မြန်မာ-အိန္ဒိ နှစ်နိုင်ငံ ပူးတွဲကြေညာချက်

အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း၏ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ခရီးစဉ်အတွင်း ထုတ်ပြန်သည့်မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးတွဲကြေညာချက်

၁။        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း သည် ၂၀၁၂ ခုနှစ်၊ မေလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ မြန်မာနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး လာရောက်လျက်ရှိသည်။ အိန္ဒိယဝန်ကြီးချုပ်နှင့်အတူ ဇနီး ရှရီမာတီ ဂူရှာရန်ခါ လည်း အတူ လိုက်ပါခဲ့သည်။

၂။         အိန္ဒိယဝန်ကြီးချုပ်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတမှ နေပြည်တော်၌ ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုခဲ့ပြီး၊ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

၃။        အိန္ဒိဝန်ကြီးချုပ်၏ ယခုချစ်ကြည်ရေးခရီးစဉ်သည် နှစ်ပေါင်း (၂၅) နှစ်အတွင်း အိန္ဒိယဝန်ကြီးချုပ် တစ်ဦး၏ ပထမဦးဆုံး မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်ပြီး၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ဆက်ဆံရေး၏ သမိုင်းဝင် ချစ်ကြည်ရေးခရီး ဖြစ်သည်။

၎။        နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်ဦးချင်း သီးခြားတွေ့ဆုံခဲ့ပြီးနောက်၊ နှစ်ဘက် ကိုယ်စားလှယ်များ ပါဝင်သည့် နှစ်နိုင်ငံ တရားဝင်တွေ့ဆုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပကာ နှစ်နိုင်ငံ၊ ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာ အကျိုးတူကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးမှုများကို မြန်မာ-အိန္ဒိယ အိမ်နီးချင်း နှစ်နိုင်ငံနှင့် ပြည်သူများအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ထပ်ဟပ်ပေါ်လွင်စေလျက် အပြန် အလှန် နွေးထွေးရင်းနှီးစွာ အပြုသဘောဆောင် ဆွေးနွေးခဲ့ကြသည်။

၅။        နှစ်နိုင်ငံ တရားဝင် တွေ့ဆုံဆွေးနွေးပွဲသို့ အိန္ဒိယနိုင်ငံဘက်မှ အိန္ဒိယဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်းနှင့်အတူ ပြည်ပရေးရာဝန်ကြီး ရှရီအက်စ်အမ်ကရစ်ရှနာ၊ အမျိုးသား လုံခြုံရေးအကြံပေး ရှရီအက်စ်မီနွန်၊ ဝန်ကြီးချုပ်၏အတွင်းဝန် ရှရီပူလော့ချက်တာဂျီ၊ နိုင်ငံခြားရေးအတွင်းဝန် ရှရီရန်ဂျန်မထိုင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး ဒေါက်တာ ဗီလာဆန်ဒါရာရာဂျန်ရှရှေဒရီနှင့် အဆင့်မြင့် အစိုးရ အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ကြသည်။

၆။        မြန်မာနိုင်ငံဘက်မှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝဏ0x081ဏမောင်လွင်နှင့် အခြား ပြည်ထောင်စုဝန်ကြီးများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇင်ယော် နှင့် အဆင့်မြင့်အစိုးရအရာရှိကြီးများ ပါဝင်တက်ရောက် ခဲ့ကြသည်။

၇။          နိုင်ငံတော်သမ္မတ နှင့် အိန္ဒိယဝန်ကြီးချုပ် တို့သည် နှစ်နိုင်ငံ ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှုများနှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလအတွင်း အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သည့် အထူးအောင်မြင်သော တရားဝင် ချစ်ကြည်ရေးခရီးစဉ် နောက်ပိုင်း နှစ်နိုင်ငံအကြား ဖြစ်ပေါ်တိုးတက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာသုံးသပ်ခဲ့ သည်။ နှစ်ဘက်စလုံးမှ ဖြစ်ထွန်းပေါ်ပေါက်လျက်ရှိသည့် နှစ်နိုင်ငံအကြား တရားဝင် အလည်အပတ်ခရီးစဉ်များ၊ တိုးတက်လာသည့် စီးပွားရေး၊ ကုန်သွယ်ရေး နှင့် ယဉ်ကျေးမှု ပူးပေါင်း ဆောင်ရွက်မှုများ နှင့် ပြည်သူများအချင်းချင်း ထိတွေ့ဆက်ဆံနေမှုများ အပေါ်တွင် နှစ်နိုင်ငံ ခေါင်းဆောင်များက ကျေနပ်အားရမှုရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

၈။        နှစ်နိုင်ငံ ခေါင်းဆောင်များသည်  နှစ်နိုင်ငံချင်း၊ ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာများ၌ နှစ်နိုင်ငံ အကျိုးစီးပွားအတွက် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်အပေါ် သဘောတူညီခဲ့ကြသည်။ နှစ်နိုင်ငံအကြား နှစ်ဦးနှစ်ဘက် အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုများဖြစ်သည့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ပို့ဆောင်ရေး၊ ထိတွေ့ဆက်ဆံရေး၊ လယ်ယာ စိုက်ပျိုးရေး၊  ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး၊ အပြန်အလှန် ချစ်ကြည်ရေး အစီအစဉ်များ တိုးမြှင့်ပြုလုပ်ရေး နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စသည့် ကဏ္ဍများတွင် ပူးပေါင်းလုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြသည်။
ထို့အပြင်သက်ဆိုင်ရာနိုင်ငံများမှ ပြည်သူများ သာယာဝပြောရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်ကြောင်း အသိအမှတ်ပြုခဲ့ကြသည်။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ အကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုသည် အရေးပါကြောင်း နှင့် နှစ်နိုင်ငံ ပြည်သူများ အကျိုးအတွက် နှစ်နိုင်ငံ၏ အရင်းအမြစ်များကို ထိရောက်စွာ အတူတကွ ပူးပေါင်း အသုံးပြုသွားရန် လိုအပ်ကြောင်း နှစ်နိုင်ငံခေါင်းဆောင်များက အလေးထား ပြောကြားခဲ့သည်။

၉။        အိန္ဒိယဝန်ကြီးချုပ်က မြန်မာအစိုးရ၏ ဒီမိုကရေစီ နှင့် အမျိုးသားစည်းလုံး ညီညွှတ်ရေး နှင့်ပတ်သက်၍ ထင်ရှားသော ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍  နိုင်ငံတော်သမ္မတအား ချီးကျူးဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။ မြန်မာအစိုးရအနေဖြင့် တိုင်းရင်းသားအဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ စတင်ဆောင်ရွက်နေခြင်း၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးခြင်း စသော မြန်မာနိုင်ငံ၌ ဖြစ်ပေါ်လျက် ရှိသည့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများအပေါ် အိန္ဒိယဝန်ကြီးချုပ်က ချီးကျူး ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၌ မကြာသေးမီက ကြားဖြတ်ရွေးကောက်ပွဲများကို လွတ်လပ်၊ တရားမျှတပြီး ငြိမ်းချမ်းစွာ ကျင်းပပေးနိုင်ခဲ့သည့်အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

၁၀။    အိန္ဒိယဝန်ကြီးချုပ်မှ  မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်‌ ပြောင်းလဲရေး လုပ်ငန်းစဉ်များ တိုးမြှင့် ဆောင်ရွက်နိုင်စေရန်နှင့် ဒီမိုကရေစီ အဖွဲ့အစည်းများဖြစ်သည့် လွှတ်တော်၊ အမျိုးသား လူ့အခွင့်အရေးကော်မရှင် နှင့် သတင်းမီဒီယာ အဖွဲ့အစည်းများ စွမ်းဆောင်ရည် တိုးတက်စေရန် အတွက် အိန္ဒိယဘက်မှ လိုအပ်သည့် ကူညီထောက်ပံမှုများ ပေးအပ်သွားလိုကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ခေါင်းဆောင်သော  မြန်မာနိုင်ငံ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့၏ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ အတွင်းက အိန္ဒိယနိုင်ငံသို့ လာရောက်ခဲ့သည့် အောင်မြင်သော ခရီးစဉ်ကို ပြန်‌ပြောင်းသတိရလျက်၊ အိန္ဒိယဝန်ကြီးချုပ်မှ မြန်မာ့ လွတ်တော်ကိုယ်စားလှယ်များ နှင့် ဝန်ထမ်းများအတွက် အိန္ဒိယနိုင်ငံမှ သင်တန်းများ ပေးအပ် သွားလိုကြောင်း ကမ်းလှမ်းပြောကြားခဲ့သည်။

