သုဝဏ္ဏမြို့နယ်မှာ တိုက်ခန်း မီးလောင်နေ
ယနေ့ ညနေ သုဝဏ္ဏမြို့နယ်မှာ တိုက်ခန်း မီးလောင်နေစဉ် (ဓါတ်ပုံ-ကိုမင်း)
ယနေ့ ၁၈.၅.၂၀၁၂ ညနေ
ရန်ကုန်တိုင်း သုဝဏ္ဏမြီု့ နယ် သံသုမာလမ်းမကြီးပေါ် စုပေါင်းနှင့် ရေနံသာကြား ပန်းခြံဘက်ခြမ်းရှိ တိုက်ခန်းအပေါ်ဆုံးထပ် တွင် ယနေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့် မှာ မီးလောင်နေသည်ကို တွေ.ခဲ့ရပါသည်။
မီးသတ်ကားများလာရောက် ငြိမ်းသတ်နေပါသည်။
ကား auction showroom နှင့် ပညာနန်းတော် ကျူရှင် ဘေးတိုက်ဖြစ်ပါသည်။
Myanmar News Now
အ.လ. က (၁) သင်္ဃန်းကျွန်းမှာ အလှူငွေကောက်ခံနေ
ယခုနှစ် မှာ နိုင်ငံတော် အစိုးရ မှ ကျောင်းအပ်နှံရေး ကာလကို မေ လ ၂၅ ရက်နေ့ မှသာ စတင်စေဖို့ အမိန့် ထုတ်ထားသော်လည်း  မေလဆန်းတွင်ပင် ကျောင်းအပ်လက်ခံ၍ အလှုငွေများကောက်ခံနေပါတယ်။ ယခု ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် မေ ၇ ရက်မှစ၍ မေလ ၁၅ ရက်နေ့ ထိ နံနက် ၉ နာရီ မှ ၁၂ နာရီထိ ဆရာ ဆရာမ များကိုအမိန့် ပေးခေါ်ယူ၍ အလှုငွေ ကောက်ခံစေခြင်း ၊ ယခုကျင့်သုံးနေသော ပညာရေးစနစ် အရ အခမဲ့ ပညာရေးဖြစ်သည့် သူငယ်တန်း မှ စတုတ္ထတန်း ကျောင်းသား ကျောင်းသူများထံမှ မှ အလှုငွေ သတ်သတ် ကောက်ယူခြင်း နှင့် စာအုပ်ရောင်းခြင်း ၊ ကျောင်းသားအသစ်များ (A) ခန်းလိုချင်လျှင် ငွေ ၁ သောင်းအထိ အခကြေးငွေ ရယူခြင်း တို့ ဖြင့် ပညာရေး ကို ခုတုံးလုံး၍ ကိုယ်ကျိုးစီးပွားရှာနေပါသည်။
ကျောင်းသားသစ်များလက်ခံခြင်းအပါအဝင် မူလတန်းအဆင့်ကျောင်း အပ်နှံရာ၌ ငွေကြေးတောင်းခံပါက ထိရောက်သည့် အရေးယူမှု များပြုလုပ် သွားမည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးကြူက ''ယူ ရင်၊ သူ့လမ်း၊ သူရွေးတာမျိုးဖြစ် သွားမှာပေါ့'' ဟု ပြောကြားထားသော်လည်း ယခုလို သတ်မှတ်ချိန်ထက် စောပြီး ကျောင်းအပ်လက်ခံကာ အလှုငွေ များကောက်ခံလျက်ရှိပါတယ်။
ကျောင်းအတွင်း ကျူရှင် မသင်သော ဆရာ ဆရာမ အများစုရှိသော်လည်း ကျောင်းအုပ်ဆရာမကြီး ရဲ့ ကိုယ်ကျိုးစီးပွားရှာမှုကြောင့် ကျူရှင် မသင်သော ဆရာ ဆရာများ နာမည်ပျက်ရခြင်း နှင့် ဆရာ ဆရာမများအကြား စိတ်ဝမ်းကွဲစေမှုတို့ ကိုဖြစ်နေစေသဖြင့် တာဝန်ရှိသူများ အမြန် ဖြေရှင်းပေးပါရန် တောင်းဆိုလိုက်ရပါသည်။
အ.လ.က (၁) သင်္ဃန်းကျွန်း မှာ ကျောင်းအုပ်ဆရာမကြီး တရားမ၀င် ကောက်ခံနေသည့် အလှုငွေများ
၁။ ၈ တန်းသင်ယူပြီးမြောက်ခြင်းလက်မှတ်
   ကျောင်းထွက်လက်မှတ် ၊ အရည်အချင်း လက်မှတ် =၅၀၀၀
၂။  အတန်းတက်ခွင့်လက်မှတ် သူငယ်တန်းမှ အဋ္ဌမတန်းထိ = ၅၀၀
အ.လ.က (၁) သင်္ဃန်းကျွန်း ရှိ ကျောင်းသား မိဘများ
ဆန္ဒပြနေတဲ့ စက်ရုံ တွေ က အလုပ်သမားတွေ အလုပ်ရှင် နဲ့  ညှိနိုင်းလို့ မရသေး (ရုပ်/သံ)
 လှိုင်သာယာစက်မှုဇုံ က လုပ်ခတိုးပေးဖို့ အလုပ်မဆင်းဘဲ ဆန္ဒပြနေတဲ့ စက်ရုံ တွေ က အလုပ်သမားတွေ အလုပ်ရှင် နဲ့  ညှိနိုင်းလို့ မရသေးဘဲ ဆက်လက်ဆနပြနေကြပါတယ်။ ကိုသက် (ဒီဗွီဘီ)
ကျေးရွာအုပ်ချူပ်ရေးမှူး ငွေကြေးအလွဲသုံးစားလုပ်မှုကို တိုင်ကြားသည့်သူများ အရေးယူခံနေရ
မိတ္ထီလာခရိုင် ၀မ်းတွင်းမြို့နယ် ပင်းတလဲကျေးရွာအုပ်ချူပ်ရေးမှူးမှ ငွေအလွဲသုံးစားလုပ်မှုများနှင့် စာကြည့်တိုက်ငွေများ စာရင်းမရှင်းသည့်အတွက် ကျေးရွာလူထုကိုယ်စား တိုင်ကြားသူ ၁၄ ဦးအား ၀မ်းတွင်းမြို့နယ်တရားရုံးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၂ အရ အရေးယူခံနေရကြောင်းသိရသည်။
ဖြစ်ပွားပုံမှာ မိတ္ထီလာခရိုင် ၀မ်းတွင်းမြို့နယ် ပင်းတလဲကျေးရွာအုပ်ချူပ်ရေးမှူးသည် ကျေးရွာကိစ္စရပ်များတွင် ငွေစာရင်းမရှင်းလင်းသည့် ကိစ္စရပ်များအတွက် ရွာခံ ၁၄ ဦးတို့က ၀မ်းတွင်းမြို့နယ် အုပ်ချူပ်ရေးမှူးနှင့် မိတ္ထီလာခရိုင်အုပ်ချူပ်ရေးမှူးထံ ၂၀၁၁ ခု၊ ဒီဇင်ဘာလ ကတည်းက အဆင့်ဆင့်တင်ပြတိုင်ကြားခဲ့ကြသည်။
ထိုကဲ့သို့ ကျေးရွာလူထုကိုယ်စား ၁၄ ဦးတို့က ပင်းတလဲကျေးရွာအုပ်ချူပ်ရေးမှူးငွေကြေးအလွဲသုံးစားလုပ်မှုကို မြို့နယ်အုပ်ချူပ်ရေးမှူးနှင့် ခရိုင်အုပ်ချူပ်ရေးမှူးထံတင်ပြချက်အရ မြို့နယ်အုပ်ချူပ်ရေးမှူးနှင့် ခရိုင်အုပ်ချူပ်ရေးမှူးတို့က ကော်မတီများဖွဲ့စည်း၍ သုံးကြိမ်စစ်ဆေးပြီး ယနေ့အထိ အရေးယူအပြစ်ပေးခြင်းမရှိခဲ့သော်လည်း ကျေးရွာလူထုကိုယ်စား တိုင်ကြားသူ ၁၄ ဦးအား မေလ ၈ ရက်က ၀မ်းတွင်းမြို့နယ်တရားရုံးမှ ပြစ်မှု ၁၈၈၊ ပြစ်မှုဆိုင်ရာပုဒ်မ ၁၈၂ အရ ၀မ်းတွင်းမြို့နယ်တရားရုံးသို့ မေလ ၁၄ ရက်တွင် ကြားနာစစ်ဆေး၇န် ဒေါ်မိမိထွေး (တ ၂၅၆၅) တွဲဖက်မြို့နယ်တရားသူကြီး(အထူးရာဇ၀တ်အာဏာရ) ၀မ်းတွင်းမြို့နယ် တရားရုံးက ဆင့်စာထုတ်ထားကြောင်းသိရသည်။
ဒီမိုကရေစီခေတ်ဦးကာလတွင် ကျေးရွာအုပ်ချူပ်ရေးမှူး၏ ငွေအလွဲသုံးစားလုပ်မှုကို ကျေးရွာလူထုက မခံမရပ်နိုင်၍ အ ထက်အဆင့်ဆင့်သို့တိုင်ကြားခဲ့သော်လည်း ထိရောက်စွာ အပြစ်ပေးအရေးယူခြင်းမရှိုဘဲ တိုင်ကြားသူ ၁၄ ဦးအားတရားစွဲဆိုထားသဖြင့် ကြားရသူအပေါင်းက အံ့သြနေကြပြီး ယခုအမှုအား တရားရုံးက မည်ကဲ့သို့ စီရင်ဆုံးဖြတ်မည်ကို ၀မ်းတွင်းတစ်မြို့နယ်လုံးက စိတ်ပါဝင်စားစွာစောင့်မျှော်လျက်ရှိကြောင်းသိရသည်။
ကိုသန့်စင်(မိတ္ထီလာ)
မြန်မာပို့ စ်
နိုင်ငံတော်သမ္မတကြီး စင်္ကာပူတွင် အရေးပေါ် ဆေးကုသမှု ခံယူနေဆိုသော သတင်း သမ္မတရုံး ငြင်းဆို
ရန်ကုန် မေ ၁၇
နှလုံးခုန် ထိန်းညှိစက် ထည့်သွင်း ထားရသော အသက် ၆၇ နှစ် အရွယ်ရှိ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ရုတ်တရက် မူးလဲသဖြင့် စင်္ကာပူနိုင်ငံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူနေရသည် ဆိုသော သတင်းများမှာ မှန်ကန်မှု မရှိကြောင်း နိုင်ငံတော် သမ္မတရုံး တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက ပြောကြားသည်။
ရန်ကုန် မြို့သို့ ရောက်ရှိနေသော နိုင်ငံ သမ္မတ ကြီး ၏ ကျန်းမာရေး နှင့် ပတ်သက်၍ ထွက်ပေါ်နေသော သတင်းများမှာ ကောလဟာ လ များသာဖြစ်၍ ခရီးသွားနေသည့် အချက်များမှ လွဲ၍ ကျန်အချက်များမှာ လုံးဝ မှန်ကန်မှု မရှိကြောင်း၊ မိတ်ဆွေများ ၏ စိုးရိမ် ပူပန်မှုအတွက် ကျေးဇူး အထူးတင် ရှိပါသည် ဟု ၄င်း၏ facebook စာမျက်နှာ တွင်ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။
မြန်မာ နိုင်ငံ တွင် ဒီမိုကရေစီ စနစ် ထွန်းကားရေး နှင့် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြုပြင်ပြောင်းလဲ ရေး လမ်းကြောင်းကို စတင် အကောင်အထည်ဖော်ပေးခဲ့သည့် နိုင်ငံတော်သမ္မတကြီးမှာ ဆီးလမ်းကြောင်းပိုးဝင် ခြင်းကြောင့် အဖျားဝေဒနာ ခံစားနေရာမှ အားနည်း၍ မူးလဲခြင်းသာ ဖြစ်ပြီး အသက် ၆၀ ကျော် အမျိုးသား များတွင် ဖြစ်လေ့ဖြစ်ထ ရှိသော ရောဂါဖြစ်သဖြင့် စိုးရိမ်ဖွယ်ရာ မရှိပါကြောင်း၊ မနက်ဖြန်တွင် သွားရောက်မည့် ငပုတောခရီးစဉ်ကိုလည်း ဖျက်သိမ်းထားကြောင်း နိုင်ငံတော် သမ္မတကျန်းမာရေး စောင့်ရှောင့်မှု အထူးအဖွဲ့ နှင့် နီးစပ်သူ အထူးကု ဆရာဝန်ကြီး တစ်ဦးက ပြောကြားသည်။
နိုင်ငံတော်သမ္မတ ကြီး၏ ကျန်းမားရေးနှင့် ပတ်သက်သော သတင်းများ ဖော်ပြထားသည့် Facebook စာမျက်နှာ များတွင် နိုင်ငံတော်သမ္မတ ကြီး သက်တော်ရာကျော်ရှည်ပါစေကြောင်း ကိုယ်စိတ်နှလုံး ကျမ်းမာ ချမ်းသာပါစေကြောင်း ရေးသား ခဲ့ကြသည်များကို တွေ့ရှိရသည်။
The Voice Weekly
မြန်မာ- အမေရိကန် သံအမတ်များ အဆိုပြုကြေညာ
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် မြန်မာဆိုင်ရာ မူဝါဒညှိနှိုင်းရေးမှူး နဲ့ အထူး ကိုယ်စားလှယ် မစ္စတာ Derek Mitchell ကို သမ္မတ အိုဘားမားက တရားဝင် အဆိုပြုလိုက်ပါတယ်။
အလားတူ မြန်မာနိုင်ငံဘက်ကလည်း အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်
အဖြစ် လက်ရှိ ကုလသမဂ္ဂ ဆိုင်ရာ အမြဲတန်းမြန်မာသံအမတ်ကြီး ဦးသန်းဆွေ ကို ခန့်အပ်ကြောင်း အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့တော် ကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကလည်း ကြေညာခဲ့ပါတယ်။
နှစ်(၂၀)ကျော်ကြာမြင့်ပြီးတဲ့နောက် သံအမတ်တွေ ခန့်အပ်ဖို့
နှစ်နိုင်ငံလုံးရဲ့ ဆုံးဖြတ် ချက် ဟာ အမေရိကန်နဲ့ မြန်မာ ပုံမှန်သံတမန်
ဆက်ဆံရေးပြန်ဖြစ်လာဖို့အတွက် အရေးကြီးတဲ့ အဆင့် ဖြစ်တယ်လို့ ဦးဝဏ္ဏမောင်လွင် က ပြောကြားခဲ့ပါတယ်။
မစ္စတာ Derek Mitchell ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် သမ္မတ အိုဘားမား ရဲ့ အဆိုပြု ချက် ကို အမေရိကန်လွှတ်တော် က အတည်ပြုရမှာ ဖြစ်ပါတယ်။
RFA-Burmese
ကလောမြို့ အနီး ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် ၄ ဦးသေဆုံးပြီး ဒဏ်ရာရသူများပြား
ကလော မရောက်ခင်ဆိုလမ်းတွေက အကွေ့ အကောက်အတော်များတယ်
၂၀၁၂ မေလ ၁၇ ရက်နေ့ ယနေ့ နံနက် ၁၀နာရီ ခန့်က ရှမ်းပြည်တောင်ပိုင်း
 ရပ်စောက်မြို့မှ မန္တလေး သို့ ထွက်ခွာလာတဲ့  ဇာတိမာန်ယာဉ်လိုင်းမှ
 မှန်လုံမော်တော်ယာဉ်ဟာ ကလော မြို့နယ် ၀က်ဖြူရေ နှင့် မကွေ ကြားတွင်
တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။
ကားဟာဂျွိင့်ပြုတ်ထွက်သွားပြီး ပေ-၁၀၀ ကျော်နက်သောခြောက်ထဲသို့ထိုးကျ
သွားရာ ကားပေါ်လိုက်ပါလာသူ ခရီးသည်(၁၉)ဦးအနက် (၄)ဦးမှာ နေရာတွင်ပင်
ပွဲချင်းပြီးသေဆုံးသွားပြီး ကျန်ခရီးသည်များမှာလည်းဒဏ်ရာပြင်းထံလို့
 တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရပါတယ်။
Myanmar News Now
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုသစ်တွေ ခွင့်ပြုလိုက်ကြောင်း အမေရိကန် ကြေညာ
မြန်မာနိုင်ငံအပေါ်ပိတ်ဆို့ အရေးယူထားတဲ့ ငွေကြေး ၀န်ဆောင်မှု လုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှု အသစ်တွေ မလုပ်ဖို့တားမြစ်ထားတွေကို
လျော့ပေါ့ပေးလိုက်ကြောင်း အမေရိကန် သမ္မတ က မနေ့က ကြေညာချက်
ထုတ်ပြန် လိုက်ပါတယ်။
နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ပူပေါင်းဆက်ဆံရေး လမ်းပွင့်လာတာဟာ မြန်မာ အစိုးရတွင်းက ပြုပြင် ပြောင်းလဲလိုသူတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေကို အထောက်အကူ ပြုနိုင်ဖို့အတွက် အဓိက အရေးပါကြောင်းလည်း ကြေညာချက်မှာ ဖေါ်ပြပါတယ်။
အခုလို အမေရိကန်နဲ့ မြန်မာနှစ်နိုင်ငံ ဆက်ဆံရေး အခန်းကဏ္ဍသစ် ဖွင့်လှစ်လိုက်တာနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ မနေ့က ကျင်းပခဲ့ပါတယ်။
အမေရိကန်အစိုးရက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ တားမြစ်
ထားတာကို ဆိုင်းငံ့လိုက်ပေမဲ့ ပြောင်းလဲ တိုးတက်မှုတွေ
နောက်ပြန်လှည့် လာတာမျိုး မရှိအောင်၊ ပိတ်ဆို့မှု ဥပဒေတွေကတော့ ဆက်လက်ထားရှိမှာ ဖြစ်တယ် လို့ မစ္စစ် ကလင်တန်က ပြောပါတယ်။ ဒါ့ပြင် အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံအတွက် ပြဌာန်းထားတဲ့ ဥပဒေတွေထဲက သင့်တော်တဲ့ အချက်တွေကို ဆက်ပြီးထိန်းထားအုံးမှာ
ဖြစ်ပါတယ်။
ဒါပေမယ့်လည်း စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အခွင့်အလမ်းတွေကို ချဲ့ထွင်သွားနိုင်ရေး အမြန်ဆုံး ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ် လို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန် ပြောပါတယ်။
