ဒေါ်အောင်ဆန်းစုကြည် ဗြိတိသျှ ပါလီမန်မှာ မိန့်ခွန်း ပြောမယ်
အစည်းအဝေး တက်ရောက်ရန် လန်ဒန်နိုင်ငံခြားရေးနှင့် ဓနသဟာရရုံးသို့ 
 ရောက်ရှိလာသော မြန်မာ့ဒီမိုကရေစီ
 ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် 
ကိုဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျှံဟေဂ်ျနှင့်
 အတူဇွန်လ ၂၁ရက်ကတွေ့ရစဉ်။ ဓာတ်ပုံ- AP 
ဇွန်လ ၂၁ ရက် နေ့လယ်မှာ ဗြိတိန် နိုင်ငံမှာ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ ဗြိတိသျှပါလီမန် ရှိ လွှတ်တော် နှစ်ရပ် စလုံး မှာ မိန့်ခွန်း ပြောကြားမှာ ဖြစ်ပါတယ်။
 နိုင်ငံခြားရေး ဝန်ကြီး ဝီလီယံ ဟိခ် က ဒေါ်အောင်ဆန်းစုကြည် အခုလို ပါလီမန် မှာ မိန့်ခွန်းပြောမှာ နဲ့ ပတ်သက်ပြီး နှစ်ထောင်းအားရ ဖြစ်မိကြောင်း ဝမ်းပန်းတသာ ကြိုဆိုကြောင်း အတိုက်အခံ လေဘာပါတီ ဒုတိယခေါင်းဆောင် ဟဲရီယက် ဟာမင် ရဲ့ မေးခွန်းကို ဖြေကြား သွားပါတယ်။
မြန်မာနိုင်ငံ ရဲ့ အခြေအနေ ကို ပြောရရင် မြန်မာပြည်သူတွေ ဟာ သူတို့ နဲ့ ထိုက်တန်တဲ့ ဒီမိုကရေစီ နဲ့ အလှမ်းဝေးနေသေး တဲ့ အကြောင်း နဲ့ ဒါကို အမျိုးသမီး တဉီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် က နှစ် ၂၀ ကျော် ကြာအောင် နေအိမ်မှာ အကျယ်ချုပ် ကျခံပြီး အနစ်နာခံ လှုပ်ရှား ရုန်းကန်ခဲ့ ရတာကို အသိအမှတ်ပြု ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဝီလီယံ ဟိခ် က ပြောပါတယ်။
မြန်မာ့ ဒီမိုကရေစီရေး ကို လည်း ဆက်လက် အားပေးတဲ့ နေရာမှာ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် ကိုယ်စား ပြောလိုတာက၊ အခုနှစ်စပိုင်း မှာ သူကိုယ်တိုင် မြန်မာနိုင်ငံကို သွားပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပုံ၊ ဥရောပ နိုင်ငံတွေ ထဲမှာ ဗြိတိန် က နိုင်ငံခြားရေး ဝန်ကြီး တဉီး အနေနဲ့ သူ က ပထမဆုံး သွားရောက်ပြီး ဗြိတိန် ကို လာလည် ဖို့ ဖိတ်ကြားခဲ့ပုံ တွေ ပါလီမန် မှာ ရှင်းပြပါတယ်။
ဘီဘီစီ မြန်မာပိုင်း
မြန်မာနိုင်ငံ မှာရှိတဲ့ တိုင်းရင်းသား လူမျိုးစု ဒေသ တွေမှာ တည်ငြိမ် ငြိမ်းချမ်းရေး၊ အကျဉ်းထောင် တွေထဲ ကျန်ရစ်ဆဲ နိုင်ငံရေး အကျဉ်းသား တွေ လွှတ်ပေးရေး လည်း ဆက်လက် ဆောင်ရွက်မယ့် အကြောင်း ရှင်းပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ လေးစားဂုဏ်ယူဖွယ် ကောင်းတဲ့ အမျိုးသမီးခေါင်းဆောင် တဉီး၊ အခုလို ဗြိတိသျှ ပါလီမန် မှာ မိန့်ခွန်း ပြောမှာ ကိုလည်း ချီးကျူး အသိအမှတ်ပြုပုံ ကို နိုင်ငံခြားရေး ဝန်ကြီး ဝီလီယံ ဟိခ် က ပြောပါတယ်။
အနောက်နိုင်ငံများ ရင်းနှီးမြှုပ်နှံမှု ထိပ်တန်းရောက်လာမည်
ရန်ကုန် (မဇ္ဈိမ) ။        ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ပေါ်ထွက်လာပြီး နောက်ပိုင်းတွင် အနောက် နိုင်ငံများ သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံး ထိပ်တန်းနိုင်ငံများ ဖြစ်လာလိမ့်မည်ဟု စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများက ပြောသည်။
ဇွန်လ ၂ဝ ရက်နေ့က ရန်ကုန်မြို့၊ ပတ်ခ်ရွိုင်ရယ် ဟိုတယ်တွင် စတင်ကျင်းပသော ‘မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည် အဝေး’ တွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။
“မကြာမီ နှစ်တွေ အတွင်းမှာပဲ အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေဟာ လက်ရှိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ထိပ်တန်းစာရင်းဝင်နိုင်ငံတွေ နေရာမှာ အစားထိုး ဝင်ရောက်လာပါလိမ့်မယ်” ဟု စီမံ/စီးပွား ဖွံ့ဖြိုးတက်မှု ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဒေါက်တာ ကံဇော် က ဆိုသည်။
ဥရောပ၊ သြစတြေးလျ၊ ကနေဒါနှင့် အမေရိကန် ပြည်ထောင်စုတို့မှ စီးပွားရေး ပိတ်ဆို့မှုများကို ရုတ်သိမ်းလိုက် ပြီးနောက် အမေရိကန်အစိုးရအနေဖြင့် အမေရိကန် ကုမ္ပဏီများအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် တိုက်တွန်း
ပြောကြားထားသဖြင့် မြန်မာနိုင်ငံတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် အနောက်နိုင်ငံများက အများဆုံး ရင်းနှီးမြှုပ်နှံမည့်
နိုင်ငံများ ဖြစ်လာမည်ဟု ၎င်းက ဆိုသည်။
ထိုသို့ အနောက်နိုင်ငံများက နေရာယူလာဖွယ် ရှိသော်လည်း မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော တရုတ်နှင့် ထိုင်းနိုင်ငံတို့၏ ရင်းနှီးမြှုပ်နှံမှုသည် အဓိကကျသော နေရာများတွင်သာ ဆက်လက်ရပ်တည်နေဖွယ် ရှိသည်။
“အနောက်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ ရှိပေမယ့် အစောပိုင်းကတည်းက ရင်းနှီးမြှုပ်နှံလုပ်ကိုင်လာတဲ့ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတွေက တခြားနိုင်ငံတွေထက် စာရင် မြန်မာနိုင်ငံ စီးပွားရေး အခြေအနေတွေကို ပိုမိုနားလည် ကျွမ်းဝင်မှု ရှိပြီး ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့လည်း ပူးပေါင်း လုပ်ကိုင်ဖို့ အဆက်အသွယ်တွေ ရှိပြီးဖြစ်လို့ ပိုပြီး လုပ်သာကိုင်သာ ရှိပါလိမ့်မယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇော်မောင် က ဆိုသည်။
newmyanmarinvestmentsummit2012project
နှစ်ရက်ကြာ ကျင်းပသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညီလာခံသို့ အနောက်နိုင်ငံများ ဖြစ်ကြသော အမေရိကန်၊ ဂျာမဏီ၊ ပြင်သစ်၊ ကနေဒါ၊ ဗြိတိန်၊ အီတလီ၊ နော်ဝေ၊ သြစတြေးလျတို့ အပြင် အာရှနိုင်ငံများ ဖြစ်သော အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)၊ တရုတ်၊ ဂျပန်၊ စင်္ကာပူ။ ထိုင်းနိုင်ငံ၊ ကိုရီးယား၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မွန်ဂိုလီးယား၊ လာအို၊ သီရိလင်္ကာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ ကုမ္ပဏီကိုယ်စားလှယ်များ တက်ရောက်လာကြသည်။
၂ဝ၁၂ ခုနှစ်အထိ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သော နိုင်ငံများတွင် တရုတ်နိုင်ငံသည် ထိပ်ဆုံးမှ ရပ်တည်
နေပြီး ၎င်းနောက်တွင် ထိုင်း၊ ဟောင်ကောင်နှင့် ကိုရီးယားနိုင်ငံတို့မှာ ရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံများ ဖြစ်နေသည်။
ထိုသို့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သော စုစုပေါင်း ၃၁ နိုင်ငံတွင် တရုတ်နိုင်ငံသည် အမေရိကန် ဒေါ်လာ ၁၃ ဒဿမ ၉၄၇ ဘီလီယံဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၃၄ ဒဿမ ၅ ရာခိုင်နှုန်းရှိပြီး ထိုင်းနိုင်ငံက ၉ ဒဿမ ၅၆၈ ဘီလီယံဖြင့် ဒုတိယလိုက်သည်။ ဟောင်ကောင်မှ ၆ ဒဿမ ၃ဝ၈ ဘီလီယံ၊ တောင်ကိုရီးယားမှ ၂ ဒဿမ ၉၃၈ ဘီလီယံ၊ ဗြိတိန်နိုင်ငံမှ ၂ ဒဿမ ၆၅၉ ဘီယံယံနှင့် စင်္ကာပူနိုင်ငံမှ ၁ ဒဿမ ၈၁၈ ဘီလီယံ အသီးသီး ရင်းနှီးမြှုပ်နှံ ထားကြသည်။
၂ဝ၁၂ ခုနှစ် မတ်လ အထိ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏသည် စုစုပေါင်း အမေရိကန် ဒေါ်လာ ၄ဝ ဒဿမ ၆၉၉ ဘီလီယံ ရှိသည်။
ယခု အသစ်ရေးဆွဲထားသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်အရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများနှင့် ဖက်စပ်ကုမ္ပဏီများသည် အခွန်ကင်းလွတ်ခွင့် ၅ နှစ်နှင့် ကုမ္ပဏီ တည်ထောင်လုပ်ကိုင်ခွင့် နှစ် ၇ဝ အထိ ခွင့်ပြုပေးမည် ဖြစ်သည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်ကို မေလ ၂ ရက်နေ့တွင် ကျင်းပသွားသော လွှတ်တော် အစည်းအဝေးတွင် အတည်ပြုရန် စီစဉ်ထားသော်လည်း အချို့ လွှတ်တော် ကိုယ်စားလှယ်များက ဥပဒေပါ အသေးစိတ် အချက်အလက် ကို ထပ်မံ ဆွေးနွေးလိုသောကြောင့် ဇွန်လိုင်လ ၄ ရက်နေ့တွင် ပြန်လည် စတင်မည့် လွှတ်တော် အစည်းအဝေးတွင်
ဆွေးနွေးအတည်ပြုနိုင်ဖွယ် ရှိသည်။
အောင်ဝင်း-မဇ္ဈိမသတင်းဌာန
လက်ျာစွန်း အစ္စလာမ်ဝါဒီများက မူဆလင်သေဆုံးမှုများကို ရှုတ်ချ
နယူးဒေလီ (မဇ္ဈိမ) ။        ။ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အစွန်းရောက် အစ္စလာမ်ဝါဒ ပါတီများက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း မူဆလင်ဘာသာဝင်များ သတ်ဖြတ်ခံရမှုအပေါ် ပြင်းထန်စွာ ရှုတ်ချလိုက်သည်။
ရခိုင်ပြည်နယ်တွင်း မူဆလင် သွေးထွက်သံယိုမှုများ ရပ်တန့်စေရေးအတွက် ကမ္ဘာ့အသိုင်းအဝိုင်းအနေဖြင့် ဝိုင်းဝန်း ဖိအားပေးကြရန် ပါကစ္စတန်မှ Jamaat-e Islami (JI) ပါတီခေါင်းဆောင် Ameer Syed Munawwar Hasan က တောင်းဆိုလိုက်သည်။
“သူတို့ (မူဆလင်)တွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေဟာ နှစ်ပေါင်းများစွာကတည်းက ရှိနေတာပါ။ ဒါပေမယ့် ကမ္ဘာကြီးနဲ့ မီဒီယာတွေဟာ နှုတ်ဆိတ်နေကြပြီး မျက်လုံးတွေ မှိတ်နေကြတယ်” ဟု JI ပါတီ အထွေထွေအတွင်းရေးမှူး က ပြောသည်။