၁၁။      အိန္ဒိယဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် အောက်ဖော်ပြပါ နားလည်မှုစာချွန်လွှာ/သဘောတူညီချက်များကို နှစ်ဘက် လက်မှတ်ရေးထိုးခဲ့ကြသည်-
(၁)       အိန္ဒိယအစိုးရမှ ပေးအပ်မည့် သက်သာသောချေးငွေ အမေရိကန်ဒေါ်လာ သန်း (၅၀၀) နှင့်ပတ်သက်သည့် နားလည်မှုစာချွန်လွှာ
(၂)       မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား လေကြောင်းဝန်ဆောင်မှုဆိုင်ရာ သဘော တူညီချက်
(၃)       မြန်မာ-အိန္ဒိယ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ
(၄)       မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ပူးတွဲကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု  ဖိုရမ် တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ
(၅)       စိုက်ပျိုးရေးသုတေသန နှင့် ပညာရေးအဆင့်မြင့်ဌာန တည်ထောင်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ
(၆)       နေပြည်တော်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ ခေတ်မီပညာပေး စပါး ဇီဝဥယျာဉ် တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ
(၇)       မြန်မာနိုင်ငံ သတင်းအချက်အလက် နှင့် နည်းပညာဌာန တည်ထောင်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာ
(၈)       ဒဂုံတက္ကသိုလ် နှင့် ကော်လ်ကလက်ကတ္တားတက္ကသိုလ် တို့အကြား ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ(၉)       မြန်မာနိုင်ငံ မဟာဗျူဟာ နှင့် နိုင်ငံတကာလေ့လာရေးဌာန (MISIS) နှင့် နယူးဒေလီရှိ (The Indian Council of World Affairs - ICWA) တို့အကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ(၁၀)    မြန်မာနိုင်ငံ မဟာဗျူဟာ နှင့် နိုင်ငံတကာလေ့လာရေးဌာန (MISIS) နှင့် နယူးဒေလီရှိ (Institute for Defence Studies and Analyses - IDSA) တို့အကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်(၁၁)     မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်(၂၀၁၂- ၂၀၁၅)(၁၂)     မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်၌ နယ်စပ်ဈေးများ ဖွင့်လှစ်ရေးဆိုင်ရာ  နားလည်မှုစာချွန်လွှာ
၁၂။      နှစ်နိုင်ငံ ခေါင်းဆောင်များက မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးသည် တူညီသော သမိုင်းကြောင်း၊ ပထဝီ အနေအထား၊ ယဉ်ကျေးမှု နှင့် ဖွံ့ဖြိုးတိုးတက်မှု အပေါ်တွင် အခြေခံကြောင်း အသိအမှတ်ပြုခဲ့ကြသည်။ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုအရ ၂၀၁၁ ခုနှစ်၊ မတ်လတွင် ပေါ်ပေါက်လာသည့် ဒီမိုကရေစီ အစိုးရလက်ထက်၌နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ သိသိသာသာ တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့သည်ကို ကြိုဆို ကြောင်းနှင့် ယင်းသို့ ပူးပေါင်းဆောင်ရွက်မှု များကို ပိုမိုအဆင့်မြှင့်တင်သွားလိုသည့်ဆန္ဒကို ထုတ်ဖော် ခဲ့ကြသည်။ အိန္ဒိယနိုင်ငံသို့ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း သွားရောက်ခဲ့သော မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် နှင့် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက သွားရောက်ခဲ့သော ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်မြင့် တို့၏ခရီးစဉ် နှင့် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော အိန္ဒိယနိုင်ငံ ရေအရင်းအမြစ်နှင့် လွှတ်တော်ဆိုင်ရာဝန်ကြီး မစ္စတာ ပီ ကေ ဘန်ဆဲလ် ၏ ခရီးစဉ် စသည့် နှစ်နိုင်ငံ အပြန်အလှန် ခရီးစဉ်များ၏ အောင်မြင်မှုကို နှစ်ဘက်ခေါင်းဆောင်များက ကျေနပ်အားရမှု ရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့ကြသည်။ နှစ်ဘက်စလုံးမှ နှစ်နိုင်ငံ အဆင်မြင့်ခေါင်းဆောင်များ၏ အပြန်အလှန်ခရီးစဉ်များကို ဆက်လက် အကောင်အထည်ဖော်သွားရန် သဘောတူညီခဲ့ကြ သည်။
၁၃။      နှစ်နိုင်ငံခေါင်းဆောင်များသည် အကြမ်းဖက်မှုများနှင့် သောင်းကျန်းသူအဖွဲ့များ၏ လှုပ်ရှားမှု အသွင်သဏ္ဍန် မျိုးစုံကို တိုက်ဖျက်သွားရန် ဆန္ဒရှိကြောင်း ထပ်လောင်း အတည်ပြုပြောကြားခဲ့သည်။ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသည့် နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး နှင့် လုံခြုံရေးရှိစေရန်အတွက် လုံခြုံရေးတပ်ဖွဲ့များ နှင့် နယ်ခြားစောင့် တပ်ဖွဲ့များ အကြား  ပိုမိုပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း နှစ်နိုင်ငံခေါင်းဆောင်များက အလေးထား‌ ပြောကြားခဲ့သည်။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံအကြား နယ်စပ်ဒေသ စီမံခန့်ခွဲမှုကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်လျက် နှစ်နိုင်ငံ နယ်စပ်ဒေသ ကော်မတီ၏ ပထမအကြိမ် အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအပေါ် ကြိုဆိုခဲ့ကြသည်။ နှစ်နိုင်ငံ ခေါင်းဆောင်များသည် နှစ်နိုင်ငံ၏ သက်ဆိုင်ရာနယ်နိမိတ်များကို အကြမ်းဖက်သမားများ၊ သောင်းကျန်းသူ အဖွဲ့အစည်းများ နှင့် ၄င်းတို့နှင့်ဆက်နွယ်သူများမှ လေ့ကျင့်ခြင်း၊ လွတ်မြောက်ရာနေရာ အဖြစ် ခိုအောင်းနေထိုင်ခြင်း၊ အခြားလှုပ်ရှားမှုများ ဆောင်ရွက်ခြင်းကို ခွင့်ပြုသွားမည် မဟုတ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
၁၄။      နှစ်နိုင်ငံခေါင်းဆောင်များက နယ်စပ်ဒေသများကို ကောင်းမွန်စွာ စီမံခန့်ခွဲခြင်းသည် နယ်စပ်ဒေသ လုံခြုံရေး ထိန်းသိမ်းရာတွင် အရေးပါကြောင်း ပြောကြားခဲ့ကြသည်။ ယင်း ကိစ္စနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံ သက်ဆိုင်ရာ မြေတိုင်းဦးစီးဌာနများ အနေဖြင့် နယ်နိမိတ် ကျောက်တိုင်များကို စနစ်တကျ စစ်ဆေး ထိန်းသိမ်းသွားရန် လိုအပ်ကြောင်း ညွှန်ကြားခဲ့ကြသည်။ သက်ဆိုင်ရာ မြေတိုင်းဦးစီးဌာန အကြီးအကဲများ အနေဖြင့် (၁၇) ကြိမ်မြောက် နယ်စပ်နယ်ဘက် အာဏာပိုင်များ၏ နိုင်ငံတော်အဆင့်အစည်းအဝေးတွင် ပူးတွဲဖော်ထုတ်ခဲ့သည့် နေရာများ၌ နှစ်နိုင်ငံ ပူးတွဲစစ်ဆေးရန်နေ့ရက်ကို ဆောလျင်စွာ အတည်ပြုသွားရန် နှစ်နိုင်ငံ ခေါင်းဆောင် များက ညွှန်ကြားခဲ့သည်။ပေါင်းစည်းဆက်သွယ်မှု
၁၅။      နှစ်နိုင်ငံ ပြည်သူများအကြား ကုန်သွယ်ရေး၊ ယဉ်ကျေးမှု၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း အပါအဝင် အခြားသော အပြန်အလှန် သွားလာမှုများ တိုးမြှင့်နိုင်စေရန်အတွက် နှစ်နိုင်ငံ အကြား ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေးသည် အရေးပါကြောင်း နှစ်နိုင်ငံခေါင်းဆောင်များက အလေးထား ပြောကြားခဲ့ကြသည်။ ထို့ပြင် ကုလားတန်မြစ်ကြောင်း ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းနှင့် ပတ်သက်၍ ပုံမှန်ဖြစ်ပေါ် တိုးတက်မှုများအပေါ် ကျေနပ်အားရမှုရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ ၂၀၁၂ ခုနှစ်၊ ဧပြီလတွင် မြန်မာ-အိန္ဒိယ နှစ်ဘက်ကိုယ်စားလှယ်အဖွဲ့များ ပူးတွဲ ကွင်းဆင်းစစ်ဆေးမှုပြုလုပ်ပြီးနောက် ဇော်ရင်ပူရီ (မီဇိုရမ်) ၌ အကောက်ခွန်စခန်း ဖွင့်လှစ်ရန် နေရာ သတ်မှတ်ရေးကိစ္စကို အပြီးသတ် ဆောင်ရွက်နိုင်ခဲ့ခြင်းအပေါ် ကြိုဆိုခဲ့ကြသည်။ ၂၀၁၆ ခုနှစ်တွင် ဆောင်ရွက်ပြီးစီးရန် ရည်မှန်းထားသည့် အဆိုပါစီမံကိန်းသည် နှစ်နိုင်ငံ ကုန်သွယ်ရေး နှင့် ပြည်သူများအချင်းချင်း ထိတွေ့ဆက်ဆံရေးတို့ကို တိုးမြှင့်နိုင်မည့်အပြင် ကုန်းတွင်းပိတ်ဒေသ ဖြစ်သည့် အိန္ဒိယ အရှေ့မြောက်ဒေသရှိ ပြည်သူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း မှတ်သားခဲ့ကြသည်။၁၆။      အိန္ဒိယဝန်ကြီးချုပ်မှ တမူး-ကလေးဝ ချစ်ကြည်ရေးကားလမ်းပေါ်ရှိ တံတား (၇၁)စင်း အားပြုပြင်၊ အဆင့်မြှင့်တင်မှုလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အိန္ဒိယနိုင်ငံမှ ကလေးဝ-ယာကြီး လမ်းပိုင်းကိုလည်းကောင်း၊ မြန်မာနိုင်ငံမှ ယာကြီး-မုံရွာ လမ်းပိုင်းကိုလည်းကောင်း လာမည့် ၂၀၁၆ ခုနှစ် မတိုင်မီ အဝေးပြေးလမ်းမကြီး အဆင့်သို့ တိုးမြှင့်ဆောင်ရွက်ရန် နှစ်နိုင်ငံခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ကြသည်။ အဆိုပါ စီမံကိန်းသည် မြန်မာနိုင်ငံကိုဖြတ်၍ အိန္ဒိယနိုင်ငံ၊ မိုရေး မှ ထိုင်းနိုင်ငံ၊ မဲဆောက်သို့ ဆက်သွယ်မည့် (၃) နိုင်ငံ လမ်းဖောက်လုပ်မှုကို အထောက်အကူပြုနိုင်မည်ဟု မှတ်ယူသည့်အတွက် နှစ်နိုင်ငံ ခေါင်းဆောင်များသည် မြန်မာ-အိန္ဒိယ-ထိုင်း (၃)နိုင်ငံ အဝေးပြေးလမ်း ဖောက်လုပ်ရေးဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နေမှုအပေါ် ကြိုဆိုခဲ့ကြသည်။ သုံးနိုင်ငံ ထိတွေ့ ဆက်ဆံမှုကို လာမည့် ၂၀၁၆ ခုနှစ် မတိုင်မီ စတင်နိုင်ရေးအတွက် တပြိုင်တည်း ပူးပေါင်း ကြိုးပမ်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။၁၇။      နှစ်နိုင်ငံဆက်ဆံရေးတွင် ပြည်သူများအချင်းချင်း ထိတွေ့ဆက်ဆံမှုသည် အရေးပါ သည့်အလျောက် အိန္ဒိယနိုင်ငံ၊ အင်ဖာမြို့ နှင့် မြန်မာနိုင်ငံ၊ မန္တလေးမြို့ တို့အကြား ဘတ်စ်ကားလိုင်း ပြေးဆွဲရန် နှစ်ဘက် သဘောတူညီခဲ့ကြသည်။ လုပ်ငန်း ဆောလျင်စွာ စတင်လည်ပတ် နိုင်စေရေးအတွက် နှစ်ဘက်စလုံး၏ သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် လုပ်ဆောင်ဖွယ်ရာများကို အပြီးသတ်ဆောင်ရွက်ရန် နှစ်နိုင်ငံ ခေါင်းဆောင်များမှ ညွှန်ကြားခဲ့သည်။
၁၈။      တိုက်ရိုက်လေကြောင်း ဆက်သွယ်မှုကို တိုးမြှင့်စေနိုင်ပြီး၊ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု၊ ခရီးသွားလုပ်ငန်း နှင့် ပြည်သူများ အချင်းချင်း အပြန်အလှန် သွားလာလည်ပတ်မှု များကို  အဆင်ပြေချောမွေ့ လွယ်ကူစေမည့် နှစ်နိုင်ငံအကြား လေကြောင်းဝန်ဆောင်မှုဆိုင်ရာ သဘောတူညီမှု စာချုပ်သစ် လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်းကို နှစ်နိုင်ငံခေါင်းဆောင်များက ကြိုဆိုခဲ့ ကြသည်။
၁၉။      နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ရထားလမ်း အဆက်အသွယ် ထူထောင်ရေးဆိုင်ရာ နည်းပညာ နှင့် ကုန်သွယ်မှု ဖြစ်နိုင်ခြေအလားအလာများ နှင့် တိုက်ရိုက်ရေကြောင်း အဆက်အသွယ် ထူထောင်ရေးဆိုင်ရာ ကုန်သွယ်မှု ဖြစ်နိုင်ခြေအလားအလာများကို စဉ်းစား ဆုံးဖြတ်နိုင်ရန် အတွက် ပူးတွဲလုပ်ငန်းအဖွဲ့ တစ်ရပ်ကို ဖွဲ့စည်းတည်ထောင် သွားရန် ဆုံးဖြတ်ခဲ့ကြသည်။
၂၀။      မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်း ကဲ့သို့သော အရေးပါသည့် အခြေခံအဆောက်အအုံ စီမံကိန်းများ ဖွံ့ဖြိုး တိုးတက်ရေးတွင် အိန္ဒိယနိုင်ငံမှ ပါဝင်ဆောင်ရွက်နိုင်မည့် အလားအလာကိုလည်း နှစ်ဘက် ဆွေးနွေးခဲ့ကြသည်။ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု
၂၁။      နှစ်နိုင်ငံခေါင်းဆောင်များက နှစ်နိုင်ငံအကြား ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက် လာသည့်အလျောက် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ယနေ့အချိန်အထိ ထောက်ပံငွေ နှင့် အတိုးနှုန်း သက်သာသော ချေးငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ (၁.၂) ဘီလီယံ ပေးအပ်နိုင်ခဲ့ခြင်းအပေါ် အားရကျေနပ်မှုရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်လျက်ရှိသည့် အခြေခံအဆောက်အအုံ၊ စိုက်ပျိုးရေး၊ လူ့စွမ်းအား အရင်းအမြစ် နှင့် စက်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ်စွမ်းအား နှင့် ကျန်းမာရေးကဏ္ဍ များအပြင် မြန်မာပြည်သူများအတွက် အနာဂတ်ကာလတွင် အကျိုးဖြစ်ထွန်းမည့် စီမံကိန်းများကို ရှာဖွေဖော်ထုတ်သွားရန် နှစ်နိုင်ငံခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်။
၂၂။       နှစ်နိုင်ငံခေါင်းဆောင်များသည် အိန္ဒိယအစိုးရမှ မြန်မာအစိုးရသို့ ပေးအပ်မည့် သက်သာသောချေးငွေ အမေရိကန်ဒေါ်လာ သန်း (၅၀၀) နှင့်ပတ်သက်သည့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းကို ကြိုဆိုခဲ့ကြသည်။ အဆိုပါ သက်သာသောချေးငွေများကို မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း၊ ရထားပို့ဆောင်ရေး နှင့် လျှပ်စစ်စွမ်းအား စသည့်ကဏ္ဍများရှိ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်သည်။
၂၃။      နယ်စပ်ဒေသများတွင် နေထိုင်ကြသည့် ပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်ရေး နှင့် သာယာဝပြောရေးကို အလေးထားဆောင်ရွက်ရန် လိုအပ်သည့်အလျောက်၊  အဆိုပါဒေသ များတွင် လမ်းများ အဆင့်မြှင့်တင်ခြင်း၊  ‌ကျောင်းများ၊ ကျန်းမာရေးဌာနများ၊ တံတားများ တည်ဆောက်ခြင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆက်စပ်သင်တန်းများ ဖွင့်လှစ်ခြင်း အပါအဝင် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး နှင့် အသေးစား စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် နယ်စပ်ဒေသများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို  ဖော်ဆောင်နိုင်မည် ဖြစ်သည့် အတွက် ပူးပေါင်းဆောင်ရွက်သွားရန်  နှစ်နိုင်ငံခေါင်းဆောင်များက သဘောတူညီ ခဲ့သည်။ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ဖာလာစေ့ အမြောက်အမြား စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံမှ အကူအညီပေးရန် ကမ်းလှမ်းခြင်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက ကြိုဆိုခဲ့သည်။
၂၄။      သိပ္ပံနှင့်နည်းပညာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်သွားကြရန် နှစ်နိုင်ငံ ခေါင်းဆောင်များမှ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး၊ ၂၀၁၂ ခုနှစ် ဧပြီလ (၃) ရက်နေ့တွင် မြန်မာ-အိန္ဒိယသိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် အစည်းအဝေး ကျင်းပနိုင်ခဲ့ခြင်းအပေါ် ဝမ်းမြောက်စွာ မှတ်သားခဲ့သည်။ အဆိုပါပူးတွဲလုပ်ငန်းအဖွဲ့မှ အနာဂတ်၌ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေး ဇီဝနည်းပညာ၊ ရိတ်သိမ်းနည်းပညာ၊ ဆေးဝါးဆိုင်ရာဇီဝနည်းပညာ၊ ဆေးသုတေသနနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍများရှိ ဦးစားပေး နယ်ပယ်များကို ဖော်ထုတ်ခဲ့ပါသည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် ပူးတွဲလုပ်ငန်းအဖွဲ့၏ ဆုံးဖြတ်ချက်များကို ကြိုဆိုခဲ့ကြပြီး၊ မြန်မာနိုင်ငံအနေဖြင့် ဦးစားပေးစီမံကိန်းများအနက်မှ အခိျု့ကို အကောင်အထည်ဖော်နိုင်ရေးအတွက် တိကျသည့်အဆိုပြုလွှာများ ပြုစုသွားရန် သဘောတူညီခဲ့ ကြသည်။
၂၅။                  ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအရ နှစ်နိုင်ငံ ခေါင်းဆောင်များသည် အိန္ဒိယ၏ ငွေကြေးနှင့်နည်းပညာ အကူအညီဖြင့် မြန်မာနိုင်ငံ သတင်း အချက်အလက် နှင့် နည်းပညာဌာန တည်ထောင်ရန် ဆုံးဖြတ်ခဲ့သည်။ အိန္ဒိယဝန်ကြီးချုပ်မှ ရန်ကုန်မြို့ရှိ သတင်းအချက်အလက်နှင့်နည်းပညာ မြင့်မားရေးဆိုင်ရာ မြန်မာ-အိန္ဒိယစင်တာအား လာမည့် (၅)နှစ်တာ ကာလအတွက် နည်းပညာနှင့်ငွေကြေး အထောက်အပံ့များ ဆက်လက် ပေးအပ်သွားမည် ဖြစ်သည့်အပြင်၊ နည်းပညာဆိုင်ရာ အဆင့်မြှင့်တင်မှုကိုလည်း ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ မြန်မာသုတေသီများအနေဖြင့် အိန္ဒိယတက္ကသိုလ်များနှင့် သုတေသနအဖွဲ့အစည်းများ၌ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် နှစ်စဉ် ပညာသင်ဆု (၁၀) ဆု ပေးအပ်သွားမည်ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ်မှ ကြေညာခဲ့သည်။ အဆိုပါ ပညာသင်ဆုများကို ကမ္ဘာ့လေထုနှင့်ကမ္ဘာမြေကြီးဆိုင်ရာသိပ္ပံ၊ ဓါတုသိပ္ပံ၊ အင်ဂျင်နီယာသိပ္ပံ၊ ဇီဝသိပ္ပံ၊ ဆေး သိပ္ပံ၊ သခင်ျာနှင့်တွက်ချက်ရေးဆိုင်ရာသိပ္ပံ၊ ရူပသိပ္ပံ နယ်ပယ်များတွင် ပေးအပ်သွားမည်ဖြစ်ပြီး၊ သင်တန်းကာလ လေးလမှ ခြောက်လ အထိ ကြာမြင့်မည်ဖြစ်သည်။
၂၆။      မြန်မာနိုင်ငံ၏ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အိန္ဒိမှ ကူညီပေးလိုသည့် ဆန္ဒနှင့်အညီ အိန္ဒိ စီးပွားရေးနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် အပါအဝင် မြန်မာနိုင်ငံသို့ လက်ရှိ သင်တန်းသားဦးရေ (၂၅၀) ဦး ခွဲဝေပေးအပ် နေခြင်းအား နှစ်ဆတိုး၍၊ သင်တန်းသားဦးရေ (၅၀၀) ဦး သို့ တိုးမြှင့်ပေးအပ်သွားမည် ဖြစ်ကြောင်း အိန္ဒိဝန်ကြီးချုပ်မှ ကြေညာခဲ့သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတမှ ဤအစီအစဉ်အား ကြိုဆိုခဲ့သည်။
၂၇။      မြန်မာသံတမန်များကို အစည်းအဝေး စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းများ ပေးအပ်ရန် ကမ်းလှမ်းခြင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော် နှင့် ရန်ကုန်မြို့၌ ဘာသာစကား သင်ကြားရေးအခန်းများ၊ အစည်းအဝေးခန်းမများ နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်တည်ထောင် ပေးရန် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ အင်တာနက် သုတေသနဌာန တည်ထောင် နိုင်ရေး အိန္ဒိယဘက်မှ ကူညီပံ့ပိုးပေးခြင်းများအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတက ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
၂၈။                  လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆန္ဒရှိကြောင်း နှစ်ဘက် စလုံးမှ ထုတ်ဖော်ပြောကြားခဲ့သည်။ အိန္ဒိယ၏ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ (၁၀) သန်းဖြင့် လယ်ယာသုံးစက်ကိရိယာပစ္စည်းများအား မြန်မာဘက်သို့ လက်ဆောင်အဖြစ် ပေးအပ်ခဲ့ခြင်းအတွက် နိုင်ငံတော်သမ္မတမှ အိန္ဒိယအစိုးရအား ကျေးဇူးတင်ရှိကြောင်း နှင့် ယင်းစက်ပစ္စည်း များကို မြန်မာနိုင်ငံ ဒေသအသီးသီးသို့ ဖြန့်ဖြူးပြီး ဖြစ်ကြောင်း နှင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွားအတွက် အသုံးပြုလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့သည့်  နားလည်မှုစာချွန်လွှာအရ စိုက်ပျိုးရေးသုတေသနနှင့် ပညာရေးအဆင့်မြင့်ဌာနအား ရိုးရာ‌ဗဟုသုတ နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အပါအဝင် ခေတ်မီနောက်ဆုံးပေါ် နည်းပညာများ အသုံးပြုသည့် (Centre for Excellence) အဖြစ် အိန္ဒိယ၏ ငွေကြေး နှင့် နည်းပညာ အကူအညီဖြင့် တည်ထောင်သွားရေး နှစ်နိုင်ငံခေါင်းဆောင်များမှ ဆုံးဖြတ်ခဲ့ကြသည်။ နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ ခေတ်မီပညာပေး စပါးဇီဝဥယျာဉ် တည်ထောင်သွားရန် နှစ်နိုင်ငံခေါင်းဆောင်များက သဘောတူညီခဲ့သည်။ ယင်း ဌာန(၂)ခုသည် မြန်မာ့လယ်ယာကဏ္ဍ၊ ပညာရေး နှင့် စီးပွားရေး အသိုင်းအဝန်းအတွင်း နည်းပညာ နှင့် သုတေသနဆိုင်ရာ အကူအညီများ ပေးအပ်နိုင်မည် ဖြစ်သည်။ ထို့ပြင် နေပြည်တော်ရှိ စံပြစိုက်ခင်းအတွင်း ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံနိုင်သည့် ခေတ်မီစပါးကျီတစ်ခု တည်ဆောက်ရန် အိန0x081ဒိယနိုင်ငံမှ ပံ့ပိုးကူညီမှုပေးသည့်အတွက် နိုင်ငံတော်သမ္မတမှ အိန္ဒိယဝန်ကြီးချုပ်အား ကျေးဇူးတင်ရှိကြောင်း  ပြောကြားခဲ့သည်။
၂၉။      မြန်မာဘက်မှ နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း၊ နို့စားနွား မွေးမြူရေး လုပ်ငန်း  ဖွံ့ဖြိုးတိုးတက်ရေး နှင့် ကာကွယ်ဆေး ထုတ်လုပ်ရေး နည်းပညာဆိုင်ရာ သင်တန်းများ/ ပညာသင်ဆုများ အိန္ဒိယဘက်မှ ကူညီစီစဉ်ပေးအပ်သွားရန် နှင့် အိန္ဒိယအစိုးရမှ ရှမ်းပြည်နယ်၌ နို့နှင့်နို့ထွက်ပစ္စည်းစက်ရုံ တစ်ရုံ တည်ထောင်ပေးရန် မေတ္တာရပ်ခံခဲ့သည်။ အိန္ဒိယဘက်မှ မြန်မာဘက်၏ အဆိုပြုချက်ကို အလေးထား စဉ်းစားသွားရန် သဘောတူညီခဲ့သည်။ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု
၃၀။      ၂၀၁၅ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုကို နှစ်ဆတိုးမြှင့်ရန် နှစ်ဘက်သဘောတူညီ ထားသည့်အလျောက်၊ ကုန်သွယ်ရေး ပိုမိုတိုးမြှင့်ရန် အသုံးမပြုရသေးသည့် အလားအလာကောင်း များစွာ တည်ရှိနေကြောင်း နှစ်နိုင်ငံခေါင်းဆောင်များက အလေးထား ပြောကြားခဲ့ပြီး၊ အဆိုပါအလားအလာကို စီးပွားရေးလုပ်ငန်းရှင်များမှ အသုံးချသွားရန် တိုက်တွန်းခဲ့သည်။ ဆိပ်ကမ်းများ၊ အဝေးပြေးလမ်းမကြီးများ၊ ရေနံနှင့်သဘာဝဓါတ်ငွေ့၊ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ် ရေး၊ ဝန်ဆောင်မှုလုပ်ငန်းများ နှင့် သတင်းအချက်အလက်၊ ဆက်သွယ်ရေး နှင့် နည်းပညာ စသည့် ကဏ္ဍများတွင် အိန္ဒိယကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားရေး အထူးအားပေးသွားမည်ဖြစ်သည်။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံခေါင်းဆောင်များက တိကျမှန်ကန်သည့် သတင်း အချက်အလက် နှင့် အကြံဉာဏ်များ အချိန်နှင့်တပြေးညီ ဖလှယ်စေနိုင်မည့် နှစ်နိုင်ငံအကြား အသစ်ဖွဲ့စည်း တည်ထောင်ခဲ့သည့် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဖိုရမ်၏ အရေးပါမှုကို အလေးထား ပြောကြားခဲ့သည်။
၃၁။      နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်နိုင်ငံကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် ရင်ဆိုင်တွေ့ကြုံရမည့် အတားအဆီး အခက်အခဲများကို ဖော်ထုတ်ဖယ်ရှားနိုင်စေရန် နှစ်ဘက် အစိုးရများမှ ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။ ယင်းကိစ္စနှင့်စပ်လျဉ်း ၍ ရန်ကုန်မြို့၌ ဖွင့်လှစ်မည့် အိန္ဒိယနိုင်ငံ United Bank ၏ ကိုယ်စားလှယ်ရုံး နှစ်နိုင်ငံအကြား စီးပွားရေးလုပ်ငန်းများကို အကျိုးပြုပြီး ဘဏ်လုပ်ငန်းကိစ္စများကို လွယ်ကူချောမွေ့စေမည့် ပထမခြေလှမ်းအဖြစ် ကြိုဆို ခဲ့ကြပါသည်။ မြန်မာဘက်အနေဖြင့် ဘဏ်လုပ်ငန်း ဆိုင်ရာ အခန်းကဏ္ဍတွင် သက်ဆိုင်ရာ မြန်မာ အစိုးရကိုယ်စားလှယ်များအား အိန္ဒိယနိုင်ငံ မှ ဘဏ်များနှင့် စိုက်ပျိုးရေးဆိုင်ရာ ဘဏ်လုပ်ငန်း များတွင် လေ့ကျင့်သင်တန်းပေး မည့် အဆိုပြုချက်များကို ကြိုဆိုခဲ့သည်။ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး တိုးမြှင့်နိုင်ရန် အလားအလာများစွာရှိသည့် အလျောက်၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ငွေကြေးဆိုင်ရာ အစီအစဉ်များ နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၊ ဗဟိုဘဏ် နှင့် အိန္ဒိယနိုင်ငံ၊ Reserve Bank တို့အကြား မကြာမီကာလအတွင်း နားလည်မှုစာချွန်လွှာ တစ်ရပ် လက်မှတ်ရေးထိုးသွားရန်  နှစ်ဘက်စလုံးမှ သဘောတူညီခဲ့ကြသည်။ ဆက်လက်၍ အိန္ဒိယနိုင်ငံ၊ Reserve Bank သည် နှစ်ဘက်အကျိုးတူကိစ္စရပ်များတွင် အမြင်ချင်းဖလှယ်နိုင်ရန် ကြားခံဌာနအဖြစ် ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံ၊ ဗဟိုဘဏ် နှင့် နားလည်မှုစာချွန်လွှာ ရေးထိုးသွားမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံ (State Bank of India) သို့မဟုတ်  နှစ်ဘက်သဘောတူညီသည့် အခြားဘဏ်များနှင့် ဘဏ်လုပ်ငန်း အတွေ့အကြုံ နှင့် နည်းပညာများ မျှဝေဖလှယ်ရေးအတွက် နှစ်နိုင်ငံခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်။
၃၂။      နှစ်နိုင်ငံ ခေါင်းဆောင်များသည် နှစ်ဘက် စီးပွားရေးလုပ်ငန်းရှင်များအား နှစ်နိုင်ငံ အကြား ကျင်းပ ပြုလုပ်သည့် ကုန်စည်ပြပွဲများတွင် တက်ကြွစွာပါဝင် ဆောင်ရွက်သွားကြရန် လက်ရှိကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဝါဒများနှင့် ပတ်သက်သည့် အချက်အလက်များကို  နှီးနှောဖလှယ်ပွဲများနှင့် စီးပွားရေးဆိုင်ရာ အခမ်းအနားများမှတစ်ဆင့် ဝေမျှသွားကြရန် တိုက်တွန်းခဲ့ကြပါသည်။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလတွင် CII နှင့် UMFCCI တို့မှ ကြီးမှူးကျင်းပသည့် ပထမအကြိမ် အိန္ဒိယကုမ္ပဏီများ၏ ပြပွဲများကို နှစ်စဉ် ကျင်းပပြုလုပ်သွားရန် ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပါသည်။
၃၃။      နှစ်နိုင်ငံ ခေါင်းဆောင်များသည်  နယ်စပ်ဒေသ အနီးတဝိုက်တွင် နေထိုင်ကြသည့် ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားလျက် နယ်စပ်တစ်လျှောက် နယ်စပ် ဈေးများဖွင့်လှစ်ရန်နှင့် ယင်းကိစ္စအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ကြသည်။ ထို့အပြင် နှစ်နိုင်ငံခေါင်းဆောင်များသည် နယ်စပ်ကုန်သွယ်မှု စခန်းနေရာများ၌ ဘဏ်လုပ်ငန်းဆိုင်ရာ အခြေခံ အဆောက်အအုံများအား အဆင့်မြှင့်တင်သွားရန် ဆုံးဖြတ်ချက်သည် ယင်းဒေသများတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများအကြား ရောင်းဝယ် ဖောက်ကားမှုကို ပိုမိုလွယ်ကူချောမွေ့စေမည် ဖြစ်ကြောင်း မှတ်သား ခဲ့ကြသည်။
၃၄။      နှစ်ဖက်ခေါင်းဆောင်များသည် ယခင်က ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အတိုင်း တမူး-မိုရေး နှင့် ရိဒ်-ဇော်ခေါသာရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် နယ်စပ်ကုန်သွယ်ရေးအရာရှိ များအကြား ပြုလုပ်သည့် အစည်းအဝေးများကို ပုံမှန်ပြုလုပ်သွားနိုင်ရန် အတွက်နှစ်နိုင်ငံ အကြား နယ်စပ်ကုန်သွယ်ရေး ကော်မတီဖွဲ့စည်း သင့်ကြောင်း ညွှန်ကြားခဲ့ကြသည်။လျှပ်စစ်စွမ်းအား နှင့် စွမ်းအင်၃၅။      နှစ်နိုင်ငံအကြား စွမ်းအင်လုံခြုံမှုကဏ္ဍ တိုးမြှင့်နိုင်ရန်အတွက် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ခေါင်းဆောင်နှစ်ဦးတို့က အလေးထား ပြောကြားခဲ့ကြ သည်။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအစိုးရနှင့် အိန္ဒိယနိုင်ငံမှ ဂျူဘီလင့် စွမ်းအင်ကုမ္ပဏီတို့အကြား Production sharing Contract လက်မှတ်ရေးထိုးရန် ကိစ္စကိုကြိုဆိုခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အလားအလာ ကောင်းများရှိကြောင်း ကမ်းလှမ်းထားသည့် အသင့်တူးဖော်နိုင်မည့် လုပ်ကွက်များအပါအဝင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် ရေနံစက်မှုကဏ္ဍ၏ မြစ်အောက်ပိုင်း စီမံကိန်းများတွင် အိန္ဒိယနိုင်ငံမှ ကုမ္ပဏီများအား ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အားပေး တိုက်တွန်းခဲ့သည်။
၃၆။      မြန်မာနိုင်ငံတော်သမ္မတက ထမံသီနှင့် ရွှေစာရေးရေအားလျှပ်စစ်စီမံကိန်းများနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံမှ စီမံကိန်းအသေးစိတ် အစီရင်ခံစာများပြုစုလျက်ရှိခြင်းအပေါ် ကျေးဇူး တင်ရှိကြောင်း ပြောကြားခဲ့သည်။ ခေါင်းဆောင်နှစ်ဦးတို့က နည်းပညာ၊ စီးပွားရေးနှင့် လူမှု ဝန်းကျင်ကိစ္စရပ်များကို ထည့်သွင်းစဉ်းစားလျက် အစီရင်ခံစာပါ အချက်အလက်များနှင့် အနာဂတ်လုပ်ငန်းစဉ်များကို အပြီးသတ် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ယဉ်ကျေးမှု နှင့် ပြည်သူများအချင်းချင်း အပြန်အလှန်လည်ပတ်ရေး
၃၇။      နှစ်နိုင်ငံ ခေါင်းဆောင်များသည်  အိန္ဒိယနှင့်မြန်မာ နှစ်နိုင်ငံပြည်သူများအကြား နီးကပ်သည့် ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက်ရာ၌ ယဉ်ကျေးမှုကဏ္ဍ၏ အရေးပါမှုကို အလေးထားပြောကြားခဲ့ကြပြီး နှစ်နိုင်ငံအကြား ၂၀၁၂-၂၀၁၅ ခုနှစ်အတွက် ယဉ်ကျေးမှု ဖလှယ်ရေးအစီအစဉ် လက်မှတ်ရေးထိုးရန်ကိစ္စ
အပေါ် ကျေနပ်အားရမှုရှိကြောင်း ထုတ်ဖော်ခဲ့ကြ သည်။ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်အရ အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ပြည်နယ်များနှင့် မြန်မာနိုင်ငံ နယ်စပ်ဒေသများအကြား ယဉ်ကျေးမှုဖလှယ်ရေးကို တိုးမြှင့်စေ နိုင်မည် ဖြစ်ကြောင်း မှတ်သားခဲ့သည်။
၃၈။      ထို့ပြင် အိန္ဒိယယဉ်ကျေးမှု ဆက်ဆံရေးကောင်စီ၊ မြန်မာနိုင်ငံ သာသနာရေး ဝန်ကြီးဌာနနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓအဖွဲ့တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ၌ International Conference on Buddhist Heritage ကျင်းပရန် ပြင်ဆင်နေမှုများကိုလည်း ကြိုဆိုခဲ့ကြပါသည်။
၃၉။      ရွှေတိဂုံစေတီတော် ပရဝုဏ်အတွင်း ကိန်းဝပ် အပူဇော်ခံမည့် ဉာဏ်တော် (၁၆)ပေ အမြင့် ရှိ ဓမ္မစကြာမုဒြာ သဲကျောက် ဗုဒ္ဓဆင်းတုတော် တစ်ဆူအား ယခုနှစ်အတွင်း လှူဒါန်းရန် အိန္ဒိယ ဘက်မှ ဆုံးဖြတ်ခဲ့ခြင်းအပေါ် မြန်မာနိုင်ငံက ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ အိန္ဒိယဝန်ကြီးချုပ်က ၄င်း၏ မြန်မာနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း ယင်းဆင်းတုတော် နှင့်ပုံစံတူ ဆင်းတုတော်ငယ် တစ်ဆူကို ပူဇော်ခံရန် ပေးအပ်ခဲ့သည်။ မြန်မာပြည်သူများအနေဖြင့် အိန္ဒိယနိုင်ငံသို့ ဘုရားဖူးခရီးစဉ်များ လာရောက်နိုင်ရေးကို စီစဉ်ဆောင်ရွက်ပေးခြင်း အတွက်လည်း မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံအား ကျေးဇူးတင်ကြောင်း ပြောကြား ခဲ့သည်။
၄၀။      အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသန တိုင်းတာရေးအဖွဲ့မှ မြန်မာနိုင်ငံ ပုဂံမြို့ရှိ အာနန္ဒါဘုရား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအား လာမည့် (၂)နှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်နေမှုအပေါ် ခေါင်းဆောင်နှစ်ဦးတို့က ကျေနပ်အားရမှုရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့ကြသည်။
၄၁။      အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့ရှိ တတ်သိပညာရှင်များ နှင့် ပညာရေး အဖွဲ့အစည်းများအကြား အဆက်အသွယ်များ ဖွဲ့စည်းထူထောင်ခြင်းအပေါ် ခေါင်းဆောင် နှစ်ဦးတို့က ကြိုဆိုခဲ့ကြပြီး နှစ်ဘက် သုတေသီ ပညာရှင်များအား နှစ်နိုင်ငံတွင်ကျင်းပသည့် ပညာရေးဆိုင်ရာ ကိစ္စရပ်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ပြီး အမြင်ချင်း ဖလှယ်ကြရန် တိုက်တွန်းခဲ့ကြသည်။
၄၂။      အိန္ဒိယ၏ နည်းပညာအကူအညီဖြင့် မြန်မာနိုင်ငံ၌ တည်ထောင်မည့်ကျောင်း အတွက် အိန္ဒိယအစိုးရမှ ထောက်ပံ့မှုများ ပေးသွားမည့်ကိစ္စနှင့်စပ်လျဉ်း၍ အိန္ဒိယဝန်ကြီးချုပ်မှ ကြေညာခဲ့ခြင်းအပေါ် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက ကြိုဆိုခဲ့သည်။ဒေသတွင်း နှင့် နိုင်ငံတကာကဏ္ဍ
၄၃။      နှစ်နိုင်ငံခေါင်းဆောင်များသည် ဒေသတွင်း နှင့် နိုင်ငံတကာရေးရာ အကျိုးတူကိစ္စရပ်များအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့သည်။ နှစ်နိုင်ငံ အကျိုးရှိမည့် နိုင်ငံတကာရေးရာ ကိစ္စရပ်များတွင်လည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။
၄၄။      ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးတွင် နှစ်နိုင်ငံ နီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားရန် အရေးကြီး ကြောင်း နှစ်နိုင်ငံခေါင်းဆောင်များက အလေးထား ပြောကြားခဲ့သည်။ အိန္ဒိယ ဝန်ကြီးချုပ်မှ မြန်မာနိုင်ငံ အနေဖြင့် ဘင်းမ်စတက်အဖွဲ့၏ ဥက္ကဌတာဝန်ကို အောင်မြင်စွာ ထမ်းဆောင်သွားနိုင်စေရန် ဆုမွန်ကောင်း တောင်းခဲ့ပြီး၊ အိန္ဒိယနိုင်ငံအနေဖြင့် လာမည့် ဘင်းမ်စတက် ထိပ်သီးညီလာခံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ သွားလိုကြောင်း အဆိုပြုခဲ့သည်။ မြန်မာနိုင်ငံမှ အာဆီယံဥက္ကဌ တာဝန်ထမ်းဆောင်မည့် ၂၀၁၄ ခုနှစ်၌ အာဆီယံ-အိန္ဒိယ ပူးပေါင်း ဆောင်ရွက်ရေးကို ပိုမိုတိုးမြှင့်နိုင်ရန် နှစ်နိုင်ငံခေါင်းဆောင်များက မျှော်လင့်ခဲ့ကြသည်။ မြန်မာနိုင်ငံသည် အာဆီယံ ပေါင်းစည်းရေးအစီအစဉ် (Initiative for ASEAN Integration (IAI) အောက်မှ အာဆီယံနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်ရေး နှင့် အိန0x081ဒိယနိုင်ငံ၏  အရှေ့မျှော် မူဝါဒတို့တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း အိန္ဒိယဝန်ကြီးချုပ်မှ ထပ်လောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင် များသည် မကြာမီ ကျင်းပသွားမည့် အာဆီယံ-အိန္ဒိယ အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနှင့်ပတ်သက်သည့် လုပ်ဆောင်ဖွယ်ရာများကို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့သည်။
၄၅။      အိန္ဒိယဝန်ကြီးချုပ်မှ ၄င်း နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ မြန်မာနိုင်ငံသို့ ရောက်ရှိ စဉ်အတွင်း နွေးထွေးလှိုက်လှဲစွာ ဧည့်ဝတ်ကျေပွန်မှုများအတွက် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ နိုင်ငံတော်သမ္မတ အား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
၄၆။      အိန္ဒိယနိုင်ငံဝန်ကြီးချုပ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတအား အိန္ဒိယနိုင်ငံသို့ နှစ်ဘက် အဆင်ပြေမည့်နေ့ရက်များတွင် ချစ်ကြည်ရေးခရီး လာရောက်ရန် ဖိတ်ကြားခဲ့သည်။ ခရီးစဉ်နေ့ရက်ကို သံတမန်လမ်းကြောင်းမှတစ်ဆင့် ညှိနှိုင်း သွားမည်ဖြစ်သည်။  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတမှ ဖိတ်ကြားချက်ကို လက်ခံခဲ့သည်။

