ ဆပ်နီကောင်းမယ်ဆိုရင် ဆပ်နီမျိုးစေ့တွေ ထွက်ကျလာတယ်။ တကယ်လို့ ပေါင်းစေ့နဲ့ ကြွက်ချေးတွေ ပါမယ်ဆိုရင်တော့ အဲဒီနှစ်စိုက်ခင်းထဲမှာ ပေါင်းပင်တွေနဲ့ ကြွက်ပေါပြီပဲ”ဟု သူက စီကာပတ်ကုံး ရှင်းပြသည်။

သူက စကားပြောနေရင်းကပင် ပြောင်းခင်းထဲရှိ လုံရူးပွဲမှတ်တိုင်များကို လှမ်း၍လှမ်း၍ ကြည့်တတ်သည်။ သူပိုင်ဆိုင်သည့် တိုင်ကိုးတိုင်ရှိသည်။ အချို့တိုင်များသည် သူ့အဖေနှင့် အဘိုးလက်ထက်က စိုက်ထူခဲ့သော ကျွန်းတိုင်များကို အချောကိုင်၊ ဆေးသုတ်ကာ သူ့လက်ထက်တွင် ပြန်သုံးထားခြင်းဖြစ်ရာ အချို့တိုင်များသည် ခန့်မှန်းခြေ နှစ်ပေါင်း ၂၀၀ ကျော် ကြာမြင့်ခဲ့ပြီဟု ဆိုရပေမည်။

“ဒီတိုင်တွေရဲ့ သက်တမ်းကို ကျုပ်အဖေတောင် တိတိကျကျမသိဘူး”ဟု အသက် ၈၀ နီးပါးရှိ အဘိုးအိုက ပြောသည်။

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နှင့် အနီးဝန်းကျင်တွင် ထိုမှတ်တိုင်များ စိုက်ထူထားသည့် အိမ်များကိုတွေ့ရသည်။ ထိုတိုင်များကို ပေါင်း(သို့) နတ်တိုင်ဟုလည်း ခေါ်သည်။ တိုင်များတွင် ချင်းအမျိုးသမီးကြီးများ၏ပါးတွင် ထိုးထားသည့် ပါးရဲ(ပါးမဲ)များကဲ့သို့ အနက်ရောင်ဆေးများ သုတ်လိမ်းထားသည်ကို တွေ့ရသည်။ ဒီတိုင်များကို ကြည့်ခြင်းဖြင့် ဒီအိမ်၏ကြွယ်ဝမှုကို တိုင်းတာနိုင်သည်။

သို့သော် အဘိုးအို၏ သားဖြစ်သူ ဦးရှယ်ခေါဂေကတော့ “ဒီတိုင်တွေ ရှိနေတဲ့အတွက် ကျုပ်ကတော့ ဂုဏ်မယူတဲ့အပြင် အမြင်ကပ်တယ်။ ကျုပ်တို့လူမျိုးတွေ ဆင်းရဲနေတာ ဒါတွေကြောင့်ပဲ”ဟု ခပ်ဆတ်ဆတ်ပြောသည်။

ယခင်က ရိုးရာဓလေ့အရ ပြုလုပ်ခဲ့ကြသည့် လုံရူးပွဲများ၊ ခေါင်ပွဲများ ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် တစ်ဦးနှင့်တစ်ဦးကြား ဂုဏ်တုဂုဏ်ပြိုင်အဖြစ် မည်သူက မည်မျှသတ်နိုင်သည်ဟု မိုက်မိုက်ကန်းကန်း ပြုလုပ်ကြခြင်းကြောင့် စီးပွားရေးကျဆင်းခြင်းများ ရှိလာကြောင်း ကျောင်းအုပ်ဆရာတစ်ဦးလည်းဖြစ်သည့် သူကပြောသည်။

သူတို့၏ဓလေ့အရ မည်သည့်ပွဲတွင်မဆို နွားနောက်က မပါမဖြစ်ပါဝင်သည်။ အိမ်ထောင်ပြုလျှင်လည်း သတို့သမီးကို နွားနောက်နှင့် တင်တောင်းရသည်။ အမှုအခင်းဖြစ်လျှင်လည်း နွားနောက်ပေးကာ ဖြေရှင်းကြသည်။ လုံရူးပွဲများ လုပ်ခဲ့သည့် လူကုံထံတစ်ဦး သေဆုံးလျှင်လည်း နွားနောက်ပွဲလုပ်ပေးရသည်။ မောင်နှမများ၏ သာရေးနာရေးကိစ္စများတွင်လည်း ကျန်မွေးချင်းများက နွားနောက်ပေးကာ ၀ိုင်းကူကြရသည်။ သူကတော့ လူမှုရေးအစဉ်အလာကြီး များလွန်းသဖြင့် နှိပ်စက်သလိုဖြစ်နေသော သည်ထုံးစံကို ငြီးငွေ့နေပြီ။

“နွားနောက်သတ်ခဲ့တဲ့ သူဌေးသေရင် လက်ရှိအချိန်မှာ ပိုက်ဆံရှိရှိ၊ မရှိရှိ နွားနောက်ပွဲ လုပ်ပေးရတယ်။ မရှိရင် ချေး၊ ငှား၊ ပေါင်နှံပြီးလုပ်ရလို့ အကြွေးတွေ ပတ်ချာဝိုင်းတယ်။ ခေါင်ပွဲလုပ်တဲ့လူကို ခေါင်ဝိုင်းကူရတယ်။ တအားအကုန်အကျများတော့ အခုချိန်မှာ ၀င်ငွေနဲ့ ထွက်ငွေ မညီမျှတဲ့ ကုန်ကျမှုတွေကြောင့် ဆင်းရဲတယ်”ဟု ဦးရှယ်ခေါဂေကဆိုသည်။

ချင်းတောင်၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတွင် သည်ထုံးစံကလည်း အနှောင့်အယှက်ဖြစ်နေသည်ဟု သူမြင်သည်။

“အခုနောက်ပိုင်းမှာ ဂုဏ်တုဂုဏ်ပြိုင်တွေ ပါလာတယ်။ အဲဒီ နတ်ပွဲတွေကို ချင်းလူငယ်ကာလသားတွေက ၁၉၆၀ လောက်ကတည်းကစပြီး တိုက်ဖျက်လာကြတယ်။ ဒါပေမဲ့ မပီပြင်သေးဘူး။ တဖြည်းဖြည်းတော့ လျော့ကျလာနိုင်ပါတယ်။ ဒါတွေလုပ်တဲ့အတွက် စီးပွားရေးလျော့ကျတယ်။ ကလေးတွေကို ကျောင်းမထားနိုင်၊ ပညာရေးတွေ နောက်ကျတယ်လို့ ယူဆလာတဲ့သူတွေရှိလာပြီ”ဟု မင်းတပ်မြို့ စံပြရပ်ကွက်ရှိ ချင်းအမျိုးသားဦးထန်းနိုင်းကပြောသည်။