ပါကစ္စတန်မှ Jamaat-e Islami (JI) ပါတီခေါင်းဆောင် Ameer Syed Munawwar Hasan (Photo : www.nation.com.pk)
ထိုမူဆလင်များအား ထိရောက်သော ကာကွယ်မှုများ ပေးရန်အတွက် နိုင်ငံပေါင်း ၆ဝ ခန့် ပါဝင်သည့် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC နှင့် ကုလသမဂ္ဂထံသို့ ပေးပို့သည့် Munawar ၏ ကြေညာချက်တွင် မြန်မာနိုင်ငံ အတွင်း သန်းနှင့်ချီသော လူများမှာ မူဆလင်ဘာသာဝင် ဖြစ်နေခြင်း တခုတည်းကြောင့်သာ ယခုကဲ့သို့ ဒဏ်ခံနေကြရခြင်း ဖြစ်ကြောင်း ပါရှိသည်။
“မြန်မာပြည်တွင်းမှာရှိတဲ့ မူဆလင်ညီအကိုတွေအတွက် ပါကစ္စတန်သားတွေရဲ့အသံကို ကျယ်ကျယ်မြှင့်ကြရမယ်။ အစိုးရ အနေနဲ့လည်း သံတမန်ဖိအားသုံးပြီး မူဆလင်တွေ သတ်ဖြတ်ခံနေရမှုကို တားဆီးရမယ်” ဟု အသက် ၆၈ နှစ် အရွယ်ရှိ JI ခေါင်းဆောင် Munawar ၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။
အလားအတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မူဆလင်အစွန်းရောက် Jamaat-e-Islami ကလည်း OIC နှင့် ကုလသမဂ္ဂသို့ စာရေးသားကာ ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာ မူဆလင်များအား သတ်ဖြတ်မှု၊ ညှဉ်းပမ်းနှိပ်စက်မှုများကို ကန့်ကွက် ရှုတ်ချလိုက်ပြီး ၎င်းတို့နိုင်ငံသို့ ထွက်ပြေးလာသူများအား အိမ်နီးချင်းနိုင်ငံ၏ နိုင်ငံသားများအဖြစ် ခိုလှုံရန်နေရာ ပေးရန် ဘင်္ဂလားအစိုးရအား ဇွန်လ ၁၄ ရက်နေ့က တောင်းဆိုထားသည်။
ဒုက္ခသည်အဖြစ် ခိုလှုံခွင့်တောင်းခံလာသော အဆိုပါ ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နှင့်
ရေတပ်တို့က ဖမ်းဆီးပြီး ပြန်လည်နှင်ပို့နေလျက်ရှိသည်ကို ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံအချို့က ကန့်ကွက်ပြောဆို
နေကြသည်။
သို့သော် Bangladesh Jamaat-e-Islami ပါတီမှာ ရိုဟင်ဂျာများအား ချုပ်ကိုင် လွှမ်းမိုးထားကြောင်း ဘင်္ဂလားဒေ့ရှ်
နိုင်ငံခြားရေးဝန်ကြီး Dipu Moni က ဇွန်လ ၁၄ ရက်နေ့ ပါလီမန်တွင် စွပ်စွဲ ပြောဆိုလိုက်သည်။ ထို့ပြင် လူမျိုးရေး ပဋိပက္ခများ ဖြစ်ပေါ်လာစေရန် Jamaat-e-Islami က ရိုဟင်ဂျာများအား လှုံ့ဆော်နေသည်ဟု မြန်မာအစိုးရက ရန်ကုန်ရှိ ဘင်္ဂလားဒေ့ရှ် မဟာမင်းကြီးအား ပြောဆိုထားကြောင်း ဝန်ကြီးက ပြန်လည်ပြောပြသည်။
“ဒီကိစ္စကို ကျမတို့ သေသေချာချာ စုံစမ်းစစ်ဆေးနေပါတယ်။ ရိုဟင်ဂျာတွေအတွက် နယ်စပ်ကို ဘယ်တော့မှ ဖွင့်ပေးမှာ မဟုတ်ပါဘူး” ဟု Dipu Moni က ယတိပြတ် ပြောဆိုလိုက်သည်။
ရခိုင်ပြည်နယ်တွင်း အကြမ်းဖက် သတ်ဖြတ်မှုများမှာ တောင်ကုတ်၊ မောင်တော၊ စစ်တွေနှင့် ရသေ့တောင်မြို့နယ် များတွင် အဆိုးရွားဆုံး ဖြစ်ခဲ့သည်။
တရားဝင် သတင်းထုတ်ပြန်ချက်များအရ မေလ ၂၈ ရက်မှ ဇွန်လ ၁၄ ရက်အတွင်း လူစုလူဝေး ဖြစ်ပေါ်မှ ၇၂ ကြိမ်တွင် လူပေါင်း ၅၀ သေဆုံးခဲ့ရပြီး မီးရှို့ဖျက်ဆီးခံရသည့် အဆောက်အအုံပေါင်း ၂,၂၃၀ လုံး ရှိခဲ့သည်ဟု ဆိုသည်။
ဇွန်လ ၁၅ ရက်နေ့ထုတ် အဆိုပါစာရင်းထဲတွင် သေဆုံးသူ ဘင်္ဂါလီ ရိုဟင်ဂျာ အရေအတွက်မှာ များသော်လည်း ဇွန်လ ၁၉ ရက်နေ့တွင် ရသေ့တောင်မြို့နယ်၌ ရခိုင်ကျေးရွာတရွာအား ရိုဟင်ဂျာများ ဝင်ရောက်ဖျက်ဆီးခဲ့၍ ၁၀ ဦးခန့်
သေဆုံးခဲ့ရပြန်သည်။
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုများကြောင့် အိုးအိမ်မဲ့ ဖြစ်ကြကုန်သော ဒုက္ခသည်အပေါင်းမှာ ၉၀,၀၀၀ ခန့် ရှိနေသည်။
မဇ္ဈိမသတင်းဌာန
ဇာတ်ကား ရိုက်ကူးမှု ကျဲသွား ရခြင်း အကြောင်း ပုလဲဝင်း ရှင်းပြ
လတ်တလောမှာ ပုလဲဝင်းက ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးတဲ့ 'သွားလူဆိုး ဒါမျိုးတော့
တတ်တယ်' ဆိုတဲ့ ရုပ်ရှင်ကားကြီး မှာ ကျော်ရဲအောင် ၊ပြေတီဦး၊နေမင်း၊ အိန္ဒြာကျော်ဇင်၊ စိုးမြတ်သူဇာ တို့နဲ့အတူ ပါဝင်ထားပြီး မကြာခင်ရုံတင်ပြသတော့ မှာ ဖြစ်ကြောင်း ပြောပါတယ်။
ရုပ်ရှင်ကားကြီးမှာ မြန်မာ့ကျေးရွာ ဓလေ့ ပွဲတော်များ ကို ဖော်ကျူးထားတဲ့ ကားလည်းဖြစ်ကြောင်း ပြောပါတယ်။ ဒီဇာတ်ကားကြီးမှာ နေမင်းကို တစ်ဖက်သတ် ကြိုက်တဲ့ ရွာက ခပ်ကြောင်ကြောင် ကောင်မလေး နေရာကနေ သရုပ်ဆောင်ထားကြောင်း လည်း ပုလဲဝင်း ကပြောပါတယ်။ ဇာတ်လမ်းကိုလည်း ရွေးချယ်ပြီး ရိုက်ကူးဖြစ်နေတဲ့ အတွက် ဇာတ်ကား ရိုက်ကူးမှုတွေ ကျဲသွားရခြင်း အကြောင်း ကို ပုလဲဝင်းက''တစ်လမှ ၁ကား၊၂ကား လောက်ပဲ ပုံမှန် ရိုက်ဖြစ် ပါတယ်။ အဲဒါကြောင့် ဇာတ်ကား ရိုက်ကူးမှုတွေ ကျဲသွားတာပါ။ ကိုယ့်ကို လာငှားတဲ့ ကားတွေ ကို လက်ခံဖြစ်ပါတယ်။ အဓိက ကတော့ ဒီလပိုင်းမှာ အမေရိက ခရီးသွားဖို့ရှိတယ် ဆိုတော့ ကြိုပြီး လက်မခံထားဘူး။ အဲဒါကြောင့် ဒီကြားထဲမှာ လက်မခံထားရဲဘူး။ ကိုယ်ထွက်သွားရင် ကိုယ့်ဘက် က ပျက်ကွက် သွားမယ်လေ။ ဒီကြားထဲမှာလည်း ကိုယ့်ဘာသာ လုပ်လို့ ရတဲ့ စီးရီးကိုလုပ်ဖြစ်နေတယ်။ ရိုက်ထားတဲ့ ကားတွေကလည်း မထွက်သေးတဲ့ ကားတွေရှိတယ်။ ငှားတဲ့ကားတွေကိုတော့ ရိုက်ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ထိုက်သင့်သလောက်တော့ ရွေးချယ် ပါတယ် ။ ရွေးချယ်တယ် ဆိုတာ ကိုယ့်အတိုင်းအတာ ကိုယ့်အနေအထား နဲ့ပေါ့။ လုပ်ခွင့်ရတဲ့ သရုပ်ဆောင်မှုမျိုး၊ ကိုယ်ပါဝင်ရတဲ့ ဇာတ်ကားက အကျိုး သက်ရောက်မှု ရှိတာမျိုး၊ ဇာတ်ကားမှာ ဘယ်လောက်ပံ့ပိုးပေးနိုင်လဲ အဲဒါကို ကြည့်ပြီး ရိုက်ဖြစ်တယ်။ ကိုယ်ပါဝင်ရတဲ့ အခန်းက ဇာတ်ကားကို ပံ့ပိုးပေးနိုင်မှု မရှိဘူး၊ သိပ်ပြီး လုပ်ကွက် မရှိတာမျိုးဆိုရင် သရုပ်ဆောင် တစ်ယောက် ဆိုတာမျိုး မလုပ်ချင်ဘူး။ ကိုယ်လုပ်ရတဲ့ နေရာလေးက လုပ်ကွက် ရှိလား၊ ဇာတ်လမ်းကို ပံ့ပိုးပေးနိုင်လားဆိုတာကို ကြည့်ပြီးရွေးချယ် ပါတယ်'' လို့လည်း ပြောပါတယ်။
ပုလဲဝင်းက သရုပ်ဆောင်အပြင်တစ်ကိုယ်တော် စီးရီး လည်း ပြင်ဆင်နေ ပါတယ်။ တစ်ကိုယ်တော် စီးရီးမှာ ဇဝါ၊ဖိုးကာ၊ ရဲလေး၊ ဆိုတေး၊ နေရောင် တို့ကသီချင်း များ ရေးစပ်ပေးထားကြောင်းသိရပါတယ်။ ကိုယ်တိုင်ရေးထားတဲ့ သီချင်းလည်း တစ်ပုဒ်ပါဝင် မှာ ဖြစ်ကြောင်း လည်းပြောပါတယ်။ နယ်တွေမှာ သွားဖျော်ဖြေတဲ့အခါမှာ လည်း ကိုယ်ပိုင်သီချင်းတွေနဲ့ ဖျော်ဖြေချင်ပါ စီးရီးထုတ်ရတာ ဖြစ်ကြောင်း လည်း ပြောပါတယ်။ စီးရီးမှာ အချစ်သီချင်းပုံစံလေးတွေ အများဆုံး ပါဝင် မှာဖြစ်ပြီး အချစ်ရေး ကတော့ ထွေထွေထူးထူး မရှိသေးကြောင်း လည်း ပြောပါတယ်။
 BY POPULAR NEWS
တစ်နေ့ ကျပ်နှစ်ရာဖြင့် အသုံးပြုနိုင်တော့မည့် မိုဘိုင်းမေးလ်ဝန်ဆောင်မှု
မြန်မာနိုင်ငံတွင် တစ်နေ့လျှင် ကျပ်နှစ်ရာဖြင့် အင်တာနက်အသုံးပြုခွင့်ရရှိစေမည့် မိုဘိုင်းမေးလ်ဝန်ဆောင်မှု Mobile E-mail Service ၀န်ဆောင်မှုအား ရတနာပုံ Call Center က ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါဝန်ဆောင်မှုမှာ  လက်ရှိတွင် အင်တာနက်လျှောက်ထားပြီးဖြစ်သော CDMA, GSM Mobile ဖုန်းများတွင်သာ အသုံးပြုနိုင်သေးကြောင်းနှင့် စမ်းသပ်ဆဲကာလတွင် ငွေပေးသွင်းစရာမလိုပဲ အသုံးပြုနိုင်ကြောင်းကိုလည်း သိရှိသည်။
စမ်းသပ်ကာလကျော်လွန်ပြီး နောက်ပိုင်းအသုံးပြုခမှာ တစ်ရက်လျှင်ကျပ် ၂၀၀ ကျပ်နှုန်းဖြင့် ၂၄ နာရီ အသုံး ပြုနိုင်မည်ဖြစ်ကြောင်း ရတနာပုံ Call Center က ဆိုသည်။
“အသုံးပြုလို သူတွေအနေနဲ့ Call Centerကို အသုံးပြုလိုကြောင်း Message ပေးပို့ ရမှာ ဖြစ်ပါတယ်။” ဟု Call Center မှ ၀န်ထမ်း တစ်ဦးက ပြောသည်။ပေးပို့ရာတွင် Call Center ၏ ကုတ်နံပါတ်တစ်ခုဖြစ်သည့် (၁၈၈၃) သို့ GET MAIL ဆိုသော စကားလုံး အား အင်္ဂလိပ်အက္ခရာ စာလုံးကြီးများ အသုံးပြုကာ သုံးစွဲလိုသူများ၏ အင်တာနက် Account နှင့် Password များအား ပေးပို့ရမည် ဖြစ်သည်။
Mobile E-mail Service တွင် E-mail တစ်ခုတည်းကိုသာ အသုံးပြုနိုင်မည်ဖြစ်ပြီး အခြားသော web-site များအသုံးပြုပါက မူလအတိုင်း ၁ မိနစ်လျှင် ၂ ကျပ်မှ ၄ ကျပ်  အထိ ကျသင့်ကာ  အသုံးပြုခများအား မိုဘိုင်းဖုန်းဘေလ်ထဲမှ ဖြတ်သွားမည်ဖြစ်သည်။
အဆိုပါ မေးလ် ၀န်ဆောင်မှု သုံးစွဲသူများအတွက် တစ်လစာ (၆၀၀၀)ကျပ်အဖြစ်  သတ်မှတ်ထားပြီး အသုံးမပြု လိုပါက Call Center သို့ ထပ်မံအကြောင်းကြား၍ Server ပိတ်ထားရမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
ဆက်လက်ဝန်ဆောင်မှုမပြုလိုကြောင်း အကြောင်းကြားစာ မပို့ပါက တစ်လလျှင် ကျပ်(၆၀၀၀) စီ မိမိဖုန်း ဘေလ်ထဲမှ ဖြတ်တောက်ခြင်းခံနေရမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
အဆိုပါ ၀န်ဆောင်မှုကို ယခု ဇွန်လကုန်အထိ အခမဲ့ အသုံးပြုနိုင်မည်ဖြစ်ပြီး အသုံးပြုခကောက်ခံမှုအား ဇူလိုင်လ (၁)ရက်နေ့မှ စတင်ကောက်ခံတော့မည်ဖြစ်သည်။
ဥာဏ်ဥာဏ် (မြစ်မခ)
by Myit Makha Mediagroup
ယုဇနပိာုတယ်တွင် ကိုရီးယားအမျိုးသမီးသေဆုံး
