မြန်မာ့လေကြောင်းက စင်းလုံးငှားလေယာဉ်များအား (၁)နာရီ ကန်ဒေါ်လာ(၁၆၀၀)ပေး၍ငှားရမ်းနိုင်

ပြည်တွင်း၌သွားလားမူ အဆင်ပြေလွယ်ကူချောမွေ့စေရန်  မြန်မာ့လေကြောင်းက စင်းလုံးငှား လေယာဉ် များအား တစ်နာရီလျှင် အမေရိကန်ဒေါ်လာ (၁၆၀၀) ဖြင့်စတင်ငှားရမ်းနိုင်ပြီဖြစ်ကြေင်း သိရှိရသည်။

လက်ရှိ စင်းလုံးငှားလေယာဉ်များအဖြစ် အသုံးပြုလျက်ရှိသော လေယာဉ်များမှာ F-28, F-27, F-760 များဖြစ်ပြီး အချိန်တစ်နာရီမှစ၍ နာရီပေါင်း (၁၈၀)အထိ ငှားရမ်းအသုံးပြုနိုင်သည်ဟု သိရသည်။

မြန်မာ့လေကြောင်းက ၀ယ်ယူထားသော ခရီးသည်(၁၉)ဦး တင်ဆောင် သွားလာနိုင်သည့်အမေရိကန် နိုင်ငံထုတ် ဘက်စုံသုံး   လေယာဉ်များကို စတင်ငှားရမ်းသုံးစွဲနိုင်ကြောင်း သိရသည်။

“မြန်မာနိုင်ငံအတွင်း လူစီးများပြီး ခေါက်ရေများများ ပြေးဆွဲနေရတဲ့ ခရီးစဉ်လမ်းကြောင်းတွေအတွက် ကိုလည်း စင်းလုံးငှား   လေယာဉ်တွေ စီစဉ်သွားမယ်”ဟု မြန်မာ့လေကြောင်းရုံးချုပ် တာဝန်ရှိသူတစ်ဦးထံက သိရသည်။

လေယာဉ်များကို ငှားရမ်းအသုံးပြုလိုပါက ပို့ဆောင်ရေးဝန်ကြီးဌာန၊မြန်မာ့လေကြောင်းသို့ ဆက်သွယ် ငှားရမ်း ရမည်ဖြစ်သည်။

အဆိုပါ လေယာဉ်စင်းလုံး ငှားရမ်းခနှုန်းထားမှာ တစ်နာရီလျှင် အမေရိကန်ဒေါ်လာ(၁၆၀၀) ကျသင့်မည်ဖြစ်ပြီး   မြန်မာကျပ်ငွေဖြင့် လည်းပေးချေနိုင်ပြီး ငှားရမ်းမည်ဆိုပါက ခရီးစဉ် အသွား၊အပြန် အပြင်စောင့်ဆိုင်းခအပါအ၀င် စုစုပေါင်းကြာချိန် (၃)နာရီအားဋ္ဌားရမ်း အသုံးပြုနိုင်မည်ဖြစ်ပြီး အကယ်၍ သတ်မှတ်နာရီထက်ကျော်လွန်ပါက တစ်နာရီကျော်တိုင်း ငှားရမ်းခ၏ (၃၀)ရာခိုင်နှုန်းကို ထပ်မံပေးသွင်းရမည်ဖြစ်သည်။

စင်းလုံးငှားလေယာဉ်များကို ပုဂ္ဂလိကလုပ်ငန်းများ၊ အရေးပေါ်လူနာများအတွက်စင်းလုံးငှားရမ်းမှုနှင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်း ၊ရေနံတူးဖော်ရေး လုပ်ငန်းစသည့် လုပ်ငန်းများတွင်းလည်း ငှားရမ်းနိုင်ကြောင်းသိရသည်။
ဥာဏ်ဥာဏ် (မြစ်မခ)
by Myit Makha Mediagroup

သတင်းထောက်အား လက်ရောက်စော်ကားခြင်းမှာ မဟုတ်မှန်ကြောင်း ဒီချုပ်က ကျော်စိုးနိုင် ရှင်းလင်း

ဖေ့ဘွတ်စာမျက်နှာများတွင် ပျံနှံ့စွာဖော်ပြရေးသား လျက်ရှိသော WeeklyExpress Times ဂျာနယ် သတင်းထောက်အား ကိုယ်ထိလက်ရောက်စော်ကားခြင်းမှာ မဟုတ်မှန်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(ဒီချုပ်)က ကိုကျော်စိုးနိုင်က  မြစ်မခသို့ ရှင်းလင်းပြောကြားသည်။

“ကျွန်တော်က သူဓာတ်ပုံ ရိုက်ပြီးတော့ မှတ်တမ်းရရင် တော်ပြီ ညီလေးလို့ပြောပါတယ်၊ သူ ကျွန်တော့်ကို   မကြည့်ပဲနဲ့ တံတောင်နှင့် ထိုးမိပါတယ် ကျွန်တော်က နောက်ထပ်ပြောပါတယ်၊ နောက်တစ်ကြိမ် တတောင်နဲ့ ထပ်ထိုးမိပါတယ်”ဟု ကိုကျော်စိုးနိုင်ကပြောသည်။

သတင်းထောက် ဟိန်းကိုစိုးအား ကိုကျော်စိုးနိုင်က ကိုယ်ထိ လက်ရောက်မစော်ကားခဲ့ခြင်းမရှိကြောင်း သူ့ထံ တွင်သက်သေများရှိပါကြောင်းဦးကျော်စိုးနိုင်က ဆက်ပြောသည်။

Weekly Express Times ဂျာနယ်က မိမိတို့အနေဖြင့်ပြသာနာတစုံတရာတက်လိုခြင်းမရှိကြောင်း နောင်တွင် ထိုကဲ့သို့
ပြသာနာမျိုးမတက်လို၍ အဖွဲ့ချုပ်ရုံးသို့ စာပို့ခြင်းဖြစ်ကြောင်း သိရသည်။

 “ကျွန်တော်တို့ သတင်းထောက်ကို မင်းတို့က ပိုက်ဆံရလို့လုပ်နေတာ၊ ငါတို့က ထောင်ကျခံပြီးလုပ်နေတာ လို့ ပြောခဲ့တယ်၊ ကျွန်တော်ပြောချင်တာကတော့ ဖရီးပွဲဆိုတော့ရိုက်မှာပဲလေ ဒီလိုမဖြစ်စေချင်ရင် သတင်းထောက် တွေအတွက်
နေရာ တစ်နေရာသတ်မှတ်ပေးစေချင်ပါတယ်” ဟု Weekly Express Times ဂျာနယ်က အယ်ဒီတာ ကိုကျော်ဇေယျာဝင်း က ပြောသည်။

အထက်ပါကိစ္စနှင့်ပတ်သက်၍ ဒီချုပ်ကတာဝန်ရှိသူများက မည်ကဲ့သို့ဖြေရှင်းဆောင်ရွက်မည်ကို သိရှိလို၍ ဆက်သွယ် မေးမြန်း ရာ၌ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ယခုကဲ့သို့ဆိုသည်။

 “ဒီကိစ္စကို ခြံထဲကလူတွေ လုပ်ပါလိမ့်မယ် ကျွန်တော်မသိပါဘူး ခြံထဲကတာဝန်ရှိတဲ့ သူတွေဆောင်ရွက် ပါလိမ့်မယ်”ဟု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဥာဏ်ဝင်းကပြောသည်။

နိုင်ငံရေးသမားများနှင့် သတင်းမီဒီယာသမားများသည် ရှောင်ကွင်း၍ ရသူများမဟုတ်သည့်အတွက် ပြေပြေလည်လည် ညှိနှိုင်းဆောင်ရွက်သင့်ကြောင်းဝါရင့်သတင်းစာဆရာ ဆရာမောင်ဝံသက ဆိုသည်။

“ သတင်းသမားဘက်ကလဲ တားမြစ်ထားတဲ့နေရာကို အခွင့်ထူးခံပြီးမသွားသင့်ဘူး၊နောက်တစ်ချက်က သတင်းသမားတွေကို
ဆက်ဆံတဲ့နေရာမှာဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်အကျိုးကို  လက်တွဲလုပ်နေတဲ့သူ တွေလိုမျိုး ကောင်းကောင်းမွန်မွန် ဆက်ဆံသင့်တယ်” ဟု ၀ါရင့်သတင်းဆရာ၊ပြည်သူ့ခေတ်ဂျာနယ် အတိုင် ပင်ခံအယ်ဒီတာဆရာမောင်ဝံသကပြောသည်။

သတင်းထောက်နှင့် လုံခြုံရေးသမားများမှာ တခါတလေထိုကဲ့သို့ အဆင်မပြေမှုများဖြစ်တတ်ကြောင်းကိုလည်း ဆက်လက်ပြောဆိုခဲ့သည်။

လက်ရှိအချိန်တွင် အဆိုပါကိစ္စနှင့်ပက်သက်၍ လူမှုရေးဖေ့ဘွတ်စာမျက်နှာများတွင် ပျံနှံ့စွာဖော်ပြရေးသား လျက်ရှိ ကြောင်းကိုလည်း သိရှိရသည်။
ရှုမ၀အောင်(မြစ်မခ)
by Myit Makha Mediagroup

မန္တလးမြို့ စည်ပင်သာယာမှ တဖက်သက်လုပ်ဆောင်နေခြင်း

မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့  အောင်မြေသာစံမြို့ နယ် သိရီမာလာအရှေ့
ရပ်ကွက် သီရိမန္တလာ ကားကြီးကွင်းတောင်ဖက်ရှိ အရှေ့အနောက်စီးဆင်းနေသော
ရေကြည်မြောင်းအား ယနေ့ ( ၁၁.၅ ၂၀၁၂ )တွင် စည်ပင်သာယာမှ ရေကြည်
ရေမြောင်းအတွင်း အမှိုက်များကို ဆယ်ယူရာတွင် မြောင်းတောင်ဖက်ကပ်လျှက်
အပိုင်းကိုသာ တဖက်သတ် စက်များဖြင့် ဝင်ရောက်ဆယ်ယူနေသောကြောင့်
မြောင်းတောင်ဖက်အပိုင်းတွင်နေထိုင်သောလူနေအိမ်များမှအဆောက်အဦးများ
ဖယ်ရှားဖျတ်ဆီးပေးနေရပါသည်။

 ရေမြောင်း မြောက်ဖက်ခြမ်းမှအဆောက်အဦးများသည် မှုလအတိုင်းတည်ရှိနေပြီး
စည်ပင်သာယာမှအရေးယူဆောင်ရွက်ခြင်းလုံးဝမရှိနေသည့်တွေ့ မြင်နေရပါသည်၊
စည်ပင်သာယာလုပ်ဆောင်ချက်များသည် တဖက်သတ်ဆောင်ရွက်နေကြောင့်ကိုလည်း
သက်ဆိုင်ရာစည်ပင်သာယာသို့  မှတ်တမ်းဓါတ်ပုံများနဲ့ တင်ပြသော်လည်း
လစ်လျှုရှု နေပါကြောင်း ရပ်နေပြည်သူများက Myanmar News Now ကို
ပြောပြပါသည်။
မေလ(၁၁)ရက်နေ့  ၂၀၁၂ ယ္ခုထပ်မံလုပ်ဆောင်ချက်များကို မှတ်တမ်းဓါတ်ပုံများနဲ့ တင်ပြအပ်ပါသည်။

ရန်ပုံငွေများ လိမ်လည် တင်ပြတောင်းခံ၍ အလွဲသုံးစား လုပ်နေခြင်း

သို့
ပြည်ထောင်စု ဝန်ကြီး
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
နေပြည်တော်                                
အကြေင်းအရာ။               ။ ရန်ပုံငွေများ လိမ်လည် တင်ပြတောင်းခံ၍ အလွဲသုံးစား လုပ်နေခြင်း ကိစ္စ
          နည်းပညာ တက္ကသိုလ်(မန္တလေး)တွင် ပါမောက္ခချုပ် ရာထူးဖြင့် အုပ်ချုပ်လျှက်ရှိသော ဒေါက်တာအေးမြင့်၏ ငွေကြေး အလွဲသုံးစား လုပ်နေခြင်းများ အား ဝန်ကြီးသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
၁။       ဒေါက်တာအေးမြင့်သည် ၂၀၁၀-၂၀၁၁ ဘဏ္ဌာရေးနှစ် တွင် ကျောင်းတွင်းရှိ လမ်းများအား ကျောက်ချောလမ်းအသစ် ခင်းရန် ဝန်ကြီးဌာန သို့ ခန့်မှန်းကုန်ကျစရိတ် တင်ပြ၍ ရန်ပုံငွေ တောင်းခံခဲ့ပါသည်။ ခွင့်ပြု ရန်ပုံငွေ သိန်း(၄၂၀) ခန့် ရရှိခဲ့ပါသည်။
          ဒေါက်တာအေးမြင့်သည်အဆိုပါ ရန်ပုံငွေများဖြင့် အမှန်တကယ် ကျောက်ချောလမ်း မခင်းဘဲ ရှိပြီးသား ကျောက်ကြမ်းလမ်းပေါ်၌ ကျောက်မှုန့် ၆ လက္မ ခန့်သာ ခင်းခြင်း၊ ကျောင်းတွင်းရှိ မြေကြီးများအား တူး၍ လမ်းပခုံးသား ဖို့ခြင်း ၊ အဆိုပါ မြေကြီးများအား အဝယ်စာရင်းပြခြင်း၊ လူကြီးများ အဝင်အထွက် ရှိသော ကျောင်းရုံးခန်းရှေ့ လမ်းပိုင်းအားသာလျှင် ရေဖြန်း၍ လမ်းကြိတ်စက်ဖြင့် အကြိတ်ပြခြင်း ၊ အစရှိသော လုပ်ငန်းမျှသာ (ဓာတ်ပုံရိုက် ၍ လုပ်ငန်းပြီးစီးကြောင်း ပြသရန် ၊ စက်များအသုံးပြုကြောင်း ပြသ၍ စက်ဆီအကုန်ပြရန် ) ပြုလုပ်၍ သိန်း (၄၂၀) ခန့် ကုန်ကျပါသည်ဟု မမှန် စာရင်းပြ အလွဲသုံးစားပြု ခဲ့ပါသည်။ အဆိုပါ လုပ်ငန်းများ ၄င်း၏ တပည့်ရင်း ဦးအောင်တင်ဖြိုးထွန်းအား ကိုယ်စား ခိုင်းစေခဲ့ပါသည်။ အဆိုပါ လမ်းနှင့်ပက်သက်၍ မြို့ပြအင်ဂျင်နီယာ ဌာနအား စစ်ဆေးခွင့် ၊ ပါဝင်ပတ်သတ်ပြောဆိုခွင့် မပြုခဲ့ပါ။
          အဆိုပါ လမ်းအား လာရောက်စစ်ဆေးသော တိုင်းစာရင်းစစ်အဖွဲ့မှာ လမ်း၏ အခြေအနေအား ရိပ်မိ၍ Estimate ပါအတိုင်း ၆”x ၉”ကျောက်ကြီးချ စီခြင်း ရှိမရှိ ၊ ၄” x၂”ကျောက်ညှပ်စီခြင်း ရှိမရှိ လမ်အား ဖွင့်ဖောက်စစ်ဆေးရာ မမှန်မကန် ပြုလုပ်ထားသည်ကို တွေ့ရှိပါသည်။ စာရင်းစစ်ဖြင့် အခြေအတင်ဖြစ်သည့် ကိစ္စအား ၄င်းကိုယ်တိုင် တိုင်းစာရင်းစစ်မှူးထံ သွားရောက်တွေ့ဆုံ ဖုံးအုပ်ခဲ့ပါသည်။ အပြင် ကန်ထရိုက်ပေး၍ ဆောက်သည့်လမ်းဆိုပါက အဆိုပါ ကိစ္စမှာ ကန်ထရိုက် မှ တာဝန်ယူ ဖြေရှင်းရမည့် ကိစ္စ ဖြစ်သော်လည်း ၄င်းကိုယ်တိုင် သွားရောက်ဖြေရှင်းသည်ကို ကြည့်ခြင်းအားဖြင့် ပါမောက္ခချုပ် ကိုယ်တိုင် ကန်ထရိုက်ယူသည့် လမ်းဖြစ်ကြောင်းထင်ရှားနေပါသည်။
          အဆိုပါ လမ်းသည် ကျောက်မှုန့်များဖြင့်သာ ခင်းထားသည့် လမ်းဖြစ်သည်ကို ကျောင်းတွင်းရှိ ဝန်ထမ်းအိမ်ယာနေ ဆရာ ဆရာမများ သိရှိကြသော်လည်း မပြောရဲကြပါ။ ဝေဖန်ခဲ့မိသည့် သူများအား ပါမောက္ခချုပ် အဆင့်အတန်းဖြင့် မလိုက်ဖက်စွာ ရန်တွေ့ခြင်း ၊ ကြိမ်းမောင်းခြိမ်းခြောက်ခြင်း ၊ အငြိုးထား၍ Transfer စာရင်းထဲထည့်ခြင်း ၊ ဦးတင်မျိုးခိုင် ၊ ဦးအောင်တင်ဖြိုးထွန်း အစရှိသော ၄င်း၏ လက်ရင်းတပည့် များမှတဆင့် ဖိအားပေး ညစ်ပတ်စေခြင်းတို့ကို စနစ်တကျ ပြုလုပ် တတ်ပါသည်။ သို့ဖြစ်သောကြောင့် တတ်သိနားလည်သော Civil ဌာနမှ ဆရာများမှာ အဆိုပါလမ်းအား မျက်စောင်းမျှပင် ထိုးရဲသည့်လူ မရှိပါ။
          လမ်းအရှည် (၁၀) မိုင် ၊ လမ်းအကျယ် (၁၀)ပေ တွင် ကျောက်စရစ် ၆” ခင်းလျှင်ပင် သိန်း(၁၀၀) မကုန်ပါ။ ဤ လမ်းမျိုးဆိုပါက သိန်း(၅၀)ခန့်ပင် ကုန်မည်မထင်ပါ။
၂။       ၄င်းအပြင် ၂၀၁၁-၂၀၁၂ ဘဏ္ဌာရေး နှစ် တွင် ပြင်/ထိန်း လုပ်ငန်းများ ဆောင်ရွက်ရန် ရန်ပုံငွေ သိန်း(၄၀)ခန့် တောင်းခံ၍ မည်သည့်အလုပ်မျှ မည်မည်ရရ မလုပ်ဘဲ အရည်အသွေးနိမ့် ပစ္စည်းများသုံး၍ အရည်အသွေးမြင့် ပစ္စည်းဈေးနှုန်းဖြင့် စာရင်းတင်ပြခြင်း ၊ မှန်မပါ ဆေးမသုတ်ထားသော ပြတင်းတံခါးများသာ ပြုလုပ်တပ်ဆင်၍ ဆေးသုတ် မှန်တပ် ဈေးနှုန်းဖြင့် စာရင်းလိမ်ပြခြင်းများကို ဦးအောင်တင်ဖြိုးထွန်း အကူအညီဖြင့် စနစ်တကျ ပြုလုပ်နေကြပါသည်။
၃။       ကျောင်းစစ်ဆေးရေး အဖွဲ့များ လာရောက်စစ်ဆေးသောအခါ၌လည်း ၄င်းသြဇာမကင်းသော သူများသာဖြစ် ဖြစ်နေသဖြင့် ဒေါက်တာအေးမြင့် လုပ်ကိုင်သမျှ မပေါ်ပေါက်ခြင်းဖြစ်ပါသည်။
၎။       သို့ဖြစ်ပါ၍ ဒေါက်တာအေးမြင့်၏ သြဇာလွတ်ကင်းသော သူများဖြင့် နည်းပညာတက္ကသိုလ်(မန္တလေး)တွင် တရားလက်လွတ် ဖြစ်ပျက်နေသည်များကို စုံစမ်းစစ်ဆေး အရေးယူပေးပါရန် တင်ပြအပ်ပါသည်။   

