ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့မှာ ရေကစား (ရုပ်/သံ)


ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့ မှာရေပတ်နေစဉ် (ဓါတ်ပုံ-Facebook)



လူထုခေါင်းဆောင်အား သွားရောက်ဂုဏ်ပြုဖျော်ဖြေနေစဉ်



ကလေးတွေရဲ့ တောင်းဆိုမူကို လိုက်လျောပြီး ခြံအပြင်ထွက်လာ နှုတ်ဆက်တဲ့ အမေစု .......

ဓါတ်ပုံ - ဦးစောလှိုင်

နှစ်ဆန်းတစ်ရက်တွင် ကော့မှုးမှသက်ကြီးမဲဆန္ဒရှင် ၆၂ဦးကို ဒေါ်အောင်ဆန်းစုကြည် ဂါရ၀ပြုမည်

ယနေ့ အိမ်ရှေ့မှာတွေ့ ရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ-Facebook)
 ရွေး ကောက်ပွဲတွင် ကော့မှုးမြို့နယ် ကျေးရွာအုပ်စုများမှ မဲပေးခဲ့သည့် အသက် အကြီးဆုံးမဲဆန္ဒရှင်(၆၂) ဦးကို မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် ဖိတ်ကြားကာ ဒေါ်အောင်ဆန်းစုကြည်မှ ဂါရ၀ပြုကန်တော့မည်ဟု သိ ရသည်။

ကော့မှုးမြို့နယ်တွင် ကျေးရွာ အုပ်စု(၆၂)စုရှိရာ အုပ်စုတစ်စုစီမှ မဲပေးခဲ့သူ အသက် အကြီးဆုံး ပုဂ္ဂိုလ် တစ်ဦး စီကို ဖိတ်ကြားမည်ဟု ကော့မှုးမဲအောင်နိုင်ရေးအဖွဲ့ မှ ဦးလှမြင့်က ပြော သည်။

“  NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ကိုမဲပေးမှမဟုတ်ဘူး၊ဘယ်ပါတီပဲ မဲထည်ခဲ့ထည်ခဲ့ အုပ်စုတစ်စုစီက အသက်အကြီးဆုံး မဲထည့်ခဲ့သူ၊ ကော့မှုး ကိုလည်းလာနိုင် လောက်တဲ့လူ ကိုပြောတာပါ ” ဟု ၎င်းက ရှင်းပြသည်။

သက်ကြီး ပုဂ္ဂိုလ်များကို ကော့မှုးသို့ ဖိတ်ကြား၍ ဂါရ၀ပြုကန်တော့ပြီးပါက ၎င်းတို့ ထဲမှ ပထမဆု၊ဒုတိယဆု၊တတိယဆု သုံးဆုကို မဲနှိုက်ရွေးချယ်ကာ ရပ်ရွာအကျိုးပြု ရန်ပုံငွေများ ပေးအပ်ချီးမြုင့်မည်ဟု သိရသည်။

ရန်ပုံငွေအနေဖြင့် ပထမဆု (၁၇၅)သိန်း၊ ဒုတိယဆု(၇၅)သိန်း၊ တတိယဆု သိန်း(၅၀) ချီးမြုင့်မည်ဖြစ်သည်။

“ မဲပေါက်တဲ့ ဘိုးဘွားရဲ့  ရွာတွေက ဒီငွေတွေကို ရပ်ရွာအကျိုးအတွက် ဘယ်နေရာတွေမှာသုံးမလဲဆိုတာ စီမံချက် ဆွဲပြီး ပြန်တင်ပေးရမယ်။ ကျေးရွာရန်ပုံငွေသဘောပေါ့။ ”ဟု ကော့မှုးမဲအောင်နိုင်ရေး အဖွဲ့ ၀င် ကိုလင်းဇော်က ပြောသည်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့ တွင် ပြုလုပ်မည့် အဆိုပါ ဂါရ၀ပြုကန်တော့ပွဲသို့ ရန်ကုန် မှ အနုပညာရှင်များလည်း လာရောက်ကာအနာပညာ ဖျော်ဖြေရေးအစီအစဉ်များတင်ဆက်ကြမည်ဟု သိရသည်။

ကျော်ရဲလင်း
Popular Myanmar News Journal 

မြစ်ကြီးနားမြို့ ထူးမဏ္ဍပ်တွင် ဗုံးပေါက်ကွဲ၊ သေပျောက် ဒဏ်ရာရမှု မသိရှိရသေး

ည ၁၀နာရီခွဲ-ဧပြီ ၁၄ ရက်၊ ၂၀၁၂ ခုနှစ်၊ ဆိုင်းဆွတ် YPI

မြစ်ကြီးနားမြို့ခံများ သင်္ကြန်အကြတ်နေ့ မဏ္ဍပ်များတွင် ဖျော်ဖြေပွဲများ ကြည့်ရှုနေခိုက် ည ၉နာရီဝန်းကျင်တွင် ဗုံးတလုံး ပေါက်ကွဲခဲ့သဖြင့် ဖျော်ဖြေမှုများ အားလုံး ရပ်ဆိုင်းပြီး မိမိတို့ နေအိမ်များသို့ အမြန်ဆုံး ပြန်နေကြသည်။

ပေါက်ကွဲသည့်နေရာမှာ စိမ်းမြဧရာ ပန်းခြံအနီး ထူးမဏ္ဍပ်တွင် ဖျော်ဖြေနေစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ယင်းမဏ္ဍပ်မှာ လီဒိုလမ်းမကြီးပေါ်တွင်တည်ရှိပြီး ယုဇနနှင့် ရန်ကြီးအောင် ရပ်ကွက်အနီးဖြစ်သည်ဟု သိရသည်။ ဒဏ်ရာရရှိမှုနှင့် အသေအပျောက်စာရင်းကိုမူ မသိရှိရသေးပေ။

ယခုနှစ် မြစ်ကြီးနားမြို့ သင်္ကြန်မှာ အစည်ကားဆုံး နှစ်တနှစ်ဖြစ်၍ မဏ္ဍပ်ပေါင်း ၂၇ ခုရှိသည်ဟု လည်းသိရှိရသည်။ ။


Yangon Press International

သမ္မတထံ NLD အကြံပြုစာ ပေးပို့

ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်သစ်တွေ ကျမ်းကျိန်တဲ့အခါ ရွတ်ဆိုရတဲ့ စကားလုံး အသုံးအနှုန်း ပြင်ဆင်ဖို့ ကိစ္စကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံတော်သမ္မတဆီ အကြံပြုစာ ဒီကနေ့ တင်ထားတယ်လို့ ပြောပါတယ်။ ကျမ်းကျိန်တဲ့အခါ ရွတ်ဆိုရတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ် ဆိုတဲ့ စကားလုံးအစား ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစား လိုက်နာမယ် ဆိုတဲ့ စကားလုံး ပြင်နိုင်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြိုးစားနေတာဖြစ်ပါတယ်။ ဒီအကြောင်းကို မသင်းသီရိက တင်ပြထားပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စာလှယ်တွေဟာ  လွှတ်တော်မတက်ခင် ကျမ်းကျိန်တဲ့အခါ ဖွဲ့စည်းပုံအခြေခံကို ကာကွယ် စောင့်ရှောက်ပါမယ် ဆိုတဲ့ စကားလုံးအစား လေးစားလိုက်နာပါမယ် ဆိုတာကို ပြောင်းလဲရွတ်ဆိုနိုင်ဖို့ အတွက် ဥပဒေနဲ့အညီ ပြင်ဆင်နိုင်ဖို့ကို NLD ပါတီက သမ္မတဆီ တိုက်ရိုက် စာပို့ထားတယ်လို့ ပြောပါတယ်။ NLD ပါတီက တင်ပြထားတဲ့ အကြံပြုလွှာကို ဒီကနေ့ ဧပြီလ ၁၄ ရက် စနေနေ့မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရှိတဲ့ နေပြည်တော်ကို သွားတင်ခဲ့တာ ဖြစ်တယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“သမ္မတကြီးဆီ တင်တာ။ သမ္မတကို အကြံပေးတာပေါ့လေ။ ကျနော်တို့ အနေနဲ့ ကျနော်တို့ အကြံပေးကြတာပါ။ ဒီနေ့မှ ရောက်တာပေါ့။ ကျနော်တို့ကတော့ ကျမ်းကျိန်လွှာမှာ ပြင်စေချင်တာပေါ့နော်။ ဥပဒေနဲ့အညီ ပြင်စေချင်တာပေါ့။ ကျနော်တို့ ကျမ်းကျိန်လွှာမှာပါတဲ့ စကားလုံးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အကြံပြုချက်လေးတွေ တင်ထားပါတယ်။ အကြံပြုချက်လေးတွေ တင်ထားတဲ့အပေါ်မှာ ပြေလည်ကောင်းမယ်လို့ မျှော်လင့်တယ်လေ။”
အခုက NLD ပါတီက်က အကြံပြုစာသာ ဖြစ်တဲ့အတွက် နိုင်ငံတော်သမ္မတဆီကို တင်ပြတာသာ ဖြစ်ပြီး ဆုံးဖြတ်ချက်တခုခု ရှိမှသာ လိုအပ်ရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးကို တင်ရမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ဧပြီလ ၂၃ ရက်နေ့မှာ ပြည်သူ့လွှတ်တော် အစည်းအဝေး ပြန်စဖို့ ရှိနေပြီး အဲဒီမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရွေးချယ်ခံ ကိုယ်စားလှယ်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေပါ တက်ဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ လွှတ်တော်မတက်ခင် ကျမ်းကျိန်တဲ့အခါ အခုလို ပြောင်းလဲရွတ်ဆိုနိုင်ဖို့ ပြင်ဆင်တာ အချိန်မှီမကျရင်တော့ အဲဒီရက်မှာ NLD က ကိုယ်စားလှယ်တွေ လွှတ်တော်တက်ဖြစ်မှာ မဟုတ်ဘူးလိုလည်း ပြောပါတယ်။
“ဟုတ်ပါတယ်။ မမီရင် နောက်ပိုင်းမှ တက်ဖြစ်မှာပါ။ သိပ်တော့ ကြာမယ်မထင်ဘူး။ ဒါပေမဲ့လို့        သင်္ကြန်တွင်းတော့ ဖြစ်နေတော့ အဲဒါတော့ မပြောတတ်ဘူး။ သင်္ကြန်တွင်းကလည်း ပိတ်ရက်တွေက များနေတော့။”
NLD ပါတီက ပြောခွင့်ရသူ ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက် ဗုဒ္ဓဟူးနေ့က သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ နှစ်ဦးတည်း သီးသန့်တွေ့ဆုံ ဆွေးနွေးပါတယ်။ နှစ်ဘက်တာဝန်ရှိသူတွေ ဆွေးနွေးကြတဲ့ အကြောင်းအရာတွေကို အပြည့်အစုံ ထုတ်ပြန်ခြင်းမရှိပေမဲ့ အခု ကျိမ်းကျန်ရာမှာ စကားလုံး အပြောင်းအလဲ ရွတ်ဆိုနိုင်ရေး ကိစ္စတွေလည်း ပါဝင်မယ်လို့ NLD ဘက်ကတော့ ပြောထားပါတယ်။
မြန်မာ့နိုင်ငံရေးထဲမှာ ဒီမိုကရေစီခေါင်းဆောင်တဦးအဖြစ် အားလုံးက အသိအမှတ်ပြုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆိုရင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦး အနေနဲ့လည်း ပါဝင်တော့မှာဖြစ်သလို သူအနိုင်ရခဲ့တဲ့ ကော့မှူးမြို့နယ်ကိုလည်း ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ သွားပြီး အလှူအတန်း ပြုလုပ်ဖို့တွေလည်း စီစဉ်ထားတယ်လို့ NLD ပါတီက ပြောပါတယ်။


မန္တလေး စာရေးဆရာ၊ ကဗျာဆရာများ၏ "တော်ရိ လျော်ရိ" သင်္ကြန်သံချပ် (ရုပ်/သံ)


မြန်မာသက္ကရာဇ် ၁၃၇၃- ၇၄ ခုနှစ်
မန္တလေးမြို့တော် မဟာသင်္ကြန်
မန္တလေးမြို့ စာရေးဆရာ၊ ကဗျာဆရာများ၏

"တော်ရိ လျော်ရိ" သင်္ကြန်သံချပ်အပိုင်းအစအချို့

Download Link:
http://www.mediafire.com/?f8482ef9dpj56kz

၁၂.၄.၂၀၁၂၊ မန်း သင်္ကြန်အကြိုနေ့

CJMyanmar 030

ပါပါလေး သံချပ်အဖွဲ့  မန္တလေးမှာ ကြိတ်ကြိတ်တိုးနေ (ရုပ်/သံ)


သောကြာနေ့၊ ဧပြီလ ၁၃၊ ၂၀၁၂

မန်းသင်္ကြန်နှင့် လူရွှင်တော် နှုတ်ခမ်းမွှေး ပါပါလေး သံချပ်အဖွဲ့ လူရွှင်တော် နှုတ်ခမ်းမွှေး ပါပါလေး သံချပ်အဖွဲ့ ခွပ်လိုက်ကြစို့ သူငယ်ချင်း (ဗြောင်ပြော ဒဲ့ပြော) Download Link: http://www.mediafire.com/?55ox65m16l3dqv1 သံချပ်မှာ ပညာရေး၊ ကျန်းမာရေး၊ တရာရေး၊ စည်ပင်၊ လျှပ်စစ်၊ ပြည်သူ့ဟစ်တိုင်၊ မော်တော်ပီကယ် အစသဖြင့် ကဏ္ဍများစွာပါသည့်အနက် ကျန်းမာရေးကဏ္ဍကို သံချပ်ထိုးစဉ် ရိုက်ကူးတင်ဆက်ထားတာပါ။

CJMyanmar

အောင်စည်ရွမ်းသံ ကြားပြီထင့် ပြည်တော်ဝင်မယ်လေ

pyi taw win

“အခါတော်ရောက်ချိန် နီးလို့လာပြီလေ 
ဒေါ်ဒေါ် မမ နှမ တို့ရေ အသည်းစွဲ ချစ်မိတ်ဆွေ ခေတ္တ ခွဲလို့နေ 
မြို့မနဲ့ အတူတကွ လိုက်ပါနိုင်စေ 
အောင်စည်ရွမ်းသံ ကြားပြီထင့် ပြည်တော်ဝင်မယ်လေ။”

ပြည်တော်ဝင်၊ အေ၀မ်း ဆရာညှာ


ပြည်တော်ဝင် ဆိုသည်မှာ ကိုယ့်တိုင်းပြည်၊ ကိုယ့်အရပ်သို့ အိမ်ပြန်ချိန် ပင် ဖြစ်လေတော့သည်။

ရန်ဝင်း (တောင်တံခါး)

ထိုင်း သင်္ကြန် သေဆုံး ဒါဏ်ရာရသူများ

ထိုင်းဝန်ကြီးချုပ်Yingluck Shinawatra
ထိုင်းနိုင်ငံ သင်္ကြန်ကာလ ၃ ရက်(ဧပြီ ၁၁-၁၃ ရက်နေ့ အထိ)အတွင်း သေဆုံးသူ ၁၄၄ ဦး၊ ထိခိုက်ဒါဏ်ရာရသူ ၁၆၆၈ ဦးရှိသွားပြီးထိုင်းနိုင်ငံ သင်္ကြန်ကာလအတွင်း ယဉ်တိုက်မှု၊ ရန်ဖြစ်ထိခိုက်မှု ကြောင့် နှစ်စဉ်လူသေဆုံးမှု ဖြစ်တာကြောင့် ဘေးအန္တရာယ်ရှိတဲ့ 
သင်္ကြန်ကာလ ၇ ရက်သတ်ထားပါတယ်။

 ဧပြီလ ၁၁ ရက်နေ့ မှ ၁၇ ရက်နေ့ အထိဖြစ်ပါတယ်။ ဘေးအန္တရာယ်လျှော့ကျရေး
အတွက် သက်ဆိုင်ရာက ကြိုးစားလုပ်ဆောင်နေပေမယ့် သေဆုံးမှုနှစ်စဉ် ဖြစ်ပွား
ပါတယ်၊ အများစုက အရက်မူးယဉ်မောင်တာကြောင့် ယဉ်တိုက်မှုဖြစ်ပွားတာများတယ်။

ဘီဘီစီ ၀င်းမြင့် BBC  (Facebook)

