ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သတ်ပြီး ဇွန်လ (၁၁)ရက်နေ့ နောက်ဆုံးရ သတင်းများ

 သတင်း-ဓါတ်ပုံ Eleven Media
news-eleven.com

ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်ပြီး ဇွန်လ (၁၁) ရက်နေ့ နောက်ဆုံးရ သတင်းများကို စုစည်းဖော်ပြထားပါသည်။
24
ယနေ့ မွန်းလွဲ ၂ နာရီခန့်အချိန်က ရာဂဏန်းခန့်ရှိသော ဘင်္ဂါလီများမှာ အဆိုပါ ကွင်းပြင်ကို ဖြတ်ပြီး တစ်ဖက်ရှိ စစ်တွေမြို့ အာကျိတ်တော်ကုန်းစေတီနှင့် ဘုန်ကြီးကျောင်းများအနီးသို့ ချဉ်းကပ်လာသဖြင့် ရခိုင်တိုင်းရင်းသားများ ထပ်မံချဉ်းကပ်မှု မရှိစေရန် ယခုကဲ့သို့ လုံခြုံရေး တာဝန်ယူနေကြခြင်း ဖြစ်ပါသည်။


23
ယနေ့ မွန်းလွဲ ညနေ ၄ နာရီအချိန်က စစ်တွေမြို့ရှိ ဓည၀တီရပ်ကွက် မီးလောင်ကျွမ်းနေသည်ကို တွေ့ရစဉ်

ဇွန်လ ၁၁ ရက်၊ နေ့လည် ၄:၀၀ နာရီ
မီးလောင်ကျွမ်းမှုဖြစ်နေသော ဓည၀တီရပ်ကွက်၌ ဒေသခံ ရခိုင်လူမျိုးများက "မကြောက်ကြနဲ့ မကြောက်ကြနဲ့၊ စုပေါင်း ခုခံ ကာကွယ်ကြပါ"ဟု အော်ဟစ်သံများ ကြားနေရကြောင်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ပြောကြားခဲ့သည်။
ဇွန်လ ၁၁ ရက်၊ နေ့လည် ၄:၀၀ နာရီ
ယခုအချိန်တွင် စစ်တွေမြို့တွင် နေရာ ၃ နေရာ၌ မီးလောင်ကျွမ်းမှု တစ်ပြိုင်နက်တည်း ဖြစ်ပွားနေပြီး သံတော်နီ ရွာ နှင့် ဓည၀တီ ရပ်ကွက်များ၏ မီးလောင်ကျွမ်းမှုမှာ ပိုမိုဆိုးရွားလာလျက်ရှိကြောင်း သိရသည်။ ထို့အပြင် စစ်တွေမြို့တွင် လုံခြုံရေးတပ်ဖွဲ့မှ သေနတ်ပစ်ခတ်မှုများ ဖြစ်ပေါ်နေသည်မှာ မဟုတ်ကြောင်းနှင့် ၀ါးပိုး ၀ါးရုံများ မီးလောင် ပေါက်ကွဲခြင်းသာဖြစ်ကြောင်း စစ်တွေမြို့သို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ပြောကြားခဲ့သည်။
22
စစ်တွေမြို့ ဓည၀တီ ရပ်ကွက်အနီး မီးလောင်ကျွမ်းနေသည်ကို ယနေ့ မွန်းလွဲ ၃ နာရီ မိနစ် ၂၀ အချန်က တွေ့ရစဉ်။
ဇွန်လ ၁၁ ရက်၊ နေ့လည် ၃:၀၀ နာရီ
စစ်တွေမြို့ မြောက်ဘက် ဗျိုင်းဖြူရွာနှင့် သံတော်လီရွာ အကြားတွင် ရခိုင်တိုင်းရင်းများနှင့် ဘင်္ဂါလီတို့အကြား တင်းမာမှု ဖြစ်ပွားနေပြီး ထိုနေရာသို့ စစ်တပ်နှင့် လုံထိန်းတပ်ဖွဲ့ဝင်များ သွားရောက်နေပြီ ဖြစ်ကြောင်း သိရပါသည်။

အဆိုပါ ရွာနှစ်ရွာအကြားတွင် မွန်းလွဲပိုင်းအချိန်က ထိပ်တိုက်တွေ့မှုဖြစ်ခဲ့ပြီး ရခိုင်တိုင်းရင်းသားသုံးဦးမှာ ဘင်္ဂါလီ တို့၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါသည်။ သေဆုံးခဲ့သူ သုံးဦး အနက် နှစ်ဦး၏ အလောင်းကို ဘင်္ဂါလီများက သံတော်လီရွာအတွင်း ဆွဲယူသွားသဖြင့် ရခိုင် တိုင်းရင်းသားများက အလောင်း ပြန်ရရေးအတွက် သံတော်လီရွာအတွင်း ၀င်ရောက်ရန် ကြိုးစားရာမှ တင်းမာမှု ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း ထိုနေရာသို့ ရောက်ရှိနေသည့် Eleven Media Group မှ သတင်းထောက်က ပြောပါသည်။

သံတော်လီရွာသည် ဘင်္ဂါလီများနေထိုင်သည့် ရွာတစ်ရွာဖြစ်ပါသည်။ တင်းမာမှု စတင် ဖြစ်ပွားနေချိန်၌ ထိုနေရာတွင် ရှိနေသော လုံခြုံရေးအင်အားမှာ နည်းပါးပြီး မလုံလောက်တော့သည့်အတွက် စစ်တပ်နှင့် လုံထိန်းများ ထပ်မံသွားရောက်နေခြင်း ဖြစ်သည်။
ဇွန်လ ၁၁ ရက်၊ နေ့လည် ၂:၃၀ နာရီ
စစ်တွေမြို့ မြောက်ဘက် ဗျိုင်းဖြူရွာအနီးတွင် ရခိုင် တိုင်းရင်းသားများနှင့် ဘင်္ဂါလီများ ထိပ်တိုက်တွေ့မှု ဖြစ်ခဲ့ပြီး ဘင်္ဂါလီများက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ရခိုင် တိုင်းရင်းသား သုံးဦး သေဆုံးကြောင်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသည့် Eleven Media Group မှ သတင်းထောက်က ပြောပါသည်။ အဆိုပါဖြစ်စဉ်၌ သေဆုံးခဲ့ရသူ ရခိုင်တိုင်းရင်းသား သုံးဦးမှာ ဦးကျော်သိန်း၊ ကိုဌေးနှင့် အောင်ဇေယျ ရွာသားတစ်ဦးတို့ ဖြစ်ကြောင်း ဗျိုင်းဖြူရွာသား တစ်ဦးက ပြောပါသည်။ ဗျိုင်းဖြူရွာအနီးတွင် ဘင်္ဂါလီများ နေထိုင်သည့် သံတော်လီရွာ တည်ရှိနေပါသည်။
15
19

20
စစ်တွေမြို့မြောက်ဘက် ဇေယျသိန္ဓိ ကျောင်းတိုက်သို့ ရောက်ရှိနေသော အဖွားအိုတစ်ဦးအား တွေ့ရစဉ်
21
စစ်တွေမြို့မြောက်ဘက် ဇေယျသိန္ဓိ ကျောင်းတိုက်သို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်းသားများ

