လှိုင်သာယာ စက်မှုဇုန်ရှိ ဖော့ဗူး စက်ရုံမီးလောင် သိန်း ၁၈၀၀ ခန့်ဆုံးရှုံး
YC ဖော့ဗူး စက်ရုံးမီးလောင်ပြီးမြင်ကွင်း
ဧပြီ ၁၂ရက်၊ ၂၀၁၂ ခုနှစ်-သူရမျိုး (YPI )
လှိုင်သာယာ စက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် YC ဖော့ဗူး စက်ရုံ ယနေ့မွန်းလွဲ ၂နာရီ ၄၅ မိနစ်တွင် မီးလောင်မှုဖြစ်ပွားပြီး ၃ နာရီခွဲဝန်းကျင်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်ကျွမ်းမှုကြောင့် စက်ရုံတရုံလုံးပျက်စီးသွားကာ ကား ၂စီးလည်း မီးလောင်သည့်အထဲ ပါသွားခဲ့သည်။ တစီးမှာ မတ်တူး ခဲရောင်ဖြစ်၍ အခြားတစီးမှာ အင်ဂျင်ဖြုတ်ချထားသည့် ပစ်ကပ်ကား ဖြစ်သည်။
မီးလောင်မှုကြောင့် ဆုံးရှုံးသွားသည့် တန်ဖိုးမှာ သိန်း ၁၈၀၀ ခန့် ရှိသည်ဟု ရဲစခန်းမှ ခန့်မှန်းပြောဆိုချက်အရ သိရသည်။
မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ စက်ရုံပိုင်ရှင် တရုတ်နိုင်ငံသား ၄ ဦးကို ရဲစခန်းမှ ခေါ်ယူစစ်ဆေးမေးမြန်းလျှက်ရှိရာတွင် တဦးသာလျှင် ဗီဇာရှိပြီး ကျန် ၃ ဦးမှာ တရားဝင်နေထိုင်ခွင့် ဗီဇာမရှိဟုလည်း သိရသည်။
ယခုစက်ရုံတွင် လုပ်သား ၅၀ ဦးဝန်းကျင် အလုပ်လုပ်ကိုင်လျှက်ရှိသည်ဟုလည်း သိရှိရသည်။ လွန်ခဲ့သည့် ရက်ပိုင်းက တောင်ဥက္ကလာမြို့နယ် ၁၀ ရပ်ကွက် ဟေမ၀န်ဈေး မီးလောင်ကျွမ်းခဲ့ရာ ဆိုင်ခန်းအားလုံး နီးပါး လောင်ကျွမ်းခဲ့သည်။ ။
 Yangon Press International
စစ်တွေ- ရန်ကုန်ကားလမ်း တိုးချဲ့မှုကြောင့် ရှေ့ဟောင်း ရခိုင်မြို့ရိုးများ ပျက်စီးနေ
ရန်ကုန်-စစ်တွေ ကားလမ်းတိုးချဲ့ရာတွင် ရခိုင်ရှေ့ဟောင်း မြို့ရိုးများကို မြေတူးစက်ကြီးများဖြင့် တူးယူပြီး လမ်းကို ဆည် ဖို့နေသဖြင့် ရခိုင်ရှေ့ဟောင်းအမွေအနှစ်များ ပျက်စီးဆုံးရှုံးနေရကြောင်း သိရှိရသည်။
၂၀၁၀ ခုနှစ်က စစ်တွေ- အမ်း ရထားလမ်း ဖေါက်လုပ်စဉ် ရှေးဟောင်းဘုရားကို ဖြိုတူးနေစဉ်။
၂၀၁၀ ခုနှစ်က စစ်တွေ- အမ်း ရထားလမ်း ဖေါက်လုပ်စဉ် ရှေးဟောင်းဘုရားကို ဖြိုတူးနေစဉ်။
ယခုကဲ့သို့ ရှေ့ဟောင်းမြို့ရိုးများ ဖျက်စီးခံနေရသည့် နေရာမှာ မြောက်ဦး စစ်တွေ လမ်းပိုင်းရှိ မြောက်ဦးမြို့ အရှေ့တောင်ဘက် ပေါင်းတုတ်ရပ် အနီးတွင် ဖြစ်သည်။
စစ်တွေ-ရန်ကုန် ကားလမ်း တိုးချဲ့ရာ၍ မြေများကို တူးယူနေခြင်း ဖြစ်ပြီး လုပ်ကိုင်နေသည့် ကုမ္ပဏီမှာ "သိန်းကျော်" ကုမ္ပဏီဖြစ်ကြောင်း သိရသည်။
" အခုဖြစ်နေတဲ့နေရာက လေသာတောင်ခံတပ်အနီးက မြေသား မြို့ရို့တံတိုင်းတွေပါ။ အဲဒီနေရာကို ရှေ့ ဟောင်းသုတေသန ဌာကနည်း ရှေ့ဟောင်းယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်ထားတဲ့နေရာထဲမှာ ပါတယ်။ အဲဒါကို မြေသားမြို့ရိုးတွေကို စက်ကြီးတွေနဲ့တူးပြီး လမ်းကိုဖို့နေတာပါ။ အခုက မြို့ရိုးတွေ ပျက်သွားပြီး ပရမ်းပတာ ဖြစ်နေပါတယ်။ တကယ်လို့ ဒီလမ်းဆုံးအောင်အထိ မြေတွေ တူးမယ်ဆိုရင် မြို့ရိုးတွေ ပျောက်ကွယ်သွားနိုင်တဲ့ အနေအထားမှာရှိပါတယ်။"ဟု ရှေ့ဟောင်း ယဉ်ကျေးမှု သုတေသတနဌာနမှူး (ငြိမ်း) ဦးကျော်ထွန်းအောင်က ပြောသည်။
ယခုပျက်စီးသွားသည့် မြို့ရို့တံတိုင်းများမှာ မြောက်ဦးခေတ် မြို့ရိုးတံတိုင်းများ ဖြစ်ကြောင်း သူက ဆက်ပြောသည်။
"အတွင်းပိုင်းက မြို့ရိုးတွေကို အုတ်တွေ၊ ကျောက်တွေနဲ့လုပ်ထားပြီး အပြင်ဘက် မြို့ရိုးတွေကို မြေသားတွေနဲ့ လုပ်ထားဖြစ်တယ်။ တောင်တလုံးနဲ့ တလုံးဆက်ပြီး မြေသားတွေနဲ့ လုပ်ထားတဲ့ မြို့ရိုးတွေပါ။ ဂျပန်နဲ့ အိန္ဒိယ ဘက်မှာတော့ မြေသားတံတိုင်းတွေ အများအပြားတွေ့ရတယ်။ ဒီလိုရှေ့ဟောင်း တံတိုင်းတွေ ဆုံးရှုံးသွားရင် ကျွန်တော်တို့အတွက် ဆုံးရှုံးမှုပါဘဲ။"ဟု သူက ဆက်ပြောသည်။
မြောက်ဦးမြို့ လက်ဆေးကန်အနီးရှိ လေသာတောင်ခံတပ်နှင့် မြတောင်ခံတပ်ရှိ မြို့ရိုး တံတိုင်းများကိုလည်း မြေတူး စက်များဖြင့် ဖြိုတူးနေသည်ဟု သိရသည်။
" ကျွန်တော်တို့က ဒီနေရာဟာ သမိုင်းဝင်နေရာတွေ ဖြစ်တဲ့ အတွက် တစ်ခြားနေရာက မြေတွေကိုဘဲ တူးစေလိုပါတယ်။ အခုလို တူးနေတာကို သက်ဆိုင်ရာနဲ့ မီဒီယာတွေကို အသိပေးရန် အတွက် တူးဖေါ်နေတဲ့ ဓါတ်ပုံတွေကို ပို့ပေးလိုက်ပြီ ဖြစ်ပါတယ်" ဟု ဦးကျော်ထွန်းအောင်က ပြောသည်။ သိန်းကျော် ကုမ္ပဏီအား ဆက်သွယ်ရာ ဆက်သွယ်၍ မရခဲ့ပါ။
၂၀၁၀ ခုနှစ် နိုဝင်ဘာလကလည်း စစ်တွေ အမ်းရထားလမ်းဖောက်လုပ်ရာတွင် မြောက်ဦးမြို့ရှိ ရှေ့ဟောင်း အမွေအနှစ်များဖြစ်သည့် ပြည်စိုးကြီးဘုရား၊ မင်းလှခံတပ်၊ မင်းသမီးတံတိုင်း၊ ရဲလှကုန်း၊ သံဇင်တံဘုးရားများ အပါအ၀င် ရှေးဟောင်း သမိုင်းဝင် နေရာ အများအပြားဖြတ်သန်း ဖေါက်လုပ်ခဲ့သဖြင့် ပျက်စီး ဆုံးရှုံးမူများ ရှိခဲ့သည်။
  နိရဉ္စရာ
ဗြိတိန်ဝန်ကြီးချုပ် ဆန်ရှင်အမြန်ရုတ်ဖို့ ကြိုးစားမည်
နယူးဒေလီ (မဇ္ဈိမ)။   ။ သောကြာနေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမရွန်း David Cameron က မြန်မာအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ယခုခရီးစဉ်
အပြီးတွင် အမြန်ရုတ်သိမ်းရန်အတွက် ကြိုးပမ်း လုပ်ဆောင်သွားမည်ဟု ကြာသပတေးနေ့က
ပြောဆိုလိုက်သည်။
“မြန်မာနိုင်ငံဟာ ဒီမိုကရေစီကို ဦးတည်သွားနေတယ်ဆိုရင် ကျနော်တို့အနေနဲ့ ဒီလိုမျိုးတုန့်ပြန်ပေးရမှာဖြစ်ပြီး ဒါ့အတွက် နှောင့်နှေးကြန့်ကြာမနေသင့်ဘူး။ ဒါပေမယ့် ပထမဆုံး ဘာတွေဖြစ်နေတယ်ဆိုတာ ကျနော်ကိုယ်တိုင်ကိုယ်ကျ သိချင်မြင်ချင်ပါသေးတယ်” ဟု ဗြိတိသျှအသံလွှင့်ဌာန BBC အား ပြောဆို
လိုက်ကြောင်း ရိုက်တာသတင်းတရပ်တွင် ဖော်ပြထားသည်။
လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများက စီးပွားရေး ပိတ်ဆို့အရေး
ယူမှုများ ပြုလုပ်ထားခြင်းဖြစ်သည်။
၂၀၁၂ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်ရပ်ရေး ဆွေးနွေးခြင်း၊ NLD ပါတီအား လွှတ်တော်နိုင်ငံရေးတွင် ပါဝင်ခွင့်ရရန် ဆောင်ရွက်ပေးခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲ အား တရားမျှတစွာ ကျင်းပပေးခြင်းတို့ကြောင့် မူလက ချမှတ်ထားသော စီးပွားရေး အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများ လျှော့ချသွားရန် အမေရိကန်နှင့် အနောက်နိုင်ငံများတွင် သဘောထားများ
ဖြစ်လာကြသည်။
မစ္စတာကမရွန်း၏ ယခုခရီးစဉ်အတွင်း မြန်မာသမ္မတ ဦးသိန်းစိန်အပြင် အတိုက်အခံခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း သီးခြားစီ တွေ့ဆုံရန်ရှိသည်။ ၀န်ကြီးချုပ် ကမရွန်းနှင့်အတူ  ထိပ်တန်း ဗြိတိသျှ စီးပွားရေး ကုမ္ပဏီကြီးများလည်း လိုက်ပါလာမည်ဖြစ်သည်။
“ သာဓုပါဗျာ “ သံချပ်အဖွဲ့ လှည့်လည်ဖျော်ဖြေ
“ သာဓုပါဗျာ “ သံချပ်အဖွဲ့ သည် ပြည်လမ်းရှိ Air Bagan မဏ္ဍပ်တွင် ယနေ့စတင်သံချပ်ထိုးဖျော်ဖြေခဲ့သ
ည်။ “ ခေါ်တဲ့လူတွေဆီက ပိုက်ဆံရတာ မရတာ အဓိကမဟုတ်ဘူး။ ဖျော်ဖြေရဖို့ အဓိကပဲ ”ဟု သံချပ်အဖွဲ့ ၏ ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဒါရိုက်တာ ကုသိုလ်ကပြောသည်။ ၎င်း သံချပ်အဖွဲ့သည် Air Bagan မဏ္ဍပ် အပြင် Sky Net ၊ Lucky 7 ၊Naing Group မဏ္ဍပ်များသို့ လည်းဖိတ်ခေါ်ထား၍ သွားရောက်ဖျော်ဖြေမည်ဟု ၎င်းကပြောသည်။ “ သာဓုပါဗျာ “ သံချပ်အဖွဲ့ သည်မေတ္တာ၊ဗေလုဝ၊ ကုသိုလ်တို့ ဦးဆောင်ကာ အဖွဲ့ ၀င် ၅၀ ဖြင့် ဖွဲ့စည်း ထားသည်။
Popular Myanmar News Journal
သတင်းထောက်များအား ညစာ စားပွဲဖြင့် ဂုဏ်ပြု (ရုပ်/သံ)
11 April 2012 Wed
 ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ် ရွေးကောက်ပွဲ မှာ အရေးပါခဲ့တဲ့ မီဒီယာသမား သတင်းထောက်များအား ညစာ စားပွဲဖြင့် ဂုဏ်ပြု။
ဒီဗွီဘီ မှ ရိုက်ကူးတင်ဆက်ထားတာပါ။
ရန်ကုန်သင်္ကြန်မှာ သံချပ်အဖွဲ့လှည့်လည်ဖျော်ဖြေခွင့်ရရှိ
ရှုမ၀အောင်(မြစ်မခ)
by Myit Makha Mediagroup on 12 Apr, 2012
ရန်ကုန်မြို့မဟာသင်္ကြန်အကြိုနေ့ ပြည်လမ်းမပေါ်ပုဂံလေကြောင်းရေကစားမဏ္ဍုပ်ကို နေ့လည် ၁၂  နာရီတွင် ဖွင့်လှစ်ရာ သံချပ်အဖွဲ့လာရောက် ဖျော်ဖြေခဲ့ပြီး အဆိုပါ သံချပ်အဖွဲ့တွင် ဦးမေတ္တာ၊ ဦးဗေလုဝ၊ ဦးကုသိုလ်တို့ ခေါင်းဆောင်၍ တခြားလူရွှင်တော် ၂၀ ဦးခန့်ပါဝင်ကြောင်း သိရှိရသည်။
“ကျတော်တို့ ဒီလိုသံချပ်အဖွဲ့ သံချပ်ကားထွက်ခွင့်ရအောင် ပြန်ကြားရေးဝန်ကြီးဌာနမှာ ခွင့်ပြုချက်တင်ရပါတယ်” သံချပ်တွင် စီမံရေးတာဝန်ခံ ဦအောင်သိန်းကပြောသည်။
သံချပ်သံများကို ၁၉၈၇ ခုနှစ်ခန့်ကစ၍ မကြားတော့ကြောင်း သံချပ်အဖွဲ့ဖြစ်မြောက်ရန်အတွက် ငွေကျပ် သိန်းနှစ်ဆယ်ခန့်ကုန်ကျကြောင်း သိရှိရသည်။
အဆိုပါ သံချပ်ကား၏အမည်မှာ သာဓုပါဗျာဟုအမည်ပေးထားကြောင်း သိရှိရသည်။
