ရခိုင်ပြည်နယ်အရေး ဒေါ်စု စိုးရိမ်

နော်ဝေ နိုင်ငံခြားရေ၀န်ကြီး နှင့် ဒေါ်အောင်ဆန်းစုကြည်
နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ဆူပူမှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်ရကြောင်း အလေးအနက် ပြောဆိုလိုက်ပါတယ်။ နော်ဝေနိုင်ငံခြားရေးဝန်ကြီး ယူနွတ်စ် ဂါ စတော (Jonas Gahr Store) နဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောလိုက်တာပါ။ ဒါ့အပြင်လည်း တိုင်းရင်းသားဒေသတွေက ပဋိပက္ခတွေ ပြေလည်ရေးအတွက် ကြိုးပမ်းတဲ့နေရာမှာ နော်ဝေနိုင်ငံရဲ့ ထောက်ခံပံ့ပိုးမှု အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ပြောဆိုခဲ့ပါတယ်။ ဒီလို ပြောခဲ့တာတွေနဲ့ပတ်သက်လို့ နော်ဝေမှာရောက်နေတဲ့ ဗွီအိုအေ အယ်ဒီတာ ဒေါ်ခင်စိုးဝင်းက နိုင်ငံခြားရေးဝန်ကြီးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာ မေးမြန်းခွင့်ရလိုက်ပါတယ်။

နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ဥရောပခရီးစဉ် ၅ ရက်မြောက်နေ့ ဒီကနေ့ တနင်္ဂနွေနေ့မှာ နော်ဝေနိုင်ငံခြားရေးဝန်ကြီး ယူနွတ်စ် ဂါ စတော တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေးဝန်ကြီးဌာန အ၀င်ဝအရောက် ကားပေါ်က ဆင်းဆင်းလာချင်းဆိုသလိုပဲ ကျမ နှုတ်ဆက်ခွင့် ရခဲ့ပြီး အစည်းအဝေးပြီးတော့ ကားပေါ်ပြန်မတက်ခင်မှာလည်း မေးခွန်းတခု အခုလို မေးနိုင်ခဲ့ပါတယ်။

မမ နေကောင်းပါလား မမ။

“ကောင်းပါတယ်။”

မမ ဒီနေ့ ဘာတွေများ ထွေထွေထူးထူး ပြောဖြစ်ပါလဲ မမ။

“ကျမတို့ မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့ကိစ္စတွေပါ။”

လတ်တလော ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် ဆူပူမှုတွေနဲ့ပတ်သက်လို့ ဆွေးနွေးဖြစ်တဲ့အကြောင်းကို ၀န်ကြီး စတော က ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“အခုဖြစ်ပွားနေတဲ့ အကြမ်းဖက် ဆူပူမှုတွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က စိုးရိမ်မကင်း ဖြစ်ရကြောင်း အလေးအနက် ပြောဆိုပါတယ်တဲ့။ သူကလည်း အလားတူ စိုးရိမ်တဲ့အကြောင်း၊ ဒါကြောင့် ဘာတွေ လုပ်ပေးနိုင်မလဲ ဆိုတာတွေကို ပြေပြေလည်လည် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ နောက် တိုင်းရင်းသား ဒေသတွေက အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်တွေ ဆက်ပြီး လုပ်ဆောင်ရမယ့်အကြောင်း၊ ပြည်ပကနေ ဒီလုပ်ငန်းစဉ်တွေကို ပံ့ပိုးပေးတာ၊ ဖိအားပေးတာလောက်ပဲ လုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်တဲ့။ တကယ်တမ်း လက်တွေ့ အလေးအနက်ထားပြီး အကောင်အထည်ဖော်ရမှာက မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အတွေအကြား နှစ်ဘက်စလုံးက တာဝန်ယူရမှာ ဖြစ်တယ်လို့ ထောက်ပြ ဆွေးနွေးခဲ့တဲ့အကြောင်း၊” ပြောဆိုသွားပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံနဲ့ နော်ဝေလို ဥရောပခရီးစဉ်တွေမှာ နိုင်ငံအကြီးအကဲတယောက်လို သဘောထားပြီး ကြိုဆိုနှုတ်ဆက်ကြတာတွေနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ ဆက်ဆံရေး ကသိကအောက် ဖြစ်နိုင်မလား ဆိုတာနဲ့ ပတ်သက်လို့ ၀န်ကြီး စတော့ က အခုလို ဖြေပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို နိုဘဲ ဆုရှင်တယောက်အနေနဲ့ နော်ဝေနိုင်ငံက လက်ခံကြိုဆိုနေတာ ဖြစ်ပါတယ်၊ သူဟာ လွန်ခဲ့တဲ့ ၂၁ နှစ်လောက်ကတည်းက ဒီလိုပဲ လက်ခံကြိုဆိုသင့်ခဲ့တာပါ။” - လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ဒီလိုမျိုး နိုဘဲလဆုရှင်တယောက် ပေါ်ထွန်းလာတာကို ဂုဏ်ယူရမှာပါတဲ့။ မြန်မာပြည်သူလူထု အတွက်လည်း ဂုဏ်ယူလို့ကောင်းတဲ့ အမှာစကား ပါးလိုက်တာဖြစ်တယ်လို့ ၀န်ကြီး စတော့ က ပြောဆိုသွားတာပါ။

တချိန်တည်းမှာပဲ နော်ဝေနိုင်ငံခြားရေးဝန်ကြီးက ကျမတို့နဲ့ တွေ့ဆုံ မေးမြန်းပြီးပြီးချင်း ဆိုသလိုပဲ မြန်မာအစိုးရ ကိုယ်စားလှယ် အဖွဲ့တဖွဲ့လည်း နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာနကို ဆိုက်ရောက်လာပါတယ်။ အဲဒီအဖွဲ့ကို ဦးဆောင်လာတဲ့ မြန်မာအစိုးရ ပြည်ထောင်စု စက်မှု (၂) ၀န်ကြီး ဦးစိုးသိန်းကလည်း နော်ဝေ၊ အော်စလို ဖိုရမ် နှီးနှောဖလှယ်ပွဲမှာ မြန်မာ့ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဆွေးနွေးဖြစ်ကြတယ်လို့ ဗွီအိုအေကို ပြောပြပါတယ်။ ထိုင်းနဲ့ ဥရောပနိုင်ငံတွေက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခေါင်းဆောင် အဆင့်အတန်းထားပြီး ကြိုဆို နှုတ်ဆက်ကြတာတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရရဲ့ သဘောထားကို ၀န်ကြီး ဦးစိုးသိန်းက အခုလို ပြောပါတယ်။

“အားလုံး တိုင်းပြည်အတွက် လုပ်ကြတာပဲလေ။ အားလုံး တိုင်းပြည်အတွက် ကိုယ့်လမ်းနဲ့ကိုယ် move လုပ်တာပဲ။ အားလုံး မေတ္တာပွားရမှာပေါ့။ ဒါ ကောင်းတဲ့အလုပ်ပဲလေ။ မဟုတ်ဘူးလား။ ဒီလိုပဲ နိုင်ငံတကာမှာ ကျနော်တို့ နိုင်ငံကို သိကြ၊ အလေးထားကြ၊ ကူညီကြ၊ ပံ့ပိုးကြ၊ အကြံပြုကြ၊ ဒီလိုပဲ သွားရမှာပေါ့။ ဒါက ရှေ့သွားရမယ့်အလုပ်တွေပဲ။”

ဒီနေ့ တနင်္ဂနွေနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အော်စလိုမြို့ကနေ ဘာဂန်မြို့ကို ခရီးထွက်ခွာမှာ ဖြစ်ပါတယ်။ ဘာဂန်မြို့မှာ သူ့ကို ပထမဆုံး ဆုပေးခဲ့တဲ့ ရက်ဖ်တို ဖောင်ဒေးရှင်းကဆုကို လက်ခံရယူမှာ ဖြစ်ပါတယ်။ အဲဒီနောက် ဘာဂန်မြို့မှာရှိတဲ့ မြန်မာ မိသားစုအသိုင်းအ၀ိုင်းကို နှုတ်ဆက်တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း နော်ဝေနိုင်ငံကနေ သတင်းပေးပို့ခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် ဇွန်လ ၁၈ ရက်နေ့ မနက်ပိုင်းမှာတော့ နော်ဝေလွှတ်တော်ကိုသွားပြီး လွှတ်တော် ဥက္ကဋ္ဌနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ မနက်ပိုင်းမှာပဲ မြန်မာအစိုးရ စက်မှုဝန်ကြီး ဦးစိုးသိန်းလည်း တက်ရောက်မှာဖြစ်တဲ့ အော်စလို ဖိုရမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်ပြီး နေ့လယ်ပိုင်းမှာတော့ အိုင်ယာလန်နိုင်ငံ ဒက်ဘလင်မြို့ကို ခရီးဆက်မှာ ဖြစ်ပါတယ်။


By ဒေါ်ခင်စိုးဝင်း - VOA

ရခိုင်ပြည်နယ်အခြေအနေ စိတ်မချရသေး

အကြမ်းဖက် အဓိကရုဏ်းတွေ သီတင်းပတ်နဲ့ချီ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မှာ အခြေအနေတွေ တည်ငြိမ်လာပြီဆိုပေမဲ့ အစိုးရက ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ရုပ်သိမ်းနိုင်လောက်တဲ့အထိတော့ စိတ်မချရသေးဘူးလို့ ဒေသဆိုင်ရာ တာဝန်ရှိသူတဦးက ပြောဆိုပါတယ်။ ဒီရက်ပိုင်းအတွင်း စစ်တွေမြို့ကို ဒုက္ခသည်တွေ ထပ်မံရောက်ရှိလာသလို - အကူအညီတွေဟာလည်း မလုံလောက်ဘူးလို့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်သူတွေက ပြောပါတယ်။ ဒါ့အပြင် ဒုက္ခသည်တွေဟာ နေရေး၊ ထိုင်ရေးအခက်အခဲကြောင့် ၀မ်းလျှောရောဂါ ဖြစ်တာတွေလည်း ရှိလာနေတယ်လို့ ဆိုပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ အစိုးရကနေ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာ အခုဆိုရင် ၈ ရက် ရှိသွားပြီဖြစ်ပါတယ်။ ဒီလို ညမထွက်ရအမိန့် ထုတ်ပြန်ပြီးနောက်ပိုင်းမှာ ဆူပူအကြမ်းဖက်မှုတွေဟာ အတော်လေး တည်ငြိမ်မှု ရှိလာပြီဖြစ်ပေမဲ့ အခြေအနေက စိတ်မချရသေးတာမို့ အစိုးရက ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ရုပ်သိမ်းနိုင်လောက်တဲ့အဆင့်တော့ မဟုတ်သေးဘူးလို့ စစ်တွေ ထိန်းသိမ်းကွပ်ကဲရေးအဖွဲ့ ပြန်ကြားရေးအဖွဲ့ဝင် ဦးဝင်းမြိုင် က ဗွီအိုအေ ကို အခုလို ပြောပြပါတယ်။

“အဲဒါကတော့ လုံခြုံရေးဝန်ကြီးနဲ့ ဒီကနေအခြေအနေတွေ ညှိပြီးလုပ်ကြရင်တော့ ချက်ချင်းကြီး ရုပ်တာထက်စာရင် တစတစပေါ့။ ဖြည်းဖြည်းချင်း ရုပ်တာက ပိုကောင်းမယ်လို့တော့ ကျနော်တို့ ထင်တယ်လေ။ ဘာလို့လဲ ဆိုတော့ ရုတ်တရက်ကြီး ရုပ်လိုက်ပြန်တော့လည်း ဆူပူလိုတဲ့သူတွေက တခါတည်း ၀င်လာမှာစိုးလို့။ ဟိုးအရင်တုန်းကလည်း အဲဒီလိုပေါ့။ ပထမတုန်းကတော့ ည ၆ နာရီ၊ နောက် ၆ နာရီကနေ ၁၀ နာရီ။ ၁၀ နာရီကနေ ၁၂ နာရီ။ နောက်ပိုင်းကျတော့ ရုပ်သွားတယ်လို့ သိရပါတယ်။”

ဒါ့အပြင် အခုအချိန်မှာ မြန်မာနိုင်ငံမှာ ကျောင်းပြန်ဖွင့်နေတဲ့ရာသီ ဖြစ်ပေမဲ့ စစ်တွေမြို့ပေါ်မှာတော့ အဓိကရုဏ်း အကြမ်းဖက်မှုတွေ ဆိုးလာပြီး နောက်ပိုင်းကတည်းက စာသင်ကျောင်းတွေကို ပိတ်ထားရတာဟာ အခုဆိုရင် သီတင်းတပတ် ကျော်သွားပါပြီ။ တချို့နေရာတွေမှာ အခြေအနေတွေ စိတ်မချရသေးတဲ့အတွက် လာမယ့်တပတ်ထဲအထိတော့ စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ မရှိသေးဘူးလို့ ဦးဝင်းမြိုင် က ပြောပါတယ်။ တခါ စစ်တွေမြို့မှာရှိတဲ့ RNDP ရခိုင်အမျိုးသားတိုးတက်ရေးပါတီရဲ့ ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြတ်ကျော် ကလည်း - စာသင်ကျောင်းတွေ ပိတ်ထားရတဲ့အခြေအနေနဲ့ပတ်သက်ပြီး အခုလို ပြောပြပါတယ်။

“ကျောင်းတွေကတော့ လွန်ခဲ့တဲ့ တပတ်ကျော်လောက်ကနေ အကုန်လုံး ပိတ်ထားကြတာပါပဲ။ မိဘတွေကလည်း ကလေးတွေကို အပြင်ကို မလွှတ်ရဲဘူးပေါ့။ အဲဒီလိုမျိုး ရှိနေတယ်ဆိုတော့ ဆရာမတွေလည်း ကျောင်းမသွားရဲဘူး၊ မလာရဲဘူး။ မြို့ပေါ်မှာ အဲဒီလို အခြေအနေမျိုး ရှိနေတယ်။ မနက်ဖြန်လည်း အဲဒီလိုမျိုး ပြန်ဖွင့်နိုင်တဲ့ အတိုင်းအတာ ရှိမှာမဟုတ်ပါဘူး။ ဖွင့်ရင်လည်း ကျောင်းသားတွေက လာရဲမှာမဟုတ်ဘူး။ တော်တော်များများ ကလေးတွေက ဒုက္ခသည်စခန်းမှာ ရောက်နေတော့ ကျောင်းဘက်ကို လှည့်နိုင်မယ်မထင်ပါဘူး။”

တခါ စစ်တွေမြို့ပေါ်မှာ အခုဆိုရင် ဒုက္ခသည်စခန်းတွေဟာ အရင်က ရှိနေတာထက်ကို ထပ်တိုးလာပြီး အသစ်ထပ်ရောက်လာကြတဲ့ ဒုက္ခသည်တွေလည်းရှိသလို ပြန်သွားကြသူတချို့လည်း ရှိတယ်လို့ ဦးအောင်မြတ်ကျော်က ပြောပါတယ်။ ဒါပေမဲ့လည်း ပြန်သွားတဲ့ အရေအတွက်ထက် အသစ်ရောက်လာကြတဲ့ ဒုက္ခသည်အရေအတွက် ပိုများနေတာကြောင့် နေရာထိုင်ခင်း မလုံလောက်တဲ့ပြဿနာ၊ အမိုးအကာတဲ မရှိတာနဲ့ အိမ်သာ အလုံအလောက် မရှိတာတွေကြောင့် အညစ်အကြေးတွေကို ကြုံသလို စွန့်ပစ်နေကြတဲ့အတွက် အခုဆိုရင် ၀မ်းလျှောရောဂါ ဖြစ်တဲ့သူတွေ ရှိလာနေတယ်လို့ ဦးအောင်မြတ်ကျော် က ဆက်ပြောပြပါတယ်။

“ကျန်းမာရေး အခြေအနေကတော့ ကျနော်တို့ ဘယ်လိုပြောမလဲ၊ မိုးတွေကလည်းရွာ၊ အခန်းတခုမှာဆိုရင် လူက ၅၀၀ နဲ့ ၁,၀၀၀ ကြားမှာ ရှိတော့ အဲဒီ ၅၀၀၊ ၁,၀၀၀ ရဲ့ အလေးအပေါ့တွေကို နေရာစုံမှာ စွန့်ပစ်ကြတယ်။ အဲဒီအချိန်မှာ မိုးက တအားရွာလိုက်တော့ မိုးရေတွေရော မစင်တွေရော အကုန်လုံး အဲဒါတွေက ၀မ်းရောဂါတွေနဲ့ ကလေးတွေအနေနဲ့ ဆိုရင် မိုးအရမ်းရွာတော့ နမိုးနီးယား တို့၊ အအေးမိ၊ ချောင်းဆိုး အဲဒါတွေ တော်တော်ကို ဖြစ်နေတဲ့သဘောမျိုး ရှိပါတယ်။”

ဒီဒုက္ခသည်တွေအတွက် RNDP က တတ်နိုင်တဲ့အတိုင်းအတာနဲ့ ဆေးခန်း ၂ ခု ဖွင့်လှစ်ထားပေးသလို နယ်မြေ အာဏာပိုင်တွေကလည်း ရပ်ရွာသန့်ရှင်းရေးနဲ့ ဒုက္ခသည်တွေအတွက် နေရာထိုင်ခင်း တဲတချို့ ဆောက်လုပ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အပြင်က အကူအညီတွေ မလာတဲ့ အတွက် ဒီဒုက္ခသည်တွေကို ကူညီဖို့ ဒုက္ခအများကြီးဖြစ်ရတယ်လို့ RNDP ကရော နယ်မြေဒေသခံတာဝန်ရှိသူတွေကပါ ပြောဆိုပါတယ်။ လောလောဆယ် ဒီဒုက္ခသည်တွေကို ကူညီပေးနေတာ WFP ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့တခုပဲ ရှိတယ်လို့လည်း စစ်တွေ ထိန်းသိမ်းကွပ်ကဲရေးအဖွဲ့ ပြန်ကြားရေးအဖွဲ့ဝင် ဦးဝင်းမြိုင် က ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်တွင်း မြို့နယ်အသီးသီးမှာ ဒုက္ခသည်တွေအတွက် ယာယီစခန်း ၃၇ ခု ဖွင့်ထားပြီး စုစုပေါင်း ဒုက္ခသည်ဦးရေ ၃ သောင်းကျော် ရှိသွားပြီလို့ ပြည်နယ်အစိုးရကရော UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကရော ပြောဆိုထားတာပါ။

ရခိုင်ပြည်နယ် နယ်စပ်ဒေသနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းရဲ့ အဆိုအရ ဇွန်လ ၈ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ရခိုင်ပြည်နယ် တ၀ှမ်း သေဆုံးသူ ၂၉ ဦး၊ ဒဏ်ရာရသူ ၃၈ ဦး ရှိပြီး မီးလောင်ဖျက်ဆီးခံခဲ့ရတဲ့ နေအိမ်ပေါင်း ၂,၅၂၈ လုံး၊ ဗလီဝတ်ကျောင်း ၇ လုံး၊ ဘုန်းကြီးကျောင်း ၉ ကျောင်း၊ စာသင်ကျောင်းတကျောင်းတို့ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် တရားရေးဝန်ကြီး ဦးလှသိန်းကလည်း ပြန်လည်ထူထောင်ရေးအတွက် ဘယ်လို စီမံဆောင်ရွက်မယ်ဆိုတာ အခုအချိန်မှာ ပြောဖို့ရာ သိပ်စောနေသေးပြီး ခန့်မှန်းထားတာထက်ကို ဆုံးရှုံးမှု ပမာဏက သိပ်များနေတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် လုံခြုံရေးအခြေအနေ ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်ဖို့ကိုလည်း စစ်တပ်နဲ့ ရဲလုံခြုံရေးကလည်း လုံလုံလောက်လောက် မရှိသေးဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဇွန်လ ၁၈ ရက် တနင်္လာနေ့ကျရင်တော့ ကျောက်ဖြူမြို့တရားရုံးမှာ ရမ်းဗြဲမြို့နယ်၊ သပြေချောင်းကျေးရွာသူ မသီတာထွေး အသတ်ခံခဲ့ရတဲ့အမှုနဲ့ပတ်သက်ပြီး စွပ်စွဲခံရသူတွေကို စီရင်ချက် ချမှတ်မှာလည်း ဖြစ်ပါတယ်။

By မနန္ဒာချမ်း - ဗွီအိုအေ မြန်မာပိုင်း

မောင်တောတွင် နောက်ထပ် အန်ဂျီအို ၀န်ထမ်း တစ်ဦးကို ဖမ်းဆီး ထိန်းသိမ်း

မောင်တောတွင် UNHCR တွင် တာဝန် ထမ်းဆောင်နေသူ တစ်ဦးကို အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း သတင်း  ရရှိသည်။

ဖမ်းဆီးခံရသူမှာ မချိုလေးမာ ဆိုသူ  အမျိုးသမီး ဖြစ်ပြီး မောင်တော အမှတ် (၃) သုံးမိုင်ဂိတ်တွင် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ရဲထောက်လှမ်းရေး သတင်းရပ်ကွက်ကို ကိုးကားပြီး ဒေသခံ တစ်ဦးက ပြောသည်။

သူမအား ဖမ်းဆီးခြင်းမှာ  မောင်တောတွင် ပေါ်ပေါက်ခဲ့သော ဆူပူ အကြမ်းဖက်မူများနှင့် ပတ်သက်၍ ဖြစ်နိုင်ကြောင်း သူက ဆိုသည်။

သူမအား အာလီဆိုသူနှင့် အတူ ဇွန်လ ၁၄ ရက်နေ့က မောင်တောရဲအဖွဲ့မှ ဖမ်းဆီးပြီး (၂) ရက်တိုင် ရဲစခန်းတွင် စစ်ဆေးမေးမြန်းကာ ယခုအခါ နစက ကျီးကန်းပြင် ဌာနချုပ်သို့ လွဲပြောင်း လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

မောင်တောမြို့ရှိ  နိုင်ငံခြား အန်ဂျီအိုများတွင်  ၀င်ရောက်လုပ်ကိုင်နေသူ တချို့ထံမှ နိုင်ငံတော်အား ဆန့်ကျင်ရန် ကြံစည်သော စာရွက် စာတန်းများကို ဖမ်းဆီးရမိခဲ့သည်ဆိုသော သတင်းများလည်း ဒေသအတွင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။  သို့သော်လည်း  အဆိုပါ သတင်းများကို တာဝန်ရှိသူများက တစုံတရာ ထုတ်ဖေါ် ပြောကြားခြင်း  မရှိသဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပါ။