ဗြိတိန်ဝန်ကြီးချုပ် တိုင်းရင်းသား ခေါင်းဆောင် တချို့နှင့်တွေ့


ဓါတ်ပုံ (Google Images)
ဗြိတိန်ဝန်ကြီးချုပ်တယောက်အနေနဲ့ ပထမဆုံး မြန်မာနိုင်ငံကို သောကြာနေ့က လာသွားတဲ့ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်ဟာ သူ့ရဲ့ တစ်ရက်တာခရီးစဉ်မှာ သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အပြင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု ရှိလာတာနဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ တဆင့်ပြီးတဆင့် ရလာမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် ကင်မရွန်းက ပြောခဲ့တဲ့အကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ခေါင်းဆောင် ဦးအေးသာအောင်က ဗွီအိုအေကို ပြောပါတယ်။ ဦးအေးသာအောင် အပါအဝင် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) အတွင်းရေးမှူး ဦးဦးလှစော စတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ မစ္စတာ ကင်မရွန်းတွေ့ဆုံပြီးတော့ မြန်မာ့နိုင်ငံရေးနဲ့ တိုင်းရင်းသားအရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတာပါ။ သူတို့ တင်ပြဆွေးနွေးခဲ့ကြတဲ့အကြောင်း အပြည့်အစုံကိုတော့ ကိုဝင်းမင်းက ဆက်တင်ပြပေးထားပါတယ်။
မြန်မာသမ္မတဦးသိန်းစိန်နဲ့ မကြာခင်က ရွေးချယ်ခံခဲ့ရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကို သူ့ရဲ့ တစ်ရက်တာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ တွေ့ဆုံခဲ့တဲ့ ဝန်ကြီးချုပ် ကင်မရွန်းဟာ ဒီမိုကရေစီရေးအပြင် နောက် အရေးပါတဲ့ တိုင်းရင်းသားအရေးကို ဖြေရှင်းနိုင်ဖို့ အတွက်လည်း တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ သီးသန့်တွေ့ဆုံခဲ့ရာမှာ ဆွေးနွေးခဲ့ကြတဲ့ ကိစ္စတွေ အကြောင်းကို  ဦးအေးသာအောင်က အခုလို ရှင်းပြပါတယ်။
"အဓိက-ကတော့ ဝန်ကြီးချုပ် ပြောတာက ဒီနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲပေါ်မှာ အကောင်းမြင်တယ်၊ ဒါပေါ်မှာ ဆက်လက်ပြီးတော့ ကြိုးပမ်းသွားရမယ်၊ အထူးသဖြင့် တောင်ပေါ် တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးက တိုင်းရင်းသားကိစ္စတွေ၊ တိုင်းရင်းသားပြဿနာတွေကို သူက နားထောင်ချင်တဲ့အကြောင်းတွေကို ပြောပါတယ်။
အန်ကယ်ကတော့ ဒီနေ့လက်ရှိ နိုင်ငံရေးအခြေအနေအပေါ်မှာ ကျနော်တို့ အထဲမှာ ရှိတဲ့ တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးရဲ့ မြင်ပုံ၊ ပြီးတော့ လတ်တလော ဖြစ်နေတဲ့ အပစ်အခတ်ရပ်စဲဖို့ ဆွေးနွေးတဲ့ ကိစ္စတွေဟာ တကယ် ကျေနပ် အားရလောက်တဲ့ အနေအထားမရှိတဲ့အကြောင်း၊ အထူးသဖြင့် ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့အကြောင်းတွေ၊ ရေရှည်မှာ တကယ့် ထာဝရငြိမ်းချမ်းရေး ရဖို့အတွက် တော်တော့ကို ခက်ခက်ခဲခဲ ကြိုးစားရမယ် ဆိုတဲ့အကြောင်း အပစ်အခတ်ရပ်စဲရုံနဲ့ မပြီးဘူး၊ နိုင်ငံရေး ကိစ္စတွေကို ဖြေရှင်းဖို့လိုတဲ့အကြောင်း၊ ပြဿနာတွေကို ဖြေရှင်းဖို့ဆိုရင် နိုင်ငံရေးအရ တကယ့်ကို အပေးအယူ လုပ်ရမယ်၊ တိုင်းရင်းသားများ တင်ပြနေတဲ့ တင်ပြချက်တွေအပေါ်မှာ တကယ့်ကို အလေးအနက်ထားပြီး စဉ်းစားဖြေရှင်းဖို့ လိုတဲ့အကြောင်းတွေ ပြောပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့ ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံကို မဖြစ်မနေ ပြင်ဖို့လိုတယ်။
ဒီ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ဘဲနဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ပြည်တွင်းစစ် ရပ်စဲဖို့၊ ထာဝရပြည်တွင်း ငြိမ်းချမ်းရေးကို ရဖို့ဆိုတာကို မဖြစ်နိုင်တဲ့အကြောင်း ကျနော်က ပြောပါတယ်။
ဝန်ကြီးချုပ်က ပြန်ပြီးတော့ ဆွေးနွေးတာကတော့ ဖွဲ့စည်းပုံကို ပြင်ဖို့ကတော့ တဆင့်ပြီးတဆင့် ရေရှည် ပြင်သွားရမှာဖြစ်တဲ့အကြောင်း၊ တရားဥပဒေစိုးမိုးရေးဟာ အဓိကကျတဲ့အကြောင်း၊ ဒီ တရားဥပဒေ စိုးမိုးရေး ရှိလာတဲ့အခါမှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကလည်းပဲ တဆင့်ပြီးတဆင့် ရလာနိုင်တဲ့ အကြောင်း ပြောပါတယ်။ အဓိက-ကတော့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား  ပြဿနာကို ဖြေရှင်းဖို့ အရေးကြီးတယ်၊ အဲလို ဖြေရှင်းတာကိုလည်း အခုလို ငြိမ်းချမ်းရေး ဆွေးနွေးတာ၊ ပြီးတော့ ပါလီမန် အတွင်းမှာ ညှိနှိုင်းတာ၊ ဖွဲ့စည်းပုံကို ပြင်တာ၊ ဒီလိုကနေ သွားသင့်တယ်လို့ သူက ပြောပါတယ်။"
သမ္မတ ဦးသိန်းစိန်နဲ့တွေ့ရာမှာ ဘာပြောခဲ့တာကို ထုတ်မပြောသေးတဲ့ ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးရာမှာတော့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လုံးဝ ရုပ်သိမ်းတာထက်စာရင် ခေတ္တဆိုင်းငံ့ထားတာမျိုး သတိထားပြီး လုပ်ဆောင်သင့်တယ်လို့ ပြောခဲ့ကြောင်းကိုလည်း ဦးအေးသာအောင်ကပဲ ဆက်ပြောခဲ့ပါတယ်။

By; ၀င်းမင်း (ဗွီအိုအေ-မြန်မာပိုင်း)

ဒေါ့ဖုန်းယန် KIA တပ်စခန်း မြန်မာအစိုးရတပ် သိမ်းပိုက်

မြန်မာအစိုးရတပ်က ကချင်ပြည်နယ် ဗန်းမော် (မန်မော်)ခရိုင် ဒေါ့ဖုန်းယန်မြို့နယ်ခွဲရှိ KIO ဗဟိုဌာနချုပ် လိုင်ဇာ လုံခြုံရေးတပ်၊ တပ်ရင်း ၁၉ နယ်မြေသို့ နာရီပေါင်းများစွာ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်ပြီးနောက် ရှေ့တန်းစခန်းတခုကို သိမ်းပိုက်ခဲ့ကြောင်း ၄င်းတပ်စခန်းအနီးရှိ KIA အရာရှိတစ်ဦးကပြောသည်။

ဧပြီ ၁၁ ရက် ဗုဒ္ဓဟူးနေ့ ဒေါ့ဖုန်းယန်ရှိ အစိုးရတပ် ခလရ (၁၄၂)မှ စစ်အင်အား ၂၀၀ ခန့်ရှိသော တပ်ဖွဲ့များ နှင့် KIA တပ်ဖွဲ့များ၂ နာရီကြာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် KIO/KIA ဗဟိုဌာနချုပ် လိုင်ဇာ လုံခြုံရေးတပ်ဖွဲ့ တပ်မဟာ (၅) အောက် တပ်ရင်း (၁၉)၊ လနားခက် (Lana Hkyet) ပန်စွန်စခန်း (Pan Tsun post) အား နောက်ဆုတ်ပေးခဲ့ရသည်ဟု သူကပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလမှ မြန်မာအစိုးရက KIO/KIA ဗဟိုဌာနချုပ် လိုင်ဇာကိုသိမ်းပိုက်ရန် စစ်မျက်နှာ ၃ ခုဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်သည်။


တုန့်ပြန်မှုအနေဖြင့် KIA က ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း ၎င်း၏ တပ်ရင်း၊ တပ်ဖွဲ့ဝင်အားလုံး “မြန်မာအစိုးရတပ်အား စတင်ပစ်ခတ်ခွင့်” အမိန့်ပေးလိုက်ပြီဖြစ်ကြောင်း ရှေ့တန်းအရာရှိတစ်ဦး ကပြောသည်။

“အစက မြို့ပေါ်တွေမှာတော့ မပစ်ခိုင်းဘူးပေါ့နော် ဒါပေမဲ့  ဒီတစ်ခါတော့ သူတို့ပစ်ရင် ကျနော်တို့ကိုလည်း ပစ်ဖို့ပြောတယ်။” ဟု သူကပြောသည်။

ယခင်က အချို့ရှေ့တန်းနေရာနှင့် အစိုးရထိန်းချုပ်သည့် မြို့ပေါ်တွင် အစိုးရပစ်မှတ်များအား တိုက်ခိုက်ခြင်း မပြုရန် KIA တပ်ဖွဲ့များ ညွှန်ကြားထားခံရသော်လည်း ယခုချိန်မှာ အစိုးရတပ်များကို နေရာမရွေး တိုက်ခိုက်ရန် အမိန့်ပေးလိုက်ခြင်းဖြစ်သည်။

အစိုးရတပ်နှင့် KIA တပ်ဖွဲ့တို့သည် တိုက်ပွဲများနေ့တိုင်းဖြစ်ပွားနေပြီး တပ်မဟာ ၅ နယ်မြေတွင် ပိုပြင်းထန်နေသည်ဟု KIO ပြောရေးဆိုခွင့်ရှိသူ အထွေထွေအတွင်းရေးမှူး-၂ ဆလန်ကဘား လာနန် ကပြောသည်။

ယခုလို မြန်မာအစိုးရက လိုင်ဇာ စစ်ဆင်ရေး စတင်လာချိန်မှာ ကချင်ပြည်နယ် အရှေ့ဘက် တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းမ ဗန်းမော်(မန်မော်)-လွယ်ဂျယ်သွားလမ်းကို KIA မှ ဧပြီ ၁၂ ရက်နေ့မှစပြီး ပိတ်လိုက်ပြီဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
 KNG ကချင် သတင်းဌာန

မြန်မာအစိုးရတပ်အား နေရာမရွေးတိုက်ခိုက်ရန် KIO အမိန့်ပေး

 13 April 2012
မြန်မာအစိုးရက ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အား (၁၀)လ ကျော် ထိုးစစ်ဆင်လာပြီးနောက် KIO က ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းရှိ ၎င်း၏ တပ်ဖွဲ့များသို့ “အစိုးရတပ်အား နေရာမရွေး တိုက်ခိုက်ရန်” လွန်ခဲ့သည့်အပတ်က အမိန့်ပေးခဲ့ကြောင်း KIO အရာရှိများဆိုသည်။

ယခု အမိန့်အရ အစိုးရထိန်းချုပ်ဒေသများသို့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) စစ်သားများ ၀င်ရောက်တိုက်ခိုက်ခြင်းကို ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

သင်္ကြန်ပြီးနောက် သမ္မတဦးသိန်းစိန် အစိုးရက စစ်အင်အား ထောင်ဂဏန်းဖြင့် KIO ဗဟိုဌာနချုပ် လိုင်ဇာအား တိုက်ခိုက်သိမ်းပိုက်ရန် စစ်ဆင်ရေးအစီစဉ်များ ပြုလုပ်နေခြင်းကြောင့် အစိုးရ စစ်ရေးပစ်မှတ်များ အားလုံး မည်သည့်နေရာတွင်မဆို တိုက်ခိုက်ရန် KIA တပ်များသို့ အမိန့်ပေးလိုက်ခြင်းဖြစ်သည်။

နောက်ဆုံး စစ်မိန့်နှင့် ပတ်သက်ပြီး KIO မှ တရားဝင်ကြေညာချက်ထုတ်ပြန်ခြင်း မရှိသေးပါ။

ပြီးခဲ့သည့်နှစ် ဇွန်လမှ ယခု မတ်လအထိ မြန်မာ့တပ်မတော်၏ KIO ပေါ် စစ်ဆင်ရေးပြုလုပ်ရာတွင် KIO က အစိုးရတပ်အား ထိုးစစ်ဆင်တိုက်ခိုက်ခြင်း မပြုရန် ၎င်း၏ လက်နက်ကိုင်တပ်များကို တားမြစ်ထားသော်လည်း မိမိနယ်မြေထဲ ကျူးကျော်လာသည့် စစ်ကြောင်းများကို အကန့်အသတ်ဖြင့် ခုခံတိုက်ခိုက်ရန် ခွင့်ပြုထားခဲ့သည်။

မြန်မာအစိုးရနှင့် KIO အဖွဲ့သည် တရုတ်ပြည်၊ ယူနန်ပြည်နယ် ရွှေလီမြို့တွင် ပြီးခဲ့သည့် မတ်လအထိ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးခြင်း (၃) ကြိမ်ပြုလုပ်ခဲ့သည်။ သို့သော် အနှစ် (၅၀) ကျော်ကြာ နှစ်ဖက် နိုင်ငံရေးပြဿနာဖြေရှင်းရန်ကိစ္စ သဘောတူညီမှု မရခဲ့ပေ။

နှစ်ဖက်ကြား အဓိက ခြားနားနေမှုမှာ ဦးသိန်းစိန် အစိုးရက အပစ်ခတ်ရပ်ဆိုင်းရေး ပထမ ပြုလုပ်ပြီး ယင်းနောက် ၂၀၀၈ အခြေခံဥပဒေအတိုင်း နိုင်ငံရေးဆွေးနွေး လိုသည်။ သို့သော် KIO ဘက်မှ တင်ပြထားခြင်းသည် ပြည်ထောင်စုအစပြုခဲ့သည့် ၁၉၄၇ ပင်လုံစာချုပ် ကတိက၀တ်အတိုင်း နိုင်ငံရေးပြဿနာကို အရင်ဆုံးဖြေရှင်းပြီးမှ နောက်ဆုံး နက်လက်ကိုင်တပ် ကိစ္စ ဆွေးနွေးရေးဖြစ်သည်။

၁၇ နှစ် ကာလ အပစ်ခတ်ရပ်ဆိုင်းထားမှု အတွေ့အကြုံအရ KIO က နောက်ထပ် မြန်မာအစိုးရနှင့် အပစ်ခတ်ဆိုင်းရန် မလိုတော့ဘဲ နိုင်ငံရေးဆွေးနွေးရန်သာရှိကြောင်း KIO က ဆိုထားသည်။

KNG ကချင် သတင်းဌာန

ရိုးရာသင်္ကြန်နှင့် သရုပ်ပျက်ယဉ်ကျေးမှုတချို့  (ဓါတ်ပုံ)

သရုပ်ဆောင်သင်ဇာဝင့်ကျော် ဧပြီလ ၁၄ ရက်နေ့  ၂၀၁၂ ရေပတ်ခံထွက်စဉ်

ရန်ကုန်နှင့် မန္တလေး မှ ရိုးရာသင်္ကြန်နှင့် သရုပ်ပျက်ယဉ်ကျေးမှုတချို့  ဖေ့စ်ဘုတ်ပေါ်မှ တွေ့ ရသမျှ စုဆောင်းတင်ပြလိုက်ပါတယ်။
Myanmar News Now
သရုပ်ဆောင်သဉ္ဖာဝင့်ကျော်နဲ့ နန်းသီရိမောင် ဧပြီလ ၁၃ ရက်နေ့  ၂၀၁၂ ရေပတ်ခံထွက်စဉ်


ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန် ၀န်ကြီးချုပ် တွေ့ ဆုံနေစဉ် (ဓါတ်ပုံ)



အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန် ၀န်ကြီးချုပ် David Cameron တို့ တွေ့ဆုံနေတဲ့ပုံတွေပါ။ ပြည်တွင်း ပြည်ပ မီဒီယာများမှ စုစည်းဖော်ပြပေးလိုက်ပါတယ်။
Myanmar News Now


ဗြိတိန်ဝန်ကြီးချုပ် ရွှေတိဂုံသို့ သွားရောက်ကြည်ညို

ယနေ့ ည ၁၀ နာရီကျော် တွင် ရွှေတိဂုံဘုရားသို့ ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်း နှင့်အဖွဲ့ သွားရောက်ကြည်ညိုခဲ့ကြသည်။
ထိုခ၇ီးစဉ်သို့ နိုင်ငံပိုင်မီဒီယာများမှအပ မည်သည့် သတင်းမီဒီယာကိုမျှ သတင်းယူခွင့်မပြုခဲ့ဘဲ တားမြစ်ခဲ့ခြင်းခံခဲ့ရသည်။
ကျွန်ုပ်တို့သတင်းထောက်လည်း သတင်းယူရင်း တားမြစ်ခြင်းခံခဲ့ရသည်။

(PopularNews သည် နိုင်ငံပိုင် မီဒီယာတစ်ခုမဟုတ်ပါ)

ဒီလိုဓါတ်ပုံသတင်းရယူနိုင်ဖို့အတွက်ည ၇ နာ၇ီကတည်းက ဘုရားပေါ်မှာ Popular news journal က သတင်းထောက်တွေ သွားထိုင်စောင့်နေခဲ့တာပါ။ ဗြိတိန်ဝန်ကြီးချုပ်လာတော့မှ ဘုရားဂေါပက အဖွဲံက အရင်ဆုံးလာရောက်တားမြစ်ခဲ့ပါတယ်။နောက်တော့ ၀န်ကြီးချု့ပ်နဲ့ပါလာတဲ့ သံ၇ုံးအမှုထမ်းအမျိုးသမီးတစ်ဦးက လာရောက်တားမြစ်ခဲ့တာပါ။တားမြစ်ခဲ့တဲ့အတွက် ရသလောက်ပဲ သတင်းထောက်တွေရိုက်ယူခဲ့ပြီး ပိရိသတ်အတွက် တင်ပြခဲ့တာပါ။

 Popular Myanmar News Journal

လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးတိုးတက်မှုအပေါ်ကျေနပ်မှုရှိကြောင်း ဒေးဗစ်ကင်မရွန်း ပြောကြား

လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးတိုးတက်မှုအပေါ်ကျေနပ်မှုရှိကြောင်းနှင့် မြန်မာနိုင်ငံအပေါ်စီးပွားရေးပိတ်ဆို့ထားမှုများအား လျှော့ချရန်ရှိသည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ယနေ့ညနေပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံအပြီး စာနယ်ဇင်းများအား ပြောကြားသည်။

"မြန်မာနိုင်ငံအပေါ်စီးပွားရေးပိတ်ဆို့ထားမှုတွေကိုလျှော့ချရတော့မှာဖြစ်တယ်၊ ဒါပေမယ့် လျှော့ချမှာနော် ရုတ်သိမ်းဦးမှာမဟုတ်ဘူး"ဟုသူကပြောသည်။
"ဒီကနေ့ သမ္မတဦးသိန်းစိန်နဲ့တွေ့ခဲ့တုန်းကလဲ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲနေမှုတွေအကြောင်းပြောဖြစ်ခဲ့ပါသေးတယ်။ ပြုပြင်ပြောင်းလဲမှုတွေကို ကျွန်တော်တို့အားပေးပါတယ်။ အဲဒီအတွက် ကမ္ဘာတစ်ဝန်းက တုန့်ပြန်မှုတွေရှိလာကြမှာပါပဲ။ သို့သော်သတိနဲ့တုန့်ပြန်ကြမှာပါ။ ပြုပြင်ပြောင်းလဲမှုတွေကို သတိနဲ့စောင့်ကြည့်နေကြမှာပါ။ ဒါကြောင့်လည်း လုံးလုံးရုတ်သိမ်းဦးမှာမဟုတ်ဘူးလို့ပြောရတာပါ။ ပြီးတော့ လက်နက်နဲ့ သင်္ဘောတွေဝင်ထွက်ခွင့်လည်း အဲဒီအထဲမှာ ပါဦးမှာမဟုတ်ပါဘူး"ဟုလည်း သူကဆက်ပြောပါသေးသည်။

“ နိုင်ငံရေးဖြစ်စဉ်တွေကိုကြည့်မယ်ဆိုရင်တိုးတက်လာတာကိုတွေ့ရပါတယ်။ မြန်မာနိုင်ငံတွင်းမှာ ၁၇ နှစ် ကျော်ကြာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခတွေကို ဒီလပိုင်း နှစ်ပိုင်းအတွင်းမှာ ရှင်းလင်းစစ်မှန် တဲ့နိုင်ငံရေးဖြေရှင်းမှုတွေနဲ့ဖြေရှင်းနိုင်ဖို့လိုအပ်တယ်လို့မြင်ပါတယ်။ တစ်ကမ္ဘာလုံးကစောင့်ကြည့်နေရတဲ့ ဒေါ် အောင်ဆန်းစုကြည် နိုင်ငံ့အရေးတွေမှာ ပါဝင်လာမှုတွေကြောင့် လွတ်လပ်ခွင့်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ဟာ ဖြစ်ပေါ်လာမယ်လို့ကျွန်တော်ယုံကြည်ပါတယ်”ဟု ၄င်းက အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြား သည်။
၎င်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်ပက်သက်၍ နှစ်ပေါင်းများစွာနေအိမ်အကျယ်ချုပ်ဘ၀တွင်နေ ထိုင်ခဲ့ပြီး ယနေ့လို အခြေအနေမျိုးရပ်တည်ထားနိုင်မှုအပေါ်၌လည်း ဂုဏ်ယူပါကြောင်းသူကဆိုသည်။

"ဦးသိန်းစိန်ဟာ တစ်ကယ်ကို ပြုပြင်ပြောင်းလဲရေးတွေလုပ်မှာလို့ ကျွန်မယုံကြည်ပါတယ်။ အဲဒီအတွက် ၀န်ကြီးချုပ် မစ္စတာ ကင်မရွန်းအနေနဲ့ ပိတ်ဆို့ထားမှုတွေကိုလျှော့ချမယ်ဆိုတော့ ကျွန်မအင်မတန်ပဲ ၀မ်းမြောက်မိပါတယ်"ဟုလည်း ဒေါ်အောင်ဆန်းစုကြည်ကပြောပါသည်။

ဒေးဗစ်ကင်မရွန်းသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် ပထမဆုံးအကြိမ် အလည်အပတ်ရောက်လာသော ဗြိတိန်ဝန်ကြီးချုပ်ဖြစ်သည်


Popular Myanmar News Journal

David Cameron praises Aung San Suu Kyi (Video)


UK Prime Minister David Cameron has met pro-democracy leader Aung San Suu Kyi in Rangoon during his visit to Burma.