လေးစားစွာဖြင့်

ဦးအောင်မော်
မန္တလေးမြို့။

ဧည့်စာရင်းသွားတိုင်လို့ ဒဏ်ရိုက်ခံရသည့် ပဲခူးမြို့ မ ဈေးသူ ဈေးသားများ

ပြီးခဲ့တဲ့ (၂၃၊ ၄၊ ၂၀၁၂)ရက်နေ့ ည(၁၁)နာရီး အချိန်တွင် ပဲခူးမြိုမ
ဈေးကြီးရဲ ကုန်စိမ်းတန်းမှာ မိမိခြံထွက်သီးနှံလေးများရောင်းချရန်
အနယ်နယ်အရပ်ရပ်မှ ရထားတတန်၊ ကားတတန်နဲ့ရောက်ရှိလာကြပြီး
ထုံစံအတိုင်း ညောင်ဝိုင်းရပ်ကွက်မြောက်ပိုင်းအုပ်ချုပ်ရေးမှူးရုံးသွား၍
ဈေးသည်တွေ ဧည့်စာရင်းသွားတိုင်ကြပါတယ်၊

ကံဆိုးကြတယ်ပြောရမလားပဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးကြီး အရက်မူးချိန်နဲ့
တည့်တည့်တိုးကြတော့ ဧည့်စာရင်းလာတိုင်သည့်ဈေးသည်များကို ရုံးခန်း
ထဲထည့်ပြီး ပိတ်ထားလိုက်ပါတယ်၊ ဖမ်းဆီးထားတဲ့သဘောပါ၊ ခဏကြာတော့
အုပ်ချုပ်ရေးမှူးက ဘာဥပဒေ၊ ဘာပုဒ်မ ဆိုတာလည်းမသိရပဲ ဈေးသည်တွေ
ဆီက တယောက် ၅၀၀၀ ကျပ်ဆီ ဒဏ်ရိုက်လိုက်ပါတယ်။

 ဒါ့အပြင် ဖမ်းဆီးခံရတဲ့ထဲက သရက်သီးသယ် မသင်းသင်းနု အသက်(၂၃)နှစ်
ဆိုသူအား ဆိုင်ကယ်နဲ့ဘယ်ဆီသို့ တင်ခေါ်သွားတယ် မသိရပဲ တစ်နာရီကျော်
နှစ်နာရီလောက်မှ ကုန်စီမ်းတန်းကိုလာပြန်ပို့ပါတယ်။

ဒါဏ်ရိုက်တဲ့အထဲလည်း ၄င်းကောင်မလေးအတွက် ၅၀၀၀ လျှော့လိုက်ပါတယ်လို့
အတူအဖမ်းခံရတဲ့ဈေးသူတစ်ဦးမှပြောပြခဲ့ပါတယ်။

အုပ်ချုပ်ရေးမှူးက အာဏာကို အသုံးပြု၍ အရက်မူးရမ်းကားပြီး ဈေးသည်များ
 အားခြိမ်းခြောက်ခြင်း၊ ဆဲဆိုခြင်း နှင့် ဖမ်းဆီးခြင်းများအား အရေးယူပေးပါရန်
 ပဲခူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးထံသို ပဲခူးမြို မဈေးကြီးရဲ့ ဈေးသူဈေးသား
များကစုပေါင်းလက်မှတ်ထိုးတိုင်ကြားခဲ့သော်လည်း မည်သို့မှထူးခြားမလာ
ပဲ ကြားနေမြဲသာ ဖြစ်နေခဲ့ပါတယ်။

ခေတ်ပြောင်း စနစ်ပြောင်း နေချိန်မှာ ဒီလိုအကျင့်ပျက်ဝန်ထမ်းတွေ
သွေးစည်းပြီး အောက်ခြေလူထုအပေါ် ထင်ရာဆိုင်းနေမှုကို
ရပ်သင့်ပြီးဖြစ်သည့်အတွက် ဈေးသူ ဈေးသားများက Myanamr News Now
ကိုပြောပြပါတယ်။

မန္တလေး ဟိုတယ်ဇုန်အတွက် မြေဧက ၃ ထောင်ကျော် သတ်မှတ်


မန္တလေးဟိုတယ်ဇုန်ကို တံတားဦးနှင့် အင်းဝ အကြားရှိ မြေဧက ၃ ထောင်ကျော်ပေါ်တွင် တည်ဆောက်ခွင့် ရပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း မန္တလေးဇုန်မှ တာဝန်ရှိသူတဦးက ယနေ့တွင် ဧရာဝတီသို့ ပြောသည်။
၂၀၁၁ ခုနှစ်အတွင်းက မြေနေရာ လျာထားသော်လည်း ဒေသခံများ ကန့်ကွက်မှုကြောင့် ဟိုတယ်ဇုန် မဆောက်ဖြစ်သည့် ရှမ်းကလေးကျွန်း (ဓာတ်ပုံ - မန်းသားလေး / ဧရာတီ)
၂၀၁၁ ခုနှစ် ဇူလိုင်လအတွင်းက အမရပူရမြို့နယ်အတွင်းမှ အိမ်ခြေ ၃၀၀ ကျော်ရှိ ရှမ်းကလေးကျွန်းတွင် မြေဧက ၅၅၀ အသုံးပြုပြီး ဟိုတယ်အလုံးပေါင်း ၉၀ ကျော်ထည့်သွင်း တည်ဆောက်ရန် ယာယီသတ်မှတ်ထားသော်လည်း ဒေသခံများ၏ ကန့်ကွက်မှုနှင့် မန္တလေးတိုင်း ၀န်ကြီးချုပ် ဦးရဲမြင့်၏ ခွင့်ပြုမိန့် မရရှိသည့်အတွက် လုပ်ငန်းများ ရပ်တန့်ထားခဲ့ရသည်။
မန္တလေးတိုင်း ၀န်ကြီးချုပ် ဦးရဲမြင့်က ယခုအခါ တံတားဦးနှင့် အင်းဝ အကြားတွင် ဟိုတယ်ဇုန်တည်ဆောက်ရန်အတွက် မြေနေရာ ဧက ၃ ထောင်ကျော် သတ်မှတ်ပေးလိုက်သောကြောင့် ပထမ လျာထားသည်ထက် အဆပေါင်းများစွာ ဟိုတယ်များ တိုးချဲ့ဆောက်လုပ် ခွင့်ရတော့မည် ဖြစ်ကြောင်း သိရသည်။
မန္တလေး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူ တဦးက “ရှမ်းကလေးကျွန်းမှာ ဟိုတယ်ဇုန်တည်ဆောက်မယ် ဆိုတုန်းက မြေဧက ၅၅၀ ပဲ ရတယ်။ အဲဒီအချိန်တုန်းက ဟိုတယ်အလုံး ၉၀ လောက်ပဲ တည်ဆောက်ခွင့်ရှိတော့ တခြားလုပ်ငန်းရှင်တွေ ပါဝင်လို့ မရဘူးဖြစ်ခဲ့သေးတယ်။ အခုလို မြေဧကတွေ တိုးပြီးရတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေလည်း ပိုမို လက်ခံလို့ရပြီ။ ပြည်တွင်းလုပ်ငန်းရှင်တွေလည်း အများအပြား ပါဝင်နိုင်ပြီ” ဟု ပြောသည်။
မန္တလေး ဟိုတယ်ဇုန်ကို ရွေးချယ်ရာတွင် ဒေသခံပြည်သူများ နစ်နာမှု မရှိစေရန် အထူးဂရုစိုက် သွားမည် ဖြစ်ကြောင်း၊  မြေဧကများကို ၀ယ်ယူရာတွင် တာဝန်ရှိသူများနှင့် တိုင်ပင်ပြီး ဒေသခံများ ပိုင်ဆိုင်ထားသော မြေများကို တပြေးညီ ဈေးနှုန်းသတ်မှတ် ၀ယ်ယူသွားရန် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
“ကျနော်တို့က ဒေသခံတွေကို မနစ်စေချင်ဘူး။ ဒီလို ဟိုတယ်ဇုန်တွေ လုပ်မယ်ဆိုတာနဲ့ တချို့မြေဈေးတွေလည်း အဆမတန် တက်ကုန်တယ်။ အဲလိုဆိုတော့လည်း မဟုတ်သေးဘူး။ ဒါကြောင့် အဖက်ဖက်ကနေ ညှိနှိုင်းပြီး ၀ယ်သွားမှာပါ” ဟု မန္တလေး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူက ပြောသည်။
မန္တလေးမှ ဆောက်လုပ်ရေး လုပ်ငန်းရှင်တဦးက “အောင်ပင်လယ်ဘက်က လယ်မြေတွေများတော့ မြန်မာနိုင်ငံရဲ့ ဆန်စပါးကို ထိခိုက်နိုင်တယ်။ အခု ရှမ်းကလေးကျွန်းကို တည်ဆောက်မယ်ဆိုပေမယ့်လည်း နုန်းမြေတွေကများတော့ အဲဒီမြေနုကျွန်းက ဒေသခံတွေအတွက် စိုက်ပျိုးဖို့ မြေနေရာမရဘဲ ကန့်ကွက်တာတွေ၊ ဆန္ဒပြတာတွေ ဖြစ်လာနိုင်တယ်။ အခုလို တံတားဦးဘက်ကို အလေးပေးပြီး တည်ဆောက်မယ်ဆိုတော့ ပိုကောင်းတာပေါ့။ တံတားဦးဘက်ဆိုရင် အင်းဝနဲ့လည်း နီးတယ်လေ။ နိုင်ငံခြားသားတွေ အကြိုက်ပေါ့” ဟု ဆိုသည်။
တံတားဦးမြို့သည် လက်ရှိတွင် ဖွံ့ဖြိုးစပြုနေပြီး မြေနေရာ ကျယ်ဝန်းသော်လည်း ရေရှားသည့် အပူပိုင်းဒေသဖြစ်သည်။ မြေအမျိုးအစားမှာ ကျစ်လျစ်သော သဲမြေများ ဖြစ်သည်။
ဟိုတယ်ဇုန်တွင် ဟိုတယ်၊ မိုတယ်၊ စားသောက်ဆိုင်၊ အမှတ်တရပစ္စည်းဆိုင်များ၊ ဂေါက်ကွင်းများ၊ ဧည့်လမ်းညွှန်ရုံးများ၊ အင်တာနက်ဝိုင်ဖိုင်များ၊ စပိဘုတ်စက်လှေများ၊ ဟိုတယ်နှင့် သက်ဆိုင်သည့် ဆိုင်များကို ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းဟိုတယ်ဇုန် ပေါ်ပေါက်လာပါက ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်လမ်း ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ပြီး မန္တလေးတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပိုမိုအဆင့်မြင့်လာမည် ဖြစ်ကြောင်း၊ လက်ရှိ မန္တလေးမြို့တွင် နိုင်ငံခြားသားများ အဆင့်မြင့်မြင့် တည်းခိုနိုင်သည့် ပတ်ဝန်းကျင်နှင့် အသံတိတ်ဆိတ်သော ဟိုတယ်များ ရှားပါးလျက်ရှိကြောင်း လေ့လာသူများက ဆိုသည်။
ယခု ဟိုတယ်ဇုန်မှာ မန္တလေးမြို့ အပြင်ဘက်တွင် တည်ရှိသည်။
မန္တလေးမြို့သို့ တလလျှင် နိုင်ငံခြားသား ၁ သောင်းဝန်းကျင် လာရောက်လည်ပတ်လျက် ရှိကြောင်း တရားဝင် စာရင်းဇယားများအရ သိရသည်။
မန္တလေးရှိ ဟိုတယ်၊ မိုတယ်များတွင် ပြည်တွင်းခရီးသွားအတွက် တည်းခိုမှုနှုန်းမှာ ငွေကျပ် ၁ သောင်းခွဲမှ ၄ သောင်းကျော်အထိ လည်ကောင်း၊ နိုင်ငံခြားသားများအတွက် အမေရိကန် ဒေါ်လာ ၁၈၀ မှ ၁၁၀၀ ကျော်အထိ လည်းကောင်း ဈေးအသီးသီးရှိကြောင်း သိရသည်။
မန်းသားလေး (ဧရာဝတီ)

Myint April အထည်ချုပ်စက်ရုံမှ အလုပ်သမများဆန္ဒပြ

လှိုင်သာယာရှိ Myint April အထည်ချုပ်စက်ရုံမှ အလုပ်သမများသည်မရမ်းကုန်းရှိ အလုပ်သမားညွှန်ကြားမှုဦး စီးဌာနရှေ့တွင် ယနေ့မွန်းလွဲ၃နာရီ ခန့်က ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။ အလုပ်သမား ၆၀၀ ကျော်ရှိအဆိုပါစက်ရုံမှအလုပ်သမ ၃ပုံ၂ပုံခန့်သည်။

 ဧပြီလလစာမှကျပ်၁၀၀၀၀ ဖြတ်တောက်ခြင်း၊ လစာဖြတ်တောက်မှုကို ပြောသည့်အခါ All Supervisor ဖြစ်သူဒေါ်နွယ်နွယ်ဦးက ရုန့်ရင်း ကြမ်းတမ်းသော စကားများဖြင့်ပြန်လည်ပြောဆိုခြင်းတို့ကြောင့် ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်း အဆိုပါစက်ရုံမှ အသက် ၂၇ နှစ်ရှိ မခင်ခင်လှိုင်ကပြောသည်။ 

အလုပ်သမားတစ်ဦးဖြစ်သည့်အသက် ၂၃ နှစ်ရှိမကြည်ကြည်ထွေးကလည်း “ကျွန်မတို့ လစာတိုးတောင်းတာ မဟုတ်ဘူး၊ကိုယ်ရသင့်တဲ့ ဟာကိုပြန်ပေးဖို့တောင်းတာ ၊လကုန်ရင်အဲ့လိုပဲ ဟိုကြေးဖြတ် ဒီကြေးဖြတ်နဲ့ လစာအပြည့်မရခဲ့ဘူး”ဟုပြောသည်။ ၂၀၁၁ ခုနှစ်သြဂုတ်လတွင် ကိုးရီးယားမှ လာရောက်ဖွင့်လှစ်သော အဆိုပါစက်ရုံတွင်ယခုအကြိမ်မတိုင်မီ ဆန္ဒပြမှု လေးကြိမ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။ 

အဆိုပါအလုပ်ရုံ၏အလုပ်ချိန်သည် နံနက်( ၇ )နာရီမှ ည ( ၈ ) နာရီ အထိဖြစ်ပြီးအလုပ်သမားတစ်ဦးလျှင် အမြင့်ဆုံးလစာကျပ် ၅၈၀၀၀ ရရှိကြောင်းသိရသည်။ 

 Popular Myanmar News Journal

နိုင်ငံတော် သမ္မတရုံး တရားဝင် Website လွှင့်တင်

Photo Credit : http://www.president-office.gov.mm/
နေပြည်တော်၊ မေ ၁၁
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ၊ နိုင်ငံတော် သမ္မတရုံး သတင်းပြန်ကြားရေး ဌာန၏ တရားဝင် Website ဖြစ်သော http://www.president-office.gov.mm/ကို မေလ ၁၁ရက်နေ့ (ယနေ့) မှစ၍ စမ်းသပ် ကာလ အဖြစ်သတ်မှတ်၍ စတင် ခဲ့ရာ ယနေ့ နံနက်ပိုင်းက နိုင်ငံတော် သမ္မတကြီး ဦးဆောင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး ဓာတ်ပုံနှင့် နိုင်ငံတော် သမ္မတကြီး၏ ပြောကြားချက် အချို့ ကို ကောက်နုတ် ဖော်ပြခဲ့သည်ကို တွေ့ရသည်။

အဆိုပါ အစည်းအဝေး ဓါတ်ပုံ၌ နိုင်ငံတော် သမ္မတကြီး၏ ဝဲဘက် ထိပ် ထိုင်ခုံတွင်မူ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောင်ခမ်းကို တွေ့ရှိခဲ့သော်လည်း နိုင်ငံတော် သမ္မတကြီး၏ ယာဘက်ထိပ်၌ ဒုတိယသမ္မတ တစ်ဦးဖြစ်သူ သီဟသူရ ဦးတင်အောင်မြင့်ဦး၏ ထိုင်ခုံမှာ လစ်လပ်နေသည်ကို တွေ့ရှိရသည်။

သမ္မတရုံး Website တွင် အဖွင့်စာမျက်နှာ၊ သတင်းများ၊ အခန်းကဏ္ဍ၊ အုပ်ချုပ်ရေး၊ အစိုးရအဖွဲ့၊ လွှတ်တော် ကဏ္ဍဟူ၍ ပါရှိပြီး အဖွင့်စာမျက်နှာ အောက်၌ သမ္မတရုံးနှင့် ဆိုင်သည့် ဓာတ်ပုံမှတ်တမ်းများ၊ ဗီဒီယိုဖိုင်များ၊ အသံဖိုင်များ၊ စာအုပ်စင်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနိုင်ရန် အတွက် တိုက်ရိုက်ထုတ်လွှင့်မှု ဟူ၍ ခွဲခြားထားသည်။

သတင်းများ အောက်တွင်လည်း ယင်းကဲ့သို့ နိုင်ငံတော်နှင့် သက်ဆိုင်သော သတင်းများ၊ သတင်းစာ ရှင်းလင်းချက်များ၊ သမ္မတရုံး၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြထားပြီး အခြား ခေါင်းစဉ်များ အောက်တွင်လည်း ခေါင်းစဉ်ခွဲများ ပါရှိကြောင်း သိရသည်။
The Voice Weekly