မြန်မာ အစိုးရ အာဏာပိုင်များသည် ဒေါက်တာ ထွန်းအောင်အားလည်း ယခုအချိန်ထိ ဖမ်းဆီး ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းမူများ ပြုလုပ်နေကြောင်း သိရသည်။

မောင်တောတွင် ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူနှင့် ပတ်သက်ပြီး မြန်မာ အာဏာပိုင်များ အနေဖြင့် အသေးစိတ် စုံစမ်း  စစ်ဆေးမူများ ပြုလုပ်နေပြီး နောက်ကွယ်က ဆက်စပ် အကြောင်းအရာများကို ဖေါ်ထုတ်နေကြောင်း စုံစမ်း သိရှိရသည်။

နေရဉ္ဖရာ

ဒေါ်အောင်ဆန်းစုကြည် ကို ဘီဘီစီ မေးမြန်းခန်း

နော်ဝေးနိုင်ငံ အော့စလိုမြို့ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ဘီဘီစီ သတင်းထောက် Fergal Keane က ဗြိတိန်နိုင်ငံ ကို မကြာခင် ရောက်လာတော့ မှာ ဖြစ်တဲ့ အတွက် တချိန်က နေခဲ့ဖူးတဲ့ ကိုယ့်ဘဝ တစိတ်တပိုင်း ပတ်သက်ရာ ဝန်းကျင် ကို ဘယ်လို ပုံဖေါ် ထားပါသလည်း လို့ မေးကြည့် ရာမှာ ဒေါ်အောင်ဆန်းစုကြည် က မိတ်ဆွေဟောင်း တွေ နဲ့ ပြန်ဆုံရမှာ မို့ ဝမ်းသာကြည်နူး ကြောင်း ပြောပါတယ်။

နေအိမ်မှာ အကျယ်ချုပ် ခံရစဉ် ကာလတွင်း ကို ပြန်ပြောင်း တွေးမိရင် နောင်တရ မိပါသလား လို့ မေးရာမှာတော့ ဒီမိုကရေစီ ရုန်းကန်လှုပ်ရှားမှု အတွက် ပေးဆပ်ရမယ့် ပမာဏ ကြီးမားပုံ ကို အစကတည်း က သူ အပါအဝင် ပါတီ အဖွဲ့ဝင်တွေ ပါ သိထားကြောင်း၊ ဒါကြောင့် နောင်တမရတဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဖြေပါတယ်။

ဗြိတိသျှ စီးပွားရေး ကုမ္ပဏီ တွေ ရင်းနှီးမြှုပ်နှံ ဖို့ မြန်မာနိုင်ငံ ရောက်လာရင်လည်း သူတို့ အနေနဲ့ ဒီမိုကရေစီ နဲ့ နှီးနွယ်တဲ့ ဖွံ့ဖြိုးတိုးတက်မှု ပါ ယူဆောင်လာရင်း၊ စီးပွားရေး လုပ်ငန်းရှင် အသစ်တွေ ကို ဉီးစားပေးစေ လိုကြောင်း ပြောပါတယ်။

နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့ ကပင် မြန်မာနိုင်ငံမှာ ပွင့်လင်းမြင်သာတဲ့၊ စီးပွားရေး ဖွံ့ဖြိုးမှု အပေါ် အပြန်အလှန် ထိန်းသိမ်းနိုင်ရေး၊ လူ့ကျင့်ဝတ် နဲ့ အကျုံးဝင်တဲ့ စီးပွားကုန်သွယ် စနစ် ကို ဉီးစားပေးကြ စေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြပါတယ်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အကြောင်း ဆွေးနွေးရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော် ထဲမှာပင် ပြုပြင်ပြောင်းလဲ စရာတွေ ရှိနေတဲ့ အတွက် အများ စိတ်ဝင်စားတဲ့ ဒီရွေးကောက်ပွဲ ထက် အခု အချိန်က ပိုပြီး အရေးကြီးတဲ့ အကြောင်း ပြောပြ သွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်

ဇွန် ၁၄ : ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ ILO ညီလာခံ မိန့်ခွန်း။

ဇွန် ၁၅ : ဆွစ်ပါလီမန်ကို သွားရောက်။ နော်ဝေကို ဆက်လက်ထွက်ခွာ။

ဇွန် ၁၆- ၁၈: နော်ဝေမှာ နိုဘဲလ်ဆု မိန့်ခွန်းပြော။

ဇွန် ၁၇: Rafto လူ့အခွင့်အရေးအဖွဲ့နဲ့ နော်ဝေနိုင်ငံ ဘာဂင်မြို့မှာ တွေ့ဆုံမယ်။

ဇွန် ၁၈ :အိုင်ယာလန် မှာ ဂုဏ်ပြုပွဲတက်ရောက်မယ်။

ဇွန် ၁၈-၂၅: အောက်စ်ဖို့ဒ်တက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင် ဒေါက်တာ ဘွဲ့ကို လက်ခံယူမယ်။ ဗြိတိသျှပါလီမန် ၂ ရပ်လုံးမှာ မိန့်ခွန်းပြောမယ်။

ဇွန် ၂၂ : လန်ဒန်မှာ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံမယ်။

ဇွန် ၂၅ : ပြင်သစ်ကို ထွက်ခွာမယ်။

ဘီဘီစီ (မြန်မာပိုင်း)

ILO ညီလာခံတွင် ပြောကြားသော ဒေါ်အောင်ဆန်း စုကြည် မိန့်ခွန်း

ဓါတ်ပုံ - Facebook
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဆွတ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ကျင်းပနေသော ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် ညီလာခံသို့ ဇွန်လ ၁၄ ရက်နေ့က တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။

မိန့်ခွန်းတွင် မြန်မာနိုင်ငံ၏ လူငယ် အလုပ်လက်မဲ့ဦးရေ များပြားနေမှုပြဿနာ၊ ရွှေ့ပြောင်း အလုပ်သမားများ အရေး၊ အလုပ်သမားအဖွဲ့ ဥပဒေ၊ မြန်မာပြည်သူများအတွက် အကျိုးပြန်လှန်ပြုစေမည့် ရင်းနှီးမြှုပ်နှံမှု စသည့် အရေးကိစ္စများကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုသွားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း အပြည့်အစုံကို မဇ္ဈိမ က မြန်မာဘာသာသို့ ပြန်ဆိုဖော်ပြလိုက်သည်။

-----

ဒီမနက်မှာ ကျမ လက်ခံရရှိလိုက်တဲ့ ကြိုဆိုမှုကြောင့် ကျမဟာ ကြိုတင်ပြင်ဆင်ထားတဲ့ စာသားတွေကနေ အနည်းငယ် သွေဖည်ကွန့်မြူးပြီး ပြောမှာမို့ စကားပြန်တွေကို ကျမ တောင်းပန်ပါတယ်။ ကွန်ဖရန့်ရဲ့ ဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ်၊ ကိုယ်စားလှယ်များနှင့်တကွ တက်ရောက်လာကြသော ဂုဏ်ကျက်သရေရှိ အမျိုးသမီးများနှင့် အမျိုးသားများရှင့်…

ကျမအနေနဲ့ ပြင်ဆင်ထားတဲ့ မိန့်ခွန်း မစတင်ခင်မှာ ပြောကြားချင်တာကတော့ လုံးဝ မျှော်လင့်မထားခဲ့တဲ့ အလွန်နွေးထွေးစွာ ကြိုဆိုမှုတွေကြောင့် လူကြီးမင်းတို့ အားလုံးကို အထူး ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ အဲဒါဟာ ကျမကို စိတ်လှုပ်ရှားစေပြီးတော့ ကျမတို့အနေနဲ့ အနာဂတ်မှာ အတူတကွ ပူးပေါင်း လုပ်ကိုင်ပြီး ကျမတို့အားလုံး တဦးနဲ့ တဦး ပိုမိုနီးကပ်စွာ ဆောင်ရွက်လုပ်ကိုင်နိုင်မယ့် ကမ္ဘာတခုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

ကျမအနေနဲ့ မစ္စတာ စမားဗီးယား နဲ့ စကားပြောခဲ့ပြီး သူက သူ့နာမည်ကို ဘယ်လို အသံထွက်ရတယ်ဆိုတာ ပြောပြပါတယ်။ ကျမက မစ္စတာ စမားဗီးယားကို ကျမအနေနဲ့ တောင်အမေရိက က လူတွေကို တွေ့တဲ့အခါမှာ ကိုယ့်မိသားစုဝင်တွေကို တွေ့ရတော့မလို ခံစားရပါတယ်လို့ ပြောပြဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့ တိုင်းပြည်တွေဟာ တူညီတဲ့ အတွေ့အကြုံတွေကို ဖြတ်သန်းခဲ့ရလို့ပါ။ တောင်အမေရိက တိုက်က တိုင်းပြည်တွေ အပြင် တခြားတိုင်းပြည် တော်တော်များများဟာလည်း ဒီလိုပဲ ဖြစ်လိမ့်မယ်လို့ ကျမထင်ပါတယ်။ ဒါကြောင့် ဒီကို လာရတာဟာ မတွေ့ရတာ တအားကြာပြီဖြစ်တဲ့ မိသားစုဝင်တွေကို လာတွေ့ရသလိုမျိုး ခံစားရပြီးတော့ ဒီတွေ့ဆုံမှုဟာလည်း ဘယ်နည်းနဲ့မှ နောက်ဆုံးအကြိမ်  မဖြစ်နိုင်ဘူးလို့ ကျမ မျှော်လင့်ထားပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမား ကွန်ဖရင့်ဟာ အားလုံးပါဝင်ခြင်းကို ဖော်ဆောင်နိုင်တဲ့ ရှေ့ပြေးနဲ့ ဥပမာတခု ဖြစ်ပါတယ်။ အလုပ်သမားနဲ့ အလုပ်ရှင် ကိုယ်စားလှယ်တွေ သာမက အစိုးရတွေပါ ပူးပေါင်းပါဝင်ပြီး ရှုပ်ထွေးလှတဲ့ ပြဿနာတွေအတွက် ထိရောက်တဲ့ အဖြေတွေကို အတူတကွ ရှာဖွေဖို့ ဖြစ်တဲ့အတွက် အဲဒါဟာ ပါဝင်ပတ်သတ်သူ အချင်းချင်းကြားမှာ အဓိပ္ပါယ်ပြည့်ဝစွာ ဖလှယ်ကြခြင်းကို သရုပ်ဖော်နိုင်ပါတယ်။

ဒါပေမယ့် ဒီနေရာကို ကျမလာတာဟာ အလုပ်သမားတွေ၊ အလုပ်ရှင်တွေ အားလုံး၊ အစိုးရတွေ အားလုံးရဲ့ ကိုယ်စားလှယ်အဖြစ် လာတာ မဟုတ်ပါဘူး။ လူကြီးမင်းတို့ အနေနဲ့ ကျမကို “Fourth Element” အဖြစ် လာရောက်တယ်လို့ မှတ်ယူနိုင်ပါတယ်။ ကျမဟာ အလုပ်သမား အရေးတွေရဲ့ ရိုက်ခတ်မှု အကျိုးဆက်ကို ခံရနိုင်တဲ့ မရေမတွက် နိုင်သော သူတွေထဲက တယောက်ဖြစ်ပါတယ်။ ကျမဟာ နိုင်ငံရေး သမားတယောက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျမဟာ “Fifth Element” အနေနဲ့ တက်ရောက်လာတယ်လို့လည်း ဆိုချင်ပါတယ်။ သာမန်ပြည်သူ လူထုရဲ့ အကျိုးစီးပွါးတွေကို ကိုယ်စားပြုတဲ့ “element” ပါ။ ကျမအနေနဲ့ ကျမအတွက် တရားဝင် မှန်ကန်တဲ့ သတ်မှတ်မှု ဖြစ်တဲ့ မကြာသေးခင်က ရွေးကောက် တင်မြှောက်ခြင်း ခံထားရတဲ့  လွှတ်တော်ကိုယ်စားလှယ် တယောက်လို့ ကိုယ့်ကိုယ်ကို ရည်ညွှန်းရမှာကိုတော့ ကိုယ့်ဘာသာ စိတ်မသက်မသာ အနည်းငယ် ဖြစ်တာ သတိထားနေမိပါတယ်။

ကျမနဲ့ ILO ရဲ့ ဆက်နွယ်မှုကို ပြောပြရမယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကို ပြန်ကြည့်လိုက်ရင် နိုင်ငံရေး သမားတယောက်ရဲ့ တာဝန် ပိုပြီးတိတိကျကျ ပြောရရင် ကျမရဲ့ နိုင်ငံရေး ပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆောင်ရွက်မှုတွေအပေါ်မှာ အခြေခံနေပါတယ်။ အဓမ္မလုပ်အားပေး ခိုင်းစေမှုတွေ၊ ကလေးစစ်သား ကိစ္စတွေနဲ့ ပတ်သတ်ပြီး ကျမတို့ ILO အပါအဝင် တခြား စိတ်ဝင်စားတဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေနဲ့ တတ်နိုင်သလောက် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။

Committee on the Application of Standards ရဲ့ အစီရင်ခံစာအနေနဲ့ အရင် နောက်ဆုံးအကြိမ် သုံးသပ်ခဲ့စဉ်ကနေ စပြီး အဲဒီကဏ္ဍနဲ့ ပတ်သတ်ပြီး ရရှိခဲ့တဲ့ တိုးတက်မှုတွေကို ဖော်ပြနိုင်ခဲ့ပေမယ့် စိုးရိမ်စရာ တချို့လည်း ကျန်နေဆဲပါပဲ။ အဲဒီ့ ပြည့်စုံနေပြီးသား အစီရင်ခံစာကို ကျမအနေနဲ့ ထပ်ဖြည့်ပြောစရာ မရှိသလောက်ပါပဲ။

ပြီးခဲ့တဲ့ နှစ်တွေအတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သတ်ပြီးတော့ ဒီနေ့ ကျမ ပြောချင်ပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရက ဒီမိုကရေစီ လမ်းစဉ်ကို စတင်ခြေလှမ်းခြင်းကို ကျမတို့ နိုင်ငံရဲ့ ပြည်သူတွေကသာ မက နိုင်ငံတကာ ကပါ ကြိုဆိုခဲ့ကြပါတယ်။

နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို ရည်ရွယ်တဲ့ ဆောင်ရွက်ချက်တွေ အပြင် စီးပွါးရေး ကဏ္ဍမှာလည်း  အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်ဖို့ သင့်တော်တဲ့ အားထုတ်မှုတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံဟာ အလားအလာကောင်းတွေကို အသုံးချ အကောင်အထည်ဖော်ဖို့ အခွင့်အလမ်းများစွာ ရှိနေတဲ့ နိုင်ငံအနည်းငယ်ထဲက တခုဖြစ်ပြီး စီးပွါးရေး လုပ်ငန်းတွေကိုသာ မက မြန်မာနိုင်ငံရဲ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ကူညီအားပေးလိုတဲ့ အစိုးရနဲ့ အေဂျင်စီ တွေကိုလည်း အများကြီး ဆွဲဆောင်နိုင်ပါတယ်။

ILO ဟာ လူမှုရေး၊ နိုင်ငံရေးနဲ့ စီးပွါးရေး ကိစ္စရပ်တွေကို ပေါင်းစည်းလုပ်ကိုင်နေတဲ့ အထူး အဖွဲ့အစည်း တခု ဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ နိုင်ငံရဲ့ ပြောင်းလဲလာတဲ့ အခြေအနေတွေကနေ ပေါ်ပေါက်လာတဲ့ အခွင့်အလမ်းတွေနဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာတွေကို ဒီ ဖိုရမ်ကနေ ကျမ ပြောခွင့်ရတာဟာ အလွန်သင့်တော်ပါတယ်။

ကိုယ်ကျိုးအတွက် အလွဲသုံးစား ပြုခြင်းတွေကို ရှောင်ကြဉ်နိုင်ဖို့ အတွက် အခွင့်အရေးတွေနဲ့ တာဝန်ယူမှုတွေ၊ အခွင့်အလမ်း (opportunities) တွေနဲ့ သမာဓိတွေဟာ ဟန်ချက်ညီ မျှတစွာ ရှိသင့်ပါတယ်။ ကျမတို့ နိုင်ငံအတွက် ကျမတွေ့မြင်ချင်တာကတော့ ဒီမိုကရေစီနဲ့ လိုက်လျော ညီထွေရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှု ပါပဲ။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကိုလည်း အထောက်အကူ ဖြစ်စေနိုင်တဲ့ လူမှုရေး၊ စီးပွါးရေးတွေကို တိုးတက်လာအောင် မြှင့်တင်ပေးနိုင်မယ့်၊ ဒီမိုကရေစီ လုပ်ငန်းစဉ်တွေကို အားကောင်းခိုင်မာ စေနိုင်မယ့် အကူအညီနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကျမ ဖိတ်ခေါ်ချင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ဥပဒေစိုးမိုးရေး လိုအပ်ပုံနဲ့ ကျမတို့ နိုင်ငံမှာ ဖြစ်ပွါးနေတဲ့ တိုင်းရင်းသားတွေနဲ့ ပဋိပက္ခတွေ အဆုံးသတ်ရေးကို ထပ်ခါထပ်ခါ အလေးအနက် ပြောဆိုခဲ့ပါတယ်။ အဲဒီ့အခြေခံ လိုအပ်ချက်တွေ မပြည့်စုံခဲ့ရင် ကျန်းမာရေး၊ လူမှုရေး၊ နိုင်ငံရေးနဲ့ စီးပွါးရေး ဖွံ့ဖြိုး တိုးတက်မှုတွေ ဖော်ဆောင်ဖို့ အခြေခံအုတ်မြစ်ကို ချနိုင်မှာ မဟုတ်ပါဘူး။ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံတတ်မှု၊ ညီညွတ်မှု တွေကို အခြေခံတဲ့ “good governance” ပေါ်ပေါက်ရေးအတွက် အခြေခံ လူ့အခွင့်အရေးတွေကို အာမခံ နိုင်မယ့် အားကောင်းတဲ့ ဒီမိုကရက်တစ် အဖွဲ့အစည်းတွေ လိုအပ်ပါတယ်။ ကျမ ရည်မှန်းချက်တွေ သိပ်ကြီးလွန်း နေပြီလား? ဖြစ်နိုင်ပါတယ်။ ကျမဟာ ရည်မှန်းချက် ကြီးတယ်လို့ ကျမ ထင်ပါတယ်။ ဒါပေမယ့် ကျမတို့ အကောင်းဆုံးကို ရရှိလိမ့်မယ်လို့ ရည်မှန်းမထားဘူးသာ ဆိုရင် အနည်းငယ်မျှသာ အားထုတ် ဆောင်ရွက်ပြီး ရေတိုမှာ သိပ်မကောင်းတဲ့ အခြေအနေတွေကို သည်းခံပြီး လက်ခံမိသွားမယ့် အန္တရာယ်တွေ တွေ့ကြုံနိုင်ပါတယ်။ ဒါဆိုရင် ရေရှည်မှာ သည်းခံမှုတွေ ကုန်ဆုံးသွားတဲ့အခါ မတည်မငြိမ်ဖြစ်မှုတွေ ပေါ်ပေါက်လာပြီး အခု ရရှိပြီးဖြစ်တဲ့ တိုးတက်မှုတချို့ပါ ပျက်စီးသွားနိုင်ပါတယ်။

ILO အခြေခံဥပဒေရဲ့ အပိုဒ် ၃၃ အရ ၁ဝ၁ ကြိမ်မြောက် အစည်းအဝေးကနေ မြန်မာ့အရေး ဆောင်ရွက်မှုတွေနဲ့ ပတ်သတ်ပြီး ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ လွန်ခဲ့တဲ့နှစ်မှာ ပြုလုပ်ခဲ့တဲ့ အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေကို ထင်ဟပ်နေပါတယ်။ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်ရဲ့ သံအမတ်ကြီးကတော့ ဒီဆုံးဖြတ်ချက်ဟာ သူ့အစိုးရအဖွဲ့ရဲ့ မျှော်လင့်ထားတာထက် လျော့နည်းနေတယ်လို့ သူ့ထင်မြင်ချက်ကို ဖော်ပြခဲ့ဖူးပါတယ်။ တခြားတဘက်မှာ အလုပ်သမား ဒုတိယ ခေါင်းဆောင် က ဆုံးဖြတ်ချက်ကို လက်ခံဖို့ဟာ မလွယ်ကူပါဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဆုံးဖြတ်ချက်ရဲ့ ပြဋ္ဌာန်း သတ်မှတ်ချက် တော်တော်များများဟာ ဥပဒေနဲ့ လျော်ညီနေပေမယ့် လက်တွေ့လောကမှာ တကယ် အသုံးချဖို့ ဆိုရင် အများကြီးလုပ်ဖို့ ကျန်နေသေးတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်အဖွဲ့ အလုပ်သမား အဖွဲ့ဝင် တဦးကတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးရေးကို အဓိကထား ပြောဆိုခဲ့ပြီးတော့ နိုင်ငံတကာက ပိတ်ဆို့ အရေးယူထားမှုတွေကို ရုပ်သိမ်းပေးဖို့လည်း ပြောဆိုကာ ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။ 