Mr Cameron said it was a "huge honour" to be with Ms Suu Kyi, telling her, "your struggle, your bravery, your courage" had inspired millions in Britain.

The pro-democracy leader said it was "absolutely the right time" for Mr Cameron to visit, saying her country "still has a long way to go but we believe that we can get there".

by greenkernel (BBC)

ပိတ်ဆို့ အရေးယူမှု လျှော့ချမယ်လို့ G8 အစည်းအဝေးမှ ထုတ်ပြန်

2012-04-13
အမေရိကန်နိုင်ငံ မယ်ရီလန်းပြည်နယ်မှာ ကျင်းပနေတဲ့ ကမ္ဘာ့စက်မှု ထိပ်သီး ၈ နိုင်ငံ အစည်းအဝေးက မြန်မာအစိုးရရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေး လုပ်ဆောင်ချက်တွေကို ကြိုဆိုလိုက်ပါတယ်။
Photo courtesy of State Department
၂၀၁၂ ခုနှစ် ဧပြီလ ၁၂ ရက်က ကမ္ဘာ့စက်မှု ထိပ်သီး ၈ နိုင်ငံအစည်းအဝေး၌ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် တက်ရောက်နေစဉ်။
G8 လို့ခေါ်ကြတဲ့ စက်မှုထိပ်သီး ၈ နိုင်ငံအစည်းအဝေးမှာ ထိပ်တန်းကိစ္စအဖြစ် ဆီးရီးယားနိုင်ငံက သမ္မတ အာဆတ်အစိုးရကို ဖိအားပေးရေး၊ မြောက်ကိုရီးယား ဒုံးပျံပစ်လွှတ်မှု နောက်ဆက်တွဲ အခြေအနေနဲ့ မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီအစည်းအဝေးက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ - မြန်မာနိုင်ငံက အပြောင်းအလဲတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ အနောက်နိုင်ငံတွေက ပိတ်ဆို့ အရေးယူမှုတွေ လျှော့ချသွားမှာ ဖြစ်ကြောင်း ပြောထားပါတယ်။
အဲဒီလို လျှော့ချပေးခြင်းအားဖြင့် မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာ ဆက်ဆံရေးမှာ ပါဝင်လာနိုင်ဖို့ အပြင် စီးပွားရေးကဏ္ဍ တိုးတက်ဖို့အတွက်လည်း အထောက်အကူ ဖြစ်မယ်လို့ ဆိုပါတယ်။
G8 ခေါင်းဆောင်တွေရဲ့ ကြေညာချက်မှာ - မြန်မာအစိုးရအနေနဲ့ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်နဲ့ ပြောင်းလဲမှုတွေကို ဆက်လက် အကောင်အထည်ဖော်ဖို့နဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။
ဒါ့အပြင် လွတ်မြောက်ပြီးသား နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အပေါ်မှာ ပိတ်ပင်ဟန့်တားထားတာတွေကို အမြန်ဆုံး ရုပ်သိမ်းပေးဖို့လည်း ဆက်လက် တိုက်တွန်းထားပါတယ်။

RFA

ဗြိတိန် ဝန်ကြီးချုပ် သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံ

2012-04-13
အာရှဒေသကို ခရီးထွက်လာတဲ့ ဗြိတိန် ဝန်ကြီးချုပ် David Cameron ဟာ ဒီကနေ့ မနက်ပိုင်းက နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
AFP
၂၀၁၂ ခုနှစ် ဧပြီလ ၁၃ ရက်က နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်နှင့် ဗြိတိန် ဝန်ကြီးချုပ် David Cameron တွေ့ဆုံဆွေးနွေးနေစဉ်။
ဝန်ကြီးချုပ် Mr. Cameron နဲ့ တွေ့ဆုံစဉ်မှာ သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေး ကြိုးပမ်းမှုတွေကို ဗြိတိန်အစိုးရအနေနဲ့ အသိအမှတ်ပြုတဲ့အတွက် အထူးပဲဝမ်းမြောက်ကြောင်း ပြောခဲ့ပါတယ်။
ဗြိတိန် ဝန်ကြီးချုပ် Mr. Cameron ကလည်း "အခုအစိုးရ လက်ထက်မှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ကတိပေးထားသလို လက်တွေ့မှာလည်း အဆင့်အတော်များများ အကောင်အထည်ဖော်နေတာ တွေ့ရပါတယ်။ အဲဒီလို ဆောင်ရွက်ချက်တွေကို အားပေးရပါမယ်" လို့ ပြောခဲ့ပါတယ်။
Mr. Cameron ရဲ့ မြန်မာနိုင်ငံခရီးစဉ် အဓိကရည်ရွယ်ချက်ဟာ မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ လျှော့ချဖို့ ပြောဆိုနေတာနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန် အပါအဝင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံတာလို့ ဆိုကြပါတယ်။
လာမယ့် ဧပြီလ ၂၃ ရက်နေ့မှာ ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကနေ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပိတ်ဆို့အရေးယူမှု ကိစ္စတွေကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

RFA

စီးပွားရေး ပိတ်ဆို့မှု ဆိုင်းငံ့မည့် အကြံဉာဏ်ကို ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ

ဧပြီ ၁၃ ရက်၊ ၂၀၁၂ ခုနှစ်- (YPI)

မြန်မာနိုင်ငံသို့ တရက်တာခရီးအဖြစ် လာရောက်သည့် ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ထားမှုများအား ရုပ်သိမ်းလိုက်မည့်အစား ဆိုင်းငံ့ထားရန် ပြောကြားလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ၎င်းအစီအစဉ်ကို ထောက်ခံပြောဆိုလိုက်သည်။

ဗြိတိသျှ ၀န်ကြီးချုပ်နှင့် တွေ့ဆုံအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ “ ဒေးဗစ် ကင်မရွန်းက စီးပွားရေး ပိတ်ဆို့မှုရုပ်သိမ်းခြင်းထက် ဆိုင်းငံ့ထားမယ် ဆိုတဲ့အကြံဥာဏ်ကို ကျွန်မထောက်ခံပါတယ်။ ဒါဟာအမှန်ကန်ဆုံး တုံ့ပြန်မှုလို့ ကျွန်မထင်ပါတယ်” ဟု ပြောဆိုသည်။

ယခုကဲ့သို့ လုပ်ဆောင်မှုသည် သမ္မတနှင့် ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်သူများ၏ အခန်းကဏ္ဍအား အသိအမှတ်ပြုရာ ကျသကဲ့သို့ အခြားတဘက်တွင်လည်း ပြုပြင်ပြောင်းလဲမှုကို အတားအဆီးပြုနေသူများအနေဖြင့် ဆက်လက်ကြိုးစားနေမယ်ဆိုပါက စီးပွားရေး ပိတ်ဆို့မှုများ ပြန်လာနိုင်သည့်အချက်ကို သတိပေးလိုက်ရာလည်း ကျသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောကြားလိုက်သည်။


ဗြိတိသျှ ၀န်ကြီးချုပ်က မြန်မာအစိုးရအနေဖြင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးခြင်း၊ NLD ပါဝင်ယှဉ်ပြိုင်သည့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးခြင်းတို့ လုပ်ဆောင်လာသည်ကို တွေ့ရကြောင်း၊ လုံလောက်ပြီဟု မပြောနိုင်သေးသကဲ့သို့ လုပ်ဆောင်ဖို့ လိုအပ်သည်များလည်း ရှိနေသေးကြောင်း၊ ၎င်းတို့အနေဖြင့် ဖိအားပေးမှုများ ဆက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထို့ကြောင့် စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းသည်ဆိုခြင်းထက် ဆိုင်းငံ့ထားဖို့ ပြောကြားလိုကြောင်း ပြောသွားသည်။
ပိတ်ဆို့မှု ဆိုင်းငံ့ထားရာတွင် မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှု ပိတ်ဆို့ထားခြင်းကို ချန်လှပ်ထားရန်လည်း ၎င်းကပြောဆိုသည်။

ဝန်ကြီးချုပ်သည် ယနေ့နံနက်ပိုင်း နေပြည်တော်သို့ ရှေးဦးစွာရောက်ရှိပြီး သမ္မတ ဦးသိန်းစိန် နှင့်တွေ့ဆုံဆွေးနွေးခဲ့သည့်နောက် ရန်ကုန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့မှ ယခုထက် ပြောင်းလဲမှုများ ပိုမိုလုပ်ဆောင်လာပါက ၎င်းတို့အနေဖြင့် တုံ့ပြန် အသိအမှတ်ပြုမှုများလည်း ပြင်ဆင်ထားရမည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ယခုလ ၂၃ ရက်နေ့တွင် ကျင်းပမည့် ဥရောပ သမဂ္ဂ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် ဆုံးဖြတ်ရန်ရှိသည်။ မကြာမီက ကျင်းပပြီးစီးသွားသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီမှ အနိုင်ရရှိခဲ့သည့်နောက် ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံအပေါ် ဥရောပ သမဂ္ဂမှ ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးဖွယ်ရှိသည်ဟု နိုင်ငံရေး အကဲခတ်သူများက သုံးသပ်ထားကြသည်။      ။
 Yangon Press International



ဗြိတိသျှ ဝန်ကြီးချုပ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေး

2012-04-13
ဗြိတိသျှ ဝန်ကြီးချုပ် Mr David Cameron ဟာ ဒီကနေ့ ညနေပိုင်းမှာ နေပြည်တော်ကနေ ရန်ကုန်မြို့ကို ရောက်ရှိသွားပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
Photo courtesy of News and Information Department of NLD
၂၀၁၂ ခုနှစ် ဧပြီလ ၁၃ ရက်က ဗြိတိသျှ ဝန်ကြီးချုပ် Mr David Cameron နှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံနေစဉ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာမှာ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ဗြိတိန်ဝန်ကြီးချုပ်က သူတို့အနေနဲ့ မြန်မာနိုင်ငံအရေးကို သတိအပြည့်ထားပြီးတော့ အကောင်းဘက်ကို ကြည့်သွားရပါမယ်လို့ ပြောကြားပါတယ်။
မြန်မာအစိုးရအနေနဲ့ ဘာဖြစ်လို့ အခုလို အပြောင်းအလဲတွေ လုပ်နေတယ်ဆိုတာ အတိအကျ မပြောနိုင်ပေမယ့် စီးပွားရေးတိုးတက်ရေးအတွက်၊ ဆင်းရဲမွဲတေမှုတွေ တိုက်ဖျက်ရေးအတွက် လုပ်ဆောင်နေတာတွေ မြင်နေရပြီး၊ ဗြိတိန်အစိုးရအနေနဲ့ မြန်မာနိုင်ငံက ပေါ်ထွက်လာတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကြည့်ပြီး လိုက်ဖက်တဲ့ ပံ့ပိုးကူညီမှု ပေးသွားမှာဖြစ်တယ်။ ဒါကြောင့် ပိတ်ဆို့မှုတွေကို အားလုံး ပြန်ပြီးရုပ်သိမ်းမှာ မဟုတ်သေးဘူးလို့လည်း ဆိုပါတယ်။
နိုင်ငံအများအပြားကိုကြည့်ရင် ဒီမိုကရေစီဟာ စီးပွားရေးအောင်မြင်မှုနဲ့ တွဲဖက်ရှင်သန်လာတာကို အထင်းသား တွေ့မြင်ကြရမှာပါ။ အခုဆိုရင် မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားတွေ တော်တော်များများ လွှတ်ပေးလာတယ်။ တိုင်းရင်းသားအရေး ဆွေးနွေးမှုတွေ လုပ်လာတယ်။ အားရစရာမရှိသေးပေမဲ့ ဆက်လုပ်လာတယ်။ ပြုပြင်ပြောင်းလဲမှုတွေ များလာတာနဲ့အမျှ ကျွန်တော်တို့ကလည်း ပံ့ပိုးအားပေးသွားမှာ ဖြစ်တယ်လို့ ဗြိတိသျှဝန်ကြီးချုပ်က ပြောသွားပါတယ်။
အဲဒီ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က -
ကြားဖြတ်ရွေးကောက်ပွဲ ကာလတုန်းကသာ လာကြည့်မယ်ဆိုရင် ပြည်သူတွေအနေနဲ့ သူတို့ကြမ္မာ သူတို့ဖန်တီးနိုင်ဖို့၊ ဒီမိုကရေစီရရှိဖို့ စွမ်းအင်အပြည့်နဲ့ ဘယ်လောက်အားတက်သရော မဲပေးခဲ့ကြသလဲဆိုတာ မြင်တွေ့ရမှာပါ။ ဒီမိုကရေစီ မလိုလားကြသူတွေရဲ့ စွမ်းအားဟာ ဒီမိုကရေစီလိုချင်ကြတဲ့ ပြည်သူအများစုရဲ့ စွမ်းအားနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရနိုင်ပါဘူးလို့ ပြောကြားသွားပါတယ်။
ဗြိတိန် ဝန်ကြီးချုပ်ဟာ ဒီကနေ့ မြန်မာနိုင်ငံကနေ မထွက်ခွာခင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ညစာစားဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

RFA

ပိတ်ဆို့မှု ရုပ်သိမ်းဖို့ထက် ဆိုင်းငံ့သင့်ဟု ဗြိတိန်ဝန်ကြီးချုပ်ပြော

ဓာတ်ပုံ Khin Maung Win
မြန်မာနိုင်ငံပေါ် ချမှတ်ဆက်ခံထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ရုပ်သိမ်းတာထက် ဆိုင်းငံ့ထားသင့်တယ်လို့  ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြောပါတယ်။ ဒီလိုဆိုင်းငံ့လုပ်ထားခြင်းဟာလည်း မြန်မာနိုင်ငံဒီမိုကရေစီရေးနဲ့ ပြုပြင်ပြောင်းလဲမှု လုပ်နေသူတွေကို အသိအမှတ်ပြုရာ ရောက်တယ်လို့လည်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ ဒီကနေ့ ရန်ကုန်မှာ ဗြိတိန်ဝန်ကြီးချုပ် ကင်မရွန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံအပြီး အခုလို သူတို့ရဲ့သဘောထားတွေကို ပြောလိုက်တာလည်း ဖြစ်ပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံကိုရောက်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဧပြီလ ၁၃ ရက်၊ သောကြာနေ့ညနေက  ရန်ကုန်မှာ ရှိတဲ့  ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးကြပါတယ်။ ဒီတွေ့ဆုံမှုအပြီး နေအိမ်ရှေ့မှာ  သတင်းထောက်တွေကို တွေ့ဆုံစဉ်အတွင်း မစ္စတာကင်မရွန်းက မြန်မာနိုင်ငံအပေါ် အရေးယူချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းတာထက် ဆိုင်းငံ့လုပ်ထားသင့် တယ်ဆိုတဲ့ သူ့အမြင်ကို အခုလို ပြောခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေဖြစ်လာဖို့ အလားအလာတွေ တွေ့နေရပါပြီ။ ဒါ့ကြောင့် ကမ္ဘာ့ အသိုင်းအ၀ိုင်းအနေနဲ့ ဒီ အပြောင်းအလဲတွေအတွက် တုံ့ပြန်ကြဖို့အချိန်တန်ပြီလို့ ကျနော်ယူဆပါတယ်။ မြန်မာအပေါ်ပိတ်ဆို့မှုတွေကို ဆိုင်းငံ့ဖို့ သင့်ပါတယ်။ လက်နက် အရောင်းအ၀ယ်မလုပ်ရဘူးဆိုတဲ့ တားမြစ်ချက်တော့ ဆိုင်ငံ့မှုထဲမှာမပါဘူးဆိုတာကတော့ ထင်ရှားပါတယ်။”
ဒီလို ဆိုင်းငံ့လုပ်ထားသင့်တယ်ဆိုတဲ့ သူ့အမြင်ကလည်း မြန်မာနိုင်ငံမှာ နောက်ထပ် လုပ်ဆောင်စရာ ကျန်နေသေးတာကြောင့် ဖြစ်တယ်လို့လည်း ဆက်ရှင်းပြပါတယ်။ ပြောင်းလဲလာတဲ့ အခြေအနေတွေဟာ အပြုသဘောဆောင်တယ်ဆိုတာ တွေ့ရပေမယ့် သတိထားစောင့်ကြည့်ဖို့ လိုတယ်လို့လည်း ပြောပါတယ်။
“မြန်မာနိုင်ငံမှာ လုပ်ဆောင်စရာတွေ အများကြီး ကျန်နေသေးတာဟာ ထင်ရှားပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးတာဟာ ကောင်းပါတယ်။ ဒါပေမယ့် ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးတာကိုလည်း မြင်လိုပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲတွေကို အောင်မြင်စွာ ကျင်းပခဲ့တဲ့အတွက် ကိုလည်း ချီးကျူးပါတယ်။ ဒါပေမယ့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပနိုင်ရေးကို ကျနော်တို့ အားလုံးက ရှေ့ရှုနေကြပါတယ်။ တိုင်းရင်းသား ပဋိပက္ခအခြေအနေတွေ ဆိုးဝါးပြီး မြန်မာနိုင်ငံအတွက် နှစ်ပေါင်းများစွာ ထိခိုက်နစ်နာစေခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လာမယ့်လတွေ၊ လာမယ့်နှစ်တွေမှာ ဒီပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ကျနော်တို့အားလုံးက မျှော်လင့်ပါတယ်။”
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းပြောပြခဲ့တာပါရှင်။ အခု ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းတာထက်  ဆိုင်းငံ့လုပ်သင့်တယ် ဆိုတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က  သူ့အမြင်နဲ့  သဘောထားတွေကို သတင်းထောက်တွေကို ရှင်းပြရာမှာတော့ -
“ပိတ်ဆို့မှုကို ရုပ်သိမ်းတာထက် ဆိုင်းငံ့မယ်ဆိုတဲ့ အယူအဆကို ကျမထောက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလို ဆိုင်းငံ့လိုက်ခြင်းအားဖြင့် သမ္မတနဲ့ တခြားပြုပြောင်းလဲလိုသူတွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုတဲ့သဘောပါပဲ။ သမ္မတနဲ့ အတူ တခြားပြုပြောင်းလဲလိုသူတွေရဲ့ ပြောင်းလဲရေးခြေလှမ်းတွေကြောင့် ပိတ်ဆို့မှုကို ဆိုင်းငံ့ပေးမှာ ဖြစ်လို့ ပါပဲ။ ပြုပြင်ပြောင်းလဲရေး လမ်းလွဲသွားအောင် ဆန့်ကျင်သူတွေကကြိုးစားနေကြတာတွေကိုလည်း ပိတ်ဆို့မှုဆိုတာနဲ့ ပြန်ပြီး အရေးယူလို့ ရတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းပြောလိုက်တဲ့ သဘောပါပဲ။” –