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေကို ဆိုင်းငံ့လိုက်ပေမဲ့ အရပ်သား အုပ်ချုပ်ရေးစနစ် အပြည့်အ၀ အကောင်အထည် မဖေါ်နိုင်သေးတာကြောင့် လက်နက်ရောင်းဝယ်တာတွေကိုတော့ ဆက်လက် ပိတ်ပင်ထားဆဲ
ဖြစ်တယ်လို့ မစ္စစ်ကလင်တန်က ပြောပါတယ်။
ဒါ့အပြင် မြောက်ကိုးရီးယားနဲ့ စစ်ရေးအရ ဆက်ဆံမှုတွေကို ရပ်ဆိုင်းမှာဖြစ်တယ်လို့ သမ္မတဦးသိန်းစိန်ရဲ့ ပြောဆိုချက်ကိုလည်း
ကျေနပ်အားရမိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
RFA-Burmese
လစာငွေက ဖြတ်တောက်မှုကို ရပ်ပေးပါ (ရဲတပ်ဖွဲ့ ဝင်များ)
ဧရာဝတီတိုင်း ပုသိမ်မြို့နယ်မှာရှိတဲ့ ရဲစခန်းတွေ ရဲကင်းတွေဟာ လကုန်ရက်ကို
 ရောက်မှာကို ကြောက်နေကြပါတယ်။ ဘာလို့လည်းဆိုတော့ လစဉ် အကြောင်း
ပြချက်မရှိ ဖြတ်တောက်ငွေက တလထက်တလ ပိုပိုဆိုးလာပါတယ်။
ပုသိမ်မြို့နယ်မှာ ရဲစခန်းပေါင်း (၈)ခုနဲ့ ရဲကင်းပေါင်း (၄)ခုရှိပါတယ်၊ ရဲစခန်းတစ်ခု
ကိုပျမ်းမျှ (၂)သိန်းနဲ့(၃)သိန်းကြားနဲ့ရဲကင်းတစ်ခုကို ပျမ်းမျှ (၁)သိန်းခွဲဝန်းကျင်
လောက် လစဉ် လစာငွေထဲကနေ အကြောင်းပြချက်မရှိ ဖြတ်တောက်နေတာပါ။
နောက်ပြီးတော့ လစဉ် မဂ္ဂဇင်း၊လဘက်ခြောက်စတာတွေကို မယူမနေရ ပေးပြီး
အဲသည်အတွက်ကိုလည်း လစာကနေ ထပ်ပြီး ဖြတ်တောက်ပြန်ပါတယ်။
ပြက္ခဒိန်ဆိုတာကလည်း တစ်နှစ်ကို သုံးကြိမ်လောက်ရောင်းခိုင်းပါတယ်။
 စောင်ရေတွေ ရာနဲ့ချီပြီးရောင်းခိုင်းတာပါ။ ရောင်းပေးရတဲ့ရဲစခန်းရဲကင်းက
ရောင်းလို့ ကုန်ကုန်မကုန်ကုန် လစာထုတ်တဲ့အချိန်ကိုရောက်ရင် လစာငွေထဲက
နေဖြတ်ယူလိုက်တာပါဘဲ။
နောက်ပြီးတော့ မတန်တဆဈေးနဲ့ မှတ်စုစာအုပ်တွေမယူမနေရ၀ယ်ခိုင်းပြီး
အဲသည်အတွက်ကိုပါ လစာငွေကနေ ထပ်ပြီးဖြတ်ပြန်ပါတယ်။ ဒီကြားထဲကနေ
 မကြာခင်ရက်ထဲက ပြီးသွားတဲ့ လက်ဝှေ့ပွဲအတွက်လည်း လက်မှတ်တွေကို
ရဲတပ်ဖွဲ့ဝင်တွေကို ရောင်းခိုင်းပါသေးတယ်။ ဒီလိုလုပ်ရပ်တွေကို ၀န်ကြီးနဲ့
ရဲချုပ်တို့မှ သိရှိပြီး ရပ်တန်းကရပ်အောင် လုပ်ပေးကြပါတော့။
အခုအချိန်မှာ တရားဥပဒေစိုးမိုးရေးက အရေးကြီးတယ်လို့ အော်နေကြပေမယ့်
အဲသည်တရားဥပဒေစိုးမိုးရေးကို အဓိကတာဝန်ယူနေကြရတဲ့ ရဲတပ်ဖွဲ့ဝင်တွေ
ရဲ့ဘ၀ကိုလည်း ပြန်ကြည့်ပေးကြပါဦး။ နိုင်ငံတော်က ထောက်ပံ့ငွေ(၃)သောင်း
လည်းပေးရော ပေးတဲ့လမှာဘဲ ဖြတ်တောက်ငွေကလည်းတိုးသွားပါတယ်။
နောက်ပြီးတော့ ယူချင်ချင် မယူချင်ချင် ယူရမယ်ဆိုပြီး မတန်တဆဈေးတွေနဲ့
ဈေးရောင်းတာတွေကို ရပ်ပေးပါတော့။ ကြက်ခြေနီပြက္ခဒိန်၊ မီးသတ်ပြက္ခဒိန်၊
ယာဉ်စည်းကမ်းပြက္ခဒိန်၊မဂ္ဂဇင်း၊ဂျာနယ်စတဲ့.....ဟာတွေအမျိုးမျိုးကိုအမိန့်နဲ့
ရောင်းခိုင်းပြီး လစာငွေထဲက ဖြတ်ယူတာတွေရပ်ပေးပါတော့။ ရဲတပ်ဖွဲ့ဝင်တွေက
 အဲဒီလို မတန်တဲ့ဈေးနဲ့ ပြက္ခဒိန်တွေ ၊လဘက်ခြောက်တွေ၊......တွေကိုလိုက်
ရောင်းနေရတာက ပြည်သူတွေအမြင်မှာ တော်တော်ဆိုးပါတယ်။
 ပုသိမ်-ရဲတပ်ဖွဲ့ဝင်များ
ဟင်္သာတမှာ သစ်ကားတစ်စီးတိမ်းမှောက်ပြီး တဦးသေဆုံး တဦးဒဏ်ရာရ
တိမ်းမှောက်သွားတဲ့ သစ်ကား
ဟင်္သာတမြို့၊ လယ်တီကွင်းရပ်၊ အင်္ဂပိုလမ်း မြို့ပတ်လမ်းခွဲ အနီးတွင် (၁၅-၅-၂၀၁၂)
နေ့ ည ၈ နာရီ ခွဲခန့်တွင် ကားနံပါတ် ဒ/၄၅၅ (တီအီး) ကားတစ်စီး ဘော်ဒီခါးစည်း
ပြတ်တောက်ပြီး တိမ်းမှောက်ခဲ့သည့်အတွက် ယာဉ်မောင်းသူ သေဆုံးပြီး တစ်ဦး
ဒါဏ်ရာရရှိခဲ့ပါတယ်။
 အဆိုပါကားတွင် တင်ဆောင်လာသည့် မျောတိုင် များအကြားအောက်ဘက်တွင်
ကျွန်းသစ်(ကပ်တုံးများ) ပါဝင်သည်ဟု ကားတိမ်းမှောက်စဉ် သွားရောက်ကြည့်
ရှုခဲ့သည့်သူများထံမှ သိရှိခဲ့ရပါတယ်။
ယာဉ်တိမ်းမှောက်မှု မဖြစ်ခင်အချိန်တွင် ကိုခင်မောင်မြင့်(ရဲသတင်းပေး)ဟု ဆိုသူမှ
လည်းအဆိုပါ ကားနောက်သို့ ဆိုင်ကယ်ဖြင့်လိုက်ခဲ့ကြောင်း မျက်မြင်များမှ ပြောဆို
ပါတယ်။
သစ်ကားတွေမြို့ ထဲဝင်ချင်ရင် ကိုခင်မောင်မြင့်(ရဲသတင်းပေး)ကိုငွေ(၅၀၀၀၀)သောင်း
ပေးပြီးမှဝင်ရတယ်။ လိုက်လာတာသိလို့ ကြောက်ကြောက်နဲ့ မောင်းရင်းမှောက်တာပါ
ဟု မျက်မြင်သက်သေများက ပြောပါတယ်။
ဟင်္သာတမြို့တွင် ထိုကဲ့သတင်းပေးဆိုသူများမှာ ရဲ၊ SB နှင့် ခရိုင် ဒန အဖွဲ့များမှ
လူတစ်ချို့နှင့် ချိတ်ဆက်ပြီး တရားမ၀င်လုပ်ငန်းလုပ်သူများအား ငွေညှစ်မှုများ
ယခင်ကလည်းလုပ်ခဲ့ဘူးပါတယ်။ ယခု မျောတိုင်သစ်များမှာ ဧရာဝတီမြစ်ကမ်း
 ကမ်းဆယ် (စပါး) ရိုက်လုပ်ငန်းအတွက် သယ်ယူလာရင်း ကားမှောက်မှု
ဖြစ်ပွါးခဲ့တာဖြစ်ပါတယ်။
Myanmar News Now
သေဆုံးဒါဏ်ရာရသူများနှင့် သစ်ကားတိမ်းမှောက်ပုံ မြင်ကွင်း ဓါတ်ပုံများ
လစာငွေက ဖြတ်တောက်မှုကို ရပ်ပေးပါ (ပညာရေးဝန်ထမ်းများ)
ဟင်္သာတမြို့ 
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ နယ် ပညာရေးမှူးရုံးမှ မူလတန်းပညာရေး
ဝန်ထမ်းတစ်ဦးလျှင် 100%နှုန်းဖြင့် 2010 ဇန်န၀ါရီလမှစပြီး လစဉ် ရုံးထောက်ပံ့ 
ငွေဖြတ်တောက်ခဲ့ ပါတယ်။
မူလတန်းပညာရေးဝန်ထမ်း 2000 ကျော်ရှိပါတယ်။ အငြိမ်းစားယူသွားသော
ရုံးအုပ်စာရေးကြီး၏ ကြွေးကျန် 6 သိန်းကိုလည်းဝန်ထမ်းများထံမှဖြတ်တောက်ခဲ့ 
ပါတယ်။
ရုံးကုန်ကျစရိတ်များဖြစ်သော တယ်လီဖုန်း ကွန်ပြူတာမှတ်တမ်းနှင့် ခရီးစရိတ်များ
လည်းကောက်ခံခဲ့ ပါတယ်။ 2012ဖေဖော်ဝါရီလတွင် မြို့ နယ်ပညာရေးမှူးအသစ်ပြောင်း
မည်ဖြစ်ရွေ့ ရုံးထောက်ပံငွေပုံမှန် 100%အပြင်အခြားဖြတ်တောက်မှူ့ များရပ်တန့် ရန်
စုပေါင်းတင်ပြသော်လည်း 2012ဖေဖော်ဝါရီလတွင် မြို့ နယ်ပညာရေးမှူးအသစ်မှ
တစ်ဦးလျှင်230 နှုန်းကောက်ခံခဲ့ ပါတယ်။ မတ်လတွင်300၊ကောက်ခံသည့် အပြင်
ဧပြီလတွင်700နှုန်းကောက်ခံခဲ့ ပါတယ်။
အဆိုပါ ရုံးထောက်ပံငွေ ကောက်ခံမှုတွေကို ရပ်ဆိုင်းပေးစေလိုကြောင်း ဟင်္သာတ
မြို့ မှ မူလတန်းပညာရေးဝန်ထမ်းများ က Myanmar News Now ကို ပြောဆိုထား
ပါတယ်။
ချစ်သုဝေ ( သို့မဟုတ်) မြန်မာ့ အင်ဂျလီနာဂျိုလီ
အဓိက၊ ကလေးသရုပ်ဆောင်များနှင့် ချစ်သူ့ဝေ၊ ရဲတိုက်
ရွေ့ပြောင်းအလုပ်သမားကလေးငယ်များနှင့် မင်းသမီးချစ်သုဝေ။
ထိုင်းနိုင်ငံ၊ တောင်ပိုင်းဖန်ငဒေသဟာ၂၀၀၄ ခုနှစ်လောက်က အရှေ့တောင်အာရှနဲ့ တောင် အာရှနိုင်ငံတော်တော်များများမှ ထောင်သောင်းချီတဲ့၊ လူ့အသက်ပေါင်းများစွာ သေကြေ ပျက်စီး ဆုံးရှုံးစေတဲ့၊ သန်းပေါင်းများစွာသော လူသားမျိုးနွယ်တွေကို အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့တဲ၊့     ကြမ်းတမ်း ခက်ထရော်လှတဲ့ မှော်သားနဲ့ အတိပြီးနေတဲ့ ။
"၀န်းကျင်တစ်ခုထဲက  မုန်တိုင်းစစ်မြေပြင်။ 
ဒီလှိုင်းတွေရဲ့  ထိုးစစ်ဒေသ၊ 
ဆူနာမီလို ရေအောက် ၀ံပုလွေအန္တရာယ်။ "
ဒီလို ရန်ဆူး ရန်စွယ် ထူပြောလှတဲ့ဒေသမှာ သမုဒရာ ၀မ်းတထွာအတွက် လာရောက် အလုပ်လုပ်ကိုင် ရုန်းကန်နေကြရတဲ့ ထောင်၊သောင်းချီတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေလည်း သဘာဝဘေးဒဏ်တွေရဲ့  သားကောင်တွေ ဘ၀နဲ့ ရုန်းကန်ရှင်သန်နေကြရသလို မိုးလေ၀သရဲ့  အတိုက်စားခံ ဓါးစာခံတွေ ဖြစ်ခဲ့ရတဲ့ ပင်လယ်ကမ်းခြေ ဘ၀စာမျက်နှာများရဲ့ လှိုင်းပုတ်သံတွေပါ။
၂၀၀၄ ဆိုနာမီမတိုင်ခင်က၊ ဒီဒေသမှာ မြန်မာရွေ့ပြောင်းအလုပ်သမားတွေအတွက် ပညာ ရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေး စတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေ မရှိခဲ့ပါဘူး။ ၂၀၀၅ ခုနှစ် အစပိုင်းကစပြီး ယခုအချိန်အထိ လုပ်ကိုင်ဆောင်ရွက်နေတဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေများစွာ ပေါ်ပေါက်လာခဲ့ပေမဲ့ အများစုဟာ ခုအချိန်မှာ အကြောင်းအမျိုး မျိုးနဲ့  ဆင်းရဲတွင်းက ထွက်ခွာသွားကျပေမဲ့ ခုအချိန်ထိ မြန်မာရွေ့ပြောင်းအလုပ်သမား ကလေးငယ် တွေရဲ့ပညာရေးကို တစိုက်မတ်မတ် ဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ မြန်မာအဖွဲ့အစည်းတစ်ခုကတော့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း။ 
ဖောင်ဒေးရှင်းရဲ့  လှုပ်ရှားမှုတွေဟာ ထိုင်းနိုင်ငံ၊ ဖန်းငဒေသတွင်းမှာ အလုပ်လုပ်ကိုင် နေ ထိုင် ရှာဖွေစားသောက်နေကြတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေရဲ့ဘဝကို ထင်ဟပ် ပေါ်လွင် စေပြီး မြန်မာ့အခြေခံ လူ့အဖွဲ့အစည်းနဲ့ မျိုးဆက်သစ် လူငယ်တွေရဲ့ ပညာရေးဟာ ကျနော်တို့ လူ့  အဖွဲ့ အစည်းအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတယ်ဆိုတာကို ပညာပေးရုပ်ရှင် ဇာတ်လမ်း တိုတစ်ကားကို ရိုက်ကူးပုံဖော်တဲ့အခါ။   
ဒီရုပ်ရှင်ဇာတ်လမ်းလေးကို မြန်မာနိုင်ငံက နာမည်ကျော်ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး က ကြီးကြပ်ရိုက်ကူးပြီး စွယ်စုံရအနုပညာရှင်နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဇာဂနာမှလည်း ၀န်းရံ ကူညီပံပိုးပေးခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်တွေအဖြစ် မြန်မာနိုင်ငံတွင်းမှာ လူမှုရေးလုပ်ငန်းတွေကို တက်တက်ကြွကြွ ဆောင်ရွက်နေကြတဲ့ ရုပ်ရှင်မင်းသားရဲတိုက်နဲ့ အဆို တော် မင်းသမီးချစ်သုဝေတို့ပါ။ သူတို့လေးတွေဟာ အလုပ်တာဝန်တွေများနေတဲ့ကြားက ၊ထိုင်း နိုင်ငံမှာ လာရောက်လုပ်ကိုင် ရုန်းကန် စားသောက်နေကြရတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးလေးတွေရဲ့ ပညာရေးအတွက် အနုပညာကြေးမယူဘဲ၊ အခမဲ့ရိုက်ကူးပေးခဲ့တဲ့ မေတ္တာဒါန ပါ။ ရုပ်ရှင်ဇာတ်ကားအကြောင်းကို လာရောက်သတင်းယူခဲ့တဲ့ VOA အကြီးတန်းသတင်းထောက် Mr.Ron Corben ဟာ ရိုက်ကွင်းမှာ ကိုယ်တိုင်တွေ့ ကြုံခဲ့တဲ့ မင်းသမီးလေးချစ်သုဝေနဲ့  ပတ်သက်ပြီး သူ့ရဲ့အမြင်ကလည်း အံ့သြ၀မ်းသာမှုတွေနဲ့ စိုစွတ်နေပါတယ်။
“ ကျနော့်အနေနဲ့ နှစ်ပေါင်းများစွာ သတင်းထောက်လုပ်ခဲ့တဲ့ အတွေ့အကြုံအရ၊ နိုင်ငံတကာ က နိုင်ငံရေး၊ခေါင်းဆောင်တွေ၊ လူ့ အခွင့်အရေးခေါင်းဆောင်တွေ၊ နိုင်ငံတကာရုပ်ရှင်မင်းသား၊ မင်းသမီး၊ အဆိုတော်ပေါင်း မြောက်များစွာကို၊ အင်တာဗျူးလုပ်ခဲ့ဖူးပါတယ်။ မြန်မာမင်းသမီးလေး အဆိုတော်ချစ်သုဝေကို အင်တာဗျူးရတာ ကျနော့်အနေနဲ့  တော်တော့်ကို စိတ်လှုပ်ရှားမိပြီး အားရ ကျေနပ်မှုဖြစ်ခဲ့ပါတယ် ဆိုတဲ့ စကားတွေထဲမှာ ရိုးသားတဲ့သံစဉ်တွေ လွင်နေပါတယ်။    ဆက်ပြီး သူ ပြောပြတာက သူမရဲ့စကားလုံးတွေဟာ သူမရဲ့ရင်ထဲက စီးဆင်းကျလာတာပါ။ ထိုင်းနိုင်ငံတွင်းမှာ နေထိုင်လုပ်ကိုင်စားသောက်နေကြတဲ့ သူမရဲ့ လူမျိုးတွေ နေထိုင်စားသောက် လုပ်ကိုင်နေတာ ကိုယ်တိုင်တွေ့မြင် ခံစားရတော့ သူမအနေနဲ့ ကြေကွဲထိခိုက်ဖြစ်မိပုံရပါတယ်။ ကျနော် လိုက်လံ ကြည့်ရှုခဲ့ဖူးတဲ့ ရိုက်ကွင်းတိုင်းလိုလိုမှာ မြန်မာရွေ့ပြောင်းအလုပ်သမားတွေနဲ့  ရင်းရင်းနှီးနှီး အကျွမ်း တ၀င် စကားပြောဆိုနေတာကို တွေ့ရတတ်သလို အလုပ်သမားတွေရဲ့ ကျန်းမာရေး၊ ပညာရေးကိစ္စ တွေကို မေးမြန်းစူးစမ်းလေ့ရှိပါတယ်။ အလုပ်သမားတွေနဲ့ စကားစမြည်ပြောဆိုပြီးတိုင်း သူမရဲ့ မျက်ဝန်းမှာ မျက်ရည်စတွေ အစဉ်တွဲခို နေတတ်ပါတယ်။ သူ့တို့ လူမျိုးအတွက်၊ ပညာရေး၊ ကျန်းမာ ရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုအတတ်နိုင်ဆုံး ကူညီဆောင်ရွက် ဖြည့်ဆည်းပေးချင်ပုံရပါတယ်။ ကျနော် သူမကို လေးစားချစ်ခင်စိတ်နဲ့  မြန်မာနိုင်ငံရဲ့ Angelina Jolie ခေါ်လိုက်ပါရစေ။”