ဇွန်လ ၁၁ ရက်၊ နေ့လည် ၂:၁၀ နာရီ
မေလ ၂၈ ရက်က ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှ မသီတာထွေးအား မုဒိမ်းကျင့်၊ လူသတ်၊ ပစ္စည်းလုယက်မှု ကျူးလွန်ခဲ့သော တရားခံများကို ယနေ့နံနက် ၁၀ နာရီက ကျောက်ဖြူမြို့နယ် တရားရုံးတွင် ရုံးချိန်းစစ်ဆေး ကြားနာရာတွင် အသိသက်သေ ၂၀ ကျော် လာရောက်ကြပြီး လက်ရှိ သက်သေ ၃ ဦး ထွက်ဆိုပြီးနောက် မွန်းလွဲ ၁၂ နာရီတွင် ခေတ္တရပ်နားခဲ့ကြောင်း သိရသည်။
အဆိုပါ တရားခံ(၃)ဦး အနက် တစ်ဦးဖြစ်သူ တရားခံ ရော်ရှီး (ခ) ထက်ထက်မှာ ဇွန်လ ၉ရက် ညနေပိုင်းက ကျောက်ဖြူအကျဉ်းထောင် အတွင်း ကိုယ့်ကိုကိုယ်ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း သိရှိရသည်။
11
စစ်တွေ-ရေချမ်းပြင် ရထားလမ်းမပေါ်မှာ မင်းဂံရပ်ကွက်များကို လုံခြုံရေး စောင့်ကြပ်ပေးနေသည့် တပ်မတော်သားများ။ (အဆိုပါ ရထားလမ်း အရှေ့ဘက်တွင် မင်းဂံရပ်ကွက်များရှိနေပြီး ရထားလမ်း၏ အနောက်ဘက်တွင် ဘင်္ဂါလီရွာများ ရှိနေပါသည်။)
10
9
စစ်တွေမြို့မြောက်ဘက် ဇေယျသိန္ဓိ ကျောင်းတိုက်သို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်းသားများ
1
စစ်တွေမြို့မြောက်ဘက် ဇေယျသိန္ဓိ ကျောင်းတိုက်သို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်းသားများ
2
စစ်တွေမြို့မြောက်ဘက် ဇေယျသိန္ဓိ ကျောင်းတိုက်သို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်းသားများ
3
စစ်တွေမြို့မြောက်ဘက် ဇေယျသိန္ဓိ ကျောင်းတိုက်သို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်းသားများ

6
စစ်တွေ-ရေချမ်းပြင် ရထားလမ်းမပေါ်မှာ မင်းဂံရပ်ကွက်များကို လုံခြုံရေး စောင့်ကြပ်ပေးနေသည့် တပ်မတော်သားများ။ (အဆိုပါ ရထားလမ်း အရှေ့ဘက်တွင် မင်းဂံရပ်ကွက်များရှိနေပြီး ရထားလမ်း၏ အနောက်ဘက်တွင် ဘင်္ဂါလီရွာများ ရှိနေပါသည်။)
ဇွန်လ ၁၁ ရက်၊ နေ့လည် ၁:၂၀ နာရီ
စစ်တွေမြို့ပေါ်ရှိ ပုဂ္ဂလိက ဘဏ်များကို လုံခြုံရေးအခြေအနေကြောင့် ယနေ့မှ စတင်၍ ခေတ္တပိတ်ထားမည် ဖြစ်ကြောင်း သိရှိရပါသည်။
ဇွန်လ ၁၁ ရက်၊ နေ့လည် ၁၂:၂၅ နာရီ
စစ်တွေမြို့ မြောက်ဘက်တွင်ရှိသော ဘင်္ဂါလီရွာဖြစ်သည့် နာဇီရွာကို ဖြတ်သန်းသွားသော အဆိုပါ ရေပိုက်လိုင်းသည် စစ်တွေမြို့တစ်မြို့လုံးသို့ ရေပေးဝေသည့် ပိုက်လိုင်းဖြစ်သောကြောင့် ကြိုတင်ကာကွယ်ခြင်းအားဖြင့် စစ်တွေမြို့ ရေပေးဝေမှုကို ထိန်းချုပ်ထားရခြင်း ဖြစ်ကြောင်း စစ်တွေ ဒေသခံများက ပြောပါသည်။ လက်ရှိ အချိန်တွင် နာဇီရွာ၌ ဘဂါင်္လီများသာ ရှိနေပြီး ရွာတွင်ကျန်ရှိနေသော ရခိုင်တိုင်းရင်းသား အိမ်များနှင့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းကို ယနေ့နံနက်ပိုင်း ဘင်္ဂါလီများက မီးရှို့ခဲ့ကြောင်း စစ်တွေ ဒေသခံများက ပြောပါသည်။

jun11sittway1
ဇွန်လ ၁၁ ရက်၊ နေ့လည် ၁၂:၁၀ နာရီ
မောင်တောမြို့ ရပ်ကွက်(၅)နှင့် ဗိုလ်မှူးရွာ ကို ဘင်္ဂါလီရိုဟင်ဂျာများက ဇွန်လ ၁၁ ရက် နံနက် ၉ နာရီ ခွဲခန့်က မီးရှိုခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါနေရာကို လုံခြုံရေးတပ်ဖွဲ့များက သွားရောက်ထိန်းသိမ်းထားကြောင်း သိရသည်။မောင်တောမြို့နယ်တွင် လာရောက် တာဝန်ထမ်းဆောင်နေသော ကျောင်းဆရာ၊ ဆရာမ ၄၃ ဦးကို နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်နေကြောင်း သိရှိရပါသည်။ယနေ့ ဇွန်လ ၁၁ ရက် ဘူးသီးတောင်မြို့ရှိ ဒုက္ခသည် စခန်း ၂ ခုတွင် ရခိုင်တိုင်းရင်းသား ဒုက္ခသည် ၁၀၀၀ ခန့်ရှိနေကြောင်း သိရသည်။
ဇွန်လ ၁၁ ရက်၊ နေ့လည် ၁၂:၀၀ နာရီ
လက်ရှိအခြေအနေတွင် စစ်တွေမြို့ မြောက်ဖက် ရွာသာယာရွာနှင့် ဗျိုင်းဖြူရွာတို့ စိုးရိမ်ရသည့် အခြေအနေရှိနေကြောင်း၊ အဆိုပါရွာနှစ်ရွာ၏ အလယ်တွင် ဘင်္ဂါလီများ၏ ရွာရှိနေပြီး ရွာသာယာရွာကို သွားရန် စစ်တွေမြို့မှ ဒေသခံများ ပြင်ဆင်နေပြီဖြစ်ကြောင်း စစ်တွေမြို့ခံတစ်ဦးက ပြောကြားခဲ့သည်။
ဇွန်လ ၁၁ ရက်၊ နံနက် ၁၁:၄၀ နာရီ
ရခိုင်ပြည်နယ် စစ်တွေမြို့ နှင့် သံတွဲမြို့သို့ ပြေးဆွဲနေသော အဲကမ္ဘောဇ လေကြောင်းလိုင်းသည် လုံခြုံရေး အခြေအနေများကြောင့် တစ်ပတ်ခန့် ခရီးစဉ်များ ရပ်နားထားမည်ဖြစ်ကြောင်း သိရှိရပါသည်။ အခြားလေကြောင်းလိုင်းများဖြစ်သည့် မြန်မာ့လေကြောင်း၊ အဲမန္တလေးနှင့် အဲပုဂံတို့မှာ ရခိုင်ပြည်နယ်သို့ ခရီးစဉ်များ ပုံမှန်ပြေးဆွဲလျှက်ရှိကြောင်း သိရှိရပါသည်။
ဇွန်လ ၁၁ ရက်၊ နံနက် ၁၁ နာရီ
စစ်တွေမြို့ အပြင်ဘက်ရှိ နာဇီရွာမှ ရွာသားများသည် ဘင်္ဂါလီများ၏ ရန်ကြောင့် ဇွန်လ (၁၀) ရက်နေ့ညက ရွာကို စွန့်ခွာထွက်ပြေးခဲ့ကြကြောင်း သိရှိရပါသည်။ အဆိုပါရွာတွင် အိမ်ခြေ ၂၇၀၀ ခန့်ရှိပြီး ရခိုင်တိုင်းရင်းသား အိမ်ခြေ ၂၈၀ ခန့်နှင့် ဘုန်းကြီးကျောင်းငါးကျောင်း ရှိကြောင်း သိရသည်။
အဆိုပါ နာဇီရွာတွင် ဇေယျမင်္ဂလာ၊ စေတီပြင်၊ စန္ဒာလောက၊ ဓမ္မ၀ိဟာရ၊ ဂြစ်ချောင်း ဘုန်းကြီးကျောင်းတို့အနက်မှ ဇေယျမင်္ဂလာ၊ စေတီပြင်၊ စန္ဒာလောကစသည့် ဘုန်းကြီးကျောင်း ၃ ကျောင်းနှင့် ရခိုင်ရွာသားများ၏ နေအိမ်များကို ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခံနေရကြောင်း သိရှိရပါသည်။
စစ်တွေမှာ တရားဝင် ကယ်ဆယ်ရေးစခန်းများ မရှိသော်လည်း စစ်တွေမြို့အနီးအနားရှိ ရခိုင်ရွာများမှ ပြည်သူများသည် စစ်တွေမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း ၁၀ ကျောင်းခန့်တွင် ခိုလုံနေကြပြီး လူ ၅၀၀၀ ခန့်ရှိကြောင်း သိရသည်။
ဇွန်လ ၁၁ ရက်၊ နံနက် ၉း၂၀ နာရီ
မောင်တောမြို့ ဗိုလ်မှူးရွာကို ဘင်္ဂါလီ ရိုဟင်ဂျာများက ဇွန်လ ၁၁ ရက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် မီးရှို့နေကြောင်း သိရသည်။
ဇွန်လ ၁၁ ရက်၊ နံနက် ၉း၀၅ နာရီ
ဇွန်လ ၁၁ရက် နံနက်ပိုင်း ရရှိသော သတင်းများအရ တပ်မတော်လုံခြုံရေး တပ်ဖွဲ့ဝင်များသည် စစ်တွေမြို့အတွင်း ကင်းလှည့်နေကြောင်း၊ ယမန်နေ့ကကဲ့သို့ အခြေအနေမျိုးမရှိဘဲ အေးချမ်းနေကြောင်း သတင်းရရှိပါသည်။

