မြန်မာနိုင်ငံရှိကမ်းခြေများတွင် ဆူနာမီကာကွယ်ရန်ပြင်ဆင်မှူများ ပြုလုပ်နေပြီ
ယနေ့ညနေ လှူပ်ခတ်ခဲ့သည့် အင်ဒိုနီးရှား ငလျင်ကြောင့် မြန်မာနိုင်ငံရှိကမ်းခြေများတွင
် ဆူနာမီကာကွယ်ရန်ပြင်ဆင်မှူများ ပြုလုပ်နေပြီဖြစ်ကြောင်း သက်ဆိုင်ရာကမ်းခြေများမှ စုံစမ်းသိရှိရသည်။
ချောင်းသာကမ်းခြေတွင်ရောက်ရှိနေ
သည့် ဧည့်သည်များအား ငလျင်လှုပ်ခတ်အပြီးတွင် သက်ဆိုင်ရာဟိုတယ်များ
အလိုက် သတိပေးချက်ထုတ်ပြန်မှုကြောင့် ယခုအချိန်တွင်
ကမ်းခြေမှာရှင်းလင်းသွား ပြီး ပင်လယ်အတွင် ရောက်ရှိနေသည့် စက်လှေများလည်း ကမ်းခြေသို့ပြန်လည်ဆိုက်ကပ်ထားကြကြောင်း ချောင်းသာ ဟိုတယ်များမှ စုံစမ်းသိရှိရသည်။
"၃နာရီလောက်မှာ ငလျင်လှူပ်တော့ CNN မှာသတိပေးချက်တွေ့တာနဲ့အကုန်လုံးကမ်းပေါ်ပြန်တက်ကြဖို့ခေါ်တယ်။ တစ်ချို့ဧည့်သည်တွေကတော့ မယုံကြဘူး" ဟု ချောင်းသာကမ်းခြေ bell resort ဧည့်ကြိုကောင်တာမှတာဝန်ကျ ၀န်ထမ်းတစ်ဦးကပြောသည်။
အလားတူ ငပလီကမ်းခြေတွင်လည်း ညနေ ၃ နာရီအချိန်ခန့်က ပင်လယ်ဘက်မှမီးတောက်အချို့ထွက်ပေါ်လာသည်ကိုမြင်တွေ့ရသဖြင့် ယင်းကမ်းခြေမှ ဟိုတယ်များအားလုံး ပိတ်ထားကြပြီး ဧည့်သည်များအား အရေးပေါ်ရွှေ့ပြောင်းရန် စီစဉ်လျက်ရှိကြောင်း ငပလီ ဟိုတယ်ဇုန်မှတာဝန်ရှိသူတစ်ဦးကပြောသည်။
" ခု Amazing ဟိုတယ်ကတော့သူတို့ဟိုတယ်
က ဧည့်သည် ၉၂ ယောက်ကို ရွှေ့ဖို့ ချက်ချင်းလုပ်နေကြတယ်။ တခြားဟိုတယ်တွေကိုလည်းသက်ဆိုင်ရာက သတိပေးနေတယ်" ဟုငပလီကမ်းခြေသို့ဆက်သွယ်မေးမြန်းထားသည့် 7day news သတင်းထောက်က သတင်းပေးပို့သည်။
ဟိုတယ်တွေအားလုံးတော့ပိတ်လိုက်ပြီ "ဟု ငပလီကမ်းခြေသို့ ဆက်သွယ်စုံစမ်းထားသည့် 7day news သတင်းထောက်က သတင်းပေးပို့သည်။
 7Day News Journal
ဆူနာမီနှင့်ပတ်သက်၍ ဦးထွန်းလွင်နှင့် အင်တာဗျူး
Messenger News Journal
ဧပြီလ ၁၁ ရက်နေ့ ၂၀၁၂
 လတ်တလော အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းကို ဗဟိုပြုပြီး ငလျင်လှုပ်တယ်၊ မြန်မာနိုင်ငံ အတွင်းမှာလည်း ငလျင်လှုပ်တယ်ဆိုပြီး သတင်းထွက်ပေါ်လာတယ်။ အဲဒီအပေါ် ဆရာ ဘယ်လို သုံးသပ်ပါသလဲ။
မြန်မာစံတော်ချိန် 3 နာရီ 8 မိနစ်မှာ ငလျင်တစ်ခုလှုပ်တယ်။ ရစ်တာစကေး ၈ ဒသမ ၇ အင်အားရှိတယ်။ အခု ငလျင်လိုမျိုး ၂၀၀၄ ဒီဇင်ဘာ ၂၆ က အင်ဒိုနီးနိုင်ငံ မြောက်ဘက် ဆူမားတြား၊ အနောက်တောင်ဘက် ရေအောက်ပင်လယ်ပြင် ၂၆၈ အကွာကို ဗဟိုပြုပြီး လှုပ်ခတ်သွားခဲ့တယ်။ အဲဒီတုန်းက ငလျင်ပြင်းအားက ၉ ဒသမ ၁ ရှိတယ်။
မြန်မာနိုင်ငံကို ရောက်လာနိုင်ပါသလား။
မြန်မာနိုင်ငံကို လာမယ်၊ မလာဘူးဆိုတာ လေးနာရီလောက် စောင့်ကြည့်ရဦးမယ်။ ည ၇ နာရီကျော်မှ စိတ်ချရတဲ့ အနေအထားရှိတယ်။
၈ ဒသမ ၇ ပြင်းအားရှိတယ်ဆိုတော့ မြန်မာနိုင်ငံကို ရောက်တဲ့အခါ ဘယ်လောက်ထိ ပြင်းထန်နိုင်တယ်လို့ ဆရာထင်ပါသလဲ။
ငလျင်ကလည်း အလွန်ပြင်းတယ်။ ဆူနာရီရေလှိုင်းဖြစ်ဖို့ အလားအလာများတယ်။ ကြိုတင်သတိရှိဖို့နဲ့ ကာကွယ်ဖို့လိုတယ်။ ပေ ၃၀ အမြင့်လောက်မှာ ပြောင်းရွှေ့နေထိုင်ရမယ်။ ပင်လယ်ကမ်းစပ်ဒေသမြို့တွေက အထူးသတိထားရမယ်။ ငွေဆောင်၊ ချောင်းသာ၊ ကော့သောင်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေက အထူးသတိထားရမယ်။ နောက်ပြီး ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာနှင့် ထိစပ်နေတဲ့ နိုင်ငံတွေလည်း ဂရုစိုက်ရမယ်။
ကမ်းခြေရှိတဲ့ မြို့တိုင်းမှာ ထိခိုက်မှုရှိနိုင်လား။
ကမ်းခြေရှိတဲ့ မြို့တိုင်းမှာ သတိထားရမယ်။ တစ်နေရာနှင့်တစ်နေရာတော့ ထိခိုက်မှုမရှိနိုင်ဘူး။ ၂၀၀၄ ခုနှစ်က မြန်မာနိုင်ငံမှာ လူ ၆၁ ယောက်သေတယ်။ အပျက်အစီးတွေလည်း ရှိခဲ့တယ်။ အခုဟာက ဆူနာမီဖြစ်ဖို့ အချက်အလက်ပြည့်စုံနေတယ်။
Messenger News Journal
ဆူနာမီနှင့် ပတ်သတ်၍ ဦးကျော်ထွန်း၊ ဘူမိဗေဒပညာရှင်၏ သုံးသပ်ချက်
အခု လှုပ်တဲ့ ငလျင်က ဆူနာမီကို အခြေခံပြီး လှုပ်တဲ့ ငလျင်ပဲ။ ၂၀၀၄ တုန်းကလည်း လှုပ်ခဲ့တယ်။ အဲဒီတုန်းက ၉ ဒသမ ၁ အင်အားရှိတယ်။ အခုက ၈ ဒသမ ၇ ဆိုတော့ တအားပြင်းထန်တယ်။ အခုငလျင်နဲ့ ဆပ်စပ်ပြီး မြန်မာနိုင်ငံအနေနဲ့ မြေလွတ် မြေပျော့တွေရှိတဲ့ နေရာတွေမှာ သတိထားရမယ်။
အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံရဲ့ အောက်ဘက်မှာရှိနေတဲ့အတွက် မြေမျက်နှာပြင် ၁၄ ဒီဂရီအောက် နိမ့်တဲ့ နေရာတွေ စိုးရိမ်ရတယ်၊။
အမြင့်ပိုင်းတွေက စိုးရိမ်စရာမရှိဘူး။
မြန်မာနိုင်ငံကို ဆူနာမီ ဘယ်လောက်ထိ လာနိုင်မလဲဆိုတာတော့ သေချာမသိသေးဘူး။
Messenger News Journal
မြန်မာနိုင်ငံကမ်းရိုးတန်းဒေသဆူနာမီလှိုင်း ရောက်ရှိနိုင်သော်လည်း သတိပေးချက် ထုတ်ပြန်မှုမရှိသေး
ဧပြီ ၁၁ ရက်၊ ၂၀၁၂ ခုနှစ် ညနေ ၅ နာရီ ၄၅ မိနစ်-YPI
ယနေ့မွန်းလွဲ ၃ နာရီ ၈ မိနစ်တွင် အင်ဒိုးနီးရှား နိုင်ငံအာချေးဒေသကို ဗဟိုပြုလှုပ်ခတ်သွားသည့် အင်အားပြင်းထန်သည့် ငလျင်ကြောင့် ဖြစ်ပေါ်လာမည့် ဆူနာမီရေလှိုင်း ရောက်ရှိနိုင်သည့် ဒေသများထဲတွင် မြန်မာနိုင်ငံကမ်းရိုးတန်းဒေသများလည်း ပါဝင်လျှက်ရှိသော်လည်း မည်သည့် သတိပေးချက်မျှ ထုတ်ပြန်ခြင်း မရှိသေးဟု မြန်မာနိုင်ငံ ကမ်းရိုးတန်း ဒေသများတွင် နေထိုင်သူများကပြောသည်။
ပြင်ခရိုင် မြို့နယ်တွင် နေထိုင်သူ ဦးအာရ်ဇားက “ငလျင်လှုပ်သွားတာသိတယ်။ ကျွန်တော်တို့ ဆီမှာတော့ ရေဒီယိုကို နားထောင်နေကြတယ်။ ဘာသတိပေးချက်မှတော့ မကြားရသေးဘူး၊ လူတွေတော့ ရုတ်ရုတ်သဲသဲ ပြောဆိုနေကြတာပဲ ရှိသေးတယ်” ဟုပြောသည်။
အလားတူ ငွေဆောင်ကမ်းခြေရှိ ရေ၀တီတည်းခိုခန်း ပိုင်ရှင် ဦးစန်းရွှေကလည်း ငလျင်လှုပ်ခတ်သည်ကို မသိရှိကြပဲ ဆူနာမီလှိုင်း သတိပေးချက် ထုတ်ပြန်သည်ကိုလည်း မကြားသိရကြောင်း ပြောဆိုသည်။
ချောင်းသာကမ်းခြေ ဆည်းဆာနီ တည်းခိုခန်း ပိုင်ရှင် ဦးမောင်မြိုင်ကမူ “ငလျင်လှုပ်တာတော့သိတယ်။ အန္တရာယ် သတိပေးချက် ထုတ်ပြန်တာမရှိသေးဘူး” ဟု YPI သို့ပြောသည်။
ဆူနာမီလှိုင်း အန္တရာယ် သက်ရောက်နိုင်သည့် နိုင်ငံများအထဲတွင် ငလျင်ဗဟိုချက်ပြုရာ အင်ဒိုနီးရှား နိုင်ငံအပြင် မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ ထိုင်း၊ အိန္ဒိယ၊ မော်လ်ဒိုက်ဗ် နိုင်ငံတို့ပါဝင်သည်ဟု CNA သတင်းဋ္ဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ယင်းသတင်းဋ္ဌာနမှ ဖေါ်ပြချက်အရ ထိုင်းနိုင်ငံတွင် အက်ဒမန် ကမ်းရိုးတန်းတလျှောက် အန္တရာယ်ကင်းရှင်းသည့်နေရာသို့ တိမ်းရှောင်ကြရန် သတိပေးချက် ထုတ်ပြန်ထားပြီး ပင်လယ်ပြင်နှင့် ကပ်လျှက်ရှိသည့် ဖူကက်လေဆိပ်ကိုလည်း ငလျင်လှုပ်ပြီး နာရီပိုင်းအကြာ၌ ပိတ်ထားလိုက်သည်ဟု သိရှိရသည်။
မြန်မာနိုင်ငံတွင်ညနေ ၅နာရီ ခွဲဝန်းကျင်ထိ မည်သည့် အရေးပေါ် သတိပေးထုတ်ပြန်ချက်မှ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
Yangon Press International
ဆူနာမီ သတိပေးချက် နိုင်ငံပိုင် မီဒီယာများမှ ထုတ်လွှင့်လျက်ရှိ
အကယ်၍ ဆူနာမီလှိုင်း ဖြစ်ပေါ်ခဲ့သည် ဆိုပါက မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းနှင့် ရခိုင် ကမ်းရိုးတန်း ဒေသများသို့ ယခုအချိန်မှ စတင်ပြီး နောက်ထပ် နှစ်နာရီအတွင်း ရောက်ရှိလာနိုင် သဖြင့် ဆူနာမီ သဘာဝဘေးဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားရန် နိုင်ငံပိုင် မီဒီယာများမှ ထုတ်လွှင့်လျက်ရှိပါသည်။
 Eleven Media Group
EARTH QUAKE AND TSUNAMI in INDONESIA 11- 4-2012 (Video)
Uploaded by BahrainMedia on Apr 11, 2012
Indonesia issues tsunami warning after 8.7 earthquake
Jakarta: Indonesia issued a tsunami warning Wednesday after an earthquake with a preliminary magnitude of 8.7 hit waters off westernmost Aceh province. People on Twitter said tremors were felt in Singapore, Thailand, Malaysia and India. High-rise apartments and offices on Malaysia's west coast shook for at least a minute.
The Pacific Tsunami Warning Center in Hawaii said a tsunami watch was in effect for Indonesia, India, Sri Lanka, Australia, Myanmar, Thailand, the Maldives and other Indian Ocean islands, Malaysia, Pakistan, Somalia, Oman, Iran, Bangladesh, Kenya, South Africa and Singapore.
Earthquake and tsunami experts say that the waves are likely to be more than 6 metres high.