ကျမအနေနဲ့ အလုပ်သမားတွေ၊ အလုပ်ရှင်တွေနဲ့ အစိုးရရဲ့ “fifth element” ကို တရားဝင် ကိုယ်စားမပြုပေမယ့် ကျမအနေနဲ့ ဂျီနီဗာ ခရီးစဉ် ပြင်ဆင်မှုကာလမှာ အလုပ်သမား အခွင့်အရေးကို မြှင့်တင်ဖို့ နှစ်ပေါင်းများစွာကတည်းက ကြိုးစားနေခဲ့တဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ကျမ မြန်မာပြည်မှာ တွေ့ခဲ့တဲ့သူတွေ ပြေပြခဲ့တဲ့ စိုးရိမ်သောကတွေဟာ အဓမ္မလုပ်အားပေး ခိုင်းစေမှုနဲ့ ပတ်သတ်ပြီး Committee on the Application of Standards ကို အလုပ်သမား အဖွဲ့ဝင်တွေ ပြုလုပ်ခဲ့တဲ့ presentation တင်ဆက်မှုမှာ ထင်ဟပ်နေပါတယ်။ ဒါ့အပြင် သူတို့ဟာ အလုပ်သမားအခွင့်အရေး တွေကို ကာကွယ်ပေးနိုင်မယ့် ဥပဒေတွေ ပြဋ္ဌာန်းပေးဖို့ အရေးကြီးကြောင်းလည်း ပြောဆိုခဲ့ကြပါတယ်။ ပြီးတော့ အလုပ်သမားအရေးနဲ့ ပတ်သတ်တဲ့ ဥပဒေ တချို့ကို သီအိုရီအရ ပြဌာန်းထားပေမယ့် တချို့ဥပဒေတွေကို လက်တွေအသုံးပြုခြင်း မရှိသလို တချို့ဟာတွေကလည်း ခောတ်နောက်ကျနေတာကို သူတို့က ထောက်ပြခဲ့ကြပါတယ်။ တချို့ ဥပဒေတွေကို မြန်မာဘာသာသို့ ဘာသာပြန်ဆိုထားခြင်း မရှိသေးသလို တချို့ဥပဒေတွေ…ဥပမာ အနည်းဆုံးလုပ်ခနဲ့ ပတ်သတ်တဲ့ ဥပဒေဆိုရင် ပြင်ဆင်ဖျက်သိမ်း အစားထိုးခြင်း မရှိသေးသလို တချို့ဥပဒေတွေကိုလည်း ကျင့်သုံးခြင်း မရှိပါဘူး။   

ပြီးတော့ အသစ်ချမှတ် ပြဋ္ဌာန်းလိုက်တဲ့ အလုပ်သမား အသင်းအဖွဲ့ အက်ဥပဒေဟာ အစိုးရရဲ့  ကြားဖြတ်ဝင်ရောက် ဆောင်ရွက်ခြင်းမှ လုံလောက်စွာ ကာကွယ်ပေးနိုင်ဖို့နဲ့ အလုပ်ရှင်တွေကို မျက်နှာသာပေးခြင်းမှ ရှောင်လွှဲစေနိုင်ဖို့ အတွက်လည်း စည်းမျဉ်းတွေကို ပိုပြီးဖြေလျှော့ပေးဖို့ သင့်တယ်လို့လည်း ဆိုကြပါတယ်။ ဒီ့အပြင် သူတို့ဟာ အလုပ်သမား အသင်းအဖွဲ့ အက်ဥပဒေကို ခွင့်ပြုသင့်ကြောင်း ထင်မြင်ချက် ပေးခဲ့ကြပြီး အလုပ်သမား သမ္မဂ္ဂ အက်ဥပဒေဟာလည်း စက်မှုအသိုင်းအဝိုင်းထဲက အလုပ်သမားတွေကိုသာ မကဘဲ တခြား အလုပ်သမားတွေပါ အကျုံးဝင်သင့်တယ်လို့ သူတို့က ထင်မြင်ချက် ပေးကြပါတယ်။

အလုပ်သမား ဥပဒေ သစ်တွေ ပြဋ္ဌာန်းရေးနဲ့ ဆက်နွယ်နေတဲ့ အထက်ပါ အချက်အလက်တွေကနေ ပြဆိုနေတာကတော့ ပွင့်လင်းမြင်သာမှု ပိုမိုလိုအပ်နေကြောင်းရယ် ပါဝင်ပတ်သတ်နေသူတွေရဲ့ အမြင်တွေကို ဥပဒေတွေ မချမှတ်ခင်မှာ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ကြောင်းရယ်ကို ပြဆိုနေပါတယ်။  ဒီမိုကရေစီဆန်ဆန် ပိုမိုကျင့်သုံးရင် အလုပ်သမား အခွင့်အရေးနဲ့ ပြည်သူတွေရဲ့ အခွင့်အရေးတွေကို ပိုမိုကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

အလုပ်သမားအခွင့်အရေးတွေ ထွန်းကားလာဖို့ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးခြင်းဟာလည်း ဦးစားပေးရမယ့်အရာ ဖြစ်ပါတယ်။ သူတို့ဟာ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အမျိုးအစားတွေနဲ့ ပတ်သတ်ပြီး အစိုးရအနေနဲ့ ဆောင်ရွက်သင့်တဲ့ အခန်းကဏ္ဍလို ဟာမျိုးတွေကနေ စပြီး စီးပွါးရေးနဲ့ ပတ်သတ်ပြီး လက်တွေ့ဆောင်ရွက်ချက်လိုဟာတွေအထိ အသေးစိတ် အကြံဉာဏ် ပေးခဲ့ကြပါတယ်။ ဖိနှိပ်အုပ်ချုပ်မှုတွေ၊ အထီးကျန်မှုတွေ နှစ်ပေါင်းများစွာ ခံစားခဲ့ရပေမယ့် ကျမတို့ ပြည်သူတွေဟာ လူမှုရေး၊ နိုင်ငံရေး၊ စီးပွါးရေးနဲ့ ပတ်သတ်တဲ့ နိုးကြားမှုတွေ ရှိတာမို့ လုံလောက်တဲ့ အတိုင်းအတာ အထိသာ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရမယ်ဆိုရင် တခြားကမ္ဘာ့ဒေသတွေက အပြုသဘောဆန်တဲ့ ဖွံ့ဖြိုးမှုတွေနဲ့ ထပ်တူ ရင်ပေါင်တန်းနိုင်မှာ ဖြစ်ပါတယ်။

လူငယ်တွေ အလုပ်လက်မဲ့ ဖြစ်နေကြတဲ့ ပြဿနာနဲ့ ပတ်သတ်ပြီးတော့လည်း ကျမ အလေးအနက် ပြောချင်ပါသေးတယ်။ ကျမ ထပ်ခါထပ်ခါ ပြောခဲ့သလိုပါပဲ အလုပ်လက်မဲ့ ပြဿနာနဲ့ မျှော်လင့်ချက် ကင်းမဲ့မှုက ကျမတို့ အနာဂတ်ကို ခြိမ်းခြောက်နေပါတယ်။ အလုပ်လက်မဲ့ လူငယ်တွေမှာ ယုံကြည်မှုလည်း ဆုံးရှုံးနေတတ်ပြီး သူတို့ရဲ့ စွမ်းအားတွေကို သူတို့ကိုယ်တိုင် သိရှိ အသုံးချဖို့ အခွင့်အလမ်း မရပဲ ဖြစ်နေပါတယ်။ အရက်သေစာ သောက်သုံးမှုနဲ့ ပတ်သတ်တဲ့ ပြဿနာ၊ မူးယစ်ဆေးဝါး အလွဲသုံးစားမှု၊ အလုပ်အကိုင်နဲ့ အိမ်ယာမဲ့မှု စတဲ့ ဖိစီးမှုတွေကို ခံနေရပြီး ဦးတည်ချက်မဲ့တဲ့ လူငယ်တွေဟာ သူတို့ အခြေအနေတွေရဲ့ အနှစ်သာရ ကင်းမဲ့မှုအပေါ်မှာ သောကပွါးနေရပါတယ်။ လူငယ်တွေ သိပ်မဝေးတော့တဲ့ ကာလမှာ မဖိတ်ခေါ်ဘဲ ရောက်လာတော့မယ့် တာဝန်ဝတ္တရားတွေကို ကျေလည်စွာ ထမ်းဆောင်နိုင်မယ့် အရည်အချင်းတွေ ရှိလာစေဖို့ လုပ်ငန်းခွင်သင်တန်းကျောင်းတွေအပြင် ဆက်စပ်တဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးရေးဟာလည်း အလွန် အရေးကြီးပါတယ်။

အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မယ့် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ကြိုဆိုသင့်ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ ဆိုင်ရာကျင့်ဝတ်တွေကိုလည်း လိုက်နာသင့်ပါတယ်။ နိုင်ငံတကာက လက်ခံထားတဲ့ အလုပ်သမားရေးရာ စံတွေ၊ ပတ်ဝန်းကျင် ထိခိုက်မှု ရှိမရှိ စတာတွေကိုလည်း စစ်ဆေးသင့်ပါတယ်။

ခေတ်မီနည်းပညာတွေ ရရှိမှု အပါအဝင် ရေရှည်အကျိုးအမြတ်တွေ ရရှိဖို့လည်း ရည်ရွယ်ချက် ရှိသင့်ပါတယ်။ စိုက်ပျိုးရေးနဲ့ ပတ်သတ်တဲ့ စီးပွါးရေးလုပ်ငန်းတွေမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေဟာ အကျိုးရှိနိုင်ပြီး  အသေးစားလုပ်ကိုင် သူတွေကို အကာအကွယ်ပေးဖို့တော့ မှန်ကန်စွာ ဆောင်ရွက်ရပါမယ်။

နိုင်ငံပိုင် လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲတဲ့နေရာမှာ အပြိုင်အဆိုင် ပိုမိုရှိလာအောင် ဆောင်ရွက်ရမှာ ဖြစ်ပြီး လျှပ်စစ်ထုတ်ကုန်တွေ စက်ပစ္စည်းတွေ စတဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေကိုလည်း အားပေးရပါမယ်။

ခရီးသွားလုပ်ငန်း၊ ဘဏ္ဍားရေး ဝန်ဆောင်မှုလုပ်ငန်း နဲ့ အခြေခံ အဆောက်အဦး တည်ဆောက်ရေး လုပ်ငန်း စတာတွေနဲ့ ပတ်သတ်တဲ့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေဟာလည်း နှစ်သက်ဖွယ် ဖြစ်ပါတယ်။ အရှိန်အဟုန် မြင့်မားတဲ့ စက်ရုံအလုပ်ရုံတွေမှာ ရင်းနှီးမြှုပ်နှံမှုကိုလည်း အထူး သတိထားပြီး ချဉ်းကပ်သင့်ပါတယ်။ အလုပ်သမား ကိုယ်စားလှယ်တွေက ပြောဆိုခဲ့တဲ့ အထက်ပါ အကြံပြုချက်တွေဟာ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို နှစ်ပေါင်းများစွာ လေ့လာခဲ့တဲ့ ကျော်ကြားတဲ့ စီးပွါးရေး ပညာရှင်တွေရဲ့ အမြင်တွေနဲ့ နေရာတော်တော်များများမှာ တော်တော်လေး တူညီနေပါတယ်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ စိတ်ချလုံခြုံထိရောက်တဲ့ ဘဏ္ဍာရေးစနစ် ဖော်ဆောင်ရေး၊ ရင်းနှီးမြှုပ်နှံမှုတွေကို အလုပ်အကိုင်ဖန်တီးပေးတဲ့ ရင်းမြစ် စိတ်ကူးသစ်၊ နည်းလမ်းသစ်၊ နည်းပညာသစ်များ ထုတ်လုပ်ပေးသော ရင်းမြစ်များ အဖြစ် အသုံးချရေးတွေပဲ ဖြစ်ပါတယ်။ စွမ်းအင်ကဏ္ဍနဲ့ ပတ်သတ်ပြီး ပွင့်လင်းမြင်သာဖို့ တာဝန်ခံတတ်ဖို့နဲ့ အရှိန်အဟုန်မြင့်တဲ့ စက်မှုလုပ်ငန်းတွေနဲ့လည်း ပတ်သတ်ပြီး သူက အကြံပေးခဲ့ပါတယ်။

စွမ်းအင် ဝန်ကြီးဌာန လက်အောက်မှာ ရှိတဲ့ နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ဟာလည်း စွမ်းအင်ကဏ္ဍမှာ နိုင်ငံခြား ကုမ္ပဏီများရဲ့ ပါဝင်မှုနဲ့ ဖက်စပ်ဆောင်ရွက်နေရာမှာ လောလောဆယ် ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု ကင်းမဲ့နေပါတယ်။ အစိုးရ အနေနဲ့ ဘဏ္ဍာရေး ပွင့်လင်း မြင်သာဖို့အတွက် IMF ရဲ့ ကျင့်ထုံးနည်းနာတွေလိုမျိုး နိုင်ငံတကာက လက်ခံထားတဲ့ စံနှုန်းတွေနဲ့ အညီ ဆောင်ရွက်သင့်ပါတယ်။ တခြားနိုင်ငံတွေ အနေနဲ့ MOGE ဟာ အဲဒီ့ ကျင့်ထုံး နည်းနာတွေကို မလိုက်နာသေးသရွေ့ သူတို့နိုင်ငံရဲ့ ကုမ္ပဏီတွေကို MOGE နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ခွင့်မပြုခြင်းအားဖြင့် ကူညီနိုင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အဲဒီ ကုမ္ပဏီတွေဟာလည်း ခုနက ပြောခဲ့တဲ့ ကျင့်ထုံးနည်းနာတွေကို လိုက်နာပြီးသား ဖြစ်သွားပါလိမ့်မယ်။

ကျမအနေနဲ့ ပြည်တွင်း အနေအထားဟာ ရင်းနှီးမြှုပ်နှံမှုတွေကို အကောင်းဆုံး အသုံးပြုနိုင်မယ့် အခြေအနေမျိုးရှိအောင် ပြင်ဆင်ထားသင့်တယ် ဆိုတဲ့ အမြင်ကို လှိုက်လှိုက်လှဲလှဲ ထောက်ခံပါတယ်။ ပိုင်ဆိုင်မှု အခွင့်အရေးတွေ၊ တရားဥပဒေ စိုးမိုးမှု၊ စီးပွါးရေး တည်ငြိမ်မှုတွေနဲ့ အတူ “soft infrastructure” တွေ ဖြစ်တဲ့ ပညာရေး၊ ရိုးဖြောင့်မှုနဲ့ ထိရောက်ချောမွေ့တဲ့ မြို့ပြဝန်ဆာင်မှုတို့လို အရည်အသွေးတွေ ရှိရပါမယ်။ စွမ်အင်းရင်းမြစ်တွေကို ပိုမို အသုံးချနိုင်မှု၊ တယ်လီဖုန်း ဆက်သွယ်ရေးနဲ့ အီလက်ထရွန်းနစ် ဆက်သွယ်ရေး အပါအဝင် ပို့ဆောင်ဆက်သွယ်ရေး စနစ်တွေ အဆင်ပြေဖို့လည်း အထူး ဂရုစိုက်ဖို့ လိုအပ်ပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ လုပ်ဆောင်လို့ ရတဲ့ ပြုပြင်ပြောင်းလဲစရာတွေ အများကြီး ရှိပါတယ်။ အဲဒီနေရာမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ရုံ မဟုတ်ဘဲ အဲဒါတွေ ရေရှည်ခံဖို့နဲ့ ကျမတို့ ပြည်သူတွေအတွက် တကယ် အကျိုးရှိဖို့ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ လူမှုရေး၊ နိုင်ငံရေး၊ စီးပွါးရေး ပြုပြင်ပြောင်းလဲမှုတွေ အတွက်  ဒီမိုကရေစီနဲ့ လိုက်လျောညီထွေ ရှိတဲ့ မူဝါဒဟာ ကျမတို့ နိုင်ငံကို အပေါင်းလက္ခဏာနဲ့ အောင်မြင်မှု မြေပုံကားချပ်ပေါ်ကို နောက်တကြိမ် ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

နိုင်ငံက ပြည်သူတွေဟာ အခြေခံလွတ်လပ်မှုကို မခံစားနိုင်သေးသရွေ့ လိုအပ်မှုတွေ ကြောက်ရွံခြင်းတွေကနေ မလွတ်မြောက်နိုင် သေးသရွေ့ တကယ်စစ်မှန်စွာ ဖွံ့ဖြိုးတိုးတက်ပြီလို့ ဘယ်နိုင်ငံကမှ ဆိုခွင့်မရှိပါဘူး။ ဒီလို စီးပွါးရေး တိုးတက်မှုနဲ့ ပတ်သတ်တဲ့ အလားအလာတွေကို ဆွေးနွေးတဲ့နေရာမှာ နိုင်ငံရပ်ခြားမှာ အလုပ်သမား အခွင့်အရေးတွေ လုံးလောက်စွာ မရရှိတဲ့ မြန်မာ အလုပ်သမားတွေ အကြောင်းကို ချန်မထားခဲ့နိုင်ပါဘူး။ ကျမရဲ့ မကြာသေးခင်က ထိုင်းနိုင်ငံ ခရီးစဉ်မှာ ရွှေ့ပြောင်းအလုပ်သမားတွေ၊ အလုပ်သမား ကိုယ်စားလှယ်တွေ အပြင် အလုပ်သမားအရေးကို နှစ်မြှုပ်လုပ်ကိုင်နေတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ တွေ့ခွင့် ရခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ရှိတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ၈ဝ ရာခိုင်နှုန်းဟာ မြန်မာပြည်က ဖြစ်ကြပါတယ်။ ၂ဝဝ၃ ခုနှစ် နားလည်မှု စာချွန်လွှာနဲ့ ၂ဝဝ၉ခုနှစ် [ထိုင်းနိုင်ငံရဲ့] နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ် တွေအရ တရားမဝင် မြန်မာ အလုပ်သမားတွေကို တရားဝင် အခြေအနေ ဖြစ်အောင် မြန်မာ ပတ်စ်ပို့တွေ ထုတ်ပေးခဲ့ပေမဲ့လည်း ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံလုံးဟာ ILO ကွန်ဗင်းရှင်း၊ အထူးသဖြင့် ၁၉၉ဝ ကုလသမ္မဂ္ဂ ကွန်ဗင်းရှင်းက ချမှတ်ခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ သူတို့မိသားစုတွေရဲ့ အခွင့်အရေး ပြဌာန်းချက်တွေအတိုင်း ရွှေ့ပြောင်းအလုပ်သမား ပြဿနာကို မှန်ကန်စွာ ချဉ်းကပ်ခြင်း မရှိတဲ့ အတွက် ရွှေ့ပြောင်းအလုပ်သမား တွေဟာ အခွင့်အရေးချိုးဖောက်ခံရမှုတွေကို မကြာခဏ တွေ့ကြုံခံစား နေရဆဲ ဖြစ်ပါတယ်။ နှစ်နိုင်ငံ စလုံးမှာ ရှင်းလင်းတိကျတဲ့ ရွှေ့ပြောင်းအလုပ်သမား မူဝါဒတွေ၊ ရွှေ့ပြောင်းနေထိုင်မှုတွေကို စီမံကွပ်ကဲမယ့် ထိရောက်တဲ့ အဖွဲ့အစည်းတွေ မရှိတဲ့ အပြင် ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သတ်တဲ့ ASEAN framework နဲ့ ပတ်သတ်ပြီး အဆုံးသတ် အကောင်အထည် ဖော်ရာမှာ နှစ်နိုင်ငံလုံးဟာ မထိရောက်ဘဲ ဖြစ်နေပါတယ်။

နိုင်ငံကိုယ်စားပြု စီးပွါးရေး အဖွဲ့အစည်းတွေ၊ အလုပ်သမား ဆက်ဆံရေး အဖွဲ့တွေ၊ ကွန်ဖက်ဒရေးရှင်း အဖွဲ့အစည်းတွေ အနေနဲ့ ထိုင်းနိုင်ငံမှာ ရှိတဲ့ အလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေနဲ့ ပတ်သတ်ပြီး ဒီကွန်ဖရင့်မှာ အသေးစိတ် အဆိုပြုကြမယ်ဆိုတာ ကျမနားလည်ပါတယ်။ ကျမ ဒီနေရာမှာ ထောက်ပြချင်တာကတော့ ရွှေ့ပြောင်းအလုပ်သမားတွေ အရေးကို ကျမတို့ နိုင်ငံက အလုပ်သမား အရေးတွေအတိုင်း ထပ်ထူထပ်မျှ အာရုံစိုက် စဉ်းစားသင့်ပါတယ်။

ကျမ ထိုင်းနိုင်ငံမှာ တွေ့ခဲ့ရတဲ့ အလုပ်သမား တော်တော်များများက ကျမကို ပြောခဲ့ကြတာကတော့ “ကျနော် ကျမတို့ အိမ်ပြန်ချင်လှပါပြီ” ဆိုတာပါပဲ။ သူတို့တတွေ အမိမြေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုံခြုံစွာ ပြန်လာနိုင်ရေးအတွက်လည်း ကျမတို့ အားလုံးမှာ တာဝန်ရှိပါတယ်။

ကျမတို့ ပြည်သူတွေ အားလုံးအတွက် စစ်မှန်တဲ့ ခိုလှုံရာ အိမ်တလုံး တည်ဆောက်ပေးဖို့အတွက် ကြိုးပမ်းအားထုတ်မှုတွေမှာ ILO ကို ပါဝင်ဖို့ ကျမအနေနဲ့ မေတ္တာရပ်ခံပါတယ်။ ဒီနေရာမှာ ရွှေ့ပြောင်းအလုပ်သမား အရေးကို ဆုံးဖြတ်ချက် ချရာမှာ နားလည်မှုတွေနဲ့ ပါဝင်ခဲ့ကြတဲ့ ထိုင်းနိုင်ငံရဲ့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့ဝင်တွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ လက်ခံထားရတဲ့ နိုင်ငံတွေ အနေနဲ့လည်း အလုပ်သမားအရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေးတွေ တိုးတက်ဖို့ စဉ်းစားကာ အကူအညီပေးဖို့ လိုအပ်ပါတယ်။

ကျမအနေနဲ့ ၁ဝ၁ ကြိမ်မြောက် အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်၊ အထူးသဖြင့် ကျမတို့ နိုင်ငံ အလုပ်သမား အရေးတွေနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ရောက်ရှိနေတဲ့ နိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမား အရေးတွေမှာ ILO အနေနဲ့ ပိုမို ထိထိရောက်ရောက် လုပ်ဆောင်နိုင်အောင် လမ်းဖွင့်ပေးတဲ့ အပိုဒ် ၇ နဲ့ ၁၂ ကို ကြိုဆိုပါတယ်။

စကားပြန်တွေအတွက် အလုပ်ပိုလုပ်ရမယ့် အခွင့်အလမ်း ရအောင်လို့ ကျမ အခု ဆက်ပြောပါဦးမယ်။