မင်းသမီးချစ်သုဝေကို၊ရိုက်ကွင်းတိုင်းမှာ အနီးကပ် အကူအညီပေးနေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးဖောင်ဒေးရှင်းက၊ မချစ်စုလှိုင်ရဲ့  ရင်ထဲက ကျသက်လာတဲ့ စကားလေးတွေကလည်း ချစ်သုဝေဆိုတဲ့ မင်းသမီးလေးရဲ့  စာနာမှုပုံရိပ်လေးတွေကို ထင်ဟပ်စေပါတယ်။  “ တိုင်းခြားနိုင်ငံ ထဲမှာ ပင်ပန်းဆင်းရဲစွာ ရှာဖွေစားသောက်နေကြရတဲ့ မြန်မာအလုပ်သမားတွေရဲ့ အခြေအနေနဲ့ ကျမတို့အဖွဲ့အစည်းရဲ့လုပ်ငန်းတွေကို၊ ရှင်းပြတိုင်း အလုပ်သမားမိသားစုတွေရဲ့ ဘ၀တွေကို ပြောပြ တိုင်း၊ အမချစ်သုဝေယောက် ထိခိုက်ခံစားရပြီး ကြေကြေကွဲကွဲ၊ မျက်ရည်ကျတတ်ပါတယ်။ မြန်မာ နိုင်ငံထဲမှာ အမ ရနေတဲ့ အနုပညာကြေးတွေ၊ ကျော်ကြားတဲ့ရုပ်ရှင်ဇာမ်းလမ်းတွေကို ဥပက္ခောပြု လစ်လျူရှု၊ လက်လွှတ်အဆုံးရှုံးခံ၊ ထိုင်းနိုင်ငံကို လာရောက်ပြီး အဖွဲ့အစည်းအတွက် ကိုယ်ကျိုးတွေ စွန့် ၊ အနစ်နာခံ လာလုပ်ပေးတာပါ။ အခကြေးငွေမယူဘဲ လာရိုက်ပေးရတာ ပိုပြီး ဝမ်းသာတယ်။ ပိုပြီး အဓိပ္ပါယ်ရှိတယ်လို့  ပြောပြတဲ့ အမချစ်သုဝေရဲ့  မွန်မြတ်မှုကို ဘယ်သူ သာဓုမခေါ်ခေါ် ခေါ်ခေါ် မြန်မာရွေ့ ပြောင်းမိသားစုတွေရဲ့ သာဓုခေါ်သံတွေကတော့ ပင်လယ်ပြင်မှာ ပဲ့တင်ထပ်နေမှာ သေချာ လှပါတယ်။” 
“ မြန်မာနိုင်ငံက နိုင်ငံကျော်အနုပညာရှင်တွေ၊ ကျနော်တို့ အဖွဲ့အစည်းကို လာရောက်ပြီး အကူ အညီ ပေးတာ ကျနော်အနေနဲ့ အရမ်းကို ဝမ်းသာဂုဏ်ယူပါတယ်။ သူတို့တတွေကို လူသားဆန်တဲ့ အနုပညာရှင်တွေလို့ မြင်ပါတယ်။ အဓိကအားဖြင့် လူငယ်အနုပညာရှင်တွေ အနေနဲ့ မိမိတို့ ကျွမ်း ကျင်တဲ့ အနုပညာနဲ့ အခြေခံလူတန်းစား ပြည်သူလူထုတွေရဲ့ ပညာရေး၊ ကျန်းမာရေးတွေအတွက် အပင်ပန်း အဆင်းရဲခံ၊ အနစ်နာခံပြီး အနုပညာကြေးငွေ မယူဘဲ လာရောက်ကူညီတာဟာ ကျနော် တို့  အဖွဲ့အစည်းကို ကူညီတယ်ဆိုတာထက် ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာရွေ့ ပြောင်းအလုပ် သမား မိသားစုတွေရဲ့  ကလေးငယ်တွေ ပညာရေးအတွက် လာရောက်ပြီး အနုပညာနဲ့  အလုပ် အကျွေး ပြုကြတာလို့ ပဲ ထင်မြင်ယုံကြည်မိပါတယ်လို့ ” ပြောပြသွားတဲ့ ဒီရုပ်ရှင်ကားတိုလေးကို ထုတ်လုပ်မဲ့ ပညာရေးနဲ့  ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ရဲ့  စကားသံတွေထဲမှာလည်း ပီတီရွှန်းဝေနေတဲ့ လှိုဏ်သံတွေ မြည်ဟီးနေရှာပေါ့။
မြန်မာပြည်တွင်းမှာရော ပြည်ပမှာပါ၊ ပညာရေးလုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးဖို့ဆိုရင် ကျနော် တို့လူ့အဖွဲ့အစည်းမှာ မောင်ရဲတိုက်တို့၊ မချစ်သုဝေတို့လို အောင်မြင်ကျော်ကြားတဲ့ လူငယ် အနုပညာ ရှင်တွေ အများကြီးလိုအပ်ပါတယ်။ မြန်မာ့ အင်ဂျလီနာဂျူလီ လို့  ချစ်သုဝေကို တင်စားခေါ်ဝေါ်ရင်း ရဲတိုက်ကိုလည်း မြန်မာရွေ့ ပြောင်းတို့ ရဲ့စီဇာချားဗစ်လို့ဂုဏ်ပြုလိုက်ပါရစေ။
ရွေ့ ပြောင်းမြန်မာအလုပ်သမားမိသားစုများအတွက် မရွေ့ ပြောင်းသော မေတ္တာ၊ ကရုဏာ၊ စေတနာ များစွာဖြင့်။
မောင်လွမ်းနီ၊ခန့်ဇော် ပူးတွဲရေးသည်။
၁၇၊၀၅၊၂၀၁၂။
(စာကြွင်း။) မင်းသမီးချစ်သုဝေအား ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး Angelina Jolie နှင့် တင်စား ဖော်ပြခြင်းမှာ  Angelina Jolie အနေဖြင့် မြန်မာဒုက္ခသည်အရေးနှင့် ကမ္ဘာပေါ်ရှိအဖိနိပ်ခံပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေးနှင့် လူ့အခွင့်အရေးကိစ္စရပ်များအတွက် စွမ်းစွမ်းတမန် ဆောင်ရွက်နေသည့်အပေါ် ခိုင်းနှိုင်းရေးသာခြင်းဖြစ်ပါသည်။ (စာရေးသူ)
ေ၇ွ ပြောင်းတွေအပေါ် ထား၇ှိတဲ့ မေတ္တာစေတနာ ကရုဏာတရားတွေဟာလည်း ဘယ်တော့မှာ မရွေ့ပြောင်းမှာသေချာ။ မင်းသားလေးမောင်၇ဲတိုက်ကိုလည်း ကမ္ဘာ့ေ၇ွ့ ပြောင်းအလုပ်သမားတွေရဲ့ သူရဲကောင်း မက်စီကိုရွေ့ပြောင်းအလုပ်သမားသူရဲကောင်း Cesar Chavez လို့  တင်စားခြင်းဖြစ်ပါတယ်။
သုံးခွမြို့ နယ်တွင် လျှပ်စစ်မီးရရှိရေး ဆန္ဒပြတောင်းဆို
ရန်ကုန်တိုင်း သုံးခွမြို့နယ်တွင် လျှပ်စစ်မီးပြတ်တောက်သဖြင့်သုံးခွလူထုမှလျှပ်စစ်ရုံးရှေ့တွင်
လူအင်အားနှစ်ရာကျော်ခန့်ဖယောင်းတိုင်မီးထွန်းပြီး ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုကြပါသည်။
မီးရရှိချိန်အလွန်နည်းနေသဖြင့်ဖုန်းဆက်မေးမြန်းသောအခါ ၁၄ ရက်နေ့တွင် မြို့ပြည်သူလူထုမှလက်မှတ်ရေးထိုးဆန္ဒပြုသဖြင့် မီးပေးချိန်တစ်ဝက်ကိုလျှော့ချသည်ဟု
တာဝန်ရှိသူမှပြန်လည်ပြောကြားခဲ့ရာတွင် မြို့နေလူထုမှ ၁၇-၅-၂၀၁၂နေ့ ည၈နာရီကျော်ခန့်
တွင်ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်၊
မြို့ နေ ပြည်သူလူထုပေါင်းများစွာ လာရောက်ပူးပေါင်း ခဲ့ သဖြင့် ၁ နာရီခန်
့အကြာတွင် လျှပ်စစ်မီး ပြန်လည်ပေးခဲ့ ကြောင်းသိရပါသည်။
Myanmar News Now
လျှပ်စစ်မီး ရရှိရေး ဆန္ဒပြနေတဲ့ သုံးခွမြို့ ပြည်သူများ
ဖရောင်းတိုင်မီးများထွန်းညှိ ဆန္ဒပြ
လျှပ်စစ်မီးပြတ်တောက်မှုကို ဆန္ဒပြနေကြစဉ်
သုံးခွမြို့ နယ် လျှပ်စစ်ရုံး
ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ငြိမ်းချမ်းရေးဆု လက်ခံဘို့ နော်ဝေးနိုင်ငံသို့ခရီးထွက်တော့မည်
လာမဲ့ဂျွန်လ(၁၇)ရက်
နော်ဝေးနိုင်ငံမှာကျင်းပမဲ့နိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်မဲ့အခမ်းအနားကိုတက်ရောက်နိုင်ဘို့
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာဇွန်လ၁၅ရက်မှာနော်ဝေးနိုင်ငံရောက်ရှိ
မှာဖြစ်ကြောင်းနော်ဝေးသံတမန်သတင်းရပ်ကွက်ကတဆင့်စုံစမ်းသိရှိရပါတယ်။
အနှစ်(၂၀)ကျော်အတွင်းပထမဆုံးအကြိမ်ပြည်ပခရီးစဉ်အဖြစ်ဇွန်လ(၁၄)ရက်နေ့မြန်မာနိုင်ငံမှ
စတင်ထွက်ခွါလာမှာဖြစ်ပြီးနော်ဝေးနိုင်ငံမှာ၎ရက်ကြာနေထိုင်ပြီးနောက်အိုင်ယာလန်၊အင်္ဂလန်ကို
ခရီးထပ်ဆက်မယ်လို့သိရပါတယ်။
 “အော်စလိုကို၊ဇွန်လ၁၅ရက်နေ့ရောက်မယ်၊သူနဲ့လိုက်ပါလာတဲ့ NLD
အဖွဲ့ဝင်တချို့နဲ့အတူနော်ဝေးပါလီမန်ကိုလည်းလေ့လာမယ်၊မြန်မာနိုင်ငံသားတွေနဲ့လည်းတွေ့မယ်၊
၁၇ရက်နေ့နိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်မဲ့အခမ်းအနားကျင်းပပြီး၊ဆုလက်ခံမဲ့မြို့တော်ခမ်းမရှေ့မှာ
နော်ဝေးပြည်သူတွေနဲ့တွေ့ဆုံတဲ့အခမ်းအနားတခုထပ်လုပ်မဲ့အစီအစဉ်လည်းရှိပါတယ်” လို့အမည်မဖော်လိုတဲ့နော်ဝေးသံတမန်တယောက်ကပြောပါတယ်။
မကြာသေးခင်သီတင်းပတ်ကဘဲ၊နိုင်ငံကူးလက်မှတ်လက်ဝယ်ရရှိပြီဖြစ်တဲ့၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ(၁၈)ရက်နေ့အိုင်ယာလန်ကိုခရီး
ဆက်ပြီး၊သူရဲ့(၆၇)နှစ်မြောက်မွေးနေ့ကိုအင်္ဂလန်နိုင်ငံမှာကျင်းပမှာဖြစ်တယ်လို့သိရပါတယ်။
လွန်ခဲ့တဲ့ ဇွန်လ(၉)ရက်နေ့ကနေ(၁၅)ရက်နေ့အထိ နော်ဝေးနိုင်ငံဝန်ကြီးချုပ်ဟောင်း
မစ္စတာဘိုန်ဒယ်ဗစ် မြန်မာနိုင်ငံကိုသွားရောက်ခဲ့ပြီးသမ္မတဦးသိန်းစိန်အပါအပါအ၀င်
ဝန်ကြီးတချို့နဲ့တနာရီကြာတွေ့ဆုံဆွေးနွေးခဲ့သလိုဒေါ်အောင်ဆန်းစုကြည်နဲ့လည်းတွေ့ဆုံပြီး
နော်ဝေးနိုင်ငံခရီးစဉ်ကိစ္စုအပြီးသပ်ဆွေးနွေးခဲ့တယ်လို့လည်းသိရပါတယ်။ မစ္စတာဘိုန်ဒယ်ဗစ်
ရဲ့ရန်ကုန်ခရီးစဉ်အတွင်း၊NLDအဖွဲ့ချုပ်ခေါင်းဆောင်တွေနဲ့၊၈လေးလုံးမျိုးဆက်ကျောင်းသားတွေ၊
အပါအ၀င်နိုင်ငံရေးပါတီ၊တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့၊လူမှုရေးဆောင်ရွက်နေတဲ့
အဖွဲ့အစည်းတချို့နဲ့လည်းတွေ့ဆုံခဲ့ကြောင်းသိရပါတယ်။
၁၉၉၁ခုနှစ်ရဲ့ကမာ့္ဘငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်ရဲ့၊နော်ဝေးနိုင်ငံခရီးစဉ်၊
အသေးစိတ်ကိုဆွေးနွေးတိုင်ပင်နိုင်ဘို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးခွန်သာမြင့်ဟာ
အော်စလိုကို၊ဇွန်လ(၁၁)ရက်နေ့ကြိုတင်ရောက်ရှိမယ်လို့လည်းသိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့(၃)ရက်ကြာနော်ဝေးနိုင်ငံခရီးစဉ်အတွင်းသူ့ကိ၊ုတိုဒေါ့ဖ်ရပ်တို လူ့အခွင့်အရေးဆုချီးမြှင့်ခဲ့တဲ့နော်ဝေးနိုင်ငံရဲ့ဒုတိယမြို့တော် ဘာဂင် မြို့ကိုသွားရောက်ပြီ်းရပ်ဖ်တိုဖောင်ဒေးရှင်းမှပုဂ္ဂိုလ်တွေနဲ့လည်းတွေ့ဆုံဖို့ရှိတဲ့အပြင်၊
စတာဘန်ဂါမြို့ကိုလည်းသွားရောက်ပြီးစတာဘန်ဂါတက္ကသိုလ်ကချီးမြှင့်မဲ့ဂုဏ်ထူးဆောင်
ဆုရယူဘို့လည်းရှိတယ်လို့သိရပါတယ်။
နော်ဝေးနိုင်ငံဟာမြန်မာနိုင်ငံနဲ့၊ထဲထဲဝင်ဝင်ဆက်ဆံနေသလိုလွန်ခဲ့တဲ့လကစီးပွားရေး
ပိတ်ဆို့မှုတွေကိုရုတ်သိမ်းပေးပြီးနောက်၊မြန်မာအစိုးရခေါင်းဆောင်တွေနဲ့လွှတ်တော်
ကိုယ်စားလှယ်များတသုတ်ပြီးတသုတ်လေ့လာရေးခရီးအလည်အပတ်ရောက်လာကြ
တာကိုတွေ့ရပါတယ်။
ယခ္ခုရက်ပိုင်းအတွင်းပြည်သူ့လွှတ်တော်ဥက္ကဌသူရရွှေမန်းနဲ့အဖွဲ့၊တိုင်းရင်းသားလွှတ
်တော်ကိုယ်စားလှယ်တွေ၊NLD၊ NDF ပါတီကလွှတ်တော်ကိုယ်စားလှယ်တချို့နော်ဝေး
ပါလီမန်ကိုလာရောက်လေ့လာနေသလို၊လာမဲ့ဇွန်လ(၁၈)ရက်နေ့မှာပြည်ပစီးပွားရင်း
နှီးမြှပ်နှံမှုဥက္ကဌ၊စက်မှုဝန်ကြီးဗိုလ်ချုပ်စိုးသိန်းနဲ့ဝန်ကြီး(၉)ဦးပါအဖွဲ့လည်းနော်ဝေးနိုင်င
ံကိုလာရောက်လည်ပတ်မဲ့အစီအစဉ်ရှိတယ်လို့သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့နော်ဝေးနိုင်ငံခရီးစဉ်ကိုဥရောပရောက်မြန်မာများကလည်း
စိတ်ဝင်စားနေပြီး၊နော်ဝေးနိုင်ငံတ၀ှမ်းကမြန်မာနိုင်ငံသားတိုင်းရင်းသားတွေအပါအ၀င်၊
ဂျာမဏီ၊ပြင်သစ်၊ဆွီဒင်၊ဒိန်းမတ်၊နိုင်ငံတွေကမြန်မာ့နိုင်ငံရေးလှုပ်ရှားသူများလည်း
၊ဒေါ်အောင်ဆန်းစုကြည်ရဲ့အလည်အပတ်ခရီးစဉ်အတွင်းနော်ဝေးနိုင်ငံကိုလာရောက်
တွေ့ဆုံကြမှာဖြစ်ပါတယ်။
ကိုညို (နော်ဝေး)
နိုဘယ်လ်စင်တာ
နော်ဝေးဘုရင့်နန်းတော်
ဒေါ်အောင်ဆန်းစုကြည်သွားရောက်လေ့လာမည့်နော်ဝေးပါလီမန်
ဒေါ်အောင်ဆန်းစုကြည်နိုဘယ်လ်မိန့်ခွန်းပြောမဲ့အော်စလိုမြို့တော်ခမ်းမ
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအော်စလိုမှာဆန္ဒပြခဲ့စဉ်။
နောက်ဘက်မှာဒေါ်အောင်ဆန်းစုကြည်တည်းခိုမည့်Grandဟော်တယ်
 Myanmar News Now
ရှမ်းလမ်း ဂွဈေးမီးလောင်မှု ဆိုင်ခန်း ၂၃၀ ကျော် ဆုံးရှုံး
ဂွဈေးမီးလောင်မှု မြင်ကွင်းဓါတ်ပုံများ (ဓါတ်ပုံ-Myanmar News Now) ဓါတ်ပုံနှင့် ဗွီဒီယို - ကိုဖြိုး ရိုက်ကူးပေးပို့ ထားတာပါ။
ရန်ကုန်၊ မေ ၁၈
ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မကြီးကြီးလမ်းနှင့် ဗဟို လမ်းထောင့်ရှိ ရှမ်းလမ်းဈေး (ဂွဈေး) တွင် မေလ ၁၈ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်အချိန်က မီးလောင်မှု တစ်ရပ် ဖြစ်ပွားခဲ့ရာ တစ်နာရီကျော် ကြာမြင့်ခဲ့ပြီး ဆိုင်ခန်းပေါင်း ၂၃၀ ကျော် ဆုံးရှုံးခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။
ဖြစ်စဉ်မှာ ဈေးအိမ်သာ အနီး ဃရုံရှိ ခြင်ဆေးဘူး (Insect Killer) အပါအဝင် ကုန်ခြောက် ရောင်းချသည့် ဆိုင်တစ်ဆိုင်မှ စတင် ပေါက်ကွဲ လောင်ကျွမ်း ခဲ့သည်ဟု သိရှိရပြီး “စသိတဲ့ အချိန်ကနေ ငါးမိနစ်လောက် အတွင်းမှာတင် တစ်ဈေးလုံးကို မီးစွဲသွားပြီ” ဟု ရှမ်းလမ်းဈေး နောက်ဖက် မဟာသုခ လမ်းတွင် နေထိုင်သူ မျက်မြင်သက်သေ အချို့က ပြောကြားသည်။
အဆိုပါ မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ၂၃၃ ခန်း (ကာလတန်ဖိုး ခန့်မှန်းခြေ ကျပ် ၄၃၉ သိန်း) ဆုံးရှုံးခဲ့ရပြီး သားငါးတန်းရှိ ဆိုင်ခန်း ၈၅ ခန်းသာ မီးဘေးလွတ်ခဲ့ကြောင်း၊ ရှမ်းလမ်းဈေးတွင် ဆိုင်ခန်းပေါင်း ၃၁၈ ခန်း ရှိကြောင်း အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာသော စည်ပင်သာယာ ဌာနမှူး တစ်ဦးက ပြောကြားသည်။
