ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကျနေ့က အူအတက်ပေါက်လို့ ရန်ကုန်ပြည်
သူ့ဆေးရုံကြီးမှာ လာရောက်ဆေးကုသမှုခံတဲ့ အသက်နှစ်ဆယ်ဝန်းကျင်ရှိ
အမျိုးသမီးတစ်ဦး ကို ဆေးရုံဝန်ထမ်းတွေဖြစ်ကြတဲ့ ဇော်သက်နဲ့ ခင်မြင့်ဆို
တဲ့သူတို့နှစ်ဦးဟာ အဲဒီအမျိုးသမီးငယ်လေးကို မတော်မတရားပြုကျင့်ကြ
တယ်လို့ ဆိုပါတယ်။
အဲဒီကိစ္စနဲ့ပက်သက်ပြီး ဆေးရုံတာဝန်ရှိသူတွေက အမျိုးသမီးငယ်လေးအတွက် တာဝန်ယူဆောင်ရွက်ပေးမယ်လို့ သိရှိရပါတယ်။ အဲဒီအမျိုးသမီးငယ်ကို ဆရာ၊
ဆရာမတွေနဲ့နီးတဲ့ အခန်းကိုပြောင်းရွေ့ထားပြီး တာဝန်ရှိသူမှ အပ အခြားဘယ်
သူ့ကိုမှ သွားလာခွင့်မပြုဘူးလို့သိရှိရပါတယ်။ ကျူးလွန်ခဲ့ကြတဲ့ ဇော်သက်နဲ့
ခင်မြင့်ဆိုသူနှစ်ဦးကို အလုပ်မှထုတ်လိုက်ပြီလို့လဲဆိုပါတယ်။
လွန်ခဲ့နှစ်လလောက်ကလဲ ဘိုကလေးကနေ ဆေးရုံလာတက်သူ ဆင်းရဲနွမ်းပါးတဲ့
လူနာကို ခွဲစိတ်မှုမပြုခင် ငွေကျပ်သုံးသောင်းတောင်းလို့ လူနာရှင်ဘက်က အဲဒီငွေ
ကျပ်သုံးသောင်းမပေးနိုင်တာကြောင့် ဆေးကုသမှုမခံယူတော့ဘဲ ဆေးရုံက
ပြန်ဆင်းသွားတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ နီးစပ်သူတဦးက BurmaVJ
ကိုပြောပြခဲ့ပါတယ်။
ဘားမားဗီဂျေ
 |
| ဓါတ်ပုံ (KiKi) |
တိုကျိုဧပြီ ၂၀
ဂျပန်နိုင်ငံတိုကျိုမြို့သို့ရောက်ရှိနေသည့်
မြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန်အပါအ၀င် မဲခေါင်နိုင်ငံများမှ
ခေါင်းဆောင်များသည် ဧပြီ၂၀ရက် ညနေ ၃နာရီ ၂၀မိနစ်က
ဂျပန်ဘုရင့်နန်းတော်သို့သွားရောက်ကာ
လက်ဖက်ရည်ဧည့်ခံပွဲသို့တက်ရောက်ခဲ့ကြသည်။ သမ္မတဦးသိန်းစိန်နှင့်
မဲခေါင်ဒေသနိုင်ငံအကြီးအကဲများသည် တည်းခိုရာ
ဟိုတယ်နယူးအိုတာနီမှဘုရင့်နန်းတော်သို့သွားရောက်ရာတွင်
အခြားဝန်ကြီးများနှင့် ဌာနဆိုင်ရာအရာရှိများမပါဝင်ဘဲ
နိုင်ငံ့အကြီးအကဲများသီးသန့်သာ
ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။သတင်းမီဒီယာများသတင်းရယူရာတွင်လည်း
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်မှ
ကန့်သတ်မှုများပြုလုပ်ထားသည်ကိုတွေ့ရှိရသည်။
သမ္မတဦးသိန်းစိန်နှင့်
မဲခေါင်နိုင်ငံများမှ နိုင်ငံ့အကြီးအကဲများသည်
ယနေ့ဧပြီ၂၀ရက်မွန်းလွဲပ၁၂နာရီက ဂျပန်စီးပွားရေးလုပ်ငန်းအဖွဲ့ KEIDANREN
နှင့် ဂျပန်ကုန်သည်ကြီးများနှင့်စက်မှုလုပ်ငန်းရှင်များအသင်းJCCI တို့က
တည်ခင်းသည့်
နေ့လယ်စာစားပွဲသို့တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။ထိုနေ့လယ်စာစားပွဲသို့
သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဒုတိယ၀န်ကြီးနှင့်
မြန်မာနိုင်ငံကုန်သည်ကြီးများနှင့်စက်မှုလုပ်ငန်းရှင်များအသင်းနာယက
ဦးအောင်ကိုဝင်း၊ဥက္ကဋ္ဌ ဦးဝင်းအောင်တို့ တက်ရောက်ခဲ့ကြသည်။
ယနေ့ညပိုင်းတွင် ဧည့်သည်နိုင်ငံ့အကြီးအကဲများအား ဂျပန်ဝန်ကြီးချုပ်က ညစာစားပွဲဖြင့်တည်ခင်းဧည့်ခံရန်ရှိကြောင်းသတင်းရရှိသည်။
မဲခေါင်ဒေသနိုင်ငံအကြီးအကဲများ တည်းခိုရာ ဟိုတယ်နယူးအိုတာနီမှ ဘုရင့်နန်းတော်သို့ထွက်ခွာရန်ပြင်ဆင်နေစဉ်။
Yangon Media Group
ရန်ကုန်ကနေ ဧရာဝတီတိုင်း ဖျာပုံ၊ မော်လမြိုင်ကျွန်း၊ လပွတ္တာ
ပြေးဆွဲနေတဲ့ အစိုးရပိုင် ပြည်တွင်းရေကြောင်းသင်္ဘောခ ဈေးနှုန်းတွေကို ၄၀
ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအကြား ထပ်မံတိုးမြှင့်လိုက်ကြောင်း ဌာန
ကြေငြာချက်အရ သိရပါတယ်။
ရန်ကုန်-မော်ကျွန်း ရိုးရိုးတန်းလက်မှတ် ယခင် ကျပ်
၁၀၀၀ မှ ယခု ကျပ် ၁၄၀၀၊ ပထမတန်း ယခင် ကျပ် ၃၀၀၀ မှ ယခု ကျပ် ၅၀၀၀၊
ရန်ကုန်- လပွတ္တာ ရိုးရိုးတန်း ယခင် ကျပ် ၁၇၀၀မှ ယခု ကျပ် ၂၈၀၀၊ ပထမတန်း
ယခင် ၅၁၃၀ မှ ယခု ကျပ် ၇၇၀၀ တိုးမြှင့်သတ်မှတ်ထားပါတယ်။
ပြည်တွင်းရေကြောင်းဟာ ပြီးခဲ့တဲ့ ၂၀၁၁ သြဂုတ်လ တုန်းကလည်း သင်္ဘောခတွေကို
တိုးမြှင့်ခဲ့ပြီး အဲဒီအချိန်က ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် လက်ရှိ