NLD လုံခြုံရေး တာဝန်ရှိသူအပေါ် Express Times ဂျာနယ်၏ စွပ်စွဲချက် မမှန်ကန်

   ၈ ရက်နေ့ကပြုလုပ်တဲ့ ရွှေမင်းသားဖောင်ဒေးရှင်းးးရဲ့ လေးနှစ်ပြည့်အခမ်းအနားကို ကျတော်လဲတက်ရောက်
သတင်းယူပါတယ်... ဒါကြောင့် ကိုကျော်စိုးနိုင် နဲ့ သတင်းထောက်တို့ဖြစ်တဲ့ ပြသနာကို အစအဆုံး သိရှိမြင်တွေ့လိုက်ရသ
လို ပြသနာကြီးးးမလာအောင် ကိုကျော်စိုးနိုင် နဲ့ သတင်းထောက်တို့ကြားမှာ တောက်လျှောက်မတ်တပ် ရပ်နေခဲ့ပါတယ်...
                   Express Times ဂျာနယ်၏ စွပ်စွဲချက် တွေဖြစ်တဲ့ ကိုကျော်စိုးနိုင် မှ " ဟေ့ကောင် ဓါတ်ပုံမရိုက်နဲ့" တားမြစ်တာ
မဟုတ်ပါ။။။ တခြားပွဲလာသူများရှေ့မှာ မီဒီယာပေါင်း များစွာက ပိတ်ကွယ်နေတာကြောင့် တော်ပါတော့ တော်ပါတော့ ... ပြီး
မှ ဆက်ရိုက်ပါဆိုပြီးးး ပြောခြင်းးးပါ... ကျန်တဲ့ သတင်းထောက်တွေ နောက်ဆုတ်ပေးပေမယ့် Express Times ဂျာနယ် သ
တင်းထောက်ကတော့ နောက်မဆုတ်တာကြောင့် အခုတော့တော်သင့်ပြီညီလေး ပြီးမှ ဆက်ရိုက်လို့ပြောတာကြားလိုက်တယ်...
တစ်ဆက်တည်း မြင်လိုက်ရတာက သတင်းထောက်က ကိုကျော်စိုးနိုင် မျက်နှာကို တံတောင်နဲ့ နောက်ပြန်ထိုးလိုက်ပြီး ကျုပ်
က သတင်းထောက်.. ဓါတ်ပုံ ရိုက်ရမှာပဲလို့ ပြန်ပြောခဲ့တယ်... Express Times ဂျာနယ်၏ ကိုယ့်ဘက်ကိုယ်ကာထားတဲ့ "ဟုတ်
ကဲ့ပါ...ကျတော် ဒီတစ်ပုံလောက် ရိုက်ပါရစေ " ဆိုတဲ့ စကားကို သတင်းထောက်က လုံးဝမပြောခဲ့ပါ။။။
                      အမှန်က ကျတော်လဲသတင်းထောက် အနေနဲ့ သတင်းယူနေရင်းပဲ တွေးကြည့်ပါတယ်... သတင်းထောက်တွေ
က အမေစု ရဲ့ လက်တစ်ကမ်းးးမှာပါ... သတင်းထောက်ဆိုတာကို ထင်ရှားစွာ သိနိုင်တဲ့ အမှတ်အသား ဂျို မပါပါဘူး... ဒီတော့
သတင်းထောက်ယောင်ဆောင်ပြီး အမေစု ကို လုပ်ကြံမယ်ဆိုရင်တောင် အင်မတန် လွယ်တဲ့ ကိစ္စဖြစ်နေတယ်... မဖြစ်နိုင်ဘူးး
လို့ ဘယ်သူပြောမလဲ... ဗိုလ်ချုပ် ကိုတောင် လူယုတ်မာတွေက ဒီလိုပဲ သတ်ခဲ့တာပဲ...
                     အဲ့ဒီနောက် ပြသနာက ပြီးမသွားတာက Express Times ဂျာနယ်၏ သတင်းထောက်က NLD လုံခြုံရေးတွေ ရွေး
ပြီး ဓါတ်ပုံလိုက်ရိုက်ပါတယ်... ဒီလိုမျိုးတော့ သတင်းထောက်အလုပ်ကို မာန်တက်ပြီး အညိုးထားတာမျိုး မလုပ်သင့်ပါဘူး...
ကျတော်မြင်တာကတော့ အမှုတစ်ခုဖြစ်ရင်တောင် တရားရုံးမှာ သူဘက် ၊ ကိုယ့်ဘက် လျှောက်လဲချက်တွေနဲ့ အမှားအမှန်
ဆုံးဖြတ်တာပါ...  Express Times ဂျာနယ်၏ အယ်ဒီတာချုပ်က NLD ရုံးကို တရားဝင် စာရေးတိုင်ကြားတာကို ကြိုဆိုပါတယ်..
. ဒါပေမယ့် ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် အဖြေမစစ်ရသေးဘဲ ကိုယ့်သတင်းထောက်ပြောတာကိုပဲ အမှန်လုပ်ပြီး ဦး
ကျော်စိုးနိုင် ကို စုန်းပြူး လို့ သုံးနှုန်းခြင်း ၊ မှန်၏ မမှန်၏ သေချာစွာ အဖြေမထွက်ခင် လူတစ်ယောက် ရဲ့ဓါတ်ပုံ ကို ကြေညာ
ချက်မှာ ကပ်ပြီး လူသိရှင်ကြား သတင်းဖြန့်ဝေပြောဆိုခြင်း တို့ကတော့ မသင့်တော်ပါဘူး... မီဒီယာ လက်နက်ကို အလွဲသုံး
ရာရောက်ပါတယ်...
                                                                                                                                      လေးစားပါတယ်ဗျာ
  မှားတာရှိလဲ ထုံးစံအတိုင်း ဆုံးမကြပါ

   ကိုမောပြေ (ဖေ့စ်ဘုတ်)

အဂ္ဂမဟာ ဒီမိုဖက်တီး ကျော်စိုးနိုင် (ခ) ကိုဘောကြီးဆိုတာ ဘယ်သူလဲ ........ အားလုံးက လေးစားဂုဏ်ပြုကျတဲ့ ၈၈ ခေါင်းဆောင် စာရင်းထဲ မှာတော့ သူ့နာမည် မပါပါဘူး .... ဒါပေမယ့် အဲသည် ရွှေတိဂုံဘုရား ဟောပြောပွဲ ကနေ စလို့ ယုံကြည်ရတဲ့ ကိုယ်ရံတော် တစ်ယောက် ၊ အနာခံ အကြိမ်ကြိမ် အဖမ်းခံခဲ့ရတဲ့ ဒေါ်စုရဲ့ တပည့်ရင်း တစ်ယောက်ပါ ......

Weekly Express Times ၏ သဘောထားထုတ်ပြန်ချက်ကို NLD သို့ပေးပို့ခြင်း

အထက်ပါ ကိစ္စရပ်နှင့် ပတ်သက်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဆရာဦးဝင်းတင်၊ ဦးဥာဏ်ဝင်းနှင့် ဦးအုန်းကြိုင်တို့ထံသို့ အောက်ပါအကြောင်းခြင်းရာများ ပါဝင်သော သဘောထားကြေညာချက်တစ်စောင်ပေးပို့ခဲ့ပါသည်။

သို့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)
အမှတ် (၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း။
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
                                     ရက်စွဲ။      ။     ၈ ၊ မေ၊ ၂၀၁၂၊
အကြောင်းအရာ။        ။ NLD လုံခြုံရေးတာဝန်ရှိသူက Weekly Express Times မှ သတင်းထောက်အား ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းနှင့် မီဒီယာသမားများကို စော်ကားပြောဆိုခြင်းကိစ်္စအား လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ပေးပါရန် တင်ပြခြင်း။                     မေလ ၈ ရက်၊ တနင်္လာနေ့ နံနက် ၉ နာရီအချိန်တွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုအသင်းချုပ်
(UMFCCI) ရုံး၌ ရွှေမင်းသားဖောင်ဒေးရှင်း (၄) နှစ်ပြည့် အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။
        အဆိုပါ အခမ်းအနားသို့ ရွှေမင်းသားဖောင်ဒေးရှင်း၏ နာယကဖြစ်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်ဂုဏ်ပြုခဲ့ရာ သတင်းမီဒီယာသမားအများအပြားတက်ရောက် သတင်းရယူခဲ့ပြီးWeekly Express Times သတင်းဂျာနယ်မှ သတင်းထောက် ကိုဟိန်းကိုစိုး၊ ကိုဇင်မောင်ထွန်းနှင့် မဖြိုးဖြိုးဝေတို့လည်း တက်ရောက်သတင်းယူခဲ့ပါသည်။
        အခမ်းအနားကျင်းပနေစဉ်အတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရွှေမင်းသားဖောင်ဒေးရှင်းဥက်္ကဋ္ဌ
ဦးမြတ်သူဝင်းတို့နှုတ်ဆက်စကားပြောနေသည်ကို သတင်းထောက်ကိုဟိန်းကိုစိုးကသတင်းဓာတ်ပုံမှတ်တမ်းရယူနိုင်ရန် ကြိုးပမ်းခဲ့ပါသည်။
        ထိုအချိန်တွင် NLD မှ လုံခြုံရေးတာဝန်ယူထားသော ဦးကျော်စိုးနိုင်က “ဟေ့ကောင် ဓာတ်ပုံမရိုက်နဲ့”ဟု တားမြစ်ပါသည်။
“ဟုတ်ကဲ့ပါ . . .ကျွန်တော် ဒီတစ်ပုံလောက်ရိုက်ပါရစေ””ဟု ကိုဟိန်းကိုစိုးက ပြောကြားပြီးဓာတ်ပုံမှတ်တမ်းတင်ရန် ကြိုးပမ်းစဉ် ဦးကျော်စိုးနိုင်က ကင်မရာကိုင်သော လက်ကို ရိုက်ချလိုက်ပြီး ““မင်းကို ငါမရိုက်နဲ့လို့ ပြောတာနားမလည်ဘူးလား ဟေ့ကောင်””ဟု ဆိုကာ့ င်္ဃြဃှု ရုံးချုပ်၏ အိမ်သာအတွင်းသို့ ခေါ်ဆောင်သွားပြီး သတင်းထောက်ကိုဟိန်းကိုစိုး၏ အင်္ကျီရင်ဘတ်ကို အကြိမ်ကြိမ်ဆွဲစောင့်ကာ ““မင်းတို့ မီဒီယာသမားတွေက ပိုက်ဆံရလို့ အလုပ်လုပ်နေတာ။ ငါတို့က ဘာစောက်တစ်ပြားမှမရဘဲ ထောင်အကျခံပြီး နိုင်ငံရေးလုပ်နေတာကွ။ ဘယ်ကောင့်ကိုမှ စောက်ဂရုမစိုက်ဘူးလို့ မင်းတို့အယ်ဒီတာတွေကိုပြောလိုက် . . . .+ - x -ံ့  သားရဲ့ . . . ””ဟု လက်ရောက်မှု ကျူးလွန်ကာဆဲရေး တိုင်းထွာစော်ကားပြောဆိုပါသည်။
     ကျွန်ုပ်တို့Weekly Express Times အနေဖြင့် ပြန်လည်အစားထိုး၍ မရနိုင်အောင် တန်ဖိုးမြင့်မားလှသော
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် ဦးကျော်စိုးနိုင်ထံတွင် အပြည့်အ၀တာဝန်ရှိသည်ကို သိရှိပါသည်။
    သို့ရာတွင် မြန်မာတစ်မျိုးသားလုံး၏ ဒီမိုကရေစီအရေးအတွက် ဖော်ဆောင်နေသော NLD နှင့် ပြည်သူလူထုတို့အကြား ပေါင်းကူးပေးသော အခက်အခဲများစွာကြားမှ စတုတ်္ထမဏ္ဍိုင်အဖြစ် ခိုင်မာစွာရပ်တည်နိုင်အောင် ကြိုးပမ်းနေသည့် မီဒီယာသမားများအပေါ် ဦးကျော်စိုးနိုင်၏ ရင့်သီးစွာ စော်ကားဆက်ဆံ လက်ရောက်မှုကျူးလွန်ခြင်းလုပ်ရပ်အား များစွာစိတ်မကောင်း ဖြစ်ရပါသည်။
    ပြည်သူလူထုအကျိုးအတွက်ဆောင်ရွက်နေသော NLD တွင် မြန်မာမီဒီယာသမားအားလုံးကို အထက်ပါအတိုင်း သိမ်းကျုံးစော်ကားပြောဆိုရဲခြင်းနှင့် မီဒီယာအပေါ် ယခုကဲ့သို့သောအမြင်မျိုးရှိနေသည့် ဦးကျော်စိုးနိုင်ကဲ့သို့ ““စုန်းပြူး””ရှိနေခြင်းကိုလည်း များစွာအံ့သြမိပါသည်။
    အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် ဦးကျော်စိုးနိုင်အား လိုအပ်သလို အရေးယူမှုပြုလုပ်နိုင်ရန် အဆိုပါဖြစ်စဉ်အား ယခုကဲ့သို့ တင်ပြရခြင်းဖြစ်ပါသည်။
“မင်းတို့ မီဒီယာသမားတွေက ပိုက်ဆံရလို့ အလုပ်လုပ်နေတာ။ ငါတို့က ဘာစောက်တစ်ပြား မှမရဘဲ ထောင်အကျခံပြီး နိုင်ငံရေး လုပ်နေတာကွ။ ဘယ်ကောင့်ကိုမှ စောက်ဂရုမစိုက်ဘူးလို့ မင်းတို့အယ်ဒီတာတွေကိုပြောလိုက်  . . .+ - x -ံ့  သားရဲ့ . . . ” ဟု ပြောဆိုကာ လက်ရောက်ကျူးလွန်စော်ကားသော NLD လုံခြုံရေးတာဝန်ရှိသူ ဦးကျော်စိုးနိုင်၏ လုပ်ရပ်အား
Weekly Express Times အနေဖြင့် လုံးဝ ကန့်ကွက်ရှုတ်ချကြောင်း အသိပေးကြေညာအပ်ပါသည်


မိတ်္တူကို
-ပြည်တွင်းရှိ သတင်းမီဒီယာများအားလုံး
-မြန်မာဂျာနယ်လစ်ကွန်ရက်(MJN)နှင့်
-မြန်မာနိုင်ငံသတင်းစာဆရာများအသင်း
သို့ . . .
-မြန်မာနိုင်ငံသတင်းစာဆရာများအသင်း သို့ . . .

 ------------------------------------------------------------------------------
 NLD လုံခြုံရေးတာဝန်ရှိသူ ဦးကျော်စိုးနိုင် နဲ့ ပါတ်သတ်လို့ 
ဖေ့စ်ဘုတ် အင်တာနက်စာမျက်နှာလည်း အခုလို မှတ်ချက်
ပေးထားတာတွေ့ ရပါတယ်။


ET သတင်းထောက်နဲ့ ညှိသွားတယ်ဆိုတဲ့ NLD ကျော်စိုးနိုင် (ခ) ကိုဘောကြီး
ဆိုတာ ဘယ်သူလဲ ........

အားလုံးက လေးစားဂုဏ်ပြုကျတဲ့ ၈၈ ခေါင်းဆောင် စာရင်းထဲမှာတော့ သူ့
နာမည် မပါပါဘူး (ကျန်ခဲ့တဲ့ အခြားလူတွေ အများကြီးပါ) ... ဒါပေမယ့် အဲဒီ
နေ့ ရွှေတိဂုံဘုရား ဟောပြောပွဲကနေ စလို့ ယုံကြည်ရတဲ့ ကိုယ်ရံတော် တဦး၊ အနာခံ ၊ အကြိမ်ကြိမ် အဖမ်းခံခဲ့ရတဲ့ ဒေါ်စုရဲ့ တပည့်ရင်းတဦးပါ ....

အကယ်၍ ET သတင်းထောက် ပြောပြချက်အတိုင်း ပြောဆိုပြုမူခဲ့တယ်ဆိုရင်
ဖြင့် - (၁) ပေါက်သွားတာ (၂) ဂေါက်သွားတာ ဖြစ်နိုင်ပါတယ် .....း))

ဘာလို့လဲဆို .... ကိုဘောကြီးဟာ သဘောကောင်း စကားပြော ပြေပြစ်သူပါ။
ဒါဆိုရင်တော့ သူ့ကို ဆေးခန်းပြရမယ်။ ဆေးရုံတင်သင့် တင်ရမယ် ......း))

တကယ်လို့ ကိုဘောကြီး ဘက်က မှားတယ်ဆိုရင် ဒေါ်စုက သူ့တပည့်ရင်းမို့
ဆူလိုက်မယ့် ဖြစ်ခြင်း ........ တွေးရင်တောင် ကျောစိမ့်မိ ပါတယ်။

ကိုဘောကြီးဟာ ဒေါ်စု နှင့် NLD ခေတ်ကောင်းတော့မှ အနားရောက်လာတဲ့
ငခုံးမ မဟုတ်သလို ၊ ဆွမ်းဆန်ထဲမှာ ပါလာတဲ့ ကြွက်ချေးလဲ မဟုတ်ပါ ....
ဒီအချက်ကိုတော့ ရေရေလည်လည် နားလည်စေချင်ပါတယ်။


By: အဂ္ဂမဟာ ဒီမိုဖက်တီး (Facebook)
NLD ကျော်စိုးနိုင် (ခ) ကိုဘောကြီး
NLD ကျော်စိုးနိုင် (ခ) ကိုဘောကြီး

NLD ကျော်စိုးနိုင် (ခ) ကိုဘောကြီး

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဥရောပပါလီမန်လေ့လာ

မြန်မာဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်စ်မြို့မှာရှိတဲ့ ဥရောပ ပါလီမန်ကို မနေ့က ကြာသပတေးနေ့က ပထမဆုံးအကြိမ်အဖြစ် သွားရောက်လေ့လာခဲ့ကြပါ တယ်။ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်ပြီး လွှတ်တော်ကိုယ်စားလှယ် နှစ်ယာက်နဲ့ အတူ မြန်မာအစိုးရတာဝန်ရှိသူတွေက EU ဥရောပသမဂ္ဂ ဥက္ကဋ္ဌ Herman Van Rompuy နဲ့ နိုင်ငံခြား မူဝါဒရေးရာ EU အကြီးအကဲ Catherine Ashton တို့ကို Belgium နိုင်ငံ Brussels မြို့ရှိ ဥရောပပါလီမန် မှာ တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လတ်တလောပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ဥရောပ သမဂ္ဂနဲ့ မြန်မာနိုင်ငံအကြား အခုလို ဆွေးနွေးပြောဆိုကြတာဖြစ်တယ်လို့ ဥရောပပါလီမန်ဥက္ကဋ္ဌ Martin Schulz ကပြောပါတယ်။ ဒီမိုကရေစီရေး လမ်းပွင့်အောင် အပြောင်းအလဲဖော်ဆောင်နေတာဟာ EU ဥရောပ သမဂ္ဂအတွက် အပြုသဘောဆောင်တဲ့ မျှော်လင့်ချက် ဖြစ်ပါတယ်လို့ Mr. Schulz ကပြောပါတယ်။