“မီးအား အရမ်းကြီးတဲ့ အချိန်မှာ မီးသတ်ကား နှစ်စီးပဲ ရောက်သေးတာမို့ မနိုင်ဘူး ဖြစ်သွားတယ်။ နောက်မို့ဆို တစ်ဈေးလုံး ကုန်မှာ မဟုတ်ဘူး” ဟု မီးလောင်ကျွမ်းသွားသော ဆိုင်ခန်းပိုင်ရှင် တစ်ဦးက မချိတင်ကဲ ပြောဆိုသည်။
အဆိုပါ မီးလောင်မှု ငြိမ်းသတ်ရာသို့ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့် ဦးဆောင်သော တာဝန်ရှိသူများ လာရောက် ကြီးကြပ်ခဲ့ကြပြီး မြို့နယ်ပေါင်းစုံမှ မီးသတ်ယာဉ် ၃၉ စီးဖြင့် ငြိမ်းသတ်ခဲ့ကြရာ နံနက် ၂ နာရီခန့်တွင် လောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ခဲ့ပြီး ၂ နာရီ ၂၇ မိနစ်ခန့်တွင် မီးညွှန့်ကျိုးခဲ့သည်ဟု
The Voice Weekly (Facebook) စာမျက်နှာမှာဖော်ပြထားပါသည်။
လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စမှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ
လယ်မြေများသိမ်းပိုက်လုပ်ကိုင်နေသည့် ငါးကန်တခုအားတွေ့ ရစဉ် (ဓါတ်ပုံ-Google Images)
ဧရာဝတီတိုင်းဒေသကြီး အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ကစိုက်ပျိုးမြေများအားငါးကန်တူး ဖော်ခဲ့ဖြင့် တောင်သူ(၃၆)ဦးကလွှတ် တော်သို့ တိုင်ကြားမှုမှန်ကန်သဖြင့်  ငါးကန်တူး ဖော်ခြင်းကို ရပ်ဆိုင်းထား ခဲ့ပြီးအဆိုပါ တိုင်ကြားမှုအား လွှတ် တော်သို့တင်ပြထား ပြီဖြစ်ကြောင်း အဆိုပါ တိုင်ကြားမှု အားစစ်ဆေးခဲ့  သူပန်းတနော် အမှတ်(၁)မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးမန်းတင် ကဆိုသည်။
''စစ်ဆေးလို့တွေ့ရှိရတဲ့ အတိုင်းလွှတ်တော်ကိုပြန်တင်ပြပြီး ပါပြီ''ဟုပန်းတနော်အမှတ် (၁)မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ်ဦးမန်းတင်ကဆိုသည်။ အဆိုပါတိုင်ကြားမှုအား ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်က ဧပြီ(၄) ရက်နေ့ရက်စွဲ စာအမှတ် (၂၀၀/၁၂-၂(၃) လွှတ်တော်) ဖြင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်(၆)ဦးမှစုံစမ်းစစ်ဆေး ပန်းတ နော်မြို့နော်၊ကျုံတိုင်းကြီးကျေးရွာ အုပ်စုမှ တောင်သူ(၃၆)ဦးက ''စိုက် ပျိုးမြေတွင် ငါးကန်တူး ဖော်သဖြင့် တောင်သူ များ အလုပ်လက်မဲ့၊မြေ ယာမဲ့ဖြစ်ရခြင်း''အပေါ်လွှတ်တော် သို့တိုင်ကြား ခဲ့သည့်ကိစ္စအား ပန်းတနော်မြို့နယ် အမှတ်(၁)မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်မှစုံစမ်းစစ် ဆေးရာ တွင် မှန်ကန်ကြောင်းသိ ရ သည်။
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်မှတာဝန်ပေးမှုဖြင့် ပန်းတနော်အမှတ်(၁)လွှတ်တော် ကိုယ်စားလှယ ကလယ်သမားဦးသောင်းရှိန်(ကျုံခရမ်းရွာ၊ကျုံတိုင်းကြီးအုပ်စု)၊ လယ်သမား ဦးအုန်းငွေ (သဲကုန်းရွာ၊ ကျုံတိုင်းကြီးအုပ်စု)၊ လယ်သမား ဦး သန်းထွန်း(သဲကုန်းရွာ၊ကျုံတိုင်းကြီး အုပ်စု)၊  ရာအိမ်မှူး ဦးကြည်တင်(သဲ ကုန်းရွာ၊ကျုံတိုင်းကြီးအုပ်စု)တို့ကို တွေ့ဆုံစစ်ဆေးခဲ့ရာ- ကျုံတိုင်း ကြီး အုပ်စု၊ သဲကုန်းရွာနှင့်ကျုံခရမ်းရွာတို့ မှတောင်သူများမှာ ကွင်းအမှတ်(၅ ၉၉) အတွင်း ပြည်သူ့ကောင်စီ သက်တမ်း ကာလမှစ၍ စပါးနှင့်ဆောင်း သီးနှံများစိုက်ပျိုးခဲ့ကြောင်း၊၂၀၁၀ ခုနှစ်တွင် ပန်းတနော်အမှတ်(၂)လွှတ် တော်ကိုယ်စားလှယ်က ၄င်းကွင်း တွင်ငါးကန်တူးဖော်ခဲ့ပြီး အဆိုပါ ငါး ကန်မှာ တောင်သူ များ၏ စိုက်ပျိုးမြေ များပါရှိကြောင်း၊တောင်သူများမှ မြို့ နယ်အုပ်ချုပ်ရေး၊ မြေစာရင်းဦးစီးဌာန များသို့တင်ပြခဲ့ပြီးအဆိုပါဌာနများက ခေါ်ယူစစ်ဆေးခဲ့ကြောင်း၊ယခုလက် ရှိအထိစိုက်ပျိုး မြေဧက(၂၀)ခန့်ပါဝင် သွားပြီဖြစ်ကြောင်း စုံစမ်း စစ်ဆေး ရာတွင် တွေ့ခဲ့ ရကြောင်း သိရသည်။
ရန်ကုန်တိုင်းမ်
နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့
ရှေးခေတ်ကျည်(၉၇၁) တောင့်နှင့်လူရိုးစုတစ်စုတွေ့ရှိခဲ့သည့် နှစ်ပေါင်း ၁၅၀ နီးပါးရှိရေတွင်းအားတွေ့ရစဉ်
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၅လမ်းနှင့်၃၆လမ်းကြား၊၇၃လမ်းနှင့်ရ၄လမ်းကြား စင်္ကြာနွယ်စဉ်ရပ် ကစ္စနားပုဏ္ဍားဘုရားကျောင်းအနီး နှစ်ပေါင်း(၁၅၀)နီးပါးရှိ အများသုံးရေတွင်းအား မေ၁၆ရက်နံနက်ပိုင်းက ဆယ်ယူရှင်းလင်း ရာမှ ရှေးခေတ်ကျည်(၉၇၁) တောင့်နှင့်လူရိုးစုတစ်စုတွေ့ရှိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ အဆိုပါရပ်ကွက်နေ ပြည်သူများက နံနက်၆နာရီတွင် ရေတွင်းတူးဖော်ရာ မွန်းတည့်၁၂နာရီအရောက်တွင် ကျည်(၉၇၁)တောင့်နှင့်လူရိုးစုတစ်စုတွေ့ရှိခဲ့သည်။
ဒီရေတွင်းက ကျွန်တော်တို့  ဘိုးဘွားဘီဘင်တွေ လက်ထက်ကတည်းက  ရှိတာလို့သိရတယ် ကျွန်တော်အဖေတွေလက်ထက် လွန်ခဲ့တဲ့နှစ်(၅၀)လောက်က ရေတွင်းကို  တစ်ခါဆယ်ဖူးတယ် အဲဒီတုန်းက အနည်းငယ် လောက်ပဲ ဆယ်လိုက် ရတာ ရေထွက်ကောင်းလို့ ဆက်မဆယ်တော့ဘူးလို့ အဖေကပြောဘူးတယ်၊ ခုလည်းဒီရေတွင်းကို ကျွန်တော်ကိုယ်တိုင်ပါဝင်ပြီးဆယ်တာ တော်တော်အနက်ရောက်မှခုလိုမျိုး ကျည်တွေနဲ့ လူအရိုးစုတွေ့တာပါ  ဟု ရပ်ကွက် နေပြည်သူ တစ်ဦးက ဆိုသည်။
ရန်ကုန်တိုင်းမ်
သမ္မတ ဦးသိန်းစိန် ကျန်းမာရေး အခြေအနေ
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ရန်ကုန်မြို့ နေအိမ်မှာ ဒီကနေ့ နေ့လည်ပိုင်းက မူးလဲတာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ နေအိမ်မှာပဲ အနားယူနေပြီလို့ သိရပါတယ်။ အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။
နေပြည်တော်ကနေ ဒီကနေ့ မေလ ၁၇ ရက်ကြာသာပတေးနေ့မှာ ရန်ကုန်အိမ်ကို ပြန်လာခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ဟာ နေ့လည်ပိုင်းက နေအိမ်မှာ မူးလဲခဲ့တယ်လို့ အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက သိရပါတယ်။ အခုတော့ နေအိမ်မှာပဲ အနားယူနေတယ်လို့ ပြောပါတယ်။
အသက် ၆၈ နှစ်အရွယ်ရှိနေပြီ ဖြစ်တဲ့ သမ္မတဦးသိန်းစိန်ဟာ အစကတည်းက နှလုံးနဲ့ ဆီးချို ဆိုင်ရာ ကျန်းမာရေး အားနည်းမှုတွေ ရှိနေတဲ့သူဖြစ်ပြီးအခု တိုင်းပြည်ရဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ စိတ်ရောကိုယ်ပါ ပင်ပန်းနေချိန်မို့ အခုလို ဖြစ်ခဲ့တာလို့လည်း နီးစပ်တဲ့ အသိုင်းအ၀ိုင်းက မှတ်ချက်ပေးပါတယ်။
ပုံမှန်ဆိုရင် ဒီကနေ့ မေလ ၁၇ ရက်ကြာသာပတေးနေ့မှ နေပြည်တော်မှာ ကျင်းပမယ့် အစိုးရအဖွဲ့ အစည်းဝေးကို မနေ့ မေလ ၁၆ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ တရက်ကြိုလုပ်ခဲ့အပြီး သမ္မတ ဦးသိန်းစိန်ဟာ ရန်ကုန်အိမ်ကို ပြန်လာခဲ့တာဖြစ်ပါတယ်။
မနေ့ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ အစိုးရအဖွဲ့အစည်းဝေးတွင်းမှာ ကျန်းမာရေးကြောင့် ရာထူးကနေ အနားယူဖို့ နှုတ်ထွက်စာတင်ထားတဲ့ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးရဲ့ ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ ၁၉၈၈ ခုနှစ် နိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက် ကက ကြည်းတပ်မှာ စစ်ဦးစီး ဗိုလ်မှူးကြီး ရာထူးကနေ ၂ဝဝ၅ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအထိ ရာထူး တိုးမြှင့်ခံခဲ့ရပါတယ်။ ယခင်အစိုးရ လက်ထက်က ၀န်ကြီးချုပ်အဆင့်ထိ ရာထူး တိုးမြင့်လာခဲ့သူဖြစ်ပါတယ်။ ၂၀၁၁ ပြည့်နှစ် မတ်လက စပြီးအခုချိန်ထိ နိုင်ငံတော်သမ္မတ အဖြစ် တာဝန်ယူ ထမ်းဆောင်နေသူ ဖြစ်ပါတယ်။
နှလုံးခုန်နှုန်းကို ထိန်းညှိပေးတဲ့ စက်တပ်ထားရတဲ့ သမ္မတ ဦးသိန်းစိန် မူးလဲတယ်ဆိုတဲ့သတင်းနဲ့ တဆက်ထဲ သမ္မတရဲ့ ကျန်းမာရေး အခြေအနေနဲ့ ဒီလိုမူးလဲတာဟာ ကျန်မာရေးအရ ဘယ်လောက် စိုးရိမ်စရာဖြစ်သလဲ ဆိုတာကို ဆရာဝန်တွေနဲ့ မေးထားတဲ့ မစုမြတ်မွန်က ဆက်ပြီးတော့ တင်ပြပေးထားပါတယ်။
အသက် ၆၈ နှစ်ထဲမှာရောက်နေတဲ့ သမ္မတဦးသိန်းစိန်ဟာ အများသိကြတဲ့အတိုင်း နှလုံးခုန်နှုန်းကို ထိန်းညှိပေးရတဲ့စက် Pacemaker တပ်ထားရသလို Stent ထည့်ပြီး နှလုံးသွေးကြောကိုလဲ ချဲ့ထားရသူ ဖြစ်ပါတယ်။ ဆီးချိုရောဂါလဲ ရှိတဲ့သူတယောက်ဖြစ်ပါတယ်။ ခုလို ကျန်းမာရေး အခြေအနေရှိနေသူ တယောက်အနေနဲ့ မူးလဲတယ်ဆိုတာ ဘယ်လောက် စိုးရိမ်စရာ ဖြစ်သလဲဆိုတာကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ယမုန်နာ အခမဲ့ဆေးခန်းက ဆရာဝန် ဒေါက်တာ တင့်ဆွေကို မေးကြည့်ပါတယ်။
"ကျန်းမာရေး နောက်ခံအရပေါ့လေ သူ့မှာ Pacemaker ခေါ်တဲ့ နှလုံးခုန် ထိန်းစက် တပ်ထားတဲ့အချက်က အရေးကြီးတယ် ခင်ဗျ။ ဆီးချိုဆိုတာကတော့ ရေရှည် ထိန်းလို့ ရတယ်။ နောက် အသက်အရွယ်ကလည်း ၆၈ ဆိုတော့၊ အလွန်အအိုကြီးတော့ မဟုတ်ဘူးပေါ့လေ။ အဓိက နှလုံးရောဂါနဲ့ ပတ်သက်တဲ့ဟာက အရေးကြီးတယ်လို့ ကျနော် ယူဆပါတယ် ခင်ဗျ။ သူ့ရဲ့ နှလုံးက Pacemaker ဆိုတဲ့ နှလုံးခုန် ထိန်းစက် တပ်ထားတဲ့ ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ နှလုံးကိုယ်က အခြေခံ မကောင်းလို့ ဖြစ်တယ်။ နှလုံးခုန်နှုန်းမှာ ပြဿနာ ရှိတယ်ခင်ဗျ။ ဒါကြောင့်လည်း သူ ရာသက်ပန် ဒီစက်ကို တပ်ထားကြရတာ။ အဲဒီလို တပ်ထားတဲ့သူတွေဟာ အမြဲတမ်း ကျန်းမာရေးနဲ့ ပတ်သက်ရင် တော်လျှောက် စစ်ဆေးမှုနဲ့ ရှောင်ကျဉ်ရမယ့် အရာတွေက ရှိတယ်ခင်ဗျ။ ဒါကြောင့်လည်းပဲ အခုဖြစ်သွားနိုင်တာက ဒီ Pacemaker တပ်ထားတဲ့သူဟာ မူးသွားတယ်၊ အသက်ရှု ခက်သွားတယ်၊ ရင်ဘတ် အောင့်သွားတယ်၊ သတိရုတ်တရက် မကြည်မလင် ဖြစ်သွားတဲ့ဟာတွေက ဖြစ်တတ်တယ် ခင်ဗျ။
အဲဒီလို တပ်ထားတဲ့ ပုဂ္ဂိုလ် တယောက်ဟာ ရုပ်ပိုင်းရော၊ စိတ်ပိုင်းရော ဖိအားတွေကတော့ သာမှန်လူတွေနဲ့စာရင် သူက အဓိက ဆင်ခြင်ရမယ့် ပုဂ္ဂိုလ်တွေ ဖြစ်တယ်ခင်ဗျ။ ဒါကြောင့် သူ့မှာ ဆင်ခြင်စရာတွေရှိတယ်။ ဒီဆင်ခြင်စရာထဲက တခု လွဲချော်သွားလို့ ဒီလိုဖြစ်တာဆိုရင်တော့ မပြောနိုင်ပဲနဲ့ တကယ်လို့ နှလုံးရဲ့ အခံနဲ့ စိတ်ဖိအား၊ ရုပ်ဖိအား ပြင်းထန်လွန်းလို့ ဒီ စက်က မနိုင်တာ၊ နှလုံးက အလုပ် မလုပ်နိုင်တာ ဆိုရင်တော့ ဒါဟာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေ တရပ်ပဲ ဖြစ်ပါတယ်။"
မေး။ အခုလိုမျိုး လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေနဲ့ ဒီ Stress သိပ်များတယ်ပေါ့လေ ဆရာပြောချင်တာကတော့၊ အဲဒီလို အခြေအနေမျိုးမှာ သမ္မတ အနေနဲ့ ရှေ့ဆက်ပြီးတော့ သူ့တာဝန်တွေ ထမ်းဆောင်နိုင်ဖို့ အလားအလာရော၊ ဆက်ပြီးတော့ ထမ်းဆောင်နိုင်ဖို့ရော ဖြစ်နိုင်သေးလား ဆရာ။
ဖြေ။ "ကျနော် ဆရာဝန်တယောက်အနေနဲ့ ခန့်မှန်းတာကတော့ သူ ဒီစက်ကီရိယာ တပ်ထားတာ ကလည်း နှစ်ရှည်နေပြီ။ သူလုပ်ကိုင်ရတဲ့ အလုပ်ကတော့ အရင်လည်းပဲ ကြီးကျယ်တဲ့၊ အရေးကြီးတဲ့ နေရာမှာ လုပ်ခဲ့ဖူးသား ဆိုတော့ အတွေ့အကြုံကတော့ ရင့်ကျက်ပြီးသားလို့ ကျနော် ယူဆပါတယ် ခင်ဗျ။ သို့သော်လည်း ဖြစ်ပေါ်မှုတွေ အပေါ်မှာ စက်ကီရိယာက တပ်ထား၊ ကျန်းမာရေး ချို့ယွင်းနေတဲ့ လူတယောက်အနေနဲ့ ကတော့ လိုက်မှီအောင်ပေါ့လေ၊ ရုပ်ပိုင်း စိတ်ပိုင်း လိုက်မှီအောင် လုပ်နိုင်ရင်တော့
ကိစ္စမရှိဘူးပေါ့လေ။ သို့သော်လည်း ကျနော် ယူဆတာက ဒီလို ပုဂ္ဂိုလ်တယောက်ဟာ၊ ဒီလို အမျှော်အမြင် ကြီးကြီးနဲ့ ရှေ့လုပ်နိုင်အောင် သူ ပြင်ဆင်ထားပြီးသား ဖြစ်နိုင်ပါတယ်။"