“ဟိုဘက်ကမ်းက မီးထိန်ထိန် ယိုးဒယားတို့အိမ် ဒီဘက်ကမ်းက မီးမှိန်မှိန် ကျတော်တို့နေတဲ့အိမ် ဟိုဘက်ကမ်းက မီးထိန်ထိန် ပေါက်ဖော်ကြီးတို့အိမ် ဒီဘက်ကမ်းက မီးမှိန်မှိန် ကျတော်တို့နေတဲ့အိမ်”ဟု ဦးဗေလုဝ ဦးဆောင်၍ သံချပ်တိုက်ကြသည်။
သာဓုပါဗျာသံချပ်ကားသည် မြို့အနှံ့လိုက်လံဖျော်ဖြေမည်ဖြစ်ကြောင်း သိရှိရသည်။
ယခု သင်္ကြန်အကြိုနေ့တွင် ပုဂံလေကြောင်းမှ ဦးတေဇ၏ ဖိတ်ကြားမှုဖြင့်လာရောက်ဖျော်ဖြေကြောင်း စီမံရေးတာဝန်ခံ ဦးအောင်သိန်းက ပြောသည်။
“ကျတော်တို့ ဒီလိုအသံတွေမကြားရတာ အနှစ်နှစ်ဆယ်ကျော်သွားပြီ ဒီလိုကြားတော့ ကျတော်တို့ငယ်ငယ်တုန်းက သင်္ကြန်ကို ပြန်သတိရတယ်ဗျာ နှစ်တိုင်းလဲ ဒီလိုဖြစ်စေချင်တယ် ဒီနှစ်သင်္ကြန်တော့ ထူးထူးခြားခြားစကြားရတယ်”ဟု တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သော အသက်လေးဆယ်အရွယ် ဦးမျိုးကျော်က ပြောသည်။
သင်္ကြန်အကြိုနေ့ လှိုင်သာယာစက်မှုဇုန်တွင် မီးလောင်
ရန်ကုန်၊ဧပြီ ၁၂
ရန်ကုန်တိုင်းဒေသကြီးရှိ စက်ရုံအလုပ်ရုံအများဆုံးတည်ရှိရ
ာ လှိုင်သာယာစက်မှုဇုန်၊ ပြင်စည်မင်းသားကြီးလမ်းနှင့် မင်းသိဒ္ဓိလမ်းထောင့်၊ အမှတ် ၂၀၂ ရှိ YC ဖော့စက်ရုံတွင် ယနေ့ မဟာသင်္ကြန်အကြိုနေ့ ညနေ ၂နာရီ ၄၅မိနစ်ဝန်းကျင်က မီးစတင်လာင်ကြွမ်းခဲ့ရာ ယခုညနေ၃နာရီ၃၀မိနစ်ခန့်တွင် မီးညွှန့်ကျိုးသွားပြီဖြစ်ကြောင်း လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရရှိသည်။ 
 The Voice Weekly
ကျွန်းနံ့သာ အနီးပင်လယ်ရေပြင်ထဲမှ မီးတောက်များ မီးခိုးများထွက်နေပုံ
ယမန်နေ့ညနေပိုင်းက ရခိုင်ကမ်းရိုးတန်း ကျွန်းနံ့သာ အနီးပင်လယ်ရေပြင်ထဲမှ မီးတောက်များ မီးခိုးများထွက်နေပုံ။
 သံတွဲဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းချက်အရ ထိုကျွန်းကို ဒေသခံများက ကျွန်းနံ့သာဟု ခေါ်ကြပြီး သံတွဲကမ်းခြေနှင့်မဝေးလှကာ၊ ကျွန်းအနီးပင်လယ်ပြင်ထဲမှ ပြာမှုန်များ လေထဲသို ပေလေးငါးဆယ်ခန့်အမြင့်အထိ ထိုးတက်နေသည်ကိုမြင်ရကြောင်းသိရ
သည်။
Popular Myanmar News Journal
ဒေါ်အောင်ဆန်းစုကြည်ကို ကူညီလိုကြောင်း ဗြိတိန်ဝန်ကြီးချုပ် ပြောဆို
ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ ဒေးဗစ်ကင်မရွန်း မနက်ဖြန် သောကြာနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။ မစ္စတာ ဒေးဗစ်ကင်မရွန်းဟာ အင်ဒိုနီးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။
Photo courtesy of Burma Campaign UK
၂၀၀၈ ခုနှစ် မေလအတွင်း လန်ဒန်ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ဆရာတော် ဦးဥတ္တရ၊ ဇိုရာဖန်းနှင့်အတူ မစ္စတာ ဒေးဗစ်ကင်မရွန်းကို တွေ့ရစဉ်။ 
အင်ဒိုနီးရှားနိုင်ငံမှာ ရှိနေစဉ်အတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပြောကြားရာမှာ - " မြန်မာနိုင်ငံဟာ ဒီမိုကရေစီ စတင်ပွင့်လန်းလာတဲ့ တောက်ပတဲ့ အလင်းရောင်တစ်ကွက် ဖြစ်ပါတယ်။ လက်ရှိ ခေါင်းဆောင်ဟာ အင်မတန်အလုပ်ကြိုးစား၊ သည်းခံမှုနဲ့လည်းပြည့်စုံ၊ တိုင်းပြည်မှာ ဒီမိုကရေစီ အပြည့်အ၀ ပွင့်လန်းလာတာကို မြင်ချင်နေသူပါ။ အခု ပွင့်စပြုလာတာကို မြင်နေရပါပြီ။ ဒီအချိန်ဟာ မြန်မာပြည်ကို သွားရောက်ဖို့ သင့်တော်တဲ့ အချိန်ပါပဲ" လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် သူ့အနေနဲ့ မြန်မာ့ဒီမိုကရေစီလမ်းကြောင်း နောက်ပြန်မဆုတ်ရအောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူအကွဆောင်ရွက်ဖို့ မျှော်လင့်ကြောင်းလည်း ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ ဒေးဗစ်ကင်မရွန်းက ပြောဆိုခဲ့ပါတယ်။
မစ္စတာ ဒေးဗစ်ကင်မရွန်းဟာ မြန်မာ့ ၁၉၉၀ ရွေးကောက်ပွဲ ပြီးကတည်းက နှစ် ၂၀ အတွင်း မြန်မာနိုင်ငံကို ပထမဆုံးလာရောက်တဲ့ ဗြိတိန် နိုင်ငံရေးခေါင်းဆောင် ဖြစ်ပါတယ်။
နိုင်ငံခြားကုမ္ပဏီတွေ မြန်မာနိုင်ငံကို အလုအယက် သွားရောက်နေကြတာနဲ့အမျှ ဗြိတိန်ဝန်ကြီးချုပ်ရဲ့ မြန်မာပြည်ခရီးစဉ်မှာ သူနဲ့အတူ ဗြိတိန်စီးပွားရေး အဖွဲ့တစ်ဖွဲ့လည်း ပါဝင်ဖွယ်ရှိပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်မှု ကုလကြိုဆို
မြန်မာနိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တာဟာ သမိုင်းတွင်မယ့် ဖြစ်ရပ် တစ်ခုဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Vijay Nambia က ပြောလိုက်ပါတယ်။ လုံခြုံရေးကောင်စီဝင် တချို့ကတော့ တိုင်းရင်းသားဒေသ တချို့မှာ ပဋိပက္ခတွေ ဆက်ပြီးရှိနေတာ၊ နိုင်ငံရေးအကျဉ်းသားတွေ ရာနဲ့ချီ ဆက်ရှိနေတဲ့အပေါ်မှာ စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံအကြောင်း ဗုဒ္ဓဟူးနေ့တုန်းက ဆွေးနွေးအပြီးမှာ လုံခြုံရေး ကောင်စီရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဆူဇန်ရိုက်စ် က မစ္စတာ နမ်ဘီးယားရဲ့ တင်ပြချက်တွေနဲ့အတူ ဆွေးနွေးခဲ့ကြတဲ့ အကြောင်းတွေကို အခုလို သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
“အထူး ကိုယ်စားလှယ် Vijay Nambia က ရှင်းလင်း တင်ပြထားပါတယ်။ ဧပြီတစ်ရက် ကြားဖြတ် ရွေးကောက်ပွဲဟာ ပွင့်လင်း မြင်သာမှု ရှိတယ်။ ဖြောင့်မတ်မှန်ကန်တယ်၊ ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပနိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။ မသမာမှု အသေးအမွှားတွေ ရှိခဲ့ပေမယ့် အဲဒါ တွေဟာ ရွေးကောက်ပွဲ ရလဒ်အပေါ် မထိခိုက်စေခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ကိုယ်စားလှယ်တွေ အရွေးခံခဲ့ရတာဟာ ဘက်ပေါင်းစုံ နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်နိုင်ဖို့အတွက် သမိုင်းတွင်မယ့် အခွင့်အလမ်း ပေါ်ထွက်စေခဲ့တယ်လို့လည်း မစ္စတာ Vijay Nambia က လုံခြုံရေး ကောင်စီကို ရှင်းပြပါတယ်။
ဗွီအိုအေ (မြန်မာဌာန) 
NLD အမတ်တွေ လွှတ်တော်မှာ ကျန်းသစ္စာဆိုရခက်
သမ္မတဦးသိန်းစိန်နဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ  ဧပြီ (၁၁) ရက်၊ ဗုဒ္ဓဟူးနေ့မနက်က နေပြည်တော်က သမ္မတအိမ်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးဟာ မနက် (၁၁) နာရီကနေ (၁၂) နာရီ (၂၇) မိနစ်အထိ တစ်နာရီခွဲနီးပါးကြာ သီးသန့် တွေ့ဆုံခဲ့ကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလိုက်ပါသွားတဲ့ လုံခြုံရေးတာဝန်ခံ ဦးခွန်သာမြင့်က ဗီအိုအေကို ပြောပါတယ်။ ဆွေးနွေးမှုအပြည့်အစုံကို နှစ်ဘက်စလုံးက သတင်း ထုတ်ပြန်ခြင်းမရှိပါဘူး။ လွှတ်တော်တွင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍနဲ့ နိုင်ငံရဲ့အကျိုးစီးပွားတွေ ပူးပေါင်းဆောင်ရွက်ရေးတွေကို ဦးသိန်းစိန်နဲ့ ဒေါ် အောင်ဆန်းစုကြည်တို့ ဆွေးနွေးခဲ့ကြတယ်လို့ ဦးခွန်သာမြင့်က Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဧပြီ (၂၃) ရက်နေ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထအစည်းအဝေး စတင် ချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်နှစ်ရပ် ရွေးကောက်ခံ ကိုယ်စားလှယ်အသစ်တွေ ကျမ်းသစ္စာကျိန်ဆိုတဲ့ အခါ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်လို့ ရွတ်ဆိုကြဖို့ဟာ မဖြစ်နိုင်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။
ဒါပေမယ့် ဒီစာသားတွေ ကို အချိန်မီပြင်ဆင်ပေးရင် NLD ရဲ့ ရွေးချယ်ခံထားရတဲ့ ကိုယ်စားလှယ်တွေ လွှတ်တော်ကို တက်နိုင်မှာဖြစ်တယ်လို့လည်း ဦးဉာဏ်ဝင်းက Reuters သတင်း ဌာနကို ပြောဆိုခဲ့ပါတယ်။ NLD အနေနဲ့ အခုပြီးစီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲကို ၀င်ရောက်ရတဲ့ ရည်ရွယ်ချက် သုံးခုထဲမှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးဟာ တစ်ချက်ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အတိအလင်း ကြေညာခဲ့တာဖြစ်ပါတယ်။
မနေ့က တွေ့ဆုံပွဲအပြီးမှာ သမ္မတဦးသိန်းစိန်နဲ့ ဇနီး ဒေါ်ခင်ခင်ဝင်းတို့က ဒေါ်အောင်ဆန်းစုကြည်ကို နေ့လည်စာနဲ့ တည်ခင်းဧည့်ခံခဲ့ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က နေ့လည်ပိုင်းမှာ နေပြည်တော်ကနေ ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွာလာခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
၁၂ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ ၈၈ မျိုးဆက် တက်ရောက်
ကယန်းပြည်သူများနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့သော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ
ကရင်ပြည်နယ် လိပ်သိုမြို့နယ်ခွဲ သောက်ရေခပ်ကျေးရွာမှာ ဧပြီလ ၁၀ ရက်နေ့က ၁၂ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ကို ကယန်းပြည်သစ်ပါတီက ဦးစီး ကျင်းပတာ ဖြစ်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ ဗကသ ကျောင်းသားအဖွဲ့ဝင်တွေ၊ မန္တလေး မစိုးရိမ် ကျောင်းတိုက်ဆရာတော် ဦးဝီရသူနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူမှု အထောက်အကူပြုအဖွဲ့မှ ဦးလှသိန်း၊ ဦးခင်မောင်အေး၊ ပြည်နယ်အစိုးရဝန်ကြီးတွေ၊ တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးနဲ့ ကယန်းပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။ ကယန်းပြည်သစ် တပ်မတော်က အလံတင်ပွဲ အခမ်းအနားအတွင်း စစ်ရေး ခင်းကျင်းပြသခဲ့ပြီး အလံတင် လွှင့်ထူခဲ့ကြပါတယ်။ အဲဒီနောက် ကယန်းပြည်သူတွေက တိုင်းရင်းသားရိုးရာ အကတွေနဲ့ ဖျော်ဖြေခဲ့ကြပြီး တက်ရောက်လာတဲ့ ဧည့်သည်တွေနဲ့ တရင်းတနှီး ကပြ ဖျော်ဖြေခဲ့ကြပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေးရန်ပုံငွေထဲက ကယန်းဒေသအတွက် ရန်ပုံငွေ လှူဒါန်းခဲ့ပြီး အသံလှိုင်းက တဆင့် လူထုကို နှုတ်ခွန်းဆက် စကား ပြောကြားခဲ့ပါတယ်။
ဘားမားဗီဂျေ
တရားဟောခွင့်ပိတ်ခံထားရတဲ့ ဒယ်အိုးဆရာတော် (၇) ရက် တရားချီးမြှင့်မည်
အေးနိုင် DVB ၁၁ ဧပြီ ၂၀၁၂
မနှစ်ဒီဇင်ဘာ ၉ ရက်နေ့ကနေ တနှစ်တိတိ တရားဟောပြောခွင့်ပိတ်ပင်ခံထားရတဲ့ ဒယ်အိုးဆရာတော်လို့ လူသိများတဲ့ ဓမ္မကထိက ဆရာတော် ဦးသုမင်္ဂလဟာ ဆရာတော်ကြီးတွေထံ ခွင့်ပန်လျှောက်ထားပြီး ဧပြီ ၁၁ ရက်နေ့ကျနေ ၁၇ ရက်နေ့ထိ တနေ့ကို တရားပွဲနှစ်ပွဲချီးမြင့်မှာ ဖြစ်တယ်လို့ ဆရာတော်က မိန့်ပါတယ်။
ဆရာတော် ဟောပြောတဲ့တရားပွဲတခုမှာ တရားဟောပြောခွင့်ကို ပိတ်ပင်တာဟာ အလွန်အပြစ်ကြီးတဲ့အကြောင်း ပါရှိတဲ့အပေါ် ထေရ၀ါဒပိဋကတ်တော်တွေနဲ့မညီ. အာဏာပိုင်တွေကို ထိပါးပုတ်ခတ်တယ်လို့ အကြောင်းပြုပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က တနှစ်တရားဟောခွင့် ပိတ်ခဲ့တာဖြစ်ပါတယ်။
ဆက်သွယ်မေးမြန်းတဲ့ ကိုအေးနိုင်ကို ဆရာတော်က မိန့်ကြားထားပါတယ်။
ဆူနာမီသတိပေး ချက်အားပြန်လည်ရုပ်သိမ်း
အင်ဒိုနီးရှာနိုင်ငံဆူမားတြားမြောက်ပိုင်း ငလျင်လှူပ်ခတ်ပြီး နောက်ပိုင်းတွင် ဆူနာမီစောင့်ကြည့်ရေးဗဟိုဌာနများ၏သတင်းထုတ်ပြန်ချက်များအရ မြန်မာကမ်းရိုးတန်းသို့ရောက်ရှိလာနိုင်ကြောင်း ခန်းမှန်းထားခဲ့သော်လည်း
ခန့်မှန်းထားသည့်အချိန် အတွင်း ထူးခြားမှူမရှိခြင်းကြောင့် ဆူနာမီသတိပေး
ချက်အားပြန်လည်ရုပ်သိမ်းကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှူ
ဦးစီးဌာနက နိုင်ငံပိုင်ရုပ်သံမှ ည ၇နာရီဝန်းကျင်ခန့်က ထပ်မံကြေငြာသည်။
7Day News Journal
ဦးခင်ညွန့် အင်တာဗျူးမပေးဘူးဆိုသည့် ပြောကြားချက် ဘန်ကောက်ပို့စ် ငြင်းဆို
ဦးခင်ညွန့် ကို အင်တာဗျူးခဲ့တဲ့ ဦးမြင့်ရွှေ (ဓါတ်ပုံ-မြင့်ရွှေ Facebook)
ကိုထွေး DVB ၁၁ ဧပြီ ၂၀၁၂
၂၀၀၃ ခု ဒီပဲယင်းအကြမ်းဖက်မှုဖြစ်စဉ်က ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ဖို့ လူလွှတ်ခဲ့တယ်လို့ စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်း
ဦးခင်ညွန့်က ပြောဆိုခဲ့တယ်ဆိုတဲ့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာပါ ရေးသားချက်ဟာ မှားယွင်းတယ်လို့ မြန်မာအစိုးရက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဧပြီ ၈ ရက်နေ့ထုတ် ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ် သတင်းစာပါ ဦးခင်ညွန့်အကြောင်း ဆောင်းပါးတခုမှာ ဒီပဲယင်း လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တယ်ဖို့ လူလွှတ်လိုက်တယ်လို့ ဦးခင်ညွန့်က ပြောဆိုတယ်ဆိုပြီး ရေးသားခဲ့ပါတယ်။
အဲဒီဆောင်းပါးအပေါ် ဒုရဲမှူးကြီးဝင်းနိုင် အပါအ၀င် ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ဦးခင်ညွန်အနေနဲ့ ဘန်ကောက်ပို့စ်ကို အင်တာဗျူးပေးခဲ့ခြင်း မရှိဘူးလို့ ဒီကနေ့ ရှင်းလင်းပြောဆိုခဲ့တာပါ။
အဲဒီဆောင်းပါးကို ပြည်ပအခြေစိုက် ဦးမြင့်ရွှေနဲ့ Songpol Kaopatumtip တို့ ပူးပေါင်း ရေးသားခဲ့တာ ဖြစ်ပါတယ်။
ဒီဆောင်းပါးကို တာဝန်ခံတဲ့ ဘန်ကောက်ပိုစ်သတင်းစာရဲ့ အချပ်ပို Spectrum ကဏ္ဍ အယ်ဒီတာက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ အစိုးရတာဝန်ရှိသူတွေရဲ့ ပြောကြားချက်ကို ငြင်းဆိုလိုက်ပါတယ်။
ဒီဆောင်းပါးကို ရေးသားရာမှာ ပါဝင်ခဲ့သူတဦးဖြစ်တဲ့ Songpol Kaopatumtip ကိုလည်း ဒီဗွီဘီက မေးမြန်းရာမှာ ဦးမြင့်ရွှေ ကိုယ်တိုင် မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး ဦးခင်ညွန့်အိမ်မှာ အင်တာဗျူးပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။
“မတ်လလယ်လောက်မှာ အင်တာဗျူးခဲ့တာပါ။ အသေချာတော့ မမှတ်မိတော့ပါဘူး။”
ဦးခင်ညွန့်ဟာလည်း ဒီဆောင်းပါးအကြောင်း အင်တာနက်နဲ့ မီဒီယာတွေမှာ ပါရှိပြီးတဲ့နောက် တိုက်တိုက်ဆိုင်ဆိုင် သာသနာ့ဘောင်ကို ၀င်ရောက်ခဲ့တဲ့အတွက် ဆက်သွယ်မေးမြန်းဖို့ ခက်ခဲနေပါတယ်။
၂၀၀၃ ခုနှစ် မေ ၃၀ ရက်ညက စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စည်းရုံးရေးယာဉ်တန်းကို အမည်မသိ သူတွေက အကြမ်းဖက်တိုက်ခိုက်ခဲ့လို့ လူတချို့ သေပျောက်ဒဏ်ရာရခဲ့သလို တပ်မတော်အစိုးရက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုက်ခိုက်ခံရသူတွေကို အရေးယူထောင်ချခဲ့ပါတယ်။
အနုပညာရှင်အခိျု့အားသင်္ကြန်ဖျော်ဖြေခွင့် ပိတ်ခြင်းမရှိဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရဆို
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ ရှင်းပြစဉ်
ဧပြီလ ၁၁ ရက်နေ့  ၂၀၁၂
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးလှုံ့ဆော်ရေးအစီအစဉ်များတွင် ပါဝင်ခဲ့ကြသည့် အနုပညာရှင် အချိ့အား
သင်္ကြန်ဖျော်ဖြေရေးတွင် ပိတ်ပင်ထားသည်ဟူသော သတင်းများမှာ  လုံးဝ
 မဟုတ်မမှန်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ ဝန်ကြီးချုပ်ဦးမြင့်ဆွေက
 ငြင်းဆိုလိုက်သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ဧပြီ ၁၁ရက်
ညနေ၆နာရီခွဲက တိုင်းဒေသကြီဝန်ကြီးချုပ်ဦးမြင့်ဆွေနှင့် ရန်ကုန် အခြေစိုက်
မီဒီယာအခိျု့တွှေု့ဆုံစဉ် ဝန်ကြီးချုပ်က ငြင်းဆိုခဲ့ခြင်းဖြစ်သည်။
`အခု အဆိုတော်အခိျု့ကိုသကြီန်သီဆို ခွင့်ပိတ်တယ် ဘာညာဆိုပြီးသတင်း
ထွက်ပေါ်နေတယ်ကြားပါတယ်။ ကျွန်တော်တို့တောင်အတော်အံ့အားသင့်ပါတယ်။
ဒီသတင်းဟာ လုံးဝမဟုတ်မမှန်ပါဘူး။ ပြည်ထောင်စု အစိုးရအဖွဲ့ ကို ဆက်သွယ်မေးမြန်း ကြည့်တော့လဲ ပြည်ထောင်စု အစိုးရအနေနဲ့ အဲသလိုပိတ်ပင်တာမျိုးလုံးဝမရှိပါဘူးဆိုတာသိရပါတယ်`ဟု
ဦးမြင့်ဆွေကပြောသည်။
“ကြုံရင်လဲ သူတို့နဲ့တွေ့ရင် ဘယ်သူတွေက ဘယ်လိုပိတ်တာလဲ မေးကြည့်ပေးပါဦး“
ဟုဝန်ကြီးချုပ်က ဆက်လက်ပြောဆိုသည်။
 ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း သင်္ကြန်ပွဲတော်၌ သင်္ကြန်သံချပ်များ
ထိုးခွင့်ပိတ်ထားသည် ဟုပြောဆိုနေကြခြင်းမှာ လည်းမဟုတ်မမှန်ကြောင်း ဦးမြင့်ဆွေကပြောသည်။“ကျွန်တော်တို့က ထိုးမယ့်သံချပ်စာသားတွေကို
 ကြိုတင်စိစစ်တာပဲလုပ်ပါတယ်။
အဓိကက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်နေတဲ့ အချိန်မှာ တိုင်းရင်းသား
စည်းလုံးညီညွတ် မှု၊ချစ်ကြည်မှုကိုပျက်ပြားစေတာတွေမပါစေချင်လို့ပါ” ဟု
ဝန်ကြီးချုပ်က ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်း များအတွင်း အင်တာနက် ဖေ့စ်ဘုတ်လှုမှုရေးစာမျက်နှာ
များတွင် အဆိုတော်အခိျု့ သကြီန်ကာလသီဆို ခွင့်ပိတ်ပင်ခံရခြင်း၊ သင်္ကြန်
သံချပ်များ ထိုးခွင့်ပိတ်ပင်ခံရခြင်း များရှိနေသည် ဟူသော ရေးသားချက်
အခိျု့ရှိခဲ့ပြီးနောက် တိုင်းဒေသကြီး အစိုးရအဖွဲက သတင်းမီဒီယာ အခိျု့နှင့်
 တွေ့ဆုံရှင်းပြခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မီဒီယာဂရုပ်
စီးပွားရေးပိတ်ဆို့မှုကိစ္စ အနီးကပ်စောင့်ကြည်ရန် တင်ပြမည်ဟု အမေရိကန် အထက်လွှတ်တော်အမတ်ပြော
ဧပြီ၊ ၁၁၊ ၂၀၁၂-ကျော်စိုးလင်း (YPI)
အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရေးအတွက်  အနီးကပ်စောင့်ကြည့်ရန် တင်ပြမည်ဟု အမေရိကန် အထက်လွှတ်တော်အမတ် ဂျိမ်းစ်ဟင်နရီဝဘ် (ဂျင်ဝက်ဘ်) ကယနေ့ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
၎င်းက “ ၀ါရှင်တန်ကိုပြန်ရောက်ရင် နှစ်နိုင်ငံကြားက စီးပွားရေးပိတ်ဆို့မှုကိစ္စကို အနီးကပ်စောင့်ကြည့်ဖို့အတွက် တင်ပြမယ်။ မြန်မာအစိုးရရဲ့ ကောင်းတဲ့ အပြုအမူတွေကို ဆက်လက်စောင့်ကြည့်မယ်” ဟု ပြောသည်။