နေပြည်တော်၂၀၁၂ ခုနှစ်၊ မေလ (၂၈) ရက်။
Myanmar President Office

ပုဇွန်တောင်မြို.နယ်အတွင်းရှိ လောင်းကစားလုပ်ငန်းများ

ရန်ကုန်မြို့ ပုဇွန်တောင်မြို.နယ်အတွင်းရှိ အောက်ပါနေရာများတွင် အခန်းများ
ငှားရမ်းကာ လောင်းကစားလုပ်ငန်းများကို ပေါ်ပေါ်ထင်ထင်နီးပါး ဖွင့်လှစ်လုပ်
ကိုင်နေကြောင်းသိရပါတယ်။

 ရပ်ကွက်အတွင်းရှိ လူငယ်များ၊ ကျောင်းသားအရွယ်များ၊ ၀န်ထမ်းများ စသည်ဖြင့်
လူမျိုးစုံ ၀င်ရာက်ကစားလျက်ရှိကြပါတယ်။

 ကစားနည်းများမှာ ဂျက်ပေါက်၊ ငါးမန်း ဖဲချပ် စသည်ဖြင့် အမျိုးမျိုး ကစားကြပါတယ်။
 အလျော်အစားမှာ သောင်းဂဏန်းမှ သိန်းဂဏန်းအထိ ရှိပါတယ်။

ယခုကဲ့သို.တိုင်းပြည်ကို ၀ိုင်းဝန်းတည်ဆောက်ရမည့်အချိန်၊ တရားဥပဒေစိုးမိုးရေးကို
 ပြုလုပ်ရမည်.အချိန်တွင် တာဝန်ရှိသော ပြည်သူ.ရဲ နှင့် ရပ်ကွက်အုပ်ချုပ်ရေးဖက်မှ
 ပုဂ္ဂိုလ်များမှလောင်းကစားဝိုင်းများကို  မသိကျိုးကျွန်ပြုနေတဲ့ ကိစ္စ အထက်အာဏာပိုင်များ
 သိရှိစေလိုကြောင်း ပုဇွန်တောင်မြို့ ခံတဦးက Myanmar News Now ကိုပြောပါတယ်။

အောက်တွင်ဖော်ပြထားသော လောင်းကစားခန်းများကို သွားရောက် လေ့လာကြည့်နိုင်ပါ
တယ်လို့ ဆိုပါတယ်။
1.    အမှတ် ၁၂၃၊ အနော်ရထာလမ်း၊ မြေညီထပ် (၄၉ လမ်းနှင်. ဗိုလ်မြတ်ထွန်းလမ်းကြား)

2.    အမှတ် ၂၁၊ေ၇ကျော်လမ်း၊ မြေညီထပ် (ရေကျော်ဈေးရှေ.)

3.    အမှတ် ၅၃၊ အခန်း ၀၀၁ ၊ ရေကျော်လမ်း၊ မြေညီထပ် (ရေကျော်လမ်းနှင့် မဟာဘောဂလမ်းထောင့်)

4.    အမှတ် ၈၆၊ အထက်ပုဇွန်တောင်လမ်းမကြီး၊ မြေညီထပ် (ရေကျော်လမ်းမကြီးနှင့် တီပုံလမ်းဆုံနေရာ)

5.    အမှတ် ၁၄၆၊ အထက်ပုဇွန်တောင်လမ်းမကြီး၊ မြေညီထပ် (KBZ ဘဏ်ရှေ့ ၊ ရတနာမြိုင်တိုက်)

6.    အမှတ် ၅၁၃၊ အထက်ပုဇွန်တောင်လမ်းမကြီး၊ မြေညီထပ် (ရွှေသမင်စတိုးဆိုင်ဘေး)

7.    ပုဇွန်တောင်ပန်းခြံရှေ့၊ အထက်ပုဇွန်တောင်လမ်းမကြီး၊ မြေညီထပ် (Shine ရေပိုက်ဆိုင်ခန်း ဘေး)

အခြားကျန်ခဲ့သော နေရာများလည်းရှိနိုင်ပါသည်။

တောင်ကိုရီးယားနှင့် ဆွေးနွေးမှုတွင် ပါရှိခဲ့သူ မြောက်ကိုရီးယားရှိ အရာရှိ ၃၀ သုတ်သင်ခံခဲ့ရ

Monday 28th May 2012

ယမန်နှစ်က မြောက်ကိုရီးယားရှိ အရာရှိ ၃၀ မှာ  အစိုးရ၏ သုတ်သင်ပစ်မှုကို ခံခဲ့ရကြောင်း The Telegraph သတင်းတွင် ဖော်ပြသည်။ အဆိုပါ အရာရှိများမှာ

မော်တော်ယာဉ် မတော်တဆ မှုများကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု အမည်တပ်ကာ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း Amnesty International ၏ အပြောကို Telegraph မှ ကိုးကား ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် နောက်ထပ်လူ ၂၀၀ မှာလည်း ယခုနှစ် ဇန်နဝါရီ လက နိုင်ငံပိုင် လုံခြုံရေး အေဂျင်စီမှ ဝိုင်းရံထားကာ ယင်းသို့သော လူ ၂၀၀ ထဲတွင် အချို့မှာ သတ်ဖြတ် ခံလိုက်ရပြီး ဖြစ်ကာ ကျန်ရှိသူများမှာလည်း နိုင်ငံရေး အကျဉ်းစခန်းများသို့ ပို့ဆောင်ခြင်း ခံခဲ့ရကြောင်း Amnesty International က ဖော်ပြသည်။

မြောက်ကိုရီးယား နိုင်ငံမှာ ဗြူရို ကရက်များ အနေဖြင့် တိုင်းပြည်နှင့် နိုင်ငံ အပေါ်တွင် လုပ်ဆောင်ချက် မအောင်မြင်ပါက သုတ်သင်ပစ်သည့် အကျင့်ရှိကြောင်း အဆိုပါ သတင်းတွင် ဖော်ပြခဲ့သည်။ သို့ရာတွင် ယခင်က အဆင့်မြင့် အရာရှိများနှင့် တော်ဝင် မိသားစုများ အပေါ်တွင် ပြုလပ်ခဲ့ဖူးသည့် ထုံးစံမရှိဘူးကြောင်းလည်း ယင်းသတင်းတွင် ပါရှိခဲ့သည်။

 source : telegraph.co.uk
MRTV-4

အားကောင်းလာတဲ့ ပုသိမ်မြို့ ၂၄ နာရီမီးအလင်းရရှိရေး ငြိမ်းချမ်းစွာဆန္ဒဖေါ်ထုတ်ပွဲ တတိယနေ့ ကျင်းပခြင်း

