7Day News Journal
ဗြိတိန်ဝန်ကြီးချုပ် သမ္မတနာမည်လွဲမှားပြောဆို
7Day News Journal
အီးယူက ဒဏ်ခတ်ပိတ်ဆို့မှုအားလုံးကို ရုပ်သိမ်းဦးမည်မဟုတ်
![]() |
| သမ္မတဦးသိန်းစိန်နှင့် မစ္စတာ ဒေးဗစ်ကင်မရွန်း နေပြည်တော်တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ - ရိုက်တာ) |
ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ ဒီနေ့ သမတ ဦးသိန်းစိန်နဲ့ တွေ့တဲ့အခါ၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါမှာ ရှင်းရှင်းလင်းလင်းပြောဖို့ ရှိတယ်လို့ ဆိုပါတယ်။
နိုင်ငံပေါင်း ၂၇ နိုင်ငံ ပါဝင်တဲ့ ဥရောပသမဂ္ဂက ဒီလ ၂၃ ရက်နေ့ကျရင် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြန်လည်သုံးသပ်ဖို့ရှိပြီး လက်ရှိ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတာနဲ့ ခြေလှမ်းကျွံပြီး နောက်ပြန်ဆုတ်ဖို့ ခက်တဲ့အခြေအနေမျိုး မရောက်အောင် ထိန်းညှိသွားဖို့ရှိတယ်လို့ ဗြိတိသျှဝန်ကြီးချုပ်ရုံးက သတင်းအရင်းအမြစ်က ပြောတာကို သတင်းမှာ ဖော်ပြထားပါတယ်။
အီးယူရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကလည်း မြန်မာပြည်ကို မရောက်ခင် မလေးရှားမှာ မြန်မာပြည်က တိုးတက်မှုတွေနဲ့ သမ္မတဦးသိန်းစိန်ရဲ့ လုပ်ဆောင်ချက်တွေကို ချီးကျူးစကား ဆိုခဲ့ပါတယ်။
“မြန်မာပြည်မှာ အပြောင်းအလဲတွေအပေါ်မှာ သတိထားဖို့၊ မေးခွန်းတွေ ဆက်ထုတ်နေဖို့ လိုအပ်သလိုပဲ အခုလို အလင်းရောင်တွေ မြင်နေရပြီး ဒီမိုကရေစီနဲ့ လွတ်လပ်မှုတွေ ပွင့်လင်းလာဖို့ မျှော်လင့်ရတဲ့ အပြောင်းအလဲ စတင်နေတဲ့အခြေအနေမှာ နောက်ကနေ အားပေးဖို့လည်း လိုအပ်တယ်။”
ဒေးဗစ်ကင်မရွန်းဟာ မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်တဲ့အချိန်ကစလို့ ပထမဆုံး မြန်မာနိုင်ငံကို ရောက်လာတဲ့ အီးယူနိုင်ငံတွေထဲက နိုင်ငံ့ခေါင်းဆောင်ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးတင်ဦးကလည်း အီးယူအနေနဲ့ အခြေအနေကို စောင့်ကြည့်ဖို့ လိုသေးတယ်လို့ ပြောပါတယ်။
“မြန်မြန်ဆန်ဆန် အီးယူတို့ဘာတို့က လျှော့လိုက်တယ်ဆိုတာမျိုးက မဖြစ်သင့်သေးဘူး။ အချိန်စောသေးတယ်။ တိုးတက်မှုကို ဆက်ကြည့်ဦးပေါ့။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အရွေးခံရတာနဲ့တင် မဟုတ်သေးဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြောတာက သမ္မတကြီးနဲ့လုပ်ရတာ ကောင်းတယ်။ အခုက အစိုးရအဖွဲ့အစည်းထဲ ရောက်သွားပြီ၊ လွှတ်တော်ထဲရောက်သွားပြီ၊ နောက် ဘယ်လိုအခြေအနေ ရှိမလဲဆိုတာ စောင့်ကြည်ရဦးမှာပေါ့။ အဲဒါကြောင့် ခုအချိန်အခါ လုပ်ဖို့ကိုင်ဖို့ဆိုတာတော့ သူတို့ဘက်က ပေးတဲ့အတိုင်းအတာတွေကတော့ တိုးတက်မှုရှိတာတော့ အမှန်ပဲ။ အရင်နဲ့စာရင် တိုးတက်တယ်။ အဲဒီအပေါ်မှာသာ စဉ်းစားရင် စဉ်းစားပေါ့။ သို့သော်လည်း စီးပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်တာအားလုံးကို အလျင်စလို လျှော့ပေးမယ်ဆိုရင်တော့ သူတို့ဘက်က အများကြီး ချိန်ဖို့ကောင်းသေးတယ်။ အရမ်းကြီးလုပ်ဖို့ မသင့်သေးဘူး။”
တိုင်းရင်းသားဒေသတွေမှာ စစ်တွေ မရပ်သေးတာ၊ တရားဥပဒေ စိုးမိုးရေးအပိုင်းမှာလည်း တိုးတက်မှုတွေ မရှိသေးတာကို ဦးတင်ဦးက ထောက်ပြပါတယ်။
အီးယူဟာ ဖေဖော်ဝါရီလကတုန်းကတော့ သမ္မတဦးသိန်းစိန်အပါအ၀င် အစိုးရအရာရှိ ၈၇ ဦးရဲ့ ခရီးသွားလာခွင့် ပိတ်ပင်ထားတာတွေကို ရုပ်သိမ်းပေးခဲ့ပြီး လက်နက်မတင်ပို့ရေး၊ ကျောက်မျက်နဲ့ လူပေါင်း ၅၀၀ နီးပါးရဲ့ ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်ထားတာကတော့ ဆက်ရှိနေပါတယ်။
ဒီဗွီဘီ
သစ်ထူးလွင်
4/13/2012 05:45:00 PM
ဒေါ်အောင်ဆန်းစုကြည်နှင့်ဒေးဗစ်ကင်မရွန်း ဆွေးနွေးအပြီး(ဓါတ်ပုံ)
ဒေါ်အောင်ဆန်းစုကြည်နှင့်ဒေးဗစ်ကင်မရွန်း ဆွေးနွေးအပြီး
Photograph: Stefan Rouseau/PA
Photograph: Stefan Rouseau/PA
![]() |
| Mr Cameron described Aung San Suu Kyi as "a shining example for people who yearn for freedom" |
သစ်ထူးလွင်
4/13/2012 05:35:00 PM
ဆုံးရှုံးသွားသော ရင်သွေးငယ်များ
(၁)
ညကိုးနာရီခန့် ချင်းရိုင် ညဈေးမှာ ကြိတ်ကြိတ်တိုး စည်ကားလျက်။ အမျိုးသမီးပျိုတစ်စုက ဈေးရင်ပြင်ကွက်လပ်မှာ သူတို့ လက်ကလေးတွေကို ညှင်သာစွာကွေးညွှတ်ရင်း ကျက်သရေရှိလှသည့် ထိုင်းရိုးရာအကဖြင့် ဖျော်ဖြေနေချိန်။
ဒေသခံ အများစုကတော့ မိန်းမပျိုလေးတွေရဲ့ အကကို ဂရုစိုက်ကြည့်အားပုံမရ။ သူငယ်ချင်းမိတ်ဆွေတွေနှင့် အလုပ်ရှုပ်လွန်း၊ ရက်သတ္တပတ်အတွင်းက အတင်းအဖျင်းလေးများနှင့် အချိန်ကုန်လွန်နေကြချင်ပုံပဲရသည်။
လမ်းဘေးဈေးသည်များစွာက လမ်းတလျှောက် အပြည့်စီတန်းနေရာယူထားသည်။ ထမင်းချက် သံယောင်းမမှ ထိုင်းရိုးရာအ၀တ်အစားအထိ အမျိုးစုံအောင် ရောင်းနေကြသည်။ သူတို့ မျက်စိက ကျမနှင့် ကျမရဲ့ သမီး ‘ကီယာစတင်’ တို့ထံ ၀ယ်များဝယ်ယူမလားဆိုတဲ့ မျှော်လင့်ချက်များနှင့် ကြည့်နေကြသည်။ ကျမတို့ သားအမိက အနောက်တိုင်း ၀တ်စားပုံနှင့်။ ထိုင်းဘာသာစကားနဲ့ တေးသွားအသံက ကျမတို့ကို မစွဲဆောင်နိုင်သေး။ သို့သော် နားထဲမှာတော့ တ၀ီဝီနှင့် အဆန်းသား။
ကျမနှင့်အတူပါလာသည့် ဆယ်နှစ်သမီး ကီယာစတင် အဖို့တော့ အရာအားလုံးက အသစ်အဆန်းချည်း ဖြစ်နေသည်။ တက်ကြွပျော်ရွှင်လွန်းလို့ တခစ်ခစ်။ ကျမလက်ကို ကျစ်ကျစ်ဆွဲရင်း ရှေ့ကိုပဲ သွားဖို့လောနေသည်။ ရှေ့မှာ ရတနာသိုက်တွေ တွေ့တော့မယ့်အလား။
ထိုင်းနိုင်ငံ မြောက်ဖက် ယခုဒီနေရာကွက်လပ် သေးသေးလေး ရောက်နေတော့ ဟိုးအဝေးက ကျမတို့ နေထိုင်သည့် ကောလိုရာဒိုပြည်နယ်ကိုပင် မေ့သွားသည်။ နွေးနွေးလေး တိုက်လာသည့် ညလေပြေအောက်မှာ ကျမ မဝေခွဲနိုင်တဲ့ အတွေးတစ်ခု ဖြတ်ကနဲ ၀င်လာသည်။ ဒီနေရာမှာ ဘ၀က ပိုနှေးကွေးသွားသလား။ လုံခြုံစိတ်ချရမှုကော ရှိရဲ့လား။ အို ဘာပဲဖြစ်ဖြစ် ကြောင့်ကြမနေနဲ့။ ကျမ စိတ်ထဲဝင်လာတဲ့ ဇဝေဇ၀ါ အစိုးမရစိတ်တွေကို ခေါင်းခါထုတ်ပစ်လိုက်ရသည်။
ဒါ ညဈေး အပျော်ထွက်တာပဲ။ ထိုင်းနိုင်ငံကို လိင်ကုန်ကူးမှု အကြောင်းရေးဖို့ ကျမလာခဲ့တဲ့ အလုပ်ကိစ္စတွေကို ခဏမေ့ထားပစ်လိုက်တာ ကောင်းတယ်။
“မေမေ လာ” ကီယာစတင်က ကျမလက်ကိုဆွဲရင်း အနံမျိုးစုံမွှေးကြိုင်နေသည့် စားစရာဆိုင်နား အတင်းခေါ်သွားသည်။ ကာလာအရောင်မျိုးစုံမုန့်တွေကို သေသေသပ်သပ် ခင်းပြထားသည်။ မီးကင်ထားသော အသားများမှလွဲလို့ အားလုံးက စားချင်ဖွယ်ရာတွေ။
“မေမေ တစ်ခုခု စားပါလား” သမီးက အတင်းတိုက်တွန်းနေသည်။ ဘေးဆိုင်က ပိုးကောင်မွှားကောင် ကြော်ထားတာတွေကို တစ်ချက်လှမ်းကြည့်ရင်း “မစားချင်သေးပါဘူးကွာ၊ ဟိုမှာကြည့်စမ်း ပိုးကောင်လေးတွေရဲ့ ခြေထောက်စားဖို့ကို မေမေ ဘယ်လိုမှ စဉ်းစားလို့မရဘူး”
အရာရာတိုင်းတွင် စွန့်စားမှု ရှိရလိမ့်မည်။ ပိုးကောင်တွေစားဖို့ ကျမအတွက်လည်း စွန့်စားရဦးမည် ထင်သည်။
ဈေးထဲမှာ ရွှေရောင်ဆံပင်နှင့် အပြင်ကလူဆိုလို့ ကျမတို့ သားအမိက ထင်းထင်းကြီး ဖြစ်နေသည်။ သို့သော် ထိုင်းလူမျိုးတွေက ဖော်ရွေကြင်နာသည်။ ရွှေလည်ဆွဲကလေးတွေ ရောင်းတဲ့ဆိုင်ရှေ့ ကျမတို့ ရပ်လိုက်သည်။ ကီယာစတင်က ဈေးမေးကြည့်ရင်း “ဈေးသက်သာ လိုက်တာ” တဲ့။ အမေရိကန် ဒေါ်လာက ထိုင်းတွင် မာနေချိန် မဟုတ်လား။ ကျမတို့ လိုချင်တာလေးတွေ ၀ယ်ဖို့ လက်လှမ်းမှီနိုင်သည်။ ထိုင်းရဲ့ စီးပွားရေး အလွှာစုံအခြေအနေကို ဒီညဈေးလေးတွင် မြင်နိုင်သည်။
လူအများစုကြည့်ရတာ သက်တောင့်သက်သာ အေးအေးဆေးဆေးနှင့် ရိုးရှင်းသည့်ဘ၀။ လည်ဆွဲလေးတွေ ကျမ စိုက်ကြည့်နေချိန်တွင် အသက်ခပ်လတ်လတ် ဆိုင်ရှင်အမျိုးသမီးက ကီယာစတင်ကို ရွှေလော့ကတ်သီးလေး ပြနေသည်။ သူတို့ချင်းလည်း ဘာသာစကား နားမလည်ကြပေမယ့် ချစ်ခင်ပုံ ရသွားကြသည်။ လမ်းတလျှောက် သမီးက သူဝယ်လာတဲ့ လော့ကတ်သီးလေးကို ရင်ဘတ်နား ကပ်ကပ်ကြည့်နေသည်။
သိပ်မကြာလို်က်၊ ကျမသူငယ်ချင်း နန်စီနှင့် ဈေးထဲမှာ ဆုံမိသည်။ “ထိုင်းတွေက ကလေးချစ်တတ်တယ်နော်” ဟု အမှတ်မထင် သူ့ကိုပြောလိုက်မိသည်။
“အေးဟ ထိုင်းတွေက သူတို့ကလေးတွေတင်မက အခြားကလေးတွေလည်း ချစ်တတ်တယ်။ ကလေးတွေကို ဒီမှာ ရတနာတွေလို တန်ဖိုးထားတတ်တယ်နော်” နန်စီကလည်း ပြန်မှတ်ချက်ပေးသည်။
နန်စီ အမြင်ကို ကျမခေါင်းငြိမ့်လိုက်သည်။ နန်စီက သူ့ယောင်္ကျား၊ ကလေးနှစ်ယောက်နှင့်အတူ ထိုင်းမှာ နှစ်ပေါင်းများစွာ အခြေကျ နေထိုင်နေတဲ့သူ။ ဒါပေမဲ့ ကျမ ခေါင်းထဲ ရှုပ်ထွေး နေသေးသည်။ ကလေးတွေကို ဒီလောက် ချစ်ခင်ယုယမြတ်နိုးတဲ့ ထိုင်းနိုင်ငံမှာ ဘာကြောင့် ကလေးပြည့်တန်ဆာလုပ်ငန်း ပေါများနေရတာလဲ။ ကျမရဲ့ ဝေခွဲမရမှုကို နန်စီ ဆက်မေးကြည့်တော့ “အင်း” ဟု တစ်ချက်ထဲပြောရင်း ရှေ့ဆက်တိုးပြီး အခြားလမ်းဘက် ကူးဖို့ လုပ်နေသည်။
ကျမတို့ သူ့ကိုမီသွားတော့ နန်စီက ခြုံထည်လို စောင်ကိုဝတ်ထားသည့် အမျိုးသမီးငယ် လေးဦးနှင့် စကားပြောနေသည်။ အမျိုးသမီးငယ်များရှေ့တွင် သူတို့ကိုယ်တိုင် လုပ်ထားတဲ့ လက်မှုအထည်များကို သေသေသပ်သပ် ချရောင်းနေကြသည်။ သူတို့ ဦးထုတ်နှင့် လည်ပင်းတွင် ရှုပ်ရှုပ်ထွေးထွေး ပုတီးများနှင့် ကွင်းများက အရေအတွက်များလှချည့်။ သူတို့ ပြုံးလိုက်သည့်အခါ ကွမ်းစားထားသော သွားကလေးများနှင့် နီရဲလျက်။ နန်စီနှင့် သူတို့လေးဦး ထိုင်းဘာသာစကားနှင့် ပြောဆိုနေကြတဲ့ အသံက ကျမအဖို့ နားစိမ်းနေသည်။
“သူတို့က အခါ လူမျိုးစုတွေလေ” လို့ နန်စီက ပြောပြသည်။
ချက်ချင်း ကျမ စိတ်ဝင်စားသွားသည်။ အခါတွေက ထိုင်းနိုင်ငံ မြောက်ဖက်ပိုင်း တောင်းကုန်းတွေပေါ်နေထိုင်တဲ့ ထင်ရှားတဲ့ မျိုးနွယ်စု ခြောက်စုထဲက တစ်စုဖြစ်သည်။ မျိုးနွယ်စု တစ်ခုချင်းစီတွင် မိမိကိုယ်ပိုင် ဘာသာစကားနှင့် ယဉ်ကျေးမှု ရှိကြသည်။ အပြင်ဘက်က လူတွေ အမြင်ကတော့ လူမျိုးစုတွေဟာ အလွန်ဝေးလံတဲ့ ဒေသမှာနေပြီး ရှေးဦးလူများ ဆန်သည်ဟု ယူဆထားကြသည်။ သူတို့ ကျေးရွာ အိမ်ကလေးတွေက ၀ါးနဲ့လုပ် သက်ကယ်မိုး၊ လျှပ်စစ်မီးမရှိ၊ သောက်သုံးရေ သွယ်တန်းမှုမရှိ။
ထိုင်းလူမျိုးတွေကလည်း သူတို့ကို လက်မခံ။ လူဦးရေ ၅၄၀၀၀၀ ခန့်ရှိသည့် လူမျိုးစုတွေမှာ ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြု မခံကြရ။ ကိုယ်ပိုင် မွေးစာရင်း အသေအချာမရှိ။ ထိုင်းခေတ်မှီ ဆေးရုံမှာ တက်နိုင်ဖို့ဆိုတာ အဝေးကြီး။ ဒီလို တရားဝင် နိုင်ငံသား အဆင့်အတန်း ငြင်းပယ်ခံရမှုကြောင့် ပညာသင်ကြားမှု၊ မဲပေးပိုင်ခွင့်၊ မြေယာပိုင်ဆိုင်ပိုင်ခွင့် စတဲ့ ကျေးရွာရဲ့ အခြေခံအခွင့်အရေးတွေ ဆုံးရှုံးထားကြရသူများပင်။
စိုက်ပျိုးရေး လူ့အဖွဲ့အစည်းမှာ နေထိုင်ကြသူတွေ ဖြစ်ပါလျက်နဲ့ မြေယာပိုင်ဆိုင်ခွင့် မစွမ်းနိုင်ခြင်းမှာ တောင်ကုန်းဒေသ လူမျိုးစုများအဖို့ ပြဿနာ အများကြီးရှိသည်။ မြေဆီလွှာ ခန်းခြောက်မှုကြောင့် အခါနှင့် အခြားလူမျိုးစုများမှာ မတ်စောက်သည့် တောင်ကုန်းပေါ်ကဆင်းပြီး ထိုင်းနှင့် အိမ်နီးခြင်းတိုင်းပြည်များသို့ ရွှေ့ပြောင်းအခြေချလာကြရသည်။ ယခုနောက်ပိုင်း ထိုင်းအာဏာပိုင်များကလည်း မြေယာထွန်ယက် စိုက်ပျိုးမှုများအပေါ် တင်းတင်းကျပ်ကျပ် ချုပ်ကိုင်မှုများ ရှိလာသည်။
ပြီးတော့ မော်ဒန်နိုက်ဇေးရှင်းရဲ့ ဖိအားတွေက အခါလူမျိုးစုတွေကို ဒုက္ခအဖုံဖုံ ထပ်တွန်းအား ပေးလာသည်။ တစ်နေ့တခြား ဆင်းရဲမွဲတေမှု မြင့်မားလာမှုကြောင့် ကျေးရွာများတွင် မိမိရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ထိန်းထားဖို့ ခက်လာသည်။ ပညာတတ်အနည်းဆုံးနှင့် အဆင်းရဲဆုံး လူမျိုးစုဖြစ်သည့် အခါတွေမှာ မူးယစ်ဆေး သုံးစွဲမှုများလာပြီး၊ ထို်င်းနိုင်ငံတွင် အရွယ်မတိုင်မီ ကလေးသေဆုံးမှုနှုန်း အများဆုံး ဖြစ်သည်။ ဘိန်းစွဲမှုနှင့် ကလေးပြည့်တန်ဆာလုပ်ငန်းမှာ တောင်တန်းဒေသ လူမျိုးစုများအတွက် အကြီးမားဆုံး ပြဿနာ ဖြစ်နေသည်။
ကျမ ဒီကိုလာရတာက ချီကာဂို သတင်းစာအတွက် ကလေးပြည့်တန်ဆာလုပ်ငန်းအကြောင်း ရေးဖို့ပင်။ နိုင်ငံအများစုတွင် လှိုက်စားနေသော ပြဿနာကြီး။ ထိုင်းနိုင်ငံတွင်တော့ ကူးဆက်ရောဂါသဖွယ် ပျံ့နှံနေသည်။
ကျမ ထိုင်းကို ထွက်မလာခင် သူငယ်ချင်းတစ်ယောက်က မေးသေးသည်။ “နင့်က ဒီအကြောင်း ဘာလို့ ရေးချင်ရတာလဲ”
ကျမအဖြေက ယုတ္တိကျချင်မှ ကျမည်။ ပြည့်တန်ဆာလုပ်ငန်းရဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေကို မီဒီယာတွေကနေ ဖော်ထုတ်တာနဲ့အမျှ လူမှု့ပြဿနာဆိုးတွေကို လျှော့ချပေးနိုင်မယ်ဆိုတဲ့ ကျမယုံကြည်ချက်ကြောင့် ထွက်လာရသည်။ ကျမ တကိုယ်ထဲအမြင်ပြောရရင် လူသားထုကောင်းကျိုးအတွက် မျှော်လင့်ချက်ရောင်ခြည်တွေ အလင်းရောင်တွေ ကျမတို့ ရှာဖွေကြရမည်။