ဒီကွန်ဖရန့်ကို လာရတဲ့အတွက် ကျမတို့အားလုံး အတူတကွ အလုပ်လုပ်နိုင်တယ် ဆိုတာကို သိလာပါတယ်။ ကျမ အပေါ်မှာ ပြောခဲ့သလိုပါပဲ၊ ကျမ အိမ်ပြန်ရောက်နေသလို၊ ကျမရဲ့ မိသားစုဝင်တွေကို တွေ့ရဖို့ ပြန်လာရသလို ကျမ ခံစားခဲ့ရပါတယ်။ ကျမတို့တွေဟာ နိုင်ငံပေါင်းစုံ မိသားစုအဖြစ် မကပါဘူး။ ပြည်သူတွေပါဝင်တဲ့ မိသားစုကြီး တခုလည်း ဖြစ်ပါတယ်။ ပြည်သူ-ပြည်သူချင်း ဆက်ဆံရေးဟာ အရေးအကြီးဆုံး ဆက်ဆံရေး တခုပါပဲ။ မြန်မာနိုင်ငံအကြောင်း ကျမစဉ်းစားတဲ့ နေရာမှာ တိုင်းပြည် တခု မဖြစ်သာမက လူကြီးမင်းတို့လိုပဲ လူသားတွေ ပါဝင်တဲ့ မိသားစု တခုလို စဉ်းစားပါတယ်။ ကျမအနေနဲ့ လူကြီးမင်းတို့ကို သဘောထားစေလိုတာက ကျမတို့ဆီက လူငယ်တွေကို လူကြီးမင်းတို့ဆီက လူငယ်တွေ၊ လူကြီးမင်းတို့ဆီက ကလေးတွေလိုပဲ ခံယူ သဘောထားစေချင်ပါတယ်။ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ ကျမအနေနဲ့ နိုင်ငံအနှံ့က လူငယ်တွေနဲ့ တွေ့ဖို့ အခွင့်အလမ်း ရခဲ့ပါတယ်။ ကျမတို့ အနေနဲ့ ကျမတို့ နိုင်ငံမှာ နိုင်ငံရေးနိုးကြားမှု မြှင့်တင်ဖို့ ကြိုးစားခဲ့ကြပြီး ကျမတို့ လူငယ်တွေရဲ့ ကမ်ပိန်းအပေါ် အသိဉာဏ် မြင့်မားစွာ တုံ့ပြန်ပုံတွေက အံ့သြစရာ ကောင်းလှပါတယ်။ ပြီးတော့ ကျမ လူငယ်တွေအကြောင်း ပြောတဲ့အခါမှာ ကလေးငယ်တွေအကြောင်းက စပြောပါမယ်။ နေရာတော်တော်များများမှာ လမ်းလျှောက်တတ်ကာစ အရွယ် ကလေးငယ်လေးတွေဟာ ယိုင်တိယိုင်တိုင် ပြေးလွှားပြီး အလံလေးတွေ ဝှေ့ယမ်းပြီးတော့ သူတို့အနေနဲ့ ကျမတို့ကို ထောက်ခံကြောင်း ပြသခဲ့ကြတာကို ကျမတို့ တွေ့မြင်ခဲ့ကြပါတယ်။ ဒါဟာ အံ့သြစရာပါ။ ပြီးတော့ စကားသိပ်မကြွယ်သေးတဲ့ ကလေးလေးတွေဟာ ဒီမိုကရေစီတို့ လူ့အခွင့်ရေးတို့နဲ့ သက်ဆိုင်တဲ့ ကျမတို့ရဲ့ ဆောင်ပုဒ်လေးတွေကို ထပ်ခါတလဲလဲ ရွတ်ဆိုခဲ့ကြပါတယ်။ ကျမအနေနဲ့ အဲဒီ့ကလေးငယ်တွေဟာ စကားလုံးတိုင်းကို နားလည်သလား၊ နားမလည်ဘူးလားဆိုတာတော့ မသေချာပါဘူး။ ဒါပေမယ့် သူတို့ဆီမှာ နိုင်ငံရေးမှာ ပါဝင်လိုတဲ့ ခံစားချက်မျိုး ရှိနေတယ်လို့ ကျမ ထင်ပါတယ်။ သူတို့အနေနဲ့ သူတို့အတွက် အဓိပ္ပါယ်ပြည့်ဝတဲ့ အနာဂတ်ကို ဖော်ဆောင်ဖို့ တိုင်းပြည်ရဲ့ နိုင်ငံရေးမှာ ပါဝင်ရမယ်ဆိုတာကို ဘဝမှာ စောစောစီးစီး သင်ယူခဲ့ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီ့အချက်ဟာ ကျမကို ရွေးကောက်ပွဲ ရလဒ်တွေ ထက်တောင် ပိုမိုပြီး ခွန်အားဖြစ်စေပြီး အလွန်ကျေနပ် အားရမိပါတယ်။ ကျမတို့ရဲ့ ပြည်သူတွေဟာ ကျမနဲ့တကွ ကျမရဲ့ ပါတီဝင်တွေ အပေါ်မှာ အားကိုးယုံကြည်ပြီး အလားအလာကောင်းတွေနဲ့ ပြည့်စုံပြီး တန်ဖိုးရှိတဲ့ လူမှုအဖွဲ့အစည်းတခုကို ဖန်တီးဖို့ ဆန္ဒရှိနေတယ် ဆိုတာကိုလည်း သိမြင်လိုက်ရပါတယ်။ ရင်းနှီးမြှုပ်နှံဖို့ အခွင့်အရေးတွေ လေ့လာကြည့်ရှုရုံ ၊ အလုပ်သမားရေးရာ ပြဿနာတွေကို စုံစမ်းရုံမျှ မဟုတ်ဘဲ ကျမတို့ နိုင်ငံမှာ ကမ္ဘာကြီးတခုလုံး ကောင်းကျိုးအတွက် ဘယ်လို အလားအလာတွေ ရှိနေတယ်ဆိုတာကို အကဲဖြတ်ဖို့ လူကြီးမင်းတို့ အားလုံး ကျမအနေနဲ့ မြန်မာနိုင်ငံကို လာရောက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။

ကျမ ခုနက ပြောခဲ့သလိုပါပဲ။ ကျမတို့ဆီက လူငယ်တွေမှာ အဲလို စိတ်ဓာတ်တွေ ရှိနေပါတယ်။ ဒါပေမယ့် သူတို့ဆီမှာ မရှိသေးတာကတော့ ပညာပါပဲ။ သူတို့တွေမှာ နိုင်ငံကို ကမ္ဘာမှာ ထိုက်တန်တဲ့နေရာ တနေရာ ရအောင် စွမ်းဆောင်ပေးဖို့ လိုအပ်တဲ့ အခြေခံပညာရေးတွေ မရှိသေးတာပါပဲ။ ကျမတို့ အနေနဲ့ ပညာရေး စနစ်ကို အဆင့်မြှင့်ဖို့ လိုအပ်ပါတယ်။ ကျမ ပြောခဲ့သလိုပါပဲ။ လုပ်ငန်းခွင် သင်တန်းကျောင်းတွေကို အလုပ်အကိုင် ဖန်တီးပေးမှုနဲ့ ချိတ်ဆက်ပေးဖို့ လိုအပ်ပါတယ်။

ကျမတို့ အနေနဲ့ လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံသူတွေကတော့ ကျမတို့အတွက်ရော၊ သူတို့အတွက်ပါ တွေးမယ့် ရင်းနှီးမြှုပ်နှံသူမျိုးပါပဲ။ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ ကိုယ်ကျိုးလုံးဝမပါဘဲ လာပြီး ရင်းနှီးမြှုပ်နှံမှာ မဟုတ်ဘူးဆိုတာတော့ ကျမတို့ နားလည်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုကနေလည်း သူတို့ တစုံတရာ ပြန်ရသင့်တယ်ဆိုတာလည်း ကျမတို့ လက်ခံပါတယ်။ ရင်းနှီးမြှုပ်နှံမှုဟာ အမြတ်ဆီကို ဦးတည်နေရမှာပါ။ ဒါပေမယ့် ကျမတို့ ဖြစ်ချင်တာက အဲဒီ အကျိုးအမြတ်တွေကို ရင်းနှီးမြှုပ်နှံသူရော ကျမတို့ နိုင်ငံသားတွေပါ မျှဝေခံစားချင်တာပါ။ နောက်ပြီးတော့ တကမ္ဘာလုံးမှာ ရှိတဲ့ ကျွမ်းကျင်မှုတွေ ကို မြန်မာနိုင်ငံက လူငယ်တွေ သင်ယူလေ့လာ ခွင့်ရစေမယ့် ရင်းနှီးမြှုပ်နှံမှုမျိုးတွေကိုလည်း ဖိတ်ခေါ်လိုပါတယ်။

ဒါကြောင့် လူကြီးမင်းတို့ အနေနဲ့ လူကြီးမင်းတို့ရဲ့ နိုင်ငံတွေကို ပြန်ရောက်တဲ့ အခါမှာ အစိုးရတွေ၊ စီးပွါးရေး လုပ်ငန်းတွေ၊ အလုပ်သမားတွေကို ပြောစေချင်တာက ကျမတို့နိုင်ငံရဲ့ အနာဂတ်ကို အာမခံနိုင်မယ့် လူမှုအဖွဲ့အစည်းမျိုး တည်ဆောက်ရာမှာ ကူညီစေချင်ပါတယ်ဆိုတဲ့ အကြောင်းပါပဲ။ အဲဒါကတော့ ကျမကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လိုလားတောင့်တနေတဲ့ ပြည်သူတွေရဲ့ ကိုယ်စားလှယ် တယောက်အဖြစ် နွေးထွေးစွာ ကြိုဆိုခဲ့ကြတဲ့ လူကြီးမင်းတို့အားလုံးကို ကျမ မေတ္တာရပ်ခံချင်တဲ့ အချက်ပါပဲ။ ကျမအနေနဲ့လည်း လူကြီးမင်းတို့ အကောင်းဆုံး အတတ်နိုင်ဆုံး ကူညီပေးလိမ့်မယ် ဆိုတာ ယုံကြည်နေပါတယ်။

နှစ် ၃ဝ ကြာပြီးမှ ကျမ ဂျီနီဗာကို ပြန်ရောက်လာတာပါ။ ကျမအနေနဲ့ ဂျီနီဗာကို အကျွမ်းဝင်သေးလား ဆိုတာ မသေချာပေမယ့် ကျမရဲ့ နှလုံးသားကတော့ ကျမတို့ဟာ… မြန်မာနိုင်ငံအတွက်သာမက တကမ္ဘာလုံးမှာပါ အနာဂတ်ကို ခြိမ်းခြောက်နေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ခဏခဏ တွေ့ဆုံနေရလိမ့်မယ်လို့ ခံစားမိပါတယ်။

နိဂုံးမချုပ်မီမှာ အဟောအပြော ကောင်းသူတွေရဲ့ ထုံးစံအတိုင်း ကျမ ပြင်ဆင်ထားတဲ့ စာသားတွေဆီကို အခု ပြန်သွားပါမယ်။

စီးပွါးရေး ပိတ်ဆို့ အရေးယူမှု ရတ်သိမ်းမှုတွေ ဒါမှမဟုတ် ဆိုင်းငံ့မှုတွေရယ်၊ General System of Preferences GSP [ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ရဲ့ စည်းမျဉ်းတချို့ကနေ ကင်းလွတ်ခွင့် ရမည့်စနစ်] ကို ပြန်လည်ခံစားရမှာရယ် တွေကြောင့် ကျမတို့ နိုင်ငံဟာ စီးပွါးရေး ဖွံ့ဖြိုးမှုအတွက် တခါမှ မကြုံဖူးတဲ့ အခွင့်အလမ်းမျိုးကို ရရှိနိုင်မှာ ဖြစ်ပြီး အဲဒါဟာ ကျမတို့ နိုင်ငံအတွက် ငြိမ်းချမ်းရေးနဲ့ ကြွယ်ဝမှုကို ယူဆောင်လာပေးမယ့်… ဒီမိုကရေစီနဲ့ လိုက်လျောညီထွေ ရှိတဲ့ လူ့အခွင့်အရေး တိုးတက်မှုအတွက် အစိတ်အပိုင်းတခုအဖြစ် အကျိုးသက်ရောက် သင့်ပါတယ်။

ကျမအနေနဲ့ ILO နဲ့ တကွ ကျမ ခုလို တက်ရောက်ပြောကြားပြီး ကျမတို့ရဲ့ အားထုတ် ကြိုးပမ်းမှုတွေမှာ အလုပ်သမားတွေ၊ အလုပ်ရှင်တွေ၊ အစိုးရတွေ၊ နိုင်ငံတကာ စီးပွါးရေး အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အေဂျင်စီတွေနဲ့ အဖွဲ့အစည်းတွေကို ပါဝင်လာအောင် တိုက်တွန်းစည်းရုံးခွင့် ရတဲ့အတွက် ဒီကွန်ဖရင့် ဖြစ်မြောက်ရေး ဆောင်ရွက်သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။

ကျမကို သတ္တိတွေနဲ့ ပြည့်နေတယ်လို့ လူတွေ ဘာကြောင့် ပြောနေကြသလဲဆိုတာ ကျမ နားမလည်နိုင်ပါဘူး။ ကျမ တော်တော်လေး စိတ်လှုပ်ရှားကြောက်ရွံ့နေတာပါ။ ကျေးဇူးတင်ပါတယ်။

၊ဒေါ်အောင်ဆန်းစုကြည်၊

မဇ္ဈိမသတင်းဌာန | တနင်္ဂနွေနေ့၊ ဇွန်လ ၁၇ ရက်

ဖမ်းဆီးခံ ၉ဦးအား ကျောက်တော်မှ စစ်တွေသို့ စစ်တပ်ခေါ်ဆောင်သွား

ဓါတ်ပုံ - CJMyanmar
ကျောက်တော်မြို့ စံကားတောင်ရွာတွင် ဘင်္ဂလီမူဆလင် အဓိကရုဏ်းကြောင့် ဖမ်းဆီးခံခဲ့ရသူ ၉ဦးအား ပြန်လည်လွှတ်ပေးရန် ကျောက်တော်လူထုက ယနေ့ တောင်းဆိုခဲ့သော်လည်း စစ်တပ်မှ ယနေ့ညနေတွင် ကျောက်တော်မှ စစ်တွေသို့ ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

ဖမ်းဆီးခံ ၉ဦးအား ပြန်လွှတ်ပေးရန် ယနေ့နံနက် ၁၀နာရီခန့်က ကျောက်တော်မြို့ရှိ လူထု ၁၀၀၀ခန့်က တောင်းဆိုခဲ့ပြီးနောက် နေ့လည် ၂း၄၅ နာရီ လူစုခွဲပြီးနောက်ပိုင်း၊ မြို့နယ်အုပ်ချူပ်ရေးမှူးရုံးတွင် အုပ်ချူပ်ရေးမှူးနှင့် မြို့မိ၊မြို့ဘများ ယင်းဖမ်းဆီးခံ ၉ဦးအား ပြန်လည်လွှတ်ပေးရန် ဆွေးနွေးနေချိန်တွင် စစ်တပ်မှလာပြီး ယင်း၉ဦးအား စစ်တွေသို့ စစ်ကားဖြင့် ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

“အခုသူတို့ကို ဘာဖြစ်လို့ဖမ်းသွားတယ်၊ ဘာကြောင့်မလွှတ်ပေးတာလဲ ဘာမှမသိလိုက်ရဘူး။ စစ်တပ်က မတရားအားတင်တယ်၊ ခုဘာလုပ်ဖို့ စစ်တွေကို ခေါ်သွားတာလည်း ခုချိန်ထိ ကျနော်တို့မသိရသေးဘူး။ သူတို့ပြောတာတော့ ဒီမှာထားလို့မဖြစ်တော့လို့ ခေါ်သွားတာလို့ အုပ်ချူပ်ရေးမှူးကပြောတယ်”ဟု ကျောက်တော်မြို့ခံတစ်ဦးမှ ပြောပြသည်။

ဇွန်လ ၁၇ရက် နံနက် ၄နာရီကျော်ခန့်က ကျောက်တော်မြို့ အလယ်တန်း ကုလားရွာတွင် မီးလောင်မှုဖြင့် စုံစမ်းစစ်ဆေးခြင်းမရှိဘဲ စစ်တပ်မှ ဖမ်းဆီးထားသော ရခိုင် ၄ဦးမှာလည်း ယခုချိန်ထိ ရဲစခန်းသို့ မရောက်ရှိဘဲ ကျောက်တော်စစ်တပ်ထဲမှာ ရှိနေသေးကြောင်း သိရှိရသည်။ ကျောက်တော် စကခ-၉ တပ်ရင်းသို့ ဘင်္ဂလီမူဆလင်များ ၂၄နာရီ အ၀င်ထွက်လုပ် သွားလာလျက်ရှိကြောင်းလည်း မျက်မြင်များက ဆိုသည်။

“စံကားတောင်က ၉ဦးကိုတော့ စစ်တပ်က စစ်တွေကိုခေါ်သွားပြီ၊ ကျွန်တော်တို့က ရဲစခန်းကိုသွားမေးတယ် မနက်ကဖမ်းလာတဲ့ အလယ်တန်းရွာက ၄ ယောက် ဘယ်ရောက်နေလို့မေးတော့၊ စစ်တပ်က မပို့လာသေးဘူးလို့ ပြောတယ်။ စစ်တပ်ကိုသွားမေးတော့လည်း ရဲစခန်းကို သွားပို့ပြီတဲ့၊ တပ်ရင်းမှူးနဲ့တွေ့မယ်ဆိုတော့လည်း တွေ့လို့မရဘူးတဲ့။ ခုနလေးကတော့ ၄ယောက်ထဲက ၁ယောက်တော့ လွတ်လာပြီပြောတယ်၊ ကျန်တဲ့ ၃ယောက်တော့ ဘယ်ရောက်နေလဲ မသိဘူး”ဟု ကျောက်တော်မြို့ တစ်ဦးက ဆက်ပြောပြသည်။

Written by မင်းသွီး  - arakantimes

ဖမ်းဆီးခံ ရခိုင် ၉ ဦးအား ပြန်လွှတ်ပေးရန် ကျောက်တော်လူထု တောင်းဆို

 ဇွန်လ ၁၆ရက်နေ့ ညနေ ၅နာရီခန့်တွင် ကျောက်တော်မြို့နှင့် ၆ မိုင်ခန့်ဝေးသော စံကားတောင်ရွာ၌ ရခိုင်-ဘင်္ဂလီမူဆလင် အဓိကရုဏ်းဖြစ်ပွားခဲ့ရာ ညနေ ၈နာရီခန့်တွင် ယင်းရွာဘုန်းကြီးကျောင်း၌ ကင်းစောင့်နေသော ရခိုင် ၉ဦးနှင့် သင်္ဃာတစ်ပါးကို ကျာက်တော်ရဲနှင့် စကခတပ်ရင်းမှ ဖမ်းဆီးခေါ်ဆောင်သွားသောကြောင့် ယင်း ၉ဦးအား ပြန်လည်လွှတ်ပေးရန် ယနေ့ နံနက် ၁၀နာရီခန့်တွင် ကျောက်တော် ပြည်သူလူထု ၁၀၀၀ ခန့် ငြိမ်းချမ်းစွာ တောင်းဆိုခဲ့သည်။

“စံကားတောင်ရွာကို စစ်တပ်နဲ့ ရဲတွေရောက်နေတဲ့အချိန်မှာ အဲဒီအဓိကရုဏ်းကပြီးသွားပြီ၊ အဲဒီတော့ ရွာထဲက ဘုန်းကြီးကျောင်းမှာ လုံခြုံရေးကင်း စောင့်နေကြတဲ့ ရွာသား ၉ဦးနဲ့ သံဃာ တစ်ပါးကို ဖမ်းဆီးသွားတယ်၊ သင်္ဃာတစ်ပါးကိုတော့ ညတွင်းချင်းဘဲ ပြန်လွှတ်ပေးလိုက်တယ်။ ဖြစ်တာက နှစ်ဘက်လုံးကဖြစ်တာဘဲ၊ အဲဒါ ဘင်္ဂလီမူဆလင်တွေကိုကျတော့ မဖမ်းဘဲနဲ့ ဘုန်ကြီးကျောင်းမှာ လုံခြုံရေးစောင့်နေကြတာကို ဖမ်းသွားတော့ လူထုတွေက မခံမရပ်နိုင်ဖြစ်နေကြတယ်” ဟု ကျောက်တော်မြို့ခံ တစ်ဦးမှ ပြောပြသည်။

ဖမ်းဆီးခံရသူ ၉ဦးအား ပြန်လည်လွှတ်ပေးရန် ကျောက်တော်လူထု ၁၀၀၀ခန့်သည် နံနက်၁၀နာရီတွင် ကျောက်တော်ပန်းခြံထဲ၌ ငြိမ်းချမ်းစွာ တောင်းဆိုနေခြင်းကို အနောက်ပိုင်းတိုင်း စစ်ဌာနချူပ် (စကခ-၉) တပ်ရင်းမှ အင်းအား ၆၀ခန့်ဖြင့် ဤတောင်းဆိုပွဲအား ရပ်တန့်ရန်နှင့် လူစုခွဲရန် သေနတ်ဖြင့် အကျအနချိန်ရွယ်ပြီး ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရသည်။

“စကခ-၉ တပ်ရင်းက စစ်သား ၆၀လောက်ရှိက ငြိမ်းချမ်းစွာ တောင်းဆိုနေတဲ့ လူထုတွေကို စည်းသုံးခု ကြောင်းပြီး၊ ဒီစည်းကျော်ရင် ပစ်လိုက်မယ်၊ အခုချက်ချင်း လူစုမခွဲဘူးလား၊ မခွဲရင် ပစ်ထည့်လိုက်မယ်ဆိုပြီး လူတွေကို ခြိမ်းခြောက်ပါတယ်။ အဲလိုခြိမ်းခြောက်တော့ တစ်ချို့လူတွေလည်း ပြန်လိုသူပြန်သွားကြတယ်၊ ဒါပေမယ့် လူ ၅၀၀ကျော်လောက် ကျန်ခဲ့ပြီး ကျနော်တို့ သူတို့ပစ်ရင်လည်း ပစ်ဆိုပြီး ငြိမ်းချမ်းစွာဘဲ ဖမ်းဆီးသွားတဲ့ ၉ဦးနဲ့ သံဃာတော် တစ်ပါးကို ပြန်လွှတ်ပေးရန် ဆက်လက် တောင်းဆိုခဲ့ပါတယ်”ဟု တောင်းဆိုပွဲတွင် ပါဝင်တဲ့ ကိုအောင်ကျော်မြတ်က Arakan Times သို့ပြောသည်။

