ရန်ကုန်တွင် လတ်တလောဖြစ်ပေါ်နေသော လျှပ်စစ်မီးအခက်အခဲကို အမေရိကန် GE ကုမ္ပဏီက ကူညီမည်

ရန်ကုန်မြို့ တွင် လတ်တလောဖြစ်ပေါ်နေသော  လျှပ်စစ်မီးပြတ်တောက်မှု အခက်အခဲကို
ဖြေရှင်းရန် အမေရိကန် GE ကုမ္ပဏီက ကူညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မြန်မာ့ရင်း
နှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌ  ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က ဧပြီ ၂၉ ရက် နေပြည်
တော်တွင် ပြုလုပ်သော တွေ့ဆုံပွဲတွင်ပြောကြားလိုက်သည်။

ထိုကဲ့သို့ ရန်ကုန်မြို့တွင်  လျှပ်စစ်မီးပြဿနာကို ဖြေရှင်းရန် အတွက် သာကတေ တွင်
 တည်ရှိသည့် ယိုယွင်းပျက်စီးနေသော လျှပ်စစ် မဂ္ဂါဝပ် ၉၀ ထုတ်လုပ်နိုင်သည့်
လျှပ်စစ်တာဘိုင်စက် ၂ လုံးကို ပြင်ဆင်ရန် GE ကုမ္ပဏီက အခမဲ့ ကူညီ 
ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

‘‘နောက်တစ်ပတ်နှစ်ပတ်လောက်အတွင်း လျှပ်စစ်မီးကိစ္စပြေလည်သွားလိမ့်မယ် ထင်ပါတယ်။
 ဒါပေမယ့် ကတိတော့မပေးဘူးပေါ့ဗျာ ’’ ဟု ဦးစိုးသိန်းကပြောကြားသည်။

အထက်ပါကဲ့သို့ သာကေတရှိ လျှပ်စစ်တာ ဘိုင်များကို ပြုပြင်သည့် အပြင် လျှပ်စစ်ဓာတ်အား
 ၂၅ မဂ္ဂါဝပ် ထုတ်ပေးနိုင်သော မိုဘိုင်းလျှပ်စစ်တာဘိုင် ၄ လုံးအား အမေရိကန် GE
ကုမ္ပဏီမှ ဌားရမ်းထားကြောင်းနှင့် ယင်းတို့ဖြင့် လတ်တလော ရန်ကုန်မြို့တွင် ကြုံ့တွေ့နေရ
သော လျှပ်စစ်မီး အခက်အခဲကို ဖြေရှင်းသွား မည် ဖြစ်ကြောင်းပြောကြားသည်။

မကြာမီ ရက်ပိုင်းအတွင်းက နိုင်ငံတော် သမ္မတ  ဦးသိန်းစိန်ခေါင်းဆောင်သည့် မြန်မာ
 ကိုယ်စားလှယ်အဖွဲ့သည် ဂျပန်နိုင်ငံသို့ရောက်ရှိလာစဉ် အတွင်း လျှပ်စစ်မဂ္ဂဝပ် ၉၀၀
ထုတ်လုပ်နိုင်သော ကျောက်မီးသွေးဓာတ်အားပေးရုံကိုလည်း သွားရောက်လေ့လာခဲ့
ကြောင်း သိရသည်။

ဦးစိုးသိန်းက ‘‘ မီးခိုးလုံးဝမထွက်ပါဘူး ၊ ဒါကြောင့် ဂျပန်စက်နဲ့ဆိုရင် တော့ကျောက်မီးသွေးနဲ့
 လုပ်ပေမယ့် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်နိုင်ဘူးလို့ ပြောလို့ရပါတယ်’’ ဟုပြောကြားသည်။

Yangon Media Group

မန္တလေး၊ နန်းရှေ့မှာ မီးလောင်ကျွမ်းမှုဖြစ်ပွား

(၂၉.၄.၂၀၁၂ ၊ ည)
မန္တလေး၊ နန်းရှေ့၊ အုတ်စက်ရပ်ကွက်၊ အကွက်(၁၃) တွင် မီးလောင်မှုဖြစ်ပွာ။န ၄င်းရပ်ကွက်သည် တဲအိမ်များ၊ ပျင်တောင်အိမ်များနှင့် အိမ်ခြေစိပ်သောရပ်ကွက်ဖြစ်သည်။ အခုချိန်ထိတော့မီးသတ်ကားတွေသွားနေတုန်းပဲ။လက်လုပ်လက်စားများစုနေထိုင်ရာရပ်ကွက်ပါ။ ည ၁၀ နာရီ ၁၅ ခန့်တွင် စတင်လောင်ကျွမ်းရာ ည ၁၁ နာရီခန့်တွင် မီးညွန့်ကျိုးသွားပါသည်။
Myanmar News Now
လမ်းရှင်းနေသောယာဉ်ထိန်းရဲများ (Photo-CJMyanmar)

မီးသတ်ကားများလာပီ (Photo-CJMyanmar)

၆၂ လမ်း ၁၄ လမ်းထောင့် မှမီးလောင်ရာသို့ သွားရောက်နေ
သောမီးသတ်ကားများ
(Photo-CJMyanmar)

မန္တလေး မြစ်ကြီးနား (၃၃)အဆန် အိပ်စင်ရထား မိုင်းခွဲ ဖျက်ဆီးခံရ (ဓါတ်ပုံများ)

(၂၉.၄.၂၀၁၂)
(၃၃)အဆန် အိပ်စင်ရထားသည် နန့်စီးအောင်ဘူတာ မှ (၂၉.၄.၂၀၁၂) နံနက် (၀၀း၅၆)နာရီအချိန်
တွင် ထွက်လာပြီး နံနက် (၁း၁၀)နာရီအချိန် ကချင်ပြည်နယ်၊
မိုးညှင်းမြို့နယ်၊ မော်ဟန်ဘူတာနှင့်နန့်စီးအောင် ဘူတာအကြားမိုင်တိုင် ၆၁၆/၁ နှင့် ၆၁၆/၃ အကြား တံတားအမှတ်(၅၃၄) နေရာတွင်မိုင်း (၂)လုံး ဆက်တိုက် ပေါက်ကွဲခဲ့သည်။

ဗုံးပေါက်ကွဲမှုကြောင့်ရထားတွဲ (၁၂)ပါဝင်ရာ၊ (၈)တွဲ လမ်းချော်ခဲ့ပါသည်။ အထက်တန်း အိပ်ခန်း
တွဲ(၁) ၁၂၆၆၉ နှင့် တွဲ (၇)၁၂၆၅၄BREZ 10919 စားသောက်တွတိမ်းမှောက်ခဲ့ပါသည်။

အိပ်စင် တွဲ(၁) D ခန်းတွင် လိုက်ပါလာသော
မျိုးမင်းထိုက် (၂၈)နှစ် ညာဘက်ခြေထောက် ကျိုးသွားပြီး၊ အိပ်စင်တွဲ(၁) B
ခန်းတွင် လိုက်ပါလာသော ရှင်စန္ဒောဘာသ ခြေမျက်စိ ဒဏ်ရာရရှိခဲ့ပါသည်။

ရထားသံလမ်း ကွန်ကရစ်တုံး(၉၅)တုံးပျက်စီးပြီး
တံတား အမှတ်(၅၃၄)ပျက်စီးခဲ့ကြောင်း ရထားထိန်း ဦးစစ်လှိုင် မှ
ပြောကြားခဲ့ပြီး မီးရထားဌာနမှတာဝန်ရှိသူများ မှ နံနက် (၈)နာရီအချိန်မှ စပြီး ရထာလမ်း ကို
ပြန်လည်ပြုပြင်နေကြောင်း သိရှိရပါသည်။

Katha Town
ရထား မိုင်းခွဲ ဖျက်ဆီးခံရစဉ် မြင်ကွင်း





ပါရမီ အဓိပတိယာဉ်လိုင်းမှ ယာဉ်နောက်လိုက် သုံးဦးက ခရီးသည်တစ်ဦးကို ထိုးနှက်မှုတစ်ခု ဧပြီလ ၂၆ ရက်နေ့က ဖြစ်ပွား

ဓါတ်ပုံ(Google Images)
ပါရမီ အဓိပတိယာဉ်လိုင်းမှ ယာဉ်နောက်လိုက်သုံးဦးက ခရီးသည်တစ်ဦးကို ၀ိုင်းဝန်းထိုးနှက်မှု တစ်ခု ဧပြီလ ၂၆ ရက်နေ့က စမ်းချောင်းမြို့နယ် မဟာမြိုင်မှတ်တိုင်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၂၆ ရက်နေ့ ညနေ ၅နာရီအချိန် ၀န်းကျင်ခန့်တွင် ပါရမီအဓိပတိယာဉ်လိုင်း အဓိပတိ (အနီ)ပေါ်တွင် လိုက်ပါလာသော မြေနီကုန်းမှတ်တိုင်တွင် ဆင်းမည့် အသက် ၅၄ နှစ်အရွယ်ခရီးသည်မှာ ၎င်းအား မဟာမြိုင်မှတ်တိုင်တွင် ဆင်းခိုင်းသဖြင့် မကျေနပ်ကြောင်းပြောရာ ယာဉ်နောက်လိုက်သုံးဦးက ၀ိုင်းဝန်းထိုးနှက်ခဲ့ခြင်းဖြစ်ကြောင်း Eleven Media Group သတင်းအရ သိရသည်။

''မြေနီကုန်းရောက်ပြီလို့ ယာဉ်နောက်လိုက်က ပြောလို့ ဆင်းလိုက်တာ မြေနီကုန်းမှတ်တိုင် မဟုတ်မှန်းသိလို့ ပြောလိုက်တော့ မြေနီကုန်းမှာ မှတ်တိုင်မရှိတော့ဘူး၊ ဒီမှာပဲဆင်းလို့ ပြန်ပြောတယ်။ ဒါနဲ့ ကျွန်တော်လည်း မင်းတို့ကို တိုင်မယ်လို့ပြောတော့ တစ်ယောက်ကဆင်းပြီး ခင် ဗျားက တိုင်ရအောင် ခင်များက ဘာကောင်လဲဆိုပြီး ထိုးတယ်။ နောက်ထပ်နှစ်ယောက်ဆင်းလာပြီး ကျွန်တော့်ကိုချုပ်ပြီး ကျန်တစ်ယောက်က ထိုးတယ်။ ဘေးက ကောင်လေးနှစ်ယောက်ရောက်လာပြီး ၀င်တားမှ မင်းတို့ တိုင်ချင်ရာတိုင်၊ ပါရမီက ကောင်တွေကွလို့ပြောပြီး ကားပေါ် တက်ပြီး ထွက်သွားတယ်''ဟု ကာယကံရှင် ကြည့်မြင်တိုင်တွင် နေထိုင်သူ ဦးထွန်းလွင်က ပြောပါသည်။

ထိုသို့ ၀ိုင်းထိုးနှက်မှုကြောင့် ဦးထွန်းလွင်မှာ နားထင်ကွဲဒဏ်ရာ၊ မျက်နှာ၊လက်နှစ်ဖက်နှင့် ၀မ်းဗိုက်တွင် ဒဏ်ရာအသီးသီး ရရှိခဲ့ကြောင်းနှင့် စမ်းချောင်းရဲစခန်းတွင် တိုင်ကြားခဲ့သော်လည်း အမှုဖွင့်တိုင်ကြားခဲ့မှုကို မပြုလုပ်ခဲ့ကြောင်း ဦးထွန်းလွင်က ဆိုပါသည်။

''သူတို့ဘယ်လောက် ရိုင်းရိုင်း သူတို့ကိုမှီခိုနေတဲ့သူတွေ အခက်တွေ့မှာစိုးလို့ပါ''ဟု ဦးထွန်းလွင်က ပြောပါသည်။ ထို့အတူ ဧပြီလ ၄ ရက်နေ့ကလည်း ပါရမီ အဓိပတိယာဉ်လိုင်းမှ လူ ၃၀ ဦးကျော်မှာ သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်ရပ်ကွက်အတွင်း အုပ်စုလိုက် ရမ်းကားမှုတစ်ခုလည်း ဖြစ်ပွားခဲ့ကြောင်း Eleven Media Group အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါသည်။

ဒီမိုကရေစီ အလေ့အကျင့်တွင် အစိုးရအဖွဲ့ ၀င်များ အပြောင်းအလဲ ရှိတတ်သည့်

ဒီမိုကရေစီ အလေ့အကျင့်တွင် အစိုးရအဖွဲ့ ၀င်များ အပြောင်းအလဲ ရှိတတ်သည့် သဘောသဘာဝရှိကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြည်ထောင်စုဝန်ကြီး အပြောင်းအလဲ ရှိသည်ဆိုသော သတင်းများထွက်ပေါ် နေခြင်းမှာ မှန်ကန်ပါသလား ဆိုသော The Voice Weekly ၏ မေးမြန်းချက်အပေါ် ယင်းသို့ပြန်လည်ဖြေ ကြားခြင်းဖြစ်သည်။
ဒါအပြင် စီးပွားရေး ဗီဇာအား ဆိုက်ရောက် ဗီဇာ အဖြစ် ဂျွန်လ ၁ရက်နေ့မှ စတင်၍ ပေးအပ် သွားမည်ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဦးခင်ရီက နေပြည်တော်ရှိ စက်မှု ၂ ဝန်ကြီးဌာနရုံးတွင် ယနေ့ ၁နာရီ၌ ပြုလုပ်သော သတင်းမီဒီယာ သမားများနှင့် တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။

အဆိုပါ ဗီဇာသည် မြန်မာပြည်တွင် နေထိုင်ခွင့် ရက် ၇၀ ရရှိမည် ဖြစ်ပြီး ဒေါ်လာ ၄၀ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

ခရီးသွားဗီဇာအား ဆိုက်ရောက် ဗီဇာ အဖြစ် ထုတ်ပေးရန် ခရီးသွားလုပ်ငန်းများနှင့် ညှိနှိုင်းနေဆဲဖြစ်ပြီး အာဆီယံ နိုင်ငံ အားလုံး ကို ဗီဇာ အမျိုးစား အားလုံးအတွက် ဆိုက်ရောက် ဗီဇာ ထုတ်ပေးရန် အစီအစဉ် ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
 The Voice Weekly
နေပြည်တော်ရှိ စက်မှု ၂ ဝန်ကြီးဌာန ရုံးတွင် ယနေ့နေ့လည် ၁ နာရီက ပြုလုပ်သော သတင်း မီဒီယာသမားများနှင့် တွေ့ဆုံပွဲ
 