ကျွန်းနံ့သာကျွန်းပေါ်တွင် ယနေ့ ၃ နာရီ ၄၅ မိနစ်က မီးတောင်ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွား
ငပလီကမ်းခြေ၏ ရေမိုင် ၁၅ မိုင်အကွာရှိ ကျွန်းနံ့သာကျွန်းပေါ်တွင် ယနေ့ ၃ နာရီ ၄၅ မိနစ်က မီးတောင်ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ပြီး မီးညွှန့်များမှာ တစ်နာရီလျှင် တစ်ကြိမ်တက်လာလျှက်ရှိနေကြောင်း သတင်းရရှိသည်။
7Day News Journal
----------------------------------------------
 သံတွဲဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းချက်အရ ထိုကျွန်းကို ဒေသခံများက ကျွန်းနံ့သာဟု ခေါ်ကြပြီး သံတွဲကမ်းခြေနှင့်မဝေးလှကာ၊ ကျွန်းအနီးပင်လယ်ပြင်ထဲမှ ပြာမှုန်များ လေထဲသို ပေလေးငါးဆယ်ခန့်အမြင့်အထိ ထိုးတက်နေသည်ကိုမြင်ရကြောင်းသိရသည်။
 Popular Myanmar News Journal
ဦးခင်ညွှန့်မပြောခဲ့ပါဘူးလို့ မီဒီယာကိုအသိပေးတဲ့ သမိုင်းတွင်သတင်းစာရှင်းပွဲ
ရန်ကုန်မြို့ပြည်ထဲဝန်ကြီးရုံးဟောင်း(ယ္ခုပါတ်စ်ပို့စ်ရုံး) သတင်းတပ်ဖွဲ့ရုံးခန်းတွင် သတင်းတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးဝင်းနိုင်ထွန်း ဦးဆောင်သောအဖွဲ့မှ ယနေ့နေ့လည်(၂)နာရီတွင် မီဒီယာများအားသတင်းစာရှင်းပွဲပြုလုပ်ခဲ့သည်။ 
၂၀၀၃ခုနှစ် ဒီပဲရင်းလုပ်ကြံမှုအရေးအခင်းတွင် စစ်ထောက်လှမ်းရေးမှ ဦးခင်ညွှန့်အမိန့်ဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ကယ်ခဲ့ရသည်ဟု ဘန်ကောက်စ်ပို့သတင်းစာသို့ပြောဆိုခဲ့မှုကို သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးဟောင်းတဦးက ဦးခင်ညွှန်သည် ဒီဲ့ရင်းအရေးအခင်းနှင့်ပါတ်သက်ပြီး မည်သည့်သတင်းဌာနများသို့ ပြောကြားခြင်းမရှိခဲ့ကြောင်းကို ဦးခင်ညွှန် လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွှတ်ပြီးချိန်တွင် မီဒီယာသို့ပြောကြားခဲ့သော" ကျတော်နိုင်ငံလုပ်ဖို့အစီအစဉ်မရှိပါဘူး" ဆိုသည့်စကားကိုကိုးကားပြောဆိုခဲ့ကြောင်းသတင်းရရှိသည်။
ဘန်ကောက်ပို့စ်ဆိုတာ သြဇာကြီးမားတဲ့မီဒီယာတခုဘဲဗျာ….
. မပြောဘဲနဲ့တော့ ရေးမယ်မထင်ဘူးဗျ။ သတင်းမီဒီကျင့်ဝတ်အရလေဟု ပြည်တွင်းသတင်းထောက်က သူ့ရဲ့အမြင်ကိုပြောပြခဲ့သည်။ ဦးခင်ညွှန့် ဒီပဲရင်းအရေးအခင်းကို ထုတ်ပြောလိုက်တော့ နိုင်ငံရေးအသိုင်းရော၊ပြည်သူတွေကြားရော အတော်လေးကို အံ့သြသွားကြတာ၊ နောက်ရက်သိပ်မကွာဘဲ သာနာဘောင်ဝင်သွားတယ်ဗျာ….ဦးခင်ညွှန့်ပြန်အဖမ်းခံရမှာစိုးလို့ ပဇင်းတက်သွားပြီဆိုတဲ့စကားတွေ နေရာအနှံမှာပြောနေကြကြောင်းဆက်လက်ပြောပြပါသည်။
နိုင်ငံရေးအသိုင်းအဝန်းကတော့ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက်တွေဟာ သင်ပုန်းချေရေးလမ်းစဉ်နဲ့ ဒီမိုကရေစီဖေါ်ဆောင်ရေးလမ်းကို သွားနေတဲ့အချိန် ဦးခင်ညွှန်ရဲ့ ယ္ခုလိုအစဖေါ်အတိတ်ကိုမီဒီယာကနြေေ
ပာလိုက်ခြင်းဟာ မြန်မာ့နိုင်ငံရေးအတွက်ကြီးမားတဲ့အနှောင့်အယှက်တခုဖြစ်နိုင်တယ်လို့ သုံးသပ်ကြကြောင်းသိရသည်။
ယ္ခုသတင်းစာရှင်းလင်းပွဲဟာ ထူးခြားမှုတခုဖြစ်တာကအမှန်ပါ။ ပြောခဲ့တဲ့ကာယကံရှင်က အများတွက်ဆကြသလို ပြောဆိုပြီးသာသနာ့ ဘောင်ဝင်ရောက်သွားပြီး သတင်းတပ်ဖွဲ့ကဗိုလ်မှူးဟောင်း
တဦးကဦးခင်ညွှန့်ကိုယ်စား ဦးခင်ညွှန့်မပြောခဲ့ပါဘူးလို့ မီဒီယာကိုအသိပေးတဲ့ သမိုင်းတွင်သတင်းစာရှင်းပွဲတခုအဖြစ်တင်ပြလိုက်ရပါသည်။
 Myanmar News Now
 (ပုံမှာ ယနေ့ ၁၁.၄.၂၀၁၂ နေ့လည် ၂ နာရီတွင် ရန်ကုန်မြို့၊ ပြည်ထဲရေးရုံးဟောင်းအတွင်းပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ ဗိုလ်မှူးဟောင်း ၀င်းမောင်မောင်အား တွေ့ရစဉ်)
ဓာတ်ပုံ- ဥက္ကာကိုကို (
7Day News Journal)
နိုင်ငံတော် သမ္မတကြီး နှင့် ဒေါ်အောင်ဆန်းစုကြည် ဒုတိယအကြိမ်မြောက် တွေ့ဆုံ
ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ ခေတ္တတည်းခိုရာ ဟိုတယ်တွင် တွေ့မြင်ရစဉ်။
Photo: AFP
နေပြည်တော်၊ ဧပြီ ၁၁
ကြားဖြတ်ရွေးကောက်ပွဲ ကာလတွင် ကော့မှူး မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီး ဦးသိန်းစိန်တို့သည့် ယနေ့ ဧပြီလ ၁၁ ရက်နေ့ နံနက် ၁၁နာရီခန့်တွင် နေပြည်တော် ရှိ သမ္မတ အိမ်တော် ၌ ဒုတိယ အကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြကြောင်း The Voice Weekly သတင်းရင်းမြစ်များ ကပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတကြီး ဦးသိန်းစိန် နှင့်တွေ့ဆုံပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ညနေ ၃နာရီခန့်တွင် ပြန်လည် ရောက်ရှိ ဖွယ်ရှိကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ်က တစ်ဦးက ပြောကြားသည်။
ပထမဦးဆုံးအကြိမ် အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီး ဦးသိန်းစိန်တို့မှာ ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ ညနေ ၄ နာရီခန့်တွင် သမ္မတ အိမ်တော်၌ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညတွင် သူမ၏ မဲဆွယ် စည်းရုံးရေး ခရီးစဉ်၌ လိုက်ပါ သတင်း ရယူခဲ့သော သတင်း မီဒီယာ များအား ၎င်း၏ တက္ကသိုလ် ရိပ်သာလမ်း နေအိမ်၌ ဂုဏ်ပြု ညစာ စားပွဲဖြင့် ဧည့်ခံမည် ဖြစ်ကြောင်း သတင်း မီဒီယာ သမား များထံမှ သိရှိရသည်။
 The Voice Weekly
ဦးခင်ညွန့်သတင်း မှားယွင်းကြောင်း စာနယ်ဇင်းရှင်းလင်း
ဗိုလ်မှူးဟောင်း ၀င်းမောင်မောင်ရှင်းလင်းပြောကြားနေစဉ်
(ဓါတ်ပုံ-Popular Myanmar News Journal)
"Bangkok Post သတင်းစာတွင် ဖေါ်ပြသော ဦးခင်ညွန့်သတင်း မှားယွင်းကြောင်း စာနယ်ဇင်းရှင်းလင်း"
ယခုလ ကိုးရက်နေ့ထုတ် Bangkok Post သတင်းစာတွင်ဖေါ်ပြာထားပြီး၊ အင်တာနက်တွင်ပြန့်နှံ့နေသော ဦးခင်ညွန့်နှင့်ပတ်သက်သည့်သတင်းမှာ မှားယွင်းနေပြီး၊ ယခုလ ရှစ်ရက်နေ့ထုတ် Bangkok Post သတင်းစာနှင့် အင်တာနက်တွင် ဖေါ်ပြထားသည့် တွေ့ဆုံမေးမြန်းခြင်း သတင်းဆောင်းပါးပါ အချက်အလက် အချို့မှာလည်း မှားယွင်းနေကြောင်း ဦးခင်ညွှန့်နှင့် ရင်းနှီးကာ သူ၏ သတင်းကိစ္စများကို ကူညီဆောင်ရွက်ပေးနေသည့် ဗိုလ်မှူးဟောင်း ၀င်းမောင်မောင်က ယနေ့ပြောကြားသည်။
ရန်ကုန်မြို့ နိုင်ငံကူးလက်မှတ်ရုံး(ယခင် ပြည်ထဲရေးဝန်ကြီးရုံး) အပေါ်ဆုံးထပ်တွင်ကျင်းပသော စာနယ်ဇင်းရှင်းလင်းပွဲတွင် ယခုကဲ့သို့ သူကပြောကြားခြင်းဖြစ်သည်။
"အဲဒီ သတင်းတွေကို အင်တာနက်မှာ တွေ့ရတော့ ကျွန်တော်က နယ်ကိုခရီးထွက်နေပါတယ်။ ဒါနဲ့ အဘ ဦးခင်ညွန့်ကို မေးမြန်းကြည့်တော့ ငါ ဘယ်နိုင်ငံခြားသတင်းထောက်နဲ့မှ မတွေ့ဘူးလို့ မင်းကို ပြောထားပြီးသားပဲ လို့သူကပြန်ပြောပါတယ်။ နိုင်ငံခြား သတင်းထောက်ဆိုတာ အထူးသဖြင့် နိုင်ငံခြားသားသတင်းထောက်တွေကိုပြောတာပါ။ ဒါပေမယ့် ကနေဒါကိုရောက်နေတဲ့ မြန်မာတစ်ယောက်ဖြစ်တဲ့ ဦးမြင့်ရွှေနဲ့တော့ သူမြန်မာနိုင်ငံကိုရောက်လာတုန်းမှာ စာနယ်ဇင်းသမားတစ်ယောက်က မိတ်ဆက်ပေးတာကြောင့် တွေ့ဆုံမေးမြန်းမှုလုပ်ခဲ့ဖူးပါတယ်။ ဒါတွေကို လောလောဆယ်အားဖြင့် မရေးဖို့လဲ သူနဲ့ သဘောတူညီထားပါတယ်။ ခုတော့ Bangkok Post သတင်းစာမှာ သူကရေးထားတွေ တွေ့ရပါတယ်။ အဲဒီရေးသားချက်တွေထဲမှာ အဘမပြောခဲ့တာတွေ ပါနေတာကို တွေ့ရပါတယ်။ အဲဒီ ဦးမြင့်ရွှေကို အီးမေလ်းကနေ ဆက်သွယ်မေးမြန်းတော့လဲ အကြောင်းမပြန်ပါဘူး"ဟုဦးဝင်းမောင်မောင်ကပြောသည်။
ယင်း သတင်းစာတွင် သတင်းတစ်ပုဒ် အဖြစ် ဖေါ်ပြထားသည့် "Myanmar EX-PM claims he saved suu kyi's life" ဆိုသည့်သတင်းမှာလည်း ဦးခင်ညွန့် လုံးဝမဖြေကြားခဲ့သည်များကိုသာ ရေးသားထားခြင်းဖြစ်ကြောင်း ဦးဝင်းမောင်မောင်ကပြောပါသည်။
"ဒီတော့ကာ ခုလို မပြောပဲနဲ့ ပြောတယ်ဆိုတဲ့သတင်းမျိုးတွေ နောက်ထပ်ပေါ်ရင် ပေါ်လာနိုင်တတ်တာကြောင့် စာနယ်ဇင်းဆရာများကို ခုလိုရှင်းလင်းပြောကြားရခြင်းဖြစ်ပါတယ်"ဟု ဦးဝင်းမောင်မောင်က ပြောပါသည်။
အဆိုပါစာနယ်ဇင်းရှင်းလင်းပွဲတွင် မြန်မာနိုင်ငံသတင်းတပ်ဖွဲ့ ဒု-တပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်ထွန်းက မိတ်ဆက်အမှာစကားပြောကြားပြီးနောက် ဦးဝင်းမောင်မောင်က စာနယ်ဇင်းသမားများအား ရှင်းလင်းတင်ပြခြင်းဖြစ်သည်။ ပြည်တွင်းပြည်ပ စာနယ်ဇင်းသမားငါးဆယ်ခန့်တက်ရောက်ကြသည်။
Popular Myanmar News Journal
ရဲမှူးကြီး ၀င်းနိုင်ထွန်းက မိတ်ဆက်အမှာစကားပြောကြားနေစဉ်(ဓါတ်ပုံ-Popular Myanmar News Journal)
တက်ရောက်လာကြသော ပြည်တွင်းပြည်ပ စာနယ်ဇင်းဆရာများ
အင်ဒိုနီးရှားငလျင် ရန်ကုန်မြို့နှင့် နေရာအချို့တွင် ခံစားသိရှိ
ဧပြီ ၁၁ ရက်၊ ၂၀၁၂ ခုနှစ်၊ YPI
ယနေ့မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ဝန်းကျင်က ရန်ကုန်မြို့နှင့် ပုသိမ်မြို့အပါအ၀င် မြို့အချို့တွင် ငလျင်လှုပ်ခတ်သွားသည်ကို ခံစားလိုက်ရကြောင်း မြို့ခံများက ပြောသည်။
ပြင်းထန်ခြင်း မရှိသော်လည်း လှုပ်ခတ်သွာသည်ကို ခံစားလိုက်ရကြောင်း မြို့ခံများက ပြောသည်။
ချယ်နယ်နယူးစ် အေးရှား သတင်းဋ္ဌာနမှ ထုတ်လွှင့်ချက်အရ အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသကို ဗဟိုပြုကာ ၈.၉ မဂ္ဂနီကျူ့ ပြင်းအားရှိ ငလျင်လှုပ်ခတ်သွားသည်ဟု သိရှိရသည်။
ငလျင်ဒဏ်ကြောင့် ဆူနာမီလှိုင်းများဖြစ်ပေါ်နိုင်ကြောင်း အင်ဒိုနီးရှားနိုင်ငံမှ သတိပေးချက် ထုတ်ပြန်ထားသည်။
 Yangon Press International
----------------------------------------------------
 ယနေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် ရန်ကုန်မြို့နှင့် အနီးတ၀ှိုက်တွင် ငလျင်လှုပ်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ မန္တလေးမြို့တွင်လည်း တပြိုင်နက်တည်း လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနမှ အတည်ပြု ပြောဆိုခဲ့သည်။ လက်ရှိအချိန်တွင် လှုပ်ခတ်ခဲ့သည့် အတိုင်းအတာကို တိုင်းတာနေဆဲ ဖြစ်ပြီး ဆက်လက် ထုတ်ပြန်မည်ဟု သိရပါသည်။
 ကမ္ဘာအေး မြေငလျင်စခန်းမှ တိုင်းထွာချက်အရ ကမ္ဘာအေးမြေငလျင် စခန်း၏ တောင်ဘက် မိုင် ၁၀၀၀ ကျော်ခန့် အကွာ အင်ဒိုနီးရှားနိုင်ငံ Sumatra ကျွန်းပတ်ဝန်းကျင်၌ ယနေ့မွန်းလွဲပိုင်းတွင် လှုပ်ခတ်ခဲ့သော အင်အား ၈ ဒသမ ၉ ရစ်ခ်ျတာစကေး ပမာဏရှိ ငလျင်ကြောင့် မြန်မာနိုင်ငံအတွင်းရှိ ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် ဧရာဝတီတိုင်းများ အတွင်း ငလျင်လှုပ်ခတ်မှုလှိုင်း သက်ရောက်မှု ရှိခဲ့ကြောင်း သိရပါသည်။
Eleven Media Group
Indian Ocean on tsunami watch after Sumatra quake
JAKARTA - A massive earthquake struck off Indonesia's Sumatra island on Wednesday, US and Indonesian monitors reported, prompting a Pacific-wide tsunami alert.