အမေရိကန် သံရုံးရဲ့ ထုတ်ပြန်ချက်



 ရခိုင်ပြည်နယ် မှာ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း သတင်းများကြောင့် မိမိတို့ များစွာစိုးရိမ်ပူပန်ရကြောင်း အမေရိကန် သံရုံးရဲ့ ထုတ်ပြန်ချက်ပါ

ရခိုင်ပြည်နယ် ဆူပူအကြမ်းဖက်မှုကြောင့် ဒုက္ခသည် တစ်သောင်းကျော်ရှိဟုဆို

ဓည၀တီ (က)ရပ်ကွက် ဓမ္မရာမ ကျောင်းတိုက်အား ဘင်္ဂလီများက အုတ်ခဲ များ၊ ဂျင်ကလိများဖြင့် ပစ်ပေါက်ခြင်းကြောင့် သံဃာတစ်ပါး ထိခိုက်ဒါဏ်ရာ ရ

ဘင်္ဂါလီ အကြမ်းဖက်သူများ အသုံးပြုသည့် မြား နှင့် ဂျင်ကလိ ကိုတွေ့ရစဉ်။
ဓည၀တီရပ်ကွက်တွင် မီးရှို့ဖျက်ဆီးရန်ကြိုးစားနေသော ဘဂါင်္လီဆူပူအကြမ်းဖက်သူများကို ထပ်မံဖမ်းဆီးမိခဲ့ပြီး အဆိုပါဘဂါင်္လီများအား လုံခြုံရေးကားပေါ်သို့ ခေါ်ဆောင်သွားသည်ကို တွေ့ရစဉ်

ရန်ကုန်၊ ဇွန် ၁၁

လူမျိုးရေးအသွင်ဆောင်သော ဆူပူအကြမ်းဖက်ပဋိပက္ခမှု များ ဖြစ်ပွားလျက်ရှိသော ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှု၊ နေအိမ်များ မီးရှို့ခံရမှုတို့ကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာကြသော ဒုက္ခသည် တစ်သောင်းကျော်(၁၂၀၇၄ဦး)အထိ ရောက်ရှိလာပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ၂ နာရီအထိ စာရင်းအရ မောင်တောမြို့နယ်တွင် ဒုက္ခသည် ၃၈၇၄ဦး၊ ဘူးသီးသောင်းမြို့နယ်တွင် ဒုက္ခသည် ၁၃၀၀ဦး၊ စစ်တွေမြို့တွင် ဒုက္ခသည် ၄၉၀၀ဦးနှင့် ရသေ့တောင်တွင် ဒုက္ခသည် ၂၀၀၀ဦး စုစုပေါင်း ၁၂၀၇၄ ဦးရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်တွေမြို့ပေါ် ရပ်ကွက်အချို့ မီးလောင်မှုထပ်မံဖြစ်ပွား

ရခိုင်ပြည်နယ် စစ်တွေမြို့အနီး မကျည်းမြိုင် ရပ်ကွက် (၅) တွင်းက လွန်ခဲ့သော မိနစ်ပိုင်းအတွင်းက မီးလောင်မှု ဖြစ်ပွားနေစဉ်
ဆူပူအကြမ်းဖက်မှုများဆက်လက်ဖြစ်ပွားနေသော ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်ရှိ ဓည၀တီရပ်ကွက်၊ မကျည်းမြိုင် (၅) ရပ်ကွက်နှင့် နာဇီရွာတို့တွင် မီးလောင်မှုများဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဓည၀တီရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားနေပြီး စစ်တွေမြို့တွင်းသို့ ဘဂါင်္လီလူမျိုးအများအပြားဝင်ရောက်လာမှုကြောင့် ယခုအခါ လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်နေကြောင်း၊ ယင်းသို့ သေနတ်များဖြင့် ပစ်ခတ်သော်လည်း ဘဂါင်္လီလူမျိုးများမှာ ဆုတ်ခွာမသွားဘဲ ရှေ့ဆက်တိုးလာကြကြောင်း၊ ယခုအခါ စစ်တွေမြို့ပေါ်တွင် ဆူပူအကြမ်းဖက်မှုများ ပိုများလာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly က ဒေသခံများထံ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းစဉ် ဖုန်းထဲမှ သေနတ်သံများကို ကြားနေရသည်။

The Voice Weekly

စစ်တြွေုမို့ နောက်ဆုံးရ သတင်းများ

ဇွန်လ ၁၁ ရက်နေ့ ၁၃၀၀ နာရီ။ ကန်တော်လီရွာနှင့် ဗျိုင်းစုရွာ အချင်းချင်း ရိုက်ပွဲဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့မှ သွားရောက်ထိန်းသိမ်းခဲ့သောကြောင့် လူစုကွဲသွားကြောင်း သိရှိရသည်။

ဇွန်လ ၁၁ ရက်နေ့ ၁၄၃၅ နာရီ ။ နာဇီရပ်ကွက်(၁၂)၊ ဘင်္ဂါလီအများစုနေထိုင်သည့် အိမ်(၂) လုံး မီးလောင်ကျွမ်းခဲ့ရာ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ခလရ(၂၀)မှ တပ်မတော် သားများမှ သွားရောက် ရှင်းလင်းခဲ့သည်။ လူစုခွဲရန် သေနတ်များ ပစ်ဖောက်ခဲ့ရသဖြင့် လူစုကွဲကာ မီးများလည်း ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။


ဇွန်လ ၁၀ ရက်နေ့ ၁၀၅၀ နာရီမှ ဇွန်လ ၁၁ ရက် ၀၈၃၀ နာရီထိ

ဇွန်လ ၁၀ ရက်၊ ၁၂၀၀ မှ ၁၃၀၀ နာရီထိ ။ တရားသီးစုပိုက်သယ် ကုလားရွာ၊ ဘင်္ဂါလီလူမျိုး (၂) ဦးမှ ၄င်းတို့၏ နေအိမ်များကို မီးရှို့၊ ဘေးအိမ် (၅) လုံးသို့ မီးကူး၊ မီးသတ်ကား(၂)စီးမှ ငြိမ်းသတ်။ (ဗလီ ၂ လုံး၊ ဘင်္ဂါလီလူမျိုးနေအိမ်(၁၀)လုံး ပျက်စီး)။

ဇွန်လ ၁၀ ရက်၊ ၁၂၂၅ နာရီ ။ စစ်တွေမြို့၊ ပြည်သူ့ဆေးရုံ၊ ရခိုင်တိုင်းရင်းသား(၂)ဦး (မစိုး ရိမ်ရ)၊ ဒဏ်ရာဖြင့် ရောက်ရှိလာ။