စစ်တပ်က ငြိမ်းချမ်းစွာတောင်းဆိုနေသူများအား ယခုလို ခြိမ်းခြောက်ပြောဆိုနေစဉ် နေ့လည် ၂း၀၀နာရီခန့်တွင် မြို့နယ်အုပ်ချူပ်ရေးမှူး ရောက်လာပြီး ဖမ်းဆီးခံရသူ ၉ဦးအား စစ်ဆေးမေးမြန်းပြီး ပြစ်မှုတစ်စုံတစ်ရာမရှိက ပြန်လည် လွှတ်ပေးမည်ဟု လူထုကိုပြောကြားပြီး နေ့လည် ၂း၄၅ နာရီတွင် တောင်းဆိုပွဲပြီးဆုံးခဲ့ကြောင်း သိရှိရသည်။

Written by မင်းသွီး    - arakan times

မြန်မာ့ခေါင်းဆောင်နှစ်ဦးကို အီးယူဂုဏ်ပြု

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေး အားမာန်နဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင် ပြောင်းလဲရေး သတ္တိတို့အပေါ် ဥရောပသမဂ္ဂ ( EU ) က ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။

ငြိမ်းချမ်းရေးနိုဘဲလ်ဆု ချီးမြှင့်ခံခဲ့ရတာ (၂၁)နှစ် ကြာမြင့်ခဲ့ပြီးတဲ့နောက် နော်ဝေနိုင်ငံ အော်စလိုမြို့မှာ နိုဘဲလ်ဆု လက်ခံမိန့်ခွန်း ပြောကြားနိုင်ခဲ့ပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အလွန့်အလွန် ပြောင်မြောက်တဲ့စွမ်းဆောင်ချက်တွေနဲ့အတူ သန်းနဲ့ချီတဲ့ လူထုတွေအတွက် မျှော်လင့်ချက်ရောင်ခြည် ပေးနိုင်ခဲ့ပါပြီလို့ အီးယူအကြီးအကဲ မစ္စတာ ဟိုဆေး မဲနူယယ် ဘာရိုဆိုက မနေ့က ပြောကြားလိုက်ပါတယ်။

အလားတူ - မြန်ဆန်လှတဲ့ ပွင့်လင်းမှုနဲ့အတူ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို လျှောက်လှမ်းလာမယ်လိမ့်မယ်ရယ်လို့ လွန်ခဲ့တဲ့ လေးငါးနှစ်တုန်းက တွေးတောစဉ်းစားလို့ မရနိုင်ခဲ့တဲ့ မြန်မာနိုင်ငံကို ဦးဆောင်ပြောင်းလဲနေတဲ့ သမ္မတ ဦးသိန်းစိန်ဟာလည်း သူရသတ္တိနဲ့ ပြည့်စုံပါပေတယ်လို့ အီးယူအကြီးအကဲက ချီးကျူးပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ ရှေ့ကို ဆက်သွားနေမှာဖြစ်တယ်လို့ မိမိတို့မျှော်လင့်ကြောင်း၊ ပြဿနာတွေ နက်ရှိုင်းလှတဲ့ မြန်မာပြည်အတွက် အမျိုးသားပြန် လည် သင့်မြတ်ရေးဟာ အရေးကြီးနေဆဲဖြစ်ကြောင်း၊ အီးယူအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် အားပေးထောက်ခံ သွားမှာဖြစ်သလို၊ မြန်မာပြည်ကိုလည်း နိုင် ငံတကာမိသားစုအလယ်မှာ ထိုက်တန်တဲ့နေရာရအောင် ပံ့ပိုးကူညီသွားမှာဖြစ်ကြောင်း ပေါ်တူဂီ ၀န်ကြီးချုပ်ဟောင်း၊ အီးယူအကြီးအကဲ မစ္စတာ ဟိုဆေးဘာရိုဆိုက ပြော ကြား လိုက်ပါတယ်။

နိုဘဲလ်ဆုကော်မတီ ဥက္ကဋ္ဌ Mr. Thorbjorn Jagland ကလည်း ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား ခဲ့ရာမှာ တရုတ်ပြည်မှာ အကျဉ်းကျခံနေရတဲ့ ၂၀၁၀ ခုနှစ် ငြိမ်းချမ်းရေးနိုဘဲလ် ဆုရှင် လျူရှောက်ပိုကိုလည်း အော်စလိုကိုလာရောက်ပြီး ဆုလက်ခံနိုင်စေလိုကြောင်း၊ လျူရှောက်ပို အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်လောက် နှစ်ကာလကြာရှည်စောင့်ဆိုင်းရမှာ မဟုတ်ဘူးလို့လည်း မျှော်လင့်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။


RFA Burmese

ဦးကျော်လှအောင်နှင့် ပတ်သက်၍ နယ်စည်းမထား ဆရာဝန်များ အဖွဲ့ရှင်းလင်း


ရန်ကုန်၊ ဇွန်-၁၈
နယ်စည်းမထားဆရာဝန်များအဖွဲ့    (MEDECINS SANS FRONTIERES -HOLLAND (AZG))    မှ ၀န်ထမ်းတစ်ဦးဖြစ်သူ ဦးကျော်လှအောင်သည် ရခိုင်ပြည်နယ်အတွင်း၌ အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်မှုရှိသည်ဟူသော သတင်းများနှင့်ပတ်သက်၍   AZG မှ ရှင်းလင်းပွဲတစ်ရပ် ဇွန် ၁၇ ရက် ယနေ့တွင်ပြုလုပ်ခဲ့သည်။

သက်ဆိုင်ရာမှ AZG ရှိ ရုံးခန်းများနှင့် ဂိုဒေါင်များအားကောင်းမွန်စွာဝင်ရောက်ရှာဖွေခြင်း ပြုလုပ်ခဲ့ပြီးဖြစ်ပြီး မသင်္ကာဖွယ်ရာ တစ်စုံတစ်ရာတွေ့ရှိခဲ့ခြင်းမရှိခဲ့ကြောင်း    AZG    မှ ဒုတိယဌာနေကိုယ်စားလှယ်   Ms. Vickie Hawkins  က ရှင်းလင်းပွဲတွင်ပြောသည်။

AZG မှ ၀န်ထမ်းများသည် မိမိတို့ စီမံကိန်းများ လုပ်ကိုင်လျက်ရှိရာ နိုင်ငံများ၏ ဥပဒေများအား လိုက်နာဆောင်ရွက်ရပြီး   AZG    မှလည်း လိုက်နာရမည့် စည်းကမ်းချက်များအား လက်မှတ်ရေးထိုး ထားစေကြောင်းသိရသည်။ အကယ်၍ ဖောက်ဖျက်ခဲ့ပါက စည်းမျဉ်းအတိုင်း အရေးယူမည်သာ ဖြစ်ကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် ဦးကျော်လှအောင်ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ ခေါ်ယူစစ်ဆေးသည်မှာမှန်သော်လည်း အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်သွယ်မှုရှိသည် မရှိသည်ကို အတည်ပြုပြောကြားခြင်းမရှိသေးကြောင်း သတင်းရရှိသည်။

ဦးကျော်လှအောင်သည်   AZG  ၏ စီမံရေးရာဌာနတွင် အလုပ်လုပ်လျက်ရှိသော ၀န်ထမ်းတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံတွင်နေထိုင်သည့် မွတ်စလင်လူမျိုးတစ်ဦးဖြစ်ကာ   AZG   တွင် တာဝန်ထမ်းဆောင်ခဲ့သည်မှာ ၁၀ နှစ်ခန့် ရှိပြီဖြစ်ကြောင်း   AZG   မှ အတည်ပြုပြောကြားသည်။

by 7Day News Journal

ကျောက်တော်မြို့ နယ် မှာ လူနေအိမ် ၁၂ လုံး မီးရှို့ ခံရ


"ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းအကြမ်းဖက်သမားများက လူနေအိမ်များ မီးရှို့ဖျက်ဆီးခြင်းအား နယ်မြေခံတပ်မတော်သားများဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့"

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာ၌ ဇွန် ၁၅ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် လူနေထိုင်ခြင်းမရှိသည့် တဲအိမ် ၁၂ လုံး မီးရှို့ခံရမှုဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ဖစ်စဉ်အားစိစစ်ရာတွင် အကြမ်းဖက်သမားအချို့သည် ကျေးရွာ
အစွန်ပိုင်း လူနေခြင်းမရှိသည့် သက်ငယ်မိုးတဲအိမ်များအား မီးကွင်းပစ်၍ ထွက်ပြေးသွားကြောင်း သတင်းရလျှင်ရချင်း အနီးဝန်းကျင်ရှိ လုံခြုံရေးတပ်ဖွဲ့များ အချိန်မီရောက်ရှိ မီးငြှိမ်းသတ်သဖြင့် လူနေအိမ် ၂ဝဝ အနက် ၁၂ လုံးသာ မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အလစ်ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား
ဒေသအာဏာပိုင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆူပူအကြမ်းဖက်မှုကို မလိုလားသောပြည်သူများပူးပေါင်း၍ အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိသည်။

(သတင်းစဉ်)

Popular Myanmar News Journal

"မောင်တောမြို့နယ်အတွင်း ဆူပူအကြမ်းဖက်သူများအား ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်အစိုးရ၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်
ဒေသခံများ ဝိုင်းဝန်းပူးပေါင်း လုံခြုံရေးဆောင်ရွက်မှုကြောင့်
မောင်တောမြို့အပါအဝင် ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ဇွန်
၁၃ ရက်မှစ၍ အေးချမ်းတည်ငြိမ်လျက်ရှိသည်။ ထိုသို့ အေးချမ်း
တည်ငြိမ်မှုအား ဆက်လက်ထိန်းသိမ်းရန် လုံခြုံရေးအဖွဲ့များသည်
ဒေသခံများနှင့် ဝိုင်းဝန်းလက်တွဲ၍ နေ့/ညမပြတ် လုံခြုံရေး
လှည့်ကင်းများ ဆောင်ရွက်ခဲ့ရာ ဇွန် ၁၅ ရက် နံနက် ၁၁ နာရီ
၄၅ မိနစ်တွင် မောင်တောမြို့နယ် ချိန်ခါလီကျေးရွာသို့
ရောက်ရှိစဉ် မသင်္ကာဖွယ် တုတ်၊ ဓားများကိုင်ဆောင်၍
စုရုံးလျက်ရှိသည့် အကြမ်းဖက်သမား ၃ဝ ဦးတွေ့ရှိ၍ လူစုခွဲရန်
ဆောင်ရွက်စဉ် အဖွဲ့ခွဲ၍ထွက်ပြေးသွားကြသည်။
ထွက်ပြေးသွားသည့် အကြမ်းဖက်သမားများနောက်သို့
လုံခြုံရေးအဖွဲ့များက အဖွဲ့ခွဲ၍ ရွာနှင့် ပတ်ဝန်းကျင်အနီး
ဝိုင်းပတ်ဖမ်းဆီးခဲ့ရာ အကြမ်းဖက်သမား ၂၂ ဦးတို့အား ¤င်းတို့
အသုံးပြုသော အသံပေးကျွဲချိုတစ်ချောင်း၊ လေးပေအရှည်
ငါးမူးလုံးသံချောင်း (ထိပ်ချွန်ပြီး) ခုနစ်ချောင်း၊ အရှည်တစ်ပေခန့်ရှိ
ဓားချွန်တစ်ချောင်း၊ သုံးပေခန့်ရှိ သစ်သားချောင်း ၁ဝ ချောင်း၊
လေးပေအရှည် သံဆူး(ထိပ်ချွန်) နှစ်ချောင်း တို့နှင့်အတူ ဖမ်းဆီး
ရမိခဲ့သည်။ ဖမ်းဆီးရမိ တရားခံများအား သက်ဆိုင်ရာနယ်မြေ
ရဲစခန်းသို့လွှဲပြောင်း၍ တရားဥပဒေနှင့်အညီ အရေးယူ
ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

မမှန်သတင်းပေးမှုဖြင့် NLD အတွင်းရေးမှူးကို ရွေးကောက်ပွဲ ကော်မရှင်တရားစွဲ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးနှင့် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဥာဏ်ဝင်းကို နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် ပြစ်မှုဆိုင်ရာပုဒ်မ ၁၈၂ အရ သတင်းမမှန်ပေးမှုဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားစွဲဆိုထားကြောင်း NLD ပါတီပြောရေးဆိုခွင့် ရှိသူ ဦးအုန်းကြိုင်က The Voice Weekly သို့ ပြောကြားသည်။

NLD ပါတီ အတွင်းရေးမှူး ဦးဥာဏ်ဝင်းသည် ဧပြီလ ၁၇က် ကြားဖြတ်ရွေးကောက်ပွဲကာလ၌ မဲလက်မှတ်များတွင် ဖယောင်းသုတ် မှုများရှိနေသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြား ခြင်းဖြစ်ကြောင်း NLD ပါတီထံမှသိရှိရသည်။

အဆိုပါအမှုကို ၂၀၁၂ ခုနှစ် ဇွန် လ ၁၄ရက်နေ့တွင် ဇမ္ဗူသီရိ တရားရုံးသို့ အမှုရင်ဆိုင်ရန်ဆင့်ခေါ်ထားပြီး ဦးဥာဏ်ဝင်းသည် ဇွန်လ ၁၃ ရက်နေ့ကပင် နေပြည်တော်သို့သွားရောက် တရားရင်ဆိုင်လျက်ရှိကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်ကဆိုသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ The Voice Weekly မှ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသို့ တယ်လီဖုန်းဖြင့် သုံးကြိမ်ခန့်ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူများအစည်းအဝေးပြုလုပ်နေသဖြင့် မအားလပ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ဖယောင်းသုတ်မှုဖြစ်စဉ် လုံးဝဖြစ်ပွားခဲ့မှုမရှိကြောင်း၊ တရားဝင်တိုင်ကြားသူလည်း မရှိကြောင်းနှင့် ယခုကဲ့သို့ မမှန် မကန်စွပ်စွဲပြောဆိုမှုများကြောင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲဂုဏ်သိက္ခာ ကျဆင်းနိုင်သဖြင့် မမှန်မကန်တိုင်ကြားသူအား ကော်မရှင်က လိုအပ်လျှင်အရေးယူနိုင်ရန် ဥပဒေနှင့်အညီ ခေါ်ယူရှင်းလင်း အသိပေးခြင်းဖြစ်ကြောင်း ဖယောင်းသုတ်သည့် တိုင်ကြားမှုနှင့်ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မေလ၉ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

The Voice Weekly

စစ်တွေမြို့ အခြေအနေ ပုံမှန်နီးပါး ပြန်ဖြစ်လာ

ဇွန်လ ၁၆ ရက်တွင် စစ်တွေမြို့သို့ ကျန်းမာရေးနှင့် ရှာဖွေကူညီကယ်ဆယ်ရေးအဖြစ် ရန်ကုန်တိုင်း ကြက်ခြေနီတပ်ဖွဲ့ဝင် ၄၀ ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင် အင်အား ၂၀၀ တို့ လေယာဉ်ဖြင့် နေ့လည်ပိုင်းတွင် ရောက်ရှိလာခဲ့သည်။ လေယာဉ်ကွင်းမှ နာဇီဈေးသို့ တိုက်ရိုက်သွားရောက်ပြီး မီးလောင်ဆုံးရှုံးမှုကြောင့် ပျက်စီးခဲ့သော အပျက်အစီးများကို စတင်ရှင်းလင်းခဲ့ကြသည်။ စစ်တွေမြို့တွင် ဒုက္ခသည်စခန်း ၅၁ ခုရှိနေပြီဖြစ်သည်။ ဒုက္ခသည်များမှာ ကြောက်လန့်မှုဖြင့် စိုးရိမ်နေကြဆဲဖြစ်ကြောင်း သိရသည်။ ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
စစ်တွေမြို့ပေါ်တွင် ဈေးဆိုင်ခန်းတစ်ချို့ ဖွင့်လှစ်ရောင်းချလာကြပြီး ပြည်သူအများစုမှာ ယခင်ပုံ မှန်နီးပါးအတိုင်း သွားလာလှုပ်ရှား နေကြပြီဖြစ်သည်ကို တွေ့ရသည်။ မော်တော်အများစုမှာ ကယ်ဆယ် ရေးစခန်းများအတွက် စားနပ်ရိက္ခာနှင့် ထမင်းထုပ်များ၊ ရေသန့်ဘူးများ တင်ဆောင်ကာ မြို့တွင်း လမ်းမများတွင် သွားလာနေကြသည်။

စစ်တွေမြို့ပေါ်တွင် ကယ်ဆယ်ရေးစခန်းများအတွက် အလှူငွေနှင့် စားနပ်ရိက္ခာများ အလှူခံလျှက်ရှိသည့် နေရာများကို အသီးသီးတွေ့မြင်နေရသည်။ ယခင်တွေ့မြင်နေကျမြင်ကွင်းများနှင့် ခြားနားသည်မှာ စစ်တွေမြို့လမ်းများပေါ်တွင် ဘင်္ဂါလီလူမျိုးများကို မတွေ့မြင်ရခြင်းပင်ဖြစ်သည်။

ပုဒ်မ ၁၄၄ ကို ဇွန် ၁၇ ရက်အထိ ဆက်လက်ထုတ်ပြန်ထားဆဲဖြစ်ပြီး ယင်းဥပဒေရုပ်သိမ်းပါက နောက်တွဲပြဿနာများ ဖြစ်ပေါ်လာမည်ကို ရခိုင်လူမျိုးအများစုက စိုးရိမ်ပူပန်နေဆဲဖြစ်သည်။

“မာရှယ်လောက အခုရုပ်သိမ်းလို့မဖြစ်သေးဘူး။ ညဖက်မာရှယ်လောရှိနေလို့လည်း ဒီလောက်ငြိမ်နေတာ။ မရှိရင် ဟိုဖက်ဒီဖက် ပြဿနာတွေဖြစ်နိုင်သေးတယ်။ အဓိကကတော့ လုံခြုံရေးအင်အား အပြည့်အ၀မရှိ တာရယ်၊ လုံခြုံရေးယူထားတဲ့ လူတွေ မကျွမ်းကျင်တာရယ်ပဲ။ ဒီညတွေတော့ စစ်တွေမြို့က နေရာ ၂၀ ကျော်ကို စစ်တပ်လုံခြုံရေးအပြည့်ချထားတဲ့အတွက် ပြဿနာတွေမရှိပါဘူး”ဟု RNDP ပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်ကဆိုသည်။

အနှေးယာဉ်မောင်းများ၊ ဆိုင်ကယ်တက္ကစီများလည်း ပြန်လည်ထွက်လာကြပြီဖြစ်ပြီး စာသင်ကျောင်းများမှာတော့ ဆက်လက်ပိတ်ထားဆဲဖြစ်သည်။

7Day News Journal

ဒေါ်အောင်ဆန်းစုကြည် နှင့် နော်ဝေ လူထုတွေ့ ဆုံပွဲ (ရုပ်/သံ)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် နော်ဝေ လူထုတွေ့ ဆုံပွဲ (ရုပ်/သံ) ရိုက်တာ

ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော နိုဘယ်လ် မိန့်ခွန်း ဘာသာပြန် စဆုံး

ဘုရင်မင်းမြတ်၊ တော်ဝင် အမျိုးအနွယ်ဝင်များ၊ အစိုးရအဖွဲ့ဝင်လူကြီးမင်းများ၊ နှင့် ဂုဏ်သရေရှိ နော်ဝေနိုင်ငံမှ နိုဘယ်ဆုပေးအပ်ရေး အဖွဲ့ဝင်များ လူကြီးမင်းများနှင့် မိတ်ဆွေသင်္ဂဟအပေါင်းတို့ရှင့်….