The quake's magnitude was 8.7, according to a revised measurement from the US Geological Survey, and it struck 431 kilometres (268 miles) off the Indonesian city of Banda Aceh.
Banda Aceh was near the epicentre of a devastating quake in 2004 that triggered a tsunami across the Indian Ocean, which killed 170,000 people.
The latest tremor was felt as far afield as Thailand and southern India, residents said.
Monitoring agencies said the first tsunami waves are expected on shore in Sumatra by 0921GMT Wednesday.
India issued tsunami warning for Andaman and Nicobar Islands.
In Singapore, several people called MediaCorp, saying they could feel tremors in Bukit Panjang, Bendemeer Road, Farrer Road, Whampoa Road, Marine Parade.
မြောက်ပိုင်း ဆူမတြားကမ်းလွန်ပင်လယ်ပြင်တွင် ငလျင်လှုပ်
လွန်ခဲ့သော ဆယ့်ငါးမိနစ်အချိန်ခန့်က မြောက်ပိုင်း ဆူမတြားကမ်းလွန်ပင်လယ်ပြင်တွင် ပြင်းအား ၈.၇ ရှိသော ရေအောက်ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ရာ ရန်ကုန်မြို့လယ်တွင်ပင် တုန်ခါမှုများရှိခဲ့ကြောင်းသိရသည်။ "နှစ်မိနစ်လောက်ကြာတယ် လှုပ်နေတာ၊ ရုတ်တရက်တော့ ငလျင်မှန်းမသိဘူး။ အိမ်မှာချိတ်ထားတဲ့ တီဗီတွေ၊ မီးချောင်းတွေလှုပ်နေပြီး ခေါင်းပါနည်းနည်းမူးလာတော့မှ ငလျင်လှုပ်နေမှန်းသိရတာ"ဟု ရန်ကုန်မြို့ ၃၅ လမ်းနေသူတစ်ဦးကပြောသည်။
 Popular Myanmar News Journal
ယနေ့ နံနက်ပိုင်း သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်တွင် တွေ့ ဆုံ
သမတဦးသိန်းစိန်နှင့်တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည် ယနေ့နံနက်ပိုင်းက နေပြည်တော်သို့ရောက်လာစဉ်(ဓာတ်ပုံ-စိုးသန်းလင်း/AFP)
သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်တွင် 
ယနေ့တွေ့ဆုံခဲ့ကြကြောင်းသတင်းရရှိသည်။
ထိုသို့တွေ့ဆုံကြရာဝယ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးရာများ၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်များ စသည်တို့ကိုဆွေးနွေးခဲ့ကြကြောင်းသိရသည်။
 Popular Myanmar News Journal
ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ ခေတ္တတည်းခိုရာ ဟိုတယ်တွင် တွေ့မြင်ရစဉ်။
Photo: AFP
အစမ်းသပ်ခံ လယ်သမားများဘဝ
နေပြည်တော် အစိုးရအသစ်နှင့် စိုက်ပျိုးရေးစီမံကိန်း နိုင်ငံတော်အစိုးရမှ လယ်ယာကဏ္ဍလို စီမံကိန်မျိုးကို အာဏာကိုင်စွဲပြီး ဖိအားပေး အကြပ်ကိုင်မှုမျိုးနှင့် စီမံကိန်းကို အကောင်အထည်ဖေါ်ခိုင်းနေလျှင် နိုင်ငံတော်နှင့် လယ်သမားများအတွက် အကျိုးကျေးဇူးများ မရှိနိုင်ပါ။ မရေရာသည့် စီမံကိန်းကို လယ်သမားများအနေဖြင့် အသုံးချခံ လုပ်ကိုင်ပေးနေရသဖြင့် သူတို့ဘဝလည်း အစမ်းသပ်ခံ ဘဝအဖြစ်သို့ ရောက်ရှိ သွားရသည်။
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှ စပါးစိုက်ခင်း(ပုံ - hv-986)
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှ စပါးစိုက်ခင်း(ပုံ - hv-986)
ယနေ့ ဦးသိန်းစိန်အစိုးရ လက်ထက်မှာပင် လယ်ယာနှင့် ဆည်မြောင်းဝန်ကြီး ဌာနအောက်ရှိ ဆည်မြောင်း တာတမံများနှင့် မြစ်ရေတင် စီမံကိန်းများသည် ၁၆ ရာခိုင်နှုန်းခန့်သာ အကျိုးပြုနိုင်သည်ဟု နိုင်ငံတော်စာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိချက်ကို လွှတ်တော်သို့ တင်ပြခဲ့ပါပြီ၊ အာဏာရခဲ့သည့် စစ်ခေါင်းဆောင်များ၏ ပညာမဲ့လုပ်ရပ်ကြောင့် နိုင်ငံတော် ဘဏ်ဏ္ဍာငွေ အမြောက်အမြား နစ်နာဆုံးရှုံးမှုအပေါ် လက်ရှိအစိုးရက မည်သို့မျှ အရေးမယူ နိုင်သေးသည်ကို ပြည်သူများ စောင့်ကြည့်နေသည်။
ယခုလည်း တစ်ဧကတင်း (၂၀၀) ကျော်ထွက်မည့် ပုလဲသွယ် စပ်မျိုးစပါးကို လယ်ဆည် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က နေပြည်တော်ကောင်စီ နယ်မြေအတွင်းမှာ တွန်းတွန်းတိုက်တိုက် ဧကရာချီ စိုက်ပျိုးပြသထားသည်ကို လယ်သမားများမှအစ သမ္မတဦးသိန်းစိန် ကိုပါ ပြသနေသည်ကို သတင်းစာများမှာ ဖော်ပြနေသည်။
ပုလဲသွယ် စပါးစိုက်ပျိုးရေး စီမံကိန်းကို လယ်သမားပိုင် လယ်ပေါ်နှင့် ကုမ္ပဏီပိုင် လယ်များပေါ်မှာ ဝန်ကြီးဦးမြင့်လှိုင်က စမ်းသပ် စိုက်ပျိုးနေသည်။ ဦးမြင့်လှိုင်သည် ယခင်အရှေ့ပိုင်း တိုင်းမှူးဘဝတုံးကလည်း စီမာတရုတ် စပ်မျိုး စိုက်ပျိုးရေး စီမံကိန်းကို ရှမ်းအရှေ့ရှိ ရှမ်း တောင်သူများကို ဖိအားပေး အာဏာသုံး စိုက်ခိုင်းခဲ့ရာ တောင်သူများ ကိုယ်ကျိုးနည်းပြီး အကြွေးတင် မြေဆုံးပြီး စီမံကိန်း၏ စမ်းသပ်ခံ ဘဝနှင့် ဆင်းရဲမွဲတေ ကျန်ရစ်ခဲ့ရသည်။
ယခုတဖန် နေပြည်တော်တွင် ပုလဲသွယ် စပ်မျိုးနှင့် စပါးစီမံကိန်းကို ထပ်မံ အကောင်အထည်ဖေါ် နေပြန်သဖြင့် ယခင်အဖြစ်မျိုးနှင့် ထပ်မံကြုံရမည်ကို လယ်သမားများ စိုးရိမ်နေကြသည်ဟု ရမည်းသင်းခရိုင် မြန်မာ့စိုက်ပျိုးရေး ခရိုင်မန်နေဂျာ တာဝန်ထမ်းခဲ့ဘူးသူ တဦးက ပြောသည်။
“မည်သည့် စီမံကိန်းမျိုးကိုမဆို တိကျခိုင်မာတဲ့ မူဝါဒ၊ မှန်ကန်တဲ့ နည်းပညာ၊ မှန်ကန်တဲ့ ဦးတည်ချက်တွေနဲ့ ပြည်သူတွေရဲ့ ပါဝင်ပူးပေါင်းမှု အားက အရေးကြီးဆုံးပဲ ဒါဟာ စီမံကိန်း အောင်မြင်ဖို့ အဓိကအချက်ပဲ” ဟု ဒေါက်တာဆလိုင်ထွန်းသန်း ယခင်စိုက်ပျိုးရေး တက္ကသိုလ် ပါမောက္ခချုပ်က စာရေးသူ အပါအဝင် အရာရှိသင်တန်းသားများကို အဆင့်မြင့် လယ်ယာ သီးနှံဘာသာရပ် သင်တန်း သင်ကြားပို့ချပေးခဲ့စဉ်က ပြောကြားခဲ့သည်များကို မှတ်သားခဲ့ရသည်။
၎င်းအချက်များ လေးစားလိုက်နာမှု မရှိပါပဲနှင့် ဖိအားရော အာဏာပါ သုံးသည့် စီမံကိန်းမျိုး ဖြစ်ပါက ထိုစီမံကိန်း မအောင်မြင်နိုင်ပဲ နိုင်ငံတော်က နစ်နာသလို အထူးသဖြင့် လက်တွေ့ လုပ်ကိုင်နေသူ လယ်သမားများက ပိုထိခိုက်နစ်နာရပြီး သူတို့ဘဝလည်း စီမံကိန်းအတွက် အစမ်းသပ်ခံ ဘဝမျိုး ဖြစ်သွားရသည်။ နောင်ဆို စီမံကိန်းဟု အသံကိုပင် မကြားချင်ကြ ဖြစ်သွားရသည်ဟု ဆရာက ဆက်ပြောသည်။
အတိတ်က မှားယွင်းမှုများ ၁၉၇၃ ခုနှစ်မှ စတင်၍ စပါးအထူးအထွက်တိုး စီမံကိန်းတရပ်ကို ရန်ကုန်တိုင်း တိုက်ကြီး မြို့နယ် ဖလုံရွာမှာ အထွက်တိုးမူ ၁၀ ချက်နှင့် လယ်သမားပိုင် လယ်ဧက (၁၀၀) မှာ စမ်းသပ် လုပ်ကိုင်ခဲ့သည်။
“ကိုယ့်လယ်မြေ၊ ကိုယ့်မျိုး၊ ကိုယ့်လုပ်အား၊ ကိုယ့်ဓါတ်မြေ ကိုယ်ဝယ်ပြီး စိုက်ပျိုးရေးဌာနက နည်းပညာနဲ့ စပါး အထူးထွက်တိုးအောင် တို့လယ်သမားက လုပ်ခဲ့တယ်၊ ဒါကို မဆလပါတီနဲ့ ကောင်စီရဲ့ လမ်းညွှန်ကြီးကြပ်မှုနဲ့ စပါးအထွက် တိုးလာတယ်လို့ ပြောတယ်ဗျာ၊ လယ်သမားကို အစမ်းသပ်ခံ ဘဝအဖြစ် အသုံးချခဲ့တာ” ဟု ဖလုံရွာက အထွက်တိုး စီမံကိန်းမှာပါသည့် လယ်သမားတဦးက ပြောခဲ့သည်။
ထို့အပြင် နဝတ၊ နအဖ ခေတ်မှာလည်း “ရေအောက်မြေ ဖေါ်ထုတ်ရေးစီမံကိန်း၊ မြေနုကျွန်းပေါ် ခွဲဝေစိုက်ပျိုးရေးနှင့် စပါးငါးတွဲဖက် စီမံကိန်းတွေကို လယ်သမားတွေ အတွက်လို့ ဆိုပြီး လယ်သမားလုပ်အားကို အသုံးချခဲ့တယ်၊ ဒါပေမယ့် လယ်သမားတွေ အကျိုးမခံစား ရဘူး၊ မပိုင်ခဲ့ဘူး၊ စီမံကိန်းရဲ့ အစမ်းသပ်ခံ ဘဝနဲ့ လယ်စာရင်းငှား ဘဝရောက်ခဲ့ရပြန်တယ်” ဟု ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် ဆားမလောက်ရွာက လယ်သမားတဦးက ဆိုပြန် သည်။
မြန်မာနိုင်ငံမှာ လုပ်ဆောင်ခဲ့ဘူးသည့် မည်သည့်လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေး စီမံကိန်းများမှ အောင်မြင်မှု အကျိုးရလဒ် များများစားစား မတွေ့ရှိရပဲ ဆုံးရှုံးမှုသာ ရှိခဲ့သည်။ ထိုမှားယွင်းမှုများကို အာဏာရ အစိုးရအဆက်ဆက်က တာဝန်ရှိမှု၊ တာဝန်ယူမှု မရှိခဲ့ပါ။
လယ်ယာကဏ္ဍ
ဖွံ့ဖြိုးရေး စီမံကိန်းသည် တနိုင်ငံလုံးအတိုင်းတာကို ဖြန့်ကြက် လွှမ်းခြုံရသည့်အတွက် အလွန်ကျယ်ပြန့်သည်၊ လယ်သမားထု ပါဝင်ပူးပေါင်းလာရန် လိုအပ်၍ အခြားစီမံကိန်းများ အထက် ခက်ခဲသည်။
“အောင်မြင်ဖို့ အဓိကက စီမံကိန်းကို ချမှတ်တဲ့ အစိုးရနှင့် စီမံကိန်းကို လက်တွေ့လုပ်ဆောင်ရမည့် တောင်သူလယ်သမားများ အကြား ကွက်လပ်မရှိရပဲ လက်တွေ့ကျသော လုပ်ဆောင်ချက်ကသာ စီမံကိန်းအောင်မြင်မယ်” ဟု ယခင် မဆလ အစိုးရလက်ထက် ကမ္ဘာ့ဘဏ်နှင့် လယ်ဆည်ဝန်ကြီးတို့ ပူးပေါင်း အကောင်အထည်ဖေါ်ခဲ့သော စပါး (၁) စီမံကိန်းတွင် ပါဝင်ခဲ့သည့် စိုက်ပျိုးရေး မန်နေဂျာ ဦးစောဒီဒီ (အငြိမ်းစား) က ပြောပြသည်။
လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးစီမံကိန်းများကို နိုင်ငံတော် စီမံကိန်းအဖြစ် အစိုးရအဆက် ဆက်က အကောင်အထည် ဖေါ်ခဲ့ကြသော်လည်း တကယ်လက်တွေ့တွင် အစိုးရမှ ချမှတ်ထားသည့် မူဝါဒနှင့် နည်းပညာပိုင်းဆိုင်ရာ လွဲချော်မှားယွင်းမှုကြောင့် ယခင်ကာလမှ သည်လက်ရှိအခြေအနေအထိ မအောင်မြင်ပဲ ဖြစ်နေသည်ဟု စီးပွားရေး ပညာရှင်များက သုံးသပ်နေကြသည်။
“တကယ်တော့ သီးနှံ စိုက်ပျိုး ထုတ်လုပ်တဲ့အခါ ဒေသအလိုက် စိုက်ပျိုးရေး သုတေသနများ မှ တိကျတဲ့ သုတေသန တွေ့ရှိချက် နည်းပညာအဖြေကသာ လယ်သမားအတွက် အားကိုးစရာ၊ စိုက်ပျိုးရေးမှာ မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင် စိုက်ဖို့  ဆိုထားတော့ နေပြည်တော်မှာ ပုလဲသွယ်စပါး ဖြစ်ထွန်းတယ်လို့ ဆိုနိုင်ပေမယ့် တမူးမြိုးလို၊ ကော့သောင်း မြို့လို နေရာမျိုးမှာ ပုလဲသွယ်စပါး ဖြစ်ထွန်းချင်မှ ဖြစ်ထွန်းမယ်” ဟု နေပြည်တော်ပျဉ်းမနားမြို့ စိုက်ပျိုးရေး သုတေသန ဦးစီးဌာနမှ အရာရှိတဦးက ပြောသည်။
လယ်ယာစီးပွားဖြင့် ကြီးပွားတိုးတက် စေရမည်ဟူသော ကြွေးကျော်သံကို ၁၉၆၂ ခုနှစ်မှ စ၍ စစ်တပ်အစိုးရ အဆက်ဆက်ဖြစ်ခဲ့သည့် ဝောာ်လှန်ရေးကောင်စီ၊ မဆလ၊ နဝတ၊ နအဖ အစိုးရများ လက်ထက်တိုင် ကြွေးကျော်ခဲ့သကဲ့သို့ ယနေ့ ဦးသိန်းစိန်၏ ဒီမိုကရေစီ အစိုးရ လက်ထက်တွင်လည်း ဆက်လက် ကြွေးကြော် နေလျှက်ပင်။
စိုက်ပျိုးရေး ပညာရပ်
ထို့အပြင် စိုက်ပျိုးရေး ပညာရပ်ကို အခြေခံပညာ ကျောင်းများတွင် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ စ၍ စတင်သင်ကြားတော့မည့် သတင်းကို ၅-၃-၂၀၁၂ နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖေါ်ပြထားသည်။
နိုင်ငံတော်၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ် အခြေခံ လိုအပ်ချက် ဖြစ်သော လယ်ယာလုပ်ငန်းခွင်အတွင်း တောင်သူလယ်သမားများ၏ စိုက်ပျိုးရေး ပညာရပ်များ ကျေးလက်ဒေသမကျန် ပျံ့နှံ့ ရောက်ရှိရေး လုပ်ငန်းတာဝန်များကို လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်း အကောင်အထည်ဖေါ်ရန် နိုင်ငံတော် သမ္မတက လမ်းညွှန်ခဲ့ကြောင်း သိရှိရသည်။
ယင်းသို့ ရေးဆွဲပြုစု တင်ပြလာခဲ့သော စိုက်ပျိုးရေး သင်ခန်းစာများကို ကျောင်းများတွင် သူငယ်တန်းမှ ဒဿမတန်း အထိ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံး ကျယ်ပြန့်စွာ ဖြန့်ကြက် သင်ကြား ပေးသွားတော့မည်ဟု သတင်းစာတွင် ဆက်လက်ဖေါ်ပြ ထားသည်။
“အကြားအလပ်မကျန် အခြေခံပညာ စိုက်ပျိုးရေး ဘာသာရပ်များကို သားသမီးများမှတ ဆင့်လက်ဆင့်ကမ်းပြီး တောင်သူလယ်သမားများ လက်တွေ့ အသုံးပြုနိုင်တော့မည် ဖြစ်ကာ ကျေးလက်ဒေသ တောင်သူလယ်သမားများ အနေဖြင့် မိဘ၏ လက်ငုပ်လက်ရင်း လယ်ယာလုပ်ငန်းခွင်အတွင်း ထိရောက်စွာ စိုက်ပျိုးရေး ပညာရပ်ဖြင့် မိဘအား ကူညီဖြည့်ဆည်း ပေးနိုင်တော့မည် ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေးများအား စိုက်ပျိုးရေး ပညာဖြင့် လက်တွေ့ အချိန်တိုအတွင်း ထိရောက်စွာ အကောင်အထည် ဖေါ်နိုင်တော့မည်ဖြစ်​ကြောင်း လယ်ယာနှင့်ဆည်မြောင်း ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်က ယခုသင်ကြားမည့် အစီအစဉ်အပေါ် မှတ်ချက်ပြု ပြောကြားသည် ကိုလည်း ဖေါ်ပြထားသည်။
မည်သို့ပင်ဆိုစေကာမူ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် တောင်သူ လယ်သမားများအား စိုက်ပျိုးရေး ပညာ သင်ကြားပေးခြင်းကို အထူးလိုအပ်၍ ထောက်ခံ အားပေးရပါမည်။ သို့သော် စိုက်ပျိုးရေး ဘာသာရပ်ကို စိတ်မပါ ဝါသနာ မထုံသည့် ကျောင်းသားများအဖို့မှာ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးစီမံကိန်းကို မဖြစ်မနေ လုပ်ကိုင်ပေးနေရသည့် အစမ်းသပ်ခံ လယ်သမားများဘဝလို ကျောင်းသား သူငယ်များကိုလည်း ၄င်းဘဝမျိုး မသွတ်သွင်းသင့်ကြောင်း တင်ပြလိုက်ရပေသည်။
မွန်အေဂျင်စီ
ချင်းပြည်နယ် NLD ပြန်လည်အသက်ဝင်လာပြီ
နှစ်ရှည်လများ နိုင်ငံရေးလှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေသည့် ချင်းပြည်နယ် NLD က နိုင်ငံရေး လှုပ်ရှားမှု များ ပြန်လည်ပြု လုပ်လာနိုင်ရန် ချင်းပြည်နယ် ၈ မြို့နယ်တွင် ၎င်းတို့၏ ပါတီရုံးများကို ပြန်လည်ဖွင့် လှစ်လိုက်ပြီဖြစ်သည်။
ယခုနှစ် မတ်လဆန်းပိုင်းကစပြီး ယခုချိန်ထိ ပလက်ဝမြို့နယ်မှအပ တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ မင်းတပ်၊ ကန်ပက်လက်၊ ထန်တလန်၊ ဟားခါး ၊ မတူပီ နှင့် ရိခေါ်ဒါရ်းမြို့နယ်ခွဲတို့ တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ရုံးများကို ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ကြောင်း ချင်းပြည်နယ် NLD ဥက္ကဌ ဦးဗန်လျံ ကပြောသည်။
ပလက်ဝမြို့နယ်တွင်လည်း ပါတီရုံးပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် NLD ပါတီဝင်တချို့က ပါတီ စည်းရုံးရေးများ လုပ် ဆောင်နေပြီး မကြာခင် ဖွင့်လှစ်နိုင်မည်ဟုမျှော်လင့်ကြောင်း ဦးဗန်လျံကပြော သည်။
ချင်းပြည်နယ် NLD ပါတီသည် လွန်ခဲ့သော ၂၀၀၃ ခုနှစ်ခန့်ကတည်းကစ၍ နိုင်ငံရေးလှုပ်ရှားမှုများ လုပ်ဆောင်ခြင်းမရှိဘဲ ငြိမ်သက်နေခဲ့ကြသည်။ သို့သော် ယခုအခါ NLD ပါတီတရားဝင် ပါတီ ဖြစ်လာပြီးနောက်ပိုင်းတွင် ချင်းပြည်နယ် အဖွဲ့ချုပ် လည်း ပြန်လည်အသက်ဝင်လာခဲ့ခြင်းဖြစ်သည်။
“ ကျနော်တို့အခု လူငယ်တွေကိုလည်း စည်းရုံးနေပါတယ်၊ မတူပီဘက်မှာတော့ လူငယ်တွေက စိတ်ဝင်စားကြတယ် ၊ ဟားခါးမှာတော့ လူငယ်တွေ သိပ်မရှိဘူး၊ ရှိတဲ့လူတွေကလည်း အလုပ်အကိုင် နဲ့ဖြစ်နေကြတော့ ၀င်တဲ့သူနည်းနေသေး တယ်’’ ဟု ဦးဗန်လျံကပြောသည်။
ဧပြီလ ၁ ရက်နေ့က ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သော အမျိုးသားဒီမိုက ရေစီအဖွဲ့ချူပ်က မဲအပြတ်အသတ်အနိုင်ရရှိခြင်းအပေါ် ဂုဏ်ပြုသည့်အနေဖြင့် ယနေ့ ညနေပိုင်းတွင် ဟားခါးမြို့၌ ဆုတောင်းပွဲ အစီစဉ်တခုဖြစ်လုပ်သွားမည်ဟု ဦးဗန်လျံကပြော သည်။
၁၉၉၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ချင်းပြည်နယ် မဲဆန္ဒနယ် ၁၃ နေရာတွင် NLD မှ (၄) နေရာ ရရှိခဲ့သည်။ ပါတီအလိုက် ကိုယ်စားလှယ်နေရာအများဆုံးရရှိခဲ့သည်။
 ခိုနူမ်းထုန်
ကြားဖြတ်ရွေးကောက်ပွဲဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း အသီးသီး၏ မဲရရှိမှု
Hotnews List
နိုင်ငံတော်ပိုင် သတင်းစာမှ ကြားဖြတ်ရွေးကောက်ပွဲအပြီး တစ်ပတ်ခန့်အကြာတွင် ထုတ်ပြန်ကြေညာသော ကြားဖြတ်ရွေးကောက်ပွဲဝင် လွှတ်တော်ကိုယ်စားလှယ်လောင်းအသီးသီး၏ မဲရရှိမှု အခြေအနေကို မှတ်တမ်းတင် ဖော်ပြလိုက်ပါသည်။
Hot News  Weekly
ခေါင်းလျှော်ကာ တရော် ကင်ပွန်းနဲ့
Myanmar Shampoo 4-10-2012
သင်္ကြန်  ကျပြန်ပြီ
“ခေါင်းလျှော်ကာ တရော် ကင်ပွန်းနဲ့
လေးကျွန်းအောင်မြေ
အတာ နှစ်ကူးရက်ပေ”
သပြေခက်နဲ့ ရေပက်၊ မကြည်အောင်
ခေါင်းလျှော်ကာ တရော် ကင်ပွန်းရယ်နဲ့
ရန်ဝင်း (တောင်တံခါး)
ရွှေလီမှ လျှပ်စစ်ဓာတ်အားဝယ်မည်
ရန်ကုန်၊ ဧပြီ ၁၀
တရုတ်ကုမ္ပဏီနှင့် ပူးပေါင်းတည်ဆောက်ခဲ့သော ရွှေလီရေအား လျှပ်စစ်စီမံကိန်း၏ တာဘိုင်စက်တစ်လုံးမှ ထွက်ရှိသည့် လျှပ်စစ်ဓါတ်အားများကို ရန်ကုန်မြို့တော်၏ လျှပ်စစ်ဓါတ်ဖူလုံရေး အတွက် ရည်ရွယ်ပြီး အမှတ် ၂ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝယ်ယူသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်က ပြောကြားသည်။
အဆိုပါရွှေလီရေအားလျှပ်စစ်စီမံကိန်းတွင် လျှပ်စစ်တာဘိုင် ခြောက်လုံးရှိပြီး လောလောဆယ် နှစ်လုံး ဝယ်ယူထားပြီး နောက်ထပ်တစ်လုံးထပ်မံ၍ အမြန်ဆုံး ဝယ်ယူသွားမည် ဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ကြောင်း ၎င်းကဆိုသည်။
“ရန်ကုန်မှာ မီးမရှိရင်ဖြစ်တတ်တဲ့ ဒုက္ခတွေကိုကျွန်တော်တို့သိပါတယ်။ ဒါကြောင့် လျှပ်စစ် လုံလုံ လောက်လောက် ပေးနိုင်ဖို့ ကြိုးစားနေပါတယ်”ဟု ၎င်းကဆက်လက်ဆိုသည်။
 The Voice Weekly
ညစာစားပွဲဖြင့်ဂုဏ်ပြုဧည့်ခံ (ရုပ်/သံ)
၉-၄-၂၀၁၂ နေ့ ညနေ ၆း၀၀နာရီ မှ ၉း၀၀ နာရီအထိ အမှတ် (၅၄) တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ခြံဝင်းတွင် NLD အောင်နိုင်ရေးတွင် ပါဝင် လှုံဆော်စည်းရုံးပေးခဲ့ကြသော ဂီတ၊ရုပ်ရှင် အနုပညာ ညီအစ်ကိုမောင်နှမများအား ဒေါ်အောင်ဆန်းစုကြည်မှ ကျေးဇူးတင် ဂုဏ်ပြုညစာစားပွဲဖြင့် ဧည့်ခံကျွှေးမွေးခဲ့ပါတယ်......