ဒေါက်တာ တင့်ဆွေဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန် စင်္ကာပူနိုင်ငံကို ဇန်န၀ါရီလကုန်မှာ သွားခဲ့စဉ်တုန်းက နှလုံးခုန် နှုန်းထိန်းညှိုစက်ကို အသစ်လဲ တပ်ခဲ့တယ်လို့လဲ သိရပါတယ်။ မြန်မာနိုင်ငံမှာ အရပ်သား အစိုးရအဖြစ် ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ တက်လာချိန်ထဲက သမ္မတ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့ကို ဖွဲ့စည်းထားပါတယ်။
ဒီအဖွဲ့ကို ကျန်းမာရေးဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ခေါင်းဆောင်ပြီး၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီး လူနာဆောင် ၁၇-၁၈ က ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ နှလုံးဆေးကုဌာန တွဲဖက် ပါမောက္ခ ဒေါက်တာမြင့်စိုးဝင်း၊ မင်္ဂလာဒုံ စစ်ဆေးရုံကြီးက နှလုံးဆေးကုသမှုတပ်မှုး ဗိုလ်မှုးချုပ် တင်မောင်အေး၊ ဆေးဝန်ထမ်းတပ်ဖွဲ့ နှလုံးရောဂါ ကုသရေးပါရဂူ ဗိုလ်မှုးသန်းထွန်းတို့က သမ္မတဦးသိန်းစိန်ရဲ့ ကျန်မာရေးကို စောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။ နှလုံးရောဂါ ကုသရေးပါရဂူ ဗိုလ်မှုးသန်းထွန်းကတော့
သမ္မတအိမ်တော်မှာကိုနေပြီး အနီးကပ် ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတာဖြစ်ပါတယ်။
သမ္မတရဲ့ ကျန်းမာရေးသတင်းနဲ့ ပတ်သက်ပြီးတော့ - နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြန်ကြားခဲ့ပါတယ်။
"ဖြစ်စဉ်ကတော့ နေ့လည် (၃) နာရီဝန်းကျင်မှာ စထွက်လာတဲ့ သတင်း ဖြစ်ပါတယ်။ ဘယ်သူက ဘယ်လို စလိုက်သလဲတော့ မသိပါဘူး။ ကျွန်တော်တို့ဆီကိုလည်း အသိမိတ်ဆွေများ၊ သတင်းမီဒီယာလောကမှ ပုဂ္ဂိုလ်များ ဖုန်း ဆက်ပြီး တောက်လျှောက် မေးကြပါတယ်။ အဖြစ်မှန်ကတော့ လုံးဝ မဟုတ်ပါဘူး။ ကျွန်တော့် FB Wall မှာလည်း ဒီ သတင်း မှားယွင်းကြောင်း တင်ထားပါတယ်။ အတော်များများက စိုးရိမ်တကြီး မေးကြတာ တွေ့ရပါတယ်။ ကျွန်တော့်အနေနဲ့ ခိုင်ခိုင်မာမာ ပြောကြားလိုတာကတော့ သမ္မတကြီး ကျန်းကျန်းမာမာနဲ့ ရှိနေပါတယ်။ ကျန်းမာရေး ကောင်းပါတယ်။ ဘာမှမဖြစ်ပါဘူး။ ဖုန်းဆက်၊ Message တွေ ပို့ပြီး စိုးရိမ်တကြီး မေးကြတဲ့သူတွေ အားလုံးကို နိုင်ငံတော်သမ္မတကြီး ကိုယ်စား ကျေးဇူးဥပကာရ အထူးပဲ တင်ရှိကြောင်း ပြောကြားလိုပါတယ်" လို့ သမ္မတရုံး ဦးဇော်ဌေးက ဖြေကြားခဲ့ပါတယ်။
 By VOA (မြန်မာပိုင်း)
ရွှေတောင်ပေါ်မှာ ကျတဲ့မျက်ရည်
၁။      မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသ
ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းကို 16-9-2011 ရက်နေ့တွင်
အမှတ်(၂)သတ္တုတွင်းလုပ်ငန်းနှင့် အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စု
ကုမဏီလီမိတက်တို့ အကျိုးတူပူးပေါင်းဆောင်ရွက်ရ် သဘောတူစာချုပ်
ချုပ်ဆိုခဲ့ပါသ်။ ထိုစာချုပ်အရ လုပ်ကွက်ဧရိယာ (6105) ဧကကို (၅နှစ်
သက်တမ်းလျှင် (5.577)တန် နိုင်ငံတော်သို့ ပေးဆောင်ရမည် ဖြစ်ပါသည်။
၂။      အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စုကုမဏီသည် နိုင်ငံတော်နှင့်
အကျိုးတူစာချုပ်ချုပ်ဆိုပြီနောက် ဒေသခံမိတ်ဖက်ကုမဏီငယ်လေးများနှင့်
လက်အောက်ခံ အသေးစားရွှေလုပ်ငန်းရှင်များ ၄င်းတို့အားမှီခိုလုပ်ကိုင်နေသော
ရွှေလုပ်သားများအား မိမိတို့လုပ်ကိုင်ခွင့် သက်တမ်းကာလတစ်လျှောက်
လက်တွဲခေါ်ဆောင် သွားမည်ဟု ဒေသခံအာဏာပိုင်များ၏ ရှေ့မှောက်တွင်
ကတိက၀တ်ပြုခဲ့ကြပါသည်။
၃။      မိုးထိမိုးမိဒေသ၊ ထုံးကြီးတောင်ရွှေစင်အပါအ၀င်
လုပ်ကွက်ဧရိယာတစ်ခုလုံးကို သေးစား ရွှေထုတ်လုပ်မှုဇုန်(၁)မှ
(၁၂)ထိခွဲခြားသတ်မှတ်ပြီး အသေးစားရွှေကြိတ်စက်လုပ်ငန်းလိုင်စင်များ
ထုတ်ပေးခြင်း နှင့် ရွှေသတ္တုတူးဖော်ထုတ်လုပ်ရန် Adit နှင့် လေးပေအင်းများ
အမှတ်စဉ် (၁)မှ (၁၀၀၀)ကျော်ထိ အင်းနံပါတ်များ
ပေးပြီးလုပ်ကိုင်စေခဲ့ပါသည်။ ထိုသို့ လုပ်ကိုင်ရာတွင် ကုမဏီမှ
တစ်စုံတစ်ရာသော အထောက် အပံ့မရဘဲ မိမိတို့ ကိုယ်ပိုင်အရင်းအနှီး
ငွေကြေးအကုန်အကျခံပြီး လုပ်ကိုင်ခဲ့ကြရပါသည်။
၎။      ရွှေလုပ်သားတို့၏ အသက်အန္တရာယ်၊ လုပ်အားငွေအရင်းအနှီးစိုက်ထုတ်ပြီ
ရရှိလာသော ရွှေသတ္တုဗြုန်းများမှ (၅၀%)ကို ကုမဏီသို့ ပေးဆောင်ရသည်။ ဇုန်(၈)
ထုံးကြီးတောင်လုပ်ကွက်တွင် ရွှေလုပ်သား ထုတ်လုပ်ရရှိလာသော ဗြုန်းကို
အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စုကုမဏီအား တစ်ပုံ၊ မိတ်ဖက်ကုမဏီဟုခေါ်သော
တာဝန်ခံကုမဏီအားတစ်ပုံနှင့် ရွှေလုပ်သားတစ်ပုံသာ ခံစားခွင့်ရရှိပါသည်။
၅။      အသေးစားရွှေလုပ်ငန်းရှင်များနှင့် ရွှေလုပ်သားများသည်
ကုမဏီလုပ်ပိုင်ခွင့်ရသော သက်တမ်းကာလ တစ်လျှောက် အတူလက်တွဲပြီး
လုပ်ကိုင်ခွင်ရရှိလိမ့်မည်ဟု ယုံကြည်မျှော်လင့်ချက်ဖြင့် ရှိစု၊ မဲ့စု
မိမိတို့ ပိုင်ဆိုင်ကြသော အိမ်၊ ခြံ၊ ယာ၊ မြေ၊ ကျွဲ၊ နွားပါမကျန်
ပေါင်နှံရောင်းချပြီး အသေးစားရွှေကြိတ်စက်များ ထူထောင်ခြင်း၊ Adit နှင့်
လေးပေအင်းများကို Mineing စနစ်ဖြင် ရေရှည်တည်တန့်ခိုင်မြဲအောင်
လုပ်ကိုင်ခြင်း တို့ဖြင့် ရင်းနှီးမြှုပ်နှံခဲ့ကြပါသည်။
၆။      (5-1-2012)ရက်စွဲပါနေ့တွင် ရွှေလုပ်သားများဖက်မှ တစ်စုံတစ်ရာသော
စည်းကမ်းဖောက်ဖျက်ခြင်း မရှိခဲ့ပါလျှက်နှင့်
အသေးစားရွှေထုတ်လုပ်ငန်းအားလုံးရပ်ဆိုင်းပြီး နိုင်ငံတကာအဆင့်မှီ Mine
Town စီမံကိန်းနှင့် အကြီးစားရွှေထုတ်လုပ်ငန်းအသွင်ကူးပြောင်းပြီး
လုပ်ဆောင်မည့်အကြောင်း ကုမဏီ၏ ရွှေသတ္တု ထုတ်လုပ်မှုဇုန်တာဝန်ခံ (ခေါ်)
မိတ်ဖက်ကုမဏီများမှ တစ်ဆင့် အကြောင်းကြားခဲ့ပါသည်။
၇။      ရွှေလုပ်သားများသည် ကုမဏီနှင့်အတူလက်တွဲလုပ်ကိုင်စဉ်
(၇)လတာအချိန်အတွင်း အသေးစားကြိတ်စက်များတည်ရန် မြေညှိခြင်း၊
လမ်းဖောက်ခြင်း၊ အဆောက်အဦးဆောက်လုပ်ခြင်း၊ စက်ယန္တရားများ တပ်ဆင်ခြင်း
စသည့် လုပ်ငန်းများနှင့် ရွှေသတ္တုထုတ်လုပ်နိုင်ရန် Adit နှင့်
လေးပေအင်းများ ဖေါက်ပြီး ရွှေသတ္တုရှာဖွေခြင်း၊
ရေရှည်ခိုင်ခန့်အောင်ပြုပြင်ထိန်းသိမ်းခြင်း စသောလုပ်ငန်းများ
လုပ်ကိုင်နေချိန် ဖြစ်ပြီး တစ်စုံတစ်ရာသော အကျိုးခံစားခွင့်မရရှိကြသေးပါ။
၈။      လုပ်ငန်းအားလုံးရပ်ဆိုင်းလိုက်ရသောကြောင့်
မိမိတို့နေရပ်ပြန်မည်ဆိုလျှင်လည်း နေစရာ အိမ်ခြံဝန်းမရှိ၊ မိမိတို့ဒေသမှာ
လုပ်ကိုင်စားသောက်မည်ဆိုလျှင်လည်း လယ်ယာကျွဲနွားမရှိ “နွေခေါင်ခေါင်
ကျောက်စရစ်ကုန်းပြောင်ပြောင်မှာ အတောင်ကျွတ်သော ကြိုးကြာငှက်
ရေရှာရန်ခက်သည့်ပမာ” မှီခိုအားထား ရာမဲ့သော ဘ၀အခြေအနေသို့
ဆိုက်ရောက်နေကြရပါသည်။
၉။      သို့ဖြစ်ပါ မိုးထိမိုးမိဒေသ ရွှေလုပ်သားတို့၏ ဘ၀ဖြစ်ပုံအလုံးစုံကို
သိရှိနားလည်ခံစားပြီး လူသားအချင်းချင်း စာနာထောက်ထားသောစိတ်ဖြင့်
ဌာနဆိုင်၇ာအကြီးအကဲများမှတဆင့် ဝေဖန်သုံးသပ်ပြီး
ကူညီဖြေရှင်းပေးနိုင်ပါ၇န် တင်ပြအပ်ပါသည်။
 ဦးသိန်းမြင့်(ခ)ဆရာကျောင်း
 5/မရန(နိုင်) 103540
 ရွှေလုပ်ငန်းလုပ်ကိုင်သူ၊ ထုံးကြီးတောင်လုပ်ကွက်၊
မိုးထိမိုးမိဒေသ
အောင်ပန်းမြို့တွင် မိုးပြာဂိုဏ်းခေါင်းဆောင် ဦးဥတ္တမ (ဦးဥာဏတပည့်ရင်း) အား လူဝတ်လဲ
မိုးပြာဂိုဏ်း(အဓ္ဓမ၀ါဒီ)
ခေါင်းဆောင် ဦးဥာဏ ၏တပည့်ရင်းဖြစ်သူ ဦးဥတ္တမ လူဝတ်လဲပြီးတွေ့ ရစဉ်
မိုးပြာဂိုဏ်း(အဓ္ဓမ၀ါဒီ)
ခေါင်းဆောင် ဦးဥာဏ ၏တပည့်ရင်းဖြစ်သူ ဦးဥတ္တမ လူဝတ်လဲနေစဉ်
(၁၆-၅-၂၀၁၂)ရက် ည(၈း၀၀)နာရီအချိန်  ရှမ်းပြည်နယ်တောင်ပိုင်း၊
အောင်ပန်းမြို့၊ အမှတ်(၁)ရပ်ကွက်တွင် နေထိုင်သော ဒေါ်နွဲ့နွဲ့ဌေး နေအိမ်တွင်
(၁၃-၅-၂၀၁၂)ရက်နေ့ကတည်းက ရောက်ရှိနေသော မိုးပြာဂိုဏ်း(အဓ္ဓမ၀ါဒီ)
ခေါင်းဆောင် ဦးဥာဏ ၏တပည့်ရင်းဖြစ်သူ ဦးဥတ္တမ(၁၂/မဂဒ(သ)၀၀၀၉၅၆)
ရွှေဥမင်ဓမ္မသုခကျောင်း၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး နေသူအား
 မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်များက  အောင်ပန်းမြို့ မြို့မပြင်သာ
 ကျောင်းတိုက်သို့ခေါ်ဆောင်ပြီး ...နိုင်ငံတောသံဃမဟာနာယကအဖွဲ့၏ 
ညွှန်ကြားလွှာအမှတ်(၉၅)(၀ိ-မှုခင်းလုပ်ထုံး) နှင့်အညီ...လုပ်ကိုင်ဆောင်ရွက်
ခဲ့ပါသည်။
 မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်တို့မှလည်း....ပြည်နယ်သံဃနာယက
အဖွဲ့ဆရာတော်၏ ညွှန်ကြားချက်အရလည်းကောင်း၊ ပြည်နယ်သာသနာရေး
ဦးစီးဌာန၏လျှောက်ထားချက်အရလည်းကောင်း၊ မြို့နယ်သာသနာရေးဦးစီး
ဌာနနှင့် ပူးပေါင်းကာ အောင်ပန်းမြို့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး
 ဦးဆောင်ကာလည်းကောင်း၊    အဆိုပါ အဓ္ဓမ၀ါဒီမိုးပြာဂိုဏ်းခေါင်းဆောင်
ဦးဥတ္တမ  အား လူဝတ်လဲပေးလိုက်ကြောင်း သိရပါသည်။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့  ဗဟိုဌာနချုပ်မှ ညွှန်ကြားလွှာအမှတ်(၉၅)
အရ နိုင်ငံတော် ၀ိနည်းဓိုရ်အဖွဲ့အမှတ်(၁၇/၂၀၁၁)က    မိုးပြာဝါဒသည်
 အဓ္ဓမ၀ါဒ  ဟုဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။
 မိုးပြာဝါဒခေါင်းဆောင် ဦးဥာဏ သည် သံဃအဖွဲ့အစည်းဆိုင်ရာ ဥပဒေဖြင့်
လည်းကောင်း၊ ပြစ်မှုဆိုင်ရာဥပဒေဖြင့်လည်းကောင်း   အပြစ်ဒဏ်ကျခံနေ
ရပြီးဖြစ်ကြောင်း သိရှိရပါသည်။
သို့ဖြစ်၍  ၄င်း ဦးဥာဏ၏ တပည့်ရင်းဖြစ်သူ  ဦးဥတ္တမ   ကိုလည်း
လူဝတ်လဲပြီးနောက်  သံဃအဖွဲ့ အစည်းဆိုင်ရာဥပဒေဖြင့်လည်းကောင်း၊
  ပြစ်မှုဆိုင်ရာဥပဒေဖြင့်လည်းကောင်း ပြစ်မှုဆိုင်ရာဥပဒေ
ပုဒ်မ-၂၉၅(က) အရ  ဘာသာသာသနာကို စော်ကားစေမှုအဖြစ် အရေးယူ
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း   သတင်းရရှိပါသည်။
Myanmar News Now
 လူဝတ်လဲခဲ့ရသော မိုးပြာဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဥတ္တမက
ပူးတွဲဖေါ်ပြပါ နိုင်ငံတော်သံဃနာယက၏ဆုံးဖြတ်ချက်အား သံဃနာယက၏
မိမိအပေါ်စွပ်စွဲမှုသက်သက်သာ ဖြစ်ကြောင်း ပျက်ရယ်ပြုခဲ့သည်။ ဖေါ်ပြပါစာသည် ၁၂.၇.၂၀၁၀
တွင်ထုတ်ပြန်ခဲ့သော စာဖြစ်သည့်အပြင် ၂ နှစ်ကြာသည်အထိ သံဃနာယကမှ
မိမိကိုခေါ်ယူခဲ့ခြင်းမရှိသည့်အတွက် ထိုစာများသည်
မိမိအားမိုးပြာဟုသတ်မှတ်ရန် အကြုံးဝင်မှုလုံးဝမရှိ သူတို့(သံဃနာယက) ရဲ့
စွပ်စွဲမှုသက်သက်သာ ဖြစ်ပါသည်ဟုပြောဆို ပျက်ရယ်ပြုခဲ့ကြောင်း
ထပ်မံသတင်းရရှိပါသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပညာရေးမှူးရုံးတွင် ဘ/က ကျောင်းဆရာဆရာမများ ဆန္ဒပြတောင်းဆိုမှုဖြစ်ပွား
၂၀၁၂ မေလ (၁၆)ရက်နေ့ နေလည်ပိုင်းက ရန်ကုန်တိုင်း ဒဂုံမြို့သစ်
(တောင်ပိုင်း)မြို့နယ် ပညာရေးမှူးရုံးတွင် ဘ/က
ကျောင်းဆရာဆရာမများ ဆန္ဒပြတောင်းဆိုမှုဖြစ်ပွား ခဲ့ကြောင်းသိရပါသည်။
ဂျပန်နိုင်ငံ JICA အဖွဲ့မှ ပံပိုးကူညီမှုဖြင့် မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန၏
 စီစဉ်ညွှန်ကြားမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)
 မြို့နယ်အတွင်းရှိ မူလတန်းပြဆရာ၊ ဆရာမများအား CCA (Child Centre
Approch) သင်တန်းကို ဒဂုံတောင် အထက(၂) တွင် မေလ (၁၂)ရက်နေ့မှ
စတင်ကာ သင်ကြားပို့ချပေးပါသည်။
အဆိုပါသင်တန်းသို့ အစိုးရမူလတန်းကျောင်းများမှ ဆရာ၊ ဆရာမပေါင်း