ဥရောပပါလီမန်အနေနဲ့ နေပြည်တော်မှာ ဋ္ဌာနဆိုင်ရာ လိုအပ်ချက်တွေကို ပူးတွဲပံ့ပိုးပေးဖို့ အဆင်သင့်ရှိ ပါကြောင်း၊ ၁၉၉၀ ပြည့်နှစ် က ဥရောပပါလီမန်ကနေ ဒေါ်အောင်ဆန်းစုကြည်ကိုချီးမြှင့်ခဲ့တဲ့ လွတ်လပ်စွာတွေးခေါ်မှု ဆိုင်ရာ ဆာခါရော့ဗ်ဆုကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကိုယ်တိုင်လက်ခံနိုင်ဖို့အတွက် ဖိတ်ကြားချက်ကိုလည်း Mr. Schulz က ထပ်လောင်း ပြောဆို လိုက်ပါတယ်။

EU ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုအားလုံးနီးပါးကို ပြီးခဲ့တဲ့လက တနှစ်ဆိုင်းငံ့ပေးလိုက်ပြီး ဒီနေ့ သောကြာနေ့မှာ စတင်အကျိုးသက်ရောက်မှာဖြစ်ပါတယ်။ နိုင်ငံခြား မူဝါဒရေးရာ EU အကြီးအကဲ Catherine Ashton ကို စေလွှတ်ပြီး ရန်ကုန်မြို့မှာလည်း EU ဋ္ဌာနေကိုယ်စားလှယ်ရုံးကို ဖွင့်လှစ်ပေးခဲ့ပါတယ်။
By ဗွီအိုအေ (မြန်မာဌာန)

တိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးကိုပါ စဉ်းစားဖို့ ရင်းနှီး မြှုပ်နှံသူတွေကို ဒေါ်စု တိုက်တွန်း

ဓာတ်ပုံ AP
ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ပိုလန်နိုင်ငံခြားရေးဝန်ကြီး Radoslaw Sikorski နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ။ (မေလ ၁၀ ရက်၊ ၂၀၁၂။)
မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှုတွေနဲ့ ဖွံဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ကြမယ် ဆိုရင် မြန်မာပြည်မကြီး တင်မဟုတ်ဘဲ မြန်မာတိုင်းရင်းသား လူနည်းစုဒေသတွေမှာပါ သွားရောက် လုပ်ဆောင်ကြဖို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေက အရေးယူပိတ်ဆို့မှုတွေ ရုပ်သိမ်းလာတဲ့ တချိန်တည်း မှာ နိုင်ငံတကာက မြန်မာနိုင်ငံတွင်း စီးပွားရေး ရင်းနှီးမြှုပ်နှံဖို့ ပိုပြီး စိတ်ဝင်စားမှု တိုးလာကြပါတယ်။ ဒီ အခြေအနေကိုတော့ ကိုသားညွန့်ဦးက တင်ပြပေး ထားပါတယ်။
မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ အနောက်နိုင်ငံတွေဘက် စီးပွားရေးပိတ်ဆို့မှု အကန့်အသတ်တွေကို ဖယ်ရှားလိုက်တာကြောင့် မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေး လုပ်လိုတဲ့ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေအတွက် အခွင့်အလမ်းတွေ လုပ်ခွင့်သာခွင့်တွေ ပိုလာပါတယ်။ ဒီနှစ်အတွင်း မြန်မာနိုင်ငံတွင်း လာရောက်တဲ့ နိုင်ငံခြားခရီးသည်အများစုဟာလည်း စီးပွားရေးလုပ်ငန်းတွေ အခြေချ ရင်းနှီးမြှုပ်နှံဖို့ လာရောက်လေ့လာ ဆန်းစစ်သူတွေများပါတယ်။ ဒါကြောင့်လည်း ရင်းနှီးမြှုပ်နှံ မှုတွေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ကိုင်ကြမယ်ဆိုရင် မြန်မာပြည်မကြီးမှာတင် မဟုတ်ဘဲ တိုင်းရင်းသား လူနည်း စုဒေသတွေမှာလည်း လုပ်ကိုင်နိုင်ရေး စဉ်းစားကြဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့တုန်းက တိုက်တွန်းသွားပါတယ်။
“မြန်မာနိုင်ငံထဲ ဖွံ့ဖြိုးရေးအကူအညီတွေ ပေးချင်သူတွေ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ချင်တယ် ဆိုရင် မြန်မာလူမျိုး အများစုရှိတဲ့ ဒေသတွေမှာတင်မဟုတ်ဘဲနဲ့ တိုင်းရင်းသား လူနည်းစုဒေသတွေမှာ လုပ်မယ့် အစီအစဉ်တွေကိုလည်း စဉ်းစားသင့်ပါတယ်။ ပြည်မကြီး ဒေသက ကျမတို့ ပြည်သူတွေကလည်း ဆင်းရဲပါတယ်။ ဒါပေမယ့် တိုင်းရင်းသားလူနည်းစုဒေသ ပြည်သူတွေက ပိုပြီး ဆင်းရဲပါတယ်။ ပိုပြီးတော့ လည်း အကူအညီတွေ လိုအပ်နေပါတယ်။”
မနေ့တုန်းက ပိုလန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံအပြီး သတင်းထောက်တွေကို ဒေါ်အောင်ဆန်းစုကြည် က ပြောသွားတာပါ။ အရင်တုန်းကတော့ အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုတွေ၊ ဘဏ္ဍာငွေကြေး ဆိုင်ရာ တင်းကြပ်မှုတွေကြောင့် မြန်မာနိုင်ငံထဲ ရင်းနှီးမြှုပ်နှံသူတွေ အခက်ကြုံခဲ့ကြရပါတယ်။ အထူး သဖြင့်တော့ ဘဏ်လုပ်ငန်းနဲ့ ငွေကြေး အလွှဲအပြောင်း ကိစ္စတွေမှာပါ။ ဒါ့အပြင် မြန်မာနိုင်ငံထဲ ဖွံ့ဖြိုးမှု နိမ့်ကျရတာ ဒီလို စီးပွားရေး ဒဏ်ခတ်မှုတွေကြောင့်လို့ အပြစ်တင်သူတွေလည်း ရှိပါတယ်။ ပိုလန်နိုင်ငံခြားရေး ၀န်ကြီး H.E Mr. Radoslaw Sikorski ကတော့ အနောက်နိုင်ငံတွေ အထူးသဖြင့် အီးယူဘက်က အရေးယူ ဒဏ်ခတ်မှုတွေကို ရပ်ဆိုင်းလိုက်တာကြောင့် အခုနက အကန့်အသတ်တွေ မရှိတော့ဘူးလို့ မနေ့က ဒေါ်စုနဲ့ အတူကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
“အရေးယူဒဏ်ခတ်မှုတွေကို ဆိုင်းငံလိုက်ခြင်းကြောင့် သက်ရောက်မှုတွေအားလုံးကို ကျနော်တို့ ဖယ်ရှား လိုက်ပါပြီ။ ဒါကြောင့် မြန်မာနိုင်ငံ စီးပွားရေးဟာ ဒီလို အရေးယူဒဏ်ခတ်မှုတွေကြောင့် ဖွံ့ဖြိုးမှု နောက် ကျနေတယ်လို့ ပြောလို့မရတော့ပါဘူး။ ဒဏ်ခတ်အရေးယူမှုတွေက အခု မရှိတော့ပါဘူး။ ဒါပေမယ့် တချိန်တည်းမှာပဲ ကျနော်တို့ သတိပေးနေတာက အခု ပြုပြင်ပြောင်းလဲမှုတွေ နောက်ကြောင်းပြန် လှည့်မသွားဖို့ပါ။ တနှစ်အတွင်းမှာ သေချာအောင် စောင့်ကြည့်သွားမှာပါ။ ဒါပြီးရင်တော့ မူဝါဒကို ပြန် လည် သုံးသပ်သွားမှာပါ။”
နိုင်ငံ့ခေါင်းဆောင်တွေအတော်များများ အခုရက်ပိုင်း မြန်မာနိုင်ငံကို လာရောက်တဲ့အခါ သက်ဆိုင် ရာနိုင်ငံက နိုင်ငံတကာ ဖွံ့ဖြိုးရေး လုပ်ငန်းလုပ်ဆောင်နေသူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေပါ ပါဝင်လာ ကြပါတယ်။ အခု ပိုလန်နိုင်ငံခြားရေးဝန်ကြီးနဲ့အတူလည်း ပိုလန်နိုင်ငံ အကြီးစား စက်မှု လုပ်ငန်း နဲ့ ဆောက်လုပ်ရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်အတော်များများ ပါလာတာကြောင့် မြန်မာနိုင်ငံထဲ စီးပွားရေး အခွင့်အလမ်းတွေကို လာရောက် ကြည့်ရှုတယ်လို့လည်း ယူဆနိုင်ပါ တယ်။
နှစ်နိုင်ငံအကြား သတ္ထုတွင်းလုပ်ငန်းနဲ့ ဘူမိဗေဒဆိုင်ရာ အပြန်အလှန် သဘောတူညီချက်တရပ်ကို လည်း မြန်မာအာဏာပိုင်တွေနဲ့ ချုပ်ဆိုခဲ့ပါတယ်။ ဒါဟာ နှစ်ဘက် အပြန်အလှန် အကျိုးရှိမယ့် ကိစ္စရပ်တွေ ဖြစ်စေရမယ်လို့ ပိုလန်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။
“မြန်မာနိုင်ငံနဲ့ တကယ်ကို လက်တွဲဘက်နိုင်ငံ သဘောမျိုးဖြစ်ချင်တာပါ။ ဒါကြောင့် အပြန်အလှန် အကျိုး စီးပွားအတွက် နည်းပညာတွေ လွှဲပြောင်းကူညီဖို့ရှိသလို ရင်းနှီးမြှုပ်နှံဖို့လည်း ရှိပါတယ်။ ဒါကြောင့် ပထမ ဆုံးတော့ ပညာတော်သင် ခေါ်ယူတာတွေ လုပ်ပါမယ်။”
မြန်မာနိုင်ငံတွင်း အခုလို အနောက်နိုင်ငံတွေဘက်က စီးပွားရေးလုပ်ငန်းတွေ ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံတာ ဟာ အရင် အာရှဘက် ဒေသတွင်း နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေထက် ပိုပြီး မြန်မာလူထုအတွက် အကျိုး ရှိစေမယ်လို့ ယူဆမှုတွေရှိပါတယ်။ စီးပွားရေးရင်းနှီးမြုပ်နှံမှုကြောင့် ဘေးထွက်ရင်ဆိုင်ရမယ့် ဆိုးကျိုးတွေ ကို အနောက်နိုင်ငံဘက်က ကုမ္ပဏီမျိုးတွေကပဲ ပြန်ပြီး ကုစားပေးနိုင်မယ်လို့ မြန်မာ့စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်တဲ့ ဦးမိုးမြင့်က သြစတေးလျ ABC ရုပ်/သံ ဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။
“ဒီလို ကုမ္ပဏီတွေ လာရောက်ရင်းနှီးလုပ်ကိုင်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရဲ့သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လူတွေရဲ့ ပညာရေး၊ ကျန်းမာရေးဆိုင်ရာတွေအပေါ် ဒီကုမ္ပဏီတွေကပဲ အပြု သဘော ပြန်လည် ဆောင်ရွက်ပေးနိုင်တာကြောင့်ပါ။ ပြီးတော့ လူလတ်တန်းစား အရေအတွက်လည်း များလာနိုင်ပါတယ်။”
အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေဟာ တဘက်က လူမှုအဖွဲ့အစည်းအပေါ် တာဝန်ယူမှု အစီ အစဉ်တွေ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပြန်လည် လုပ်ဆောင်ပေးလိမ့်မယ်လို့ ယူဆကြပါတယ်။ လက်ရှိ အားဖြင့် မြန်မာနိုင်ငံ တွင်း ရင်းနှီးမြှုပ်နှံမှုအများစုဟာ အာရှက ဖြစ်ပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံ ကပါ။ အဲဒီ ရင်းနှီးမြုပ်နှံ မှုတွေ စီမံကိန်းတွေဟာ ဒေသခံတွေအပေါ် ရိုက်ခတ်မှုရှိပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်တာ၊ လူ့အခွင့် အရေး ချိုးဖောက်တာတွေ ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ပြောနေပါ တယ်။
အခုတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့တဆက်တည်း အနောက်နိုင်ငံတွေရဲ့ မြန်မာအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်း လာတာ ကြောင့် အနောက်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာမယ့် အလား အလာကောင်းတွေ ရှိလာပါတယ်။ တချိန်တည်းမှာလည်း အာဏာပိုင်တွေဘက်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေတရပ်ကို ရေးဆွဲအတည်ပြုပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာဖို့ ဖိတ်ခေါ် ကြိုးစားနေ တာ တွေ့ရပါတယ်။
By ကိုသားညွန့်ဦး (ဗွီအိုအေ-မြန်မာပိုင်း)

ဇေကမ္ဘာသိမ်းထားတဲ့ ယာမြေပေါ် ရွှေနံ့သာ လယ်သမားများ စတင် ထွန်ယက်

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှာ ဇေကမ္ဘာ ကုမ္ပဏီနဲ့ မြေယာပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ရွေနံ့သာ ကျေးရွာက လယ်သမားတွေဟာ အငြင်းပွားနေတဲ့ မြေကွက်ကို ဒီကနေ့ စုဝေး သွားရောက်ခဲ့ပြီး အခုနှစ် စိုက်ပျိုးရာသီအတွက် စတင် ထွန်ယက်ခဲ့ကြပါတယ်။

ရွှေနံ့သာကျေးရွာက လယ်ဧက ၈ ရာကျော်ကို စက်မှုတည်ဆောက်ရေး အကြောင်းပြချက်နဲ့ ဇေကမ္ဘာ ကုမ္ပဏီက သိမ်းယူခဲ့တာပါ။ အဲဒီနောက် ကုမ္ပဏီက မြေတူးစက်တွေနဲ့ လယ်ကန်သင်း ဖြိုဖျက်တာ၊ ကွန်ကရစ်လမ်း ဖောက်လုပ်တာ၊ သံဆူးကြိုး ကာရံတာတွေ လုပ်ဆောင်လာတာကြောင့် လယ်သမားတွေနဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့ပါတယ်။

ဒီပဋိပက္ခကို ဒေသခံ အုပ်ချုပ်ရေး အဖွဲ့အစည်း အဆင့်ဆင့်နဲ့ အိုးအိမ်ဦးစီးဌာနအထိ တင်ပြ တိုင်တန်းခဲ့ပါတယ်။ မေလ ၃ ရက်နေ့မှာ အိုးအိမ်ဦးစီးဌာနက… ဒီလယ်မြေတွေဟာ စက်မှုဇုံ အဖြစ် သတ်မှတ်ထားတဲ့မြေ မဟုတ်ဘဲ လယ်ယာမြေအဖြစ်သာ စာရင်းပေါက်နေတယ် ဆိုပြီး လယ်သမားတွေကို အကြောင်းပြန်ခဲ့တယ်လို့ ဒီကိစ္စကို ကူညီဆောင်ရွက်ပေးနေတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ကိုနေမျိုးဝေက ပြောပါတယ်။

သိမ်းယူထားတဲ့ မြေပေါ်မှာ ဇေကမ္ဘာ ကုမ္ပဏီက လုံခြုံရေးဝန်ထမ်းတွေ
စောင့်ကြပ်ပြီး မြေထိုးစက်တွေနဲ့ မြေညှိ၊ မြေပြင်တာတွေ လုပ်နေတဲ့အပေါ် မြေအသိမ်းခံ လယ်သမားတွေက မခံမရပ်နိုင် ဖြစ်ပြီး သူတို့ပိုင် လယ်မြေတွေမှာ အခုလို စုပေါင်း ထွန်ယက်ခဲ့ကြတာ ဖြစ်ပါတယ်။
RFA-Burmese

မန္တလေး-မြစ်ကြီးနား လမ်းပိုင်း မိုင်တိုင် ၆၄၄ အနီး ပေါက်ကွဲမှုတစ်ခုဖြစ်ပွား

ဓါတ်ပုံ-Katha Town
ပြီးခဲ့တဲ့ ဧပြီလ (၂၉)ရက်နေ့ က မော်ဟန်ဘူတာနှင့်နန့်စီးအောင် ဘူတာအကြားမိုင်တိုင် ၆၁၆/၁ နှင့် ၆၁၆/၃ အကြား တံတားအမှတ်(၅၃၄) နေရာတွင် ရထား မိုင်းခွဲ ဖျက်ဆီးခံရစဉ် မြင်ကွင်း
မန္တလေး- မြစ်ကြီးနားလမ်းပိုင်း နမ္မားနှင့် မြို့သစ်ကလေးကြား မိုင်တိုင်အမှတ် ၆၄၄၊ ၂၀-၂၁ အကြားတွင် မေလ ၉ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်အချိန်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး မီးရထားသံလမ်းအချို့ ပျက်စီးခဲ့ကြောင်း သိရသည်။ 

ပျက်စီးသွားသော မီးရထားသံလမ်းကို မိုးညှင်းမြို့ မီးရထားကြီးကြပ်ရေးမှူးရုံးမှ ပြန်လည်ပြင်ဆင်မှုများ ပြလုပ်ခဲ့ပြီး မန္တလေး- မြစ်ကြီးနား မီးရထားခရီးစဉ်များကို ရပ်နားခြင်းမရှိဘဲ ပုံမှန်အတိုင်း ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ 

“ကနေ့မနက်ပိုင်း ထွက်ခွာမယ့် ခရီးစဉ်နှစ်ခုက ပုံမှန်အတိုင်း ထွက်ခွာခဲ့ပါတယ်။ ညနေပိုင်းထွက်ခွာမယ့် ၅၇ အဆန် မန္တလာရထားနဲ့ ၄၁ အဆန် ဒုတိယအထူအမြန်ရထား ခရီးစဉ်နှစ်ခုကတော့ မြစ်ကြီးနားဘက်က ဆိုက်ရောက်မယ့် မီးရထားခရီးစဉ်ပေါ်မူတည်ပြီး ထွက်ခွာချိန် အနည်းငယ် နောက်ကျနိုင်ပါတယ်”ဟု မန္တလေးဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် မေလ ၁၁ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

အလုပ်အကိုင်သစ် ရှာဖွေရန် နယ်ရပ်ရင်း စွန့်ခွာသူ အရေအတွက် ရခိုင်တွင် ကြောက်ခမန်းလိလိ တိုးပွား

ထွန်းထွန်း
----------
စီးပွားရေး ကျပ်တည်းမူ၊ အလုပ်အကိုင် ရှားပါးမူများကြောင့် နယ်ရပ်ရင်း ဒေသကို စွန့်ခွာပြီး တခြား အရပ် ဒေသများသို့ ထွက်ခွာနေကြသူ အရေအတွက်မှာ ရခိုင်ပြည်နယ်တွင် တစ်နေ့ထက် တစ်နေ့ တိုးတက် များပြား နေကြောင်း ရခိုင် ဒေသခံများက ပြောသည်။