သင်္ဘောခတွေဟာ (၃) ဆ နီးပါးဖြစ်လာကြောင်း စုံစမ်းသိရပါတယ်။
ဒီဗွီဘီ
နေ့စဉ်ရက်ဆက် နေပူချိန်တွေတက်ပြီး၊နေပူရှိန်မြင့်တက်နေတာဟာ အန္တာရယ်ရှိတဲ့
အဆင့်ကိုရောက်နေတာမို့ အပူဒဏ်ကို သတိပြုကြနေထိုင်ကြဖို့ မိုးလေ၀သပညာရှင်
ဦးထွန်းလွင်က နှိုးဆော်လိုက်ပါတယ်။အကျိုးအကြောင်း အပြည့်အစုံသိရအောင်
ဦးထွန်းလွင်ကို ကိုရွှေအောင် ဆက်သွယ်မေးကြည့်ထားပါတယ်။
ဒီဗွီဘီ
ရန်ကုန်၊ ဧပြီ- ၂၀
ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ
ကြားဖြတ်ရွေးကောက်ပွဲတွင်အနိုင်ရကိုယ်စားလှယ်များ ဧပြီ ၂၃ ရက်တွင်ကျင်းပမည့် စတုတ္ထပုံမှန်လွှတ်တော်အစည်းအဝေးများသို့ မတက်ရန်ရာခိုင်နှုန်းများနေပြီဖြစ်ကြောင်း အဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ ဦးဥဏ်ဝင်းက မီဒီယာများသို့ ယခုနာရီပိုင်းအတွင်းပြောကြားလိုက်သည်။
"ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ပြီးပြတ်အောင် ပြေလည်အောင်ကြိုးစားမယ်။ ဒီနေ့ ၂၀ ရက်ဖြစ်နေတော့ စာအသွားအလာနဲ့တော့မှီနိုင်လောက်တဲ့အနေအထားမတွေ့ဘူး" ဟု ဦးဥဏ်ဝင်းကပြောသည်။
ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကျမ်းသစ္စာကျိန်ဆိုရာတွင်ပါဝင်သည့် "အခြေခံဥပဒေကို ထိမ်းသိမ်းကာကွယ် စောင့်ရှောက်ပါမည်" ဆိုသည့်စကားရပ်အစား "အခြေခံဥပဒေကိုလေးစားလိုက်နာပါမည်" ဆိုသည့်စကားရပ်နှင့်ပြင်ဆင်ပေးရန်အဖွဲ့ချုပ်ကတောင်းဆိုထားခဲ့ခြင်းဖြစ်ပြီး ယင်းကိစ္စကို နေပြည်တော်ရှိဖွဲ့စည်းပုံဆိုင်ရာအခြေခံဥပဒေခုံရုံးက ပြင်ဆင်ရေးသားပေးရန်မလိုအပ်ကြောင်း အဖွဲ့ချုပ်တာဝန်ရှိသူကိုခေါ်ယူရှင်းပြခဲ့ခြင်းကြောင့်ဖြစ်သည်ဟုဦးဥဏ်ဝင်းကဆိုသည်။
"ဒီကိစ္စနဲ့ပတ်သက်ပြီး ခုံရုံးကကျွန်တော်တို့ကို ကောင်းမွန်စွာဆက်ဆံတယ်။
စိတ်ရှည်လက်ရှည်ရှင်းပြတယ်။ ဒါကိုလက်ခံပါတယ်။ ဒါပေမယ့်
သူတို့ရှင်းပြတာတွေကို သဘောမတူတဲ့အချက်တွေရှိပါတယ်"
ကိုယ်တိုင်သွားရောက်ခဲ့သည့် ဦးဥဏ်ဝင်းကပြောသည်။
ဧပြီ ၁ ရက်ကကျင်းပခဲ့သည့်ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လစ်လပ်နေရာ ၄၅ နေရာအနက် ၄၃ နေရအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
7Day News Journal
မူဆယ် (၁၀၅)မိုင်ဇုန်အတွင် ဗုံးပေါက်ကွဲမှု ယနေ့နံနက် ၅နာရီ မိနစ်
၂၀ခန့်တွင် ဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
သေဆုံးသူမှာ လ၀ကမှ အရာရှိတစ်ဦး ဖြစ်ကြောင်း သိရသည်။
ဗုံပေါက်ကွဲသည့်နေရာတွင် ၀ါယာကြိုးအချို့နှင့် ဓါတ်ခဲများတွေ့ရှိရကြောင်း၊
ဖြစ်ပွားသည့်နေရာမှာ မူဆယ် (၁၀၅)မိုင် ၀င်းအတွင်းရှိ ယာဉ်များ စစ်ဆေးသည့်
နေရာတွင် ဖြစ်ကြောင်း Eleven Media Group (Facebook)စာမျက်နှာမှာ ရေးသားဖော်ပြထားပါသည်။
မြန်မာနိုင်ငံရဲ့
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို ကူညီတဲ့အနေနဲ့ ဂျပန်အစိုးရက
မြန်မာ လူငယ် အုပ်ချုပ်ရေး ၀န်ထမ်းတွေကို ဂျပန်နိုင်ငံမှာ လာရောက်လေ့လာ
ဆည်းပူးဖို့အတွက် ယန်းငွေ သန်း (၂၀၀)
ထောက်ပံ့မယ်လို့ ဆုံးဖြတ်လိုက်ကြောင်း ဂျပန်အစိုးရ သတင်းရပ်ကွက်ကို ကိုးကားပြီး ယူမီယူရီ ရှင်ဘွန်း သတင်းစာက ဖေါ်ပြလိုက်ပါတယ်။
ဒီကနေ့ ဧပြီလ (၂၀) ရက်နေ့ သမ္မတ ဦးသိန်းစိန် တိုကျိုမြို့ကို ရောက်ရှိပြီး
ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါ နဲ့ တွေ့ဆုံတဲ့အခါ ဒီအစီအစဉ် ကို
ဝန်ကြီးချုပ်က ကြေညာမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအစီအစဉ် အတွက် ဂျပန်အစိုးရက မြန်မာ လူငယ် အုပ်ချုပ်ရေးဝန်ထမ်း (၂၀) ကို လက်ခံမှာဖြစ်ပါတယ်။ မြန်မာလူငယ်တွေအနေနဲ့ ဂျပန်
တက္ကသိုလ်တွေမှာ ဥပဒေ၊ အုပ်ချုပ်ပုံနည်းစနစ်၊ မူဝါဒချမှတ်ပုံ စတာတွေ အပြင်
ဘဏ္ဍာရေး၊ စက်မှုလုပ်ငန်း နဲ့ စိုက်ပျိုးရေးကဏ္ဍတွေ ဖွဲ့ဖြိုး တိုးတက်မှု
ဆိုင်ရာဘာသာရပ်တွေကို လေ့လာဆည်းပူး