ချင်းပြည်နယ်တွင် စီးပွားရေးအဖြစ် ယခင်က နွားနောက်မွေးမြူရေးလုပ်ငန်းများ တွင်ကျယ်ခဲ့သော်လည်း စားကျက်မြေများ ရှားပါးလာမှုကြောင့် ယခုနောက်ပိုင်းတွင် တွင်ကျယ်မှုမရှိတော့ကြောင်း သိရသည်။ ထို့အပြင် ချင်းပြည်နယ်သည် မြေအောက်သယံဇာတ မထွက်သည့် တောင်ပေါ်ဒေသဖြစ်သည့်အတွက် ဒေသတွင်းစိုက်ပျိုးရေးနှင့် ဈေးကွက်သို့ တင်ပို့ရောင်းချခြင်းကို ပုံစံတစ်မျိုးဖြင့် ဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးသင့်ကြောင်း မင်းတပ်မြို့မှ ဒေသခံစိုက်ပျိုးရေးတောင်သူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့က စိုက်ပျိုးရေးနဲ့ မွေးမြူရေးတွေကို ကျေးရွာအုပ်စုအဖွဲ့လိုက် တရားဝင်လုပ်ချင်တယ်။ ဒီက ထွက်ကုန်တွေကို ဆင်းရဲနွမ်းပါးတဲ့ ဒေသထွက်ကုန်တွေဖြစ်လို့ ထောက်ခံချက်ပေးပြီး အခွန်လွတ်အနေနဲ့ လွတ်လပ်စွာ ရောင်းခွင့်ပေးစေချင်တယ်”ဟု ထိုတောင်သူကပြောသည်။

ချင်းပြည်နယ် သစ်တောထွက်ပစ္စည်းဖြစ်သည့် သစ်ခွပန်းနှင့် ၀ဥကို ဥယျာဉ်ခြံထွက်ပစ္စည်းဖြစ်အောင် စနစ်တကျစိုက်ပျိုးခြင်း၊ တရားဝင်လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပေးခြင်းများ ပြုလုပ်ပါက ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းကို လက်တွေ့ကျကျ ဖော်ဆောင်နိုင်သလို ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးရေးကိုလည်း အစားထိုးနိုင်မည်ဟု ဒေသခံများက ယုံကြည်နေကြသည်။

“အခုက တရားဝင်မဟုတ်တော့ လမ်းမှာ အဖမ်းအဆီးများတယ်။ ၀ယ်သူကလည်း ဈေးနှိမ်တယ်။ တောင်သူတွေမှာ ပေါက်ဈေးထက် လေးဆလောက်နည်းပြီး ဈေးနှိမ်ခံရတယ်။ အဖမ်းအဆီးများပေမယ့်လည်း သူ့နည်းသူ့ဟန်နဲ့ ရောင်းဝယ်တင်ပို့နေကြတာပဲ။ ဒါကို တရားဝင်ဖြစ်အောင် လုပ်ပေးသင့်တယ်။ ဒါမှ အဆင်းရဲဆုံးဒေသအဖြစ်ကလွတ်နိုင်မယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် သစ်တောပြုန်းတီးမှုကြောင့် ရေနှင့် မြေဆီလွှာရှားပါးလာခြင်း၊ စိုက်ပျိုးသီးနှံဖြစ်ထွန်းအောင်မြင်မှု လျော့နည်းနေခြင်းကလည်း ချင်းတိုင်းရင်းသားတို့၏ ဆင်းရဲနွမ်းပါးမှုကို ပိုမိုတွန်းအားပေးနေသလို ဖြစ်နေပြန်သည်။ သစ်တောပြုန်းတီးမှုက ချင်းလူမျိုးများ၏ စားဝတ်နေရေးနှင့် တိုက်ရိုက်သက်ဆိုင်နေသည်။

ချင်းတောင်တန်းများပေါ်တွင် တောင်ယာလုပ်ငန်း လုပ်ကိုင်လိုသူတစ်ဦးသည် မြေပိုင်ရှင်ထံသို့သွားကာ ကြက်တစ်ကောင်နှင့် ခေါင်ရည်ပေးပြီး စကားဖွင့်ရသည့် ဓလေ့ရှိသည်။  ထို့နောက် မြေပိုင်ရှင်က ခွင့်ပြုလျှင် သီးစားခကို သတ်မှတ်ပေးသည်။ ထွက်လာသည့် သီးနှံများထဲမှ သီးစားခကိုပေးရန် ကတိဝန်ခံရသည်။ ပိုင်ရှင်ခွင့်ပြုသည့် မြေကွက်တွင်သာ တောင်ယာခုတ်ရသည်။ ဘိုးဘွားပိုင် သစ်တောစိမ်းများကိုတော့ ခုတ်ခွင့်ပေးလေ့မရှိဘဲ ထိန်းသိမ်းထားလေ့ရှိကြောင်း ချင်းအမျိုးသား ဦးလောတီကပြောသည်။

“အခုနောက်ပိုင်းမှာ နတ်မတောင်ကြိုးဝိုင်းဧရိယာအဖြစ် သိမ်းလိုက်တော့ လူတွေက ၀န်ထမ်းတွေနဲ့ညှိပြီး တောင်ယာခိုးခုတ်ကြတယ်။ ဘိုးဘွားမြေတွေတုန်းက နှမြောလို့ မခုတ်ဘဲ ထားတတ်တဲ့ သစ်ပင်ကြီးတွေကို ခုတ်တယ်။ ဒါကြောင့် သစ်တောပြုန်းတီးမှုတွေဖြစ်တယ်။ နတ်မတောင်ဧရိယာကို ဒေသခံတွေက အစုအဖွဲ့လိုက် ၀ိုင်းဝန်းထိန်းသိမ်းတာမျိုး လုပ်ပေးမှ အဆင်ပြေမယ်”ဟု မင်းတပ်မြို့မှ ဒေသခံတောင်သူတစ်ဦးက သုံးသပ်သည်။

အဘိုးအို၏သား ဦးရှယ်ခေါဂ တစ်ယောက်ကတော့ စိုက်ပျိုးသီးနှံဖြစ်ထွန်းရေးအတွက် လုံရူးပွဲလုပ်ခြင်းထက် ဘိုးဘွားပိုင်သစ်တောတွေ ထိန်းခြင်းဖြင့်သာ ပိုအားသန်သည်။ ဒေသခံတောင်သူများ၏ ပြောစကားကို သူထောက်ခံသည်။ သူ့တောင်ယာထဲတွင် ကိုယ်ပိုင်အသိဖြင့် ထိန်းသိမ်းထားသည့် သစ်ပင်များရှိသည်။ သစ်ပင်ရှိမှ စိမ့်ရေထွက်မည်။ မြေဆီလွှာခံမည်။ မြေဆီလွှာရှိမှသာ သီးနှံစိုက်ပျိုးအောင်မြင်ပြီး ဆင်းရဲတွင်းမှ ရုန်းထွက်နိုင်မည်ဟု ခိုင်ခိုင်မာမာ ယုံကြည်ထားပုံရသည်။

သူ့ဘ၀တွင် နွားနောက်ဓလေ့နှင့် ခေါင်ပွဲတို့ နှိပ်စက်သဖြင့် စိတ်ဆင်းရဲမှုတွေ၊ စီးပွားရေးနိမ့်ကျမှုတွေ ကြုံဖူးခဲ့ပြီ။ လုံရူးပွဲသည် ချင်းလူမျိုးတို့၏ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုသော ပွဲတော်၊ နတ်ကောင်းနတ်မြတ်တို့ စောင်မမည့်ပွဲတော်ဟု သူမယူဆ။ လုံရူးပွဲတော်သည် အရူးပွဲတော်ဟုသာ သူကအဓိပ္ပာယ်ဖွင့်သည်။