(၃၀၀)ကျော်နှင့် ဘ/ကကျောင်းများမှ သီလရှင်ဆရာကြီးများ၊ ဆရာ/ဆရာမပေါင်း
(၄၀)ကျော်တို့ တက်ရောက်သင်ကြားကြပါသည်။
CCAနည်းလမ်းဖြင့် လာမည့်ပညာသင်နှစ်တွင် မူလတန်းကျောင်းများတွင် လက်တွေ့
သင်ကြားကြရန် ပညာရေးဝန်ကြီးဌာနက လမ်းညွှန်ချက်ထုတ်ပြန်ထားသောကြောင့်
 အဆိုပါသင်တန်းသည် အရေးပါသောသင်တန်းတစ်ခုဖြစ်သည်ဟု ဆိုပါသည်။
ယင်းသင်တန်းသို့ ဘ/ကကျောင်းမှ ဆရာ/ဆရာမများလည်း တက်ရောက်သင်ကြားရ
မည်ဟု မြို့နယ်ပညာရေးမှူးက မြို့နယ်ဘ/ကကြီးကြပ်ရေးမှူး ဥက္ကဋ္ဌဆရာတော်ထံ
 တရားဝင် အကြောင်းကြားသောကြောင့် ဥက္ကဋ္ဌဆရာတော်က ဒဂုံမြို့သစ်(တောင်ပိုင်း)
တွင် တရားဝင်ဖွင့်လှစ်ထားသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၇)ကျောင်းနှင့်
သီလရှင်သင် ပညာရေးကျောင်း (၂)ကျောင်းထံ သင်တန်း တက်ရောက်ကြရန်
ထပ်ဆင့်ညွှန်ကြားပါသည်။
ယင်းညွှန်ကြားချက်အရ ဘ/ကကျောင်း စုစုပေါင်း(၉)ကျောင်းမှ ဆရာ၊ ဆရာမဦးရေ
 (၄၀)တိတိ ယင်းသင်တန်း တက်ရောက်ကြသည်။ သင်တန်းကာလမှာ မေလ (၁၂)
ရက်မှ (၂၃)ရက်နေ့အထိဖြစ်သည်။ သင်တန်းချိန်မှာ နံနက် (၈)နာရီမှ ညနေ(၄)နာရီ
အထိဖြစ်သည်။
ယင်းသင်တန်းတွင် အစိုးရကျောင်းများမှ ဆရာ/ဆရာမဦးရေ (၃၀)နှင့်အတူ ဘ/က
ကျောင်း ဆရာ/ဆရာမများ (၃)ဦး(၄)ဦးကို ယှဉ်တွဲကာ သင်စေပါသည်။
ဘ/ကကျောင်းဆရာ/ဆရာမများကို အတူစုကာ မသင်စေပဲ အစိုးရကျောင်းများမှ
ဆရာ/ဆရာမများမှ နောက်မှ သင်စေခြင်းဖြစ်သည်။ သင်တန်းကာလ (၅)ရက်ပြည့်သည့်
ယနေ့(၁၆၊ ၅၊ ၂၀၁၂)နေ့တွင် သင်တန်းစရိတ်ကို အစိုးရကျောင်းများမှ
ဆရာ/ဆရာများအား တစ်နေ့လျှင် (၁၂၀၀)ကျပ်နှုန်းဖြင့် ရှင်းပေးပါသည်။
ဘ/ကကျောင်းများမှ ဆရာ/ဆရာမများအား ပေးရန်တာဝန်မရှိဟု သင်တန်းတာဝန်ခံ
များကပြောကြားသည်။ CCA လမ်းညွှန်ဆရာကိုင်စာအုပ်များ ပေးဝေသောအခါတွင်လည်း
ဘ/ကကျောင်းများမှ ဆရာ/ဆရာမများကို မပေးနိုင်ဟု သင်တန်းတာဝန်ခံများက
ပြောကြားပါသည်။ ယင်းလမ်းညွှန်စာအုပ် မရှိပါက မသင်ပေးနိုင်ဟု ဆိုကာ
သင်တန်းချိန်အတွင်း ဘ/ကကျောင်းများမှ ဆရာ/ဆရာမ (၄၀)ဦးလုံးသည် သက်ဆိုင်ရာ
သင်တန်းခမ်းမအတွင်းမှ ဆန္ဒပြကာ ထွက်ခွါခဲ့ကြပြီးနောက်မြို့နယ်ပညာရေးမှူးရုံးသို့ 
ဦးတည်ချီတက်ခဲ့ကြသည်။
 မြို့နယ်ပညာရေးမှူးထံ လမ်းညွှန်စာအုပ်များ ပေးကြားရန် ဆရာ/ဆရာမများအားလုံးက
ဝိုင်းဝန်းတောင်းဆိုကြပါသည်။ မပေးနိုင်ဟု အစတွင် ပညာရေးမှူးက
ပြောသော်လည်း အားလုံးက ထပ်ကာတလဲလဲ တောင်းဆိုကြသဖြင့် (၂)ဦးလျှင်
(၁)အုပ်နှုန်းဖြင့် ပေးခဲ့ပါသည်။
(ဤပြဿနာ၏ အကျဉ်းချုပ်မှာ-
၁။ ဘ/က ကျောင်းဆရာ၊ ဆရာမများကို သင်တန်းခန်းမအတွင် ခွဲခြားနှိမ်ချ ဆက်ဆံခြင်း၊
၂။ သင်တန်းစရိတ်ထောက်ပံ့မှုကို ဘ/က ဆရာ၊ ဆရာမများအား မပေးခြင်း၊
၃။ CCA သင်ကြားနည်းလမ်းညွှန်စာအုပ်များကို ဘ/က ဆရာ၊ ဆရာမများအား
မပေးခြင်းတို့ဖြစ်ပါသည်။)
ဘ/ကကျောင်းများသည် နိုင်ငံတော်အစိုးရ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားသော
 ကျောင်းများဖြစ်သည်။ ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း ပညာသင်ကြား
ပေးနေကြပါသည်။ ဆင်းရဲသားလူတန်းစားများအတွက်အားကိုးအားထားရာဖြစ်ပါသည်။
ဒဂုံတောင်မြို့နယ်အတွင်းမှာပင်ကျောင်းသားဦးရေ (၃၀၀၀)ကျော် ပညာသင်ကြားနေပါ
သည်။ ဘ/ကကျောင်းများမှဆရာ/ဆရာမများသည် အလွန်နည်းပါးသောလစာဖြင့်
စေတနာထား၊ အနစ်နာခံကာသင်ကြားပေးနေကြပါသည်။ အစိုးရကျောင်းများမှ ဆရာ၊
ဆရာမများကဲ့သို့ကျူရှင်ပြ၍လည်း ၀င်ငွေ မရှာကြပါ။ အစိုးရကျောင်းများမှ ဆရာ၊
ဆရာမများနှင့်သင်တန်းများ တက်ရောက်ခွင့်ပြုသော် ရသင့်ရထိုက်သော အခွင့်အရေး
များကို ဘ/က ဆရာ၊ ဆရာမများထံ မပေးခြင်းမှာ တရားမျှတမှု မရှိပါကြောင်း သက်ဆိုင်ရာ
အစိုးရလူကြီးများကို သိစေလိုကြောင်း ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ ဘ/က ကျောင်းဆရာ
တစ်ဦးက Myanmar News Now ကိုပြောထားပါသည်။
 ယင်းသင်တန်း မပြီးဆုံးသေးပါ။ နောက်ထပ် ခြောက်ရက်တိတိ ကျန်ပါသေးသည်။ မေလ ၂၃-ရက်နေ့မှ
ပြီးပါမည်။ ဘ/ကကျောင်းများမှ ဆရာ၊ ဆရာမများက သင်တန်းစရိတ်မရသော်လည်း
သင်တန်းပြီးဆုံးအောင် တက်ကြပါမည်ဟု သိရပါသည်။
Myanmar News Now
လှိုင်သာယာမြို့နယ် စံပယ်ပွင့်အထည်ချုပ်စက်ရုံ၌ အခြေခံအလုပ်သမားသမဂ္ဂဖွဲ့ စည်း
လှိုင်သာယာမြို့နယ် စံပယ်ပွင့်အထည်ချုပ်စက်ရုံ၌ အခြေခံအလုပ်သမားသမဂ္ဂဖွဲ့ စည်းနေစဉ်
နစ်နာချက်များအားတောင်းဆိုနေသည့်စံပယ်ပွင်အထည်ချုပ်စက်ရုံ၌
အခြေခံအလုပ်သမားသမဂကို(၁၆-၅-၂၀၁၂)၇က်နေ့တွင်အောင်မြင်စွာ
ဖွဲ့စည်းခဲ့ကြောင်းနှင့်မကြာမှီမှတ်ပုံတင်မည်ဖြစ်ကြောင်း အလုပ်သမား
သမဂ္ဂဖြစ်မြောက်ရေးအတွက်ဥပဒေအကြံပေးရှေ့နေဦးဌေးမှပြောကြားခဲ့ပါသည်။
၁- မခင်သီတာဦး (ဥက္ကဌ)
၂- မခင်သန္တာကျော် (အတွင်းရေးမှူး)
၃- မတင်တင်အေး (ဘဏ္ဍာရေးမှူး)
၎- မသင်းသင်းဆွေ (စာရင်းစစ်)
၅- မငြိမ်းငြိမ်းအိ
၆- မစန်းခေါင်းဂျီ
၇- မဇင်မာလွင် တို့ဖြစ်ကြပါသည်။
၁၄-၅-၂၀၁၂)ရက်နေ့မှစတင်၍ (၁၇-၅-၂၀၁၂)အထိ ၄ရက်ဆက်တိုက်
စံပယ်ပွင့်အထည်ချုပ်စက်ရုံမှ အလုပ်သမား၃၅၀ကျော်သည် အခြေခံလုပ်ခ
သတ်မှတ်ချက်မရှိခြင်း၊ရက်ပျက်လျှင်ငွေဖြတ်ခြင်း၊ ၁မိနစ်မှ၅မိနစ်အတွင်း
နောက်ကျလျှင် ၁၅၀၀ကျပ်ဖြတ်ခြင်း၊ အများပြည်သူပိတ်ရက်များတွင်
အလုပ်ဆင်းရခြင်းတို့အတွက် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်ဟု
အလုပ်သမားအရေးဆောင်ရွက်သူ
ရှေ့နေဦးဌေးမှပြောကြားပါသည်။ မကြာမှီနောက်ရက်များတွင်လည်း နေမင်းအောင်
အထည်ချုပ်၊ ပုလဲအထည်ချုပ် တို့အလုပ်သမားသမဂများအမြန်ဆုံဖွဲ့စည်းနိုင်ရန်
ဥပဒေရေးရာအကြံဥာဏ်များပေးနေကြောင်းအဆိုပါ ရှေ့နေဦးဌေးမှပြောကြားပါသည်။
Myanmar News Now
အလွမ်းဆွတ် ကျေးရွာမှာ စစ်တပ်က သီးစားချထားတဲ့ လယ်မြေတွေ ကို မြေထိုးစက် နဲ့ ထိုး ပီး တူးယူနေ (ရုပ်/သံ)
သံလျင်မြို့ နယ်က အလွမ်းဆွတ် ကျေးရွာမှာ စစ်တပ်က သီးစားချထားတဲ့ လယ်မြေတွေ ကို မြေထိုးစက် နဲ့ ထိုး ပီး တူးယူနေပါတယ် ။ ကိုသက် (ဒီဗွီဘီ)
ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ ဒီမိုက​ရေစီလမ်း​မများ​ ဓာတ်ပုံပြပွဲ ကျင်း​ပ
ပရဟိတ အဖွဲ့​နှစ်ဖွဲ့​ကို လှူဒါန်း​ဖို့​ ရည်ရွယ်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ပါတီစည်း​ရုံး​ရေး​ ခရီး​စဉ်အတွင်း​ ရိုက်ကူး​ခဲ့​တဲ့​ ဓာတ်ပုံပြပွဲကို ဒီ​နေ့​ကစလို့​ ၂၅ ရက်အထိ ရန်ကုန်က ပြင်သစ်သံရုံး​မှာ ကျင်း​ပ​နေပါတယ်။
ပြပွဲမှာ ပြသထား​တဲ့​ ဓာတ်ပုံ​တွေကို မြန်မာဓာတ်ပုံဆရာ ၃ ဦး​က ရိုက်ကူး​ခဲ့​တာဖြစ်ပြီး​ ဓာတ်ပုံ​ရောင်း​ရတဲ့​ ​ငွေရဲ့​ ၈၀ ရာခိုင်နှုန်း​ကို ​ဒေါ်ခင်ကြည် ​ဖောင်​ဒေး​ရှင်း​နဲ့​ ​ဒေါ်ဖြူဖြူသင်း​ရဲ့​ ကျန်း​မာ​ရေး​စောင့်​ရှောက်မှု လုပ်ငန်း​တွေကို လှူဒါန်း​သွား​မယ်လို့​ ဓာတ်ပုံဆရာ​တွေက ​ပြောပါ တယ်။
ဓာတ်ပုံဆရာ ကို​အောင်ပြည့်​က “လူထုနဲ့​ အန်တီနဲ့​ပုံ​တွေပဲပြတယ်။ လူထုနဲ့​ အန်တီနဲ့​ ဘယ်လိုရှိတယ်ဆိုတဲ့​ ပုံ​တွေကိုပဲ ပြတယ်။ အန်တီကို လူထုက ဘယ်လို​ထောက်ခံကြတယ်ဆိုတဲ့​ ပုံ​တွေကို အဓိကပြတယ်။ ဖီချာပုံသဏ္ဌာန် ဆန်ပါတယ်၊​ သတင်း​ပုံ​တော့​ တပုံ၊​ နှစ်ပုံ​လောက်ပဲ ပြထား​တယ်။ ဖီချာပုံ​တွေ​တော့​ ပြထား​တယ်။”
ဓာတ်ပုံဆရာ ၃ ဦး​က​တော့​ ကို​အောင်ပြည့်​၊​ ကိုမင်း​ဇေယျ၊​ ​ပြေ​ကျော်မြင့်​တို့​ ဖြစ်ပြီး​၊​ ​ဖေ​ဖော်ဝါရီလ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ​ကော့​မှူး​ခရီး​စဉ်က​နေ ​ရွေး​ကောက်ပွဲမှာ အနိုင်ရပြီး​ လူထုကို ​ကျေး​ဇူး​တင်စကား​ပြောတဲ့​ ဧပြီလ ၂ ရက်​နေ့​အထိ ရိုက်ကူး​ထား​တဲ့​ ဓာတ်ပုံ​တွေ ပါဝင်တယ်လို့​ ဓာတ်ပုံဆရာ​တွေက ​ပြောပါတယ်။
ဒီဓာတ်ပုံပြပွဲအဖွင့်​နေ့​ဖြစ်တဲ့​ ဒီ​နေ့​ည​နေပိုင်း​မှာ ​ဒေါ်​အောင်ဆန်း​စုကြည်လည်း​ တက်​ရောက်ချီး​မြှင့်​ပေး​မယ်လို့​ သိရပါတယ်။
ဒီဗွီဘီ
ကျောင်းအပ် လက်ခံခြင်း အတိတ်က ငွေကြေး ရယူမှုကို မစွန့်လွှတ်လျှင် အရေးယူမည်
ကျောင်းသားသစ်များလက်ခံခြင်းအပါအဝင် မူလတန်းအဆင့်ကျောင်း အပ်နှံရာ၌ ငွေကြေးတောင်းခံပါက ထိရောက်သည့် အရေးယူမှု များပြုလုပ် သွားမည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးကြူက ပြောသည်။
ဒုတိယဝန်ကြီးက ''ယူ ရင်၊ သူ့လမ်း၊ သူရွေးတာမျိုးဖြစ် သွားမှာပေါ့'' ဟုပြောသည်။ပညာရေးဝန်ကြီးဌာန အနေ ဖြင့် ၂ဝ၁၁-၁၂ ပညာ သင်နှစ်မှ စ၍ အခမဲ့မူလတန်း ပညာရေးစနစ်ကို စတင်ခဲ့ပြီး ကျောင်းများ အား ငွေကြေး ကောက်ခံခြင်းမပြုရန် အသိ ပေးခြင်းနှင့် သတိပေးခြင်းများ ကိုသာ ပြုလုပ်ခဲ့သော်လည်း ယခုပညာသင်နှစ်မှစကာထိ ရောက် စွာဖြင့် ဆောင်ရွက် သွားမည်ဟု ဒုတိယဝန်ကြီးက ဆက်လက်ဆိုသည်။
''ကလေးပညာရဖို့ စာသင်ခွင့် ရဖို့အတွက် ငွေပေးနေရရင်ဘယ် ကောင်းပါ့ မလဲ။ ယူတဲ့သူလည်း မကောင်းသလိုပေးရတဲ့သူကလည်း နစ်နာ တယ်။ ကျောင်းလည်းသိက္ခာ ကျတယ်''ဟု ရန်ကုန်တက္ကသိုလ်မှ ရူပဗေဒ ပညာရှင် ဒေါက်တာထွန်း ခင်က ပြောသည်။သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအေး မြင့်က ပြင်ပမှ ထုတ်ဝေသည့ှ်Student's Guide များ၊မှတ်စုတိုများ၊ လေ့ကျင့်ခန်း စာအုပ်များ ရောင်းချ ခြင်းနှင့် အခြားခေါင်းစဉ် ဖြင့် ငွေကြေးကောက်ခံခြင်းတို့အား ရှောင်ကြဉ်ကာ ပညာရေးဝန် ကြီးဌာနမှ ထုတ်ပြန်ထားသော ကျောင်းရန်ပုံငွေနှင့်ကျောင်း လခများ ကို သတ်မှတ်နှုန်းထားအတိုင်းသာ ကောက်ခံကြရန် မေ ၇ ရက်နေ့ က ဗဟိုဝန်ထမ်းတက္ကသိုလ်၊ ဖောင် ကြီး၌ ကျင်းပသော အခြေခံပညာ ဆရာ/ဆရာမများ အထူးမွမ်းမံ သင် တန်းအမှတ်စဉ် ၈ဝ ဖွင့်ပွဲ၌ ထည့် သွင်းပြောကြားခဲ့သည်။မြန်မာနိုင်ငံမှ လက်ရှိ ကျင့် သုံးနေသော ပညာရေးစ နစ်အရ သူ ငယ်တန်းမှ စတုတ္တတန်းအထိ အခမဲ့သင်ယူနိုင်ပြီး ယခုနှစ် တွင် ကျောင်းသုံး စာအုပ် အပြည့်အစုံနှင့် ဗလာစာအုပ် ခြောက်အုပ်စီရ မည် ဖြစ်သည်။ပဉ္စမတန်းမှ တက္ကသိုလ်ဝင် တန်းအထိ ကျောင်းအပ်ခနှင့် စာအုပ်ဖိုးမှာ အများဆုံး ကျပ် ၄၅ဝဝ သာ ပေးရမည်ဟု ပညာရေးဝန် ကြီးဌာနမှ သိရ သည်။
 Popular Myanmar News Journal
မိုးသည်းထန်စွာ ရွာသွန်း၍ လေပြင်းကျရောက် မှုကြောင့် ကြို့ ပင်ကောက်၌ အိမ်ခြေ နှစ်ရာကျော် ပျက်စီး
မေလ ( ၁၆ ) ရက်နေ့  ညနေ ၅ နာရီခန့် က မိုးသည်းထန်ရွာ သွန်းမှု အတူ လေပြင်းကျရောက်မှု ကြောင့် ကြို့ ပင်ကောက် မြို့ ပေါ်နှင့် ကျေးရွာ အချို့ တွင် အိမ်ခြေ နှစ်ရာ ကျော် ခန့် ပြိုလဲပျက်စီးခဲ့ပြီး ကျွဲ၊ နွား တိရိစ္ဆာန် အချို့ သေကြေခဲ့ကြောင်း မြို့ ခံများ၏ ပြောကြားချက် အရသိရသည်။
အလာတူ လေပြင်းကျရောက်မှု နေပြည်တော် လေပြင်းတိုက်မှု ပျဉ်းမနားတွင်လည်းဖြစ်ပွားခဲ့ကြောင်း
Popular Myanmar News Journal ဖေ့စ်ဘုတ် အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါသည်။
လေပြင်းတိုက်မှု ပျဉ်းမနားတွင်ဖြစ်ပွားစဉ်
လေပြင်းတိုက်မှု ပျဉ်းမနားတွင်ဖြစ်ပွားစဉ်
ပြည်သူချစ်သော တပ်မတော်အဖြစ်
ငြိမ်းငြိမ်းနိုင်
“တစ်ချိန်တုန်းက ပြည်သူတွေက တပ်မတော်သားတွေကို တအားချစ်ကြတယ်။ ကျွန်မတို့က တပ်မတော်ကို သိပ်ကိုဂုဏ်သိက္ခာ ရှိစေချင်တယ်။ ပြည်သူလူထုတို့က လိုလိုလားလားလက်ခံတဲ့ တပ်မတော်လောက် ဂုဏ်သိက္ခာရှိတဲ့ တပ်မတော်မရှိဘူး”