နိုင်ကြမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရက ဒီမိုကရေစီ၊ ဈေးကွက်စီးပွားရေး အခြေခံတွေ နဲ့
ဆင်းရဲမွဲတေမှု လျှော့ချရေးတွေ စတင် ဆောင်ရွက်နေပေမဲ့
ဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေ မရှိသလောက် ရှားပါးနေတယ်လို့
ယူမီယူရီ ရှင်ဘွန်း သတင်းစာက ရေးသားပါတယ်။
(ဓာတ်ပုံ-
ဂျပန်-မြန်မာ ဆက်ဆံရေး -၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က မြန်မာ
နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး
ခိုအိ ချီးရိုး ဂင်းဘာ Koichiro Gemba က ဂျပန်နိုင်ငံ
နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ရိပ်သာတွင် လက်ခံတွေ့ဆုံစဉ်။
RFA
AFP PHOTO /
TOSHIFUMI KITAMURA)
အမေရိကန်ပြည်ထောင်စု မေလ (၂၇)ရက်နေ့ နယူးရောက်မြို့မှာ ကျင်းပမယ့် ပြည်သူ့ဂုဏ်ရည် ဆုချီးမြှင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံက
နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူ တက်ရောက်မှာ ဖြစ်တယ်လို့
ပြည်သူဂုဏ်ရည်အသင်းက အာအက်ဖ်အေကို အတည်ပြုပြောဆိုပါတယ်။
ဦးကျော်သူ နဲ့အတူ ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်လည်းလိုက်ပါလာမှာဖြစ်ပြီး
မြန်မာလူမှုရေးလုပ်ငန်း အခြေအနေတွေနဲ့ပတ်သက်လို့အမေရိကန်
ပြည်နယ်တချို့ကို လှည့်လည်ဟောပြောမယ်လို့ ပြည်သူ့ဂုဏ်ရည် အသင်း ပြန်ကြားရေးတာဝန်ခံ ကိုထိန်လင်း က ပြောပါတယ်။
ဦးကျော်သူဟာ ပြည်သူ့ဂုဏ်ရည်ဆု ပထမဦးဆုံးဆုရှင်ဖြစ်ပါတယ်။
ဒီနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ဖို့ ပဏာမအမည်စာရင်း အယောက် (၂၀)ကိုလည်း ဧပြီလ (၁၇)ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ထူးခြားချက်အနေနဲ့ ကချင်ဒုက္ခသည်တွေအရေး ဆောင်ရွက် နေတဲ့ ကချင်လူငယ်
လဖိုင်နော်မိန်း အပါအ၀င် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး
တစိုက်မတ်မတ်ဆောင်ရွက်နေသူ သစ်တောပညာရှင် ဦးအုန်း နဲ့ မနှစ်က
မင်္ဂလာတောင်ညွန့် မေတ္တာမွန် ကုန်လှောင်ရုံကို မီးငြိမ်းသတ်ရင်း
အသတ်စွန့်သွားကြတဲ့ မီးသတ်သမား (၅) ဦးရဲ့ အမည် စာရင်းတွေလည်း ပါဝင်ပါတယ်။
လာမည့် ဧပြီလ (၂၂)ရက်နေ့နောက်ဆုံးထားပြီး ဆန်ကာတင် ဆုရှင်
ငါးဦး (သို့မဟုတ်) ငါးဖွဲ့ အမည် စာရင်းကိုပေးပို့ကြဖို့လည်း ပြည်သူဂုဏ်ရည်
အသင်းက ကြေညာထားပါတယ်။
အမေရိကန်ပြည်ထောင်စုရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ပြည်တွင်း
စေတနာ့ဝန်ထမ်း လူမှု လုပ်ငန်းတွေကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူတွေ ကို
ဂုဏ်ပြုသောအားဖြင့် ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆု ကို
၂၀၀၉ခုနှစ်ကတည်းက နှစ်စဉ်ချီးမြှင့်ခဲ့တာဖြစ်ပြီး ဆုအတွက် အမေရိကန်ဒေါ်လာ
(၁) သောင်း ချီးမြှင့်ပေးအပ်မှာဖြစ်ပါတယ်။
RFA
မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲမှုတွေကို အားပေးချီးမြှင့်တဲ့အနေနဲ့
အမေရိကန်ပြည်ထောင်စု ဟာ မြန်မာ နဲ့ ကုန်သွယ်ရေးလမ်းကြောင်း
ပြန်ဖွင့်သင့်တယ်လို့ အရှေ့အာရှ နဲ့ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်
မူဝါဒရေးရာ ကြီးကြပ်ရေးမှူး အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်ဝက် က မနေ့ က တိုက်တွန်းလိုက်ပါတယ်။
သမ္မတ ဦးသိန်းစိန် ရဲ့ ရဲရင့်ဝံ့စားလှတဲ့ လုပ်ရပ်တွေကို ထောက်ခံအားပေးဖို့ အရေးကြီး ပါတယ်လို့လည်း ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ နေရာအများစုအနိုင်ရခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ အပြီး အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံ
အပေါ် ဘဏ္ဍာရေးဆိုင်ရာ ကူညီပံ့ပိုးရေး နဲ့ ရင်နှီးမြှုပ်နှံမှုတွေမှာ
ပိတ်ဆို့မှုတွေ လျှော့ပေါ့ပေးခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံကထုတ်ကုန်တွေ