 ကားလမ်းပျက်၍ လမ်းဆင်းလျှောက်နေကြသော စစ်တွေမှ ရန်ကုန်သွား ခရီးသည်များ ( ဓါတ်ပုံ- နိရဉ္စရာ)
" ကျွန်တော်ဒေသက ရွာတွေမှာ အမျိုးသားရော၊ အမျိုးသမီးတွေပါ ထိုင်း၊ တရုတ်နယ်စပ်နဲ့ မလေးရှားဘက်ကို ထွက်ခွာနေကြတဲ့ အတွက် ရွာတွေမှာ လူတောင် သိပ်မကျန်တော့ဘူး။ ကလေးနဲ့ လူကြီးတွေဘဲ ကျန်တော့တယ်" ဟု ရသေ့တောင် မြို့နယ် မူစဲကမ်း ကြက်ရိုးဆိပ်မှ ဒေသခံ တစ်ဦးက ပြောသည်။

ယခုကဲ့သို့ ထွက်ခွာနေကြသဖြင့် ရန်ကုန်နှင့် မန္တလေးသို့ သွားသော ဘတ်စ်ကားများတွင် ကားလက်မှတ်ကို သွားချင်သည့် အချိန်တွင် အလွယ် တကူ ၀ယ်ယူ၍ မရဖြစ်နေပြီး လက်မှတ် တစ်စာင်ကို ၁၅ ရက်ခန့် စောင့်ဆိုင်း ၀ယ်ယူနေကြသည်ဟု ရသေ့တောင်မြို့ တိုးရတနာ ဘတ်စ်ကား ခရီးသွား လက်မှတ် ရောင်းသူ တစ်ဦးက ပြောသည်။

" ရသေ့တောင်ကနေ ရန်ကုန်ကို တိုက်ရိုက် ကားနဲ့ သွားလို့ မရဘူး။ စစ်တွေက တဆင့်ဘဲ သွားရ တယ်။ ဒါပေမယ့် ထိုင်း၊ မလေးရှားနဲ့ တရုတ်နယ်စပ်ဘက်ကို ထွက်နေကြသူတွေများတဲ့ အတွက် အခု ရသေ့တောင်မှာ ကားလက်မှတ် အရောင်းဆိုင်တွေ ဖွင့်ပြီး လက်မှတ်တွေ ကြိုတင် ရောင်းချ ပေးနေ ပါတယ်။ ကျွန်တော်တို့ဆီက ရန်ကုန်သွားမယ့် ကားလက်မှတ် တစ်စောင်ရဖို့ အတွက် အနည်းဆုံး ၁၅ ရက်ခန့် စောင့်ရပါတယ်။"

ရသေ့တောင်မြို့သည် စစ်တွေမြို့ မြောက်ဘက် မိုင် ၂၀ အကွာတွင် တည်ရှိပြီး ကားဖြင့် ရန်ကုန်နှင့် စစ်တွေသို့ တိုက်ရိုက်သွားလာ၍ မရသော်လည်း ဒေသမှ ထွက်ခွာသူ များပြားနေသဖြင့် စစ်တွေ ကား ကုမ္ပဏီများက ရသေ့တောင်မြို့ထိ လက်မှတ် အရောင်း ကောင်တာများ တိုးချဲ့ ဖွင့်လှစ် ရောင်းချ နေကြောင်း သူက ဆိုသည်။

" ရသေ့တောင်မြို့ပေါ်မှာ ကားလက်မှတ် အရောင်းကောင်တာ သုံးလေးခုခန့် ရှိပါတယ်။ တိုးရတနာ၊ ရွှေပြည်ရခိုင်၊ ကင်းစတား စတာတွေပါ။ ကားလက်မှတ်ကတော့ နေ့တိုင်း အပြည့် ရောင်းရတာပါဘဲ။ တအားကို သွားတဲ့သူ များနေပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ ထွက်ခွာနေကြသူများမှာ ရသေ့တောင် မြို့နယ် တစ်ခုတည်းက မဟုတ်ဘဲ ပုဏ္ဍားကျွန်း၊ ကျောက်တော်၊ မြောက်ဦီး၊ ပလက်ဝ၊ မင်းပြား၊ မြေပုံ၊ ပေါက်တော စသည် မြို့နယ်တိုင်း လိုလိုက ဖြစ်ကြောင်း ရွှေပြည် ရခိုင် ကားဂိတ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

" ပြည်ပကို ထွက်တာလား၊ ဘယ်ကို သွားကြတယ်ဆိုတာတော့ မပြောတတ်ဘူး။ အကုန် သွားနေကြ တာပါဘဲ။ မြို့နယ် စုံပါဘဲ။ ကျွန်တော်တို့ဆီက ဘတ်စ်ကားနဲ့ ရန်ကုန်ကို သွားကြ တာကတော့ နေ့တိုင်း အပြည့်ဘဲ။ ကားတစ်စီးမှာ ကလေး လူကြီး ၆၀ လောက် ဆန့်ပါတယ်။ ရန်ကုန်ကနေ ဘက်ကို သွားကြတယ် ဆိုတာတော့ ကျွန်တော်တို့ တပ်အပ် မသိဘူးဗျာ။"

ထိုကဲ့သို့ ထွက်ခွာနေကြရာတွင် မြို့ပေါ်ကထက် နယ်ဒေသက ပို၍ များကြောင်း ဒေသခံများက ပြောသည်။

"ပြည်ပကို ထွက်တာ ကျွန်တော်တို့ နေတဲ့ အနီးအနား ရွာလောက်ပြောရ ရမယ်ဆိုရင် တရက်ကို လူအနည်းဆုံး လူပေါင်း ၂၀ ကနေ ၃၀အထိ ပြည်ပကို အလုပ်လုပ်ဖို့ ထွက်ကြပါတယ်။ ထွက်တဲ့ လူတွေက လူကြီး လူငယ် အမျိုးသမီး ဆိုင်းစုံပါဘဲ" စေတီပြင်ရွာမှ ရပ်လူကြီးတဦးက ဟုနိရဉ္စရာသို့ ပြောသည်။

ယခုကဲ့သို့ ထွက်ခွာနေကြရခြင်းမှာ ရခိုင်ပြည်နယ် ကျေးလက် ဒေသများတွင် အလုပ်အကိုင်ရှား ပါး၍ ဖြစ်ကြောင်း သူက ဆက်ပြောသည်။

"ပြည်ပ ကို ထွက်ချင်လို့ထွက် ကြတာမဟုတ်ပါဘူး။ အဓိကတော့ အလုပ်မရှိဘူး။ အိမ်တစ်အိမ်မှာ အိမ်ထောင်ဦးစီး တယောက်လောက်ဘဲ အလုပ်ရှိတယ်။ လုပ်တာကလည်း လယ်ယာလုပ်ငန်းဆိုတော့ မိသားစု တစ်ခုလုံး စားဝတ်နေရေး အဆင်မပြေဘူး။ မဖူလုံဘူး။ အဲဒါကြောင့် ရှိတဲ့ ပစ္စည်းလေး တွေကို ပေါင်နှံ ရောင်းချပြီးတော့ ပြည်ပကို ထွက်ခွာနေကြတာ ဖြစ်ပါတယ်" ဟု ပြောသည်။

ပြည်ပနိုင်ငံသို့ ထွက်ခွာသွားသော်လည်း အခက်အခဲ အမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေကြရပြီး လူတစ်ရာတွင် သုံးလေးဦးခန့်သာ အဆင်ပြေကြောင်း လောင်းချောင်း ကျေးရွာသား တဦးက ပြောသည်။

"ပြည်ပကို ထွက်တဲ့လူတွေ ဟာလဲသိပ် အဆင်ပြေကြတာ မဟုတ်ပါဘူး။ လူတစ်ရာမှာ သုံး လေးယောက်လောက်ပဲ အဆင်ပြေကြတာပါ။ အိမ်မှာ အလုပ်လက်မဲ့ နေမယ့်အစား ပြည်ပကို ထွက်ပြီး လုပ်တာက အိမ်ကိုငွေ မပို့နိုင်ရင်တောင် ကိုယ့်ဝမ်း အတွက်တော့ အဆင်ပြေတဲ့ သဘောမျိုးနဲ့ သွားနေကြတာ ဖြစ်ပါတယ်။"

ပြည်ပသို့ ထွက်ခွာနေသူများသည် တရုတ်၊ ထိုင်း၊ မလေးရှား သို့သာမက စစ်မက် အကြီးအကျယ် ဖြစ်ပွားနေသော ကချင်ပြည်နယ် ဘက်သို့ ထွက်ခွာနေကြသည်ဟု ဆိုသည်။

ယခုကဲ့သို့ ထွက်ခွာနေကြသဖြင့် ရခိုင်ပြည်နယ်၏ အနာဂတ် အခြေအနေမှာ ရင်လေးစရာ ဖြစ်ကြောင်း ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော် အမတ်က ဦးလှမောင်သိန်းက ပြောသည်။

ယခုကဲ့သို့ လူများ ရခိုင်ပြည်နယ်မှ စွန့်ခွာနေကြသဖြင့် ယခုနှစ် လယ်ယာ လုပ်ငန်းကိုလည်း များစွာ ထိခိုက်နိုင်ကြောင်း ရသေ့တောင်မြို့ပေါ်မှ လယ်သမားကြီး တစ်ဦးက ပြောသည်။

" အခု ပြဿနာက လယ်လုပ်မယ့် သူရင်းဌား လုံးဝ ရှာမရတဲ့ ပြဿနာပါ။ ရွာတွေမှာ လယ်လုပ်မယ့် သူတွေ မရှိသလောက် ဖြစ်နေပြီ။ အာဏာပိုင်တွေဘက်ကတော့ ဒီကိစ္စ အပေါ် အလေးအနက် စဉ်းစားတာမျိုးတော့ မတွေ့ရသေးဘူး။ လူအားနဲ့ လယ်လုပ်တဲ့ ရခိုင်ဒေသမှာ လယ်လုပ်မယ့်သူ မရှိရင် လယ်ယာလုပ်ငန်းကတော့ ရှေ့မှာ အများကြီး ထိခိုက်နိုင်ပါတယ်။"

သူရင်းဌား တစ်ဦး၏ ဈေးနုန်းမှာလည်း လုပ်သား ရှားပါးသဖြင့် လွန်ခဲ့သောနှစ်ကထက် ယခုနှစ်တွင် နှစ်ဆခန့် မြင့်တက် သွားကြောင်း သိရသည်။

" ရွာမှာ လူတွေမရှိတော့ ပြဿနာက ဘာဖြစ်လာ လဲဆိုတော့ ပွဲလန်းသဘင်တွေ ဖြစ်ရင် ကလေးနဲ့ အဖိုးကြီးတွေ လောက်ဘဲ ကျန်တော့တယ်။ လူပျို အပျို ရှာမရတော့ဘူး။ တချို့ ရွာတွေမှာဆိုရင် ကာလသား မရှိတဲ့ အတွက် ရှင်ပြုပွဲ၊ သမက်တက်ပွဲ ကျရင် ကာလသားကို တစ်ခြားရွာတွေက ဌားရတာ မျိုးတွေတောင် ရှိတယ်။ ရွာတွေမှာ လူက မရှိသလောက်ဖြစ် နေပါပြီ။ အဘုဘ ချရင်တောင်မှ အမျိုးသားတွေ မရှိတဲ့ အတွက် အမျိုးသမီးတွေက အလောင်းကို ထမ်းချရတဲ့ ရွာတွေလည်း ရှိနေပါပြီ"ဟု လယ်သမားကြီးက ပြောသည်။ 

ထွန်းထွန်း  ( နိရဉ္စရာ)

မြန်မာ့အပြောင်းအလဲ စိတ်မချရသေး


မြန်မာနိုင်ငံတွင်းက ပြုပြင် ပြောင်းလဲမှုတချို့ကို တွေရပေမယ့် ဒီအခြေအနေတွေဟာ ဘယ်လောက်ထိ ခိုင်မာမှု ရှိမလဲဆိုတာ စောင့်ကြည့်ဖို့ လိုအုံးမယ်လို့ မြန်မာနိုင်ငံကိုရောက်နေတဲ့ ပိုလန် နိုင်ငံခြားရေး ၀န်ကြီးက ပြောလိုက်ပါတယ်။ ပိုလန် နိုင်ငံခြားရေးဝန်ကြီး H.E Mr. Radoslaw Sikorski နဲ့  မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ တွေဆုံအပြီး သတင်းထောက်တွေကို အခုလို ပြောလိုက်တာဖြစ်ပြီး နိုင်ငံမှာ ရင်းနှီး မြုပ်နှုံသူအတွက်ရော တိုင်းပြည်အတွက်ပါ နှစ်ဖက် အကျိုးရှိတဲ့ ဥပဒေပြဌာန်းချက်တွေ ရှိဖို့လိုမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကို ရောက်နေတဲ့ ပိုလန် နိုင်ငံခြားရေးဝန်ကြီး H.E Mr. Radoslaw Sikorski နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မေလ ၁၀ ရက်ကြာသာပတေးနေ့ ညနေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တစ်နာရီ နီးပါးလောက် တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေး ခဲ့ကြပါတယ်။ အဲဒီနောက် ခေါင်းဆောင် ၂ ဦး သတင်းထောက်တွေကို တွေ့ရာမှာတော့ ပိုလန် နိုင်ငံခြားရေး ၀န်ကြီးက သူခရီးစဉ်နဲ့ ပတ်သက်လို့ ဦးစွာ ရှင်းပြရာမှာ မြန်မာနိုင်ငံထဲ အပြောင်းအလဲ ရှိလာတာကို မြင်ရတာ အားရပေမယ့် ဒီအပြောင်းအလဲတွေ ခိုင်ခံမှု ရှိမရှိ ဆိုတာကိုတော့ စောင့်ကြည်ဖို့ လိုမယ်ဆိုတဲ့ သူသဘောထား ပြောခဲ့တယ်လို့ ဒီသတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့  ဂျပန် NHK သတင်းဌာနအတွက် ပြည်တွင်းအခြေစိုက် လုပ်ပေးနေသူ သတင်းထောက် ကိုသီဟဆွေက ပြောပြပါတယ်။

“သူ့အနေနဲ့ အဓိက ပြောသွားတာကတော့ အီးယူက တကယ့် မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတယ်ပေါ့နော်။ ဒီ Suspend လုပ်တယ် ဆိုတဲ့ ကိစ္စကလည်း သူတို့က မှန်ကန်တဲ့ ရွေးချယ်မှုပေါ့။ ဆိုတော့ သူတို့က ပိုလန်နိုင်ငံအနေနဲ့ ကတော့ မြန်မာပြည် နိုင်ငံရေး၊ စီးပွားရေး အနေအထားတွေဟာ နောက်ပြန်လှည့် သွားနိုင်လား ဆိုတာကို အနီးကပ် စောင့်ကြည့်ပြီး လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ နောက်ထပ် သူပြောတဲ့အထဲမှာလည်း စိတ်ဝင်စားဖို့ကောင်းတဲ့တခုက ဘာလဲဆိုတော့ သူတို့ လာရောက် လေ့လာတဲ့အခါမှာ Reform Process တွေက သူတို့ ထင်ထားတာထက် ပိုပြီးတော့ Fragile ဖြစ်တယ်ပေါ့နော်။ ပြန်ပြီးတော့ ပြိုကွဲလွယ်တယ်ပေါ့နော်။ ဆိုတော့ အဲဒါလေး ပြောသွားတာ ရှိပါတယ်။”

ပိုလန်နိုင်ငံခြားရေး ၀န်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ခင်မေလ ၉ ရက်နေ့က နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ရော အစိုးရ အဖွဲ့ဝင်တချို့နဲ့ပါ တွေ့ခဲ့ပါတယ်။ အဲဒီမှာ အီးယူက မြန်မာအပေါ်  ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ ၁ နှစ် ဆိုင်းငံ့တာနဲ့ ပတ်သက်လို့ ဆွေးနွေးခဲကြပါတယ်။ အီးယူရဲ့ ပိတ်ဆို့မှု ၁နှစ်ဟာ မြန်မာနိုင်ငံအတွက် ထိရောက်မှုမရှိသလို ရေရှည် ရင်းနှီးမြုပ်နှံလိုသူတွေအတွက် အခက်အခဲ ဖြစ်တာမျိုး ရှိတာမို့ လုံးဝရုတ်သိမ်းရေး ကိစ္စတွေကို အစိုးရဖက်က ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။

“ဥရောပက မှတ်ချက်ထဲမှာ ဘာပါလဲဆိုတော့ အီးယူရဲ့ လောလောဆယ် Sanction Suspend လုပ်တဲ့အထဲမှာ ဒီ မြန်မာနိုင်ငံအပေါ်မှာ သက်ရောက်နေတဲ့ သက်ရောက်မှုတွေကို ဖယ်ရှားလိုက်ပြီ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မြန်မာစီးပွားရေးဟာ ဒါကြောင့် ရပ်နေတယ်လို့တော့ ငြင်းလို့တော့ မရတော့ဘူးလို့ သူထဲ့ပြောသွားတယ်။ ဒါကို သူက လက်မခံတဲ့သဘောမျိုး ရှိပါတယ်။ ဒီလက်ရှိ Suspend လုပ်လိုက်တဲ့အပေါ် မြန်မာစီးပွားရေးက အထိုက်အလျောက် တိုးတက်လာရမယ် ဆိုတဲ့ သဘောမျိုး ပြောသွားတဲ့ သဘော တွေ့ပါတယ်။”

အခုလို ပိုလန်နိုင်ငံက အဆင့်မြင့် အရာရှိတဦးရဲ့  မြန်မာပြည်ခရီးစဉ်အတွင်းမှာ ၂နိုင်ငံအကျိုးတူ စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့ ကဏ္ဍတွေနဲ့ ပတ်သက်လို့လည်း ရှင်းပြသွားတယ်လို့ ဆိုပါတယ်။

“အဲဒါနဲ့ ပတ်သက်ပြီး သူက သူနဲ့ တပါတည်းပါလာတဲ့ ပိုလန် စီးပွားရေး လုပ်ငန်းရှင်တွေလည်း ပါလာတယ်။ သူတို့ကိုလည်း မေးမြန်းလို့ ရတယ်။ သူတို့ရဲ့ မြန်မာပြည်မှာ Business opportunity တွေနဲ့ ပတ်သက်ပြီးတော့ လာပြီး စူးစမ်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ အထူးသဖြင့်ပေါ့နော်၊ ကျနော်တို့ ဒီ Shipping နဲ့ ပတ်သက်တဲ့ ဟာတွေက အစပေါ့နော်၊ သူတို့ ဒီ စီးပွားရေး လုပ်ငန်းရှင်တွေ နယ်ပယ် အသီးသီးက ပါလာတယ် ဆိုတဲ့ အကြောင်း၊ သူတို့ရဲ့  စိတ်ဝင်စားမှုကိုတော့ ပြောသွားတယ်ပေါ့လေ။  ဒါပေမယ့်လည်း လေ့လာရဦးမယ်ပေါနော်။”