“ဒီရိုးရာက စွန့်လွှတ်လို့တော့ မရဘူး။ ဒါပေမဲ့ အတိုင်းအတာလေးနဲ့တော့ လုပ်ဖို့လိုတယ်။ ဂုဏ်တုဂုဏ်ပြိုင်သဘောမျိုး မိုက်မိုက်ကန်းကန်း လုပ်လို့တော့မရဘူး” ဒါကကျောင်းဆရာတစ်ယောက်အဖြစ် သူတာဝန်ကျသည့် ချင်းတောင်က ကျေးရွာများတွင် အမြဲလိုလို ပြောပြရလေ့ရှိသည့် စကားတစ်ခွန်းပင်ဖြစ်သည်။

အသက် ၈၀ နီးပါးရှိ ဖခင်ဖြစ်သူကတော့ ဤဓလေ့ကို ဆက်လက်ထိန်းသိမ်းစေလိုသည့်ဆန္ဒရှိသည်။ သူ့သား စိတ်ဝင်စားမှု မရှိသည်ကိုလည်း သူသိသည်။ သို့သော် ဘ၀တစ်လျှောက်တွင် သူ့အမျိုးထဲ၌ သည်လိုပွဲကို တစ်ကြိမ်ကြိမ်တော့ လုပ်သင့်သည်ဟု သူထင်သည်။ ရဲဝန်ထမ်းတစ်ဦးအဖြစ်က အငြိမ်းစားယူထားသူလည်းဖြစ်သည့် အဘိုးအိုက “ကျုပ်ဘာသာရေးကျမ်းတွေကိုလည်း လေ့လာဖူးပါတယ်။ ဒါတွေကတော့ ကိုယ့်ရိုးရာကို ကိုယ်ထိန်းသင့်တယ်။ အမျိုးကိုထိန်းတဲ့ သဘောပါ။ လုပ်နိုင်တဲ့အခါလုပ်၊ မလုပ်နိုင်တဲ့ အခါကျတော့လည်း မလုပ်နဲ့ပေါ့။ တစ်ခါလုပ်ရင် ဂုဏ်တုဂုဏ်ပြိုင်အနေနဲ့ လေး၊ ငါး၊ ခြောက်ကောင် သတ်တာမျိုးတော့လည်း မလုပ်သင့်ဘူး”ဟုဆိုသည်။

အစိမ်းနုရောင် အရွက်တဖားဖား ပြောင်းပင်များက အနောက်ဘက်မှ တိုက်ခတ်ဝင်ရောက်လာသော လေအဝှေ့တွင် ယိမ်းထိုးလှုပ်ရှားနေ၏။ ပြောင်းခင်းအလယ်ရှိ လုံရူးပွဲတော် ရိုးရာမှတ်တိုင်များက မားမားမတ်မတ်ဖြင့် ခိုင်ခံ့စွာတည်ရှိနေလေသည်။

အသက် ၂ နှစ်ဝန်းကျင်အရွယ် ကလေးငယ်လေးတစ်ဦးက ခြံထဲတွင် ဘိုးဘေးများ လက်ထက်ကတည်းက တည်ရှိနေသည့် လုံရူးပွဲအထိမ်းအမှတ် ကျောက်ပြားများကြားတွင် ပြေးလွှားဆော့ကစားလျက်ရှိသည်။ သူ့အဘိုးနှင့် အဖေပြောခဲ့သော အကြောင်းအရာများကိုကား သူနားလည်နိုင်မည်မဟုတ်။         ။

ရေးသားသူ- မြတ်စုမွန်
by 7Day News Journal

တက္ကသိုလ်ကျောင်းသားများနှင့် ကျေးရွာသားများရန်ပွဲအချိန်မီထိန်းသိမ်းနိုင်


မုံရွာ၊ သြဂုတ်- ၂
မုံရွာမြို့နယ် ဇလုပ်ကျေးရွာ အနောက်ပိုင်း နေထိုင်သူ မောင်အောင်ဆန်းဝင်းအား မုံရွာစီးပွားရေး တက္ကသိုလ် ပြင်ပအဆောင်နေ ကျောင်းသားအချို့က ယမန်နေ့ညပိုင်းက ၀ိုင်းဝန်းရိုက်နှက် ခဲ့မှုကြောင့် မကျေနပ်သော ဇလုပ်ကျေးရွာ ဆရာတော်များနှင့် ကျေးရွာသူ ကျေးရွာသား (၅၀)ခန့်သည် မုံရွာစီးပွားရေး တက္ကသိုလ်အနီး ပြင်ပဘော်ဒါ ဆောင်များတွင် ရိုက်နှက်သူများကို  လိုက်လံရှာဖွေခဲ့ပြီး မုံရွာစီးပွားရေး တက္ကသိုလ်အနောက် ဘက်ရှိ အီကိုကင်း အမျိုးသားဘော်ဒါ ဆောင်အားဝိုင်းထားစဉ် မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မုံရွာမြို့နယ် သံဃာ့နာယက ဆရာတော်ကြီးများ ရောက်ရှိလာပြီး အခြေအနေအားလုံး ထိန်းသိမ်းနိုင်ခဲ့ ကြောင်းသတင်းရရှိသည်။

 သြဂုတ် ၁ ရက် ည ၁၀ နာရီခွဲ အချိန်ခန့်က မုံရွာစီးပွားရေး တက္ကသိုလ် အနောက်ဘက် ကျောက္ကာ လမ်းမကြီးပေါ်တွင် ရိုက်နှက်မှုဖြစ်ပွား ခဲ့ခြင်းဖြစ်ကာ ကျောင်းသားများ ၀ိုင်းဝန်းရိုက်နှက်မှု ခံရသော မောင်အောင်ဆန်းဝင်းက တရားလိုပြု လုပ်တိုင်ကြား သဖြင့် မုံရွာမြို့နယ် အမှတ်(၂)ရဲတပ်ဖွဲ့စခန်းက (ပ)(၃၃၉/၂၀၁၂)ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၃၂၅)အရ အမှုဖွင့်၍ စုံစမ်းစစ်ဆေးလျက်ရှိသည်။

by 7Day News Journal

စစ်တွေဆိပ်ကမ်းစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်


ရခိုင်ပြည်နယ် စစ်တွေရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ နဲ့ ဒေသခံတွေ ကျန်းမာရေး ထိခိုက်မှုတွေရှိနေတယ်လို့ ရခိုင် လူ့အခွင့်အရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့က ပြောဆိုလိုက်ပါတယ်။

ရခိုင် လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဝင် ဦးလှဝင်းက “ဆိပ်ကမ်းအတွက် လိုအပ်တဲ့သစ်တွေကို စစ်တွေဆိပ်ကမ်းကနေ အခေါက်ပေါင်း ရာနဲ့ချီပြီးယူတယ်။ လမ်းတွေပျက်စီးတယ်၊ တံတားတွေ ပျက်စီးတယ်။ နောက် သဲကားတွေက ကျန်ခဲ့တဲ့ သဲတွေက လေတိုက်တော့ လွင့်တယ်၊ မျက်စိ ကျန်းမာရေးထိခိုက်တယ်။ ဆိပ်ကမ်းမှာဆိုရင် တိုင်တွေ ရာနဲ့ချီပြီးစိုက်တယ်။ ပန္နက်တွေရိုက်ရတယ်။ အဲက တုန်ခါမှုကြောင့် ဆေးရုံအဆောက်အဦတွေ၊ နံရံတွေ၊ မျက်နှာကြက်တို့ဘာတို့ ကွဲတာတွေရှိတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ဒေသခံတွေဟာ ညပိုင်းမှာ ဆိပ်ကမ်းတည်ဆောက်ရေး လုပ်ငန်းခွင်က ကျယ်လောင်တဲ့ အသံတွေကြောင့် ပိုမိုထိတ်လန့်နေကြရတယ်လို့ ဆိုပါတယ်။