UN အတွင်းရေးမှူးချူပ် ဘန်ကီမွန်း လဲ ရောက်လာပါပြီ (ရုပ်/သံ)

UN အတွင်းရေးမှူးချူပ် ဘန်ကီမွန်း မြန်မာနိုင်ငံရောက်ရှိလာစဉ် ရိုက်တာသတင်းဌာနမှာ (ရုပ်/သံ)မှာ ကြည့်ရှုနိုင်ပါသည်။

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့ ပြန်လည် ဖွဲ့စည်းမည်


နေပြည်တော် ၊ ဧပြီ ၂၉
 
တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် တစ်ဖွဲ့ဖြင့်သာ ဆွေးနွေးသွားနိုင်ရန် ပြည်ထောင်စုအဆင့် ပြည်တွင်း ငြိမ်ချမ်းရေး ဖော်ဆောင်မှု အဖွဲ့ကို ပြန်လည် ဖွဲ့စည်း သွားမည် ဖြစ်ကြောင်း နေပြည်တော်ရှိ စက်မှု ၂ ဝန်ကြီးဌာနရုံးတွင် ယနေ့ ၁ နာရီ၌ ပြုလုပ်သော သတင်းမီဒီယာ သမားများနှင့် တွေ့ဆုံပွဲ၌ ရထား ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။

အဆိုပါ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့ ပြန်လည် ဖွဲ့စည်းရာတွင် အစိုးရအဖွဲ့ ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် နယ်မြေခံ တပ်ရင်းတပ်ဖွဲ့ ဌာနချုပ်မှ တပ်မတော်သားများ ဖြင့် ပြန်လည် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အရပ်သား အစိုးရလက်ထက်၌ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့သည် လက်နက်ကိုင် အဖွဲ့အစည်း ဆယ်ဖွဲ့နှင့် အပစ်ခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပြီး KIA လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုတည်းသာ ကျန်တော့ကြောင်း အဆိုပါ ပွဲတွင် ပြောကြားခဲ့သည်။


By: The Voice Weekly

သံလမ်းမိုင်း(ဗုံး)ကွဲမှုကြောင့် မန္တလေး-မြစ်ကြီးနားရထား တွဲချော်၊ လူရှစ်ဦးသေဆုံး

မန္တလေး-မြစ်ကြီးနားရထား(ဓါတ်ပုံ-Google Images)
မန္တလေးမြို့မှ ယမန်နေ့(၂၈.၄.၁၂) နေ့လည် ၁ နာရီခန့်က မြစ်ကြီးနားသို့ထွက်ခွာသွားသော မန္တလေး-မြစ်ကြီးနား ရထားသည် နန်းကွေ့-ပြည်ထောင် ရထားလမ်းပိုင်းအတွင်း တစ်နေရာတွင် ယနေ့(၂၉.၄.၁၂) နံနက်အစောပိုင်းက သံလမ်း မိုင်း(ဗုံး)ကွဲမှုကြောင့် တွဲချော်ကာ လူရှစ်ဦး သေဆုံးသွားကြောင်း ရထားဝန်ထမ်းတစ်ဦးက CJMyanmar သို့ သတင်းပို့ပါသည်။

အဆိုပါ ရထားနောက်မှ မြစ်ကြီးနားသို့ ထွက်ခွာသော အခြားသော မန္တလေး-မြစ်ကြီးနား ရထားတစ်စင်းသည် ယခုအခါ နဘားဘူတာတွင် ရပ်တန့်ထားရကြောင်းနှင့် မန္တလေး-မြစ်ကြီးနား အသွားအပြန် ရထားပြေးဆွဲမှုကို ၅ ရက်ခန့် ရပ်တန့်ထားနိုင်ကြောင်းလည်း သိရသည်။

မန္တလေး-မြစ်ကြီးနား ကုန်စည်စီးဆင်းမှု ရပ်တန့်သွားသဖြင့် ယနေ့ မြစ်ကြီးနားတွင် စားသောက်ကုန်ပစ္စည်းများသည် နဂိုဈေးထက် အတန်ငယ် မြင့်တက်လျက်ရှိလာနေကြောင်းလည်း CJMyanmar က သတင်းရရှိပါသည်။
 CJMyanmar

ဧပြီလ ၃၀ ရက်နေ့ ထုတ် The Voice Weekly ဂျာနယ်

The Voice 8-19
ဧပြီလ ၃၀ ရက်နေ့ ထုတ် The Voice Weekly ဂျာနယ်


သုဿာန်မြေနှင့် ရပ်ကွက်ရုံး မြေတို့အား ပုဂ္ဂလိကလက်သို့ရောင်းချခြင်း

ကချင်ပြည်နယ် ဖားကန့် မြို့ နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၊ ဝှေဆိုင်းရပ်ကွက်(၇)
သုဿာန်မြေနှင့် ရပ်ကွက်ရုံး မြေနေရာကို ဝှေဆိုင်းရပ်ကွက်မှူး ဦးသန်းညွှန့် ၊
ဦးမောင်တာ နှင့် ရပ်ကွက်စာရေး တို့ သုံးဦးမှ ရပ်မိရပ်ဖ များအား အသိမပေးဘဲ
ရောင်းစားထားကြကြောင်းသိရပါသည်။

သုဿာန်မြေကို မိုးကောင်းမြို့ နယ် မင်းကုန်းကျေးရွာမှ ဦးအိုက်မောင်အား
တန်ဖိုးငွေ ၇၅ သိန်းဖြင့် ၂ဝ၁၂ ဇန်နဝါရီလတွင် ရောင်းချခဲ့ပြီး၊ ရပ်ကွက်ရုံးမြေကို
ဝှေဆိုင်းရပ်ကွက်(၇)နေ ဦးသန်းထွန်းအောင်အား တန်ဖိုးငွေ သိန်း၎ဝ ဖြင့် ၂ဝ၁၂ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင်လည်းကောင်း အသီးသီး ရောင်းချ
သွားပြီးဖြစ်ပါသည်။

ထိုအရောင်းအဝယ်ပြုမှုကိစ္စကို ဟောင်ပါးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းအား
ဖြေရှင်း ပေးရန် အတန်တန်ပြောဆို တိုင်တန်းကြသော်လည်း ထိရောက်သောဖြေရှင်းမှု
ပြုလုပ်ပေးခြင်း မရှိခဲ့ပါ။

သို့ ပါ၍ ၂.၄.၂ဝ၁၂ နေ့တွင်  ဖားကန့် မြို့ နယ် အုပ်ချုပ်ရေးမှူး ၊  မိုးညှင်းခရိုင်အုပ်ချုပ်ရေးမှူး
 နှင့်ကချင်ပြည်နယ်ဝန်ကြီးချုပ်တို့ ထံသို့ဖြေရှင်းနိုင်ရန် ဟောင်ပါး ကျေးရွာအုပ်စု
 ဝှေဆိုင်းရပ်ကွက်(၇)မှ ဒေါက်တာမောင်မောင်မြင့်နှင့် ဦးထွန်းအောင်တို့ မှ
အကြောင်းကြားထားကြကြောင်းသိရပါသည်။

Myanmar News Now





တရားသူကြီးများအပေါ်တွင် ပြည်သူလူထု တိုင်ကြားမှု ၇၇ မှုရှိခဲ့ကာ တိုင်ကြားမှု၏ ၈၀ ရာခိုင်နှုန်းမှာ မှန်ကန် မှုရှိ

7301
ဓါတ်ပုံ (Eleven Media Group)