ဘားမားဗီဂျေ မှ ရိုက်ကူးတင်ဆက်ထားတာပါ။
ဝင်းကုန်းရွာက မီးဘေး သင့်ပြည်သူတွေ အကူအညီလိုအပ်နေဆဲ (ရုပ်/သံ)
10 Apr 2012 - - စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ နယ် ၀င်းကုန်းရွာက မီးဘေး သင့်ပြည်သူတွေအတွက် နီးစပ်ရာမြို့ နယ်အသီးသီးကနေ သွားရောက် လှူဒါန်းနေကြပါတယ်။ အခုနောက်ဆုံး စစ်ကိုင်းတိုင်း မုံရွာမြို့ နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ကနေ ယင်းမာပင် ၀င်းကုန်းရွာ မီးဘေး ဒုက္ခသည်တွေကို သွားရောက် လှူဒါန်းခဲ့ကြတာပါ။ မီးဘေးသင့် ရွာသူ၊ ရွာသားတွေအတွက် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလဲ
ငွေကျပ် သိန်း တစ်ရာလှူဒါန်းခဲ့သလို မုံရွာအဖွဲ့ချုပ်ကလဲ ဆန်နဲ့ သောက်ရေသန့်တွေ တခြား အသုံးအဆောင် တွေ လှူဒါန်းခဲ့ပြီး ပါပြီ။
ဝင်းကုန်းရွာမှာ အိမ် ၄၀၀ ၀န်းကျင်ရှိပြီး၊ ၁၅၂ အိမ်၊ မီးလောင်သွားခဲ့ပါ တယ်။ ဒုက္ခသည် ဦးရေ ၈၀၀ လောက်ရှိပြီး အကူအညီတွေ လိုအပ်နေဆဲပါ။
အခုအခါမှာတော့ မီးဘေး ဒုက္ခသည်တွေကို ၀င်းကုန်း ဆရာတော် ဦးပါမောက္ခစာရရဲ့ သီရိမင်္ဂလာကျောင်းတိုက်အတွင်း မှာ စောင့်ရှောက် ထားပါတယ်။ ။
 ဒီဗွီဘီ မှ ရိုက်ကူးတင်ဆက်ထားတာပါ။ 
နိုင်/ကျဉ်း လွတ်မြောက်ရေး အမတ်သစ်များ မဆိုင်းမတွ ဆက်လုပ်မည်
ချင်းမိုင်(မဇ္စျိမ) ။       ။ မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးတွင် ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေးအတွက် ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များက လွှတ်တော်တွင်း ဆက်လက် ကြိုးပမ်းသွားကြမည်ဟု ပြောသည်။
နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးကို ယခင်က တောင်းဆိုခဲ့သလို၊ လွှတ်တော်အတွင်းမှာလည်း မဆိုင်းမတွ ဆက်လက် တင်ပြသွားမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင် က ပြောသည်။
“ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား ဘယ်သူမှ မထားသင့်တော့ပါဘူး။ မန္တလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အများကြီးကျန်သေးတယ်။ ဒီ နိုင်ငံရေး အကျဉ်းသား လွတ်ရေးက တစိုက်မတ်မတ် တောင်းဆိုခဲ့တာပဲ။ လွှတ်တော်ထဲ
ရောက်ရင်လည်း အခွင့်သင့် အခါသင့်တာနဲ့ တပြိုင်နက် တောင်းဆိုမှာပဲ။ ဦးတို့ဘက်က လွှတ်တော်ထဲမှာ မဆိုင်းမတွ
တောင်းဆိုရမှာပါ”ဟု နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါက်တာဇော်မြင့်မောင် က မဇ္ဈိမကို ပြောသည်။
zawmyintmg
ကြားဖြတ်ရွေးကောက်ပွဲတွင် ကျောက်ပန်းတောင်းမြို့နယ်မှ အရွေးချယ်ခံခဲ့ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်အား မန္တလေး ဒေသခံများက ကြိုဆိုဂုဏ်ပြုနေကြစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)
NLD အနေဖြင့် ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရောက်ရသည့် အဓိက ရည်ရွယ်ချက်ထဲမှ တရားဥပဒေစိုးမိုးရေး
အောက်တွင် အဆိုပါ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ပါဝင်နေသဖြင့် လွှတ်တော်အတွင်း အတိုင်းအတာ တခုထိ ပြောဆိုလာနိုင်မည်ဟု မျှော်လင့်နေသည်ဟု ဆိုသည်။
ပုဗ္ဗသီရိမြို့နယ်မှ NLD ကိုယ်စားလှယ်အဖြစ် လွှတ်တော်သို့ မတက်ရောက်မီ ဥပဒေဆိုင်ရာ စာအုပ်များကို လေ့လာ
နေသော နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဖြိုးဇေယျာသော် ကလည်း “ရှေ့မှာလုပ်တဲ့ အလုပ်တွေနဲ့ နောက်မှာ ရှိနေသေးတဲ့ ဥပဒေတွေကို နားလည်ချင်လို့ ဥပဒေတွေကို လိုက်လေ့လာနေတယ်။ ထောင်ထဲမှာ ရှိနေတဲ့ ကျနော်တို့ အကိုတွေ၊ အမတွေ အကုန်လုံးကို အကျဉ်းထောင်ထဲကနေ အမြန်ဆုံး ပြန်လွတ်စေချင်တယ်။ ဒါပေမယ့် အရင်တုန်းက
နိုင်ငံရေး တက်ကြွလှုပ်ရှားသူအနေနဲ့၊ အခု ပါတီတရပ်ရဲ့ ကိုယ်စားလှယ် တယောက်အနေနဲ့ လုပ်ဆောင်ပုံကတော့ ကွာသွားမှာပါ”ဟု မဇ္စျိမကို ပြောသည်။
မြန်မာနိုင်ငံအတွင်း ကျင့်သုံးနေသော အချို့ဥပဒေများသည် ခေတ်နှင့်မညီသည့် ဥပဒေများ ရှိနေကြောင်းလည်း ဦးဖြိုးဇေယျာသော်က ပြောသည်။
မိထ္ထိလာမြို့နယ်မှ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဝင်းထိန် ကလည်း ပါတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် လွှတ်တော်တွင်း လုပ်ဆောင်သွားမည်ဟု ပြောသည်။
“နိုင်ငံရေးအကျဉ်းသားနဲ့ ပတ်သက်လို့ မလွဲမသွေ ပြောဆိုရမှာပါ။ သို့သော် လွှတ်တော်အတွင်း ဘာတွေ ပြောမယ် ဆိုတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွန်ချက်ကို ယူပြီးတော့မှ လွှတ်တော်မှာ အလုပ်လုပ်ကြမှာပါ”ဟု သူက မဇ္စျိမကို ပြောသည်။
ဧပြီလ ၁၉ ရက်နှင့် ၂ဝ ရက်များတွင် ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ NLD ကိုယ်စားလှယ်များ ရန်ကုန်မြို့ ရုံးချုပ်သို့ စုဝေး၍ လွှတ်တော်အတွင်း တင်ပြမည့် အချက်အလက်များ အသေးစိတ်ကို ပြန်လည် ဆွေးဆွေးကြမည် ဖြစ်ကြောင်း သိရသည်။
NlD ပါတီမှ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ် ၄၃ ဦးထဲမှ ၃ဝ ခန့်သည် ယုံကြည်ချက်ကြောင့်
ထောင်ဒဏ် အပြစ်ပေးကျခံခဲ့ရဖူးသော နိုင်ငံရေး အကျဉ်းသားဟောင်းများ ဖြစ်ကြသည်။
မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၉၅၉ ဦး ကျန်ရှိနေဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှတ်တမ်းများက ဆိုသည်။
နိုင်ငံရေးအကျဉ်းသား ၄၉၄ ဦးသည် အမှုတွဲများဖြင့် အခိုင်အမှာ စာရင်းပြုစုထားပြီး ကျန် ၄၆၅ ဦးကို အတည်ပြုရန် စစ်ဆေးနေဆဲ ဖြစ်၍ စုစုပေါင်း နိုင်ငံရေးအကျဉ်းသားပေါင်း ၉၅၉ ဦးရှိနေသေးသည်ဟု AAPP အတွင်းရေးမှူး ကိုတိတ်နိုင် က မဇ္ဈိမကို ပြောသည်။
ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသား အရေအတွက် ကွဲလွဲမှုများ ရှိနေရာ NLD ပါတီ၏ ဇန်နဝါရီ စာရင်းအရ
နိုင်ငံရေးအကျဉ်းသား ၃ဝဝ ကျော် ကျန်နေသေးသည်ဟု သိရသည်။
NLD အနေဖြင့် မတရားသင်းဥပဒေ အပါအဝင် ဖောက်ခွဲရေးမှုများဖြင့် စွပ်စွဲခံရပြီး ပြစ်ဒဏ်ကျခံနေရသူများလည်း
နိုင်ငံရေး အကျဉ်းသားအဖြစ် ထည့်သွင်း သတ်မှတ်ကြောင်း ဦးအုန်းကြိုင်က ပြောသည်။
“ဖောက်ခွဲတယ်လို့ စွပ်စွဲခံရသူတွေ၊ ဘုန်းကြီးအရေးအခင်းတုန်းက ပါဝင်ခဲ့တဲ့သူတွေ ၁၇ (၁)၊ ၁၇ (၂) တောင်ငူ ဘက်မှာ ဖမ်းခံရသူတွေ၊ နောက်ကျနော်တို့ ၅ (ည) ဘာညာနဲ့ အစွဲခံရတဲ့ အရေးပေါ် အက်ဥပဒေပုဒ်မ၊ နောက် ၅ဝ၅ နိုင်ငံတော် ကို အကြည်အညိုပျက်အောင် လုပ်တာ၊ အဲဒါတွေ အကုန်လုံးကို ကျနော်တို့က ထည့်ပါတယ်။ နောက် အားပေးကူညီတယ်ဆိုပြီး ဖမ်းတာတွေ ရှိတယ်။ အဲဒါတွေ အကုန်လုံးကို ကျနော်တို့က နိုင်ငံရေးအကျဉ်းသားထဲ ထည့်ပါတယ်” ဟုဆိုသည်။
နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် လွှတ်တော်တွင်း အရေးဆိုမှုများလည်း ယခင်က ရှိခဲ့ဖူးသည်။
၂ဝ၁၁ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီ ပါတီသစ်မှ သင်္ကန်းကျွန်းမြို့နယ် ကိုယ်စားလှယ် ဦးသိန်းညွန့် တင်သွင်းသော “ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ
နေရသူများ အတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် သမ္မတမှ ထုတ်ပြန်ပေးရေး” အဆိုအား တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ ဖလုံစဝေါ် ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ချင်းတိုးတက်ရေး ပါတီများမှ ထောက်ခံ ဆွေးနွေးခဲ့ကြသည်။
နိုင်ငံရေးလှုပ်ရှားတက်ကြွသူများအား အစိုးရအဆက်ဆက်က ဖမ်းဆီးထောင်ချခဲ့လေ့ရှိသော ဥပဒေ၊ အမိန့်များအား
ပြင်ဆင်၊ ပယ်ဖျက်ရေးအတွက်လည်း ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ NLD ပါတီက ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဆိုထားသည်။
“တစ် ၁၉၅ဝ ခုနှစ်က အရေးပေါ်စီမံချက် ဥပဒေ၊ (၅) ည တို့ဘာတို့ပေါ့ဗျာ၊ အဲဒါကို ဖျက်သိမ်းမယ်။ ပထမဆုံးလုပ်မယ့် အလုပ်က အဲဒီဥပဒေကို ပယ်ဖျက်ဖို့။ နောက်ဒုတိယက သိပ်ပြီးတော့ ဆိုးဝါးတဲ့ တရားရုံးမတင်ဘဲ စစ်ဆေးပြီးတော့ ၅ နှစ်ကြာ ချုပ်ထားတဲ့ဟာပေါ့။ နိုင်ငံတော် နှောက်ယှက်သူများ ဘေးအန္တရာယ်မှ ကာကွယ်တဲ့ ဥပဒေပေါ့။ အဲဒါတွေကို ဖျက်ပစ်မယ်ဆိုတဲ့ သဘောထား ဒီနေ့အထိရှိတယ်။ ပြည်သူလူထုနဲ့ အများအကျိုး ထိခိုက်တဲ့ ဥပဒေတွေ အားလုံးကို ဖျက်မယ်။ ပြင်မယ်” NLD ၏ ဥပဒေရေးရာကော်မတီ ခေါင်းဆောင် ဦးတင်ဦး က ပြောသည်။
၂ဝ၁၁ စက်တင်္ဘာလအတွင်းက ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် ဒုတိယအကြိမ် အစည်းအဝေးတွင် အဆိုပါ ဥပဒေပြင်ဆင်မှုနှင့် ပတ်သက်၍ အဆိုတင်သွင်းခဲ့ဖူးကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က မဇ္ဈိမကို ပြောသည်။
“ကျနော့်အနေနဲ့တော့ ၁၉၅ဝ ပြည့်အရေးပေါ် စီမံချက် ဥပဒေ ရုတ်ပေးဖို့ တင်ခဲ့တယ်။ အကျဉ်းသား လွှတ်ပေးဖို့ တင်ခဲ့တယ်။ လွှတ်ငြိမ်းချမ်းသာခွင့် တင်ခဲ့တယ်။ ကျနော် အဲတုန်းက ၈ မဲပဲ ရတယ်” ဟု ၎င်း၏ အတွေ့အကြုံအား
ပြန်ပြောင်း ပြောပြသည်။
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံတွင် မတရားသင်းဟူ၍ မရှိသင့်ကြောင်း တနင်္လာနေ့က သတင်းထောက်များအား ပြောကြားခဲ့သည်။
ဧပြီလ ၂၃ ရက်နေ့တွင် ပြန်လည်ကျင်းပမည့် နေပြည်တော် ပြည်ထောင်စု လွှတ်တော်တွင် အာဏာရ ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ် ၃၄၃ ဦးဖြင့် ၅၂.၃ ရာခိုင်နှုန်း ရှိနေဦးမည်ဖြစ်ကာ တပ်မတော်သားကိုယ်စားလှယ် ၁၁၆ ဦးဖြင့် ၂၅ ရာခိုင်နှုန်း ရရှိထားမည် ဖြစ်သည်။ NLD မှ ၆.၄ ရာခိုင်နှုန်းအဖြစ် ၄၂ ဦး ရှိကာ ကျန်ပါတီများနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်များက ၁၆.၃ ရာခိုင်နှုန်းအဖြစ် ၁ဝ၅ ဦး ရှိနေမည် ဖြစ်သည်။
နိုင်ငံခြားငွေလဲ ဈေးကွက် ကမောက်ကမ ဖြစ်နေဆဲ
ရန်ကုန် (မဇ္ဈိမ) ။        ။ နိုင်ငံခြားငွေလဲ ဈေးကွက်ကို ဧပြီလ ၁ ရက်နေ့မှ စတင်ကာ ဗဟိုဘဏ်မှ နှုန်းရှင် သတ်မှတ်