သို့သော် ဒီကိစ္စက လွယ်လွယ်ကူကူမဟုတ်။ ထိုင်းနိုင်ငံမှာ လိင်ခရီးသွားလုပ်ငန်းအတွက် ကလေးတွေ လူငယ်လူရွယ်တွေက ရောင်းကုန်ပစ္စည်းလို ဖြစ်နေသည် မဟုတ်လား။ အစိုးရက ဥပဒေထုတ် ဖိအားပေးပြီး၊ ဒေါ်လာသန်းပေါင်းများစွာ အကုန်ခံ တိုက်ဖျက်နေပေမယ့် ထိုင်းတွင် ကလေးပြည့်တန်ဆာ ၂ သန်းကျော် ရှိနေသည်ဟု အေဂျင်စီတစ်ခုက တရားဝင်ကြေငြာထားသည်။ ၈ သိန်းခန့်က ၁၆ နှစ်အောက်တွေ။
ဥပဒေသစ်အရ ကလေးတွေကို ပြည့်တန်ဆာပြုကျင့်သည့် နိုင်ငံခြားသားတွေကို သူတို့နိုင်ငံတွင် ပြစ်ဒဏ်ပေးဖို့ ပြဌာန်းထားသည်။ ဒါပေမဲ့ လိင်တိုးရစ်တွေက တစ်နှစ်ထက်တစ်နှစ် လျော့သွားသည်မရှိဘဲ၊ ထိုင်းတွင် ပိုတိုးလာနေသည်။
အပြစ်ကင်းစင် လန်းဆန်းနေသည့် ဆယ်နှစ်အရွယ် ကျမသမီးလေး မျက်နှာကိုကြည့်ရင်း ကလေးပြည့်တန်ဆာအကြောင်းတွေ တွေးမိတော့ ကျမ ရင်ထဲ နာကျင်သွားရသည်။ မိဘရင်ခွင်ထဲကနေ ကလေးတွေကို ဘယ်လို လူစားမျိုးတွေကများ ခေါ်ထုတ်နေတာပါလိမ့်။
(၂)
ချင်းရိုင်မှ နာရီဝက်သာသာ ကားမောင်းသွားလျင် မြန်မာပြည်နယ်စပ်တလျောက် ရောက်သွားမည်။ အဲဒီမှာ တောင်ပေါ်ဒေသ လူမျိုးစုတွေအတွက် အခြေအနေက ပိုရှုပ်ထွေးပါသေးသည်။
၁၉၆၀ နှစ်များကတည်းက စစ်အာဏာရှင် အစိုးရအဆက်ဆက်က မြန်မာပြည်ရဲ့ ချမ်းသာကြွယ်ဝမှုတွေကို ပြုတ်ပြုတ်ပြုန်းစေခဲ့သည်။ မြန်မာပြည်ဆိုသော နာမည်ကိုရှာကြည့်လိုက်လျှင် စစ်တပ်က တက္ကသိုလ်တွေ ခဏခဏ ပိတ်ထားမှု၊ ဆင်းရဲမွဲတေမှု၊ လူမှုရေးမငြိမ်သက်မှုများအကြောင်း အများစု မြင်တွေ့မည်။ ယခုလည်း မြန်မာပြည်မှ ဒုက္ခသည်တွေ ထိုင်းနယ်စပ်တလျှောက် လှိမ့်စီးဆင်းလာနေသည်။
နောက် မြောက်ဖက်သို့ နာရီဝက်ခန့် မောင်းသွားလျှင် ဆင်းရဲမွဲတေမှု၊ ပဋိပက္ခမှုထူပြောမှုတို့နှင့် လူသိများသည့် လာအိုနိုင်ငံသို့ ရောက်သွားမည်။ နိုင်ငံသုံးနိုင်ငံ ထိစပ်ထားသည့် နေရာကို ရွှေတြိဂံဒေသဟု ခေါ်ပြီး၊ တစ်ခါက ကမ္ဘာ့ဘိန်းအကြီးအကျယ် စိုက်ပျိုးသော မြိုကလေးဖြစ်သည်။
လိင်ကုန်ကူးခံရသည့် ကလေးအများစုမှာ လာအိုနှင့် မြန်မာနိုင်ငံတို့မှဖြစ်ကြောင်း နန်စီက ကျမကို ပြောပြထားသည်။ အဆုံးစွန် ဆင်းရဲမွဲတေမှုအောက် ရုန်းထွက်ဖို့ လွတ်လမ်းရှာဖွေကြရင်း ပန်းကန်ဆေး၊ စားပွဲထိုး၊ အိမ်ဖော်နှင့် အစောင့် အလုပ်တွေရဖို့ ထိုင်းနိုင်ငံကို ရောက်လာကြသည်။ ဒီလိုနှင့် အလုပ်အကိုင်ကောင်း တစ်ခုခု ရမည့်အစား လောဘသားများရဲ့ အလိမ်အညာမိ သွေးဆောင်ခံလိုက်ကြရသည်။
“မေမေ သမီး ဒါဝယ်လို့ ရမလား”
အခါလူမျိုး ၀တ်စုံသေးသေးလေး ၀တ်ပေးထားတဲ့ အရုပ်ကလေးကို ကိုင်ထားရင်း သမီးက မေးသည်။ “ယူလိုက်ပေါ့၊ သိပ်တော့ မခိုင်ဘူးနော် သေချာကိုင် အောက်မကျစေနဲ့”
သမီးမျက်နှာ ကြည့်ရင်း ကျမခေါင်းထဲ အတွေးတွေက ဆက်ဝင်လာသည်။ ကလေးတစ်ယောက်ချင်းစီဟာ ကမ္ဘာလောကထဲကို နူးညံ့တဲ့ ပန်းကလေးတစ်ပွင့်၊ ခြောက်ပြစ်ကင်း သဲလဲစင်၊ အိပ်မက်ပေါင်း များစွာနှင့်အတူ ၀င်ရောက်လာကြသည်။ နောက်တော့ ရက်ရက်စက်စက် လောကဓံကို ရင်ဆိုင်ကြုံတွေ့ကြရရင်း အိပ်မက်တွေလည်းဆုံး ဘ၀တွေလည်း ဆုံးရှုံးသွားကြရသည်။
သမီးလေး ကီယာစတင်ကို ကြည့်ရင်း ဒီမှာ ကလေးအများစု ကြုံတွေ့နေရတဲ့ ခက်ခဲမာကျောလွန်းတဲ့ ဒုက္ခတွေ၊ အကြမ်းဖက်ခံရမှုမျိုးတွေ သမီးလေး မရင်ဆိုင်ရပါစေနဲ့လို့ ဆုတောင်းမိသည်။
မိခင်တစ်ယောက်အနေနှင့် အစွမ်းကုန် အကာအကွယ်ပေးလိုစိတ်တွေလည်း ရင်ထဲအလိုလို ၀င်လာသည်။ ကျမသမီးလေးထံ ကျရောက်လာမယ့် ကမ္ဘာလောက ရှိရှိသမျှ မကောင်းမှုတွေကို ကြိုးစားကာကွယ်ပေးသွားမည်။ ဟင်.. ဒါဆို ကီယာစတင်ကို ဒီခရီးခေါ်ခဲ့တာ မှားသွားပြီလား…။
ကလေးပြည့်တန်ဆာလုပ်ငန်းက ဆယ်နှစ်သမီးအရွယ်တင်မက အရွယ်ရောက်ပြီးသူတွေအတွက်ပါ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်။ အခုလာခဲ့တဲ့ ခရီးကလည်း စိန်ခေါ်မှုပါ။ ကျမကလည်း တကိုယ်ကောင်းဆန်စွာပင် ကျမသွားလေရာရာ ကျောင်းတွေ၊ အားကစားရုံတွေ၊ ဘုရားကျောင်းတွေဆီ သမီးကို ခေါ်သွားတတ်သည်။ ဒါပေမဲ့ ကလေးချင်းတောင် ထိတွေ့ခွင့် သိပ်မပေး၊ သမီးကို မျက်စိအောက်က အပျောက်မခံ။
သမီးအထက်က အကြီးနှစ်ယောက်ကိုထားခဲ့ပြီး ကီယာစတင်ကို ကျမနား ခေါ်လာခဲ့သည်။ ကျမ တစ်ယောက်ထဲ ခရီးထွက်ရမှာ ငြီးငွေ့လို့။ ထိုင်းနိုင်ငံက ကလေးအတွက် စိတ်ချရတယ်လို့ ပြောကြတယ်မဟုတ်လား။ နန်စီကတော့ ဘာကြောင့် မိသားစုလိုက် မလာကြတာလဲလို့ မေးသည်။ လေယဉ်စရိတ်က ကြီးတယ်လေ နန်စီရယ် သိပြီးသားမဟုတ်လား။
ကျမ သုနေသန လုပ်မည့် ခေါင်းစဉ်နဲ့ သက်ဆိုင်တဲ့ မိန်းကလေးအချိှု့ကို တွေ့ကြည့်သည်။ သမီးနှင့် ရွယ်တူလေးတွေ အများကြီးနှင့် ရိုးရိုးရှင်းရှင်း ပွင့်ပွင့်လင်းလင်း စကားပြောကြသည်။ ကီယာစတင်က တအံတဩနှင့် နားလည်ဖို့ ကြိုးစားနေရသည်။
လိင်ကုန်ကူးမှုအကြောင်း သမီးကို ရှင်းပြတော့ ကီယာစတင်က ပြန်မေးသည်။ “သူတို့ ခံနိုင်ရည် ရှိပါ့မလား၊ တတ်နိုင်ပါ့မလား မေမေ၊ သူတို့က သမီးလို ကလေးတွေပဲဟာ”
ကျမတွင် အဖြေမရှိ။ ကျမလည်း အလားတူ မေးခွန်း ကိုယ့်ဟာကိုယ်ပင် မေးနေမိသည်။
သူတို့ရဲ့ ကလေးတွေကို လိင်ကျွန်အဖြစ် လိုလိုလားလား ရောင်းစားနေသည့် မိဘတွေ၊ ဦးလေးတွေ၊ အဒေါ်တွေ ရှိနေတာကို ကျမ ဘယ်လို ရှင်းပြရပါ့မလဲ။ မိဘမရှိ ထောက်ပံ့မယ့်သူမရှိတဲ့ ကလေးအချို့ကတော့ သူတို့ ဗိုက်ဖြည့်ဖို့ လမ်းပေါ်ထွက်လာရင်း ဒုက္ခတွေ့ကြရတဲ့အကြောင်း၊ မူးယစ်ဆေးအတွက် ငွေလိုလို့ လှလှပပ ၀တ်ချင်စားချင်လို့ ကိုယ်ဘာသာ ပြည့်တန်ဆာ ပြုလိုက်ကြတဲ့ အရွယ်ရောက်စတွေအကြောင်း သမီး တခါထဲ နားလည်အောင် ဘယ်လိုရှင်းပြရမလဲ။
ဆင်းရဲမွဲတေမှုနှင့် လူသား ဗီဇမှာပါလာတဲ့ အပြုအမူအချို့မှာ အရင်းခံနေတဲ့ ကလေးပြည့်တန်ဆာလုပ်ငန်းက ကျော်လွှားဖို့ ခက်ခဲနေတဲ့ ပြဿနာကြီးပဲ။ ဒါကို ဘယ်လို ဖြေရှင်းကြမလဲ။ နန်စီနှင့် ကျမ အချိန်ကြာကြာ စကားပြောဖြစ်သည်။ နန်စီက ပြီးခဲ့တဲ့ ဆယ်နှစ်လုံး ကလေးပြည့်တန်ဆာ တိုက်ဖျက်ရေး လုပ်ငန်း လုပ်ခဲ့သူ။ ထိုင်းနိုင်ငံကို ရောက်မလာခင်က ခရစ်ယန် လူမှုကူညီရေး အဖွဲ့တစ်ဖွဲ့မှာ အချိန်ကြာကြာ လုပ်ခဲ့ဖူးသူ။
“ကျမ ဘန်ကောက်ကို စမြင်တော့ ဒီညစ်ပတ်တဲ့ မြို့ကြီးကို မနှစ်မြို့ဘူး။ နောက်တော့ ထိုင်းမြောက်ဖက်ပိုင်း တောင်ပေါ်မြို့လေးကို ရောက်သွားတယ်။ အဲဒီမှာ မိန်းကလေးတွေအတွက် အိမ်သစ်တစ်လုံး ဆောက်ပြီး ဦးဆေင်လမ်းညွှန်ပေးရတယ်” နန်စီက ပြောပြသည်။
“ပထမဆုံးအကြိမ် ကလေးပြည့်တန်ဆာ အစီရင်ခံ ရီပို့တ်တွေ ဖတ်ရတော့ ကျမ အိပ်ယာထဲသွားပြီး တစ်နာရီလောက် မျက်ရည်ကျခဲ့ရတယ်။ စိတ်မကောင်းလိုက်တာ မပြောနဲ့။ ဒီလို စိတ်ဖိစီးမှုမျိုး အရင်က မခံစားရဖူးဘူး။ ကျမ ဘာလုပ်ရမှန်းလဲ မသိဘူး။ ပြဿနာက အကြီးကြီးမို့ ကြောက်စရာကြီး။ ကျမကိုယ်တိုင်လည်း ငယ်ငယ်ကတည်းက ကောင်းကောင်းမွန်မွန် နေလာခဲ့ရတော့ ကျမပတ်ဝန်းကျင်မှာ ဒါမျိုး ဒုက္ခရောက်တာ မရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကြိုတင်ကာကွယ်ရေး နည်းလမ်းတွေနဲ့ အကြံပေးဖို့ ဆုံးဖြတ်လိုက်တယ်”
ဟုတ်သည်။ နန်စီက မိခင်တစ်ယောက်လို မိန်းကလေးငယ်တွေကို စောင့်ရှောက်ပေးနေသူ ဖြစ်သည်။ ဒါက လွယ်တဲ့ အလုပ်တော့မဟုတ်။ တခဏ လမ်းကြုံလို့ ၀င်လုပ်လို့ ရတာမျိုးမဟုတ်။
“အရင်က ထိုင်းစကားတောင် ပြောတတ်တာမဟုတ်ဘူး။ ကျမ ဘာစလုပ်ရမှာလဲ။ သူတို့ ဘာသာစကား နားလည်ဖို့ ကျမအတွက် အတော်ခက်တာ။ ကျမ ဆက်ကြိုးစားတယ်။ အဘိဓာန်တွေလှန် ရုပ်ပုံတွေကြည့်ပြီး ကလေးမတွေ ပြောချင်တာ၊ သူတို့ ရန်ဖြစ်နေတာကို သိအောင် လုပ်ရတယ်။ နောက်တော့ မဖြစ်မနေ တတ်လာတာပေါ့”
နန်စီက ဆက်ပြောသည်။ “တစ်နှစ်အတွင်းမှာ မိန်းကလေးတွေကို ထိုင်းစကားနဲ့ ကျမ ချော့တတ် အားပေးနှစ်သိမ့်တတ်လာတယ်။ သူတို့ လိုအပ်ချက်တွေနဲ့ လမ်းသစ်ကိုညွှန်ပြဖို့ ကျမ ကူညီပေးနိုင်လာတယ်။ အဓိကဟာကတော့ သူတို့ကို ဂရုစိုက်တဲ့ တစုံတဦး ရှိတယ်ဆိုတာ သူတို့ သိဖို့ပဲမဟုတ်လား”
နန်စီက ကျေးရွာ ပရော့ဂျက်တစ်ခုလုပ်နေရင်း ‘အေဂျီ’ လို့ခေါ်တဲ့ ခပ်ချောချော အခါ လူငယ်နဲ့တွေ့ခဲ့သည်။ နောက်တော့ လက်ထပ်ဖြစ်ခဲ့သည်။
“အခါလူမျိုးတွေကြားထဲမှာ အေဂျီကို ကျမတွေ့ရတော့ အတော် စိတ်လှုပ်ရှားမိတယ်၊ သူသာ အနောက်နိုင်ငံသားဖြစ်ရင် တစ်မိနစ်အတွင်း ကျမ လက်ထပ်မိလိုက်မှာ။ ဒါပေမဲ့ ကျမတို့ အချိန်ယူပြီး မိတ်ဆွေ အဖြစ်ကနေ ချစ်သူဘ၀၊ နောက် အိမ်ထောင်သည်ဘ၀ ဖြစ်ခဲ့ကြတာ။ အရင်က ကျမအဖို့ တောင်ပေါ်သား လူမျိုးစုထဲက တစ်ယောက်ကို လက်ထပ်ယူဖို့ဆိုတာ ဘယ်လို တွေးကြည့်ဖြစ်မှာလဲ” လို့ ပြောနေစဉ် နန်စီ မျက်နှာမှာ အပြုံးတွေနှင့်။
သူတို့နှစ်ယောက်က ကျေးရွာ လူမှုရေး ပရော့ဂျက်များစွာ လုပ်ရင်း ချစ်သူတွေ ဖြစ်သွာခဲ့ကြသည်။
“တစ်နေ့ အေဂျီ က ပြောတယ်။ သူဟာ နိမ့်ကျတဲ့ လူမျိုးစုက လာတာ။ သူမှာ မော်တော်ဆိုင်ကယ်ရယ်၊ ဘွဲ့လက်မှတ်ရယ်၊ ဘုရားသခင်အတွက် နှလုံးသားရယ်ကလွဲလို့ ဘာပိုင်ဆိုင်မှုမှ မရှိဘူးတဲ့။ အမေရိကမှာ သူ ပညာဆက်သင်ချင်ပေမယ့်၊ သူ့လူထုကို ဒီအတိုင်း ပစ်မထားရက်ဘူးလို့ ပြောလာတယ်။ ဆိုလိုချင်တာက ကျမသူ့ကို လက်ထပ်ရင် ဘယ်နည်းနဲ့မဆို ကျမတိုင်းပြည်ကို စွန့်ခဲ့ရမယ်ပေါ့။”
နန်စီအဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ချက် ချခဲ့ရမယ်ဆိုတာ ကျမ စဉ်းစားမိသည်။
“အေဂျီ အဖေက ကျေးရွာရဲ့ လူမျိုးစု ခေါင်းဆောင်ဆိုတော့ မင်္ဂလာပွဲကို တရွာလုံး လာကြတာပဲ။ အခါလူမျိုး ထုံးစံအတိုင်း ဇနီးမယား တစ်ယောက်ဖြစ်ဖို့ ကျမ သက်သေပြခဲ့ရတာတွေရှိတယ်။ မင်္ဂလာပွဲမှာ သစ်ပင် ခုတ်ပြရတယ်၊ ကြက်တွေ အစာကျွေးပြရတယ်”
အေဂျီက ပထမဆုံး အခါလူမျိုးထဲက တက္ကသိုလ်က ဘွဲ့ရတဲ့သူ၊ သူ့လူမျိုးစုအတွက် အချိန်ပြည့် ခရစ်ယာန် သင်းအုပ်ဆရာ အလုပ်လုပ်နဲ့ လူမှုရေးအလုပ်တွေ တွဲလုပ်သူဖြစ်သည်။ နောက် နန်စီနဲ့ နှစ်ယောက်ပေါင်းပြီး မျိုးနွယ်စုထဲက ဒုက္ခရောက်တဲ့ ကလေးတွေအတွက် ခြံကျယ်ကျယ်ထဲမှာ အိမ်ကြီးကြီးတစ်လုံးဆောက်ပြီး လိင်ကုန်ကူးမှ ကယ်တင်ပေးဖို့ လုပ်ကြသည်။ ဂျင်းဘောင်းဘီဝတ် နေကာမျက်မှန်နှင့် ပညာတတ် အေဂျီတစ်ယောက် သူ့ကျေးရွာ လူမျိုးစုများနှင့် အလုပ်လုပ်နေပုံကို ကျမ မြင်ကြည့်နေမိသည်။
ကျမတို့ ဈေးဝယ်ပြီးသွားတော့ နန်စီက သမီး ကီယာစတင်နှင့် ကျမကို အခြားလမ်းတစ်ဖက်ဆီ ဆွဲခေါ်သွားပြန်သည်။ မှောင်မှောင်မည်းမည်း အရိပ်သဏ္ဍန်တွေပဲ မြင်ရတဲ့ လမ်းကလေး။ အမေရိကမှာတော့ ဒီလို လမ်းကြားမျိုး ရောက်သွားသည်နှင့် လုံခြုံစိတ်ချရမှုကမရှိ။ အန္တရာယ်နံက သင်းနေမည်။ သမီးအတွက် ထိတ်ကနဲ စိုးရိမ်သွားမိသည်။
ရှေ့မှာ ဒစ္စကို မီးသီးလို လည်နေသော မီးစလိုက်ကို တွေ့ရသည်။ ဘားဆိုင်တွေပဲ ဖြစ်မည်။ “အိုကေ ပါ့မလား” ဟု နန်စီကို မေးလိုက်သည်။ ကျမတို့ နောက်နား ခပ်ခွါခွါမှ လူငယ်သုံးယောက် လမ်းလျှောက်လိုက်လာနေသည်။ ကျမတို့ကို တစုံတရာ အန္တရာယ်ပေးရင်တော့ ကျမတို့ ဘာမှ တတ်နိုင်မည် မဟုတ်။ ကီယစတင်ကို အနားနား ပိုကပ်ထားလိုက်သည်။ အို ဒါ ထိုင်းနိုင်ငံ မြောက်ပိုင်းပဲ။ နန်စီက လုံခြုံစိတ်ချရလို့ ဒီခေါ်လာတာပဲ။
ဘားဆိုင်တစ်ဆိုင်ရှေ့တွင် နန်စီကရပ်လိုက်လို့ ကျမ ကြည့်လိုက်တော့ ၁၅၊ ၁၆ နှစ် မိန်းမပျိုလေးတွေ။ တချို့လည်း ၂၀ လောက်ရှိမလား မဆိုတတ်ဘူး။ ဘားဆိုင် အပြင်ဖက်တွင် စုရုံးစုရုံး လုပ်နေကြသည်။ ဂျင်းတွေ တီရှပ်တွေ ၀တ်ထားကြသည်။ စကတ်တိုတို ၀တ်သူကလည်း ၀တ်။ အားလုံး ဆယ်ကျော်သက်တွေ။
“သူတို့ ပြည့်တန်ဆာမလေးတွေလေ” နန်စီ အသံက စို့နင့်နင့်။
နန်စီ စကားက ကျမကို ရှော့ဖြစ်သွားသည်။ အမေရိကန် ရုပ်ရှင်တွေမှာ ကျမမြင်ဖူးတဲ့ ပြည့်တန်ဆာတွေနဲ့ ဒီကလေးမတွေက ဘာမှကိုမဆိုင်။
ဒါကြောင့်လည်း အနောက်ကတောင် တကူးတက လာကြတာ ဖြစ်မည်။ ကျမတို့ ဘားဆိုင် တစ်ဆိုင်ပြီးတစ်ဆိုင်က ကောင်မလေးတွေနဲ့ ကောင်လေးတွေကို ဖြတ်ကျော်လာသည်။ ဆိုင်တစ်ဆိုင်ရှေ့ ရောက်တော့ နန်စီရဲ့ အခါလွယ်အိတ်ကို စကတ်တိုတို ကောင်မလေးက သတိထားမိပုံရသည်။ အခါ စကားနှင့် “ဟလို” ဟု လှမ်းနှုတ်ဆက်သည်။ နန်စီက အခါစကားနှင့် ပြန်နှုတ်ဆက်လိုက်တော့ အားလုံး ကြက်သေသေ သွားကြသည်။ ဒီနေရာမှာ အခါစကား ဘယ်သူပြောတတ်မှာမို့လဲ။
ပြည့်တန်ဆာမလေး သုံးဦးအနက် အငယ်ဆုံးက ဆယ့်သုံးနှစ်။ အကြီးဆုံးက ဆယ့်ကိုးနှစ်။ နန်စီရဲ့ လွယ်အိတ်ကို ကိုင်ကြည့်ကြသည်။ ပြီး သမီး ကီယာစတင်ကို မျက်လုံးပြာပြာ ၀ိုင်းဝိုင်းကလေးများနှင့်ကြည့်ရင်း စကားတွတ်ထိုးနေကြသည်။ သမီးက သူတို့စကားကို နားမလည်ဘဲ ကြောက်ရွံနေသည်။
နန်စီကတော့ ကြောက်ရွံ့မှု မနှစ်မြို့မှုမပြ။ နွေးထွေးကြင်နာမှုတွေ အပြည့်နှင့် လှိုက်လှိုက်လှဲလှဲ စကားပြောနေသည်။ သူတို့လေးတွေဆီမှ အပြုံးက သမီးဆီလည်း ကူးဆက်သွားပြီ။ ကျမသမီးလေးလည်ပင်းမှ ဆွဲကြိုးလေး ကိုင်ကြည့်ကြရင်း “ညီမလေးက အရုပ်ကလေးလိုပဲနော်” ဟု နန်စီကတဆင့် ပြောနေသည်။