လွန်ခဲ့တဲ့ နှစ်တော်ကြာတုန်းက ဒါကတစ်ခါတစ်လေလည်း ဟိုးဘ၀ပေါင်းများစွာတုန်းကလို ထင်မိပါတယ်… ကျွန်မ အောက်စဖို့မှာ နေနေတုန်း Desert Island Discs လို့ခေါ်တဲ့ ရေဒီယို အစီအစဉ်လေးကို ကျွန်မရဲ့သားငယ် အလက်ဇန္ဒားနှင့် အတူတူ နားထောင်ခဲ့ဖူးတယ်။ ဒီရေဒီယိုအစီအစဉ်က တော်တော်လေး လူကြိုက်များပြီး ကျွန်မသိသလောက် အခုချိန်ထိ ဆက်လက်ထုတ်လွှင့် နေတယ်ဆိုပါတယ်။ ဒီအစီအစဉ်မှဆိုရင် လူတန်းစားပေါင်းစုံက ကျော်ကြားသူတွေကို ဖိတ်ကြားပြီး ဓါတ်ပြား ရှစ်ချပ်စာလောက် ဆွေးနွေး ပြောကြားကြတယ်။ ဒီအကြောင်းတွေကို ထုတ်ထားတဲ့ စာအုပ်ဟာဆိုရင် သမ္မာကျမ်းစာနှင့် ရှိတ်စပီယား ၀တ္ထုတွေလောက် ရောင်းအားသွက်ခဲ့ပါတယ်ပြီး လူသူအရောက်အပေါက်နည်းတဲ့ ကျွန်းမှာတစ်ယောက်တည်း ကျန်ခဲ့ရင်တောင် ကိုယ်နှင့်မကွာ ရှိနေစေချင်ကြတဲ့ အမြတ်တနိုးပစ္စည်း အသုံးအဆောင်လို့တောင် ဆိုကြပါတယ်။ ဒီအစီအစဉ်ကိုနားထောင်လို့ အပြီးမှာ သားလေးကကျွန်မကို မေမေ တစ်ချိန်ချိန်မှာ မေ့မေ့ကို Desert Island Discs မှာ ဒီလိုပြောခွင့် ရမယ်လို့ထင်လား လို့မေးပါတယ်။ ဘာလို့မရ မလဲ ဟုကျွန်မက ခပ်အေးအေးပဲ ပြန်ဖြေခဲ့ပါတယ်။ သားလေးက ဒီအစီအစဉ်တွေကို ယေဘုယျအားဖြင့် ထင်ပေါ်ကျော်ကြားတဲ့သူတွေပဲ ပါဝင်နိုင်တယ်ဆိုတာ သိရက်နှင့်ပင် ကျွန်မကို ဘာအတွက်ကြောင့် မေမေ့ကိုဖိတ်မယ်လို့ ထင်တာလဲလို့ ရိုးရိုးတန်းတန်းသိချင်တဲ့ သဘောနဲ့ ဆက်မေးခဲ့ပါတယ်။ ကျွန်မခဏလောက်စဉ်းစားလိုက်တယ် ပြီးမှ မေမေက စာပေဘက်မှာ နိုဘယ်ဆုရခဲ့ရင်ပေါ့ သားရယ်လို့ ပြောပြီး ကျွန်မတို့ ၂ ယောက်စလုံး ရယ်လိုက်ကြပါတယ်။ မှန်းချက်ကတော့ ဟုတ်နေတာပဲ ဒါပေမယ့်တကယ်ဖြစ်လာဖို့သာခက်တာပါ။

အခုတော့ကျွန်မဘာလို့ ဒီလိုဖြေခဲ့လဲဆိုတာ စဉ်းစားလို့ရပြီ အဲဒီအချိန်မတိုင်ခင်က နိုဘယ်ဆုရခဲ့တဲ့ စာအုပ်တစ်အုပ်ဖတ်ခဲ့လို့ ဖြစ်နိုင်သလို Desert Island ရဲ့ပင်တိုင်တွေဟာလည်း ကျော်ကြားတဲ့ စာရေးဆရာတွေ ဖြစ်လို့ပဲဖြစ်မှာပါ။

၁၉၈၉ တုန်းက ကျွန်မရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့ ခင်ပွန်း မိုက်ကယ်အဲရစ်က ကျွန်မနေအိမ်တွင်း အကျဉ်းကျခံ နေရတုန်းလာတွေ့တယ်။ သူက ဂျွန်ဖန်နစ် လို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်က ကျွန်မကို နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် နာမည်ပေးသွင်းထားကြောင်း ပြောပါတယ်။ အဲ့ဒီအချိန်မှာလည်း ကျွန်မရယ်ခဲ့တယ်။ ခဏလောက်တော့ မိုက်ကယ်က အံ့သြသွားတယ်. နောက်မှ ကျွန်မဘာလို့ ရယ်တာလဲ ဆိုတာကို နားလည်သွားပါတယ်။ နိုဘယ်ဆုလေ မှန်းချက်ကသာဟုတ်နေတာလေ ဖြစ်လာဖို့ဆိုတာမှ မလွယ်တာ။ ဒါကြောင့် ကျွန်မတကယ် နိုဘယ်ဆုရတဲ့အခါ ကျွန်မဘယ်လို ခံစားရသလဲ။ ဒီမေးခွန်းက ကျွန်မကို ခဏခဏမေးဘူးတယ် ဒီအချိန်မှာတော့ နိုဘယ်ဆုဆိုတာ ကျွန်မအတွက်ဘာလဲ ငြိမ်းချမ်းရေးဆိုတာ ကျွန်မဘယ်လို အဓိပ္ပာယ်ဖော်လည်းဆိုတာ ကိုပြန်လည်သုံးသပ်ရမယ့် အသင့်တော်ဆုံးအချိန်ဖြစ်နေပါပြီ။

ကျွန်မ အင်တာဗျူးတော်တော်များများမှာ လည်းအကြိမ်ကြိမ်ပြောခဲ့ဘူးပါတယ်… တစ်ညနေမှာရေဒီယိုက ကျွန်မနိုဘယ် ငြိမ်းချမ်းရေးဆုရကြောင်းကြေငြာသွားတာကြားလိုက်ရတယ်။ ကျွန်မ မအံ့သြခဲ့ပါဘူး ဒီမတိုင်ခင် ရသတ္တပါတ်က ကျွန်မဟာ နိုဘယ်ဆုအတွက် စကာတင်ထဲမှာပါတယ်ဆိုတာကို ထုတ်လွှင့်မှုတွေမှာ ဖော်ပြတာကိုကြားခဲ့ရပါတယ်။ အခု ဒီမိန့်ခွန်းတွေအတွက် စာကြမ်းစီနေတုန်းမှာပဲ ကျွန်မ ဆုကိုကြေငြာလိုက် တဲ့အချိန်ပြီးပြီးချင်း ဘယ်လိုဖြစ်သွားလည်းဆိုတာကို ကြိုးကြိုးစားစား တွေးခဲ့ပါသေးတယ်။ ကျွန်မသိပ် မသေချာဘူးလို့ထင်တယ် သြော်သူတို့တွေ ငါ့ကိုဒီဆုပေးဖို့ ဆုံးဖြတ် လိုက်တာကိုဆိုတာမျိုးလောက်ပဲ။ ဒါကလည်း သိပ်ပြီး တကယ်မဟုတ်သလိုပဲ ဘာလို့လည်းဆိုတော့ ကျွန်မကိုယ်တိုင်ကိုယ်က သိပ်ပြီး လက်တွေ့မဆန်သလို၊ တကယ်မဟုတ်သလို ခံစားခဲ့ရပါတယ်။

ကျွန်မနေအိမ်အကျယ်ချုပ်နှင့် နေရစဉ်က မကြာခဏဆိုသလို ကိုယ့်ကိုယ်ကို တကယ့် လောကကြီးနဲ့ တစ်ဆက်တည်း နေရတာမဟုတ်သလို ခံစားရတယ်။ အိမ်ကပဲကျွန်မ ရဲ့ကမ္ဘာ။ တခြားသူတွေရဲ့ မလွတ်လပ်တဲ့ ကမ္ဘာလည်း ရှိသေးတယ် ဒါပေမယ့်သူတို့ဟာ ထောင်ထဲမှာ လူအဖွဲ့အစည်းလေး တစ်ခုအနေနှင့် ရှိကြတယ်။ နောက်ပြီး လွတ်လပ်တဲ့ ကမ္ဘာဆိုတာလည်း ရှိသေးတယ်။ ဒီကမ္ဘာတွေက သူ့လမ်းကြောင်းနဲ့သူ သီးခြားစကြ၀ဠာမှာ လည်ပတ်နေသလိုပဲ။ နိုဘယ်ငြိမ်းချမ်းရေးဆုက ကျွန်မကို ကျွန်မနေတဲ့ သီးခြား ကမ္ဘာလေးထဲကနေ တစ်ဖန်ပြန်ပြီး တခြားလူသားတွေနေတဲ့ နေရာကို ပြန်ဆွဲထုတ် ပေးလိုက်သလိုပဲ၊ ပိုပြီး စစ်မှန်တဲ့ တကယ့်လက်တွေ့ ဘ၀ထဲကို ပြန်ထည့်ပေးလိုက်သလို ခံစားရပါတယ်။ ဒါကလည်း ချက်ခြင်းကြီးဖြစ်လာတာတော့ မဟုတ်သေးပါဘူး၊ ဖြတ်သန်းခဲ့ရတဲ့ နေ့လရက်အချိန်တွေ လေလှိုင်းကြားကနေ ဖြတ်လာကြတဲ့ ဒီဆုကို တုန့်ပြန်မှု သတင်းတွေနှင့် ဒီနိုဘယ်ဆုရဲ့ အရေးပါပုံကို ကျွန်မနားလည်လာ ရပါတယ်။ ဒီဆုဟာကျွန်မကို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ နှင့်လူ့အခွင့်အရေး အတွက် လှုပ်ရှား ရုန်းကန်ရာမှာ ကမ္ဘာရဲ့ အာရုံစိုက်မှုကို ရစေပါတယ်။ ကျွန်မတို့ကို မေ့မသွားကြပါဘူး။

မေ့သွားကြမယ်ဆိုရင။် ပြင်သစ်လူမျိုးတွေပြောတာက ခွဲခြားထားခြင်းဟာ နည်းနည်းခြင်း သေဆုံးဖို့တဲ့။ အမေ့ခံရတယ်ဆိုတာကိုယ်တိုင်ကိုက နည်းနည်းလေး သေဆုံးပျက်စီးကြစေပဲတဲ့။ ဒီလိုသာဖြစ်မယ်ဆိုရင် ကျွန်မတို့ကိုတွယ်ဆက်ထားတဲ့ လူ့အဖွဲ့အစည်းရဲ့ ကျန်တဲ့အပိုင်းတွေနဲ့ တွယ်ဆက်ထားတဲ့နေရာ အချို့ ပြတ်တောက်သွားမှာဖြစ်ပါတယ်။ ကျွန်မ ထိုင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနှင့် ဒုက္ခသည်တွေ ဆီကို မကြာသေးမီကမှ သွားရောက်တွေ့ဆုံခဲ့ပါတယ် အဲ့ဒီမှာလူအများက ကျွန်တော်တို့ကို မေ့မထားပါနဲ့ လို့အော်ကြတယ်။ သူတို့ဆိုလိုတာက သူတို့ရဲ့ ဒုက္ခတွေကို မေ့မထားပါနဲ့၊ သူတို့ကိုကူညီနိုင်တဲ့ကိစ္စတွေကို မေ့မထားပါနဲ့၊ ကျွန်တော်တို့ကလည်း ခင်ဗျားတို့နဲ့ တစ်ကမ္ဘာတည်းနေနေတာပါဆိုတာမေ့မထားပါနဲ့ပေါ့။ နိုဘယ်ဆုရွေးချယ်ရေး ကော်မတီက ကျွန်မကို နိုဘယ်ငြိမ်းချမ်းရေးဆု ပေးအပ်လိုက်တဲ့အခါ ကမ္ဘာက ဖိနှိပ်ခံ၊ သီးသန့်နေထိုင်နေကြတဲ့မြန်မာလူမျိုးတွေကလည်း ဒီကမ္ဘာမြေရဲ့ တစ်စိတ်တပိုင်းပါလား ဆိုတာကိုသတိပြုမိလာကြတယ်။ လူသားတွေအားလုံး အတွက်တစ်ခုတည်းဖြစ်တဲ့ လူသားချင်း စားနာထောက် ထားရမှာတွေကို သတိပြုမိလာကြတယ်။ ဒါကြောင့်ကျွန်မအတွက် နိုဘယ်ငြိမ်းချမ်းရေး ဆုရခြင်းဟာ ကျွန်မရဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုတွေကို မြန်မာနိုင်ငံရဲ့ တစ်ခုတည်း အတွက် မဟုတ်ပဲနိုင်ငံရဲ့ နယ်နိမိတ်ကို ကျော်လွန် ထွက်သွားစေပါတယ်။ ဒီဆုဟာ ကျွန်မ နှလုံးသား တံခါးကို ပွင့်သွားစေပါတယ်။

မြန်မာတွေရဲ့ ငြိမ်းချမ်းရေးနှင့် ပတ်သက်လို့ ခံယူချက်ကတော့ ဘေးဒုက္ခတွေနဲ့ မကောင်းမှုတွေကနေ ရပ်တန့်သွားတဲ့ အတွက်ကြောင့် ဖြစ်ပေါ်လာတဲ့ ပျော်ရွှင်မှုခံစားချက်လို့ ဆိုပါတယ်။ ငြိမ်းချမ်းဆိုတဲ့ စကားနှစ်လုံးကပဲ တိုက်ရိုက်ဘာသာပြန်ရင် မီးငြိမ်းသွားတဲ့အခါမှာ ဖြစ်တဲ့ ကောင်းမွန်တဲ့အေးချမ်းမှုလို့ ဆိုပါတယ်။ ဆင်းရဲတဲ့ခံစားမှုနှင့် အကြမ်းဖက်မှုကြောင့် ဖြစ်လာတဲ့မီးတွေဟာ ကမ္ဘာမှာ တဟုန်းဟုန်းတောက် လောင်နေပါတယ်။ ကျွန်မရဲ့ နိုင်ငံအတွင်းမှာရော မြောက်ဖက်ပိုင်းက ရန်မီးတွေကလည်း မငြိမ်းသေးသလို အနောက်ဘက်မှာလည်း အကြမ်းဖက်မှုတွေကြောင့် မီးရှို့ဖျက်စီးမှုတွေ၊ လူသတ်မှုတွေ ဟာလည်း ကျွန်မဒီခရီးမထွက်ခင် ရက်အနည်းငယ် အတွင်းကမှ ပေါ်ပေါက်လာခဲ့ပါတယ်။ ကမ္ဘာမြေရဲ့ အခြားနေရာက ရက်စက်မှုတွေရဲ့သတင်း တွေလည်း အများကြီးရှိပါတယ်။ ငတ်ပြတ်မှုသတင်းတွေ၊ ရောဂါဘယတွေ၊ တိုက်ခိုက်အနိုင်ယူတာတွေ၊ အလုပ်လက်မဲ့တွေ၊ ဆင်းရဲမွဲတေမှုတွေ၊ တရားမမျှတမှုတွေ၊ ခွဲခြားဆက်ဆံ ခံရတာတွေ၊ အယူဝါဒအစွဲတွေ၊ ကိုယ့်အယူဝါဒနဲ့မတူရင် နှိပ်ကွပ်တာတွေ ဟာဆိုရင် နေ့စဉ်တွေ့နေရပါတယ်။ နေရာတိုင်းမှာ ငြိမ်းချမ်းမှုကို တိုက်စားပစ်တဲ့ အဖျက်အမှောင့် အင်အားတွေ ဆိုတာရှိပါတယ်။ နေရာတိုင်းမှာ ကမ္ဘာကြီး ပျော်ပျော်ရွှင်ရွှင်နဲ့ စည်းချက်ညီညီ ဖွံ့ဖြိုးဖို့ထိမ်းသိမ်းရန်လိုအပ်တဲ့ ပစ္စည်းနဲ့ လူ့စွမ်းအားအရင်း အမြစ်တွေ အလဟသတ်ဆုံးရှုံးနေတယ်ဆိုတာ တွေ့နိုင်ပါတယ်။

ပထမကမ္ဘာစစ်ဟာဆိုရင် ကမ္ဘာမြေအတွက် ကောင်းတဲ့အင်အားတွေဖြစ်စေမယ့် လူငယ်တွေနဲ့ သူတို့ရဲ့ အလားအလာတွေ ဆိုးဝါးစွား ပျက်စီးဆုံးရှုံးခဲ့ရတဲ့ သာဓကတစ်ခုဖြစ်ပါတယ်။ အဲ့ဒီခေတ်က ကဗျာတွေဟာ ဆိုရင် ကျွန်မအတွက် အထူးပဲ အရေးပါလှပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မစဖတ်တဲ့ အချိန်ဟာဆိုရင် ဒီလို ပွင့်ခါနီးမှာ အညွန့်ချိုးခံလိုက်ရတဲ့ လူငယ်တွေ အရွယ်မို့ပါ။ ပြင်သစ်တပ်တွေနဲ့အတူတိုက်နေရတဲ့ အမေရိကန် လူငယ်လေးတစ်ယောက်ဆိုရင် ၁၉၁၆ တိုက်ပွဲမှာမကျခင် ဒီလိုရေးသားခဲ့ပါတယ် `အငြင်းပွားဖွယ်ရာ ရှေ့တန်းစစ်မျက်နှာ အချို့မှာ´ `ဒဏ်ရာများနဲ့ပြည့်နှက်နေတဲ့ စစ်မျက်နှာပြင် တောင်စောင်းတွေမှာ´ `မီးတွေတဟုန်းဟုန်း တောက်နေတဲ့ မြို့ကြီးတွေဆီမှာ´။ လူငယ်တွေနှင့် ချစ်ခြင်းမေတ္တာနှင့် ဘ၀တွေဟာဆိုရင် အေးစက်တဲ့ အဓိပ္ပာယ်မဲ့ လုပ်ရပ်တွေ အောက်မှာ မထင်မရှား၊ လူမသိ ထာဝရ တိမ်မြုပ်ခဲ့ရတယ်။ ဘာအတွက်လည်း။ ၁၀ စုနှစ်တစ်ခုသာ ကုန်ခဲ့တယ် ကျေနပ်တဲ့ အဖြေမျိုး မရသေးပါဘူး။

ကျွန်မတို့ရဲ့ လူ့ဘောင်ကြီးနှင့် အနာဂတ်ကို အကြမ်းဖက်မှုတွေ၊ မတည်ငြိမ်မှုတွေ၊ မရေရာမှုတွေ ကနည်းအောင်မလုပ်နိုင်ရင် ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့မခံစားရဘူးလား။ စစ်ဆိုတာ ငြိမ်းချမ်းရေး အသတ်ခံလိုက်ရတဲ့ ကြိုးဝိုင်းတစ်ခုပါပဲ။ ဘယ်လိုပဲ ဒီဒုက္ခ သုက္ခတွေ လျစ်လျူရှုခံရပါစေ ဒီလိုခံရတာတွေအတွက် အငြင်းပွားမှုတွေ၊ ခွဲခြားခံရတယ်လို့မြင်လာတာတွေ၊ မတရားခံရမှုအတွက် ဖြစ်ပေါ်လာတဲ့ မကျေနပ်ချက်တွေ၊ ဒေါသတွေ ကတော့ တစ်ချိန်ချိန်မှာ အညောင့်ပေါက်လာကြမှာပါ။

အကျယ်ချုပ် နေလိုက်ရတဲ့ ကောင်းတဲ့အချက်တစ်ခုကတော့ ကျွန်မဘ၀မှာ သိလာ ခံယူလာတဲ့အမြင်တွေ၊ နဲ့စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို ကောင်းကောင်းတွေးဆဖို့ အချိန်အလုံ အလောက်ရခဲ့တာပါပဲ။ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ဒုက္ခဆိုတဲ့ စကားလုံးကို ငယ်ငယ်တည်းက ရင်းနှီးခဲ့ပါတယ် ယေဘုယျဒုက္ခဆိုတာ ခံစားရခြင်းလို့ ဘာသာပြန်နိုင်ပါတယ်။ နေ့တိုင်းလိုလို ကျွန်မနားက လူကြီးတွေနဲ့ တစ်ချို့သိပ်မကြီးသေးတဲ့ သူတွေပါ သူတို့နည်းနည်း နာတာကျင်တာခံစားရတဲ့ အခါမှာဖြစ်ဖြစ်၊ အသေးအဖွဲ စိတ်ညစ်စရာလေးတွေ ကြုံရင်ပဲဖြစ်ဖြစ် ဒုက္ခ ဒုက္ခ ဆိုပြီး ညည်းနေကြတယ်။ ဒါပေမယ့် ကျွန်မ နေအိမ် အကျယ်ချုပ်နဲ့ နေရတဲ့အချိန်မှာမှာ ဒုက္ခဆင်းရဲခြောက်မျိုး အကြောင်းကို သေချာလေ့လာခွင့်ရခဲ့တာပါ။ ပဋိသန္ဓေနေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်း၊ ချစ်ခင်သူနှင့်ခွဲခွာရခြင်း၊ မချစ်ခင်သူနဲ့ အတူတကွနေရခြင်း တို့ဖြစ်ပါတယ်။ ကျွန်မဟာ ဒီခြောက်ချက်ကို နေ့စဉ်ဘ၀မှာ ဘာသာရေးအမြင်နဲ့မဟုတ်ပဲ လောကီအမြင်နဲ့ လေ့လာပါတယ်။ ဒီဒုက္ခတွေဟာ ကျွန်မတို့ ရဲ့ဘ၀မှာ ရှောင်လို့မရနိုင်ရင်၊ လက်တွေ့ကျကျ လျော့နည်းနိုင်သမျှ နည်းအောင်လုပ်ရမယ်။ ကိုယ်ဝန်ဆောင်စဉ်နဲ့ မွေးပြီးချိန်မှာ မိခင်နှင့်ကလေး စောင့်ရှောက်မှုအတွက် အစီအစဉ်တွေကိုပိုပြီး ထိထိရောက်ရောက် ဖြစ်အောင်လုပ်ပေးရမယ်၊ သက်ကြီးရွယ်အိုတွေ အတွက် လိုအပ်တဲ့ ၀န်ဆောင်မှုတွေကိုပေးနိုင်ရမယ်၊ ကျန်းမာရေးအခြေခံစောင့်ရှောက်မှု တွေ၊ မေတ္တာစေတနာနှင့်သုနာပြုစုမှုတွေ၊ နောက်ဆုံးနေ၀င်ချိန်မှာ စောင့်ရှောက်မှုပေးတဲ့ လုပ်ငန်းတွေကို ကောင်းကောင်း ဖြည့်ဆည်းပေးရမယ်။ နောက်ကကျန်တဲ့ ချစ်သောသူနှင့် ကွေကွင်းရခြင်း မချစ်မနှစ်သက်သူနှင့် အတူနေရခြင်းဆိုတဲ့ဒုက္ခ နှစ်မျိုးကို ကျွန်မပိုပြီး စိတ်ဝင်စား အလေးပေးမိပါတယ်။ ကျွန်မတို့ရဲ့ ဗုဒ္ဓဘုရားရှင်ဟာသူကိုယ်တိုင် ဘာလို့ဒီနှစ်မျိုးကို သူဘာတွေ ကြုံတွေ့ခဲ့ဘူးလို့ ဒုက္ခထဲမှာ ထည့်ခဲ့တာပါလိမ့်။ ကျွန်မကတော့ အကျဉ်းသားတွေ၊ ဒုက္ခသည်တွေ၊ ရွေ့ပြောင်း အလုပ်သမားတွေ၊ လူကုန်ကူးခံရတာ သူတွေဟာဆိုရင် အစုလိုက်အပြုံလိုက်ကို သူတို့ရဲ့နေရာဒေသ၊ အိမ်တွေ၊ မိသားစုတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေဆီ ကနေပြီး လိုလိုလားလားမရှိတဲ့ တစိမ်းတရံစာ ကြားတွေထဲမှာနေဖို့ ဆွဲနှုတ်ပြောင်းရွေ့ ခံခဲ့ရသလိုပါပဲ။

ကျွန်မတို့ဟာ လူ့အခွင့်အရေးအပြည့်နှင့် အထောက်အကူ ကောင်းကောင်းနှင့် အသက်အရွယ် ကြီးသည်အထိ မိမိတို့ဆန္ဒအလျောက် ဒါမှမဟုတ် လိုအပ်ချက်အလျောက် နေရနေရမယ်ဆိုရင်ကံကောင်းပါတယ်။ ကျွန်မဟာလည်း ဒီအသက်အရွယ်ထိ ဒီလိုအကျဉ်းသားတွေရဲ့ အရေးကို နေရာတိုင်းမှာ လူတိုင်းစိတ်ဝင်စား တဲ့အချိန်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတွေကို တစ်ကမ္ဘာလုံး မဟုတ်တောင် တော်တော်များများက လူတိုင်းရဲ့ မွေးရာပါ အခွင့်အရေးဆိုပြီး လက်ခံလာတဲ့ အချိန်ထိနေရတာ ကံကောင်းပါတယ်။

နေအိမ်အကျဉ်းကျနေတဲ့ အချိန်တော်တော်များများမှာ ကျွန်မဟာ လူအခွင့်အရေး ကြေငြာစာတမ်းက အကြိုက်ဆုံး စာပိုဒ်တွေကနေပြီးတော့ အားအင်တွေ မွေးယူခဲ့ရပါတယ်။

……….လူသားတွေ ရသင့်တဲ့အခွင့်အရေးကို မရတာ မျက်ကွယ်ပြုတာဟာ ဆိုရင် ရိုင်းစိုင်းပြီး လူမဆန်တဲ့ အပြုအမူမျိုးဖြစ်ပါတယ်။ လူသားတိုင်း လွတ်လပ်စွာ ပြောဆိုယုံကြည်ခွင့်တွေရလာမယ့် အချိန်၊ အကြောက်တရားတွေ ကင်းပြီး လူသားတိုင်း ရသင့်တဲ့အမြင့်ဆုံးအခွင့်အရေးတွေ လိုအပ်ချက်တွေကို ရလာမယ့်အချိန်………

…… လူသားတွေဟာ အနန္တရာယ်ရှိတဲ့ အလုပ်မျိုးကို အဓမ္မ ခိုင်းစေခံရတာမျိုးကို ကြံရာမရလို့ဖြစ်စေ၊ အာဏာသုံး၍ မတရားခိုင်းစေတာမျိုး၊ ဖိနှိပ်တာမျိုး မဖြစ်အောင် လူ့အခွင့်အရေးကို တရားဥပဒေနဲ့ ကာကွယ်သင့် ပါတယ်….