ပေးပြီး ဝယ်ယူခြင်းဖြင့် ဈေးကွက်ကို ဝင်ရောက် ထိန်းညှိပေးနေသော်လည်း ဈေးကွက်အတွင်း အားနည်းမှုများ ရှိနေဆဲဖြစ်ပြီး ပြန်လည် ရောင်းချရာတွင် အခက်အခဲ ရှိနေဆဲ ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ စီပွားရေး လုပ်ငန်းရှင်များနှင့်
နိုင်ငံခြားငွေဖြင့် ဝင်ငွေ ရရှိသူ ဝန်ထမ်းများက ဆိုသည်။
ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ နိုင်ငံခြား ငွေလဲ ဈေးကွက်တွင်သာမက ဘဏ်တချို့ရှိ ငွေလဲ ကောင်တာများတွင်ပါ အမေရိကန်ဒေါ်လာကို လိုသလောက် လဲ၍ မရသေးဘဲ ကန့်သတ်မှုများကြောင့် အခက်အခဲများ ရှိဆဲဖြစ်သည်ဟု
နိုင်ငံခြားသင်္ဘောတစီးတွင် အလုပ်လုပ်ကိုင်ပြီး ပြန်ရောက်လာသော သင်္ဘောသား ဦးမျိုးနိုင်က ဆိုသည်။
“ကျနော် သိမ်ဖြူ ငွေလဲကောင်တာမှာ အမေရိကန်ဒေါ်လာ သွားလဲတာ ငွေလဲကောင်တာတွေက တဦးကို ဒေါ်လာ တရာ၊ နှစ်ရာလောက်ပဲ လဲပေးပါတယ်။ ဒေါ်လာ တထောင်ကျော် လဲဖို့  ကောင်တာ ငါးခု ခြောက်ခုလောက် ပတ်ပြီး တန်းစီ လဲခဲ့ရပါတယ်” ဟု ဦးမျိုးနိုင်က မဇ္ဈိမကို ပြောသည်။
moneychange2
ဘဏ်လုပ်ငန်း သက်တမ်း သုံးနှစ်အထက်ရှိသည့် ပုဂ္ဂလိကဘဏ် ခြောက်ခုက ကောင်တာများ စုပေါင်း ဖွင့်လှစ်ထားသည့် သိမ်ဖြူ နိုင်ငံခြားငွေလဲဌာနတွင် အမေရိကန်ဒေါ်လာ၊ အက်ဖ်အီးစီ၊ ယူရိုငွေကြေးနှင့် စင်္ကာပူဒေါ်လာ စသည့် ငွေကြေးလေးမျိုး အရောင်းအဝယ် ပြုလုပ် (ဓါတ်ပုံ - မဇ္ဈိမ)
သိမ်ဖြူလမ်းရှိ နိုင်ငံခြား ငွေလဲဈေးကွက်တွင် မြန်မာ့ အရှေ့တိုင်းဘဏ်၊ အင်းဝဘဏ်၊ မြဝတီဘဏ်၊ သမဝါယမ CB ဘဏ်၊ ကမ္ဘောဇ ဘဏ်နှင့် မြန့်မာ့ စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဘဏ်တို့မှ ငွေလဲကောင်တာများ ဖွင့်လှစ်ထားသော် လည်း ဧပြီလ ၁ဝ ရက်နေ့တွင် အင်းဝဘဏ်နှင့် မြန်မာ့ အရှေ့တိုင်းဘဏ်တို့၏ ငွေလဲကောင်တာများကသာ FEC ကို ဝယ်ယူပေးပြီး အခြားဘဏ်များမှ ကောင်တာများက ဝယ်ယူခြင်း မရှိဟု ပြည်တွင်း အန်ဂျီအို ဝန်ထမ်းတဦးဖြစ်သူ ဦးစိုးမြင့်ကလည်း ဆိုသည်။
“ကျနော် အင်းဝဘဏ် ကောင်တာမှာ FEC ၇ဝဝ ကျော် လဲပြီး နေ့လည် နှစ်နာရီထိုးခါနီး နောက်တခေါက် ထပ်လဲဖို့ အသွားမှာ FEC ကို အဝယ် ပိတ်လိုက်ပါပြီလို့ ပြောပါတယ်။ ကောင်တာ ပိတ်ချိန်က ၃ နာရီ သတ်မှတ်ထားပေမယ့် တခြားကောင်တာတွေမှာလည်း လဲလို့ မရတော့ပါဘူး” ဟု ဦးစိုးမြင့် က ဆိုသည်။
ဧပြီလ ၂ ရက်နေ့မှ စတင်ကာ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာကို ၈၁၈ ကျပ် သတ်မှတ်ပေးပြီး နိုင်ငံခြားငွေ ရောင်း ဝယ်ခွင့် ပေးထားသော ပြည်တွင်း ဘဏ် ၁၁ ခုတို့မှ ဝယ်ယူပေးသဖြင့် ထို့နေ့တွင်ပင် နိုင်ငံခြား ငွေလဲကောင်တာများ၌ FEC နှင့် အမေရိကန်ဒေါ်လာကို ၈၁၁ ကျပ် ဝယ်ယူပြီး၊ ၈၂၅ ကျပ်ဖြင့် ရောင်းချခဲ့သည်။
“ဗဟိုဘဏ်က နိုင်ငံခြားငွေတွေကို တရားဝင် ရောင်းဝယ်ခွင့် ပေးထားတဲ့ ဘဏ် ၁၁ ခု ဆီကပဲ ဝယ်နေတာပါ။ တခြား လုပ်ငန်းရှင်တွေကိုလည်း ဗဟိုဘဏ်နဲ့ တိုက်ရိုက် ရောင်းဝယ်ခွင့် ပေးရင် ပိုကောင်းမယ် ထင်ပါတယ်။ အခုဘဏ်တွေ ကတဆင့် ဝယ်ရောင်း လုပ်နေရပြီး ဘဏ်တွေကလည်း ဈေးကွက်ကို မထိန်းနိုင်တော့ အရောင်းအဝယ် လုပ်ရ ခက်ပါတယ်” ဟု သွင်းကုန် ထုတ်ကုန် ကုမ္ပဏီ တခုမှ လုပ်ငန်းရှင် တဦးဖြစ်သူ ဦးဝင်းကျော် က ဆိုသည်။
ဧပြီလ ၁ဝ ရက်နေ့ ဗဟိုဘဏ် သတ်မှတ်နှုန်းမှာ အမေရိကန် တဒေါ်လာ ၈၂၂ ကျပ်ဖြစ်ပြီး ငွေလဲကောင်တာများတွင် ၈၁၅ ကျပ်ဖြင့် ဝယ်ယူပြီး ၈၂၉ ကျပ်ဖြင့် ပြန်လည်ရောင်းချနေသော်လည်း ငွေလဲကောင်တာတွင် လာရောက် ရောင်းချ သူများ များပြားလျက် ရှိပြီး ဝယ်ယူသူ နည်းပါးလျက် ရှိသဖြင့် ဒေါ်လာကို အကန့်အသတ်ဖြင့် လဲလှယ်ပေးလျက် ရှိသည်ကို တွေ့ရှိရသည်။
“ကျမတို့ ကောင်တာမှာ FEC ဒီနေ့ မဝယ်ပါဘူး။ အမေရိကန် ဒေါ်လာကိုလည်း ၁ နာရီခွဲကတည်းက အဝယ် ပိတ်လိုက် ပါပြီ။ ကျမတို့ဆီက ဝယ်မယ်ဆိုရင်တော့ ၃ နာရီအထိ ရောင်းပေးပါတယ်” ဟု သမဝါယမ CB ဘဏ်မှငွေလဲကောင်တာ ဝန်ထမ်းက ဆိုသည်။
ကမ္ဘောဇဘဏ်မှ ငွေလဲကောင်တာ ဝန်ထမ်းကလည်း “ကျမတို့ ဒီနေ့ FEC မဝယ်ပါဘူး။ အမေရိကန် ဒေါ်လာကိုတော့ တဦးကို တရာစီ ဝယ်ပေးပါတယ်” ဟု ဆိုသည်။
ဗဟိုဘဏ်က အမေရိကန် ဒေါ်လာနှင့် FEC အပြင် စင်္ကာပူဒေါ်လာနှင့် ယူရိုငွေကို နှုန်းရှင် သတ်မှတ်ပေးကာ ဝယ်ယူ
ရောင်းချပေးလျက်ရှိပြီး ဧပြီလ ၁ဝ ရက်နေ့တွင် စင်္ကာပူဒေါ်လာ တဒေါ်လာကို ဝယ်ဈေး ၆၄၇ ကျပ်၊ ရောင်းဈေး ၆၅၇ ကျပ်နှင့်  ယူရိုငွေကို ဝယ်ဈေး ၁,ဝ၇ဝ၊ ရောင်းဈေး ၁,ဝ၈၈ ကျပ် သတ်မှတ်ထားသော်လည်း အမေရိကန်ဒေါ်လာနှင့် FEC ကိုသာ လာရောက် ရောင်းချသူ ဝယ်ယူသူ များပြားလျက် ရှိသည်။
အမေရိကန်ဒေါ်လာနှင့် FEC ဝယ်ဈေးနှင့် ရောင်းဈေးမှာ ၁၄ ကျပ် ကွာသည့်အပြင် ငွေလဲကောင်တာများက အကန့်အသတ်ဖြင့်သာ ဝယ်ယူနေသဖြင့် တချို့ အမေရိကန် ဒေါ်လာ လာရောက် ဝယ်ယူသူများသည် ငွေလဲ
ကောင်တာများ အနီးတွင် စောင့်ဆိုင်းကာ လာရောက်ရောင်းချသူများထံမှ တိုက်ရိုက် ဝယ်ယူမှုများကိုလည်း တွေ့ရှိရ သည်။
“ကျနော် ကောင်တာမှာ ဒေါ်လာ သွားရောင်းတာ မဝယ်တော့ဘူးလို့ ပြောပါတယ်။ ဒါနဲ့ လူတယောက်က ကျနော့်နား ကပ်လာပြီး သူဝယ်မယ် ၈၁၅ ကျပ်ပေးမယ်လို့ ပြောတော့ ကျနော် သူ့ဆီမှာပဲ ရောင်းလိုက်ပါတယ်” ဟု ဧပြီလ ၁ဝ ရက်နေ့က ငွေလဲကောင်တာတွင် ဒေါ်လာ ရောင်းချရန်လာသော သင်္ဘောသားတဦးက ဆိုသည်။
အမေရိကန် ဒေါ်လာနှင့် FEC ကို ငွေလဲကောင်တာများက အကန့်အသတ်ဖြင့် ဝယ်ယူနေသည့်အပြင် ဝယ်ယူရာတွင် လည်း ငွေစက္ကူ အသစ်များကိုသာ ရွေးချယ် ဝယ်ယူနေပြီး ခေါက်ရာပါသော၊ သာမန် မြင်တွေ့ရန်ပင် ခက်ခဲသည့် အစွန်းအထင်း အနည်းငယ်ပါသော ငွေစက္ကူများကို ဝယ်ယူမှု မရှိပေ။ ထို့ကြောင့် ရောင်းချသူ အများအပြားမှာ မှောင်ခို များဆီသို့သာ သွားရောက် လဲလှယ်နေရဆဲဖြစ်သည်။ အထူးသဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဘဏ်ရှိရာ မဟာဗန္ဓုလ လမ်း တဝိုက်တွင် မှောင်ခို ဝယ်ရောင်းများက ငွေလာရောက် လဲလှယ်သူများကို နည်းအမျိုးမျိုးဖြင့် လိမ်လည်မှုများ မကြာခဏ ကြားနေရသည်။
“ကျနော် မဟာဗန္ဓုလမ်းထောင့် မှာ FEC လဲဖူးပါတယ်။ ကျနော်ပေးတဲ့ FEC အရေအတွက်ကိုလည်း ဘယ်လို လုပ်လိုက်မှန်း မသိလိုက်ရဘူး။ သူတို့ လက်ထဲမှာတင် ၂ဝ တန် လေးငါးရွက်လောက် လျော့သွားတယ်။ သူတို့ပေးတဲ့
မြန်မာငွေကိုလည်း နောက်မှ သေချာ ပြန်တွက်ကြည့်လိုက်တော့ သောင်းနဲ့ချီ လျော့နေပါတယ်။ ငွေစက္ကူတွေကို
ခေါက်ပြီး အမျိုးမျိုး လက်လှည့် လိမ်နေတာပါ။ ရဲတွေကို သွားတိုင်မယ် လုပ်တော့လည်း သူတို့က အုပ်စုလိုက် ကိုယ်ယောင် ဖျောက်သွားပါတယ်” ဟု အင်ဂျီအို ဝန်ထမ်းတဦးဖြစ်သူ ဦးဝင်းအောင်က ဆိုသည်။
ထိုသို့ကဲ့ မှောင်ခိုသမားများအား သက်ဆိုင်ရာမှ အရေးယူမှုများ ကြားသိရခြင်း မရှိပေ။
ရွေးကောက်ပွဲ နောက်ဆက်တွဲ ဒက္ခိဏသီရိ ရေခက်ခဲ
ဓါတ်ပုံ (ဘားမားဗီဂျေ)
ချင်းမိုင် (မဇ္ဈိမ) ။       ။ အမျိုးသားဒီမိုရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ် ဦးနိုင်ငံလင်း ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးနောက် ဒက္ခိဏသီရိမြို့နယ် ကူနှစ်လုံး ဆည်စု ကျေးရွာ အုပ်ချုပ်ရေးမှူးက ရွာသားများကို သူပိုင်ဆိုင် သည့် ရေတွင်းမှ ရေကို ခပ်ယူသုံးစွဲခွင့် မပြုတော့၍ ရွာသားတို့ သောက်သုံးရေ အခက်ကြုံနေရကြောင်း ဦးနိုင်ငံလင်း က မဇ္ဈိမကို ပြောသည်။
“အုပ်ချုပ်ရေးမှူးအိမ်က အရင်တုန်းက တရွာလုံးကို ပေးတယ်။ အခုတော့ ကျနော်တို့ကို မဲပေးလိုက်လို့ဆိုပြီးတော့
ရေ ပေးမခပ်တော့ဘူး။ အခုက ရေ အရမ်း နည်းနေတယ်။ နွေရောက်လာလေလေ ရေက ပိုပြီးတော့ နည်းလာလေလေ
ဖြစ်နေတယ်။ ဘုန်းကြီးကျောင်းတွင်းက ရေကလည်း အဝါရောင်တွေ ဖြစ်နေတယ်။ အခုကတော့ အဲဒီရေနဲ့ပဲ
လောလောဆယ် သုံးနေရတယ်” ဟု ဦးနိုင်ငံလင်းက ပြောသည်။
ကူနှစ်လုံးဆည်စုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းတင်မှာ ကြံ့ခိုင်ရေးပါတီဝင်တဦး ဖြစ်ကာ ရွာသားများက ကြံ့ခိုင်ရေး ပါတီကို မဲမပေးကြ၍ အဝိစီတွင်းတွင် တပ်ဆင်ထားသည့် ပိုက်များကို ဖြုတ်ပစ်လိုက်သည်ဟု အဆိုပါရွာခံ ဦးဌေးတင် က ပြောသည်။
“သူ့ရေတွင်းက ပိုက်တွေကိုလည်း ဖြုတ်ပစ်တယ်။ ပြည်ခိုင်ဖြိုးကို မဲမပေးလို့ ဖြုတ်တာ။ မဲပေးပြီးတဲ့နေ့ နောက်တရက် ဆို ဖြုတ်ပစ်တာပဲ” ဟု မဇ္ဈိမကို ပြောသည်။
ဦးဝင်းတင်၏ ခြံဝင်းအတွင်း သူပိုင်ဆိုင်သည့် ရေတွင်း နှစ်တွင်းရှိနေပြီး တတွင်းတွင် ကြံ့ခိုင်ရေးပါတီသို့ မဲပေးသည်ဟု ယူဆရသူများကို အိမ်ခြေ ၇ဝ ခန့်ကို သောက်သုံးရေး ခပ်ယူသုံးစွဲခွင့်ပြုထားပြီး NLD သို့ မဲပေးခဲ့သူ အိမ်ခြေ ၁ဝဝ ခန့်ကိုမူ ရေခပ်ခွင့် မပေးတော့ကြောင်း ဦးနိုင်ငံလင်းက မဇ္ဈိမကို ပြောသည်။
အဆိုပါရွာတွင် အုတ်ဖြင့်လုပ်သည့် ရေတွင်း ၂ဝ ခန့် ရှိနေပြီး နွေရာသီဖြစ်သဖြင့် ရေတွင်းများ ရေခမ်းခြင်း၊ ရေဝါခြင်း များ ဖြစ်ပေါ်နေကာ အုပ်ချုပ်ရေးမှူးက သူပိုင် အဝီစိတွင်းမှ ရေကို ခပ်ယူသောက်သုံးခွင့် မပြုခြင်းကြောင့် အခက်အခဲ များ ဖြစ်ပေါ်နေရခြင်းဟုလည်း ဦးနိုင်ငံလင်းက ပြောသည်။
ထိုဖြစ်ရပ်များကြောင့် ရန်ကုန် နာရေးကူညီမှုအသင်းသို့ အကူအညီတောင်းခံ၍ ထိုကျေးရွာတွင် အဝီစိရေတွင်း တူးပေးနိုင်ရန် ပြင်ဆင်လျက်ရှိနေသည်ဟုလည်း ဦးနိုင်ငံလင်း က ပြောသည်။ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူကလည်း ရေတွင်းတူးနိုင်ရေး ကူညီသွားမည်ဟု မဇ္ဈိမကို ပြောသည်။
အထက်ပါ ဖြစ်ရပ်အပြင် ဒက္ခိဏသီရိမြို့နယ် ချိုင်ရွာ၏ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်မိုးကလည်း သူ၏ ခြံဝင်းအတွင်းရှိ
ရေတွင်းကို ရွေးကောက်ပွဲအပြီး ဧပြီ ၂ ရက်နေ့တွင် ပိတ်ပစ်ခဲ့ပြီး အိမ်ထောင်စု ၆ စု ရေခပ်ယူ သုံးစွဲခွင့် မရတော့ဟု ချိုင်ရွာသား ကိုအောင်ဇော်ဦးက ပြောသည်။
“သူ့အိမ်ဘေးနားမှာ ဝိုင်းတဝိုင်းရှိတယ်။ အဲဒီဝိုင်းမှာ အများပြည်သူက သွားသုံးခွင့် ရှိတယ်။ ရွေးကောက်ပွဲပြီး
နောက်တနေ့မှာပဲ တွင်းခြံခတ်ပါတယ်။ အကြောင်းပြချက်ကတော့ ဘာမှ မပေးပါဘူး။ ဘယ်သူမှလည်း မပြောရဲကြဘူး