 ပုသိမ်မြို့ပေါ်ရပ်ကွက်အသီးသီးရှိ  ပြည်သူအင်အား (၁၀၀၀)တစ်ထောင်ကျော်ခန့်သည်
လျှက်စစ်မီး ၂၄ နာရီ အချိန်ပြည့်ရရှိရေးအတွက်ငြိမ်းချမ်းစွာဆန္ဒဖေါ်ထုတ်ခြင်းကို
 ၂၇-၅-၂၀၁၂ နေ့ ညနေ၇း၁၅ မိနစ်မှ ည ၈း၄၅ မိနစ်အချိန်ထိပြုလုပ်ခဲ့ကြောင်း
သိရပါတယ်။

ပုသိမ်မြို့တွင် ရပ်ကွက်နေပြည်သူများမှာ ၆ နာရီလျှပ်စစ်မီးပေး ၁၂နာရီမီးပျက် စနစ်ဖြင့်ကျင့်
သုံးသော်လည်း အစိုးရဌာနဆိုင်ရာရုံးများ ၊၀န်ကြီးများ၏နေအိမ်များ၊ အစိုးရ၀န်ထမ်းအိမ်ရာ
များ၊ ဌာနဆိုင်ရာအသီးသီးမှ လူကြီးများ ၏နေအိမ်တို့တွင် ၂၄နာရီလျှပ်စစ်မီးအပြည့်အဝ
 ရရှိနေပါသဖြင့် မြို့သူ မြို့သားများမှ လျှပ်စစ်မီး တန်းတူရရှိရေး ၊၂၄နာရီလျှပ်စစ်မီရရှိရေး
အတွက်ငြိမ်းချမ်းစွာ ဆန္ဒ ဖေါ်ထုတ်ခြင်းဖြစ်ကြောင်း ဆန္ဒဖော်ထုတ်သူတွေက Myanmar News
Now ကို သတင်းပေးပို့ ထားပါတယ်။




ပုသိမ်မြို့ 24နာရီမီးအလင်းရရှိရေး ငြိမ်းချမ်းစွာဆန္ဒဖေါ်ထုတ်ပွဲ တတိယနေ့ ကျင်းပခြင်း 

သတင်း-ဓါတ်ပုံ Myanmar News Now

ဒဂုံဆိပ်ကမ်းမြို့နယ်သို့ အစားထိုးယာဉ် ပြေးဆွဲပေးမည်

ရန်ကုန်တိုင်း မထသ မှ တာဝန်ရှိသူတစ်ဦးမှ  ၂၇.၅.၂၀၁၂ နေ့ ညနေပိုင်းတွင်
 NNDP ပါတီ မှ သင်္ဃန်းကျွန်း တိုင်းဒေသကြီး အမှတ် (၁) ကိုယ်စားလှယ် ဦးကျော် ထံ
(၃၉ ) ယဉ်လိုင်း မှ စုစုပေါင် ကား ၁၀ စီးအား မေလ၂၈ ရက်နေ့တွင် ဒဂုံဆိပ်ကမ်းမြို့နယ်သို့ ၂၃၂
ယာဉ်ပြေးဆွဲသည့် ခရီးစဉ် နေရာတွင် စတင် အစားထိုး ပြေးဆွဲပေးမည်ဖြစ်ကြောင်း
ဖုန်းဖြင့် အကြောင်းကြားလာကြောင်း သိရပါတယ်။

မကြာသေးခင်က ပါရမီယာဉ်လိုင်း ၂၃၂ ယာဉ်လိုင်း မှကြားကား
ပြေဆွဲသည့် ယဉ်မောင်းအား ဓါးဖြင့်ခုတ်သတ်ခဲ့သည့်ကိစ္စနှင့်ပါတ်သက်ပြီး
၂၃၂ ယာဉ်လိုင်း အားပိတ်သိမ်းလိုက်ပါတယ်။

အဆိုပါကိစ္စပါတ်သတ်ပြီး  ဒဂုံဆိပ်ကမ်းမြို့ နေ ဒေသခံများမှ  NNDP သို့တင်ပြ
လာရာ NNDP မှ လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်နှင့် ဦးဝင်းရွှေတို့သည်
ဒဂုံဆိပ်ကမ်းမြို့နယ်သို့ ဒေသခံများ၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့ပြီး 
ဒေသခံများ၏ ခံစားချက်များကို မေးမြန်းခဲ့ပါတယ်။

၂၃၂ ယာဉ်လိုင်းပိတ်သိမ်းလိုက်ခြင်းသည် အလုပ်သွားအလုပ်ပြန်အဆင်မပြေမှု၊
အဆိုပါကားဂိတ်အားအမှီအခိုပြုလျှက်လုပ်ကိုင်စားသောက်နေကြသည့်လုပ်ငန်း
အသေးစားများမှာလည်း ဒီယာဉ်လိုင်းပိတ်သိမ်းလိုက်ခြင်းကြောင့်
စားဝတ်နေရေး အဆင်မပြေမှုများ ဖြစ်ပေါ်နေကြောင်း ပြန်လည် ပြောကြ
တင်ပြခဲ့ပြီးနောက် အခုလို ကား  အစားထိုးပြေးဆွဲပေးမယ့် အစီအစဉ်ရှိလာ
တာဖြစ်ပါတယ်။

Myanmar News Now
လိုင်းကားနှင့် လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့် အားတွေ့ ရစဉ်


ငါးသောင်းရှိမှ ကျောင်းအပ်ကြ

ငါးသောင်းရှိမှ ကျောင်းအပ်ရတဲ့ အမက (၄)
စစ်ကိုင်တိုင်းဒေသကြီး မုံရွာမြို့ ဆူးလေကုန်းရပ် အမက (၄) ကျောင်းကတော့ အလှူငွေ
ကောက်ပါတယ်။ ဒီကျောင်းကတော့ သူငယ်တန်းကျောင်းသားသစ်အပ်လျှင် အနည်းဆုံး
 ငါးသောင်းကျပ် တိတိ အလှူငွေ အဖြစ်(အလှူရှင် ၏ ဆန္ဒရှိ ရှိ
မရှိရှိ)ကောက်ခံနေပါတယ်။

ကျောင်းသားသစ်လျှောက်လွာများကို ကျောင်းဆောင်သစ် ဖြစ်မြောက်ရေး ကော်မတီ
လူကြီးများ ဟုဆိုသူများကကောက်ခံလျှက်ရှိနေပါတယ်။

ထိုသို့ကောက်ခံရာတွင် ငါးထောင် တစ်သောင်းနဲ့တော့မလာခဲ့နဲ့ဟု ခေတ်ဟောင်းက
ဥက္ကဌ လုပ်ခဲ့ဖူးသူ ဦးချိုတူး မှ အများကြားအောင်ပြောပါတယ်။ ကျောင်းအကျိုးတော်
ဆောင် ဆိုသူ ဒေါ်မီမီတိုး မှလည်း တစ်သိန်းအောက် တော့ မလာခဲ့နဲ့ဟု ရင်း နှီးသူများ
ကို ပြောဆိုကောက်ခံပါတယ်။

အလှူငွေကောက်သည်ဆိုသည်မှာ ပေးလှူမည်သူ၏ စေတနာ အလျှောက် ကြည်ဖြူစွာ
လှူဒါန်းသည်ကိုသာ လက်ခံရမည်ဖြစ်သည်။ ယခုလို ငါးသောင်းအနည်ဆုံးဟု ဖိအားပေး
အလှူခံခြင်းမှာမဖြစ်သင့် ကြောင်း မုံရွာမြို့ ဆူးလေကုန်ရပ်ကွက်က ကျောင်းသားမိဘ များ
က Myanmar News Now ကို ပြောပြပါတယ်။

၅၀၀၀ ကျပ် ဝင်ခွင့်ကဒ်အတွက် ဈေးသူဈေးသားများမှ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်

ဈေးသူဈေးသားများ ငြိမ်းချမ်းစွာဖြင့်
တန်းစီလှည့်လည်ဆန္ဒဖော်ထုတ်
မန္တလေးမြို့ မဟာအောင်မြေကျောက်မျက်ရတနာဈေးအတွင်း ၅၀၀၀ ကျပ်
ဝင်ခွင့်ကဒ်အတွက် ဈေးသူဈေးသားများမှ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေပါတယ်။

ယနေ့  ၂၈.၅.၂၀၁၂ နံနက် ၁၀နာရီ တွင် ကျောက်မျက်ဈေးအတွင်းရောင်းဝယ်
လုပ်ကိုင်သူများနှင့်စာနယ်ဇင်းသတင်းသမားများကိုဖိတ်ခေါ် တွေ့ ဆုံသတင်း
စာရှင်းလင်းပွဲပြုလုပ်ရန်ဆောင်ရွက်နေစဉ်အတွင်း  အခမ်းအနား မပြုလုပ်မှီ
တနာရီအလိုတွင်ဈေးစည်ပင်သာယာအုပ်ချုပ်ရေးမှူးမှ ခွင့်မပြုကြောင်း
လာရောက်ပြောဆိုတားမြစ်ခြင်း ဖြစ်ပေါ်ခဲ့ပါတယ်။

စည်ပင်သာယာမှကျောက်မျက်ဈေးအတွင်းသို့ ဝင်ရောင်လျှင် ဝင်ကြေးအဖြစ် ၅၀၀၀
ကျပ်တန် ဝင်ခွင့်ကဒ်များပြုလုပ်ခိုင်းခြင်းအပေါ် ဈေးအတွင်းရတနာရောင်းဝယ်ပြု
လုပ်သူများမှ မကျေနပ်သဖြင့် ယနေ့ နံက် ၁၀နာရီဝန်းကျင်တွင် ငြိမ်းချမ်းစွာဖြင့်
တန်းစီလှည့်လည်ဆန္ဒဖော်ထုတ်ခြင်းများ ပြုလုပ်နေကြပါတယ်။

Myanmar News News





ဈေးသူဈေးသားများ ငြိမ်းချမ်းစွာဖြင့် တန်းစီလှည့်လည်ဆန္ဒဖော်ထုတ် သတင်း-ဓါတ်ပုံ (Myanmar News Now)

မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်မှာ ဗုံးတစ်လုံးပေါက်ကွဲ

ဓါတ်ပုံ-Eleven Media Group
မြစ်ကြီးနားမြို့ ယုဇနရပ်ကွက် ပြည်ထောင်စုလမ်းမကြီး အလယ်ကျွန်းပေါ်၌ ယနေ့နံနက် ၆ နာရီ ၁၀ မိနစ်အချိန်ခန့်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။ အဆိုပါဗုံးမှာ သံဖြတ်စများထည့်၍ ခွဲခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ကြောင်း သိရသည်။

 ၆ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် အဆိုပါနေရာနှင့် ၁၀ ပေခန့်အကွာ ကုက္ကိုပင်အောက်မြှုပ်ထားသော မပေါက်ကွဲသေးသည့်ဗုံးတစ်လုံးကို ထပ်မံတွေ့ရှိခဲ့ရာ မိုင်းရှင်းအဖွဲ့မှ အသက်မဲ့အောင်ပြုလုပ်နိုင်ခဲ့ကြောင်း Eleven Media Group Facebook စာမျက်နှာမှာဖော်ပြထားပါသည်။

မေလ ၂၈ ရက်နေ့တွင် ထုတ်ဝေသော Weekly Eleven News Journal အတွဲ ၇ အမှတ် ၃၄

Weekly Eleven Vol 7 No 34
မေလ ၂၈ ရက်နေ့တွင် ထုတ်ဝေသော Weekly Eleven News Journal အတွဲ ၇ အမှတ် ၃၄

မြစ်ကြီးနားနှင့်ဝိုင်းမော်စခန်းများတွင် ဒုက္ခသည်ဦးရေများလာ၍ ရေရှားပါးမှုပြဿနာကြုံတွေ့နေရ

ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ၀ိုင်းမော်ရှိ ဒုက္ခသည်စခန်းများတွင် ရေရှားပါးမှုပြဿနာများကြုံတွေ့နေကြောင်း ဒုက္ခသည်စခန်းတာဝန်ခံများက ဆိုသည်။

အစိုးရမဟုတ်သည့် လူမှုရေးအဖွဲ့အစည်းများ (NGO) က သောက်သုံးရေများ ကူညီပေးနေသော်လည်း လုံလောက်မှုမရှိကြောင်းကိုလည်း သိရသည်။

ကချင်လွတ်မြောက်ရေအဖွဲ့(KIO)နှင့် မြန်မာအစိုးရအကြားတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ဒုက္ခသည်စုစုပေါင်း- ၇၀၀၀၀ ကျော် (ခုနှစ်သောင်းနှင့်အထက်)ရှိနေပြီး ယခင်ထက် ပိုမိုများပြားလာကာ ၎င်းတို့အတွက် စခန်းသစ်များထပ်မံ တည်ဆောက်နေကြောင်းကိုလည်း  သိရှိရသည်။

မြစ်ကြီးနားမြို့ရှိ ဂျန်မိုင်ကော့ရပ်ကွက် ဒုက္ခသည်စခန်းတွင် ရေရှားပါးမှုပြဿနာများ ကြုံတွေ့နေကြောင်း ဒုက္ခသည်စခန်း    တာဝန်ခံဆရာအောင်မြတ်က ဆိုသည်။

“ရေက လုံးဝ လုံလောက်မှု မရှိဘူး။ ကျွန်တော်လည်း အထက်ကို သောက်သုံးရေအတွက် မတင်ပြလိုက်မိဘူး။   ရေတွင်းတူးဖို့ ကျွန်တော်ကြောက်တယ်လေ။ ကလေးတွေက အရမ်းများတော့ ကြောက်တယ်။” ဟု ၄င်းက ပြောသည်။

ဂျန်မိုင်ကော့ဒုက္ခသည်စခန်းတွင် စစ်ထွက်ပြေးတိမ်းရှောင်လာသူ စုစုပေါင်းလူဦးရေ(၇၀၀)နီးပါး လာရောက် ခိုလှုံနေပြီး ပေ(၄၀)ရှိ ရေကန်တစ်တွင်းတည်းမှ သောက်သုံးရေ၊ ရေချိုးခြင်း၊ မီးပူချောင်များအတွက် အသုံးပြု   နေရခြင်းသည်။

“ဘယ်လိုမှ ရေက မလောက်တာ။ ၂ နာရီလောက်ပဲ ရေစုတ်လို့ရတယ်လေ။  မနက် (၇)နာရီဆို အကုန်အစင် အပြောင်ပါဘဲ။ အိမ်သာအတွက်လည်း ရေကန်က တစ်ခုတည်းပဲ ရှိတော့ ရေက အခက်အခဲရှိနေတယ်။” ဟု စခန်းတာဝန်းခံက  ဆက်ပြောသည်။

အဆိုပါ ရေရှားပါးမှုကြောင့် ဒုက္ခသည်များသည် ရေချွေတာ အသုံးပြုနေရကြောင်းကိုလည်း သိရသည်။
“ရေက အဆင်မပြေဘူး။   ရေချိုးချင်လည်း မချိုးရဘူး။ မီးပူချောင်၊ အိမ်သာ၊ ရေချိုးခန်း၊ ဝတ်ခြံတွေမှာလည်း   ရေသုံးရတယ်ဆိုတော့    ညနေဆို ရေနည်းနည်းလေးပဲ ရှိတော့တယ်။ မျက်နှာပဲ သစ်ယူတယ်။ ညနေဆို   ရေမချိုးရဘူး။   အိုက်က အိုက်တာနဲ့။ သောက်ရေလည်း အဲ့တာပဲ။” ဟု ၎င်းစခန်းမှ ဒုက္ခသည်တစ်ဦးက
ပြောသည်။

ရေဘုံဘိုင်မှ ရေစုတ်ယူနေရသဖြင့် ရေတွင် သဲနှုန်းများစွာပါရှိနေကြောင်းနှင့် သောက်ရေအတွက်ကိုမူ အချိန်ယူ ၍ ရေစစ်ထားကာ သောက်သုံးနေရကြောင်း သိရသည်။

“ထမင်းစားပြီးပြီဆို ကလေးတွေက ထမင်းစား၊ ကိုယ့်ပန်းကန်နဲ့ ရေထဲသွားနှိုက်၊ အဲ့ဒီ ပန်းကန်နဲ့ပဲ ရေပြန်ခပ်   သောက်တော့    ရေက ညစ်ပတ်နေပြီလေ၊ အရမ်းခက်ခဲတယ်။” ဟု နောက်ထပ် ဒုက္ခသည်အမျိုးသမီးတစ်ဦးက ဆိုသည်။

ဝိုင်းမော်မြို့နယ်တွင်းရှိ ဒုက္ခသည်စခန်းအချို့များတွင်လည်း သောက်သုံးရေရှားပါးမှုနှင့် ရေလုံလောက်မှု မရှိသဖြင့် အခက်အခဲများ ရင်ဆိုင်နေရကြောင်း သိရသည်။

“ခုရေတွင်းတစ်ခု ပြန်တူးတယ်။ (၁၆)သိန်းကုန်တယ်။ ချိုးရေက မြစ်မှာသွားချိုးလို့ရတယ်။ သောက်ရေပေါ့။ ခက်နေတာ။” ဟု ဝိုင်းမော်မြို့ နှစ်ခြင်းခရစ်ယာန် ဒုက္ခသည်စခန်းမှ တာဝန်ခံ ဆရာဆော်ယောက ပြောသည်။

အဆိုပါ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ကချင်ပြည်နယ်အတွင်းတွင် စစ်ပြေးဒုက္ခသည်များ ပိုမိုများလာလျက်ရှိနေကြောင်း သိရသည်။

ဂျာတော့(ပ်) (မြစ်မခ)
by Myit Makha Mediagroup on 28 May, 2012

ဖားကန့်အထိ တိုက်ပွဲများရောက်ရှိ၊ ဝိုင်းမော်တွင် KIOတပ်သားစုနေ၍ ကျောင်းတက်ရန်အခက်အခဲဖြစ်လာ

မိုးညှင်းခရိုင်တွင်း ကေအိုင်အိုနှင့် မြန်မာစစ်တပ်တို့အကြား တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ဒေသခံများ အိုးအိမ် စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ဖားကန့်မြို့၊မှော်မုံတွင် ကေအိုင်အိုနှင့် မြန်မာအစိုးရတပ်များအကြား မေလ (၂၇) ရက်ညနေက စစ်ပွဲများ ဆက် တိုက်ဖြစ်ပွားနေခြင်းကြောင့် စစ်ပြေးဒုက္ခသည် (၅၀)ဦးခန့် မှော်မုံနှစ်ခြင်း ဘုရားကျောင်းတွင်းသို့ လာရောက် ခို လှုံ့နေကြောင်း သင်းအုပ်ဆရာတစ်ဦးက ပြောသည်။ ထို့အပြင် တံတားညီနှောင်တွင်လည်း   မေလ(၂၅)မှ (၂၆) နေ့အထိ အစိုးရပ်တပ်နှင့် ကေအိုင်အိုတို့အကြား (၁)ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။

ဆားမှော်မြို့တွင် ပြီးခဲ့သည့် အပတ်အတွင်းက တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းကြောင့် မိုးကောင်းမြို့နယ် မခေါင်ရပ်ကွက်နှင့် နှစ်ခြင်းဘုရားကျောင်းဝင်းတွင် စစ်ပြေးများဒုက္ခသည်(၃၀၀)ကျော် ဝင်ရောက်လာကြောင်း ဒုက္ခသည်များအား ကူညီတာဝန်ယူပေးသည့် သင်းအုပ်ဆရာတစ်ဦးက ဆိုသည်။