တရားသူကြီးများအပေါ်တွင် ပြည်သူလူထု တိုင်ကြားမှု ၇၇ မှုရှိခဲ့ကာ တိုင်ကြားမှု၏ ၈၀ ရာခိုင်နှုန်းမှာ မှန်ကန် မှုရှိခဲ့ပြီး  အရေးယူမှုလျော့ရဲခြင်းအပေါ် ဝေဖန်မှုများရှိနေ၊ အဂတိလိုက်စားကာ တရားသဖြင့် မစီရင်သော တရားသူကြီးများကို စီမံခန့်ခွဲရေးနည်းလမ်းဖြင့် အရေးယူခြင်းထက် ပြည်သူ့ရှေ့မှောက်တွင် ဥပဒေအရအပြစ်ပေး အရေးယူခြင်းသည် ဒီမိုကရေစီစနစ်နှင့် ပိုမိုကိုက်ညီမှုရှိမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌပြောကြား
သမ္မတကြီးမိန့်ခွန်း ပြောကြားပြီးသည့်နောက် ပြည်သူလူထုက တရားစီရင်ရေးဆိုင်ရာ တရားသူကြီးများအပေါ်တွင် တိုင်ကြားမှု ၇၇ မှုရှိခဲ့ပြီး တိုင်ကြားမှု၏ ၈၀ ရာခိုင်နှုန်း မှာ မှန်ကန်မှုရှိခဲ့ကြောင်း၊ ထို့ပြင် ရာထူးအဆင့် လျှော့ချခံရသူ နှစ်ဦး၊ အငြိမ်းစားပေးခြင်း ခံရသူတစ်ဦးနှင့် သတိပေးခြင်းခံရသူ ၄၀ဦး အပါအ၀င် ၀န်ထမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခံရသူ တရားသူကြီးပေါင်း ၅၇ ဦး ရှိခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဧပြီလ ၂၄ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ထို့ပြင် ပြည်သူလူထုနယ်ပယ်တွင် တရားမျှတမှုမရှိသော တရားစီရင်မှုများ၊ လာဘ်ပေးလာဘ်ယူမှု များ ပြုလုပ်ကာ တရားစီရင်မှုများအပေါ် တိုင်ကြားမှုများစွာ ရှိနေသော်လည်း ပြစ်မှုဆိုင်ရာ ဥပဒေများအရ ထိရောက်စွာ အရေးယူနိုင်မည့် ဥပဒေများ မရှိသေးခြင်း၊ အရေးယူမှုအပိုင်း ၌ အားနည်နေခြင်းများအပေါ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန်အကြံပြုခဲ့ကြသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကို တင်သွင်းခဲ့သည့် “တရားရေးမဏ္ဍိုင် ဖြောင့်မတ် ကြံ့ခိုင်ရေးအတွက် ၀ိုင်းဝန်းကူညီ ထောက်မပေးရေး အဆို”ကို ထောက်ခံဆွေးနွေးရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွန့်က “ကျွန်တော့်အနေနဲ့ သူရဦးအောင်ကို တင်သွင်းခဲ့တဲ့အဆို ကို ဝေဖန်အကြံပြုချက်များနှင့်တကွ တင်ပြပါမယ်။ ဒီအဆိုကို ဘာကြောင့် ထောက်ခံတင်ပြ ရသလဲဆိုတာ ကျွန်တော်တို့ရဲ့ တရားရေးမဏ္ဍိုင်ဟာ အင်မတန်မှယိမ်းယိုင်နေပြီဆိုတာ ပြည်သူလူထုရဲ့ ပြောဆိုဝေဖန်ချက်တွေက သက်သေခံနေပါတယ်။ ဒီနေ့ပြည်သူကနေ နိုင်ငံခြား သတင်းဌာနတွေကို ပေးပို့တဲ့တင်ပြ စာတွေကို နားထောင်လိုက်ရင် ဒီရက်ပိုင်းလေးမှာပဲ သထုံမြို့နယ် ဥပဒေ၀န်ထမ်း၊ တခြားမြို့နယ်က တရားသူကြီးတွေ ပြည်သူလူထုအပေါ်မှာ ဥပဒေနဲ့အညီ လွတ်လပ်စွာ တရား မစီရင်တဲ့ ဥပဒေလိုင်စင်ရပြီး အလွဲသုံးစားလုပ်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေတယ်ဆို တာ ကျွန်တော်တို့ ငြင်းလို့မရပါဘူး။ နောက်တစ်ခုက ကျွန်တော် တရားရုံးချုပ်နဲ့ပတ်သက်ပြီး မေးထားတဲ့ မေးခွန်းရှိပါတယ်။ ကျွန်တော့်မေးခွန်းက ကြယ်ပွင့်ပြပါ။ ဒါပေမယ့် ကျွန်တော့်ဆီကို ပြန်လာတော့ ကြယ်ပွင့်ပြ မေးခွန်းဆိုပေမယ့် ထိပ်တန်းလျှို့ဝှက်လို့ ပါလာပါတယ်။ အဲဒါကြောင့် ပြည်ထောင်စု တရားရုံးချုပ်ရဲ့ ပြန်ကြားချက်ကို ထိပ်တန်း လျှို့ဝှက်လို့ ပါတဲ့အတွက် လွှတ်တော်တွင်းမှာ ကျွန်တော် ကိုးကားခွင့် ရှိ၊ မရှိ လွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့် ပြည်ထောင်စု တရားရုံးချုပ် သက်ဆိုင် သူများကို မေးမြန်းပါရစေ။ ဥက္ကဋ္ဌ ကြီးမှတစ်ဆင့် ဖြေကြားပေးပါလို့ တင်ပြပါတယ်။ (ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးက ဆက်လက်ဆွေးနွေးရန် ပြောကြားသည်)။ ဥက္ကဋ္ဌကြီး ခင်ဗျာ ကျွန်တော့်ဆီ ပြန်ကြားစာအရ သမ္မတကြီးမိန့်ခွန်းပြောပြီးတော့ ၃၃ /၂၀၁၁မှာ ပြည်သူလူထုက တရားစီရင်ရေးအပေါ်မှာ တိုင်ကြားခဲ့တာ ၇၇ မှုရှိပါတယ်။ အဲဒီ ၇၇ မှုနဲ့ ပတ်သက်ပြီးတော့ အရေးယူမှုကတော့ ၁၀ ယောက်ကို ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း၊ နှစ်ဦးကို ရာထူးအဆင့် လျှော့ချခြင်း ရှိပါတယ်။ အငြိမ်းစားပေးခြင်း ခံရသူတစ်ဦး ရှိပါတယ်။ သတိပေးခြင်းခံရသူ ၄၀ ဦး ရှိပါတယ်။ စုစုပေါင်းဝန်ထမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခံရတဲ့ တရားသူကြီး ၅၇ ဦးရှိကြောင်း တွေ့ရပါတယ်။ ခြုံပြောရရင် ပြည်သူလူထုရဲ့ တိုင်ကြားချက်ဟာ ၈၀ ရာခိုင်နှုန်းနီးပါး မှန်ကန်တယ်ဆိုတာ ပြည်ထောင်စုတရားရုံးချုပ်ရဲ့ ပြန်စာအရ ဖော်ပြနေပါ တယ်။ ပြည်သူလူထု နယ်ပယ်မှာတင် မကပါဘူး။ မကြာခင်က လန်ဒန်ကနေ ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းကောက်ယူရေး အဖွဲ့ရဲ့ အစီရင်ခံစာမှာ တရားဥပဒေစိုးမိုးမှု အနည်းဆုံး ၁၀ နိုင်ငံ စာရင်းမှာ ကျွန်တော်တို့ နိုင်ငံ ပါဝင် နေပါတယ်။ ကျွန်တော်တို့ရဲ့ အမျိုးသားရေး ဂုဏ်သိက္ခာကို ထိပါးရုံတင်မကဘဲ ယခုနိုင်ငံရေး အခြေအနေသစ် အရ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်း ခြင်း၊ ဆိုင်းငံ့ခြင်းကာလမှာ ကျွန်တော်တို့နိုင်ငံမှာ လာရောက်မယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအတွက်လည်း မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု အဆိုးဆုံးစာရင်းမှာ ပါဝင်နေတာကို မလိုလားအပ်ဆုံး အခြေအနေနဲ့ အရေးတကြီး ပြုပြင်ရပါတော့မယ်”ဟု ပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက “ဆွေးနွေးသွားခဲ့တာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်လည်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ ဆွေးနွေးချင်ပါတယ်။ တရားရေးကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတစ်ဝန်း စိတ်ဝင်စားနေသလို ပြင်ပနိုင်ငံ များကလည်း စိတ်ဝင်စားနေတဲ့ကိစ္စ ဖြစ်တဲ့အတွက် တကယ်လို့သာ ဖွင့်ပေးမယ်ဆိုရင် အချိန်ပိုပေးမယ်ဆိုရင် ဒီထက်မက ဆွေးနွေးမယ့်သူများ လည်း ပေါ်လာမှာဖြစ်ပါတယ်။ ဒီ နေရာမှာ ဦးသိန်းညွန့်က ဥက္ကဋ္ဌကို မေးခွန်းမေးပါတယ်။ ကြယ်ပွင့်ပြ မေးခွန်းကို ပြန်ဖြေတဲ့အခါမှာ စာ နဲ့ဖြေတယ်။ ထိပ်တန်းလျှို့ဝှက် ဖြစ်နေတယ်။ ဒါကြောင့်မို့ ဥက္ကဋ္ဌကြီး ဒါကိုဖြေကြားပေးပါ။ ရှင်းလင်းပေးပါလို့ ပြောတဲ့အခါမှာ ကျွန်တော်က ဆွေးနွေးပါလို့ပဲ ပြောလိုက်ပါတယ်။ ဦးသိန်းညွန့် ဆွေးနွေးတဲ့နေရာမှာ ထိပ်တန်းလျှို့ဝှက်လို့ ဖော်ပြရတဲ့အကြောင်းကို ကျွန်တော် သဘော ပေါက်ပါတယ်။ တရားသူကြီးများ၊ တရားရေး အဖွဲ့အစည်းများက တာဝန်ရှိသူများကို တရားရုံးချုပ်အနေနဲ့ အရေးယူခဲ့တာ အမှုပေါင်း ဘယ်လောက်၊ လူပေါင်း ဘယ်လောက်၊ ပုဂ္ဂိုလ်ပေါင်း ဘယ်လောက် ဒီလိုဖော် ပြထားတာတွေ့ရမယ်။ ဒါကို ကျွန်တော့်အထင် ပြောမယ်ဆိုရင် ပြည်သူကို ထုတ်ပြန်ကြေညာပေးမယ် (သို့မဟုတ်) လွှတ်တော်ကို အသိပေးမယ်ဆိုရင် တရားသူကြီးများအနေနဲ့ ခုနကဲ့သို့ အမှုကိစ္စများမှာ ပါဝင် ပတ်သက်နေတာတွေ ရှိနေတယ်။ ဒါကြောင့်မို့ ဒီလိုထုတ်ပြန်လိုက်တယ် ဆိုရင် တရားရုံးချုပ် တရားသူကြီးနဲ့ တခြားတရားသူကြီးများမှာ သိက္ခာတွေ ကျသွားနိုင်တယ်ဆိုတဲ့ အနေအထားအရ ထိပ်တန်းလျှို့ဝှက်ဆိုတာ ဌာန အတွင်းမှာ (သို့မဟုတ်) သူ့ပတ်ဝန်း ကျင်အတွက်ပဲ ဒီလိုဖြစ်မယ်လို့ ကျွန်တော်ယူဆပါတယ်။ တကယ်တန်း ကျတော့ ကျွန်တော့်အမြင်ပြောရရင်  ဒီကိစ္စမျိုးမှာ တရားရုံးချုပ်အနေနဲ့ ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်း ပြော ဖို့လိုပါတယ်။ ဘယ်တရားသူကြီး၊ ဘယ်နေရာမှာ၊ ဘာကိစ္စအတွက် တရားသဖြင့် မစီရင်လို့ (သို့မဟုတ်) အဂတိလိုက်စားလို့ ဒီလိုဆောင်ရွက် တာ။ ဒါကြောင့်မို့ ဒီလိုအရေးယူ လိုက်တယ်ဆိုလို့ရှိရင် တရားရုံးချုပ် အပေါ်မှာ ပြည်သူတွေအမြင်ပိုပြီးတော့ ကောင်းနိုင်တဲ့ အနေအထား ရှိပါတယ်။ ဒါကြောင့် ဦးသိန်းညွန့် ဆက်ဆွေးနွေးပါလို့ ပြောခြင်းဖြစ်ပါတယ်။ အဲဒီမှာမှ အခုလိုတရားရုံးချုပ်က စီမံလိုက်တာက စီမံခန့်ခွဲရေး နည်းလမ်းအားဖြင့် အပြစ်ပေးတယ်လို့ အကြမ်းဖျင်း သဘောပေါက်ပါတယ်။ တကယ်ဖြစ်သင့်တာက ဒီလိုကိစ္စမျိုး ပေါ်ပေါက်လာရင် ဥပဒေအရ အရေးယူ အပြစ်ပေးခြင်းဟာ ပိုပြီးတော့ နှစ်ဖက်မျှတလို့ ပြည်သူ့ရှေ့မှောက်မှာ တရားစီရင်လိုက်တယ် ဆိုလို့ရှိရင် ပြည်သူလည်းသိ၊ သက်ဆိုင်ရာ တရားသူကြီးများလည်း သိ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများလည်း သိ သွားမှာဖြစ်တဲ့အတွက် ပိုကောင်းမွန် တဲ့ကိစ္စဖြစ်ပါတယ်။ ဒါကတစ်ချက်ပါ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ရှေ့ဆက်သွားမယ့်ခရီးမှာ စီမံခန့် ခွဲရေးနည်းလမ်းဖြင့် အရေးယူခြင်းထက် ဥပဒေအရ အပြစ်ပေး အရေးယူခြင်းဟာ ဒီနေ့သွားတဲ့စနစ်နဲ့ပိုပြီး ကိုက်ညီမှုရှိကြောင်း ကျွန်တော့်အနေနဲ့ ထင်မြင်သုံးသပ်ပါတယ်”ဟု ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်နန်းဝါနုက “ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၇၇ မှာ တရားသူကြီး များရဲ့တရားစီရင်ရေးဆိုင်ရာ ဆောင် ရွက်ချက်များကို အရေးယူမှု မပြုနိုင်ရန် ကင်းလွတ်ခွင့် ပြုထားပါတယ်။ အဲဒီကင်းလွတ်ခွင့်ကို ပယ်ဖျက်သင့်ပါတယ်။ ဒါမှသာ သဘောရိုးလို့ တွင်ကျယ်စွာသုံးပြီး မရိုးမဖြောင့် ပြုလုပ်ခြင်းများ ပပျောက်ကာ တရားစီရင်ရေး ကဏ္ဍကို တည့်မတ်နိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

 ဝေယံဖြိုးဦး (Eleven Media Group)

မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

ဓါတ်ပုံ (Google Images)
မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယခုည(ဧပြီလ ၂၈ ရက်နေ့) ၉ နာရီ ၄၀ မိနစ်ခန့်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူတစ်ဦး သေဆုံးခဲ့ကြောင်းEleven Media Group အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါသည်။

ဖောက်ခွဲသူမှာ ခန့်မှန်ခြေ အသက် ၂၀ ၀န်းကျင်အရွယ်ဖြစ်ပြီး ရှေ့မှသွားသော ရဲကားအား နောက်မှ ဆိုင်ကယ်နှင့်လိုက်၍ ဗုံးဖောက်ခွဲမှုပြုလုပ်ရာမှ အဆိုပါဗုံးမှာ လူငယ်၏ ပါးစပ်ထဲတွင်ပင် ပေါက်ကွဲသွားပြီး ထိုသူသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဖောက်ခွဲသူတွင် M20 ပစ်စတို တစ်လက်ပါလာပြီး ကျည်ထိုးပြီးသားဖြစ်နေကြောင်းနှင့် အခြား ကျည်ဆံ ၆ တောင့်ကိုလည်း ၎င်းအနီးတွင်တွေ့ရှိရကြောင်း ဗုံးဖောက်ခွဲသူစီးနင်းလာသည့် ဆိုင်ကယ်မှာ CZL 125 GLN ဖြစ်ပြီး မူဆယ် ပြည်တောင်စုလမ်းမကြီးပေါ်ရှိ  ဆင်ရတနာဟိုတယ်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း ဖောက်ခွဲခဲ့သူမှာ သေဆုံးသွားခဲ့ပြီး မျက်နှာတစ်ခုလုံး ပျက်စီးသွားသောကြောင့် မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်းနှင့် ယခုတစ်ကြိမ်ဆိုလျှင် ဧပြီလအတွင်း ဒုတိယအကြိမ်မြောက် ဗုံးပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပြီး ပထမတစ်ကြိမ်က မူဆယ် ၁၀၅ မိုင် ယာဉ်စစ်ဆေးရေးဂိတ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Eleven Media Group သတင်းအရ သိရှိရသည်။

ကျောက်တံတားမြို့နယ်၊ ၃၉ လမ်း(အထက်)တွင် လူသေမှုတစ်ခုဖြစ်ပွား

လမ်းပေါ်တွင် သေဆုံးနေသူ ဦးကျော်ကျော်
လမ်းပေါ်တွင် သေဆုံးနေသူ ဦးကျော်ကျော်
ရန်ကုန်တိုင်းဒေသ ကြီး၊ ကျောက်တံတားမြို့နယ်၊ ၃၉ လမ်း(အထက်) တွင် ဧပြီ ၂၈ နေ့လယ် ၁ နာရီ ၅ဝ ဝန်းကျင်ခန့်က လူ တစ်ဦးလဲကျသေဆုံးနေ ကြောင်း သတင်းရရှိသည်။
ကျောက်တံတား ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ကျော်မိုးနှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး၊ သေမှုသေခင်း အခြေအနေကို ဓာတ်ပုံ ရိုက်မှတ်တမ်းတင်ခြင်းနှင့် ရဲလုပ်ငန်းဆိုင်ရာများကို ဆောင်ရွက်ပြီး မွန်းလွဲ ၂ နာရီ ၅ဝ မိနစ်တွင် အလောင်းအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်လိုက်သည်။
မျက်မြင် သက်သေတစ်ဦး၏​  ပြောကြားချက်အရ​  သေဆုံးသူမှာ မနက် ၇ နာရီ ခွဲခန့်က ၃၉ လမ်း(အပေါ်) တွင်လဲကျနေပြီး ကားအသွားအလာခက်ခဲမှုကြောင့် အနီးရှိအိမ်တစ်အိမ်ရှေ့သို့ အနီးနားမှ ဈေးသည်များ၏ အကူအညီဖြင့် ရွှေ့ပြောင်းခဲ့ရ ကြောင်း၊ မနက် ၁၁ နာရီ ခန့်တွင် ၎င်းမှာမျက်ဖြူလန်ပြီး သေဆုံးသွားကြောင်း၊ ထို့နောက် ကျောက်တံတားမြို့နယ်၊ ၈ ရပ်ကွက်၊ဥက္ကဋ္ဌ ဦးမောင်မောင်လှထံသို့ ဖုန်းဖြင့်​ ဆက်သွယ် အကြောင်းကြားရာ ၁ နာရီ ၅ဝ လောက်မှာ​  ရောက်လာတာ​  တွေ့ရကြောင်း MIJ သို့​ ပြောကြားသည်။
သေဆုံးသူ၏ အခြေအနေနှင့်သူ့မိသားစုအကြောင်း ကို MIJ မှ စုံစမ်းရာ သေဆုံးသူ အမည်မှာ ဦးကျော်ကြီး (ခ) ဦးကျော်ကျော် (၃၈)နှစ်ဖြစ်သည်။ ၃၈ လမ်းနှင့် မဟာဗန္ဓုလလမ်းထိပ် တွင် ရေခဲရေရောင်း၍ အသက်မွေး ဝမ်းကြောင်းနေသူ တစ်ယောက်​ ဖြစ်ကြောင်းသိရသည်။ သေဆုံးသူ ဦးကျော်ကြီးနှင့် ရင်းနှီးသူ ဘဝတူဈေး သည်တစ်ဦးက ၎င်းင်း၏မိတ် ဆွေနှင့်ပတ်သက်၍ပြောကြား ရာတွင် “ကိုကျော်ကြီးဘဝ က အရမ်းသနားဖို့ကောင်းပါတယ်။ ဒီမနက်စောစောကတောင် သူနဲ့တွေ့သေးတယ်။ အကောင်းကြီးပါဗျာ။ ဒါပေမဲ့ သူတော်တော်လေး မူးနေပြီ။သူ့ဇနီးနဲ့ကွဲနေတာ ၇ နှစ် ၈ နှစ်လောက်ရှိပြီ။ ကလေး တစ်ယောက်ရှိတယ်။ သူ့ဇနီး မချိုချိုက အဲဒီကလေးနဲ့ ဒလ မှာနေတယ်။ အရင်ကတော့ အမဲအူသုပ်ရောင်းတယ်။  ကိုကျော်ကြီးက သာကေတ မာန်ပြေရပ်ကွက်မှာ အရင်က သူ့အမေအိုကြီးနဲ့နေတယ်။ နောက်စားရေးခက်ခဲလာတော့ သူ့အမေအိုကြီးကို ဘိုးဘွား ရိပ်သာကို ပို့လိုက်ရတယ်။ အဲဒီနောက်ပိုင်းတော့ အရက် ကို အဖော်လုပ်ပြီး ရေခဲရေ ရောင်းလိုက်၊ ရတာသောက် လိုက်ပေါ့။ အခုတော့ သူ့ဘဝ ကို အရက်ကပဲ ဇာတ်သိမ်း လိုက်ပြီပေါ့ဗျာ”ဟု ဘဝတူ သူငယ်ချင်း၏ ကြေကွဲဇာတ် သိမ်းကို ပြောပြပါသည်။
မနက် ၁၁ နာရီခန့်က တည်းက သေဆုံးသူ၏ အလောင်းအား ပုဆိုးဟောင်း တစ်ထည်ဖြင့် ဖုံးအုပ်၍ထားရပြီး၊နေ့လယ် ၂နာရီဝန်းကျင်အထိ ရွှေ့ပြောင်းနိုင်ခြင်းမရှိခဲ့ပေ။ အလောင်းအား ကားငှား၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့မည်ဆိုလျှင် ကားခ မှာ ကျပ် ၃ဝဝဝဝိ/-ဖြစ်၍ ငွေကြေးစိုတ်ထုတ်ပေးမည့် သူမှာပေါ်ထွက်မလာခဲ့ပါ။ ယင်းအခက်အခဲနှင့်ပတ်သက်၍ ကျောက်တံတားရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားရာတွင်“ခက်တယ်ဗျာ၊ လူတစ်ယောက်သေပြီဆိုရင် ဒီငွေဘယ်သူစိုက်ပေးမလဲဆိုတဲ့ ပြဿနာပဲ။ ကျွန်တော်တို့ရဲတွေကလည်း လခက သောင်းဂဏန်းပဲ။ ဒီလခနဲ့ ကားခ ၃ဝဝဝဝိ/-ကျပ်ဆိုတာကို ဘယ်လိုစိုက်နိုင်မှာလဲ စိုက်ပြီထားဦး။ ဘယ်ပုဂ္ဂိုလ်တွေကမှ ပြန်ပေးတာမရှိဘူး။ ဒါထုံးစံပဲ။ အမှုတစ်ခုဖြစ်ပြီ ဆိုရင် ကားခ၊တည်းခိုစရိတ်၊ စားစရိတ်၊ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ။ ဒါကိုပြည်သူတွေက မသိတော့ စည်ပင်သာယာ ပဲဖြစ်ဖြစ်၊ မော်တော်ပီကယ်ပဲ ဖြစ်ဖြစ်၊ ဘာလုပ်လုပ် ကျွန်တော်တို့ ရဲတွေ လုပ်တာပဲ မြင်နေကြတယ်။ အခုလည်း ဒီအလောင်းကို ဒီအတိုင်းကြီး အကြာကြီးထားရတာကျွန်တော်တို့အတွက်လည်း မကောင်းသလို ပတ်ဝန်းကျင်အတွက်လည်း မကောင်းဘူးပေါ့။ ကဲ ဘယ်လိုလုပ်မလဲဗျာ။ ကားခ ၃ဝဝဝဝိ/-ကျပ် စိုက်ပေးမယ့်သူပဲ မျှော်ရတော့မှာပေါ့” ဟု ရဲလုပ်ငန်းတွင် ငွေကြေး အခက်အခဲကြောင့် အမှုအခင်းကို ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာရကြောင်းနှင့် ပြည်သူများ ရဲတပ်ဖွဲ့ဝင်များအပေါ် အမြင်တစ်မျိုး ရှိနေကြောင်းကို MIJ သို့ ပြောကြားသည်။
နေ့လယ် ၃ နာရီခန့်တွင် သေဆုံးသူ ဦးကျော်ကြီး(ခ) ဦးကျော်ကျော်၏ ယောက်ဖဖြစ်သူကိုသက် ဆိုသူ ရောက်ရှိလာပြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ လူနာတင်ကားကို ငွေကျပ် ၃ သောင်းဖြင့် ဈေးဆစ်၍ ဆေးရုံကြီးသို့ ပို့ဆောင်ရာ ကျောက်တံတား ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တချို့နှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတချို့ လိုက်ပါကြောင်း တွေ့ရသည်။
 မြန်မာအင်ဒီပဲန်ဒင့်