တင်သွင်းနိုင်ရေးကတော့ မပါဝင်သေးပါဘူး။ မိမိတို့အနေနဲ့ တားဆီးရမှာတွေ ရှိပါတယ်၊ ဒါပေမဲ့ ကုန်သွယ်ရေးမှာတော့ ရှေ့ကို
လှမ်းသင့်နေပါပြီ၊ အခု အချိန် ဟာ အချိန်ကောင်းပါလို့ မစ္စတာ ဂျင်ဝက် က ဆိုပါတယ်။
လာမယ့် သီတင်းပတ်အတွင်း မြန်မာအပေါ်ပိတ်ဆို့ထားတဲ့ အရေးယူမှုတွေကို
ဘယ်လို့လက်တွေ့ကျကျ လျှော့ပေါ့နိုင်ခြေတွေနဲ့ ပတ်သက်ပြီး
အိုဘားမားအစိုးရအဖွဲ့နဲ့ ကြားနာပွဲတစ်ရပ်ခေါ်ယူကျင်းပမယ်
လို့လည်း ပြောဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာစစ်တပ်နဲ့ ဆက်နွယ်နီးစပ်တဲ့ စွမ်းအင် နဲ့
ကျောက်မျက်လို စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံခွင့်တွေ
ပိတ်ဆို့ထားဆဲဖြစ်ပေမဲ့ ၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ ကြေးနန်း
ဆက်သွယ်ရေးနဲ့ ဘဏ်လုပ်ငန်း ကဏ္ဍ တွေမှာ ရင်းနှီးမြှုပ်နှံခွင့်ပြုလိမ့်မယ်လို့
မျှော်လင့်ရပါတယ်။ အရင်စစ်အစိုးရဟောင်းနဲ့ ဆက်စပ် ပတ်သက်နေသူတွေ ဟာ အပြောင်းအလဲ ကို စိုးရိမ်နေကြတာကြောင့် မြန်မာပြည်
ရှေ့ဆက်ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နိုင်ဖို့အတွက် မက်လုံးတွေ
ဖန်တီးပေးဖို့ အရေးကြီးတယ်လို့လည်း မစ္စတာ ဂျင်ဝက် က ပြောဆိုပါတယ်။
RFA
အခုအခါ ဂျပန် ပင်လယ်စာ သွင်းကုန်လုပ်ငန်းရှင်တွေ အတော်များများ
မြန်မာနိုင်ငံဘက်ကို စိတ်ဝင်စားနေကြ တယ်လို့ ဂျပန် ငါးလုပ်ငန်းဆိုင်ရာ သတင်းဌာနတစ်ခုက ဖေါ်ပြပါတယ်။
ဂျပန် ငါးလုပ်ငန်းရှင်တွေဟာ နော်ဝေးနိုင်ငံက
ငါးသေတ္တာငါးတွေကို တခြားနိုင်ငံကိုတင်ပို့၊ အသင့်စားသုံး နိုင်အောင်
ထုတ်ပိုးပြင်ဆင်ပြီး ဂျပန်ကို ပြန်သွင်းကြပါတယ်။ မူလက လူ နဲ့ လုပ်အား
ပေါတဲ့ တရုတ်ပြည်ကို အဓိကထားပြီး လုပ်ကိုင်နေခဲ့ပေမဲ့ တရုတ်ပြည်မှာ
လုပ်အားခတွေ
ဈေးတက်လာတဲ့အတွက် ထိုင်းနဲ့ဗီယက်နမ် ကိုပါပို့ပြီး ဆောင်ရွက်ခဲ့ ပါတယ်။
အဲဒီနောက် ထိုင်းမှာလည်း လုပ်ခဈေးနှုန်းတွေပြင်ဆင်တိုးမြှင့်လိုက်ရာမှာ
အလုပ်ရှင်တွေက အလုပ်သမားခံစားခွင့်တွေရုတ်သိမ်းလိုက်တဲ့အတွက်
အလုပ်သမားတွေဆန္ဒပြခဲ့ကြလို့ ဂျပန်ကိုပို့မယ့် ပင်လယ်စာစက်ရုံ လုပ်ငန်းတွေ
ထိခိုက်ခဲ့ပါတယ်။
အဲဒါကြောင့် ပွင့်လင်းလာတဲ့ မြန်မာပြည်အပေါ်
ဂျပန် ပင်လယ်စာ သွင်းကုန်လုပ်ငန်းရှင်တွေ မျက်စိကျလာကြ ပါတယ်။ ဒါပေမဲ့
မြန်မာနိုင်ငံမှာ စီးပွားရေးထုတ်ကုန်လုပ်ငန်းတွေအတွက် အခြေခံလိုအပ်ချက်တွေ
မလုံလောက် သေးတာက အဓိကပြဿနာဖြစ်နေပါတယ်။
ဂျပန်ငါးကုန်သည်ကြီးတစ်ယောက်က - ပင်လယ်စာ ပို့ကုန် လုပ်ငန်းမှာ
ကျန်းမာရေးစံချိန်စံညွှန်း အဆင့်မီဖို့ အထူးလိုအပ်လှပါတယ်၊ ဒါပေမဲ့ ဒီအတွက်
မြန်မာပြည်မှာ စံချိန်မီ ဥပဒေဆိုင်ရာပြဌာန်းချက်တွေ
မရှိသေးပါဘူး၊
နောင်မှာ တဖြည်းဖြည်းဖြစ်လာမယ်ဆိုပေမဲ့ အချိန် အတော်ယူရပါဦးမယ်၊ ဒီတော့
တရုတ်ကို ပို့နေတဲ့ နော်ဝေး ငါးသေတ္တာငါးတွေကို မြန်မာပြည်ပြောင်းပို့ဖို့
ချက်ခြင်းလက်ငင်း မဖြစ်နိုင်သေးပါဘူးလို့ ပြောဆိုပါတယ်။
RFA
မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဆည်တဲ ကျေးရွာမှာ မနေ့က ရွာလုံးကျွတ်ဆန္ဒပြပွဲ တစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။
ကြေးနီစီမံကိန်းမှာ လုပ်ကိုင်နေတဲ့ တရုတ် ကုမ္ပဏီတစ်ခုက ဆည်တဲကျေးရွာက လယ်ယာမြေတွေ
ပေါ်မှာ စီမံကိန်းဘေးထွက် ပစ္စည်းတွေ လာရောက် စွန့်ပစ်တဲ့အတွက် ဒေသခံ
တောင်သူတွေက တားဆီး ဆန္ဒပြခဲ့ကြပါတယ်။ စွန့်ပစ်ပစ္စည်းတွေ လာရောက် စုပုံတဲ့
တရုတ်ကုမ္ပဏီ ကား ကိုလည်း ဘုန်းကြီးကျောင်းထဲကို ခေါ်ယူလာပြီး ၀ိုင်းဝန်း
ကန့်ကွက်ခဲ့ကြတယ် လို့ ဆည်တဲရွာသူတစ်ဦးက ပြောပါတယ်။
အဲဒီလို
ဆန္ဒပြ ကန့်ကွက်နေကြစဉ် အတွင်း ဆားလင်းကြီးမြို့ နယ် ရဲစခန်းမှူးနဲ
့ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ပစ်ခတ်လူစုခွဲရလိမ့်မယ်လို့