အင်းတော်ကြီးဒေသတခွင်ဖြစ်သော ညောင်ပင်၊ အောင်ဂျာ၊ လဂတ်ယန်၊ အောင်ပျော်ယန်များမှ ပြည်သူများ အနေဖြင့် မေလ (၂၆)ရက်နေ့က အင်းတော်ကြီးဒေသ၊ နန်မွန်းနှစ်ခြင်းအသင်းတော်ဘုရားကျောင်းသို့ စစ်ပြေး ဒုက္ခသည်(၇၈)ဦး ပြောင်းရွှေ့လာကြောင်း KIO ဘက်က ပြောဆိုချက်များအရ သိရသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)က တပ်သားစုဆောင်းနေခြင်းကြောင့် ဝိုင်းမော်မြို့နယ် ဆံဒုံ၊ ကန်ပိုင်တီ ကားလမ်းမ တစ်လျှောက်ရှိ ကျေးရွာများတွင် ကျောင်းသား/သူများကျောင်းတက်ရောက်ရန် အခက်အခဲဖြစ် နေကြောင်း ဒေသခံတို့က ဆိုသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့နှင့် မြန်မာအစိုးရအကြားတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ၎င်းနယ်မြေ ဒေသများတွင် တပ်သားစုဆောင်းခြင်း၊ ပေါ်တာဆွဲခြင်းများ ဖြစ်ပေါ်နေသဖြင့် အလယ်တန်း၊ အထက်ကျောင်း ကျောင်းတက်မည့် ကျောင်းသားများမှာ အခြားမြို့သို့ ကျောင်းသွားတက်ရောက်ရန် ခက်ခဲနေခြင်းဖြစ်သည်။

“သေနတ်ကိုင်လို့ရတဲ့အရွယ် ကျောင်းသားတွေက ရွာမှာ မနေရဲတော့ဘူးလေ။ မြို့မှာ ကျောင်းသွားထား ကြတယ်။ ဒီက ကျောင်းသားတွေ အရမ်းများနေတော့ မြို့ကျောင်းမှာလည်း လက်ခံဖို့ ခက်လာတယ်။” ဟု ဝါရှောင်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

 ဂျာတော့(ပ်) (မြစ်မခ)
by Myit Makha Mediagroup on 28 May, 2012

မြောင်မြို့နယ် ကုန်းတွင်းပိုင်းဒေသများတွင် သောက်ရေရှားပါးမှုနှင်ရင်ဆိုင်နေရ

မြန်မာနိုင်ငံအလယ်ပိုင်း ကုန်းတွင်းပိုင်းကျရောက်သည့်ဒေသများတွင် မိုးခေါင်၍ သောက်သုံးရေရှားပါးမှုနှင့် ကြုံတွေနေရကြောင်း စစ်ကိုင်းတိုင်း မြောင်မြို့နယ်က နယ်မြေခံ ဦးဝင်းနိုင်က ပြောသည်။

မြောင်မြို့နယ်၏ ကုန်းတွင်းပိုင်းဒေသများ  သောက်သုံးရေပြတ်လပ်မှုအတွက်   မြောင်မြို့နယ် လူမှုရေး အသင်းအဖွဲ့များ     နှင့် အစိုးရအဖွဲ့များပူးပေါင်း၍ ရေပေးဝေရန် စီစဉ်နေကြောင်းကိုလည်း သိရသည်။

'ရွာမှာသောက်ရေလုံးလုံးကို ပြတ်သွားတယ် အရင်နှစ်က ရွာအနောက်ဖက်သောက်ရေကန်ထဲမှာရေမရှိ ပေမယ့် လက်ယက်တွင်းတွေကနေယူလို့ရသေးတယ်၊ဒီနှစ်တော့မိုးကလည်းခေါင်တော့လက်ယက်တွင်း တွေကလည်း ရေမထွက်တော့ဘူး။ရွာကလူတွေအကုန် သောက်ရေကို နှစ်မိုင်လောက်ဝေးတဲ့ ဖွားစောရွာ သွားခပ်ရတယ်။ရေစည်လှည်းရှိတဲသူတွေက ရေစည်လှည်းနဲ့ မရှိတဲ့သူတွေကတော့ စက်ဘီးတွေ မှာ      ရေပုံးချိတ်ပြီးသွားခပ်ရတယ်။ ကျုပ်တို့ရွာမှာတော့    ရေခပ်ရတာကိုက အလုပ်တစ်ခုလို ဖြစ်နေပြီ' ဟုလက်ယက်မကျေးရွာ က ဒေါ်လှဝင်းဋ္ဌေးကပြောသည်။

မြောင်မြို့နယ်အတွင်းမှ ကျေးရွာတွေဖြစ်သည့် လက်ယက်မ၊ကြာပင်လှ၊ဇရပ်ကုန်း စသည့် ကုန်းတွင်းပိုင်း ကျေးရွာတွေမှာ   သောက်သုံးရေ အဓိကပြတ်လပ်နေကြောင်း သိရသည်။

'ကြည်းတောတွေအကုန်လုံး လိုလို သောက်ရေရှားကြတယ်။ဒီနှစ်မိုးခေါင်တော့ပိုဆိုးတာပေါ့ သူတိုခမျာသုံးရေတောင်အနိုင်နိုင်။   အရင်တစ်ခါအခုလို သောက်ရေတွေရှားတုန်းက မြောင်ကလူမှုရေးအသင်းတွေ အစိုးရအဖွဲ့ တွေနဲ့   ပေါင်းပြီးသောက်ရေ သွားသွားလှူရတယ်။ ဒီနှစ်တော့သောက်ရေ အဓိကအခက်ခဲဖြစ်နေတဲ့ ကျေးရွာတွေကို အရင်ဆုံးသွားလှူဖို့အစီစဉ်ရှိတယ်' ဟု မြောင်မြို့နယ်လူမှုကူညီရေးအသင်းမှ အတွင်းရေးမှုးဦးအောင်ပွကြီးကပြောပါသည်။

မောင်ယဉ်ကျော် မန္တလေး-(မြစ်မခ)
by Myit Makha Mediagroup on 28 May, 2012

သံမဏိစက်ရုံအစာငတ်ခံဆန္ဒပြသူများမှ ဆေးရုံတင်ရသူ (၁)ဦးအပါအ၀င် လဲကျသူ(၃)ဦး အထိရှိလာ


မှော်ဘီမြို့နယ် မြောင်းတကာစက်မှုဇုန်ရှိ သံမဏိသံရည်ချိုစက်ရုံ အစားငတ်ခံဆန္ဒပြတောင်းဆိုသူများ ထဲမှ ကိုဇော်မင်းလတ်သည် မေလ ၂၇ ရက်နေ့တွင် လဲကျသွားရခဲ့ပြီး ယနေ့နံနက် ၈နာရီ ၃၀မိနစ်တွင် မှော်ဘီဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူနေရသည်။

မေလ (၂၀)ရက်နေ့မှ လုပ်ခလစာတိုးမြှင့်ရန် စတင်ဆန္ဒထုတ်ဖော်တောင်းဆိုကြရာ မေလ(၂၅)ရက် တွင် လူဦးရေ (၄၀)ခန့် အစာငတ်ခံဆန္ဒထုတ်ဖော်တောင်းဆိုကြရာ မေလ (၂၆) ရက်နေ့တွင် ကိုစိုးလင်းသည် အစာအိမ်ရောဂါနှင့် လဲကျသွားကြောင်း သိရှိရသည်။

မေလ (၂၇)ရက်နေ့တွင် ကိုတင်မိုးဝင်းသည် အစားမစားရ၍ အားအင်ကုန်းခမ်းပြီးလဲကျသွားကြောင်း ကိုဇော်မင်းလတ်သည် အစာရောဂါရှိ၍ ဗိုက်အောင့်ကာ လဲကျသွားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့က အစာအိမ်ရောဂါရှိတဲ့သူတွေကို အစာငတ်ခံဆန္ဒပြတဲ့ထဲမှာမပါပါရဘူးပြောပါတယ်၊ အဲဒါကိုဇော်မင်းလတ်က မပြောပဲဝင်သွားတာပါ၊ ညကသွေးဝန်းတွေသွားလို့ ဒီနေ့မနက် ၈နာရီခွဲမှာ မှော်ဘီဆေးရုံ တင်လိုက်ရပါတယ်” ဟု အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဇော်ထက်က ပြောသည်။

ဆန္ဒထုတ်ဖော်တောင်းဆိုသူများသည်အလုပ်သမား(၃၀၀)ကျော်ရှိပြီး၊ အဆိုပါအလုပ်သမားများသည် နေ့ကြေးကျပ်(၁၆၀)နှင့် ဆုကြေး(၁၀၀၀)ကျပ် ၀န်းကျင်ခန့် ရရှိနေကြကြောင်း ဆန္ဒ ထုတ်ဖော် အလုပ်သမားထံက သိရှိရသည်။

မီးပျက်၍ ကုန်ကြမ်းမရှိသောလများတွင် နေ့ကြေး (၁၆၀)နှင့် ရက်မှန်ကြေး(၃၀၀၀)စုစုပေါင်း ခုနှစ်ထောင်ခန့်ရရှိကြောင်း သိရှိရသည်။

“ကျွန်တော်တို့တောင်းဆိုတာကတော့ အခြေခံအလုပ်သမားတယောက်ကို တစ်ရက် တစ်ထောင့် ခြောက်ရာရဖို့   တောင်းဆိုတာပါ”ဟု    အလုပ်သမားခေါင်းဆောင်ကိုဇော်ထက်ကပြောသည်။

အဆိုပါ ဆန္ဒပြတောင်းဆိုအလုပ်သမားများထဲတွင် တစ်လလျှင် ဆုကြေးနှင့်နေ့ကြေးပေါင်းကာ တစ်သိန်းကျော် ရရှိ သူများလည်း  ပါဝင်ကြောင်း သိရှိရသည်။

“ကျွန်တော်ဆို တစ်နေ့ကို ဆုကြေးနှစ်ထောင့်နှစ်ရာရပါတယ်၊ မရတဲ့လူတွေအတွက် အစာငတ်ခံ ဆန္ဒပြတောင်းဆိုတာပါ အခြေခံအားဖြင့်တယောက်ကို ဆုကြေးတစ်ထောင့်ခြောက်ရာ ရစေချင် ပါတယ်”ဟု အစာငတ်ခံဆန္ဒပြတောင်းဆိုသူများထဲမှ ဥက္ကဌ ကိုနိုင်လင်းထွန်းကပြောသည်။

 ဆန္ဒထုတ်ဖော်တောင်းဆိုသည့် ဒုတိယရက် မေလ (၂၁)ရက်နေ့တွင် အလုပ်သမားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းရှိန်လာရောက်ဖြေရှင်းပေးပြီး မေလ (၂၂)ရက်နေ့တွင် အလုပ်သမား ၀န်ကြီးမှ ညွှန်ကြားရေးမှူးချုပ် ဦးစောနိုင် က လာရောက်ညှိနှိုင်းပေးခဲ့သော်လဲ လုပ်ခလစာတိုးမြှင့်ရေး အတွက် ပြေလည်မှုမရရှိကြောင်း အစာငတ်ခံ ဆန္ဒထုတ်ဖော် အလုပ်သမား ဥက္ကဌ ကိုနိုင်လင်းထွန်းက ပြောသည်။

ရှုမ၀အောင်(မြစ်မခ)
by Myit Makha Mediagroup on 28 May, 2012

အမျိုးသမီးတစ်ဦး အက်ရှင်ကားဆန်ဆန် မီးရှို့ခံရ

ရန်ကုန်၊ မေ ၂၇

ရန်ကုန်မြို့၏ အထင်ကရ လူစည်းကားရာ နေရာတစ်ခုဖြစ်သည့် ကမာရွတ်မြို့နယ် လှည်းတန်း (၇) လမ်းတွင် အမျိုးသမီး တစ်ဦး အက်ရှင် ဇတ်ကားဆန်ဆန် ဓာတ်ဆီနှင့်ပက်၍ မီးရှို့ခံရကာယခုအခါ ရန်ကုန် ဆေးရုံကြီးသို့ ရောက်ရှိနေပြီး အရေးပေါ် ခွဲစိတ်ကုသခံရမည် ဖြစ်ကြောင်း ၎င်း၏ သူငယ်ချင်းများက The Voice Weekly သို့ ပြောကြားသည်။

"အစားစာထားလို့ နောက်ထပ် ၆ နာရီကြာမှ ခွဲစိတ်လို့ရမယ်။ ခု အသက်တော့ ရှုနေတယ်။ စကားတော့ မပြောနိုင်သေးဘူး" ဟု ကာယကံရှင် သူငယ်ချင်းဖြစ်သူ အမျိုးသား တစ်ဦးက ည ၈ နာရီ ၅၀ မိနစ်တွင် ဆိုသည်။

ဖြစ်စဉ်မှာ မ ... (အသက် ၂၇ နှစ်) ၏ နေအိမ် တည်ရှိရာ လှည်တန်း ၇ လမ်း အမှတ် ... သုံးလွှာသို့ အမျိုးသား တစ်ဦး ရောက်ရှိလာပြီး တံခါးသံပန်းကို ဓာတ်ဆီနှင့် ပက်နေစဉ် ယင်းအမျိုးသမီးက တံခါးဖွင့်လိုက်သည့် အတွက်
ခန္တကိုယ်တွင် ဓါတ်ဆီများ စိုရွှဲသွားစဉ် မီးရှို့ခံရခြင်း ဖြစ်ကြောင်း အရေးပေါ် ခွဲစိတ်ကုခန်းသို့ ရောက်ရှိနေသည့် ယင်းအမျိုးသမီး၏ ညီမဖြစ်သူက ဆိုသည်။

၎င်းသည်လည်း ခြေထောက်တွင် မီးလောင်ဒဏ်ရာ ရရှိခဲ့ပြီး အရေးပေါ်ဌာနအတွင်း ၎င်း၏ သူငယ်ချင်းများနှင့် စကားပြောနေသည်ကို တွေ့ရသည်။

"တံခါးပေါက်မှာ ပိတ်ပြီး မီးလောင်နေတော့ လန့်သွားတာပေါ့။ နောက်ပေါက်ကို ပြေးလို့လည်း မရဘူး။ တစ်ခြားတိုက်ကို ကူးရတယ်" ဟု ၎င်းက ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကို ဆေးရုံသို့ ရောက်ရှိလာသော သူငယ်ချင်းများကို ရှင်းပြသည်။

နောက်ဆက်တွဲ သတင်းများအရ မီးရှိုးခံရသည့် အမျိုးသမီးမှာ ည ၉ နာရီ ၂၀ မိနစ် ဝန်းကျင်တွင် စကား စတင် ပြောဆိုနိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။

အမှု ကျူးလွန်သည့် အမျိုးသားကို အခင်းဖြစ်ပွားစဉ်၌ပင် ရပ်ကွက်အတွင်း နေထိုင်သူတို့က ဝိုင်းဝန်းထိုးကြိတ် ဖမ်းဆီးပြီး ကမာရွတ်ရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်း မျက်မြင်သက်သေများက ပြောဆိုသည်။

မီးရှို့ခံရသည့် ၂၇ နှစ်အရွယ် အမျိုးသမီးသည် ဆရာဝန် တစ်ဦးဖြစ်ပြီး ပဲခူးဇာတိ ဖြစ်ကြောင်း ၎င်း၏ သူငယ်ချင်းများက ပြောဆိုသည်။
The Voice Weekly

ကမာရွတ် လှည်းတန်း တွင် မိန်းကလေး ၂ ဦးကို ဓါတ်ဆီလောင်း မီးရှို့မှုဖြစ်ပွား

မေလ ၂၇ ရက်၊ ၂၀၁၂ ခုနှစ်၊ သူရမျိုး (YPI)

ယနေ့ညနေ ၆ နာရီကျော်က ကမာရွတ်မြို့နယ် လှည်းတန်း ၇ လမ်း ၅ လွှာတွင် ငှားရမ်းနေထိုင်သည့် ညီအမနှစ်ဦးအား လွင်ဦးဆိုသူ လူငယ်တဦးက ဓါတ်ဆီလောင်းမီးရှို့မှု ဖြစ်ပွားသဖြင့် ဒဏ်ရာရရှိသူ မိန်းကလေး ၂ ဦးကို ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့လိုက်ရသည်ဟု သိရှိရသည်။

ဒဏ်ရာရရှိသွားသူ ၂ ဦးမှာ နယ်မှ ရန်ကုန်တွင် အခန်းငှားလာရောက်နေထိုင်လျှက်ရှိသူ မအိမြတ်မွန် (၂၇ နှစ်) နှင့် ၎င်း၏ ညီမဖြစ်သူ မအေးမွန်တို့ဖြစ်ပြီး မအိမြတ်မွန်မှာ မီးလောင်ဒဏ်ရာများပြားသည်ဟု လည်းသိရသည်။
ယခုလိုဖြစ်ပွားရခြင်း အကြောင်းရင်းကို စုံစမ်းဆဲဖြစ်ပြီး ထပ်မံသိရှိရလျှင်ရခြင်း တင်ပြပေးသွားပါမည်။

ယနေ့ညနေ ၆ နာရီဝန်းကျင်က လှည်းတန်း ၇ လမ်းရှိ တိုက်ခန်းတခန်းတွင် မိန်းကလေး ၂ ဦးကို ဒဏ်ရာ ရရှိစေခဲ့သည့် ဓါတ်ဆီလောင်း မီးရှို့သူအား ဖမ်းဆီးရမိထားပြီဟု ယင်းလမ်းတွင်နေထိုင်သူများကပြောသည်။

အခင်းဖြစ်ပွားစဉ် ဆရာဝန်တဦးဖြစ်သူ မအိမြတ်မွန်အား ရည်းစားဖြစ်သူက ဓါတ်ဆီလောင်းကာ မီးရှို့ခဲ့ရာမှ မအိမြတ်မွန်မှာ တကိုယ်လုံး ဒဏ်ရာရရှိသွားပြီး ညီမဖြစ်သူမှာ ခြေထောက်တွင် မီးလောင်ဒဏ်ရာရရှိခဲ့သည်ဟု အိမ်နီးချင်းများက ပြောသည်။
မအိမြတ်မွန်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသလျှက်ရှိပြီး မီးလောင်ဒဏ်ရာရထားသော်လည်း သတိမေ့ခြင်းမရှိဟုလည်း မျက်မြင်တွေ့ရှိသူတဦးက ပြောသည်။
ယခုအဖြစ်အပျက်နှင့် ပတ်သက်၍ ရန်ကုန်တိုင်း မီးသတ်ဋ္ဌာနသို့ ဆက်သွယ်မေးမြန်းရာတွင် သတင်းထုတ်ပြန်ချက်ကို မနက်ဖြန် နံနက်တွင်မှ လာရောက်ရယူနိုင်ကြောင်း ဖြေကြားခဲ့သည်။ ။
Yangon Press International

အသင်းပိုင်မြေကွက်ပေါ်ကန်ထရိုက်တိုက်ဆောက်လုပ်နေခြင်း အပေါ် အသင်းသားများ ဆန္ဒဖေါ်ထုတ်

မေလ ၂၇ ရက်၊ ၂၀၁၂ ခုနှစ်၊ သူရမျိုး (YPI)