ကျွန်မကို မြန်မာနိုင်ငံမှာ လူအခွင့်အရေး လှုပ်ရှားမှုတွေဘာကြောင့် လုပ်နေရသလဲလို့ မေးလာရင် အပေါ်က စာပိုဒ်တွေဟာအဖြေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မကဒီမိုကရေစီဆန်တဲ့ အဖွဲအစည်းနှင့် လုပ်ဆောင်မှုတွေဟာ လူ့အခွင့်အရေးကို အာမခံချက်ပေးဖို့အတွက်လိုအပ်တယ်ဆိုတာကိုယုံတယ်။

ပြီးခဲ့တဲ့နှစ်တွေကဆိုရင် မြန်မာနိုင်ငံက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတွေဟာ ယုံကြည်သူတွေ အတွက်ဆိုရင် စတင်ပြီး အသီးအပွင့်တွေခံစားရမယ့် လက္ခဏာမျိုးတွေ့လာရပါပြီ။ ကောင်းတဲ့ဘက်ကို ပြောင်းလဲမှုမျိုးကိုမြင်နေ ရပြီ၊ ဒီမိုကရေစီစနစ်ဖြစ်ဖို့အတွက် ခြေလှမ်းတွေစတင်နေပြီလို့မြင်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်မ ဟာသတိကြီးကြီးနဲ့ အကောင်းအမြင် ၀ါဒကို လုပ်ဆောင်နေတယ် ပြောလို့ရပါတယ် ဒါဟာ ကျွန်မ နောက်အနာဂါတ်ကို မယုံလို့မဟုတ်ပါဘူး ဒါဟာကျွန်မ မျက်ကန်းမြင် ယုံကြည်မှုမျိုး မဖြစ်စေချင်လို့ သတိကြီးကြီးနဲ့ လုပ်ဆောင်နေတာပါ။ အနာဂါတ်ကို မယုံပဲနှင့်၊ ဒီမိုကရေစီ စံနှုန်းတွေအပေါ် ခိုင်မာတဲ့ ယုံကြည်ချက်မျိုးမရှိပဲနှင့် လူအခွင့်အရေး အခြေခံအချက်တွေဟာ ကျွန်မတို့လူ့အဖွဲ့အစည်းမှာ တကယ်လိုအပ်တာမက ဖြစ်နိုင်ခြေတယ် ဆိုတာမျိုးပါ မယုံပဲနှင့် ကျွန်မတို့လှုပ်ရှားမှု ဟာဒီလို ခက်ခဲကြမ်းတမ်း တဲ့နှစ်တွေမှာ ကြံ့ကြံ့ခံတည်တံ့ လာဖို့မလွယ်ပါဘူး။ တချို့တချို့သောကျွန်မတို့ရဲ့ ရဲဘော်ရဲဘက်တွေ သူတို့ရဲ့ရပ်တည်ချက်တွေကနေ ပြိုလဲခဲ့တယ်၊ ကျွန်မတို့ကိုစွန့်ခွာခဲ့တယ်၊ တကယ့်ကို စိတ်ဓါတ်ခိုင်မာတဲ့ အမာခံတွေပဲ ရဲရဲဝံ့ဝံ့ ယုံယုံကြည်ကြည်နှင့် ကျန်ခဲ့ပါတယ်။ ကုန်ခဲ့တဲ့နှစ်တွေကိုပြန်ကြည့်မယ်ဆိုရင် ဒီလိုခက်ခက်ခဲခဲ ကျိုးစားလုပ်ဆောင်ရတဲ့ အချိန်တွေမှာ သစ္စာရှိရှိ ကျန်ခဲ့တဲ့သူတွေ တော်တော်များတယ် ဆိုတာကျွန်မ အံ့သြမိတယ်။ ကျွန်မတို့ရဲ့လမ်းကြောင်းအပေါ် သူတို့က မျက်ကန်းယုံတာမျိုး မဟုတ်ဖူး၊ သေချာမျက်လုံးဖွင့် လေ့လာပြီး၊ သူတို့ကိုယ်ပိုင်စွမ်းအားနဲ့ ကြံ့ကြံ့ခံပြီးမှ ကျွန်မတို့ပြည်သူတွေရဲ့ စိတ်အားထက်သန်မှုကို လေးစားတဲ့အနေနှင့် ကျန်ခဲ့တာပါ။

အခုကျွန်မ ရှင်တို့နဲ့ စကားပြောနေနိုင်တာကလဲ ကျွန်မတို့နိုင်ငံရဲ့မကြာခင်ကပြောင်လဲခဲ့မှုတွေကြောင့်ပါ။ ဒီပြောင်းလဲမှု တွေကလည်း သင်တို့ကြောင့်နှင့် တခြားသော လွတ်လပ်ရေးနှင့် တရားဥပဒေကို မြတ်နိုးသူတွေ ကနေပြီးတော့ ကျွန်မတို့အခြေအနေကို တစ်ကမ္ဘာလုံး သတိထား မိလာအောင် လုပ်ဆောင်နိုင်မှု တို့ကြောင့်ပါပဲ။

ကျွန်မနိုင်ငံ အကြောင်းဆက်မပြောခင် ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကိစ္စ နည်းနည်းပြောချင်ပါတယ် ဒီလိုအကျဉ်းသားတွေ မြန်မာနိုင်ငံမှာရှိနေသေးပါတယ်။ လူသိများတဲ့ ယုံကြည်ချက်အကျဉ်းသားတွေ လွတ်လာသော်လည်း လူသိမများတဲ့ သူတွေကျန်ပါသေးတယ် သူတို့အမေ့ခံ နေရမှာကို ကြောက်မိပါတယ်။ ကျွန်မဟာအခုဒီမှာရပ်နေရတာဟာလည်း တစ်ချိန်က ကျွန်မကိုယ်တိုင် ယုံကြည်ချက် အကျဉ်းသား တစ်ယောက်ပါ။ ကျွန်မကိုကြည့်နေတုန်း ကျွန်မပြောတာ နားထောင်နေတုန်း မှာ ယုံကြည်ချက်အကျဉ်းသားဟာ တစ်ယောက်ပင်ဖြစ်ပါစေ များလွန်းတယ်ဆိုတဲ့ ဘယ်အခါမှမပြောင်းလဲတဲ့ အမှန်တရားကို သတိရကြပါ။ ကျွန်မတို့နိုင်ငံမှာ မလွတ်ကြသေးတဲ့သူတွေ၊ တရားဥပဒေ စိုးမိုးမှုမခံရသေးတဲ့ သူတွေဟာ တစ်ယောက်မက များပါတယ်။ ကျေးဇူးပြု၍ သူတို့ကိုမမေ့ပါနှင့်၊ သူတို့ကိုမြန်မြန်နှင့် ချွင်းချက်မရှိ လွတ်ပေးနိုင်ရန် သက်ရောက်စေမဲ့ မည်သည့်လုပ်ရပ်ကို မဆိုလုပ်ဆောင်ပေးကြပါ။

မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ဖွဲ့စည်းထားတာဖြစ်ပါတယ် နိုင်ငံရဲ့ အနာဂါတ်ကို ယုံကြည်စွာနဲ့ တည်ဆောက်ဖို့ရန် တစ်ခုတည်းသောအရာမှာ စစ်မှန်တဲ့ပြည်ထောင်စုစိတ်ဓါတ်ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်ထဲက လွတ်လပ်ရေးရခဲ့တယ်ဆိုပေမယ့် တစ်နိုင်ငံလုံးအေးချမ်းတည်ငြိမ်မှုရှိခဲ့တယ်ဆိုတဲ့ အချိန်မျိုးမရှိခဲ့ပါဘူး။ ပြသနာတွေရဲ့အရင်းမြစ်ကို ဖြေရှင်းနိုင်ဖို့ လိုအပ်တဲ့ယုံကြည်မှုနှင့် နားလည်းမှုကို မတည်ဆောက်နိုင်ခဲ့ပါဘူး.။ ၁၉၉၀ မှ ၂၀၁၀ ကြားအပစ်အခတ်ရပ်ဆဲရေးကြောင့် တောက်ပလာတဲ့ မျော်လင့်ချက်တွေဟာ ဆိုရင် ပြီးခဲ့တဲ့ လတွေက ဖြစ်ရပ်တွေကြောင့် ပြိုလဲခဲ့ရပါတယ်။ တစ်ချက်တည်းသော မဆင်မခြင် လုပ်ရပ်တွေဟာဆိုရင် နှစ်ပေါင်းများစွာ တည်ဆောက်လာတဲ့ အပစ်အခတ်ရပ်စဲရေး ကိုတစ်ခါတည်း ရပ်တန့်သွားနိုင်ပါတယ်။ ပြီးခဲ့တဲ့လတွေကဆိုရင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရကြားမှာ တွေ့ဆုံဆွေးနွေးမှုတွေ တိုးတက်အောင်မြင်တာကို တွေ့ရပါတယ်။ ကျွန်မယုံကြည်တာက အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေ ဟာ လူတွေရဲ့ လိုလားချက်နဲ့ ပြည်ထောင်စု စိတ်ဓါတ်အပေါ်မှာ မူတည်ပြီး နိုင်ငံရေး တည်ငြိမ်မှုတွေကို ဖြစ်ပေါ်စေမှာပါ။

ကျွန်မရဲ့ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ကျွန်မဟာ တိုင်းရင်းသား ပြန်လည် သွေးစည်းညီညွတ်ဖို့ အတွက် ကျရာကဏ္ဍမှ ပါဝင်ရန် အသင့်ရှိပါတယ်။ ပြန်လည်သင့်မြတ်ရေး လှုပ်ရှားမှုများဟာဆိုရင် သမ္မတကြီး ဦးသိန်းစိန် အစိုးရရဲ့စတင်ပေးခဲ့ပြီး အမြဲတမ်း အကောင်အထည်ပေါ် ခိုင်မြဲနေစေဖို့ကတော့ ပြည်တွင်းမှာရှိတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ တပ်မတော်၊ တိုင်းရင်းသားအဖွဲ့အစည်း၊ နိုင်ငံရေးပါတီ၊ မီဒီယာတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ စီးပွားရေးအဖွဲ့အစည်းတွေ နှင့် အရေးအကြီးဆုံးဖြစ်တဲ့ ပြည်သူတစ်ရပ်လုံးက ပါးပါးနပ်နပ် ပါဝင် ဆောင်ရွက်ကြဖို့လိုပါတယ်။

ပြည်သူတွေရဲ့ ဘ၀တွေတိုးတက်မှုရှိတယ်ဆိုမှ ပြန်လည်သင့်မြတ်ပေါင်းစည်းတာအောင်မြင်တယ် လို့ ကျွန်မတို့ ဆိုနိုင်ပါလိမ့်မယ်၊ ဒီနေရာမှာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ ဖွံ့ဖြိုးမှုနှင့် လူသားခြင်းစာနာထောက်ထားသောကူညီမှုများ၊ နှစ်ဦးနှစ်ဖက် သဘောတူညီမှုများနှင့် ရင်းနှီးမြုပ်နှံမှုများကိုလည်း ပူးပေါင်း ဆောင်ရွက်ပေးပြီး၊ လူမှုဘ၀တိုးတက်စေရန်၊ နိုင်ငံရေးနှင့် စီးပွားရေး တိုးတက်မှု ဘက်ညီ၍ ရေရှည်ဖြစ်စေရန် အမြဲတိုင်းတာ စောင့်ကြည့်ထိန်း သိမ်းပေးဖို့လည်းလိုပါသည်။ ကျွန်မတို့ နိုင်ငံဟာ အလားအလာ အလွန်ကောင်းတဲ့ နိုင်ငံဖြစ်တယ်။ ဒီအလားအလာကို ဖော်ထုတ်ပြီး တိုးတက်အောင် လုပ်ယူပြီး တိုးတက်တဲ့နိုင်ငံဖြစ်ယုံသာမက လူအခွင့်အရေး ပြည့်ဝတဲ့နိုင်ငံ ကျွန်မတို့ပြည်သူလူထု ငြိမ်းငြိမ်းချမ်းချမ်း၊ လွတ်လွတ်လပ်လပ်နှင့် လုံခြုံမှုရှိတဲ့ ဒီမိုကရေစီဆန်တဲ့ လူ့အဖွဲ့အစည်းမှာ နေနိုင်အောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ကျွန်မတို့ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးဟာ ခွဲခြားလို့မရပါဘူး။ ကမ္ဘာကြီးရဲ့ဘယ်နေရာမှာမဆို မကောင်းတဲ့အား က ကောင်းတဲ့အားထက်သာနေရင် ကျွန်မတို့အားလုံး ဒုက္ခရောက်နိုင်ခြေရှိတယ်။ မကောင်းတဲ့အားတွေ အကုန်လုံးကိုရော ဖယ်နိုင်ပါ့မလားလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။ ရိုးရှင်းတဲ့အဖြေကတော့ မထုတ်နိုင်ဘူးလို့ ပဲဖြစ်ပါတယ်။ အကောင်းနှင့်အဆိုး တွဲပြီးရှိနေတတ်တာ လူ့သဘာဝပါ။ ဒါပေမယ့် လူရဲ့ စွမ်းအားနဲ့ ကောင်းတဲ့ဘက် ပိုများလာအောင် မကောင်းတဲ့ဘက် နည်းသွားအောင်၊ ပျက်သွားအောင် လုပ်လို့ရပါတယ်။ ရာနှုန်းပြည့် ငြိမ်းချမ်းမှုကတော့ ဒီကမ္ဘာမှာ မရနိုင်တဲ့ရည်မှန်းချက်ပါ။ ဒါပေမယ့် ကျွန်မတို့ဟာ ငြိမ်းချမ်းရေးဘက်ကို ဦးတည်ပြီး ခရီးဆက်သွားရမှာဖြစ်သလို၊ မျက်လုံးတွေကလည်း ကန္တာရခရီးသွား လမ်းပြကြယ်တွေကို လမ်းမပျောက်အောင် မမှိတ်မသုန်ကြည့်နေသလို ငြိမ်းချမ်းရေးကိုဦးတည်ပြီး ကြည့်နေရပါမယ်။ ပြစ်မျိုးမှဲ့မထင် ငြိမ်းချမ်းရေးမျိုး ကဒီကမ္ဘာမှာမရှိလို့ မရနိုင်ရင်တောင် ငြိမ်းချမ်းရေးရဲ့ ရဖို့အခြေခံ လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက်တွေနှင့် လူတစ်ဦးချင်း၊ နိုင်ငံတစ်ခုချင်းစီကို ယုံကြည်မှုနှင့် မိတ်ဖွဲ့နေကြမယ်ဆိုရင်၊ လုံခြုံပြီး မေတ္တာတရားနှင့် ပို၍ကြင်နာတက်သော လူ့ဘောင်အဖွဲ့အစည်းကြီး တည်ဆောက် နိုင်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။

ကျွန်မ ပို၍ကြင်နာတက်သော ဆိုတဲ့စကားလုံးကို သေချာစဉ်းစားပြီးမှ သုံးခဲ့တာပါ စဉ်းစားတာ နှစ်ပေါင်းများစွာ ကြာတယ်လို့တောင် ဆိုနိုင်ပါတယ်။ ချိုတယ်ဆိုတဲ့ အရသာအမျိုးမျိုး ရှိတဲ့အထဲက၊ ကျွန်မကို ဒီအရသာ အများကြီး မရှိဘူးလို့တောင် ပြောခွင့်ပေးပါ၊ ကျွန်မ အချိုမြိန်ဆုံးသော အရာကိုတွေ့ရှိခဲ့ပါတယ်….။ အားလုံထဲမှာမှ တန်ဖိုးလည်း အရှိဆုံး ဖြစ်တဲ့ ကျွန်မသိခဲ့ရတာကတော့ အကြင်နာ မေတ္တာတရားရဲ့တန်ဖိုးကို သိခဲ့ရတာပဲဖြစ်ပါတယ် တွေပဲဖြစ်ပါတယ်။ ကျွန်မရခဲ့သမျှ အကြင်နာမေတ္တာတွေဟာ ကြီးကြီးဖြစ်ဖြစ်၊ သေးသေးဖြစ်ဖြစ် သေချာစေတာကတော့ ဒီကမ္ဘာကြီးမှာ အကြင်နာမေတ္တာ တရားပိုသွားတယ်ဆိုတာ မရှိပါဘူး။ ကြင်နာတက်ဖို့ဆိုတာကတော့ သူုတပါး မျှော်လင့်ချက်နဲ့ လိုအပ်ချက်တွေကို စာနာနားလည်ပြီး လူသားဆန်တဲ့နွေးထွေးမှု နဲ့တုန့်ပြန်ပေးရမှာ ဖြစ်ပါတယ်။ အကြင်နာတရားနှင့် ခဏလေး ထိတွေ့ကိုင်တွယ်လိုက် တာလေးသည်ပင် နှလုံးသားကို အင်အားဖြစ်စေပါတယ်။ အကြင်နာမေတ္တာတရားက လူသားတွေရဲ့ဘ၀ကို ပြောင်းလဲစေနိုင်ပါတယ်။ နော်ဝေ နိုင်ငံဟာဆိုရင် အကြင်နာ တရားရဲ့ ပြယုဒ်တစ်ခုပါပဲ ကမ္ဘာမြေရဲ့ တစ်နေရာက အဖယ်ခံလိုက်ရတယ် သူတွေအတွက် နေစရာပေးတယ်။ သူတို့နိုင်ငံက မလွတ်လပ်လို့ မလုံခြုံလို့ တိမ်းရှောင်လာတဲ့ သူတွေကို ပုန်းအောင်းစရာ နေရာပေးတယ်။

ကမ္ဘာရဲ့ဘယ်နေရာမှာမဆို ဒုက္ခသည်ဆိုတာရှိတာပဲ. ကျွန်မ ထိုင်းနိုင်ငံ မယ်လ ဒုက္ခသည် စခန်းမှာတုန်းက တကယ့်ကိုပဲ ကိုယ့်လိုသူတွေရဲ့ဒုက္ခတွေ ပင်ပန်းဆင်းရဲမှုတွေကနေ ကင်းလွတ်အောင်လို့ နေ့တိုင်း အားကြိုးမာန်တက် လုပ်ဆောင်နေတာ တွေ့ရတယ်။ သူတို့ စိုးရိမ်တာက အလှူရှင်တွေ မရတော့မှာ သေအချာပြောရရင် စာနာထောက်ထားမှုတွေ လျော့လာမှာ။ အလှူရှင်တွေ လျော့ရင် တော့ ရန်ပုံငွေတွေ လျော့ မယ်။ နောက်တစ်ခုက ပထမတစ်ခုရဲ့ရလာဒ်ပါ စာနာထောက်ထားမှု လျော့တာ ကတော့ ဂရုစိုက်မှုတွေလျော့ကုန် တာပေါ့။ ဒါကိုကျွန်မတို့ တားနိုင်မလား။ ဒုက္ခသည်တွေရဲ့လိုအပ်ချက်က များလာပြီး မျက်လုံးကန်းတာမဟုတ်ရင် ဒုက္ခရောက်နေတာတွေကို မမြင်ခြင်ယောင်ပဲဆောင်လိုက်တာများလား။ ကမ္ဘာပေါ်မှာရှိတယ် အလှူရှင်တွေကို ကျွန်မ မေတ္တာရပ်ခံလိုတာက ခိုလှုံဖို့အတွက် မရေမရာ ရှာနေတဲ့ သူတို့ရဲ့ လိုအပ်ချက်လေးတွေကို ဖြည့်ပေးဖို့ပါ။

မယ်လမှာတုန်းကဆိုရင် ဒီစခန်းနဲ့ တခြားသော ဒုက္ခသည်စခန်းတွေရှိတဲ့ တပ်ဒေသက ထိုင်းအာဏာပိုင်တွေနှင့် အဖိုးမဖြတ်နိုင်တဲ့ ဆွေးနွေးခွင့် ရခဲ့ပါတယ်။ သူတို့က ဒုက္ခသည်စခန်းနှင့် ပတ်သတ်တဲ့ အရေးကြီးတဲ့ပြသနာတွေ ပြောပြတယ်။ သစ်တောဥပဒေ ချိုးဖောက်တာတွေ တရားမ၀င် ဆေးဝါးသုံးစွဲမှုတွေ၊ ချက်အရက်တွေ၊ ငှက်ဖျားရောဂါပြသနာတွေ၊ သွေးလွန်တုပ်ကွေးနှင့် ၀မ်းရောဂါတွေပေါ့။ အာဏာပိုင်တွေ ပူပန်တာကလည်း ဒုက္ခသည် တွေပူပန်တာလိုမျိုးပဲ။ လက်ခံတဲ့နိုင်ငံက လည်း သူတို့ရဲ့ တာဝန်ဝတ္တရားတွေနှင့် ကြုံတွေ့ရတဲ့အခက် အခဲတွေကို ဖြေရှင်းဖို့ စဉ်းစားဖို့နှင့် လက်တွေ့ကျကျ ကူညီနိုင်ဖို့လည်း လိုပါတယ်။