“ညညဆိုရင် ဆိမ်ကမ်းတည်းဆောက်တဲ့ဆီက အသံကျယ်လောင်တာတွေ ရှိတယ်။ သေနတ်ဖောက် တဲ့ အသံလို ကျယ်လောင်တဲ့ အသံတွေ ထွက်လာတဲ့အခါကျတော့ စစ်တွေမြို့ပေါ်က လူတွေက တညလုံး စိုးရိမ်ထိတ်လန့်နေကြတယ်။ ကျနော်က ဆိပ်ကမ်းမှာနေတော့ ကျနော့်ကို ဖုန်းတဂွမ်ဂွမ် ဆက်ကြတယ်။ သေနတ်ဖောက်တာလား။ ကုလားတက်လာတာလား။ အဲလိုမျိုး ထင်ကြတယ်။ ၁၄၄ ထုတ်ထားတဲ့အချိန်မှာတော့ လူတွေက ပိုပြီး စိုးရိမ်ကြောင့်ကြ ကြတာပေါ့။”

သြဂုတ် ၁ ရက်နေ့ကတော့ ညပိုင်းတည်ဆောက်မှုမလုပ်ဖို့ ပြည်နယ်ဆိပ်ကမ်း အာဏာပိုင်တွေထံ သွားရောက်တင်ပြခဲ့တယ်လို့ ဦးလှဝင်းက ပြောပါတယ်။

ရေနက်ဆိပ်ကမ်းတည်ဆောက်တဲ့ စီမံကိန်းမှာ မလွတ်တဲ့  အိမ်တွေ ပြောင်းရွှေ့ဖယ်ပေးရတာတွေ ရှိသလို စီမံကိန်းကြောင့် စစ်တွေမြို့တွင်းမှာ ပျက်စီးမှုတွေကလည်း ရှိနေတာပါ။

ဒါ့အပြင် ဒီစစ်တွေရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ပွိုင့်ကမ်းခြေနဲ့ မင်းကြီး ကျောက်တန်း ကမ်းခြေတွေက သဲတွေကို ထုတ်ယူကြပါတယ်။ ပွိုင့်ကမ်းခြေဟာ စစ်တွေမြို့ခံတွေရဲ့ အဓိက အပန်းဖြေနေတဲ့နေရာ တခုဖြစ်တာကြောင့်  ဒေသခံတွေက ဒီစီမံကိန်းကို  စစ်တွေမြို့ပြင်မှာ ပြောင်းရွှေ့ပေးဖို့ သမ္မတဆီကို တိုင်ကြားထားတယ်လို့ လူ့အခငြ့်အရေးနဲ့ ဖြံ့ဖြိုးတိုးတက်ရေးအဖြဲ့ရဲ့ အမှုဆောင် ဒါရိုက္တာ ကိုအောင္မင်းဦးကျေပာပါတယ်။

“ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနဲ့ ချင်းအမျိုးသားပါတီ နှစ်ခုပေါင်းပြီးတော့ နိုင်ငံတော် သမ္မတကြီးဆီကို တင်ပြထားတာ ရှိပါတယ်။ သဘာဝပတ်ဝန်းကျင်အရရော၊ လူတွေရဲ့ အဓိက ထိခိုက်မှုနည်းတဲ့နေရာကို ရွှေ့ပေးပါဆိုပြီး အဲဒီလိုမျိုး လုပ်ထားတာရှိတယ်။ ဒါပေမယ့် အစိုးရ အနေနဲ့ရော ဆိပ်ကမ်းကို ဦးဆောင်မှု လုပ်နေတဲ့ ကုမ္ပဏီအနေနဲ့ရော ရွှေ့ပေးတာ မတွေ့ရသေးပါဘူး။ ဒီစီမံကိန်းကို မြို့အပြင်ဘက်ကို ရွှေ့ပေးစေချင်တယ်။ အဲဒါက ကျနော်တို့ အဖွဲ့အစည်းတခုတည်းနဲ့တင် တောင်းဆိုတာ မဟုတ်ပါဘူး။ လူထုတရပ်လုံး တောင်းဆိုမှုကို ကိုယ်စားပြုပြီး သမ္မတကြီးကို တောင်းဆိုတာ ဖြစ်ပါတယ်။”

စစ်တွေရေနက်ဆိပ်ကမ်းကို ၂၀၁၀ ခုနှစ် ဒီဇင်ဘာလက အိန္ဒိယနိုင်ငံက အက်စ်ဆာ (Essar) ကုမ္ပဏီနဲ့ မြန်မာနိုင်ငံက အရုဏ်ဦး ကုမ္ပဏီတို့ စတင် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ စစ်တွေ ရေနက်ဆိပ်ကမ်း စီမံကိန်းဟာ ကုလားတန်မြစ် ဘက်စုံကုန်သွယ်ရေးလမ်းကြောင်း စီမံကိန်းရဲ့  အစိတ်အပိုင်း တခုလည်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ  မီဇိုရမ်ပြည်နယ်က  ကုန်ပစ္စည်းတွေ  ကုလားတန်မြစ်ကို အသုံးပြုပြီး စစ်တွေဆိပ်ကမ်းကနေ နိုင်ငံတကာကို ကုန်သွယ် ဆက်သွယ်ဖို့လမ်းကြောင်းဖြစ်ပါတယ်။

by နော်နိုရင်း  DVB

NLD နှင့် ကြံ့ခိုင်ရေးပါတီများအပါအ၀င် ၀ါဆိုသင်္ကန်း စုပေါင်းကပ်လှူ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ၊ NLD နှင့် အခြားနိုင်ငံရေး လူမှုရေးအဖွဲ့အစည်းများစုပေါင်းပါဝင်သည့် ပထမ
ဆုံးအကြိမ် ၀ါဆိုသင်္ကန်းကပ်လှူပွဲကို သန်လျင်မြို့၌၀ါဆိုလပြည့်နေ့ဖြစ်သော သြဂုတ်လ ၂ ရက်နေ့ နေ့လည်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါအလှူပွဲသို့ သန်လျင်မြို့ နတ်စင်တစ်ရာကျောင်းတိုက်ဆရာတော် ဘန္ဒန္တပညာတေဇက နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းများအား ဖိတ်ကြား၍ပြုလုပ်ခြင်းဖြစ်ပြီး ၄င်းပါတီနှစ်ခုအပြင် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ ပြည်တွင်းမီဒီယာများနှင့် ဒကာ၊ဒါယိကာမများလည်းတက်ရောက်လှူဒါန်းခဲ့ကြသည်။

“ပါတီအနေနဲ့ကတော့ နှစ်စဉ်အဖွဲ့ချုပ်ရုံးမှာ လုပ်ပါတယ်။ အခုလိုစုပေါင်းလှူဒါန်းတာကတော့ ပထမဆုံးပါပဲ”ဟု သန်လျင်မြို့ NLDပါတီမှ ဦးစိုးဟန်က ပြောသည်။