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ယုဇနပိာုတယ်၌ ဇွန်လ(၂၀)ရက်နေ့ နံနက်၃နာရီခွဲအချိန်တွင် ကိုရီးယား လင်မယားနှစ်ဦးတည်းခိုနေရာမှ ကိုရီိးယားအမျိုးသား၏ ဓားချက်ကြောင့် ကိုရီးယားအမျိုးသမီး အသက် ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရသည်။
ဖြစ်စဉ်မှာ ယုဇနပိာုတယ် အခန်(၈၀၅)တွင် ဧည့်ဗီဇာဖြင့်နေထိုင်လျှက်ရှိသော ကိုရီးယားအမျိုးသားဖြစ်သူ မစ္စတာကင်ညောင်တိတ်(၅၈နှစ်)က  ၄င်း၏ အမျိုးသမီးဖြစ်သူ မစ္စစ်ကင်ဘွန်နန်အား အိပ်နေရာမှ ဓားဖြင့် ထိုးသတ်လိုက်ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာက ဆိုသည်။
“ကိုရီးယားအမျိုးသားကိုတော့ ဗပာန်းရဲစခန်းမှာပဲ ချုပ်ထားပါတယ်။ အမှုနဲ့ ပတ်သက်တာကိုတော့ဘာမှ မပြောနိုင်သေးပါဘူး။ ”ပာု ဗပာန်းမြို့နယ်က  ရဲအရာရှိတစ်ဦးက ဆိုသည်။ အဆိုပါ အမှုနှင့်ပတ်သက်၍ ဗပာန်းရဲစခန်းမှ မှတ်ချက်တစ်စုံတစ်ရာမှ ပေးလိုခြင်းမရှိကြောင်း ရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းတို့နှစ်ဦးသည် မြန်မာနိုင်ငံသို့ ဘုရားဖူးရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ဘုရားဖူးရာမှဝယ်ယူလာသောဓားဖြင့် စိတ်ဖောက်ပြန်၍ လူသတ်မှုဖြစ်ပေါ်ခဲ့ကြောင်း အခင်းဖြစ်ပွားရာ ပတ်ဝန်းကျင်မှ သိရှိရသည်။
“သူတို့က ကိုရီးယားအဖွဲ့အစည်းတွေ ဘုရားတွေ ဘာတွေ သွားဖူးပြီးသွားပြီ။ ဘုရားက ၀ယ်လာတဲ့ဓားနဲ့ စိတ်ဖောက်ပြန်ပြီး သတ်လိုက်တာ။ ”ပာု ယုဇနပိာုတယ် အနီးတွင် ထမင်းဆိုင်ဖွင့်ထားသော အမျိုးသမီး တစ်ဦးက ဆိုသည်။
ထိုကိစ္စနှင့်ပတ်သတ်၍ မြန်မာပြည်အခြေစိုက် ကိုရီးယားသံရုံးအားမေးမြန်းရာ သတင်းထုတ်ပြန်မည့်သူမရှိ၍ မေးမြန်း၍ မရခဲ့ပေ။
အဆိုပါ မစ္စတာကင်ညောင်တိတ်(၅၈နှစ်)သည် လူသတ်မှုကျူးလွန်စဉ် ၄င်း၏မိန်းမအား ဗိုက်ကိုခွဲ၍ အူများကို ဆွဲထုတ်ထားကြောင်း သိရသည်။
စောဇင်ညီ(မြစ်မခ)
by Myit Makha Mediagroup
တောင်ကုတ်တွင် လူပေါင်း ၄၀ ကျော် ခေါ်ယူ စစ်ဆေးခံရပြီ
ဇွန်လ ၂ ရက်နေ့က ဖြစ်ပွားခဲ့သော မူဆလင် ဘာသာဝင်  ၁၀ ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ တောင်ကုတ်မြို့တွင် လူပေါင်း ၄၀ ကျော်ကို သက်ဆိုင်ရာမှ ခေါ်ယူ စစ်ဆေး မေးမြန်း ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
စစ်ဆေးမူအား စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) အမှတ် ၅ ဌာနချုပ်တွင် စစ်ဆေးခြင်း ဖြစ်သည်။
“ ဒီလ ၁၆ ရက်နေ့က ပထမဆုံး အနေနဲ့ ဦးကျောက်တောင်ရဲ့ လမ်းအထူးအဖွဲ့ (မောင်းတံ ဂိတ်အဖွဲ့) ကို ခေါ်ယူ စစ်ဆေးပါတယ်။ ၁၇ ရက်နေ့မှာ ကျွန်တော်တို့ကို ခေါ်ယူ စစ်ဆေးပါတယ်။ အခင်းဖြစ်ပွားတဲ့ အနေအထားကို မေးတယ်။ ကျွန်တော်တို့ကလည်း တွေ့မြင်ခဲ့ရတဲ့ အခြေအနေတွေကို မှတ်မိသလောက်  ပြန်ပြောပြလိုက်ပါတယ် ” ဟု ခေါ်ယူ စစ်ဆေးခံရရာတွင် ပါဝင်သူ တောင်ကုတ်မြို့ NLD အဖွဲ့ဝင် လူငယ်တစ်ဦးက နိရဉ္စရာသို့ ပြောသည်။
ခေါ်ယူ စစ်ဆေးရာတွင် ရိုက်နှက် ခြိမ်းခြောက်ခြင်းမျိုး မပြုလုပ်ဘဲ ပုံမှန်အတိုင်း မေးမြန်းခြင်း ဖြစ် သည်ဟု  သူက ပြောသည်။
“လူတွေကို ဟိုတုန်းကလို ရိုက်နှက် စစ်ဆေးတာတွေတော့ မပြုလုပ်ပါဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူး ကိုယ်တိုင် က ရှိနေတော့ သူတို့ သိချင်တာတွေကို ချော့မော့ပြီး မေးတယ်။ ကျွန်တော်တို့ကလည်း ကိုယ်မြင်တွေ့တာ တွေကို အမှန်အတိုင်း ပြောလိုက်တယ်။ စစ်ဆေးခံရတဲ့ သူတွေအားလုံးကိုလည်း လေးလေးစားစား ပြောဆို ဆက်ဆံပါတယ်” ဟု ဆိုသည်။
ယခု အချိန်ထိ မေးမြန်း စစ်ဆေးခံရသူမှာ  လူပေါင်း ၄၀ ကျော် ရှိသွားပြီ ဖြစ်ပြီး တစ်ဦးချင်းစီ ထွက်ဆိုချက်များကို အသံဖိုင်၊ လက်ရေးစာများဖြင့် မှတ်တမ်းတင်ထားကြောင်း သိရသည်။
“ ခေါ်ယူ စစ်ဆေး မေးမြန်းတာလောက်ဘဲ လုပ်တာပါ။ သူတို့တော့ အကုန် လိုက်မှတ်တမ်းတင်ထားပါတယ်။ အခုလို စစ်ဆေးတာတွေ ရှိနေပေမယ့် ဖမ်းဆီးတာတော့ အခုအချိန်ထိ မရှိသေးပါဘူး။ နောက်တော့ မပြောနိုင်ပါ” ဟု သူက ပြောသည်။
ခေါ်ယူ စစ်ဆေး မေးမြန်းရာတွင် အခင်းဖြစ်ပွားနေချိန်တွင်  တောင်ကုတ်-သံတွဲ လမ်းခွဆုံရှိ လမ်းညွှန်ဆိုင်းဘုတ် ပေါ်မှ ဖုန်း၊ MP 4 များဖြင့် ဓာတ်ပုံရိုက်နေသူများနှင့် ရုပ်ချင်း  ဆင်သူများကို ရဲတပ်ဖွဲ့မှ လိုက်လံ စုံစမ်းပြီး  ခေါ်ယူကာ စုံစမ်းစစ်ဆေးရေး အဖွဲ့သို့ ပေးပို့ခဲ့မူများလည်း ရှိနေကြောင်း အဆိုပါ ဖြစ်စဉ်ကို လေ့လာသူ တောင်ကုတ် ဒေသခံ တစ်ဦးက ပြောသည်။
တောင်ကုတ်မြို့တွင် ဖြစ်ပွားခဲ့သည့် အမှုအခင်းနှင့် ပတ်သက်ပြီး အမြန်ဆုံး ဖေါ်ထုတ်နိုင်ရန် အတွက် ပြည်ထဲ ရေး ၀န်ကြီးဌာန  ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဦးဆောင်သော အပါအ၀င် အဖွဲ့ဝင် ၁၆ ဦးပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဇွန်လ ၆ရက် တွင် စတင်ဖွဲ့စည်းခဲ့သည်။
စုံစမ်းစစ်ဆေးရေး အဖွဲ့သည် စုံစမ်း စစ်ဆေး တွေ့ရှိချက်များကို  ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံး ထား၍ နိုင်ငံတော်သမ္မတထံ တိုက်ရိုက် အစီရင်ခံရမည် ဖြစ်ကြောင်း သိရသည်။
မောင်ရမ္မာ- နိရဉ္စရာ သတင်းဌာန
ရသေ့တောင်တွင် အသတ်ခံရသူ အလောင်း ၁၀ လောင်း ယနေ့ ရှာဖွေ ရရှိ
ရသေ့တောင်မြို့နယ် ကူတောင် ကျေးရွာမှ  ဇွန်လ ၁၉ ရက်နေ့က အသတ်ခံခဲ့ရသော အလောင်း (၁၀) လောင်းကို ယနေ့တွင် အနောက်ပြင်ရွာမှ ရှာဖွေ့ တွေ့ရှိကြောင်း သတင်း ရရှိသည်။
“ ရရှိတဲ့ အလောင်းက ၁၀ လောင်း ဖြစ်ပါတယ်။ တစ်လောင်း မီးရှို့ သတ်ထားတဲ့ အတွက် အရိုးဘဲ ရပါတယ်။ ကျန်ခုနှစ်လောင်းကလည်း ရုပ်ပျက် ဆင်းပျက် ဖြစ်နေတဲ့ အတွက် မှတ်မရတော့ဘူး။  နှစ်လောင်းကိုဘဲ မှတ်ရပါတယ်” ဟု ဒေသခံ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။
ယခုအခါ အလောင်းများကို အနောက်ပြင် မွတ်ဆလင်ရွာမှ ကူတောင်သို့ သယ်ယူလာကြပြီ ဖြစ်ကြောင်း သူက ဆိုသည်။
“ အလောင်းတွေကိုတော့ ကူတောင်ကို အခုဘဲ သယ်ယူလာပါပြီ။ ဒီနေ့ဘဲ သဂြိုလ်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
သေဆုံးသူများ သန္တာအောင်၊ မောင် အောင်အောင်ထွန်း ၊ ဦးတင်လှိုင် (စစ်မှုထမ်းဟောင်း)၊ ဦးစိုးသန်း (အလယ်တန်းပြ ကျောင်းဆရာ)၊ ဦးပြူးချေ (အရပ်သား)၊ မောင် ကျော်မင်းထွန်း (ဗွီဒီယို မင်းသား)လောင်းချောင်းကျေးရွာ၊၊ ဦးသောင်းရွှေထွန်း (အရပ်သား)၊ ဦးသန်းရွှေ (အရပ်သား)၊ ဦးသန်းဝင်း (အရပ်သား) နှင့် ဦးထွန်းဘော် (အရပ်သား) တို့ ဖြစ်ကြသည်။
ဦးသိန်းဟန် (ကျောင်းဆရာ (ငြိမ်း)၏ အလောင်းအား အခင်း  ဖြစ်ပွားသည့် ဇွန်လ ၁၉  ရက်နေ့ ရရှိခဲ့သည်။
ဒဏ်ရာ ရရှိသူများမှာ ဦးကျော်ဝင်း (ဒဏ်ရာပြင်းထန်-စစ်တွေဆေးရုံသို့ ပို့)၊ ဦးဌေးချေ (ဒဏ်ရာရ-ယမ်းထောင်းသေနတ် ဒဏ်ရာ)၊ ဦးလှထွန်းသိန်း (အတွင်းလူနာ-ယမ်းထောင်းသေနတ် ဒဏ်ရာ) တို့ ဖြစ်ကြောင်း သိရသည်။
နိရဉ္စရာ သတင်းဌာန
မောင်တောမြို့နယ် အကြမ်းဖက် ဆူပူမူ ဦးဆောင်သူများကို လိုက်လံ ဖမ်းဆီးနေ
မောင်တောမြို့နယ်တွင် ပေါ်ပေါက်ခဲ့သော ဆူပူ အကြမ်းဖက်မူများကို ဦးဆောင် သူများနှင့် နောက်ကွယ်မှ သွေးထိုးလုံဆော်သူများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုက်လံ ဖမ်းဆီးနေကြောင်း သတင်း ရရှိသည်။
ဇွန်လ ၁၅ ရက်နေ့က မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကယ်ဆယ်ရေးစခန်း သို့ ရောက်ရှိလာစဉ် အကြောင်းမဲ့၊ အပြစ်မဲ့၊ ဥပဒေမဲ့ လုပ်ဆောင်ခဲ့ကြသည့် ကျူးလွန်သူများအား ခွင့်မလွှတ်နိုင်ကြောင်း၊ ဦးစီး ဦးဆောင် လုပ်သူများကို ဥပဒေနှင့်အညီ ပြစ်မူ ကြီးငယ် အလိုက် အပြစ် ရှိသူများကို အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ နယ်စပ်ရေးရာ ၀န်ကြီးနှင့် မြန်မာ့စက်မူ ဖွံ့ဖြိုရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောကြားခဲ့သည်။
၎င်းနောက်ပိုင်းတွင် ဖမ်းဆီး အရေးယူမူများ ရှိလာခဲ့ခြင်း ဖြစ်သည်။
“ အခုကတော့ တော်တော်များများကို လိုက်ဖမ်းဆီးနေပါတယ်။ ကျွန်တော်တို့ သိရသလောက် ဆူပူ မူကို ဦးဆောင် ဦးရွက်ပြုခဲ့တဲ့ သူတွေနဲ့ နောက်ကွယ်က ကြိုးကိုင်ခဲ့သူတွေကို အဓိကဖမ်းဆီးနေ တာ ဖြစ်ပါတယ်။ သိရသလောက် လူပေါင်း  ၁၀၀ ကျော် အဖမ်းခံရပြီလို့ သိရပါတယ်” ဟု အမည် မဖေါ်လိုသူ အာဏာပိုင်များနှင့် နီးစပ်သူ  တစ်ဦးက နိရဉ္စရာကို ပြောသည်။
ယခုကဲ့သို့ ဖမ်းဆီးနေမူများကြောင့် ဆူပူ အကြမ်းဖက်မူကို ဦးဆောင်ခဲ့သူ အများအပြား မှာ နေအိမ် များမှ ထွက်ပြေးနေကြသည်ဟု သူက ဆက်ပြောသည်။ သို့သော် မောင်တောခရိုင် ထိပ်ပိုင်း အာဏာ ပိုင်များနှင့် အပေးအယူ ရှိသူ တစ်ချို့မှာ ဦးဆောင်မူ နေရာမှ ပါဝင်ခဲ့သော်လည်း ယခုအချိန်ထိ ဖမ်း ဆီး  အရေးယူ ခံရခြင်း မရှိသေးကြောင်းလည်း သူက ပြောသည်။