လို့ ဒေါ်အောင်ဆန်းစုကြည် ပြောပြခဲ့တာပါရှင်။ မစ္စတာ ကင်မရွန်းက ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်နိုင်ငံ ဖိတ်ခေါ်တဲ့ အခါ ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ခံခဲ့ပါတယ်။
မစ္စတာကင်မရွန်းဟာ  ဒီကနေ့ ညနေ ဒေါ်အောင်ဆန်းစုကြည်နဲ့မတွေ့ခင် နေ့လည်ပိုင်းက နေပြည်တော်မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံပါတယ်။ နေပြည်တော်က သမ္မတအိမ်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့အတူ ဒုသမ္မတနဲ့  နိုင်ငံခြားရေးဝန်ကြီးအပြင် တခြားအစိုးရအဖွဲ့ဝင် ၀န်ကြီးတွေနဲ့လည်း တွေ့ခဲ့တာပါ။ ဒါဟာ နှစ်ပေါင်း ၅၀ ကျော်တွင်း ဗြိတိန်ဝန်ကြီးချုပ်အဆင့်နဲ့ ရောက်လာတာ ဒါ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ ဘယ်လို ကိစ္စတွေကို ဆွေးနွေးပြောဆို ခဲ့ကြတယ် ဆိုတာတော့ ၂ ဘက်စလုံးက သတင်းထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။
ဧပြီလ ၁၃ ရက် သင်္ကြန်အကျနေ့မှာ မြန်မာနိုင်ငံကိုရောက်လာတဲ့ ဗြိတိန်ဝန်ကြီးချုပ် မစ္စတာကင်မရွန်းဟာ ဒီကနေ့ ညနေပိုင်းမှာတော့ ရန်ကုန်မှာရှိတဲ့ ဗြိတိသျှသံအမတ်ကြီရဲ့နေအိမ်မှာ တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင် တချို့နဲ့ တွေ့ဆုံပါတယ်။ အရှေ့တောင်အာရှ သုံးနိုင်ငံကို ငါးရက်ကြာ ခရီးစဉ်အဖြစ်နဲ့ ထွက်လာတဲ့ မစ္စတာကင်မရွန်းဟာ တစ်ရက်ကြာ ခရီးစဉ် အဖြစ်နဲ့ မြန်မာနိုင်ငံကိုရောက်နေတာ ဖြစ်ပါတယ်။ အခု ဗြိတိန် ၀န်ကြီးချုပ်ခရီးစဉ်မတိုင်ခင် ၂၀၁၁ နိုဝင်ဘာလတုန်းကလည်း ဗြိတိန်နိုင်ငံက နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး အင်ဒရူးမစ်ချဲလ်၊၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလတုန်းကလည်း  ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး William Hague တို့ မြန်မာနိုင်ငံကို လာခဲ့ဖူးပါတယ်။
မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှုတွေနဲ့ ဆက်ဆံတဲ့ EU ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကတော့ လက်ရှိ မြန်မာနိုင်ငံမှာ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် သူတို့ရဲ့မူဝါဒတွေကို လာမယ့် ဧပြီလ ၂၃ ရက်နေ့မှာ ပြန်လည် သုံး သပ် ဆွေးနွေးကြမှာလည်း ဖြစ်ပါတယ်။



ဗြိတိန်ဝန်ကြီးချုပ် သမ္မတနာမည်လွဲမှားပြောဆို

YANGON, MYANMAR - APRIL 13: British Prime Minister David Cameron walks with pro-democracy leader Aung San Suu Kyi in her garden on April 13, 2012 in Yangon, Myanmar. Mr Cameron is ending his five day trade mission to the far east in Myanmar, the first British Prime Minister to visit the country since 1948. (Photo by Peter Macdiarmid/Getty Images)
ဒေါ်အောင်ဆန်းစုကြည်အား လန်ဒန်သို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ထားကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက သတင်းထောက်များသို့ ပြောကြားသည်။ သတင်းစာရှင်းလင်းပွဲတွင် ဗြိတိန်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတအား ဖော်ညွှန်းပြောဆိုရာတွင် နှစ်ကြိမ်စလုံး သမ္မတဦးသိန်းစိန်အစား သမ္မတ ဦးသန်းရွှေနာမည်ကို လွဲမှားပြောဆိုသွားခဲ့ကြောင်း 7Day News သတင်းထောက်က သတင်းပေးပို့သည်။
7Day News Journal

အီးယူက ဒဏ်ခတ်ပိတ်ဆို့မှုအားလုံးကို ရုပ်သိမ်းဦးမည်မဟုတ်

သမ္မတဦးသိန်းစိန်နှင့် မစ္စတာ ဒေးဗစ်ကင်မရွန်း နေပြည်တော်တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ - ရိုက်တာ)
ဥရောပသမဂ္ဂ အီးယူက မြန်မာပြည်ကို ဒဏ်ခတ်ပိတ်ဆို့မှုအားလုံးကို တချိန်တည်းနဲ့ ရုပ်သိမ်းဦးမှမဟုတ်ဘူးလို့ ဗြိတိသျှဝန်ကြီးချုပ်ရုံးရဲ့ သတင်းအရင်းအမြစ်ကို ကိုးကားပြီး ရိုက်တာသတင်းက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ ဒီနေ့ သမတ ဦးသိန်းစိန်နဲ့ တွေ့တဲ့အခါ၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါမှာ ရှင်းရှင်းလင်းလင်းပြောဖို့ ရှိတယ်လို့ ဆိုပါတယ်။

နိုင်ငံပေါင်း ၂၇ နိုင်ငံ ပါဝင်တဲ့ ဥရောပသမဂ္ဂက ဒီလ ၂၃ ရက်နေ့ကျရင် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြန်လည်သုံးသပ်ဖို့ရှိပြီး လက်ရှိ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတာနဲ့ ခြေလှမ်းကျွံပြီး နောက်ပြန်ဆုတ်ဖို့ ခက်တဲ့အခြေအနေမျိုး မရောက်အောင် ထိန်းညှိသွားဖို့ရှိတယ်လို့ ဗြိတိသျှဝန်ကြီးချုပ်ရုံးက သတင်းအရင်းအမြစ်က ပြောတာကို သတင်းမှာ ဖော်ပြထားပါတယ်။

အီးယူရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကလည်း မြန်မာပြည်ကို မရောက်ခင် မလေးရှားမှာ မြန်မာပြည်က တိုးတက်မှုတွေနဲ့ သမ္မတဦးသိန်းစိန်ရဲ့ လုပ်ဆောင်ချက်တွေကို ချီးကျူးစကား ဆိုခဲ့ပါတယ်။

“မြန်မာပြည်မှာ အပြောင်းအလဲတွေအပေါ်မှာ သတိထားဖို့၊ မေးခွန်းတွေ ဆက်ထုတ်နေဖို့ လိုအပ်သလိုပဲ အခုလို အလင်းရောင်တွေ မြင်နေရပြီး ဒီမိုကရေစီနဲ့ လွတ်လပ်မှုတွေ ပွင့်လင်းလာဖို့ မျှော်လင့်ရတဲ့ အပြောင်းအလဲ စတင်နေတဲ့အခြေအနေမှာ နောက်ကနေ အားပေးဖို့လည်း လိုအပ်တယ်။”

ဒေးဗစ်ကင်မရွန်းဟာ မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်တဲ့အချိန်ကစလို့ ပထမဆုံး မြန်မာနိုင်ငံကို ရောက်လာတဲ့ အီးယူနိုင်ငံတွေထဲက နိုင်ငံ့ခေါင်းဆောင်ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးတင်ဦးကလည်း အီးယူအနေနဲ့ အခြေအနေကို စောင့်ကြည့်ဖို့ လိုသေးတယ်လို့ ပြောပါတယ်။

“မြန်မြန်ဆန်ဆန် အီးယူတို့ဘာတို့က လျှော့လိုက်တယ်ဆိုတာမျိုးက မဖြစ်သင့်သေးဘူး။ အချိန်စောသေးတယ်။ တိုးတက်မှုကို ဆက်ကြည့်ဦးပေါ့။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အရွေးခံရတာနဲ့တင် မဟုတ်သေးဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြောတာက သမ္မတကြီးနဲ့လုပ်ရတာ ကောင်းတယ်။ အခုက အစိုးရအဖွဲ့အစည်းထဲ ရောက်သွားပြီ၊ လွှတ်တော်ထဲရောက်သွားပြီ၊ နောက် ဘယ်လိုအခြေအနေ ရှိမလဲဆိုတာ စောင့်ကြည်ရဦးမှာပေါ့။ အဲဒါကြောင့် ခုအချိန်အခါ လုပ်ဖို့ကိုင်ဖို့ဆိုတာတော့ သူတို့ဘက်က ပေးတဲ့အတိုင်းအတာတွေကတော့ တိုးတက်မှုရှိတာတော့ အမှန်ပဲ။ အရင်နဲ့စာရင် တိုးတက်တယ်။ အဲဒီအပေါ်မှာသာ စဉ်းစားရင် စဉ်းစားပေါ့။ သို့သော်လည်း စီးပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်တာအားလုံးကို အလျင်စလို လျှော့ပေးမယ်ဆိုရင်တော့ သူတို့ဘက်က အများကြီး ချိန်ဖို့ကောင်းသေးတယ်။ အရမ်းကြီးလုပ်ဖို့ မသင့်သေးဘူး။”

တိုင်းရင်းသားဒေသတွေမှာ စစ်တွေ မရပ်သေးတာ၊ တရားဥပဒေ စိုးမိုးရေးအပိုင်းမှာလည်း တိုးတက်မှုတွေ မရှိသေးတာကို ဦးတင်ဦးက ထောက်ပြပါတယ်။

အီးယူဟာ ဖေဖော်ဝါရီလကတုန်းကတော့ သမ္မတဦးသိန်းစိန်အပါအ၀င် အစိုးရအရာရှိ ၈၇ ဦးရဲ့ ခရီးသွားလာခွင့် ပိတ်ပင်ထားတာတွေကို ရုပ်သိမ်းပေးခဲ့ပြီး လက်နက်မတင်ပို့ရေး၊ ကျောက်မျက်နဲ့ လူပေါင်း ၅၀၀ နီးပါးရဲ့ ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်ထားတာကတော့ ဆက်ရှိနေပါတယ်။

ဒီဗွီဘီ

ဒေါ်အောင်ဆန်းစုကြည်နှင့်ဒေးဗစ်ကင်မရွန်း ဆွေးနွေးအပြီး(ဓါတ်ပုံ)

၎င်းတို့နှစ်ဦးသည် တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ပူးတွဲ သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့သည်။
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်က ဒေါ်အောင်ဆန်းစုကြည်အား လာမည့် ဇွန်လတွင် ဗြိတိန်နိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားခဲ့ကြောင်း သိရသည်။

PMN
Live coverage of their meeting.
-----------------------------------
12.00pm: I am very, very happy to welcome all of you, not just the prime minister, to Burma, and as this is the time of the water festival, it is a good opportunity to wash away all your sins, if you have any, she says.

She says she hopes this new year, starting on 17 April, will bring democracy to Burma and closer cooperation between Burma and Britain.
Photograph: Stefan Rouseau/PA
ဒေါ်အောင်ဆန်းစုကြည်နှင့်ဒေးဗစ်ကင်မရွန်း ဆွေးနွေးအပြီး

Photograph: Stefan Rouseau/PA

Mr Cameron described Aung San Suu Kyi as "a shining example for people who yearn for freedom"

ဆုံးရှုံးသွားသော ရင်သွေးငယ်များ



(၁)
ညကိုးနာရီခန့် ချင်းရိုင် ညဈေးမှာ ကြိတ်ကြိတ်တိုး စည်ကားလျက်။ အမျိုးသမီးပျိုတစ်စုက ဈေးရင်ပြင်ကွက်လပ်မှာ သူတို့ လက်ကလေးတွေကို ညှင်သာစွာကွေးညွှတ်ရင်း ကျက်သရေရှိလှသည့် ထိုင်းရိုးရာအကဖြင့် ဖျော်ဖြေနေချိန်။
ဒေသခံ အများစုကတော့ မိန်းမပျိုလေးတွေရဲ့ အကကို ဂရုစိုက်ကြည့်အားပုံမရ။ သူငယ်ချင်းမိတ်ဆွေတွေနှင့် အလုပ်ရှုပ်လွန်း၊ ရက်သတ္တပတ်အတွင်းက အတင်းအဖျင်းလေးများနှင့် အချိန်ကုန်လွန်နေကြချင်ပုံပဲရသည်။
လမ်းဘေးဈေးသည်များစွာက လမ်းတလျှောက် အပြည့်စီတန်းနေရာယူထားသည်။ ထမင်းချက် သံယောင်းမမှ ထိုင်းရိုးရာအ၀တ်အစားအထိ အမျိုးစုံအောင် ရောင်းနေကြသည်။ သူတို့ မျက်စိက ကျမနှင့် ကျမရဲ့ သမီး ‘ကီယာစတင်’ တို့ထံ ၀ယ်များဝယ်ယူမလားဆိုတဲ့ မျှော်လင့်ချက်များနှင့် ကြည့်နေကြသည်။ ကျမတို့ သားအမိက အနောက်တိုင်း ၀တ်စားပုံနှင့်။ ထိုင်းဘာသာစကားနဲ့ တေးသွားအသံက ကျမတို့ကို မစွဲဆောင်နိုင်သေး။ သို့သော် နားထဲမှာတော့ တ၀ီဝီနှင့် အဆန်းသား။
ကျမနှင့်အတူပါလာသည့် ဆယ်နှစ်သမီး ကီယာစတင် အဖို့တော့ အရာအားလုံးက အသစ်အဆန်းချည်း ဖြစ်နေသည်။ တက်ကြွပျော်ရွှင်လွန်းလို့ တခစ်ခစ်။ ကျမလက်ကို ကျစ်ကျစ်ဆွဲရင်း ရှေ့ကိုပဲ သွားဖို့လောနေသည်။ ရှေ့မှာ ရတနာသိုက်တွေ တွေ့တော့မယ့်အလား။
ထိုင်းနိုင်ငံ မြောက်ဖက် ယခုဒီနေရာကွက်လပ် သေးသေးလေး ရောက်နေတော့ ဟိုးအဝေးက ကျမတို့ နေထိုင်သည့် ကောလိုရာဒိုပြည်နယ်ကိုပင် မေ့သွားသည်။ နွေးနွေးလေး တိုက်လာသည့် ညလေပြေအောက်မှာ ကျမ မဝေခွဲနိုင်တဲ့ အတွေးတစ်ခု ဖြတ်ကနဲ ၀င်လာသည်။ ဒီနေရာမှာ ဘ၀က ပိုနှေးကွေးသွားသလား။ လုံခြုံစိတ်ချရမှုကော ရှိရဲ့လား။ အို ဘာပဲဖြစ်ဖြစ် ကြောင့်ကြမနေနဲ့။ ကျမ စိတ်ထဲဝင်လာတဲ့ ဇဝေဇ၀ါ အစိုးမရစိတ်တွေကို ခေါင်းခါထုတ်ပစ်လိုက်ရသည်။
ဒါ ညဈေး အပျော်ထွက်တာပဲ။ ထိုင်းနိုင်ငံကို လိင်ကုန်ကူးမှု အကြောင်းရေးဖို့ ကျမလာခဲ့တဲ့ အလုပ်ကိစ္စတွေကို ခဏမေ့ထားပစ်လိုက်တာ ကောင်းတယ်။
“မေမေ လာ” ကီယာစတင်က ကျမလက်ကိုဆွဲရင်း အနံမျိုးစုံမွှေးကြိုင်နေသည့် စားစရာဆိုင်နား အတင်းခေါ်သွားသည်။ ကာလာအရောင်မျိုးစုံမုန့်တွေကို သေသေသပ်သပ် ခင်းပြထားသည်။ မီးကင်ထားသော အသားများမှလွဲလို့ အားလုံးက စားချင်ဖွယ်ရာတွေ။
“မေမေ တစ်ခုခု စားပါလား” သမီးက အတင်းတိုက်တွန်းနေသည်။ ဘေးဆိုင်က ပိုးကောင်မွှားကောင် ကြော်ထားတာတွေကို တစ်ချက်လှမ်းကြည့်ရင်း “မစားချင်သေးပါဘူးကွာ၊ ဟိုမှာကြည့်စမ်း ပိုးကောင်လေးတွေရဲ့ ခြေထောက်စားဖို့ကို မေမေ ဘယ်လိုမှ စဉ်းစားလို့မရဘူး”
အရာရာတိုင်းတွင် စွန့်စားမှု ရှိရလိမ့်မည်။ ပိုးကောင်တွေစားဖို့ ကျမအတွက်လည်း စွန့်စားရဦးမည် ထင်သည်။
ဈေးထဲမှာ ရွှေရောင်ဆံပင်နှင့် အပြင်ကလူဆိုလို့ ကျမတို့ သားအမိက ထင်းထင်းကြီး ဖြစ်နေသည်။ သို့သော် ထိုင်းလူမျိုးတွေက ဖော်ရွေကြင်နာသည်။ ရွှေလည်ဆွဲကလေးတွေ ရောင်းတဲ့ဆိုင်ရှေ့ ကျမတို့ ရပ်လိုက်သည်။ ကီယာစတင်က ဈေးမေးကြည့်ရင်း “ဈေးသက်သာ လိုက်တာ” တဲ့။ အမေရိကန် ဒေါ်လာက ထိုင်းတွင် မာနေချိန် မဟုတ်လား။ ကျမတို့ လိုချင်တာလေးတွေ ၀ယ်ဖို့ လက်လှမ်းမှီနိုင်သည်။ ထိုင်းရဲ့ စီးပွားရေး အလွှာစုံအခြေအနေကို ဒီညဈေးလေးတွင် မြင်နိုင်သည်။
လူအများစုကြည့်ရတာ သက်တောင့်သက်သာ အေးအေးဆေးဆေးနှင့် ရိုးရှင်းသည့်ဘ၀။ လည်ဆွဲလေးတွေ ကျမ စိုက်ကြည့်နေချိန်တွင် အသက်ခပ်လတ်လတ် ဆိုင်ရှင်အမျိုးသမီးက ကီယာစတင်ကို ရွှေလော့ကတ်သီးလေး ပြနေသည်။ သူတို့ချင်းလည်း ဘာသာစကား နားမလည်ကြပေမယ့် ချစ်ခင်ပုံ ရသွားကြသည်။ လမ်းတလျှောက် သမီးက သူဝယ်လာတဲ့ လော့ကတ်သီးလေးကို ရင်ဘတ်နား ကပ်ကပ်ကြည့်နေသည်။
သိပ်မကြာလို်က်၊ ကျမသူငယ်ချင်း နန်စီနှင့် ဈေးထဲမှာ ဆုံမိသည်။ “ထိုင်းတွေက ကလေးချစ်တတ်တယ်နော်” ဟု အမှတ်မထင် သူ့ကိုပြောလိုက်မိသည်။
“အေးဟ ထိုင်းတွေက သူတို့ကလေးတွေတင်မက အခြားကလေးတွေလည်း ချစ်တတ်တယ်။ ကလေးတွေကို ဒီမှာ ရတနာတွေလို တန်ဖိုးထားတတ်တယ်နော်” နန်စီကလည်း ပြန်မှတ်ချက်ပေးသည်။
နန်စီ အမြင်ကို ကျမခေါင်းငြိမ့်လိုက်သည်။ နန်စီက သူ့ယောင်္ကျား၊ ကလေးနှစ်ယောက်နှင့်အတူ ထိုင်းမှာ နှစ်ပေါင်းများစွာ အခြေကျ နေထိုင်နေတဲ့သူ။ ဒါပေမဲ့ ကျမ ခေါင်းထဲ ရှုပ်ထွေး နေသေးသည်။ ကလေးတွေကို ဒီလောက် ချစ်ခင်ယုယမြတ်နိုးတဲ့ ထိုင်းနိုင်ငံမှာ ဘာကြောင့် ကလေးပြည့်တန်ဆာလုပ်ငန်း ပေါများနေရတာလဲ။ ကျမရဲ့ ဝေခွဲမရမှုကို နန်စီ ဆက်မေးကြည့်တော့ “အင်း” ဟု တစ်ချက်ထဲပြောရင်း ရှေ့ဆက်တိုးပြီး အခြားလမ်းဘက် ကူးဖို့ လုပ်နေသည်။
ကျမတို့ သူ့ကိုမီသွားတော့ နန်စီက ခြုံထည်လို စောင်ကိုဝတ်ထားသည့် အမျိုးသမီးငယ် လေးဦးနှင့် စကားပြောနေသည်။ အမျိုးသမီးငယ်များရှေ့တွင် သူတို့ကိုယ်တိုင် လုပ်ထားတဲ့ လက်မှုအထည်များကို သေသေသပ်သပ် ချရောင်းနေကြသည်။ သူတို့ ဦးထုတ်နှင့် လည်ပင်းတွင် ရှုပ်ရှုပ်ထွေးထွေး ပုတီးများနှင့် ကွင်းများက အရေအတွက်များလှချည့်။ သူတို့ ပြုံးလိုက်သည့်အခါ ကွမ်းစားထားသော သွားကလေးများနှင့် နီရဲလျက်။ နန်စီနှင့် သူတို့လေးဦး ထိုင်းဘာသာစကားနှင့် ပြောဆိုနေကြတဲ့ အသံက ကျမအဖို့ နားစိမ်းနေသည်။
“သူတို့က အခါ လူမျိုးစုတွေလေ” လို့ နန်စီက ပြောပြသည်။
ချက်ချင်း ကျမ စိတ်ဝင်စားသွားသည်။ အခါတွေက ထိုင်းနိုင်ငံ မြောက်ဖက်ပိုင်း တောင်းကုန်းတွေပေါ်နေထိုင်တဲ့ ထင်ရှားတဲ့ မျိုးနွယ်စု ခြောက်စုထဲက တစ်စုဖြစ်သည်။ မျိုးနွယ်စု တစ်ခုချင်းစီတွင် မိမိကိုယ်ပိုင် ဘာသာစကားနှင့် ယဉ်ကျေးမှု ရှိကြသည်။ အပြင်ဘက်က လူတွေ အမြင်ကတော့ လူမျိုးစုတွေဟာ အလွန်ဝေးလံတဲ့ ဒေသမှာနေပြီး ရှေးဦးလူများ ဆန်သည်ဟု ယူဆထားကြသည်။ သူတို့ ကျေးရွာ အိမ်ကလေးတွေက ၀ါးနဲ့လုပ် သက်ကယ်မိုး၊ လျှပ်စစ်မီးမရှိ၊ သောက်သုံးရေ သွယ်တန်းမှုမရှိ။