ဒေါ်အောင်ဆန်းစုကြည် ကတော့ မြန်မာနိုင်ငံထဲ နိုင်ငံခြား ရင်းနှီး မြုပ်နှံမှု ဆိုရာမှာ နှစ်ဦး နှစ်ဖက် အာမခံချက်တွေ ရှိတဲ့ ဥပဒေ ပြဌာန်းချက်တွေ ရှိဖို့လိုတယ်လို့ မြင်ကြောင်း ရှင်းပြခဲ့တယ်လို့လည်း ပြောပါတယ်။

“သူက ဖြေရတဲ့အဖြေက အင်မတန် နဲပါတယ်။ ဒါပေမယ့် စိတ်ဝင်စားဖို့ကောင်းတာက ဒီ မြစ်ဆုံ Dam နဲ့ ပတ်သက်တဲ့ ရင်းနှီး မြုပ်နှံမှုတွေလည်း ရှိတတ်တဲ့အတွက်ကြောင့်မို့လို့ ဒီ Foreign investment တွေဟာ ဟို ကောင်းကျိုးလည်း ပေးတာရှိတယ်၊ ဆိုးကျိုးလည်း ပေးတာတွေ ရှိတယ် ဆိုတဲ့ အတွက်ကြောင့်မို့လို့ ဒီဟာနဲ့ ပတ်သက်ပြီး အမြင် သူ့ကို တယောက်က မေးတဲ့အခါမှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဆိုတာက ရင်းနှီးမြုပ်နှံသူကိုရော၊ ဒီဖက်က တိုင်းပြည်ကိုရော နှစ်ဦး နှစ်ဖက် အကျိုးရှိတဲ့ ဥပဒေတွေ ပြဌာန်းပြီးတော့
စံနစ်တကျ လုပ်တာ ပိုကောင်းတယ်၊ နှစ်ဖက်လုံး အကျိုးရှိတဲ့ စီးပွားရေး၊ ရင်းနှီးမြုပ်နှံမှုက ပိုကောင်းတယ် ဆိုတာကို သူ ထပ်ပြောသွားပါတယ်။ အားလုံးကတော့ ဒီကို လာကြည့်ကြတဲ့အခါမှာ ဟို အင်မတန်စိမ်းတဲ့ တိုင်းပြည်တခုကို၊ စီးပွားရေးအရ စိမ်းနေသေးတဲ့ တိုင်းပြည်တခုကို လာကြည့်ရတာ ဖြစ်တဲ့အတွက် ဖြစ်နိုင်ခြေတွေကို လာပြီးတော့ စူးစမ်းတဲ့သဘော အဆင့်မှာပဲ ရှိပါသေးတယ်။”


ဒါကတော့ မေလ ၁၀ ရက်နေ့က ပိုလန်နိုင်ငံခြားရေးဝန်ကြီး H.E Mr. Radoslaw Sikorski နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့  ၂ ဦး သတင်းထောက်တွေကို တွေ့ဆုံ ရှင်းပြခဲ့တာနဲ့ ပတ်သက်လို့ ဂျပန် သတင်းဌာနရဲ့ ပြည်တွင်းအခြေစိုက် သတင်းထောက် ကိုသီဟဆွေကို ဆက်သွယ်မေးမြန်းခဲ့တာပါ။
By သင်းသီရိ (ဗွီအိုအေ)

Hi-Mo High-Art ဆံပင်တုစက်ရုံ ဆန္ဒပြ အလုပ်သမား တောင်းဆိုချက်ရရှိ

ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန် အမှတ် (၄) ရှိ Hi-Mo High-Art ဆံပင်တုစက်ရုံက မနေ့က ဆန္ဒပြ အလုပ်သမားတွေ တောင်းဆိုခဲ့တဲ့ အခြေခံလုပ်ခလစာနဲ့ အချိန်ပိုကြေး တိုးပေးဖို့ အပါအ၀င် အခြားအလုပ်သမား ရပိုင်ခွင့်တွေကို အလုပ်သမားရုံး တာဝန်ရှိသူတွေက ညှိနှိုင်းဆောင်ရွက်ပေးခဲ့လို့ ဒီကနေ့ မွန်းလွဲပိုင်းမှာ ပြေလည်မှု ရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
RFA
ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန် အမှတ် (၄) ရှိ Hi-Mo High-Art ဆံပင်တုစက်ရုံ အလုပ်သမားများ ၂၀၁၂ ခုနှစ် မေလ ၉ ရက်က ဆန္ဒပြနေကြစဉ်။
Hi-Mo High-Art ဆံပင်တုစက်ရုံက အလုပ်သမားတွေ တောင်းဆိုခဲ့တဲ့ အလုပ်သမား ရပိုင်ခွင့်တွေကို လုပ်ငန်းရှင်က လိုက်လျောခဲ့ကြောင်း အလုပ်သမား ကြီးကြပ်ရေးရုံးရှေ့မှာ ရောက်နေတဲ့ ဆန္ဒပြ အလုပ်သမတစ်ဦးက အာအက်ဖ်အေကို ပြောပါတယ်။
"ကျွန်မတို့တောင်းဆိုတာ အခြေခံလစာ နည်းပါးမှု၊ အိုတီအတင်းအကြပ် ခေါ်ဆိုမှုပေါ့နော်။ နောက် အလုပ်သမားတွေကို အဓမ္မခိုင်းစေမှု အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ တောင်းဆိုခဲ့တာပါ။ အခုဆို အလုပ်သမား တစ်ထောင်ရှစ်ရာရဲ့ တောင်းဆိုတဲ့ အချက် (၇၈) ချက်၊ အားလုံးကို ချုံ့လိုက်တဲ့အခါမှာ (၄၈) ချက်ပေါ့နော်။ အဲဒီ (၄၈) ချက် အားလုံး အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားပါပြီ။ အခြေခံလစာက ပထမ (၈၀၀၀) ရှစ်ထောင်ပဲရတာ၊ အခုဆို (၂၂၀၀၀) နှစ်သောင်း နှစ်ထောင် တိုးပေးတာပေါ့နော်။ လစာတိုးတဲ့အတွက် အိုတီကြေးလည်း တိုးတယ်။ အရင်တုန်းက အိုတီကြေး (၇၈) ကျပ်ပဲရပါတယ်။ အိုတီကြေးက (၃၁၄) ကျပ် ဖြစ်သွားတာပေါ့နော်။ အခုတောင်းဆိုတဲ့ အချက်တွေအားလုံး အဆင်ပြေတယ်"
လှိုင်သာယာစက်မှုဇုန် (၃) မှာရှိတဲ့ အလုပ်သမား ကြီးကြပ်ရေးရုံးမှာ စက်ရုံ တာဝန်ရှိသူတွေနဲ့ ဆန္ဒပြ အလုပ်သမားတွေကြား ရန်ကုန်တိုင်း အလုပ်သမားညွန်ကြားမှု ဦးစီးဌာနက တိုင်းမှူးအပါအ၀င် အလုပ်ရုံ အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနက ညွန်ချုပ် ဦးဝင်းရှိန်က လာရောက်ညှိနှိုင်း ဖြေရှင်းပေးခဲ့တာလို့ အလုပ်သမားတစ်ဦးက အခုလိုပြောပါတယ်။
"အလုပ်သမား ကြီးကြပ်ရေးရုံးပေါ့။ လှိုင်သာယာစက်မှုဇုန် (၃)၊ ဘယ်သူက ဖြေရှင်းပေးတာလဲဆို လေဘာက ညွှန်ချုပ် ဦးဝင်းရှိန်လို့ ပြောပါတယ်။ အလုပ်သမား (၁၈၀၀) ၀န်းကျင်လောက် ပါပါတယ်"
ကိုရီးယားလူမျိုးပိုင် Hi-Mo High-Art ဆံပင်တုစက်ရုံမှာ အလုပ်သမား (၁၉၀၀) နီးပါးရှိပြီး အလုပ်သမားတွေ တောင်းဆိုမှု မပြုလုပ်ခင်က စက်ရုံမှာ နှစ်ကြီးသမား အလုပ်သမားတွေကို အခြေခံလစာ ကျပ် တစ်သောင်းကျော် ပေးတာဖြစ်ပြီး ကျန်အလုပ်သမားတွေက ရှစ်ထောင်နဲ့ ကိုးထောင်လောက်သာ ရကြတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
RFA-Burmese

YES – Inno အထည်ချုပ်စက်ရုံ အလုပ်သမား တစ်ထောင်ခန့် ဆန္ဒပြ

ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန် အမှတ် ၄ မှာရှိတဲ့ YES – Inno အထည်ချုပ်စက်ရုံက အလုပ်သမား တစ်ထောင်နီးပါးလောက်ဟာ အခြေခံ လုပ်ခလစာ တိုးပေးရေး တောင်းဆို ဆန္ဒပြနေကြပါတယ်။
RFA
၂၀၁၂ ခုနှစ် မေလ ၁၀ ရက်က လှိုင်သာယာစက်မှုဇုန် YES – Inno အထည်ချုပ်စက်ရုံက အလုပ်သမားများ အခြေခံ လုပ်ခလစာ တိုးပေးရေး တောင်းဆို ဆန္ဒပြနေကြစဉ်။
မနေ့က မနက်ကတည်းက အလုပ်သမားတွေဟာ စက်ရုံဝင်းနားမှာ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဒီကနေ့မှာတော့ အင်အား တစ်ထောင်နီးပါးလောက်အထိ ရှိလာခဲ့တာပါ။
အလုပ်သမားတွေဟာ လက်ရှိ အခြေခံ လုပ်ခလစာ တစ်သောင်းကျော်၊ အိုဗာတိုင်ကြေးနဲ့ ပေါင်းလိုက်ရင် လေးသောင်းနီးပါး ရရှိတယ်လို့ ဆိုပါတယ်။ သူတို့ တောင်းဆိုနေတာက အခြေခံ လုပ်ခလစာကို တစ်သောင်းကျော်ကနေ နောက်ထပ် နှစ်သောင်းထပ်တိုးပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။
ဆန္ဒပြသူ အလုပ်သမားတွေဟာ အမျိုးသမီး အလုပ်သမများဖြစ်ပြီး ဒီကနေ့ ညနေပိုင်းမှာတော့ လှိုင်သာယာမြို့နယ် အလုပ်သမားရုံးမှာ သွားရောက်ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမယ့် ပြေလည်မှု မရသေးဘူးလို့ သိရပါတယ်။
RFA-Burmese

ပိုလန် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်တို့ကို တွေ့ဆုံ

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ပိုလန် နိုင်ငံခြားရေးဝန်ကြီး Mr. Radosław Sikorski ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ဒီကနေ့ ညနေက သွားရောက်တွေ့ဆုံခဲ့ပါတယ်။
Photo courtesy of NLD
ပိုလန် နိုင်ငံခြားရေးဝန်ကြီး Mr. Radosław Sikorski နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
ပိုလန် နိုင်ငံခြားရေးဝန်ကြီးဟာ ဒီကနေ့ နေ့ခင်းကလည်း နိုင်ငံရေးအဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေနဲ့ ဆီဒိုးနားဟိုတယ်မှာ တွေ့ဆုံပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍအကြောင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။
ဒီကနေ့ တွေ့ဆုံပွဲမှာ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေအပေါ် ပိုလန်အစိုးရရဲ့ သဘောထားအမြင်တွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ လက်ရှိဆောင်ရွက်ချက်တွေကို ဆွေးနွေးခဲ့ကြကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုအံ့ဘွယ်ကျော်က အခုလို ပြောပါတယ်။
" သူတို့ဘက်က ဘာတွေ ဘယ်လိုလုပ်ပေးနိုင်မလဲ ဆိုတဲ့ကိစ္စပေါ့။ နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံပေါ့နော်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွေ လုပ်တဲ့အခါမှာ ပုံသဏ္ဌာန်၊ အသွင်သဏ္ဌာန်၊ အမြင်ချင်းတွေ မတူကြဘူးပေါ့နော်။ အဲဒီအတွက်ကြောင့်မို့လို့ တစ်ထပ်တည်းတွေတော့ ဘယ်တစ်နိုင်ငံနဲ့ တစ်နိုင်ငံတူဖို့ မဖြစ်နိုင်တဲ့ အကြောင်းပါ။ အဲဒီအခါမှာ နိုင်ငံရေး လှုပ်ရှားနေတဲ့သူတွေ အနေနဲ့ ဘယ်လိုပါဝင်ကြမလဲ ဆိုတဲ့ ကိစ္စလေးတွေကို ကျွန်တော်တို့ ဆွေးနွေးကြပါတယ်"
ပိုလန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒီကနေ့ တွေ့ဆုံပွဲကို ကိုမင်းကိုနိုင်၊ ကိုကိုကြီး အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ၈ ဦး တက်ရောက်ခဲ့ကြပါတယ်။
ဒီကနေ့ မနက်မှာပဲ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကို ဆွီဒင်အခြေစိုက် NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ OLOF PALME Center အဖွဲ့က လာရောက်တွေ့ဆုံပြီး လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွေကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ ဒီကနေ့ ညနေပိုင်းမှာ နော်ဝေး ၀န်ကြီးချုပ်ဟောင်း ဦးဆောင်တဲ့ ကိုယ်စားလည်အဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးကြကြောင်းလည်း သိရပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ အခြေစိုက် Freedom House အဖွဲ့က ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကို ရန်ကုန်မြို့မှာ ဒီကနေ့တွေ့ဆုံပြီး နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေ ဘဝ ပြန်လည်ထူထောင်ရေးအတွက် အကူအညီပေးရေး ကိစ္စတွေကို ဆွေးနွေးကြောင်း သိရပါတယ်။
RFA-Burmese

ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့တွင် လုံခြုံရေးရှိနေခြင်းမှာ တောင်ကိုရီးယားသမ္မတ ခရီးစဉ်အတွက်ဖြစ်

ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့တွင် လုံခြုံရေး တစ်ရာကျော် ရှိနေရခြင်းမှာ တောင်ကိုရီးယားသမ္မတ ၏ မြန်မာနိုင်ငံခရီးစဉ်တွင် လုံခြုံရေးအပြည့်အ၀ရရှိစေရန် အတွက် ၀တ်စုံပြည့်ဖြင့်လေ့ကျင့်နေခြင်းသာဖြစ်ကြောင်း လုံခြုံရေးခေါင်းဆောင် တစ်ဦးက အတည်ပြုပြောကြားသည်။
  တောင်ကိုရီးယားသမ္မတ လီမြောင်ဘက်သည် နိုင်ငံတော်သမ္မတအပါအ၀င် ဒေါ်အောင်ဆန်းစုကြည် နှင့် ပါလာရောက်တွေ့စုံမည်ဖြစ်သောကြောင့် ယင်းကဲ့သို့ လေ့ကျင့်ခြင်းဖြစ်ပြီး ရန်ကုန် တစ်မြို့လုံးတွင်ပါ ယင်းကဲ့သို့လေ့ကျင့်သွားမည်ဖြစ်ကြောင်း သိရသည်။
Messenger News Journal

မေလ(၁၀)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၉

11-9r
မေလ(၁၀)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၉

အပတ်စဉ်ထုတ် အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၀၃


အပတ်စဉ်ထုတ် အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၀၃

လိုအပ်လာရင် ချစ်ကြည်​ရေး​တံတား​ပိတ်မယ်

ထိုင်း​အစိုး​ရက မူး​ယစ်ရာဇာအဖြစ် ​ကြေညာထား​တဲ့​ ဒီ​ကေဘီ​အေအဖွဲ့​ခေါင်း​ဆောင် ဗိုလ်ချုပ်နှုတ်ခမ်း​မွေး​က မူး​ယစ်​ဆေး​ဝါး​နဲ့​ ပတ်သက်မှု မရှိတဲ့​အ​ကြောင်း​ကို ပြည်တွင်း​ပြည်ပ သတင်း​စာဆရာ​တွေကို ဒီ​နေ့​မနက် ရှင်း​လင်း​ ​ပြောဆိုလိုက်ပါတယ်။


မြဝတီမြို့​နယ် အင်း​ကြင်း​မြိုင်မှာ ဒီ​နေ့​ပြုလုပ်တဲ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ ဗိုလ်နူတ်ခမ်း​မွေး​က ​ပြောကြား​လိုက်တာပါ။


ထိုင်း​ဘက်က ဗိုလ်နှုတ်ခမ်း​မွေး​ကို မူး​ယစ်ရာဇာအဖြစ် စွပ်စွဲထား​ပြီး​ ဖမ်း​ဝရမ်း​ ဆု​ငွေထုတ်ထား​တဲ့​အ​ပေါ်ကို ရှင်း​လင်း​ဖို့​အတွက် ပြည်တွင်း​ပြည်က သတင်း​ထောက်ကို ဖိတ်ကြား​ပြီး​ပြုလုပ်တာပါ။


သတင်း​ထောက်​တွေက နယ်စပ်ဂိတ်​တွေပိတ်ရတဲ့​ ​မေး​မြန်း​မှုအ​ပေါ်ကို ဗိုလ်နှုတ်ခမ်း​မွေး​က ​ဖြေကြား​သွား​တာလို့​ အဲဒီသတင်း​စာရှင်း​လင်း​ပွဲမှာ သွား​ရောက် သတင်း​ယူ​နေတဲ့​ ဒီဗွီဘီသတင်း​ထောက် ကိုဖိုး​စီက ပြန်ပါတယ်။


“ကျ​နော်တို့​ အခုလိုမျိုး​ ရင်ဆိုင်ရတဲ့​ ပြဿနာ​တွေမှာ ဂိတ်​တွေပိတ်တယ်။ အခန့်​မသင့်​ရင် ချစ်ကြည်​ရေး​တံတား​ကို ပိတ်မယ်။ ဘာ​ကြောင့်​ ချစ်ကြည်​ရေး​တံတား​ကို ပိတ်မလဲဆိုရင် မြန်မာနိုင်ငံရဲ့​ ကရင်ပြည်နယ်မှာ ရှိတဲ့​အတွက် ကျ​နော်တို့​က ကရင်လူမျိုး​တွေ ဖြစ်တယ်။ ဒါ​ကြောင့်​ အကယ်၍ ပြဿနာ အကြီး​အကျယ်ဖြစ်ရင် ဒီချစ်ကြည်​ရေး​တံတား​ကို နှုတ်ခမ်း​မွေး​ကိုယ်တိုင် ဦး​ဆောင်ပြီး​ ပိတ်မယ်။”