ဇွန်လ ၈ ရက်နေ့က အကြမ်းဖက်သူများ လက်ချက်ကြောင့် မောင်တောမြို့နယ် တောင်ပိုင်းမှ သရေ ကုန်ဘောင်၊ ဝေသာလီ၊ ကန်သာယာ၊ ခရေမြိုင်၊ ရွှေရင်အေး၊ ကိုင်းကြီးရွာနှင့် မောရ၀တီတို့ မီးရှို့ ခံခဲ့ရပြီး လူအများအပြားလည်း အိုးမဲ့ အိမ်မဲ့ ဖြစ်ကာ ဘေးလွှတ်ရာကို ထွက်ပြေးခဲ့ရသည်။
“ အစိုးရ စာရင်းအရ မောင်တော တောင်ပိုင်းမှာ ရွာပေါင်း (၇) ရွာက အိမ်ခြေ ၃၆၇ လုံး မီးရှို့ခံရတဲ့ အတွက်  လုံးဝ ပျက်စီးသွားတယ်လို့ ဖေါ်ပြပါတယ်။ ကျွန်တော်တို့ လိုက်လံ စုဆောင်းရသလောက် ဆိုရင် ပျက်စီးသွားတဲ့ အိမ်က ဒီထက်ပိုပါတယ်။ မောင်တောမြို့ပေါ်နဲ့ပါ ဆိုရင် အိမ်ခြေ ၁၀၀၀ ခန့်ရှိ ပါတယ်” ဟု သူက ဆက်ပြောသည်။
မောင်တောမြို့နယ်တွင် ပေါ်ပေါက်ခဲ့သော ဆူပူ အကြမ်းဖက် ဖြစ်စဉ်တွင် ရခိုင် လူမျိုး ၇ ဦး သေဆုံး ခဲ့ပြီး လူပေါင်း ၅၀ ခန့် ဒဏ်ရာ ရရှိခဲ့သည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ အကြမ်းဖက် ဆူပူမူများ ကို ဖြိုခွင်းစဉ် အတွင်း မွတ်ဆလင် လူမျိုး  တစ်ချို့လည်း သေဆုံးခဲ့ကြောင်း၊ သို့သော်လည်း အရေအတွက် အတိအကျကို မသိရှိရကြောင် သူက ပြောသည်။
မောင်တောတွင် ဆူပူ အကြမ်းဖက်မူများ ဖြစ်ပေါ်ပြီးနောက် အဆိုပါ ဆူပူမူမှာ စစ်တွေမြို့ထိ ကူးစက် သွားခဲ့ကြောင်း၊ ၎င်းနောက်ပိုင်း မောင်တောတွင် ဖြစ်ပျက်ခဲ့မူများအား လူအများ မေ့ပျောက် သွားခဲ့ကြကြောင်း၊ မိမိတို့ အနေဖြင့် မောင်တောမြို့နယ်တွင် ဖြစ်ပျက်ခဲ့သော ဆူပူမူကို တိတိကျကျ မှန်မှန်ကန်ကန် ဖေါ်ထုတ် အရေးယူရန် လိုလားနေကြောင်း သူက ပြောကြားသည်။
နိရဉ္စရာ သတင်းဌာန
ပုဏ္ဍားကျွန်းတွင် အစိုးရ ကျောင်းများ ပြန်ဖွင့် သော်လည်း ကျောင်းသားများ စာသင်ခန်းထဲ မရောက်နိုင်သေး
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ ပုဏ္ဍားကျွန်းကျေးရွာတွင်အခြေခံပညာကျာင်းများ ပြန်လည်ဖွင့်ထားသော်လည်း ကျောင်းသားများမှာ စာသင်ခန်းထဲမရောက်ရှိနိုင်ဘဲမိသားစုစားဝတ်နေရေးကိုကူညီနေရဆဲဖြစ်ကြောင်း (၈၈)မျိုးဆက်ကျောင်းသားများ၏ ရခိုင်ပြည်နယ်ခရီးစဉ်ကသိရှိရသည်။
"ကျောင်းတွေကိုမေလ(၅)ရက်နေ့က စပိတ်ထားတာမေ(၁၈)ရက်နေ့ကြတော့ဗိုလ်မှူးလှမင်းကလာပြီးကျောင်းတွေပြန်ဖွင့် ပါဆိုပြီးပြန်ဖွင့်ခိုင်းထားတယ်လို့ဒေသခံတွေကပြောပြတယ်” ဟု (၈၈)မျိုးဆက်ကျောင်းသူတစ်ဦးဖြစ်သူမမီးမီးကပြောသည်။
ကျောင်းများပြန်လည်ဖွင့်နိုင်သော်လည်း ကျောင်းနေအရွယ်ကလေးများအားကျောင်းသားမိဘများက စားဝတ်နေရေး အခက်အခဲကြောင့် စာသင်ခန်းထဲသို့မရောက်ရှိနိုင်ကြသေးကြောင်း သိရှိရသည်။
 ရခိုင်ပြည်နယ်တွင်စစ်တွေမြို့မှအပကျန်မြို့နယ်နှင့်ကျေးရွာအချို့တွင်အစိုးရကျောင်းများပြန်လည်ဖွင့်လှစ်လာကြောင်းကိုလည်း သိရှိရသည်။
"ကျောင်းပြန်ဖွင့်ထားပေမဲ့ ကျောင်းသားမိဘတွေကစားဝတ်နေရေးအတွက်လှုပ်ရှားရုန်းကန်နေရတာ ကြောင့်   ကျောင်းနေအရွယ်ကလေးတွေကို ကျောင်းထားဖို့မစီစဉ်သေးနိုင်တာပါ" ဟု ၈၈ မျိုးဆက်ကျောင်းသူတစ်ဦးဖြစ်သူ မနီလာသိန်းက ပြောသည်။
(၈၈)မျိုးဆက်ကျောင်းသားများက ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများကိုပစ္စည်းများ သွားရောက်လှူဒါန်းရင်း ယခုကဲ့သို့ သိရှိခဲ့ခြင်းဖြစ်သည်။“ကျွန်မတို့က(၂၀)ရက်နေ့ကရောက်ပြီး ရခိုင်ပြည်နယ်မှာရှိတဲ့ဒုက္ခသည်စခန်းအကုန်လုံးကို သွားရောက်ပြီး ဒေသခံတွေကိုနှစ်သိမ့်အားပေးစကားပြောတာပါ၊ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေအရပ်ရပ်ကိုလေ့လာနေပါတယ်၊ လှူဒါန်းမယ့် ပစ္စည်းတွေကတော့(၂၄)ရက်နေ့မှရောက်မယ်"ဟု၈၈မျိုးဆက်ကျောင်းသူ မမီးမီးက ပြောသည်။
ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများသို့ ပစ္စည်းများလှူနိုင်ရန်(၈၈)မျိုးဆက်ကျောင်းသားများအဖွဲ့ ရုံးတွင် အလှူခံဌာန ဖွင့်လှစ်ထားကြောင်းသိရှိရသည်။"ကျွန်တော်တို့ ရုံးခန်းမှာ ရခိုင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကိုပစ္စည်း၊ ဆေးဝါး၊ အသုံးအဆောင်၊ အဝတ်အထည်၊ငွေကြေးတို့ကိုလာရောက်လှူဒါန်းနိုင်ဖို့ အလှူခံဌာနဖွင့်ထားပြီး အကူအညီလိုအပ်နေသူတွေကို   သွားလှူမှာပါ "ဟု (၈၈) မျိုးဆက်ကျောင်းသားတဦးဖြစ်သူကိုဘောင်းဘောင်းမှပြောသည်။
ဝေယံမိုးဦး(မြစ်မခ)
by Myit Makha Mediagroup
ကချင်ပြည်နယ်က ပုဒ်မ-၁၇(၁)အမှုများအား ပြန်လွှတ်ပေးမည်
ကချင်ပြည်နယ်တွင် မတရားအသင်းနှင့်ပတ်သက်ဆက်နွယ်သောအမှု(ပုဒ်မ-၁၇(၁)) အမှုဖြင့် ဖမ်းဆီးခံရ သူများမှ သက်သေအထောက် အထားမခိုင်လုံသူများအား လွှတ်ပေးရန် ပြည်ထောင်စု မီးရထားဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေးတွေ့ဆုံပွဲတွင် ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။
ပုဒ်မ-၁၇(၁) အမှုအား နောက်ထပ်ဖမ်းဆီးမှုမပြုရန်လည်း ဝန်ကြီးဦးအောင်မင်းက ပြောကြာခဲ့သေးသည်။
ဇွန်လ (၂၀)ရက်နေ့တွင်ပြည်ထောင်စုမီးရထားဝန်ကြီးဦးအောင်မင်းဦးဆောင်သောပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်သည့်အဖွဲ့နှင့်   ကေအိုင်အို ကိုယ်စားလှယ်များ မိုင်ဂျာယန်၌ တွေ့ဆုံခဲ့ရာတွင် ပုဒ်မ ၁၇(၁)အမှုဖြင့် ဖမ်းဆီးထားသူများအား အထောက် အထားအတိအကျမရှိသူများကို လွှတ်ပေးရန် ညွှန်ကြား လိုက်ခြင်း ဖြစ်သည်။
“အထောက်အထား အတိအကျ မရှိသေးတဲ့ဟာတွေကို အကုန်ဖြုတ်ပေးရမယ်။ အထောက်အထားအတိအကျရှိတဲ့ လူတွေကိုတော့   နောင်အလျင်းသင့်တဲ့အချိန် အကုန်ပြန်လွှတ်ပေးရမယ်။ တရားရုံးကိုတင်ထား တဲ့အမှုတွေတော့ နည်းနည်းစောင့်ရမယ်။ ရဲစခန်းမှာ ရှိတဲ့သူတွေက အားလုံးလွတ်စေရမယ်။”ဟု တွေ့ဆုံပွဲတက်ရောက်ခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအကျိုးဆောင် ဦးအင်ရှန်ဆန်အောင်က ပြောသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)နှင့် ပတ်သက်ဆက်နွယ်နေသည်ဟု ယူဆရသူများအား ပုဒ်မ ၁၇(၁) အမှုဖြင့် မသင်္ကာသူ များအား စစ်တပ်ကဖဖ်းဆီး၍ သက်ဆိုင်ရာရဲစခန်းသို့ ဖမ်းဆီးပို့ဆောင်ထားခြင်း ဖြစ်သည်။
ကချင်ပြည်နယ် တရားရုံးတွင်စွဲချက်တင်ထားသည့် ပုဒ်မ ၁၇(၁) အမှု စုစုပေါင်း(၂၉ )မှုတိတိ ရှိနေပြီး စွဲချက် မတင်သေးသော(ရမန်) အမှုမှာ (၂၀) ကျော်ရှိနေကြောင်း မြစ်ကြီးနား တရားရုံးမှ သိရသည်။
ကေအိုင်အိုနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကို ဦးဆောင်သူ ဦးအောင်မင်းနှင့် တွေ့ဆုံရာတွင်  ကေအိုင်အိုဘက်က အစိုးရတပ်ပေါင်း (၆၁) တပ်အား ရုတ်သိမ်းပေးရန် တောင်းဆိုထားချက်များကို ကာကွယ်ရေးဦးစီးချုပ်မှ အချို့အား သဘောတူပြီး အချို့ကို ပြန်လည်ညှိနှိုင်းကာ အပေးအယူလုပ်ဆောင် သွားမည်ဖြစ်ကြောင်း အစည်းအဝေးတက်ရောက်သူများထံက သိရသည်။
နောက်တစ်ကြိမ် တွေ့ဆုံချိန်တွင်မူ အစိုးရဘက်က ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း ကိုယ်တိုင် ပါဝင်ဆွေးနွေးသွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
ဂျာတော့(ပ်) (မြစ်မခ)
by Myit Makha Mediagroup
ရသေ့တောင်မှာ မီးရှို့ တဲ့ ဘင်္ဂလီ ၁၀၀ ခန့် အနက် ၂၂ ဦးအား ဖမ်းဆီးရမိထား
ရသေ့တောင်မြို့နယ်ရှိ ဂူတောင် ချေကျေးရွာသို့ ၀င်ရောက်မီးရှို့ခဲ့သည့် အနောက်ပြင်ကျေးရွာမှ ဘင်္ဂါလီ ၁၀၀
ခန့်အနက် ၂၂ ဦးအား လုံခြုံရေးအဖွဲ့များက ဖမ်း ဆီးရမိထားပြီးဖြစ်ပြီး ကျန်သူများ ကိုလည်း ဆက်လက်ဖမ်းဆီးလျက်ရှိကြောင်း ရသေ့တောင်မြို့ရောက် 7 Day သတင်းထောက်က ပေးပို့သည်။
ဖြစ်ပွားပုံမှာ ဇွန်လ ၁၉ ရက်က ဂူတောင်ချေကျေးရွာသို့ ဘင်္ဂါလီ ၁၀၀ ခန့်မှ အိမ်များကိုလာရောက်မီးရှို့ခဲ့သည့်အတွက် ဒေသခံရခိုင်လူမျိုးများမှ မီးရှိုသည့် အကြမ်းဖက်သမားများအားလိုက်လံဖမ်းဆီးရာ
လယ်ကွင်းများအတွင်း ပုလင်းကွဲများ၊ တွင်းများတူးထားပြီး ထောင်ချောက်များ ဆင် ထားသည့်အတွက်
ရခိုင်လူမျိုးများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများကို ဘင်္ဂါလီကျေးရွာများအတွင်းသို့ ခေါ်ဆောင်သွားကာ သတ်ပစ်ကြောင်း ယင်းဖြစ်စဉ်တွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သူ ဂူတောင်ချေကျေးရွာမှ
ကိုဝင်းချေကပြောသည်။
ဖြစ်စဉ်တွင် ဘင်္ဂါလီများဘက်မှ တူးမီးသေနတ်များကိုပါ အသုံးပြုသည်ဟုသိရပြီး တူးမီးသေနတ် ဖြင့်
ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရသူများမှ ရသေ့တောင်ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။
ဇွန်လ ၂၀ ရက်တွင် မြို့နယ် သံဃာ့နာယကအဖွဲ့ဆရာတော် ၄၃ ပါး၊ လုံခြုံရေးအဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မြို့မိ၊ မြို့ဖများ ဂူတောင်မြောက်ကျောင်းတွင် စည်းဝေးခဲ့ကြပြီး အလောင်းများကို
ပြန်လည်တောင်းခံရာ ည ၁၀ နာရီခန့်တွင် အလောင်းသုံးလောင်းကို ဘင်္ဂါလီများက ထုတ်ပေးခဲ့ပြီး ညလုံးပေါက် တောင်းဆိုရာမှ စုစုပေါင်းအလောင်း ၁၀ လောင်းကို ရရှိခဲ့သည်။
လက်ရှိ ၁၀ လောင်းသာ ရရှိခဲ့သည့်အတွက် ယနေ့ သင်္ဂြိုဟ်ရန်စီစဉ်ထားသော်လည်း ကျန်သည့် ၁ လောင်းရမှ