အလှူပွဲတွင် မြို့နယ်သံဃနာယကအဖွဲ့မှသံဃာတော်အပါး ၃၀ နှင့် ဗဟိုဝန်ဆောင်သံဃာတော် ၁၈ ပါးတို့အားဝါဆိုသင်္ကန်းကပ်လှူကြပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား သူမ၏ ဆရာဝန်ဖြစ်သူ ဒေါက်တာတင်မျိုးဝင်းတက်ရောက်လှူဒါန်းခဲ့သည်။
၎င်းအပြင် ပြည်ခိုင်ဖြိုးပါတီမှ ဦးဥာဏ်ထွန်း၊ ပြည်တွင်းမီဒီယာအဖွဲ့မှ ဦးဇေယျာမြတ်ခိုင်တို့မှလည်း ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခဲ့ကြသည်။

Popular Myanmar News Journal

မလွတ်မြောက်သေးသော နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော်ကျန်ရှိ

ရန်ကုန်၊ သြဂုတ် ၂

သမ္မတဦးသိန်းစိန် အရပ်သား အစိုးရအဖွဲ့ လက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့် သုံးကြိမ်ထုတ်ပြန်ခဲ့သည့် တိုင်အောင် အကျဉ်းထောင် အသီးသီးတွင် မလွတ်မြောက်သေးသော နိုင်ငံရေး အကျဉ်းသား ၃၀၂ဦးနှင့် အထက်ကျန်ရှိနေသေးကြောင်း ကျန်ရှိ နိုင်ငံရေးအကျဉ်းသားများ စာရင်းကို ပြုစုနေသည့် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးထွန်းကြည်က ပြောကြားသည်။

ရန်ကုန်မြို့နှင့်မန္တလေးမြို့တော်ရှိ အကျဉ်းထောင် အသီးသီးတွင် နိုင်ငံရေး အကျဉ်းသား အများစု ကျန်ရှိနေသေးပြီး လူသိများသော နိုင်ငံရေးသမားများ ဖြစ်သည့် လိုင်ကော် အကျဉ်းထောင်တွင် ကျနေသည့် ကိုမြင့်အေး ( HRDP) လူအခွင့်အရေး ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့၊ X2O သင်္ကြန် ရေကစားမဏ္ဍပ်
ဖောက်ခွဲမှုအဖြစ် ကိုဖြိုးဝေအောင်တို့ ကျန်ရှိနေသေးကြောင်း ၄င်းက ရှင်းပြသည်။

ကိုဖြိုးဝေအောင်သည် ယခု အင်းစိန်ဆေးရုံးတွင် အသဲကင်ဆာ နောက်ဆုံးအဆင့်ဖြင့်ရောက်ရှိနေပြီး အောက်ပိုင်း သေဆုံးနေပြီဖြစ်ကြောင်း၊မိသားစုက အကန့်အသတ်ဖြင့် တွေ့ဆုံခွင့်ရပြီး ၄င်း၏ နောက်ဆုံး အခြေအနေတွင် မိသားစုနှင့်အတူ နွေးနွေးထွေးထွေး နေခွင့်ပေးသင့်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ထုတ်ပြန်သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ.အစည်းအသီးသီးမှ အဖွဲ့ဝင်အချို့သည် မြန်မာနိုင်ငံ၏ အကျဉ်းထောင်အသီးသီးတွင်ရှိနေသေးခြင်းသည် ဒီမိုကရေစီ အစိုးရ ဖော်ဆောင်နေသည့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးများအတွက် မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများက ပြောကြားသည်။

လက်ရှိ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား ၃၅၀ကျော်၏ ၃ပုံ ၂ပုံသည် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးဘ၀များ ချို့တဲ့ နွမ်းပါးလျက် ရှိကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းအချို့က ပြောကြားသည်။

The Voice Weekly

အင်တာနက်လိုင်းပါသည့် မိုဘိုင်းဖုန်းများအား တစ်ရက်(၄)ဒေါ်လာနှုန်းဖြင့် ငှားရမ်းနိုင်

အင်တာနက် လိုင်းပါသည့် မိုဘိုင်းဖုန်း များအား တစ်ရက် ငှားရမ်းခ အမေရိကန် ဒေါ်လာ (၄)ဒေါ်လာနှုန်းဖြင့် ပေးဆောင်ကာ ရန်ကုန် ၊မန္တလေးနှင့် ပုဂံမြို့များတွင် ငှားရမ်းနိုင်
 ကြောင်း ရတနာပုံ မိုဘိုင်းငှားရမ်းခြင်းဝန်ဆောင်မှု လုပ်ငန်းက သိရှိရသည်။

 ''အင်တာနက်လိုင်း ပါဝင်တဲ့ SIM Card နဲ့ အင်တာနက်လိုင်း မပါဝင်တဲ့(SIM Card & Handset) တွေ ကို ဌားရမ်းနိုင်ပါတယ် '' ဟု ( Yatanarpon Mobile Rental Service ) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အင်တာနက်လိုင်းပါ SIM Card များအား ငှားရမ်းမည်ဆိုပါက သတ်မှတ်စပေါ်ငွေ အမေရိကန် (၁ဝဝ) ပေးချေပြီး ငှားရမ်းခအဖြစ် တစ်နေ့ အမေရိကန် (၄)ဒေါ်လာ ပေးချေရမည်ဖြစ်သည်။

အင်တာနက်လိုင်း မပါသော SIM Card အား ငှားရမ်းမည်ဆိုပါက အမေရိကန် ဒေါ်လာ(၅ဝ)နှင့်  ဟန်းဆက် ငှားရမ်းမည်ဆိုပါက အမေရိကန် ဒေါ်လာ (၅ဝ)အား စပေါ်ငွေအဖြစ် ပေးချေရမည်ဖြစ်ကြောင်း သိရှိရသည်။

လိုင်းမပါသော  SIM Card များအား တစ်နေ့ငှားရမ်းခ အမေရိကန် ဒေါ်လာ ၂ ဒေါ်လာ ဟန်းဆက်ငှားရမ်းခ တစ်နေ့ အမေရိကန် ဒေါ်လာ ၂ ဒေါ်လာ တို့ဖြင့် Yatanarpon Mobile Rental Services  တို့မှ ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရှိရသည်။

လက်ရှိတွင် အဆိုပါမိုဘိုင်းဖုန်းဌားရမ်းသည့် ဝန်ဆောင်မူနေရာများကို ထပ်မံတိုင်းချဲ့လိုက်ပြီး ရတနာပုံ ဖုန်းခေါ်ဆိုမူ၊ ရန်ကုန်လေဆိပ်၊ မန္တလေး လေဆိပ်၊ ပုဂံလေဆိပ်နှင့် မန္တလေး Swam Hotel တို့တွင် ငှားရမ်း နိုင်မည်ဖြစ်ကြောင်း သိရသည်။

''နိုင်ငံခြားသားဧည့်သည်တွေ ခတ္တလာရောက်တဲ့ ဧည့်သည်တွေကို သတ်မှတ်ထားတဲ့ စည်းကမ်းချက်နဲ့အညီ ငှားရမ်းပေးတာ ဖြစ်ပါတယ်။ မြို့နေလူတွေအနေနဲ့ မိုဘိုင်းဖုန်း ငှားရမ်းကိုင်ဆောင်တာမျိုး နည်းနေပါသေးတယ်။'' ဟု Yatanarpon Mobile Rental Services    မှတာဝန်ရှိသူ  တစ်ဦးက ဆက်ပြောသည်။