အခုလို ထိုင်း​အစိုး​ရက​နေ မူး​ယစ်ရာဇာအဖြစ် စွပ်စွဲထား​ပြီး​ ဖမ်း​ဝရမ်း​ ထုတ်ထား​တဲ့​အ​ပေါ်ကို ပြန်လည်​ဖြေရှင်း​နေရာတာဟာ သူအတွက် အချိန်ကုန်တယ်လို့​ တုံ့​ပြန်​ပြောဆိုပြီး​ ထိုင်း​ဝန်ကြီး​ချုပ်​ဟောင်း​သက်ဆင်ကို ခုချိန်ထိ ဘာ​ကြောင့်​တရား​ရုံမတင် နိုင်ရတာလဲဆိုပြီး​ ​မေး​ခွန်း​ထုတ်တယ်လို့​ ဆိုပါတယ်။


“ဒီလို လုပ်ခြင်း​အား​ဖြင့်​ ကျ​နော့်​မှာ အချိန်ကုန်တယ်။ ကျ​နော် ထိန်း​သိမ်း​ထား​တဲ့​ နယ်​မြေမှာ လူမှု​ရေး​၊​ ကျန်း​မာ​ရေး​၊​ ပညာ​ရေး​တွေ ဖွံ့​ဖြိုး​တိုး​တက်ဖို့​ ကျ​နော်လုပ်ရဦး​မယ်။ ​နောက် ၂ အချက်က​တော့​ သက်ဆင်ဟာ ထိုင်း​နိုင်ငံရဲ့​ ဥပ​ဒေ​ရှေ့​မှောက်မှာ ဆုံး​ဖြတ်ချက်အရ ​ထောင်ဒဏ်ကျတဲ့​အ​ကြောင်း​ ဆုံး​ဖြတ်​ပေမယ့်​ သူ့​ကိုကျ​တော့​ နိုင်ငံခြား​မှာ ထွက်​ပြေး​တိမ်း​ရှောင်​နေတာကို ဘာလို့​ အမိ မဖမ်း​သေး​ဘဲ ထိုင်း​နိုင်ငံမှာ ဥပ​ဒေရင်ဆိုင်မှု မလုပ်သလဲ​ပေါ့​နော်။ ဘာ​ကြောင့်​ ကျ​နော့်​ကို ဒီလိုလုပ်ရသလဲ​ပေါ့​။”


သစ်ထုတ်လုပ်​ရေး​၊​ စိုက်ပျိုး​ရေး​အခွန်၊​ သတ္တူတူး​ဖော်​ရေး​နဲ့​ ​မော်​တော်ယာဉ်​တွေဆီက​နေ အခွန်အခနဲ့​ ​ဒေသဖွံဖြိုး​ရေး​ လုပ်ငန်း​တွေကို လုပ်​ဆောင်​နေရတာပါလို့​ ဗိုလ်နှုတ်ခမ်း​မွေး​က သတင်း​ထောက်​တွေရဲ့​ အ​မေး​ကို ​ဖြေကြား​တယ်လို့​ ဆိုပါတယ်။


ဗိုလ်ချုပ်နှုတ်ခမ်း​မွေး​ ဦး​ဆောင်တဲ့​ ဒီ​ကေဘီ​အေအဖွဲ့​ဟာ သူတို့​ မူး​ယစ်​ဆေး​ဝါး​လုပ်​ဆောင်တာ အချိန်မ​ရွေး​ လာ​ရောက်စစ်​ဆေး​ဖို့​ အ​မေရိကန်၊​ မြန်မာနဲ့​ထိုင်း​အစိုး​ရက တာဝန်ရှိသူ​တွေကို ဖိတ်ကြား​ထား​တယ်လို့​လည်း​ ​ပြောဆိုပါတယ်။


ဒီ​နေ့​ ပြုလုပ်တဲ့​ ဒုတိယအကြိမ် သတင်း​စာရှင်း​လင်း​ပွဲကို ပြည်တွင်း​ သတင်း​ထောက် ၄၂ ဦး​နှင့်​ ထိုင်း​နိုင်ငံမှ သတင်း​ထောက် ၁၀ ဦး​ တက်​ရောက်ခဲ့​တယ်လို့​ သိရှိရပါတယ်။
မင်းလွင် (ဒီဗွီဘီ)

စိုင်း​နော်ခမ်း​ကို တရုတ်နိုင်ငံကို လွှဲ​ပြောင်း​ပေး​အပ်

တရုတ်သ​င်္ဘောသား​ ၁၃ ဦး​ကို ပြီး​ခဲ့​တဲ့​နှစ်က မဲ​ခေါင်မြစ်ထဲမှာ သတ်ဖြတ်ခဲ့​မှု သံသယနဲ့​ တရုတ်အစိုး​ရက အလိုရှိ​နေတဲ့​ မူး​ယစ်ရာဇာ စိုင်း​နော်ခမ်း​ကို လာအို အစိုး​ရက တရုတ်နိုင်ငံ ကို ဒီ​နေ့​လွှဲ​ပြောင်း​ပေး​အပ်လိုက်ပါတယ်။

နော်ခမ်း​ကို စင်း​လုံး​ငှား​လေယာဉ်နဲ့​ လာအိုနိုင်ငံက​နေ တရုတ်နိုင်ငံကို ပို့​ဆောင်လိုက် တာဖြစ်ပြီး​ တရား​ဝင် အခမ်း​အနား​နဲ့​ လွှဲ​ပြောင်း​ပေး​အပ်ခဲ့​တယ်လို့​ တရုတ်နိုင်ငံပိုင် ရုပ်မြင်သံကြား​တွေမှာ ထုတ်လွှင့်​သွား​ခဲ့​ပါတယ်။

တရုတ် ဆင်ဟွာသတင်း​မှာ​တော့​ တရုတ်ပြည်သူ့​လုံခြုံ​ရေး​ဌာနရဲ့​ မူး​ယစ်​ဆေး​ဝါး​ ထိမ်း​ချုပ်​ရေး​ ဗျူရိုအဖွဲ့​က ညွှန်ကြား​ရေး​မှူး​ လီယူ ယူကျွင်း​က နယ်စပ်ဖြတ်​ကျော် ရာဇဝတ်မှု တိုက်ဖျက်​ရေး​မှာ တရုတ်၊​ လာအို၊​ မြန်မာနဲ့​ ထိုင်း​ ၄ နိုင်ငံ အတူတကွ လုပ်​ဆောင်ခဲ့​ပါတယ်။ ပြီး​တော့​ ​နော်ခမ်း​နဲ့​ သူ့​ရဲ့​ အဓိက အဖွဲ့​ဝင်​တွေကို ​အောင်မြင်စွာ ဖမ်း​ဆီး​နိုင်ခဲ့​ပြီး​ မဲ​ခေါင်မြစ် တ​လေ်ွာက် လုံခြုံ​ရေး​နဲ့​တည်ငြိမ်​ရေး​ကို ထိန်း​သိမ်း​နေပါတယ်လို့​ ​ပြောတဲ့​အ​ကြောင်း​ ​ဖော်ပြပါတယ်။

စိုင်း​နော်ခမ်း​ကို ပြီး​ခဲ့​တဲ့​နှစ် ​အောက်တိုဘာလဆန်း​ပိုင်း​က မဲ​ခေါင်မြစ်ထဲ သွား​လာ​နေတဲ့​ တရုတ်ကုန်တင်သ​င်္ဘော ၂ စီး​ကို တိုက်ခိုက်ပြီး​ တရုတ် သ​င်္ဘောသား​တွေကို ပြန်​ပေး​ဆွဲ သတ်ဖြတ်မှုအပြင် ​ဒေသတွင်း​ မူး​ယစ်မှု၊​ လူသတ် ဓား​ပြမှု​တွေနဲ့​ ထိုင်း​၊​ မြန်မာနဲ့​တရုတ်နိုင်ငံ​တွေက အလိုရှိ​နေတာပါ။

တရုတ်အစိုး​ရက​တော့​ ဒီပြစ်မှု​တွေကို စုံစမ်း​စစ်​ဆေး​ပြီး​ ကျူး​လွန်သူ​တွေကို တရား​ဥပ​ဒေအတိုင်း​ အ​ရေး​ယူဖို့​ အမိန့်​ပေး​ထား​ပြီး​ ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ စိုင်း​နော်ခမ်း​ကို ဘယ်လို တရား​စီရင်မယ် ဆိုတာ​တော့​ မသိရ​သေး​ပါဘူး​။

ထိုင်း​နိုင်ငံကလည်း​ စိုင်း​နော်ခမ်း​ကို မူး​ယစ်​ဆေး​ဝါး​မှု​တွေနဲ့​ ဆု​ငွေ ဘတ် ၂ သန်း​နဲ့​ ဖမ်း​ဝရမ်း​ထုတ်ပြီး​ ​နောက်ရက် အနည်း​ငယ်အကြာ ဧပြီလ ၂၅ ရက်​နေ့​လောက်က လာအိုနိုင်ငံမှာ ဖမ်း​ဆီး​ရမိခဲ့​တာလို့​ ထိုင်း​ သတင်း​စာ​တွေမှာ ​ဖော်ပြခဲ့​ပါတယ်။

စိုင်း​နော်ခမ်း​ဟာ ရှမ်း​ပြည်​မြောက်ပိုင်း​ မိုင်း​ရယ်ဇာတိဖြစ်ပြီး​ ခွန်ဆာရဲ့​ အမ်တီ​အေ မုန်တိုင်း​တပ်ဖွဲ့​ဝင်​ဟောင်း​နဲ့​ တာချီလိတ် ပြည်သူ့​စစ်တပ်​ခေါင်း​ဆောင် ​ဟောင်း​လည်း​ ဖြစ်ပါတယ်။ သူ့​ကို မြန်မာအစိုး​ရကလည်း​ မူး​ယစ်​ဆေး​ဝါး​မှောင်ခိုမှု ရဲတပ်ဖွဲ့​ဝင်​တွေကို သတ်ဖြတ်မှု​တွေနဲ့​အလိုရှိ​နေတာပါ။
ပီတာအောင် (ဒီဗွီဘီ)

ရုပ်ရှင်ဆန်ဆန်ပြိုင်ကားတိမ်းမှောက်မှု ဖြစ်ရပ်တစ်ခုနေပြည်တော်ကောင်စီ တွင်ဖြစ်ပွား

တိမ်းမှောက်သွားတဲ့ကားမှ အမှတ်တံဆိပ် (ဓါတ်ပုံ-ပေါ်ပြူလာဂျာနယ်)
ရုပ်ရှင်ဆန်ဆန်ပြိုင်ကားတိမ်းမှောက်မှု ဖြစ်ရပ်တစ်ခုနေပြည်တော်ကောင်စီ
နယ်မြေပုဗ္ဗသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ် နယ်နိမိတ်အစပ်၊ရာဇဌာနီ
လမ်းမပေါ်၌ မေလ ( ၉ )ရက်နေ့ ည ၁၀ နာရီ ၄၅မိနစ်ခန့်တွင်ဖြစ်ပွား
ခဲ့သည်ဟုသတင်းရရှိသည်။
 ပြိုင်ကားမှာ အမဲရောင်ဖြစ်ပြီးBMWတံဆိပ်ဖြစ်
သည်။ကားသည်ရာဇဌာနီလမ်းမအလယ်ရှိလမ်းလယ်ကျွန်းကိုအရှိန်ပြင်းစွာ
တိုက်ခဲ့ပြီး၎င်းလမ်းလယ်ကျွန်းမှ ကိုက် ၈၀ (ပေ ၂၄၀ )အကွာသို့လွင့်စင်
ပြုတ်ကျသွားသည်ဟု သိရသည်။“ကားကျတာနှင့်တစ်ပြိုက်နက်မီးတွေထ
လောင်တယ်၊ပေါက်ကွဲသံတွေလည်းကြားရတယ်၊ကားမောင်းတဲ့ သူကငယ်
ငယ်လေးပဲရှိသေးတယ်။အသက် ၂၅ နှစ်အရက်စော်နံနေတယ်လို့လည်း
သိရတယ်။ယာဉ်မောင်းသူ က နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားတယ်။
  ည ၁၀ နာရီ ၅၅ မိနစ် မှာမီးသတ်ကားတွေ ရောက်လာပြီး မီးငြိမ်းသတ်လိုက်
တယ်” ဟုမျက်မြင်သက်သေတစ်ဦး ကပြောပြသည်။ ထိုကဲ့သို့မော်တော်
ယာဉ်တိမ်းမှောက်မီးလောင်မှုသည် ယခင်ကဖြစ်ပွားခဲ့သော်လည်း ပြိုင်ကား
တိမ်းမှောက် မီးလောင်မှု မှာမရှိခဲ့ဘူးသေးကြောင်းသတင်းရရှိသည်။
Popular Myanmar News Journal 
တိမ်းမှောက်သွားတဲ့ ပြိုင်းကား (ဓါတ်ပုံ-ပေါ်ပြူလာဂျာနယ်)

နေပြည်တော်မြို့သစ်တည်တုန်းက ဖယ်ပေးခဲ့ရတဲ့ရွာသားတွေရဲ့အိမ်တွေ ထပ်မံဖယ်ရှားခံရ

အေးနိုင် DVB - 10.05.2012

နေပြည်တော်အပိုင် ဥတ္တရသီရိမြို့သစ်တည်စဉ်က ရွာကနေပြောင်းရွေ့ပေးခဲ့ရတဲ့ရွာသားတွေဟာ စည်ပင်သာယာနယ်နမိတ်ကိုကျူးလွန်တယ်ဆိုပြီး အိမ်တွေကို ဖျက်ဆီးနေတာကြောင့် နေစရာအခက်ကြုံနေကြပါတယ်၊

ဥတ္တရသီရိမြို့သစ်တည်ဖို့အတွက် စစ်အစိုးရလက်ထက်က နယ်မြေခံ ဒိုးနွယ်ရွာသားတွေကို ပြောင်းရွှေ့ခိုင်းပြီး နေရာသစ်မှာ ချပေးခဲ့ပါတယ်။ အခုအခါ နေပြည်တော်စည်ပင်သာယာက အဲဒီနယ်မြေတွေဟာ စည်ပင်သာယာနယ်မြေဖြစ်တယ်ဆိုပြီး ဖယ်ခိုင်းနေတာဖြစ်ပြီး ဒီမနက်မှာတော့ ရွာသားတွေရဲ့အိမ်တွေကို ဖျက်ဆီးခဲ့ပါတယ်။ အခင်းဖြစ်ပြီး ဆယ်မိနစ်ခန့်အကြာမှာ အဲဒီနေရာကိုေ၇ာက်ရှိသွားတဲ့ ဥတ္တရသီရိမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ဒီကိစ္စကို လူသားချင်းစာနာနဲ့ရှုထောင့်က စဉ်းစားပြီး ဖျက်ဆီးတာကို ရပ်တန့်ဖို့ ကြိုးပမ်းနေပါတယ်၊

အထက်ပါ သတင်းအားသွားရောက်သတင်းယူနေသော ဒီဗွီဘီ သတင်းထောက်ထံမှ ကင်မရာအား ဥတ္တရ သီရိ မြို့ နယ် စည်ပင်အုပ်ချုပ်ရေးမှူးများ မှ လုယူခဲ့ပါသည်။

ထိုကိစ္စအား လွတ်တော်ကိုယ်စားလှယ် ဦးမင်းသူ ၀င်ရောက်ဖြေရှင်းသဖြင့် ပြန်လည်ရယူ နိုင်ခဲ့ပြီး နားလည်မှု ပြန်လည်ရရှိ ခဲ့ပါသည်။
ဒီဗွီဘီ

မူးယစ်ရာဇာ နော်ခမ်းအဖွဲ့နှင့် အဆက်အသွယ် မရှိဟု ဗိုလ်နှုတ်ခမ်းမွေးဆို

မြဝတီ ၊ မေ ၁၀

ထိုင်း- မြန်မာ- လာအို နယ်စပ်တွင် ထိုင်းအစိုးရက မူးယစ်ရာဇာအဖွဲ့အဖြစ် သတ်မှတ်ပြီး ဖမ်းဝရမ်း ထုတ်ထားသော နော်ခမ်းအဖွဲ့နှင့် ကလို့ထူးဘော တပ်ဖွဲ့ (ယခင် ဒီကေဘီအေ) မှာ အဆက်အသွယ် လုံးဝ မရှိကြောင်း ဗိုလ်ချုပ် စောလားပွယ်ခေါ် ဗိုလ်နှုတ်ခမ်းမွေးက ပြောကြားသည်။

ထိုင်းနိုင်ငံ အစိုးရမှ မူးယစ်ရာဇာအဖြစ် အလိုရှိနေသော ၂၅ ယောက်တွင် မြန်မာနိုင်ငံသား နော်ခမ်း (ရွှေတြိဂံ ဒေသ)၊ ဗိုလ်ချုပ် စောလားပွယ် (ကလို့ထူးဘောတပ်) နှင့် ယီဆေး (တာချီလိတ် နမ့်ပုံ ပြည်သူ့စစ် ခေါင်းဆောင်) တို့ ပါဝင်နေခြင်း အတွက် မတ်လ ၁၀ နေ့တွင် မြဝတီ မြို့နယ် ဆုံဆည်းမြိုင် ကျေးရွာ၊ ကော်သူးမွဲခီး စခန်း၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် The Voice Weekly ၏ မေးမြန်းမှုကို ဗိုလ်ချုပ် စောလားပွယ်က ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ကလို့ထူးဘော တပ်ဖွဲ့မှ ဗိုလ်မှူးကြီး စန်းအောင်ကလည်း “နော်ခမ်းကို မြင်တောင် မမြင်ဖူးဘူး။ ထိုင်းရုပ်သံမှာ ပါလာမှပဲ တွေ့ဖူးတာ” ဟု The Voice Weekly သို့ ပြောကြားသည်။

နာမည်ကျော် မူးယစ်ရာဇာအဖြစ် ထိုင်းအစိုးရက သတ်မှတ်ကာ နာမည်ကျော်ကြား နေသော နော်ခမ်းမှာ ရွှေတြိဂံ နယ်မြေတွင် ဖမ်းဆီးခံရသည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးချေ။

ဗိုလ်ချုပ် စောလားပွယ် ကိုလည်း ထိုင်းနိုင်ငံသို့ လာရောက် အစစ်ဆေးခံရန် ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ချလိမ့်ယူဘမ်းရုန်း က တရားဝင် သတင်းထုတ်ပြန် ခဲ့သည်။

ဗိုလ်ချုပ် စောလားပွယ် ကမူ “ကျွန်တော်ဟာ မြန်မာနိုင်ငံသား ဖြစ်ပါတယ်။ ထိုင်းနိုင်ငံထဲကို သွားပြီး အစစ်ဆေးခံဖို့ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ နိုင်ငံမှာလည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့နဲ့ ပတ်သက်တဲ့အဖွဲ့ (DEA) ရှိပါတယ်။ ထိုင်းနိုင်ငံက DEA နဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ နိုင်ငံမှာ တွေ့ဆုံ မေးမြန်းမယ် ဆိုရင်တော့ ဖြစ်နိုင်ပါလိမ့်မယ်” ဟု ပြောကြားသည်။