ခြိမ်းခြောက်ခဲ့ကြောင်း၊ ဆည်တဲရွာကိုလည်း ရဲက ၀ိုင်းထားဆဲ ဖြစ်ကြောင်း
လည်း ဆည်တဲရွာသူက နောက်ဆုံး အခြေအနေကို ပြောဆိုခဲ့ပါတယ်။
ဆည်တဲရွာဟာ တရုတ်ကုမ္ပဏီ တခုက ဦးဆောင်လုပ်ကိုင်နေတဲ့ စီမံကိန်း
နယ်မြေထဲမှာ ပါဝင်ပြီး သက်ဆိုင်ရာက ဖိအားပေး ပြောင်းရွေ့ ခိုင်းထားတဲ့
ရွာတစ်ရွာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒေသခံ တွေက သူတို့  ဘိုးစဉ်ဘောင်ဆက်
လုပ်ကိုင်လာတဲ့ ယာမြေတွေကို မစွန့်ခွာတဲ့ အတွက် အခုလို ကားတွေနဲ့ 
လယ်ယာမြေပေါ်မှာ စီမံကိန်း ဘေးထွက်ပစ္စည်းတွေ လာရောက်စုပုံနေတာ ဖြစ်ကြောင်း
ရွာသူရွာသားတွေ က ပြောဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းကလည်း ဆားလင်းကြီးမြို့နယ် ဒုန်းတော၊ ဂုဏ်တော နဲ့ ရွာသာရွာ က တောင်သူတွေရဲ့ စိုက်ပျိုးခင်းတွေပေါ်
မှာ မြန်မာယမ်စီ ကုမ္ပဏီ က ကြေးနီလုပ်ငန်း စွန့်ပစ်မြေတွေ လာရောက်
စုပုံခဲ့တဲ့အတွက် သီးနှံတွေ ပျက်စီးခဲ့တာကြောင့် ဒေသခံတောင်သူ (၈၀)
လောက်က ကုမ္ပဏီရုံးကို သွားရောက် ကန့်ကွက် ဆန္ဒပြခဲ့ကြပြီး နိုင်ငံတော်
သမ္မတထံကိုလည်း စာရေးသား တိုင်ကြားခဲ့ကြ ပါတယ်။
တရုတ်အမျိုးသားပိုင် မြန်မာယမ်စီ ကုမ္ပဏီ ဟာ မြန်မာ့စီးပွားရေး ဦးပိုင်
လိမိတက် နဲ့ ကြေးနီ ထုတ်လုပ်ရေး ဖက်စပ် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
RFA
အထက်ပိုင်းက မည်မျှပင် good government , clean government ဖြစ်ရန်
ကြိုးစားနေသော်လည်း အောက်ခြေကတော့ ယခင်ခေတ်က အဂတိလိုက်စားမှု အတိုင်း
လိုချင်ရချင်စိတ်များမလျှော့နိုင်သော အခြေအနေများ ဖြစ်ပေါ်လျှက်ရှိပါတယ်။
မန္တလေးတိုင်း မတ္တရာက ဆက်သွယ်ရေး(တယ်လီဖုန်း)စခန်းဟာ သာမာန်စာရေးကြီး
အဆင့်(တာဝန်ခံ)သာဦးဆောင်ရုံးစိုက်တဲ့ရုံးပါ.။ ဒါပေမယ့် ၄င်းတာဝန်ခံနှင့်
ရုံးဝန်ထမ်း။ဆက်သွယ်ရေးဝန်ထမ်းများကတော့ တစ်ခါတည်း ချမ်းသာလောက်တဲ့
ငွေကြေးရမှ ဘယ်အရာမဆို ဆောင်ရွက်ပေးတယ်လို့ ပြောလို့ရပါတယ်။
နိုင်ငံတော်က ကြိုးဖုန်းတန်ဖိုး ခြောက်သိန်းခွဲကို
တရားဝင်သတ်မှတ်ပေးထားပေမယ့် သူတို့ရုံးနှင့်မဆိုင်ကြောင်းပြောလျှက်
မည်သူမျှ လျှောက်ထား၍ မရနိုင်ကြောင်းတာဝန်ခံ ကိုယ်တိုင်ပြန်ပြောပါတယ်။
ဒါပေမယ့် မြို့ထဲက ဆယ်သိန်းပေးသူ မည်သူမဆို
၎င်းတို့အမည်ပေါက်ရနိုင်နေတာကတော့ အံ့သြစရာကောင်းလှပါတယ်။
မြို့ထဲမှာလဲ စီးပွားရေးသမားတွေနဲ့ လက်ဝါးခြင်းရိုက်ပြီး
ကြိုးဖုန်းခွဲများကို ကြိုက်သလိုဆင်နိုင်တယ်။ ဆင်က ၁သိန်းခွဲ လစဉ်ကြေး
၅ထောင်နဲ့ ကြိုက်သလောက်ခွဲပေးမယ်ဆိုပြီး ရတဲ့ငွေတွေအားလုံး ရုံးကလူတွေ
ခွဲယူကြတာဟာ တစ်လကို သိန်းဂဏန်းရှိပါတယ်။ အဲ့ဒီငွေတွေဟာ
နိုင်ငံတော်အခွန်ငွေတွေ မဖြစ်ပဲ ၀န်ထမ်းအိပ်ထဲတန်းရောက်သွားတာကို သိရတော့
နိုင်ငံတော်ကိုယ်စား ရင်နာမိပါတယ်။
နိုင်ငံတော် အစိုးရက ကြိုးဖုန်းလက်ကိုင်ဖုန်းအားလုံးကို
လွှဲပြောင်းရောင်းချနိုင်ကြောင်း လိပ်စာပြောင်း ၂သောင်းခွဲ၊
အမည်ပြောင်းလိပ်စာပြောင်း ၅သောင်း နိုင်ငံတော်သို့
ပေးဆောင်ရန်တရားဝင်သတ်မှတ်ပေးထားသော်လည်း ကြိုးဖုန်းတလုံး
ရွှေ့ပြောင်းလိုသဖြင့် တင်ပြရာ ငွေကျပ် (၂)သိန်း ပေးမှ
ပြောင်းပေးနိုင်မည်ဟု တာဝန်ခံနှင့်လိုင်းတာဝန်ခံက တောင်းပါတယ်။
တော်တော်ပြောဆိုတောင်းပန်ပါမှ ၁သိန်းခွဲနဲ့လုပ်ပေးမယ်။ မမေးနိုင်ရင်
လုံးဝမလုပ်ပေးနိုင်ကြောင်း၊ ကြိုက်တဲ့နေရာ တိုင်နိုင်ကြောင်းပြောပါတယ်။
နိုင်ငံတော်ထက် ၄ဆရမှ လုပ်ပေးမယ့် ရုံးမျိုး မတ္တရာမြို့မှာ ရှိနေတာ
သမ္မတကြီး သိမှ သိပါလေစလို့ ပြောရမလိုပါပဲ။
ဖုန်းပျက်လို့ အကြောင်းကြားရင် ဘယ်တော့မှ တစ်ခါတည်း
ဆောင်ရွက်ပေးလေ့မရှိဘဲ အနည်းဆုံး ခြေကြွခ ၃ထောင်ရမှ မျက်နှာကြည်သာတတ်ပြီး
၂ထောင်ပေးတဲ့အိမ်တွေဆို မှတ်လောက်သားလောက်အောင် ပြစ်ထားတတ်ကြောင်း
လိုင်းမန်း ကိုယ်တိုင်ပြောတာ ကြားဖူးပါတယ်။ မတ္တရာဆက်သွယ်ရေးဟာ သူတို့