ထိုင်းလူမျိုးတွေကလည်း သူတို့ကို လက်မခံ။ လူဦးရေ ၅၄၀၀၀၀ ခန့်ရှိသည့် လူမျိုးစုတွေမှာ ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြု မခံကြရ။ ကိုယ်ပိုင် မွေးစာရင်း အသေအချာမရှိ။ ထိုင်းခေတ်မှီ ဆေးရုံမှာ တက်နိုင်ဖို့ဆိုတာ အဝေးကြီး။ ဒီလို တရားဝင် နိုင်ငံသား အဆင့်အတန်း ငြင်းပယ်ခံရမှုကြောင့် ပညာသင်ကြားမှု၊ မဲပေးပိုင်ခွင့်၊ မြေယာပိုင်ဆိုင်ပိုင်ခွင့် စတဲ့ ကျေးရွာရဲ့ အခြေခံအခွင့်အရေးတွေ ဆုံးရှုံးထားကြရသူများပင်။
စိုက်ပျိုးရေး လူ့အဖွဲ့အစည်းမှာ နေထိုင်ကြသူတွေ ဖြစ်ပါလျက်နဲ့ မြေယာပိုင်ဆိုင်ခွင့် မစွမ်းနိုင်ခြင်းမှာ တောင်ကုန်းဒေသ လူမျိုးစုများအဖို့ ပြဿနာ အများကြီးရှိသည်။ မြေဆီလွှာ ခန်းခြောက်မှုကြောင့် အခါနှင့် အခြားလူမျိုးစုများမှာ မတ်စောက်သည့် တောင်ကုန်းပေါ်ကဆင်းပြီး ထိုင်းနှင့် အိမ်နီးခြင်းတိုင်းပြည်များသို့ ရွှေ့ပြောင်းအခြေချလာကြရသည်။ ယခုနောက်ပိုင်း ထိုင်းအာဏာပိုင်များကလည်း မြေယာထွန်ယက် စိုက်ပျိုးမှုများအပေါ် တင်းတင်းကျပ်ကျပ် ချုပ်ကိုင်မှုများ ရှိလာသည်။
ပြီးတော့ မော်ဒန်နိုက်ဇေးရှင်းရဲ့ ဖိအားတွေက အခါလူမျိုးစုတွေကို ဒုက္ခအဖုံဖုံ ထပ်တွန်းအား ပေးလာသည်။ တစ်နေ့တခြား ဆင်းရဲမွဲတေမှု မြင့်မားလာမှုကြောင့် ကျေးရွာများတွင် မိမိရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ထိန်းထားဖို့ ခက်လာသည်။ ပညာတတ်အနည်းဆုံးနှင့် အဆင်းရဲဆုံး လူမျိုးစုဖြစ်သည့် အခါတွေမှာ မူးယစ်ဆေး သုံးစွဲမှုများလာပြီး၊ ထို်င်းနိုင်ငံတွင် အရွယ်မတိုင်မီ ကလေးသေဆုံးမှုနှုန်း အများဆုံး ဖြစ်သည်။ ဘိန်းစွဲမှုနှင့် ကလေးပြည့်တန်ဆာလုပ်ငန်းမှာ တောင်တန်းဒေသ လူမျိုးစုများအတွက် အကြီးမားဆုံး ပြဿနာ ဖြစ်နေသည်။
ကျမ ဒီကိုလာရတာက ချီကာဂို သတင်းစာအတွက် ကလေးပြည့်တန်ဆာလုပ်ငန်းအကြောင်း ရေးဖို့ပင်။ နိုင်ငံအများစုတွင် လှိုက်စားနေသော ပြဿနာကြီး။ ထိုင်းနိုင်ငံတွင်တော့ ကူးဆက်ရောဂါသဖွယ် ပျံ့နှံနေသည်။
ကျမ ထိုင်းကို ထွက်မလာခင် သူငယ်ချင်းတစ်ယောက်က မေးသေးသည်။ “နင့်က ဒီအကြောင်း ဘာလို့ ရေးချင်ရတာလဲ”
ကျမအဖြေက ယုတ္တိကျချင်မှ ကျမည်။ ပြည့်တန်ဆာလုပ်ငန်းရဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေကို မီဒီယာတွေကနေ ဖော်ထုတ်တာနဲ့အမျှ လူမှု့ပြဿနာဆိုးတွေကို လျှော့ချပေးနိုင်မယ်ဆိုတဲ့ ကျမယုံကြည်ချက်ကြောင့် ထွက်လာရသည်။ ကျမ တကိုယ်ထဲအမြင်ပြောရရင် လူသားထုကောင်းကျိုးအတွက် မျှော်လင့်ချက်ရောင်ခြည်တွေ အလင်းရောင်တွေ ကျမတို့ ရှာဖွေကြရမည်။
သို့သော် ဒီကိစ္စက လွယ်လွယ်ကူကူမဟုတ်။ ထိုင်းနိုင်ငံမှာ လိင်ခရီးသွားလုပ်ငန်းအတွက် ကလေးတွေ လူငယ်လူရွယ်တွေက ရောင်းကုန်ပစ္စည်းလို ဖြစ်နေသည် မဟုတ်လား။ အစိုးရက ဥပဒေထုတ် ဖိအားပေးပြီး၊ ဒေါ်လာသန်းပေါင်းများစွာ အကုန်ခံ တိုက်ဖျက်နေပေမယ့် ထိုင်းတွင် ကလေးပြည့်တန်ဆာ ၂ သန်းကျော် ရှိနေသည်ဟု အေဂျင်စီတစ်ခုက တရားဝင်ကြေငြာထားသည်။ ၈ သိန်းခန့်က ၁၆ နှစ်အောက်တွေ။
ဥပဒေသစ်အရ ကလေးတွေကို ပြည့်တန်ဆာပြုကျင့်သည့် နိုင်ငံခြားသားတွေကို သူတို့နိုင်ငံတွင် ပြစ်ဒဏ်ပေးဖို့ ပြဌာန်းထားသည်။ ဒါပေမဲ့ လိင်တိုးရစ်တွေက တစ်နှစ်ထက်တစ်နှစ် လျော့သွားသည်မရှိဘဲ၊ ထိုင်းတွင် ပိုတိုးလာနေသည်။
အပြစ်ကင်းစင် လန်းဆန်းနေသည့် ဆယ်နှစ်အရွယ် ကျမသမီးလေး မျက်နှာကိုကြည့်ရင်း ကလေးပြည့်တန်ဆာအကြောင်းတွေ တွေးမိတော့ ကျမ ရင်ထဲ နာကျင်သွားရသည်။ မိဘရင်ခွင်ထဲကနေ ကလေးတွေကို ဘယ်လို လူစားမျိုးတွေကများ ခေါ်ထုတ်နေတာပါလိမ့်။

(၂)
ချင်းရိုင်မှ နာရီဝက်သာသာ ကားမောင်းသွားလျင် မြန်မာပြည်နယ်စပ်တလျောက် ရောက်သွားမည်။ အဲဒီမှာ တောင်ပေါ်ဒေသ လူမျိုးစုတွေအတွက် အခြေအနေက ပိုရှုပ်ထွေးပါသေးသည်။
၁၉၆၀ နှစ်များကတည်းက စစ်အာဏာရှင် အစိုးရအဆက်ဆက်က မြန်မာပြည်ရဲ့ ချမ်းသာကြွယ်ဝမှုတွေကို ပြုတ်ပြုတ်ပြုန်းစေခဲ့သည်။ မြန်မာပြည်ဆိုသော နာမည်ကိုရှာကြည့်လိုက်လျှင် စစ်တပ်က တက္ကသိုလ်တွေ ခဏခဏ ပိတ်ထားမှု၊ ဆင်းရဲမွဲတေမှု၊ လူမှုရေးမငြိမ်သက်မှုများအကြောင်း အများစု မြင်တွေ့မည်။ ယခုလည်း မြန်မာပြည်မှ ဒုက္ခသည်တွေ ထိုင်းနယ်စပ်တလျှောက် လှိမ့်စီးဆင်းလာနေသည်။
နောက် မြောက်ဖက်သို့ နာရီဝက်ခန့် မောင်းသွားလျှင် ဆင်းရဲမွဲတေမှု၊ ပဋိပက္ခမှုထူပြောမှုတို့နှင့် လူသိများသည့် လာအိုနိုင်ငံသို့ ရောက်သွားမည်။ နိုင်ငံသုံးနိုင်ငံ ထိစပ်ထားသည့် နေရာကို ရွှေတြိဂံဒေသဟု ခေါ်ပြီး၊ တစ်ခါက ကမ္ဘာ့ဘိန်းအကြီးအကျယ် စိုက်ပျိုးသော မြိုကလေးဖြစ်သည်။
လိင်ကုန်ကူးခံရသည့် ကလေးအများစုမှာ လာအိုနှင့် မြန်မာနိုင်ငံတို့မှဖြစ်ကြောင်း နန်စီက ကျမကို ပြောပြထားသည်။ အဆုံးစွန် ဆင်းရဲမွဲတေမှုအောက် ရုန်းထွက်ဖို့ လွတ်လမ်းရှာဖွေကြရင်း ပန်းကန်ဆေး၊ စားပွဲထိုး၊ အိမ်ဖော်နှင့် အစောင့် အလုပ်တွေရဖို့ ထိုင်းနိုင်ငံကို ရောက်လာကြသည်။ ဒီလိုနှင့် အလုပ်အကိုင်ကောင်း တစ်ခုခု ရမည့်အစား လောဘသားများရဲ့ အလိမ်အညာမိ သွေးဆောင်ခံလိုက်ကြရသည်။
“မေမေ သမီး ဒါဝယ်လို့ ရမလား”
အခါလူမျိုး ၀တ်စုံသေးသေးလေး ၀တ်ပေးထားတဲ့ အရုပ်ကလေးကို ကိုင်ထားရင်း သမီးက မေးသည်။ “ယူလိုက်ပေါ့၊ သိပ်တော့ မခိုင်ဘူးနော် သေချာကိုင် အောက်မကျစေနဲ့”
သမီးမျက်နှာ ကြည့်ရင်း ကျမခေါင်းထဲ အတွေးတွေက ဆက်ဝင်လာသည်။ ကလေးတစ်ယောက်ချင်းစီဟာ ကမ္ဘာလောကထဲကို နူးညံ့တဲ့ ပန်းကလေးတစ်ပွင့်၊ ခြောက်ပြစ်ကင်း သဲလဲစင်၊ အိပ်မက်ပေါင်း များစွာနှင့်အတူ ၀င်ရောက်လာကြသည်။ နောက်တော့ ရက်ရက်စက်စက် လောကဓံကို ရင်ဆိုင်ကြုံတွေ့ကြရရင်း အိပ်မက်တွေလည်းဆုံး ဘ၀တွေလည်း ဆုံးရှုံးသွားကြရသည်။
သမီးလေး ကီယာစတင်ကို ကြည့်ရင်း ဒီမှာ ကလေးအများစု ကြုံတွေ့နေရတဲ့ ခက်ခဲမာကျောလွန်းတဲ့ ဒုက္ခတွေ၊ အကြမ်းဖက်ခံရမှုမျိုးတွေ သမီးလေး မရင်ဆိုင်ရပါစေနဲ့လို့ ဆုတောင်းမိသည်။
မိခင်တစ်ယောက်အနေနှင့် အစွမ်းကုန် အကာအကွယ်ပေးလိုစိတ်တွေလည်း ရင်ထဲအလိုလို ၀င်လာသည်။ ကျမသမီးလေးထံ ကျရောက်လာမယ့် ကမ္ဘာလောက ရှိရှိသမျှ မကောင်းမှုတွေကို ကြိုးစားကာကွယ်ပေးသွားမည်။ ဟင်.. ဒါဆို ကီယာစတင်ကို ဒီခရီးခေါ်ခဲ့တာ မှားသွားပြီလား…။
ကလေးပြည့်တန်ဆာလုပ်ငန်းက ဆယ်နှစ်သမီးအရွယ်တင်မက အရွယ်ရောက်ပြီးသူတွေအတွက်ပါ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်။ အခုလာခဲ့တဲ့ ခရီးကလည်း စိန်ခေါ်မှုပါ။ ကျမကလည်း တကိုယ်ကောင်းဆန်စွာပင် ကျမသွားလေရာရာ ကျောင်းတွေ၊ အားကစားရုံတွေ၊ ဘုရားကျောင်းတွေဆီ သမီးကို ခေါ်သွားတတ်သည်။ ဒါပေမဲ့ ကလေးချင်းတောင် ထိတွေ့ခွင့် သိပ်မပေး၊ သမီးကို မျက်စိအောက်က အပျောက်မခံ။
သမီးအထက်က အကြီးနှစ်ယောက်ကိုထားခဲ့ပြီး ကီယာစတင်ကို ကျမနား ခေါ်လာခဲ့သည်။ ကျမ တစ်ယောက်ထဲ ခရီးထွက်ရမှာ ငြီးငွေ့လို့။ ထိုင်းနိုင်ငံက ကလေးအတွက် စိတ်ချရတယ်လို့ ပြောကြတယ်မဟုတ်လား။ နန်စီကတော့ ဘာကြောင့် မိသားစုလိုက် မလာကြတာလဲလို့ မေးသည်။ လေယဉ်စရိတ်က ကြီးတယ်လေ နန်စီရယ် သိပြီးသားမဟုတ်လား။
ကျမ သုနေသန လုပ်မည့် ခေါင်းစဉ်နဲ့ သက်ဆိုင်တဲ့ မိန်းကလေးအချိှု့ကို တွေ့ကြည့်သည်။ သမီးနှင့် ရွယ်တူလေးတွေ အများကြီးနှင့် ရိုးရိုးရှင်းရှင်း ပွင့်ပွင့်လင်းလင်း စကားပြောကြသည်။ ကီယာစတင်က တအံတဩနှင့် နားလည်ဖို့ ကြိုးစားနေရသည်။
လိင်ကုန်ကူးမှုအကြောင်း သမီးကို ရှင်းပြတော့ ကီယာစတင်က ပြန်မေးသည်။ “သူတို့ ခံနိုင်ရည် ရှိပါ့မလား၊ တတ်နိုင်ပါ့မလား မေမေ၊ သူတို့က သမီးလို ကလေးတွေပဲဟာ”
ကျမတွင် အဖြေမရှိ။ ကျမလည်း အလားတူ မေးခွန်း ကိုယ့်ဟာကိုယ်ပင် မေးနေမိသည်။
သူတို့ရဲ့ ကလေးတွေကို လိင်ကျွန်အဖြစ် လိုလိုလားလား ရောင်းစားနေသည့် မိဘတွေ၊ ဦးလေးတွေ၊ အဒေါ်တွေ ရှိနေတာကို ကျမ ဘယ်လို ရှင်းပြရပါ့မလဲ။ မိဘမရှိ ထောက်ပံ့မယ့်သူမရှိတဲ့ ကလေးအချို့ကတော့ သူတို့ ဗိုက်ဖြည့်ဖို့ လမ်းပေါ်ထွက်လာရင်း ဒုက္ခတွေ့ကြရတဲ့အကြောင်း၊ မူးယစ်ဆေးအတွက် ငွေလိုလို့ လှလှပပ ၀တ်ချင်စားချင်လို့ ကိုယ်ဘာသာ ပြည့်တန်ဆာ ပြုလိုက်ကြတဲ့ အရွယ်ရောက်စတွေအကြောင်း သမီး တခါထဲ နားလည်အောင် ဘယ်လိုရှင်းပြရမလဲ။
ဆင်းရဲမွဲတေမှုနှင့် လူသား ဗီဇမှာပါလာတဲ့ အပြုအမူအချို့မှာ အရင်းခံနေတဲ့ ကလေးပြည့်တန်ဆာလုပ်ငန်းက ကျော်လွှားဖို့ ခက်ခဲနေတဲ့ ပြဿနာကြီးပဲ။ ဒါကို ဘယ်လို ဖြေရှင်းကြမလဲ။ နန်စီနှင့် ကျမ အချိန်ကြာကြာ စကားပြောဖြစ်သည်။ နန်စီက ပြီးခဲ့တဲ့ ဆယ်နှစ်လုံး ကလေးပြည့်တန်ဆာ တိုက်ဖျက်ရေး လုပ်ငန်း လုပ်ခဲ့သူ။ ထိုင်းနိုင်ငံကို ရောက်မလာခင်က ခရစ်ယန် လူမှုကူညီရေး အဖွဲ့တစ်ဖွဲ့မှာ အချိန်ကြာကြာ လုပ်ခဲ့ဖူးသူ။
“ကျမ ဘန်ကောက်ကို စမြင်တော့ ဒီညစ်ပတ်တဲ့ မြို့ကြီးကို မနှစ်မြို့ဘူး။ နောက်တော့ ထိုင်းမြောက်ဖက်ပိုင်း တောင်ပေါ်မြို့လေးကို ရောက်သွားတယ်။ အဲဒီမှာ မိန်းကလေးတွေအတွက် အိမ်သစ်တစ်လုံး ဆောက်ပြီး ဦးဆေင်လမ်းညွှန်ပေးရတယ်” နန်စီက ပြောပြသည်။
“ပထမဆုံးအကြိမ် ကလေးပြည့်တန်ဆာ အစီရင်ခံ ရီပို့တ်တွေ ဖတ်ရတော့ ကျမ အိပ်ယာထဲသွားပြီး တစ်နာရီလောက် မျက်ရည်ကျခဲ့ရတယ်။ စိတ်မကောင်းလိုက်တာ မပြောနဲ့။ ဒီလို စိတ်ဖိစီးမှုမျိုး အရင်က မခံစားရဖူးဘူး။ ကျမ ဘာလုပ်ရမှန်းလဲ မသိဘူး။ ပြဿနာက အကြီးကြီးမို့ ကြောက်စရာကြီး။ ကျမကိုယ်တိုင်လည်း ငယ်ငယ်ကတည်းက ကောင်းကောင်းမွန်မွန် နေလာခဲ့ရတော့ ကျမပတ်ဝန်းကျင်မှာ ဒါမျိုး ဒုက္ခရောက်တာ မရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကြိုတင်ကာကွယ်ရေး နည်းလမ်းတွေနဲ့ အကြံပေးဖို့ ဆုံးဖြတ်လိုက်တယ်”
ဟုတ်သည်။ နန်စီက မိခင်တစ်ယောက်လို မိန်းကလေးငယ်တွေကို စောင့်ရှောက်ပေးနေသူ ဖြစ်သည်။ ဒါက လွယ်တဲ့ အလုပ်တော့မဟုတ်။ တခဏ လမ်းကြုံလို့ ၀င်လုပ်လို့ ရတာမျိုးမဟုတ်။
“အရင်က ထိုင်းစကားတောင် ပြောတတ်တာမဟုတ်ဘူး။ ကျမ ဘာစလုပ်ရမှာလဲ။ သူတို့ ဘာသာစကား နားလည်ဖို့ ကျမအတွက် အတော်ခက်တာ။ ကျမ ဆက်ကြိုးစားတယ်။ အဘိဓာန်တွေလှန် ရုပ်ပုံတွေကြည့်ပြီး ကလေးမတွေ ပြောချင်တာ၊ သူတို့ ရန်ဖြစ်နေတာကို သိအောင် လုပ်ရတယ်။ နောက်တော့ မဖြစ်မနေ တတ်လာတာပေါ့”