အစိုးရ နယ်ပယ်တိုင်းတွင် ဖြစ်ပေါ်လျက်ရှိသော အခြေအနေကောင်းများနှင့်ပတ်သက်၍လည်း ၀ါရှင်တန် ဒီစီသို့ ပြန်ရောက်ပါက ကြီးမားသော ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
ထို့ပြင် ဂျင်ဝက်ဘ်က မြန်မာနိုင်ငံတွင်  လွန်ခဲ့သော ကိုးလကထက် ပိုမိုကောင်းမွန်သော လက္ခဏာများ တွေ့ရကြောင်း၊ စီးပွားရေး၊ အုပ်ချုပ်မှုစနစ်နှင့် လူမှုအဖွဲ့အစည်းများတွင်ဖြည်းညှင်းစွာ ပြောင်းလဲရမည်ကိုလည်း လက်ခံကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကောင်းမွန်သော အပြောင်းအလဲများ ဖြစ်ပေါ်လာခြင်းကိုလည်း လက်ခံကြောင်းလည်း ထုတ်ဖေါ်ပြောဆိုသွားသည်။
လက်ရှိအချိန်တွင် အခြားတိုင်းပြည်များအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေပြီ ဖြစ်ပြီး အမေရိကန်နိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံ၏ တိုးတက်မှုတွင် တတ်နိုင်သည့်ဘက်မှ ပါဝင်လာမည်ဟု ၎င်းအနေဖြင့်ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နှစ်ပေါင်းများစွာ တိုင်အောင်ကောင်းမွန်သော အနာဂတ်ဖြစ်မည်ဟု မျှော်လင့်ကြောင်း ဂျွန်ဟင်နရီဝဘ်က ပြောသည်။
မြန်မာနိုင်ငံအား ဆယ်စုနှစ် တခုကျော်ကြာ စီးပွားရေး၊ သံတမန်ရေး၊ အခြားသော ပိတ်ဆို့မှုများကို ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့က လုပ်ဆောင်ထားရာ သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရတက်လာပြီးနောက် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လာခဲ့သည့် နောက် ပိတ်ဆို့မှုများအား ရုပ်သိမ်းပေးရန် စဉ်းစားလာခြင်းဖြစ်သည်။
ဂျင်ဝက်ဘ်သည် ယခုလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့ရောက်ရှိလာကာ ဧပြီလ ၉ ရက်နေ့က နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။          ။
မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန် အထက်လွှတ်တော် အမတ် ဂျင်ဝက်ဘ်သည် ယနေ့နံနက်ပိုင်းက အမေရိကန် သံရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ် သွားသည်။
 Yangon Press International
ရွှေဥ ယူမလား ငန်းယူမလား
ဂျာမဏီ တွင် အခြေစိုက်သော ကုမ္ပဏီကြီး တစ်ခုမှ ယနေ. အကြောင်းပြန်စာ ရောက်လာ သည်။ ရက်သတ္တပတ် သုံးပတ်မျှ ကြာမြင်.မည်. ၎င်း ၏ စီးပွားမိတ်ဖက်များအတွက် ကျေးဇူး တုံ.ပြန်သည်. အနေနှင်. မေတ္တာဖြင်.  စီစဉ်ပေး သော ခရီးစဉ်  (Incentive Tour) တစ်ခု ပတ်သတ်၍ အကြောင်းပြန်ခြင်းဖြစ်သည်။  ခရီးသည် အရေအတွက် ၈၀ ခန်. မြန်မာနှင်.ဗီယက်နမ် တစ်နိုင်ငံ မဟုတ် တစ်နိုင်ငံ သွားရောက် လည်ပတ်ရန်ဖြစ်သည်။ ထိုခရီးစဉ်နှင်. ပတ်သတ်၍ ဆွေးနွေးညှိနှိုင်း နေခဲ.သည်မှာ လွန်ခဲ. သော တစ်လလောက်ကတည်းက ဖြစ်ပြီး ယနေ. အကြောင်းပြန်သည် မှာ ယင်းအာမခံ ကုမ္ပဏီ၏ အမှုဆောင်အဖွဲ.သည် မြန်မာ နှင်. ဗီယက်နမ် နှစ်နိုင်ငံအနက် ဗီယက်နမ် ကို သွားရောက် လည်ပတ်ရန် ရွေးချယ်လိုက်သည်. အကြောင်းပင် ဖြစ်သည်။ ဗီယက်နမ် ကို ရွေးချယ်ရသည်. အကြောင်းအရင်းမှာ မြန်မာနိုင်ငံနှင်. ယှဉ်လိုက်လျှင် ခရီးစဉ်ဈေးနှုန်းများ အလွန်အမင်း သက်သာ သောကြောင်. ဖြစ်သည်ဟု ဆိုသည်။ ထို.ထက်ပို၍ လေးနက်သော အကြောင်းပြချက်မှာ  “Value for Money”  ဖြစ်သည်. ပေးရသည်. ပိုက်ဆံနှင်. ပြန်ရသော တန်ဖိုး ၊ ၀န်ဆောင်မှု အရည်အသွေး ၊ စိတ်ကျေနပ်မှု တို.တွင် ဗီယက်နမ် က မြန်မာ ထက် များစွာ သာသည် ဟူ၍ဖြစ်လေသည်။
အခြားနိုင်ငံများထက်ဈေးပို
မြန်မာနိုင်ငံရှိ ခရီးစဉ်ဈေးနှုန်းများသည် မလိုလား အပ်သော Transction Cost များကြောင်. ယခင်နှစ်များ ကတည်းက ပင် ဒေသတွင်း နိုင်ငံများနှင်. ယှဉ်ပါက များစွာကြီးမြင်.လျှက် ရှိနေခဲ.ပြီးဖြစ်သည်။ ဈေးနှုန်းများ ကြီးမြင်.သော် လည်း မြန်မာနိုင်ငံသည် နိုင်ငံခြားသား ခရီးသည်များ အတွက် ၀န်ဆောင်မှု အကောင်းဆုံးနိုင်ငံဟု နာမည်မကျော်ကြားခဲ. ၊ ခရီးသွားလုပ်ငန်းအတွက် အခြေခံအဆောက်အအုံ များ (Tourism Infracture) ပြည်.စုံကောင်းမွန် လွန်းသော နိုင်ငံ  ဟူ၍လည်း နာမည်မကျော်ကြားခဲ. ၊ နိုင်ငံခြားသား ကမ္ဘာလှည်. ခရီးသည်များအတွက်  လွယ်ကူ၍ အဆင်ပြေလွယ်ကူစွာ သွားလာနိုင် ၍ ပြည်ဝင်ခွင်. ရယူရာတွင် အလွယ်ကူဆုံးနိုင်ငံတစ်ခု ဟု မကျော်ကြားခဲ. ၊  အားမနာတမ်းပြောရလျှင် ၊ လုပ်ထုံးလုပ်နည်းများ ရှုပ်ထွေးပွေလီ၍ ကမ္ဘာ.အလယ်တွင် နားလည်ရအခက်ခဲဆုံး နိုင်ငံ ဟူ၍သာ ကျော်ကြားခဲသည်။ ခရီးသွားလုပ်ငန်းကို အထောက်အပံ.ပေးသောအင်္ဂါရပ်များ (Tourism Facility) အပိုင်းကို ကြည်.လျှင်လည်း လွန်စွာအားနည်း သည်မှာ အားလုံးအသိ ပင်ဖြစ်သည်။၊  ခရီးသွားလုပ်ငန်းတွင် အသုံးပြုသော ကားများသည် အခြား နိုင်ငံများ မှ အသုံးပြုပြီးသော ကားဟောင်းများဖြစ်သည်။ ဟိုတယ်အများစုမှာ နိုင်ငံတကာအဆင်.အတန်းမမီကြ ၊ အထူးသဖြင်. သက်တမ်း ဆယ်စုနှစ်နှစ်စု ရှိလုနီးပါး ရန်ကုန်မြို.ရှိ ဟိုတယ်ကြီးအများစုမှာ အိုမင်းဟောင်းနွမ်းနေကြသည်။ အချို.ဟိုတယ်များ၏ နံရံများသည် အက်ကွဲနေကြသည်။ အချို. ဟိုတယ်များ၏ ပရိဘောဂများ သည် အရောင်ပြယ်လွင်.၍ပျက်စီးလုနီးပါးဖြစ် နေကြသည်။ သို.သော် ယင်းတို.သည် အခြားနိုင်ငံများထက် ပိုသောဈေးနှုန်းကို ယူထားကြသည်။
ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ
ယခင် နှစ်များစွာကတည်းက ကြီးမြင်.ခဲ.သော မြန်မာနိုင်ငံ၏ ခရီးစဉ်ဈေးနှုန်းတို. သည် ယခု အခါ ဒေသတွင်း နိုင်ငံများ က ပျက်ရယ်ပြု သည်.အခြေအနေထိ ရောက်ရှိအောင် ထပ်မံမြင်.မားလျှက်ရှိနေလေသည်။ လွန်ခဲ.သည်. လ အနည်းငယ်ခန်.မှ စ၍ ဟိုတယ်အများအပြား၏ ခရီးသွားကုမ္ပဏီများ နှင်.ချုပ်ဆိုသော စာချုပ်များ တွင် အခန်းခများ၏ ဈေးနှုန်းသည် ၄၀ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်း အထိ မြင်.တက်လာကြသည်။ အချို. ဟိုတယ်ကြီးများသည် ယခုအချိန်ထိ ခရီးသွားကုမ္ပဏီများ နှင်.စာချုပ်ချုပ်ဆိုခြင်းမရှိပေ။ ရာသီအလိုက် စာချုပ်ချုပ်ဆို ၍ ဈေးနှုန်းသဘောတူထားရသော ခရီးသွား လုပ်ငန်းများသို. ဟိုတယ်အခန်းမရောင်းချင် သည်.သဘောကို အတိအလင်း သော်လည်းကောင်း သွယ်ဝိုက်၍ သော်လည်းကောင်း ဖော်ပြလာကြသည်။
တစ်ချိန်က မြန်မာ. နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး အခြေအနေများအရ ခရီးသွားလုပ်ငန်းများ ကိုသာလျှင် အဓိက မှီခိုအားထား ၍ ရှင်သန်ခဲ.ရသော ဟိုတယ်များသည် ၊ ယခု အစိုးရသစ်လက်ထက် နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ ၊ တိုးတက်လာမှု များကြောင်. ၊ တစ်ဟုန်ထိုး တက်ရိပ်ပြလာသော ကော်ပိုရိတ်ဈေးကွက် (Corporate Segment)  ကို အားကိုးအားထားပြုလာကြသည်။ Corporate Segment အားမကောင်းခင် အချိန်က ခရီးသွားလုပ်ငန်းများ ကို “အခန်းသုံးပေးပါဦး” ဟု ဟိုတယ်များ၏ တောင်းဆိုသော လေသံများသည် ယခု အခါ “အခန်းမပေးနိုင်ဘူး” ဟု ငြင်းပယ် သော လေသံများအဖြစ်ရုတ်ချည်း ပြောင်းလဲသွားကြသည်။ ဟိုတယ်များ၏ ဈေးကွက်အပိုင်းအခြား အလိုက် အခန်းနေရာချထား မှုများတွင် (Rooms Allotment by Segment) ခရီးသွားကုမ္ပဏီများ အတွက် အရည်အတွက် အနည်းဆုံးသို. လျှော.ချထားကြပြီး ၊ ဟိုတယ်သို. တိုက်ရိုက်ဝင်ရောက်သော ဧည်.သည်များ (Walk in Guests) ၊ Online မှ တိုက်ရိုက်ဝယ်သော ဧည်.သည်များ နှင်. ကော်ပိုရိတ် ဈေးကွက် (Corporate Segment) မှ ဧည်.သည် များအတွက်သာ Allotment များများ ချန်ထားခြင်းများ ရှိလာကြသည်။ ခရီးသွားကုမ္ပဏီ များ မှ စာချုပ်ချုပ်ထားသောဈေးနှုန်းဖြင်. အခန်းလိုချင်လျှင် မရ သော်လည်း ၊ Online မှ တဆင်. အင်တာနက် ဈေးနှုန်းဖြင်. ၀ယ်လျှင် အခန်းရမည်ဖြစ်သည်အထိ ပြောလာကြသည်။ စာချုပ်ချုပ်ထားသော ဈေးနှင်. အင်တာနက်ဈေးနှုန်းမှာ ၁၀၀ ရာခိုင်နှုန်း သို.မဟုတ် နှစ်ဆခန်. ကွာသည်။ တစ်ချိန်က ခရီးသွားလုပ်ငန်းများ အတွက် ကိုင်းကျွန်းမှီ ၊ ကျွန်းကိုင်းမှီ အလုပ်လုပ်ခဲ.ကြသော ၊  အရင်းနှီးဆုံးမိတ်ဆွေများဟု ယုံကြည်ခဲ.သော ဟိုတယ်အများစုသည် လိုလျှင်ပေါင်း မလိုလျှင်မပေါင်းတော.သည်. Fair-Weather Friend များဖြစ်သွားပြီလား ဟုမေးစရာရှိလာပါတော.သည်။
ရေရှည်ဖွံ.ဖြိုးတိုးတက်မှု က အရေးအကြီးဆုံး