ထိုစကားကို ၂၀၁၂ ကားဖြတ်ရွေးကောက်ပွဲအကြိုနေပြည်တော်ပုဗသီရိမဲဆန္ဒနယ်မဲဆွယ် စည်းရုံးရေးခရီးစဉ်အတွင်း ဒေါ်အောင် ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း တည်ရှိနေမှုနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်အင်တိုက်အားတိုက်ပြောဆိုနေကြသည့် နိုင်ငံရေးအင်အားစုများ ရှိသလိုအချိန်အတိုင်းအတာတစ်ခုအထိ လွှတ်တော်အတွင်း တပ်မတော်သားများ ရှိနေ
သင့်သည်ဟုကျားကန် ပြောဆိုနေကြသူများလည်းရှိသည်။
မြန်မာ့နိုင်ငံရေးအတွင်း တပ်မတော် ပါဝင်နေခြင်းကို တပ်မတော်က မိမိသဘော ဆန္ဒအလျောက် နောက်ဆုတ်သွားခြင်းကသာလျှင် အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်မည်ဟု လွှတ်တော်ကိုယ်စားလှယ် အချို့က သုံးသပ်သည်။
ယင်းကဲ့သို့ တပ်မတော်က လက်ရှိပြောင်းလဲနေသော နိုင်ငံရေးအခြေအနေတို့အပေါ် မူတည်သဘောပေါက်ပြီး လျှော့ချ ခဲ့ပါက တပ်မတော်အပေါ် ဝေဖန်နေမှုများ ဆုံးခန်းတိုင်သွားနိုင်ပြီး တစ်ချိန်က တပ်မတော်အပေါ် ပြည်သူတို့ ယုံကြည်အားကိုးသည့်အနေအထားမျိုးပြန်လည်ရရှိနိုင်လိမ့်မည်ဟု သုံးသပ်သူတို့က ဆိုသည်။
ရခိုင်တိုင်းရင်းသား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က “ဒီပါဝင်မှုကလိုအပ်သေးရဲ့လားဆိုတာ တပ်မတော်သားတွေကိုယ်တိုင်က နားလည် သဘောပေါက်ရမှာ။ သူ တို့ကိုယ်တိုင် နုတ်ထွက်သွားရင် ပိုကောင်းမယ်။ ဒါမှလည်း အရပ်ဘက်နဲ့ တပ်မတော်ဘက် ဆက်ဆံရေး ကောင်းလာမယ်။ ပြည်သူနဲ့ ဆက်ဆံရေးကလည်း အရင်လို ပြန်ရောက်လာမယ်”ဟု သုံးသပ်သည်။
လတ်တလောတွင် တပ်မတော်က အထိန်းအကွပ်အနေဖြင့် ပါဝင်နေခြင်းဖြစ်ပြီး နိုင်ငံရေးပြု
ပြင်ပြောင်းလဲနေသည့် ကာလတစ်ခုဖြစ်သည့်အတွက် တဖြည်းဖြည်းနှင့် တပ်မတော်က နောက်
ဆုတ်သွားလိမ့်မည်ဟု သုံးသပ်သူတို့က ယုံကြည်ယူဆကြသည်။
သို့သော်လည်း ပြီးခဲ့သည့် တပ်မတော်နေ့က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှုးကြီး သရေစည်သူ မင်းအောင်လှိုင်ပြောကြားသော မိန့်ခွန်းက နိုင်ငံရေးအသိုင်းအ၀ိုင်းတွင် ဆွေးနွေးစရာတစ်ခုဖြစ်လာခဲ့သည်။
ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သည် နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေကို ကာကွယ်
စောင့်ရှောက်ရန် အဓိကတာဝန် ရှိသည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပါအပိုဒ်ကို ပြန်လည်ကိုးကားပြော
ဆိုခဲ့သည်။ လွှတ်တော်အသီးသီးတွင် တပ်မတော်သားကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက်နေရ
ခြင်း အကြောင်းတစ်ရပ်ကိုလည်း ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သည် ပါတီနိုင်ငံရေး ကင်း
ရှင်းစွာဖြင့် လူမျိုးစွဲ၊ ဒေသစွဲများ မပါရှိဘဲ တစ်နိုင်ငံလုံး တစ်မျိုးသားလုံး၏ အကျိုးစီးပွားကို ဖော်ဆောင်
နိုင်မည့် အမျိုးသားနိုင်ငံရေးသက်သက်ကိုသာ ဖော်ဆောင်နေခြင်းဖြစ်ကြောင်း ထည့်သွင်းပြောဆို
သည်။
ထိုမိန့်ခွန်းနှင့် ပတ်သက်၍ တပ်မတော်အရေးကျွမ်းကျင်သူ ဦးဝင်းမင်းက “ဒီအချက်က ရှင်းရှင်းလင်းလင်း ပြသနေတာက တော့ တပ်ထိပ်တန်းခေါင်းဆောင်ပိုင်းက သူ့တို့ရဲ့ နိုင်ငံရေးအာဏာကို အနည်းဆုံးတော့ လတ်တလောကာလမှာ လက်လွှတ်မခံချင်ကြ တာကို ပြသနေပါတယ်” ဟု သုံးသပ်သည်။
လက်ရှိ လွှတ်တော်အတွင်း တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ဦးရှိပြီး၊ ပြည်သူ့လွှတ်တော် တွင် အရပ်သား ၃၂၂ ဦးနှင့် တပ်မတော်သား ၁၁၀ ဦး၊ အမျိုးသားလွှတ်တော်တွင် အရပ်သား ၁၆၈ ဦးနှင့် တပ်မတော်သား ၅၆ ဦးရှိ သည်။ ဧပြီ ၂၂ ရက်က ရာထူးအဆင့်မြင့်သည့် တပ်မတော်သား ကိုယ်စားလှယ် ၅၉ ဦးကို အစားထိုးလဲလှယ်မှုလည်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းလဲလှယ်မှုက ကြားဖြတ် ရွေးကောက်ပွဲပြီး၍ ဒေါ်အောင် ဆန်းစုကြည်အပါအ၀င် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များ လွှတ်တော်ထဲမ ရောက်မီ ပြောင်းလဲမှုတစ်ရပ် ဖြစ်ခဲ့ပြီး ထိုအပြောင်းအလဲနှင့် ပတ်သက်၍ ဝေဖန်မှုများရှိခဲ့သော် လည်း လွှတ်တော်အတွင်းကိုယ်စားလှယ်အများစုက ထိုပြောင်းလဲမှုကို အပြုသဘောအဖြစ် ကြိုဆိုခဲ့ကြသည်။
“အခု တပ်မတော်အတွင်းက ပိုမြင့်တဲ့ရာထူးတွေ ရောက်လာခြင်းက ကျွန်တော်တို့ လွှတ်တော်
ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍကိုမြှင့်တင်ပေးတယ်လို့ တွေးလို့ရသလို၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်နဲ့လိုက်ဖက်ညီအောင် အဆင့်မြှင့်တင်ပေးလိုက်တာ ဖြစ်တယ်”ဟုပြည်သူ့လွှတ်တော်ကိုယ်
စားလှယ် ဦးခိုင်မောင်ရည်က အပြုသဘောဆောင် သုံးသပ်သည်။
ကြားဖြတ်ရွေးကောက်ပွဲ ကာလတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူလူထုသို့ မဲဆွယ်စည်းရုံးရာတွင် ဖွဲ့စည်းပုံအ ခြေခံဥပဒေ ပြင်ဆင်ရေးက အဓိ ကအချက်တစ်ချက်အနေဖြင့် ပါဝင်ခဲ့သည်။“ရွေးကောက်ပွဲဝင်တဲ့ မူဝါဒ တွေထဲမှာ ရှေ့တန်းတင်ထားတာ သုံးချက်ရှိတယ်။ တတိယအချက်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူတွေအကျိုးရှိအောင် ပြင်ဆင်ရေး ဖြစ်တယ်”ဟု ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က မဲ ဆွယ်စည်းရုံးရေးကာလများအတွင်း ပြောကြားခဲ့သည်။
တပ်မတော်သားများ လွှတ်တော်အတွင်း တည်ရှိနေခြင်းကြောင့် အခြားကိုယ်စားလှယ်များ အနေဖြင့် တစ်စုံတစ်ရာ ပြဿနာမရှိဟုဆိုကြသော်လည်း လွှတ်တော်အတွင်း ဥပဒေများပြင်ဆင်ပြောင်းလဲရေးတွင် တပ်မတော် သားကိုယ်စားလှယ်များ၏ သဘောတူညီမှုမပါဘဲ ပြုပြင်ပြင်ဆင်ရန် အဆင်မပြေသည့် ကိစ္စမျိုး
များ ရှိလာနိုင်ကြောင်း ကိုယ်စားလှယ်များက သုံးသပ်သည်။
“တချို့ကိစ္စတွေမှာ တပ်မ တော်သားကိုယ်စားလှယ်တွေ မပါ ရင်မဖြစ်တဲ့ ကိစ္စတွေရှိနေပါတယ်။ တပ်မတော်သားကိုယ်စားလှယ်တွေတစ်ယောက်ချင်းဖဲ့ထုတ်လို့ မရတဲ့အတွက် တစ်ဖွဲ့လုံးပါမှ ဖြစ် မယ့်အနေအထားမျိုးမှာ ပြုပြင်ပြောင်းလဲမှုကိစ္စတွေလုပ်မရနိုင်ဘူးဆိုတာ ဖြစ်လာနိုင်ပါတယ်”ဟု
ဦးခိုင်မောင်ရည်က ဆိုသည်။
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထွန်းကမူ
လက်တလော တပ်မတော်သားကိုယ်စားလှယ်များ ပါဝင်နေသင့်သေးသည်ဟု ယူဆသည်။ “တပ်မတော်သားကိုယ်စားလှယ်တွေ လက်တလောမှာတော့ ပါဝင်နေသင့်တယ်ဆိုတဲ့ဘက်မှာ ကျွန်တော်ရပ်တည်ပါတယ်” ဟု ခိုင်ခိုင်မာမာပြောဆိုသည်။
ဦးသန်းထွန်းကပင် ဆက်လက်၍ လက်ရှိတပ်မတော် အနေ အထားကိုလည်း ထင်မြင်သုံးသပ် ချက်ပေးသည်။
“အရင်တပ်မတော်အစိုးရ လက်ထက်က ပြောမှားဆိုမှား လုပ်မှားကိုင်မှားတွေက အခုတပ်မတော်အပေါ်မှာ တွဲပြီးဆက်မြင် နေသလို အခုတပ်မတော်ပေါ်မှာ လည်း ပုံကျနေတယ်လို့ မြင်တယ်”
ဦးသန်းထွန်းကဲ့သို့ ထင်မြင်ယူဆသူ အသက် ၂၈ နှစ်အရွယ် ပြီး လုပ်သက် ၇ နှစ်ရှိ ဗိုလ်ကြီးအ ဆင့် တပ်မတော်အရာရှိတစ်ဦးကလည်း “ကျွန်တော်တို့ အပေါ်မှာ အမြင်မကြည်တာတွေ အများကြီးပါ။ တစ်စုံတစ်ယောက်၊ အချို့အပေါ်မှာ အမြင်စောင်းတာက နေ အကုန်လုံးက လိုက်ပြီးရော သွားတယ်လို့ မြင်ပါတယ်။ တကယ် တော့ တပ်မတော်သားတွေ ဘ၀မှာ ပေးဆပ်ရတာတွေက အများ ကြီးပါ။ အဲဒါတွေကို လူငယ်တွေသ ဘောပေါက်သွားမယ်၊ ကိုယ်ချင်း စာသွားမယ်ဆိုရင် ဟိုတုန်းကလိုမျိုး လူတွေချစ်တဲ့တပ်မတော် ဖြစ်စေ ချင်ပါတယ်”ဟု သူ့ခံစားချက်ကို ဖွင့်ဟပြောဆိုသည်။
လွှတ်တော်အတွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်းကိစ္စကို မေးမြန်းရာတွင်တော့ ယင်းဗိုလ်ကြီး
က “ဒီကိစ္စကတော့ လူကြီးတွေ အဖြေထုတ်စဉ်းစားရမှာပါ။ ကျွန်တော်တို့ကတော့ တပ်မတော်ကို
တခြားနိုင်ငံတွေက တပ်မတော်လိုနိုင်ငံကာကွယ်ရေးမှာ ပြီးပြည့်စုံတဲ့ ပုံစံမျိုးနဲ့ မြင်ချင်ပါတယ်”ဟု ဆိုသည်။
ဦးဝင်းမင်းကလည်း တပ်မ တော်သားကိုယ်စားလှယ်များ မိမိ တာဝန် အခန်းကဏ္ဍတွင်သာ ဦး
ဆောင်မည်ဆိုပါက ပြည်သူတို့ ၏ စိတ်နှလုံးကို ပြန်လည်ရယူ ပိုင် ဆိုင်နိုင်လာလိမ့်မည်ဟု ဆိုလေ သည်။
ထို့ကြောင့်လည်း လွှတ်တော် အတွင်းရှိ လွှတ်တော်ကိုယ်စား လှယ်များသည် တပ်မတော်ခေါင်းဆောင်ပိုင်းကို ၎င်းတို့၏ အခွင့်ထူးများ ရုပ်သိမ်းလိုက်ခြင်းသည် တပ်မတော်အတွက် အကောင်းဆုံးဖြစ်ကြောင်း နားလည် သဘောပေါက် လက်ခံလာအောင် နှစ်သိမ့်ပေးနိုင်ရန် အရေးကြီးသည်ဟု ဦးဝင်းမင်းက ဆက်ပြောသည်။ တပ်မ
တော်အစိုးရမှ အရပ်ဘက်သို့ ကူးပြောင်းရာတွင် စံနမူနာဖြစ်သည့်အင်ဒိုနီးရှားနိုင်ငံကို ၎င်းကပင်ယခုကဲ့သို့ ဥပမာပေးပြောဆိုသည်။
“သဘောထားပျော့ပျောင်း တဲ့ စစ်ဘက်ခေါင်းဆောင်တွေဟာ အရင်ဆုံး နိုင်ငံရေးမှာ လွှတ်တော်အတွင်းက သူတို့ရဲ့နေရာတွေကို တစ်ဆင့်ချင်း လျှော့ချပေးတယ်။ နောက်အခုဆိုရင် စီးပွားရေးမှာပါ တစ်ဆင့်ချင်း ဘေးထွက်ပေးဖို့ အရပ်ဘက်ခေါင်းဆောင်ပိုင်းက ဆွဲဆောင်နှစ်သိမ့်နိုင်ခဲ့တာ ဖြစ်ပါတယ်”
တပ်မတော်ကို ယခင်ကလိုပြည်သူချစ်သည့် တပ်မတော်ဖြစ်လာရေးအတွက် လွှတ်တော်အတွင်းက တပ်မတော်နေရာများ လျှော့ချနိုင်ရေးသာ မဟုတ်ဘဲစီးပွားရေးဆိုင်ရာ အခန်းကဏ္ဍတွေမှာပါ လျှော့ချနိုင်ရေးကလည်းအရေးပါနေသည်။
“တပ်မတော်က လိုလိုလား လားနဲ့ နောက်ဆုတ်ခဲ့ပြီးတော့ ကြီးမားတဲ့စီးပွားရေးလုပ်ငန်းတွေ မှာ ပါဝင်နေမှုကိုပါ လျှော့ချခဲ့မယ် ဆိုရင် တပ်မတော်နဲ့ ပြည်သူ့ဆက်ဆံရေး အရင်အချိန်ပြန်ရောက်လာမှာပါ”ဟု ဒေါက်တာအေးမောင် ကဆိုသည်။
လက်ရှိအမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီဝင်ဖြစ်ပြီး ၂၀၀၅ ခုနှစ်တွင် တပ်မတော်မှ အနားယူ
ခဲ့ကာ တပ်မတော်ထဲတွင် ၁၁ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်ကြီးနေမျိုးဇင်(ငြိမ်း)ကတော့ ယခုကဲ့သို့ ယုံကြည်မျှော်လင့်သည်။
“လွှတ်တော်ထဲမှာ စနစ်တကျ လုပ်ဆောင်လာနိုင်ပြီဆိုရင် တပ်မတော်ခေါင်းဆောင်တွေက ရိုးသားမယ်ဆိုရင် လူထုချစ်မြတ်နိုးတဲ့ နိုင်ငံ့လုံခြုံရေးကိုပဲ လုပ်ဆောင်သွားမယ်လို့ ကျွန်တော်ကတော့ ယုံကြည်တယ်ဗျ”
ထို့ကြောင့်လည်း တပ်မတော်သား ကိုယ်စားလှယ်များ လွှတ်တော်အတွင်းရှိနေခြင်းကို လတ်တလောတွင်တစ်သဘောတည်း လက်ခံနေသူများရှိသလို တပ်မတော်သားများကိုယ်တိုင် နားလည်သ
ဘောပေါက်ပြီး လျှော့ချနုတ်ထွက်သွားရန် ယုံကြည်ဆနရှိနေသူများလည်းရှိသည်။
7Day News Journal
မှော်ဝန်းမြေမှ ငိုရှိုက်သံများ
 "မြန်မာနိုင်ငံသည် မိခင် ဧရာဝတီသည်မရှိမဖြစ်အရေးပါသကဲ့သို့ မှော်ဝန်းချောင်းမှာ
 မြန်မာသမိုင်းမတိုင်ခင်ကာလထဲက မိခင်ဧရာဝတီ တည်ရှိပြီးဖြစ်ခဲ့သည်၊ ထိုနည်းတူပင်
ပါသည်။ လူနှင့် သတ္တ၀ါ တို့ သည်သဘာဝကပေးအပ်သောအရင်းအမြစ်များကိုမှီခို၍
ရှင်သန်အသက်မွေးခဲကြရပါသည်။
ယခုအခါသဘာဝမှပေးအပ်ခဲ့သော အရင်းအမြစ်တစ်ခုဖြစ်သောမှော်ဝန်းချောင်းမှာလုံးဝ သိမ်ကောပပျောက်တော့မည်အန္တရယ်နှင်ရင်ဆိုင်နေရပါသည်။ မြန်မာတို့ ၏ မိခင်ဧရာဝတီ
ကိုအချိန်မှီကယ်တင်နိုင်ခဲ့ သလို သုံးခွသားတို့ ၏ မိခင်မှော်ဝန်းချောင်းကိုလည်အချိန်မှီ
ကယ်တင်နိုင်ရန် အထူးအလေးထားဖော်ပြပေးလိုက်ပါသည်။"
မှော်ဝန်းမြေမှ ငိုရှိုက်သံများ
မြို့တည်ရာဇ၀င် (ရာဇ၀င်ကပြောသော သုံးခွမြို့တည်ရာအကြောင်း)