နန်စီက ဆက်ပြောသည်။ “တစ်နှစ်အတွင်းမှာ မိန်းကလေးတွေကို ထိုင်းစကားနဲ့ ကျမ ချော့တတ် အားပေးနှစ်သိမ့်တတ်လာတယ်။ သူတို့ လိုအပ်ချက်တွေနဲ့ လမ်းသစ်ကိုညွှန်ပြဖို့ ကျမ ကူညီပေးနိုင်လာတယ်။ အဓိကဟာကတော့ သူတို့ကို ဂရုစိုက်တဲ့ တစုံတဦး ရှိတယ်ဆိုတာ သူတို့ သိဖို့ပဲမဟုတ်လား”
နန်စီက ကျေးရွာ ပရော့ဂျက်တစ်ခုလုပ်နေရင်း ‘အေဂျီ’ လို့ခေါ်တဲ့ ခပ်ချောချော အခါ လူငယ်နဲ့တွေ့ခဲ့သည်။ နောက်တော့ လက်ထပ်ဖြစ်ခဲ့သည်။
“အခါလူမျိုးတွေကြားထဲမှာ အေဂျီကို ကျမတွေ့ရတော့ အတော် စိတ်လှုပ်ရှားမိတယ်၊ သူသာ အနောက်နိုင်ငံသားဖြစ်ရင် တစ်မိနစ်အတွင်း ကျမ လက်ထပ်မိလိုက်မှာ။ ဒါပေမဲ့ ကျမတို့ အချိန်ယူပြီး မိတ်ဆွေ အဖြစ်ကနေ ချစ်သူဘ၀၊ နောက် အိမ်ထောင်သည်ဘ၀ ဖြစ်ခဲ့ကြတာ။ အရင်က ကျမအဖို့ တောင်ပေါ်သား လူမျိုးစုထဲက တစ်ယောက်ကို လက်ထပ်ယူဖို့ဆိုတာ ဘယ်လို တွေးကြည့်ဖြစ်မှာလဲ” လို့ ပြောနေစဉ် နန်စီ မျက်နှာမှာ အပြုံးတွေနှင့်။
သူတို့နှစ်ယောက်က ကျေးရွာ လူမှုရေး ပရော့ဂျက်များစွာ လုပ်ရင်း ချစ်သူတွေ ဖြစ်သွာခဲ့ကြသည်။
“တစ်နေ့ အေဂျီ က ပြောတယ်။ သူဟာ နိမ့်ကျတဲ့ လူမျိုးစုက လာတာ။ သူမှာ မော်တော်ဆိုင်ကယ်ရယ်၊ ဘွဲ့လက်မှတ်ရယ်၊ ဘုရားသခင်အတွက် နှလုံးသားရယ်ကလွဲလို့ ဘာပိုင်ဆိုင်မှုမှ မရှိဘူးတဲ့။ အမေရိကမှာ သူ ပညာဆက်သင်ချင်ပေမယ့်၊ သူ့လူထုကို ဒီအတိုင်း ပစ်မထားရက်ဘူးလို့ ပြောလာတယ်။ ဆိုလိုချင်တာက ကျမသူ့ကို လက်ထပ်ရင် ဘယ်နည်းနဲ့မဆို ကျမတိုင်းပြည်ကို စွန့်ခဲ့ရမယ်ပေါ့။”
နန်စီအဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ချက် ချခဲ့ရမယ်ဆိုတာ ကျမ စဉ်းစားမိသည်။
“အေဂျီ အဖေက ကျေးရွာရဲ့ လူမျိုးစု ခေါင်းဆောင်ဆိုတော့ မင်္ဂလာပွဲကို တရွာလုံး လာကြတာပဲ။ အခါလူမျိုး ထုံးစံအတိုင်း ဇနီးမယား တစ်ယောက်ဖြစ်ဖို့ ကျမ သက်သေပြခဲ့ရတာတွေရှိတယ်။ မင်္ဂလာပွဲမှာ သစ်ပင် ခုတ်ပြရတယ်၊ ကြက်တွေ အစာကျွေးပြရတယ်”
အေဂျီက ပထမဆုံး အခါလူမျိုးထဲက တက္ကသိုလ်က ဘွဲ့ရတဲ့သူ၊ သူ့လူမျိုးစုအတွက် အချိန်ပြည့် ခရစ်ယာန် သင်းအုပ်ဆရာ အလုပ်လုပ်နဲ့ လူမှုရေးအလုပ်တွေ တွဲလုပ်သူဖြစ်သည်။ နောက် နန်စီနဲ့ နှစ်ယောက်ပေါင်းပြီး မျိုးနွယ်စုထဲက ဒုက္ခရောက်တဲ့ ကလေးတွေအတွက် ခြံကျယ်ကျယ်ထဲမှာ အိမ်ကြီးကြီးတစ်လုံးဆောက်ပြီး လိင်ကုန်ကူးမှ ကယ်တင်ပေးဖို့ လုပ်ကြသည်။ ဂျင်းဘောင်းဘီဝတ် နေကာမျက်မှန်နှင့် ပညာတတ် အေဂျီတစ်ယောက် သူ့ကျေးရွာ လူမျိုးစုများနှင့် အလုပ်လုပ်နေပုံကို ကျမ မြင်ကြည့်နေမိသည်။
ကျမတို့ ဈေးဝယ်ပြီးသွားတော့ နန်စီက သမီး ကီယာစတင်နှင့် ကျမကို အခြားလမ်းတစ်ဖက်ဆီ ဆွဲခေါ်သွားပြန်သည်။ မှောင်မှောင်မည်းမည်း အရိပ်သဏ္ဍန်တွေပဲ မြင်ရတဲ့ လမ်းကလေး။ အမေရိကမှာတော့ ဒီလို လမ်းကြားမျိုး ရောက်သွားသည်နှင့် လုံခြုံစိတ်ချရမှုကမရှိ။ အန္တရာယ်နံက သင်းနေမည်။ သမီးအတွက် ထိတ်ကနဲ စိုးရိမ်သွားမိသည်။
ရှေ့မှာ ဒစ္စကို မီးသီးလို လည်နေသော မီးစလိုက်ကို တွေ့ရသည်။ ဘားဆိုင်တွေပဲ ဖြစ်မည်။ “အိုကေ ပါ့မလား” ဟု နန်စီကို မေးလိုက်သည်။ ကျမတို့ နောက်နား ခပ်ခွါခွါမှ လူငယ်သုံးယောက် လမ်းလျှောက်လိုက်လာနေသည်။ ကျမတို့ကို တစုံတရာ အန္တရာယ်ပေးရင်တော့ ကျမတို့ ဘာမှ တတ်နိုင်မည် မဟုတ်။ ကီယစတင်ကို အနားနား ပိုကပ်ထားလိုက်သည်။ အို ဒါ ထိုင်းနိုင်ငံ မြောက်ပိုင်းပဲ။ နန်စီက လုံခြုံစိတ်ချရလို့ ဒီခေါ်လာတာပဲ။
ဘားဆိုင်တစ်ဆိုင်ရှေ့တွင် နန်စီကရပ်လိုက်လို့ ကျမ ကြည့်လိုက်တော့ ၁၅၊ ၁၆ နှစ် မိန်းမပျိုလေးတွေ။ တချို့လည်း ၂၀ လောက်ရှိမလား မဆိုတတ်ဘူး။ ဘားဆိုင် အပြင်ဖက်တွင် စုရုံးစုရုံး လုပ်နေကြသည်။ ဂျင်းတွေ တီရှပ်တွေ ၀တ်ထားကြသည်။ စကတ်တိုတို ၀တ်သူကလည်း ၀တ်။ အားလုံး ဆယ်ကျော်သက်တွေ။
“သူတို့ ပြည့်တန်ဆာမလေးတွေလေ” နန်စီ အသံက စို့နင့်နင့်။
နန်စီ စကားက ကျမကို ရှော့ဖြစ်သွားသည်။ အမေရိကန် ရုပ်ရှင်တွေမှာ ကျမမြင်ဖူးတဲ့ ပြည့်တန်ဆာတွေနဲ့ ဒီကလေးမတွေက ဘာမှကိုမဆိုင်။
ဒါကြောင့်လည်း အနောက်ကတောင် တကူးတက လာကြတာ ဖြစ်မည်။ ကျမတို့ ဘားဆိုင် တစ်ဆိုင်ပြီးတစ်ဆိုင်က ကောင်မလေးတွေနဲ့ ကောင်လေးတွေကို ဖြတ်ကျော်လာသည်။ ဆိုင်တစ်ဆိုင်ရှေ့ ရောက်တော့ နန်စီရဲ့ အခါလွယ်အိတ်ကို စကတ်တိုတို ကောင်မလေးက သတိထားမိပုံရသည်။ အခါ စကားနှင့် “ဟလို” ဟု လှမ်းနှုတ်ဆက်သည်။ နန်စီက အခါစကားနှင့် ပြန်နှုတ်ဆက်လိုက်တော့ အားလုံး ကြက်သေသေ သွားကြသည်။ ဒီနေရာမှာ အခါစကား ဘယ်သူပြောတတ်မှာမို့လဲ။
ပြည့်တန်ဆာမလေး သုံးဦးအနက် အငယ်ဆုံးက ဆယ့်သုံးနှစ်။ အကြီးဆုံးက ဆယ့်ကိုးနှစ်။ နန်စီရဲ့ လွယ်အိတ်ကို ကိုင်ကြည့်ကြသည်။ ပြီး သမီး ကီယာစတင်ကို မျက်လုံးပြာပြာ ၀ိုင်းဝိုင်းကလေးများနှင့်ကြည့်ရင်း စကားတွတ်ထိုးနေကြသည်။ သမီးက သူတို့စကားကို နားမလည်ဘဲ ကြောက်ရွံနေသည်။
နန်စီကတော့ ကြောက်ရွံ့မှု မနှစ်မြို့မှုမပြ။ နွေးထွေးကြင်နာမှုတွေ အပြည့်နှင့် လှိုက်လှိုက်လှဲလှဲ စကားပြောနေသည်။ သူတို့လေးတွေဆီမှ အပြုံးက သမီးဆီလည်း ကူးဆက်သွားပြီ။ ကျမသမီးလေးလည်ပင်းမှ ဆွဲကြိုးလေး ကိုင်ကြည့်ကြရင်း “ညီမလေးက အရုပ်ကလေးလိုပဲနော်” ဟု နန်စီကတဆင့် ပြောနေသည်။
နန်စီက ကျမတို့ အမေရိကမှ အလည်လာခဲ့ကြောင်း ပြောပြတော့ သူတို့ ပြုံးကြသည်။ ကီယာစတင်နဲ့အတူ ဓာတ်ပုံတွဲရိုက်သည်။ မိန်းကလေးတွေရဲ့ အပြုံးတွင် ၀မ်းနည်းရိပ်စွက်နေသည်။ သူတို့ နှလုံးသားတွင် နာကျင်နေသလို ကျမ နှလုံးသားတွင်လည်း လေးလံနာကျင်နေပါပြီ။ သူတို့ တစ်ယောက်ချင်းစီရဲ့ လိင်ကျေးကျွန် ဘ၀မှ လွတ်မြောက်ရေး အိပ်မက်တွေကို ကျမမျှော်တွေးနေမိသည်။
ကဲ ရှေ့ဆက်ရွေ့ရဦးမည်။ လက်ပြနှုတ်ဆက်ရင်း လမ်းကြားလေးအတိုင်း ထွက်လာခဲ့ကြသည်။ ဟိုဟိုဒီဒီ ကြည့်မိတော့ ဒေသခံ အမျိုးသမီးငယ်တွေဆီ လာနေကြ ဖောက်သည် နိုင်ငံခြားသားတွေ တွေ့လိုက်ရသည်။ မိန်းကလေးအချို့ကို အ၀တ်အစား လက်ဆောင် ပေးနေသူကလည်း ရှိသည်။
ဒီမြင်ကွင်းကြောင့် အော်ဟစ် ဆဲဆိုပစ်လိုက်ချင်စိတ်တွေကို မနည်းအောင့်ထား မျိုသိပ်ထားလိုက်ရတော့ မျက်ရည်တွေ အလိုလို ကျမပါးပြင်ပေါ် စီးကျလာသည်။ ဘာကြောင့် ကလေးတွေကို တကူးတက လာဖျက်ဆီးနေကြတာလဲ။ သမီးကတော့ ကျမလက်ကို ကျစ်ကျစ်ဆုပ်ရင်း အရာရာကို တိတ်ဆိတ်စွာ ငေးကြည့်ပြီး ဖြစ်ရပ်ကားချပ်တစ်ခုလုံး အနက်ကို ဖမ်းဆုပ်နိုင်ပုံမရ။
ထိုင်းရဲ့ ထူးထူးဆန်းဆန်း ဆန့်ကျင်ဖက်သဘာဝနှစ်ခု အတူတွဲရှိမှုကိုလည်း ကျမအံဩရသည်။ ကလေးပြည့်တန်ဆာလုပ်ငန်း ကြောက်မက်ဖွယ် ဖြစ်နေတဲ့နိုင်ငံမှာ၊ ကလေးကို အရမ်းတန်ဖိုးထား ချစ်မြတ်နိုးသူတွေ နေထိုင်နေကြသည်။ တည်ငြိမ်တဲ့ မိသားစုများက ကလေးတွေကို ကောင်းကောင်းစောင့်ရှောက်၊ ကျောင်းကောင်းထား၊ ရှောပင်ထွက်၊ ပန်းခြံခေါ်သွား။ ထိုင်းလူ့အဖွဲ့အစည်းတွင် ကလေးများက အခရာဖြစ်သည်ဟု ဆိုရမည်ပင်။ ဒီလို ရိုးရှင်းချစ်စရာ အပြုအမူများက သူတို့ပတ်ဝန်းကျင်က သူတွေကိုတောင် ပီတိဖြစ်စေသည်။
သို့သော် ဆင်းရဲတွင်းတွင် မွေးဖွားသူများ၊ ဆေးစွဲနေသူရဲ့ သားသမီးများအတွက်တော့ ကံကြမ္မာက ခြားနားလှသည်။ ပြည့်တန်ဆာလုပ်ငန်းမှရတဲ့ ငွေကြေးက သူတို့ကို သွေးဆောင်ထားသည်။ ထမင်းတစ်ပန်းကန်၊ ပေါင်မုံတစ်ဖဲ့အတွက် ခန္ဓာကိုယ် ရင်းရတော့မည့် ကလေးငယ်တွေက သိန်းသောင်းချီနေသည်။
ခဏကြာတော့ ဟိုတယ်ခန်းဆီ ကျမတို့ ပြန်ခဲ့ကြသည်။ ကီယာစတင်က အမေရိကရှိ အိမ်ကို ဖုန်းခေါ်သည်။ တွေ့ကြုံခဲ့ရသမျှ သူ့ဖေဖေကို ဖောက်သည်ချသည်။ သူ့အဖေကို ရင်ဖွင့်လိုက်ရတော့ သမီးလေးမျက်နှာတွင် ဖုံးလွှမ်းနေသည့် ၀မ်းနည်းမှုတွေ လွင့်ပြယ်သွားဟန်ရှိသည်။ ဖုန်းကို လက်နှင့် အသာဖိထားရင်း “မေမေ ပြည့်တန်ဆာလေးတွေအကြောင်း ဖေဖေကို ပြောပြလိုက်ရမလား” ဟု ကျမကို တိုးတိုး လှမ်းမေးသည်။ “ပြန်ရောက်မှာ ပြောပေါ့ သမီးရယ်” လို့ သူ့အဖေ စိုးရိမ်သွားမှာစိုးလို့ နှစ်သိမ့်ထားလိုက်ရသည်။