ရှားခင်းအင်းရဲကြီးအတွင်း ဒေသခံတွေ ငါးဖမ်းခွင့်မရ

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် ရှားခင်းအင်းရဲကြီးအတွင်း ငါးဖမ်းခွင့်ရဖို့ ဒေသခံပြည်သူ (၃၀၀) နီးပါး အင်းနေဘေးမှာ ဧပြီလ (၂၈) ရက်နေ့ မနက်ပိုင်းက စုရုံး ဆွေးနွေးခဲ့တယ်လို့ သိရှိရပါတယ်။

ဆွေးနွေးပွဲမှာ ကျုံပျော်မြို့နယ် ရှားခင်းကျေးရွာအုပ်စုမှာ ရှိတဲ့ ရှားခင်းအင်းရဲကြီး အတွင်း ငါးဖမ်းခွင့်မရလို့ မကျေမနပ် ဖြစ်နေတဲ့ အခြေအနေတွေကို ဒေသခံတွေက လူ့အခွင့်အရေး ကာကွယ်မြှင့် တင်သူများကွန်ယက် (HRDP) ကို တင်ပြပြီး လူအခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက်က လူ့အခွင့်အရေးနဲ့ ဥပဒေကြောင်းအရ ဆွေးနွေးအကြံပြုခဲ့ တာလို့ သိရပါတယ်။

ဒေသခံ အင်းလုပ်သားတဦးက အခုလို ပြောပါတယ်။

"လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ အဖွဲ့နဲ့ ဒေသခံပြည်သူတွေက ဒီရှားခင်းအင်းထဲမှာ ဒေသခံပြည်သူတွေက ငါးရှာဖွေ စားသောက်လို့ မရဘူး လေလံစွဲထားတဲ့ အင်းသူကြီးတွေ အာဏာပိုင်တွေကနေ
ဒေသခံပြည်သူတွေကို နည်းမျိုးစုံနဲ့ နှိပ်စက်တယ်၊ အရေးယူတယ်၊ ပိုက်တွေကို သိမ်းတယ်။ အဲလို အရေးယူမှုတွေကို တင်ပြတယ်။ ဒီအင်းကြီးကို မှီခို စားသောက်နေတဲ့ ပြည်သူတွေ
ဖြစ်တဲ့ အတွက်ကြောင့် ဒီအင်းကြီးကို ဒေသခံပြည်သူတွေက လွတ်လွတ်လပ်လပ် ငါးရှာဖွေ စားသောက်ချင်တယ် တောင်းဆိုတဲ့ သဘောပါဘဲ။"

ရှားခင်းကြီးအင်းကို လေလံရတဲ့ အင်းသူကြီးတွေက အင်းအတွင်း ငါးရှာတဲ့ ဒေသခံတွေကို ပစ်သတ်တာ ဖမ်းဆီးထောင်ချတာတွေလည်း ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဆွေးနွေးပွဲကို ရှားခင်းကျေးရွာအုပ်ချုပ်ရေးမှူးက နှုတ်မိန့်နဲ့ မပြုလုပ်ဖို့ တားမြစ်ခဲ့တဲ့ အခြေအနေကို လူအခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက်အဖွဲ့က ဦးမြင့်နိုင်က အခုလိုပြောပါတယ်။

"ရှားခင်းအင်း ပြဿနာတွေ ကိစ္စတွေ အင်းလိုင်စဉ် အင်းစဉ်းမျဉ်းစည်းကမ်းနဲ့ မညီဘဲနဲ့ ဆောင်ရွက်လာတဲ့အခါမှာ ဒီအင်းသူ အင်းသားတွေက နေပြီးတော့ အဲဒီအကြောင်းအရာတွေ ပေါ်မှာ သူတို့က မကြေနပ်ဘူး။ ဥပဒေနဲ့အညီ ဆောင်ရွက်ကြမယ့် အနေအထားမျိုးတွေ ရှိတယ်။ ရှိတဲ့အခါ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းဝေး ကနေပြီးတော့ အဲလို လုပ်ငန်းစဉ်ဖြစ်လာ မှာကို စိုးရိမ်တဲ့အတွက် တားမြစ်ထားတဲ့ ပုံစံမျိုးပေါ့ဗျာ။"

ဆွေးနွေးပွဲကနေ ဒေသခံ အင်းသူအင်းသားတွေက ယခုလုပ်ဆဲ အင်းဂရမ်ပိုင်များသည် အင်းဂရမ်းစည်းကမ်းနှင့် မညီသောကြောင့်
ဒေသပြည်သူများ၏ ရှားခင်းအင်းကြီးမှ ထွက်ခွာပေးပါရန်၊
ဒေသခံပြည်သူများအားလုံး ရှားခင်းအင်းကြီးတွင် တနပ်တအိုးစာငါးရှာ ခွင့်ပြုရန်၊ ဒေသခံတွေ ရှာဖွေစားသောက်နိုင်ဖို့ အင်းဂရမ် ချထားပေးရန် အပါအ၀င် အချက် လေးချက် တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။

RFA - Burmese

မန္တလေး - မြစ်ကြီးနား ရထား လူအသေအပျောက် ရှိ

မန္တလေး - မြစ်ကြီးနား ရထား (Photo-Google Images)
မန္တလေး - မြစ်ကြီးနား ပြေးဆွဲနေသော လူစီးအိပ်စင် ရထားတစ်စင်း ယမန်နေ့ (ဧပြီ ၂၈) ည ရှစ်နာရီခန့်က ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ် မှော်ဟန် - နန့်စီးအောင်တွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ လူစီးတွဲ ရှစ်တွဲ တိမ်းမှောက်ခဲ့ပြီး လူအသေအပျောက် ရှိကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
The Voice Weekly

မြေမြှုပ်မိုင်းရှင်းပေးရန် ဒေသခံများက KNPP အားပြောဆို

ဧပြီ ၂၈ ရက်။ ၂၀၁၂ ခုနှစ် -မော်ကယားမြာ (YPI)

ယခုရက်ပိုင်းအတွင်း KNPP နှင့် ကရင်နီ (ကယား) ပြည်နယ် လူထုတွေ့ဆုံပွဲများ ပြုလုပ်လျှက်ရှိရာ  ပြည်နယ်အတွင်းရှိ မြေမြုပ်မိုင်းများ ပြန်လည်ဖော်ထုတ်ရှင်းလင်း ပေးပါရန် KNPP အား ဒေသခံပြည်သူလုထုများက ပြောဆို လိုက်ကြသည်။

“မြေမြုပ်မိုင်းတွေ တော်တော်များများရှိပါတယ်။ အဲဒါတွေအားလုံးကို ပြန်ဖော်ထုတ်ပေးပါ။ နိုင်ငံတော်အစိုးရဖြစ်စေ၊ ကေအာန်ပီပီရဲ့ နေရာဂွင်ပဲဖြစ်စေ   မြေမြုပ်မိုင်းနဲ့ပတ်သက်တဲ့ နေရာအားလုံးကို မြေမြုပ်မိုင်းတွေ ပြည်သူလူထုအတွက် ရှင်းလင်းပေးပါ” ဟု ထီးသဲကလိုး ကျေးရွာမှ လူထုကိုယ်စားဆွေးနွေးသူ ဆရာ ခူးငါးရယ်က ဧပြီ ၂၂ ရက်နေ့က ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ပြောဆိုသည်။

ဆရာခူးငါးရယ်က “နေရတော်တော်များများမှာ ကျနော်တို့ ပြည်သူလူထုမှာ စိုးရိမ်နေကြရပါတယ်။ ခံနေကြရပါတယ်။ ကြောက်နေကြရပါတယ်။ စိတ်ထိခိုက်ရတယ်။ စိတ်ဒဏ်ရာရစေခဲ့ကြရတယ်။ ကျနော်တို့ကပဲ အနစ်နာဆုံးဖြစ်နေကြရပါတယ်” ဟုဆက်လက် ပြောဆိုသွားသည်။

ကယားပြည်နယ် ထီးသဲကလိုးတွင် ဒေသခံ လူထုနှင့် တွေ့ဆုံပွဲမှ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ဗဟိုကော်မတီဝင် ခူးဒယ်နီယာ

မြေမြုပ်မိုင်းကြောင့် ဒေသခံလူထုများ အများဆုံးထိခိုက် နစ်နာခဲ့ကြရသည့်အပြင်  ကျွဲ၊ နွား၊ တိရိစ္ဆာန်များက မိုင်းနင်းမိပါက လျော်ကြေးအဖြစ်ငွေကြေး ပေးဆောင်နေကြရသည်။

ပြီးခဲ့သည့်မတ်လပိုင်းတွင်လည်း မြေမြုပ်မိုင်းကြောင့် ဒီးမော့ဆိုမြို့နယ် ဒေါမြလေး၊ ၆ မိုင် အနီးရှိ ဂျေလားပါလို ကျေးရွာမှ ကလေးငယ် နှစ်ဦးသည် လျှပ်စစ်တာဝါတိုင်အောက်မှ မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ကြရပြီး နှစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။

 ၎င်းကိစ္စရပ်နှင့်ပတ်သက်၍ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ခေါင်းဆောင်ကိုယ်စားလှယ်များက ပြည်နယ်အဆင့်တွင် ပဏာမ ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးသွားရန် မှတ်သားသွားမည်ဖြစ်ကြောင်း အတွင်းရေးမှူး(၂)ဦးအောင်ဆန်းမြင့်ကအခန်းအနားတွင် ပြောကြားသွားသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် နှစ်အရှည်ဆုံး ပြည်တွင်းစစ်ဖြစ်ပွားလျှက်ရှိသည့် နိုင်ငံတနိုင်ငံဖြစ်၍ အစိုးရ စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ နှစ်ဘက်စလုံးက မြေမြှုပ်မိုင်းကို သုံးစွဲလျှက်ရှိသည့် နိုင်ငံတနိုင်ငံဖြစ်သည်။ မြေမြှုပ်မိုင်း မသုံးစွဲရေး နိုင်ငံတကာ စာချုပ်ကို လက်မှတ်ထိုးမထားသည့် နိုင်ငံလည်းဖြစ်သည်။

မြန်မာနိုင်ငံ အစိုးရက မြေမြှုပ်မိုင်းကို မိမိကိုယ်ကာကွယ်ရေး အတွက်သုံးစွဲသည်ဟု ပြောဆိုလေ့ရှိကာ အရပ်သားများ ထိခိုက်မှုမရှိအောင် ထည့်သွင်းစဉ်းစားသည်ဟု နိုင်ငံတကာ အဖွဲ့အစည်းများအား ပြောဆိုကြောင်း သတင်းဖေါ်ပြချက်များ အရသိရှိရသည်။         ။
 Yangon Press International