နန်စီက ကျမတို့ အမေရိကမှ အလည်လာခဲ့ကြောင်း ပြောပြတော့ သူတို့ ပြုံးကြသည်။ ကီယာစတင်နဲ့အတူ ဓာတ်ပုံတွဲရိုက်သည်။ မိန်းကလေးတွေရဲ့ အပြုံးတွင် ၀မ်းနည်းရိပ်စွက်နေသည်။ သူတို့ နှလုံးသားတွင် နာကျင်နေသလို ကျမ နှလုံးသားတွင်လည်း လေးလံနာကျင်နေပါပြီ။ သူတို့ တစ်ယောက်ချင်းစီရဲ့ လိင်ကျေးကျွန် ဘ၀မှ လွတ်မြောက်ရေး အိပ်မက်တွေကို ကျမမျှော်တွေးနေမိသည်။
ကဲ ရှေ့ဆက်ရွေ့ရဦးမည်။ လက်ပြနှုတ်ဆက်ရင်း လမ်းကြားလေးအတိုင်း ထွက်လာခဲ့ကြသည်။ ဟိုဟိုဒီဒီ ကြည့်မိတော့ ဒေသခံ အမျိုးသမီးငယ်တွေဆီ လာနေကြ ဖောက်သည် နိုင်ငံခြားသားတွေ တွေ့လိုက်ရသည်။ မိန်းကလေးအချို့ကို အ၀တ်အစား လက်ဆောင် ပေးနေသူကလည်း ရှိသည်။
ဒီမြင်ကွင်းကြောင့် အော်ဟစ် ဆဲဆိုပစ်လိုက်ချင်စိတ်တွေကို မနည်းအောင့်ထား မျိုသိပ်ထားလိုက်ရတော့ မျက်ရည်တွေ အလိုလို ကျမပါးပြင်ပေါ် စီးကျလာသည်။ ဘာကြောင့် ကလေးတွေကို တကူးတက လာဖျက်ဆီးနေကြတာလဲ။ သမီးကတော့ ကျမလက်ကို ကျစ်ကျစ်ဆုပ်ရင်း အရာရာကို တိတ်ဆိတ်စွာ ငေးကြည့်ပြီး ဖြစ်ရပ်ကားချပ်တစ်ခုလုံး အနက်ကို ဖမ်းဆုပ်နိုင်ပုံမရ။
ထိုင်းရဲ့ ထူးထူးဆန်းဆန်း ဆန့်ကျင်ဖက်သဘာဝနှစ်ခု အတူတွဲရှိမှုကိုလည်း ကျမအံဩရသည်။ ကလေးပြည့်တန်ဆာလုပ်ငန်း ကြောက်မက်ဖွယ် ဖြစ်နေတဲ့နိုင်ငံမှာ၊ ကလေးကို အရမ်းတန်ဖိုးထား ချစ်မြတ်နိုးသူတွေ နေထိုင်နေကြသည်။ တည်ငြိမ်တဲ့ မိသားစုများက ကလေးတွေကို ကောင်းကောင်းစောင့်ရှောက်၊ ကျောင်းကောင်းထား၊ ရှောပင်ထွက်၊ ပန်းခြံခေါ်သွား။ ထိုင်းလူ့အဖွဲ့အစည်းတွင် ကလေးများက အခရာဖြစ်သည်ဟု ဆိုရမည်ပင်။ ဒီလို ရိုးရှင်းချစ်စရာ အပြုအမူများက သူတို့ပတ်ဝန်းကျင်က သူတွေကိုတောင် ပီတိဖြစ်စေသည်။
သို့သော် ဆင်းရဲတွင်းတွင် မွေးဖွားသူများ၊ ဆေးစွဲနေသူရဲ့ သားသမီးများအတွက်တော့ ကံကြမ္မာက ခြားနားလှသည်။ ပြည့်တန်ဆာလုပ်ငန်းမှရတဲ့ ငွေကြေးက သူတို့ကို သွေးဆောင်ထားသည်။ ထမင်းတစ်ပန်းကန်၊ ပေါင်မုံတစ်ဖဲ့အတွက် ခန္ဓာကိုယ် ရင်းရတော့မည့် ကလေးငယ်တွေက သိန်းသောင်းချီနေသည်။
ခဏကြာတော့ ဟိုတယ်ခန်းဆီ ကျမတို့ ပြန်ခဲ့ကြသည်။ ကီယာစတင်က အမေရိကရှိ အိမ်ကို ဖုန်းခေါ်သည်။ တွေ့ကြုံခဲ့ရသမျှ သူ့ဖေဖေကို ဖောက်သည်ချသည်။ သူ့အဖေကို ရင်ဖွင့်လိုက်ရတော့ သမီးလေးမျက်နှာတွင် ဖုံးလွှမ်းနေသည့် ၀မ်းနည်းမှုတွေ လွင့်ပြယ်သွားဟန်ရှိသည်။ ဖုန်းကို လက်နှင့် အသာဖိထားရင်း “မေမေ ပြည့်တန်ဆာလေးတွေအကြောင်း ဖေဖေကို ပြောပြလိုက်ရမလား” ဟု ကျမကို တိုးတိုး လှမ်းမေးသည်။ “ပြန်ရောက်မှာ ပြောပေါ့ သမီးရယ်” လို့ သူ့အဖေ စိုးရိမ်သွားမှာစိုးလို့ နှစ်သိမ့်ထားလိုက်ရသည်။
(၃)
အဲဒီည ၀မ်းနည်းငိုကြွေးနေတဲ့ မိန်းကလေးတွေမျက်နှာက ကျမ အိပ်မက်ထဲ ပြေးမလွတ်တော့။ သို့သော် အာရုဏ်ဦး အလင်းရောင်နှင့်အတူ ကျမတို့ထကြသည်။ မြစ်ကိုဆန်တက်ရင်း ကရင်လူမျိုးစု ကျေးရွာတစ်ရွာဆီ သွားဖို့ စီစဉ်ထားသည်။ ကီယာစတင်ကလည်း ဆင်တစ်ကောင် စီးရမည်ဆိုတဲ့ စိတ်ကူးတွေနှင့်။
အေဂျီကတော့ ထုံးစံအတိုင်း ကလေးများထိန်းသိမ်းစောင့်ရှောက်ရေး အိမ်ဂေဟာမှာ အလုပ်ရှုပ်မြဲမို့၊ နန်စီပဲ ကျမတို့အတွက် အဖော်လမ်းပြ။ ကျမတို့ လှေနှင့် မောင်းမယ့်သူကို ငှားရသည်။ နန်စီရဲ့ ခုနှစ်နှစ်သား ဇီယွန်နှင့် လေးနှစ်သား ဆေးလ် တို့လည်း ကျမတို့နှင့် အတူ။
ကျမတို့ မော်တော်ဘုတ်ကလေးက ချင်းရိုင်မြို့ကလေးကို နောက်မှာထားပြီး မဲခေါင်မြစ်အတိုင်း ဆန်တက်သွားသည်။ အစိမ်းရောင် သစ်ပင်ကြီးတွေနဲ့ မြက်ရိုင်းရှည်ကြီးတွေ ဖုံးလွှမ်းထားတဲ့ တောင်မြင့်မြင့်ကြီးတွေက ကမ်းပါးတလျှောက် လက်ဝဲလက်ယာ။ ခေါင်းပေါ် ဟိုးအဝေးမှာ ဝေ့၀ိုက်ပျံဝဲနေတဲ့ သိန်းငှက်များကလွဲလို့ လူသူတိရိစ္ဆာန် တောရိပ်တွင် မမြင်တွေ့ရ။ မော်တော်ဘုတ်ဆရာကတော့ သူ့မျက်လုံးက ရှေ့တည့်တည့်ဆီ စူးစူးစိုက်စိုက်။
ရုတ်တရက် ငါးပိုက်ဆင်တဲ့ လူတစ်ယောက်နှစ်ယောက် ရေထဲက ဘွားကနဲ ဘွားကနဲ ပေါ်လာတတ်ပေမယ့် ကျမတို့ကို လုံးလုံးဂရုမစိုက်အား။ ကလေးသုံးယောက်ကတော့ ရေတွေကို လက်နဲ့ပုတ်ရင်း အော်ဟစ်လျက်။
တောင်ခြေတစ်ခုနား မော်တော်ကပ်လိုက်တော့ လူမျိုးစု ကျေးရွာတစ်ရွာကို ပထမဆုံး ကျမ မြင်ဖူးလိုက်ရသည်။ အိမ်အားလုံးက ၀ါးနဲ့ဆောက်ထားတဲ့ တဲတွေ။ မိနစ်အနည်းငယ်ခန့် နားနေခိုက် သမီး ကီယာစတင်က ထအော်သည်။
“မေမေ ဟိုမှာကြည့် ဟိုမှာကြည့်”
သူလက်ပြရာ ကြည့်လိုက်တော့ မြစ်ထဲမှာ ရေဆော့ကစားနေတဲ့ ဆင်တွေ အများကြီးကို မြင်ရသည်။ ကျန်ဆယ်ကောင်လောက်က ကမ်းပေါ်မှာ။ ကျမတို့ ရှိနေတာ ဂရုစိုက်ပုံမရ။ ရုတ်တရက် ဆယ့်ငါးပေလောက်ရှည်တဲ့ စပါးကြီးမြွေကြီး ထမ်းလာသည့် လူနှစ်ယောက်က ကျမတို့ကို ဓာတ်ပုံရိုက်မလား ဟု နှုတ်ဆက်မေး မေးနေသည်။ ကီယာစတင် ကတော့ ငယ်သံပါအောင် အော်ပြီးထွက်ပြေးနေသည်။
မကြာခင် လူနှစ်ယောက်နောက်မှာ ဆင်တွေ တပြုံကြီးလိုက်လာကြသည်။ သူတို့ နှာမောင်းကို ကျမတို့ဆီ လှမ်းယမ်းရင်း အစာတောင်းနေသည်။ တစ်ကောင်ရဲ့ နှာမောင်းက ကီယာစတင်ကို အတင်းတို့ထိနေသည်။ သမီးက ကျမနား အတင်းတိုးခွေ့ဝင်လာသည်။ အကြိမ် ဒါဇင်ပေါင်းမက ရောက်ဖူးနေတဲ့ နန်စီကတော့ ဆင်နှာမောင်းတွေ တွန်းဖယ်ရင်း အသာဖယ်လျှောက်သွားသည်။ ကီယာစတင်က သတိထားနေချိန်၊ ဇီယွန်တို့ ညီအကိုကတော့ ငှက်ပျောသီးတွေ ကျွေးရင်း အူမြူးနေသည်။
နန်စီက ကရင်ရွားသားတွေကို ထိုင်းစကားနှင့် ပြောသည်။ ထိုင်းစကားက နယ်စပ် ကရင်လူမျိုးစုများအဖို့ ဒုတိယ ဘာသာစကားလေ။ “ဆင်တစ်ကောင်ငှားစီးရင် ၁၅၀ဘတ်” လို့ ကျမတို့ကို လှမ်းပြောသည်။ သမီး ကီယာစတင်က ဆင်စီးဖို့ သူ့ဟာသူ တိတ်တိတ်ဆုံးဖြတ်ပြီးသား။ ဒီလိုနှင့် ကျမတို့ ဆင်ပေါ်ကို ကြိုးသစ်သား လှေခါးအတိုင်း တက်လိုက်ကြသည်။ ဆင်စီးရသည်မှာ အထာမကျလှ။
ကီယာစတင်ကတော့ တခစ်ခစ်နှင့် “ဘောလုံးကြီး စီးနေသလိုပဲ မေမေ” တဲ့။
ကရင်ကျေးရွာ လမ်းကြားကလေးကို ဖြတ်သွားစဉ် ကြက်တွေ ခွေးတွေက ဟိုပြေးဒီပြေးနှင့်။ ကျမ အပေါ်စီးကနေ ရွာတဲအများစုကို လှမ်းမြင်နေရပြီး၊ ထမင်းချက်၊ အင်္ကျီချုပ်၊ သန်းတုတ် နေကြသည်။ ကီယာစတင်ကတော့ စူးစူးစိုက်စိုက် လိုက်ကြည့်နေသည်။ လျှပ်စစ်မီးမရှိတာ၊ အီမ်သာတွေ မရှိတာကို သတိပြုမိပါ့မလား။ ကျမတို့ ကော်လိုရာဒိုက အိမ်နဲ့ ဘယ်လောက်ကွာခြားသလဲ။ ကောက်ရိုးနဲ့ သက်ကယ် အိမ်နံရံတွေ၊ ညစ်ပတ်တဲ့ ကြမ်းပြင်တွေက သမီးကို ရှော့ဖြစ်စေသလား။ သူ့ကို ကြည့်လိုက်တော့ ဘာမှမပြောဘဲ အတွေးနက်နေသည်။
တောင်ခြေမှာ နေထိုင်ကြသည့် ကရင်လူမျိုးစုများမှာ စိုက်ပျိုးရေးနှင့် မုဆိုးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ အမျိုးသမီးအများစု အ၀တ်အစားတွေက နွမ်းကြေနေပြီး၊ ရှည်ရှည်လျားလျား ဆံပင်များကို ထုံးသူထုံး ဖားလျားချသူချ။
ဆင်ပေါ်ထိုင်ရတာ တောင့်တင်းနေပြီမို့၊ ကျမတို့ ညစ်ပတ်သည့် ရွာလမ်းတလျှောက် ဟိုခုန်ဒီကျော် ဆင်းလျှောက်ကြသည်။ ရွာဆိုင်ကလေးများတွင် အမျိုးသားများ စုရုံးစကားပြောနေကြသည်။ အမျိုးသမီးငယ်တစ်ယောက်က နေပူပူအေက် ငရုတ်သီးထွက်လှမ်းနေသည်။ သူ့သားငယ်လေးက ဖုန်တွေပေရေပြီး ဆော့နေသည်။ အိမ်အများစုတွင် စားပွဲတစ်လုံး ကုလားထိုင်တစ်လုံးလောက်မှလွဲလို့ ပစ္စည်းများများစားစား ရှိပုံမရ။ ကီယာစတင်မျက်လုံးတွေလည်း ပိုကျယ်လာသည်ထင့်။ ဆင်းရဲမွဲတေမှုဆိုတာ သမီး ပထမဆုံး စမြင်ဖူးလိုက်တာ ဖြစ်သည်။
ကျမတို့ မြို့အပြန်က ညဥ့်နက်ပြီး၊ မော်တော်ဘုတ်ပေါ်မှာတော့ ချမ်းစိမ့်နေသည်။အနွေးထည်တွေ ယူလာမိတာ ကံကောင်းသည်။ ဇီယွန်နှင့် ဆေးလ်ကတော့ မော်တော်ထွက်ပြီး မကြာခင် အိပ်ပျော်သွားပြီ။ နန်စီနှင့် ကျမတို့ ကလေးတွအနား နီးနီးကပ်ကပ် နေကြရင်း ဘာရယ်မသိ ပြုံးမိကြသည်။ ကျမစိတ်တွေက ရွာမြင်ကွင်းလေးထဲက မထွက်တော့။ ရွာက ကလေးတွေကို ဘယ်လို ပညာတတ် လူလားမြောက်အောင် ပျိုးထောင်ကြပါ့မလဲ။
ရုပ်ဝတ္ထုပစ္စည်း အထောက်အပံ့ ဘာမှကိုမရှိသလောက်ဖြစ်နေတဲ့ နေရာမှာ ကလေးတွေ ပျိုးထောင်ဖို့ဆိုတာ မခက်ဘူးလား။ ဘာမှ ရုပ်ဝတ္ထုမရှိ၊ လှလှပပ ၀တ်စားစရာမရှိ၊ ဖက်ရှင်မရှိ၊ လျှပ်စစ်မီးမရှိတာတွေက ပိုကောင်းလေသလား။ ကလေးတွေရဲ့ ပျော်ရွှင်မှုက ငွေကြေးနဲ့ ၀ယ်ယူလို့ရတာတွေကလာတာမဟုတ်၊ မိသားစုရဲ့ ကြင်နာစောင့်ရှောက်မှုကလာတာတယ် ဆိုတာလည်း ဟုတ်နေပြန်သည်။
ကမ္ဘာအနှံက မိခင်တိုင်းလိုပင် အခါလူမျိုးစုနဲ့ ကရင်လူမျိုးစု မိခင်တွေလည်း သူတို့ရင်သွေးတွေအတွက် အစွမ်းကုန် ချစ်ကြ၊ ကာကွယ်စောင့်ရှောက်ကြ၊ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းချင်ကြမှာပင်။ ဒါဆို အိမ်ကြီးရခိုင် တိုက်တာတွေမှာ နေကြတဲ့ မိခင်တွေနဲ့ တဲစုတ်စုတ်မှာ နေထိုင်ကြရတဲ့ မိခင်တွေ ဘာကြောင့် သားသမီးတွေ စောင့်ရှောက်ပုံ ဒီကမ္ဘာမှာ အများကြီး ကွာခြားနေရသလဲ။
(၄)
ရက်အနည်းငယ်ကြာတော့ နန်စီ၊ ကီယာစတင်နှင့် ကျမတို့ ထိုင်း-မြန်မာ နယ်စပ်ကို ဖြတ်ပြီး တာချီလိတ်မြို့သို့ သွားခဲ့ကြသည်။ လမ်းများပေါ်တွင် ဈေးသည်ပေါင်း မြောက်များစွာနှင့် ဈေးပေါပေါ အ၀တ်အစားများ၊ လ္ဘက်ရည်ဆိုင်များကို တွေ့ရသည်။ ဈေးဝယ်ခြမ်းဖို့ကောင်းလိုက်တာ။ သို့သော် အချိန်က များများမရှိ၊ မြန်မာပြည်ဖက်ခြမ်းက အခါတွေဆီ သွားလည်ဖို့ လာခဲ့တာမဟုတ်လား။
“နယ်စပ်ဖြတ်လာရတာ တစ်တစ်ခါ သိပ်လုံခြုံတာ မဟုတ်ဘူး၊ ကရင်နဲ့ ဗမာစစ်တပ်တွေအကြား မကြာခဏ တိုက်ပွဲတွေ ပစ်တတ်ခတ်တတ်တာတွေ ရှိတယ်။ ဗမာစစ်တပ်က ရွာလုံးကျွတ် ရှင်းပစ်တာတွေလည်း ရှိတယ်” ဟု နန်စီက ပြောပြသည်။
အဲဒီနေ့ကတော့ အခြေအနေကောင်းပုံရသည်။ နယ်စပ် လုပ်နည်းလုပ်ဟန်တွေကို ကျမ သိပ်နားမလည်ပေမယ့် ထိုင်းဘက်တွင် ကျမတို့ ပတ်စပို့ကိုအပ်၊ မိတ္တူကို မြန်မာဘက် ယူသွားရသည်။ မြန်မာဘက်ကူးခ ၅ ဒေါ်လာစီ ပေးရပြီး ညနေ ၆ နာရီ ပြန်ကြရမည်။
“မျက်လုံးကို ရှေ့တည့်တည့်ပဲကြည့်၊ ကိုယ်သွားမယ့်နေရာ ကိုယ်သိနေတဲ့ပုံနဲ့နေ၊ ဘယ်သူကိုမှ စကားမပြောမိစေနဲ့” လို့ နန်စီက နှစ်နိုင်ငံ နယ်စပ်တံတား အကူးတွင် ကပ်မှာထားသည်။ သို့သော် ကျမမျက်လုံးက ရှေ့တည့်တည့် မကြည့်နိုင်အားပါ။ ပိန်ပိန်သေးသေး ညစ်ပတ်ပေရေနေတဲ့ ကလေးဒါဇင်ကျော်က တံတားကူးကတည်းက လိုက်လံတောင်းရမ်းနေသည်။
“အပြန်ကျမှ ပိုက်ဆံပေး၊ အခုပေးလိုက်ရင် တကောက်ကောက် လိုက်နေကြတော့မှာ” လို့ နန်စီက ပြောသည်။ ခက်တာက ခြောက်နှစ်အရွယ်ကလေးတစ်ယောက်က ကျမတို့နောက် တတွတ်တွတ်ပြောရင်း ထပ်ကြပ်လိုက်လာသည်။ လည်ပင်းကလည်း စောင်းငန်းငန်းနှင့်။ မြင်ကွင်းကို ကျမ မခံစားနိုင်တော့ပါ။ သမီး ကီယာစတင် မျက်နှာတွင်လည်း စိုးရိမ်ထိတ်လန့်ပြီး ကျမလက်ကို ကျစ်ကျစ် ဆုပ်ထားသည်။ နန်စီ မျက်နှာ လှမ်းကြည့်လိုက်တော့လည်း ငိုတော့မည့်ပုံ။
“ကျမတို့ တတ်နိုင်မှာ မဟုတ်ဘူး။ ဒီမှာ ဒီလို ကလေးတွေ အများကြီးမှ အများကြီး” နန်စီက ကြိုးစား ရှင်းပြသည်။
မြန်မာပြည်ကြည့်ရတာ ကမ္ဘာနှင့် အတော့်ကို ခေတ်အဆက်ပြတ် ကျန်ရစ်နေသည်။ မြင်းလှည်းတွေက လမ်းပေါ် နေရာအတော်ယူထားသည်။ တွေ့ရသမျှ ကားတွေက ကုန်ပစ္စည်းအပြည့်၊ မီးပွိုင့်က မရှိသလောက်။ နွားလှည်းတစ်စီးက ကျမတို့ဘေးမှ တကျွီကျွီနှင့် ဖြတ်တက်သွားသည်။
လူအများစုက လုံခြည်ဝတ်ကြသည်။ စတိုးဆိုင်ကောင်းကောင်း ကုန်သွယ်ရေးစင်တာကောင်းကောင်း ကျမရှာကြည့်သည်။ ထိုင်းတွင် မှိုလိုပေါက်နေတဲ့ 7-11 စတိုးဆိုင်ပုံစံ ဆိုလို့ တစ်ဆိုင်ပဲ ရှာတွေ့သည်။ ကျမတို့ကို လာတွေ့တဲ့ နန်စီ မိတ်ဆွေ အခါ မိသားစု လေးယောက်အတွက် အန္တရာယ်က များလှသည်။
တိုင်းရင်းသား လူမျိုးက နိုင်ငံခြားသားနှင့် ဆက်ဆံဖို့ မြန်မာနိုင်ငံတွင် မလွယ်လှ။ သို့သော် ငယ်ရွယ်သူ အခါတွေက ၀မ်းသာအယ်လဲ ဖြစ်နေသည်။ ရိုးရိုးရှင်းရှင်း ဆောက်ထားသည့် သစ်သားနှစ်ထပ်အိမ်ကြီးက စားပွဲရှည်ပေါ်တွင် စားစရာ အပြည့်နှင့် ဧည့်ခံကြသည်။ အရသာရှိလိုက်တဲ့ အစားအစာတွေ။ အခါတွေက ကျမတို့နား ၀ိုင်းနေကြသည်။ ကီယာစတင် ကတော့ ခေါင်းတွင် ပန်းလေးတစ်ပွင့်၊ ရယ်သံနှင့်အတူ ပျော်လွန်းနေသည်။
နေ့လည်စာ စားသောက်ပြီးချိန်မှာ လူငယ်တွေက ကုလားထိုင်များ တန်းစီလျက် နှစ်တန်းခွဲလိုက်သည်။ အခါ ခရစ်ယာန် ယုံကြည်ချက် တေးသီးချင်းများနှင့် ဆိုကြ ကကြ။ နန်စီက ကျမတို့ကို ဘာသာပြန်ပြတာတွေလည်း ရှိသည်။ အားလုံး မျက်နှာတွေပေါ်မှာ ပျော်ရွှင်မှုတွေ အတိုင်းသား။
“မေမေ သူတို့မှာ ဘာမှ ရှိတာမဟုတ်ဘူးနော်။ ဒါပေမဲ့ သိပ်ပျော်ရွှင်ကြတယ်” ထိုင်းဖက်အပြန် တံတားကူးစဉ် ကီယာစတင်က ပြောသည်။ သိပ်ပျော်ရွှင်ကြတယ် ဆိုပါလား။ အခါတွေမှာ ခေါင်းပေါ်မှာ အမိုးကလွဲလို့ ပိုင်ဆိုင်မှုတွေ များများစားစား မရှိ။ သမီးအတွက် သင်ခန်းစာကောင်းတစ်ခုနှင့် စဉ်းစားစရာတွေ ရသွားသည်။
(၅)