ဟိုတယ် တစ်လုံးအတွက် အဓိကရောင်းကုန်ဖြစ်သည်. အခန်းများသည် ယနေ. ဧည်.သည် မ၀င်၍မရောင်းရလျှင် ယင်းအခန်းများ ၏ ယနေ.၀င်ငွေ ဆုံးရှုံးမည် (Perishable ) ဖြစ်၍ ၊ Yield Management သို.မဟုတ် Revenue Management ဟုခေါ်သော ၊ ဟိုတယ်တွင်ရှိသည်. အခန်းအရေအတွက် ၊ ဧည်.သည် ၀င်ရောက်မှု အခြေအနေ ၊ ဈေးကွက်အပိုင်းအခြား ၊ အခန်းခဈေးနှုန်း စသည်. အချက်များ အပေါ်မူတည်၍ အမြတ်အစွန်းအများနိုင်ဆုံးများများ  ရအောင် စွမ်းဆောင်သည်. စီမံခန်.ခွဲမှု ပညာသည် မရှိမဖြစ်လိုအပ် သည်မှာ အမှန်ပင်ဖြစ်သည်။ လက်ရှိအချိန်တွင် အဆိုပါ ဟိုတယ်များသည် Yield Management ကို အကောင်းဆုံးအသုံးချနေသည် ယုံမှားသံသယ ဖြစ်စရာမလိုပေ။ ဟိုတယ် များအတွက် Yield Management ၏ အဓိကအချက် သည် မိမိရောင်းကုန်များ (အခန်းများ) ကို အသင်.တော်ဆုံးအချိန် (Right Time ) တွင် အသင်.တော်ဆုံး ၀ယ်သူ (Right Customer) အား အသင်.တော်ဆုံးသော ဈေးနှုန်း (Right Price ) နှင်. ရောင်းချခြင်းပင်ဖြစ်သည်။ Right Time ဆိုသည်မှာ ဈေးကွက်၏ ၀ယ်လိုအားအများဆုံးအချိန် ၊ Right Customer ဆိုသည်မှာ ဈေးနှုန်းအမြင်.ဆုံးပေးသောသူ ၊ Right Price ဆိုသည်မှာ အမြင်.ဆုံးသောဈေးနှုန်း ဟု ယေဘုယျ ယူဆနိုင်သော်လည်း ထိုထက်ပို၍ လေးနက်ပါသည်။ ယင်းဟိုတယ်တည်ရှိသော  တိုင်းပြည် ၏ နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး အခြေအနေ ၊ ဈေးကွက်၏ လားရာ (Market Trend) ၊ စီးပွားဖက် များ နှင်. ပေါင်းသင်းဆက်ဆံရေး (Relationships) ၊ Industry တစ်ခုလုံး၏ ရေရှည်တိုးတက်မှု (Sustainability)  စသည်အချက်များ ပေါ်တွင်မူတည်၍ ဈေးနှုန်း သတ်မှတ်ရသည်. အခါများလည်းရှိပါသည်။ အမြဲတမ်းဈေးနှုန်း တက်နေခြင်းမဟုတ်ဘဲ ဈေးနှုန်းများ ကို ချပေးရသည်. အခါများလည်းရှိပါသေးသည်။  ၀င်ငွေ (Revenue) အများ ဆုံးရရှိရန် စွမ်းဆောင် ကြခြင်း သည် ဟိုတယ် များ အတွက် ရပိုင်ခွင်. သို. လုပ်ပိုင်ခွင်. (Right) တစ်ခုဖြစ်သော်လည်း ကိုယ်ရဖို.တစ်ခုတည်း အတွက် ကြည်.နေလျှင် သင်.လျော်သည်ဟု မဆိုနိုင်ပေ။ Industry တစ်ခုလုံး၏ အကျိုးစီပွားကို လည်း ကြည်.ရန်လိုအပ်ပါသေးသည်။ မိမိလုပ်ငန်းအဖွဲ.အစည်းတွင် လုပ်ကိုင်နေသော ၀န်ထမ်းများ ၊ ဧည်.သည်များ ၊ ခရီးသွားကုမ္ပဏီကဲ.သို.သော  စီးပွားဖက်များ စသဖြင.် ပါဝင်ပတ်သတ်သမျှ Stake Holders အားလုံး၏ အကျိုး ကိုကြည်.ရန်လိုအပ်ပါသေးသည်။ ဘယ်သူသေသေငတေမာ စိတ်ဓါတ်မျိုးဖြင်. ရေရှည်ဖွံ.ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းတစ်ခု ဖြစ်လာရန်မလွယ်ကူပေ။  မြန်မာပြည်ရှိဟိုတယ်များသည် အခွင်.အရေးလေး ရခိုက် ရှေ.နောက်မစဉ်းစားမဆင်ခြင် ၊ တစ်ညီတစ်ညွတ်တည်း ညာသံပေး၍ ဈေးတက်လိုက်ကြသည်မှာ ဒေသတွင်းနိုင်ငံများအပြင် ကမ္ဘာ.အလယ်တွင် ပျက်ရယ်ပြုချင်စရာဖြစ်နေလျှင် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်း မှာ အစကောင်းလိမ်.မည်မဟုတ်ပါချေ။
ခရီးသွားလုပ်ငန်းတွင် အစိုးရ၏ပါဝင်ပတ်သတ်မှု
တစ်ဖက်မှ ကြည်.လျှင် ဟိုတယ်လုပ်ငန်းရှင်များသည် စီးပွားရေးသမားများဖြစ်ရာ အမြတ်အစွန်းကို ကြည်.၍ အလုပ်လုပ်ကြသည် ဖြစ်သောကြောင်. ဈေးနှုန်းမြင်.တက် မှုများအတွက် ယင်းတို.ကိုချည်း အပြစ်တင်နေရန် မသင်.တော်ချေ။ အဓိကပြဿနာမှာ အခြေခံအဆောက်အအုံ မလုံလောက်မှုကြောင်.ဟု ဆိုလျှင်မှားလိမ်.မည်ဟုတ်ပါ။ စီးပွားရေးသမားများအနေနှင်.  ၀ယ်လိုအားများ၍ ရောင်းကုန်နည်းလျှင် ဈေးနှုန်းတက်မည် မှာ ဓမ္မတာ တစ်ခုလည်းဖြစ်ပါသည်။ မြန်မာနိုင်ငံ ရှိ ဟိုတယ်များအတွက် ၀ယ်လိုအားနည်း၍ ရောင်းကုန်များ မစွံ (Over Capacity, Depressed Demand) ဖြစ်ခဲ.သော ကာလ ကုန်လွန်သွားပြီး ဖြစ်သည် မှာလည်း သိသာနေပေသည်။ ထို.ကြောင်. တိုးတက်လာ သော ၀ယ်လိုအား (Demand)  များ ကိုဖြည်.ဆည်း နိုင်ရန်အတွက် ဟိုတယ်အများအပြား ပေါ်ပေါက်လာရန် လိုအပ်ပေသည်။ နိုင်ငံ၏ စီးပွားရေး ဖွံ.ဖြိုးတိုးတက် မှု အတွက် လွတ်လပ်သော စီးပွားရေး ဈေးကွက် (Liberal Economy) တွင် ဖြစ်ပေါ်လာသည်. ဈေးကွက် အတိုင်း လွတ်လပ်ခွင်.ပေး ရသည် ဆိုသော်လည်း ၊ အစိုးရ က တစ်ထောင်.တစ်နေရာ မှ ပါဝင် ပတ်သတ် ရေးသည်လည်း တစ်စိတ်တစ်ပိုင်း အရေးပါလှပါသည်။ ယခု ဖြစ်ပေါ်နေသည်. ဟိုတယ် အခန်းခများ ဈေးတက်ခြင်း ၊ ခရီးစဉ်ဈေးနှုန်းများ မြင်.တက်နေခြင်းတို.ကို အစိုးရအနေနှင်. အချိန်မီ ၀င်ရောက်ဖြေရှင်းပေးသင်. ၊ ပေးနိုင် ပါသည်။ ဒေသတစ်ခု၏ ခရီးသွားလုပ်ငန်း ဖွံ.ဖြိုးတိုးတက်ရန် အဓိက အရင်းအမြစ်ကြီး သုံးခု ဟု သတ်မှတ်ကြသည်. အေသုံးလုံး ဖွံဖြိုးတိုးတက်ရေး အတွက် (Accessibility (အဆင်ပြေလွယ်ကူချောမွေ.စွာ ၀င်ထွက်သွားလာနိုင်မှု) ၊ Accommodation ( စားသောက်နားခိုရန် နေရာထိုင်ခင်း ဟိုတယ် ၊ မိုတယ် ), Attraction (သဘာဝအလှအပ ၊ သွားရောက်လည်ပတ်ရန် ဒေသ ၊ အဆောက်အဦး ၊ ပြတိုက် စသည်)) အစိုးရ၏ အခန်းကဏ္ဍသည်မပါမဖြစ် အရေးကြီးပါသည်။ မြန်မာ နိုင်ငံတစ်ဝှမ်းလုံးရှိ မြို.ပေါင်း (၄၆) မြို.၌ ဟိုတယ်အလုံးပေါင်း (၆၉၁) လုံး ၊ အခန်းပေါင်း (၂၇၀၀၀) သာရှိ၍ နိုင်ငံသားခရီးသွား ဧည်.သည်များ သန်းနှင်.ချီ၍ တစ်ရှိန်ထိုး ၀င်ရောက်လာလျှင် အခန်းမလောက်ငှနိုင်သည်မှာ ဗေဒင်မေးစရာတောင်လိုမည် မဟုတ်ပါ။ ထိုကြောင်. ဒေသအသီးသီးတွင် ဟိုတယ် မိုတယ် အသစ်များ ၊ အများအပြား ပေါ်ထွက်လာရေးအတွက် လျင်အမြန် အကောင်အထည်ဖော် ရေး ၊  တစ်ချိန်တည်းမှာ အခြားအခြားသော Tourism Infracture များ ဖွံ.ဖြိုးရေးအတွက် ၀န်ကြီးဌာနများ အချင်းချင်း ညှိနှိုင်း၍ အလျင်အမြန် ဦးစားပေး ဆောင်ရွက်ရန်မှာ အစိုးရ၏ အလွန်အရေးကြီးသော ကိစ္စတစ်ရပ်ဖြစ်လေသည်။ ယခုအခါ နိုင်ငံ၏ လတ်တစ်လော အကျိုးမဖြစ်ထွန်းသေးသော ၀န်ကြီးဌာန အသီးသီး၏ စီမံကိန်းများစွာ ကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်သောကြောင်. ခရီးသွားလုပ်ငန်း အပါအ၀င် အမှန်တကယ် လိုအပ်သော ၊ တိုင်းပြည်အတွက် ၀င်ငွေရှာဖွေ ပေးနိုင်သော စီမံကိန်း များစွာ ကို စတင်သင်.ပြီ ဖြစ်ပါသည်။ ဥပမာ ကမ်းခြေဒေသများ တွင် လျှပ်စစ်မီး ရရှိအောင်ဆောင်ရွက်ပေးခြင်းဖြင်. မိမိကိုယ်ပိုင် မီးစက်ဖြင်. လျှပ်စစ်ဓါတ်အား သုံးစွဲနေရသော ယင်း ကမ်းခြေဒေသများ ရှိ ဟိုတယ်များ ၏ အပိုကုန်ကျစရိတ်ကို များစွာလျှော.ချနိုင်မည် ဖြစ်ပါသည်။ အကျိုးဆက်အားဖြင်. တည်းခိုခများ ၊ ခရီးစဉ်ဈေးနှုန်းများ လျော.ကျသွားနိုင်ပါသည်။ ထို.အတူ လေယာဉ်ကွင်းများကို  နိုင်ငံတကာ လေကြောင်းလိုင်းများ တိုက်ရိုက်ဆင်းသက်နိုင်အောင် အဆင်.မြှင်. တင်ပေးခြင်း အားဖြင်. နိုင်ငံခြားသား ခရီးသည်များ ၀င်ပေါက်တစ်ခုတည်းမှ စုပြုံဝင်ရောက်နေခြင်းကို ရှောင်လွှဲ နိုင်မည်ဖြစ်သည်။ အကျိုးဆက်အားဖြင်. ရန်ကုန်ကဲ. သို. အဓိကလေကြောင်း ၀င်ပေါက် ကို အခြေခံ၍ ရေးဆွဲ နေရ သော ခရီးစဉ်များ နေရာ တွင် အခြား ဒေသ များ ကိုအခြေခံ ၍ ရေးဆွဲသော ခရီးစဉ်များ ဖြင်. အစားထိုးနိုင်မည်ဖြစ်သည်။ ထိုအခါ ရန်ကုန် ရှိ ဟိုတယ်များ တွင် ဧည်.သည်များ စုပြုံနေခြင်း လည်း အထိုက်အလျောက် လျော.ကျသွားမည်ဖြစ်သည်။ ပုဂံ ၊ မန္တလေး ၊ နေပြည်တော် တို.တွင် နိုင်ငံတကာ လေကြောင်းလိုင်းများ တိုက်ရိုက် ဆင်းသက်နိုင် ထွက်ခွာနိုင်ခဲ.လျှင် ၊ နိုင်ငံခြားသား ခရီးသည်များ သည် ထိုမှ တဆင်. အခြား မြန်မာပြည် အနှံ.အပြားသို. သွား နိုင်လျှင် ရန်ကုန် ကို မဖြစ်မနေ ၀င်ရခြင်း ၊ ညအိပ်ရခြင်း ၊ ရန်ကုန် မှ သာ ပြန်လည်ထွက်ခွာ ရခြင်း စသည်တို.ကို ရှောင်လွှဲ နိုင်မည် ဖြစ်ပါသည်။ တစ်ချိန်တည်းမှာ ပင် နှစ်ခါကုန်ကျသည်. သယ်ယူပို.ဆောင်ရေးစရိတ် ၊ ဟိုတယ်ခ ၊ စားစရိတ် စသည်တို. သက်သာသွားသော ကြောင်. ခရီးစဉ်ဈေးနှုန်းများ လည်း လျော.သွား နိုင်ပါသည်။ ပြည်တွင်လေကြောင်းလိုင်းများ အပေါ်ရိုက်ခတ်မှု ရှိနိုင်သော်လည်း ရေရှည် ခရီးသွားလုပ်ငန်းကြီးတစ်ခုလုံးအတွက် ပိုမိုကောင်းမွန်နိုင်ပါသည်။ ထို.ကြောင်. တာဝန်ရှိသူများအနေဖြင်. စာရွက်ထဲတွင် ရေးသားထားသော မူဝါဒများ ၊ လုပ်ငန်းစဉ်များကို ယခုအချိန်တွင် အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်သင်.နေပြီဖြစ်ပါသည်။   ဖြေးဖြေးနှေးနှေး သွားရန်အချိန် မဟုတ်တော.ပါ။၊ မြန်မာ.ခရီးသွားလုပ်ငန်း နာမည်မပျက်မီ အချိန်မီ အင်တိုက်အားတိုက် ဆောင်ရွက်သင်. ပါသည်။ တာဝန်ရှိသူများသည် ခရီးသွားလုပ်ငန်းအတွက် အထောက်အကူဖြစ်စေရန် ဟူ၍ တစ်ပွဲနှင်.တစ်ပွဲ ရက် (၂၀) သာ ခြားသော Miss Tourism ရွေးချယ်ပွဲ နှင်. Miss Myanmar International ရွေးချယ်ပွဲများ ကို အားသွန်ခွန်စိုက် အင်တိုက်အားတိုက် ကျင်းပခဲ.ခြင်း အရှိန်ကို ဆက်လက်ထိန်းသိမ်း၍ အခြား ကဏ္ဍ နှင်. လုပ်ငန်းစဉ်များတွင် လည်း အရှိန်အဟုန် နှင်. အားကြိုးမာန်တက် ဆောင်ရွက်သင်.ပါသည်။
ပန်းကောင်းလေး အညွန်.မကျိုးစေဖို.