ဇွန်လ ၁၀ ရက်၊ ၁၃၃၀ နာရီ ။ စစ်တွေမြို့အနီးရှိ အနောက်ဖရုံကာကျွန်းအနီးတ၀ိုက်၌ ဘင်္ဂါလီလူမျိုးများ ခိုအောင်လျက် ရှိပြီး ညပိုင်တွင် စစ်တွေမြို့သို့ တိတ်တဆိတ်တက်ကာ မီးရှို့လေ့ ရှိကြောင်း၊ မီးရှို့ပြီးနောက် စက်လှေများဖြင့် ပြန်လည်ထွက်ပြေးသွားလေ့ရှိကြောင်ူး စစ်တွေမြို့၊ ကမ်းနားလမ်းနေ ပြည်သူများမှ သတင်းပေးပို့ခဲ့သည်။ စစ်တွေရှိ ပြည်သူများမှာ ညမထွက်ရအမိန့်ထုတ်ပြန်ထားသဖြင့် ညပိုင်းအချိန် အခွင့် ကောင်းယူ၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဆောင်ရွက်လေ့ရှိသောကြောင့် အကြမ်းဖက်မီးရှို့မှုများ ထပ်မံ မဖြစ်ပွားစေရေး အတွက် တပ်မတော်(ရေ)မှ လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက် ရှိရာ အနောက်ဖရုံကာ ကျွန်း၊ စကေးပြင်ကျေးရွာတွင် ဘင်္ဂါလီလူမျိုး (၁၀၀၀)ဦးခန့် တွေ့ရှိရကြောင်း သိရှိရသည်။

(နိုင်ငံတော် သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦး၏ Facebook စာမျက်နှာတွင် လွန်ခဲ့သော မိနစ်ပိုင်းအတွင်း ရေးသားဖော်ပြထားသည်။) ဓါတ်ပုံ - မှူးဇော်  Facebook

စစ်တွေမြို့တွင် နေရာ ၃ နေရာ၌ မီးလောင်ကျွမ်းမှု တစ်ပြိုင်နက်တည်း ဖြစ်ပွားနေ

စစ်တွေမြို့ ဓည၀တီ ရပ်ကွက်အနီး မီးလောင်ကျွမ်းနေသည်ကို ယနေ့ မွန်းလွဲ ၃ နာရီ မိနစ် ၂၀ အချိန်က တွေ့ရစဉ်။ ဓါတ်ပုံ - Eleven Media Group
ယခုအချိန်တွင် စစ်တွေမြို့တွင် နေရာ ၃ နေရာ၌ မီးလောင်ကျွမ်းမှု တစ်ပြိုင်နက်တည်း ဖြစ်ပွားနေပြီး သံတော်နီရွာနှင့် ဓည၀တီ ရပ်ကွက်များ၏ မီးလောင်ကျွမ်းမှုမှာ ပိုမိုဆိုးရွားလာလျက်ရှိကြောင်း သိရသည်။ ထို့အပြင် စစ်တွေမြို့တွင် လုံခြုံရေးတပ်ဖွဲ့မှ သေနတ်ပစ်ခတ်မှုများ ဖြစ်ပေါ်နေသည်မှာ မဟုတ်ကြောင်းနှင့် ၀ါးပိုး ၀ါးရုံများ မီးလောင် ပေါက်ကွဲခြင်းသာဖြစ်ကြောင်း စစ်တွေမြို့သို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ပြောကြားခဲ့သည်။

မီးလောင်ကျွမ်းမှုဖြစ်နေသော ဓည၀တီရပ်ကွက်၌ ဒေသခံ ရခိုင်လူမျိုးများက "မကြောက်ကြနဲ့ မကြောက်ကြနဲ့၊ စုပေါင်း ခုခံ ကာကွယ်ကြပါ"ဟု အော်ဟစ်သံများ ကြားနေရကြောင်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ပြောကြားခဲ့သည်။

Eleven Media Group

ရခိုင်ပြည်နယ် အရေး ပြည်ပ မီဒီယာများကို ဆန့် ကျင်ကန့် ကွက်

ဓါတ်ပုံ - The Voice Weekly
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှု့များကို ဆန့်ကျင်ရှုံ့ချကြောင်းနှင့် နိုင်ငံတကာမီဒီယာများဖြစ်သော BBC, RFA ,VOA,DVBသတင်းဌာနများ၏ဘက်လိုက်ရေးသားမှု့များကိုဆန့်ကျင်ကန့်ကွက်ကြောင်းနှင့်အကြမ်းဖက်မှု့များကိုဥပဒေအရ နှိမ်နင်းအရေးယူနေ သောတပ်မတော်၊ ရဲတပ်ဖွဲ့ဝင်များနှင့် တစ်သားတည်းရှိကြောင်း ပြသရန် ငြိမ်းချမ်းစွာစုဝေးဆန္ဒဖော်ထုတ်မှု့တစ်ရပ် ယနေ့နံနက် ၁၀နာရီ မှ ၁၁နာရီအထိ ဆူးလေ၊မြို့တော်ခန်းမအနီးဖြစ်ပွားခဲ့သည်။ ဆန္ဒဖော်ထုတ်သူများမှာပါတီ၊နိုင်ငံရေးအဖွဲ့အစည်းစွဲများမရှိဘဲ မြန်မာနိုင်ငံကိုချစ်မြတ်နိုးကြသော မျိုးချစ်မြန်မာများဖြစ်သည်ဟု ရည်ညွှန်းထားကြသည်။

7Day News Journal

ဘင်္ဂါလီ ၁၀၀ကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လွှဲပြောင်းပေးအပ်

 ဓါတ်ပုံ - မှူးဇော်  Facebook
ရခိုင်ပြည်နယ် စစ်တွေမြို့ ကမ်းနားလမ်း မိဇံရပ်ကွက်နေ အကြမ်းဖက်ဆူပူလှုပ်ရှားမှုတွင် မပါဝင်သေးသော ဘင်္ဂါလီ ၁၀၀ကျော်ကို ရခိုင်တိုင်းရင်းသားများက လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ ဇွန်လ ၁၁ ရက်နေ့တွင် လွှဲအပ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

“ မနေ့တုန်းက သွေးပူနေတဲ့ ရခိုင်တွေ သတ်မှာကြောက်လို့ ဘင်္ဂါလီ ၁၀၀ကျော်ကို ထိန်းထားတယ်။ ဒီနေ့က ဘယ်လိုမှ ထိန်းလို့မရတော့လို့ လုံခြုံရေးလက်ထဲကို အပ်လိုက်တာ”ဟု မိဇံရပ်ကွက်တွင် နေထိုင်သည့် ရခိုင်အမျိုးသားတစ်ဦးက ပြောကြားသည်။

The Voice Weekly

နေအိမ်မီးလောင်မှုများနှင့် ဆူပူ အကြမ်းဖက် မှုများ ဖြစ်ပွား နေသောကြောင့် ကျေးရွာ များမှ စစ်တွေမြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်လာရင်း လမ်းခရီးတွင် ပျောက်ဆုံး၊ သေဆုံးသွားသော ကလေးငယ်များ ရှိကြောင်း ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

“ ထွက်ပြေးလာရင်း လမ်းမှာ ပျောက်တဲ့ကလေးတွေ၊ သေတဲ့ကလေးတွေ အများကြီးပဲ။ ပျောက်တာနဲ့ သေတာက နာဇီရွာနဲ့ ဗျိုင်းဖြူရွာက ကလေးတွေ အများဆုံးပဲ” ဟု ဗျိုင်းဖြူရွာမှ ထွက်ပြေးတိမ်းရှောင်လာသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

The Voice Weekly

ရသေ့တောင်မြို့နယ်၌ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်


ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဆူပူအုံကြွအကြမ်းဘက်မှုများကြောင့် ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များမှ ရခိုင်တိုင်းရင်းသားများသည် စိုးရိမ်ထိတ်လန့်ပြီး ရသေ့တောင်မြို့သို့ စက်လှေများဖြင့် ရောက်ရှိလျက် ရှိရာ တာဝန်ရှိသူများမှ ရသေ့တောင် မြို့နယ်အတွင်း အောက်ပါအတိုင်း နေရာချထားပေးကာ စားနပ်ရိက္ခများ၊ ကျန်းမာရေးစောင့် ရှောက်မှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်-