နောက်တစ်ပတ်တွင် နန်စီက ကားနှင့် ကျမတို့ကို မောင်းခေါ်သွားပြီး ‘အာရှ ခရီးသွားလုပ်ငန်း ကလေးပြည့်တန်ဆာ ပပျောက်ရေး’ (ECPAT) အဖွဲ့မှ ဒေသဆိုင်ရာ တာဝန်ခံဒါရိုက်တာ ထိုင်းအမျိုးသမီး ကူစူမယ်လ် ရချဝေါင် နှင့်တွေ့ဆုံစေသည်။
အသက် ၃၅နှစ်ခန့်ရှိ ကူစူမယ်လ် က သူမ အလုပ်ကို စွဲစွဲလန်းလန်း အရူးအမူး လုပ်နေသူမို့ ကျမ သဘောကျသည်။ လ္ဘက်ရည်နှင့် ဧည့်ခံပြီး ထိုင်စကား ပြောဖြစ်ကြသည်။ ကီယာစတင်ကိုတော့ မကြားဝံ့မနာသာတွေ မကြားစေချင်လို့ စာအုပ်တွေနှင့် ခပ်ဝေးဝေးမှာ ထားရသည်။
“တရားဝင် ရီပို့တ် အရတော့ ထိုင်းမှာ ပြည့်တန်ဆာ အရည်အတွက် ကျဆင်းသွားပြီလို့ တင်ပြကြတာပေါ့နော်။ ဒါ မမှန်ပါဘူး။ ရုံတွေကို ပိတ်ပစ်လိုက်တော့ မြေအောက်လုပ်ငန်း ပိုဖြစ်ကုန်တယ်။ မိန်းကလေးတွေကို ကာရာအိုကေ၊ ဘားတွေ၊ ဟိုတယ်တွေနဲ့ အနှိပ်ခန်းတွေမှာ ရှာလို့ရတယ်” ဟု ကူစူမယ်လ် က ရှင်းပြသည်။
“အေဒ့်စ် ရောဂါက အမြဲကြောက်မယ်ဖွယ် အခြေအနေပါ။ ထိုင်းမှာ HIV/AIDS နဲ့ ရှင်သန်နေထိုင်နေတဲ့ အသက် ၁၅ နှစ်အောက် ကလေး ၂၄၀၀၀ ရှိတယ်။ ကလေးလိင်အလုပ်သမ အများစုကိုလည်း အေဒ့်စ် ရောဂါ ရှိမရှိ စမ်းသပ်တာ မရှိသေးဘူး။ သူတို့ ငယ်ငယ်နဲ့ သေသွားမှာ ကျမ စိတ်ပူနေတယ်” လို့ ရှင်းပြသည်။
လက်ရှိ အေဒ့်စ်ရောဂါ ဖြစ်ပွားမှုမှာ ထိုင်းခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေကြောင်း ECPAT အဖွဲ့က တွေ့ရှိထားသည်။
“ခေါင်းတစ်ယောက်က ဖောက်သည်တွေ ရွေးချယ်ဖို့ ဟိုတယ်မှာ ဓာတ်ပုံအယ်လ်ဘမ်တွေ ပေးထားမယ်။ ပြီး မိန်းကလေးတွေက သူ လွှတ်တဲ့ နေရာ သွားရတာပဲ” ဟု ကူစူမယ်လ် ကပြောသည်။
ထိုင်း လိင်ကုန်ကူးမှု လုပ်ငန်းမှာ အမေရိက၊ ဩစတြေးလျ၊ ဗြိတိန်နှင့် အာရှမှ အမျိုးသားများအတွက် ကျော်ကြားပြီး၊ ဖွံဖြိုးပြီး နိုင်ငံပေါင်းစုံမှ လိင်ခရီးသွားလုပ်ငန်းအတွက် ထိုင်းနိုင်ငံကို လာကြသည်။ ဒါကြောင့်ပင် ထိုင်းခရီးသွားလုပ်ငန်းက ကောင်းနေပြီး၊ အဆိုးသံသရာကို ဖောက်ထွက်ဖို့ ခက်နေခြင်းဖြစ်သည်။
“ကလေးတွေကို ဘယ်နေရာမှာထားလဲ ဆိုတာ မသိရင် ကြိုတင်ကာကွယ်ရေး လုပ်ဖို့ ခက်ပတယ်။ ကလေးတွေက ကာရာအိုကေဆိုင်မှာ၊ ဘားမှာ၊ အနှိပ်ခန်းမှာ၊ ဓာတ်ပုံအယ်လ်ဘမ်တွေရဲ့ နောက်ကွယ်မှာ အ၀ှက်ခံထားရတယ်” ဟု ပြောပြသည်။
ကျမ ကီယာစတင်ကို လှမ်းကြည့်လိုက်တော့ စာအုပ်လှန်နေသည်။ ကျမတို့ပြောနေတာ တစွန်းတစတော့ ကြားမှာပဲ။ ဒီခရီးကြမ်းအတွက် သမီးလေးရဲ့ ရင့်ကျက်မှုက လုံလောက်ပါရဲ့လား။ ကျမတို့ နောက်ထပ် စကားပြောနေစဉ် ကီယာစတင်က ပြည့်တန်ဆာအဖြစ်မှ ကယ်တင်ထားခံရသည့် ကလေးများနှင့် စကားပြော ဆော့ကစားနေသည်။ ထိုကလေးတွေက လိမ်လည်လှည့်ဖျားမှုမျိုးစုံခံခဲ့ရသူလေးတွေ။ သူတို့ စိတ်ဒဏ်ရာ ဒဏ်ချက်တွေကို ကုစားပေးနေကြရသည်။ လိင်ကုန်ကူးမှုက ရိုးသားအပြစ်ကင်းစင်သူများအတွက် ကြောက်လန့်စရာ အမာရွတ်တွေ ချန်ထားခဲ့သည်။
“တကယ့် အမှန်တရားကတော့ ကျမတို့ မတတ်နိုင်တဲ့အရာပေါ့။ ငွေပါ။ လူတွေက အလွန်အမင်း ဆင်းရဲကြတယ်။ ပြည့်တန်ဆာလုပ်ငန်းက ငွေကောင်းကောင်း ရနိုင်တယ်လေ” ဟု ကူစူမယ်လ်က အဆုံးသတ် ပြောလိုက်သည်။
နောက်ရက်များတွင် နန်စီတို့ လင်မယား ထူထောင်ထားသည့် ကျောင်းကလေးကို သွားလည်ဖြစ်သည်။ ဘတ်စကက်ဘော ကစားကွင်း အပြင်ဘက်တွင် လူနေအိမ် တစ်ဒါဇင်မက ဆောက်ထားသည်။ အသက် ၇နှစ်မှ ၂၃ နှစ်အထိ မိန်းကလေး ၈၀ကျော် နေထိုင်ကြသည်။ အားလုံး ထိုင်းကျောင်းများတွင် တက်ရောက်ကြပြီး၊ အင်္ဂလိပ်စာနှင့် အခါဘာသာစကားတို့လည်း သင်ယူကြသည်။ အ၀တ်အစားဟောင်းကလေးများကို သေသေသပ်သပ် ၀တ်ဆင်ထားသည်။
သူတို့ရဲ့ ပျော်ရွှင်ရယ်မောသံတွေ ကျမတို့ ကြားနေရသည်။ မိန်းကလေး တစ်အုပ်စု နန်စီ ကားပေါ်ကဆင်းတော့ အပြုံးပန်းတွေနှင့် ပြေးပွေ့ဖက်ကြသည်။ ကီယာစတင်က ကားပြူတင်းပေါက်ကနေ သူတို့ကို ငေးကြည့်နေသည်။
မိန်းကလေးငယ်တွေ ဒီနေရာတွင် လာရောက် နေထိုင်သည်မှာ နောက်ခံအကြောင်း အမျိုးမျိုးကြောင့်ဖြစ်သည်။ အချို့ကျတော့ ဖအေဘိန်းစွဲနေသူက သူ့ဆေးဖိုးအတွက် သမီးကို ပြည့်တန်ဆာလုပ်ဖို့ ရောင်းစားလို့ ကယ်တင်ထားရတာမျိုး ဖြစ်သည်။ တချို့ကလည်း မိဘတွေ အေဒ့်စ်ရောဂါနှင့် ဆုံးပါးသွားပြီး ဆွေမျိုးသားချင်းတွေက လိင်ကုန်ကူး ရောင်းချထားခြင်း ဖြစ်သည်။
နန်စီက အသက် ၁၂နှစ် အရွယ် မိန်းကလေးကို လက်ညှိုးထိုးပြရင်း “ကျမတို့ အိမ် လူတွေပြည့်နေတဲ့အချိန် သူ ရောက်လာတာပေါ့။ သူ့မိဘတွေ အေဒ့်စ်နဲ့ ဆုံးကုန်လို့ သူ့ဦးလေးက ဒီခေါ်လာတာပါ။ သူဦးလေးကလည်း မွေးထားချင်စိတ်မရှိဘူး။ သူဦးလေးနောက်မှာ ကောင်မလေးက တအီအီနဲ့ ငိုလို့။ ကျမ အရည်ပျော်သွားတယ်။ ဘယ်နည်းနဲ့မဆို ကျမ ခေါ်ထားရမှာပေါ့”
နန်စီနှင့် အေဂျီတို့မှာ ငယ်ရွယ်တဲ့ ကလေးအယောက်ရှစ်ဆယ်အတွက် မိဘများ ဖြစ်နေပြီး ခရစ်ယာန် ယုံကြည်ချက်၊ မေတ္တာတရားနှင့် ဘ၀နေထိုင်မှုတို့ကို လမ်းပြနေကြသည်။ တကယ့် မိသားစု မဟုတ်ပေမဲ့၊ မိသားစုမေတ္တာတရား အပြည့်အ၀ ဖြည့်ဆည်းပေးနေသည်။
ချစ်စရာ မိန်းကလေးတစ်ဦးက ကလေးငယ်နှစ်ယောက် လက်ဆွဲပြီး အခန်းထဲဝင်လာသည်။ “သူ့နာမည် အေဂေါ လို့ခေါ်တယ၊် ကျမတို့ လုပ်ငန်းကို အဓိက ကူညီသူပေါ့” ဟု နန်စီက မိတ်ဆက်ပေးသည်။ အေဂေါက လဘက်ရည်ဖျော်တိုက်ရင်း သူမဘ၀ကို ပြောပြသည်။
“ကျမ ၁၄ နှစ်သမီးမှာပေါ့။ တစ်နေ့ အပြင်ကအိမ်ပြန်လာတော့ ၁၆နှစ်ရှိတဲ့ ကျမ အစ်မ မူခ်ဒ ပျောက်နေတာ သိသွားတယ်။ အစ်မ အိမ်က ဘာကြောင့် ထွက်သွားတယ်ဆိုတာလည်း ဘယ်သူမှ မပြောကြဘူး။ အမေ့မျက်နှာမှာတော့ စိုးရိမ်ထိတ်လန့်မှုတွေ ဖုံးလွှမ်းနေတာပေါ့”
ဓနောက်တော့မှ ကျမ သိသွားတယ်။ ဘိန်းစွဲနေတဲ့ ကျမ အဖေက အစ်မကို ပြည့်တန်ဆာလာဝယ်သူတွေကို ရောင်းပစ်လိုက်တာတဲ့။ နောက် ငါးနှစ်လောက်ကြာတော့ အစ်မလည်း အေဒ့်စ် ရောဂါနဲ့ ဆုံးသွားပါတယ်။ အစ်မကို ရောင်းပြီးတာနဲ့ အမေက ကျမကိုထပ်ရောင်းမှာစိုးလို့ ဒီမိန်းကလေး ဂေဟာဆီ လာပို့တာ။ အိမ်ကနေ ထွက်လာတာ အဖေတောင် မသိလိုက်ဘူး”
အခုတော့ အဂေါ အသက်က ၂၅နှစ်၊ ကောလိပ်က ဘွဲ့ရပြီး ဂေဟာမှာပဲ အလုပ်ပြန်လုပ်ဖို့ ဆုံးဖြတ်ခဲ့သည်။ မိန်းကလေး ဂေဟာရဲ့ လက်ထောက်မိခင် ဖြစ်နေပြီ။ အေဂေါက ဆက်ပြောပြသည်။
“ဒီမှာ အားလုံးက ဂရုစိုက်ဖို့ လိုနေတဲ့ မိန်းကလေးတွေကြီးပဲ။ အခါလူမျိုးတွေဟာ မျှော်လင့်ချက်မဲ့စွာနဲ့ နေထိုင်နေကြရတာ။ အစ်မလည်း ကြားမှာပေါ့ စိတ်ပျက်ညီးညူသံတွေ၊ အချို့က ပြည့်တန်ဆာ ရောင်းစားခံရတာ၊ တချို့က အေ့ဒ်စ်ကြောင့် သေကြတာတွေ။ ဒီကိုရောက်လာတဲ့ မိန်းကလေးတွေကတော့ သူတို့ ငယ်ရွယ်နုနယ်မှု ပြန်ရကြတယ်။ နောက်ဘယ်တော့မှ ဒါမျိုးမဖြစ်အောင် မျှော်လင့်ချက် ရနိုင်တယ်လေ”
တစ်ခါက ဘ၀ရဲ့ အခါးသီးဆုံး ဒဏ်ရာဒဏ်ချက်ကို ကြုံတွေ့ခံစားခဲ့ရသည့် မိန်းကလေး တစ်ရာကျော်ကို မျှော်လင့်ချက်၊ ယုံကြည်ချက်နှင့် မိသားစု စိတ်ဓါတ်တို့က ကယ်တင်ပေးထားသည်။ အလားတူ အခြေအနေဆိုးကို ကြုံတွေနေရတဲ့ ကလေးငယ်များအတွက် အကြင်အနာ မေတ္တာ တံခါးဖွင့်ပေးနိုင်ဖို့ ကြိုးစားနေကြသည်။
ရုတ်တရက် တံခါးပွင့်လာပြီး မိန်းကလေးငယ် တစ်အုပ်ကြီး အခန်းထဲ ပြေးဝင်လာသည်။ ကီယာစတင်က အလည်မှာ ဆံပင်ကို သပ်သပ်ယပ်ယပ် နောက်လှန်စီးထားသည်။ သူ့ကို အခြားကလေးမတွေက ၀ိုင်းဖက်ထားကြသည်။ အင်း မိန်းကလေးငယ်တွေက သိပ်မကြာလှတဲ့ အချိန်မှာ အမျိုးသမီးကြီးတွေ ဖြစ်လာကြတော့မယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရှေ့မှာ မျှော်လင့်စရာ အနာဂတ်ရှိနေသည်မို့ ပြုံးပျော်နိုင်ကြမှာပဲ။
ကျေးဇူးတင်စိတ်တွေ ကျမရင်ထဲ လွှမ်းခြုံလာသည်။ ကျမသမီးလေးကို ထိုင်းနိုင်ငံ ဒီနေရာ ခေါ်ခွင့်ရသည့်အတွက်လည်း ကျေးဇူးတင်နေမိသည်။ ဘ၀တလျှောက်လုံးအတွက် သင်ယူစရာ အမှန်တရား တချို့ကို ကီယာစတင် မြင်တွေ့ဖမ်းဆုပ်ခွင့်ရခဲ့လိမ့်မည်။
နောက်ထပ် ညဘက်တွေ ထွက်ကြည့်လိုက်ရင် နာကျင်မှု စက်ဆုတ်ရွံရှာမှုတွေနဲ့ ငိုကြွေးနေမည့် အခြားမိန်းကလေးငယ်ပေါင်း များစွာ ကျန်ရှိနေသေးသည်။ သူတို့ကမ္ဘာလောကရဲ့ ရက်စက်ယုတ်မာမှုကို ဆက်မငိုကြွေးနိုင်တဲ့ မျက်လုံးပေါင်းများစွာလည်း ရှိနေကြဦးမည်။ ကာရာအိုကေဆိုင်တွေ၊ ဘားဆိုင်တွေက မိန်းကလေးငယ်တွေအတွက် အိပ်မက်တွေကော ကျန်ရှိသေးရဲ့လား။
အေဂေါကို ကြည့်လိုက်တော့ ကလေးတွေနှင့် ရယ်မောလျက်။ သူ့ရယ်သံလွင်လွင်က စစ်မှန်တဲ့ ပျော်ရွှင်မှုနဲ့ မျှော်လင့်ချက်တွေ ရှိနေသေးတယ်လို့ ကျမကို ပြောပြနေသလို။ မနက်ဖြန် မိန်းကလေးအချို့ကို အင်တာဗျူး လုပ်စရာရှိနေသးသည်။ ကျမ နှလုံးသား ပိုနာကျင်ဖို့ ရှိနေသေးသည်။ ကနေ့ညတော့ ငွေရှားပေမယ့် ချစ်ခြင်းမေတ္တာ ပြည့်လျှမ်းတဲ့နေရာ ကျမ ရောက်နေသည်။ ရောင့်ရဲကျေနပ်တဲ့ အပြုံးတွေ ကျမ မြင်နေရသည်။
တိမ်သားမဲ့ ကောင်းကင်ပေါ် လအလင်းရိပ်တက်လာချိန်မှာတော့ ကလေးတွေရဲ့ ရယ်မောသံ ပိုကြားနေရသည်။ ဆံပင်နက်နက် မိန်းကလေးငယ်အချို့ ဘတ်စက်ဘောကစားနေရာမှ ခုန်ပေါက် ပြေးဝင်လာနေသည်။ ကီယာစတင်ကတော့ သူတို့လေးတွေနဲ့ မခွဲချင်အောင် ရှိနေပြီ။ သမီးအတွက် ကျမ ဘယ်လောက်ကြည်နူး ဂုဏ်ယူမိတယ်ဆိုတာ သူ အခုသိပါ့မလား။
ဖြည်းဖြည်းညှင်းညှင်း တိုက်ခတ်လာတဲ့ လေပြေအေးက ပြူတင်းတံခါးကတဆင့် အခန်းထဲ လွှမ်းခြုံသွားသည်။ မွှေးမြမြပန်းရိုင်းတွေရဲ့ ရနံသင်းသင်း ကျမဆီဝင်လာသည်။ တစ်ခဏ ရပ်နားပြီး မှတ်တမ်းတွေ ရေးရဦးမည်။ အခုထိတော့ ထိုင်းနိုင်ငံရဲ့ လှပအေးချမ်းတဲ့ ညကလေးတစ်ညကို ကျမတို့ ပိုင်ဆိုင်ခွင့်ရနေသေးသည်။ ။
Written by ၀င့်ထန်း (ဘာသာပြန်သည်)
(Thailand's Lost Cildren by Janna L.Graber ကို ပြန်ဆိုသည်)
မောက္ခ
သစ်ထူးလွင်
4/13/2012 05:20:00 PM
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်းမရွန်း တွေ့ ဆုံနေပြီ
![]() |
| Photograph: EPA |
ဧပြီ လ ၁၃ ရက်နေ့ ၂၀၁၂
ယနေ့ ညနေ ၄ နာရီကျော် တွင် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းသည် နိုင်ငံတကာ မီဒီယာအဖွဲ့များနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ရောက်ရှိလာပြီဖြစ်ပြီး ယခု အခါ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ ဆုံဆွေးနွေးနေပြီ ဖြစ်သည်။
Myanmar News Now
သစ်ထူးလွင်
4/13/2012 04:40:00 PM
ပိတ်ဆို့ မူ့ တွေ လျော့ချ တယ်လို့  ဗြိတိန်ဝန်ကြီးချူပ် ရဲ့ ပြောဆိုချက် (ရုပ်/သံ)
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြောင်းလည်းမူ့ တွေ တကယ်တွေ့ ရပီဆိုရင် ပိတ်ဆို့ မူ့ တွေ လျော့ချ တယ်လို့ ဗြိတိန်ဝန်ကြီးချူပ် က ပြောဆိုလိုက်ပါတယ် ။ ကိုသက် သတင်းပေးပို့ ထားပါတယ် ။
ဒီဗွီဘီ
သစ်ထူးလွင်
4/13/2012 04:34:00 PM
သမ္မတဦးသိန်းစိန် နှင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်းမရွန်း နေပြည်တော်မှာတွေ့ ဆုံ (ရုပ်/သံ)
မြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်ဗြိတိန်ဝန်ကြီးချုပ်ကင်မရွန်တို့တွေ့ဆုံ သည့် သတင်းကို စကိုင်းနယူးသတင်းမှ ထုတ်လွှင့်သွားပါတယ်။ ကင်မရွန်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဟာ ထွန်းတောက်နေသော မီးပွင့်ပမာ (Bright spark)လို့ စကိုင်းနယူးကိုပြောကြားသွားတယ် လို့ ဆိုပါတယ်။
Photograph: Peter Macdiarmid/Getty Images
သစ်ထူးလွင်
4/13/2012 04:26:00 PM
North Korea's Rocket Launch Fails
North Korea's long-range ballistic missile broke apart after its launch early Friday, according to the Associated Press. The rocket apparently flew 75 miles before it broke into four pieces and crashed into the sea, off the coast of the Korean peninsula.
News broke around 6:53 p.m. ET Thursday that the rocket, fueled at the launch site in Pyongyang on the country's western coast, had failed -- issuing a severe blow to one of the world's most secretive and belligerent regimes.
On Wednesday's NewsHour, John Isaacs of the Center for Arms Control and Non-Proliferation told Judy Woodruff that North's Korea's new missile was "sophisticated."
"If they can get it to work, it's sophisticated, I think, by definition," he said. "If it could carry a warhead thousands of kilometers, it would be very sophisticated, but that's not easy to do."
Watch North Korea's New Missile: 'It's Sophisticated' on PBS. See more from PBS NewsHour.
Watch Friday's NewsHour broadcast and visit the World page for more coverage on North Korea and its failed missile launch.