မြို့နယ်စည်ပင်မှကျေးရွာအတွက်စက်ရေတွင်းတူးဖော်ပေး ခဲ့သော်လည်း ကျေးရွာနေပြည်သူများ ရေအခက်ကြုံ နေရ

 တစ်နိုင်ငံလုံး အတိုင်းအတာနှင့် အပူရှိန်လွန်ကဲသောယခုနှစ်နွေရာသီတွင် 
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် စစ်ပင်ကွင်းကျေးရွာအတွင်း၌ သုံးစွဲနေသည့် ရေကန်ကြီးငယ်များ ခြောက်ခန်းစပြုနေ ပြီဖစ်ကြောင်း သိရပါသည်။

မြို့နယ်စည်ပင်သာယာမှ ကျေးရွာနေပြည်သူများ ရေအခက်မတွေ့စေရန် 
အလို့ငှာ စက်ရေတွင်း တစ်တွင်း,compressor နှင့် တစ်လုံးထိုး ဒီဇယ်အင်ဂျင် 
တစ်လုံး တို့ကိုပါ တည်ဆောက်ပေးခဲ့ပါသည်။

သို့ရာတွင် ကျေးရွာအုပ်ချုပ်ရေးမှုးက ပျက်စီးမည်ကိုအကြောင်းပြ၍ 
အသုံးမပြုစေဘဲ မိုးတွင်းကတည်းက မိမိကိုယ်ကျိုးအလို့ငှာ ၄င်း၏အိမ်တွင် 
၎င်းတစ်လုံးထိုးဒီဇယ်အင်ဂျင်ကို ပြောင်းရွှေ့သုံးစွဲနေကြောင်း နှင့်စစ်ပင်ကွင်း
 ကျေးရွာနေပြည်သူများ ရေတွင်းရှိပါလျက် ရေပြတ်လပ်လျက် ရှိကြောင်းရွာခံ
များမှတစ်ဆင့် သိရှိရပါသည်။
Myanmar News Now

ကသာမြို့ ယူစင်ရွှေဆိုင်မီးလောင်မှုမှာ ပါဝင်ကူညီသူများ အမှုဖွင့်အရေးယူခံနေရ

ယူစင်ရွှေဆိုင်မီးလောင်စဉ်
“ကသာမြို့ရှိ ယူစင်ရွှေဆိုင်မီးလောင်စဉ် ၀င်ရောက်ကူညီခဲ့သူ မြန်မာပန်းတိမ်ဆရာ(၅)ဦးကို
ရွှေဆိုင်ပိုင်ရှင်မှ ရွှေ၆၇ကျပ်သားနှင့် ငွေသား ၈၈သိန်းပျောက်မှုတို့ဖြင့် အမှုဖွင့်အရေးယူ”
၇.၃.၂၀၁၂ရက်နေ့က ကသာမြို့ မြို့မဈေးကြီးအပါအ၀င် လူနေအိမ်(၁၂)လုံးမီးလောင်
ဆုံးရှုံးခဲ့ရာ ရွှေဆိုင်ဖွင့်လှစ်ထားသော အိမ်ဆိုင်(၃)လုံးလည်း မီးလောင်ကျွမ်းသွား
 ခဲ့ပါသည်။

ထိုသို့မီးလောင်ကျွမ်းခဲ့သော ရွှေဆိုင်(၃)ဆိုင်တို့အနက် မြန်မာအမျိုးသားပိုင် “ကိုသက်ဦး”ရွှေပန်းတိမ်ဆိုင် နှင့်တရုတ်လူမျိုးပိုင်“ယူစင်”ရွှေဆိုင်တို့လည်းပါဝင်ပြီး ထို(၂)ဆိုင်စလုံးသည်လည်း အပေါင်ဆိုင်လုပ်ငန်းကို လုပ်ကိုင်ကြပါသည်။ 
မီးလောင်ပြီးသည့်နောက်တွင် ကိုသက်ဦးရွှေပန်းတိမ်ဆိုင်သည် ရွှေပေါင်ခဲ့သူများ၏ 
အပေါင်ရွှေများ မီးလောင်ခဲ့ခြင်းမရှိခဲ့ကြောင်းနှင့် အချိန်မရွေး လာရောက်ရွေးယူနိုင် 
ကြောင်းကို ကြေငြာခဲ့ပါသည်။ 
ယူစင်ရွှေဆိုင်ကမူ အပေါင်ရွှေများ မီးလောင်ပျက်ဆီး ဆုံးရှုံးမှုများရှိခဲ့သည်ဟုဆိုခါ အပေါင်လက်မှတ် ပြသနိုင်သူများအား ကာလပေါက်ဈေးဖြင့် ငွေပြန်အမ်းပေး
ခဲ့ပါသည်။

ငွေပြန်အမ်းပေးခြင်းခံခဲ့ရသူများထဲမှ အချို့သည် ဘိုးဘွားဘီဘင်လက်ထက်မှ ထိန်းသိမ်းခဲ့သောလက်ဝတ်ရတနာများဖြစ်နေခြင်း ၊အလျော့တွက် လက်ခ
ဆုံးရှုံးရခြင်း၊အပြတ်မရောင်းလို၍ ခေတ္တပေါင်နှံထားရာမှ အပြတ်ရောင်းချလိုက်
ရခြင်းတို့ကြောင့် စိတ်လက်မကြည်မလင်ဖြစ်ခဲ့ကြရပါသည်။ 
သို့သော် ရွှေပေါင်လက်မှတ်၌ ရန်သူမျိုး(၅)ပါးနှင့်ပါတ်သက်၍တာဝန်မယူ
ကြောင်းအတိအလင်း ထည့်သွင်းသဘောတူထားရာ ရသမျှတော်သေးရဲ့ဟုသာ 
မှတ်ယူ ရောင်းချခဲ့ကြရပါသည်။

ထိုကဲ့သို့ ယူစင်ရွှေဆိုင်မှ အပေါင်ရွှေများ ပျက်ဆီးဆုံးရှုံးရခြင်း အတွက်
 ငွေများကာလပေါက်ဈေးဖြင့် တွက်ချက်ပြန်အမ်းပေးခြင်းအပေါ် ရွှေပေါင်သူများ၏
အသံနှင့်ယူစင် ရွှေဆိုင်ပိုင်ရှင်၏ ပြောဆိုချက်များကို လျှပ်တပြက်ဂျာနယ် အတွဲ(၃)အမှတ်(၈၄)တွင် ဆောင်းပါးရှင် ဆရာမယဉ်ယဉ်သိန်း(နဘား)မှ
ရေးသားခဲ့ပါသည်။ 
ထိုသတင်းပါရှိပြီး ၆ရက်အကြာ၂၇.၄.၂၀၁၂ရက်နေ့ နေ့လည် ၁၁နာရီ၃၀မိနစ်တွင် ယူစင်ရွှေဆိုင်ပိုင်ရှင်ကိုကျုံဖိန်မှ ကသာမြို့ရဲစခန်းသို့အမှုတစ်မှု လာရောက်ဖွင့်
 လှစ်တိုင်ကြားခဲ့ပါသည်၊အမှုဖွင့်တိုင်ကြားချက်များမှာ ရ.၃.၂၀၁၂ရက်နေ့က ကသာမြို့ရှိ ၄င်း၏ရွှေဆိုင်မီးလောင်ကျွမ်းခဲ့ရာတွင်ရွှေဆိုင်ကောင်တာအံဆွဲတွင်ထည့်ထားသော တစ်ထောင်ကျပ်တန် ငွေစက္ကူ (၈၈)သိန်းနှင့် ၆၇ကျပ်သားအလေးချိန်ရှိရွှေထည်မျာ
(တန်ဘိုးငွေ ၄၁၂သိန်း)ပျောက်ဆုံးခဲ့ပါကြောင်းပျောက်ဆုံးချိန်က လာရောက်ကူညီ
သူရွှေပန်းတိမ်ဆရာ(၅)ဦးရှိကြောင်း ၊ထိုသူတို့မှာကိုရွှေ(၄၇နှစ်)ရပ်ကွက်(၈)၊
ကိုရင်ကို(၃၉နှစ်)၊ကိုမင်းမင်းထွန်း(၄၁နှစ်)ရပ်ကွက်(၆)၊ကိုဇော်ဇော်အောင်(၃၃နှစ်)ရပ်ကွက်(၈)၊ကိုသော်ဇင်ထွန်း(၃၀နှစ်)ရပ်ကွက်(၁)တို့ဖြစ်ကြောင်းထည့်သွင်း 
တိုင်ကြားခဲ့ရာ ကသာရဲစခန်းမှ (ပ)၁၃၀/၁၂ဖြင့် ရေးသွင်းခဲ့ပြီး ဥပဒေပုဒ်မ၃၈၁ဖြင့် အမှုဖွင့်အရေးယူစစ်ဆေးလျှက်ရှိပါသည်။

အံ့အားသင့်စရာမှာ မီးလောင်ပြီးရက်ပိုင်းအတွင်းက ယခုဖမ်းဆီးထားသော 
(မသင်္ကာစဖွယ် တရားခံဟု စွတ်စွဲထားသည့်) ပန်းတိမ်ဆရာများအား ယူစင်
ရွှေဆိုင်ပိုင်ရှင်မှ ပစ္စည်းများအား မပျောက်မရှအောင် ၀င်ရောက်ကူညီပေးခဲ့
မှုကြောင့်ဟုဆိုခါ ဂုဏ်ပြုဆုငွေ၎သိန်းကျပ်စီ ချီးမြှင့်ခဲ့ပါသေးသည်။ 
ထိုသို့ချီးမြှင့်ခဲ့စဉ်က ၀င်ရောက်ကူညီသယ်ဆောင်ပေးခဲ့သည့် ရွှေဆိုင်
စာရေးမများကိုလည်း သိန်း(၂၀)စီချီးမြှင့်ခဲ့သေးကြောင်း သိရှိရပါသည်။
ဟာဂျူလီ (ကသာ) facebook

တယ်လီဖုန်း ဆင်းကဒ် ပျောက်/ပျက် တာတွေ ပြန်လျှောက်နိုင်

မန္တလေး အပါအ၀င် ပြည်နယ်နှင့်တိုင်းတွေမှာ ၀ယ်ထားတဲ့
(၂)သိန်းတန်ဖုန်းပဲဖြစ်ဖြစ် (၂)သိန်းခွဲတန် ဖုန်းပဲဖြစ်ဖြစ်
ကဒ်ပျောက်/ပျက်တွေဆိုရင် ၀ယ်ခဲ့တဲ့ ကုမ္ပဏီတွေနဲ့ ၊ဆက်သွယ်ရေး
ပြည်နယ်နှင့် တိုင်းမန်နေဂျာရုံးတွေမှာပြန်ေ
လျှာက်လို့ရပါတယ်။

အလားတူပဲ ရန်ကုန်မှာဝယ်ထားတဲ့ (၂)သိန်းတန်ဖုန်းပဲဖြစ်ဖြစ် (၂)သိန်းခွဲတန်
ဖုန်းပဲဖြစ်ဖြစ်  ကဒ်ပျောက်/ပျက်တွေဆိုရင် ပန်းဆိုးတန်းစီးပွားဌာန၊
ရွှေဂုံတိုင်စီးပွားဌာန၊ အလုံ စီးပွားဌာန၊ လမ်း(၄၀)စီးပွားဌာန နဲ့
ရန်ကုန်စာတိုက်ကြီး ဆိုတဲ့(ငါးနေရာ)နဲ့ ကိုယ်ဝယ်ခဲ့တဲ့  Elite (သို့)
ရတနာပုံတယ်လီပို့ ကုမ္ပဏီတွေဆီမှာ CSR ဆိုတာရှိတယ်လာလျှောက်ပါ- ဖုန်းကဒ်
ပျောက်လို့ပဲဖြစ်ဖြစ် ပျက်လို့ပဲလျှောက်လျှောက် နှစ်သောင်း(၂၀၀၀၀ိ/-)ပဲပေးရ

ကြောင်း တယ်လီဖုန်းအရောင်း ကုမ္ပဏီတခုမှ သတင်းပေးပို့ ထားပါတယ်။
Myanmar News Now

ပျက်ဆီးနေတဲ့ လမ်းတွေကို ပြုပြင်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တဲ့ ဦးစိုးကြွယ် ကို ထောင်ဒဏ်တစ်နှစ်ချမှတ်

တောင်ဒဂုံမြို့နယ်တွင်းရှိ လမ်းများခင်းပေးရန်နှင့်အကျင့်ပျက်ဝန်ထမ်းများအား
ထိရောက်စွာအရေးမယူခြင်းစတဲ့တောင်းဆိုချက်တွေနဲ့တကိုယ်တော်ဆန္ဒပြသူ
ဦးစိုးကြွယ်အား သတင်းပေးနှင့်အာဏာပိုင်တို့အမှုစင်ပြီး ၂၃.၄.၂၀၁၂(တနင်္လာနေ့) တွင် တောင်ဒဂုံတရားရုံးမှပုဒ်မ(၃၈၅)နဲ့ထောင်ဒဏ် တစ်နှစ်ချမှတ်လိုက်ပါတယ်။

ဦးစိုးကြွယ်ဟာတရားဥပဒေစိုးမိုးရေးနှင့်လူ့အခွင့်ရေးကာကွယ်စောင့်ရှောက်သူများ ဆိုတဲ့ခေါင်းစဉ်နဲ့ဒဂုံမြို့သစ်တောင်ပိုင်းအတွင်းမှာရှိတဲ့မတရားတဲ့အမှုများကိုလိုက်လံ
 ဆောင်ရွက်နေသူဖြစ်ပါတယ်။

၁၀.၁.၂၀၁၂မှာတကိုယ်တော်ဆန္ဒပြမှုနဲ့ဆွဲထားတဲ့အမှုအပါအ၀င်၊ တရားလိုအဖြစ် အစစ်ခံဖို့တရားရုံးကိုရောက်လာတဲ့ရဲကိုနောက်ကျလို့ဆိုပြီးပြောလို့ဝတ္တရား နှောက် ယှက်မှုနဲ့လည်းတရားစွဲခံထားရပါတယ်။
အခုအခါ နောက်အမှုအတွက်ခြေကျင်းနဲ့တရားရုံးကိုထပ်မံထွက်နေရကြောင်း
သိရှိရပါတယ်။