(က) မေယုခန်းမ (၅၀၆) ဦး
(ခ) အလိုတော်ပြည့်ကျောင်းတိုက် (၂၆၇) ဦး
စုစုပေါင်း ကျား/မ၊ ကလေး/လူကြီး (၇၇၃)ဦး
(နိုင်ငံတော် သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦး၏ Facebook စာမျက်နှာတွင် လွန်ခဲ့သော မိနစ်ပိုင်းအတွင်း ရေးသားဖော်ပြထားသည်။)

ဘင်္ဂါလီအပေါ် နိုင်ငံတော်အစိုးရ၏ သဘောထား

‎မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း (၁၀၀) ကျော် ရှိသည့်အနက် ရိုဟင်ဂျာ ဟူသော အမျိုးအနွယ် မပါပါဘူး။ ဘယ်တုန်းကမှလည်း ရိုဟင်ဂျာကို နိုင်ငံသားအဖြစ် အသိအမှတ် မပြုပါဘူး။
(ဦးခင်ရီ၊ ပြည်ထောင်စုဝန်ကြီး)

“ပြည်ထဲရေးဝန်ကြီးဌာန၊ သတင်းစာရှင်းလင်းပွဲ(၁၄-၁-၂၀၁၂)"

မေး-ခင်မောင်ညို(ဘောဂဗေဒ) - တာလီဘန်ကိစ္စ စိတ်ဝင်စားပါတယ်။ လုံခြုံရေးအရ ပြော လို့ရမယ်ဆိုတာ တာလီဘန်နဲ့ မြန်မာနိုင်ငံ မည်ကဲ့သို့ ဆက်နွယ်နေသည်ကို သိလိုပါတယ်။

ဖြေ-ပြည်ထောင်စုဝန်ကြီး - တာလီဘန် ၀င်ရောက်သော နေရာ ဘယ်နေရာဖြစ်မယ်လို့ ခန့် မှန်းပါသလဲ။ အဲဒီနေရာကနေ ထိုးဖောက်ဝင်ရောက်လာပြီး စည်းရုံးခြင်း၊ သင်တန်းပေးခြင်း များ ရှိ၍ ဖော်ထုတ်ဖမ်းဆီး အရေးယူလိုက်ရပါတယ်။ ၀င်ရောက်ဖမ်းဆီးချိန်တွင် အကုန် မမိဘဲ တစ်ချို့တစ်ဝက်မှာ ထွက်ပြေးလွတ်မြောက်သွားပါတယ်။ နိုင်ငံအတွက်လည်း တာလီ ဘန်ကိစ္စသည် အရေးကြီးပါတယ်။

(နိုင်ငံတော် သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦး၏ Facebook စာမျက်နှာတွင် လွန်ခဲ့သော မိနစ်ပိုင်းအတွင်း ရေးသားဖော်ပြထားသည်။)

ရခိုင်တိုင်းရင်းသားဒုက္ခသည် သုံးထောင်ခန့် စားနပ်ရိက္ခာ ပြတ်တောက်

ရန်ကုန်၊ ဇွန် ၁၁
လူမျိုးရေးအသွင်ဆောင်ကာ ဆူပူအကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေသော ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် တိမ်းရှောင်ခိုလှုံနေကြသော ရခိုင်းတိုင်းရင်းသားဒုက္ခသည် သုံးထောင်ခန့်မှာ စားနပ်ရိက္ခာပြတ်တောက်နေကြောင်း ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

အဆိုပါဒုက္ခသည်များမှာ ဘဂါလီများက မီးရှို့ဖျက်ဆီးခြင်းခံခဲ့သော စစ်တွေမြို့ ကန်တော်ကြီးရပ်ကွက်၊ ဝေသာလီရပ်ကွက်၊ ဓည၀တီရပ်ကွက်၊ လမ်းမတော်ရပ်ကွက်၊ အနောက်စံပြရွာ၊ မင်းဂံရွာ၊ ဗျိုင်းဖြူရွာ၊ နာဇီရွာ စသည့်ရွာများမှ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ရခိုင်တိုင်းရင်းသားဒုက္ခသည်များ
မှာ ရေနှင့် စားနပ်ရိက္ခာ များ လာရောက် လှူဒါန်းမည့်သူ မရှိသောကြောင့် ဒုက္ခရောက် လျက်ရှိကြောင်း သတင်းရရှိသည်။

The Voice Weekly

ဘူးသီးတောင်တွင် ရေကန်အတွင်း အဆိပ်ခတ်ရန် ကြံရွယ်သူများကို ခြောက်လှန့်ပစ်ခတ်

မီးဇင်ရပ်ကွက်မှ ဘင်္ဂါလီလူမျိုးများ မီးရှို့ရန် ပြင်ဆင်ထားသည့်ဓာတ်ဆီပုံးများ
ဘူးသီးတောင်မြို့နယ်၊ ရပ်ကွက်(၄/၅) ရှိ ကန်တော်ကြီး ရေကန်သို့ အဆိပ်ခတ်မည် ဟူသော တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ကြိုတင်၍ လုံခြုံရေးယူ ဆောင်ရွက်ထားခဲ့ပြီး ဇွန်လ ၁၀ ရက်နေ့ည ၂၂:၃၅ နာရီချိန်တွင် အဆိပ်ခတ်ရန်ကြံရွယ်သူ ဘဂါလီလူမျိုးနှစ်ဦး ကို လုံခြုံရေးတာဝန်ယူထားသည့် တပ်မတော်သားများက ခြောက်လှန့် ပစ်ခတ်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦး၏ Facebook စာမျက်နှာတွင် လွန်ခဲ့သော မိနစ်ပိုင်း အတွင်းက ဖော်ပြထားချက်အရ သိရသည်။

ရေကန်အတွင်းသို့ လူဆင်းလာသည့်အသံကြားရ၍ လုံခြုံရေးတပ်ဖွဲ့က ဓာတ်မီးဖြင့် ထိုးကြည့် ရာ လူ(၂)ဦး ရောက်ရှိနေသည်ကို တွေ့ရှိရကြောင်း၊ ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ရာ ယင်းလူ(၂) ဦးမှာ လောက်လေးခွဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးလုံခြုံရေးတာဝန်ယူထားသည့် တပ်မတော်သားများက ခြောက်လှန့်ပစ်ခတ်ခဲ့ရာ ဘင်္ဂါလီလူမျိုး တစ်ဦး သေနတ်မှန်ကာ တစ်ဦး ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦး၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

သေနတ်ထိမှန်၍ ကျန်ရစ်ခဲ့သည့် ဘင်္ဂါလီလူမျိုးမှာ ဘူးသီး တောင်မြို့မှ (၃)မိုင်ခန့်အကွာ ကျောက္ကရွာမှ ဖြစ်ကြောင်း၊ ၄င်းထံတွင် ဓါးတစ်လက်၊ လေးခွနှင့် လောက်စာလုံးများ တွေ့ရှိရပြီး ၄င်းတို့လုပ်ဆောင်သည့် အခြေအနေ အား စိစစ်ဆဲ ဖြစ်ကြောင်း သိရှိရသည်။

The Voice Weekly

စစ်တွေမြို့ ဗျိုင်းဖြူရွာတွင် လူသုံးဦး သေဆုံး

ရခိုင်ပြည်နယ် စစ်တွေမြို့အနီး မကျည်းမြိုင် ရပ်ကွက် (၅) တွင်းက လွန်ခဲ့သော မိနစ်ပိုင်းအတွင်းက မီးလောင်မှု ဖြစ်ပွား
ဇွန်လ (၁၁) ရက်နေ့ 
ဆူပူအကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေသော စစ်တွေမြို့ မြောက်ဘက်ရှိ ဗျိုင်းဖြူရွာတွင် ယနေ့ နံနက်ပိုင်းတွင် ဘင်္ဂါလီများက နေအိမ်များအား မီးရှို့ကာ ဒေသခံများကို သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ရခိုင်တိုင်းရင်းသားသုံးဦးသေဆုံးပြီး ဆယ်ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် စုံစမ်းသိရှိရသည်။