(၃)
အဲဒီည ၀မ်းနည်းငိုကြွေးနေတဲ့ မိန်းကလေးတွေမျက်နှာက ကျမ အိပ်မက်ထဲ ပြေးမလွတ်တော့။ သို့သော် အာရုဏ်ဦး အလင်းရောင်နှင့်အတူ ကျမတို့ထကြသည်။ မြစ်ကိုဆန်တက်ရင်း ကရင်လူမျိုးစု ကျေးရွာတစ်ရွာဆီ သွားဖို့ စီစဉ်ထားသည်။ ကီယာစတင်ကလည်း ဆင်တစ်ကောင် စီးရမည်ဆိုတဲ့ စိတ်ကူးတွေနှင့်။
အေဂျီကတော့ ထုံးစံအတိုင်း ကလေးများထိန်းသိမ်းစောင့်ရှောက်ရေး အိမ်ဂေဟာမှာ အလုပ်ရှုပ်မြဲမို့၊ နန်စီပဲ ကျမတို့အတွက် အဖော်လမ်းပြ။ ကျမတို့ လှေနှင့် မောင်းမယ့်သူကို ငှားရသည်။ နန်စီရဲ့ ခုနှစ်နှစ်သား ဇီယွန်နှင့် လေးနှစ်သား ဆေးလ် တို့လည်း ကျမတို့နှင့် အတူ။
ကျမတို့ မော်တော်ဘုတ်ကလေးက ချင်းရိုင်မြို့ကလေးကို နောက်မှာထားပြီး မဲခေါင်မြစ်အတိုင်း ဆန်တက်သွားသည်။ အစိမ်းရောင် သစ်ပင်ကြီးတွေနဲ့ မြက်ရိုင်းရှည်ကြီးတွေ ဖုံးလွှမ်းထားတဲ့ တောင်မြင့်မြင့်ကြီးတွေက ကမ်းပါးတလျှောက် လက်ဝဲလက်ယာ။ ခေါင်းပေါ် ဟိုးအဝေးမှာ ဝေ့၀ိုက်ပျံဝဲနေတဲ့ သိန်းငှက်များကလွဲလို့ လူသူတိရိစ္ဆာန် တောရိပ်တွင် မမြင်တွေ့ရ။ မော်တော်ဘုတ်ဆရာကတော့ သူ့မျက်လုံးက ရှေ့တည့်တည့်ဆီ စူးစူးစိုက်စိုက်။
ရုတ်တရက် ငါးပိုက်ဆင်တဲ့ လူတစ်ယောက်နှစ်ယောက် ရေထဲက ဘွားကနဲ ဘွားကနဲ ပေါ်လာတတ်ပေမယ့် ကျမတို့ကို လုံးလုံးဂရုမစိုက်အား။ ကလေးသုံးယောက်ကတော့ ရေတွေကို လက်နဲ့ပုတ်ရင်း အော်ဟစ်လျက်။
တောင်ခြေတစ်ခုနား မော်တော်ကပ်လိုက်တော့ လူမျိုးစု ကျေးရွာတစ်ရွာကို ပထမဆုံး ကျမ မြင်ဖူးလိုက်ရသည်။ အိမ်အားလုံးက ၀ါးနဲ့ဆောက်ထားတဲ့ တဲတွေ။ မိနစ်အနည်းငယ်ခန့် နားနေခိုက် သမီး ကီယာစတင်က ထအော်သည်။
“မေမေ ဟိုမှာကြည့် ဟိုမှာကြည့်”
သူလက်ပြရာ ကြည့်လိုက်တော့ မြစ်ထဲမှာ ရေဆော့ကစားနေတဲ့ ဆင်တွေ အများကြီးကို မြင်ရသည်။ ကျန်ဆယ်ကောင်လောက်က ကမ်းပေါ်မှာ။ ကျမတို့ ရှိနေတာ ဂရုစိုက်ပုံမရ။ ရုတ်တရက် ဆယ့်ငါးပေလောက်ရှည်တဲ့ စပါးကြီးမြွေကြီး ထမ်းလာသည့် လူနှစ်ယောက်က ကျမတို့ကို ဓာတ်ပုံရိုက်မလား ဟု နှုတ်ဆက်မေး မေးနေသည်။ ကီယာစတင် ကတော့ ငယ်သံပါအောင် အော်ပြီးထွက်ပြေးနေသည်။
မကြာခင် လူနှစ်ယောက်နောက်မှာ ဆင်တွေ တပြုံကြီးလိုက်လာကြသည်။ သူတို့ နှာမောင်းကို ကျမတို့ဆီ လှမ်းယမ်းရင်း အစာတောင်းနေသည်။ တစ်ကောင်ရဲ့ နှာမောင်းက ကီယာစတင်ကို အတင်းတို့ထိနေသည်။ သမီးက ကျမနား အတင်းတိုးခွေ့ဝင်လာသည်။ အကြိမ် ဒါဇင်ပေါင်းမက ရောက်ဖူးနေတဲ့ နန်စီကတော့ ဆင်နှာမောင်းတွေ တွန်းဖယ်ရင်း အသာဖယ်လျှောက်သွားသည်။ ကီယာစတင်က သတိထားနေချိန်၊ ဇီယွန်တို့ ညီအကိုကတော့ ငှက်ပျောသီးတွေ ကျွေးရင်း အူမြူးနေသည်။
နန်စီက ကရင်ရွားသားတွေကို ထိုင်းစကားနှင့် ပြောသည်။ ထိုင်းစကားက နယ်စပ် ကရင်လူမျိုးစုများအဖို့ ဒုတိယ ဘာသာစကားလေ။ “ဆင်တစ်ကောင်ငှားစီးရင် ၁၅၀ဘတ်” လို့ ကျမတို့ကို လှမ်းပြောသည်။ သမီး ကီယာစတင်က ဆင်စီးဖို့ သူ့ဟာသူ တိတ်တိတ်ဆုံးဖြတ်ပြီးသား။ ဒီလိုနှင့် ကျမတို့ ဆင်ပေါ်ကို ကြိုးသစ်သား လှေခါးအတိုင်း တက်လိုက်ကြသည်။ ဆင်စီးရသည်မှာ အထာမကျလှ။
ကီယာစတင်ကတော့ တခစ်ခစ်နှင့် “ဘောလုံးကြီး စီးနေသလိုပဲ မေမေ” တဲ့။
ကရင်ကျေးရွာ လမ်းကြားကလေးကို ဖြတ်သွားစဉ် ကြက်တွေ ခွေးတွေက ဟိုပြေးဒီပြေးနှင့်။ ကျမ အပေါ်စီးကနေ ရွာတဲအများစုကို လှမ်းမြင်နေရပြီး၊ ထမင်းချက်၊ အင်္ကျီချုပ်၊ သန်းတုတ် နေကြသည်။ ကီယာစတင်ကတော့ စူးစူးစိုက်စိုက် လိုက်ကြည့်နေသည်။ လျှပ်စစ်မီးမရှိတာ၊ အီမ်သာတွေ မရှိတာကို သတိပြုမိပါ့မလား။ ကျမတို့ ကော်လိုရာဒိုက အိမ်နဲ့ ဘယ်လောက်ကွာခြားသလဲ။ ကောက်ရိုးနဲ့ သက်ကယ် အိမ်နံရံတွေ၊ ညစ်ပတ်တဲ့ ကြမ်းပြင်တွေက သမီးကို ရှော့ဖြစ်စေသလား။ သူ့ကို ကြည့်လိုက်တော့ ဘာမှမပြောဘဲ အတွေးနက်နေသည်။
တောင်ခြေမှာ နေထိုင်ကြသည့် ကရင်လူမျိုးစုများမှာ စိုက်ပျိုးရေးနှင့် မုဆိုးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ အမျိုးသမီးအများစု အ၀တ်အစားတွေက နွမ်းကြေနေပြီး၊ ရှည်ရှည်လျားလျား ဆံပင်များကို ထုံးသူထုံး ဖားလျားချသူချ။
ဆင်ပေါ်ထိုင်ရတာ တောင့်တင်းနေပြီမို့၊ ကျမတို့ ညစ်ပတ်သည့် ရွာလမ်းတလျှောက် ဟိုခုန်ဒီကျော် ဆင်းလျှောက်ကြသည်။ ရွာဆိုင်ကလေးများတွင် အမျိုးသားများ စုရုံးစကားပြောနေကြသည်။ အမျိုးသမီးငယ်တစ်ယောက်က နေပူပူအေက် ငရုတ်သီးထွက်လှမ်းနေသည်။ သူ့သားငယ်လေးက ဖုန်တွေပေရေပြီး ဆော့နေသည်။ အိမ်အများစုတွင် စားပွဲတစ်လုံး ကုလားထိုင်တစ်လုံးလောက်မှလွဲလို့ ပစ္စည်းများများစားစား ရှိပုံမရ။ ကီယာစတင်မျက်လုံးတွေလည်း ပိုကျယ်လာသည်ထင့်။ ဆင်းရဲမွဲတေမှုဆိုတာ သမီး ပထမဆုံး စမြင်ဖူးလိုက်တာ ဖြစ်သည်။
ကျမတို့ မြို့အပြန်က ညဥ့်နက်ပြီး၊ မော်တော်ဘုတ်ပေါ်မှာတော့ ချမ်းစိမ့်နေသည်။အနွေးထည်တွေ ယူလာမိတာ ကံကောင်းသည်။ ဇီယွန်နှင့် ဆေးလ်ကတော့ မော်တော်ထွက်ပြီး မကြာခင် အိပ်ပျော်သွားပြီ။ နန်စီနှင့် ကျမတို့ ကလေးတွအနား နီးနီးကပ်ကပ် နေကြရင်း ဘာရယ်မသိ ပြုံးမိကြသည်။ ကျမစိတ်တွေက ရွာမြင်ကွင်းလေးထဲက မထွက်တော့။ ရွာက ကလေးတွေကို ဘယ်လို ပညာတတ် လူလားမြောက်အောင် ပျိုးထောင်ကြပါ့မလဲ။
ရုပ်ဝတ္ထုပစ္စည်း အထောက်အပံ့ ဘာမှကိုမရှိသလောက်ဖြစ်နေတဲ့ နေရာမှာ ကလေးတွေ ပျိုးထောင်ဖို့ဆိုတာ မခက်ဘူးလား။ ဘာမှ ရုပ်ဝတ္ထုမရှိ၊ လှလှပပ ၀တ်စားစရာမရှိ၊ ဖက်ရှင်မရှိ၊ လျှပ်စစ်မီးမရှိတာတွေက ပိုကောင်းလေသလား။ ကလေးတွေရဲ့ ပျော်ရွှင်မှုက ငွေကြေးနဲ့ ၀ယ်ယူလို့ရတာတွေကလာတာမဟုတ်၊ မိသားစုရဲ့ ကြင်နာစောင့်ရှောက်မှုကလာတာတယ် ဆိုတာလည်း ဟုတ်နေပြန်သည်။
ကမ္ဘာအနှံက မိခင်တိုင်းလိုပင် အခါလူမျိုးစုနဲ့ ကရင်လူမျိုးစု မိခင်တွေလည်း သူတို့ရင်သွေးတွေအတွက် အစွမ်းကုန် ချစ်ကြ၊ ကာကွယ်စောင့်ရှောက်ကြ၊ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းချင်ကြမှာပင်။ ဒါဆို အိမ်ကြီးရခိုင် တိုက်တာတွေမှာ နေကြတဲ့ မိခင်တွေနဲ့ တဲစုတ်စုတ်မှာ နေထိုင်ကြရတဲ့ မိခင်တွေ ဘာကြောင့် သားသမီးတွေ စောင့်ရှောက်ပုံ ဒီကမ္ဘာမှာ အများကြီး ကွာခြားနေရသလဲ။

(၄)
ရက်အနည်းငယ်ကြာတော့ နန်စီ၊ ကီယာစတင်နှင့် ကျမတို့ ထိုင်း-မြန်မာ နယ်စပ်ကို ဖြတ်ပြီး တာချီလိတ်မြို့သို့ သွားခဲ့ကြသည်။ လမ်းများပေါ်တွင် ဈေးသည်ပေါင်း မြောက်များစွာနှင့် ဈေးပေါပေါ အ၀တ်အစားများ၊ လ္ဘက်ရည်ဆိုင်များကို တွေ့ရသည်။ ဈေးဝယ်ခြမ်းဖို့ကောင်းလိုက်တာ။ သို့သော် အချိန်က များများမရှိ၊ မြန်မာပြည်ဖက်ခြမ်းက အခါတွေဆီ သွားလည်ဖို့ လာခဲ့တာမဟုတ်လား။
“နယ်စပ်ဖြတ်လာရတာ တစ်တစ်ခါ သိပ်လုံခြုံတာ မဟုတ်ဘူး၊ ကရင်နဲ့ ဗမာစစ်တပ်တွေအကြား မကြာခဏ တိုက်ပွဲတွေ ပစ်တတ်ခတ်တတ်တာတွေ ရှိတယ်။ ဗမာစစ်တပ်က ရွာလုံးကျွတ် ရှင်းပစ်တာတွေလည်း ရှိတယ်” ဟု နန်စီက ပြောပြသည်။
အဲဒီနေ့ကတော့ အခြေအနေကောင်းပုံရသည်။ နယ်စပ် လုပ်နည်းလုပ်ဟန်တွေကို ကျမ သိပ်နားမလည်ပေမယ့် ထိုင်းဘက်တွင် ကျမတို့ ပတ်စပို့ကိုအပ်၊ မိတ္တူကို မြန်မာဘက် ယူသွားရသည်။ မြန်မာဘက်ကူးခ ၅ ဒေါ်လာစီ ပေးရပြီး ညနေ ၆ နာရီ ပြန်ကြရမည်။
“မျက်လုံးကို ရှေ့တည့်တည့်ပဲကြည့်၊ ကိုယ်သွားမယ့်နေရာ ကိုယ်သိနေတဲ့ပုံနဲ့နေ၊ ဘယ်သူကိုမှ စကားမပြောမိစေနဲ့” လို့ နန်စီက နှစ်နိုင်ငံ နယ်စပ်တံတား အကူးတွင် ကပ်မှာထားသည်။ သို့သော် ကျမမျက်လုံးက ရှေ့တည့်တည့် မကြည့်နိုင်အားပါ။ ပိန်ပိန်သေးသေး ညစ်ပတ်ပေရေနေတဲ့ ကလေးဒါဇင်ကျော်က တံတားကူးကတည်းက လိုက်လံတောင်းရမ်းနေသည်။
“အပြန်ကျမှ ပိုက်ဆံပေး၊ အခုပေးလိုက်ရင် တကောက်ကောက် လိုက်နေကြတော့မှာ” လို့ နန်စီက ပြောသည်။ ခက်တာက ခြောက်နှစ်အရွယ်ကလေးတစ်ယောက်က ကျမတို့နောက် တတွတ်တွတ်ပြောရင်း ထပ်ကြပ်လိုက်လာသည်။ လည်ပင်းကလည်း စောင်းငန်းငန်းနှင့်။ မြင်ကွင်းကို ကျမ မခံစားနိုင်တော့ပါ။ သမီး ကီယာစတင် မျက်နှာတွင်လည်း စိုးရိမ်ထိတ်လန့်ပြီး ကျမလက်ကို ကျစ်ကျစ် ဆုပ်ထားသည်။ နန်စီ မျက်နှာ လှမ်းကြည့်လိုက်တော့လည်း ငိုတော့မည့်ပုံ။
“ကျမတို့ တတ်နိုင်မှာ မဟုတ်ဘူး။ ဒီမှာ ဒီလို ကလေးတွေ အများကြီးမှ အများကြီး” နန်စီက ကြိုးစား ရှင်းပြသည်။
မြန်မာပြည်ကြည့်ရတာ ကမ္ဘာနှင့် အတော့်ကို ခေတ်အဆက်ပြတ် ကျန်ရစ်နေသည်။ မြင်းလှည်းတွေက လမ်းပေါ် နေရာအတော်ယူထားသည်။ တွေ့ရသမျှ ကားတွေက ကုန်ပစ္စည်းအပြည့်၊ မီးပွိုင့်က မရှိသလောက်။ နွားလှည်းတစ်စီးက ကျမတို့ဘေးမှ တကျွီကျွီနှင့် ဖြတ်တက်သွားသည်။
လူအများစုက လုံခြည်ဝတ်ကြသည်။ စတိုးဆိုင်ကောင်းကောင်း ကုန်သွယ်ရေးစင်တာကောင်းကောင်း ကျမရှာကြည့်သည်။ ထိုင်းတွင် မှိုလိုပေါက်နေတဲ့ 7-11 စတိုးဆိုင်ပုံစံ ဆိုလို့ တစ်ဆိုင်ပဲ ရှာတွေ့သည်။ ကျမတို့ကို လာတွေ့တဲ့ နန်စီ မိတ်ဆွေ အခါ မိသားစု လေးယောက်အတွက် အန္တရာယ်က များလှသည်။
တိုင်းရင်းသား လူမျိုးက နိုင်ငံခြားသားနှင့် ဆက်ဆံဖို့ မြန်မာနိုင်ငံတွင် မလွယ်လှ။ သို့သော် ငယ်ရွယ်သူ အခါတွေက ၀မ်းသာအယ်လဲ ဖြစ်နေသည်။ ရိုးရိုးရှင်းရှင်း ဆောက်ထားသည့် သစ်သားနှစ်ထပ်အိမ်ကြီးက စားပွဲရှည်ပေါ်တွင် စားစရာ အပြည့်နှင့် ဧည့်ခံကြသည်။ အရသာရှိလိုက်တဲ့ အစားအစာတွေ။ အခါတွေက ကျမတို့နား ၀ိုင်းနေကြသည်။ ကီယာစတင် ကတော့ ခေါင်းတွင် ပန်းလေးတစ်ပွင့်၊ ရယ်သံနှင့်အတူ ပျော်လွန်းနေသည်။
နေ့လည်စာ စားသောက်ပြီးချိန်မှာ လူငယ်တွေက ကုလားထိုင်များ တန်းစီလျက် နှစ်တန်းခွဲလိုက်သည်။ အခါ ခရစ်ယာန် ယုံကြည်ချက် တေးသီးချင်းများနှင့် ဆိုကြ ကကြ။ နန်စီက ကျမတို့ကို ဘာသာပြန်ပြတာတွေလည်း ရှိသည်။ အားလုံး မျက်နှာတွေပေါ်မှာ ပျော်ရွှင်မှုတွေ အတိုင်းသား။
“မေမေ သူတို့မှာ ဘာမှ ရှိတာမဟုတ်ဘူးနော်။ ဒါပေမဲ့ သိပ်ပျော်ရွှင်ကြတယ်” ထိုင်းဖက်အပြန် တံတားကူးစဉ် ကီယာစတင်က ပြောသည်။ သိပ်ပျော်ရွှင်ကြတယ် ဆိုပါလား။ အခါတွေမှာ ခေါင်းပေါ်မှာ အမိုးကလွဲလို့ ပိုင်ဆိုင်မှုတွေ များများစားစား မရှိ။ သမီးအတွက် သင်ခန်းစာကောင်းတစ်ခုနှင့် စဉ်းစားစရာတွေ ရသွားသည်။