 Myanmar News Now

ဦးစိုးကြွယ် ဆန္ဒပြတောင်းဆိုခဲ့တဲ့  သတင်းကို အောက်မှာ ပြန်လည်ဖော်ပြပေး လိုက်ပါတယ်။

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ထဲမှာရှိတဲ့ ယာဉ်လိုင်းတွေပြေးဆွဲနေတဲ့ အဓိကလမ်းမကြီးလေးခုဟာ ပျက်စီးယိုယွင်းနေတဲ့အတွက် ပြန်လည်ပြုပြင်ပေးဖို့ မြို့နယ်အုပ်ချုပ်ရေးမှုးထံ ဆန္ဒပြ တောင်းဆိုမှု တခု ဖြစ်ပွားခဲ့ပါတယ်။

အမှတ် ၂၉၂၊ ခွာညိုလမ်း၊ ၁၈/က ရပ်ကွက် ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်မှာ နေထိုင်တဲ့ ပြည်သူတစ်ဦး ဖြစ်တဲ့ ဦးစိုးကြွယ်က တောင်းဆိုချက် ၅ ချက်နဲ့အတူ ငြိမ်းချမ်းစွာ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခွင့်ပြုဖို့ အာဏာပိုင်တွေထံ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဦးစိုးကြွယ်ရဲ့တောင်းဆိုမှုတွေကို တောင်ဒဂုံမြို့နယ်အုပ်ချုပ်ရေးမှုးက လက်ခံလိုက်ပြီး ပြင်ဆင် ဆောင်ရွက်မှုတွေ ပြုလုပ်ပေးမယ့် အကြောင်း ပြောဆိုလိုက်တဲ့အတွက် ၂၀၁၁ ဒီဇင်ဘာလအထိ နောက်ဆုံးထား စောင့်ကြည့်မှာဖြစ်ပြီး မဆောင်ရွက်ပေးပါက ထပ်မံ ဆန္ဒပြ တောင်းဆိုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

တောင်ဒဂုံ မြို့နယ်အတွင်းမှာ ရှိတဲ့ လမ်းတွေဟာ လမ်းအကျယ်အဝန်းနဲ့ ကားစီးရေ မမျှတတဲ့အပြင် ရှောင်တိမ်းဖို့ မလွယ်ကူတာကြောင့် ခရီးသည်တင်ယာဉ်လိုင်း အချို့အနေနဲ့ လမ်းကြောင်းပြောင်း ပြေးဆွဲနေရတာလဲ ဖြစ်ပါတယ်။

အခုလို လမ်းတွေ ပျက်စီးနေတာတွေကို ပြန်လည် ပြင်ဆင်ပေးဖို့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ ပို့ဆောင်ရေးဝန်ကြီးဌာနတွေထံ အကြောင်းကြားစာ ပေးပို့သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

ဧရာဝတီတိုင်း မြို့တော်တော်များများမှာ လျှပ်စစ်မီးဆိုးဆိုးဝါးဝါးပြတ်တောက်နေခြင်း

ဧရာဝတီတိုင်း မြို့တော် ပုသိမ်မြို့အပါအ၀င် မြို့တော်တော်များများမှာ လျှပ်စစ်မီးဆိုးဆိုးဝါးဝါးပြတ်ေ
တာက်လျှက်ရှိပါတယ်။
အိမ်မဲမြောင်းမြဘက်တွေမှာဆို တနေကုန်မှာ တစ်နာရီလောက်ပဲလျှပ်စစ်မီးရရှိ
ပါတယ်။ မီးရရှိချိန်မှာလည်း လျှပ်စစ်မီးကိုဝိုင်းအသုံးပြုကြတဲ့အတွက် ၀န်မနိုင်ဘဲ မီးလာချိန်တစ်နာရီမှာတောင် မီးက ၁၀ခါလောက်ပြတ်နေပါတယ်။

ပုသိမ်မြို့မှာဆိုရင်လည်း တစ်နေ့ ၆နာရီပြတ် ၁၂နာရီလာဆိုပေမယ့် ၁၂ နာရီလာတဲ့အချိန်မှာ ၁၂ နာရီအပြည့်မလာဘဲ လာလိုက်ပြတ်လိုက်နဲ့ မီးလာချိန် ၆နာရီလောက် တောင်မရှိပါဘူး။ အခုအချိန်ဟာ အလွန်ပူပြင်းတဲ့နွေရာသီဖြစ်တြာေ
ကာင့် လျှပ်စစ်မီးပြတ်တောက်နေတာဟာ မီးဘေးအန္တရာယ်စိုးရိမ်ရသလို ရာသီဥတုကပူ မီးကပြတ်တော့ မြို့နေ ပြည်သူလူထုတွေ လူမှုဒုက္ခတွေကို ကိုယ်ရောစိတ်ပါ နွမ်းနယ်ခံစားနေရပါတယ်။ 

ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးက ဦးအောင်တင်မြင့်က ရပ်ကွက်ဘက်ကိုစည်းရုံးရေးဆင်းေ
တာ့ ဘာအဆင်မပြေတာရှိလဲမေးတော့ ပြည်သူလူထုက လျှပ်စစ်မီး အလုံအလောက်မရရှိဘူးလို့ပြောတော့ လျှပ်စစ်မီးအလုံအလောက်ရဖို့ သူတာဝန်ယူဖြေရှင်းပေးမယ်ဆိုပြီး အခုမဲရှုံးတော့ လူတောင်မတွေ့ရတော့ပါဘူး။

လျှပ်စစ်မီးမလုံလောက်မှုကြောင့် မီးအားလျှော့တယ်လို့ပြောပေမယ့် မီးအားဆွဲများတဲ့ လမ်းမီးတိုင်က ဆိုဒီယမ်မီးတွေ၊ စက်ရုံအလုပ်ရုံတွေနဲ့ ကိုယ်ပိုင်trasnformer ရှိတဲ့လုပ်ငန်းရှင်တွေရဲ့ အိမ်တွေ အလုပ်ရုံတွေမှာတေ့ မီးတွေထိန်ထိန်ငြီးနေပါတယ်။

အခုချိန်မှာ နည်းပညာတက္ကသိုလ်ကျောင်းသားတွေစာ
မေးပွဲဖြေဆိုချိန်နဲ့တိုက်ဆိုင်နေတာကြောင့် မီးပျက်နေတာဟာ ကျောင်းသားတွေအတွက်အတော်လေးဒုက္ခရောက်နေကြပါတယ်။ မြို့နေ နည်းပညာတက္ကသိုလ်ကျောင်းသားတွေကတော့ နောက်တစ်ရက်နှစ်ရက် သူတို့စာမေးပွဲဖြေဆိုချိန်ထိမီးက အခုလိုပဲမီးဆက်လက်ပြတ်နေမယ်ဆိုရင် မြို့နယ်လျှပ်စစ်ရုံးကို ငြိမ်ချမ်းစွာ လှည့်လည် ဆီတန်းဆန္ဒပြဖို့ စည်းရုံးစီစဉ်ထားကြကြောင်း ဧရာဝတီ ၂၄နာရီမီးလင်းရေးအဖွဲ့မှပြောပါတယ်။
Myanmar News Now
ပုသိမ်မြို့ 
 

မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂအဖွဲ့ရုံးဖွင့်လှစ်

မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂအဖွဲ့ရုံးကို ယနေ့ဧပြီလ၂၈ ရက် မွန်းလွဲ ၃နာရီခွဲက ရန်ကုန်တိုင်းဒေ သ ကြီး ဗဟန်းမြို့နယ် အင်းယားမြိုင်လမ်း ခြံအမှတ် ၄၅ မှာဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ အဆိုပါရုံးဖွင့်ပွဲကို မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ဥရောပသမဂ္ဂနိုင်ငံခြားရေးရာမူဝါဒအကြီးအကဲ မစ္စစ် ကက်သရင်း အက်ရှ်တန်နှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးမြင့်ဆွေနှင့်ဇနီးတို့က တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။ ယခုဖွင့်လှစ်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့ရုံးနှင့်ပက်သက်၍ လက်ရှိတွင် ဌာနေကိုယ် စားလှယ်အဖြစ်ခန့်အပ်ထားခြင်းမရှိသေးသလိုရုံးအဖွဲ့တာဝန်ခံအနေဖြင့်လည်း ခန့်အပ်ထားခြင်းမရှိသေးကြောင်း သိရသည်။
Popular Myanmar News Journal

စည်ပင်သာယာ ဈေးသည်တွေဆီက အခွန် မတရားကောက်ခံနေ (ရုပ်/သံ)

 
ရန်ကုန်တိုင်း တွံတေးမြို့ မြို့မဈေးအနီး ဈေးရောင်းနေကြတဲ့ ဈေးသည်တွေဆီက စည်ပင်သာယာ က အခွန်မတရားတိုးမြင့် ကောက်ခံနေတာကြောင့် ဈေးသည်တွေမှာ အခက်တွေ့နေကြပါတယ်။
ဈေးသည်တွေဟာ အဆင့်အတန်းခွဲခြားတဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့ စည်ပင်သာယာ ၀န်ထမ်းအချို့ရဲ့ ပြောဆိုဆက်ဆံမှုတွေကို ခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။ဒါ့အပြင် ဈေးအနီးမှာရှိတဲ့ ဆိုင်ကယ်ကယ်ရီသမား တွေနဲ့ ဈေးလာဝယ်တဲ့ ဆိုင်ကယ်သမားတွေ ဆီကလည်း ဘီးခွန်ဆိုပြီး အခွန်ကောက်ခံမှုတွေလည်း ပြုလုပ်နေကြပါတယ်။
ဘားမားဗီဂျေ
တွံတေးမြို့ မြို့မဈေးအနီး ဈေးရောင်းနေကြတဲ့ ဈေးသည်များ

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှု ခိုင်မာ မြန်ဆန်ဖို့ အီးယူ မျှော်လင့်

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမှာရှိတဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အီးယူ နိုင်ငံခြားရေးရာ အကြီးအကဲ Catherine Ashton တို့က ဒီမနက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်တွေ ပိုပြီးခိုင်မာဖို့နဲ့ ပိုပြီးမြန်ဆန်ဖို့ မျှော်လင့်ချက်နဲ့ EU ဥရောပသမဂ္ဂက မြန်မာနိုင်ငံပေါ် အရေးယူပိတ်ဆို့ထားတာကို ဆိုင်းငံ့လိုက်တာ ဖြစ်ကြောင်း အီးယူ နိုင်ငံခြားရေးရာ အကြီးအကဲ Catherine Ashton က ပြောကြား သွားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို အီးယူက အကူအညီ ဆက်လက်ပေးမယ့် အကြောင်းလည်း ပြောကြားတယ်လို့ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ဆိုပါတယ်။

"Catherine Ashton ဘက်က ဖြေကြားတာကတော့ အီးယူက ယူရို သန်းပေါင်း ရာနဲ့ ချီပြီးတော့ အကူအညီ တွေဆက်ပြီး ပေးမှာ ဆိုတဲ့ အကြောင်း၊ အဲဒီလို
အကူအညီပေးတဲ့နေရာမှာ အဓိကကတော့ လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆိုင်တဲ့ ကဏ္ဍတွေမှာ ပိုပြီးတော့ ပေးမှာ ဖြစ်တဲ့အကြောင်း၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံဟာ လယ်ယာစိုက်ပျိုးရေး နိုင်ငံဖြစ်တဲ့အတွက် ပြည်သူအများစုက ကျေးလက်ဒေသမှာ နေထိုင်ကြတာ ဖြစ်တဲ့အကြောင်း ပြောပါတယ်။"

ဒီလို သတင်းစာ ရှင်းလင်းပွဲမလုပ်ခင်မှာ အီးယူ အကြီးအကဲနဲ့ အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ကို NLD ရုံးချုပ် အစည်းအဝေး ခန်းမမှာတွေ့ဆုံဆွေးနွေး ပါတယ်။

" ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အောင်မြင်ခဲ့ပုံတွေကို သူက အထူးစိတ်ဝင်စားပါတယ်။ အဲဒါနဲ့ မေးပါတယ်။ ပုပ္ပသီရိတို့ ဘာတို့လို တကယ့်နေရာတွေမှာ အနိုင်ရခဲ့တဲ့ ဦးနိုင်နိုင်မင်းနဲ့ ဦးဝင်းထိန်၊ ဒေါ်စုစုလွင်၊ ဒေါက်တာ မျိုးအောင်တို့က ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ အတွေ့အကြုံတွေကို ပြောပြပါတယ်။ ကျွန်တော်တို့ ဥက္ကဋ္ဌကလည်း ပြောပြပါတယ်။ နောက် ဦးဝင်းထိန်က ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူ့ရဲ့ သုံးသပ်ချက်တွေကို ပြောပြပါတယ်။ အီးယူအဖွဲ့ကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖွံ့ဖြိုးရေးအတွက် ကူညီနေခဲ့ပြီး အခုလည်းပဲ ဆက်ပြီး ကူညီမယ့်အကြောင်း ပြောပါတယ်။"

Ms. Ashton ရဲ့ ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ပိတ်ဆို့ အရေးယူမှုကို ဆိုင်းငံ့လိုက်ပြီးတဲ့ နောက်ပိုင်းမှာ အီးယူက အဆင့်အမြင့်ဆုံး တာဝန်ရှိသူတဦးရဲ့ပထမဆုံး ခရီးစဉ် ဖြစ်ပါတယ်။ သူက အင်းလျားမြိုင်လမ်းမှာ ရှိတဲ့ အီးယူ ရုံးခန်းကို ဒေါ်အောင်ဆန်းစုကြည်၊ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေတို့နဲ့ အတူ မွန်းလွဲပိုင်းမှာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပါတယ်။ တနင်္လာနေ့အထိ မြန်မာနိုင်ငံမှာ ရှိနေမှာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။
RFA-Burmese

နို့ဖိုးဒုက္ခသည် စခန်း ဆန္ဒပြမှု ထိုင်းအာဏာပိုင်တွေက ခေါ်ယူ သတိပေး

ထိုင်းမြန်မာနယ်စပ်၊ နို့ဖိုးဒုက္ခသည်စခန်းမှာ ဧပြီလ (၂၅) ရက်နေ့က ဒုက္ခသည်တွေ အတွက် တောင်းဆိုဆန္ဒပြမှုမှာ ဦးဆောင်ခဲ့သူတွေကို တပ်ခ်ခရိုင် ထိုင်းအာဏာပိုင်တွေက ခေါ်ယူ သတိပေးခဲ့တယ်လို့ သိရပါတယ်၊