 အသုံးပြုရမည့် ကြိုတင်ငွေပေးကဒ်များအား ငှားရမ်းသူက မိမိအစီအစဉ်ဖြင့် မိမိဝယ်ယူရမည် ဖြစ်ကြောင်း ကိုလည်း သိရှိရသည်။

ဥာဏ်ဥာဏ်(မြစ်မခ)
by Myit Makha Mediagroup


7Day News ဂျာနယ် အတွဲ (၁၁)၊ အမှတ် (၂၁)

သြဂုတ်လ (၂)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ (၁၁)၊ အမှတ် (၂၁)


ဂျာနယ်ဖတ်ရန် ဒီနေရာကို နှိပ်ပါ


လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် စစ်တွေမြို့ နေရာ (၂) ခုတွင် ပြဿနာ ဖြစ်ပွား

စစ်တွေမြို့တွင် ယမန်နေ့က လက်နက်ကိုင် တင်ဖွဲ့ဝင်များနှင့် မွတ်ဆလင်များ အကြားတွင် နေရာ (၂) ခု၌  ပြဿနာ ဖြစ်ပွားခဲ့သည်ဟု ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြကျော်က ပြောသည်။

ပထမ တစ်ခုမှာ စစ်တွေမြို့ သဲချောင်းတွင် ယမန်နေ့ နေ့လည် ဘက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဖြစ်စဉ်နှင့် ပတ်သက်ပြီး  ဦးအောင်မြကျော်က ယခုလို ပြောသည်။
“ ဖြစ်တာက သဲချောင်းကို ဖြတ်ပြီ မန်ဇီဘက်က မွတ်ဆလင် ဒုက္ခသည် စခန်းတွေဆီကို ဆန်သွားပို့တဲ့ ကားကို ၀ိုင်းပြီး လမ်းကနေတားကြပါတယ်။ အဲသလို တားဆီးတာကို  အဲဒီဆန်ကားကို နောက်ကနေ မော်တော်ဆိုင်ကယ်တွေနဲ့ အစောင့်အရှောက် လိုက်ပါလာတဲ့ မင်းဂံရဲစခန်းမှူးနဲ့ ရဲတပ်ဖွဲ့တွေက ဟန့်တားတယ်။ အဲသလို ဟန့်တားနေစဉ် မွတ်ဆလင် လူအုပ်က တိုက်ခိုက်ဖို့ ၀ိုင်းလာတဲ့ အတွက် ဆိုင်ကယ်ကို ပစ်ထားပြီး ကိုယ်လွှတ်ထွက်ပြေးခဲ့ကြရပါတယ်” ဟု ပြောသည်။
စခန်းမှူး အပါအ၀င် ရဲတပ်သား ၄ ဦးမှာ  အနီးအနားရှိ စစ်သားများ ယာယီ စခန်းချနေသော မန်ဇီ ရွာ စခန်းသို့ ကိုယ်လွှတ်ရုန်း ထွက်ပြေးခဲ့ရသည်ဟု သူက ဆက်ပြောသည်။
“ ရဲတွေကို ပစ်ခတ်မူ မလုပ်ဖို့ အထက်က ညွန်ကြားထားပုံရပါတယ်။ ဒါကြောင့် သူတို့က ဘာမှ မတုန့်ပြန်ဘဲ ကိုယ်လွှတ် ထွက်ပြေးကြတာ ဖြစ်ပါတယ်။ နောက်ဆုံး ကျွန်တော်တို့ ရတဲ့ သတင်းက စစ်တပ်နဲ့ အဲဒီနေရာကို လာပြီး ထိန်းလိုက်မှ အခြေအနေ တည်ငြိမ်သွားတယ်လို့ သိရပါတယ်” ဟု သူက ပြောသည်။
အခင်း ဖြစ်ပွားရာတွင် ပါဝင်ခဲ့သော  ရဲတပ်ဖွဲ့ဝင်များမှာ မင်းဂံ စခန်းမှူး၊ တပ်ကြပ်ကြီး ဦးဖေသန်းဦး၊ တပ်သား အောင်ရွှေနှင့် တပ်သား ကိုလှဝင်းတို့ ဖြစ်ကြောင်းနှင့် သူတို့တွင်  စက်ကလေးတစ်လက်၊ ရိုင်ဖယ် (၂)လက်နှင့် ခြောက် လုံးပြူး (၁)လက်တို့ ပါရှိခဲ့သည်ဟု ရဲတာဝန်ရှိသူ တစ်ဦးက ပြောသည်။
နောက်တစ်ခြား ဖြစ်စဉ် တစ်ခုတွင် မြန်မာ စစ်တပ်နှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး  သေနတ် ပစ်ခတ်မူ အထိ ဖြစ်ပွားခဲ့သည်ဟု ဦးအောင်မြကျော်က ပြောသည်။
“ မနေ့က ညနေပိုင်းမှာ စစ်တွေမြို့ပြင်   ဒုံးပြင် မွတ်ဆလင် ရွာမှာလည်း စစ်တပ်နဲ့ ပြဿနာ ဖြစ်တယ်လို့ ကြားရပါတယ်။ ဖြစ်တာက အဲဒီရွာက မွတ်ဆလင် သုံးလေးဦးက အနီးအနားမှာ စခန်းချနေတဲ့  စစ်တပ်ဖွဲ့ တစ်ခုက စစ်သားတွေကို သူတို့ရွာမှာ မြေပိုင်ဆိုင်မူနဲ့ အရှုပ်အထွေး ဖြစ်ပြီး စကားများနေကြတဲ့ အတွက် လာရောက် ဖြေရှင်းပေးပါဆိုတာကြောင့် ရွာထဲကို လိုက်သွာံးတဲ့အခါ မွတ်ဆလင် လူအုပ်က ၀ိုင်းလာတဲ့ အတွက် မိုးပေါ်ကို သေနတ် ထောင်ပစ်ပြီးတော့ ထွက်ပြေးလာရတယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာ စစ်တပ်က တပ်ကူလိုက်သွားပြီး ပစ်ခတ်တဲ့ အတွက် လူ (၃) ဦး ဒဏ်ရာ ရရှိသွားတယ်လို့ ကြားရပါတယ်” ဟု ပြောသည်။
ယခုကဲ့သို့ ပြုလုပ်ကြခြင်းမှာ ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနား စစ်တွေကို ရောက်ရှိနေချိန်တွင် ပြဿနာ ဖြစ်ပွားပြီး အရှုပ်အထွေး ဖြစ်အောင် တမင် ဖန်တီး လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ဦးအောင်မြကျော်က သုံးသပ် ပြောဆိုသည်။
အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး မွတ်ဆလင်များ ဘက်မှ သဘောထားကို သိရှိနိုင်အောင် ဖုံးဖြင့် ဆက်သွယ်သော်လည်း ယခုအချိန်ထိ အဆက်အသွယ် မရရှိသေးပါ။

နိရဉ္စရာ သတင်းဌာန

အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၁၅

ဇူလိုင်လ (၃၁) ရက်နေ့ ထုတ် အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၁၅

ဂျာနယ်ဖတ်ရန် ဒီနေရာကို နှိပ်ပါ

HRW စွပ်စွဲချက် သမ္မတ ပြောခွင့်ရ တုံ့ပြန်

တဖက်သက် သက်သေမျိုးလည်း ဖြစ်နိုင်တယ်လို့ ဦးကိုကိုလှိုင်က ပြောပါတယ်
ရခိုင်ဒေသ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး မြန်မာလုံခြုံရေးတွေက အကြမ်းဖက်မှုတွေ မပံျ့နှံ့ အောင် မတားဆီးခဲ့ဘူးဆိုတဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ စွပ်စွဲချက်ကို မြန်မာ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေး တစ်ဦးဖြစ်တဲ့ ဦးကိုကိုလှိုင်က ငြင်းဆိုသွားပါတယ်။