နောက်ပိုင်း ကျွန်မတို့ရဲ့ရည်ရွယ်ချက်က ထွက်ပြေးခိုလှုံလာတဲ့သူတွေ၊ အိမ်ရာမဲ့တွေ၊ ရည်မှန်းချက်မဲ့တွေ မရှိတော့တဲ့ ကမ္ဘာရဲ့ နေရာတိုင်းဟာ နေထိုင်သူတွေဟာ လွတ်လပ်စွာ၊ ငြိမ်းချမ်းစွာ နေထိုင်နိုင်မယ့် နေရာတွေဖြစ်လာဖို့ပါ။ အတွေးတိုင်း၊ စကားတိုင်း၊ အလုပ်တိုင်းဟာ ငြိမ်းချမ်းရေးအတွက် ကောင်းမွန်တဲ့ ဘက်က၊ ကုသိုလ်ဘက်က ထည့်ဝင်တဲ့အားတွေဖြစ်ဖို့ လိုပါတယ်။ ကျွန်မတို့ တစ်ဦးတစ်ယောက်ချင်းစီဟာ ဒီလိုလုပ်နိုင်တဲ့ အရည်အချင်းတွေ ရှိပါတယ်။ ကျွန်မတို့အေးချမ်းစွာ အိပ်စက်ပြီး အေးချမ်းစွာ  နိုးထနိုင်မဲ့ ကမ္ဘာကြီးဖြစ်အောင် ကျွန်မတို့လက်တွေ ခိုင်မြဲစွာတွဲထားပြီး ကြိုးစားကြပါစို့…..။

(အထက်ပါတို့မှာ ဒေါ်အောင်ဆန်းစုကြည်၏ အလွန်ကောင်းသော နိုဘယ်လ်ငြိမ်းချမ်းရေးဆုယူ မိန့်ခွန်းကို တတ်နိုင်သမျှ  ဘာသာပြန်ထားခြင်း ဖြစ်ပါသည်…. ဘယ်လောက်ပဲ ကြိုးစားပြန်သော်လည်း လူထုခေါင်းဆောင်၏ မူရင်းအဓိပ္ပာယ်နှင့် ပါတိတ်စ အတွင်းနှင့် အပြင်လို ကွာပါသည်…… တုပ်ကွေးမိရက် တန်းလန်းနှင့် live မကြည့်နိုင်သော မြန်မာနိုင်ငံသားများအတွက် မည်သူမှ ဘာသာ မပြန်သေးသောကြောင့် နံနက် ၂း၃၀ အထိ ကြိုးစားပြန်ထားခြင်း ဖြစ်ပါသည်။ အမှားနှင့် အလွဲများရှိခဲ့ပါက ကျွန်တော့် တာဝန်သာ ဖြစ်ပါသည်။ သည်းခံကြပါ။

(Dr ကောင်းမြတ်ကျော်)

အများသိရှိနိုင်ရန် ကြိုးစားဘာသာ ပြန်ပေးသော  (Dr ကောင်းမြတ်ကျော်)အား ကျေးဇူးတင်ပါသည်။။

by Ba Nyar

တောင်တွင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး တရားမ၀င် ငွေကြေး တောင်းခံမှု များရှိနေ

တောင်တွင်းကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထွဋ်သည်လွန်ခဲ့သောရက်အနည်းငယ်ခန့်က ရှမ်းပြည်နယ်၊ဟိုပုန်းမြို့မှ မကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့သို့ပြောင်းရွေ့တာဝန်ထမ်းဆောင်ခဲ့သည်။

ထိုသို့ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရသောကြောင့်လမ်းခရီးတွင်ကုန်ကျစရိတ်များအား မြို့ခံဌာနဆိုင်ရာများ
နှင့်ပုဂ္ဂလိကလုပ်ငန်းရှင်များကကုန်ကျစရိတ်များကျခံရမည်ဟုအစည်းအဝေးတစ်ခုတွင်(ရုတ်တရက်)ပြော
ခဲ့မိပြီးနောက်ယခုအခါ မြို့နယ်အတွင်းရှိအမဲ၊၀က်၊အကောက်ခွန်လုပ်ငန်းလိုင်စင်စီများနှင့်ကိုယ်ပိုင်ဘာသာ
ရပ်သင်ကျောင်း(ဘော်ဒါဆောင်)ပိုင်ရှင်များထံမှ အကြောင်းအမျိုးမျိုးပြကာငွေတောင်းခံခြင်း၊ကောက်ခံခြင်း
များပြုလုပ်နေကြောင်းသိရသည်။

““ကျွန်တော်တို့ကို ဇွန်လ(၁၂)ရက်နေ့ညနေ(၃)နာရီကမြို့နယ်အုပ်ချုပ်ရေးမှူးရုံးကအစည်းအဝေးဖိတ်တယ်
ဆိုပြီးစာရောက်လာပါတယ်။ ကျွန်တော်နဲ့အတူဦးအေးလွင်၊ဦးခင်မောင်ဦးတို့လည်းပါပါတယ်။ရုံးကိုရောက်
တော့မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထွဋ်က သီးသန့်အခန်း(VIP)ခန်းထဲကိုကျွန်တော်တို့သုံးယောက်ကို
ထိုင်ခိုင်းထားပါတယ်။ နောက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရောက်ရှိလာပြီး ၄င်းတွင်ကုန်ကျစရိတ်များအလွန်
များပြားခဲ့ကြောင်း၊မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်ရန်ငွေကြေးလိုအပ်လျှက်ရှိကြောင်း၊နောက်ပြီး
မကွေးတိုင်းဒေသကြီးအစည်းအဝေးသွားရောက်ရန်ရှိကြောင်း၊မကွေးအစည်းအဝေးသွားရောက်သည့်အခါ
တိုင်းဒေသကြီးဝန်ကြိးချုပ်ဦးဖုန်းမော်ရွှေ၊တိုင်းအုပ်ချုပ်ရေးမှူးဦးနေ၀င်း၊ခရိုင်အုပ်ချုပ်ရေးမှူးဦးမင်းအေး
လွင်တို့အားဂါဝရပြုကန်တော့ရမည်(ရောက်ကြောင်းသတင်းပို့ရမည်။)ဖြစ်ကြောင်းပြောကြားကာ
အမဲလိုင်စင်စီ တစ်ဦးလျှင်ငွေကျပ်(၅)သိန်းစီတောင်းခံခဲ့ကြောင်း”” အမဲလိုင်စင်စီ
ဦးဟန်ရင်ကပြောကြားခဲ့သည်။

ထို့အပြင် အမဲအသားခြောက်တရားမ၀င်လုပ်ကိုင်နေသူများကိုလည်း ဦးအောင်ထွဋ်မှ၎င်း၏ရုံးခန်းအတွင်း
သို့အဆိုပါနေ့ညနေ(၅)နာရီအချိန်တွင်ခေါ်ယူတွေ့ဆုံခဲ့ပြီး တစ်ဦးလျှင်ငွေကျပ်(၁၀)သိန်းစီပေးရန်တောင်းဆို
ခဲ့သည်။

တောင်တွင်းကြိးမြို့နယ်တွင် တရားမ၀င်အမဲသားခြောက်လုပ်ငန်းလုပ်ကိုင်သူ(၄)ဦးရှိပြီးမကွေးတိုင်း
ဒေသကြီးဝန်ကြီးချုပ်ဦးဖုန်းမော်ရွှေ အပါအ၀င်၊ မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့လက်
ထောက်ညွှန်ကြားရေးမှူးဦးမောင်မောင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးမင်းအေးလွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးအောင်ထွဋ်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိဦးအောင်ဖြိုးကျော်၊ဒုဦးစီးမှူးဦးထန်ခွီး
နှင့်ဒုဦးစီးမှူးဦးမင်းစည်သူ၊စာရေးဝန်ထမ်းဦးမှုတ်ကြီး၊ဦးခင်မောင်လေး၊မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦး
စီးဌာနဦးစီးမှူဒေါက်တာဌေးအောင်တို့မှတရားမ၀င်လစဉ်ငွေကြေးများတောင်းခံကာလစ်လှူရှုခွင့်ပြုခဲ့သည်။

ထိုသို့တရားမ၀င်အမဲသားခြောက်လုပ်ငန်းများသည်တစ်နေ့လျှင်နွားကောင်ရေ(၂၀၀)ကျော်သတ်ဖြတ်၍အ
သားခြောက်ပြုလုပ်ကာမန္တလေးမြို့သို့လုပ်ငန်းပိုင်ရှင်ရှမ်းတရုတ်များနှင့်ချိတ်ဆက်ကာဆောင်ရွက်နေမှု
များကြောင့် မြို့နယ်အတွင်းလယ်ယာလုပ်ငန်းလုပ်ကိုင်ရန်ခိုင်းနွားရှားပါးခြင်း၊အသားဈေးများမြင့်တက်နေ
ခြင်း၊စည်ပင်သာယရေးဥပဒေများအသက်မ၀င်ခြင်းနှင့်အဆိုပါသားသတ်လုပ်ငန်းလုပ်ကိုင်နေမှုများကြောင့်
သားသတ်ရုံမှထွက်ရှိသောမီသိမ်းဓာတ်များကြောင့်ဒေသတွင်းမိုးခေါင်ရေရှားခြင်းများဖြစ်ပေါ်လျှက်ကြောင်း
နှင့်ထိုသို့ဆောင်ရွက်နေမှုများကိုနိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်နှင့်နိုင်ငံတော်အဆင့်ဝန်ကြီးများဒေသ
တွင်လာရောက်အရွေးချယ်ခံအောင်မြင်ခဲ့ကြသောပြည်ခိုင်ဖြိုးပါတီ၊NLDပါတီကိုယ်စားလှယ်ကြီးများ၊မြို့မိ
မြို့ဖများသိရှိစေရန်သတင်းပေးပို့ခြင်းဖြစ်ကြောင်း၊တရားမ၀င်လုပ်ဆောင်နေမှုများကိုတရားဥပဒေနှင့်
အညီ သန့်ရှင်းသောအစိုးရ၊ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်များဖြစ်အောင်အမြန်ဆုံး(အမြန်ဆုံး)ဆောင်
ရွက်ပေးစေလိုပါကြောင်းတင်ပြလိုက်ရပါသည်။

အေးချမ်းမောင်
တောင်တွင်းကြီး

ပြည်သူတွေ ဖောက်နေတဲ့ ငြိမ်းချမ်းရေး လမ်းမ ပေါ်သို့ လျှောက်စေလို

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြီးလဲ တနှစ်ကျော်ခဲ့ပြီ ။ စစ်ရဲ့ ရလာဒ်တွေဖြစ်တဲ့ အိုးအိမ်ပျက်စီးမှုတွေ ၊ စစ်တလင်းထဲက သေတွင်းထဲမှာ စတေးလိုက်ရတဲ့ အပြစ်မဲ့ ပြည်သူတွေရဲ့  အသက်ပေါင်းများစွာ ၊ ကျောင်းပျောက်နေတဲ့ ကျောင်းနေအရွယ်ကလေးငယ်တွေရဲ့  ဘဝ ၊ မိဘပျောက်နေတဲ့ လူမမယ် ကလေးငယ်တွေရ့ဲ ဘဝ ၊ ကုစားဘို့ခက်တဲ့ စိတ်ဒဏ်ရာတွေ စသည် စသည် များကို နှစ်ဖက်ခေါင်းဆောင်ကြီးလဲ သိကြမည်လို့ အကြွင်းမဲ့ ယုံကြည်နေပါသည် ။
            z
 
          ဒီအရာတွေကို ကုစားနိုင်မဲ့ ဆေးက တစ်မျိုးပဲ ရှိပါသည် ။ ငြိမ်းချမ်းရေး ဆိုတဲ့ ဆေးလောက် ဘယ်ဆေးမှ မကောင်းနိုင်ပါ ။ဒီဆေးကို နှစ်ဘက်ခေါင်းဆောင်များ သောက်ဖို့လိုနေပါသည် ။ သောက်ရမဲ့ အချိန်လဲ ရောက်နေပါပြီ ။ မဖြစ်မနေလဲ သောက်ရမည် ဟု ယူဆပါသည် ။
                  
            စစ်ရဲ့  ဆိုးကျိုးတွေကို ကုစားဘို့ ပြည်သူများက တတ်အားသရွေ့  ကူညီနေကြတဲ့ အစိုးမဟုတ်တဲ့ အဖွဲ့အစည်းတွေ ၊ ဂျာနယ်လစ်တွေ ၊ အနုပညာရှင်တွေ ၊ ပရဟိတ အဖွဲ့ တွေ ၊ နိုင်ငံရေးပါတီတွေ  စတဲ့ လူမှုကွန်ယက်အဖွဲ့  တွေက ပြည်သူတွေနဲ့ တစ်ကွ ငြိမ်းချမ်းရေးကို တောင်းဆိုနေကြပါပြီ ။ပြည်သူတွေက ငြိမ်းချမ်းရေးလမ်းမကြီးကို ဖောက်နေကြပါပြီ ။
                     
           ပြည်တွင်းစစ်ကြီး ရှည်လေ ဒုက္ခသည်တွေရဲ့  အသက်ဟာ တိုလာလေ ပါပဲ ။သူတို့လေးတွေ ရဲ့  ဘဝတွေဟာ နှစ်ဖက်ခေါင်ဆောင်တွေရဲ့  လက်ထဲကို ရောက်နေပါပြီ ။ဒါကြောင့်မို့ ဒီအချိန်ဟာ နှစ်ဖက်ခေါင်းဆောင်တွေရဲ့  ဦးနှောက် နဲ့ နှလုံးသားကို မှတ်ကျောက်တင်မဲ့ အချိန် ဖြစ်နေပါတယ် ။

          ဒါကြောင့်မို့ မှတ်ကျောက်အတင်ခံနိုင်ဘို့ ငြိမ်းချမ်းရေး လမ်းမပေါ် မှာ နှစ်ဖက်ခေါင်းဆောင်များ လျှောက်လှမ်းဖို့ ဖိတ်ခေါ်ရင်း . . . .


   ပြည်သူတွေနဲ့ တိုင်းရင်းသားတွေရဲ့  ကိုယ်စား . . . . .
                                                                             zawmoehetet


ရန်ကုန် ကုက္ကိုင်းပလီမျက်နှာစာဖျက်ခံရ

ယနေ့ ဇွန်လ ၁၆ ရက်နေ့ နံနက် ၂း၁၅ အချိန်တွင် ကုက္ကိုင်းလမ်းဆုံ အနီး ပုလဲကွန်ဒိုမျက်စောင်းထိုး ကမ္ဘာအေး ဘုရားလမ်းပေါ် ရှိ အစ္စလာမ် ဘာသာဝင် ပလီ အရှေ့တွင် ကားတစ်စီး ဖြင့် တိုက်ခိုက်ရေးတွင် အထူးလေ့ကျင့်ထား သည်ဟုယူဆရသော
အရွယ်တူသန်မာ ဖြတ်လတ်သော သူ လူ ၅၀ ခန့်အား ချပြီး အချိန်ကိုက်ပြန်လာခေါ်သွားကြောင်း သိရှိရပါသည်။ အဆိုပါ အကြမ်းဖက်သမားများသည် ပလီ၏ ဆိုင်းဘုတ်နှင့် မျက်နှာစာ အုတ်နံရံအချို့အားဖျက်စီးခဲ့ကြောင်း
ပလီပတ်ဝန်းကျင်ရှိ ရှေးဟောင်းပစ္စည်းရောင်းသော ဆိုင်တစ်ဆိုင် အပါအ၀င် ဆိုင် ၃ ဆိုင်အားဝင်ရောက်ဖျက်စီးခဲ့ကြောင်း သတင်းရရှိပါသည်။

''အဲဒီလာဖျက်စီးတဲ့သူတွေက သာမာန် အရပ်သားတွေနဲ့ မတူဘူး အတော်လေးကို စနစ်တကျ လေ့ကျင့်ထားတဲ့သူတွေနဲ့တူတယ် အမိန့်တစ်ခုအောက်မှာ ၀ုန်းကနဲ့ရောက်လာပြီး ဖျက်ကြတယ်ပြီးတော့ ချက်ခြင်း အချိန်ကိုက်လာခေါ်တဲ့ကားပေါ်ကို
တက်ပြေးသွားကြတယ်ဟု အရပ်အမောင်းတွေက ကောင်းတယ် တညီတည်းပဲ တော်တော်စနစ်တကျ လာဖျက်သွားတာ'' ဟု ပလီပတ်ဝန်းကျင်တွင်နေထိုင်သူ မျက်မြင်သက်သေများမှ ပြောကြားခဲ့ပါသည်။

အခင်းဖြစ်ပွားချိန်အပြီး မြို့နယ်ရဲမူးက ဒေသခံပြည်သူ အနည်းငယ်ကို အမူမဖွင့်ပါနဲ့ မီဒီယာကို မခေါ်ပါနဲ့ဟုပြောသွားကြောင်းသိရှိရပါသည်။

အဆိုပါ အခင်းဖြစ်ပွား ရွှေဝါရောင်တော်လှန်ရေး အတွင်းပါဝင်ခဲ့သော ဆရာတော်တချို့က ရန်ကုန်မြို့အား ပုဒ်မ ၁၄၄ ထုတ်စေချင်သဖြင့် ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်ဟန်တူသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

မြို့တော်ခမ်းမ တွင် ရန်ကုန်တိုင်း ၀န်ကြီးနှင့် လုံထိမ်းအဖွဲ့ အပါ အ၀င် အစ္စလာမ်ဘာသာရေးအဖွဲ့ ကြီး ၅ ဖွဲ့မှ တာဝန်ရှိသူများ မှ ၂၄ နာရီ အခြေအနေအား စောင့်ကြည့်လျက်ရှိသော်လည်း အဆိုပါ ဖျက်စီးခံရမူနှင့်ပတ်သက်ပြီး ယခုအချိန်အထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်းများ မတွေ့ရသေးကြောင်း သိရှိရပါသည်။

နော်ဝေရောက်မြန်မာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် သီးသန့်တွေ့ဆုံ

ဓါတ်ပုံ (ဒီဗွီဘီ)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အော်စလိုမြို့တော်ခန်းမမှာ မနေ့က နိုဘယ်လ် ငြိမ်းချမ်းရေးဆု လက်ခံတဲ့ မိန့်ခွန်းပြော ကြားအပြီးနော်ဝေနိုင်ငံကိုရောက်ရှိနေတ မြန်မာတွေနဲ့ သီးသန့်တွေ့ဆုံပွဲကိုတက်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ အလွန်ဝေးကွာတဲ့နိုင်ငံမှာ မြန်မာပြည်သူ ပြည်သားတွေနဲ့ တွေ့ဆုံခွင့်ရတဲ့အတွက် သူ့အနေနဲ့ ၀မ်းသာမိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။ တက်ရောက်လာသူတွေကိုလည်း လက်ခံထားတဲ့ အိမ်ရှင်နိုင်ငံရဲ့ကျေးဇူးကို လေးစားဖို့ အခုလိုတိုက်တွန်းသွားပါတယ်။

"ကိုယ့်ဘက်က ကိုယ်နေတတ်မှလည်း တဘက်ကနေပြီးတော့ မှန်မှန်ကန်ကန် တုံ့ပြန်မှာ။ အဲတော့ ကျွန်မကနေပြီးတော့ အမြဲသတိပေးပါတယ်။ ကျွန်မတို့ဟာ ဧည့်သည်တွေဖြစ်တယ်။ ဧည့်သည်တွေဖြစ်တဲ့အခါကျတော့ အိမ်ရှင်ကိုလေးစားရမယ်။ အိမ်ရှင်ရဲ့ အကြိုက်ကိုနားလည်ရမယ်။ ကိုယ်ကနားလည်မှုရှိရမယ်။ ကိုယ်က ဧည့်သည်ကိုး၊ ဒါပေမဲ့ အိမ်ရှင်တွေကလည်း ကိုယ်ကနေပြီးတော့ နေတတ်လို့ရှိရင် ကိုယ့်အပေါ်မှာ ပိုပြီးတော့ ကောင်းလာမယ်။ ကိုယ့်အပေါ်အမြင်ပိုပြီးတော့ မှန်လာမယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ အဝေးရောက်နေတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားများဟာ ကိုယ်ကဧည့်သည်ဖြစ်တယ်။ ဒီအိမ်ရှင်ပေါ်မှာ ကျေးဇူးတရားနဲ့ ဆက်ဆံစေချင်တယ်။ အဲဒီလိုဆက်ဆံခြင်းဟာ ကိုယ့်ရဲ့လူသားသိက္ခာကိုလည်း စောင့်စည်းရာရောက်တယ်။ ကိုယ့်နိုင်ငံရဲ့သိက္ခာကိုလည်း စောင့်စည်းရာရောက်တယ်"

အဲဒီတွေ့ဆုံပွဲပြီးတဲ့နောက် နိုဘယ်လ်ငြိမ်းချမ်းရေးစန်တာမှာ ကျင်းပတဲ့ လူထုနဲ့တွေ့ဆုံပွဲအခမ်းအနားမှာလည်း နော်ဝေးပြည်သူပေါင်း သောင်းနဲ့ချီပြီးတက်ရောက်အားပေးခဲ့ကြပါတယ်။ နော်ဝေပြည်သူတွေရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားတဲ့ လေးစားမှုကို မြန်မာပြည်သားတယောက်အနေနဲ့ ဂုဏ်ယူ အံသြမိတယ်လို့ အခမ်းအနားကို တက်ရောက်နေတဲ့ RFA ပြင်ပဆောင်းပါးရှင် ကိုညိုကလည်း ပြောပါတယ်။

နော်ဝေနိုင်ငံမှာကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆု ဂုဏ်ပြုပွဲအခမ်းအနားကို ဥရောပနိုင်ငံတွေအပြင် အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ တောင်ကိုးရီးယားနဲ့ အခြားနိုင်ငံတွေရောက်နေတဲ့ မြန်မာတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese

နော်ဝေး လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ)

ဥရောပ သြစတေးလျ အမေရိကား မှာ ရှိနေတဲ့ မြန်မာလူမျိုးတွေသာမက နော်ဝေး နိုင်ငံသားတွေနဲ့ လူပင်လယ်ကြီး ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း ကို လာရောက်နားထောင်ခဲ့ပါတယ်။
By DVB entertainment's photo.












အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်