အသင်းပိုင်မြေကွက်ပေါ်တွင် အသင်းသားများကိုအသိမပေးဘဲ ကန်ထရိုက်တိုက်ဆောက်လုပ် ခြင်းအပေါ် ကျေနပ်မှုမရှိသဖြင့် ယနေ့ နေ့လည်၁၂ နာရီ က စမ်းချောင်းမြို့နယ် ကျွန်းတောလမ်း အမှတ် (၇၀/၇၂) ရှိကန်ထရိုက်တိုက်ရှေ့တွင်  သမအသင်းသားများ ဆန္ဒဖေါ်ထုတ်ခဲ့သည်။

"ဒီအဆောက်အဦးကိုဘယ်သူ့အမိန့်နဲ့ဆောက်လုပ်သွားတာလဲသိချင်တယ် "ဟု သမအသင်းသားတစ်ဦး ဖြစ်သူကိုတင်ထက်ကို က ပြောသည်။

အဆိုပါကန်ထရိုက်တိုက်အား ပန်းချယ်ရီဆောက်လုပ်ရေးမှ တာဝန်ယူတည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး  ယခုလူနေထိုင်ခွင့်ရရှိရန် အတွက် အသင်းသားများအားလက်မှတ်ထိုးပေးရန် မြို့နယ်သမ၀ါယမ ဦးစီးမှုးက ခေါ်ယူရာမှ ပြေလည်မှု မရရှိဘဲ ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ကြခြင်း ဖြစ်သည်။

စမ်းချောင်းမြို့နယ် သမ၀ါယမ ဦးစီးအရာရှိ ဦးအေးဝင်းက " အထက်ကလုပ်တာ၊ တိုင်လို့ ၀န်ကြီးတို့ တိုင်းမှုးတို့လာမှ ရှင်းကြ၊ ကျွန်တော်တို့အဆင့်နဲ့က ရှင်းလို့မရဘူး "ဟုပြောသည်။

စမ်းချောင်းမြို့နယ် ကျွန်းတော သမ၀ါယမ အသင်းအား ၁၉၄၇ ခုနှစ်တွင် အစုရှယ်ယာတစ်စုလျှင် တစ်ကျပ်နှုန်းဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး အသင်းသားများ ၏ အစုရှယ်ယာငွေဖြင့် အဆိုပါမြေကွက်အား ၀ယ်ယူခဲ့ခြင်းဖြစ်သည်။
 
ကန်ထရိုက်တိုက်ဆောက်လုပ်ခြင်းကို မကျေနပ်၍ ဆန္ဒဖေါ်ထုတ်သူ စမ်းချောင်းမြို့နယ် ကျွန်းတော သမအသင်းသားများ
 Yangon Press International

အိမ်မဲတွင် အစာအဆိပ်သင့်မှုကြောင့် ၀မ်းပျက်ဝမ်းလျှောဖြစ်

ကမ်းပြိုကျေးရွာမှလူနာတဦး - ဓါတ်ပုံ - "ကရုဏာရှင်" လူငယ်များအသင်း (မြောင်းမြမြို့)
မေ ၂၇၊ ၂၀၁၂ - မျိုးမင်းထွန်း (YPI)

အိမ်မဲမြို့နယ်အတွင်းရှိ ဖိုးကယ်ချောင်းကျေးရွာတွင် ယခုလ ၁၃ ရက်က အစာအဆိပ်သင့်သောကြောင့် ၀မ်းလျှောဝမ်းပျက်ကာ ၂၄ ဦးဆေးရုံတင်ထားရပြီး တစ်ဦးသေဆုံးခဲ့သည်။

မင်္ဂလာဆောင်တစ်ခုမှကျွေးသော အစားအသောက်များကြောင့်ဟု ရွာသားအချို့က သံသယရှိကြပြီး အချို့ကမူ မဟုတ်မှန်နိုင်ကြောင်း အငြင်းပွားကြသည်။

ထိုမင်္ဂလာဆောင်သို့ လာရောက်ခဲ့သူများထဲမှ ၃၁ ဦးမှာ အစာအဆိပ်သင့်ကာ မူးဝေအော့အန်သောကြောင့်အရေးပေါ်ကုသခဲ့ရပြီး အသက် ၆၇ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးမှာ မြောင်းမြဆေးရုံကြီးမှ ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းကုသစဉ် ယခုလ ၂၀ ရက်က သေဆုံးခဲ့သည်ဟု ရွာသားများကပြောသည်။

`၀က်သားဟင်းရယ် ဂေါ်ဖီ၊သင်္ဘောအူ၊ပဲပင်ပေါက်ဟင်းရယ်ကျွေးတယ်။ နောက်ပြီး ရောဂါတွေဖြစ်ကြပေမယ့် မင်္ဂလာပွဲလာတဲ့သူတိုင်းဖြစ်ကြတာ မဟုတ်ဘူး ’ ဟု ကျေးရွာအုပ်ချုပ်ရေးမှုးဦးမြင့်နိုင်က ပြောပြသည်။

၎င်းကပင်ဆက်လက်၍ ယခုရက်ပိုင်းအတွင်းရွာ၌သာရေးနာရေးကျွေးမွေးမှုများစွာရှိနေပြီး အစားစုံစားနေမှုနှင့်ပူပြင်းသော ရာသီဥတုကြောင့် ဖြစ်သည်ဟု မှတ်ချက်ပေးခဲ့သည်။

အဆိုပါဝမ်းပျက်ဝမ်းလျှောရောဂါ အနီးအနားကျေးရွာများသို့ပါ ကူးစက်လာမည်ကို စိုးရိမ်ကြောင်း ဒေသခံများကပြောသည်။ ။
Yangon Press International

လူထောင်ချီပါဝင်သည့် ပုသိမ်မြို့ ဖယောင်းတိုင် လှုပ်ရှားမှု ငြိမ်းချမ်းစွာပြီးစီး

မေလ ၂၇ ရက်၊ ၂၀၁၂ ခုနှစ်-YPI

လျှပ်စစ်မီးမှန်ရေးအတွက် ဖယောင်းတိုင်ထွန်းညှိကာ ဆန္ဒထုတ်ဖေါ်ကြသည့် ပုသိမ်လူထု၏ တတိယမြောက်နေ့ လှုပ်ရှားမှုမှာ ၈နာရီ ၁၅ မိနစ်ဝန်းကျင်က ငြိမ်းချမ်းစွာပြီးစီးသွားသည်ဟု သိရသည်။

မြို့ထဲမှ လာရောက်သည့် လူအုပ်ကြီးနှင့် အပင်နှစ်ဆယ်ဘက်မှ လာရောက်သည့် လူအုပ်တို့ ပေါင်းဆုံပြီး ရွှေစည်းခုံဘုရားတွင် ဖယောင်းတိုင် ထွန်းညှိပူဇော်ပြီးနောက် ဆန္ဒထုတ်ဖေါ်ပွဲကို အဆုံးသတ်လိုက်ကြသည်။

ပုသိမ်မြို့တွင် ယနေ့ ပြုလုပ်သည့် လှုပ်ရှားမှုစတင်စဉ်က လူ ၅၀၀ ၀န်းကျင်ဖြင့်စတင်လိုက်သော်လည်း နောက်ပိုင်းတွင် လူထောင်နှင့်ချီပါဝင်လာကာ ၃ ရက်အတွင်းလူအများဆြုံး ဆန္ဒထုတ်ဖေါ်ပွဲဖြစ်သည်ဟု ပုသိမ်မြို့ခံများက ပြောသည်။
 Yangon Press International

ပုသိမ်မြို့ တတိယမြောက်နေ့ ဖယောင်းတိုင်လှုပ်ရှားမှု ပိုမိုအရှိန်မြင့်လာ

ည ၇နာရီ ၅၀ မိနစ်၊ မေလ ၂၇ ရက်၊ ၂၀၁၂ ခုနှစ်-YPI

နိုင်ငံတ၀ှမ်း လျှပ်စစ်မီးမှန်ရေး ဖယောင်းတိုင်လှုပ်ရှားမှုများအနက် မြို့ တမြို့ဖြစ်သည့် ပုသိမ်မြို့၏ တတိယမြောက်နေ့ လှုပ်ရှားမှုတွင် မြို့ခံများသာမကတော့ပဲ အပင်နှစ်ဆယ်ကျေးရွာ၊ ရန်ကင်းတောင်တို့မှ လာရောက်ပူးပေါင်းသည့် အခြား ၂ ဖွဲ့နှင့် ပေါင်းဆုံရန် သွားနေကြကြောင်း ပုသိမ်မြို့မှ သတင်းထောက်က သတင်းပေးပို့သည်။

ပုသိမ်မြို့၏ တတိယမြောက်နေ့ လှုပ်ရှားမှုတွင် လူပရိတ်သတ် ထောင်နှင့်ချီပါဝင် လိုက်ပါလျှက်ရှိပြီး ယခင်နေ့များက ကိုင်ဆောင်ခြင်းမပြုသည့် ပိုစတာများကို ကိုင်ဆောင်လာကြသည်ဟု သတင်းပေးပို့ချက်အရ သိရသည်။

စတင်ထွက်ခွာရာ တိုင်းလျှပ်စစ်ရုံး တ၀ိုက်တွင်မူ လုံခြုံရေးရဲများ ယခင်ကထက်ပိုများစွာ ချထားသည်ကိုတွေ့ရသော်လည်း တစုံတရာ တားမြစ်ခြင်း မရှိသေးကြောင်း သိရှိရသည်။

လွန်ခဲ့သည့် မိနစ်ပိုင်းက မြို့ထဲမှ ဖယောင်းတိုင်ကိုင်ဆောင်သူများသည် ကုန်သည်လမ်း ၊ မြေနုလမ်း မှတဆင့် ကမ်းနားလမ်းဘက်ဆင်းသွားကာ အခြား ၂ ဖွဲ့နှင့်ဆုံဖို့ သွားနေကြောင်း သိရှိရသည်။
Yangon Press International

ခြိမ်းခြောက်ခံရခြင်းများကြောင့် မူဆယ် လားရှိုးအဝေးပြေးလမ်းတွင် ကားများမရှိသလောက်နည်းပါး

ကေအိုင်အေဟုဆိုကာ ကားဂိတ်များအား ခြိမ်းခြောက်ပြောဆိုထားမှုကြောင့် မူဆယ်-လားရှိုးလမ်းမကြီးတွင် အဝေးပြေးကုန်တင်ယာဉ်နှင့်ခရီးသည်တင်ယာဉ်များ သွားလာမှု မရှိသလောက်နည်းပါးနေပြီဖြစ်ကြောင်း မူဆယ်အခြေစိုက် အဝေးပြေးကားလိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်မီဒီယာဂရု(ပ်)သို့ ယနေ့ ဖုန်းဖြင့် ဆက်သွယ်ပြောဆိုသည်။

“မေ ၂၁နဲ့ ၂၂လောက်မှာ မူဆယ်မှာရှိတဲ့ဂိတ်တွေအားလုံးကို ဖုန်းတွေဝင်လာပါတယ်။ဖုန်းဆက်သူက သူတို့ကိုယ်သူတို့ ကေအိုင်အေတပ်မဟာ ၄ က လို့ပြောပါတယ်။ ခင်ဗျားတို့ကားတွေလမ်းပေါ်ကိုမထွက်ပါနဲ့။ ထွက်တာနဲ့ပစ်ခတ် ရပါလိမ့် မယ်ဆိုပြီး  ခြိမ်းခြောက်ပါတယ်။    အဲသလိုပြောပြီးရက်မကြာခင်မှာပဲ မူဆယ်-လားရှိုး လမ်းပေါ်မှာ လောရီနှစ်စီအပစ်ခံရတယ်။ရှစ်ဘီးကားကြီးတစ်စီး မီးရှို့ဖျက်ဆီးခံရပါတယ်`“ ဟု အဆိုပါ တာဝန် ရှိသူက ပြောသည်။“အခုလဲ သတင်းတွေပံျ့လွင့်နေပါတယ်။

မေ ၂၈ရက်ကစပြီး လမ်းပေါ်မှာကားတွေမမြင်ချင်ဘူး။ကား လမ်းပိတ်ပစ်မယ်စသဖြင့်ကြားနေရပါတယ်။အဲဒါကြောင့် ကျွန်တော်တို့ကားတွေအားလုံး မနေ့ညကပဲ ရန်ကုန် ကိုအကုန် ပြန် လွှတ်ထားလို က်ရပါတယ်။  အားလုံးစိုးရိမ်နေကြတယ်။လုပ်ငန်းကိုင်ငန်းတွေပျက်ရတာပေါ့ဗျာ“  ကေအိုင်အေတပ်မဟာ ၄သည် ယခင်ကတည်းက ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တစ်ဝိုက် အခြေ စိုက်ကြောင်း သိရှိရ သည်။

အဆိုပါသတင်းစကားများကြောင့် အဝေးပြေးလမ်းမကြီးပေါ် ကားအသွားအလာအလွန်နည်းသွားပြီး မန္တလေးမှ တက်လာမည့်ကားများလည်း ရှိတော့မည်မထင်ကြောင်း မူဆယ်ဒေသခံတစ်ဦးက ဆက်လက်ပြော ဆိုသည်။ မကြာသေးသောရက်ပိုင်း အတွင်းက လျှပ်စစ်တာဝါတိုင်များနှင့် မီးတိုင်များဖေါက်ခွဲဖျက်ဆီးခံရမှုတွင် ကေအိုင်အေလက်ချက်ဖြစ်ကြောင်း အစိုးရသတင်းစာများကရေးသားဖော်ပြခဲ့ကြသည်။ကေအိုင်အေကလည်း သူတို့မဟုတ်ကြောင်း ငြင်းဆို ထား သည်။
ရန်ကုန်တိုင်းမ်

အစာငတ်ခံဆန္ဒပြသူအလုပ်သမား တစ်ဦး ဆေးရုံပို့ရ

ရန်ကုန် သရဖူ သံမဏိစက်ရုံမှာ အခြေခံလစာတိုးမြှင့်ရေး အစာငတ်ခံ ဆန္ဒပြနေသူတွေထဲက တစ် ဦးကို မှော်ဘီပြည်သူ့ဆေးရုံကို မနေ့က ပို့ဆောင်လိုက်ရပါတယ်။
Photo courtesy of YPI
ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန်က Yangon Crown ရန်ကုန်သရဖူ သံမဏိစက်ရုံ အလုပ်သမားများ အခြေခံလစာ တိုးမြင့်ပေးဖို့ အပါအ၀င် အလုပ်သမားအခွင့်အရေး ရရိရေးအတွက် ၂၀၁၂ ခုနှစ် မေလ ၂၇ နေ့က အစာငတ်ခံ ဆန္ဒပြနေကြစဉ်။
ပြီးခဲ့တဲ့ သောကြာနေ့က အလုပ်သမား ခေါင်းဆောင် ၂၅ ဦး စတင် အစာငတ်ခံ ဆန္ဒပြခဲ့ရမှာ နောက်ထပ် ၁၅ ဦး ပူးပေါင်းပါဝင်ပြီး အလုပ်သမား ၄၀ ဆက်လက် အစာငတ်ခံ ဆန္ဒပြနေတာ ဖြစ်ပါတယ်။

ဆန္ဒြုပသူတွေထဲက ၄ ဦး ကျန်းမာရေး အခြေအနေ ဆိုးရွားနေပြီး သူတို့ထဲက တစ်ဦးကို မနေ့က ဆေးရုံပို့လိုက်ရတယ်လို့  အစာငတ်ခံဆန္ဒပြနေသူ တစ်ဦးက RFA ကို ပြောပါတယ်။

"လက်ရှိကတော့ ကျနော်တို့ ဒီနေ့နဲ့ဆို ၃ ရက်ရှိပြီ။ ဒုတိယမြောက်နေ့မှာ တစ်ယောက်ကတော့ ဆေးကုသမှုခံယူထားရပါတယ်။ ၃ ရက်လောက် ထမင်းမစားတော့ နုံးချည့်နေတဲ့အနေအထား ရှိပါတယ်။ ရေပဲသောက်ပါတယ်။ ဒါပေမဲ့ မရမချင်း ဆန္ဒပြမယ်ဆိုတဲ့ စိတ်ရှိတဲ့အတွက် ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ဆေးကုသမှုတောင် မခံယူဘဲ  ဆန္ဒပြဖို့ပါ။"

ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန်က Yangon Crown ရန်ကုန်သရဖူ သံမဏိစက်ရုံအလုပ်သမား ၃ ရာခန့်ဟာ အခြေခံလစာ တိုးမြင့်ပေးဖို့၊ အချိန်ပို လုပ်အားခ သတ်မှတ်ပေးဖို့၊  ခွင့်ရက်နဲ့ ပိတ်ရက်တွေ ညှိနှိုင်းပေးဖို့၊ စတာတွေ အပါအဝင် အချက် ၁၃ ချက်ကို  ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က စတင် ဆန္ဒပြတောင်းဆိုနေကြတာဖြစ်ပါတယ်။

အလုပ်သမားတွေရဲ့ အဓိက တောင်းဆိုချက်ဖြစ်တဲ့ အခြေခံလစာ တိုးမြှင့်ပေးရေးကို အလုပ်ရှင်က မလိုက်လျောတဲ့အပြင် ဆန္ဒပြ အလုပ်သမားတွေကို အလုပ်မှ ထုတ်ပယ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။
RFA-Burmese

ဇေကမ္ဘာကုမ္ပဏီ မင်္ဂလာဒုံမှာ သီးစားလုပ်ကိုင်ခွင့်ကျ

ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့ နယ် ရွှေနံ့ သာကျေးရွာမှာ ကွင်းအမှတ် ၅၃၁ နဲ့  ၅၃၃ မှာရှိတဲ့ လယ်မြေ ၈၃၅ ဧက ကို သီးစားလုပ်ကိုင်ခွင့် အတွက် ဒေသခံ လယ်သမားတွေနဲ့  ဇေကမ္ဘာကုမ္ပဏီတို့  အပြိုင်လျှောက်ထားရာမှာ ဇေကမ္ဘာ ကုမ္ပဏီကိုသာ သီးစားလုပ်ကိုင်ခွင့် ပြုကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှုးရုံးက ဒီကနေ့  နေ့စွဲနဲ့  စာထုတ်ပြန်လိုက်ပါတယ်။
RFA
ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာမှာ ဇေကမ္ဘာ ကုမ္ပဏီက အဓမ္မ သိမ်းထားသော လယ်သမားများ၏ လယ်ယာမြေပေါ်တွင် ၂၀၁၂ ခုနှစ် မေလ ၁၀ ရက်နေ့က ၀င်ရောက် ထွန်ယက်နေကြသော လယ်သမားများကို တွေ့ရစဉ်။
ရွှေနံသာကျေးရွာ လယ်သမား ဦးကျော်စိန် အပါအ၀င် ၈၆ ဦး က အစဉ်အဆက်က မိမိတို
့စိုက်ပျိုးလုပ်ကိုင်ခဲ့တဲ့ လယ်မြေ ၈၃၅ ဧကကို သီးစားလုပ်ကိုင်ခွင့် အတွက်
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေ ပိုင်တဲ့  ဇေကမ္ဘာကုမ္ပဏီထက် အရင်စောပြီး
လျှောက်ထားခဲ့တဲ့အကြောင်း လယ်သမား ဦးကျော်စိန်က ပြောပြပါတယ်။