အစိုးရအနေနဲ့ အရေးပေါ် အခြေအနေ ကြေညာတာ၊ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့တာနဲ့ လုံခြုံရေး တပ်ဖွဲ့တွေဝင်ပြီး ဖြေရှင်းပေးတာတွေကို အတတ်နိုင်ဆုံးနဲ့ အမြန်ဆုံး ဆောင်ရွက် ပေးခဲ့ တယ်လို့ ဦးကိုကိုလှိုင် က ပြောပါတယ်။

လုံခြုံရေးက တားဆီးလို့ရတဲ့ ဟာတွေကို ရပ်ကြည့်နေတာတွေ ရှိတယ်လို့ စွပ်စွဲတဲ့အပေါ်ကိုတော့ သူကိုယ်တိုင် သွားရောက်ခဲ့တာ မဟုတ်သလို၊ သက်သေတွေကို အသေအချာ မေးမြန်း ခွင့်လည်း ရတာ မဟုတ်လို့ ပြန်ဖြေရှင်းဖို့ မလွယ်ကြောင်းပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မစ္စတာ နမ်ဘီယားရော၊ မစ္စတာ ကင်တားနားရော ဒီနယ်မြေတွေကို ရောက်ခဲ့ကြောင်းနဲ့ သူတို့ အစိုးရအဖွဲ့ အနေနဲ့ နိုင်ငံတကာ နဲ့ ပူးပေါင်းပြီးတော့ အကောင်းဆုံး ဖြေရှင်းနေတယ်လို့ ဦးကိုကိုလှိုင်က ပြောပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ က အသုံးပြုခဲ့တဲ့ တခိျု့ သက်သေတွေက မမှန်တာတွေ ရှိသလို၊ တဖက်သတ် သက်သေမျိုးလည်း ဖြစ်နိုင်တယ်လို့ ဦးကိုကိုလှိုင်က ပြောပါတယ်၊ အလွန်အကျွံ စွပ်စွဲမှုတွေလည်း များကြောင်းသူက ဆိုပါတယ်။

လုံခြုံရေးရဲ့ ပစ်ခတ်မှုကြောင့် တယောက် နှစ်ယောက်လောက်တော့ ထိခိုက်ဒဏ်ရာ ရတာတွေ ရှိတယ် ဆိုတာကို နယ်စပ်ရေးရာ ဝန်ကြီးက ထုတ်ပြန်ရှင်းလင်းပြီး ဖြစ်ကြောင်းလည်း သူ က ပြောပါတယ်။

နောက်ပြီး လွတ်လပ်တဲ့ စုံစမ်းကော်မရှင်ဖွဲ့ပြီး စစ်ဆေးဖို့နဲ့ ပတ်သက်ပြီး၊တခြားနိုင်ငံမှာလည်း အလားတူပြဿနာတွေ ရှိနေပြီး မြန်မာနိုင်ငံ ကိစ္စ ကိုမှ ဘာလို့ အခုလို လုပ်ချင်တာလဲလို့ သူ က မေးခွန်း ပြန်ထုတ် လို ကြောင်း တုန့်ပြန်သွားပါတယ်။

ဘီဘီစီ (မြန်မာဌာန)

ရခိုင်ပြည်နယ်တွင်း ဆူပူမှုတွေကို အစိုးရကိုင်တွယ်ဖြေရှင်းမှု HRW ဝေဖန်

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ မီးရှို့ခံထားရတဲ့ အဆောက်အဦးများကို ရဲတပ်ဖွဲ့ဝင်များ လှည့်လည်စစ်ဆေးနေစဉ်။ (ဂျွန်လ ၁၂ ရက်၊ ၂၀၁၂။)
ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် ဆူပူမှုတွေကို အစိုးရအနေနဲ့ အချိန်မီ တားဆီးခွင့် ရှိပါလျက်နဲ့ တားဆီး ဖြေရှင်းပေးနိုင်ခဲ့ခြင်း မရှိဘူးလို့ Human Rights Watch ခေါ် လူ့အခွင့် အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးက ဘန်ကောက်မြို့မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောကြား လိုက်ပါတယ်။ ဒါပေမယ့် အခုချိန်ဟာ မြန်မာနိုင်ငံအတွင်း အပြောင်းအလဲတွေ ဖော်ဆောင်နေတဲ့ ကာလဖြစ်တာကြောင့် အခုလို အဓိကရုဏ်းတွေကို အစိုးရအနေနဲ့ သတိထား ကိုင်တွယ်ဖြေရှင်း တာ ဖြစ်နိုင်တယ်လို့ စစ်တွေမြို့ကိုယ်စားပြု အမျိုးသား လွှတ်တော်အမတ် ဒေါက်တာအေးမောင် က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဒီအခမ်းအနားကို ကိုယ်တိုင် သတင်းသွားယူထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်အတွင်း ဇွန်လတုန်းကဖြစ်ခဲ့တဲ့ ဆူပူသောင်းကျန်းမှုတွေနဲ့ဆိုင်တဲ့ အစီရင်ခံစာ - “The Government Could Have Stopped This: Sectarian Violence and Ensuing Abuses in Burma’s Arakan State” ဆိုတဲ့ ခေါင်းစဉ်နဲ့ အစီရင်ခံစာ ထုတ်ပြန်ပြီး သတင်းစာရှင်းလင်းပွဲ တခု ဘန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များ အသင်းမှာ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တာပါ။

မောင်တောမြို့မှာ အဓိကရုဏ်းတွေ ဆိုးဆိုးရွားရွား ဖြစ်မလာခင်မှာ အဲဒီလို ဖြစ်လာနိုင်ခြေရှိ တဲ့ ရှေ့ပြေး လက္ခဏာတွေ ထွက်ပေါ်ခဲ့ပေမယ့် အာဏာပိုင်တွေဘက်က ကြိုတင် ပြင်ဆင်မှု ပြု လုပ်ခြင်း မရှိခဲ့သလို အခြေအနေတွေ ဆိုးရွားလာတဲ့အချိန်ထိ အစပိုင်းမှာ ဒီပြဿနာကို ပြေ လည်အောင် ကိုက်တွယ် ဖြေရှင်းမှု မရှိခဲ့ဘူးဆိုပြီး HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှရေးရာ လက်ထောက်တာဝန်ခံ Phil Robertson က ပြောပါတယ်။

သူပြောသွားတာကတော့ -  “ရခိုင်လူမျိုးတွေဘက်ကရော၊ ရိုဟင်ဂျာတွေဘက်ကပါ လူ့အခွင့် အရေး စောင့်ကြည့်ရေးအဖွဲ့ကို အကြိမ်ကြိမ် ပြောပြခဲ့ကြတာကတော့ အစောပိုင်းမှာ အစိုးရအနေနဲ့ ၂ ဘက်စလုံးကို ကာကွယ် စောင့်ရှောက်မှု မပေးနိုင်ခဲ့ဘူးဆိုတာပါပဲ-တဲ့။ တကယ်တော့ အစိုးရ အနေနဲ့ ဒီကိစ္စကို အချိန်မီ ဟန့်တားခွင့် ရှိခဲ့ပါတယ်လို့ သူတို့ အင်တာဗျူးခွင့် ရခဲ့သူ ရခိုင်နဲ့ ရိုဟင်ဂျာ ၂ ဘက်စလုံးက ပြောပါတယ်”- လို့ Phil Robertson က ပြောသွားတာပါ။