လုပ်ချင်သလိုလုပ်နေတဲ့ ထင်ရာဆိုင်း ဌာနတစ်ခု ဖြစ်နေသလို အထက်ကလည်း
လုံးဝထိန်းချုပ်ခြင်း မရှိတာတွေ့ရပါတယ်။
အံသြစရာကောင်းတာကတော့ ဆက်သွယ်ရေးဝန်ထမ်းတွေဟာ မြို့ကိုရောက်တာ
နှစ်ဆယ်ချီရှိနေကြပေမယ့် ပြောင်းရတာ မကြားရတာပါပဲ။
အဲလိုဝါရင့်ဝန်ထမ်းတွေက ဌာနကို
မိမိစီးပွားရေးလုပ်ငန်းအသွင်ဆောင်ရွက်လာတာကတော့ ပြောင်းရွှေ့မချထားတဲ့
အကြီးအကဲတွေကိုပဲ အပြစ်တင်ရတော့မလိုဖြစ်နေပါပြီ။
မြို့သူမြို့သားတွေ အနေနဲ့တော့ တယ်လီဖုန်းပျက်ပြင်ဆင်လျှင် မည်မျှပေးရန်၊
တယ်လီဖုန်းရွှေ့ပြောင်းလျှင်မည်မျှ၊ ဟူ၍ အတိအကျသတ်မှတ်ပေးရန်နှင့်
နှစ်ကြာဝန်ထမ်းဆိုးများပြောင်းရွှေ့ပေးရန်လိုလားလျှက်ရှိပါတယ်။
မတ္တာမှ တာဝန်သိပြည်သူတဦး
နေပြည်တော်တိုင်း၊ပျဉ်းမနားမြို့နယ်၊ ရွာကောက်အုပ်စု၊ ပန်းခင်း(၁)ရပ်ကွက်၊ (၂) ရပ်ကွက်၊ (၃) ရပ်ကွက်အတွင်းရှိ ဘုန်းကြီးကျောင်းများဖြစ်ကြသော-----
၁။ တောရစမ်းမြိုင်ကျောင်း
၂။ ရွေဥဒေါင်းအထက်ကျောင်း
၃။အင်ကြင်းတောင်ကျောင်း
၎။ နန္ဒ၀န်ကျောင်း
၅။ သပြေတောင်ကျောင်း
၆။ ဘုရားကြီးကျောင်း
၇။ ဥပုသ်တောရကျောင်း များအတွင်း မြေများကို တူးဖော်၍ ကျောက်စရစ်များ၊ ကျောက်ခဲများကိုတူးဖော်ရောင်းစားခြင်း၊ ကျောင်းဝင်းများအတွင်းကျောက်ခွဲစက်ထောင်၍ကျောက်ခွဲရောင်းချနေခြင်းကြောင့် အနီးရှိဘုရားစေတီများပြိုကျပျက်စီးမှာကိုစိုးရိမ်မိပါသည်။ မိုးတွင်းအခါမိုးရေတိုက်စားမှုများကြောင့်လည်းတောင်နံရံများပြိုကျနိုင်ပါသည်။ဘုန်းကြီးကျောင်းများအတွင်း သာသနာမြေများပေါ်တွင် ထိုလုပ်ရပ်များသည် မသင့်တော်ဟုလည်းထင်မြင်မိပါသည်။
သန်းဦး (နေပြည်တော်)
Myanmar News Now
နေပြည်တော်တိုင်း၊ ပျဉ်းမနားမြို့နယ်အတွင်းရှိသာသနာမြေ ဘုန်းကြီးကျောင်းဝင်းများအတွင်းကျောက်စရစ်များတူးဖော်ရောင်းချနေကြစဉ် (ဓါတ်ပုံ-သန်းဦး)
ဓာတ်ပုံ AP
တောင်ကိုးရီးယား
ကာကွယ်ရေး ဝန်ကြီး ဌာန က စမ်းသပ် ပစ်လွှတ်လိုက်သော ပဲ့ထိန်းတပ် ဒုံးကျည်အား
တွေ့ရစဉ်။ မြောက်ကိုးရီးယား နိုင်ငံရှိ မည်သည့် ပစ်မှတ် မဆို
ပစ်ခတ်နိုင်စွမ်းရှိသည် ဟု ဆိုသည်။ ဧပြီ ၁၉၊ ၂၀၁၂။
မြောက်ကိုရီးယား နျုးကလီးယားနဲ့ ဒုံးလက်နက်တွေရှိတဲ့ နေရာတွေကို
ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းတပ် ဒုံးကျည်တွေ တပ်ဆင်ထားပြီးပြီလို့
တောင်ကိုရီးယားနိုင်ငံက ပြောပါတယ်။
အဲဒီ ပဲ့ထိန်းဒုံးကျည်တွေ တပ်ဆင်လိုက်တဲ့အကြောင်း တောင်ကိုရီးယား
စစ်ဖက်အရာရှိတဦးက တောင်ကိုရီးယား သတင်းထောက်တွေ နဲ့ ပြုလုပ်တဲ့
သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားလိုက်တာပါ။ မြောက်ကိုရီးယားဖက်က
မအောင်မြင်တဲ့ ဒုံးပျံ စမ်းသပ်ပစ်လွှတ် လိုက်ပြီး နောက်ထပ် နျုးကလီးယား
စမ်းသပ်ဖောက်ခွဲမှုအတွက် ပြင်ဆင်မှုတွေ လုပ်နေတယ်ဆိုတဲ့ စိုးရိမ်မှုတွေ
ထွက်ပေါ်နေတာကြောင့် အခုလို တပ်ဆင်တာလဲ ဖြစ်ပါတယ်။
အဲဒီ ပဲ့ထိန်းတပ်ဒုံးကျည်ကို ပစ်လွှတ်ပုံ၊ ဝေဟင်မှာပျံသွားပုံနဲ့
ပစ်မှတ်ကို ထိမှန်သွားတဲ့ ဗွီဒီယို မှတ်တမ်းတွေကို တောင်ကိုရီးယားအစိုးရက
နောက်ပိုင်းမှာ ပြသခဲ့ပါတယ်။
အဲဒီ ဒုံးကျည်ဟာ မိုင် ၆၂၀ ကျော်အထိ အရောက်သွားနိုင်တာမို့
မြောက်ကိုရီးယားနိုင်ငံအတွင်းက ဘယ်နေရာကိုမဆို ပစ်လို့ရတယ်လို့
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက အရာရှိတဦးဖြစ်သူ ဗိုလ်ချုပ်ကြီး
ရှင်ဝန်ဆစ် (Shin Won-sik) က ပြောပါတယ်။
တောင်ကိုရီးယားက အခု တပ်ဆင်လိုက်တဲ့ ပဲ့ထိန်းတပ် ဒုံးကျည်ဟာ
ရန်သူ့နယ်မြေအတွင်း ခပ်နိမ့်နိမ့်ပျံသန်းပြီး ပစ်မှတ်ကိုထိအောင်
ပစ်နိုင်တဲ့ စွမ်းအားရှိတယ်လို့ ဆိုပါတယ်။
By ဗွီအိုအေ (မြန်မာပိုင်း ဌာန)
ဓာတ်ပုံ AP
အိန္ဒိယ ကာကွယ်ရေး
ဝန်ကြီးဌာန မှ ပြသတဲ့ ဓာတ်ပုံတွင် တွေ့ရသော မိုင် ၃၁၀၀ (ကီလိုမီတာ ၅၀၀၀)
အထိ ရောက်နိုင်သော အဂနီ ငါး (Agni-V) ဒုံးကျည်အား တွေ့ရစဉ်။ ဧပြီလ ၁၉၊
၂၀၁၂။