နို့ဖိုးဒုက္ခသည် စခန်းတွင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ဒုက္ခသည် (၂၀၀) ကျော်က အချက် (၄) ချက်ပါ တောင်းဆိုချက်တွေကို ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ စခန်း ဒုက္ခသည်တွေရဲ့ ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ သံဃာတော် အရှင်ဦးဝေမန္တ၊ ကိုမျိုးမင်းအောင်နဲ့ ကိုတင်ကိုကိုဦးတို့ (၃) ဦးကို ဧပြီလ(၂၆) ရက်နေ့က တပ်ခ်ခရိုင် ထိုင်းစစ်တပ်က ဗိုလ်မှူးကြီး လုံချိုင်းက စခန်းအုပ်ချုပ်ရေးမှူး ရုံးခန်းမှာ မွန်းလွဲ (၁) နာရီခန့်က ခေါ်ယူ သတိပေးခဲ့တာလို့ ကိုမျိုးမင်းအောင် က အခုလို ပြောပါတယ်။

“ကျနော်တို့ကို လာမေးမြန်းတယ်။ ကျနော်တို့က ဒီဆန္ဒပြတဲ့အချက်အလက်တွေ ပြောပြတယ်။ သူက အခုနယ်စပ်တောက်လျှောက်မှာ စခန်းတွေထဲမှာ အခုလိုဆူဆူပူပူ ဖြစ်လာတာကို သူ့အနေနဲ့ မလိုချင်ဘူး။ ဆူဆူပူပူဖြစ်ရင် ဝင်ရောက် ထိန်းသိမ်းရမယ် ဆိုပြီးတော့ ပြောတာ ကျနော်တို့က ဆန္ဒပြတယ်ဆိုတာ ငြိမ်းငြိမ်းချမ်းချမ်းပဲ ဆန္ဒပြတာ။ တကယ်လို့ ဆူဆူပူပူ ဖြစ်လာပြီဆိုရင် သူတို့အပြင်ဘက်ကနေပြီးတော့ ဝင်ရောက်ထိန်းသိမ်းရရင် တယောက်နဲ့တယောက် ဂုဏ်သိက္ခာတွေ ထိခိုက်လာမယ်ဆိုပြီးတော့ သူကနေပြီးတော့ ပြောတယ်။”

ဧပြီလ (၂၅) ရက်နေ့ မနက်ပိုင်းက (၂) နာရီကြာ ဆန္ဒပြတောင်းဆိုရာမှာ ပါဝင်ပါတယ်၊ ဒီအချက်တွေကတော့ MPO လို့ခေါ်တဲ့ ဒုက္ခသည် အဖြစ် အသိအမှတ်ပြု ခံထားရသူတွေ တတိယနိုင်ငံ ထွက်ခွင့် ဆိုင်းငံ့ ခံထားရမှု၊ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု ခံရဖို့အတွက် လျှောက်ထားဆဲ ဒုက္ခသည် PRE တွေကို ထိုင်းအစိုးရက အချိန်အကန့်အသတ်မရှိ ဆိုင်းငံ့ထားခြင်းကို တိကျတဲ့ အဖြေပေးရန်၊ စခန်းပြင်ပမှာ စာရင်းသွင်းခဲ့ကြပြီး ဒုက္ခသည် အဖြစ် အသိအမှတ်ပြုခံရဖို့ လျှောက်ထားတဲ့ NI အမျိုးအစား ဒုက္ခသည်တွေကို အသိအမှတ်ပြုရန်၊ အသစ်ရောက်ရှိလာတဲ့ ဒုက္ခသည်တွေကို အသိအမှတ်ပြု ခံရဖို့ လျှောက်ထားခွင့်ပြုရန် စတာတွေ ပါဝင်ပါတယ်။

စခန်းက UNHCR ရုံးတာဝန်ခံ Ms. Oliver က တောင်းဆိုချက်တွေကို လက်ခံပြီး မဲဆောက်ရုံးကို တင်ပြခဲ့ကြောင်း၊ မဲဆောက်ရုံးက မစ္စတာခွန်က လာမယ့် ကြာသာပတေးနေ့မှာ အဖြေပေးမယ်လို့ ပြောဆိုကြောင်းလည်း ကိုမျိုးမင်းအောင်က ပြောပါတယ်။ သူတို့အနေနဲ့ ဆက်လက်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆက်လက်တောင်းဆိုမယ်လို့လည်း ကိုမျိုးမင်းအောင်က ပြောပါတယ်။

ဒီလိုသူတို့ကို ခေါ်ယူသတိမပေးခင်မှာ ထိုင်းအမျိုးသား လုံခြုံရေးကောင်စီက အရာရှိတဦးနဲ့ အလွတ်သဘော ပြောဆိုရာမှာ နို့ဖိုးဒုက္ခသည် စခန်းကို အုန်းဖြန်မြို့နယ်ကနေ ဆုကလိမြို့နယ်ခွဲကို ပြောင်းရွှေ့ဖို့ လျာထားတယ်လို့ သိရကြောင်းလည်း သူကပြောပါတယ်။
RFA-Burmese

ကွမ်းခြံကုန်း အပူလွန် သောက်ရေ ပြတ်လပ်

ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့ နယ် ကညင်ကုန်းအုပ်စု၊ ကြကိုက်အုပ်စု နဲ့ လက်ခုတ် ကုန်း အုပ်စုက ရွာတွေမှာ နွေအပူကြောင့်

သောက်သုံးရေကန်တွေ ခန်းခြောက်ပြီး လူနဲ့ ကျွဲနွားတိရိစ္ဆာန်တွေ
သောက်သုံးရေ ပြတ်လပ်တဲ့ ဒုက္ခ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ကညင် ကုန်းအုပ်စုက ချောင်းဝ၊ ဆယ်အိမ်တန်း၊ အလယ်ရွာ၊ ကြကိုက် အုပ်စုက ရွာသစ်၊ ဘဲမြီးရွာ နဲ့  လက်ခုတ် ကုန်းအုပ်စုက ငွေသောင်ယံ စတဲ့ ရွာတွေမှာ ရေပြတ်လပ်တာ သုံးရက်ရှိပြီလို့ ဒေသခံ တဦးကပြောပါတယ်။

"မိုးမရွာတဲ့အခါကျတော့ သောက်သုံးရေတွေက ခန်းခြောက်ကုန်တာပေါ့။ အလယ်ရွာလယ် ချောင်းဝရယ်၊ ဆယ်အိမ်တန်းရယ်မှာက
ရေတွင်းက ရေတွေကလည်း သောက်လို့ မရသေးဘူးပေါ့နော်။ ကွမ်းခြံကုန်းမြို့ပေါ်မှာ အ၀ီစိစက်ရေတွင်း ၂ တွင်းရှိတယ်။ အဲဒါကလည်း သောက်ရေအဆင့်ကို မမှီသေးဘူး။ ထုံးဓာတ်များတာကို။ အဲဒါကိုလည်း ရေနမူနာယူပြီးတော့ ကျန်းမာရေးဌာနကို ပို့ထားတယ်။ လှူမယ့်သူတော့ မရှိသေးဘူး။ အခု မြို့နယ်ကတော့ မီးသတ်ကားနဲ့ သွားလို့ရတဲ့နေရာတွေကို ကား၂ စီး၊ ရေကားသစီးနဲ့ ပို့တယ်။ ကားနဲ့ သွားလို့ မရတဲ့ ကျေးရွာတွေကို သမာန်နဲ့ ရေပို့ရတယ်။ မရှိရင်တော့ သူတို့ ရှိတဲ့ရေကို ကြိုချက်ပြီးတော့ သောက်ရတာပေါ့။ ရေပြတ်သွားတော့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာရှိတာပေါ့နော်။"

လက်ခုတ်ကုန်းရွာ အုပ်စု ရွာတွေဟာ ပင်လယ်ကမ်းခြေဒေသ ဖြစ်လို့  စက်ရေတွင်းရေကို သောက်သုံးလို့မရဘဲ ရေကန်ကိုသာ အမှီပြုနေရတဲ့ ရွာတွေဖြစ်ပါတယ်။

မနှစ်က မိုးရွာခဲ့လို့ သောက်သုံးရေမပြတ်ခဲ့ပေမဲ့ ၂၀၁၀ ခုနှစ်တုံးက အခုနှစ်လိုပဲ သောက်သုံးရေပြတ်ခဲ့တယ်လို့  ပြောပါတယ်။
 
RFA-Burmese

ထိုင်းနိုင်ငံရေနံကုမ္ပဏီ က မြန်မာလုပ်သားတွေ ဆန္ဒပြ

တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှာ အကောင်အထည်ဖော်နေတဲ့ ဇောတိက သဘာဝဓါတ်ငွေ့ ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်းက အလုပ်သမား ၇၀ ကျော်ကို စာချုပ်သက်တမ်း မပြည့်သေးဘဲ အလုပ်ဖြုတ်လိုက်လို့ ဒီကနေ့မနက်မှာ အလုပ်သမားတွေ ကုမ္ပဏီရှေ့ သွားရောက် ဆန္ဒပြခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

မုတ္တမ ကမ်းလွန်မှာရှိတဲ့ ရေဖြူမြို့နယ် ကန်ဘောက်ဒေသမှာ ထိုင်းနိုင်ငံရေနံ ရှာဖွေ ထုတ်လုပ်ရေး ကုမ္ပဏီ PTTEPI က အကောင်အထည်ဖော်နေတဲ့ ဓါတ်ငွေ့ စီမံကိန်းလုပ်ငန်းမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေကို လုပ်အားခ တစ်ရက် ကျပ် ငါးထောင်နှုန်းနဲ့ ၃ လ ဒါမှမဟုတ် ၆ လ စာချုပ်ချုပ်ဆိုပြီး
မြန်မာနိုင်ငံသားတွေကို ငှားရမ်း လုပ်ကိုင်နေပါတယ်။

ဒါပေမယ့် စာချုပ်သက်တမ်းမပြည့်သေးခင် တစ်လအလိုမှာ ကန်ထရိုက် ယူလုပ်ကိုင်နေတဲ့ တရုတ်ကုမ္ပဏီကနေ မြန်မာအလုပ်သမား ထက်ဝက်ခန့်ကို မနေ့ကစပြီး အလုပ်ဖြုတ်လိုက်တဲ့ အတွက် အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမား ၅၀ နီးပါးက နစ်နာကြေး ရရှိဖို့ ဒီကနေ့ မနက် ၇ နာရီမှာ ဆန္ဒပြခဲ့ကြတယ်လို့ အလုပ်သမားတွေကို ကူညီဆောင်ရွက် ပေးနေတဲ့ ဦးခင်စိုး က အာအက်ဖ်အေ ကို ပြောပါတယ်။

"PTTEPI ကုမ္ပဏီ ကနေပြီးတော့ CPP တရုတ်ကုမ္ပဏီကို ကန်ထရိုက်ပေးထားတယ်၊ အဲ့ဒီ CPP တရုတ်ကုမ္ပဏီ ကနေပြီးတော့ အလုပ်သမားတွေကို အမှန်ဆိုရင် ၅ လပိုင်း ကုန်တော့မှ အလုပ်သိမ်းမှာ၊ အလုပ်သမားတွေ ကြိုပြီးလည်း မပြောဘဲနဲ့ သူတို့ စာချုပ်သက်တမ်း မကုန်ခင်မှာ သူတို့ နစ်နာကြေးလည်းမရဘဲနဲ့ ရုတ်တရက်ကြီး အလုပ်ဖြုတ်ခံရတယ်ဆိုတော့ မကျေနပ်လို့ ဒီမနက် အဲ့ဒီ ကုမ္ပဏီရှေ့မှာ ဆန္ဒပြမှုဖြစ်တာ။"

ဇောတိက သဘာဝဓါတ်ငွေ့ ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်း လုပ်ကိုင်နေတဲ့ ဒီကုမ္ပဏီမှာ တရုတ်နိုင်ငံသား အလုပ်သမား ၂၀၀ ခန့်နဲ့ မြန်မာအလုပ်သမား ၁၃၀ ကျော် လုပ်ကိုင်နေကြတဲ့ထဲက
မြန်မာအလုပ်သမား ၇၈ ဦးကို အလုပ်ဖြုတ်လိုက်တာလို့ ဆိုပါတယ်။

မကြာခင် မိုးရာသီရောက်မှာ ဖြစ်တဲ့အတွက် စီမံကိန်း ခေတ္တ ရပ်နားထားပြီး လာမည့်နှစ် နွေရာသီ လုပ်ငန်းပြန်လည် စတင်ချိန်မှ ဒီအလုပ်သမားတွေကို
ပြန်ခေါ်ယူ လုပ်ကိုင်မယ်လို့ ကုမ္ပဏီက အကြောင်းပြ ပြောဆိုပြီး အလုပ်ဖြုတ်လိုက်တာ ဖြစ်တယ်လို့ ဦးခင်စိုးက ပြောပါတယ်။

ဆန္ဒပြပြီး မနက် ၁၀ နာရီခန့်မှာ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့ လုပ်ငန်းက အရာရှိတွေ ရောက်လာပြီး ညှိနှိုင်းပေးလို့ ဆန္ဒပြမှု ရပ်လိုက်ပေမယ့် ဒီကနေ့ ညနေအထိ ကုမ္ပဏီက တုန့်ပြန်လာတာ မရှိဘဲ ဖြစ်နေတယ်လို့ ဆက်ပြောပါတယ်။

"ကျနော်တို့ဆီမှာက ထားဝယ်မြို့နဲ့ တိုင်းရုံးနဲ့ အလှမ်းဝေးတယ် ဆိုတော့ ဒီမှာက အလုပ်သမားရေးရာတွေ ဘာတွေက ဖြေရှင်းမည့်လူတော့ မရှိဘူးအကို။ ဒါပေမယ့် မြန်မာ့ရေနံ သဘာဝဓါတ်ငွေ့က အရာရှိတွေနဲ့ ကုမ္ပဏီနဲ့ ကြားပြောပြီးတော့ အခုတော့ နောက် ဖြေရှင်းပေးပါ့မယ်။ ဘာညာတွေ ပြောတာပေါ့၊ ရဲစခန်းမှူးတွေ ဘာတွေလည်း သူတို့ ရောက်လာပြီးတော့ ဆူဆူပူပူ ဖြစ်မှာစိုးလို့ ဆန္ဒပြနေတဲ့လူတွေကို သူတို့က နည်းနည်း ငြိမ်ငြိမ်သက်သက်နဲ့ ဆွေးနွေးကြဖို့ကိုပဲ လာညှိနှိုင်းပေးသွားတာပဲ ရှိတယ်။ နောက်ဆုံး အခြေအနေကတော့ အလုပ်သမားတွေ ဘာမှလည်း မသိရသေးဘူး၊"