RNDP ရခိုင်အမျိုးသားတိုးတက်ရေးပါတီက စစ်တွေမြို့ ကိုယ်စားပြု အမျိုးသားလွှတ်တော် အမတ် ဒေါက်တာအေးမောင်ကတော့ အခုချိန်ဟာ ဒီမိုကရေစီ အသွင်ပြောင်းကာလမို့ အစိုးရအနေနဲ့ သတိထား ကိုင်တွယ်နေတဲ့အပေါ် အထင်အမြင်လွဲမှား ယူဆတာမျိုး ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“ကျနော်တို့ မှန်းတာကတော့ဖြင့် ပြည်ပအင်အားစု တခုခုကများ ကြိုတင် ဖန်တီးသလားဆိုတာကို မှန်းတယ်။ အတွင်းအပြင် ချိတ်ဆက်ပြီး ဖောက်ခွဲတယ်ပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် နဲ့ တိုးတာကိုး။ အဲဒါလေး တခုမှန်းတယ်၊ နောက် ခေတ်အဆက်ဆက်က အစိုးရအဆက်ဆက်ဟာ ရခိုင်နဲ့ ဘင်္ဂါလီကို ထိန်းညှိဖို့ ကြိုးစားခဲ့တာ အဲဒါကိုလည်း ကျနော်တို့က သံသယ ဝင်ခဲ့တယ်။ ဒါပေမဲ့လို့ အခု အစိုးရက ဒီမိုကရေစီဘက်ကို အစိုးရ ပြောင်းကာစလေးမှာ ဒါမျိုး ဖြစ်ဖို့အတွက် အစိုးရက ကြိုးစားမှာ မဟုတ်ဘူး။ အဲဒီ ကြားထဲမှာ ခုနလိုလေ- စဉ်းစဉ်းစားစားနဲ့ ကိုင်တွယ်ကြ တာတွေကိုလည်း တွေ့ပါတယ်။ မှားမှာလည်း ကြောက်တယ်၊ လွန်ကျူးသွားမှာလည်း ကြောက်တယ်၊ ခုနလို ဒီမိုကရေစီရဲ့ ဖွင့်ပေးထားတဲ့ သဘောလည်း ဖြစ်တယ်ဆိုတော့ ထိန်းသိမ်းတဲ့အပိုင်းကလည်း ခုနလို ကျနော်တို့မြင်တာက ဆင်ဆင်ခြင်ခြင်လေး ထိန်းသိမ်းတယ်ဗျ။

လုပ်သင့် မလုပ်သင့် သေချာ ချိန်ဆပြီးကာမှ သူတို့ ဆင်ခြင်တယ်။ အဲဒီမှာ နည်းနည်းလေးတော့ တဘက်ကကြည့်ရင်လည်း အချိန်ကာလတခုကို ထားပေးတယ်လို့လည်း တချို့ကတော့ ယူဆမယ်။ ”
အခုလို ဖြစ်ဖို့အတွက် အခြေခံအကြောင်းတွေ အများကြီး ရှိတဲ့အတွက် ရုတ်တရက် အပေါ်ယံကို ကြည့်ပြီး တဘက်သတ် ပြောဆိုတာမျိုး မလုပ်သင့်ဘူးလို့ လည်း ဒေါက်တာ အေးမောင်က ပြောပါ တယ်။

ရခိုင်ပြည်နယ်အတွင်းက လက်ရှိ ပကတိ အခြေအနေမှန်တွေကို သိနိုင်ဖို့အတွက် အစိုးရအနေနဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးလို နိုင်ငံတကာ အဖွဲ့အစည်းတွေကို ၀င်ရောက်ခွင့် ပြုသင့်တာ၊ ရိုဟင်ဂျာတွေကိုလည်း လွှတ်လပ်စွာ သွားလာခွင့် ပြုသင့်တာနဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသား စိစစ်ရေးဥပဒေကို အမြန်ဆုံး ပြင်ဆင် ရေးဆွဲသင့်တယ်လို့ HRW ကတော့ ပြော ပါတယ်။

မြန်မာအစိုးရအနေနဲ့ လုပ်ဆောင်သင့်တဲ့ အချက်တွေကို ထောက်ပြ ပြောဆိုသွားတဲ့နည်းတူ ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ လုပ်ဆောင်သင့်တယ်လို့ သူတို့ထင်တဲ့ အချက်တချို့ကိုလည်း Phil Robertson က ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့လည်း မြန်မာနိုင်ငံက ထွက်ပြေးပြီး နိုင်ငံရေးခိုလှုံခွင့် လာလျှောက်ကြ တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်မောင်းထုတ် တာမျိုး မလုပ်ပဲ ချက်ချင်း တံခါးဖွင့် လက်ခံထား သင့်ပါတယ်တဲ့။ နောက် သူတို့ကို ယာယီ နေထိုင်ခွင့်ပေးထားတာမျိုး၊ အထူးသဖြင့်တော့ လူသားချင်း စာနာထောက်ထားတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ခွင့်ပေးတာမျိုး လုပ်သင့်ပါတယ်- ” လို့ နယူးယောက် အခြေစိုက် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့က အာရှရေးရာ လက်ထောက်တာဝန်ခံ Phil Robertson ပြောသွားတာပါ။

HRW က ထောက်ပြခဲ့သလိုမျိုး UNHCR အဖွဲ့က ကိုယ်စားလှယ် ရောက်မလာပေမယ့်လည်း ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေကို သီတင်း တပတ်ကြာ ကိုယ်တိုင် လေ့လာ ဆန်းစစ်ဖို့ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana တနင်္လာနေ့က စပြီးတော့ မြန်မာနိုင်ငံကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ မစ္စတာ ကင်တားနားဟာ သူရောက်ပြီး နောက် တနေ့ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေကို သွားရောက် လေ့လာ ခဲ့တာပါ။

မစ္စတာ ကင်တားနား မြန်မာနိုင်ငံကိုရောက်တဲ့နေ့မှာ မြန်မာအစိုးရက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် ခဲ့ပြီး ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ အဓိကရုဏ်း အတွင်း လူပေါင်း ၇၇ ဦး သေဆုံးခဲ့တယ်လို့ ဇူလိုင်လ ၃၀ ရက်နေ့မှာ တရားဝင် စာရင်း ထုတ်ပြန်ခဲ့သလို ပြည်ထဲရေးဝန်ကြီး ဦးခင်ရီကလည်း ရိုဟင်ဂျာဆိုတာဟာ မြန်မာလူမျိုးမဟုတ်ဘူး၊ နောက်ပိုင်း ဒါနဲ့ပတ်သက်ပြီး ရှင်းလင်းပွဲ သီးသန့်လုပ်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲကို တက်ရောက် လာကြတဲ့ သတင်းထောက်တွေနဲ့ နိုင်ငံတကာက ကိုယ်စားလှယ်တွေကို ပြောကြားခဲ့ပါတယ်ခင်ဗျား။

ကိုဇော်ဝင်းလှိုင် (ဗွီအိုအေ - မြန်မာဌာန)
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

30 Days Stats

Sponsors

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

အင်္ဂလိပ်သတင်းများ