By: News Desk
သစ်ထူးလွင်
4/13/2012 08:22:00 AM
ရန်ကုန်-ဒလ ကူးတို့  သင်္ဘော ၀န်ထမ်းများ ပြေစာလွတ် တန်ဆာခ မတရားကောက်ခံနေ
ပြည်တွင်းရေကြောင်းပို့ဆောင်ရေးလက်အောက်ရှိ ရန်ကုန်-ဒလ ကူတို့  သင်္ဘော
ဆိပ်( ပန်းဆိုးတန်း )တွင် နေစဉ်ခရီးသွား များထံမှ တန်ဆာခများကို ၀န်ထမ်းများမှ မတရားကောက်ခံနေသည်ဟုသိရပါသည်။
လက်မှတ်အရောင်း ဌာနများ ရှိသော်လည်း အ၀င်အ၀ တွင် ၀န်ထမ်း ၂ ဦးခန့်
အမြဲထားရှိပြီး ခရီးသွားပြည်သူတို့ထံမှ သာမန် ခရီဆောင် အိတ်များကိုပင် တန်ဆာခ ဆောင်ခိုင်း နေပါသည် ။
ဒလ-တွံတေး - ကွမ်းခြံကုန်း-ကော့မှုး စသည်ဒေသများမှ ခရီးသွားများသည် ကျေးလက်ဒေသ မှ ခရီးသွားအများဆုံးဖြစ်သည့်အတွက် ၀န်စည်စလှယ်များကို မြွေရေခွံအိတ်များ -ခြင်းများ - တောင်းများဖြင့်သာ သယ်ဆောင်လေ့ရှိကြပါသည် ။
ထို့  သို့  သယ်ဆောင်လာသော အိတ်မည်သည့်အရွယ်အစားကိုမဆို တန်စာခ အတင်းအကြပ်ကောက်ခံနေသည့်အပြင် ကောက်ခံသူဝန်ထမ်းမှာလည်း ဆက်ဆံရေးမပြေပြစ် ပဲ ဟိန်းဟောက်ခြောက်လှန့်ကာ ကျေးလက်နေ ပြည်သူများထံမှ သတ်မှတ်နှုန်းထားများ၊ ပြေစာဖြတ်ပိုင်းများ မရှိပဲ ပြေစာလွတ်ကောက်ခံနေသည်ဟုသိရပါသည် ။
ထို့ကြောင့် ရန်ကုန်-ဒလ ကူးတို့  သင်္ဘောဆိပ်ရှိဝန်ထမ်းများအား လိုအပ်သလိုစုံစမ်း စီစစ်ကြီးကြပ် ပေးရန်လိုအပ်နေပြီဖြစ်ပါကြောင်း တင်ပြလိုက်ရသည် ။
Myanmar Mediamm
သစ်ထူးလွင်
4/13/2012 07:36:00 AM
ရန်ကုန်သင်္ကြန်အကြို မြင်ကွင်းဓါတ်ပုံများ
Photo-Yangon Press International,The Voice Weekly,7Day News Journal
ရန်ကုန်သင်္ကြန်အကြို မြင်ကွင်းဓါတ်ပုံများ
သစ်ထူးလွင်
4/13/2012 05:14:00 AM
ဝင်ကြေး ၅၀၀ ကျပ် နဲ့ IC မဏ္ဍပ် မှာ လူစည်ကား
ကန်တော်ကြီး မျှော်စင်ကျွန်းရှိ IC မဏ္ဍပ်ကို ၀င်ကြေး ၅၀၀ ကျပ် ဖြင့် ဖျော်ဖြေတင် ဆက်ရာ ၀င် ရောက်ကြည့်ရှုသူများအထူးစည်ကားခဲ့ကြောင်းသိရသည်။ ၄င်း IC မဏ္ဍပ်အား Grand Royal မှ ပံ့ပိုးပေးထားပြီး လေးဖြူ၊ အငဲ၊မျိုးကြီး၊၀ိုင်းဝိုင်း စသည့် IC ၏ပင်တိုင်အဆိုတော်များနှင့် အခြားအဆိုတော်များစွာ သီဆိုဖျော်ဖြေခဲ့ကြောင်း ၊ အခြားဖျော်ဖြေရေး မဏ္ဍပ် များစွာလည်းရှိကြောင်းသိရသည်။ IC မဏ္ဍပ်အား သင်္ကြန်အကျနေ့မှ အတက်နေ့အထိနေ့စဉ် နံနက် ၁၁ နာရီမှ ၂ နာရီထိတစ်ကြိမ်၊ ညနေ ၃ နာရီမှ ၆ နာရီထိတစ်ကြိမ်၊ တစ်နေ့လျှင် နှစ်ကြိမ် ကျဖျော်ဖြေသွားမည်ဖြစ်ကြောင်းသိရသည်။
Popular Myanmar News Journal
Popular Myanmar News Journal
သစ်ထူးလွင်
4/13/2012 05:02:00 AM
မန်းသင်္ကြန် အကြိုနေ့ 
မန္တလေး ၌ လေပြင်းများတိုက်ခိုက်
သင်္ကြန်အကြို မန္တလေးမြို့တော်ဝန်မဏ္ဍပ် ဖွင့်ပွဲ ကျင်းပစဉ် ညနေ ၆ နာရီခန့်၌ လေပြင်းများ တိုက်ခတ်၍ပိရိသတ်ပွဲကြည့်စင်မှ ကြေငြာဗီနိုင်းများ ပြုတ်ထွက်သွားခဲ့သည်။
ထိုသို့ လေပြင်းတိုက်ခတ်မှုကြောင့် မြို့တော်ဝန်မဏ္ဍပ်ရှိ ဗီနိုင်းအချို့အပြင် တခြားမဏ္ဍပ်အချို့မှ ကြောငြာဗီနိုင်းများလည်း စုတ်ပြဲသွားခဲ့သည်။လေပြင်းတိုက်ပြီးနောက် မိုးဖွဲလေးများ ရွာသွန်းခဲ့သည်။
မဏ္ဍပ်ဖွင့်ပွဲတွင် မန်းမြို့တော်ဝန်ဦးအောင်မောင်းက မြို့ခံလူထုအားနှစ်သစ်ကူး နုတ်ခွန်းဆက် စကားပြောကြားရာ၌ ကမ္ဘာကြီးရာသီဥတုပူနွေးလာမှု နှင့် ဖောက်ပြန်မှု များအကြောင်းကို ထည်သွင်း ပြောကြားခဲ့ပြီး မြို့နေလူထုအနေဖြင့် ရာသီဥတု ပြောင်းလဲမှု ကို အလေးထားရန် တိုက်တွန်းခဲ့သည်။
Popular Myanmar News Journal
![]() |
| မန်းမြို့တော်ဝန် သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲကို ယနေ့ ညနေ ၅ နာရီတွင် ကျင်းပခဲ့သည်။ |
သစ်ထူးလွင်
4/13/2012 04:57:00 AM
၂၀၀၈ ဖွဲ့စည်းပုံ ကာကွယ်ရေး NLD အငြင်းပွား
ဓာတ်ပုံ ASSOCIATED PRESS
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ပြည်သူ့ လွှတ်တော် ပုံမှန် အစည်းအဝေး သို့ သွားရောက် လေ့လာစဉ်၊ မတ်လ ၁၂၊ ၂၀၁၂။
ဧပြီလ ၂၃ ရက်နေ့မှာ ပြန်လည်ကျင်းပဖို့ ရှိတဲ့ လွတ်တော်အစည်းဝေးတွေကို
NLD ပါတီက ရွေးကောက်ခံ ကိုယ်စားလှယ် တက်ရောက်ဖို့ မသေချာဘူးလို့ NLD ပါတီက
ပြောပါတယ်။ ဒါကလည်း ရွေးကောက်ခံ ကိုယ်စားလှယ် တွေ ကျမ်းသစ္စာ
ကျိန်ဆိုစဉ်တွင်း ရွတ်ဆိုရတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို
ကာကွယ် စောင့်ရှောက်ရမယ် ဆိုတဲ့စကားလုံးအစား ဖွဲ့စည်းပုံ အခြေခံကို လေးစား
လိုက်နာမယ် ဆိုတဲ့ စကားလုံးပြင်နိုင်ဖို့ NLD အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်က ကြိုးစားနေတာကြောင့် ဖြစ်တယ် လို့လည်း ဆိုပါတယ်။
ပြည်သူ့လွှတ်တော်က တတိယအကြိမ် ပုံမှန် အစည်းဝေးထဲ မပြီးပြတ်တဲ့ ကိစ္စတွေကို ဆက်ဆွေးနွေးဖို့ အတွက် ဧပြီလ ၂၃ ရက် တနင်္လာနေ့ မှာ ပြန်ကျင်းပမယ့် ပြည်သူ့ လွှတ်တော်အစည်းဝေးကို အ၀င် NLD ပါတီ ရွေးကောက်ခံ ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အဖွဲ့ဝင် ကိုယ်စားလှယ်သစ် တွေ တက်ဖိှု့ စီစဉ်ထားကြတာပါ။
ဒါပေမယ့် ရွေးကောက်ခံ ကိုယ်စားလှယ်သစ်တွေ ကျမ်းသစ္စာ ကျိန်ဆိုတဲ့အခါ ရွတ်ဆိုတဲ့အခါ ဖွဲစည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရမယ်ဆိုတဲ့ စကားလုံးအစား NLD ကိုယ်စားလှယ်လောင်းတွေ ဟာ လေးစား လိုက်နာရမယ်ဆိုတဲ့ စကားလုံးကို ပြင်ဆင်ရွတ်ဆိုနိုင်ဖို့ NLD ပါတီက ညှိုနှိုင်းတာတွေ လုပ်နေတယ် လို့ NLD ပါတီရဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောပါတယ်။
“ကျမ်းကျိန်တဲ့ဟာ ဇယား လေး လို့ သူတို့ ပြောတယ်လေ။ အဲဒီ ဇယား လေး ထဲမှာ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ကို ကာကွယ် စောင့်ရှောက်ရမယ် ဆိုတဲ့ စကားလုံး ပါတယ်။ ကျနော်တို့ က ကာကွယ် စောင့်ရှောက်တယ် ဆိုတဲ့ ဟာကို ကျနော်တို့ အရင် ကတည်း က လက်မခံဘူးလေ။ ကျနော်တို့ မူအရ။ ကျနော် တို့ က လေးစား လိုက်နာမယ်။ အဲဒီ ဟာကို ပြင်ဆင်ရေး အတွက် အန်ကယ်တို့ ကြိုးစားနေတယ်။ ပြင်ဆင်ပြီးတဲ့ အချိန် ကျနော်တို့ တက်မယ်။ အခု အခြေအနေ အရ ပြောရရင်တော့ ၂၃ ရက်နေ့ မှီဖို့တော့ နည်းနည်း ခဲယဉ်းတာပေါ့လေ။ ဒါ ကျနော်တို့ အတိအကျ မပြောနိုင်ဘူး။”
ဟုတ်ကဲ့ ဦးဥာဏ်ဝင်းတို့ အခု လေးစား လိုက်နာရမယ်ဆိုတဲ့ စကားလုံးကို ပြင်နိုင်ဖို့ ဘယ်ကိုများ တင်ပြ ဆွေးနွေး နေတာပါလဲရှင့်။
“အဲဒါတော့ ကျနော် ပြောလို့ မရပါဘူး။ ကျနော်တို့ အကြံပြုချက်တွေ ပေးပို့ထားတာ ရှိပါတယ်။”
တကယ်လို့ ဧပြီ ၂၃ အမှီ မပြင်နိုင်ဘူးဆိုရင် ကောရှင့်။
“ကျနော်တို့ ကျမ်း မကျိန်ဘူးပေါ့။ အန်အယ်လ်ဒီ က မတက်ဘူး။ ကျမ်းကျိန်မှ တက်မှာ။ ကျမ်းမကျိန်ရင် တက်လို့ မရဘူး။ ကျမ်းမကျိန်ရင် ဧည့်သည် ဖြစ်နေမှာပေါ့။ ကျနော်တို့ အဲဒီ ဟာနဲ့ ပတ်သက်ပြီးတော့ ပြေလည် သွားလိမ့်မယ်။ ကျနော်တို့ အကြံပြုချက်ထဲ က တခုခုနဲ့ ပြေလည်သွား လိမ့်မယ် လို့ ကျနော်တို့ ယုံကြည်ထားတယ်။”
မနေ့ ဧပြီ ၁၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် တို့ နေပြည်တော် မှာ တွေ့ပါတယ်။ ဆွေးနွေးတဲ့ အထဲ ဒီကိစ္စအဓိက ဖြစ်မလားရှင့်။
“ဒီကိစ္စလည်း ဆွေးနွေးတဲ့ အထဲမှာ ပါတယ် လို့ သိရပါတယ်။ ကျန်တာတော့ ဆွေးနွေးတာတွေ subject တွေ အများကြီး၊ ကျနော်တော့ မသိဘူး။”
ဒါကတော့ NLD ပါတီက အတွင်းရေးမှူး အဖွဲ့ဝင် ဦးဥာဏ်ဝင်းကို ဆက်သွယ်မေးမြန်းခဲ့တာပါ။ အခု NLD ပါတီက ကျမ်းသစ္စာ ကျိန်ဆိုစဉ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက် ပါ့မယ်ဆိုတဲ့အစား လေးစား လိုက်နာပါမယ်လို့ပြင်ဆင်ဖို့ ကြိုးစားနေတာနဲ့ ပတ်သက်လို့ ပြည်သူလွတ်တော် ဥပဒေကော်မရှင် ထဲက အဖွဲ့ဝင်တဦး ဖြစ်တဲ့ ဦးသန်းမောင်ရဲ့ အမြင်ကတော့
“ကျမ်းသစ္စာ ကျိန်ဆိုတဲ့ အခါမှာ သုံးတဲ့ စကားလုံးက ကာကွယ်စောင့်ရှောက်တယ် လို့ဘဲ ပြောပြော လေးစား လိုက်နာတယ် လို့ဘဲ ပြောပြော ကျနော်ကတော့ အတူတူဘဲ သက်ရောက်မှု လည်း ရှိတယ်။ ဘာလို့လည်း ဆိုတော့ လေးစား လိုက်နာတယ် ဆိုတော့ လေးစားတယ် ဆိုတော့ Pay respect ပေါ့။ လိုက်နာတယ် ဆိုတော့ to comply ပေါ့ဗျာ။ ကာကွယ် စောင့်ရှောက်တယ် ဆိုတာတော့ safeguard ပေါ့ဗျာ။ ကာကွယ် စောင့်ရှောက် တာလည်း အခြေခံ ဥပဒေ အရ ဖြစ်လာတဲ့၊ ရွေးကောက်ပွဲ အရဖြစ်လာတဲ့ လွှတ်တော် အမတ်တွေ ဟာ အခြေခံ ဥပေဒအရ လုပ်ရမယ် ကိုင်ရမယ့် ဟာတွေ ရှိတယ်။ အဲဒီတော့ အခြေခံ ဥပေဒ အရ ပြင်ဆင်ခွင့်ကိုလည်း အခြေခံ ဥပဒေထဲမှာ သွားတွေ့တယ်။ ဒီဟာတွေက ကျနော် ထင်တာတော့ လွှတ်တော်ထဲကို ရောက်ပြီး လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာတဲ့ အခါမှ လိုအပ်တဲ့ ဟာတွေ ကို ဆက်လက် ကျင့်သုံးသင့်တယ် ထင်တယ်။ ဒီ အဝင်မှာ အဲဒီ ကိစ္စတွေ ကို၊ စကားလုံး အသုံးအနှုန်းတွေ ကို သိပ်ပြီးတော့ တွယ်ကပ်နေပြီးတော့ ကြိုးစားနေမယ် ဆိုလို ရှိရင် အစ မကောင်းဘူး ဖြစ်သွားမှာ ကို ကျနော် က စိုးရိမ်တယ်။ ဘာလို့လဲ ဆိုတော့ ကျနော် တို့က ဒီလွှတ်တော် ထဲ ကို ဒီ အင်အားစု တွေကို မြန်မြန် ရောက်စေချင်တယ်။”
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ပါမယ်လို့ ဆိုရင် လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်တာတွေ လုပ်ဖို့ အခက်အခဲရှိနိုင်ပါသလား ဘာလို့လဲဆိုတော့ ဒေါ်အောင်ဆန်း စုကြည်က ရွေးကောက်ပွဲဝင်တာဟာ ဖွဲစည်းပုံထဲက လူထုအတွက် အကျိုးမရှိတဲ့ ဥပဒေတွေကို ပြင်နိုင်ဖို့ ဖြစ်တယ်လို့ ပြောထားတာတွေ ရှိတော့
“လုံးဝ မထင်ပါဘူး ခင်ဗျာ။ လုံးဝ မထင်ပါဘူး။ အခုကို က အခြေခံ ဥပဒေထဲ က တချို့ အပိုဒ် တွေကို ပြင်ဆင်ဖို့ က လွှတ်တော် အမတ်တွေ ကကော၊ ပါတီ မရွေး၊ လူမျိုး မရွေး ကြိုးစားနေကြတာတွေ ရှိပါတယ်။ အဲဒါလည်း ကာကွယ် စောင့်ရှောက်တာ တမျိုးပါဘဲ။ အခြေခံ ဥပဒေတွေ ကို ပိုပြီးတော့ ကောင်းလာအောင် ပြည်သူတွေ အတွက် ပိုပြီးတော့ အကျိုးရှိ လာအောင် ပြင်ဆင်တာ ဟာလည်း အခြေခံ ဥပဒေ ကို ကာကွယ် စောင့်ရှောက်တာပါဘဲ။ တနည်းအားဖြင့် အခြေခံ ဥပဒေကို လေးစား လိုက်နာတာဘဲ လို့ ကျနော် ယုံကြည်ပါတယ်။”
ပြည်သူလွှတ်တော် ဥပဒေကော်မရှင်ထဲက အဖွဲ့ဝင်တဦး ဖြစ်တဲ့ ဦးသန်းမောင် ရဲ့သုံးသပ်ချက်ပါရှင်။ NLD ပါတီဟာ ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ၄၃ နေရာထိ အများဆုံးအနိုင်ရခဲ့တဲ့ပါတီတခု ဖြစ်ပြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေအဖြစ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၃၇ ဦး လွှတ်တော်တက်ရမှာ ဖြစ်ပါတယ်။
By သင်းသီရိ ( ဗွီအိုအေ-မြန်မာပိုင်း)
သစ်ထူးလွင်
4/13/2012 04:20:00 AM
လှိုင်သာယာ စက်မှုဇုန်ရှိ ဖော့ဗူး စက်ရုံမီးလောင် သိန်း ၁၈၀၀ ခန့်ဆုံးရှုံး
![]() |
| YC ဖော့ဗူး စက်ရုံးမီးလောင်ပြီးမြင်ကွင |
ဧပြီ ၁၂ရက်၊ ၂၀၁၂ ခုနှစ်-သူရမျိုး (YPI )
လှိုင်သာယာ စက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် YC ဖော့ဗူး စက်ရုံ
ယနေ့မွန်းလွဲ ၂နာရီ ၄၅ မိနစ်တွင် မီးလောင်မှုဖြစ်ပွားပြီး ၃
နာရီခွဲဝန်းကျင်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်ကျွမ်းမှုကြောင့် စက်ရုံတရုံလုံးပျက်စီးသွားကာ ကား ၂စီးလည်း
မီးလောင်သည့်အထဲ ပါသွားခဲ့သည်။ တစီးမှာ မတ်တူး ခဲရောင်ဖြစ်၍ အခြားတစီးမှာ
အင်ဂျင်ဖြုတ်ချထားသည့် ပစ်ကပ်ကား ဖြစ်သည်။
မီးလောင်မှုကြောင့် ဆုံးရှုံးသွားသည့် တန်ဖိုးမှာ သိန်း ၁၈၀၀ ခန့် ရှိသည်ဟု ရဲစခန်းမှ ခန့်မှန်းပြောဆိုချက်အရ သိရသည်။
မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ စက်ရုံပိုင်ရှင် တရုတ်နိုင်ငံသား ၄ ဦးကို ရဲစခန်းမှ ခေါ်ယူစစ်ဆေးမေးမြန်းလျှက်ရှိရာတွင် တဦးသာလျှင် ဗီဇာရှိပြီး ကျန် ၃ ဦးမှာ တရားဝင်နေထိုင်ခွင့် ဗီဇာမရှိဟုလည်း သိရသည်။
ယခုစက်ရုံတွင် လုပ်သား ၅၀ ဦးဝန်းကျင် အလုပ်လုပ်ကိုင်လျှက်ရှိသည်ဟုလည်း
သိရှိရသည်။ လွန်ခဲ့သည့် ရက်ပိုင်းက တောင်ဥက္ကလာမြို့နယ် ၁၀ ရပ်ကွက်
ဟေမ၀န်ဈေး မီးလောင်ကျွမ်းခဲ့ရာ ဆိုင်ခန်းအားလုံး နီးပါး
လောင်ကျွမ်းခဲ့သည်။ ။
Yangon Press International
သစ်ထူးလွင်
4/12/2012 05:20:00 PM
စစ်တွေ- ရန်ကုန်ကားလမ်း တိုးချဲ့မှုကြောင့် ရှေ့ဟောင်း ရခိုင်မြို့ရိုးများ ပျက်စီးနေ
ရန်ကုန်-စစ်တွေ ကားလမ်းတိုးချဲ့ရာတွင် ရခိုင်ရှေ့ဟောင်း
မြို့ရိုးများကို မြေတူးစက်ကြီးများဖြင့် တူးယူပြီး လမ်းကို ဆည်
ဖို့နေသဖြင့် ရခိုင်ရှေ့ဟောင်းအမွေအနှစ်များ ပျက်စီးဆုံးရှုံးနေရကြောင်း
သိရှိရသည်။
ယခုကဲ့သို့ ရှေ့ဟောင်းမြို့ရိုးများ ဖျက်စီးခံနေရသည့် နေရာမှာ မြောက်ဦး စစ်တွေ လမ်းပိုင်းရှိ မြောက်ဦးမြို့ အရှေ့တောင်ဘက် ပေါင်းတုတ်ရပ် အနီးတွင် ဖြစ်သည်။
စစ်တွေ-ရန်ကုန် ကားလမ်း တိုးချဲ့ရာ၍ မြေများကို တူးယူနေခြင်း ဖြစ်ပြီး လုပ်ကိုင်နေသည့် ကုမ္ပဏီမှာ "သိန်းကျော်" ကုမ္ပဏီဖြစ်ကြောင်း သိရသည်။
" အခုဖြစ်နေတဲ့နေရာက လေသာတောင်ခံတပ်အနီးက မြေသား မြို့ရို့တံတိုင်းတွေပါ။ အဲဒီနေရာကို ရှေ့ ဟောင်းသုတေသန ဌာကနည်း ရှေ့ဟောင်းယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်ထားတဲ့နေရာထဲမှာ ပါတယ်။ အဲဒါကို မြေသားမြို့ရိုးတွေကို စက်ကြီးတွေနဲ့တူးပြီး လမ်းကိုဖို့နေတာပါ။ အခုက မြို့ရိုးတွေ ပျက်သွားပြီး ပရမ်းပတာ ဖြစ်နေပါတယ်။ တကယ်လို့ ဒီလမ်းဆုံးအောင်အထိ မြေတွေ တူးမယ်ဆိုရင် မြို့ရိုးတွေ ပျောက်ကွယ်သွားနိုင်တဲ့ အနေအထားမှာရှိပါတယ်။"ဟု ရှေ့ဟောင်း ယဉ်ကျေးမှု သုတေသတနဌာနမှူး (ငြိမ်း) ဦးကျော်ထွန်းအောင်က ပြောသည်။
ယခုပျက်စီးသွားသည့် မြို့ရို့တံတိုင်းများမှာ မြောက်ဦးခေတ် မြို့ရိုးတံတိုင်းများ ဖြစ်ကြောင်း သူက ဆက်ပြောသည်။
"အတွင်းပိုင်းက မြို့ရိုးတွေကို အုတ်တွေ၊ ကျောက်တွေနဲ့လုပ်ထားပြီး အပြင်ဘက် မြို့ရိုးတွေကို မြေသားတွေနဲ့ လုပ်ထားဖြစ်တယ်။ တောင်တလုံးနဲ့ တလုံးဆက်ပြီး မြေသားတွေနဲ့ လုပ်ထားတဲ့ မြို့ရိုးတွေပါ။ ဂျပန်နဲ့ အိန္ဒိယ ဘက်မှာတော့ မြေသားတံတိုင်းတွေ အများအပြားတွေ့ရတယ်။ ဒီလိုရှေ့ဟောင်း တံတိုင်းတွေ ဆုံးရှုံးသွားရင် ကျွန်တော်တို့အတွက် ဆုံးရှုံးမှုပါဘဲ။"ဟု သူက ဆက်ပြောသည်။
မြောက်ဦးမြို့ လက်ဆေးကန်အနီးရှိ လေသာတောင်ခံတပ်နှင့် မြတောင်ခံတပ်ရှိ မြို့ရိုး တံတိုင်းများကိုလည်း မြေတူး စက်များဖြင့် ဖြိုတူးနေသည်ဟု သိရသည်။