လေ။ မသွားရဲကြတော့ဘူးပေါ့။ ခြံစည်းရိုးကို အပြီးပိတ်လိုက်တဲ့အခါကျတော့လေ” ဟု မဇ္ဈိမကို ပြောသည်။
ချိုင်ရွာ ကြံ့ခိုင်ရေးပါတီ အမျိုးသမီးခေါင်းဆောင်တဦးဖြစ်သည့် ဒေါ်နန်းကျင် ကလည်း ယခင်က သူပိုင် ရေတွင်းမှ
ရေများကို အနီးပတ်ဝန်းကျင်ရှိ ရွာသားများအား ရေခပ်ယူသုံးစွဲခွင့် ပြုခဲ့သော်လည်း ရွေးကောက်ပွဲရလဒ် ထွက်လာ အပြီးတွင် ရေခပ်ခွင့် ပိတ်ပင်လိုက်ကြောင်း ထိုရေတွင်းတွင် ရေခပ်ယူ သုံးစွဲနေသူ ဦးစိုးအောင်က မဇ္ဈိမကို ပြောသည်။
“အရင်တုန်းကတော့ ဒီတွင်းက ကြိုက်တဲ့လူ လာခပ်ပေါ့ဗျာ။ အများသုံးနေကြတဲ့ တွင်းပဲပေါ့။ အဲဒီတွင်းကို
ရွေးကောက်ပွဲပြီး မဲအောင်နိုင်ပြီးတော့ နောက်တနေ့မှာ ‘ဘယ်ကောင်ဖြစ်ဖြစ်၊ ဘယ်ကောင်မ ဖြစ်ဖြစ် လာမခပ်နဲ့’လို့
ပြောပါတယ်။ ‘ဝိုင်းထဲဝင်လာတာနဲ့ ပိုင်နက် ကျူးလွန်မှုနဲ့ တရားစွဲမယ်’ဆိုပြီးတော့ လုပ်ပါတယ်ခင်ဗျာ့။ ခြံစည်းရိုးတွေ လည်း ပြန်ကာလိုက်ပါတယ်” ဟု ဦးအောင်စိုးက ပြောသည်။
အဆိုပါ ဖြစ်ရပ်များ ဧပြီ ၂ ရက်နေ့တွင်ဖြစ်ပေါ်ခဲ့၍ ဦးနိုင်ငံလင်းက ရန်ကုန် နာရေးကူညီမှုအသင်းသို့ အကူအညီ
တောင်းခံကာ အဝီစိရေတွင်း တူးပေးခဲ့ရသေးသည်။
NLD သည် ကြားဖြတ်ရွေးကောက်ပွဲအတွင်း အစိုးရဝန်ထမ်း အများစုနေထိုင်သည့် နေပြည်တော်ခရိုင်မြို့နယ်
လေးမြို့နယ်ရှိ၊ ဒက္ခိဏသီရိ၊ ဇမ္ဗူသီရိ၊ ဇေယျာသီရိ၊ ပုပ္ဗသီရိ လေးမြို့လုံးတွင်း အနိုင်ရရှိခဲ့သည်။
ရန်ကုန်တိုင်းရှိ ကြံ့ခိုင်ရေးပါတီ နိုင်ငံရေးမှူး ဦးအောင်သိန်းလင်း ကမူ သောက်သုံးရေ ရှိရေး အပါအဝင် လမ်းပြင်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးကူညီမှု၊ လူမှုဘဝနှင့် စီးပွားရေး အစီအစဉ်များကို ပါတီအနေဖြင့် ဆက်လက် လုပ်သွားမည်ဟု ဧပြီလ ၆ ရက်နေ့က ကျင်းပသည့် ရန်ကုန်တိုင်း သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်း ပြောဆိုသွား ခဲ့သည်။
အိုးဝေမဂ္ဂဇင်း-အတွဲ-၁-အမှတ်-၉
ဧပြီလ (၉)ရက်နေ့ထုတ် Weekly Eleven News Journal No 28 Vol 7
WeeklyEleven Vol N0 28
Eleven Media Group
သင်္ကြန်တွင် အဆို​တော်အချို့​ သီဆိုခွင့်​မရ
    ထူး​အယ်လ်​လင်း​နှင့်​​ ​မီး​မီး​ခဲ​ (ဓာတ်​ပုံ-​အံ့​ဘုန်း​​မြတ်)
မြန်မာ့​ရိုး​ရာမဟာသင်္ကြန်အတွင်း​ ​နေပြည်​တော်မှာ သွား​ရောက် သီဆို​ဖျော်​ဖြေမယ့်​ အဆို​တော်တချို့​ သီဆို​ဖျော်​ဖြေဖို့​ ကုမ္ပဏီနဲ့​ ကန်ထရိုက်ယူပြီး​မှ ပယ်ချခံခဲ့​ရပါတယ်။
 လာမယ့်​ ၁၂ ရက်​နေ့​မှာ ​နေပြည်​တော်က ACE မဏ္ဍပ်မှာ ​ဖျော်​ဖြေမယ့်​ အဆို​တော် ထူး​အယ်လင်း​နဲ့​ မီး​မီး​ခဲ ခုလိုပယ်ချခံလိုက်ရတာလို့​ ကာယကံရှင်က ​ပြောပါတယ်။
နေပြည်​တော်က ပါမစ်မ​ပေး​လို့​ လာစရာ မလို​တော့​ဘူး​လို့​ ပွဲကို စီစဉ်​ပေး​တဲ့​ အင်ဂျင်နီယာက အ​ကြောင်း​ကြား​လာတယ်လို့​ ထူး​အယ်လင်း​က ​ပြောပါတယ်။
“အပိတ်ခံရတယ်လို့​ ကျ​နော်တို့​ ​သေချာမသိဘူး​။ စား​ရင်း​တင်တဲ့​အထဲမှာ ကျ​နော်တို့​ မပါဘူး​။ ပါမစ်မ​ပေး​ဘူး​လို့​ ​ပြောတယ်။ ကျ​နော်တို့​လည်း​ တိတိကျကျသိ​အောင် ​သေချာစုံစမ်း​နေတယ်။ အနီး​ကပ်မှ ဖြုတ်လိုက်​တော့​ ကျ​နော်တို့​ဘက်က ​တော်​တော်​လေး​ ထိခိုက်တယ်။ ကျန်တဲ့​ကိစ္စက​တော့​ ကျ​နော်မ​ပြောတတ်ဘူး​။ ​ငွေ​ရေး​ကြေး​ရေး​က​တော့​ နစ်နာတာ​ပေါ့​။ ​တွေး​ကြည့်​ရင်း​နဲ့​ ပတ်ပြီး​ ဖြစ်​နေမှာစိုး​လို့​ ဘာမှကို မ​တွေး​တော့​ဘူး​။ ပယ်တယ်ဆိုရင်လည်း​ မတတ်နိုင်ဘူး​ပေါ့​။ မနက်ဖြန်ကျရင် ခရီး​စထွက်မယ်ဆိုပြီး​ အား​လုံး​ ပြင်ပြီး​နေမှ ဒီက​နေ့​ကျမှ သိတာ။”
ပုံမှန်အား​ဖြင့်​ သင်္ကြန်မှာ မဏ္ဍပ်​ဆောက်ပြီး​ရင် မဏ္ဍပ်ပါမစ်အရ ​ဖျော်​ဖြေခွင့်​ရပြီ ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ဘာ​ကြောင့်​ သူတို့​ကို သီဆိုခွင့်​မရှိတာလည်း​ ဆိုတာကို မသိရဘူး​လို့​ ​ပြောပါတယ်။
မန္တ​လေး​မှာ ​ဖျော်​ဖြေမယ့်​ အဆို​တော်လင်း​လင်း​ကလည်း​ အလား​တူ အပိတ်ခံရတယ်လို့​ သိရပါတယ်။
ဒီဗွီဘီ
ဗြိတိသျှဝန်ကြီးချုပ် အာရှခရီးစဉ် စတင်
မစ္စတာကင်မရွမ်ဟာ မြန်မာနိုင်ငံကို သောကြာနေ့ မှာ ရောက်ရှိမှာ ဖြစ်ပါတယ်
ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွမ်ဟာ သူ့ရဲ့ ဂျပန်နဲ့ အရှေ့တောင် အာရှ နိုင်ငံများ ခရီးစဉ် အစအဖြစ် အင်္ဂါနေ့မှာ ဂျပန်နိုင်ငံကို ရောက်ရှိ သွားပြီ ဖြစ်ပါတယ်။
မစ္စတာ ကင်မရွမ်ခရီးစဉ်ဟာ ဗြိတိန်ရဲ့ စီးပွားရေး အရှိန် အားနည်းနေတာကို ပြန်မတ်လာစေဖို့ အတွက် အာရှဒေသမှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှု ဆက်ဆံရေး မြှင့်တင် ဆောင်ရွက်နိုင်မယ့် အခွင့်အရေးတွေကို လေ့လာ ရှာဖွေဖို့ အတွက် ဖြစ်ပါတယ်။
ဗြိတိန်မှာ နစ်ဆန် ဂျပန်ကား ကုမ္ပဏီ စက်ရုံတခု တည်ဆောက်ရေး အပါအဝင် တခြား သုတေသန လုပ်ငန်းတွေ အတွက် ဂျပန်နိုင်ငံနဲ့ ပေါင်စတာလင် သန်း ၂၀၀ ကျော် ရင်းနှီး မြှုပ်နှံမှု လုပ်ဖို့ နှစ်နိုင်ငံ သဘောတူခဲ့ပြီးလည်း ဖြစ်ပါတယ်။
မစ္စတာကင်မရွမ်နဲ့ အတူ ကာကွယ်ရေး၊ စွမ်းအင်၊ တည်ဆောက်ရေးနဲ့ တခြား စီးပွားရေး လုပ်ငန်းတွေရဲ့ အကြီးအကဲ ၃၅ ဦး လိုက်ပါသွားခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ ဝန်ကြီးချုပ်နဲ့ အဖွဲ့ဟာ အင်ဒိုနီးရှားနဲ့ နောက်တနေ့ မှာတော့ မလေးရှားကို ရောက်ရှိမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကိုတော့ သောကြာနေ့မှာ ရောက်ရှိမှာ ဖြစ်ပြီး၊ မစ္စတာ ကင်မရွမ်ဟာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ သွားရောက် တွေ့ဆုံမှာ ဖြစ်သလို၊ ရန်ကုန်မှာလည်း ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။
ဘီဘီစီ
ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတ ထပ် တွေ့မယ်
ဧပြီလ ၁၀ ရက် ၂၀၁၂
အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့သမ္မတဦးသိန်းစိန်တို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တွေ့ဆုံမှုတုန်းက တူတာတွေကို လက်တွဲ လုပ်ဆောင်ဖို့ သဘောတူ ခဲ့ကြ
ဗုဒ္ဓဟူး နေ့ မနက် ၁၁ နာရီမှာ သမ္မတနဲ့ ဒေါ်အောင်ဆန်း စုကြည် နှစ်ဉီးတည်းသာ တွေ့ဆုံ ပြီးတဲ့ နောက် သမ္မတ မိသားစု၊ အစိုး ရ အဖွဲ့ဝင် ဝန်ကြီး တွေနဲ့ အတူ နေ့လည်စာ စားဖို့ ရှိတယ်လို့ ဒေါ်အောင်ဆန်း စုကြည်နဲ့ အတူ လိုက်ပါ သွားမယ့် သူ့ ရဲ့ လုံခြုံရေး အရာရှိ ဦးခွန်သာမြင့်က ပြောပါတယ်။
သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ နှစ်ဘက် အကြား ပြီးခဲ့တဲ့ တွေ့ဆုံ မှုတုန်းက နှစ်ဘက် ဆက်လက် တွေ့ဆုံ ဆွေးနွေးကြဖို့ နှစ်ဘက် နားလည် ထားခဲ့ကြတာ ဖြစ်ပြီး အဲဒီ တွေ့ဆုံမှု ၇ လ ကျော် ကြာလာတဲ့ အချိန်မှာ နောက်ထပ် ဆွေးနွေး စရာ တွေ ရှိနေ တယ်လို့ ဦးခွန်သာမြင့် က ဘီဘီစီကို ပြောပါတယ်။
အခုလို ဆွေးနွေးခွင့် ရဖို့ ဒေါ်အောင်ဆန်း စုကြည် ဘက်က ကမ်းလှမ်း ခဲ့တာဖြစ်ပြီး သမ္မတ ဘက်က လက်ခံလိုက်တဲ့ အတွက် ဆွေးနွေးပွဲ ဖြစ်မှာ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။
တိုင်းပြည် အတွက် ရှေ့ဆက် ပူးပေါင်း လုပ်ဆောင် စရာတွေ ကို ဘယ်လို လုပ်ဆောင် ကြမယ် ဆိုတာ ဆွေးနွေးဖို့ ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတ ဦးသိန်းစိန် တို့ တွေ့ဆုံ ကြမှာ ဖြစ်တယ် ဆိုတာက လွဲပြီး ဘာတွေ ဆွေးနွေး ကြမယ် ဆိုတာ ကိုတော့ ဦးခွန်သာမြင့်က ထုတ်ဖော် ပြောဆို ခြင်း မရှိ ပါဘူး။
ဒေါ်အောင်ဆန်း စုကြည်နဲ့ အတူ သူ့ရဲ့ လုံခြုံရေး အရာရှိ ဖြစ်သူ ဦးခွန်သာမြင့်နဲ့ ကိုယ်ရေး အရာရှိ ဒေါက်တာ တင်မာအောင်တို့ လိုက်ပါ သွားကြမယ်လို့ လည်း သိရပါတယ်။
ဘီဘီစီ
ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ဆု ချီးမြှင့်မည်
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စု Holocaust Memorial Museum ခေါ် ဒုတိယကမ္ဘာစစ်အတွင်း ဂျာမဏီနာဇီရဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ ဂျူး ၆ သန်း အထိမ်းအမှတ်ပြတိုက်က ဂုဏ်ထူးဆောင်ဆု ချီးမြှင့်မှာ ဖြစ်ပါတယ်။
RFA
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို Elie Wiesel Award ချီးမြှင့်မည့် Holocaust Memorial Museum ၏ web site ၌ ဖော်ပြထားပုံဖြစ်ပါသည်။
Elie Wiesel Award ဆိုတဲ့ အဲဒီဂုဏ်ထူးဆောင်ဆုကို ပြတိုက်တည်ထောင်သူ တစ်ဦးဖြစ်သူ Mr. Elie Wiesel ကိုယ်တိုင် ဧပြီ ၁၈ ရက် Holocaust အမှတ်တရနေ့မှာ ချီးမြှင့်မှာ ဖြစ်ပါတယ်။
“ စစ်အာဏာရှင်စံနစ်ကို ဆန့်ကျင်ရင်ဆိုင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ဓာတ်သတ္တိဟာ စံနမူနာယူစရာပါ။ စစ်မှန်တဲ့ ဒီမိုကရေစီရေးအတွက် အခုလောက် ကာလကြာရှည် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်နိုင်တဲ့ ခေါင်းဆောင်မျိုးဟာ ရှားပါးလှပါတယ်” လို့ ပြတိုက်ရဲ့ ထုတ်ပြန်ကြေညာချက်မှာ Mr. Wiesel က ဖော်ပြခဲ့ပါတယ်။
Mr. Elie Wiesel ဟာ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်တစ်ဦး ဖြစ်တဲ့အပြင် ထင်ရှားတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ စာရေးဆရာတစ်ဦးလည်း ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်စုကြည်ဟာ ဆုပေးပွဲ အခမ်းအနားကို တက်ရောက်နိုင်မှာ မဟုတ်ပေမဲ့ ဗီဒီယိုကတစ်ဆင့် နှုတ်ခွန်းဆက်စကားပါးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
RFA
ဓါတ်ပုံ(ဖေ့စ်ဘုတ်)