ယခုလို အကူးအပြောင်းကာလ (Transitional Period) သည် မြန်မာနိုင်ငံအတွက် အနည်းငယ်မျှ အမှားမခံနိုင်သော အချိန်ဖြစ်သည်။ ယခုဖြစ်နေသော ဟိုတယ်အခန်းမလုံလောက်မှု နှင်. ဈေးနှုန်းများမြင်.တက်မှု ပြဿနာသည် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ ၊ ဟိုတယ်အုပ်စုကြီးများ ၀င်ရောက်လာလျှင် ပြေလည်သွားမည် ဖြစ်သော်လည်း ယင်းအချိန်သို. မရောက်မီမှာပင် မြန်မာ.ခရီးသွားလုပ်ငန်း၏ နာမည်ဂုဏ်သတင်း ညှိုးနွမ်းသွားဖွယ်ရာရှိပါသည်။  ယခုအချိန်သည် မြန်မာနိုင်ငံအနေဖြင်. မည်သည်.ကဏ္ဍတွင်မဆို ဂုဏ်သတင်းညှိုးနွမ်းရမည်. အချိန်မဟုတ်ပါ။ ကမ္ဘာအလယ်တွင် နာမည်ကောင်းတစ်ခု ရယူရန်အချိန်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် အပျိုဖြန်းလေး ဟုဆိုလျှင် ထိုအပျိုဖြန်းလေး ချောကြောင်း လှကြောင်း အကျင်.စာရိတ္တကောင်းမွန်ကြောင်း စသည်. ကောင်းခြင်းအဖြာဖြာနှင်.  နာမည်ကောင်းဖြင်. ကျော်ကြားရန် လိုအပ်သည်။ ပွင်.ဖူးစအပျိုဖြုန်းလေး ပန်းကောင်းလေး အညွန်.မကျိုးဖို. ၊ နာမည်မပျက်ဖို. ကာကွယ်ရန်မှာ အစိုးရ အပါအ၀င် Stake Holders အားလုံး၏ တာဝန်ဖြစ်ပါသည်။   အထူးသဖြင်. နိုင်ငံခြားပိုင် ဟိုတယ်ကြီးများ၌ အလွန်အရေးကြီးသော ထိပ်တန်း စီမံခန်.ခွဲရေး တာဝန်ထမ်းဆောင်နေသူ မြန်မာနိုင်ငံသားများ အနေနှင်.လည်း မိမိမျက်နှာရရေးတစ်ခုတည်း မကြည်.မိရန် အထူးလိုအပ်ပါသည်။ အရိပ်နေနေ ၊ အခက်ချိုးချိုး ဆိုသလို နိုင်ငံခြားသားများမှ ကိုယ်.ဒေသ ကိုယ်ရေမြေပေါ်တွင် အကျိုးအမြတ်ကိုရယူသွားပြီး ၊ကိုယ်.နိုင်ငံသာ နစ်နာစေခဲ.ခြင်းမျိုးများကို အားပေးအားမြောက် မပြုမိစေရန် ရှောင်ရှားရမည်ဖြစ်ပါသည်။
ရွှေဥ ယူမလား ငန်းယူမလား
မီးခိုးမထွက်စက်ရုံ (Smokeless Industry) ဟုတင်စားခေါ်ဝေါ်ကြသည်. ခရီးသွားလုပ်ငန်း သည် နိုင်ငံတော်တော်များများတွင် နိုင်ငံ. ၀င်ငွေရှာဖွေပေး သည်. နေရာ၌ ထိပ်တန်းနေရာရှိကြသည်မှာ အားလုံးအသိပင်ဖြစ်သည်။ သဘာဝဘေး အန္တရာယ်များ စွာကို ကိုယ်.နိုင်ငံထက် ကြုံတွေ.ခဲ.ရသော ဒေသတွင်း အိမ်နီးချင်း နိုင်ငံဖြစ်သည်. ထိုင်းနိုင်ငံ သည် ၂၀၁၁ အတွက် ခရီးသွားလုပ်ငန်းမှ စံချိန်တင် ၀င်ငွေ အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံခန်. ရရှိခဲ.သည်။ မြန်မာနိုင်ငံသည်လည်း ထိုင်းနိုင်ငံ ကဲ.သို. အခွင်.အရေးများ ရလာပါလိမ်.ဦးမည် ၊ ခရီးသွားလုပ်ငန်းမှ အမြတ်အစွန်းများစွာ ရရှိလာပါလိမ်.ဦးမည် ၊  အခွင်.အရေးသည် လက်တစ်ကမ်းတွင် သာ ရှိနေပါတော.သည်။ ယခုပင်လျှင် မြန်မာ.ခရီးသွားလုပ်ငန်းနှင်. ပတ်သတ်၍ သတင်းကောင်းများ လည်း ကြားလာရသည်။ ဟယ်လာရီကလင်တန် မြန်မာနိုငငံသို. လာရောက် အပြီး CNN က ကမ္ဘာပေါ်တွင် သွားရောက် လည်ပတ်ရန်အကောင်း ဆုံး တတိယ နေရာ၍ မြန်မာ ဟု ဖော်ပြခဲ.သည်။ Lonely Planet Magazine က ၂၀၁၂ ခုနှစ်အတွက်  သွားရောက် လည်ပတ်ရန် အကောင်းဆုံး ၁၀ နိုင်ငံအနက် မြန်မာ နိုင်ငံကို ဒုတိယနေရာတွင် ဖော်ပြခဲ.သည်။ မြန်မာနိုင်ငံဟိုတယ်နှင်. ခရီးသွားဝန်ကြီးဌာနမှလည်း  ယခုနှစ် ၂၀၁၂ တွင် ခရီးသည် ၁ သန်းကျော် ၀င်မည်ဟု ခန်.မှန်းထားသေးသည်။ တစ်ဖန် မြန်မာနိုင်ငံသို.လာရောက်သော နိုင်ငံခြားသား  ခရီးသည်များအတွက် မကြာမီ E-Visa စတင်ထုတ်ပေးသွားမည်ဟု ကြားသိရသည်။ ခရီးစဉ်များ ဈေးနှုန်း ကြီးမြင်.လာမှု နှင်. ဟိုတယ်ခများ ဈေးတက်သည်. သတင်းကလွဲ၍ အားလုံး အားလုံး သတင်းကောင်းများချည်။ ဖြစ်ကြသည်။ ထို.ကြောင်. ခြုံငုံ၍ သုံးသပ်ရလျှင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း သည် မကြာမီ အချိန်အတွင်း ဖွံ.ဖြိုးတိုးတက်လာမည်မှာ ဧကန်မလွဲပင်ဖြစ်သည် ။ ဟိုတယ်များ အနေနှင်. ၊ သယ်ယူပို.ဆောင်ရေးလုပ်ငန်းများအနေနှင်. လည်း မိမိတို.၏ ဈးနှုန်းများ ကို မြှင်.တင်လိုက်ခြင်းဖြင်. ရရှိမည်. အကျိုးအမြတ် နှင်. ခရီးစဉ်တစ်ခုလုံး ဈေးနှုန်းမြင်.မားလွန်းသောကြောင်. ကိုယ်.နိုင်ငံကို မရွေးဘဲ အခြားနိုင်ငံများသို. သွားရောက်လည်ပတ်ရန် ရွေးချယ်လိုက်သောအခါ ဖြစ်ပေါ်လာမည်. Opportunity Cost နှစ်ခုအကြား မည်သည်. အရာကို ရွေးမည်နည်းဟု တွေးတွေးဆဆဖြင်. ချိန်ထိုးတတ်ရန် သာ လိုအပ်ပါတော.သည်။  ဥပမာဆောင်ရသော် မြန်မာ.ခရီးသွားလုပ်ငန်းသည် ရွှေဥ အုပေးမည်. ငန်းတစ်ကောင်ဖြစ်သည်။ ထို.ကြောင်. ရွှေဥအုပေးမည်. ငန်းကို တစ်နပ်စာချက် မစားမိရန် မြန်မာနိုင်ငံ ရှိ ဟိုတယ်များ အပါအ၀င် ၊ အခြား ကဏ္ဍအစုံမှ Supplier များနှင်. Tourism Industry တစ်ခုလုံး၏ Stake Holders များမှ အထူးဂရုပြုသင်.လှ ပေသည်။
ဇာနည်ဦး
၂၆ ၊ မတ်လ ၊ ၂၀၁၂
 The Voice Weekly News Journal Vol 8-No-17
ဧပြီလ ၉ ရက်နေ့ ထုတ် The Voice Weekly ဂျာနယ်
ISO-8859-1__The Voice 8-17
The Voice Weekly
သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ တွေ့ဆုံ
ဓာတ်ပုံ Khin Maung Win
နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံအပြီး ရန်ကုန်လေဆိပ်တွင် သတင်းထောက်များနှင့်အတူ။ (ဧပြီလ ၁၁ ရက်၊ ၂၀၁၂။)
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့ ဧပြီလ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့မနက်က နေပြည်တော်မှာ  တွေ့ဆုံခဲ့ကြပါတယ်။ လတ်တလော မှာတော့ ဆွေးနွေးမှု အပြည့်အစုံကို ၂ ဘက်စလုံးက သတင်းထုတ်ပြန်ခြင်း မရှိသေးပေမယ့် လွှတ်တော်ရဲ့ အခန်းကဏ္ဍနဲ့အတူ အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်မယ့် ကဏ္ဍတွေကို ဆွေးနွေးတာ ဖြစ်မယ်ဆိုတဲ့ ခန့်မှန်း ချက်တွေလည်း ရှိနေပါတယ်။
ဒီသတင်းအပြည့်အစုံကိုတော့ မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။
ဧပြီလ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့ မနက် ၁၁ နာရီမှာ  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ နှစ်ဦး တစ်နာရီခွဲနီးပါးကြာ နေပြည်တော်မှာ သီးသန့်တွေ့ဆုံခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက် ၇ နာရီမှာ လေယာဉ်နဲ့ နေပြည်တော်ကို သွားခဲ့ပြီး နေ့လည်ပိုင်း ရန်ကုန်ကို ပြန်လာခဲ့တယ်လို့ ဒီခရီးစဉ်မှာ အတူလိုက်ပါသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကိုယ်ရေးအရာရှိ ဦးခွန်သာမြင့်က ပြောပါတယ်။
“သမ္မတကြီးနဲ့ မနက် ၁၁ နာရီမှာ အမနဲ့တွေ့ပါတယ်။ အဲဒီကနေ ၁၂ နာရီ ၂၇ မိနစ်လောက်ထိအောင် ကြာပါတယ်။ သူတို့ နှစ်ယောက်တည်း ပြောပါတယ်။ ပြီးတော့ ဧည့်ဆောင်ကိုသွားပြီး နေ့လည်စာနဲ့ ဧည့်ခံပါတယ်။ တခြားသူတွေမပါပါဘူး။ သမ္မတကြီးနဲ့သမ္မကြီးကတော်ရယ်၊ အမရယ်ပါပဲ။ ကျနော်တို့က သပ်သပ် တစ်ပွဲပေါ့။ တခြားအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ ပါမယ်လို့ ကျနော် ယူဆထားတာ။ တနာရီနှစ်ဆယ် လောက်မှာ အိမ်တော်ကနေ ပြန်ထွက်လာပြီးတော့ ရန်ကုန်ကို နှစ်နာရီလေးဆယ်လောက်မှာ ပြန်ရောက်ပါတယ်။”
ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဆွေးနွေးမှုအတွင်း ဘယ်လိုအကြောင်းအရာတွေ ဆွေးနွေးကြတယ်ဆိုတာနဲ့ ပတ်သက်လို့ ခုချိန်အထိတော့ နှစ်ဘက် သတင်းထုတ်ပြန်ခြင်း မရှိသးပါဘူး။ ဒါပေမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အများစု အနိုင်ရထားတဲ့ NLD ပါတီဟာ မကြာခင် လွှတ်တော်ထဲ ရောက်လာတော့မှာမို့ ဒီတွေ့ဆုံမှုအတွင်းမှာ လွှတ်တော်ရဲ့ အခန်းကဏ္ဍတွေ ပါဝင်နိုင်တယ်လို့လည်း ဦးခွန်သာမြင့်က ခန့်မှန်းပါတယ်။
“လွှတ်တော်ထဲကို ရောက်တော့မယ်ဆိုတော့ လွှတ်တော်ထဲက ကဏ္ဍနဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ အစိုးရရဲ့ ကဏ္ဍပေါ့- အဲဒီနှစ်ခုကို ပေါင်းစပ်ပြီးတော့ တိုင်းပြည်ကောင်းအောင် ဘယ်လိုလုပ်မလဲ ဆိုတာကို ဆွေးနွေးမယ်လို့ ယူဆပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ ဦးခွန်သာမြင့်က ဒီကနေ့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ တွေ့ဆုံကြတဲ့ အကြောင်းပြောပြခဲ့တာပါ။ ဒီခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှုကို နေပြည်တော်အခြေစိုက် သတင်းသမားတွေ သတင်းယူခွင့် မရသလို ရန်ကုန်လေဆိပ်ကို ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်ချိန်မှာလည်း တွေ့ဆုံမှုဟာ ကောင်းပါတယ်လို့သာ  သတင်းသမားတွေကို ဖြေခဲ့ပါတယ်။