သင်္ဂြိုဟ်ရန် ဒေသခံများက ဆက်လက်တောင်းဆိုနေကြသည်။ ဘင်္ဂါလီများဘက်မှ ၂ ဦးသေဆုံးခဲ့သည်။
ထို့ကြောင့် အဆိုပါ ပဋိပက္ခကြောင့် စုစုပေါင်း ၁၃ ဦးသေဆုံးခဲ့ကြောင်း ရသေ့တောင်မြို့နယ်ကယ်ဆယ်ရေးပစ္စည်းထောက်ပံ့ရေးနှင့် ကူညီရေးအဖွဲ့မှ ဦးသိန်းမောင်က 7Day News သို့ပြောသည်။
7Day News Journal
မသန့်ရှင်းသောရေကြောင့် ကူးစက်လွယ်ဝဲရောဂါ မိုးတွင်းတွင် အဖြစ်များ
မိုးရာသီတွင် အဖြစ်များသော ၀ဲရောဂါမှာ အာဟာရချို့တဲ့ချိန်နှင့် ကျန်းမာရေးချို့တဲ့ချိန်များတွင် ကျောက်ကပ်၊ နှလုံးကိုပါ ထိခိုက်နိုင်သောကြောင့် သတိပြုသင့်သည့် ရောဂါတစ်မျိုးဖြစ်ကြောင်း အရေပြားရောဂါကု ဆရာဝန် ကြီးများထံက သိရှိရသည်။
“၀ဲရောဂါဆိုတာ ကုတ်လို့ရှိရင် အစကတော့ အယားပြေသလိုလိုနဲ့ နောက်ကျရင် အရေပြားယောင်ရမ်းလာမယ်။ လက်ဆိပ်တက်ပြီး   ပြည်တည်နာ ဖြစ်လာမယ်။ အဲ့ဒီကနေတဆင့် တစ်ကိုယ်လုံးပျံလာပြီး အဖျားကြီးတာတို့၊ ကျောက်ကပ်တို့ကိုပါ ထိခိုက်လာနိုင်တယ်” ဟု ပါရဂူဆေးခန်းမှ အရေပြားအထူးကု ပါမောက္ခ ဒေါက်တာ မင်းဆွေ က ပြောသည်။
“၀ဲရောဂါက မသန့်ရှင်းရင် ဖြစ်တတ်တဲ့ရောဂါမို့လို့ တစ်ကိုယ်ရေသန့်ရှင်းမှုက အရေးကြီးပါတယ်။ အ၀တ်အစား အသုံး အဆောင်တွေကို    ဆပ်ပြာရည်ထဲမှာ တစ်ညစိမ်ပြီးမှ လျှော်ဖွပ်သင့်ပါတယ်။ လိမ်းဆေးနဲ့ပါတ်သက်ပြီး အထူးဂရုပြုရမှာက အရေပြားရောင်ရမ်းတာတို့၊ ပြည်တည်နာတို့ ဖြစ်နေမယ်ဆိုရင် လိမ်းဆေးတွေကို တိုက်ရိုက် မလိမ်းသင့်ဘူး။ ရေအေးကပ်ပေး အနာခြောက်လာပြီဆိုမှ ၀ဲလိမ်းဆေးတွေကို လိမ်းပေးရတယ်။ ပြီးတော့ အနာ ဖြစ်တာကြာတယ်ဆိုရင် ဆရာဝန်တွေနဲ့   ပြသင့်တယ်”ဟု ပါမောက္ခ ဒေါက်တာ မင်းဆွေ ရောဂါဖြစ်ပွားခြင်းအား ကာကွယ်နိုင်ရန် အကြံပြုပြောဆိုခဲ့သည်။
ကလေးငယ်များတွင် ၀ဲရောဂါဖြစ်ပါက ရောဂါပိုးအဆိပ်အတောက်သည် တစ်ကိုယ်လုံးပျံ့နှံ့၍ အာသီးရောင်ခြင်း၊ အဖျားတက်ခြင်း၊ ကျောက်ကပ်၊နှလုံးဖောရောင်ခြင်းစသော နောက်ဆက်တွဲရောဂါများ  ဖြစ်ပေါ်လာနိုင်ကြောင်း ကိုလည်း သိရှိရသည်။      
ဝဲရောဂါဖြစ်လျှင် အသုံးပြုနိုင်သော လိမ်းဆေးများမှာ ဆာလ်ဖာဖယောင်းချက်(Sulphur Ointment) Benzyl Benzoate 25% (Burscabe) အရည်၊ Eurax Cream လိမ်းဆေး၊ Permethrin Cream, Gammaxane အရည်စသည့် လိမ်းဆေးများ လိမ်းပေးခြင်းဖြင့် လည်းကောင်း၊ လိမ်းဆေးဖြင့် မသက်သာပါက (နှစ်ရှည်လများ ဖြစ်ပွားနေပါက) နားလည်တတ်ကျွမ်းသည့် ဆရာဝန်များနှင့် ပြသသင့်ကြောင်းကိုလည်း  သိရှိရသည်။
ယမင်း(မြစ်မခ)
by Myit Makha Mediagroup
နိုင်ငံတာကာပညာရေးပြပွဲ နှင့် ဟောပြောပွဲ
CROWN Education သည် နိုင်ငံတကာတွင် ပညာသင်ကြားလိုသော ကျောင်သားကျောင်းသူများအတွက် အခမဲ့ ဆွေးနွေးအကြံပေးခြင်းများနှင့် အကောင်းဆုံး ၀န်ဆောင်မှုများ ပေးနေသည့်အပြင်၊ CROWN Education နှင့် ချိတ်ဆက်ထားသော နိုင်ငံတကာရှိ တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းပေါင်း (၂၅၀)ကျော်တွင် ပညာသင်ကြားမည့်သူများအတွက် ပြည်တွင်းပြည်ပ နိုင်ငံတကာ ပညာရေးသတင်းအချက်အလက်များကို တစ်နေရာတည်း တွင်လေ့လာနိုင်ရန် ရည်းရွယ်၍ နိုင်ငံတကာပညာရေးပြပွဲ ကိုကျင်းပသွားမည်ဖြစ်ပါသည်။ အဆိုပါပညာရေးပြပွဲကို ဇွန်လ (၃၀)ရက် စနေနေ့၊ နံနက် (၁၀)နာရီမှ (၂)နာရီအထိ အလုံလမ်းရှိ Summit Parkview Hotel တွင် ကျင်းပသွားမည်ဖြစ်ပါသည်၊၊
ထို့အပြင် အဆင့်မြင့်ပညာရေးသင်ယူခြင်းနှင့်ပတ်သက်၍ မိမိတို့စွမ်းဆောင်နိုင်မှု၊ စိတ်ပါဝင်စားမှုများကို သိရှိထားပြီး၊ ဘာသာရပ်များ၏ သဘောသဘာဝတွေကို သိရှိထားမှသာ မှန်ကန်သောဘာသာရပ်၊ ပညာရေးလမ်း ကြောင်းများကိုရွေး ချယ်နိုင်မည်ဖြစ်သဖြင့် ဘာသာရပ်တစ်ခုချင်းစီ၏ အားနည်းချက်၊အားသာချက်များ ဥပမာ-စီးပွားရေးနှင့် စာရင်း အင်းပညာရပ်များ၊ အင်ဂျင်နီယာဘာသာရပ်များ၊ ဒီဇိုင်းဘာသာရပ်များ၊ ကွန်ပျူတာ ဘာသာရပ်များ၊ ဆေးပညာနှင့်ဆက်စပ်ဘာသာရပ်များ၊ အဆိုပါဘာသာရပ်များအတွက် လေ့လာသင်ယူသင့်သော နာမည်ကြီး တက္ကသိုလ် များနှင့် ၀င်ခွင့်များကို အဆိုပါ နေ့ တွင်သက်ဆိုင်ရာအချိန်အလိုက်  ရှင်းလင်းပြောကြား သွားမည်ဖြစ်သည်၊၊
ပြပွဲအတွင်း ကျောင်းသွားတက်ရောက်မည့်သူများအတွက် CROWN Education မှ နိုင်ငံတကာပညာရေးလမ်းညွန်စာအုပ်နှင့် စင်ကာပူပညာရေး လမ်းညွှန်  စာအုပ်များ အခမဲ့ပေးဝေခြင်း၊ကျောင်းလျှောက် လွှာကြေး ကင်းလွတ်ခွင့်၊ စသည့် အခွင့် အလမ်းများရရှိနိုင်မည်ဖြစ်သည်။
ရှင်းလင်းပြောကြားပေးမည့် ဘာသာရပ်များနှင့် အချိန်များကို အောက်ပါအတိုင်း သတ်မှတ်ထားပါသည်။
IT & Engineering               :        10:00 a.m  – 11:00 a.m
Business Mangement        :        11:00 a.m  – 12:00 noon
Medical & Life Science      :        12:00 noon – 01:00 pm
MHR သင်တန်းကျောင်းမှ ကျောင်းအုပ် ဆရာဦးအေးကျော်မှ၊ လူငယ်များအတွက် Choosing your career path in Management ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောပေးမည့်အပြင်CROWN Training Office မှ နိုင်ငံခြားတက္ကသိုလ်၊   ကောလိပ်များသို့ တက်ရောက်မည့် သူများအတွက် သင့်လျော်သော 21st Century Life Style English for Students သင်တန်း၊ နိုင်ငံရပ်ခြား စီးပွားရေးလုပ်ငန်းများတွင် သွားရောက်လုပ်ကိုင်မည့်သူများအတွက် English for Business သင်တန်း၊ IELTS Foundation & Preparation သင်တန်း၊ Think English သင်တန်း၊ အလုပ်အကိုင်အတွက် ကြိုတင်ပြင်ဆင်မှုများ လွယ်ကူစေရန် Job Hunting သိကောင်းစရာ သတင်းအချက်အလက်များကိုပါ ရှင်းလင်းပြောကြားပေးရန် စီစဉ်ထားပါသည်၊၊
ပြပွဲတက်ရောက်လိုသူများ၊ ကျောင်းလျှောက်ထားလိုသူများနှင့် အသေးစိတ်သိရှိလိုသူများ CROWN Education ရုံးချုပ် Summit Parkview Hotel ၊ အခန်း (၂၂၈-၂၂၉) ဖုန်းနံပါတ် - ၀၉ ၇၃၂ ၇၃၂ ၇၇ ၊ ၀၉ ၅၀၈၅ ၁၈၅ နှင့် CROWN Education မြေနီကုန်းရုံးခွဲ၊ အမှတ် (၂၇၂)၊ (၄)လွှာ ၊ အခန်းအမှတ် (၄၀၄) ၊ ပြည်လမ်း၊ ဓနလှိုင်တာဝါ (မြေနီကုန်း KBZ Bank အပေါ်ထပ်) ဖုန်း - ၅၂၇ ၈၃၈ နှင့် ၅၂၃ ၈၃၂ တို့တွင် ဆက်သွယ်စုံစမ်းစာရင်းပေးနိုင်ပါသည်၊၊
ကိုယ့်ကြောင့် သူများထမင်းလုတ် ပြုတ်ကျ သွားမဲ့ အလုပ်ကို ဘယ်တော့မှ မလုပ်ဘူး ချောရတနာ
အနုပညာ လောကမှာ သူ့ကို ပေါချောလို့ ချစ်စနိုး ခေါ်ကြပါတယ်။ အားလုံးနဲ့
အဆင်ပြေအောင် နေတတ်ပြီး မာနမထားဘဲ အမြဲရယ်မော ပျော်ရွှင်နေတတ်တဲ့ သူ့ကို မျက်နှာချင်းဆိုင် စကားပြောကြည့်လိုက်တဲ့ အခါမှာ.......
ခုလတ်တလော မချောဘာတွေလုပ်နေလဲ
ကားရိုက်တော့ မရှိတော့ဘူး။ အငြိမ့်တွေ ကဖြစ်တယ်။ ကိုကြီးခင်လှိုင်တို့၊ ကိုဒိန်းဒေါင်တို့နဲ့ အငြိမ့်တွေ နယ်ကိုထွက်ကဖြစ်တာ အိမ်မှာ မရှိသလောက်ပဲ။
ခုနောက်ပိုင်း Vamp (ဗီလိန်) တွေ ရိုက်ဖြစ်တယ်နော်
ဟုတ်တယ်။ ကိုယ်လုပ်ရတာ Vamp ဆိုပေမယ့် ပရိသတ် နှစ်သက်တယ် ဆိုရင် ဝမ်းသာတယ်။ ကိုယ်ကိုယ်တိုင်လည်း Vampကို လုပ်ရတာပိုပြီး သရုပ်ဆောင် ကောင်းတယ်လို့ ထင်တယ်။
တကယ် Vamp ဖြစ်အောင် ဘယ်လို mood ထည့်လဲ
ကိုယ်လုပ်တဲ့ Vamp (ဗီလိန်) ကာရိုက်တာကို လူအရမ်း မောမှာစိုးလို့ ထိန်းလုပ်ဖူးတယ်။ ထိန်းလုပ်ရင် လျော့သွားရော။ မကောင်းဘူး၊ မောရင် မောပါစေဆိုပြီး ဖွင့်လုပ်မှ ကောင်းတယ်။ Result ထွက်လာရင် ကွာတယ်။
Senior တွေနဲ့ သရုပ်ဆောင်ရတဲ့အခါ ဘယ်လိုခံစားရလဲ
ကိုယ့်ရဲ့ Senior တွေနဲ့ သရုပ်ဆောင်တဲ့အခါ ချောက အတတ်နိုင်ဆုံး အမှားအယွင်း မဖြစ်အောင် ဂရုစိုက်တယ်။ ကြိုးစားပြီး သရုပ်ဆောင်တယ်။ ကြိုးစားရင် ကြိုးစားတဲ့သူကို သူတို့က တန်ဖိုးထားပါတယ်။ ကြိုးစားတဲ့သူကို သင်ပေးချင်တယ်။ ပြောပြချင်တယ်။ ကိုယ်ကလည်း Senior တွေကို လိုအပ်တာတွေ သင်ပြပေးပါနော် ဆိုပြီးပြောတယ်။ သူတို့ကလည်း ကိုယ့်ကို ချစ်ခင်ပြီး လိုအပ်တာတွေ ပြောပြပေးတယ်။
Senior တွေကိုလန့်တာ ကြောက်တာတွေ ရှိလား။
အခုတော့ မရှိတော့ပါဘူး။ အရင်တုန်းကတော့ ရှိတယ်။ ကိုသားကြီး (ဒွေး) နဲ့ ဓာတ်ပုံရိုက်တုန်းက ကြောက်ပြီး ဒူးတွေ ရိုက်နေတာ ဖြစ်ခဲ့တယ်။ အဆင်မပြေခဲ့ဘူး။ အခုတော့ လန့်တာကြောက်တာ မရှိတော့ပါဘူး။ နောက်ပြီး mood မရသေးရင် မရသေးဘူးဆိုပြီး ပွင့်ပွင့် လင်းလင်း ပြောဖို့လိုတယ်။
Senior တွေဆီက ဘယ်လို ဆောင်ပုဒ်မျိုး ကြားဖူးလဲ
ကိုရန်လေးဖြေတဲ့ အင်တာဗျူးတစ်ခု ဖတ်ဖူးတယ်။ “ကိုယ့်ကိုယ်ကိုယ် သိတယ်တတ်တယ်လို့ ထင်တဲ့နေ့က ကျရှုံးမဲ့နေ့လို့” ကိုရန်လေး ဖြေခဲ့ဖူးတယ်။ အဲဒီစကားက သိပ်မှန်ပါတယ်။
အိမ်ထောင်ပြုဖို့ အရွယ်လည်း ရောက်နေပြီနော်။
ဟုတ်တယ်။ အိမ်ထောင်ပြုဖို့ အရွယ်ရောက်နေပါပြီ။ ဒါပေမဲ့ အချိန်မကျသေးလို့ပါ (ရယ်လျက်)
ဂျာနယ်တစ်စောင်မှာ အတူ အလှူလုပ်ခဲ့တဲ့ အမျိုးသားတစ်ဦးက မချောရဲ့ ဖူးစာရှင်လား။