" ကျွန်တော်တို့က ဒီနေရာဟာ သမိုင်းဝင်နေရာတွေ ဖြစ်တဲ့ အတွက် တစ်ခြားနေရာက မြေတွေကိုဘဲ တူးစေလိုပါတယ်။ အခုလို တူးနေတာကို သက်ဆိုင်ရာနဲ့ မီဒီယာတွေကို အသိပေးရန် အတွက် တူးဖေါ်နေတဲ့ ဓါတ်ပုံတွေကို ပို့ပေးလိုက်ပြီ ဖြစ်ပါတယ်" ဟု ဦးကျော်ထွန်းအောင်က ပြောသည်။ သိန်းကျော် ကုမ္ပဏီအား ဆက်သွယ်ရာ ဆက်သွယ်၍ မရခဲ့ပါ။
၂၀၁၀ ခုနှစ် နိုဝင်ဘာလကလည်း စစ်တွေ အမ်းရထားလမ်းဖောက်လုပ်ရာတွင် မြောက်ဦးမြို့ရှိ ရှေ့ဟောင်း အမွေအနှစ်များဖြစ်သည့် ပြည်စိုးကြီးဘုရား၊ မင်းလှခံတပ်၊ မင်းသမီးတံတိုင်း၊ ရဲလှကုန်း၊ သံဇင်တံဘုးရားများ အပါအ၀င် ရှေးဟောင်း သမိုင်းဝင် နေရာ အများအပြားဖြတ်သန်း ဖေါက်လုပ်ခဲ့သဖြင့် ပျက်စီး ဆုံးရှုံးမူများ ရှိခဲ့သည်။
၂၀၁၀ ခုနှစ်က စစ်တွေ- အမ်း ရထားလမ်း ဖေါက်လုပ်စဉ် ရှေးဟောင်းဘုရားကို ဖြိုတူးနေစဉ်။
နိရဉ္စရာ
သစ်ထူးလွင်
4/12/2012 05:14:00 PM
ဗြိတိန်ဝန်ကြီးချုပ် ဆန်ရှင်အမြန်ရုတ်ဖို့ ကြိုးစားမည်
နယူးဒေလီ (မဇ္ဈိမ)။ ။ သောကြာနေ့တွင် မြန်မာနိုင်ငံသို့
ရောက်ရှိလာမည့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမရွန်း David Cameron က
မြန်မာအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ယခုခရီးစဉ်
အပြီးတွင် အမြန်ရုတ်သိမ်းရန်အတွက် ကြိုးပမ်း လုပ်ဆောင်သွားမည်ဟု ကြာသပတေးနေ့က
ပြောဆိုလိုက်သည်။
“မြန်မာနိုင်ငံဟာ ဒီမိုကရေစီကို ဦးတည်သွားနေတယ်ဆိုရင် ကျနော်တို့အနေနဲ့ ဒီလိုမျိုးတုန့်ပြန်ပေးရမှာဖြစ်ပြီး ဒါ့အတွက် နှောင့်နှေးကြန့်ကြာမနေသင့်ဘူး။ ဒါပေမယ့် ပထမဆုံး ဘာတွေဖြစ်နေတယ်ဆိုတာ ကျနော်ကိုယ်တိုင်ကိုယ်ကျ သိချင်မြင်ချင်ပါသေးတယ်” ဟု ဗြိတိသျှအသံလွှင့်ဌာန BBC အား ပြောဆို
လိုက်ကြောင်း ရိုက်တာသတင်းတရပ်တွင် ဖော်ပြထားသည်။
လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများက စီးပွားရေး ပိတ်ဆို့အရေး
ယူမှုများ ပြုလုပ်ထားခြင်းဖြစ်သည်။
၂၀၁၂ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်ရပ်ရေး ဆွေးနွေးခြင်း၊ NLD ပါတီအား လွှတ်တော်နိုင်ငံရေးတွင် ပါဝင်ခွင့်ရရန် ဆောင်ရွက်ပေးခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲ အား တရားမျှတစွာ ကျင်းပပေးခြင်းတို့ကြောင့် မူလက ချမှတ်ထားသော စီးပွားရေး အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများ လျှော့ချသွားရန် အမေရိကန်နှင့် အနောက်နိုင်ငံများတွင် သဘောထားများ
ဖြစ်လာကြသည်။
မစ္စတာကမရွန်း၏ ယခုခရီးစဉ်အတွင်း မြန်မာသမ္မတ ဦးသိန်းစိန်အပြင် အတိုက်အခံခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း သီးခြားစီ တွေ့ဆုံရန်ရှိသည်။ ၀န်ကြီးချုပ် ကမရွန်းနှင့်အတူ ထိပ်တန်း ဗြိတိသျှ စီးပွားရေး ကုမ္ပဏီကြီးများလည်း လိုက်ပါလာမည်ဖြစ်သည်။
4/12/2012 05:08:00 PM
“ သာဓုပါဗျာ “ သံချပ်အဖွဲ့ လှည့်လည်ဖျော်ဖြေ
“ သာဓုပါဗျာ “ သံချပ်အဖွဲ့ သည် ပြည်လမ်းရှိ Air Bagan မဏ္ဍပ်တွင် ယနေ့စတင်သံချပ်ထိုးဖျော်ဖြေခဲ့သ
ည်။
“ ခေါ်တဲ့လူတွေဆီက ပိုက်ဆံရတာ မရတာ အဓိကမဟုတ်ဘူး။ ဖျော်ဖြေရဖို့ အဓိကပဲ
သံချပ်အဖွဲ့သည် Air Bagan မဏ္ဍပ် အပြင် Sky Net ၊ Lucky 7 ၊Naing Group
မဏ္ဍပ်များသို့ လည်းဖိတ်ခေါ်ထား၍ သွားရောက်ဖျော်ဖြေမည်ဟု ၎င်းကပြောသည်။ “
သာဓုပါဗျာ “ သံချပ်အဖွဲ့ သည်မေတ္တာ၊ဗေလုဝ၊ ကုသိုလ်တို့ ဦးဆောင်ကာ အဖွဲ့ ၀င်
၅၀ ဖြင့် ဖွဲ့စည်း ထားသည်။
Popular Myanmar News Journal
သစ်ထူးလွင်
4/12/2012 04:46:00 PM
သတင်းထောက်များအား ညစာ စားပွဲဖြင့် ဂုဏ်ပြု (ရုပ်/သံ)
11 April 2012 Wed
ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ် ရွေးကောက်ပွဲ မှာ အရေးပါခဲ့တဲ့ မီဒီယာသမား သတင်းထောက်များအား ညစာ စားပွဲဖြင့် ဂုဏ်ပြု။
ဒီဗွီဘီ မှ ရိုက်ကူးတင်ဆက်ထားတာပါ။
သစ်ထူးလွင်
4/12/2012 04:14:00 PM
ရန်ကုန်သင်္ကြန်မှာ သံချပ်အဖွဲ့လှည့်လည်ဖျော်ဖြေခွင့်ရရှိ
ရှုမ၀အောင်(မြစ်မခ)
by Myit Makha Mediagroup on 12 Apr, 2012
by Myit Makha Mediagroup on 12 Apr, 2012
ရန်ကုန်မြို့မဟာသင်္ကြန်အကြိုနေ့ ပြည်လမ်းမပေါ်ပုဂံလေကြောင်းရေကစားမဏ္ဍုပ်ကို နေ့လည် ၁၂ နာရီတွင်
ဖွင့်လှစ်ရာ သံချပ်အဖွဲ့လာရောက် ဖျော်ဖြေခဲ့ပြီး အဆိုပါ သံချပ်အဖွဲ့တွင်
ဦးမေတ္တာ၊ ဦးဗေလုဝ၊ ဦးကုသိုလ်တို့ ခေါင်းဆောင်၍ တခြားလူရွှင်တော် ၂၀
ဦးခန့်ပါဝင်ကြောင်း သိရှိရသည်။
“ကျတော်တို့
ဒီလိုသံချပ်အဖွဲ့ သံချပ်ကားထွက်ခွင့်ရအောင် ပြန်ကြားရေးဝန်ကြီးဌာနမှာ
ခွင့်ပြုချက်တင်ရပါတယ်” သံချပ်တွင် စီမံရေးတာဝန်ခံ ဦအောင်သိန်းကပြောသည်။
သံချပ်သံများကို
၁၉၈၇ ခုနှစ်ခန့်ကစ၍ မကြားတော့ကြောင်း သံချပ်အဖွဲ့ဖြစ်မြောက်ရန်အတွက်
ငွေကျပ် သိန်းနှစ်ဆယ်ခန့်ကုန်ကျကြောင်း သိရှိရသည်။
အဆိုပါ သံချပ်ကား၏အမည်မှာ သာဓုပါဗျာဟုအမည်ပေးထားကြောင်း သိရှိရသည်။
“ဟိုဘက်ကမ်းက
မီးထိန်ထိန် ယိုးဒယားတို့အိမ် ဒီဘက်ကမ်းက မီးမှိန်မှိန်
ကျတော်တို့နေတဲ့အိမ် ဟိုဘက်ကမ်းက မီးထိန်ထိန် ပေါက်ဖော်ကြီးတို့အိမ်
ဒီဘက်ကမ်းက မီးမှိန်မှိန် ကျတော်တို့နေတဲ့အိမ်”ဟု ဦးဗေလုဝ ဦးဆောင်၍
သံချပ်တိုက်ကြသည်။
သာဓုပါဗျာသံချပ်ကားသည် မြို့အနှံ့လိုက်လံဖျော်ဖြေမည်ဖြစ်ကြောင်း သိရှိရသည်။
ယခု သင်္ကြန်အကြိုနေ့တွင် ပုဂံလေကြောင်းမှ ဦးတေဇ၏ ဖိတ်ကြားမှုဖြင့်လာရောက်ဖျော်ဖြေကြောင်း စီမံရေးတာဝန်ခံ ဦးအောင်သိန်းက ပြောသည်။
“ကျတော်တို့
ဒီလိုအသံတွေမကြားရတာ အနှစ်နှစ်ဆယ်ကျော်သွားပြီ ဒီလိုကြားတော့
ကျတော်တို့ငယ်ငယ်တုန်းက သင်္ကြန်ကို ပြန်သတိရတယ်ဗျာ နှစ်တိုင်းလဲ
ဒီလိုဖြစ်စေချင်တယ် ဒီနှစ်သင်္ကြန်တော့ ထူးထူးခြားခြားစကြားရတယ်”ဟု
တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သော အသက်လေးဆယ်အရွယ် ဦးမျိုးကျော်က
ပြောသည်။
သစ်ထူးလွင်
4/12/2012 04:07:00 PM
သင်္ကြန်အကြိုနေ့ လှိုင်သာယာစက်မှုဇုန်တွင် မီးလောင်
ရန်ကုန်၊ဧပြီ ၁၂
ရန်ကုန်တိုင်းဒေသကြီးရှိ စက်ရုံအလုပ်ရုံအများဆုံးတည်ရှိရ
The Voice Weekly
သစ်ထူးလွင်
4/12/2012 03:53:00 PM
ကျွန်းနံ့သာ အနီးပင်လယ်ရေပြင်ထဲမှ မီးတောက်များ မီးခိုးများထွက်နေပုံ
ယမန်နေ့ညနေပိုင်းက ရခိုင်ကမ်းရိုးတန်း ကျွန်းနံ့သာ အနီးပင်လယ်ရေပြင်ထဲမှ မီးတောက်များ မီးခိုးများထွက်နေပုံ။
သံတွဲဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းချက်အရ ထိုကျွန်းကို ဒေသခံများက ကျွန်းနံ့သာဟု ခေါ်ကြပြီး သံတွဲကမ်းခြေနှင့်မဝေးလှကာ၊ ကျွန်းအနီးပင်လယ်ပြင်ထဲမှ ပြာမှုန်များ လေထဲသို ပေလေးငါးဆယ်ခန့်အမြင့်အထိ ထိုးတက်နေသည်ကိုမြင်ရကြောင်းသိရ
Popular Myanmar News Journal
သစ်ထူးလွင်
4/12/2012 09:43:00 AM
ဒေါ်အောင်ဆန်းစုကြည်ကို ကူညီလိုကြောင်း ဗြိတိန်ဝန်ကြီးချုပ် ပြောဆို
ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ ဒေးဗစ်ကင်မရွန်း မနက်ဖြန် သောကြာနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။
မစ္စတာ ဒေးဗစ်ကင်မရွန်းဟာ အင်ဒိုနီးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။
Photo courtesy of Burma Campaign UK
၂၀၀၈ ခုနှစ် မေလအတွင်း လန်ဒန်ရှိ
မြန်မာဘုန်းတော်ကြီးကျောင်းတွင် ဆရာတော် ဦးဥတ္တရ၊ ဇိုရာဖန်းနှင့်အတူ မစ္စတာ
ဒေးဗစ်ကင်မရွန်းကို တွေ့ရစဉ်။
အင်ဒိုနီးရှားနိုင်ငံမှာ ရှိနေစဉ်အတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး
ပြောကြားရာမှာ - " မြန်မာနိုင်ငံဟာ ဒီမိုကရေစီ စတင်ပွင့်လန်းလာတဲ့
တောက်ပတဲ့ အလင်းရောင်တစ်ကွက် ဖြစ်ပါတယ်။ လက်ရှိ ခေါင်းဆောင်ဟာ
အင်မတန်အလုပ်ကြိုးစား၊ သည်းခံမှုနဲ့လည်းပြည့်စုံ၊ တိုင်းပြည်မှာ ဒီမိုကရေစီ
အပြည့်အ၀ ပွင့်လန်းလာတာကို မြင်ချင်နေသူပါ။ အခု ပွင့်စပြုလာတာကို
မြင်နေရပါပြီ။
ဒီအချိန်ဟာ မြန်မာပြည်ကို သွားရောက်ဖို့ သင့်တော်တဲ့ အချိန်ပါပဲ" လို့
ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် သူ့အနေနဲ့ မြန်မာ့ဒီမိုကရေစီလမ်းကြောင်း နောက်ပြန်မဆုတ်ရအောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူအကွဆောင်ရွက်ဖို့ မျှော်လင့်ကြောင်းလည်း ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ ဒေးဗစ်ကင်မရွန်းက ပြောဆိုခဲ့ပါတယ်။
မစ္စတာ ဒေးဗစ်ကင်မရွန်းဟာ မြန်မာ့ ၁၉၉၀ ရွေးကောက်ပွဲ ပြီးကတည်းက နှစ် ၂၀ အတွင်း မြန်မာနိုင်ငံကို ပထမဆုံးလာရောက်တဲ့ ဗြိတိန် နိုင်ငံရေးခေါင်းဆောင် ဖြစ်ပါတယ်။
နိုင်ငံခြားကုမ္ပဏီတွေ မြန်မာနိုင်ငံကို အလုအယက် သွားရောက်နေကြတာနဲ့အမျှ ဗြိတိန်ဝန်ကြီးချုပ်ရဲ့ မြန်မာပြည်ခရီးစဉ်မှာ သူနဲ့အတူ ဗြိတိန်စီးပွားရေး အဖွဲ့တစ်ဖွဲ့လည်း ပါဝင်ဖွယ်ရှိပါတယ်။
4/12/2012 08:41:00 AM
ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်မှု ကုလကြိုဆို
မြန်မာနိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲကို အောင်အောင်မြင်မြင်
ကျင်းပနိုင်ခဲ့တာဟာ သမိုင်းတွင်မယ့် ဖြစ်ရပ် တစ်ခုဖြစ်တယ်လို့ ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Vijay Nambia က
ပြောလိုက်ပါတယ်။ လုံခြုံရေးကောင်စီဝင် တချို့ကတော့ တိုင်းရင်းသားဒေသ
တချို့မှာ ပဋိပက္ခတွေ ဆက်ပြီးရှိနေတာ၊ နိုင်ငံရေးအကျဉ်းသားတွေ ရာနဲ့ချီ
ဆက်ရှိနေတဲ့အပေါ်မှာ စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံအကြောင်း ဗုဒ္ဓဟူးနေ့တုန်းက ဆွေးနွေးအပြီးမှာ လုံခြုံရေး ကောင်စီရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဆူဇန်ရိုက်စ် က မစ္စတာ နမ်ဘီးယားရဲ့ တင်ပြချက်တွေနဲ့အတူ ဆွေးနွေးခဲ့ကြတဲ့ အကြောင်းတွေကို အခုလို သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
“အထူး ကိုယ်စားလှယ် Vijay Nambia က ရှင်းလင်း တင်ပြထားပါတယ်။ ဧပြီတစ်ရက် ကြားဖြတ် ရွေးကောက်ပွဲဟာ ပွင့်လင်း မြင်သာမှု ရှိတယ်။ ဖြောင့်မတ်မှန်ကန်တယ်၊ ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပနိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။ မသမာမှု အသေးအမွှားတွေ ရှိခဲ့ပေမယ့် အဲဒါ တွေဟာ ရွေးကောက်ပွဲ ရလဒ်အပေါ် မထိခိုက်စေခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ကိုယ်စားလှယ်တွေ အရွေးခံခဲ့ရတာဟာ ဘက်ပေါင်းစုံ နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်နိုင်ဖို့အတွက် သမိုင်းတွင်မယ့် အခွင့်အလမ်း ပေါ်ထွက်စေခဲ့တယ်လို့လည်း မစ္စတာ Vijay Nambia က လုံခြုံရေး ကောင်စီကို ရှင်းပြပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
4/12/2012 08:39:00 AM
NLD အမတ်တွေ လွှတ်တော်မှာ ကျန်းသစ္စာဆိုရခက်
သမ္မတဦးသိန်းစိန်နဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဧပြီ (၁၁) ရက်၊ ဗုဒ္ဓဟူးနေ့မနက်က နေပြည်တော်က
သမ္မတအိမ်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးဟာ မနက် (၁၁) နာရီကနေ (၁၂) နာရီ (၂၇) မိနစ်အထိ တစ်နာရီခွဲနီးပါးကြာ သီးသန့် တွေ့ဆုံခဲ့ကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလိုက်ပါသွားတဲ့ လုံခြုံရေးတာဝန်ခံ ဦးခွန်သာမြင့်က ဗီအိုအေကို ပြောပါတယ်။ ဆွေးနွေးမှုအပြည့်အစုံကို နှစ်ဘက်စလုံးက သတင်း ထုတ်ပြန်ခြင်းမရှိပါဘူး။ လွှတ်တော်တွင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍနဲ့ နိုင်ငံရဲ့အကျိုးစီးပွားတွေ ပူးပေါင်းဆောင်ရွက်ရေးတွေကို ဦးသိန်းစိန်နဲ့ ဒေါ် အောင်ဆန်းစုကြည်တို့ ဆွေးနွေးခဲ့ကြတယ်လို့ ဦးခွန်သာမြင့်က Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဧပြီ (၂၃) ရက်နေ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထအစည်းအဝေး စတင် ချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်နှစ်ရပ် ရွေးကောက်ခံ ကိုယ်စားလှယ်အသစ်တွေ ကျမ်းသစ္စာကျိန်ဆိုတဲ့ အခါ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်လို့ ရွတ်ဆိုကြဖို့ဟာ မဖြစ်နိုင်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။
ဒါပေမယ့် ဒီစာသားတွေ ကို အချိန်မီပြင်ဆင်ပေးရင် NLD ရဲ့ ရွေးချယ်ခံထားရတဲ့ ကိုယ်စားလှယ်တွေ လွှတ်တော်ကို တက်နိုင်မှာဖြစ်တယ်လို့လည်း ဦးဉာဏ်ဝင်းက Reuters သတင်း ဌာနကို ပြောဆိုခဲ့ပါတယ်။ NLD အနေနဲ့ အခုပြီးစီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲကို ၀င်ရောက်ရတဲ့ ရည်ရွယ်ချက် သုံးခုထဲမှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးဟာ တစ်ချက်ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အတိအလင်း ကြေညာခဲ့တာဖြစ်ပါတယ်။
မနေ့က တွေ့ဆုံပွဲအပြီးမှာ သမ္မတဦးသိန်းစိန်နဲ့ ဇနီး ဒေါ်ခင်ခင်ဝင်းတို့က ဒေါ်အောင်ဆန်းစုကြည်ကို နေ့လည်စာနဲ့ တည်ခင်းဧည့်ခံခဲ့ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က နေ့လည်ပိုင်းမှာ နေပြည်တော်ကနေ ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွာလာခဲ့ပါတယ်။
4/12/2012 08:36:00 AM
၁၂ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ ၈၈ မျိုးဆက် တက်ရောက်
![]() |
| ကယန်းပြည်သူများနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့သော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ |
ဘားမားဗီဂျေ
သစ်ထူးလွင်
4/12/2012 07:24:00 AM
တရားဟောခွင့်ပိတ်ခံထားရတဲ့ ဒယ်အိုးဆရာတော် (၇) ရက် တရားချီးမြှင့်မည်
အေးနိုင် DVB ၁၁ ဧပြီ ၂၀၁၂
မနှစ်ဒီဇင်ဘာ ၉ ရက်နေ့ကနေ တနှစ်တိတိ တရားဟောပြောခွင့်ပိတ်ပင်ခံထားရတဲ့ ဒယ်အိုးဆရာတော်လို့ လူသိများတဲ့ ဓမ္မကထိက ဆရာတော် ဦးသုမင်္ဂလဟာ ဆရာတော်ကြီးတွေထံ ခွင့်ပန်လျှောက်ထားပြီး ဧပြီ ၁၁ ရက်နေ့ကျနေ ၁၇ ရက်နေ့ထိ တနေ့ကို တရားပွဲနှစ်ပွဲချီးမြင့်မှာ ဖြစ်တယ်လို့ ဆရာတော်က မိန့်ပါတယ်။
ဆရာတော် ဟောပြောတဲ့တရားပွဲတခုမှာ တရားဟောပြောခွင့်ကို ပိတ်ပင်တာဟာ အလွန်အပြစ်ကြီးတဲ့အကြောင်း ပါရှိတဲ့အပေါ် ထေရ၀ါဒပိဋကတ်တော်တွေနဲ့မညီ. အာဏာပိုင်တွေကို ထိပါးပုတ်ခတ်တယ်လို့ အကြောင်းပြုပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က တနှစ်တရားဟောခွင့် ပိတ်ခဲ့တာဖြစ်ပါတယ်။
ဆက်သွယ်မေးမြန်းတဲ့ ကိုအေးနိုင်ကို ဆရာတော်က မိန့်ကြားထားပါတယ်။
သစ်ထူးလွင်
4/12/2012 07:16:00 AM