နိုင်ငံတော်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြတာ ဒုတိယ အကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၁ သြဂုတ်လ ၁၉ ရက်နေ့က တစ်ကြိမ် တွေ့ဆုံခဲ့ဖူးပါတယ်။ ဧပြီလ တစ်ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်နေရာ ၄၅ နေရာမှာ ၄၄ နေရာကို ယှဉ်ပြိုင်ခဲ့တဲ့ NLD ပါတီဟာ ၄၃ နေရာအနိုင်ရခဲ့ပါတယ်။ လတ်တလောမှာ လွှတ်တော်အစည်းဝေးတွေ ရပ်နားထားပေမယ့် ဧပြီလ ၂၃ ရက်နေ့မှာ ပြည်သူ့ လွှတ်တော်ဟာ တတိယအကြိမ် ပုံမှန်အစည်းအဝေးထဲက မပြီးပြတ်တဲ့ ကိစ္စတွေကို ပြန်ဆွေးဖို့ ရှိပြီး လွှတ်တော်အစည်းအဝေးကို NLD က ရွေးချယ်ခံ လွှတ်တော် ကိုယ်စားလှယ်တွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။
ဒီသတင်းနဲ့ တဆက်တည်းပါပဲ ရွေးကောက်ပွဲ ကာလတွေအတွင်း NLD ပါတီကို ကူညီခဲ့ကြသူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  နယ်ဘက် ရွေးကောက်ပွဲ စည်းရုံးရေးတွေမှာ သတင်းလိုက်ယူခဲ့ကြတဲ့ သတင်းသမားတချို့ကို ဖိတ်ပြီး ဒီကနေ့ည ညစာစားပွဲ တခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
VOA
မန်း လူရွှင်တော် ပါပါလေးအဖွဲ့ သံချပ်တိုင် ပြီ နော် (ရုပ်/သံ)
မန္တလေး၏ ရဲဘော်ကြီး ဦးပါပါလေး တို့က တော့ စပြီဗျို့ ... ။
11.4.12 နေ့ ၊ နေ့လည် ၁၂း၀၀ ခန်က ၈၄လမ်း မှာ သ့ချပ်သံတွေ ညံ့နေပါလား
 ပြေးကြည့်လိုက်တော့...မြင်တဲ့ အတိုင်းပါပဲ...ကား နှစိစီးနဲ့...လူရွှင်တော် 
ပါပါလေးနဲ့ အဖွဲ့ က... ရဲရဲတောက် စာသားတွေ ပါတဲ့ သံချပ် ဟန် ... မာန် အပြည့်နဲ့ 
တိုင်နေကြပြီ ဗျို့ ...။
ကိုဝိုင်ဝိုင်ကေ
11.4.12
ဒေးဒရဲမြို့နယ်၊ လှည်းဆိပ်ကျေးရွာအုပ်စု တွင်သမဂ္ဂ(၃)ခုဖွဲ့စည်းခြင်း
ဧပြီလ ၁၂ ရက်နေ့ ၂၀၁၂
ဧရာဝတီတိုင်းဒေသကြီး၊ဒေးဒရဲမြို့နယ်၊ လှည်းဆိပ်ကျေးရွာအုပ်စုတွင်
တိုင်ရီအလုပ်သမားသမဂ္ဂဖွဲ့စည်းေ
ရးအကြံပေးသူ ဦးဌေး
မှအောက်ပါသမဂ္ဂများဖွဲ့စည်းမှုအား
အကြံပေးကူညီခဲ့ပါသည်။
၁။ (၇/၄/၂၀၁၂)အခြေခံတောင်သူလယ်သမား
သမဂ္ဂဖွဲ့စည်းခြင်း
အဖွဲ့ဝင်တောင်သူလယ်သမားဦးရေ-၅၇ ဦးနှင့် အလုပ်အမှုဆောင်အဖွဲ့
(၇)ဦးရွေးချယ်ဖွဲ့စည်းခဲ့ကြော
င်းသိရသည်။ အဆိုပါ ၇-ဦးမှာ ဦးအောင်မြတ်
(ဥက္ကဌ)၊ဦးတင့်ဇော်(တွင်း/မှူး)
၊ဥဲီးမောင်မောင်သန်း(ဘဏ္ဍာရေးမှူး)၊ဒေါ်ခင်ခင်တင့်၊
ဦးအောင်မိုး၊ဦးသိန်းဇံ၊ဦးကြည်ဝင်းတို့ဖြစ်ကြပါသည်။
၂။  (၇/၄/၂၀၁၂)အခြေခံရေလုပ်ငန်းအလု
ပ်သမားသမဂ္ဂဖွဲ့စည်းခြင်း
အဖွဲ့ဝင်အလုပ်သမားဦးရေ-၃၈ ဦးနှင့် အလုပ်အမှုဆောင်အဖွဲ့
(၇)ဦးရွေးချယ်ဖွဲ့စည်းခဲ့ကြော
င်းသိရသည်။ အဆိုပါ ၇-ဦးမှာ
ဦးစိန်လှ(ဥက္ကဌ)၊ဦးကျော်စွာ(တွ
င်း/မှူး)၊ဥဲီးကျော်မိုးလှိုင်(ဘဏ္ဍာရေးမှူး)ဦးကျော်ကျော်၊
ဦးလှမျိုးဝင်း၊ဦးလှဆန်း တို့ဖြစ်ကြပါသည်။
၃။ (၈/၄/၂၀၁၂)အခြေခံစိုက်ပျိုးရေး
သမဂ္ဂဖွဲ့စည်းခြင်း
အဖွဲ့ဝင်တောင်သူလယ်သမားဦးရေ-၇၇ ဦးနှင့် အလုပ်အမှုဆောင်အဖွဲ့
(၇)ဦးအား(၁၀/၄/၂၀၁၂)တွင်ရွေးချ
ယ်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။ အဆိုပါ
၇-ဦးမှာ ဦးဝင်းဇော်(ဥက္ကဌ)၊ဦးမျိုးမြင်
့နိုင်(တွင်း/မှူး)၊ဥဲီးတေဇလင်းအောင်(ဘဏ္ဍာရေးမှူး)၊
ဦးသိန်းမြင့်၊ဦးမျိုးကိုကိုပိုင်၊ဒေါ်စန်းစန်းမြတ်၊ဒေါ်မြင့် တို့ဖြစ်ကြပါသည်။
Myanmar News Now
မြန်မာနိုင်ငံရှိကမ်းခြေများတွင် ဆူနာမီကာကွယ်ရန်ပြင်ဆင်မှူများ ပြုလုပ်နေပြီ
ယနေ့ညနေ လှူပ်ခတ်ခဲ့သည့် အင်ဒိုနီးရှား ငလျင်ကြောင့် မြန်မာနိုင်ငံရှိကမ်းခြေများတွင
် ဆူနာမီကာကွယ်ရန်ပြင်ဆင်မှူများ ပြုလုပ်နေပြီဖြစ်ကြောင်း သက်ဆိုင်ရာကမ်းခြေများမှ စုံစမ်းသိရှိရသည်။
ချောင်းသာကမ်းခြေတွင်ရောက်ရှိနေ
သည့် ဧည့်သည်များအား ငလျင်လှုပ်ခတ်အပြီးတွင် သက်ဆိုင်ရာဟိုတယ်များ
အလိုက် သတိပေးချက်ထုတ်ပြန်မှုကြောင့် ယခုအချိန်တွင်
ကမ်းခြေမှာရှင်းလင်းသွား ပြီး ပင်လယ်အတွင် ရောက်ရှိနေသည့် စက်လှေများလည်း ကမ်းခြေသို့ပြန်လည်ဆိုက်ကပ်ထားကြကြောင်း ချောင်းသာ ဟိုတယ်များမှ စုံစမ်းသိရှိရသည်။
"၃နာရီလောက်မှာ ငလျင်လှူပ်တော့ CNN မှာသတိပေးချက်တွေ့တာနဲ့အကုန်လုံးကမ်းပေါ်ပြန်တက်ကြဖို့ခေါ်တယ်။ တစ်ချို့ဧည့်သည်တွေကတော့ မယုံကြဘူး" ဟု ချောင်းသာကမ်းခြေ bell resort ဧည့်ကြိုကောင်တာမှတာဝန်ကျ ၀န်ထမ်းတစ်ဦးကပြောသည်။
အလားတူ ငပလီကမ်းခြေတွင်လည်း ညနေ ၃ နာရီအချိန်ခန့်က ပင်လယ်ဘက်မှမီးတောက်အချို့ထွက်ပေါ်လာသည်ကိုမြင်တွေ့ရသဖြင့် ယင်းကမ်းခြေမှ ဟိုတယ်များအားလုံး ပိတ်ထားကြပြီး ဧည့်သည်များအား အရေးပေါ်ရွှေ့ပြောင်းရန် စီစဉ်လျက်ရှိကြောင်း ငပလီ ဟိုတယ်ဇုန်မှတာဝန်ရှိသူတစ်ဦးကပြောသည်။
" ခု Amazing ဟိုတယ်ကတော့သူတို့ဟိုတယ်
က ဧည့်သည် ၉၂ ယောက်ကို ရွှေ့ဖို့ ချက်ချင်းလုပ်နေကြတယ်။ တခြားဟိုတယ်တွေကိုလည်းသက်ဆိုင်ရာက သတိပေးနေတယ်" ဟုငပလီကမ်းခြေသို့ဆက်သွယ်မေးမြန်းထားသည့် 7day news သတင်းထောက်က သတင်းပေးပို့သည်။
ဟိုတယ်တွေအားလုံးတော့ပိတ်လိုက်ပြီ "ဟု ငပလီကမ်းခြေသို့ ဆက်သွယ်စုံစမ်းထားသည့် 7day news သတင်းထောက်က သတင်းပေးပို့သည်။
 7Day News Journal
ဆူနာမီနှင့်ပတ်သက်၍ ဦးထွန်းလွင်နှင့် အင်တာဗျူး
Messenger News Journal
ဧပြီလ ၁၁ ရက်နေ့ ၂၀၁၂
 လတ်တလော အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းကို ဗဟိုပြုပြီး ငလျင်လှုပ်တယ်၊ မြန်မာနိုင်ငံ အတွင်းမှာလည်း ငလျင်လှုပ်တယ်ဆိုပြီး သတင်းထွက်ပေါ်လာတယ်။ အဲဒီအပေါ် ဆရာ ဘယ်လို သုံးသပ်ပါသလဲ။
မြန်မာစံတော်ချိန် 3 နာရီ 8 မိနစ်မှာ ငလျင်တစ်ခုလှုပ်တယ်။ ရစ်တာစကေး ၈ ဒသမ ၇ အင်အားရှိတယ်။ အခု ငလျင်လိုမျိုး ၂၀၀၄ ဒီဇင်ဘာ ၂၆ က အင်ဒိုနီးနိုင်ငံ မြောက်ဘက် ဆူမားတြား၊ အနောက်တောင်ဘက် ရေအောက်ပင်လယ်ပြင် ၂၆၈ အကွာကို ဗဟိုပြုပြီး လှုပ်ခတ်သွားခဲ့တယ်။ အဲဒီတုန်းက ငလျင်ပြင်းအားက ၉ ဒသမ ၁ ရှိတယ်။
မြန်မာနိုင်ငံကို ရောက်လာနိုင်ပါသလား။
မြန်မာနိုင်ငံကို လာမယ်၊ မလာဘူးဆိုတာ လေးနာရီလောက် စောင့်ကြည့်ရဦးမယ်။ ည ၇ နာရီကျော်မှ စိတ်ချရတဲ့ အနေအထားရှိတယ်။
၈ ဒသမ ၇ ပြင်းအားရှိတယ်ဆိုတော့ မြန်မာနိုင်ငံကို ရောက်တဲ့အခါ ဘယ်လောက်ထိ ပြင်းထန်နိုင်တယ်လို့ ဆရာထင်ပါသလဲ။
ငလျင်ကလည်း အလွန်ပြင်းတယ်။ ဆူနာရီရေလှိုင်းဖြစ်ဖို့ အလားအလာများတယ်။ ကြိုတင်သတိရှိဖို့နဲ့ ကာကွယ်ဖို့လိုတယ်။ ပေ ၃၀ အမြင့်လောက်မှာ ပြောင်းရွှေ့နေထိုင်ရမယ်။ ပင်လယ်ကမ်းစပ်ဒေသမြို့တွေက အထူးသတိထားရမယ်။ ငွေဆောင်၊ ချောင်းသာ၊ ကော့သောင်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေက အထူးသတိထားရမယ်။ နောက်ပြီး ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာနှင့် ထိစပ်နေတဲ့ နိုင်ငံတွေလည်း ဂရုစိုက်ရမယ်။
ကမ်းခြေရှိတဲ့ မြို့တိုင်းမှာ ထိခိုက်မှုရှိနိုင်လား။
ကမ်းခြေရှိတဲ့ မြို့တိုင်းမှာ သတိထားရမယ်။ တစ်နေရာနှင့်တစ်နေရာတော့ ထိခိုက်မှုမရှိနိုင်ဘူး။ ၂၀၀၄ ခုနှစ်က မြန်မာနိုင်ငံမှာ လူ ၆၁ ယောက်သေတယ်။ အပျက်အစီးတွေလည်း ရှိခဲ့တယ်။ အခုဟာက ဆူနာမီဖြစ်ဖို့ အချက်အလက်ပြည့်စုံနေတယ်။
Messenger News Journal
ဆူနာမီနှင့် ပတ်သတ်၍ ဦးကျော်ထွန်း၊ ဘူမိဗေဒပညာရှင်၏ သုံးသပ်ချက်
အခု လှုပ်တဲ့ ငလျင်က ဆူနာမီကို အခြေခံပြီး လှုပ်တဲ့ ငလျင်ပဲ။ ၂၀၀၄ တုန်းကလည်း လှုပ်ခဲ့တယ်။ အဲဒီတုန်းက ၉ ဒသမ ၁ အင်အားရှိတယ်။ အခုက ၈ ဒသမ ၇ ဆိုတော့ တအားပြင်းထန်တယ်။ အခုငလျင်နဲ့ ဆပ်စပ်ပြီး မြန်မာနိုင်ငံအနေနဲ့ မြေလွတ် မြေပျော့တွေရှိတဲ့ နေရာတွေမှာ သတိထားရမယ်။
အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံရဲ့ အောက်ဘက်မှာရှိနေတဲ့အတွက် မြေမျက်နှာပြင် ၁၄ ဒီဂရီအောက် နိမ့်တဲ့ နေရာတွေ စိုးရိမ်ရတယ်၊။