တရုတ်နဲ့ ဥရောပက ပစ်မှတ်တွေအထိ ရောက်နိုင်ပြီး
နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်တဲ့ တာဝေးပစ် ဒုံးကျည် တခုကို အိန္ဒိယက စမ်းသပ်
ပစ်လွှတ်လိုက်ပါတယ်။ အခုလိုမျိုး အဆင့်မြင့်ဒုံးကျည်ကို ပြည်တွင်းမှာ
အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခဲ့တဲ့အတွက် အိန္ဒိယနိုင်ငံ ဟာ
တိုက်ချင်းပစ် နျူကလီးယား လက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံအနည်းငယ်တွေကြားမှာ
တနိုင်ငံအဖြစ် ပါဝင်လာပါတော့တယ်။
တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်အထိကို နျူကလီးယား
ထိပ်ဖူးတပ်ဆင်နိုင်စွမ်းရှိတဲ့ ဒုံးကျည်ကို အောင်အောင်မြင်မြင်
စမ်းသပ်ပစ်လွှတ် နိုင်တဲ့အကြောင်း ဒီကနေ့ပဲ ကြေညာလိုက်တဲ့အတွက် အရေးပါတဲ့
ဒုံးလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတခု ဖြစ်လာခဲ့တာပါ။
အဂနီ ငါး (Agni V) လို့ အမည်ပေးထားတဲ့ တာဝေးပစ်ဒုံးကျည်ကို မနက် ၈
နာရီနောက်ပိုင်းမှာ အိန္ဒိယနိုင်ငံ သြရသ (Orissa) ပြည်နယ်အရှေ့ဘက်မှာရှိတဲ့
ဝီလာ (Wheeler) ကျွန်းပေါ်ကနေ စမ်းသပ်ပစ်လွှတ်လိုက်တာပါ။
အောင်မြင်တဲ့ ဒီစမ်းသပ်မှုနဲ့ပတ်သက်ပြီးတော့ အိန္ဒိယ၀န်ကြီးချုပ်
မန်မွန်းဟင်ဆင်း (Manmohan Singh) က တိုင်းပြည်ကာကွယ်ရေးမှာ
ကိုယ့်အားကိုယ်ကို ဆောင်ရွက်နိုင်အောင် ကူညီပေးခဲ့ကြတဲ့ အိန္ဒိယ
သိပ္ပံပညာရှင် တွေကို ချီးကျူးလိုက်ပါတယ်။
“အဂနီ ငါး (Agni V) ဒုံးကျည်ကို အောင်အောင်မြင်မြင်နဲ့
စမ်းသပ်ပစ်လွှတ်နိုင်မှုဟာဆိုရင် - အိန္ဒိယသိပ္ပံနဲ့ နည်းပညာကဏ္ဍက အမျိုးသားရေး
တာဝန်တွေကို ခေတ်မှီဆန်းသစ်မှုတွေ၊၊ သန္နိဓာန် ခိုင်မာမှုတွေနဲ့ ဂုဏ်ပြုမှု
တခုပါပဲ။”
ဒါ့အပြင် အိန္ဒိယနိုင်ငံဟာ အခုဆိုရင် ကမ္ဘာပေါ်မှာ စစ်အင်အား အဆင့်မြင့်
နိုင်ငံတွေနဲ့ တန်းတူ နျူကလီးယားဒုံးကျည်ပစ်နိုင်စွမ်းတဲ့
နိုင်ငံတခုဖြစ်ခဲ့ပြီလို့လည်း အိန္ဒိယ ကာကွယ်ရေးအရာရှိတွေက ပြောဆိုခဲ့ပါတယ်။
အခု စမ်းသပ်အောင်မြင်ခဲ့တဲ့ အဂနီ ငါး (Agni V) ဒုံးကျည်ဟာဆိုရင် -
မိုင်ပေါင်း သုံးထောင်တစ်ရာကျော် အထိကို ပစ်လွှတ်နိုင်ပြီး -
တရုတ်နိုင်ငံရဲ့ မြို့တော် ဘေဂျင်း နဲ့ ရှန်ဟိုင်းမြို့တွေအထိကို
နျူကလီးယား ဒုံးကျည် ပစ်လွှတ်နိုင်တဲ့ မဟာဗျူဟာစွမ်းရည်မှာ အကြီးအကျယ်ကို
တိုးတက်မှုတခုလို့ လည်း ဖော်ပြခဲ့ကြတာပါ။
တရုတ်သတင်းမီဒီယာတွေမှာတော့ သိပ်မဝေးတော့တဲ့ အနာဂတ်မှာ တရုတ်နိုင်ငံနဲ့
လက်နက်နည်း ပညာချင်း ယှဉ်ပြိုင်ကြတဲ့အခါ အိန္ဒိယ အနေနဲ့ နိုင်-နိုင်စရာ
မရှိဘူးလို့ ပြောဆိုပြီး အိန္ဒိယရဲ့ စမ်းသပ်မှုအပေါ် သတိပေးနေကြပါတယ်။
ဒါပေမဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လီ ဝေမင်း
(Liu Weimin) ကတော့ လက်နက် အပြိုင်တပ်ဆင်မှု အပေါ် လျှော့လျှော့ပေါ့ပေါ့
ပြောသွားခဲ့တာပါ။
“တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ ဆိုတာ တိုးတက်တဲ့ နိုင်ငံကြီးတွေပါ။
ကျနော်တို့ဟာ ပြိုင်ဘက်တွေ မဟုတ်ကြ ပါဘူး။ လုပ်ဖော်ကိုင် ဖက်တွေပါ။
လက်ရှိမှာ ခက်ခက်ခဲခဲ ကြိုးပမ်းအောင်မြင်နေတဲ့ တိုင်းပြည် အကျိုးစီးပွား
ကိစ္စရပ် တွေအပေါ် နှစ်နိုင်ငံစလုံးက မြတ်နိုး တန်ဖိုးထား ကြမယ်ဆိုတာကိုလည်း
ယုံကြည် ပါတယ်။ ပြီးတော့လည်း ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်းရေးကို
ရှေးရှုပြီး ပွင့်လင်းတဲ့ နည်းဗျူဟာ ပူးပေါင်း ဆောင်ရွက်မှုတွေမှာ ကူညီဖို့၊
တိုးတက်အောင် ပူးပေါင်းဆောင်ရွက်ဖို့နဲ့ အပြုသဘော ကူညီ
ဆောင်ရွက်ဖို့အတွက်ကို ကြိုးစားကြရ မှာပါ။”
ဒီစမ်းသပ်ပစ်လွှတ်မှု မတိုင်ခင်တုန်းကလည်း -
ဒုံးကျည်ပစ်လွှတ်မှုနဲ့ပတ်သက်ပြီး ခြိမ်းခြောက်မှုတရပ်အဖြစ် မမြင်ရလေအောင်
အိန္ဒိယ အရာရှိတွေကတော့ သတိထားခဲ့ကြပါတယ်။ အိန္ဒိယမှာ နျူကလီးယားလက်နက် စတင်
အသုံးပြုမယ့် မူဝါဒ မရှိသလို - အိန္ဒိယရဲ့ ဒုံးကျည်စနစ်ဟာလည်း