အဲဒါတော့ ဟုတ်ပါတယ်။
သူနဲ့ပတ်သက်ပြီး ပြောပြပါဦး။
ဘာမှတော့ ပြောစရာမရှိပါဘူး။ ချောတို့က ရည်းစားဖြစ်တာလည်း ကြာပါပြီ။ ချွဲချွဲနွဲ့နွဲ့ ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောရမယ့် အရွယ်တွေလည်း မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်က နားလည်ကြပါတယ်။ သူက စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ပါ။ အိမ်ထောင်ပြုဖို့ ကတော့ သေချာမှပဲ ပရိသတ်ကို ပြောပြပါမယ်။
ကိုယ်ရွေးထားတဲ့ အိမ်ထောင်ဘက်ကရော မချောအတွက် စိတ်တိုင်းကျရဲ့လား။
စိတ်တိုင်းကျပါတယ်။ အကုန်လုံး အစစအရာရာ အဆင်ပြေပါတယ်။ လိုအပ်ချက်ရှိရင်လည်း တစ်ယောက်နဲ့ တစ်ယောက် ညှိကြရမှာပေါ့။
ကိုယ့်ဘက်က စိတ်ထားကိုရော ဘယ်လိုထားလဲ။
အခု အသက်ကြီးလာတော့ စိတ်က မရှည်ချင်ဘူး (ရယ်လျက်) ဒါပေမဲ့ ချောက အတတ်နိုင်ဆုံးတော့ သူများတွေကိုယ့်ကြောင့် ပျော်ရွှင်သွားတာပဲ ဖြစ်စေချင်တယ်။ သူများတွေ ကိုယ့်ကြောင့် ပျော်သွားရင် ကိုယ်လည်း တန်ပြန်ပြီး စိတ်ချမ်းသာတယ်။ ကိုယ့်ကြောင့် သူများတွေ စိတ်အနှောင့်အယှက် မဖြစ်အောင် အမြဲတမ်း ကြိုးစားပြီးနေတယ်။ သည်းခံပြီးနေတယ်။ ကိုယ့်ကြောင့် သူများထမင်းလုတ် ပြုတ်ကျသွားမဲ့ အလုပ်ကို ဘယ်တော့မှ မလုပ်ဘူး။ အဓိက ရှောင်တယ်။ သူများကို ယုတ်မာတဲ့ စိတ်မထားဘူး။
နယ်ပရိသတ်ရဲ့ အထိအတွေ့ကရော
နယ်မှာတော့ ပရိသတ်တွေက အနုပညာရှင် ဖြစ်ရင်ပြီးရော၊ ချောရတနာရယ်မှလည်း မဟုတ်ဘူး။ ဘယ်သရုပ်ဆောင် လာလာ သူတို့က သရုပ်ဆောင် ဖြစ်ရင်ပြီးရော။ သရုပ်ဆောင်တွေကို အပြင်မှာတွေ့ဖို့က ခဲယဉ်းတော့ သရုပ်ဆောင်ဖြစ်ရင် ပြီးရော။ အားပေးကြတယ်။
ပရိသတ်ကိုရော ဘာပြောချင်လဲ။
ချောကို အနုပညာ လမ်းကြောင်းပေါ်က မပျောက်သွားအောင် အခုထက်ထိ အားပေးနေတဲ့ ပရိသတ်တွေကို ချောက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ ပရိသတ် အားပေးနေလို့လည်း အခုထက်ထိ အနုပညာ အလုပ်တွေ လုပ်နေရတာပါလို့။
ကလောင် - မြတ်သူအောင် - By 8 Days
ကျောင်းဆရာမကြီးလည်း ဖြစ်ချင်တာပဲ အဆိုတော်လည်း ဖြစ်ချင်ခဲ့တာ စန္ဒီမြင့်လွင်
ဒီ ဆယ်ကျော်သက် အရွယ် စိတ်ကူးယဉ် အိပ်မက်က ဘာလဲ
တကူးတကကြီး စိတ်ကူး ယဉ်တာတော့ မဟုတ်ဘူး။ အားလုံး လုပ်ချင်ပါတယ်။ ကျောင်းဆရာမ ကြီးလည်းဖြစ်ချင်တာပဲ။ အေးအေး ချမ်းချမ်း နေချင် တာကြောင့်ပါ။ နောက်ပြီး အဆိုတော်လည်းဖြစ် ချင်ခဲ့တာပဲ။
ဆရာမလုပ်ချင်တာကို စွန့် လွှတ်ခဲ့ရတာလား။
စွန့်လွှတ်ခဲ့တာမဟုတ်ပါ ဘူး။ အဆိုတော်ဖြစ်ဖို့ အကြောင်း ကံပါလာလို့ပါ။
မိဘတွေ ထိန်းချုပ်တာခံခဲ့ ရလား။
ထိန်းချုပ်ခံခဲ့ရတာတော့ မရှိပါဘူး။ လွတ်လွတ်လပ်လပ်ပါပဲ
ကိုယ်ဖြစ်ချင်တာ စွန့်လွှတ် ခဲ့ရလို့ နောင်တရတာရောရှိလား။
မရှိပါဘူး။
အနုပညာအလုပ်က ဝါ သနာပါလို့လုပ်ခဲ့တာလား။
ဟုတ်ကဲ့။ ဝါသနာပါလို့ လုပ်ဖြစ်ခဲ့တာပါ။
ထိန်းချုပ်ခံရတဲ့ ဆယ် ကျော်သက်တွေကိုရော ဘယ်လို အကြံပေးချင်လဲ။
သူ့နေရာနဲ့သူ ထိန်းချုပ် တာကောင်းပါတယ်။ အဓိက က တော့ ကိုယ့်ကိုယ်ကိုယ်ထိန်းတတ် ရင် မိဘထိန်းဖို့ မလိုပါဘူး။ မိဘ က လမ်းကြောင်းပေးရတာပေါ့ နော်။ ဒီလမ်းသွားရင်ဒီလိုဖြစ်မယ် ဆိုတာ မိဘပြောထားပြီးသားပဲ။ ကိုယ်တိုင်စဉ်းစားရမှာပေါ့။ ဖြစ်ရင် ကိုယ်ပဲခံရမှာလေ
ဆယ်ကျော်သက်တွေမှာ ဖြစ်ချင်တဲ့ ဆန္ဒတွေကို ဖြစ်အောင် လုပ်ဖို့ ဘယ်လိုအကြံပေးချင်လဲ။
ဖြစ်ချိန်တန်ရင်တော့ အား လုံးဖြစ်လာမှာပါ။ ကြိုးစားရင်တော့ ကိုယ့်အတွက် နေရာရမှာပါ။
ထိန်းချုပ်တဲ့ မိဘတွေကို အရမ်းမထိန်းချုပ်ဖို့ ဘယ်လိုအကြံ ပေးချင်လဲ။
ထိန်းချုပ်သင့်သလောက် ထိန်းချုပ်သင့်ပါတယ်။ အရမ်းမ ထိန်းချုပ်နဲ့လို့ မပြောချင်ပါဘူး။ မိ သားစုက သူ့ပုံစံနဲ့သူပေါ့။ တစ်ခုနဲ့ တစ်ခု တူတာမဟုတ်ဘူးလေ။ အားလုံးမျှတရင်တော့ အကောင်း ဆုံးပါပဲ။ မိဘနဲ့ သားသမီး ညှိညှိ နှိုင်းနှိုင်းတိုင်တိုင်ပင်ပင် လုပ်တာ မျိုးကကောင်းပါတယ်။ 
ကလောင် - မြတ်သူအောင် - By 8 Days
ချစ်သူတွေအဖြစ် ကြေညာလိုက်တဲ့ မြတ်သူအောင်နဲ့ ခင်ရူပ
မော်ဒယ်လောကတွင် နာမည်ရလာပြီး ဆုများ စွာ ပိုင်ဆိုင် ရရှိကာ ဇာတ် ကားများ
စတင်ရိုက်ကူး လာသူ ခင်ရူပက သူမ ၏ချစ်သူမှာ အနုပညာ လောကမှ မင်းသား မြတ် သူအောင်ဖြစ်ကြောင်း ပြောကြားလိုက်ပြီး ချစ် သူသက်တမ်း ရှစ်လရှိပြီ ဖြစ်ကြောင်း ခင်ရူပက ပြောသည်။
"ညီမကတော့ မဖုံး ကွယ်ပါဘူး။ ညီမနဲ့ သူနဲ့က ချစ်သူတွေပေါ့။ ချစ်သူသက်တမ်း ရှစ်လလောက်ရှိပြီ" ဟု ခင်ရူပကပြောသည်။ သူမတို့ နှစ်ဦး သည် Valentine's Day နှင့်ပတ်သက်သောကာဗာများရိုက်ကူး ထားကြောင်း ခင်ရူပကပြောသည်။ အောင်မြင်တဲ့ အနုပညာသမားတစ်ယောက်ဖြစ်ဖို့အ တွက် ဘာတွေလိုအပ်လဲဟု မေးမြန်းရာ "အဓိကကတော့ အနု ပညာသမားအတွက် အချိန်ပေါ့။ အချိန်လေးစားတာပေါ့။ ကိုယ်ကျင့်တရားရယ်၊ အဲဒါတော့လိုအပ်မယ်ထင်တယ်။ အဲဒါ တော့ အဓိကပါပဲ။ ကိုယ့်ရဲ့ကြိုးစား မှု၊ ပကာသနတွေက ညီမအတွက် သိပ်မလိုအပ်ဘူး။ညီမဒီလိုအောင် မြင်နေမှ ဘယ်လိုမှ မစဉ်းစားဘူး။ အရည်အချင်းရှိမယ်ဆိုရင် အ ချိန်ဘယ်လောက်ပဲကြာပါလေ့စေ အောင်မြင်ဖို့ ညီမှာ ကံပါလာရင်၊ စန်းပါလာရင်အောင်မြင်ရင်အောင် မြင်မှာပါ။ ညီမကြိုးစားမှာပါ။ အရမ်းလည်း လောဘမကြီးဘူး" ဟု ခင်ရူပကပြောသည်။
ခင်ရူပ ပထမ ဆုံး ပါ ဝင် သရုပ်ဆောင်ထားသော " ချစ်ခြင်း ၏ ဒုတိယနှမတော်" ဇာတ်ကား တွင်အိန္ဒြာကျော်ဇင်၊ ဟိန်းဝေယံ နှင့်အတူ ပါဝင်သရုပ်ဆောင်ထား ပြီး မကြာမီထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။ သူမအနေဖြင့် ပရိ သတ်အတွက် အမြဲကြိုးစားနေပြီး ပရိသတ်က တကယ့်အမြင်မှန်နှင့် ဆုံးဖြတ်ပေးစေလိုကြောင်း ခင် ရူပကပြောသည်။
ကြူကြူဟန် - By 7Day News
ဇွန်လ ၂၁ ရက်နေ့ ထုတ် 7Day News
 11-15r
ဇွန်လ ၂၁ ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၁၅ PDF download ရယူနိုင်ပါပြီ။
http://www.mediafire.com/?pe6rex3de7eyd5i
ကမ္ဘာပေါ်မှာ လက်ခုတ်သံ အကြာဆုံး ဒေါ်အောင်ဆန်း စုကြည် ၏ Oxford မိန့် ခွန်း (ရုပ်/သံ)
 Oxford တက္ကသိုလ်ကြီးက ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ( ပါရဂူဘွဲ့ ) ချီးမြင့်စဉ်။ ဒေါ်အောင်ဆန်းစုကြည်ပြောသော မိန့်ခွန်း ရုပ်သံ။ ဒီဗွီဘီ
ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့် (ဓာတ်ပုံ)
ဒေါ်အောင်ဆန်းစုကြည်အားအောက်စဖို့ဒ် တက္ကသိုလ် မှ ဂုဏ်ပြုချီးမြှင့်သည့် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ (Honorary Doctor of Civil Law) ကိုလက်ခံရယူပြီးနောက် တွေ့ရစဉ်။
photo - AFP
ဇွန်(၂၀)ရက်နေ့တွင် အောက်စဖို့ဒ် တက္ကသိုလ်မှ ချီးမြှင့်သော ဂုဏ်ထူးဆောင်
ဒေါက်တာဘွဲ့ကို လက်ခံရရှိပြီးနောက်
တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်။
(Photo - AFP)
ဇွန်(၂၀)ရက်နေ့တွင် အောက်စဖို့ဒ် တက္ကသိုလ်မှ ချီးမြှင့်သော ဂုဏ်ထူးဆောင်
ဒေါက်တာဘွဲ့ကို လက်ခံရရှိပြီးနောက် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်။
အောက်စဖို့ဒ် တက္ကသိုလ်သည် လန်ဒန်၏အနောက်မြောက်ဖက်အရပ်တွင်
တည်ရှိသည်။
(Photo-AFP)
အောက်စဖို့ဒ် တက္ကသိုလ်မှ ချီးမြှင့်သော ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို
လက်ခံရယူရန် ရှယ်လ်ဒိုးနီးယန်း ခန်းမထဲသို့ဝင်လာစဉ်တွင်
ဗြိတိသျှထောက်လှမ်းရေးဝတ္ထုရေးဆရာ ဒေးဗစ် ကွန်းဝဲလ်(ခေါ်) ဂျွန် လီ
ကား(တတိယမြောက်ယာ) နှင့် ဗြိတိသျှ အမှတ်(၅) စစ်ထောက်လှမ်းရေး အကြီးအကဲ အယ်လီဇာ မန်နင်ဂမ် ဘူလာ(စတုတ္ထမြောက်ယာ)တို့နှင့် 
အတူတွေ့ရစဉ် (Photo-AFP)
အောက်စဖို့ဒ် တက္ကသိုလ်မှ ချီးမြှင့်သော ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို
လက်ခံရယူရန် ရှယ်လ်ဒိုးနီးယန်း ခန်းမထဲသို့ဝင်လာစဉ်တွင်
ဗြိတိသျှထောက်လှမ်းရေးဝတ္ထုရေးဆရာ ဒေးဗစ် ကွန်းဝဲလ်(ခေါ်) ဂျွန် လီ
ကား(တတိယမြောက်ယာ) နှင့် ဗြိတိသျှ အမှတ်(၅) စစ်ထောက်လှမ်းရေး အကြီးအကဲ အယ်လီဇာ မန်နင်ဂမ် ဘူလာ(စတုတ္ထမြောက်ယာ)တို့နှင့် 
အတူတွေ့ရစဉ် (Photo-AFP)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အောက်စဖို့ဒ်တက္ကသိုလ်မှ Honorary Doctor of Civil Law ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ချီးမြင့် (afp)
ခင်ပွန်းသည်၏ အုတ်ဂူသို့ ပထမဆုံး ဒေါ်စု ဂါရဝပြု
ဇွန်(၂၀)ရက်နေ့တွင် အောက်စဖို့ဒ် တက္ကသိုလ်မှ ချီးမြှင့်သော ဂုဏ်ထူးဆောင်
ဒေါက်တာဘွဲ့ကို လက်ခံရရှိပြီးနောက် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်။
အောက်စဖို့ဒ် တက္ကသိုလ်သည် လန်ဒန်၏အနောက်မြောက်ဖက်အရပ်တွင်
တည်ရှိသည်။
(Photo-AFP)