(၅)
နောက်တစ်ပတ်တွင် နန်စီက ကားနှင့် ကျမတို့ကို မောင်းခေါ်သွားပြီး ‘အာရှ ခရီးသွားလုပ်ငန်း ကလေးပြည့်တန်ဆာ ပပျောက်ရေး’ (ECPAT) အဖွဲ့မှ ဒေသဆိုင်ရာ တာဝန်ခံဒါရိုက်တာ ထိုင်းအမျိုးသမီး ကူစူမယ်လ် ရချဝေါင် နှင့်တွေ့ဆုံစေသည်။
အသက် ၃၅နှစ်ခန့်ရှိ ကူစူမယ်လ် က သူမ အလုပ်ကို စွဲစွဲလန်းလန်း အရူးအမူး လုပ်နေသူမို့ ကျမ သဘောကျသည်။ လ္ဘက်ရည်နှင့် ဧည့်ခံပြီး ထိုင်စကား ပြောဖြစ်ကြသည်။ ကီယာစတင်ကိုတော့ မကြားဝံ့မနာသာတွေ မကြားစေချင်လို့ စာအုပ်တွေနှင့် ခပ်ဝေးဝေးမှာ ထားရသည်။
“တရားဝင် ရီပို့တ် အရတော့ ထိုင်းမှာ ပြည့်တန်ဆာ အရည်အတွက် ကျဆင်းသွားပြီလို့ တင်ပြကြတာပေါ့နော်။ ဒါ မမှန်ပါဘူး။ ရုံတွေကို ပိတ်ပစ်လိုက်တော့ မြေအောက်လုပ်ငန်း ပိုဖြစ်ကုန်တယ်။ မိန်းကလေးတွေကို ကာရာအိုကေ၊ ဘားတွေ၊ ဟိုတယ်တွေနဲ့ အနှိပ်ခန်းတွေမှာ ရှာလို့ရတယ်” ဟု ကူစူမယ်လ် က ရှင်းပြသည်။
“အေဒ့်စ် ရောဂါက အမြဲကြောက်မယ်ဖွယ် အခြေအနေပါ။ ထိုင်းမှာ HIV/AIDS နဲ့ ရှင်သန်နေထိုင်နေတဲ့ အသက် ၁၅ နှစ်အောက် ကလေး ၂၄၀၀၀ ရှိတယ်။ ကလေးလိင်အလုပ်သမ အများစုကိုလည်း အေဒ့်စ် ရောဂါ ရှိမရှိ စမ်းသပ်တာ မရှိသေးဘူး။ သူတို့ ငယ်ငယ်နဲ့ သေသွားမှာ ကျမ စိတ်ပူနေတယ်” လို့ ရှင်းပြသည်။
လက်ရှိ အေဒ့်စ်ရောဂါ ဖြစ်ပွားမှုမှာ ထိုင်းခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေကြောင်း ECPAT အဖွဲ့က တွေ့ရှိထားသည်။
“ခေါင်းတစ်ယောက်က ဖောက်သည်တွေ ရွေးချယ်ဖို့ ဟိုတယ်မှာ ဓာတ်ပုံအယ်လ်ဘမ်တွေ ပေးထားမယ်။ ပြီး မိန်းကလေးတွေက သူ လွှတ်တဲ့ နေရာ သွားရတာပဲ” ဟု ကူစူမယ်လ် ကပြောသည်။
ထိုင်း လိင်ကုန်ကူးမှု လုပ်ငန်းမှာ အမေရိက၊ ဩစတြေးလျ၊ ဗြိတိန်နှင့် အာရှမှ အမျိုးသားများအတွက် ကျော်ကြားပြီး၊ ဖွံဖြိုးပြီး နိုင်ငံပေါင်းစုံမှ လိင်ခရီးသွားလုပ်ငန်းအတွက် ထိုင်းနိုင်ငံကို လာကြသည်။ ဒါကြောင့်ပင် ထိုင်းခရီးသွားလုပ်ငန်းက ကောင်းနေပြီး၊ အဆိုးသံသရာကို ဖောက်ထွက်ဖို့ ခက်နေခြင်းဖြစ်သည်။
“ကလေးတွေကို ဘယ်နေရာမှာထားလဲ ဆိုတာ မသိရင် ကြိုတင်ကာကွယ်ရေး လုပ်ဖို့ ခက်ပတယ်။ ကလေးတွေက ကာရာအိုကေဆိုင်မှာ၊ ဘားမှာ၊ အနှိပ်ခန်းမှာ၊ ဓာတ်ပုံအယ်လ်ဘမ်တွေရဲ့ နောက်ကွယ်မှာ အ၀ှက်ခံထားရတယ်” ဟု ပြောပြသည်။
ကျမ ကီယာစတင်ကို လှမ်းကြည့်လိုက်တော့ စာအုပ်လှန်နေသည်။ ကျမတို့ပြောနေတာ တစွန်းတစတော့ ကြားမှာပဲ။ ဒီခရီးကြမ်းအတွက် သမီးလေးရဲ့ ရင့်ကျက်မှုက လုံလောက်ပါရဲ့လား။ ကျမတို့ နောက်ထပ် စကားပြောနေစဉ် ကီယာစတင်က ပြည့်တန်ဆာအဖြစ်မှ ကယ်တင်ထားခံရသည့် ကလေးများနှင့် စကားပြော ဆော့ကစားနေသည်။ ထိုကလေးတွေက လိမ်လည်လှည့်ဖျားမှုမျိုးစုံခံခဲ့ရသူလေးတွေ။ သူတို့ စိတ်ဒဏ်ရာ ဒဏ်ချက်တွေကို ကုစားပေးနေကြရသည်။ လိင်ကုန်ကူးမှုက ရိုးသားအပြစ်ကင်းစင်သူများအတွက် ကြောက်လန့်စရာ အမာရွတ်တွေ ချန်ထားခဲ့သည်။
“တကယ့် အမှန်တရားကတော့ ကျမတို့ မတတ်နိုင်တဲ့အရာပေါ့။ ငွေပါ။ လူတွေက အလွန်အမင်း ဆင်းရဲကြတယ်။ ပြည့်တန်ဆာလုပ်ငန်းက ငွေကောင်းကောင်း ရနိုင်တယ်လေ” ဟု ကူစူမယ်လ်က အဆုံးသတ် ပြောလိုက်သည်။
နောက်ရက်များတွင် နန်စီတို့ လင်မယား ထူထောင်ထားသည့် ကျောင်းကလေးကို သွားလည်ဖြစ်သည်။ ဘတ်စကက်ဘော ကစားကွင်း အပြင်ဘက်တွင် လူနေအိမ် တစ်ဒါဇင်မက ဆောက်ထားသည်။ အသက် ၇နှစ်မှ ၂၃ နှစ်အထိ မိန်းကလေး ၈၀ကျော် နေထိုင်ကြသည်။ အားလုံး ထိုင်းကျောင်းများတွင် တက်ရောက်ကြပြီး၊ အင်္ဂလိပ်စာနှင့် အခါဘာသာစကားတို့လည်း သင်ယူကြသည်။ အ၀တ်အစားဟောင်းကလေးများကို သေသေသပ်သပ် ၀တ်ဆင်ထားသည်။
သူတို့ရဲ့ ပျော်ရွှင်ရယ်မောသံတွေ ကျမတို့ ကြားနေရသည်။ မိန်းကလေး တစ်အုပ်စု နန်စီ ကားပေါ်ကဆင်းတော့ အပြုံးပန်းတွေနှင့် ပြေးပွေ့ဖက်ကြသည်။ ကီယာစတင်က ကားပြူတင်းပေါက်ကနေ သူတို့ကို ငေးကြည့်နေသည်။
မိန်းကလေးငယ်တွေ ဒီနေရာတွင် လာရောက် နေထိုင်သည်မှာ နောက်ခံအကြောင်း အမျိုးမျိုးကြောင့်ဖြစ်သည်။ အချို့ကျတော့ ဖအေဘိန်းစွဲနေသူက သူ့ဆေးဖိုးအတွက် သမီးကို ပြည့်တန်ဆာလုပ်ဖို့ ရောင်းစားလို့ ကယ်တင်ထားရတာမျိုး ဖြစ်သည်။ တချို့ကလည်း မိဘတွေ အေဒ့်စ်ရောဂါနှင့် ဆုံးပါးသွားပြီး ဆွေမျိုးသားချင်းတွေက လိင်ကုန်ကူး ရောင်းချထားခြင်း ဖြစ်သည်။
နန်စီက အသက် ၁၂နှစ် အရွယ် မိန်းကလေးကို လက်ညှိုးထိုးပြရင်း “ကျမတို့ အိမ် လူတွေပြည့်နေတဲ့အချိန် သူ ရောက်လာတာပေါ့။ သူ့မိဘတွေ အေဒ့်စ်နဲ့ ဆုံးကုန်လို့ သူ့ဦးလေးက ဒီခေါ်လာတာပါ။ သူဦးလေးကလည်း မွေးထားချင်စိတ်မရှိဘူး။ သူဦးလေးနောက်မှာ ကောင်မလေးက တအီအီနဲ့ ငိုလို့။ ကျမ အရည်ပျော်သွားတယ်။ ဘယ်နည်းနဲ့မဆို ကျမ ခေါ်ထားရမှာပေါ့”
နန်စီနှင့် အေဂျီတို့မှာ ငယ်ရွယ်တဲ့ ကလေးအယောက်ရှစ်ဆယ်အတွက် မိဘများ ဖြစ်နေပြီး ခရစ်ယာန် ယုံကြည်ချက်၊ မေတ္တာတရားနှင့် ဘ၀နေထိုင်မှုတို့ကို လမ်းပြနေကြသည်။ တကယ့် မိသားစု မဟုတ်ပေမဲ့၊ မိသားစုမေတ္တာတရား အပြည့်အ၀ ဖြည့်ဆည်းပေးနေသည်။
ချစ်စရာ မိန်းကလေးတစ်ဦးက ကလေးငယ်နှစ်ယောက် လက်ဆွဲပြီး အခန်းထဲဝင်လာသည်။ “သူ့နာမည် အေဂေါ လို့ခေါ်တယ၊် ကျမတို့ လုပ်ငန်းကို အဓိက ကူညီသူပေါ့” ဟု နန်စီက မိတ်ဆက်ပေးသည်။ အေဂေါက လဘက်ရည်ဖျော်တိုက်ရင်း သူမဘ၀ကို ပြောပြသည်။
“ကျမ ၁၄ နှစ်သမီးမှာပေါ့။ တစ်နေ့ အပြင်ကအိမ်ပြန်လာတော့ ၁၆နှစ်ရှိတဲ့ ကျမ အစ်မ မူခ်ဒ ပျောက်နေတာ သိသွားတယ်။ အစ်မ အိမ်က ဘာကြောင့် ထွက်သွားတယ်ဆိုတာလည်း ဘယ်သူမှ မပြောကြဘူး။ အမေ့မျက်နှာမှာတော့ စိုးရိမ်ထိတ်လန့်မှုတွေ ဖုံးလွှမ်းနေတာပေါ့”
ဓနောက်တော့မှ ကျမ သိသွားတယ်။ ဘိန်းစွဲနေတဲ့ ကျမ အဖေက အစ်မကို ပြည့်တန်ဆာလာဝယ်သူတွေကို ရောင်းပစ်လိုက်တာတဲ့။ နောက် ငါးနှစ်လောက်ကြာတော့ အစ်မလည်း အေဒ့်စ် ရောဂါနဲ့ ဆုံးသွားပါတယ်။ အစ်မကို ရောင်းပြီးတာနဲ့ အမေက ကျမကိုထပ်ရောင်းမှာစိုးလို့ ဒီမိန်းကလေး ဂေဟာဆီ လာပို့တာ။ အိမ်ကနေ ထွက်လာတာ အဖေတောင် မသိလိုက်ဘူး”
အခုတော့ အဂေါ အသက်က ၂၅နှစ်၊ ကောလိပ်က ဘွဲ့ရပြီး ဂေဟာမှာပဲ အလုပ်ပြန်လုပ်ဖို့ ဆုံးဖြတ်ခဲ့သည်။ မိန်းကလေး ဂေဟာရဲ့ လက်ထောက်မိခင် ဖြစ်နေပြီ။ အေဂေါက ဆက်ပြောပြသည်။
“ဒီမှာ အားလုံးက ဂရုစိုက်ဖို့ လိုနေတဲ့ မိန်းကလေးတွေကြီးပဲ။ အခါလူမျိုးတွေဟာ မျှော်လင့်ချက်မဲ့စွာနဲ့ နေထိုင်နေကြရတာ။ အစ်မလည်း ကြားမှာပေါ့ စိတ်ပျက်ညီးညူသံတွေ၊ အချို့က ပြည့်တန်ဆာ ရောင်းစားခံရတာ၊ တချို့က အေ့ဒ်စ်ကြောင့် သေကြတာတွေ။ ဒီကိုရောက်လာတဲ့ မိန်းကလေးတွေကတော့ သူတို့ ငယ်ရွယ်နုနယ်မှု ပြန်ရကြတယ်။ နောက်ဘယ်တော့မှ ဒါမျိုးမဖြစ်အောင် မျှော်လင့်ချက် ရနိုင်တယ်လေ”
တစ်ခါက ဘ၀ရဲ့ အခါးသီးဆုံး ဒဏ်ရာဒဏ်ချက်ကို ကြုံတွေ့ခံစားခဲ့ရသည့် မိန်းကလေး တစ်ရာကျော်ကို မျှော်လင့်ချက်၊ ယုံကြည်ချက်နှင့် မိသားစု စိတ်ဓါတ်တို့က ကယ်တင်ပေးထားသည်။ အလားတူ အခြေအနေဆိုးကို ကြုံတွေနေရတဲ့ ကလေးငယ်များအတွက် အကြင်အနာ မေတ္တာ တံခါးဖွင့်ပေးနိုင်ဖို့ ကြိုးစားနေကြသည်။
ရုတ်တရက် တံခါးပွင့်လာပြီး မိန်းကလေးငယ် တစ်အုပ်ကြီး အခန်းထဲ ပြေးဝင်လာသည်။ ကီယာစတင်က အလည်မှာ ဆံပင်ကို သပ်သပ်ယပ်ယပ် နောက်လှန်စီးထားသည်။ သူ့ကို အခြားကလေးမတွေက ၀ိုင်းဖက်ထားကြသည်။ အင်း မိန်းကလေးငယ်တွေက သိပ်မကြာလှတဲ့ အချိန်မှာ အမျိုးသမီးကြီးတွေ ဖြစ်လာကြတော့မယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရှေ့မှာ မျှော်လင့်စရာ အနာဂတ်ရှိနေသည်မို့ ပြုံးပျော်နိုင်ကြမှာပဲ။
ကျေးဇူးတင်စိတ်တွေ ကျမရင်ထဲ လွှမ်းခြုံလာသည်။ ကျမသမီးလေးကို ထိုင်းနိုင်ငံ ဒီနေရာ ခေါ်ခွင့်ရသည့်အတွက်လည်း ကျေးဇူးတင်နေမိသည်။ ဘ၀တလျှောက်လုံးအတွက် သင်ယူစရာ အမှန်တရား တချို့ကို ကီယာစတင် မြင်တွေ့ဖမ်းဆုပ်ခွင့်ရခဲ့လိမ့်မည်။
နောက်ထပ် ညဘက်တွေ ထွက်ကြည့်လိုက်ရင် နာကျင်မှု စက်ဆုတ်ရွံရှာမှုတွေနဲ့ ငိုကြွေးနေမည့် အခြားမိန်းကလေးငယ်ပေါင်း များစွာ ကျန်ရှိနေသေးသည်။ သူတို့ကမ္ဘာလောကရဲ့ ရက်စက်ယုတ်မာမှုကို ဆက်မငိုကြွေးနိုင်တဲ့ မျက်လုံးပေါင်းများစွာလည်း ရှိနေကြဦးမည်။ ကာရာအိုကေဆိုင်တွေ၊ ဘားဆိုင်တွေက မိန်းကလေးငယ်တွေအတွက် အိပ်မက်တွေကော ကျန်ရှိသေးရဲ့လား။
အေဂေါကို ကြည့်လိုက်တော့ ကလေးတွေနှင့် ရယ်မောလျက်။ သူ့ရယ်သံလွင်လွင်က စစ်မှန်တဲ့ ပျော်ရွှင်မှုနဲ့ မျှော်လင့်ချက်တွေ ရှိနေသေးတယ်လို့ ကျမကို ပြောပြနေသလို။ မနက်ဖြန် မိန်းကလေးအချို့ကို အင်တာဗျူး လုပ်စရာရှိနေသးသည်။ ကျမ နှလုံးသား ပိုနာကျင်ဖို့ ရှိနေသေးသည်။ ကနေ့ညတော့ ငွေရှားပေမယ့် ချစ်ခြင်းမေတ္တာ ပြည့်လျှမ်းတဲ့နေရာ ကျမ ရောက်နေသည်။ ရောင့်ရဲကျေနပ်တဲ့ အပြုံးတွေ ကျမ မြင်နေရသည်။
တိမ်သားမဲ့ ကောင်းကင်ပေါ် လအလင်းရိပ်တက်လာချိန်မှာတော့ ကလေးတွေရဲ့ ရယ်မောသံ ပိုကြားနေရသည်။ ဆံပင်နက်နက် မိန်းကလေးငယ်အချို့ ဘတ်စက်ဘောကစားနေရာမှ ခုန်ပေါက် ပြေးဝင်လာနေသည်။ ကီယာစတင်ကတော့ သူတို့လေးတွေနဲ့ မခွဲချင်အောင် ရှိနေပြီ။ သမီးအတွက် ကျမ ဘယ်လောက်ကြည်နူး ဂုဏ်ယူမိတယ်ဆိုတာ သူ အခုသိပါ့မလား။
ဖြည်းဖြည်းညှင်းညှင်း တိုက်ခတ်လာတဲ့ လေပြေအေးက ပြူတင်းတံခါးကတဆင့် အခန်းထဲ လွှမ်းခြုံသွားသည်။ မွှေးမြမြပန်းရိုင်းတွေရဲ့ ရနံသင်းသင်း ကျမဆီဝင်လာသည်။ တစ်ခဏ ရပ်နားပြီး မှတ်တမ်းတွေ ရေးရဦးမည်။ အခုထိတော့ ထိုင်းနိုင်ငံရဲ့ လှပအေးချမ်းတဲ့ ညကလေးတစ်ညကို ကျမတို့ ပိုင်ဆိုင်ခွင့်ရနေသေးသည်။ ။
Written by ၀င့်ထန်း (ဘာသာပြန်သည်)
(Thailand's Lost Cildren by Janna L.Graber ကို ပြန်ဆိုသည်)
  မောက္ခ

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်းမရွန်း တွေ့ ဆုံနေပြီ

Photograph: EPA
ဧပြီ လ ၁၃ ရက်နေ့ ၂၀၁၂
ယနေ့ ညနေ ၄ နာရီကျော် တွင် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းသည် နိုင်ငံတကာ မီဒီယာအဖွဲ့များနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ရောက်ရှိလာပြီဖြစ်ပြီး ယခု အခါ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ ဆုံဆွေးနွေးနေပြီ ဖြစ်သည်။
 Myanmar News Now
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်