ကလို့ထူးဘော အဖွဲ့အစည်း အနေဖြင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်ခဲ့သည်ကို စစ်ဆေး တွေ့ရှိပါက မည်သည့် တရားခုံရုံး မဆို ရဲရဲကြီး တက်ရောက် ရင်ဆိုင်သွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတကာတွင် လက်နက် ဝယ်ယူမှုများအတွက် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများနှင့် ဆက်နွယ် ပတ်သက်မှုများ ရှိနေသည့် အတွက် ကလို့ထူးဘော တပ်ဖွဲ့အနေဖြင့် ထိုင်းနိုင်ငံမှ လက်နက်ဝယ်မှုများ ရှိနေခြင်း ကြောင့်လားဟု The Voice Weekly က မေးမြန်းရာတွင် “ ဒီမေးခွန်းနဲ့ ပတ်သက်လို့ ကတော့ မဖြေနိုင်ပါဘူး” ဟု ဗိုလ်ချုပ် စောလားပွယ် ကိုယ်စား ဗိုလ်မှူးကြီး စန်းအောင်က ကြားဝင် ဖြေကြားခဲ့သည်။

ထိုင်း ဒုတိယ ဝန်ကြီးချုပ် အနေဖြင့် ဗိုလ်ချုပ် စောလားပွယ် အပေါ် မူးယစ်ရာဇာအဖြစ် ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက် နစ်နာမှုများ အတွက် တာဝန်ယူ ဖြေရှင်းရမည် ဖြစ်ကြောင်း ကလို့ထူးဘော ဗဟိုဌာနချုပ်က သတင်းထုတ်ပြန် လိုက်သည်။

The Voice Weekly

ဒေါ်အောင်ဆန်းစုကြည် ဇွန်လ ဒုတိယပတ် ပထမဆုံး ပြည်ပခရီး ထွက်မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း ၂၄ နှစ် အတွင်း ပထမဆုံး ပြည်ပ ခရီးစဉ်ကို ဇွန်လ ဒုတိယပတ်တွင် စတင်မည် ဖြစ်ကြောင်း အဆိုပါ ပါတီ၏ ပြောရေးဆိုခွင့် ရှိသူ ဦးအုန်းကြိုင်က The Voice Weekly သို့ ပြောကြားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ထိုင်ခုံအမှတ် G 22 ပိုင်ရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ဒုတိယပတ်တွင် နော်ဝေ နိုင်ငံသို့ စတင် သွားရောက်မည် ဖြစ်ပြီး ထိုမှတစ်ဆင့် ဗြိတိန်နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း အဆိုပါ ပုဂ္ဂိုလ်မှ ဆက်လက် ပြောကြားသည်။"ဂျပန်သွားဖို့တော့ မပါသေးဘူး" ဟု ဦးအုန်းကြိုင်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ် ထွက်ခွာရန် နိုင်ငံကူးလက်မှတ် ပတ်စ်ပို့စ်ကို ယခုလ ၇ ရက်နေ့တွင် ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး အဖွဲ့မှ ထုတ်ပေးလိုက်ပြီ ဖြစ်ကြောင်း နိုင်ငံတကာ မီဒီယာများနှင့် NLD အသိုင်းအဝိုင်းက ပြောဆိုသည်။ကမ္ဘာကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကလည်း ဒေါ်အောင်ဆန်းစုကြည်အား ကုလ အဖွဲ့ရုံးချုပ်ကို လာရောက် လာပတ်ရန်နှင့် မိန့်ခွန်း ပြောကြားရန် ဖိတ်ကြားထားကြောင်း မေလ ၁ ရက်နေ့တွင် ကျင်းပ ပြုလုပ်သည့် ၄င်းတို့ နှစ်ဦး၏ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ကြေညာသည်။

မြန်မာနိုင်ငံသို့ ပြန်လာခွင့် မရမည်ကို စိုးရိမ်သဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉ရ ခုနှစ်တွင် ခင်ပွန်းဖြစ်သူ ဒေါက်တာ မိုက်ကယ်အဲရစ် နာရေးသို့ပင် သွားရောက်ခဲ့ခြင်း မရှိပေ။ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ ကာလတွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာပြီး ယခု ၂၀၁၂ မှသာ နှစ်ပေါင်း ၂၄ နှစ်အတွင်း ပြည်ပ ခရီးစဉ်များ ပြန်လည် ထွက်ခွာနိုင်ခြင်း ဖြစ်သည်။
The Voice Weekly

တရုတ်နယ်စပ်ရွှေလီတွင် မြန်မာအလုပ်သမားများအား ပိုမိုတင်းကျပ်စစ်ဆေး

ရွှေလီမြို့ မှ ကုန်စုံဆိုင်တဆိုင် (ဓါတ်ပုံ-ညီမင်းဆန်း)
မေ ၁၀၊ ၂၀၁၂ ခုနှစ်-ကျော်သူရမျိုး  (YPI)

မြန်မာ-တရုတ်နယ်စပ် ရွှေလီမြို့တွင် ရွှေ့ပြောင်းအလုပ်သမားများကို သက်ဆိုင်ရာ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များက တင်းကျပ်စွာစစ်ဆေးမှုများရှိလာကြောင်း ရွှေလီမြို့မှ မြန်မာအလုပ်သမားများကပြောသည်။

မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်မြို့များရှိ တရုတ်နံပါတ်တပ် ယာဉ်အမျိုးမျိုးအား မေလမှစတင်၍ ညအိပ်ရပ်နာခွန် ကောက်ခံရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့က သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးများကို ဧပြီ ၂၆ ရက်နေ့ရက်စွဲဖြင့် ပေးပို့ညွှန်ကြားခဲ့ပြီး အဆိုပါ ညွှန်ကြားချက်အား နယ်စပ်မြို့များတွင် ထုတ်ပြန်ကြေညာပေးပြီးနောက် ရက်ပိုင်းအတွင်း ရွှေလီရှိ မြန်မာအလုပ်သမား များကို ပိုမိုတင်းကျပ်စွာ စစ်ဆေးလာခဲ့ကြောင်း ရွှေလီမြို့ရှိ အလုပ်သမားများနှင့် မူဆယ်မြို့ခံ ကုန်သည်များကပြောသည်။

“ဒီရက်ပိုင်းတွေမှာ ရွှေလီကရဲတွေ စစ်ဆေးတာပိုတင်းကျပ်လာတဲ့အတွက် အလုပ်သမားတွေ အပြင်တောင် မထွက်ရဲဘူးဖြစ်နေတယ်” ဟု ရွှေလီမြို့၌ လုပ်ငန်းလုပ်ကိုင်လျှက်ရှိသော အလုပ်သမား တစ်ဦးကပြောသည်။

ယခင်မြန်မာနိုင်ငံဘက်မှ သွားရောက်လုပ်ကိုင်သော အလုပ်သမားများကို တစ်ဖက်နိုင်ငံအာဏာပိုင် များမှ စစ်ဆေးမည်ဆိုပါက အလေးပြုပြီးမှသာ စစ်ဆေးပြီး တရားဝင်စာရွက်စာတမ်မပါဘဲ ၀င်ရောက်လာသော အလုပ်သမားများတွေ့ရှိပါ က မြန်မာအာဏာပိုင် ဘက်သို့ ပြန်လည်အပ်နှံခဲ့ကြောင်း မြန်မာအလုပ်သမားများကို စစ်ဆေးမှုမှာလည်း အလွန်နည်းပါးခဲ့ကြောင်း မြန်မာအလုပ်သမားများ ကပြောသည်။

“အရင်ကအခြေအနေတွေနဲ့ တော်တော်ကွာသွားပါပြီ။ မသင်္ကာတာနဲ့ စစ်တာဘဲ။ ယာယီပတ်စပို့မရှိရင် ဒါမှမဟုတ် ရက်လွန်နေတာကိုတွေ့ရင် ချက်ချင်းဖမ်းပြီး ဆေးဖြတ်တဲ့ စခန်းတွေကို တန်းပို့ပါတယ်”ဟု  ရွှေလီမြို့တွင် သွားရောက်လုပ်ကိုင်နေသော အလုပ်သမားတစ်ဦးက ပြောသည်။

မြန်မာအလုပ်သမားများအားထိန်းသိမ်းထားရန် နေရာသီးသန့်မရှိသောကြောင့် ဆေးဖြတ်စခန်းများတွင် ယာယီထိန်းသိမ်းခြင်းဖြစ်ပြီး အဆိုပါ ဆေးဖြတ်စခန်းများသို့ ရောက်ရှိသွားသော အလုပ်သမားများကို မိဘဆွေမျိုးများမှ သွားရောက် ရွေးယူပါက တရုတ်ယွမ်ငွေ ၅၀၀ ဒဏ်ကြေးအဖြစ်ပေးဆောင်ရသည်။ အဖမ်းခံရသည့်နေရာ၊အချိန်နှင့် နာမည်အပြည့်အစုံ ပြောနိုင်မှသာ ပြန်လည်ရွေးယူရန် လွယ်ကူကြောင်း ဒဏ်ကြေးပေးဆောင်ခဲ့ဖူးသူတစ်ဦးကပြောသည်။

အဆိုပါ ဖြစ်စဉ်များအတွက် မူဆယ်၊ ကြယ်ခေါင်တရုတ်ပြည်နယ်စပ်၊ နန်းတော်စစ်ဆေးရေး ဂိတ်ပေါက်ရှိ တဖက်နိုင်ငံ တာဝန်ကျဝန်ထမ်းတစ်ဦးအား မေးမြန်းရာ “တရားမ၀င် ၀င်ရောက်လာတဲ့သူတွေကိုပဲ အရေးယူတာပါ။
''လာလည်တဲ့ဧည့်သည်တွေ၊ ဈေးလာဝယ်တဲ့သူတွေ၊ ကုန်သည်တွေနဲ့ တရားဝင်အလုပ်သမားတွေကို ဖမ်းဆီးခြင်းလုံးဝမလုပ်ပါဘူး” ဟု ပြန်လည် ဖြေကြားခဲ့သည်။

ရွှေလီမြို့တွင် အလုပ်လုပ်လိုသော မြန်မာအလုပ်သမားများကို တစ်ဖက်နိုင်ငံ အာဏာပိုင်များက နေထိုင်ခွင့် အစိမ်းရောင်စာအုပ် ထုတ်ပေးကြောင်း၊ အဆိုပါအစိမ်းရောင်စာအုပ်ရရှိရန်အတွက် မြန်မာနိုင်ငံ လ.၀.က မှ ထုတ်ပေးသော အနီရောင်ယာယီနိုင်ငံကူး လက်မှတ်စာအုပ်၊ ရွှေလီရှိအိမ်ရှင် ထောက်ခံစာ၊ အိမ်ရှင်မှတ်ပုံတင်၊ စသည့်စာရွက်စာတမ်းများ တင်ပြရန် လိုအပ်ကြောင်း ရွှေလီမြို့နေ မြန်မာအလုပ်သမားများကပြောသည်။

ရွှေလီမြို့တွင် အစိမ်းရောင်စာအုပ်ရရှိရန် မြန်မာ လ.၀.က မှထုတ်ပေးသည့် အနီရောင်စာအုပ်ရှိရန်လိုအပ်ပြီး မူဆယ်တွင် သန်းခေါင်စာရင်းရှိသူများကိုသာ အနီရောင်စာအုပ် ထုတ်ပေးသောကြောင့် တစ်ဖက်နိုင်ငံသို့ တရားမ၀င်သွားရောက် အလုပ်လုပ်သူများပြားကြောင်း မူဆယ်ဒေသခံများကပြောသည်။

တစ်ဖက်နိုင်ငံနယ်စပ် ရွှေလီမြို့တွင် မြန်မာအလုပ်သမားများ တရားဝင်အလုပ်လုပ်ကိုင် နေထိုင်ရန် အတွက် လိုအပ်သော စာရွက်စာတမ်းများ၊့ ရုံးလုပ်ငန်းဆိုင်ရာများနှင့် ငွေကြေးအခက်အခဲများ၊ အချိန်အခက်အခဲများရှိသည့်အတွက် လွယ်ကူသော နည်းလမ်းဖြစ်သည့်တရားမ၀င် သွားရောက်  လုပ်ကိုင်မှုများ များပြားခဲ့ခြင်းဖြစ်ကြောင်း အငြိမ်းစား လ.၀.က ဦးစီးမှူးတစ်ဦးက မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံမူဆယ်မှ တရုတ်နိုင်ငံကြယ်ခေါင်နှင့်ရွှေလီမြို့သို့ သွားရောက်လိုသူများအတွက် မြန်မာဖက်ခြမ်းတွင် လ.၀.က လက်အောက်ရှိ နိုင်ငံခြားသားတရားမ၀င်ကာကွယ် တားဆီးရေး အဖွဲ့များမှ ခုနစ်ရက်သက်တမ်းရှိ ယာယီနိုင်ငံကူးကဒ်ပြား အပြာရောင်ထုတ်ပေးပြီး ၂၀၁၂ ခုနှစ်၊ ဧပြီလမတိုင်မီအချိန်ထိ အဆိုပါကဒ်ပြားကိုအသုံးပြု၍ ရွှေလီမြို့တွင် ခြောက်ညအိပ် ခုနစ်ရက်အထိ တည်းခိုနေထိုင်အလုပ်လုပ်ကိုင်နိုင်သော်လည်း ဧပြီလဆန်းပိုင်းမှစတင်၍ တစ်ဖက်နိုင်ငံတွင် ညအိပ်နေထိုင်ခွင့် မရှိတော့ကြောင်း မူဆယ်နှင့်ရွှေလီမြို့ရှိ မြန်မာအလုပ်သမားများကပြောသည်။

“ ဟိုက(ရွှေလီ) အလုပ်သမားတွေက ခုနစ်ရက်ကိုတစ်ကြိမ် မြန်မာဘက်ကိုလာပြီး ကဒ်ပြားအသစ် ပြန်လုပ်ပြီးတော့မှ ရွှေလီကိုပြန်ဝင်ပြီး အလုပ်လုပ်လေ့ရှိတော့ အဲဒီတုန်းကဆို အဆင်ပြေခဲ့ပါတယ်”ဟု ရွှေလီမြို့တွင်တရားဝင်နေထိုင်ခွင့်ရရှိပြီး ကျောက်မျက်လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးကပြောသည်။   ။
Yangon Press International

မကွေးအမှတ်(၁)ရဲစခန်းတွင် အချုပ်သားတဦးအား ရိုက်နှက်ညင်းပန်းနှိပ်စက်ပြီး အမှုဝန်ခံခိုင်း

ယနေ့ မနက်(၁ဝးဝဝ)နာရီခန့်က မကွေးအမှတ်(၁)ရဲစခန်းတွင်ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်မှန်တစ်ခု ယနေ့  ( ၁ဝ.၅.၂ဝ၁၂ )ကြာသာပတေးနေ့ မနက်(၁ဝးဝဝ)ခန့်က မကွေးအမှတ်(၁)ရဲစခန်း အချုပ်ခန်း အမှတ်(၂)
တွင် အချုပ်ခံထားရသူ မောင်ပိုင်အောင်ချစ် (သ)၁၇ နှစ်အား ပြစ်မှုပုဒ်မ(၃၈ဝ)ဖြင့် တရားစွဲဆို ခံထားရသူဖြစ်ပါသည်။

အမှုရင်ဆိုင်နေစဉ်တွင် အမှတ်(၁)ရဲစခန်းမှ ဒုရဲအုပ်ဝင်းမျိုးသန့်ဆိုသူ သည်အခြားအမှုတစ်မှု အား ဆက်လက်စစ်ဆေးရန် ရှိသည်ဟုဆိုကာ အချုပ်ခန်းအတွင်းမှ စစ်ကြောရေးခန်းသို့ ခေါ်ဆောင်ကာ လက်တော့ကွန်ပျူတာ အား မင်းခိုးတာလားဟု ဆိုကာစစ်ဆေးမေးမြန်းခဲ့ပါသည်။

မောင်ပိုင်အောင်ချစ်မှလည်း ကောင်းမွန်စွာဖြင့်ပင် ၄င်းမခိုးမိကြောင်းနှင့် မြင်တောင်မမြင်ဘူးကြောင်း ရှင်းပြပြောဆိုပါသည်။သို့သော်လည်း နောက်ပိုင်းတွင် ဒုရဲအုပ်ဝင်းမျိုးသန့် ဆိုသူမှ မင်းညာနေတာမဟုတ်လားဟုဆိုကာ သူစီးလာသည့် သားရေဖိနပ် ဖြင့် မောင်ပိုင်အောင်ချစ်၏ ဦးခေါင်း၊ပါး ၊လည်ပင်း နှင့် နောက်ကျောတို့အား ရိုက်နှက်ခဲ့ပါသည်။

မောင်ပိုင်အောင်ချစ်မှလည်း မိမိ မသိကြောင်းကိုပြောဆိုခဲ့ပါသည်။သို့သော်လည်း ဒုရဲအုပ်ဝင်းမျိုးသန့်မှ ဝါးလုံး ဖြင့် မောင်ပိုင်အောင်ချစ်၏ ချေသလုံးပေါ်ကို တက်ဖိနင်းခဲ့ပါသည်။ထို့နောက် ဤဝါးလုံးဖြင့်ပင် မောင်ပိုင်အောင်ချစ်၏ ခြေဖဝါးအား (၁၅)ချက်ခန့် ရိုက်နှက်ခဲ့ပါသည်။နာကျင်လွန်းသဖြင့် ဟစ်အော်အကူအညီ တောင်းခံခဲ့သော်လည်း ကျန်အချုပ်သားများသည်လည်း မည်သို့မျှမတတ်နိုင်ကြသဖြင့် ညိမ်နေခဲ့ရပါသည်။

ထိုသို့ အမှုအား ဇွတ်အတင်းဝန်ခံခိုင်း၊ဝန်မခံ၍ ရိုက်နှက်šညှင်းပန်းနှိပ်စက်နိုင်သည့် အခွင့်အရေး မည်သည့်ဝန်ထမ်းသို့ အပ်နှင်းထားပါသနည်း။ရဲလုပ်ငန်း စုံစမ်းစစ်ဆေးခြင်းများမပြုဘဲ အလားတူပြစ်မှုဖြင့် အချုပ်ကျ အမှုရင်ဆိုင်နေရသူ တစ်ဦးအား ဒါလည်းကျွန်တော်ခိုးတာပါ ဟု ဇွတ်အတင်းရိုက်နှက်ဝန်ခံခိုင်းပြီး အမှုတည်ဆောက်၍ ရပါသလား။ထိုသို့ ဥပဒေမဲ့လုပ်ရပ်များအား သက်ဆိုင်ရာအကြီးအကဲများမှ တဆင့်တဆင့် ကွပ်ကဲထိမ်းချုပ်၍ အရေးယူဆောင်ရွက်ပေးပါရန် တင်ပြအကူအညီတောင်းခံပါသည်ခင်ဗျာ။

တာဝန်သိပြည်သူတစ်ဦး
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်