"လေးလပိုင်း လေးရက်နေ့မှာ ဦးတို့ သီးစားတင်တယ်။ ဇေကမ္ဘာက လေးလပိုင်း ၂၅ ရက်နေ့ သူတို့တင်တယ်။ ဦးတို့က ရက် ၂၀ ကျော် စောပြီးတင်တယ်။ အခုကျလာတော့ ဇေကမ္ဘာက ကျတာဆိုတော့ ဦးတို့ လယ်သမားပိုင်းက နစ်နာတာပေါ့နော်။ အနှစ် ၂၀ ကျော် လုပ်လာတဲ့ ဦးတို့ လယ်သမားတွေကို နိုင်ငံတော်က ဘာလို့ သီးစားချမပေးတာလဲဆိုတာ ဦးတို့ စိတ်ဒုက္ခ ဖြစ်တာပေါ့နော်။ သူဌေးက ဒီလယ်တွေ မရရင် ဘာမှ မဖြစ်ဘူး။ ရောင်းစားတာပဲ။ ဦးတို့ တကယ့်တကယ် လယ်လုပ်နေတဲ့ လယ်သမားတွေရဲ့ မိသားစု စားဝတ်နေရေး ဒီလောက်အခက်အခဲ ဖြစ်နေတာ ဒီလို အဖြစ်မခံနိုင်ပါဘူး။"

ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်ကတည်းက ရာအိမ်မှူးတွေ လယ်သမားတွေကို လယ်မြေကိစ္စနဲ့
့ပတ်သက်ပြီး အကြိမ်ကြိမ် ခေါ်ယူပြီး စာရွက်လွတ်များမှာ
လက်မှတ် ရေးထိုးခိုင်းသလို   ဒီလယ်မြေတွေအတွက် လျော်ကြေးငွေယူဖို့ 
ခြိမ်းချောက်စည်းရုံးတာတွေ လုပ်ခဲ့တယ်လို့  လယ်သမားတွေက ပြောပါတယ်။
အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး အခုလို မတရားမှုတွေ လုပ်ဆောင်နေတဲ့ ဇေကမ္ဘာကုမ္ပဏီ
ကို တရားဥပဒေအရ ရင်ဆိုင်မယ်လို့  လယ်သမားအရေးကို လိုက်ပါဆောင်ရွက်ပေးတဲ့ 
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ  ဦးနေမျိုးဝေက ပြောပါတယ်။

"ဇေကမ္ဘာကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဦးခင်ရွှေက ကိုယ်က လယ်စိုက်တာ မဟုတ်ဘူး။ ကိုယ်က စက်မှုဇုန်လုပ်တာ။ ကိုယ့်ကို တားတာက လယ်မလုပ်ဖို့ တားတာလို့ Voice ဂျာနယ်မှာ ပြီါ်ခဲ့တဲ့ အပတ်ထဲမှာ ပြောတယ်။ အခုက သီးစားချတယ်ဆိုတာ လယ်လုပ်ဖို့ ချတာ။ နိုင်ငံတော်ရဲ့ အခွင့်အာဏာကို အလွဲသုံးစားပြုပြီးတော့ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ဦးခင်ရွှေကို မနက်ဖြန်ကျရင် ကျနော်တို့ တရားစွဲမှာပါ။"
ဇေကမ္ဘာကုမ္ပဏီဟာ စက်မှုဇုံလုပ်ပိုင်ခွင့် လန ၃၉ မကျသေးဘဲ အဲဒီလယ်မြေတွေမှာ
ကန်သင်းရိုးတွေကိုဖျက်၊ မီးတိုင်တွေစိုက်၊ လမ်းတွေဖေါက်၊ မြောင်းတွေဖေါ်တဲ့
့လုပ်ငန်းတွေကို စတင် လုပ်ကိုင်နေပေမဲ့  သက်ဆိုင်ရာက တားမြစ်ဖို့ 
ပျက်ကွက်တယ်လို့  ဦးနေမျိုးဝေက ပြောပါတယ်။
RFA-Burmese

အိန္ဒိယဝန်ကြီးချုပ် သမ္မတဦးသိန်းစိန်နဲ့တွေ့မည်

မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အိန္ဒိယ၀န်ကြီးချုပ် မန်းမိုဟန်ဆင်းဟာ သူ့ရဲ့ သုံး ရက်တာခရီးစဉ်အတွင်း မြန်မာ အစိုးရ ခေါင်းဆောင်ပိုင်းတွေနဲ့ရော မြန်မာ့ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံဖို့ရှိနေပါတယ်။ ၂၅ နှစ်တာ ကာလ အတွင်း အိန္ဒိယနိုင်ငံက ၀န်ကြီးချုပ်အဆင့်နဲ့ မြန်မာနိုင်ငံလာတဲ့ ပထမဆုံးခရီးစဉ်ဖြစ်ပြီး ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံ လုံခြုံရေး၊ စီးပွားရေး၊ ကုန်သွယ်ရင်းနှီးမြုပ်နှံမှုကိစ္စတွေကို အထူးအလေးပေး ဆွေးနွေးမယ် လို့ မျှော်လင့်ရပါတယ်။
မနေ့ ညနေပိုင်း နေပြည်တော်လေဆိပ်ကို အိန္ဒိယ၀န်ကြီးချုပ်ရောက်ရှိလာတာကို မြန်မာနိုင်ငံခြားရေး ၀န်ကြီးက ကြိုဆိုပါတယ်။ မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံဟာ ဘာသာရေးနဲ့ ယဉ်ကျေးမှုအရ ဆက်စပ်နေ တဲ့ နိုင်ငံဖြစ်တယ်လို့ အိန္ဒိယ၀န်ကြီးချုပ် မန်းမိုဟန်ဆင်းက လေဆိပ်မှာပဲ သတင်းထောက်တွေ ကို ပြောပါတယ်။
“အိန္ဒိယနဲ့ မြန်မာပြည်သူတွေဟာ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ ယဉ်ကျေးတဲ့လူမှုအဖွဲ့အစည်းတွေအရ ရာစုနှစ်နဲ့ချီပြီး ဆက်နွယ်ပတ်သက် နေပါတယ်။ အခု ခရီးစဉ်အတွင်းမှာ သမ္မတဦးသိန်းစိန် ဦးဆောင် တဲ့ မြန်မာခေါင်းဆောင်ပိုင်းတွေနဲ့ တွေ့ဆုံပြီး ကိစ္စရပ်အတော်များများကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေး သွားနိုင်ဖို့ ရည်မှန်းထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။”
အိန္ဒိယ၀န်ကြီးချုပ် ရာဂျစ်ဂန္ဒီ မြန်မာနိုင်ငံကို လာရောက်ခဲ့တာ ၁၉၈၇ ခုနှစ်မှာဖြစ်ပြီး အဲဒါ ဒီမတိုင်ခင်နောက်ဆုံး အိန္ဒိယ၀န်ကြီးချုပ်တဦးရဲ့ မြန်မာခရီးစဉ်ဖြစ်ပါတယ်။ မြန်မာ့အိမ်နီးချင်းနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယနိုင်ငံအဖို့ အရှေ့မျှော်မူဝါဒအရ အရှေ့အာရှနဲ့ အရှေ့တောင်အာရှကို ဆက်စပ်ပေးတဲ့ နိုင်ငံ အဖြစ် မြန်မာနိုင်ငံဟာ အရေးပါတဲ့နိုင်ငံဖြစ်နေတယ်လို့ အိန္ဒိယ-မြန်မာဆက်ဆံရေးလေ့လာသူတွေက ယူဆထားတာပါ။
အထူးသဖြင့်တော့ အိန္ဒိယနိုင်ငံဟာ ရေနံနဲ့သဘာဝဓာတ်ငွေ့နဲ့ပတ်သက်လို့လည်း အရင် မြန်မာစစ်အစိုးရ လက်ထက်ကတည်းက ဆက်စပ် မှုတွေ ရှိခဲ့ပါတယ်။ တဘက်မှာလည်း ဒေသတွင်း ဒီမိုကရေစီနိုင်ငံကြီး တနိုင်ငံအနေနဲ့ မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံ အားပေးမှုတွေ လုပ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ စစ်အစိုးရ ကို ဝေဖန်ပြောဆိုရာမှာ အတော်လေး သတိတကြီးထားခဲ့ပါတယ်။ ဒီအတွက် ဒီမိုကရေစီ စနစ်ရင့်ကျက်မှု ရှိတဲ့ အိန္ဒိယရဲ့ မြန်မာအပေါ် ရပ်တည်မှုကို နိုင်ငံတကာမှာ အတော်လေး ဝေဖန်ပြစ်တင်မှုတွေရှိခဲ့ပါတယ်။
အိန္ဒိယ၀န်ကြီးချုပ်ဟာ ဒီကနေ့ မနက်ပိုင်းမှာတော့ နေပြည်တော်မှာ သမတဦးသိန်းစိန်ဦးဆောင်တဲ့ မြန်မာ အစိုးရ၀န်ကြီးတွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ ဒါ့အပြင် မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ နေပြည်တော်မှာပဲ ဒီနေ့လည်ပိုင်း တွေ့ဆုံဖို့ ရှိနေပါတယ်။ မနက်ဖြန် အင်္ဂါနေ့မှာတော့ ရန်ကုန်မြို့ကို သွားရောက်ပြီး မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရှိပါတယ်။
 By ဗွီအိုအေ(မြန်မာဌာန)

ကချင်သတင်းထောက် လဖိုင်နော်မိန်း ပြည်သူ့ဂုဏ်ရည်ဆုရ

အမေရိကန်ပြည်ထာင်စုအခြေစိုက် ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ တတိယမြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ကချင်အမျိုးသား လဖိုင်နော်မိန်းကို ချီးမြှင့်လိုက်ပါတယ်။ ၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင် လဖိုင်နော်မိန်းဟာ Kachinland News သတင်းဌာနကို ထူထောင်ခဲ့သူဖြစ်သလို ဆွန်ပရာဘွမ်မီဒီယာ လုပ်ငန်းကို အဓိက ဦးဆောင်လုပ်ကိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလထဲမှာပဲ ကချင် ပြည်နယ်အတွင်းက စစ်ပွဲတခုကို သတင်းယူနေစဉ် သေနက်ကျည်ဆံထိမှန်ပြီး လည်ပင်းအောက်ပိုင်း ခန္ဓာတခုလုံး မလှုပ်ရှားနိုင် ဖြစ်သွား ခဲ့ရပါတယ်။
ခရစ်ယာန်ဘာသာ ဓမ္မဆရာတဦးလုပ်ခဲ့ဖူးသူ လဖိုင်နော်မိန်းဟာ ကချင်ဒေသတွင်း ဖွံဖြိုးရေး လူငယ်တွေ ကို ပြုစုပျိုးထောင်ရေး စတဲ့ လူ့အဖွဲ့အစည်း အကျိုးပြုတွေကို စံပြနေထိုင် ဆောင်ရွက်လုပ်ကိုင်ခဲ့သူဖြစ်တယ် လို့ ပြည်သူ့ဂုဏ်ရည်အသင်း အင်တာနက် ၀က်ဆိုဒ်မှာ ရေးသားပါတယ်။ ဒီဆုအတွက် နောက်ဆုံး ဇကာတင် ငါးဦးထဲကနေ လဖိုင်နော်မိန်းကို မြန်မာတိုင်းရင်းသားလူမျိုးတွေ အင်တာနက်ကတဆင့် ရွေးချယ် ဆုပေး ခဲ့တာဖြစ်တယ်လို့ ပြည်သူ့ဂုဏ်ရည်အသင်း အမှုဆောင်တဦးဖြစ်တဲ့ ကိုနေလင်းက ဗွီအိုအေကို ရှင်းပြပါတယ်။
“တကယ်တန်းက ကျနော်တို့ရွေးချယ်တာမဟုတ်ပါဘူး။ ပြည်သူ့ဂုဏ်ရည်ဆုဆိုတာ တကမ္ဘာလုံးမှာ ရှိတဲ့ မြန်မာတိုင်းရင်းသားအားလုံးက အင်တာနက်ကတဆင့် ရွေးချယ်ပေးတဲ့ဆုပါ။ ဒီနှစ်ရတဲ့ဆုရှင်ကတော့ ကိုလဖိုင်နော်မိန်းဖြစ်ပါတယ်။ ကချင်လူမျိုးတယောက်ပါ။ သူ့က မဲပေါင်း ၅၀ % ကျော်ကျော်နဲ့ ဒီဆုကို ရသွားတာပါ။ အမှန်အတိုင်းပြောရရင် ကျနော်တို့က ကြားကနေဝန်ဆောင်မှုပေးတဲ့ အဖွဲ့အစည်းပါ။ ပြည်သူ့ ဂုဏ်ရည် ဆုရှင်တွေကို တောင်းတဲ့အချိန်မှာ ကျနော်တို့မှာရှိတဲ့ မြန်မာတိုင်းရင်းသားတွေထဲကနေပြီးတော့- ဒီလူကတော့ဖြင့် ပြည်သူ့ဂုဏ်ရည်ဆုရှင် ဖြစ်သင့်ပါတယ်ဆိုပြီးတော့ Nominate (အဆိုပြု) ပါတယ်။ Nominate လုပ်ထားတာ အားလုံးက အဖွဲ့အစည်းရော၊ လူပုဂ္ဂိုလ်ရောအားလုံး ၃၄ ယောက်ရတယ်။ အဲဒီထဲကမှ အယောက် ၂၀ ကို ကျနော်တို့က ဆုရွေးချယ်ရေးကော်မတီကနေ ရွေးတယ်။ အဲဒီကမှ တဆင့် နောက်ဆုံး စကာတင် ငါးယောက်ကိုရွေးခဲ့တာပါ။
“ကျနော်တို့ပြည်သူ့ဂုဏ်ရည်မှာ စံနှုန်းကသုံးခုရှိပါတယ်။ စွန့်လွှတ်အနစ်နာခံမှုရယ်၊ အလုပ်ကို ပြီးမြောက်အောင်မြင်အောင် လုပ်နိုင်မှုရယ်၊ နောက်ဆုံးတခုက နိုင်ငံသားနဲ့လူသားအပေါ်မှာ အကျိုးပြုနိုင်မှုပေါ်မှာ မူတည်ပြီး - ဒီစံသုံးခုအပေါ်မှာ မူတည်ပြီး ကျနော်တို့ ရွေးချယ်ပါတယ်။”
အင်တာနက်ကတဆင့် မဲပေးရာမှာ မြန်မာနိုင်ငံအပါအ၀င် ၄၉ နိုင်ငံက မဲဆန္ဒရှင် ၅ သိန်းကျော် မဲထည့် ခဲ့ကြပြီး ဒီအထဲမှာ လဖိုင်နော်မိန်းဟာ မဲစုစုပေါင်း ၅၁.၂၅ % ရရှိပြီး ပြည်သူ့ဂုဏ်ရည်ဆုကို ချီးမြှင့်ခံရတာဖြစ်ပါတယ်။ ဆုကြေးငွေကတော့ အမေရိကန်ဒေါ်လာ (၁) သောင်းဖြစ်ပြီး ဆုချီးမြှင့်ခံရသူရဲ့ လူမှုကူညီရေးလုပ်ငန်းတွေ အောင်မြင်အောင် ပြည်သူ့ဂုဏ်ရည်အဖွဲ့ကနေ ဆက်လက် အကူအညီတွေ ပေးသွားမှာလည်း ဖြစ်ပါတယ်။
ပြည်သူ့ဂုဏ်ရည်အသင်းဟာ အမေရိကန်ပြည်ထောင်စုက မြို့ကြီး ၁၃ မြို့နဲ့ အခြားနိုင်ငံ လေးနိုင်ငံက မြန်မာ လူမျိုးတွေ ပေါင်းစုထားတဲ့ အသင်းဖြစ်ပြီး နှစ်စဉ်ပဲ မြန်မာနိုင်ငံအတွင်းက လူမှုကူညီရေးလုပ်ငန်း လုပ်ဆောင်နေသူတွေ၊ အဖွဲ့အစည်းတွေကို ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်နေတာပါ။ ပထမဆုံး ပြည်သူ့ဂုဏ်ရည် ဆုရှင်ကတော့ နာရေးကူညီမှုအသင်း(ရန်ကုန်) က ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူဖြစ်ပါတယ်။ ဒုတိယ ပြည်သူ့ဂုဏ်ရည်ဆုရှင်ကတော့ ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုမှာ ထိမ်းသိမ်းခံရတဲ့ ဗုဒ္ဓဘာသာရဟန်းတွေကို အကူအညီပေးနေတဲ့ ဒေါ်ရှုဖြစ်ပြီး အခု ၂၀၁၂ ခုနှစ် တတိယ ပြည်သူ့ဂုဏ်ရည်ဆုရှင်ကတော့ လဖိုင်နော်မိန်း ဖြစ်ပါတယ်။
 By ဗွီအိုအေ(မြန်မာဌာန)

၂၄ နာရီလျှပ်စစ်မီးရရှိရေးအတွက်နိုင်ငံတကာမှ လာရောက်ကူညီတော့မည်


ပွင့်လင်းမြင်သာသောမြန်မာ နိုင်ငံကျင့်သုံးနေသည့် ဒီမိုကရေစီ  စနစ်အရယခုလက်ရှိတွင်ဖြစ်ပေါ်  နေသောမြန်မာနိုင်ငံလျှပ်စစ်မီးပုံမှန်  ရရှိရေးမြန်မာနိုင်ငံသားတို့၏ ဆန္ဒ ပြတောင်းဆိုမှုအား နိုင်ငံတကာ  မှ ကူညီရန်နှင့် ရန်ကုန်မြို့တော်  ၂၄ နာရီလျှပ်စစ်မီးရရှိစေရန် အမေရိကန်နိုင်ငံမှ General Electric Co,Ltd,Cater Pillar Co,Ltd တို့မှလာရောက်ကူညီနေပြီဖြစ် ကြောင်း သိရသည်။
၎င်းအပြင် ဂျပန်၊ ကိုရီးယား၊ စင်ကာပူနိုင်ငံတို့မှလည်း လျှပ်စစ်   ထုတ်လုပ်သည့်နည်းပညာပံ့ပိုးပေး သွားမည်ဖြစ်ကြောင်း အမှတ် (၂) စက်မှုဝန်ကြီးဌာနမှ သိရသည်။ ရန်ကုန်မြို့တော် ၂၄ နာရီမီးရရှိ ရေးအတွက် စင်ကာပူနိုင်ငံမှ  2 MW ထုတ်လုပ်ပေးနိုင်သော မီး စက် ၆ လုံး၊ 1 MW ထုတ်လုပ်ပေး နိုင်သော ဒီဇယ်မောင်းမီးစက် ၆ လုံး၊25 MWထုတ်လုပ်ပေးနိုင် သော Gas Turbine မီးစက်နှစ်လုံး  စုစုပေါင်း ၁၄ လုံးအား မြန်မာနိုင်ငံ  သို့ရောက်ရှိလာပြီဖြစ်ကြောင်း၊ ၎င်း မီးစက်များကိုအမှန်တကယ်မီး လိုအပ်သည့်နေရာများတွင်စတင်  လည်ပတ်တော့မည်ဖြစ်ကြောင်း  သိရသည်။
““မြန်မာနိုင်ငံမှာ ဒီလိုနိုင်ငံတ ကာကအကူအညီတွေရောက်လာ တော့မယ်ဆိုတော့တော်တော်လေး ကို ကောင်းပါတယ်။ ကျွန်တော်  တို့ မြန်မာနိုင်ငံနဲ့ ရန်ကုန်မြို့ကြီး ၂၄ နာရီ မီးရရှိလာတော့မှာ ပေါ့ဒါကြောင့် အထက်ကလူကြီး တွေကို ကျေးဇူးတင်ပါတယ်။ နာဂစ်တုန်းက မြန်မာနိုင်ငံ အခက်အခဲဖြစ်လို့သူတို့ကူညီ ချင်တယ်လိုဆိုတော့ဝင်ခွင့်မရရှိခဲ့ ကြဘူး။ အခုသူတို့ဝင်လာလို့ရပြီ ဆိုတော့တော်တော်လေးတော့ ကောင်းပါတယ်””ဟု  မြန်မာနိုင်ငံ လျှပ်စစ်မီးပုံမှန်ရရှိရေးအတွက် ကြိုးပမ်းနေသူတစ်ဦးမှပြောကြားခဲ့ သည်။အမှတ်(၁)လျှပ်စစ်ဝန်ကြီး ဌာနမှလည်းအဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍အကောင်းဆုံးဖြစ်လာ အောင်လုပ်ဆောင်နေကြောင်း သန်လျင်၊ ဒလ၊ မြောက်ဥက္ကလာ၊ မြို့နယ်များတွင်လည်းနိုင်ငံတကာ မှကူညီရန်မြေနေရာများကို ပေးထားပြီးပြီဖြစ်ကြောင်း အမှတ် (၂)လျှပ်စစ်ဝန်ကြီးဌာနမှ သိရ သည်။