    ယခု သုံးခွမြို့တည်ရာဒေသသည် စစ်တောင်းမြစ်ဝကျွန်းပေါ်ဒေသဖြစ်သည်။ ချောင်း၊ မြောင်း၊ အင်းအိုင်များ ပေါများပြီး ရေငံသစ်တောကြီးများ ဖုံးလွှမ်းလျှက်ရှိသည်။ သားရဲတိရစ္ဆာန်များ ခိုအောင်းခဲ့သဖြင့် မြို့နယ်အတွင်း ခွာတော်အိုင်၊ ဥယျာဉ်တော၊ ကျားဝင်း စသည့်အမည်များ ယခုတိုင် တည်ရှိနေပေသည်။
    သန်လျင်ဘောချောင်းသည် ယခု ပုလဲရွာ(ယခင်ပတ်လက်ရွာ)မှ ဖြတ်သန်းပြီး ညောင်နီ ချောင်း၊ နံယောချောင်းတို့နှင့် ဆက်လျှက် သုံးခွကိုဖြတ်ကျော်ကာ ဘုရားကြီးမှ တဆင့် အရှေ့မုတ္တမ ပင်လယ်ကွေ့သို့ ပေါက်ရောက်စီးဆင်းခဲ့ကြောင်း ပထ၀ီအနေအထားက ဖေါ်ပြလျှက်ရှိသည်။ မှော်ဝန်းချောင်းသည် ယခု သုံးခွမြို့တည်ရာတွင် လာရောက်ပေါင်းဆုံကာ ချောင်းသုံးခွဖြစ်ပေါ်ခဲ့ပြီး ရေလမ်း၊ ကုန်းလမ်း ကူးသန်းရောင်းဝယ်ရေးစခန်းသာ ဖြစ်ခဲ့လေသည်။
    “ဥသြပျံကျ တည်သုံးခွ’’ ဟု ဆိုရိုးစကားအရ မြန်မာသက္ကရာဇ် ၁၁၅၂ ခုနှစ်တွင် သုံးခွမြို့ကို စတင်တည်ထောင်ခဲ့ပါသည်။ မြို့တည်သက် နှစ်ပေါင်း(၂၂၁)နှစ်ကျောင်ပြီဖြစ်သော သုံးခွမြို့ကို မှော်ဝန်းချောင်းအနောက်ဘက် “လှေရုံပိုင်း” (ယခုအနောက်ဘက်ကမ်း ၅  ရပ်ကွက်) ချောင်းသုံးခွ ဆုံရာနေရာမှ စတင်တည်ထောင်ခဲ့ကြောင်း၊ ရေစီးရေလာကောင်းမွန်သော မှော်ဝန်းချောင်းနံဘေး ညီညာကျယ်ဝန်းသော သောင်ဆိပ်တွင် အညာလှေကြီးများဆိုက်ကပ်၍ ကုန်သွယ်ရောင်းဝယ်မှု ပြုကြသဖြင့် “လှေရုံပိုင်း” အမည်တွင်ခဲ့သည်ဟု ဆိုရိုးရှိပါသည်။ သက္ကရာဇ် ၁၁၁၃ ခုနှစ်၊ ညောင်ရမ်းဆက် အင်းဝပျက်၍ အလောင်းမင်းတရားဦးအောင်ဇေယျသည် မြင်းရည်တပ်ခြောက် ကျိပ်ရှစ်ယောက်သော သူရဲကောင်းများနှင့်အတူ တတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ရန် တိုင်းရင်းသားစည်းလုံးရေးအတွက် နယ်မြေများကို နည်းမျိုးစုံဖြင့် သိမ်းသွင်းခဲ့ရပေသည်။ ၁၁၁၅ ခုနှစ်တွင် ရတနာသိင်္ဃ ကုန်းဘောင်ပြည်ကြီးကိုတည်၍ ၎င်းနှစ်တွင်ပင် အင်းဝကိုသိမ်းသည်။ ၁၁၁၆ ခုနှစ်တွင် ဒဂုံမြို့(ယခုရန်ကုန်)ကိုသိမ်းသည်။ ၁၁၁၇ ခုနှစ် သန်လျင်မြို့သိမ်းတိုက်ပွဲများကို ပြင်းထန်ခက်ခဲစွာတိုက်ခဲ့ရာ သန်လျင်ဘောချောင်းမှ သုံးခွ ဘုရားကြီးကျေးရွာအထိ သမိုင်းဝင် တိုက်ပွဲများအတွင်း သေနာပတိ သေနက်ဝန်မင်းကျဆုံးသော်လည်း တိုက်တိုင်း အောင်မြင်ခဲ့သည်။ ပေါ်တူဂီ ကိုလိုနီနယ်ချဲ့ ဒီဗရစ်တို(ငဇင်ကာ)ကိုလည်း ရေကြောင်းမှ တိုက်ထုတ်အောင်မြင်ရာ ဒေသအဖြစ်လည်း သမိုင်းအထောက်အထားများအရ သိရှိခဲ့ရပါသည်။
တည်နေရာ၊ အကျယ်အ၀န်း၊ လူဦးရေနှင့် စိုက်ပျိုးမြေဧက
    ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်တွင်တည်ရှိပြီး အရှေ့ဘက်တွင် မုတ္တမပင်လယ်ကွေ့ အနောက်ဘက်တွင် သန်လျင်မြို့နယ်၊ တောင်ဘက်တွင် ကျောက်တန်းမြို့နယ်၊ မြောက်ဘက်တွင် ခရမ်းမြို့နယ်တို့နှင့် ထိစပ်လျှက်ရှိ၍ ဧရိယာအကျယ်အ၀န်းမှာ (၃၂၂.၅၈)ဧရိယာစတုရန်းမိုင် ကျယ်ဝန်းပြီး မြို့ပေါ်(၁၂)ရပ်ကွက်၊ ကျေးရွာပေါင်း(၆၄)ရွာ၊ ကျေးရွာအုပ်စု(၁၆၆)အုပ်စုဖြင့် ဖွဲ့စည်း တည်ထောင်ထားပါသည်။ တစ်မြို့နယ်လုံး၏ လူဦးရေစုစုပေါင်းမှာ(ကျား/မ) (၁၅၈၈၃၆)ဦးရှိပြီး ကျားဦးရေ(၇၆၇၁၃)ဦး၊ မဦးရေ(၈၂၁၂၃)ဦးရှိ၍ စိုက်ပျိုးမြေဧက(၁၃၉၉၉၆)ဧကရှိပြီး မိုးရာသီတွင် မိုးစပါးကို အဓိကထား၍ ဆောင်းရာသီတွင် ဆောင်းသီးနှံ ပဲတီစိမ်းကို အဓိကထားစိုက်ပျိုးပြီး စိုက်ပျိုးရေးကိုအခြေခံ၍ ရောင်းဝယ်ဖေါက်ကား စည်ပင်သော မြို့တစ်မြို့ ဖြစ်ပါသည်။
ရေထိန်းတံခါးကြီး (၃)စင်းနှင့် သုံးခွမြို့
    နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် လယ်ယာစိုက်ပျိုး ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ရေထိန်းတံခါးကြီး(၃)စင်းအား ဆောက်လုပ်ခဲ့ရာမှ သုံးခွရေထိန်း တံခါးကို ၂၀၀၅ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင်လည်းကောင်း၊ တကောရေထိန်းတံခါးနှင့် ကဒပ္ပနရေထိန်း တံခါးတို့ကို ၂၀၀၆ ခုနှစ်တွင် စတင် အကောင်အထည်ဖေါ် တည်ဆောက်၍ သုံးခွရေထိန်းတံခါးကို ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလတွင်လည်းကောင်း၊ တကောရေထိန်းတံခါးကို ၂၀၀၈ ခုနှစ်နှင့်  ကဒပ္ပန ရေထိန်းတံခါးကို ၂၀၀၉ ခုနှစ်များတွင် အသီးသီး တည်ဆောက်ပြီးစီး ဖွင့်လှစ်ခဲ့ပါသည်။ အဓိကပင်မရေစီးကြောင်း၏ စီးဆင်းရာ မှော်ဝန်း၏ လက်တက်(၃)ခုစလုံးကိုပိတ်၍ ရေထိန်းတံခါး (၃)ခုကို ပြုလုပ်ခြင်းနှင့် သဘာဝရေစီးကြောင်းအတိုင်း စီးဆင်းနေသောချောင်းမှ ဖေါက်ချောင်း ပြုလုပ်၍ ရေလမ်းကြောင်းပြောင်း စီးဆင်းစေခြင်းတို့ကြောင့် ကျေးရွာတစ်ချို့ရှိ လယ်မြေအိမ်ခြေ များနှင့် မြို့ပေါ်ရပ်ကွက်အချို့ရှိ အိမ်ခြေများမှာ ပျက်စီးဆုံးရှုံးခဲ့ပါသည်။ ရေတံခါးအထက်ပိုင်းရှိ ကျေးရွာများမှာလည်း မိုးရာသီတွင် ရေကောင်းစွာမနှုတ်ပေးနိုင်သဖြင့် စိုက်ပျိုးမြေဧကများစွာ နှစ်စဉ် ရေလွှမ်းမိုးမှုဒဏ်ကြောင့် စိုက်ပျိုးသီးနှံများစွာ ပျက်စီးဆုံးရှုံးသည်ဒဏ်ကို လယ်သမားများ နှစ်စဉ် ကြုံတွေ့ ခံစားနေရပါသည်။ ရေတံခါးအောက်ပိုင်းဒေသများမှာလည်း ပင်လယ်ဒီရေများ တိုးတက် ၀င်ရောက်သောကြောင့် လယ်ယာမြေများ ရေငံများဝင်ရောက်ဖျက်စီးမှုဒဏ်နှင့် လယ်ယာကမ်း ပါးများ ပြိုကျသည့်ဒဏ်ကြောင့် ရေတံခါးအောက်ပိုင်းရှိ လယ်သမားများမှာ စိုက်ဧကများစွာနှင့် အိုးအိမ်များ ပျက်စီးဆုံးရှုံးသည့်ဒဏ်ကို ခါးသီးစွာ ခံစားနေရပါသည်။
    သုံးခွမြို့သည် မှော်ဝန်းချောင်းကို အဓိကအားထားပြီး ဒေသထွက်ကုန်များနှင့် ဒေသတွင်း လိုအပ်ချက်များကို ခေတ်အဆက်ဆက် ကူးသန်းရောင်းဝယ်ရာ အဓိကလမ်းကြောင်းအဖြစ် အားထားအသုံးပြုခဲ့ပါသည်။ ကျေးရွာအုပ်စုပေါင်း(၁၆၆)အုပ်စုမှ ပြည်သူများမှာလည်း မိုးအခါ ရေလမ်းဖြင့်သာ ယခုတိုင် သွားလာအသုံးပြုလျှက် ရှိပါသည်။ ယခုအခါ ရေထိန်းတံခါးကြီး(၃)စင်းမှာ လူလုပ်အတားအဆီးများအနေဖြင့် ကျေးရွာနေပြည်သူများနှင့် မြို့နေလူထုအပေါ် ကြီးမားသော အတားအဆီးကြီးများအနေဖြင့် ရပ်တည်လျှက်ရှိပါသည်။ ယခင်ရေထိန်းတံခါးများ မရှိခင်အချိန်တွင် ကျေးရွာများနှင့် တစ်နိုင်ငံလုံးရှိဒေသများသို့ သင်္ဘောများ၊ မော်တော်ကြီးများ၊ စက်တပ်သမ္ဗန်များဖြင့် ဥဒဟိုသွားလာ ကူးသန်းရောင်းဝယ်နေပြီး မြို့မဈေးနှင့်အနီး ကိုက်(၁၀၀)၀န်းကျင်တွင် အဓိက ဆိပ်ခံကြီး(၃)ခုနှင့် အထူးစည်ကားလျှက်ရှိပါသည်။
    ယခုအခါ ရေထိန်းတံခါးကြီး(၃)စင်း၏ အတားအဆီးများကြောင့် ကျေးရွာနေပြည်သူများမှာ ရေလမ်းခရီးတွင် ဒုက္ခမျိုးစုံနှင့် ကြုံတွေ့နေရပါသည်။ ရေထိန်းတံခါးများနှင့် မြို့မဈေးမှ အနီးဆုံး (၂)မိုင်မှ အဝေးဆုံး (၆)မိုင်ခန့် အကွာအဝေးတွင် ရှိပါသည်။ မိုးအခါ ကျေးရွာများမှ ပြည်သူများ၏ ကုန်စည်စီးဆင်းမှုမှာလည်း အဆင့်ဆင့် သယ်ယူပို့ဆောင်နေရသဖြင့် မလိုအပ်သော ၀န်ဆောင်မှု စရိတ်များစွာ မြင့်တက်ခြင်း၊ ယခင် ဈေးနှင့်ကပ်လျှက်ရှိသော ဆိပ်ခံကြီးများ မရှိတော့ခြင်းကြောင့် ဆိပ်ကမ်းကုန်တင်ကုန်ချလုပ်သားတို့မှာ အလုပ်အကိုင်ရှားပါးမှုပြဿနာများ ကြုံတွေ့နေရပြီး မြို့ပေါ်နေ ဈေးသူဈေးသားများမှာလည်း ရောင်းဝယ်ဖေါက်ကားမှုများ ကျဆင်းလျှက်ရှိခြင်း တို့ကြောင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်မှုများ နှေးကွေးကျဆင်းလျှက်ရှိပါသည်။ အဆိုးဆုံးမှာ သဘာဝအရင်းအမြစ်ဖြစ်သော မှော်ဝန်းချောင်းမှာ ယခုအခါ ချောင်းများကောလာကာ နွေအခါရေကျချိန်တွင် (၁)ပေသာသာရှိသော ရေမြောင်းငယ်လောက်သာရှိသော အခြေအနေသို့ ရောက်ရှိနေပေသည်။ သုံးခွမြို့သည် မြေအောက်ရေအရင်းအမြစ်မရှိသော မြို့ဖြစ်ပြီး နွေအခါ သောက်သုံးရေကန်များကိုသာ အားထားနေရပါသည်။ ယခုလို ပူပြင်းခြောက်သွေ့သော နွေရာသီ တွင် ရေကန်များမှာ ခန်းခြောက်၍ ရေရှားပါးနေသော ကာလဖြစ်ပါသည်။ မှော်ဝန်းချောင်း၏ ရေအရင်းအမြစ်မှာလည်း ဆုံးရှုံးနေသဖြင့် ယခုအခါ မြို့နေပြည်သူများသည် မီးဘေးကို အလွန်စိုးရိမ် ပူပန်နေရပါသည်။ ရေတံခါးများ၏အတားအဆီးများကြောင့် သဘာဝဂေဟစနစ်များ ပျက်စီးပြီး ရေသယံဇာတများ ရှားပါပြီး သားငါးရှားပါးလာခြင်းနှင့် ချောင်းအောက်ပိုင်းတွင် မြောင်းငယ်သဖွယ် ရေစီးကြောင်းလောက်သာ ရှိခြင်းတို့ကြောင့် မရှိဆင်းရဲသား တံငါသည်များ မှာလည်း ၀မ်းစာရေးပြဿနာများနှင့် ကြုံတွေ့နေရပါသည်။ ထိုကဲ့သို့ ဒေသတစ်ခုလုံးကို ဆိုးကျိုးများပေးလျှက်ရှိသော ရေထိန်းတံခါးကြီးများကို ယခင်အစိုးရလက်ထက်တွင် မြန်မာတစ်နိုင် ငံလုံးရှိ အခွန်ထမ်းပြည်သူတို့၏ အခွန်ဘဏ္ဍာများဖြင့် တစ်စင်းကို ကျပ်သန်းပေါင်း(၂၅၀၀)ခန့် အကုန်အကျခံ၍ တည်ဆောက်ခဲ့သည်ဟု သိရှိရပါသည်။ ထိုရေထိန်းတံခါးကြီး(၃)စင်း၏ ပမာဏမှာ ကျပ်သန်းပေါင်း(၇၀၀၀)ရှိမည်ဟု ခန့်မှန်းသိရှိရပါသည်။ ထိုငွေပမာဏနှင့် ဒေသအတွင်း ပညာရေး အတွက် အသုံးပြုပါက ကျေးရွာများအားလုံး စာသင်ကျောင်းများဆောက်လုပ်နိုင်ပြီး၊ ကျန်းမာရေး အတွက် အသုံးပြုပါက ကျေးရွာတိုင်းနီးပါး တိုက်နယ်ဆေးရုံ (သို့) ဆေးခန်းများ ဆောက်လုပ်ပေး နိုင်ပြီး လမ်းပန်းဆက်သွယ်ရေးအတွက် အသုံးပြုပါက ကျေးရွာတော်တော်များများ နွေ၊ မိုး သွားလာ နိုင်သောလမ်းများ ဖေါက်လုပ်ပေးနိုင်ပေသည်။
    ကမ္ဘာပေါ်ရှိ သက်ရှိသတ္တ၀ါများအားလုံးသည် သဘာဝကပေးအပ်သော အရင်းအမြစ်များကို မှီတင်းနေထိုင် အသက်ရှင်နေရပါသည်။ ယခုအခါ သုံးခွမြို့မတည်မီ ရှေးယခင်နှစ်ပေါင်းများစွာ ကတည်းက တည်ရှိပြီးဖြစ်ခဲ့သော သဘာဝအရင်းအမြစ်ကြီးတစ်ခုသည် ယခုအခါ အာဏာရှင်စနစ် ဆိုး၏ အမွေဆိုးများအဖြစ် သုံးခွမြို့နယ်အတွင်းရှိ ပြည်သူများအပေါ် ဆိုးမွေများအဖြစ် ကြီးမားသော ဆိုးကျိုးများကိုသာ ပေးအပ်လျှက်ရှိပါသည်။ ယခုအချိန်အခါသည် မိုးရာသီသို့ ကျရောက်လာတော့မည်ဖြစ်ပါသဖြင့် တောင်သူဦးကြီးတို့၏ စိုက်ပျိုးချိန် နီးကပ်၍လာပြီ ဖြစ်ပါသည်။ သို့ပါသောကြောင့် နိုင်ငံတော်သမ္မတကြီးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အများပြည်သူများ၏ ဆန္ဒအတိုင်း ယခင်ချောင်းဟောင်းများအား အချိန်မီပြန်လည်ဖွင့်လှစ်ပေးပြီး မူလရှိရင်းပကတိ ရေစီး ကြောင်းများအတိုင်း ပြန်လည်စီးဆင်းစေရန် သုံးခွတစ်မြို့နယ်လုံးရှိ ဒေသခံပြည်သူများ၏ လိုလား တောင်းတချက်အတိုင်း ဖေါ်ဆောင်ပေး၍ ယခင်အစိုးရလက်ထက်က ဖေါ်ဆောင်ခဲ့သော စီမံကိန်း အမှားများအား ဖယ်ရှားရှင်းလင်းပေးလိုပါသည်။
                                        ဂျာနယ်ကြီး(သုံးခွ)
                                        ၈၈-မျိုးဆက်သစ်
Myanmar News Now
နုန်းကိုက်နေသောကဒ္ဒပနရေထိန်းတံခါး
နန်းကိုက်နေသောသုံးခွရေထိန်းတံခါးပုံ
သောင်ထွန်းပြီးနန်းကိုက်၍ရေနှုတ်ရန်ခက်ခဲနေသောတကောရေထိန်းတံခါး
ရေမရှိသောချောင်းမကြီး
ချောင်းများကောလာပြီးရေစီးမြောင်းသာရှိတော့သည့်ပုံ
၁ပေသာသာရှိသောမြို့ လယ်ရှိချောင်း
နွေရာသီရေငန်များဝင်ရောက်နေသောလယ်များ
ရေတိုက်စားမှုကြောင်အိုးအိမ်မျာပျက်စီးဆုံးရှုံးခဲသည့် ရွာ
ယခင်သုံးခွမြို့ ၏ဆိပ်ခံတစ်ခုဖြစ်သောဗန္ဒာပင်ဆိပ်
ယခင်သုံးခွမြို့ ၏ဆိပ်ခံတစ်ခုဖြစ်သောရေချိုပိုင်းဆိပ်
ယခင်သုံးခွမြို၏ဆိပ်ခံတစ်ခုဖြစ်သောဆိပ်ကမ်းသာဆိပ်
ချောင်းကောနေပုံကိုဂြိုလ်တုဓါတ်ပုံမှမြင်
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)
© Myanmar News Now Copyright by Thit Htoo Lwin
Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်