ဆူနာမီသတိပေး ချက်အားပြန်လည်ရုပ်သိမ်း
အင်ဒိုနီးရှာနိုင်ငံဆူမားတြားမြောက်ပိုင်း ငလျင်လှူပ်ခတ်ပြီး နောက်ပိုင်းတွင် ဆူနာမီစောင့်ကြည့်ရေးဗဟိုဌာနများ၏သတင်းထုတ်ပြန်ချက်များအရ မြန်မာကမ်းရိုးတန်းသို့ရောက်ရှိလာနိုင်ကြောင်း ခန်းမှန်းထားခဲ့သော်လည်း
ခန့်မှန်းထားသည့်အချိန် အတွင်း ထူးခြားမှူမရှိခြင်းကြောင့် ဆူနာမီသတိပေး
ချက်အားပြန်လည်ရုပ်သိမ်းကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှူ
ဦးစီးဌာနက နိုင်ငံပိုင်ရုပ်သံမှ ည ၇နာရီဝန်းကျင်ခန့်က ထပ်မံကြေငြာသည်။
7Day News Journal
ခန့်မှန်းထားသည့်အချိန် အတွင်း ထူးခြားမှူမရှိခြင်းကြောင့် ဆူနာမီသတိပေး
ချက်အားပြန်လည်ရုပ်သိမ်းကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှူ
ဦးစီးဌာနက နိုင်ငံပိုင်ရုပ်သံမှ ည ၇နာရီဝန်းကျင်ခန့်က ထပ်မံကြေငြာသည်။
7Day News Journal
သစ်ထူးလွင်
4/12/2012 06:19:00 AM
ဦးခင်ညွန့် အင်တာဗျူးမပေးဘူးဆိုသည့် ပြောကြားချက် ဘန်ကောက်ပို့စ် ငြင်းဆို
![]() | |
| ဦးခင်ညွန့် ကို အင်တာဗျူးခဲ့တဲ့ ဦးမြင့်ရွှေ (ဓါတ်ပုံ-မြင့်ရွှေ Facebook) |
ကိုထွေး DVB ၁၁ ဧပြီ ၂၀၁၂
၂၀၀၃ ခု ဒီပဲယင်းအကြမ်းဖက်မှုဖြစ်စဉ်က ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ဖို့ လူလွှတ်ခဲ့တယ်လို့ စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်း
ဧပြီ ၈ ရက်နေ့ထုတ် ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ် သတင်းစာပါ ဦးခင်ညွန့်အကြောင်း ဆောင်းပါးတခုမှာ ဒီပဲယင်း လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တယ်ဖို့ လူလွှတ်လိုက်တယ်လို့ ဦးခင်ညွန့်က ပြောဆိုတယ်ဆိုပြီး ရေးသားခဲ့ပါတယ်။
အဲဒီဆောင်းပါးအပေါ် ဒုရဲမှူးကြီးဝင်းနိုင် အပါအ၀င် ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ဦးခင်ညွန်အနေနဲ့ ဘန်ကောက်ပို့စ်ကို အင်တာဗျူးပေးခဲ့ခြင်း မရှိဘူးလို့ ဒီကနေ့ ရှင်းလင်းပြောဆိုခဲ့တာပါ။
အဲဒီဆောင်းပါးကို ပြည်ပအခြေစိုက် ဦးမြင့်ရွှေနဲ့ Songpol Kaopatumtip တို့ ပူးပေါင်း ရေးသားခဲ့တာ ဖြစ်ပါတယ်။
ဒီဆောင်းပါးကို တာဝန်ခံတဲ့ ဘန်ကောက်ပိုစ်သတင်းစာရဲ့ အချပ်ပို Spectrum ကဏ္ဍ အယ်ဒီတာက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ အစိုးရတာဝန်ရှိသူတွေရဲ့ ပြောကြားချက်ကို ငြင်းဆိုလိုက်ပါတယ်။
ဒီဆောင်းပါးကို ရေးသားရာမှာ ပါဝင်ခဲ့သူတဦးဖြစ်တဲ့ Songpol Kaopatumtip ကိုလည်း ဒီဗွီဘီက မေးမြန်းရာမှာ ဦးမြင့်ရွှေ ကိုယ်တိုင် မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး ဦးခင်ညွန့်အိမ်မှာ အင်တာဗျူးပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။
“မတ်လလယ်လောက်မှာ အင်တာဗျူးခဲ့တာပါ။ အသေချာတော့ မမှတ်မိတော့ပါဘူး။”
ဦးခင်ညွန့်ဟာလည်း ဒီဆောင်းပါးအကြောင်း အင်တာနက်နဲ့ မီဒီယာတွေမှာ ပါရှိပြီးတဲ့နောက် တိုက်တိုက်ဆိုင်ဆိုင် သာသနာ့ဘောင်ကို ၀င်ရောက်ခဲ့တဲ့အတွက် ဆက်သွယ်မေးမြန်းဖို့ ခက်ခဲနေပါတယ်။
၂၀၀၃ ခုနှစ် မေ ၃၀ ရက်ညက စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စည်းရုံးရေးယာဉ်တန်းကို အမည်မသိ သူတွေက အကြမ်းဖက်တိုက်ခိုက်ခဲ့လို့ လူတချို့ သေပျောက်ဒဏ်ရာရခဲ့သလို တပ်မတော်အစိုးရက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုက်ခိုက်ခံရသူတွေကို အရေးယူထောင်ချခဲ့ပါတယ်။
သစ်ထူးလွင်
4/12/2012 06:14:00 AM
အနုပညာရှင်အခိျု့အားသင်္ကြန်ဖျော်ဖြေခွင့် ပိတ်ခြင်းမရှိဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရဆို
![]() |
| ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ ရှင်းပြစဉ် |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးလှုံ့ဆော်ရေးအစီအစဉ်များတွင် ပါဝင်ခဲ့ကြသည့် အနုပညာရှင် အချိ့အား
သင်္ကြန်ဖျော်ဖြေရေးတွင် ပိတ်ပင်ထားသည်ဟူသော သတင်းများမှာ လုံးဝ
မဟုတ်မမှန်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ ဝန်ကြီးချုပ်ဦးမြင့်ဆွေက
ငြင်းဆိုလိုက်သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ဧပြီ ၁၁ရက်
ညနေ၆နာရီခွဲက တိုင်းဒေသကြီဝန်ကြီးချုပ်ဦးမြင့်ဆွေနှင့် ရန်ကုန် အခြေစိုက်
မီဒီယာအခိျု့တွှေု့ဆုံစဉ် ဝန်ကြီးချုပ်က ငြင်းဆိုခဲ့ခြင်းဖြစ်သည်။
`အခု အဆိုတော်အခိျု့ကိုသကြီန်သီဆို ခွင့်ပိတ်တယ် ဘာညာဆိုပြီးသတင်း
ထွက်ပေါ်နေတယ်ကြားပါတယ်။ ကျွန်တော်တို့တောင်အတော်အံ့အားသင့်ပါတယ်။
ဒီသတင်းဟာ လုံးဝမဟုတ်မမှန်ပါဘူး။ ပြည်ထောင်စု အစိုးရအဖွဲ့ ကို ဆက်သွယ်မေးမြန်း ကြည့်တော့လဲ ပြည်ထောင်စု အစိုးရအနေနဲ့ အဲသလိုပိတ်ပင်တာမျိုးလုံးဝမရှိပါဘူးဆိုတာသိရပါတယ်`ဟု
ဦးမြင့်ဆွေကပြောသည်။
“ကြုံရင်လဲ သူတို့နဲ့တွေ့ရင် ဘယ်သူတွေက ဘယ်လိုပိတ်တာလဲ မေးကြည့်ပေးပါဦး“
ဟုဝန်ကြီးချုပ်က ဆက်လက်ပြောဆိုသည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း သင်္ကြန်ပွဲတော်၌ သင်္ကြန်သံချပ်များ
ထိုးခွင့်ပိတ်ထားသည် ဟုပြောဆိုနေကြခြင်းမှာ လည်းမဟုတ်မမှန်ကြောင်း ဦးမြင့်ဆွေကပြောသည်။“ကျွန်တော်တို့က ထိုးမယ့်သံချပ်စာသားတွေကို
ကြိုတင်စိစစ်တာပဲလုပ်ပါတယ်။
အဓိကက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်နေတဲ့ အချိန်မှာ တိုင်းရင်းသား
စည်းလုံးညီညွတ် မှု၊ချစ်ကြည်မှုကိုပျက်ပြားစေတာတွေမပါစေချင်လို့ပါ” ဟု
ဝန်ကြီးချုပ်က ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်း များအတွင်း အင်တာနက် ဖေ့စ်ဘုတ်လှုမှုရေးစာမျက်နှာ
များတွင် အဆိုတော်အခိျု့ သကြီန်ကာလသီဆို ခွင့်ပိတ်ပင်ခံရခြင်း၊ သင်္ကြန်
သံချပ်များ ထိုးခွင့်ပိတ်ပင်ခံရခြင်း များရှိနေသည် ဟူသော ရေးသားချက်
အခိျု့ရှိခဲ့ပြီးနောက် တိုင်းဒေသကြီး အစိုးရအဖွဲက သတင်းမီဒီယာ အခိျု့နှင့်
တွေ့ဆုံရှင်းပြခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မီဒီယာဂရုပ်
သစ်ထူးလွင်
4/12/2012 05:35:00 AM
စီးပွားရေးပိတ်ဆို့မှုကိစ္စ အနီးကပ်စောင့်ကြည်ရန် တင်ပြမည်ဟု အမေရိကန် အထက်လွှတ်တော်အမတ်ပြော
ဧပြီ၊ ၁၁၊ ၂၀၁၂-ကျော်စိုးလင်း (YPI)
အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရေးအတွက် အနီးကပ်စောင့်ကြည့်ရန် တင်ပြမည်ဟု အမေရိကန် အထက်လွှတ်တော်အမတ် ဂျိမ်းစ်ဟင်နရီဝဘ် (ဂျင်ဝက်ဘ်) ကယနေ့ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
၎င်းက “ ၀ါရှင်တန်ကိုပြန်ရောက်ရင် နှစ်နိုင်ငံကြားက စီးပွားရေးပိတ်ဆို့မှုကိစ္စကို အနီးကပ်စောင့်ကြည့်ဖို့အတွက် တင်ပြမယ်။ မြန်မာအစိုးရရဲ့ ကောင်းတဲ့ အပြုအမူတွေကို ဆက်လက်စောင့်ကြည့်မယ်” ဟု ပြောသည်။
အစိုးရ နယ်ပယ်တိုင်းတွင် ဖြစ်ပေါ်လျက်ရှိသော အခြေအနေကောင်းများနှင့်ပတ်သက်၍လည်း ၀ါရှင်တန် ဒီစီသို့ ပြန်ရောက်ပါက ကြီးမားသော ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
ထို့ပြင် ဂျင်ဝက်ဘ်က မြန်မာနိုင်ငံတွင် လွန်ခဲ့သော ကိုးလကထက် ပိုမိုကောင်းမွန်သော လက္ခဏာများ တွေ့ရကြောင်း၊ စီးပွားရေး၊ အုပ်ချုပ်မှုစနစ်နှင့် လူမှုအဖွဲ့အစည်းများတွင်ဖြည်းညှင်းစွာ ပြောင်းလဲရမည်ကိုလည်း လက်ခံကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကောင်းမွန်သော အပြောင်းအလဲများ ဖြစ်ပေါ်လာခြင်းကိုလည်း လက်ခံကြောင်းလည်း ထုတ်ဖေါ်ပြောဆိုသွားသည်။
လက်ရှိအချိန်တွင် အခြားတိုင်းပြည်များအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေပြီ ဖြစ်ပြီး အမေရိကန်နိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံ၏ တိုးတက်မှုတွင် တတ်နိုင်သည့်ဘက်မှ ပါဝင်လာမည်ဟု ၎င်းအနေဖြင့်ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နှစ်ပေါင်းများစွာ တိုင်အောင်ကောင်းမွန်သော အနာဂတ်ဖြစ်မည်ဟု မျှော်လင့်ကြောင်း ဂျွန်ဟင်နရီဝဘ်က ပြောသည်။
မြန်မာနိုင်ငံအား ဆယ်စုနှစ် တခုကျော်ကြာ စီးပွားရေး၊ သံတမန်ရေး၊ အခြားသော ပိတ်ဆို့မှုများကို ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့က လုပ်ဆောင်ထားရာ သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရတက်လာပြီးနောက် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လာခဲ့သည့် နောက် ပိတ်ဆို့မှုများအား ရုပ်သိမ်းပေးရန် စဉ်းစားလာခြင်းဖြစ်သည်။
ဂျင်ဝက်ဘ်သည် ယခုလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့ရောက်ရှိလာကာ ဧပြီလ ၉ ရက်နေ့က နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ။
မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန် အထက်လွှတ်တော် အမတ် ဂျင်ဝက်ဘ်သည် ယနေ့နံနက်ပိုင်းက အမေရိကန် သံရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ် သွားသည်။
4/12/2012 05:26:00 AM
ရွှေဥ ယူမလား ငန်းယူမလား
ဂျာမဏီ တွင် အခြေစိုက်သော ကုမ္ပဏီကြီး တစ်ခုမှ ယနေ. အကြောင်းပြန်စာ ရောက်လာ သည်။ ရက်သတ္တပတ် သုံးပတ်မျှ ကြာမြင်.မည်. ၎င်း ၏ စီးပွားမိတ်ဖက်များအတွက် ကျေးဇူး တုံ.ပြန်သည်. အနေနှင်. မေတ္တာဖြင်. စီစဉ်ပေး သော ခရီးစဉ် (Incentive Tour) တစ်ခု ပတ်သတ်၍ အကြောင်းပြန်ခြင်းဖြစ်သည်။ ခရီးသည် အရေအတွက် ၈၀ ခန်. မြန်မာနှင်.ဗီယက်နမ် တစ်နိုင်ငံ မဟုတ် တစ်နိုင်ငံ သွားရောက် လည်ပတ်ရန်ဖြစ်သည်။ ထိုခရီးစဉ်နှင်. ပတ်သတ်၍ ဆွေးနွေးညှိနှိုင်း နေခဲ.သည်မှာ လွန်ခဲ. သော တစ်လလောက်ကတည်းက ဖြစ်ပြီး ယနေ. အကြောင်းပြန်သည် မှာ ယင်းအာမခံ ကုမ္ပဏီ၏ အမှုဆောင်အဖွဲ.သည် မြန်မာ နှင်. ဗီယက်နမ် နှစ်နိုင်ငံအနက် ဗီယက်နမ် ကို သွားရောက် လည်ပတ်ရန် ရွေးချယ်လိုက်သည်. အကြောင်းပင် ဖြစ်သည်။ ဗီယက်နမ် ကို ရွေးချယ်ရသည်. အကြောင်းအရင်းမှာ မြန်မာနိုင်ငံနှင်. ယှဉ်လိုက်လျှင် ခရီးစဉ်ဈေးနှုန်းများ အလွန်အမင်း သက်သာ သောကြောင်. ဖြစ်သည်ဟု ဆိုသည်။ ထို.ထက်ပို၍ လေးနက်သော အကြောင်းပြချက်မှာ “Value for Money” ဖြစ်သည်. ပေးရသည်. ပိုက်ဆံနှင်. ပြန်ရသော တန်ဖိုး ၊ ၀န်ဆောင်မှု အရည်အသွေး ၊ စိတ်ကျေနပ်မှု တို.တွင် ဗီယက်နမ် က မြန်မာ ထက် များစွာ သာသည် ဟူ၍ဖြစ်လေသည်။
အခြားနိုင်ငံများထက်ဈေးပို
မြန်မာနိုင်ငံရှိ ခရီးစဉ်ဈေးနှုန်းများသည် မလိုလား အပ်သော Transction Cost များကြောင်. ယခင်နှစ်များ ကတည်းက ပင် ဒေသတွင်း နိုင်ငံများနှင်. ယှဉ်ပါက များစွာကြီးမြင်.လျှက် ရှိနေခဲ.ပြီးဖြစ်သည်။ ဈေးနှုန်းများ ကြီးမြင်.သော် လည်း မြန်မာနိုင်ငံသည် နိုင်ငံခြားသား ခရီးသည်များ အတွက် ၀န်ဆောင်မှု အကောင်းဆုံးနိုင်ငံဟု နာမည်မကျော်ကြားခဲ. ၊ ခရီးသွားလုပ်ငန်းအတွက် အခြေခံအဆောက်အအုံ များ (Tourism Infracture) ပြည်.စုံကောင်းမွန် လွန်းသော နိုင်ငံ ဟူ၍လည်း နာမည်မကျော်ကြားခဲ. ၊ နိုင်ငံခြားသား ကမ္ဘာလှည်. ခရီးသည်များအတွက် လွယ်ကူ၍ အဆင်ပြေလွယ်ကူစွာ သွားလာနိုင် ၍ ပြည်ဝင်ခွင်. ရယူရာတွင် အလွယ်ကူဆုံးနိုင်ငံတစ်ခု ဟု မကျော်ကြားခဲ. ၊ အားမနာတမ်းပြောရလျှင် ၊ လုပ်ထုံးလုပ်နည်းများ ရှုပ်ထွေးပွေလီ၍ ကမ္ဘာ.အလယ်တွင် နားလည်ရအခက်ခဲဆုံး နိုင်ငံ ဟူ၍သာ ကျော်ကြားခဲသည်။ ခရီးသွားလုပ်ငန်းကို အထောက်အပံ.ပေးသောအင်္ဂါရပ်များ (Tourism Facility) အပိုင်းကို ကြည်.လျှင်လည်း လွန်စွာအားနည်း သည်မှာ အားလုံးအသိ ပင်ဖြစ်သည်။၊ ခရီးသွားလုပ်ငန်းတွင် အသုံးပြုသော ကားများသည် အခြား နိုင်ငံများ မှ အသုံးပြုပြီးသော ကားဟောင်းများဖြစ်သည်။ ဟိုတယ်အများစုမှာ နိုင်ငံတကာအဆင်.အတန်းမမီကြ ၊ အထူးသဖြင်. သက်တမ်း ဆယ်စုနှစ်နှစ်စု ရှိလုနီးပါး ရန်ကုန်မြို.ရှိ ဟိုတယ်ကြီးအများစုမှာ အိုမင်းဟောင်းနွမ်းနေကြသည်။ အချို.ဟိုတယ်များ၏ နံရံများသည် အက်ကွဲနေကြသည်။ အချို. ဟိုတယ်များ၏ ပရိဘောဂများ သည် အရောင်ပြယ်လွင်.၍ပျက်စီးလုနီးပါးဖြစ် နေကြသည်။ သို.သော် ယင်းတို.သည် အခြားနိုင်ငံများထက် ပိုသောဈေးနှုန်းကို ယူထားကြသည်။
ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ
ယခင် နှစ်များစွာကတည်းက ကြီးမြင်.ခဲ.သော မြန်မာနိုင်ငံ၏ ခရီးစဉ်ဈေးနှုန်းတို. သည် ယခု အခါ ဒေသတွင်း နိုင်ငံများ က ပျက်ရယ်ပြု သည်.အခြေအနေထိ ရောက်ရှိအောင် ထပ်မံမြင်.မားလျှက်ရှိနေလေသည်။ လွန်ခဲ.သည်. လ အနည်းငယ်ခန်.မှ စ၍ ဟိုတယ်အများအပြား၏ ခရီးသွားကုမ္ပဏီများ နှင်.ချုပ်ဆိုသော စာချုပ်များ တွင် အခန်းခများ၏ ဈေးနှုန်းသည် ၄၀ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်း အထိ မြင်.တက်လာကြသည်။ အချို. ဟိုတယ်ကြီးများသည် ယခုအချိန်ထိ ခရီးသွားကုမ္ပဏီများ နှင်.စာချုပ်ချုပ်ဆိုခြင်းမရှိပေ။ ရာသီအလိုက် စာချုပ်ချုပ်ဆို ၍ ဈေးနှုန်းသဘောတူထားရသော ခရီးသွား လုပ်ငန်းများသို. ဟိုတယ်အခန်းမရောင်းချင် သည်.သဘောကို အတိအလင်း သော်လည်းကောင်း သွယ်ဝိုက်၍ သော်လည်းကောင်း ဖော်ပြလာကြသည်။
တစ်ချိန်က မြန်မာ. နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး အခြေအနေများအရ ခရီးသွားလုပ်ငန်းများ ကိုသာလျှင် အဓိက မှီခိုအားထား ၍ ရှင်သန်ခဲ.ရသော ဟိုတယ်များသည် ၊ ယခု အစိုးရသစ်လက်ထက် နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ ၊ တိုးတက်လာမှု များကြောင်. ၊ တစ်ဟုန်ထိုး တက်ရိပ်ပြလာသော ကော်ပိုရိတ်ဈေးကွက် (Corporate Segment) ကို အားကိုးအားထားပြုလာကြသည်။ Corporate Segment အားမကောင်းခင် အချိန်က ခရီးသွားလုပ်ငန်းများ ကို “အခန်းသုံးပေးပါဦး” ဟု ဟိုတယ်များ၏ တောင်းဆိုသော လေသံများသည် ယခု အခါ “အခန်းမပေးနိုင်ဘူး” ဟု ငြင်းပယ် သော လေသံများအဖြစ်ရုတ်ချည်း ပြောင်းလဲသွားကြသည်။ ဟိုတယ်များ၏ ဈေးကွက်အပိုင်းအခြား အလိုက် အခန်းနေရာချထား မှုများတွင် (Rooms Allotment by Segment) ခရီးသွားကုမ္ပဏီများ အတွက် အရည်အတွက် အနည်းဆုံးသို. လျှော.ချထားကြပြီး ၊ ဟိုတယ်သို. တိုက်ရိုက်ဝင်ရောက်သော ဧည်.သည်များ (Walk in Guests) ၊ Online မှ တိုက်ရိုက်ဝယ်သော ဧည်.သည်များ နှင်. ကော်ပိုရိတ် ဈေးကွက် (Corporate Segment) မှ ဧည်.သည် များအတွက်သာ Allotment များများ ချန်ထားခြင်းများ ရှိလာကြသည်။ ခရီးသွားကုမ္ပဏီ များ မှ စာချုပ်ချုပ်ထားသောဈေးနှုန်းဖြင်. အခန်းလိုချင်လျှင် မရ သော်လည်း ၊ Online မှ တဆင်. အင်တာနက် ဈေးနှုန်းဖြင်. ၀ယ်လျှင် အခန်းရမည်ဖြစ်သည်အထိ ပြောလာကြသည်။ စာချုပ်ချုပ်ထားသော ဈေးနှင်. အင်တာနက်ဈေးနှုန်းမှာ ၁၀၀ ရာခိုင်နှုန်း သို.မဟုတ် နှစ်ဆခန်. ကွာသည်။ တစ်ချိန်က ခရီးသွားလုပ်ငန်းများ အတွက် ကိုင်းကျွန်းမှီ ၊ ကျွန်းကိုင်းမှီ အလုပ်လုပ်ခဲ.ကြသော ၊ အရင်းနှီးဆုံးမိတ်ဆွေများဟု ယုံကြည်ခဲ.သော ဟိုတယ်အများစုသည် လိုလျှင်ပေါင်း မလိုလျှင်မပေါင်းတော.သည်. Fair-Weather Friend များဖြစ်သွားပြီလား ဟုမေးစရာရှိလာပါတော.သည်။