နယူးဒေလီ (မဇ္ဈိမ) ။       ။ ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် ခင်ပွန်းသည် ဒေါက်တာ မိုက်ကယ်အဲရစ်၏ အုတ်ဂူသို့ ပထမဆုံးအကြိမ်အဖြစ် ဗုဒ္ဓဟူးနေ့တွင် သွားရောက် ဂါရဝပြုမည်ဖြစ်သည်။
၁၉၉၃ ခုနှစ်ကတည်းက ချီးမြှင့်ခြင်းခံထားရသည့် အောက်စဖို့တက္ကသိုလ်၏ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ကိုယ်တိုင် လက်ခံရယူမည့်နေ့တွင်ပင် အောက်စ်ဖို့တွင် ဆုံဆည်း မေတ္တာမျှခဲ့သည့် ခင်ပွန်းသည်အား နောက်ဆုံးသွားရောက်
နှုတ်ဆက်ခြင်းလည်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ်အတွင် ၁၉၉၉ ခုနှစ်က ကင်ဆာရောဂါဖြင့် ဒေါက်တာအဲရစ် ကွယ်လွန်သွားခဲ့သော်လည်း ဈာပနသို့ မသွားရောက်နိုင်ခဲ့ပေ။
၁၉၉၇ ခုနှစ်က မိုက်ကယ်အဲရစ်တွင် ဆီးကျိတ်ကင်ဆာ ဝေဒနာ ခံစားနေရပြီး ဇနီးဖြစ်သူထံ လာရောက်လည်ပတ်ရန် အတွက် ဗီဇာလျှောက်ထားခဲ့သေးသည်။ ထိုသို့ မစ္စတာအဲရစ်အား ဗီဇာခွင့်ပြုရန် ဝိုင်းဝန်းတောင်းဆိုပေးခဲ့ကြသူများ ထဲတွင် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုဖီအာနန်တို့လည်း ပါဝင်ခဲ့သည်။
သို့သော် မြန်မာစစ်အာဏာပိုင်များက ဒေါက်တာအဲရစ်အား ပြည်ဝင်ခွင့်ဗီဇာ မပေးဘဲ ဒေါ်အောင်ဆန်းစုကြည်ကိုသာ ခင်ပွန်းသည်ထံ သွားရန် ခွင့်ပြုခဲ့သည်။
ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်နေစဉ် ဖြစ်သော်လည်း ထိုသို့ ထွက်ခွါသွားပါက မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် ရမည်မှာ မသေချာသောကြောင့် မသွားဖြစ်ခဲ့ပေ။
ဒေါ်အောင်ဆန်းစုကြည်အား စစ်အစိုးရမှ ၁၉၈၉ ခုနှစ်တွင် နေအိမ်အကျယ်ချုပ် စတင်ချလိုက်သည့်အချိန်မှစ၍ ငါးကြိမ်ခန့်သာ ခင်ပွန်းသည်နှင့် ဆုံတွေ့ခွင့် ရခဲ့သည်။
၁၉၇၂ ခုနှစ်က လက်ထပ်ခဲ့ကြသော ဒေါ်အောင်ဆန်းစုကြည်တို့ ဇနီးမောင်နှံမှာ တော်ဝင်မိသားစုဝင်များအား မစ္စတာအဲရစ် စာသင်ပြပေးနေသည့် ဘူတန်နိုင်ငံတွင် တနှစ်မျှ နေထိုင်ခဲ့ပြီးနောက် ဗြိတိန်နိုင်ငံ မြောက်ပိုင်းအောက်စ်ဖို့ သို့ ပြောင်းရွှေ့ အခြေချနေထိုင်ခဲ့ပြီး သားနှစ်ယောက် ထွန်းကားခဲ့သည်။
ယခုမူ နှစ်ပေါင်း ၂၄ နှစ်ကြာ စွန့်ခွါလာခဲ့သော မိသားစုနေရာဟောင်းသို့ ဒေါ်အောင်ဆန်းစုကြည် တခေါက်ပြန်လည်
ရောက်ရှိလာကာ ခင်ပွန်းသည် ထာဝရလဲလျောင်းရာ အုတ်ဂူသို့ ပထမဆုံးအကြိမ်အဖြစ် သွားရောက် ဂါရဝပြုနိုင်မည်
ဖြစ်သည်။
မဇ္ဈိမသတင်းဌာန
သျှမ်းပြည် တပ်မတော် နှစ်ခုလုံး နှင့် အစိုးရတပ် အကြား တိုက်ပွားများ ဆက်ဖြစ်နေ
SSPP ၊ RCSS သျှမ်းပြည်တပ်မတော် တို့ နှင့် မြန်မာအစိုးရတပ်အကြား ယခုတပတ်အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားကြောင်း၊ ယနေ့နေ့ခင်းပိုင်းအထိလည်း တိုက်ပွဲများဖြစ်နေသေးကြောင်း ကြားသိရပါသည်။
“၁၇ ရက်နေ့က တိုက်ပွဲဖြစ်ပြီးတော့ မနေ့နဲ့ တနေ့က အစိုးရတပ် ခလရ ၁၄၉ ၊ ၁၅၀ တပ်ရင်းတွေ အင်အား ထပ်ဖြည့် တယ်။ အခု ကျနော်တို့ ထိန်းချုပ်နယ်မြေ မိုင်းရှူးမြို့ မြောက်ဘက် တောင်ဟျိုးအုပ်စုထဲမှာဘဲ တပ်ရင်း ၄ ရင်းရှိတယ်။ ဒီမနက် ၅ နာရီကနေ နေ့လည်ခင်းအထိ တိုက်ပွဲတွေ ဖြစ်နေ တုန်း” - ဟု SSPP ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ က ပြောပါသည်။
ဂျွန် ၂၀ ရက် ၂၀၁၂ နံနက် ၀၅ : ၀၀ နာရီမှစ၍ အစိုးရတပ် ခမရ ၅၁၆၊ ၅၁၇၊ ခလရ ၁၄၉၊ ၁၅၀ ပူးပေါင်း အင် အား ၃၀၀ ခန့်က သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSPP/SSA တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း ၊ မိုင်းရှူးမြို့နယ် မိုင်းအောတ်ကျေးရွာအုပ်စု မြောက်ဘက် ဝမ့်ဟွေ့လောတ်၌တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတိုက်ပွဲမှ မြန်မာ စစ်တပ်၏ လက်နက်ကြီးကျည် ဝမ့်ခိုယောင်း ရွာအရှေ့ဘက်သို့ ကျရာ ဒေသခံရွာသူ ပါပွိ (အသက် ၄၅ နှစ်) ဒဏ်ရာရ သွားကြောင်း  SSPP ၏ စစ်မျက်နှာမှ အရာရှိတဦးကလည်း အတည်ပြုပြောပါသည်။
ထို့ အတူ သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ဟု လူသိများသည့် RCSS/SSA နှင့် ဂျွန် ၁၉ ရက် ယမန်နေ့ က မိုင်းကိုင်မြို့နယ်အတွင်းတစ်ကြိမ်၊ ဂျွန် ၁၇ ရက်နေ့က သီပေါမြို့နယ်အတွင်း တစ်ကြိမ်ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ သေးသည်ဟု ဆိုပါသည်။
RCSS တပ်သားများ
RCSS တပ်သားများ
“ ၁၇ ရက်နေ့က နောင်ချိုအခြေစိုက်ခလရ ၁၁၅ အင်အား ၄၀ ခန့်က ဝမ့်ဇင်းကျေးရွာအုပ်စု အုလုရွာနား မှာရှိတဲ့ ကျနော်တို့တပ်စခန်းကို တမင်သက်သက်လာတိုက်တာ၊ ကျနော်တို့ဘက် အသေအပျောက်တော့မရှိ ဘူး၊ အစိုးရတပ် ဘက်ကတော့မသိဘူး၊ ၁၉ ရက်နေ့ မနေ့တုန်းကတော့ ရင်ဆိုင်တိုက်ပွဲ၊ ကျနော်တို့လူ က ၅-၆ ယောက်ဘဲ၊ အစိုးရတပ် ကတော့ တုံလောဝ်ဘက်ကတပ်။ အဲဒီမှာလဲ တိုက်ပွဲတခါဖြစ်ခဲ့ရတယ်” - ဟု သျှမ်းတပ် အရာရှိတဦးက ပြောပါသည်။
သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ က - ယနေ့တိုက်ပွဲ ထိခိုက်သေကျေ စာရင်းမရ သေးသော်လည်း သျှမ်းပြည်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ ပြောပြချက်အရာ အစိုးရ တပ် ၅ ယောက် သေကြောင်း၊ သျှမ်းပြည်တပ်မတော်ရရှိသည့်သတင်းအရ အစိုးရဘက် ၁ သေ ၅ ယောက် ဒဏ်ရာရရှိကြောင်း၊ ယခုဖြစ် ပွါးခဲ့သော တိုက်ပွဲကြောင့် သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ် ကြီး ပန်ဖ က စိတ်မကောင်းကြောင်း၊ အနာဂတ်ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ အစိုးရအပေါ် သာမူတည် ကြောင်း၊ အစိုးရဘက် တပ်မဆုတ်ဘဲ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေက ဦးသိန်းဇော်ဖိတ်ကြား ထားသည့် ဂျွန် ၂၀ မှ ၃၀ ရက်နေ့ အတွင်းတွေ့ဆုံဖို့ လျာထားချက်လည်း ရက်ထပ်ရွှေ့ပြောင်းနိုင်ကြောင်း - ပြောပါသည်။
အပစ်ရပ်မှု သဘောတူပြီးနောက်ပိုင်း သျှမ်းပြည်တပ်မတော် တောင်ပိုင်း နှင့် ၂၂ ကြိမ်၊ သျှမ်းပြည်တပ်မတော် မြောက်ပိုင်း နှင့် အကြိမ် ၂၀ တိုက်ပွဲဖြစ်ပွားရာမှာ အစိုးရတပ်ဘက် စတင်ခြင်းတာဖြစ်သည်ဟု သျှမ်းတပ် နှစ်ဖွဲ့လုံးက ပြောဆိုပါသည်။
သျှမ်းသံတော်ဆင့်သတင်း
ပလက်ဝတွင် ရခိုင် ဒုက္ခသည်များ အတွက် အလှူငွေ ကောက်ခံမူ တားမြစ်ခံရ
ချင်းပြည်နယ် ပလက်ဝမြို့တွင် ရခိုင် ဒုက္ခသည်များအတွက် အလှူငွေ ကောက်ခံမူကို မြို့နယ် အုပ်ချုပ်ရေး မှူးက တားမြစ်ပိတ်ပင်ထားကြောင်း  သတင်း ရရှိသည်။
“ ဒီလ ၁၅ ရက်နေ့ လုပ်တဲ့ အစည်းအဝေးမှာ မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဘယ်လိုပြော လဲဆိုရင် ရခိုင်ပြည်နယ်နဲ့ ချင်းပြည် နယ်ဟာ သီးခြားစီဖြစ်တယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်တဲ့ဟာ ချင်းပြည်နယ်နဲ့ မသက်ဆိုင်ဘူး၊ ချင်းပြည်နယ်မှာလဲ ငွေ ကောက်စရာမလိုဘူး ဆိုပြီး ပြောသွားပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။
ဇွန်လ ၁၅ ရက်နေ့က ပလက်ဝမြို့တွင် ကျင်းပခဲ့သော အရေးပေါ်အစည်းအဝေး တွင် ပလက်ဝ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းအောင်မှ ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ဆူပူ အကြမ်းဖက်မူများကြောင့် ဒုက္ခရောက်နေသူ ထောင်ပေါင်းများစွာကို မြန်မာနိုင်ငံ တ၀န်းလုံးမှ အကူအညီများ ပေးပို့ လှူဒါန်းနေချိန်တွင် ရခိုင်ပြည်နယ်နှင့် ကပ်ရပ် တည်ရှိသော ပလက်ဝမြို့တွင် ယခုကဲ့သို့ တားမြစ်မူ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
“ ပလက်ဝမှာက ရခိုင်တိုင်းရင်းသား မျိုးနွယ်စုတွေ အများအပြားရှိနေတော့ ဟိုမှာ အခက်အခဲ ကျရောက် နေတဲ့ အချိန်မှာ အတတ်နိုင်ဆုံး အကူအညီပေးချင်တဲ့ အတွက် အလှူငွေ စုဆောင်း ကောက်ခံတာ ဖြစ်ပါတယ်။ ရခိုင်အပါအ၀င် မြို၊ ခမီး၊ ချင်းအမျိုးသားတွေကလည်း နိုင်သလောက် ထည့်ဝင်ကြပါတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးက တားမြစ်တဲ့ အတွက် အခုတော့ လျို့ဝှက်ဘဲ ကောက်ခံနေရပါတယ်” ဟု သူက ပြောကြားသည်။
ပလက်ဝမြို့မှ ပြည်သူများ အပါအ၀င် အန်ဂျီအိုများကလည်း စေတနာပေါက် ထည့်ဝင်ကြသဖြင့် ယခုအခါ အလှူငွေ ကျပ်ငွေ ၁၀ သိန်းကျော် ရရှိနေပြီဖြစ်ကြောင်း သူက ပြောသည်။
ပလက်ဝမြို့နယ်တွင် ရခိုင်ကျေးရွာ စုစုပေါင်း ၄၈ ရွာတည်ရှိပြီး  ထိုအထဲမှ  ရခိုင်လူမျိုး သီးသန့် နေထိုင် သော ကျေးရွာ ၂၈ ရွာနှင့် ရခိုင်နှင့် ခမီးလူမျိုးများ စုပေါင်းနေထိုင်သော ကျေးရွာ ၂၀ ရှိသည်။ ပလက်ဝမြို့ နယ်တွင် ရခိုင်လူဦးရေ စုစုပေါင်း ၂၇၀၀၀ ခန့်ရှိပြီး  ၎င်းအထဲတွင် မဲထည့်နိုင်သူ ၁၈ နှစ်အထက် ရခိုင်လူဦးရေ ၁၈၀၀၀ ခန့် ရှိကြောင်း  သိရသည်။
ယခုကဲ့သို့ တားမြစ်မူနှင့် ပတ်သက်ပြီး တိတိကျကျ မသိရှိရသော်လည်း  ပလက်ဝမြို့နယ်အား ရခိုင်ပြည်နယ်နှင့် တစ်စုံတစ်ရာ ဆက်နွယ် ပတ်သက်မူ ရှိမည်ကို မလိုလား၍ ဖြစ်နိုင်ကြောင်း  သူက သုံးသပ်ပြောဆိုသည်။
နိရဉ္စရာ သတင်းဌာန
ပန်ဆိုင်းရှိ အစိုးရရဲစခန်းတခုကို ကေအိုင်အေ တိုက်ခိုက်ဖျက်ဆီး