ဖြိုးအောင်- Hot News

လှိုင်မြစ်ကမ်းပြိုကျ၍ အဏ္ဏ၀ါလွမ်းအအေးခန်း စက်၇ုံ အဆောက်အဦးအချို့ ပျက်စီးကာ ကလေးတစ်ဦးပျောက်ဆုံး


ရန်ကုန်၊ မေ ၂၆
ယနေ့နံနက် ၃ နာရီ ကျော်ခန့်ကလှိုင်မြစ်ကမ်းပြိုကျမှုကြောင့် အဏ္ဏ၀ါလွှမ်း အအေးခန်းကုမ္ပဏီ အဆောက်အဦး အချို့ မြစ်ထဲပါသွားကာ ကလေးငယ်တစ်ဦးပါ ပျောက်ဆုံးနေကြောင်း သိရသည်။ လှိုင်သာယာမြို့နယ်၊ လှိုင်မြစ်လမ်း၊ အကွက် အမှတ်(၅၈၄)ရှိ အဏ္ဏ၀ါလွမ်း အအေးခန်း ကုမ္မဏီ အတွင်း ဖွင့်လှစ်ထားသော လက်ဖက်ရည် နှစ်ဆိုင်နှင့်ဝန်ထမ်းအဆောင်တို့ လှိုင်မြစ်ထဲ သို့ပြိုကျ သွား ခဲ့ခြင်းဖြစ်သည်။ အဆိုပါကုမ္ပဏီနှင့် ကပ်လျက်ရှိ ကုမ္ပဏီတစ်ခုမှ ဆိပ်ကမ်း(Jetty) ဆောက်လုပ်ရန် လွန်ခဲ့သည့် သုံးရက်ခန့် ကပိုင်ရိုက်သည့်အတွက် ကမ်းနားမြေများ အက်ကွဲကာ ယခုကဲ့သိုပြိုကျ ခဲ့ခြင်းဖြစ်ကြာင်း သိရသည်။ အဆိုပါနေရာမှာ ဆက်လက်ပြိုကျနိုင်သည့် အခြေအနေရှိနေကြောင်း လှိုင်သာယာ မီးသတ်ဦးစီးဌာနမှ သိရသည်။
သတင်း/ဓာတ်ပုံ-စိုင်းနောင်

Popular Myanmar News Journal

အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း မြန်မာခရီးစဉ်စတင်

India နိုင်ငံဝန်ကြီးချုပ် Manmohan Singn ဟာ သမိုင်းတွင်မယ့် ခရီးစဉ်တခုအဖြစ်နဲ့ မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိမှာဖစ်ပါတယ်။ ၂၅ နှစ်အတွင်း India ဝန်ကြီးချုပ်တဦးရဲ့ မြန်မာနိုင်ငံ ပထမဆုံးခရီး စဉ်ဖြစ်ပြီး မေလ (၂ရ) ရက်ကနေ (၂၉) ရက်နေ့ထိ (၃) ရက်ကြာမှာဖစ်ပါတယ်။
လုံခြုံရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုနဲ့အခြေခံအဆောက်အဦးဆိုင်ရာ ကိစ္စရပ်တွေအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ကိုင်ရေးအတွက် မြန်မာသမ္မတဦးသိန်းစိန်နဲ့ Mr.Singh တွေ့ ဆုံဆွေးနွေးမှာပါ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဂါင်္နေ့မှာ တွေ့ဆုံမယ်လို့ သိရပါတယ်။
India နိုင်ငံရဲ့ အားကောင်းကောင်းနဲ့ ဖွံ့ဖြိုးနေတဲ့ စီးပွားရေး အတွက် လောင်စာလိုအပ်မှုရှိသလို မြန်မာနိုင်ငံ အပေါ် တရုတ်ရဲ့ သြဇာ လွှမ်းမိုးမှုကို စိုးရိမ်တယ်ဆိုတာကို အခု ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်က ထောက်ပြနေပါတယ်။  India ရဲ့ အရှေ့မျှော်မူဝါဒ အတွက် အရေးကြီးလှတဲ့ အိမ်နီးချင်းနိုင်ငံတခုနဲ့ အားကောင်း ခိုင်မာပြီး နှစ်ဘက် စလုံးအတွက် အကျိုးများစေမယ့် ဆက်ဆံရေး မျိုး ရရှိထားချင်ပါတယ်လို့လည်း India နိုင်ငံခြားရေးဝန်ကြီး Ranjan Mathai က သောကြာနေ့ကပဲ ပြောသွားတာပါ။
India နဲ့မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးက ဒေါ်လာ သန်း ၁,၂၀၀ လောက်ရှိပြီး ၂၀၁၅ ခုနှစ်မှာ ဒေါ်လာ သန်း ၁,၅၀၀ အထိ ဖြစ်အောင် လုပ်ဆောင်ဖို့ နှစ်နိုင်ငံလုံးက မျှော်လင့်နေတာ ဖြစ်ပါတယ်ရှင်။
 By ဗွီအိုအေ (မြန်မာဌာန)

ချောင်းဆုံရဲ၏ရိုက်နှက် စစ်ဆေးမှုကြောင့် လူငယ်တစ်ဦး ဆေးရုံရောက်

လက်သံပြောင်သော ချောင်းဆုံရဲ၏ရိုက်နှက် စစ်ဆေးမှုကြောင့် လူငယ်တစ်ဦး ဆေးရုံရောက်
မွန်ပြည်နယ်၊ ချောင်းဆုံ မြို့နယ်၊ ကွမ်ရိုက်ရွာ ဘုရားပွဲတွင် လူငယ်ချင်းရိုက်ကြရာမှ တစ်ဦးသေဆုံးသွားမှု၌
တရားခံဟုစွပ်စွဲခံရသူ ကိုသက်ပိုင်စိုး (၂၄ နှစ်)အား ပြန်လွှတ်ပေးလိုက်ပြီဖြစ်သော်လည်း ရဲ၏ ရိုက်နှက်မေးမြန်းမှုကြောင့်
မော်လမြိုင်ဆေးရုံတွင် ဆေးဝါးကုသ နေရဆဲဖြစ်သည်။

၎င်းသည် မော်လမြိုင် ဆေးရုံသို့မေ ၁၉ ရက်နေ့တွင် စတင် ရောက်ရှိခဲ့ပြီး ဆရာဝန်က ဦးနှောက် ထိမိကာ
လက်နှစ်ဖက်အလုပ်မလုပ်တော့ကြောင်း၊ မိမွေးသည့်အတိုင်း ပြန်ဖြစ်လာမှာမဟုတ်တော့ကြောင်း ၎င်း၏မိခင်က ပြောသည်ဟု
ချောင်းဆုံမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

““ကျွန်တော် သက်ပိုင်စိုးကို မေးကြည့်တော့ ည ၁၀ နာရီလောက် မှာ မျက်နှာဖုံးစွပ်ပြီးဆိုင်ကယ်နောက် ကတင်ပြီး
၃-၄ ပတ်ပတ်မောင်းတယ်။ ပြီးတော့ ည ၁၁ နာရီ လောက်မှာ နောက်ပြန်ကြိုးတုပ်ပြီး ကြိုးကိုခဲနဲ့ဆွဲထားတယ်။
ချိုင်းနှစ်ဖက်နဲ့ပုခုံးကိုနိုင်လွန်ကြိုးသိုင်းပြီး ပြန်ဆွဲတင်ထားတယ်။ ခြေထောက် နဲ့ကြမ်းပြင်က မထိတထိပေါ့။ ပြီး တော့ တုတ်နဲ့ရိုက်တယ်။
မနက် ၆ နာရီလောက်မှာကြိုးပြတ်လို့ ခေါင်းနဲ့ကြမ်းပြင်စောင့်ပြီး နောက်စေ့ ထိသွားတယ်””ဟု ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။
ချောင်းဆုံရဲစခန်းမှူး ရဲအုပ် သိန်းလွင်က ယင်းသို့ ရိုက်နှက်မေးမြန်းခဲ့သူ ဒုရဲအုပ်ကျော်စွာခိုင်အား ခရိုင်ရုံးသို့ပို့ထားပြီး အထက်
လူကြီးများက မည်သို့အရေးယူမည်ကို မသိရှိသေးဟု ၎င်းက ဆက်လက် ပြောသည်။

Popular Myanmar News Journal

မသမာသည့် ပညာရေးဝန်ထမ်းများအား အချိန်မဆိုင်း ထိရောက်စွာအရေးယူသွားမည်

ယခုနှစ်ကျောင်းဖွင့်ချိန်တွင် တရားမ၀င်ငွေကြေးကောက်ခံခြင်း၊ ကျောင်းဝင်ကြေးများပိုမိုကောက်ခံခြင်း အစရှိသည်တို့ကိုပြုလုပ်သည့် ပညာရေးဝန်ထမ်းများအား ထိရောက်စွာအရေးယူသွားမည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးကပြောသည်။

မေလ(၂၇)ရက်နေ့က အဆင့်မြင့်ပညာဦးစီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်သော အဆင့်မြင့်ပညာဦးစီးဌာန(အောက်မြန်မာပြည်)မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအပြီးတွင်စာနယ်ဇင်းများ၏ မေးမြန်းမှုကို ၀န်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
"ယူတဲ့သူ အရေးယူမယ်။ တစ်ခါတည်းပြောထားပြီးသား။ နယ်အဝေးကိုပို့မယ်၊ ဖြုတ်သင့်ရင်ဖြုတ်မယ်။ ဆင်းရဲနွမ်းပါးမှုလျော့ကျရေးလုပ်နေတဲ့အချိန်မှာ ဒါမျိုးယူရင် အရေးယူမယ်။ ညွှန်ချုပ်တွေကိုလဲပြောပြီးသား။ တိုင်းပညာရေးမှူးတွေ၊ မြို့နယ်ပညာရေးမှူးတွေ၊ ကျောင်းအုပ်ကြီးတွေကိုလဲပြောပြီးသား။ ဒါမျိုးလုပ်တာတွေကို ကျွန်တော့်ဆီကို တိုက်ရိုက်တိုင်နိုင်တယ်။ တိတိကျကျသိရင်တိုင်ပါ"ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

ဝန်ကြီးထံသို့ တိုင်စာများရောက်ရှိသည့်အနက် အချက်အလက်မမှန်ကန်သည့် ပစ်စာများလည်းပါဝင်နေကြောင်း၊ ထိုသို့သော ပစ်စာများမှာမူ ပုဂ္ဂိုလ်ရေးဆိုင်ရာမကြေနပ်မှုများကြောင့်ဖြစ်နိုင်ပြီး ခိုင်လုံတိကျသည့် အချက်အလက်များပါဝင်မှုမရှိသဖြင့် အရေးယူရန်မဖြစ်နိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးကထပ်လောင်းပြောကြားသည်။
"အထောက်အထားခိုင်လုံရင် စာနဲ့သာတိုင်ပါ။ စာတွေက ကျွန်တော့်ဆီရောက်ပါတယ်။ လက်ရှိကို အရေးယူနေတာတွေလဲရှိပါတယ်။ ဟုတ်တာဆိုရင်၊ စစ်ဆေးလို့ပေါ်ရင်တော့ ကျွန်တော်တို့က အရေးယူမှာပဲ။ ကျွန်တော်တို့ အချိန်မဆိုင်းအရေးယူမယ်။ ကျူးလွန်တဲ့အပြစ်ပေါ်မူတည်ပြီးတော့ လိုအပ်သလိုအရေးယူမယ်"ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးကပြောပါသည်။

Popular Myanmar News Journal

ဒေါ်အောင်ဆန်းစုကြည် ဒုက္ခသည်စခန်း သွားရောက်ကြည့်ရှု့မယ်လို့ Bangkok Post ဖော်ပြ

ထိုင်းနိုင်ငံခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်း မြန်မာနယ်စပ်မှာရှိတဲ့ ကရင်ဒုက္ခသည်စခန်းကို ကြာသပတေးနေ့မှာ သွားရောက်ကြည့်ရှု့မယ်လို့ မနေ့က ထုတ်ဝေတဲ့ The Bangkok Post သတင်းစာက ဖော်ပြလိုက်ပါတယ်။
Photo courtesy of TBBC
ထိုင်း-မြန်မာနယ်စပ်မှ ၈ ကီလိုမီတာအကွာတွင် ၁၉၈၄ ခုနှစ်က စတင်ပြီး မြန်မာနိုင်ငံသား စစ်ပြေးဒုက္ခသည်များအတွက် ဖွင့်လှစ်ထားသော မယ်လ ဒုက္ခသည်စခန်းကို တွေ့ရစဉ်။
အခုလို ဒုက္ခသည်စခန်းကို သွားရောက်ကြည့်ရှု့ဖို့ ကေအင်န်ယူ ကရင်တိုင်းရင်းသား အစည်းအရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့တယ်လို့ သတင်းစာက ရေးသားထားပါတယ်။
တကယ်လို့ ဒုက္ခသည်စခန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လာရောက် လေ့လာနိုင်မယ်ဆိုရင် တိုင်းရင်းသားတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို ပိုပြီးသိလာမှာ ဖြစ်တယ်လို့  ကေအင်န်ယူ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က RFA ကိုပြောပါတယ်။
ဘန်ကောက်ပို့စ် သတင်းစာမှာတော့ ကရင်ဒုက္ခသည်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့မြင်လိုကြတယ်လို့ ကေအင်န်ယူ အကြီးတန်းအရာရှိတစ်ဦး ပြောဆိုချက်ကို ကိုးကား ဖော်ပြထားပါတယ်။
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘန်ကောက်မြို့မှာကျင်းပမယ့် ကမ္ဘာ့စီးပွားရေး ညီလာခံကို မေလ ၃၀ ရက်နေ့ ကနေ ဇွန်လ ၁ ရက်နေ့အထိ တက်ရောက်မှာ ဖြစ်ပြီး၊ ဇွန်လ ၂ ရက်နေ့မှာ မဲဆောက်မြို့အနီးက မယ်လ ဒုက္ခသည်စခန်းကို သွားရောက်မှာဖြစ်ကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။
RFA-Burmese

ကလေးမြို့တွင် ထွန်းသွင်ကုမ္ပဏီမှ ဘိလပ်မြေစက်ရုံတည်ဆောက်မည်

ကလေးမြို့တွင် ထွန်းသွင်ကုမ္ပဏီမှ ဘိလပ်မြေစက်ရုံတည်ဆောက်သွားရန်
စီစဉ်နေကြောင်း ဒေသခံများထံမှ သိရသည်။ စက်ရုံတည်ဆောက်မည့်နေရာမှာ
ကလေးမြို့နယ် အင်ဒိုင်းကြီးရွာနှင့် ပေ(၃၅၀၀) ခန့်ရှိ
ထုံးကျောက်တောင်နေရာတွင်ဖြစ်ပြီ
း ကုမ္ပဏီမှ တာဝန်ရှိသူများ၊
ခရိုင်စိုက်ပျိုးရေးလုပ်ငန်း၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊
ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး လုပ်ကွက် ဧရိယာ
(၂၀၀၀)ခန့်ရှိကြောင်း သိရသည်။

၎င်းစက်ရုံနယ်နိမိတ်အတွင်းတွင် တောရိုင်းမြေနှင့် သစ်တောကြိုးဝိုင်းမြေ
ဧက (၁၀၀၀)ခန့် ပါဝင်နေပြီး အင်ဒိုင်းကြီးနှင့် အင်ဒိုင်းလေးကျေးရွာတို့မှ
တောင်သူ (၄၀)ဦးတို့၏ စိုက်ပျိုးမြေ (၄၆)ဧကလည်း ပါဝင်နေကြောင်း သိရသည်။

( ဒီထုံးကျောက်တောင်ကို အမှီပြုပြီး ဒီဒေသခံတွေက
ထုံးလုပ်ငန်းတွေလုပ်ကိုင်နေတာရှ
ိတယ်။ ကုမ္ပဏီက
ဝင်ပြီးလုပ်ကိုင်မယ်ဆိုရင်တော့ ဒေသခံတွေအတွက် အလုပ်တွေ
ပျောက်သွားနိုင်တာပေါ့။) ဟု အင်ဒိုင်းကြီးရွာသားတစ်ဦးမှ ပြောခဲ့သည်။

မြို့နယ်သစ်တောဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း ( အစ်ကိုတို့ဌာနက သူတို့
ကုမ္ပဏီ)ရဲ့ ဆန္ဒအတိုင်း လုပ်ပေးရတာပါ။
မလုပ်နဲ့လို့တားပိုင်ခွင့်မရှိ
ပါဘူး။ သူတို့ရဲ့ လုပ်ကွက် ဧရိယာထဲမှာတော့
စီးပွားဖြစ် အပင်ကြီးတွေ မရှိပါဘူး။ အပင်ငယ်တွေပဲ ရှိပါတယ်) ဟု
ပြောခဲ့သည်။

( စက်ရုံဆောက်တာ ကောင်းပေမယ့် ဒီဒေသရဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမယ်။
အထင်ရှားဆုံးက တောင်ကြီးပျောက်သွားမယ်။ အနီးအနားက ကျေးရွာတွေအတွက်
သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်မှု ပိုများလာမယ်။
ကာကွယ်နိုင်စွမ်းအားနည်းသွားမယ်
။) ဟု
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလု
ပ်ငန်းများ လုပ်ကိုင်နေသူတစ်ဦးက
ပြောပြခဲ့သည်။

တောင်သူများ၏ စိုက်ပျိုးမြေများအတွက် လျော်ကြေးငွေများ ပေးသွားမည်ဟု
သိရပြီး တရားဝင်သတ်မှတ်ထားသော လျော်ကြေးနှုန်းထားများ မရှိသေးကြောင်းလည်း
သိရသည်။ နိုင်ငံအ၀ှမ်း ဘိလပ်မြေစက်ရုံတည်ဆောက်လုပ်ကို
င်ခွင့်ရရှိထားသော
ကုမ္ပဏီများမှာ ထွန်းသွင်ကုမ္ပဏီအပါအ၀င်
 ( ၂၁ ) ခုခန့်ရှိပြီး လည်ပတ်နေသော ဘိလပ်မြေစက်ရုံပေါင်းမျာ
(၁၄)ရုံရှိသည်ဟု သိရသည်။

မောင်မောင်(ကလေး)

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်