အဆိုပါကျေးရွာသို့ ယခုအချိန်ထိ လုံခြုံရေးတပ်ဖွဲ့ဝင်များ မရောက်ရှိသေးကြောင်း ၄င်းတို့က ဆိုသည်။

“ဘင်္ဂါလီတွေက သေနတ်ပစ်ပြီးတော့ ရွာကို မီးရှို့ဖို့ ၀င်လာတဲ့အခါ ရခိုင်တွေက ဓားနဲ့ ပြန်ခုတ်တယ်။ အဲ့ဒီမှာ ဘဂါင်္လီဘက်က လူအင်အားအတော်များတော့ ဒဏ်ရာရတဲ့သူတွေမှာ ရခိုင်တွေ ပိုများတယ်” ဟု ဗျိုင်းဖြူရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောကြားသည်။

The Voice Weekly

နယ်စပ်မှ တင်သွင်းလာသည် မုန့်ကြောင့် ကလေးငယ်တစ်ဦး အစာအဆိပ်သင့်

ကလေးငယ်တစ်ဦးသည် နယ်စပ်မှတင်သွင်လာသည့် မုန့်ကိုစားမိပြီး မကြာမီတွင်ပင် အစာအဆိပ်သင့်ဝေဒနာ ခံစားရသဖြင့် အရေးပေါ်ဆေးကုသမှုများ ခံယူလိုက်ရကြောင်းသိရသည်။

အဆိုပါကလေးငယ်မှာ ပြင်ဦးလွင်မြို့နေ အသက်၆ နှစ်ရှိသူ မ၀င့်သူသူထက်ဖြစ်ပြီး အဆိုပါမုန့်ထုတ်ထဲမှ မုန့်ချောင်းငယ်လေး ၁၀ ချောင်းမျှစားပြီးနောက်ဝယ် အစာအဆိပ်သင့်သည့် ရောဂါလက္ခဏာများပြလာကာ ပြို့အန်လာသဖြင့် နီးရာဆေးခန်းသို့ သွားရောက်ပြသကာ အရေးပေါ်ဆေးကုသမှုများ ခံယူလိုက်ရခြင်းဖြစ်သည်။

"ကျွန်မတို့ဆီမှာတော့ အဲဒီမုန့်ကို 'အစပ်ချောင်း' လို့ခေါ်ကြပါတယ်။ မုန့်ထုတ်ထဲမှာ မီးခြစ်ဆံချောင်းလုံးပတ်လောက်ရှိတဲ့ စားစရာအချောင်းလေးတွေ အချောင်း ၅၀ လောက်ပါတယ်။ မုန့်ထုတ်ပေါ်မှာတော့ တရုတ်စာတွေချည်းပဲရေးထားတော့ ဘာတွေ ဘယ်လိုပါဝင်နေတယ်ဆိုတာ ကျွန်မတို့မသကြဘူးလေ။ သမီးလေးကတော့ အဲဒီအချောင်းလေး ၁၀ ချောင်းလောက်စားပြီးတဲ့နောက် ၂ နာရီလောက်ကြတော့ ရေတောင်မသောက်နိုင်တော့ပဲ ပြို့သလို အန်သလိုလိုဖြစ်လာတာကြောင့် အနီးဆုံး ဆေးခန်းကိုသွာပြီး ပြရတော့တာပါပဲ။ အကောင်းကြီါ်ကနေ ချက်ခြင်းဆိုသလိုဖြစ်လာတာနော်" ဟု ကလေးငယ်၏ မိခင် ဒေါ်ခင်ခင်လေးကပြောသည်။

ထိုသို့ ပြို့အန်ပြီးနောက် ညနေပိုင်းသို့ရောက်သော် ကလေးငယ်မှာ ကိုယ်ပူရှိန်တက်ခါ အဖျားဝင်လာကြောင်း၊ ညဖက်ရောက်သည်တွင် ကိုယ်ပူချိန်မှာ ၁၀၅၊ ၁၀၆ လောက်အထိတက်လာကြောင်း၊ ထို့ကြောင့် နောက်တစ်နေ့တွင် ဆေးခန်းသို့သွားပြကာ ဆရာဝန်၏ ညွှန်ကြားအချက်အတိုင်း ပြုစုကုသရကြောင်း ကလေးငယ်၏ မိခင်ကပြောပါသည်။ ဆရာဝန်ကလည်း အစာအဆိပ်သင့်သည့် ရောဂါလက္ခဏာဖြစ်ကြောင်းပြောသည်ဆို၏။ ထိုသို့ကုသပြီး ၃ ရက်ခန့်ကြာသည်တွင်မှ မူလအခြေအနေသို့ပြန်ရောက်ကြောင်းသိရသည်။

အဆိုပါ မုန့်ထုတ်ထဲမှ အချောင်းလေးများကို မီးရှို့ကြည့်သောအခါ ပလပ်စတစ်ချောင်းလေးများအား မီးရှို့သကဲ့သို့တွေ့မြင်ရပြီး အနံ့မှာလည်း ပလပ်စတစ်မီးလောင်သည့် အနံ့ကဲ့သို့ပင်ဖ်ြစ်ကြောင်း ကလေးငယ်၏ မိခင် ကပြောသည်။

Popular Myanmar News Journal

အလယ်သံကျော်ကျေးရွာမှ ဆရာ/ဆရာမများအား လုံခြုံမှုရှိသော နေရာများသို့ ကယ်ယူပို့ဆောင်ပေးနေ

စစ်တွေမြို့သို့ ဇွန်(၁၀)ရက်နေ့က တပ်မတော်လေယာဉ်ဖြင့်ရောက်ရှိလာကြသော လုံခြုံရေးတပ်ဖွဲ့ဝင်များ(Photo- Reuters)
မောင်တောနှင့် ဘူသီးတောင်မြို့နယ် ဘင်္ဂါလီကျေးရွာများတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာ/ဆရာမများအား လုံခြုံမှုရှိသော နေရာများသို့ ကယ်ယူပို့ဆောင်ပေးနေပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ဇွန်လ(၁၁)ရက်နေ့ နံနက်ပိုင်းတွင် မောင်တောမြို့နယ် အလယ်သံကျော်ကျေးရွာမှ ဆရာ/ဆရာမ ၄၅ ဦးအား ရဟတ်ယာဉ်များဖြင့်တင်ဆောင်ကာ စစ်တွေမြို့သို့ ပို့ပေးပြီးဖြစ်ကြောင်းသိရသည်။

မင်းသုအောင်-Popular Myanmar News Journal

ရန်ကုန်- စစ်တွေ ယာဉ်လိုင်းများ ရပ်နားပြီး ရန်ကုန်လေဆိပ်တွင်အထူးစစ်ဆေးမှု့များပြုလုပ်ရန် ညွှန်ကြား

ရန်ကုန်- စစ်တွေ ယာဉ်လိုင်းများ ရပ်နား
ရန်ကုန်- ဇွန်၁၁
ရန်ကုန်မြို့မှစစ်တွေမြို့သို့ထွက်ခွာမည့် အဝေးပြေးယာဉ်လိုင်းအားလုံးကို ဇွန်လ၁၁ရက်နေ့တွင် စတင်ရပ်နားလိုက်ကြောင်း အောင်မင်္ဂလာအဝေးပြေးအခြေစိုက် စစ်တွေအဝေးပြေးဂိတ်များထံမှ စုံစမ်းသိရသည်။
“နယ်မြေအေးချမ်းမှု့အပေါ်မူတည်ပြီး ပြန်ထွက်မယ်။”ဟု ရန်ကုန်-စစ်တွေ တိုးရတနာဂိတ်မှတာဝန်ရှိသူတစ်ဦးက
7Day News Journal ကို ပြောသည်။