တိုင်းပြည်တခုခုအပေါ် ရည်ရွယ် ချမှတ်ထားတာ မဟုတ်ဘူးလို့လည်း သူတို့က
ပြောဆိုခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုကတော့ နျူကလီးယားကျည်ဖူးတပ် ဒုံးလက်နက်
စမ်းသပ်မှုတွေနဲ့ပတ်သက်ပြီး အကန့်အသတ်နဲ့ လုပ်ဆောင်ကြဖို့
နျူကလီးယားပိုင်ဆိုင်တဲ့ နိုင်ငံအားလုံးကို တောင်းဆိုနေတာ ဖြစ်ပါတယ်။
By နန္ဒာချမ်း (ဗွီအိုအေ-မြန်မာပိုင်း)
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကိုယ်စားလှယ်တွေ ဧပြီလ တစ်ရက်နေ့က
ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အများစုကြီးအနိုင်ရပြီး လွှတ်တော်ထဲ
ရောက်ရှိ သွားမယ့် အောင်မြင်မှုကို နိုဘဲလ်ဆုရှင်များနဲ့
နိုင်ငံ့ခေါင်းဆောင်ဟောင်းတွေ ပါဝင် ဖွဲ့စည်းထားတဲ့ The Elders အဖွဲ့ကြီးက
ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ လွှတ်တော်ရဲ့
နေရာ အနည်းစုကိုသာရတယ်ဆိုပေမဲ့ အတိုက်အခံပါတီတွေအဖြစ် ရှေ့လျှောက်
ဒီမိုကရေစီလမ်းစဉ်ကို ဖော်ဆောင်ရာမှာ အပြုသဘောဆောင်တဲ့ ပထမခြေလှမ်းကို
လှမ်းနိုင်လိမ့်မယ်လို့လည်း သူတို့က မျှော်လင့်ကြပါတယ်။
The Elders
အဖွဲ့ရဲ့သဘာပတိဖြစ်တဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး Desmond
Tu Tu က ပြောဆိုရာမှာ တော့ ကျနော့်အနေနဲ့ ကျနော့်ရဲ့ညီမငယ်ဖြစ်တဲ့
ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝလေးစားပါတယ်၊ သူ့ရဲ့လွှတ်တော်
ရွေးကောက်ပွဲအနိုင်ရမှုက မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ လမ်းစဉ်ကို
ထိတွေ့ခွင့်ရတဲ့အချိန်ပဲဆိုတာကို ကမ္ဘာက ဘယ်တော့မှ မေ့တော့မှာမဟုတ်ပါဘူး။
ဒါပေမဲ့လည်း အမှန်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ NLD ပါတီအပြင် တခြား
နိုင်ငံရေး ပါတီတွေ လိုအပ်နေတာက လွှတ်တော်ထဲမှာ အဓိပ္ပာယ်ရှိတဲ့ နေရာကနေ
လှုပ်ရှားဆောင်ရွက်ခွင့် နေရာတွေ ရဖို့ပဲ ဖြစ်ပါတယ်။ တကယ်လို့ အဲဒီလိုသာ
မဖြစ်ခဲ့ဘူးဆိုရင်တော့ ဒါဟာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အတွက်ရော
ကျနော်တို့ အားလုံးအတွက်ပါ ဒါက သိပ်ကို စိတ်ပျက်စရာ ဖြစ်လာပါလိမ့်မယ်လို့
ဘုန်းတော်ကြီးက ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ သမ္မတ
ဦးသိန်းစိန် ၂၀၁၁ ခုနှစ် မတ်လမှာ တက်လာပြီးနောက်ပိုင်း နိုင်ငံရေး
အကျဉ်းသားတွေ ရာနဲ့ချီပြီး လွှတ်ပေးခဲ့တာ အပါအ၀င် အလုပ်သမားဥပဒေတွေကို
ပြင်ဆင်တာ၊ မီဒီယာတင်းကျပ်မှုတွေကို ဖြေလျှော့တာနဲ့ NLD ကို ပြန်လည်
မှတ်ပုံတင်ခွင့်ပြုခဲ့တာတွေကိုလည်း The Elders အဖွဲ့က ကြိုဆိုခဲ့ပါတယ်။
ဒီလို အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေ
ပိုအားကောင်းစေဖို့အတွက် ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း
ခြွင်းချက်မရှိ ထပ်လွှတ်ပေးဖို့နဲ့ လွှတ်ပေးထားတဲ့
နိုင်ငံရေးအကျဉ်းသားဟောင်းတွေကိုလည်း လွတ်လပ်စွာ ပြောဆိုလှုပ်ရှားခွင့်
ပြုဖို့တွေကိုလည်း The Elders အဖွဲ့က တိုက်တွန်းထားပါတယ်။
ဒါ့အပြင်
တိုင်းရင်းသားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းတဲ့လုပ်ငန်းစဉ်မှာ
အမျိုးသားပြန်လည် သင့်မြတ်ရေး ပန်းတိုင်ထိ ရောက်အောင်သွားဖို့လည်း
တိုက်တွန်းထားပါတယ်။
နိုင်ငံတကာကို အကြံပေးရာမှာတော့ မြန်မာအစိုးရဘက်က
တိုင်းပြည် ပြန်လည်တည်ဆောက်ရေးလုပ်နေတာကို ပိုပြီး အကူအညီပေးနိုင်မယ့်
နည်းလမ်းတွေရှာဖို့နဲ့ အစိုးရကို လွှတ်တော် ကိုယ်စားလှယ်တွေနဲ့
တိုက်ရိုက်ညှိနှိုင်းဆောင်ရွက်ရေး တိုက်တွန်းသွားဖို့နဲ့
ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နည်းပညာအကူအညီအတွက် လိုအပ်ချက်တွေကို
ထောက်ပံ့ပေးသွားဖို့နဲ့ နိုင်ငံမှာ လိုအပ်နေတဲ့ စာနာထောက်ပံ့ရေးတွေအတွက်
အကူညီပေးသွားဖို့လည်း The Elders အဖွဲ့က အကြံပေးထားပါတယ်။
By မေငြိမ်း (ဗွီအိုအေ-မြန်မာပိုင်း)