ရေရှည်ဖွံ.ဖြိုးတိုးတက်မှု က အရေးအကြီးဆုံး
ဟိုတယ် တစ်လုံးအတွက် အဓိကရောင်းကုန်ဖြစ်သည်. အခန်းများသည် ယနေ. ဧည်.သည် မ၀င်၍မရောင်းရလျှင် ယင်းအခန်းများ ၏ ယနေ.၀င်ငွေ ဆုံးရှုံးမည် (Perishable ) ဖြစ်၍ ၊ Yield Management သို.မဟုတ် Revenue Management ဟုခေါ်သော ၊ ဟိုတယ်တွင်ရှိသည်. အခန်းအရေအတွက် ၊ ဧည်.သည် ၀င်ရောက်မှု အခြေအနေ ၊ ဈေးကွက်အပိုင်းအခြား ၊ အခန်းခဈေးနှုန်း စသည်. အချက်များ အပေါ်မူတည်၍ အမြတ်အစွန်းအများနိုင်ဆုံးများများ ရအောင် စွမ်းဆောင်သည်. စီမံခန်.ခွဲမှု ပညာသည် မရှိမဖြစ်လိုအပ် သည်မှာ အမှန်ပင်ဖြစ်သည်။ လက်ရှိအချိန်တွင် အဆိုပါ ဟိုတယ်များသည် Yield Management ကို အကောင်းဆုံးအသုံးချနေသည် ယုံမှားသံသယ ဖြစ်စရာမလိုပေ။ ဟိုတယ် များအတွက် Yield Management ၏ အဓိကအချက် သည် မိမိရောင်းကုန်များ (အခန်းများ) ကို အသင်.တော်ဆုံးအချိန် (Right Time ) တွင် အသင်.တော်ဆုံး ၀ယ်သူ (Right Customer) အား အသင်.တော်ဆုံးသော ဈေးနှုန်း (Right Price ) နှင်. ရောင်းချခြင်းပင်ဖြစ်သည်။ Right Time ဆိုသည်မှာ ဈေးကွက်၏ ၀ယ်လိုအားအများဆုံးအချိန် ၊ Right Customer ဆိုသည်မှာ ဈေးနှုန်းအမြင်.ဆုံးပေးသောသူ ၊ Right Price ဆိုသည်မှာ အမြင်.ဆုံးသောဈေးနှုန်း ဟု ယေဘုယျ ယူဆနိုင်သော်လည်း ထိုထက်ပို၍ လေးနက်ပါသည်။ ယင်းဟိုတယ်တည်ရှိသော တိုင်းပြည် ၏ နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး အခြေအနေ ၊ ဈေးကွက်၏ လားရာ (Market Trend) ၊ စီးပွားဖက် များ နှင်. ပေါင်းသင်းဆက်ဆံရေး (Relationships) ၊ Industry တစ်ခုလုံး၏ ရေရှည်တိုးတက်မှု (Sustainability) စသည်အချက်များ ပေါ်တွင်မူတည်၍ ဈေးနှုန်း သတ်မှတ်ရသည်. အခါများလည်းရှိပါသည်။ အမြဲတမ်းဈေးနှုန်း တက်နေခြင်းမဟုတ်ဘဲ ဈေးနှုန်းများ ကို ချပေးရသည်. အခါများလည်းရှိပါသေးသည်။ ၀င်ငွေ (Revenue) အများ ဆုံးရရှိရန် စွမ်းဆောင် ကြခြင်း သည် ဟိုတယ် များ အတွက် ရပိုင်ခွင်. သို. လုပ်ပိုင်ခွင်. (Right) တစ်ခုဖြစ်သော်လည်း ကိုယ်ရဖို.တစ်ခုတည်း အတွက် ကြည်.နေလျှင် သင်.လျော်သည်ဟု မဆိုနိုင်ပေ။ Industry တစ်ခုလုံး၏ အကျိုးစီပွားကို လည်း ကြည်.ရန်လိုအပ်ပါသေးသည်။ မိမိလုပ်ငန်းအဖွဲ.အစည်းတွင် လုပ်ကိုင်နေသော ၀န်ထမ်းများ ၊ ဧည်.သည်များ ၊ ခရီးသွားကုမ္ပဏီကဲ.သို.သော စီးပွားဖက်များ စသဖြင.် ပါဝင်ပတ်သတ်သမျှ Stake Holders အားလုံး၏ အကျိုး ကိုကြည်.ရန်လိုအပ်ပါသေးသည်။ ဘယ်သူသေသေငတေမာ စိတ်ဓါတ်မျိုးဖြင်. ရေရှည်ဖွံ.ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းတစ်ခု ဖြစ်လာရန်မလွယ်ကူပေ။ မြန်မာပြည်ရှိဟိုတယ်များသည် အခွင်.အရေးလေး ရခိုက် ရှေ.နောက်မစဉ်းစားမဆင်ခြင် ၊ တစ်ညီတစ်ညွတ်တည်း ညာသံပေး၍ ဈေးတက်လိုက်ကြသည်မှာ ဒေသတွင်းနိုင်ငံများအပြင် ကမ္ဘာ.အလယ်တွင် ပျက်ရယ်ပြုချင်စရာဖြစ်နေလျှင် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်း မှာ အစကောင်းလိမ်.မည်မဟုတ်ပါချေ။
ခရီးသွားလုပ်ငန်းတွင် အစိုးရ၏ပါဝင်ပတ်သတ်မှု
တစ်ဖက်မှ ကြည်.လျှင် ဟိုတယ်လုပ်ငန်းရှင်များသည် စီးပွားရေးသမားများဖြစ်ရာ အမြတ်အစွန်းကို ကြည်.၍ အလုပ်လုပ်ကြသည် ဖြစ်သောကြောင်. ဈေးနှုန်းမြင်.တက် မှုများအတွက် ယင်းတို.ကိုချည်း အပြစ်တင်နေရန် မသင်.တော်ချေ။ အဓိကပြဿနာမှာ အခြေခံအဆောက်အအုံ မလုံလောက်မှုကြောင်.ဟု ဆိုလျှင်မှားလိမ်.မည်ဟုတ်ပါ။ စီးပွားရေးသမားများအနေနှင်. ၀ယ်လိုအားများ၍ ရောင်းကုန်နည်းလျှင် ဈေးနှုန်းတက်မည် မှာ ဓမ္မတာ တစ်ခုလည်းဖြစ်ပါသည်။ မြန်မာနိုင်ငံ ရှိ ဟိုတယ်များအတွက် ၀ယ်လိုအားနည်း၍ ရောင်းကုန်များ မစွံ (Over Capacity, Depressed Demand) ဖြစ်ခဲ.သော ကာလ ကုန်လွန်သွားပြီး ဖြစ်သည် မှာလည်း သိသာနေပေသည်။ ထို.ကြောင်. တိုးတက်လာ သော ၀ယ်လိုအား (Demand) များ ကိုဖြည်.ဆည်း နိုင်ရန်အတွက် ဟိုတယ်အများအပြား ပေါ်ပေါက်လာရန် လိုအပ်ပေသည်။ နိုင်ငံ၏ စီးပွားရေး ဖွံ.ဖြိုးတိုးတက် မှု အတွက် လွတ်လပ်သော စီးပွားရေး ဈေးကွက် (Liberal Economy) တွင် ဖြစ်ပေါ်လာသည်. ဈေးကွက် အတိုင်း လွတ်လပ်ခွင်.ပေး ရသည် ဆိုသော်လည်း ၊ အစိုးရ က တစ်ထောင်.တစ်နေရာ မှ ပါဝင် ပတ်သတ် ရေးသည်လည်း တစ်စိတ်တစ်ပိုင်း အရေးပါလှပါသည်။ ယခု ဖြစ်ပေါ်နေသည်. ဟိုတယ် အခန်းခများ ဈေးတက်ခြင်း ၊ ခရီးစဉ်ဈေးနှုန်းများ မြင်.တက်နေခြင်းတို.ကို အစိုးရအနေနှင်. အချိန်မီ ၀င်ရောက်ဖြေရှင်းပေးသင်. ၊ ပေးနိုင် ပါသည်။ ဒေသတစ်ခု၏ ခရီးသွားလုပ်ငန်း ဖွံ.ဖြိုးတိုးတက်ရန် အဓိက အရင်းအမြစ်ကြီး သုံးခု ဟု သတ်မှတ်ကြသည်. အေသုံးလုံး ဖွံဖြိုးတိုးတက်ရေး အတွက် (Accessibility (အဆင်ပြေလွယ်ကူချောမွေ.စွာ ၀င်ထွက်သွားလာနိုင်မှု) ၊ Accommodation ( စားသောက်နားခိုရန် နေရာထိုင်ခင်း ဟိုတယ် ၊ မိုတယ် ), Attraction (သဘာဝအလှအပ ၊ သွားရောက်လည်ပတ်ရန် ဒေသ ၊ အဆောက်အဦး ၊ ပြတိုက် စသည်)) အစိုးရ၏ အခန်းကဏ္ဍသည်မပါမဖြစ် အရေးကြီးပါသည်။ မြန်မာ နိုင်ငံတစ်ဝှမ်းလုံးရှိ မြို.ပေါင်း (၄၆) မြို.၌ ဟိုတယ်အလုံးပေါင်း (၆၉၁) လုံး ၊ အခန်းပေါင်း (၂၇၀၀၀) သာရှိ၍ နိုင်ငံသားခရီးသွား ဧည်.သည်များ သန်းနှင်.ချီ၍ တစ်ရှိန်ထိုး ၀င်ရောက်လာလျှင် အခန်းမလောက်ငှနိုင်သည်မှာ ဗေဒင်မေးစရာတောင်လိုမည် မဟုတ်ပါ။ ထိုကြောင်. ဒေသအသီးသီးတွင် ဟိုတယ် မိုတယ် အသစ်များ ၊ အများအပြား ပေါ်ထွက်လာရေးအတွက် လျင်အမြန် အကောင်အထည်ဖော် ရေး ၊ တစ်ချိန်တည်းမှာ အခြားအခြားသော Tourism Infracture များ ဖွံ.ဖြိုးရေးအတွက် ၀န်ကြီးဌာနများ အချင်းချင်း ညှိနှိုင်း၍ အလျင်အမြန် ဦးစားပေး ဆောင်ရွက်ရန်မှာ အစိုးရ၏ အလွန်အရေးကြီးသော ကိစ္စတစ်ရပ်ဖြစ်လေသည်။ ယခုအခါ နိုင်ငံ၏ လတ်တစ်လော အကျိုးမဖြစ်ထွန်းသေးသော ၀န်ကြီးဌာန အသီးသီး၏ စီမံကိန်းများစွာ ကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်သောကြောင်. ခရီးသွားလုပ်ငန်း အပါအ၀င် အမှန်တကယ် လိုအပ်သော ၊ တိုင်းပြည်အတွက် ၀င်ငွေရှာဖွေ ပေးနိုင်သော စီမံကိန်း များစွာ ကို စတင်သင်.ပြီ ဖြစ်ပါသည်။ ဥပမာ ကမ်းခြေဒေသများ တွင် လျှပ်စစ်မီး ရရှိအောင်ဆောင်ရွက်ပေးခြင်းဖြင်. မိမိကိုယ်ပိုင် မီးစက်ဖြင်. လျှပ်စစ်ဓါတ်အား သုံးစွဲနေရသော ယင်း ကမ်းခြေဒေသများ ရှိ ဟိုတယ်များ ၏ အပိုကုန်ကျစရိတ်ကို များစွာလျှော.ချနိုင်မည် ဖြစ်ပါသည်။ အကျိုးဆက်အားဖြင်. တည်းခိုခများ ၊ ခရီးစဉ်ဈေးနှုန်းများ လျော.ကျသွားနိုင်ပါသည်။ ထို.အတူ လေယာဉ်ကွင်းများကို နိုင်ငံတကာ လေကြောင်းလိုင်းများ တိုက်ရိုက်ဆင်းသက်နိုင်အောင် အဆင်.မြှင်. တင်ပေးခြင်း အားဖြင်. နိုင်ငံခြားသား ခရီးသည်များ ၀င်ပေါက်တစ်ခုတည်းမှ စုပြုံဝင်ရောက်နေခြင်းကို ရှောင်လွှဲ နိုင်မည်ဖြစ်သည်။ အကျိုးဆက်အားဖြင်. ရန်ကုန်ကဲ. သို. အဓိကလေကြောင်း ၀င်ပေါက် ကို အခြေခံ၍ ရေးဆွဲ နေရ သော ခရီးစဉ်များ နေရာ တွင် အခြား ဒေသ များ ကိုအခြေခံ ၍ ရေးဆွဲသော ခရီးစဉ်များ ဖြင်. အစားထိုးနိုင်မည်ဖြစ်သည်။ ထိုအခါ ရန်ကုန် ရှိ ဟိုတယ်များ တွင် ဧည်.သည်များ စုပြုံနေခြင်း လည်း အထိုက်အလျောက် လျော.ကျသွားမည်ဖြစ်သည်။ ပုဂံ ၊ မန္တလေး ၊ နေပြည်တော် တို.တွင် နိုင်ငံတကာ လေကြောင်းလိုင်းများ တိုက်ရိုက် ဆင်းသက်နိုင် ထွက်ခွာနိုင်ခဲ.လျှင် ၊ နိုင်ငံခြားသား ခရီးသည်များ သည် ထိုမှ တဆင်. အခြား မြန်မာပြည် အနှံ.အပြားသို. သွား နိုင်လျှင် ရန်ကုန် ကို မဖြစ်မနေ ၀င်ရခြင်း ၊ ညအိပ်ရခြင်း ၊ ရန်ကုန် မှ သာ ပြန်လည်ထွက်ခွာ ရခြင်း စသည်တို.ကို ရှောင်လွှဲ နိုင်မည် ဖြစ်ပါသည်။ တစ်ချိန်တည်းမှာ ပင် နှစ်ခါကုန်ကျသည်. သယ်ယူပို.ဆောင်ရေးစရိတ် ၊ ဟိုတယ်ခ ၊ စားစရိတ် စသည်တို. သက်သာသွားသော ကြောင်. ခရီးစဉ်ဈေးနှုန်းများ လည်း လျော.သွား နိုင်ပါသည်။ ပြည်တွင်လေကြောင်းလိုင်းများ အပေါ်ရိုက်ခတ်မှု ရှိနိုင်သော်လည်း ရေရှည် ခရီးသွားလုပ်ငန်းကြီးတစ်ခုလုံးအတွက် ပိုမိုကောင်းမွန်နိုင်ပါသည်။ ထို.ကြောင်. တာဝန်ရှိသူများအနေဖြင်. စာရွက်ထဲတွင် ရေးသားထားသော မူဝါဒများ ၊ လုပ်ငန်းစဉ်များကို ယခုအချိန်တွင် အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်သင်.နေပြီဖြစ်ပါသည်။ ဖြေးဖြေးနှေးနှေး သွားရန်အချိန် မဟုတ်တော.ပါ။၊ မြန်မာ.ခရီးသွားလုပ်ငန်း နာမည်မပျက်မီ အချိန်မီ အင်တိုက်အားတိုက် ဆောင်ရွက်သင်. ပါသည်။ တာဝန်ရှိသူများသည် ခရီးသွားလုပ်ငန်းအတွက် အထောက်အကူဖြစ်စေရန် ဟူ၍ တစ်ပွဲနှင်.တစ်ပွဲ ရက် (၂၀) သာ ခြားသော Miss Tourism ရွေးချယ်ပွဲ နှင်. Miss Myanmar International ရွေးချယ်ပွဲများ ကို အားသွန်ခွန်စိုက် အင်တိုက်အားတိုက် ကျင်းပခဲ.ခြင်း အရှိန်ကို ဆက်လက်ထိန်းသိမ်း၍ အခြား ကဏ္ဍ နှင်. လုပ်ငန်းစဉ်များတွင် လည်း အရှိန်အဟုန် နှင်. အားကြိုးမာန်တက် ဆောင်ရွက်သင်.ပါသည်။
ပန်းကောင်းလေး အညွန်.မကျိုးစေဖို.
ယခုလို အကူးအပြောင်းကာလ (Transitional Period) သည် မြန်မာနိုင်ငံအတွက် အနည်းငယ်မျှ အမှားမခံနိုင်သော အချိန်ဖြစ်သည်။ ယခုဖြစ်နေသော ဟိုတယ်အခန်းမလုံလောက်မှု နှင်. ဈေးနှုန်းများမြင်.တက်မှု ပြဿနာသည် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ ၊ ဟိုတယ်အုပ်စုကြီးများ ၀င်ရောက်လာလျှင် ပြေလည်သွားမည် ဖြစ်သော်လည်း ယင်းအချိန်သို. မရောက်မီမှာပင် မြန်မာ.ခရီးသွားလုပ်ငန်း၏ နာမည်ဂုဏ်သတင်း ညှိုးနွမ်းသွားဖွယ်ရာရှိပါသည်။ ယခုအချိန်သည် မြန်မာနိုင်ငံအနေဖြင်. မည်သည်.ကဏ္ဍတွင်မဆို ဂုဏ်သတင်းညှိုးနွမ်းရမည်. အချိန်မဟုတ်ပါ။ ကမ္ဘာအလယ်တွင် နာမည်ကောင်းတစ်ခု ရယူရန်အချိန်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် အပျိုဖြန်းလေး ဟုဆိုလျှင် ထိုအပျိုဖြန်းလေး ချောကြောင်း လှကြောင်း အကျင်.စာရိတ္တကောင်းမွန်ကြောင်း စသည်. ကောင်းခြင်းအဖြာဖြာနှင်. နာမည်ကောင်းဖြင်. ကျော်ကြားရန် လိုအပ်သည်။ ပွင်.ဖူးစအပျိုဖြုန်းလေး ပန်းကောင်းလေး အညွန်.မကျိုးဖို. ၊ နာမည်မပျက်ဖို. ကာကွယ်ရန်မှာ အစိုးရ အပါအ၀င် Stake Holders အားလုံး၏ တာဝန်ဖြစ်ပါသည်။ အထူးသဖြင်. နိုင်ငံခြားပိုင် ဟိုတယ်ကြီးများ၌ အလွန်အရေးကြီးသော ထိပ်တန်း စီမံခန်.ခွဲရေး တာဝန်ထမ်းဆောင်နေသူ မြန်မာနိုင်ငံသားများ အနေနှင်.လည်း မိမိမျက်နှာရရေးတစ်ခုတည်း မကြည်.မိရန် အထူးလိုအပ်ပါသည်။ အရိပ်နေနေ ၊ အခက်ချိုးချိုး ဆိုသလို နိုင်ငံခြားသားများမှ ကိုယ်.ဒေသ ကိုယ်ရေမြေပေါ်တွင် အကျိုးအမြတ်ကိုရယူသွားပြီး ၊ကိုယ်.နိုင်ငံသာ နစ်နာစေခဲ.ခြင်းမျိုးများကို အားပေးအားမြောက် မပြုမိစေရန် ရှောင်ရှားရမည်ဖြစ်ပါသည်။
ရွှေဥ ယူမလား ငန်းယူမလား
မီးခိုးမထွက်စက်ရုံ (Smokeless Industry) ဟုတင်စားခေါ်ဝေါ်ကြသည်. ခရီးသွားလုပ်ငန်း သည် နိုင်ငံတော်တော်များများတွင် နိုင်ငံ. ၀င်ငွေရှာဖွေပေး သည်. နေရာ၌ ထိပ်တန်းနေရာရှိကြသည်မှာ အားလုံးအသိပင်ဖြစ်သည်။ သဘာဝဘေး အန္တရာယ်များ စွာကို ကိုယ်.နိုင်ငံထက် ကြုံတွေ.ခဲ.ရသော ဒေသတွင်း အိမ်နီးချင်း နိုင်ငံဖြစ်သည်. ထိုင်းနိုင်ငံ သည် ၂၀၁၁ အတွက် ခရီးသွားလုပ်ငန်းမှ စံချိန်တင် ၀င်ငွေ အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံခန်. ရရှိခဲ.သည်။ မြန်မာနိုင်ငံသည်လည်း ထိုင်းနိုင်ငံ ကဲ.သို. အခွင်.အရေးများ ရလာပါလိမ်.ဦးမည် ၊ ခရီးသွားလုပ်ငန်းမှ အမြတ်အစွန်းများစွာ ရရှိလာပါလိမ်.ဦးမည် ၊ အခွင်.အရေးသည် လက်တစ်ကမ်းတွင် သာ ရှိနေပါတော.သည်။ ယခုပင်လျှင် မြန်မာ.ခရီးသွားလုပ်ငန်းနှင်. ပတ်သတ်၍ သတင်းကောင်းများ လည်း ကြားလာရသည်။ ဟယ်လာရီကလင်တန် မြန်မာနိုငငံသို. လာရောက် အပြီး CNN က ကမ္ဘာပေါ်တွင် သွားရောက် လည်ပတ်ရန်အကောင်း ဆုံး တတိယ နေရာ၍ မြန်မာ ဟု ဖော်ပြခဲ.သည်။ Lonely Planet Magazine က ၂၀၁၂ ခုနှစ်အတွက် သွားရောက် လည်ပတ်ရန် အကောင်းဆုံး ၁၀ နိုင်ငံအနက် မြန်မာ နိုင်ငံကို ဒုတိယနေရာတွင် ဖော်ပြခဲ.သည်။ မြန်မာနိုင်ငံဟိုတယ်နှင်. ခရီးသွားဝန်ကြီးဌာနမှလည်း ယခုနှစ် ၂၀၁၂ တွင် ခရီးသည် ၁ သန်းကျော် ၀င်မည်ဟု ခန်.မှန်းထားသေးသည်။ တစ်ဖန် မြန်မာနိုင်ငံသို.လာရောက်သော နိုင်ငံခြားသား ခရီးသည်များအတွက် မကြာမီ E-Visa စတင်ထုတ်ပေးသွားမည်ဟု ကြားသိရသည်။ ခရီးစဉ်များ ဈေးနှုန်း ကြီးမြင်.လာမှု နှင်. ဟိုတယ်ခများ ဈေးတက်သည်. သတင်းကလွဲ၍ အားလုံး အားလုံး သတင်းကောင်းများချည်။ ဖြစ်ကြသည်။ ထို.ကြောင်. ခြုံငုံ၍ သုံးသပ်ရလျှင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း သည် မကြာမီ အချိန်အတွင်း ဖွံ.ဖြိုးတိုးတက်လာမည်မှာ ဧကန်မလွဲပင်ဖြစ်သည် ။ ဟိုတယ်များ အနေနှင်. ၊ သယ်ယူပို.ဆောင်ရေးလုပ်ငန်းများအနေနှင်. လည်း မိမိတို.၏ ဈးနှုန်းများ ကို မြှင်.တင်လိုက်ခြင်းဖြင်. ရရှိမည်. အကျိုးအမြတ် နှင်. ခရီးစဉ်တစ်ခုလုံး ဈေးနှုန်းမြင်.မားလွန်းသောကြောင်. ကိုယ်.နိုင်ငံကို မရွေးဘဲ အခြားနိုင်ငံများသို. သွားရောက်လည်ပတ်ရန် ရွေးချယ်လိုက်သောအခါ ဖြစ်ပေါ်လာမည်. Opportunity Cost နှစ်ခုအကြား မည်သည်. အရာကို ရွေးမည်နည်းဟု တွေးတွေးဆဆဖြင်. ချိန်ထိုးတတ်ရန် သာ လိုအပ်ပါတော.သည်။ ဥပမာဆောင်ရသော် မြန်မာ.ခရီးသွားလုပ်ငန်းသည် ရွှေဥ အုပေးမည်. ငန်းတစ်ကောင်ဖြစ်သည်။ ထို.ကြောင်. ရွှေဥအုပေးမည်. ငန်းကို တစ်နပ်စာချက် မစားမိရန် မြန်မာနိုင်ငံ ရှိ ဟိုတယ်များ အပါအ၀င် ၊ အခြား ကဏ္ဍအစုံမှ Supplier များနှင်. Tourism Industry တစ်ခုလုံး၏ Stake Holders များမှ အထူးဂရုပြုသင်.လှ ပေသည်။
ဇာနည်ဦး
၂၆ ၊ မတ်လ ၊ ၂၀၁၂
The Voice Weekly News Journal Vol 8-No-17
4/12/2012 05:23:00 AM
Subscribe to:
Posts (Atom)
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။