ရန်ကုန်လေဆိပ်တွင်အထူးစစ်ဆေးမှု့များပြုလုပ်ရန် ညွှန်ကြား
ရန်ကုန်- ဇွန် ၁၁
စစ်တွေမြို့နှင့်သံတွဲမြို့များမှ ပြန်လာသည့်ခရီးသည်များကို ရန်ကုန်လေဆိပ်တွင်စနစ်တကျစစ်ဆေးမှု့များပြုလုပ်နေကြောင်း ရန်ကုန်လေဆိပ်မှအဓိက တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
“လူဝင်မှု့ကြီးကြပ်ရေး(လ၀က)ကိုစစ်ခိုင်းထားတာပါ။မှတ်ပုံတင်နဲ့လူနဲ့တိုက်စစ်ဖို့။ နိုင်ငံကူးလက်မှတ်နဲ့လူနဲ့တိုက်စစ်ဖို့၊ နောက်ပြီးသတင်းကြားထားတဲ့ လူတွေပါလာမလာစစ်ဖို့ ညွှန်ကြားထားတာပါ”ဟု လေဆိပ်မှ အဆိုပါတာဝန်ရှိသူကပြောကြားသည်။

7Day News Journal

အကြမ်းဖက်မှု့ခံခဲ့ရသည့် ဒုက္ခသည်များကိုထိရောက်သော အကူအညီများ ပေးနိုင်ရန် ဆွေးနွေးနေ


ယနေ့(ဇွန် ၁၁) မွန်းလွဲ တစ်နာရီ ခွဲတွင် ရွှေတိဂုံဘုရားအနောက်ဘက်မုဒ် ၊ရခိုင်တန်ဆောင်းတွင် ရောက်ရှိစုဝေးနေသော လူ၂၀၀ကျော်သည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှု့များကို ကန့်ကွက်ဆန္ဒပြခြင်းထက် ပိုထိရောက်မည့် အကြမ်းဖက်မှု့ခံခဲ့ရသည့် ဒုက္ခသည်များကိုထိရောက်သောအကူအညီများ ပေးနိုင်ရန် ဆွေးနွေးတိုင် ပင်လျှက်ရှိကြကြောင်း ထိုနေရာတွင်ရောက်ရှိနေသည့် 7Day News သတင်းထောက်က သတင်းပေးပို့သည်။
ယခင်ရက်များကကဲ့သို့ ဆန္ဒပြ လှည့်လည်ခြင်းများသည် မလိုလားအပ်သော ပြသနာများ ထပ်မံပေါ်ပေါက်နိုင်သည့်အတွက် ဒုက္ခသည်များကို မည်သို့ထိရောက်အောင်ကူညီနိုင်မည်ကို နည်းလမ်းရှာဖွေကြရန် ပါဝင်သော သံဃာတော်များနှင့် အချို့လူပုဂ္ဂိုလ်များက ဦးဆောင် ဆွေးနွေးနေကြသည်ဟု သတင်းထောက်ကသတင်းပေးပို့သည်။

7Day News Journal

စစ်တွေမြို့ မှာ ယနေ့ နံနက် ဘုန်းတော်ကြီးကျောင်းသုံးခု မီးရှို့ ခံရ

စစ်တွေမြို့၊ နာဇီကျေးရွာအနီးရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းသုံးခုကို ဘင်္ဂါလီလူမျိုးများက ယနေ့နံနက် ၁၁ နာရီခန့်က မီးရှို့ခဲ့ပြီး ယခုအခါ မီးငြိမ်းသွားပြီဖြစ်သော်လည်း မီးခိုးများထွက်ပေါ်နေဆဲဖြစ်ကြောင်းစစ်တွေမြို့ ရှိ
သတင်းထောက်က ပေးပို့သည်။ ဘုန်းတော်ကြီးကျောင်းများမှာ ဇေယျမင်္ဂလာ၊ စန္ဒာလောက၊ ရတနာ့ဗိမာန်ကျောင်းများဖြစ်သည်ဟု သိရသည်။

အဆိုပါ နာဇီကျေးရွာအနီးရှိ ရွာသာယာကျေးရွာကို ဘင်္ဂါလီလူမျိုးများက မီးရှို့မည်ဟူသည့် သတင်းများလည်း လွန်ခဲ့သည့် တစ်နာရီခန့်က ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။

7Day News Journal


ဇွန်လ ၁၁ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၇ အမှတ် ၃၆

WeeklyEleven Vol 7 No 36
ဇွန်လ ၁၁ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၇ အမှတ် ၃၆
 

စစ်တွေမြို့ မှာ ဘင်္ဂါလီ အကြမ်းဖက်သမားတွေ မီးရှို့ သည့် မြင်ကွင်း (ရုပ်/သံ)


ရခိုင်ပြည်နယ် စစ်တွေမြို့ မှာ ဘင်္ဂါလီ အကြမ်းဖက်သမားတွေ မီးရှို့ သည့် မြင်ကွင်း (ရုပ်/သံ)
အယ်ဂျာဇီးယာ သတင်းဌာန က ရိုက်ကူးတင်ဆက်ထားပါ။