အမြင့်ပိုင်းတွေက စိုးရိမ်စရာမရှိဘူး။
မြန်မာနိုင်ငံကို ဆူနာမီ ဘယ်လောက်ထိ လာနိုင်မလဲဆိုတာတော့ သေချာမသိသေးဘူး။
Messenger News Journal
မြန်မာနိုင်ငံကမ်းရိုးတန်းဒေသဆူနာမီလှိုင်း ရောက်ရှိနိုင်သော်လည်း သတိပေးချက် ထုတ်ပြန်မှုမရှိသေး
ဧပြီ ၁၁ ရက်၊ ၂၀၁၂ ခုနှစ် ညနေ ၅ နာရီ ၄၅ မိနစ်-YPI
ယနေ့မွန်းလွဲ ၃ နာရီ ၈ မိနစ်တွင် အင်ဒိုးနီးရှား နိုင်ငံအာချေးဒေသကို ဗဟိုပြုလှုပ်ခတ်သွားသည့် အင်အားပြင်းထန်သည့် ငလျင်ကြောင့် ဖြစ်ပေါ်လာမည့် ဆူနာမီရေလှိုင်း ရောက်ရှိနိုင်သည့် ဒေသများထဲတွင် မြန်မာနိုင်ငံကမ်းရိုးတန်းဒေသများလည်း ပါဝင်လျှက်ရှိသော်လည်း မည်သည့် သတိပေးချက်မျှ ထုတ်ပြန်ခြင်း မရှိသေးဟု မြန်မာနိုင်ငံ ကမ်းရိုးတန်း ဒေသများတွင် နေထိုင်သူများကပြောသည်။
ပြင်ခရိုင် မြို့နယ်တွင် နေထိုင်သူ ဦးအာရ်ဇားက “ငလျင်လှုပ်သွားတာသိတယ်။ ကျွန်တော်တို့ ဆီမှာတော့ ရေဒီယိုကို နားထောင်နေကြတယ်။ ဘာသတိပေးချက်မှတော့ မကြားရသေးဘူး၊ လူတွေတော့ ရုတ်ရုတ်သဲသဲ ပြောဆိုနေကြတာပဲ ရှိသေးတယ်” ဟုပြောသည်။
အလားတူ ငွေဆောင်ကမ်းခြေရှိ ရေ၀တီတည်းခိုခန်း ပိုင်ရှင် ဦးစန်းရွှေကလည်း ငလျင်လှုပ်ခတ်သည်ကို မသိရှိကြပဲ ဆူနာမီလှိုင်း သတိပေးချက် ထုတ်ပြန်သည်ကိုလည်း မကြားသိရကြောင်း ပြောဆိုသည်။
ချောင်းသာကမ်းခြေ ဆည်းဆာနီ တည်းခိုခန်း ပိုင်ရှင် ဦးမောင်မြိုင်ကမူ “ငလျင်လှုပ်တာတော့သိတယ်။ အန္တရာယ် သတိပေးချက် ထုတ်ပြန်တာမရှိသေးဘူး” ဟု YPI သို့ပြောသည်။
ဆူနာမီလှိုင်း အန္တရာယ် သက်ရောက်နိုင်သည့် နိုင်ငံများအထဲတွင် ငလျင်ဗဟိုချက်ပြုရာ အင်ဒိုနီးရှား နိုင်ငံအပြင် မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ ထိုင်း၊ အိန္ဒိယ၊ မော်လ်ဒိုက်ဗ် နိုင်ငံတို့ပါဝင်သည်ဟု CNA သတင်းဋ္ဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ယင်းသတင်းဋ္ဌာနမှ ဖေါ်ပြချက်အရ ထိုင်းနိုင်ငံတွင် အက်ဒမန် ကမ်းရိုးတန်းတလျှောက် အန္တရာယ်ကင်းရှင်းသည့်နေရာသို့ တိမ်းရှောင်ကြရန် သတိပေးချက် ထုတ်ပြန်ထားပြီး ပင်လယ်ပြင်နှင့် ကပ်လျှက်ရှိသည့် ဖူကက်လေဆိပ်ကိုလည်း ငလျင်လှုပ်ပြီး နာရီပိုင်းအကြာ၌ ပိတ်ထားလိုက်သည်ဟု သိရှိရသည်။
မြန်မာနိုင်ငံတွင်ညနေ ၅နာရီ ခွဲဝန်းကျင်ထိ မည်သည့် အရေးပေါ် သတိပေးထုတ်ပြန်ချက်မှ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
Yangon Press International
ဆူနာမီ သတိပေးချက် နိုင်ငံပိုင် မီဒီယာများမှ ထုတ်လွှင့်လျက်ရှိ
အကယ်၍ ဆူနာမီလှိုင်း ဖြစ်ပေါ်ခဲ့သည် ဆိုပါက မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းနှင့် ရခိုင် ကမ်းရိုးတန်း ဒေသများသို့ ယခုအချိန်မှ စတင်ပြီး နောက်ထပ် နှစ်နာရီအတွင်း ရောက်ရှိလာနိုင် သဖြင့် ဆူနာမီ သဘာဝဘေးဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားရန် နိုင်ငံပိုင် မီဒီယာများမှ ထုတ်လွှင့်လျက်ရှိပါသည်။
 Eleven Media Group
EARTH QUAKE AND TSUNAMI in INDONESIA 11- 4-2012 (Video)
Uploaded by BahrainMedia on Apr 11, 2012
Indonesia issues tsunami warning after 8.7 earthquake
Jakarta: Indonesia issued a tsunami warning Wednesday after an earthquake with a preliminary magnitude of 8.7 hit waters off westernmost Aceh province. People on Twitter said tremors were felt in Singapore, Thailand, Malaysia and India. High-rise apartments and offices on Malaysia's west coast shook for at least a minute.
The Pacific Tsunami Warning Center in Hawaii said a tsunami watch was in effect for Indonesia, India, Sri Lanka, Australia, Myanmar, Thailand, the Maldives and other Indian Ocean islands, Malaysia, Pakistan, Somalia, Oman, Iran, Bangladesh, Kenya, South Africa and Singapore.
Earthquake and tsunami experts say that the waves are likely to be more than 6 metres high.
ကျွန်းနံ့သာကျွန်းပေါ်တွင် ယနေ့ ၃ နာရီ ၄၅ မိနစ်က မီးတောင်ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွား
ငပလီကမ်းခြေ၏ ရေမိုင် ၁၅ မိုင်အကွာရှိ ကျွန်းနံ့သာကျွန်းပေါ်တွင် ယနေ့ ၃ နာရီ ၄၅ မိနစ်က မီးတောင်ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ပြီး မီးညွှန့်များမှာ တစ်နာရီလျှင် တစ်ကြိမ်တက်လာလျှက်ရှိနေကြောင်း သတင်းရရှိသည်။
7Day News Journal
----------------------------------------------
 သံတွဲဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းချက်အရ ထိုကျွန်းကို ဒေသခံများက ကျွန်းနံ့သာဟု ခေါ်ကြပြီး သံတွဲကမ်းခြေနှင့်မဝေးလှကာ၊ ကျွန်းအနီးပင်လယ်ပြင်ထဲမှ ပြာမှုန်များ လေထဲသို ပေလေးငါးဆယ်ခန့်အမြင့်အထိ ထိုးတက်နေသည်ကိုမြင်ရကြောင်းသိရသည်။
 Popular Myanmar News Journal
ဦးခင်ညွှန့်မပြောခဲ့ပါဘူးလို့ မီဒီယာကိုအသိပေးတဲ့ သမိုင်းတွင်သတင်းစာရှင်းပွဲ
ရန်ကုန်မြို့ပြည်ထဲဝန်ကြီးရုံးဟောင်း(ယ္ခုပါတ်စ်ပို့စ်ရုံး) သတင်းတပ်ဖွဲ့ရုံးခန်းတွင် သတင်းတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးဝင်းနိုင်ထွန်း ဦးဆောင်သောအဖွဲ့မှ ယနေ့နေ့လည်(၂)နာရီတွင် မီဒီယာများအားသတင်းစာရှင်းပွဲပြုလုပ်ခဲ့သည်။ 
၂၀၀၃ခုနှစ် ဒီပဲရင်းလုပ်ကြံမှုအရေးအခင်းတွင် စစ်ထောက်လှမ်းရေးမှ ဦးခင်ညွှန့်အမိန့်ဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ကယ်ခဲ့ရသည်ဟု ဘန်ကောက်စ်ပို့သတင်းစာသို့ပြောဆိုခဲ့မှုကို သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးဟောင်းတဦးက ဦးခင်ညွှန်သည် ဒီဲ့ရင်းအရေးအခင်းနှင့်ပါတ်သက်ပြီး မည်သည့်သတင်းဌာနများသို့ ပြောကြားခြင်းမရှိခဲ့ကြောင်းကို ဦးခင်ညွှန် လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွှတ်ပြီးချိန်တွင် မီဒီယာသို့ပြောကြားခဲ့သော" ကျတော်နိုင်ငံလုပ်ဖို့အစီအစဉ်မရှိပါဘူး" ဆိုသည့်စကားကိုကိုးကားပြောဆိုခဲ့ကြောင်းသတင်းရရှိသည်။
ဘန်ကောက်ပို့စ်ဆိုတာ သြဇာကြီးမားတဲ့မီဒီယာတခုဘဲဗျာ….
. မပြောဘဲနဲ့တော့ ရေးမယ်မထင်ဘူးဗျ။ သတင်းမီဒီကျင့်ဝတ်အရလေဟု ပြည်တွင်းသတင်းထောက်က သူ့ရဲ့အမြင်ကိုပြောပြခဲ့သည်။ ဦးခင်ညွှန့် ဒီပဲရင်းအရေးအခင်းကို ထုတ်ပြောလိုက်တော့ နိုင်ငံရေးအသိုင်းရော၊ပြည်သူတွေကြားရော အတော်လေးကို အံ့သြသွားကြတာ၊ နောက်ရက်သိပ်မကွာဘဲ သာနာဘောင်ဝင်သွားတယ်ဗျာ….ဦးခင်ညွှန့်ပြန်အဖမ်းခံရမှာစိုးလို့ ပဇင်းတက်သွားပြီဆိုတဲ့စကားတွေ နေရာအနှံမှာပြောနေကြကြောင်းဆက်လက်ပြောပြပါသည်။
နိုင်ငံရေးအသိုင်းအဝန်းကတော့ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက်တွေဟာ သင်ပုန်းချေရေးလမ်းစဉ်နဲ့ ဒီမိုကရေစီဖေါ်ဆောင်ရေးလမ်းကို သွားနေတဲ့အချိန် ဦးခင်ညွှန်ရဲ့ ယ္ခုလိုအစဖေါ်အတိတ်ကိုမီဒီယာကနြေေ
ပာလိုက်ခြင်းဟာ မြန်မာ့နိုင်ငံရေးအတွက်ကြီးမားတဲ့အနှောင့်အယှက်တခုဖြစ်နိုင်တယ်လို့ သုံးသပ်ကြကြောင်းသိရသည်။
ယ္ခုသတင်းစာရှင်းလင်းပွဲဟာ ထူးခြားမှုတခုဖြစ်တာကအမှန်ပါ။ ပြောခဲ့တဲ့ကာယကံရှင်က အများတွက်ဆကြသလို ပြောဆိုပြီးသာသနာ့ ဘောင်ဝင်ရောက်သွားပြီး သတင်းတပ်ဖွဲ့ကဗိုလ်မှူးဟောင်း
တဦးကဦးခင်ညွှန့်ကိုယ်စား ဦးခင်ညွှန့်မပြောခဲ့ပါဘူးလို့ မီဒီယာကိုအသိပေးတဲ့ သမိုင်းတွင်သတင်းစာရှင်းပွဲတခုအဖြစ်တင်ပြလိုက်ရပါသည်။
 Myanmar News Now
 (ပုံမှာ ယနေ့ ၁၁.၄.၂၀၁၂ နေ့လည် ၂ နာရီတွင် ရန်ကုန်မြို့၊ ပြည်ထဲရေးရုံးဟောင်းအတွင်းပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ ဗိုလ်မှူးဟောင်း ၀င်းမောင်မောင်အား တွေ့ရစဉ်)
ဓာတ်ပုံ- ဥက္ကာကိုကို (
7Day News Journal)
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)
© Myanmar News Now Copyright by Thit Htoo Lwin
Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်