ဒီဓါတ်ငွေ့ပိုက်လိုင်းဟာ မြန်မာ့ရေနံနဲ့သဘာဝ ဓါတ်ငွေ့လုပ်ငန်းနဲ့ PTTEP တို့ ဖက်စပ်လုပ်နေတဲ့ လုပ်ငန်းဖြစ်ပြီး တနင်္သာရီတိုင်း ထားဝယ်ခရိုင်
ရေဖြူမြို့နယ်ကနေ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ကို သွယ်တန်းမည့် ဓါတ်ငွေ့ပိုက်လိုင်း ဖြစ်ပါတယ်။
 
RFA - Burmese

အစိုးရတပ်က ကေအိုင်အို ဗဟိုကို လက်နက်ကြီးနဲ့ တိုက်

အစိုးရတပ်က ကေအိုင်အို ဗဟိုဌာနချုပ်ကို အခုရက်ပိုင်း အတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အပြင် တိုက်ပွဲတွေလည်း အဆက်မပြတ် ဖြစ်ပွါးနေတာကြောင့် ဗဟိုဌာနချုပ်လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ ကေအိုင်အို အရာရှိတွေ က ပြောပါတယ်။
RFA
ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ် သင်တန်းကျောင်းတွင် KIA တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေပုံ ဖြစ်ပါသည်။ (Photo: RFA)
ဒီနေ့ဆိုရင် လက်နက်ကြီးတွေနဲ့ မနက်စောစော ပစ်ခတ်ခဲ့ကြောင်း ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က အခုလို ပြောပြပါတယ်။ "ဒီနေ့မနက် အစောကြီး တနာရီပတ်ဝန်းကျင်မှာ ၁၀၅ မမ ဟောင်ဝင်ဇာအမြောက်နဲ့ ပစ်တုံးပဲ။ ကျနော်တို့ရဲ့ ဗဟိုဌာနချုပ်ရဲ့ နယ်မြေအတွင်း ကျရောက်တာတွေရှိတယ်။ ၂၇ ရက်နေ့ မနက်အစောကြီး ၃နာရီလောက်မှာလည်း ပစ်တယ။် ဗဟိုဌာနချုပ်ရဲ့ တပ်နယ်မြေလို့ ပြောလို့ရတယ်။ ဗဟိုဌာနချုပ်ရဲ့ အထက်ဖက် တောင်ကုန်းပေါ်မှာ ကျတယ်။ ဒါပေမဲ့ ၂၆ ရက်နေ့တုံးက ဂန်ဒေါ်ယန်ဘက်ကနေ ၁၀၅ မမ ဟောင်ဝစ်ဇာနဲ့ ပစ်တယ်။ ကျနော်တို့ရဲ့ ဗဟိုဌာနချုပ် ဒေသဖွံ့ဖြိုးရေးမိုင်ဆတ်ပါ ကျေးရွာမှာကျတယ်။" ကေအိုင်အို လိုင်ဇာဌာနချုပ် အနီးဝန်းကျင် တစ်ဝိုက်မှာလည်း တိုက်ပွဲတွေ အဆက်မပြတ် ဖြစ်ပွါးနေပြီး အစိုးရတပ်က စစ်အင်အားတွေ တိုးချဲ့နေတာကြောင့် ဗဟို လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ သူက ဆက်ပြောပါတယ်။ "နေ့တိုက်ပွဲဖြစ်တဲ့ ပုံစံမျိုး မဟုတ်ဘဲနဲ့ ညအချိန်ပုံစံ လုပ်လာတဲ့အခါကျတော့ ဗဟိုလုံခြုံရေး အတွက် စိုးရိမ်စရာဖြစ်လာတာပေါ့။ ကေအိုင်အို တပ်တွေကလည်း နယ်မြေအနှံ့ လှုပ်ရှားမှုတော့ လုပ်ရတော့မှာပဲ။ ဒါကြောင့် တိုက်ပွဲတွေကလည်း နယ်မြေအနှံ့မှာ ဖြစ်လာတဲ့သဘောလို့ ပြောလို့ရတယ်ခင်ဗျ။ မျက်နှာစာအားလုံးမှာ သူတို့တပ်တွေက အင်နဲ့အားနဲ့ ချထားတာမျိုး ရှိတယ်။" လိုင်ဇာဌာနချုပ် ကားလမ်းအနောက်ဖက်ခြမ်းရှိ တာလောကြီးဒေသ၊ ဂန်ဒေါ်ယန် ဒေသနဲ့ လိုင်စင် ဗဟိုဌာနချုပ် အဟောင်းနဲ့ လိုင်ဇာ အကြားရှိ နားဖော့စခန်းမှာ အစိုးရတပ်အင်အား ဖြည့်ထားတာ အားလုံး ထောင်ဂဏန်းလောက် ရှိတယ်လို့ သိရပါတယ်။ ကေအိုင်အို နဲ့ အစိုးရကိုယ်စားလှယ်တွေ တရုတ်နိုင်ငံရွှေလီမြို့မှာ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွေ သုံးကြိမ်ဖြစ်ခဲ့ပါတယ်။ နောက်ထပ်တွေ့ဆုံ ဆွေးနွေးဖို့ အတွက် အစိုးရက မြစ်ကြီးနားမှာ တွေ့ဆုံဆွေးနွေးဖို့ ဧပြီလ ၁၇ ရက်နေ့က ကမ်းလှမ်းထားတာကို ကေအိုင်အိုက စစ်ရေးအရ တိုက်ခိုက်နေတဲ့ အခုလို အချိန်မျိုးမှာ အဲဒီမှာ တွေ့ဆုံဖို့ မဖြစ်နိုင်တဲ့အကြောင်း ဧပြီ ၂၀ ရက်နေ့က အကြောင်းပြန်ခဲ့တယ်လို့ သိရပါတယ်။
RFA - Burmese

ဧည့်စာရင်းစစ်တယ်ဆိုပြီး မင်းမဲ့စရိုက်ဆန်ဆန် အိမ်ခန်းထဲအထိ ၀င်ပြီး ရိုက်ပုတ်ခဲ့တဲ့ နေပြည်တော်ပျဉ်းမနားကဖြစ်ရပ်

နေပြည်တော်ပျဉ်းမနားတွင် ရာအိမ်မှူးဆိုသူ ဧည့်စာရင်းစစ်သည်ကိုအကြောင်းပြီး မင်းမဲ့စရိုက်ဆန်ဆန် ယောင်္ကျားဖြစ်သူအား နာကျင်အောင်ရိုက်နှက်ပြီး ဇနီးဖြစ်သူအား အရှက်တကွဲအကျိုးနဲအောင် ရိုက်နှက်ခြင်း အင်္ကျီရင်ဘတ်အားဆွဲဖြဲခြင်းစသည့်တို့ ပြုလုပ်ခဲ့ပြီး ပုံစံ (၆၆)ပါ ထုတ်ပစ်လိုက်မယ်ဟု ခြိမ်းခြောက်ခဲ့သော ဖြစ်ရပ်တစ်ခုသည် (၇.၄.၂၀၁၂)နေ့က ဖြစ်ပွားခဲ့ရာ တရားစွဲဆိုရာတွင် ကြန့်ကြာခဲ့ပြီးမှ ယခုအခါတွင် (၃၀.၄.၂၀၁၂)ရက်နေ့မှ တရားစွဲတင်တော့မည် ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်ကလေးကတော့ --- နေပြည်တော် ပျဉ်းမနား၊ကင်ပွန်းတန်းအုပ်စု၊ သဲကျွန်းရွာနေ ကိုယဉ်ထွေး (၂၉)နှစ်သည် ( 7.4.2012)ရက်နေ့ည (၁၁း၃၀) အချိန်ခန့်က ယင်း၏နေအိမ်အပေါ်တွင် အိပ်ပျော်နေစဉ် ကိုယဉ်ထွေးအား တုတ်ဖြင့် ရိုက်နှိုးသဖြင့် ကြောက်လန့်တကြားနိုးလာပြီး ကိုယဉ်ထွေးအား လူသုံးဥိးက လက်နှိပ်ဓါတ်မီးဖြင့်ဝိုင်းထိုးကာ ၀ါးတုတ်ကိုယ်စီဖြင့် ကိုယဉ်ထွေးအား ၀ိုင်းရံထားပြီး အိမ်အောက်ထပ်သို့ ခေါ်ဆောင်သွားသည်။

အိမ်အောက်ရောက်သွားသောအခါ လှေခါးထစ်ရင်းတွင် ရာအိမ်မှူး ကိုသိန်းဆင့်၊ အမည်မသိတို့တွေ့ခဲ့ပြီး ``ငါရာအိမ်မှူးကွ ဧည့်စာရင်းစစ်ဖို့လာတာ မင်းတို့ပုံစံ (၆၆)ပြ စမ်းဟု ရင့်ရင့်သီးသီးတောင်းခံလာသဖြင့် ကိုယဉ်ထွေး၏ဇနီးက ပုံစံ (၆၆)ထုတ်ပြစဉ် ရာအိမ်မှူး ကိုသိန်းဆင့်ဆိုသူက ဒါတွေမလိုဘူး၊ ပေါင်းလောင်းက ပုံစံ (၆၆)တွေလာမပြနဲ့ဟုဆိုကာ စာရွက်စာတမ်းအကုန်လုံးကို လွှင့်ပစ်လိုက်သည်ဟုဆိုသည်။ထိုအချိန် အိမ်နီးချင်းများကလည်း မျက်မြင်သက်သေအဖြစ် ရှိခဲ့သည်။
ထိုအခါ ကိုယဉ်ထွေးကတောင်းပန်သော်လည်းမရပဲ  ကိုသိန်းဆင့်နဲပါလာသူ ရဲသွေးက ဘာမပြောညာမပြောပဲ ကိုယဉ်ထွေးအား လက်သီးနှင့်ထိုးကြိတ်ရာ ကိုယဉ်ထွေးဇနီး မမြင့်မြင့်က ၀င်ရောက်ဟန့်တားစဉ် ကိုသိန်းဆင့်ကလဲ မမြင်မြင့် ရင်ဘတ်အားတွန်းလားဆွဲလားလုပ်ပြီး အကျီင်္ဆွဲဖြဲခဲ့ရာ ဘေးပတ်ဝန်းကျင်ရှိ အိမ်နီးနားချင်း သက်သေများကလည်း ၀င်ဆွဲသော်လည်း မရရှိခဲ့ကြောင်း၊ ဧည့်စာရင်းလာစစ်ချိန်တွင် ရာအိမ်မှူးနှစ်အပေါင်းအပါတို့မှာ အရက်သေစာသောက်စားမူးယစ်နေပြီး ဘောင်းဘီတိုမှသာ ၀တ်စဉ်ထားကြောင်းလဲ ဘေးပတ်ဝန်းကျင်က ပြောဆိုကြားခဲ့သည်။

ယင်းတို့သည် ကိုယဉ်ထွေး၏ ၀ိုင်းထဲက ပြန်ထွက်သွားတော့လည်း ကိုယဉ်ထွေးအား ဆဲဆိုကြိမ်းမောင်းပြီး ခြံစည်းရိုးကိုပါ ရိုက်နှက်သွားခဲ့ကြောင်းလည်း ပြောကြားသည်။

ကိုယဉ်ထွေးလည်း အကိုတော်စပ်သူကိုဖုန်းဆက်ခေါ်ပြီး ရပ်ကွက်အုပ်ချူပ်ရေးမှူးကို သွားတိုင်ရန်ပြင်ဆင်နေစဉ် ရပ်ကွက်အုပ်ချူပ်ရေးမှူး ဦးကျော်မြင့်ကလည်း ကိုယဉ်ထွေး မတရားခံနေရသည့်ကိစ္စအား ကြေလည်အောင်မဖြေရှင်းပေးပဲ ကိုယဉ်ထွေးကိုသာ ``မင်းမိသားစုရဲ့ ပုံစံ (၆၆)ကို အပြီးဖယ်ပစ်လိုက်ရမလား´´ဟု ခြိမ်းခြောက်ခဲ့သည်။ထို့ကြောင့် အားကိုရာမဲ့နေသော ကိုယဉ်ထွေးကလည်း မျက်မြင်သက်သေတွေအားခေါ်ဆောင်ကာ ပျဉ်းမနား ရဲစခန်းသို့တိုင်ရာ ရဲစခန်းက တရားရုံးသို့ ဦးတိုက်လျှေက်ရန် ပုံစံ (က-ခ)ပေးလိုက်ပြီး ဦးတိုက်လျှောက်စေရာ (27.4.2012)နေ့က ကျင့် (၂၀၂)အရ ရဲစခန်းကို အဆိုပါ အမှုအား ပြန်လည်စစ်ဆေးစေခဲ့ကြောင်းနှင့် (31.4.2012)တွင် တရားရုံးချိန်ရှိကြောင်းလည်း သိရသည်။

``ဘာဖြစ်မလဲဆိုတာတော့ မသိရဘူး။ ဒီလိုအမှုမျိုးက အမှန်တကယ်တိုင်း အမှုဖွင့်စစ်ဆေးမယ်ဆိုရင် ပြစ်မှုဆိုင်ရာ ပုဒ်မ (၃၂၃)(ထိုးကြိတ်မှု)၊  ပြစ်မှုဆိုင်ရာ ပုဒ်မ ၄၅၂ (သူတစ်ပါးပိုင်နက်ထဲ ကျူးကျော်ဝင်ရောက် ထိခိုက်ဒဏ်ရာရစေမှု)၊  ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၅၄ (အမျိုးသမီးအားကာယ အိနြေ္ဒ ဖျက်စီးမှု)၊  ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၉၄၊  ပြစ်မှုဆိုင်ရာ ပုဒ်မ ၅၀၆ (ဆဲဆိုကြိမ်းဝါးမှု) စတဲ့  ပြစ်မှုဆိုင်ရာ ပုဒ်မ အနည်းဆုံး  (၅)ခုလုံးနဲ့ အမှုဖွင့်လို့ရပါတယ်။ ဒါပေမယ့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက တရားရုံးတွေ၊ ရဲတွေကို ဘာဖိအားပေးပြီး ဘယ်လိုလုပ်မလဲဆိုတာတော့ အားလုံးကစိုးရိမ်နေရပါတယ်´´ ဟု ဥပဒေကျွမ်းကျင်သူတစ်ဦးက ပြောဆိုသည်။

နေပြည်တော်သတင်းထောက် (Myanmar News Now)
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်