ရှမ်းပြည်မြောက်ပိုင်းအခြေစိုက် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) မှ ပန်ဆိုင်း (ကြူကုတ်)မြို့ရှိ မြန်မာအစိုးရ ရဲစခန်းတစ်ခုကို ၁၇ ရက် တနင်္ဂနွေနေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၃ သုံးဦး ကြည်ဆံထိမှန်သွားခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များ ၁၀ ဦးကျော်ရှိသည့် ၎င်းရဲစခန်းတွင် တိုက်ခိုက်ဖြိုဖျက်စဉ် ရဲသား ၃ ဦးကို ကျည်ဆံ ထိမှန်ခဲ့သော်လည်း သေဆုံးမှုကိုမူ မသိရသေးကြောင်း တပ်မဟာ (၄) အရာရှိပြောသည်။
၎င်းရဲစခန်းကို တိုက်ခိုက်ဖျက်စီးခဲ့သည့်အကြောင်းနှင့်ပက်သက်၍ တပ်မဟာ (၄) အရာရှိက “ရဲစခန်းကို ဖြိုချဖျက်စီးရတာက ရဲတွေနဲ့ မူးယစ်တွေပေါင်းပြီး ကျနော်တို့ အမျိုးသားတွေကို အမြစ်ပျက်စေတဲ့ အတွက်ဖြစ်တယ်။ ကျနော်တို့ရဲ့အမှု ပြဿနာတွေကို အရေးမလုပ်ပေးဘူး။ ပိုက်ဆံပေးရင် ပြန်လွှတ်ပေးတယ်။ တချို့တွေကိုတော့ ကချင်တွေ၊ ကချင်လူငယ်များကို ဘိန်းစားပြီးသေဆုံးစေတဲ့ အစီအစဉ်နဲ့ ဘိန်းတွေရောင်းခိုင်းတယ်” ဟု ကချင်သတင်းဌာန သို့ပြောသည်။
ယမန်နေ့ ၁၈ ရက်တွင်လည်း ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း (၃၆)သည် အင်အားတိုးချဲ့လာသော မြန်မာအစိုးရ စစ်တပ်ကား ၂ စီးကို နမ်ဝူးတွင် တိုက်ခိုက်ခဲ့က်ရာ အစိုးရစစ်သား ၁၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ ရှိကြောင်း KIA အရာရှိပြောသည်။
၎င်း မြန်မာတပ်ယာဉ်တန်းများသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ (၁၂၃)တပ် နှင့် ခလရ (၄၅) တပ်များဖြစ်ကြောင်း သိရသည်။
ယခုအချိန်မြန်မာတပ်များသည် နမ်တောင်နှင့် မုံဘော်တွင် တပ်စစ်အား၂၀၀ နီးပါးနှင့် ထိုးစစ်ဆင်နေကြောင်း ဆက်လက်သိရသည်။
၎င်းယာဉ်တန်းများနှင့်တိုက်ခိုက်စဉ်တွင် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ ၀င် ၁ ဦးကျဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိသွားခဲ့ကြောင်းသိရသည်။
နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသော်လည်း တဖက်တွင် ငြိမ်းချမ်းရေး ညှိနှိုင်းမှုများကို နှစ်ဖက်ခေါင်းဆောင်များ ပြုလုပ်နေဆဲဖြစ်သည်။
By KNG
UNHCR ရခိုင်မှာ လုပ်ငန်းပြန်စ
ရခိုင်ပြည်ဘက်မှာ ဖြစ်ခဲ့တဲ့အကြမ်းဘက် အဓိကရုဏ်းတွေကြောင့် လုပ်ငန်းတွေ ယာယီရပ်ခဲ့တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က သူတို့ရဲ့လုပ်ငန်းတွေကို အပြည့်အဝ ပြန်စဖို့ ပြင်ဆင်နေ ပါပြီ။ အခြေအနေအရ ရခိုင်အခြေစိုက် ၀န်ထမ်းတွေကို ဘေးကင်းရာ ရွှေ့ပြောင်းခဲ့တာဖြစ်ပြီးတော့ အခုတော့ အကူအညီတွေ ပြန်ပေးနိုင်ဖို့အတွက် လေ့လာမှုတွေ လုပ်နေပါပြီ။ ရခိုင်ပြည်နယ်မှာ အခြေအနေတွေ တည်ငြိမ်နေပေမဲ့ မနေ့တုန်းကဆိုရင် ရသေ့တောင်မြို့နယ်ထဲက ကျေးရွာတခုမှာ ထိခိုက်သေဆုံးတဲ့အထိ အဓိကရုဏ်းတွေ ဖြစ်ခဲ့ပါသေးတယ်။ နေရပ်စွန့်ပြီး ဘေးလွတ်ရာ နေနေကြသူတွေမှာလည်း  အနေအစား ဆင်းရဲနေကြပါတယ်။ ရခိုင်ဘက်က အခုလို အခြေအနေတွေကို ဘန်ကောက်ကနေ ဆက်သွယ်မေးမြန်းထား တဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
ရခိုင်ပြည်နယ်မှာ ရုန်းရင်းဆန်ခတ်အခြေအနေတွေ ဖြစ်ခဲ့ပြီးတဲ့နောက် UNHCR ၀န်ထမ်းတွေကို သူတို့ လုံခြုံရေးအတွက် စိုးရိမ်တာကြောင့် လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကစပြီး ရွှေ့ပြောင်းထားပြီးတော့ လုပ်ငန်းတွေ လည်း ရပ်ထားတာပါ။ ဒါ့အပြင် အဲဒီအချိန်က လူ ၅၀၀ လောက်ဟာ UNHCR ရုံးဝင်းထဲမှာ လာရောက် ခိုလှုံနေကြပြီးတော့ အဲဒီလောက်လူများများကို ဆက်ပြီး စောင့်ရှောက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက်ကြောင့် လည်း ၀န်ထမ်းတွေရဲ့လုံခြုံရေးကို အဓိကထားပြီး စီစဉ်ခဲ့ရတာဖြစ်တယ်လို့ UNHCR ရဲ့ ဘန်ကောက် အခြေစိုက် အာရှ-ပစိဖိတ်ဒေသဆိုင်ရာရုံးက ပြောခွင့်ရသူ မစ္စ ကစ်တီ မက်ကင်းဇီး (Kitty McKenzie) က ဗွီအိုအေကို ပြောပါတယ်။ သူဟာ ဒီကနေ့မှာပဲ ရန်ကုန်မြို့မှာရောက်နေတာဖြစ်ပြီး UNHCR ရဲ့ လုပ်ငန်းတွေ ပြန်စနိုင်ဖို့ စပြီး လေ့လာနေပြီလို့ ပြောပါတယ်။
“သတင်းကောင်းကတော့ ကျမတို့ရဲ့ လုပ်ဖော်ကိုင်ဘက် ငါးဦးဟာ အခု ရခိုင်ပြည်နယ်၊ စစ်တွေမြို့ဆီ ပြန် သွားကြပါပြီ။ သူတို့ဟာ အဲဒီကအခြေအနေတွေကို လေ့လာနေကြပြီးတော့ ရခိုင်ပြည်နယ်က လူထုကို ပြန်ပြီး အကူအညီပေးဖို့ ဘာတွေ လုပ်နိုင်မယ်ဆိုတာ ကြည့်ရှုနေကြပါတယ်။” လို့ ကစ်တီ မက်ကင်းဇီးက ပြောပါ တယ်။
UNHCR အနေနဲ့ ဒုက္ခရောက်နေသူတွေအတွက် အရင်ရှိထားပြီးသား အကူအညီ ပစ္စည်းတွေ ပေးခဲ့ပြီးပြီဖြစ် ပြီး ရေတိုအတွက်ရော ရေရှည်မှာပါ ဘာတွေလိုအပ်မယ်ဆိုတာကို သိဖို့ ကြိုးစားနေတယ်လို့ဆိုပါတယ်။
စစ်တွေမြို့ပေါ်က ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့အဖွဲ့တွေထဲက တခုဖြစ်တဲ့ ရက္ခအလင်းတန်းအဖွဲ့က တာဝန်ရှိသူတဦး ကတော့ အကူအညီတွေ ပေးနေကြတယ်ဆိုပေမဲ့လည်း ဒုက္ခသည်တွေမှာ လိုအပ်ချက်တွေ ရှိနေတုန်းပဲလို့ ဆိုပါတယ်။
“အဲဒီမှာ ကြာတော့ ကြာပြီပေါ့နော်။ ဒါပေမဲ့ စား၊ ဝတ်၊ နေရေးကတော့ လှူတဲ့အလှူတွေနဲ့ သူတို့နေထိုင်ရတာနဲ့ တော့ တကယ် ဆင်းရဲတာပေါ့နော်၊ မလုံလောက်ဘူးပေါ့။ နေရတာကလည်း ဘုန်းကြီးကျောင်းအောက်တွေ မှာဆိုရင် တမံသလင်းတွေပေါ်မှာ နေရတယ်။ မိုးတွေကလည်း ရွာတယ်ဆိုရင် အကုန်လုံး စိုစွတ်နေ တာပေါ့။ ဈေးဝယ်ရတာကအစ အရမ်းခက်တယ်။ ဈေးတွေ ဘာတွေလည်း အကုန်ပိတ်ထားတော့ သား၊ ငါးဈေးတွေလည်း မရှိဘူး။ ကြက်ဥရယ်၊ ပဲရယ်၊ အာလူးရယ်ပဲစားနေရတယ်။”
တဘက်မှာလည်း UNHCR ဟာ ရခိုင်ပြည်နယ်မှာ ဘက် တဘက်ထဲကိုပဲ အကူအညီပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေက ရှိထား ပါတယ်။ မစ္စမက်ကင်းဇီးကတော့ ဒါကို အခိုင်အမာငြင်းဆိုခဲ့ပါတယ်။
“လူမှုအ၀န်းအ၀ိုင်းတခုကို တခြားတခုထက် ပို မျက်နှာသာပေးပြီးတော့ ကျမတို့က ကူညီနေတယ်ဆိုတာ လုံးဝ မမှန်ပါဘူး။ ကျမတို့က လိုအပ်ချက်ရှိနေတာကို အကူအညီပေး တာပါ။ တခါတလေမှာ အဖွဲ့အစည်းတခုခု သို့မဟုတ် အစိုးရက အစုတခုထက် တခြားအစုတခုကို ပိုပြီး စောင့်ရှောက်နိုင်တာမျိုး ရှိပါတယ်။ ဒါပေမဲ့ ကျမတို့ဟာ လူတွေကို ခွဲခြားဆက်ဆံတာ လုံးဝ မလုပ်ပါဘူး။ ကျမတို့ဟာ ဒုက္ခသည်အေဂျင်စီဖြစ်ပြီး ဘေး ဒုက္ခ ရောက်သူတွေ၊ ခွဲခြားဆက်ဆံခံရသူတွေကို အကူအညီပေးတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူ့ ဘယ်သူကိုမှ ခွဲခြားဆက်ဆံဖို့ အဲဒီမှာ ကျမတို့ လုပ်ဆောင်နေတာမဟုတ်ပါဘူး။ ကျမတို့က လူမှုအ၀န်းအ၀ိုင်း အတွင်း ဟန်ချက်ညီ မျှတစေဖို့အတွက် လုပ်ဆောင်နေတာပါ။” - လို့ မစ္စကစ်တီ မက်ကင်းဇီးက ပြောခဲ့ပါ တယ်။
ရခိုင်ပြည်နယ်တွင်း မြို့နယ် အတော်များများမှာ အခြေအနေတွေ တည်ငြိမ်သလောက် ရှိနေပြီဖြစ်ပေမဲ့ ပဋိပက္ခဖြစ်နေတဲ့ ဘက် နှစ်ဘက်အကြားမှာ တဘက်နဲ့တဘက် စိုးရိမ်မှုနဲ့ သတိထားစောင့်ကြည့်နေကြ ဆဲဖြစ်ပြီး အဲဒီကနေ ပေါက်ကွဲထွက်တဲ့ ဖြစ်ရပ် တချို့လည်း ရှိနေဆဲပါ။ ဇွန်လ ၁၉ ရက်၊ အင်္ဂါနေ့တုန်းကပဲ ရသေ့တောင်မြို့နယ်၊ ဂူတောင်ကျေးရွာမှာ ရုန်းရင်းဆန်ခတ်ဖြစ်လို့ လူအသေအပျောက် ရှိခဲ့ပါသေးတယ်။
“ဂူတောင်ကျေးရွာမှာ မနေ့ကတော့ မီးရှို့ခံရသေးတယ်။ ပထမတော့ ရခိုင်ရွာအစမှာပဲ မီးရှို့တယ်။ အဲဒီအခါ ရခိုင်တွေက ဒေါသဖြစ်ပြီး ကုလားရွာထဲဝင်ပြီး ခုတ်ကြတယ်၊ ပြန်မီးရှို့တယ်။ အဲဒီမှာ အပြန်အလှန် ခုတ်ကြ တာပေါ့။ ကုလားနှစ်ဦး သေတယ်ပြောတယ်။ ရခိုင်ကတော့ တဦးသေတယ်၊ ၁၀ ဦးကပျောက်နေတယ်။ ဒီနေ့ နောက်ဆက်တွဲအချိန်ကတော့ ငြိမ်သွားပြီခင်ဗျ။ နေရာအတော်များများ တပ်က လုံခြုံရေးတပ် ထွက် သွားတာတွေ့တယ်။ သူတို့ထိန်းရင် အစကတည်းက ဒီလောက် မဆူပါဘူး။ ကျနော့်အမြင်ပြောတာလေ- လုံခြုံရေးထိန်းတာ နောက်ကျလို့ အခုလိုမျိုး ဆူဆူပူပူဖြစ်သွားတာ။”
အခင်းဖြစ်ပွားရာ ရသေ့တောင်မြို့နယ်က ဒေသခံတဦး ပြောသွားတာပါ။
ဒေသတွင်းနေထိုင်သူတွေကြားမှာ မယုံကြည်မှုတွေ၊ သံသယတွေ၊ စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေဆဲဖြစ်တာ မို့ ပြည်နယ်မြို့တော် ဖြစ်တဲ့ စစ်တွေမှာတောင်မှပဲ အခြေအနေတွေက ခုထိ ပုံမှန်မဖြစ်သေးပါဘူး။ UNHCR အနေနဲ့တော့ ကုလသမဂ္ဂရဲ့ တခြား အေဂျင်စီတွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ ဒေသတွင်း အဖွဲ့ အစည်းတွေ၊ အထူးသဖြင့်တော့ အစိုးရတာဝန်ရှိသူတွေနဲ့ အနီးကပ် ပူးပေါင်းပြီး အကူအညီပေးရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ ပြောခွင့်ရသူ ကစ်တီ မက်ကင်းဇီးက ပြောခဲ့ပါတယ်ခင်ဗျား။
 By ဗွီအိုအေ (မြန်မာဌာန)
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)
© Myanmar News Now Copyright by Thit Htoo Lwin
Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်