မိဒွေး ရောင်းစားလိုက်သည့် ရန်ကုန်က ကျောင်းသူ မြန်မာသံရုံးသို့ ထွက်ပြေးလာ


မြတ်ညို (အလွတ်သတင်းထောက်)
လူကုန်ကူးခံခဲ့ရပြီး ဘန်ကောက်မြို့ တွင် အိမ်ဖေါ်အဖြစ် လုပ်ကိုင်နေရာမှ ထွက်ပြေးလွတ်မြောက်လာသည့်ရန်ကုန်မှ အသက် ၁၈ နှစ်အရွယ်ဆယ်တန်းကျောင်းသူတစ်ဦး အား
မြန်မာသံရုံးနှင့် BAT တို့ ယနေ့ညနေတွင် ပူးပေါင်း ပို့ဆောင်လိုက်ကြောင်းသိရှိရသည်။
မိထွေး နှင့် ဖခင်တို့ ပို့ဆောင်လိုက်သည့် ရန်ကုန်မြို့ လသာမြို့နယ် - - - - - - မှ ကျောင်းသူ မ----- ဆိုသူမှာ ဘန်ကောက်ြ မို့အနီး မြန်မာမွတ်ဆလင် အမျိုးသား တစ်ဦး တစ်ဦး နေအိမ်တွင် အိမ်ဖေါ် အလုပ်လုပ်ကိုင်နေရာမှ မြန်မာသံရုံးသို့ ထွက်ပြေးရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
မ-----က “ သမီး မိဒွေး က ဒီက ဦးဆန်နီ ဆိုတဲ့ သူနဲ့  ဖုန်းပြောခိုင်းတယ်။ သမီးကို သူ့စတိုးဆိုင်မှာ ကွန်ပျူ တာ စါရင်းအင်းတွေ ကိုင်ပြီးလုပ်ရမယ်ဆိုလို့ သမီးလာခဲ့တာပါ။ ဒီရောက်တော့ အိမ်အလုပ်လုပ်ခိုင်းတယ်။
သမီးကို ရန်ကုန်ပြန်ပို့ဆိုတော့ တုတ်နဲ့ ရိုက်တယ်။ လက်မှာ ခုထိ ဒဏ်ရာဟောင်းတွေ ကျန်နေခဲ့တယ်။
သမီးကိုဘယ်မှ သွားခွင့်မပြုဘူး၊ ထွက်ပြေးရင် သတ်ပစ်မယ်လို့ပြောတယ်” ဟုပြောသည်။
ပြီးခဲ့သည့် မေလ ၆ ရက်နေ့က ရန်ကုန်မြို့မှ ထွက်ခွာလာခဲ့ပြီး ၈ ရက်နေ့တွင် ကန်ချနဘူင်္ရီ သို့ရောက်
ရှိခဲ့သည်။ လမ်းမတော်မြို့နယ်မှ ဒေါ်နိုင်နိုင်မာ ဆိုသည့် အမျိုးသမီးကြီး တစ်ဦးကရန်ကုန်မြို့တွင်ခေါ် ဆောင်စဉ်က စတိုးဆိုင်တွင်ကွန်ပျူတာစါရင်ကိုင်အလုပ် လုပ်ရမည်ဖြစ်ပြီး တစ်လလျှင် (၃)သိန်းကျော် ရမည်ပြောဆိုခဲ့သဖြင့် လိုက်ပါလာခဲ့ခြင်းဖြစ်သည်။ ဘုရားသုံးဆူတွင် ဦးဆိုနီ ဆိုသည့် မြန်မာမွတ်ဆလင် သူဌေးတစ်ယောက်က ကန်ချနဘူရီသို့ ခေါ်ဆောင်သွားပြီး လူသူမနီးသည့် နေအိမ်တစ်လုံး တွင်ညှင်းပန်း နှိပ်စက်ခဲ့ခြင်းဖြစ်ကြောင်း သူမက ပြောသည်။
ဦးဆိုနီ က အင်တာနက် သုံးတတ်သလားဟု မေးမြန်းခဲ့စဉ် မ- - -က မသုံးတတ်ကြောင်း ဖြေကြားခဲ့
သဖြင့် အင်တာနက်လိုင်းအား မဖြတ်တောက်ပဲ ထားရှိသည်။ အိမ်ရှင်အလစ်တွင် မ- - - က အင်တာ
နက်သုံးပြီး ရန်ကုန်မှ အဒေါ်ထံသို့ ဆက်သွယ်ပြီး မြန်မာသံရုံးလိပ်စာအား ရရှိခဲ့ခြင်းဖြစ်သည်။
ဇွန်လ ၆ ရက်နေ့ နံနက်တွင် မြန်မာသံရုံးသို့တစ်နာရီ ကျော် မောင်းနှင်ရသည့် နေရာမှ လာခဲ့သည်။ ထွက်ခွာလာ သည့်နေရာကို သူမ မမှတ်မိပါ။ နံနက် ၁၀ နာရီကျော်တွင် မြန်မာသံရုံးသို့ ရောက်ရှိခဲ့သည်။ သံမှူး ဦးနိုင်ထွန်း က အငှါးကား တက္ကစီ ဖြင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သား များအသင်း BAT ရုံးသို့ စရိတ်စက နှင့် ထောက်ခံစာများ ရေးသားပို့ဆောင်ပေးခဲ့ပါသည်
BAT ကလည်း မ- - -၏ ရန်ကုန်ုမှ အဒေါ်ထံသို့ ဆက်သွယ်ခြင်း၊ ဘန်ကောက်နှင့် မြန်မာ UNIAP (ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့) တို့သို့ ဆက်သွယ်ပြီးမိသားစုများထံသို့ ချောမွေ့ စွာရောက် ရှိ နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ခဲ့သည်။
ထွက်ပြေးလွတ်မြောက်လာသည့် မ- - - မြ၀တီ/မဲဆောက် နယ်စပ်သို့ ရောက်သည့်အခါ နယ်ခြားစောင့် (DABA ကိုးသုံးလုံးဂိတ်)တွင် ရွေးထုတ်ရခြင်းမျိုး မရှိစေရုံသာမက ရန်ကုန်သို့ လုံခြုံစွာရောက်ရှိစေရေးအတွက် စီစဉ်ထားကြောင်း ကူညီသည့်အဖွဲ့များကပြောသည်။

မောင်တောမြို့သို့ ကူညီပံ့ပိုး ပစ္စည်းများရောက်ရှိ



နေပြည်တော် ဇွန် ၁၀

မောင်တောမြို့ရှိ ဒေသခံပြည်သူများအား နိုင်ငံတော်အစိုးရက ကူညီပံ့ပိုးမည့် ပစ္စည်းများကို  တပ်မတော် ရဟတ်ယာဉ်များဖြင့် ဆက်တိုက်ပေးပို့ လျက်ရှိကြောင်း ဤသို့ တွေ့ရှိရသည်။

ministryofinformation.gov.mm

ဒုတိယဗိုလ်ချုပ်ကြီး လှမင်း ဒဏ်ရာရရှိသူများအား အားပေး



နေပြည်တော် ဇွန် ၁၀
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင် နှင့် တာဝန်ရှိသူများက မောင်တောမြို့ရှိ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ဒဏ်ရာရရှိသူများအား နှစ်သိမ့် အားပေးနေပုံများ ဖြစ်ပါသည်။

 
နေပြည်တော် ဇွန် ၁၀

 မောင်တော်မြို့ရှိ ကူညီစောင့်ရှောက်ရေး စခန်းများအဖြစ် ဖွင့်လှစ်ထားသော အလိုတော်ပြည့်ကျောင်းတိုက်နှင့် ဇောတိက ပရဟိတ ကျောင်းတိုက်ရှိ ဒေသခံ ပြည်သူများအား ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်နှင့် တာဝန်ရှိသူများမှ သွားရောက်၍ လိုအပ်သည်များ ကူညီအားပေးနေပုံများ ဖြစ်ပါသည်။

ministryofinformation.gov.mm

ရခိုင်ပြည်နယ်ပြဿနာများရေးသားဖော်ပြရာတွင် လှုံ့ဆော်သူများကို ဥပဒေကြောင်းအရ အရေးယူသွားမည်


ရန်ကုန် - ဇွန် ၁၀ | By Popular Myanmar News Journal

ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ လွန်ကဲသောရေးသားဖော်ပြချက်များကိုတွေ့လာရသဖြင့် နိုင်ငံတော်အေးချမ်းတည်ငြိမ်မှုကိုပျက်ပြားစေသည့် ရေးသားဖော်ပြမှုများ ဆက်လက်ပြုလုပ်ပါကတည်ဆဲ ဥပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေကပြောသည်။

ယနေ့ ဇွန်လ(၁၀)ရက်နေ့ ညနေ ၇ နာရီက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ပြည်တွင်း ပြည်ပ သတင်းဌာနများအား ခေါ်ယူတွေ့ဆုံကာ ထိုသို့သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မငြိမ်သက်မှုများဖြစ်ပေါ်လာစေရန် လှုံ့ဆော်သူများကိုလည်း ဥပဒေကြောင်းအရ အရေးယူသွားမည်ဖြစ်ကြောင်း၊

အရေးအကြီးဆုံးမှာ နိုင်ငံတော် အေးချမ်းသာယာရေးပင်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ယင်းတွေ့ဆုံပွဲသို့ စာပေစိစစ်နှင့်မှတ်ပုံတင်ဌာန ဒု-ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေနှင့် ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မောင်တို့ပါတက်ရောက်ခဲ့ကြပြီး၊ ရခိုင်ပြည်နယ်သတင်းများနှင့်ပတ်သက်၍ စာပေစိစစ်ရေးသို့တင်ပြပြီး၊ စာပေစိစစ်၏ ညွှန်ကြားချက်များအတိုင်းသာ ဖော်ပြကြရန်ကိုလည်း မီဒီယာများအားပြောကြားခဲ့သည်။

မိုးမြင့်မြတ်-

စစ်တွေမြို့တွင် ဘင်္ဂါလီ အကြမ်းဖက်သမားများကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားနေသည့် မြင်ကွင်းများ (ဓါတ်ပုံ-အပိုင်း ၂)

သတင်း-ဓါတ်ပုံ The Voice Weekly
စစ်တွေမြို့ပေါ်တွင် ဆူပူ အကြမ်းဖက်မှုများကြောင့် မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရစဉ်။
စစ်တွေမြို့ပေါ်ရှိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး ကို ယနေ့ညနေပိုင်းက တွေ့မြင်ရစဉ်။
စစ်တွေမြို့ ဆေးရုံကြီးအနီး နာရီစင်တစ်ဝိုက်အား ယနေ့ညနေ ၅ နာရီ ၃၀ မိနစ်ခန့် တွေ့မြင်ရစဉ်။
စစ်တွေမြို့ပေါ်တွင် ဆူပူ အကြမ်းဖက်မှုများကြောင့် မီးလောင်မှုများ ဖြစ်ပွားလျက်ရှိသည်ကို ဝေဟင်မှ တွေ့မြင်ရစဉ်။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်