ဒေါ်အောင်ဆန်းစုကြည် ချီးမြှင့်ခြင်းခံရသည့် ဂုဏ်ပြုဆုများ Daw Aung San Suu Kyi’s International Awards, Honors & Appointments ( 1 9 9 0 - 2 0 12 ) 1. Honorary Fellow St. Hugh’s College (Oxford, UK) 1990 2. Thorolf Rafto Human Rights (Norway) 1990 3. Sakharov Freedom of Thought (European Parliamnet) 1991 4. Noble Peace Oslo, Norway 1991 5. Honorary Member International EN (Norwegian Center) 1991 6. Humanities Human Rights Award (USA) 1991 7. Honorary Member International PEN (Candian Center) 1991 8. Marisa Bellisario Price Italy 1992 9. Annual Award of the International Human Rights Law Group (USA) 1992 10. Honorary President Students’ Union London School of Economics and Political Science (UK) 1992 11. Honorary Member International PEN (English Center) 1992 12. Honorary Life Member University of London Union (UK) 1992 13. Honorary Professional Fellowship Law and Society Trust (SriLanka) 1992 14. Honorary Doctorate in Political Science Thammasat University (Thailand) 1992 15. International Simon Bolivar prize UNESCO 1992 16. Prix Litteraire des Droits de I’Homme Nouveaux Droits de I’Homme, France 1992 17. Honorary Member World Commission on Culture and Development (UNESCO) 1992 18. Member Academie Universelle des Cultures (Paris) 1993 19. Rose Prize arbejderbevaegelsens International Forum/ International Forum of the Danish Labour Movement, Copehagen 1993 20. Victor Jara International Human Rights Center for Human Rights and Constitutional Law, Los Angeles, USA 1993 21. Member of the Advisory Board Francois-Xavier Bagnoud Center for Health and Human Rights, Harvard University 1993 22. Honorary Doctorate of Law University of Toronto (Canada) 1993 23. The Freedom of the City Commune of Giugliano, Italy 1993 24. Bremen Solidarity City of Bremen, Germany 1993 25. Premio Mujer Progresista (Federacion Mujeres Progresistas / Spanish Federation of Progressive Women, Madrid) 1993 26. Honorary Doctorate Philosophy & Letters, Free University of Brussels 1994 27. Honorary Adviser Forum of Democratic Leaders in the Asia-Pacific 1994 28. The Freedom of the City Aversa, Italy 1995 29. Liberal International Prize for Freedom Britain’s Liberal Democracy Party, UK 1995 30. Honorary Doctorate of Laws Queen’s University, Canada 1995 31. Jawaharlal Nehru Award for International Understanding (for 1993) India 1995 32. Gandhi Award Simon Fraser University, Canada 1995 33. Honorary Doctorate of Civil Law University of Oxford 1995 34. IRC Freedom Award International Rescue Committee 1995 35. Companion of the Order of Australia 1996 36. Liberal International Prize (UK) 1996 37. Asia Human Rights of Law (Japan) 1996 38. W. Averell Harrimen Democracy Award National Democratic Institute U.S.A 1996 39. Rajiv Shmirti Parashka [ Rajiv Gandhi Memorial Award] India 1996 40. Empty Chair Award Women of the Year Lunch, London, UK 1996 41. Honorary Doctorate of Law Charles University in Prague, Czech Republic 1997 42. Honorary Doctorate of Letters Sydney University of Technology, Australia 1997 43. Honorary Doctorate of Letters California Chapman University, U.S.A 1997 44. Honorary Doctorate of Law Natal University, South Africa 1997 45. Honorary Doctorate of Law America University, Washington D.C, U.S.A 1997 46. Distinguished Alumni Award Central University/ Delhi University 1997 47. Honorary Citizenship of Rome (Italy) (May 23, 1997) 48. Honorary Doctorate of Letters Glasgow University (UK) 1997 49. Pearl S. Buck Woman’s Award Pearl S. Buck Foundation (USA) 1997 50. International Award St. Angela’s Peace and Justice Group, Waterford (Eire) 1997 51. Profiles in Courage Award Kennedy Society of Denmark 1997 52. Honorary Doctorate Cambridge University (June 1998) 1998 53. Freedom of the City (Oxford, UK) 1998 54. Honorary Doctorate of Laws University of Wales, Cardiff 1998 55. Honorary Doctorate of Laws University of Bristol (UK) 1998 56. Honorary Doctorate of Laws University of Melbourne (Australia) 1998 57. Honorary degree Universite’ catholique de Louvain, Belgium – December 1998 58. Honorary Degree University of Bath (UK) – December 1998 59. Honorary Degree Bucknell University – May 1999 60. Freedom Award International Republican Institute, USA (October 1999) 1999 61. The Freedom of the City of Dublin Award Ireland (November 1999) 62. 2000 CAW Nelson Mandela Human Rights Award Canada (December 2000) 2000 63. Presidential Medal of Freedom Award U.S.A (December 2000) 2000 64. Collage United Nations Prize 2001 Germany (June 2001) 2001 65. International Social Welfare Prize University of Southern California School of Social Work (December 8) 2001 66. AI Neuharth Free Spirit Award U.S Foundation, Washington, USA 2003 67. MTV Humanitarian Award, “Free Your Mind” MTV Europe, EDINBURGH,UK 2003 68. The 2004 TIME 100, The most influential people in the world today TIME Magazine 2004 69. Kwangju Human Rights Award May 18 Memory Foundation from South Korea 2004 70. TIME’s Asia’s Hero 2004 TIME MAGAZINE 2004 71. The Honorary Citizen of Paris France 10/ 12/ 2004 72. Honorary Doctorate in Politics, Philosophy and Economics Rangsit University, Thailand 13/ 12/ 2004 73. Outstanding Women in Buddhism United Nations Gender and Religious Department 8/ 03/ 2005 74. Honorary Degree in Political Science Thammasat University,Thailand 19/ 06/ 2005 75. Freedom of the City Award The City Council of Edinburgh, Scotland 16/ 06/ 2005 76. Freedom of Galway City Galway city, Ireland June 2005 77. UNISON Honorary Membership UNISON, Britain’s largest trade union, June 2005 78. Olof Palme Prize Sweden, February 2006 79. Freedom Award Franklin and Eleanor Roosevelt Institute, USA March 2006 80. New Statesmen Magazine Hero New Statesmen Magazine, May 2006 81. Netaji Subhas Chandra Bose International Deshprem Award, India 2007, March 2007 82. An honorary doctorate (LLD) honoris causa Award from University of Cape Town, South Africa, December 2007 83. Freedom of Glasgow (the freedom of Scotland’s largest city) 2007 84. Rome for Peace and Humanitarian Action 2007 85. Special Award for Lifetime Achievement in Politics 2007 86. “Abogados de Atocha” international prize from Spain, 22 January 2008 87. Congressional Gold Medal, United States of America, 24 April, 2008 88. Honorary Canadian Citizenship, May 6, 2008 89. The Freedom of the City, June 10, 2008 90. Catalonia International Prize 2008, MOTHERS OF COURAGE (shard with Dr. Cynthia Maung), November, 2008 91. Honorary Member of the Club of Madrid, November 20, 2008 92. Honorary Council Member, December 20, 2008 93. Trumpet of Conscience Award, January 19, 2009 94. Freedom of the City of Glasgow, March 4, 2009 95. Mahatma Gandhi International Award for Peace and Reconciliation – MAGI Award, May 22, 2009 96. Democracy and Peace Award of Japanese Diet Member’s League Japanese Diet Members’ League in support of Democracy in Myanmar, Tokyo, Japan (2009, June 19) 97. The Honorary Doctor of Laws (LLD) at Derry’s Millennium Forum, the University of Ulster in Derry, Ireland, UK on Tuesday, July 7, 2009. (2009, June 24) 98. The Ambassador of Conscience Award the recipient of Amnesty International’s highest honorary (Irish band U2 is publicly announcing Aung San Suu Kyi’s award Monday night at a Dublin concert.) (2009, July 27) 99. Benazir Bhutto Shaheed Award for Democracy instituted. The Pakistan People’s Party, Islamabad, Pakistan. (2010, June 21) 100. Honorary Individual Membership. Council of Asian Liberals and Democrats (CALD) (2010, June 29) 101. Queen of Myanmar’s Democracy and Human Rights. Manav Ekta Parishad, India (2010, November 25) 102. National Order of the Legion of Honour (2011, Janauary 16) 103. ‘Shaheed Benazir Bhutto Award for Democracy (2012 ,Janauary 25
ဇန်န၀ရီ ၂၅ ရက်နေ့ ၂၀၁၂ အထိ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ရရှိထားတဲ့ 
နိုင်ငံတကာမှဆုများဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ရရှိထားတဲ့ ဆုများမပါဝင်ပါ။
Myanmar News Now
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)
© Myanmar News Now Copyright by Thit Htoo Lwin
Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်